cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

پست‌های تبلیغاتی
496
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
+1430 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

ဖုန်းဘေနဲ့ ကြည့်ရတဲ့သူတွေအတွက် အသံသီးသန့် နားဆင်ဖို့ဖြစ်ပါတယ်။ #AungMoeKyaw
نمایش همه...
0713.MP313.68 MB
👍 1
Repost from Aung Moe Kyaw
14:53
Video unavailableShow in Telegram
ဇူလိုင်လ ၁၃ ရက်နေ့အတွက်ရုပ်သံ ကျွန်တော်တို့ မီဒီယာကို ထောက်ပံ့ပေးမယ်ဆိုရင် KPay Wave Pay နံပါတ်ဖြစ်တဲ့ 09400080398 ကို ပေးပို့ကူညီနိုင်ပြီးသတင်းတွေပေးပို့မယ်ဆိုရင် 09678046496 ကို ဆက်သွယ်ပေးပို့နိုင်ပါတယ်။ #AungMoeKyaw
نمایش همه...
0713.mp4446.75 MB
👍 1
July 12 - လားရှိုးမှ ထွက်မည့်သူများအတွက်ပါ ⚠️ အခုအခြေနေနဲ့က လားရှိုးကနေ နမ့်လမ်ရောက်ဖို့ ဖောင်ဆိပ်ကနေ သွားမယ်ဆို ၂ ညအိပ်လောက် တန်းစီရပါတယ်။ ကွင်းလမ်းကနေသွားမယ်ဆို ညမအိပ်ရပါဘူး။ (မိုးရွာရင်တော့ လမ်းချော်လို့ ညအိပ်ရနိုင်ပါတယ်) နမ့်လန်ကိုရောက်ဖို့ ဆောင်ကြဲလမ်းကနေလာရင် ပိုမြန်ပါတယ်၊ လမ်းတော့နဲနဲပိုဆိုးပါတယ်။ ကုံးမုံဖက်ကနေ သွားမယ်ဆို ပိုဝေးပါတယ်။လမ်းကတော့ ကားအနိမ့်လဲအဆင်ပြေပါတယ်။ မိုးရွာရင် ပိုပြီး အချိန်ကြံ့ကြာပါတယ်။ ရိက္ခာ အပြည့်စုံ ထည့်သွားပါ။ တောလမ်းမှာဆို ထမင်းမရှိ ရေမရှိလို့ပါ။ ပုံထဲကလို လမ်းခရီးကြမ်းပါတယ်။ ကုံးမုံဖက်ကနေလာတဲ့လမ်းပုံပါ။ မိုးအရမ်းရွာထားလို့ ရေအိုင်နေတာပါ။ တစ်ရက်နဲ့တစ်ရက် လမ်းခရီးအချိန်ကြာတာ မတူနိုင်ပါ။ အဆင်ပြေကြပါစေ။ တစ်ဆင့် ပြန်လည်မှျဝေခြင်း ဖြစ်ပါသည်။ #ရှမ်းပြည်နယ်သတင်းစုံ
نمایش همه...
👍 1
'ဝ' အမိန့်ပေးရင် မြောက်သုံးဖွဲ့ရပ်ပါတယ်။ ဒါကိုအမိန့်နဲ့မရပ်ခိုင်းဘဲ TNLA ရန်ကနေ အစိုးရကိုကာကွယ်ဖို့ခေါင်းစဥ်နဲ့ တန့်ယန်းကို ဝ တပ်တွေဝင်လာတာလုံးဝမရိုးသားဘူးဆိုတာသိသာပါတယ်။ ဒါ့အပြင် 'ဝ' ပြည်နယ်ထဲမှာ တန့်ယန်း၊ မိုင်းရယ်ကိုပါနယ်မြေအဖြစ်လိုချင်နေခဲ့တာပါ။ _ သတိထားဖို့လိုပါတယ်။ နောင်တစ်ချိန်မှာ 'ဝ' ဘာလဲဆိုတာအဖြေထပ်ပေါ်ပါလိမ့််မယ်။ ၁၁.၇.၂၀၂၄ Geopolitics Admin 11.Jul.2024;Fri https://t.me/updatenews2023/74380
نمایش همه...
