fa
Feedback
Spring Talk

Spring Talk

رفتن به کانال در Telegram

We are delighted to have all of you in this show and we hope that you enjoy it with us.

نمایش بیشتر
1 119
مشترکین
+224 ساعت
+37 روز
+3830 روز
آرشیو پست ها
2. Resilience Workshop (Day-2) Lecture .pdf1.84 MB

Resilience Workshop Day-1.pdf2.60 MB

🪴 ဆရာ/မတို့ခင်ဗျာ…. ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop Day-1 lecture pdf file ပါ

Zoom ဖွင့်ထားပါပြီရှင့်

☸️ သာသနာနှစ် (၂၅၇၀) ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၈၈) ခု၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) 🙏🏻 ဝါဆိုလပြည့်နေ့သည်ကား “သန္ဓေ
☸️ သာသနာနှစ် (၂၅၇၀) ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၈၈) ခု၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့) 🙏🏻 ဝါဆိုလပြည့်နေ့သည်ကား “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဆိုသည့်အတိုင်း ဂေါတမဗုဒ္ဓ၏ ထူးခြားသော ဗုဒ္ဓဝင်နေ့ရက်များ ဖြစ်ပါသည်။ ( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့ ( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့ ( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာစတင်ဟောတော်မူသောနေ့ ( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ ( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ ( ၆ ) တရားရတနာ စတင်ပေါ်သောနေ့ ( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့ ( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ ( ၉ ) ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့ 🤍 ဓမ္မဘက်တော်သား ပြည်သူအပေါင်း ဘေးကင်းကျန်းမာပြီး ခပ်သိမ်းသောအရာဟူသမျှ ကောင်းမွန်ခြင်းများနှင့်သာ ပြည့်စုံပါစေကြောင်း CDMA & HR မိသားစုက တောင်းဆုမေတ္တာ ပို့သအပ်ပါတယ်။ #ဝါဆိုလပြည့် #CDMA_HR #HE_MoE

Resilience__For_MoE__Day_1_for_reflection.pdf2.52 MB

🪴 Resilience Workshop ကို တက်ရောက်ကြတဲ့ ဆရာ/မများ ခင်ဗျာ… Day-1: Self-care and Strengthening Social support နဲ့ပတ်သတ်ပြီး ဆရာမ Dr. Winnie ပေးပို့တဲ့ ဖိုင်ပါ။ ✅ ဖိုင်ထဲက အနီရောင်စာသားများနဲ့ မေးခွန်းများကို ဖြေဆိုကြဖို့ဖြစ်ပြီး Day-2 မှာ ပြန်လည် ဆွေးနွေးကြပါမယ်ဗျ ⏳ ပထမပိုင်းအနေနဲ့ အချိန် (၁ နာရီ) ပြန်လည်ဆွေးနွေးမှာဖြစ်ပြီး၊ Healthy Thinking နဲ့ Meaning of Life ခေါင်းစဉ်တစ်ခုကို မိနစ် (၃၀)စီ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

Resilience Workshop is opening now! Relax with us.

🥰 Resilience Workshop (4 Days) 🤝 MoH and MoE (HE) 🧑🏻‍⚕️ Dr. Winnie (MoH) 🗓️ July (28~31), 2026 ⏰ (6-8) pm MMT ✅ စိတ်ပိုင
+3
🥰 Resilience Workshop (4 Days) 🤝 MoH and MoE (HE) 🧑🏻‍⚕️ Dr. Winnie (MoH) 🗓️ July (28~31), 2026 ⏰ (6-8) pm MMT ✅ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို လျှော့ချပေးနိုင်ရန် ရည်ရွယ် 🎁 အထောက်အကူပြုပစ္စည်းများ - စာရွက်၊ ခဲတံ (ရောင်စုံခဲတံ) All Days သောက်ရေနှင့် ရေခွက် (Day-4) 🌟 Day-1. Self-care and strengthening social support (2 hours) 🌟 Day-2. Healthy thinking and meaning of life (2 hours) 🌟 Day-3. Stress management & Polyvagal profile mapping (2 hours) 🌟 Day-4. Emotional regulation skills (2 hours) Join Zoom Meeting https://zoom.us/j/92421993872?pwd=oHg5wDiIuFrzdRjEKvUREOvWOJTpjW.1 Meeting ID: 924 2199 3872 Passcode: 294176

🍀 ဆရာ/မတို့ခင်ဗျာ…. ယနေ့ည Spring Talk အစီအစဉ် မရှိပါကြောင်း အသိပေးအပ်ပါတယ်။ ⛈️ ဝဿန်ကာလ ကျန်းမာရေးဂရုစိုက်ကြပါ၊ ဘေးကင်းလုံခြု
🍀 ဆရာ/မတို့ခင်ဗျာ…. ယနေ့ည Spring Talk အစီအစဉ် မရှိပါကြောင်း အသိပေးအပ်ပါတယ်။ ⛈️ ဝဿန်ကာလ ကျန်းမာရေးဂရုစိုက်ကြပါ၊ ဘေးကင်းလုံခြုံပါစေ၊ အားလပ်ချိန်တွေမှာ စာပေများကိုဖတ်ရှုရင်း ပညာဖြင့် ဆက်လက်တော်လှန်ကြရအောင်ပါ။

