cookie

Utilizamos cookies para mejorar tu experiencia de navegación. Al hacer clic en "Aceptar todo", aceptas el uso de cookies.

avatar

လက်ဝဲသုန္ဒရအမတ်ကြီး

Publicaciones publicitarias
3 139
Suscriptores
+1524 horas
+847 días
+28730 días

Carga de datos en curso...

Tasa de crecimiento de suscriptores

Carga de datos en curso...

Repost from ဘညွန့်
ပါးပါးလေးပဲပုတ်တယ် Ok
Mostrar todo...
👍 4
- AA နှင့် ချင်းညီနောင် ပူးပေါင်းအဖွဲ့ ပစ်ခတ်သတ်ဖြတ်၍ CNA ဗျူဟာမှူး ဒုဗိုလ်မှူးကြီး သေဆုံး =============================================================== ၂၀. ၆. ၂၀၂၄ Written by Nay Moe မတူပီမြို့ကိုသိမ်းနေတဲ့ AA နဲ့ ချင်းညီနောင် ပစ်ခတ်သတ်ဖြတ်တာကြောင့် ချင်းအမျိုးသားတပ်ဦး(CNA) ရဲ့ ဗျူဟာမှူးအဆင့်ရှိတဲ့ ဒုဗိုလ်မှူးကြီးလာယ်ဘိခ်ထန်း(Lal Bik Thang) ဒီနေ့မနက်မှာ သေဆုံးသွားတယ်လို့ ဒေသတွင်းတိုက်ပွဲသတင်းတွေအရ သိရပါတယ်။ "ချင်းအမျိုးသားတပ်မတော် (CNA) မှ ဒုတိယဗိုလ်မှူးကြီး Lieutenant Colonel Lal Bik သည် အာရက္ခတပ်တော် AA/ Chin Brotherhood တို့လက်ချက်ဖြင့် ယနေ့ကျဆုံးသွားလေပြီ။" လို့လည်း ချင်းကျောင်းသားလူငယ်ခေါင်းဆောင် ဆလိုင်းသန်းနိုင်က ဆိုပါတယ်။ ချင်းပြည်နယ် မတူပီမြို့က တပ်စခန်းတွေ သိမ်းယူနိုင်ဖို့ ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီး ဦးဆောင်မှုအောက်မှာ CNA/CDFs တပ်ဖွဲ့တွေက စစ်မျက်နှာတိုးမြှင့်ဖွင့်ထားတဲ့အတွက် မတူပီ-ပလက်ဝလမ်း၊ မတူပီ-ကန်တောင်လမ်း၊ မတူပီ-ဟားခါးလမ်း နှင့် မတူပီ-လိုင်လဲန်းပီလမ်းကို အကန့်အသတ် မရှိ ပိတ်ပင်လိုက်ပြီလို့ ဒီနေ့ ထုတ်ပြန်လာတာဖြစ်ပြီး ထုတ်ပြန်ချက်ကို ပြည်သူတွေ လိုက်နာခြင်းမရှိရင် ကြီးလေးတဲ့ ပစ်ဒဏ်ခံယူရမှာဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့တွေ လိုက်နာခြင်းမရှိရင် ပစ်မိန့်ပေးတယ်လို့လည်း CDF-မတူပီ တပ်မဟာ (၂) ကထုတ်ပြန်ချက်မှာ ဖော်ပြလာပါတယ်။ CNA/CDF ဘက်ရဲ့ ဒီနေ့ ထုတ်ပြန်ချက်ထုတ်အပြီးမှာပဲ AA နဲ့ ချင်းညီနောင်ပူးပေါင်းအဖွဲ့နဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ဒီပစ်ခတ်မှုတွေကြားမှာပဲ လာယ်ဘိခ်သေဆုံးခဲ့တာဖြစ်တယ်လို့ ကနဦးသိရပါတယ်။ စစ်ရေးအရ အချက်အချာကျတဲ့ မတူပီမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် AA ဦးဆောင်မှုအောက်က NUG ဩဇာခံ ချင်းညီနောင်နဲ့မဟာမိတ်တပ်ဖွဲ့တွေက ဇွန်လ ၉ ရက်နေ့ကတည်းက ချင်းညီနောင်စစ်ဆင်ရေးဖော်ဆောင်နေသလို ချင်းပြည်အစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ CNA/CDF တပ်ဖွဲ့တွေကလည်း လုပ်ဆောင်နေတာကြောင့် အငြင်းပွားနေသလို ဇွန်လ ၁၇ ရက်မှာလည်း AA နဲ့ ချင်းညီနောင်က CNA/CDF အဖွဲ့ဝင်တစ်ဦး ဖမ်းလိုက်လို့ ဇွန်လ ၁၈ ရက်မှာ CNA/CDF က သွားရောက်တိုက်ခိုက်လို့ AA နဲ့ ချင်းညီနောင်ပူးပေါင်းတပ်ဘက်က ၂ ယောက်သေပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။ လက်ရှိမှာလည်း ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်က