1 118
订阅者
+224 小时
+37 天
+3830 天
帖子存档
1 118
🪴 ဆရာ/မတို့ခင်ဗျာ….
ဆရာမ Dr. Winnie မျှဝေပေးတဲ့ Resilience Workshop Day-1 lecture pdf file ပါ
1 118
☸️ သာသနာနှစ် (၂၅၇၀) ခုနှစ်၊ မြန်မာသက္ကရာဇ် (၁၃၈၈) ခု၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစကြာ အခါတော်နေ့)
🙏🏻 ဝါဆိုလပြည့်နေ့သည်ကား “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ” ဆိုသည့်အတိုင်း ဂေါတမဗုဒ္ဓ၏ ထူးခြားသော ဗုဒ္ဓဝင်နေ့ရက်များ ဖြစ်ပါသည်။
( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား ပဋိသန္ဓေ နေသောနေ့
( ၂ ) ဘုရားလောင်း တောထွက်တော်မူသောနေ့
( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာစတင်ဟောတော်မူသောနေ့
( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့
( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့
( ၆ ) တရားရတနာ စတင်ပေါ်သောနေ့
( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့
( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့
( ၉ ) ဧဟိဘိက္ခု ဟူသောစကားကိုစတင်ကြားရသောနေ့
🤍 ဓမ္မဘက်တော်သား ပြည်သူအပေါင်း ဘေးကင်းကျန်းမာပြီး ခပ်သိမ်းသောအရာဟူသမျှ ကောင်းမွန်ခြင်းများနှင့်သာ ပြည့်စုံပါစေကြောင်း CDMA & HR မိသားစုက တောင်းဆုမေတ္တာ ပို့သအပ်ပါတယ်။
#ဝါဆိုလပြည့် #CDMA_HR #HE_MoE
1 118
🪴 Resilience Workshop ကို တက်ရောက်ကြတဲ့ ဆရာ/မများ ခင်ဗျာ…
Day-1: Self-care and Strengthening Social support နဲ့ပတ်သတ်ပြီး ဆရာမ Dr. Winnie ပေးပို့တဲ့ ဖိုင်ပါ။
✅ ဖိုင်ထဲက အနီရောင်စာသားများနဲ့ မေးခွန်းများကို ဖြေဆိုကြဖို့ဖြစ်ပြီး Day-2 မှာ ပြန်လည် ဆွေးနွေးကြပါမယ်ဗျ
⏳ ပထမပိုင်းအနေနဲ့ အချိန် (၁ နာရီ) ပြန်လည်ဆွေးနွေးမှာဖြစ်ပြီး၊ Healthy Thinking နဲ့ Meaning of Life ခေါင်းစဉ်တစ်ခုကို မိနစ် (၃၀)စီ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။
1 118
+3
🥰 Resilience Workshop (4 Days)
🤝 MoH and MoE (HE)
🧑🏻⚕️ Dr. Winnie (MoH)
🗓️ July (28~31), 2026
⏰ (6-8) pm MMT
✅ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကို လျှော့ချပေးနိုင်ရန် ရည်ရွယ်
🎁 အထောက်အကူပြုပစ္စည်းများ - စာရွက်၊ ခဲတံ (ရောင်စုံခဲတံ) All Days
သောက်ရေနှင့် ရေခွက် (Day-4)
🌟 Day-1. Self-care and strengthening social support (2 hours)
🌟 Day-2. Healthy thinking and meaning of life (2 hours)
🌟 Day-3. Stress management & Polyvagal profile mapping (2 hours)
🌟 Day-4. Emotional regulation skills (2 hours)
Join Zoom Meeting
https://zoom.us/j/92421993872?pwd=oHg5wDiIuFrzdRjEKvUREOvWOJTpjW.1
Meeting ID: 924 2199 3872
Passcode: 294176
1 118
🍀 ဆရာ/မတို့ခင်ဗျာ….
ယနေ့ည Spring Talk အစီအစဉ် မရှိပါကြောင်း အသိပေးအပ်ပါတယ်။
⛈️ ဝဿန်ကာလ ကျန်းမာရေးဂရုစိုက်ကြပါ၊ ဘေးကင်းလုံခြုံပါစေ၊ အားလပ်ချိန်တွေမှာ စာပေများကိုဖတ်ရှုရင်း ပညာဖြင့် ဆက်လက်တော်လှန်ကြရအောင်ပါ။
1 118
+1
𝟏𝟗 𝐉𝐮𝐥𝐲 မမေ့နိုင် 😔
အာဇာနည်နေ့ တို့မမေ့💔
🫡 ဗိုလ်ချုပ်အောင်ဆန်းတကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများကို လေးစားစွာ ဦးညွှတ်အလေးပြုပါသည်။
🌟 ယနေ့ (၁၉.၇.၂၀၂၆) တနင်္ဂနွေနေ့တွင် ကျရောက်သော ၇၉ ကြိမ်မြောက် “အာဇာနည်နေ့" အား ညှိုးငယ်သောစိတ်ဖြင့် ဂါရ၀ပြုအပ်ပါသည်။
💪🏻 မြင့်မြတ်သော အာဇာနည်များ၏ ကြိုးပမ်းမှုများကို ပမာပြုပြီး နွေဦးတော်လှန်ရေးမှသည် ပြည်သူအားလုံး လိုလားသော ဖက်ဒရယ်စနစ်ဆီသို့ ဦးတည်ဆောင်ရွက်ကြရင်း စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်းတို့ တည်တံ့နိုင်အောင် ကြိုစားဆောင်ရွက်ကြပါစို့….