How to apply Federal Education Policy (EP-34)

𝟏𝟗 𝐉𝐮𝐥𝐲 မမေ့နိုင် 😔 အာဇာနည်နေ့ တို့မမေ့💔 🫡 ဗိုလ်ချုပ်အောင်ဆန်းတကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဥ
+1
𝟏𝟗 𝐉𝐮𝐥𝐲 မမေ့နိုင် 😔 အာဇာနည်နေ့ တို့မမေ့💔 🫡 ဗိုလ်ချုပ်အောင်ဆန်းတကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို လေးစားစွာ ဦးညွှတ်အလေးပြုပါသည်။ 🌟 ယနေ့ (၁၉.၇.၂၀၂၆) တနင်္ဂနွေနေ့တွင် ကျရောက်သော ၇၉ ကြိမ်မြောက် “အာဇာနည်နေ့" အား ညှိုးငယ်သောစိတ်ဖြင့် ဂါရ၀ပြုအပ်ပါသည်။ 💪🏻 မြင့်မြတ်သော အာဇာနည်များ၏ ကြိုးပမ်းမှုများကို ပမာပြုပြီး နွေဦးတော်လှန်ရေးမှသည် ပြည်သူအားလုံး လိုလားသော ဖက်ဒရယ်စနစ်ဆီသို့ ဦးတည်ဆောင်ရွက်ကြရင်း စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်းတို့ တည်တံ့နိုင်အောင် ကြိုစားဆောင်ရွက်ကြပါစို့…. #အာဇာနည်နေ့ #Martyrs_day #CDMA_HR

Zoom ဖွင့်ထားပါပြီ။

Spring Talk is inviting you to a scheduled Zoom meeting. Topic: How to apply Federal Education Policy (EP-34) Speaker: Sr. Kyaw Wai Phyo Date: Jul 18, 2026 (Saturday) Time: 07:00 PM Asia/Yangon Join Zoom Meeting https://zoom.us/j/98596829771?pwd=0A5Aq5GJHwVesIublGQ80nK59f9xet.1 Meeting ID: 985 9682 9771 Passcode: 365719

"Media in AI age: Distinguishing Facts, Evidence-based News and Disinformation" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း https://forms.gle/s8ZyYnJu58pTaPzM6 🌟 ဖိတ်ခေါ်ဖောင်တွင် သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။ 💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (CDMA & HR Department) သည် ပညာရေးဝန်ကြီးဌာန၊ (၂၀၂၅-၂၆) မဟာဗျူဟာ ရည်မှန်းချက်များ ဖြစ်သော ရည်မှန်းချက် (၂) နှင့် (၃) တိုကို ရှေးရှုလျက် အဓိကလုပ်ငန်းကြီး (၄) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း (အဆင့်မြင့်ပညာကဏ္ဍ) နှင့် ချိတ်ဆက်ကာ (Human Resources Development) လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၏ လေ့လာသင်ယူနေမှုများ အစဉ်သဖြင့် တိုးတက်နေစေရန် ရည်ရွယ်၍ Continuous Professional Development (CPD) program (Lecture Package Series) များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ 🤝 ယခုအခါ ပညာရေးဝန်ကြီးဌာန၊  အဆင့်မြင့်ပညာကဏ္ဍ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနသည် "Sayarma Nyein Nyein (Journalist and Editor)" နှင့် ပူးပေါင်း၍ “Compliance Training” သင်တန်းအမျိုးအစားကို ဘာသာရပ်ဘုတ်အဖွဲ့ဝင်များ၊ ကြားကာလတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်များ ရှိ ဆရာ/မများ၊ ဝန်ထမ်းများ နှင့်  ကျောင်းသူ/သားများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ဆရာ/မများ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် အစိုးရများမှ ဆရာ/မများ အတွက် ပို့ချမျှဝေပေးနိုင်ပါရန် စီစဉ်နေပါသည်။ 🗓 သင်တန်းကာလသည် (၂၆.၇.၂၀၂၆) တွင် စတင်မည်ဖြစ်ပြီး သင်တန်းရက် တစ်ရက်လျှင် ဆွေးနွေးချိန်အပါအဝင် သင်တန်းချိန် (၂-နာရီ) ဖြစ်ပါသည်။ တနင်္ဂနွေ အပတ်စဉ်ဖြစ်ပြီး တပတ်လျင် ၁ ကြိမ် သင်တန်းရက် (၄) ရက်၊ သင်တန်းချိန် နာရီ (၈-၁၀) ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းရက်များမှာ (၂၆.၇.၂၀၂၆) မှ (၂၃.၈.၂၀၂၆) ထိလျာထားပါသည်။ 🌟 တက်ရောက်နိုင်မည့် သင်တန်းသားဦးရေကို လျှောက်ထားသူပေါ်မူတည်ကာ ရွေးချယ်ပါမည်။ ဖော်ပြပါ သင်တန်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်သော Google Form အား (၂၀.၇.၂၀၂၆) ရက်နေ့ ည (၉) နာရီ နောက်ဆုံးထားကာ ဖြည့်စွက်ပေးပါရန်နှင့် သင်တန်းတက်ရောက်နိုင်မည့် Zoom link ကို Email မှတဆင့် သင်တန်းမစမီ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။