AA နဲ့ ချင်းညီနောင်အဖွဲ့တွေ ဖမ်းဆီးထားတဲ့ ချင်းလဲန်းကောင်စီရဲဘော် ဆလိုင်း ရမ်ထန်း (Salai Ram Thang) ဟာလည်း AA နဲ့ ချင်းညီနောင် သတ်ဖြတ်လိုက်လို့ သေဆုံးသွားပြီလို့လည်း Chinland News မှာ ဖော်ပြထားပါတယ်။ CDF-မတူပီမှာ တပ်မဟာ (၁) နဲ့ (၂) ရှိနေပြီး တပ်မဟာ (၁) ဟာ AA နဲ့ NUG ​ဩဇာခံ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး တပ်မဟာ (၂) ဟာ Chinlad Council အဖွဲ့ဝင်ဖြစ်သလို AA တပ်ဖွဲ့ဟာ ချင်းလူမျိုးတွေကို ကျောင်းသူပါမချန် မုဒိမ်းကျင့်တာ၊ မူးယစ်ဆေးဖြန့်တာ၊ စစ်သားစုတာ၊ အနိုင်ကျင့်နှိပ်စက်တာကြောင့် Global Khumi Organization က ရှုတ်ချကန့်ကွက်စာ ထုတ်ထားသလို AA ဦးဆောင်မှုအောက်က ချင်း PDF တွေနဲ့ AA ကို မနှစ်သက်တဲ့ ဌာနေချင်းလက်နက်ကိုင်တွေအကြား အပြင်းအထန်တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။ ◾ Website တွင် ဖတ်ရှုရန် https://www.mtnewstoday.com/?p=70571 #AA #ချင်းညီနောင် #NUG #PDF #CNA #CDF #GKO #ရခိုင် #ချင်း #MT #mtnews
Mostrar todo...
👍 1 1👏 1
Repost from Thar Sitt(Psy)
မုဒုံမြို့နယ် နှီးပဒေါကျေးရွာအနီ အဘစ်ပူးပေါင်းစစ်ရဆေးရေးဂိတ်တွင် ပူးပေါင်းအဖွဲ့သည် လုံခြုံရေးဆောင်ရွက်နေစဉ် ကြာအင်းဆိပ်မြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာဘက်မှ ကမာဝက်မြို့ ဘက်သို့ အဘစ်-ခလယ်တံခွန်တိုင်သွားကားလမ်းအတိုင်း MON-73W-3779 HONDA WAVE I 125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်မောင်းနှင်လာသည့် ‌မောင်ဇင်အေးကျော်   ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ - P-320 အမျိုးအစား ပစ္စတို(၅)လက်၊ - ကျည်အိမ်(၁၀)ခု၊ - ၉ မမကျည်(၄)တောင့် တို့သိမ်းဆည်းရမိ။
Mostrar todo...
👍 2 2
01:33
Video unavailableShow in Telegram
ကယားဘက်ခြမ်းမှာ အကြမ်းဖက် ကယားခွေးပဒပ်တွေ တုန်လှုပ်ခြောက်ခြားပြီး မသာတွေအပုံလိုက်ဖြစ်အောင် ဗြင်းပေးလိုက်တဲ့ တပ်မတော် ဒရုန်းအဖွဲ့။ ခွေးပဒပ်တွေ ပြေးတာမှ မှုန်နေတာပဲ။ အလောင်းတောင်မကောက်နိုင်ဘူး။ အားရချက်😊😊😊 ခ်ခ် မှိုင်းဝေ သတင်းတွေဖတ်ရန် 👉🏿 နှိပ်ပါ
Mostrar todo...
34.07 MB
👍 5👏 3🤣 1
Photo unavailableShow in Telegram
Jun 20 ပူတင်နှင့်ကင်မ်တို့ မိတ်ဖက်သဘောတူညီချက်လက်မှတ်ထိုး ဟနွိုင်း၊ဇွန် ၁၉ ရုရှားသမ္မတပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်တို့သည် အနောက်အင်အားစုများနှင့် အခြေအနေ တင်းမာနေချိန်၌ မိတ်ဖက်နှစ်နိုင်ငံအနက် တစ်နိုင်ငံက စစ်ရေးအရရန်လိုခံရပါက ကျန်တစ်နိုင်ငံက အကူအညီပေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။ သဘောတူညီချက်၏အချက်အလက်များကို အသေးစိတ်မသိရသေးသော်လည်း စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှစ၍ မော်စကိုနှင့်ပြုံယမ်းကြား အခိုင်မာဆုံးသော ချိတ်ဆက်မှုဖြစ်ကာ လုံခြုံရေး၊ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊ယဉ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆက်ဆံမှုများအပါအဝင် နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာမြှင့်တင်မှုအဖြစ်လည်းနှစ်နိုင်ငံ‌ခေါင်းဆောင်များကဖော်ပြခဲ့သည်။ ယခုသဘောတူညီချက်သည် နှစ်ပေါင်း ၂၄ နှစ်အတွင်း သမ္မတပူတင်၏ ပြုံယမ်းသို့ပထမဆုံးခရီးစဉ်၌ သဘောတူခဲ့ကြခြင်းဖြစ်ပြီး ကင်မ်ကမူ ၎င်းတို့နှစ်နိုင်ငံအကြား ခိုင်မာသည့်ချစ်ကြည်ရင်းနှီးမှုရှိကာ မဟာမိတ်နှစ်နိုင်ငံအကြား အတိကျအခိုင်မာဆုံးသဘောတူညီချက်လည်းဖြစ်‌သည်ဟုဆိုခဲ့သည်။ သတင်းအပြည့်အစုံဖတ်ရန် >> https://www.popularmyanmar.com/?p=1628
Mostrar todo...
👍 1👏 1
Photo unavailableShow in Telegram
ရှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြိုနယ်၊နမ်းတုတ်ကျေးရွှာအုပ်စု၊လွယ်ကျိုင်းကျေးရွှာ ရှိ ဘုန်းကြီးကျောင်းအတွင်းသို စစ်သွေးကြွ PNLO နှင့် ကယား PDF အဖွဲများ မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားကြောင်း ဒေသခံများက ဆက်သွယ်ပြောဆိုသည်။
Mostrar todo...
😢 2
ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနန္ဒာဘိဝံသ ပစ်ခက်သတ်ဖျက်ခံရခြင်းနှင့်ပတ်သတ်၍ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)၏ သဘောထားကြေငြာချက် ရက်စွဲ။ ။၁၃၈၇ ခုနှစ် နယုန်လဆန်း (၁၄)ရက် ၂၀၂၄ ခုနှစ် (၆)လပိုင်း (၂၀)ရက် ကြာသပတေးနေ့ စာအမှတ်။ ။၆ / မ.မ.ရ.သ /၂၀၂၄ ရန်ကုန် ၁။ ယခင်မြန်မာပြည်အောက်ပိုင်း သာသနာ့ဝန်ထမ်း ရှင်ရဟန်းထောင်ပေါင်းများစွာအား မွေးထုတ်ပေးရာ ပဲခူးမြို့၊ ကြံခတ်ဝိုင်းကျောင်းတိုက်ကြီး၏ စာချနာယကဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် (၁၉.၆.၂၀၂၄) ခုနှစ် (၁၃၈၇ ခုနှစ်၊ နယုန်လဆန်း(၁၃)ရက် ဗုဒ္ဓဟူးနေ့ နေ့လည် (၁)နာရီအချိန်ခန့်တွင် ပြည်ဖျက်အကြမ်း ဖက် လူသတ်မိစ္ဆာများ၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံရသည့်အတွက် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း ကြားသိရသည့်အတွက် သာသနာအတွက် မိသားစုညီကိုမောင်နှမ တပည့် ရဟန်းရှင်လူ ဒါယကာ ဒါယိကာမများနှင့်ထပ်တူ များစွာ စိတ်မကောင်းဖြစ်မိပါသည်။ ၂။ လက်ရှိတွင် ဆရာတော်သည် ဝင်းနိမ္မိတာရုံ ပဋိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ကြီး ဖြစ်သည်။ ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ဝိနယာဓိက သာမဏေကျော် နိုင်ငံတော်အစိုးရ သာမဏေကျော် ပဋိယတ္တိသာသနာဟိတ(သကျသီဟ)ဓမ္မာစရိယ. စေတီယဂ်ဏပဋိယတ္တိ ဓမ္မာစရိယ ဂန္ဓဝါစက သာသနာ့ဓဇဓမ္မာစရိယ အဂ်ုတ္တရနိကာယပါဠိပါရဂူ အစရှိသော စာပေကျမ်းတတ်အကျော်မော် ဖြစ်သည့်အတွက် သာသနာအတွက် ဝင်းနိမ္မိတာရုံစာသင်တိုက်ကြီးအတွက် အကြီးမားဆုံးသော အစားထိုး မရသည့် ဆုံးရှုံးမှုကြီးဖြစ်ပါသည်။ ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသနှင့်အတူ ရန်ကုန်တိုင်း မဂ်လာဒုံမြို့နယ် ကန်သုံးဆင့်ပရိယတ္တိဆရာတော် ဘဒ္ဒန္တဂုဏိန္ဒာဘိဝံသပါ ပစ်ခက်ခံရသော်လည် ထိခိုက်ပွန်းပဲ့ရုံသာ ဖြစ်ပေါ် ခဲ့သည့်အတွက် စိတ်သက်သာခဲ့ရပါသည်။ ၃။ မြို့သာမြို့နှင့် ကံမရွာကြားတွင် NLD ပါတီမှ ပေါက်ဖွားလာသော ပြည်ဖျက် PDF