#အာဇာနည်နေ့ #Martyrs_day #CDMA_HR
1 118
Spring Talk is inviting you to a scheduled Zoom meeting.
Topic: How to apply Federal Education Policy (EP-34)
Speaker: Sr. Kyaw Wai Phyo
Date: Jul 18, 2026 (Saturday)
Time: 07:00 PM Asia/Yangon
Join Zoom Meeting
https://zoom.us/j/98596829771?pwd=0A5Aq5GJHwVesIublGQ80nK59f9xet.1
Meeting ID: 985 9682 9771
Passcode: 365719
1 118
"Media in AI age: Distinguishing Facts, Evidence-based News and Disinformation" သင်တန်း တက်ရောက်နိုင်ရန် ဖိတ်ခေါ်ခြင်း
https://forms.gle/s8ZyYnJu58pTaPzM6
🌟 ဖိတ်ခေါ်ဖောင်တွင် သင်တန်းနှင့်ပတ်သတ်သော အသေးစိတ်အချက်အလက်များ ပါဝင်ပါသည်။
💠 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန (CDMA & HR Department) သည် ပညာရေးဝန်ကြီးဌာန၊ (၂၀၂၅-၂၆) မဟာဗျူဟာ ရည်မှန်းချက်များ ဖြစ်သော ရည်မှန်းချက် (၂) နှင့် (၃) တိုကို ရှေးရှုလျက် အဓိကလုပ်ငန်းကြီး (၄) ကြားကာလ ပညာရေးဝန်ဆောင်မှုပေးခြင်း (အဆင့်မြင့်ပညာကဏ္ဍ) နှင့် ချိတ်ဆက်ကာ (Human Resources Development) လူ့စွမ်းအားအရင်းအမြစ်များ ဖွံဖြိုးတိုးတက်စေရန်နှင့် ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၏ လေ့လာသင်ယူနေမှုများ အစဉ်သဖြင့် တိုးတက်နေစေရန် ရည်ရွယ်၍ Continuous Professional Development (CPD) program (Lecture Package Series) များကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။
🤝 ယခုအခါ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ၊ စီဒီအမ်ရေးရာ နှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနသည် "Sayarma Nyein Nyein (Journalist and Editor)" နှင့် ပူးပေါင်း၍ “Compliance Training” သင်တန်းအမျိုးအစားကို ဘာသာရပ်ဘုတ်အဖွဲ့ဝင်များ၊ ကြားကာလတက္ကသိုလ်ကောင်စီများ၊ မြို့နယ်ပညာရေးဘုတ်များ ရှိ ဆရာ/မများ၊ ဝန်ထမ်းများ နှင့် ကျောင်းသူ/သားများ၊ တိုင်းရင်းသားပညာရေးဌာနများမှ ဆရာ/မများ၊ ဒေသအလိုက် ဖက်ဒရယ်ယူနစ် အစိုးရများမှ ဆရာ/မများ အတွက် ပို့ချမျှဝေပေးနိုင်ပါရန် စီစဉ်နေပါသည်။
🗓 သင်တန်းကာလသည် (၂၆.၇.၂၀၂၆) တွင် စတင်မည်ဖြစ်ပြီး သင်တန်းရက် တစ်ရက်လျှင် ဆွေးနွေးချိန်အပါအဝင် သင်တန်းချိန် (၂-နာရီ) ဖြစ်ပါသည်။ တနင်္ဂနွေ အပတ်စဉ်ဖြစ်ပြီး တပတ်လျင် ၁ ကြိမ် သင်တန်းရက် (၄) ရက်၊ သင်တန်းချိန် နာရီ (၈-၁၀) ကြာမြင့်မည် ဖြစ်ပါသည်။ သင်တန်းရက်များမှာ (၂၆.၇.၂၀၂၆) မှ (၂၃.၈.၂၀၂၆) ထိလျာထားပါသည်။
🌟 တက်ရောက်နိုင်မည့် သင်တန်းသားဦးရေကို လျှောက်ထားသူပေါ်မူတည်ကာ ရွေးချယ်ပါမည်။ ဖော်ပြပါ သင်တန်းတက်ရောက်နိုင်ရန် ဖိတ်ခေါ်သော Google Form အား (၂၀.၇.၂၀၂၆) ရက်နေ့ ည (၉) နာရီ နောက်ဆုံးထားကာ ဖြည့်စွက်ပေးပါရန်နှင့် သင်တန်းတက်ရောက်နိုင်မည့် Zoom link ကို Email မှတဆင့် သင်တန်းမစမီ ကြိုတင်အကြောင်းကြားပေးမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီသော သင်တန်းသားများကိုသာ ရွေးချယ်မည်ဖြစ်ပါသည်။
1 118
Spring Talk is inviting you to a scheduled Zoom meeting.