Myanmar Update News 🇲🇲

'ဝ' တပ်က ဘာကိုရည်ရွယ်တာလဲ ? ___ ၂၀၁၆ ခုနှစ် စက်တင်ဘာလတုန်းက မြန်မာ-တရုတ်နယ်စပ် မိုင်းလားဒေသမှာ “ဝ” တပ်တွေ အင်အား ၁၀၀၀ ကျော် ဝင်ရောက်တပ်စွဲမှုဖြစ်ခဲ့ပြီး ဝ နဲ့ မိုင်းလားကြား၊ တပ်မတော်နဲ့ “ဝ” အဖွဲ့တို့ကြား စစ်ရေးတင်းမာခဲ့ပါတယ်။ NLD အစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင်က ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့အဖွဲ့ လာရောက်ညှိနှိုင်းမယ်ဆိုတာကို မိုင်းလားအဖွဲ့ကကြိုဆိုပေမဲ့ ဝ က မလာနဲ့လို့ပြောပါတယ်။ _ ဖြစ်စဥ်မတိုင်မီ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ နေပြည်တော်မှာ (၂၁) ရာစု ပင်လုံညီလာခံပထမအကြိမ် အစည်းအဝေးကျင်းပခဲ့တယ်။ NLD အစိုးရက ဝ နဲ့မိုင်းလားလက်နက်ကိုင်အဖွဲ့တွေကို တိုင်းရင်းသား ကိုယ်စားလှယ်ကတ်ပြားမထုတ်ပေးဘဲ လေ့လာသူကတ်ပြားမှားယွင်းထုတ်ပေးခဲ့တယ်။ သူတို့ကိုခွဲခြားဆက်ဆံတယ်ဆိုပြီး ဝ ကိုယ်စားလှယ်တွေ အစည်းအဝေးဒုတိယရက်မှာပြန်သွားကြပါတယ်။ 'ဝ' UWSA က နိုင်ငံရေးစာတမ်းတစ်စောင်ကို အစိုးရဆီပေးခဲ့တယ်။ စာတမ်းမှာ ကျိုင်းတုံဒေသကိုပါထည့်သွင်းပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဆင့်မှ ပြည်နယ်အဆင့်တိုးမြှင့်ပေးဖို့ တောင်းဆိုထားခဲ့ပါတယ်။ _ အောက်တိုဘာလ ၁၄ ရက်မှာတော့ သမ္မတအိမ်တော် ဧည့်ခန်းမဆောင်မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအစည်းအဝေးကျင်းပခဲ့တယ်။ သမ္မတ ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ်ဦးဆောင်တဲ့တာဝန်ရှိသူတွေပါဝင်ကြပါတယ်။ အစည်းအဝေးမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကတိုက်ပွဲကိစ္စတွေအပါအဝင်၊‘ဝ’ နှင့် မိုင်းလား ဒေသအတွင်း ဖြစ်ပေါ်ခဲ့တဲ့ကိစ္စရပ်တွေ ဆွေးနွေးခဲ့ပါတယ်။ _ 'ဝ' တပ်ဟာ ၁၉၈၉ ခုနှစ် မေလ ၉ ရက်က အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှာပြည်ထောင်စုအဆင့်ပဏာမအပစ်ရပ်စာချုပ် ချုပ်ဆိုထားပါတယ်။ မိုင်းလား NDAA အဖွဲ့ကလဲ ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်တွင် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုထားပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်မှာ ပြည်ထောင်စုအဆင့်ပဏာမအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုထားပါတယ်။ _ မိုင်းလားနယ်မြေအတွင်း ရောက်ရှိတဲ့ “ဝ” တပ်ဖွဲ့များ အောက်တိုဘာ ၂၄ ရက်နောက်ဆုံးထား ပြန်လည်ဆုတ်ခွာဖို့ အကြောင်းကြားခဲ့ပါတယ်။ "ဝ" နဲ့ဖြစ်စဥ်ကြောင့် လူသိပ်မသိလိုက်တဲ့ စစ်ရေးပြင်ဆင်မှုတစ်ရပ် တပ်ကဆောင်ရွက်ခဲ့တယ်။ တပ်မ ၇၇ က နည်းဗျူဟာ ၁ ခုနဲ့ တပ်ရင်း ၃ ရင်းကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်စစ်ဆင်ရေးကွပ်ကဲမှုအောက်ထည့်ဖို့ ကျိုင်းတုံဆီအရင်လွှတ်လိုက်တယ်။ တပ်မတစ်မ၊ တပ်ရင်း ၁၀ ရင်းလုံးလွှတ်ဖို့ရည်ရွယ်ခဲ့ပါတယ်။ တပ်မ ၇၇ တစ်ဗျူဟာနဲ့တပ်ရင်းတွေကို အောက်တိုဘာလအလယ်မှာပို့လိုက်တာပါ။ အဲ့အချိန်ကတပ်မ ၇၇ ဟာ ရှမ်းမြောက်စစ်ဆင်ရေးကပြန်လာပြီး ၇ လကျော်အနားရထားတဲ့အပြင်၊ ၂၀၁၆ အလယ်လောက်မှာ ကြည်း၊လေ၊အမြောက်နဲ့သံချပ်ကာပူးပေါင်းစစ်ဆင်ရေးကို မုန်တိုင်မှာလေ့ကျင့်ပြီးကာစအချိန်ပါ။ တပ်မ ၇၇ ကျိုင်းတုံရောက်လာတာသိတာနဲ့ "ဝ" ဘက်က တုံ့ပြန်မှုနှစ်ရပ်ဆောင်ရွက်ခဲ့တယ်။ #ပထမတစ်ရပ်က အောက်တိုဘာလ ၂၁ ရက်စွဲနဲ့ “ဝ”အဖွဲ့ဥက္ကဋ္ဌဦးပေါက်ယူချမ်းက ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဆီ အကြောင်းပြန်ကြားစာပေးပို့တာပါ။ စာမှာတော့ ခရီးကြမ်းချီတက်လေ့ကျင့်မှုကြောင့် မိုင်းလားနဲ့အထင်လွဲမှားမှုဖြစ်ကြောင်း၊ ငြိမ်းချမ်းပြေလည်အောင်ဖြေရှင်းမှာဖြစ်ကြောင်းရေးထားတယ်။ နိုင်ငံရေးအရအစိုးရကိုအပျော့ဆွဲပြန်ဆွဲတာပါ။ #ဒုတိယတစ်ရပ်က MNDAA ကို မုံးကိုးမြို့ဝင်တိုက်ခိုင်းလိုက်တာပါ။ ဒါကစစ်ရေးအရ ကိုယ့်ဆီရောက်လာမဲ့အစိုးရစစ်ဦးကို မုံးကိုးဆီရွှေ့လိုက်တာပါ။ မုံးကိုးမှာရှိတဲ့ တပ်မ ၉၉ ကို တပ်မ ၁၁ ကစစ်ကူသွားတယ်။ နောက် တပ်မ ၇၇ ရဲ့ကျန်တဲ့ တပ်မဌာနချုပ်နဲ့ ၂ ဗျူဟာ၊ တပ်ရင်း ၇ ရင်း မုံးကိုးစစ်ကူအတွက်ထွက်လိုက်ရတယ်။ မုံးကိုးကိုပြန်ထိန်းလာနိုင်တော့ လောက်ကိုင်၊ ကုန်းကြမ်းဘက်မှာသတင်းထပ်လွှင့်ပါတယ်။ ဒါကြောင့် တပ်မ ၇၇ ဟာ မုံးကိုးဆီမသွားတော့ဘဲ လောက်ကိုင်ခွင်ဝင်လိုက်ရတယ်။ ၂၀၁၇ ဖေဖော်ဝါရီကစပြီး ဒုတိယအကြိမ် လောက်ကိုင်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ကျိုင်းတုံက ဗျူဟာနဲ့ သုံးရင်းကိုလဲလောက်ကိုင်ကိုထည့်လိုက်ရတယ်။ မြန်မာနိုင်ငံထဲမှာ 'ဝ' ရဲ့စီးပွားရေးလုပ်ငန်းတွေတင်အများကြီးပါ။ 'ဝ' ဟာခေတ်အဆက်ဆက် အစိုးရတွေကို နိုင်ငံရေး၊စစ်ရေးနှစ်ဘက်နဲ့ ပြန်လည်ကစားနေခဲ့တာကြာပါပြီ။ _ ၁၀၂၇ ဒုတိယအကျော့မှာ TNLA ဟာ နောင်ချိုကိုသိမ်းပြီးပြီ။ ကျောက်မဲကိုထိန်းထားနိုင်တယ်။ MNDAA က လားရှိုးကိုဝင်တိုက်နေတယ်။ ဒါ့အပြင် TNLA က နယ်ကျော်ပြီး တန့်ယန်းမှာပါ စစ်မျက်နှာဖော်လာတယ်။ အခုတန့်ယန်းကိုအစိုးရနဲ့သဘောတူညီမှုယူပြီး 'ဝ' တပ်တွေတရားဝင်ယာဥ်တန်းနဲ့ဝင်လာတယ်။ တန့်ယန်းကိုကာကွယ်ဖို့၊ စစ်မျက်နှာများနေတဲ့ အစိုးရကိုကူညီဖို့ခေါင်းစဥ်နဲ့ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ၁၀၂၇ ပထမအကြိမ်မှာ မြောက်သုံးဖွဲ့နောက်မှာ UWSA ဝ တပ်ရှိနေတယ်ဆိုတာအားလုံးအသိပါ။ MNDAA ကလဲ ဟိုပန်နဲ့ပန်လုံကို ဝ ကိုလက်ဆောင်ပေးလိုက်တယ်။ အခု တန့်ယန်းကိုတိုက်တဲ့ TNLA ကလဲ ဝ တပည့်ပါပဲ။
نمایش همه...
