fa
Feedback
𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚

𝑲𝒏𝒐𝒘𝒍𝒆𝒅𝒈𝒆 𝒂𝒏𝒅 𝒇𝒖𝒏𝒏𝒚

رفتن به کانال در Telegram

Knowledge နှင့် admin များ၏ ဆောင်းပါးများ ကြော်ညာကိစ္စဆက်သွယ်ရန် @Thu_Rein_Latt

نمایش بیشتر
1 158
مشترکین
اطلاعاتی وجود ندارد24 ساعت
-47 عوز
-2730 عوز
آرشیو پست ها
ကျွန်တော်က ဆယ်ကျော်သက် တစ်ယောက်ပါ။ လှေကားထစ်တွေကို တစ်ဆင့်ကျော်တက်သလို အရာရာမှာလဲ အဆင့် ကျော်ချင်ခဲ့တဲ့လူဟာ မင်းနဲ့တွေ့မှ အမှတ်သည်းခြေရှိခဲ့တယ် ခင်...။ -အံ့လွန်းပျို

အချစ်ဟာ ချိုသလား ခါးသလား ကျွန်တော်မသိပါ။ မေတ္တာဟာ‌ အေးသလား ပူသလား ကျွန်တော်မသိပါ။ ကျွန်တော်‌သာပေးပြီး ပြန်မရခဲ့တဲ့ အရာတွေအကြောင်း ကျွန်တော်မသိပါ။ -အံ့လွန်းပျို

"တစ်ခါတလေမှာ ပေးဆပ်ခြင်းကလည်း ချစ်ခြင်းပါပဲ" __ "Sometimes, sacrifice is also a form of love." #Khun #Angél_Alphá_x_Mirror S-un W-ukong edit, H-eat w-aves song, sad story, sad letter. #creatorsearchinsights #စာတို

လူ စိတ်ဓာတ်အထွေ ပေညစ်လျက် ပျို့ရွံရှာ ချို့တဲ့စိတ်ပါ။ နှုတ်စကားမှာ စာနာမဲ့ အလျှင်း။ အသားနာ ဟစ်အော်လို့ အပြစ်တစ်ရာ ဖုံးကွယ်ပါတ
လူ စိတ်ဓာတ်အထွေ ပေညစ်လျက် ပျို့ရွံရှာ ချို့တဲ့စိတ်ပါ။ နှုတ်စကားမှာ စာနာမဲ့ အလျှင်း။ အသားနာ ဟစ်အော်လို့ အပြစ်တစ်ရာ ဖုံးကွယ်ပါတဲ့ တယ်မိုက်လေခြင်း။ ရာစု-၂၁ရာစု ရေးသူ-အံ့လွန်းပျို အမျိုးအစား-တြိချိုး

ဖြည့်တွေးပေးရတာတွေ များလာတဲ့အခါ ကိုယ်ကသူ့အတွက် အရေးမပါမှန်း လက်ခံလိုက်ပါတယ်။ -အံ့လွန်းပျို

ဘယ်ဘူတာမှာ ဘယ်ရထားနဲ့လွဲလွဲ မင်းနဲ့မလွဲရင် ငါကျေနပ်ပြီ။ -အံ့လွန်းပျို

ကိုယ့်ချစ်သူကို ပျော်နေစေချင်တာဟာ လူတိုင်းရဲ့ ဆန္ဒဆိုရင် မင်းကို‌လဲ တခြားတစ်ယောက် ရင်ခွင်မှာ ငါပျော်နေစေချင်တယ်။ -အံ့လွန်းပျို

ချိန်းဆိုချက်တွေ လွဲတယ် လွယ်မယ်ထင်တာတွေ ခက်ပြီး ခက်မယ်ထင်တာတွေ မလွယ်ဘူး။ ငါ တစ်ယောက်တည်း ထိုင်တယ် ငါ တစ်ယောက်တည်း ကဗျာရေးတယ် အတွေးမှာ စံပယ်တွေ ဖွေးနေ။ ညနေက ငါ ပိုက်ကျော်ခြင်းခတ်တယ် တည်လို့မရတာ ငါ ရအောင် တည်တယ်။ အဲ့သလို ပျော်လို့မရတာ ငါ ရအောင် ပျော်တယ်။ -ခင်ဇော်မြင့်