How to apply Federal Education Policy (EP-33)

Zoom ဖွင့်ထားပါပြီ

Spring Talk is inviting you to a scheduled Zoom meeting. Topic: How to apply Federal Education Policy (EP-33) Speaker: Sr. Kyaw Wai Phyo Date: Jul 11, 2026 (Saturday) Time: 07:00 PM Asia/Yangon Join Zoom Meeting https://zoom.us/j/97456265427?pwd=rYCr3blJPQ4uelGdEisK98kvardvRp.1 Meeting ID: 974 5626 5427 Passcode: 572419

အာဏာရှင်စနစ်က လူ့အခွင့်အရေးကို ထပ်မံ မနင်းချေနိုင်ဖို့... နောက်မျိုးဆက်တွေ လက်နက်သံမကြားဘဲ ကျောင်းတက်နိုင်ဖို့... ဘယ်ပြည်သူမှ
အာဏာရှင်စနစ်က လူ့အခွင့်အရေးကို ထပ်မံ မနင်းချေနိုင်ဖို့... နောက်မျိုးဆက်တွေ လက်နက်သံမကြားဘဲ ကျောင်းတက်နိုင်ဖို့... ဘယ်ပြည်သူမှ ကိုယ့်အမြင်ကြောင့် အသက်မပေးရတော့ဖို့... ဒီတိုက်ပွဲကို အဆုံးသတ်အောင် ကိုယ်တတ်နိုင်တဲ့ နေရာကနေ ဆက်လက်ပါဝင်ဖို့ ဖြစ်တယ်။ 7 July က ကျောင်းသားတွေ လုပ်ခဲ့တာဟာ သူတို့ခေတ်ရဲ့ တာဝန်ပါ။ ဒီနေ့ ဒီတာဝန်ကို ဆက်လက်ထမ်းဆောင်ရမယ့်သူတွေကတော့ ကျွန်တော်တို့ပဲ ဖြစ်တယ်။ ✊ 7 July ကို အောက်မေ့တယ်ဆိုတာ... အာဏာရှင်စနစ် အမြစ်ပြတ်တဲ့နေ့အထိ အမှန်တရားဘက်မှာ မရပ်မနား ရပ်တည်နေဖို့ ကတိပြုတာပဲ ဖြစ်တယ်။ ​သူတို့ပေးဆပ်ခဲ့တဲ့ သွေးမြေကျခဲ့တဲ့ နေရာတွေ၊ သူတို့ စတေးခဲ့တဲ့ အနာဂတ်တွေဟာ ဒီနေ့ တော်လှန်ရေးရဲ့ အသက်သွေးကြောတွေ ဖြစ်လာခဲ့ပါပြီ။ အဲဒီစိတ်ဓာတ်တွေကို လက်ဆင့်ကမ်းရင်း... အာဏာရှင်စနစ် နိဂုံးချုပ်တဲ့အထိ အတူတူ ဆက်လက် ချီတက်ကြပါစို့။

အာဏာရှင်တွေ အကြောက်တရားနဲ့ လူတွေကို တိတ်ဆိတ်သွားစေချင်ခဲ့တယ်။ ဒါပေမယ့် ကျောင်းသားတွေက "တိတ်ဆိတ်နေခြင်းထက် အမှန်တရားဘက်မှာ ရပ်
အာဏာရှင်တွေ အကြောက်တရားနဲ့ လူတွေကို တိတ်ဆိတ်သွားစေချင်ခဲ့တယ်။ ဒါပေမယ့် ကျောင်းသားတွေက "တိတ်ဆိတ်နေခြင်းထက် အမှန်တရားဘက်မှာ ရပ်တည်ခြင်း" ကို ရွေးချယ်ခဲ့ကြတယ်။ 7 July ဟာ ကျောင်းသားလှုပ်ရှားမှုတစ်ခုတည်းမဟုတ်ဘဲ လွတ်လပ်ရေးနဲ့ ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ စမှတ်တစ်ခုဖြစ်ပါတယ်။ နှစ်ပေါင်း (၆၀) ကျော် ကြာလာခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ဒီမေးခွန်းက မပြောင်းလဲသေးဘူး 👇 လွတ်လပ်မှုကို ရွေးမလား...? အကြောက်တရားကို လက်ခံမလား...? ဒီနေ့အထိလည်း မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ၊ စစ်ဘေးရှောင်စခန်းတွေမှာ နေ့ရက်တွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ ပြည်သူတွေ၊ ကမ္ဘာအနှံ့မှာ အမှန်တရားဘက်ကနေ အသံထုတ်နေတဲ့ မြန်မာပြည်သူတွေဟာ အဲဒီမေးခွန်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေနေကြပါတယ်။ ဒါကြောင့် 7 July ကို အောက်မေ့တယ်ဆိုတာ သမိုင်းကို ပြန်ဖတ်တာမဟုတ်ပါဘူး။