Myanmar Update News 🇲🇲

👍 1
Photo unavailableShow in Telegram
❗Breaking❗ ရမခ ၅၀၇ တပ်ရင်းအနောက်ဘက်ရှိ  ကာကင်း  ကုန်းကို ရန်သူ့ဘက်မှ အင်အားအလုံးအရင်းနဲ့ဝင်တိုက်နေကြောင်း သတင်းရရှိ။ ရန်သူမှ ဒရုန်း၊ လက်နက်ကြီး ၊ စက်လက်များ အသုံးပြုတိုက်ခိုက်နေ။ 🇲🇲သဇင်ဦး(ရွှေဆည်သူ) https://t.me/Thazinoo969
نمایش همه...
👍 1
02:57
Video unavailableShow in Telegram
(လာရှိူးအခြေအနေ)(12/7/24) Movie:AyeMyatOkkar
نمایش همه...
9.51 MB
00:15
Video unavailableShow in Telegram
ဒကစ စစ်တွေနယ်မြေ.. သူငယ်ချင်း ရေမင်းနယ်မြေကအေးချမ်းသဟ😏
نمایش همه...
1.48 MB
Photo unavailableShow in Telegram
နိုင်ငံတော်ရဲ့ သမ္မတ(ငြိမ်း) တစ်ဦး တရုတ်ကိုသွားတယ်။ တပ်မတော်ရဲ့ ဒုတိယအကြီးဆုံးလည်း တရုတ်ကိုသွားတယ်။ နောင်ရွေးကောက်ပွဲအရ အစိုးရဖွဲ့နိုင်ချေများတဲ့ ပါတီအစုအဖွဲ့တွေရဲ့ ကိုယ်စားလှယ် ၄ ပါတီကလည်း ထပ်ပြီး သွားဦးမယ်။ တိုင်းပြည်ဟာ ဘယ်ကို ဦးတည်ပြီး Changes ဖြစ်သွားမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ။ (နရီမိုး)
نمایش همه...
Repost from DGF21News
စစ်လော်ဘီ အချို့က သတင်း အမှန်တင်ကြပါတဲ့ မဖာနဲ့ မလော်နဲ့တဲ့ သတင်းအမှန်သာ တင်ခဲ့ရင် မြဝတီတောင် ကျတာ ကြာပြီ တောင်ပေါ်ပေတိုး ချန်နယ်က မြဝတီ မကျစေရ ဆောင်ပုဒ်နဲ့ နေ့ရော ညရော ဆိုက်ဝါးတွေ အပြန်အလှန်ရေးတင် အွန်လိုင်းက ဖိုက်ခဲ့လို့ မြဝတီက တပ်တွေ စိတ်အားတက်ပြီး လက်တစ်ဆုပ်စာ မြို့စောင့်တပ်လေးနဲ့ အင်အား ထောင်ချီ သူပုန်ကို ခံချကာ မြဝတီမြို့ကြီးကို ကာကွယ်န်ုင်ခဲ့တယ် ဆိုတာ သမိုင်းသက်သေပဲ မြောက်ပိုင်းစစ်မှာ မင်းတို့ မသိတာတွေ အများကြီး ငါတို့သိတယ် ခေါင်းပေါင်းတွေနဲ့ ကျားဖြန့် ပတ်သက်မှုတွေ၊ အပေးအယူတွေ၊ ရုရှားကို ပထွေးသွားတော် ဆူခွိုင်းကြီးတွေ ဝယ်လာလို့ ဆူခွိုင်းနဲ့ ဒရုန်း ဘယ်ဟာပိုစွမ်းလဲ ပညာပြကွက်တွေ၊ ဘလာ ဘလာ ဘလာ မည်သို့ပင် ဖြစ်စေကာမူ တရုတ်လော်ဘီတွေ အသစ်ရေးဆွဲ လိုက်တဲ့ မြေပုံလို မဖြစ်ရအောင် ငါတို့ ဆက်ဖိုက်မယ် မှန်တာပါမယ် မှားတာပါမယ် လော်တာပါမယ် ညှော်တာပါမယ် အဓိက က နိုင်ဖို့ပဲ History is written by the Winner တောင်ပေါ်ပေတိုး
نمایش همه...
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.