ပန်းပျိုးသူ ချစ်တဲ့သူငယ်လေ... သူငယ်ချင်းကောင်း ပန်သူတို့လေ...။ ပျိုးပါရလို၊ ပျိုးရလျှင်လဲ ၀င့်၀င့်ကြွားကြွား၊ ပွင့်ခိုင်များနှင့် ခံ့ညားထည်၀ါ၊ ပျိုကညာတို့ ခေါင်းမှာပန်ဆင်၊ လူမထင်တဲ့ ဂေါ်သဇင်ပန်း မှသာတဲ့။ စိုက်ပါရလို၊ စိုက်ရလျှင်လဲ နွေဦးလေရူး၊ အလှထူးတဲ့ တန်ခူးနဲ့ပြိုင်၊ ရနံ့ကြိုင်လို့ တောမြိုင်လယ်ထက်၊ မြရောင်ရွက်နှင့် ရွှေခက်ရွှေငုံ၊ အလှခြုံတဲ့ ရွှေဘုံပိတောက် မှသာတဲ့။ ဆက်ပါရလို ဆက်ရလျှင်လည်း ပန်းကိုချစ်သူ၊ ပန်းကိုမူကား မွှေးကြူတတ်ကာ၊ ဆံကေသာထက် နေရာပေးသူ၊ တို့ကြင်သူပျို ချစ်သူဒေ၀ီ မှသာတဲ့။ မောင်ပျိုးတဲ့ပန်းမွှေးမွှေး၊ ပန်ပေးချင်တယ်လေး။ -ဒေါင်းနက်

အသက်တမျှ ငါတို့ ပြန်မဆုံနိုင်တော့ရုံပါပဲ မင်းလဲ တခြားကမ္ဘာဆီ ထွက်မပြေးနိုင် ငါလဲ ဒီကမ္ဘာပေါ်ကနေ ခုန်မချနိုင်။ -ကေဇဝင်း

ကျွန်တော်လူငယ်ပါ။ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ၊ဝါသနာတွေရှိတဲ့ လူငယ်တစ်ယောက်ပါ။ မဖြစ်လာနိုင်တဲ့ ဒီနိုင်ငံကြီးကိုတောင် မျှော်လင့်ချက်ထားမိရင် ခင်ဗျားအချစ်အပေါ် ကျွန်တော်မျှော်လင့်မိတာ မဆန်းပါဘူး။ -အံ့လွန်းပျို

မေတ္တာစာ မနက်ခင်းမိုးလင်းလို့ ကြားရတဲ့ နှိုးစက်သံအစား မင်းရယ်သံကိုသာ ငါနားဆင်မယ်။ ညခင်းမိုးချုပ်လို့မြင်ရတဲ့ ကြယ်ကလေးတွေအစား မင်းမျက်နှာကိုသာ ငါထိုင်ကြည့်မယ်။ နေ့စဉ်ဓူဝလုပ်နေကျအရာတွေအထဲ မင်းကိုချစ်ရတဲ့ တာဝန်ကိုတော့ ငါမပျက်မကွက် ဆောင်ရွက်ဆဲပါ အချစ်ရေ...။ -အံ့လွန်းပျို

ရမ္မက် သွေးသားတည်လျက် ၊ ခန္ဓာဆက်တွင် ရမ္မက်တဏှာ ၊ ရှိကြစွာ၏။ ရေငန်တစ်စက် ၊ပမာလျက်မူ ထပ်၍တောင့်တ ၊ လိုချင်ကြ၏။ တဏှာအမှောင် ၊ ဖုံးကာဆောင်က အရှက်သညှာ ၊ ဂုဏ်သိက္ခာရိုး ချိုးနှိမ်မေ့ပျောက် ၊ လမ်းမှားရောက်အောင် ပို့၍ဆောင်သည်။ တဏှာရမ္မက်၊ ပျားရည်စက်ကား ဓားသွားပေါ်ထက်၊ရှိပါလျက်မှ ပိုးဖလံမျိုး ၊ မီးကိုတိုးယူ ပူပူလောင်လောင် ၊ သူသယ်ဆောင်၏။ တန်သင့်သည့်ဆေး ၊ လွန်မည့်ဒုက္ခ အသိအမှတ်၊ သတိကပ်၍ ရမ္မက်တဏှာ၊ ထိုအရာကို ချင့်ကာသင့်စေ၊ သုံးဆောင်စေသော်။ အမောင်ကိုးလ် #𝘾𝙤𝙡𝙙

ကျွန်တော့်ရဲ့ကျွန်တော် နွေဦးမှာ ရွက်ဝါတွေရှိတယ်။ ကျွန်တော့်မှာ ကျွန်တော်ရှိတယ်။ အာဒံမှာ ဧဝရှိတယ်။ ကျွန်တော့်မှာ ကျွန်တော်ရှိတယ် နတ်သျှင်နောင်မှာ ရာဇဓာတုကလျာရှိတယ် ကျွန်တော့်မှာကျွန်တော်ရှိတယ်။ ဂျူးမှာ အမှတ်တရ ရှိတယ်။ ကျွန်တော့်မှာကျွန်တော်ရှိတယ်။ တစ်ခုခုတိုင်းမှာ တစ်ခုခုရှိပေမဲ့ ကျွန်တော့်မှာကျွန်တော်ပဲရှိတယ်။ ကိုယ့်အားကိုယ် ကိုးကာ ကျွန်တော့်မှာကျွန်တော်ရှိတယ်။ သမိုင်းတစ်ခု တည်ဆောက်ဖို့ ကျွန်တော့်မှာ ကျွန်တော်ပဲရှိတော့တယ်။ -တက္ကသိုလ်သျှင်ဘုန်း

