cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

လက်ဝဲသုန္ဒရအမတ်ကြီး

پست‌های تبلیغاتی
3 141
مشترکین
اطلاعاتی وجود ندارد24 ساعت
+387 روز
+26530 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

00:43
Video unavailableShow in Telegram
Breaking News ======= ကျောက်မဲ ခရိုင်ထွေအုပ် တိုက်၄လုံး ထရမ်ဖော်မာနား အကြမ်းဖက် TNLA ပလောင်အစွန်းရောက်အဖွဲ့တွေရောက်နေပြီး ခရိုင်/မြို့နယ်ထွေအုပ်/ ရဲတွေရဲ့ အိမ်တွေကိုပစ်နေပါတယ်။ မှိုင်းဝေ 🔣🔣🔣သတင်းတွေပေးလိုပါက🔣🔣🔣                             👇👇👇                       @hminewai1980
نمایش همه...
2.81 MB
Jun 25 သိမ်ဇရပ် မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့ ရဲစခန်းအား ဒီကနေ့နံနက် ( ၉) နာရီ ( ၈) မိနစ်အချိန်ခန့်က အကြမ်းဖက် PDF များက. ၄၀မမ + လနင များ ဖြင့်လာရောက်ခြောင်းမြောင်းပစ် ခတ်သွားကြောင်းသိရပါတယ်သိမ်ဇရပ်အပိုင်၊ရွာလေးကုန်း ( သင်းချိုင်း) ဘက်မှ လာရောက် ပစ်ခတ်သွားတာဖြစ်ပီး၊ပစ်ခတ်မှု ကြောင့်ထိခိုက်ကျဆုံးမှုမရှိကြောင်း သတင်းပေးပို့လာပါတယ်။ အမဲလိုက်မုဆိုးကြီး #SQ🇲🇲
نمایش همه...
👍 2
- ဗုံးပစ်သူများ အသေပစ်ခတ်ဖမ်းဆီး ===================================================== ဇွန်လ ၂၂ ရက်နေ့ နေ့လည်ပိုင်းတွင် သီပေါမြို့နယ်၊ ပန်ညုရွာရှိ “ထွန်းလင်း” ဖုန်းဆိုင်အား အကြမ်းဖက်သူ ၂ ဦးက ဆိုင်ကယ်ဖြင့်လာရောက်၍ လက်ပစ်ဗုံးပစ်ပေါက်ခဲ့ပြီး သီပေါမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့။ - ဖြစ်စဉ်တွင် လူထိခိုက်မှုမရှိဘဲ ဆိုင်ရှေ့ရပ်ထားသည့် ကားတစ်စီး အနည်းငယ်ပျက်စီးသွားကြောင်းသိရှိရပါသည်။  ဖြစ်စဉ်ဖြစ်ဖြစ်ချင်း နယ်မြေခံစစ်ကြောင်းများက ဝိုင်းဝန်းပိတ်ဆို့ရှာဖွေရာ နာရီပိုင်းအတွင်းမှာပင် တရားခံ ၂ ဦးကို လက်ပစ်ဗုံး ၃ လုံး၊ ဓားရှည် ၁ ချောင်း၊ ဆိုင်ကယ် ၁ စီးနှင့်အတူ အသေဖမ်းဆီးရမိကြောင်း သိရှိရပါသည်။ - အကြမ်းဖက်သမားများအတွက် ပြေးစရာ မြေမရှိစေရ။ #KT
نمایش همه...