Topic: How to apply Federal Education Policy (EP-33)
Speaker: Sr. Kyaw Wai Phyo
Date: Jul 11, 2026 (Saturday)
Time: 07:00 PM Asia/Yangon
Join Zoom Meeting
https://zoom.us/j/97456265427?pwd=rYCr3blJPQ4uelGdEisK98kvardvRp.1
Meeting ID: 974 5626 5427
Passcode: 572419
1 118
အာဏာရှင်စနစ်က လူ့အခွင့်အရေးကို ထပ်မံ မနင်းချေနိုင်ဖို့...
နောက်မျိုးဆက်တွေ လက်နက်သံမကြားဘဲ ကျောင်းတက်နိုင်ဖို့...
ဘယ်ပြည်သူမှ ကိုယ့်အမြင်ကြောင့် အသက်မပေးရတော့ဖို့...
ဒီတိုက်ပွဲကို အဆုံးသတ်အောင် ကိုယ်တတ်နိုင်တဲ့ နေရာကနေ ဆက်လက်ပါဝင်ဖို့ ဖြစ်တယ်။
7 July က ကျောင်းသားတွေ လုပ်ခဲ့တာဟာ သူတို့ခေတ်ရဲ့ တာဝန်ပါ။
ဒီနေ့ ဒီတာဝန်ကို ဆက်လက်ထမ်းဆောင်ရမယ့်သူတွေကတော့ ကျွန်တော်တို့ပဲ ဖြစ်တယ်။
✊ 7 July ကို အောက်မေ့တယ်ဆိုတာ...
အာဏာရှင်စနစ် အမြစ်ပြတ်တဲ့နေ့အထိ အမှန်တရားဘက်မှာ မရပ်မနား ရပ်တည်နေဖို့ ကတိပြုတာပဲ ဖြစ်တယ်။
သူတို့ပေးဆပ်ခဲ့တဲ့ သွေးမြေကျခဲ့တဲ့ နေရာတွေ၊ သူတို့ စတေးခဲ့တဲ့ အနာဂတ်တွေဟာ ဒီနေ့ တော်လှန်ရေးရဲ့ အသက်သွေးကြောတွေ ဖြစ်လာခဲ့ပါပြီ။
အဲဒီစိတ်ဓာတ်တွေကို လက်ဆင့်ကမ်းရင်း...
အာဏာရှင်စနစ် နိဂုံးချုပ်တဲ့အထိ အတူတူ ဆက်လက် ချီတက်ကြပါစို့။
1 118
အာဏာရှင်တွေ အကြောက်တရားနဲ့ လူတွေကို တိတ်ဆိတ်သွားစေချင်ခဲ့တယ်။
ဒါပေမယ့် ကျောင်းသားတွေက "တိတ်ဆိတ်နေခြင်းထက် အမှန်တရားဘက်မှာ ရပ်တည်ခြင်း" ကို ရွေးချယ်ခဲ့ကြတယ်။
7 July ဟာ ကျောင်းသားလှုပ်ရှားမှုတစ်ခုတည်းမဟုတ်ဘဲ လွတ်လပ်ရေးနဲ့ ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုရဲ့ စမှတ်တစ်ခုဖြစ်ပါတယ်။
နှစ်ပေါင်း (၆၀) ကျော် ကြာလာခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ဒီမေးခွန်းက မပြောင်းလဲသေးဘူး 👇
လွတ်လပ်မှုကို ရွေးမလား...?
အကြောက်တရားကို လက်ခံမလား...?
ဒီနေ့အထိလည်း မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေ၊ စစ်ဘေးရှောင်စခန်းတွေမှာ နေ့ရက်တွေကို ကြံ့ကြံ့ခံဖြတ်သန်းနေတဲ့ ပြည်သူတွေ၊ ကမ္ဘာအနှံ့မှာ အမှန်တရားဘက်ကနေ အသံထုတ်နေတဲ့ မြန်မာပြည်သူတွေဟာ အဲဒီမေးခွန်းကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေနေကြပါတယ်။
ဒါကြောင့် 7 July ကို အောက်မေ့တယ်ဆိုတာ သမိုင်းကို ပြန်ဖတ်တာမဟုတ်ပါဘူး။