ယုံကြည်မှုနဲ့ဆုပ်ကိုင်ထားတဲ့လက်တွေပါ။ လူချင်းနီးမှ မြဲတယ်ဆိုတဲ့ လက်တွေမှာပဲ ဒဏ်ရာတွေ ရှိတယ်မထင်ပါနဲ့။ သူ့လက်မှာလဲအသားမာနဲ့ ငါ့လက်မှာလဲအမာရွတ်နဲ့...။ -အံ့လွန်းပျို

နီးခြင်း၊ ဝေးခြင်း သဘောတရားတွေနဲ့ အကျင့်သားရနေသူမလို့ အနားမှာမရှိရင်နေပါ။ ချစ်တယ်ဆိုရင်ပဲ အသက်တစ်ရက် ပိုရှည်ပါပြီ။ -အံ့လွန်းပျို

မိုးရွာတဲ့အခါ အေးစက်မှုတွေ နွေး‌ပါစေ။ နေပူတဲ့အခါ အပူလုံးတွေ အေးပါစေ။ မင်းအချစ်ရေးကံဆိုးတဲ့အခါ ကိုယ်လိုလူနဲ့ ဝေးပါစေ။ -အံ့လွန်းပျို

ကဗျာထဲက သူရဲကောင်း ရွာဦးကျောင်းမှာ ရေတွင်းတူး‌တုန်းက မင်းမပါဘူး ...။ ငါတို့လယ်တွေ ပျိုးကြဲတုန်းက မင်းမပါဘူး ...။ လွင်တီးခေါင်တွေ သစ်ပင်စိုက်တုန်းက မင်းမပါဘူး ...။ ခုတော့ မင်းက ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို သခင်ဗဟိန်းနဲ့ ဂွေပဲအတူတူလှိမ့်ခဲ့သလို သခင်သန်းထွန်းနဲ့ မီးဝင်မီးထွက်လိုလို ဟိုချီမင်းက မင်းဘကြီးလိုလို မင်းကဗျာတွေဖတ်ရတာ အသက်ရှူကြပ်ပြီး မနေတတ်ဘူး။ ဪ ... ဪ ... ဪ ... မင်းကဗျာတွေက ဘာလိုလို။ -အောင်ဘညို

"To be worthy of a golden setting, you must first become a diamond." 💎 "ရွှေနဲ့ကွပ်တာခံချင်ရင်တော့ စိန်ဖြစ်ဖို့တော့လိုမယ်" �
"To be worthy of a golden setting, you must first become a diamond." 💎 "ရွှေနဲ့ကွပ်တာခံချင်ရင်တော့ စိန်ဖြစ်ဖို့တော့လိုမယ်" 💎 အဲ့လိုပဲ သူတစ်ပါးမြတ်နိုးတန်ဖိုးတာ ခံချင်ရင်ကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိဖို့လိုတယ်ပေါ့နော် အဲ့စကားလေးကြားဖူးကြမှာပါ။ ကိုယ်က ဂဲတစ်လုံးဖြစ်နေပြီးတော့ ရွှေကွပ်တာခံချင်နေလို့တော့မရဘူးလေ နောက်ပြီးတစ်ခြားလူကကိုယ့်ကိုယ် တန်ဖိုးထားပါစေလို့ဆုတောင်းနေမဲ့အစား ကိုယ်တိုင်က ကိုယ့်ရဲ့အရည်အချင်းကိုယ့်ရဲ့ စိတ်ထားကို စိန်တစ်ပွင့်လိုမျိုးအရင်ဆုံး တောက်ပအောင်တွေးဖို့တော့လိုတာပေါ့နော်။ တစ်ခါတစ်လေမှာလူတွေကကိုယ်တိုင်ကျအရည်အချင်းမရှိဘူး ကိုယ်တိုင်ကျမကြိုးစားပဲနဲ့ ပြည့်စုံတဲ့လူ တော်တဲ့လူ အရည်အချင်းရှိတဲ့လူကို စောင့်နေတက်တဲ့အကျင့်လေးတွေရှိတယ်။ အဆက်ဖတ်ရန် - comment 👇

ကိုယ်ချင်းစာစိတ်ရှိရင် ကောင်းမှာပဲ အသက်။ အခုတော့ ငါကမ္ဘာပျက်နေတာကိုကျ လျစ်လျူရှုခဲ့တဲ့မင်းက ဟိုလူမျက်နှာညှိုးမှာကိုတော့ ကြောက်တတ်နေပြီ...။ -အံ့လွန်းပျို