👍 4
- ၂၄/၆/၂၀၂၄ ရက်နေ့ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းများ =========================================================== မောင်တောမြို့ ဇွန် ၂၄ ရက်၊ နံနက်ပိုင်း ၂ နာရီခန့်မှ နံနက် ၄ နာရီအချိန်ခန့်ထိ အော်ရီဒူလာရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းအား AA အကြမ်းဖက်အဖွဲ့မှ လာ ရောက် တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ AA အကြမ်းဖက်အဖွဲ့မှ နခခ ၂ ဌာနချုပ်နှင့် အခြားနေရာ ၃ ခုအား Drop Bomb ဖြင့် လာရောက် တိုက်ခိုက်ခဲ့သောကြောင့် ဒရုန်းတက်သည့်နေရာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင့် သိရှိရသည်။ သံတွဲမြို့ နယ်မြေခံတပ်ရင်းအနီး AA အကြမ်းဖက်အဖွဲ့ဝင်များရောက်ရှိနေကြောင်း သတင်းအရ တပ်စစ်ကြောင်းမှသွားရောက်ရှင်းလင်းရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူများ ပြန်လည် ဆုတ်ပြေးသွားကြောင်း၊ ဂေါ့ရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ သံတွဲလေဆိပ် နားနေဆောင် အား RPG ဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နယ်မြေခံ တပ်ရင်းရှိ ကာကင်းနေရာ များအား လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းတိုက်ခိုက် ခဲ့ရာ ရန်သူများပြန်လည် ဆုတ်ခွာထွက်ပြေးသွားပြီး တပ်စစ်ကြောင်းများမှ အခိုင်အမာနေရာ၊ ကာကင်းကုန်းများအား ပြန်လည်ရယူထားကြောင်း၊ ဆုတ်ခွာထွက်ပြေးသည့် AA အဖွဲ့ထံမှ- >>> အလောင်း ၁၀ လောင်း၊ လက်နက် ၄ လက် သိမ်းဆည်းရမိခဲ့။ #အလောင်းဓာတ်ပုံများအား ထပ်မံဖော်ပြပေးပါမည်။ သံတွဲမြို့ အနောက်ဘက် စပါးကြီးဘုရားကုန်းနေရာသို့ AA သကသ အင်အား ၁၀၀ ဦးခန့်က ၁ ကြိမ်၊ အင်အား ၁၅၀ ဦးခန့်က ၁ ကြိမ်၊ ရန်သူအင်အား ၅၀ ဦးခန့်က ၁ ကြိမ် ပေါင်း ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး AA သကသ များ မြောက်ဘက်သို့ သေဆုံးအလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား ဆွဲယူကာ ဆုတ်ခွာသွားခဲ့သဖြင့် ၎င်းတို့ မဆွဲယူနိုင်ဘဲ ကျန်ရစ်ခဲ့သည့် အလောင်းများအား သိမ်းဆည်းရမိခဲ့။ >>> AA ၁၅ လောင်း ။ သံတွဲအနီး ဖြစ်ပွားနေသောတိုက်ပွဲများတွင် AA အဖွဲ့မှ အလောင်း ၂၀ ကျော် ၊ လက်နက် ၄ လက်ကျန်ရစ်ခဲ့ပါတယ်။၎င်းတို့စစ်နည်းဗျူဟာ ကျင့်သုံးမှုအရ သေဆုံးဒဏ်ရာရသူများ၏ ဓာတ်ပုံများ လူမှုကွန်ရက်ပေါ်တွင် မပါရှိစေရေးအတွက်အလောင်းကောက်အဖွဲ့များဖြင့် မရ ရအောင် ပြန်လည်သယ်ဆောင်လေ့ရှိသော်လည်း ဇွန်လ ၂၄ ရက်နေ့ ထိတွေတိုက်ပွဲများတွင် အထိနာသဖြင့် မကောက်ယူနိုင်သည့်အလောင်းများ ကျန်ရှိခဲ့ခြင်းဖြစ်ပါသည်။ တိုက်ပွဲသတင်းစုံ
نمایش همه...
🚨  ရခ -      မာလာအောင်ရင် ဘက်        သူဇာကမာသူဇာ အမာခံများ၏        သတင်းဖြန့်ဝေမှုအရ ၂၈.၆.၂၄နေ့      မာလာအောင်ရင်အား ပွဲကရန်      သီတာ ဖြင့်ဝေထားရှိ။     ပုလဲညောင်ရေ က ကမာသူဇာများအား   ယင်းနေ့ ၌ နေ့အိမ်၌သာနေထိုင်ကျရန် သူဇာကမာသူဇာ(ခဲဝါ)အမာခံများမှ ညောင်းကမာပေးထား.............။ သို့ဖြစ်ပါ၍.. မိမိတို့ အခပပြုရာ တစ်ဝိုက်ကို ကြိုတင် အမှိုက်ရှင်းလင်း ထားဖို့ပြီး၊ သီတာများ ရသလောက် စုဆောင်ထားဖို့လိုအပ်.....။ လက်ဝဲသုန္ဒရ
نمایش همه...