လူသတ်အကြမ်းဖက် အဖွဲ့သည် ဆရာတော်ကြီးနှစ်ပါး စီးနင်းလိုက်ပါလာသောကားအား ပစ်ခတ်ခဲ့ခြင်းကြောင့် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသ မှာ ပျံလွန်တော်မူ၍ ကျန်ဆရာတော်ကြီးတပါးနှင့် ကားမောင်းသူဒကာမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ NLD ပါတီမှ ပေါက်ပွားလာသော NUG, CRPH, PDF ပြည်တွင်းသစ္စာဖောက် အကြမ်းဖက် လူသတ် ပြည်ဖျက်အဖွဲ့များသည် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ အပါအဝင် ဗုဒ္ဓဘာသာဝင်ရဟန်း သံဃာပေါင်း (၉၂)ပါး ကျော်အား ယုတ်မာရက်စက်စွာ သတ်ဖျက်ခဲ့ကြသည်။ ထိုသို့ ဆရာတော်ကြီးများပါ ပစ်ခတ်သတ်ဖြတ်နေသည့် ပြည်တွင်း ပြည်ပ အဖျက်သမား ပြည်ပြေးလောက်ကောင်များနှင့် ပြည်တွင်း လက်နက်ကိုင်အကြမ်းဖက်မိစ္ဆာ ပူးပေါင်း PDFများအား အမြန်ဆုံး ရှင်းလင်းဖယ်ရှားပေးကြရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ(နစက)အစိုးရအား တိုက်တွန်းတောင်းဆိုသည်။အချို့မီဒီညာများ၏ မဟုတ်မမှန် လုပ်ကြံရေးသား ထုတ်ပြန် ကြေညာခြင်းအပေါ် နိုင်ငံသူနိုင်ငံသား ကမ္ဘာသူ ကမ္ဘာသား အဖွဲ့အစည်းများ အားလုံးမှလည်း လုံးဝ(လုံးဝ) ကန့်ကွက် ရှုတ်ချသင့်ပါသည်။ ၄။ ပြည်တွင်းတည်ငြိမ်အေးချမ်းမူ ပျက်ပြားအောင် ခေါင်းစဉ်မျိုးစုံတက်၍ ပြည်တွင်းအဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်နေသော NLDပါတီမှ ပေါက်ပွားလာသည့် NUG, CRPH, PDF ပြည်ဖျက် အကြမ်း ဖက်အဖွဲ့များနှင့် ၎င်းတို့ကို ထောက်ပံ့အားပေးလုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်း အားလုံးတို့အား နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးနှင့် ထေရဝါဒဗုဒ္ဓမြတ်စွာသာသနာအား တန်ဖိုးထား လေးစားကြကုန်သော ရဟန်းရှင်လူပြည်သူပြည်သား ဒါယိကာ ဒါယိကာမများနှင့်ထပ်တူ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) မှ သဘောထားကြေငြာချက် ထုတ် ပြန်လိုက်သည်။ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) Join - https://t.me/MyanmarNationalPost
Mostrar todo...
👍 6👎 1
Photo unavailableShow in Telegram
ဇွန်(၁၉) ရက်နေ့ဆိုတာက နီပိန်းအစွန်းရောက်တွေကို nug က ဖော်ထုတ်ပေးပြီး ထောင်ထဲ တွန်းပို့ပေးတဲ့ နေ့တစ်နေ့ပဲ။
Mostrar todo...
Photo unavailableShow in Telegram
Jun 20 ဘုရားသုံးဆူမြို့ရှိ မြန်မာ - ထိုင်း နယ်စပ်ဂိတ်များ ပိတ်ထားသည့်အတွက်ကြောင် ကုန်တင်ယာဉ်များ စောင့်ဆိုင်းနေရ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မြန်မာ - ထိုင်းနယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တွင် ဇွန်လ ၁၇ ရက် နံနက်ပိုင်းက နှစ်နိုင်ငံ နယ်စပ်ဂိတ်များအား ပိတ်ထားသည့်အတွက်ကြောင့် ကုန်တင်ယာဉ်များ ရာနှင့်ချီပြီး စောင့်ဆိုင်းနေရကြောင်း ကုန်သည်များ၏ ပြောကြားချက်များအရ သိရသည်။ ■ Read More - - - >>> https://news-eleven.com/article/292859
Mostrar todo...
👍 1
Elige un Plan Diferente

Tu plan actual sólo permite el análisis de 5 canales. Para obtener más, elige otro plan.