👍 7
01:02
Video unavailableShow in Telegram
- ❝ကျောက်မဲမြိုနယ်မှာ တပ်မတော်နဲ့ TNLA အဖွဲတို တိုက်ပွဲဖြစ်ပွားနေ❞ ==================================-================== 𝙈𝙃𝙏 𝙉𝙀𝙒𝙎 〔𝙅𝙐𝙉𝙀 ~ 𝟐𝟓〕 ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြိုနယ်မှာ ဒီနေ့ ဇွန်လ ၂၅ ရက်‌မနက် ၅ နာရီ ခန့်ကစ​ပြီး တပ်မတော်နဲ့ TNLA အဖွဲတွေအကြား ထိတွေ့တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို ဒေသခံတွေက ပြောပါတယ်။ ❝ကျောက်မဲ ငြိမ်းချမ်းရေးကုန်းဘက်မှာ ပစ်ခတ်သံတွေ ကြားနေရတယ်။ မနက်အစောကတည်းကပဲ။ ကျောက်မဲ နဲ့ နောင်ချိုကို အခု သွားလို မရတော့ဘူး။ ကားသမားတွေကတော့ သီပေါမှာ ရပ်နေရတယ်လို ပြောကြတယ်ဗျ။❞ လို ကျောက်မဲဒေသခံတစ်ဦးက ပြောပြခဲ့တာပါ။ လက်ရှိ ကျောက်မဲမြိုမှာ ဗဟိုဈေးကို ပိတ်ထားလိုက်သလို လမ်းတွေပေါ်မှာ လူအသွားအလာမရှိတော့ဘဲ ဂုတ်တွင်းလမ်းကိုလည်း ပိတ်ထားလိုက်ပြီလို ဆိုပါတယ်။ အလားတူ ပြည်ထောင်စုလမ်းမ အနီး ကျောက်မဲမြိုနယ် စခန်းသာ တောင်ဘက်မှာလည်း ပစ်ခတ်သံတွေ ကြားနေရတယ်လို သိရပြီး သီပေါအထွက်က စွတ်လမ်းတံတားကိုလည်း ချိုးလိုက်ပြီလို သိရပါတယ်။ #MHT NEWS
نمایش همه...
2.50 MB
👍 4
Photo unavailableShow in Telegram
Jun 25 - လားရှိုး-သီပေါကြားဆွတ်လန်းရွာ တံတားဖြူ ဖျက်ဆီးခံရဟုသိရ။ - ကျောက်မဲ-သီပေါကြား ကျင်သီတံတား ပိတ်ထားပြီဟုသိရ။ - ကျောက်မဲ-နောင်ချိုကြား ပစ်ခတ်မှုဖြစ်ပွားနေ။ - နောင်ချို-ပြင်ဦးလွင်ကြား ဘန့်ဘွေး+ဆမ္မဆယ်+ကျောက်ကြမ်း ပစ်ခတ်မှုဖြစ်ပွားနေ။ - ပြည်ထောင်စုလမ်းမကြီး သွားမရသေးပါ။ #ရှမ်းပြည်နယ် သတင်းစုံ
نمایش همه...
👍 1
- ❗️Breaking News သီပေါအထွက် စွတ်လမ်းတံတားချိုးလိုက်ပြီလို့သိရပါတယ်။ နမ့်ပေါင်တံတားချိုးမယ်လို့သတင်းရပါတယ်။ အဲဒီတံတားကျိုးရင် လားရှိုးနဲ့အဆက်အသွယ်ပြတ်သွားပါလိမ့်မယ်။ #AungMoekyaw
نمایش همه...
😱 5
Repost from MDY image✍️
Photo unavailableShow in Telegram
KIAလိုင်ဇာ ဇွန်၂၄၊၂၀၂၄။ လိုင်ဇာ၊ဂျာထုဂေါင်နေရာတွင် KIOအရာရှိများနှင့်KPDFတို့နေထိုင်သည့်နေအိမ်အတွင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးသေဆုံး၊မီးလောင်ခဲ့ကြောင်းသိရသည်
نمایش همه...
👏 3
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.