fa
Feedback
Ministry of Human Rights

Ministry of Human Rights

رفتن به کانال در Telegram

This is the official Telegram Channel of Ministry of Human Rights,National Unity Government of Myanmar

نمایش بیشتر
1 637
مشترکین
-224 ساعت
+67 روز
+1430 روز

در حال بارگیری داده...

کانال‌های مشابه
ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
سپتامبر '26
سپتامبر '26
+21
در 0 کانال‌ها
اوت '26
+61
در 0 کانال‌ها
Get PRO
ژوئیه '26
+69
در 0 کانال‌ها
Get PRO
ژوئن '26
+22
در 1 کانال‌ها
Get PRO
مه '26
+21
در 0 کانال‌ها
Get PRO
آوریل '26
+26
در 0 کانال‌ها
Get PRO
مارس '26
+33
در 0 کانال‌ها
Get PRO
فوریه '26
+34
در 1 کانال‌ها
Get PRO
ژانویه '26
+44
در 5 کانال‌ها
Get PRO
دسامبر '25
+50
در 3 کانال‌ها
Get PRO
نوامبر '25
+29
در 1 کانال‌ها
Get PRO
اکتبر '25
+39
در 1 کانال‌ها
Get PRO
سپتامبر '25
+52
در 1 کانال‌ها
Get PRO
اوت '25
+102
در 1 کانال‌ها
Get PRO
ژوئیه '25
+59
در 1 کانال‌ها
Get PRO
ژوئن '25
+47
در 8 کانال‌ها
Get PRO
مه '25
+80
در 2 کانال‌ها
Get PRO
آوریل '25
+64
در 0 کانال‌ها
Get PRO
مارس '25
+102
در 4 کانال‌ها
Get PRO
فوریه '25
+44
در 1 کانال‌ها
Get PRO
ژانویه '25
+68
در 1 کانال‌ها
Get PRO
دسامبر '24
+55
در 0 کانال‌ها
Get PRO
نوامبر '24
+70
در 1 کانال‌ها
Get PRO
اکتبر '24
+71
در 1 کانال‌ها
Get PRO
سپتامبر '24
+133
در 10 کانال‌ها
Get PRO
اوت '24
+89
در 2 کانال‌ها
Get PRO
ژوئیه '24
+72
در 1 کانال‌ها
Get PRO
ژوئن '24
+97
در 4 کانال‌ها
Get PRO
مه '24
+52
در 0 کانال‌ها
Get PRO
آوریل '24
+72
در 0 کانال‌ها
Get PRO
مارس '24
+72
در 1 کانال‌ها
Get PRO
فوریه '24
+57
در 0 کانال‌ها
Get PRO
ژانویه '24
+63
در 0 کانال‌ها
Get PRO
دسامبر '23
+35
در 1 کانال‌ها
Get PRO
نوامبر '23
+103
در 1 کانال‌ها
Get PRO
اکتبر '23
+135
در 2 کانال‌ها
Get PRO
سپتامبر '23
+53
در 0 کانال‌ها
Get PRO
اوت '23
+96
در 0 کانال‌ها
Get PRO
ژوئیه '23
+104
در 0 کانال‌ها
Get PRO
ژوئن '23
+75
در 0 کانال‌ها
Get PRO
مه '23
+55
در 0 کانال‌ها
Get PRO
آوریل '23
+341
در 0 کانال‌ها
Get PRO
مارس '23
+659
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
16 سپتامبر0
15 سپتامبر0
14 سپتامبر+2
13 سپتامبر0
12 سپتامبر+1
11 سپتامبر+2
10 سپتامبر+2
09 سپتامبر+1
08 سپتامبر+3
07 سپتامبر+3
06 سپتامبر+1
05 سپتامبر0
04 سپتامبر+4
03 سپتامبر+1
02 سپتامبر+1
01 سپتامبر0
پست‌های کانال
2
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး နဲ့ တာဝန်ရှိသူတွေဟာ အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင် (United States Commission on International Religious Freedom_ USCIRF) ရဲ့ အမှုဆောင်ဒါရိုက်တာ Erin D. Singshinsuk ဦးဆောင်တဲ့အဖွဲ့နဲ့ ဇွန်လ (၂၄) ရက်နေ့က တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးဆိုင်ရာ အခြေအနေ၊ အကျပ်အတည်းတွေကို အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုအတွင်းမှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုပြီးဆိုးရွားလာနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေ၊ ရိုဟင်ဂျာပြည်သူတွေ ကြုံတွေ့နေရတဲ့ အတိဒုက္ခတွေအပြင် ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြားထဲမှာ အခြားသော လူနည်းစုပြည်သူများ နဲ့ ဘာသာရေး လူနည်းစုတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်းကို အဓိကထား အမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူနိုင်ဖို့ တာဝန်ခံမှုရှိရေး၊ ထိခိုက်လွယ်တဲ့ လူမှုအဖွဲ့အစည်းတွေကို ကာကွယ်ပေးရေးနဲ့ တန်းတူညီမျှမှုကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ဖို့အတွက် နိုင်ငံတကာရဲ့ ကူညီပံ့ပိုးမှုတွေ အရေးတကြီး လိုအပ်နေတဲ့အကြောင်းတွေကိုလည်း အလေးအနက်ထား ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအတွင်းမှာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ တာဝန်ရှိသူတွေက မြန်မာနိုင်ငံအရေးကို အစဉ်တစိုက် အလေးထားပေးတဲ့အတွက် USCIRF ကို အထူးပဲ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဘေးဒုက္ခခံစားနေရသူတွေနဲ့ ဖယ်ကျဉ် ခံထားရတဲ့ ပြည်သူတွေရဲ့အသံကို ကမ္ဘာက ကြားသိနိုင်ဖို့ နိုင်ငံတကာရဲ့ စဉ်ဆက်မပြတ် ပါဝင်ပတ်သက်မှုက အလွန်အရေးကြီးကြောင်းကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဆွေးနွေးမှုအတွင်းမှာပဲမြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုအားလုံးဟာ လူမျိုး၊ ဘာသာ၊ဖြစ်တည်မှု ဒါမှမဟုတ် ဘယ်လိုခွဲခြားမှုမျိုးမှမရှိဘဲ ငြိမ်းချမ်းမှု၊ လုံခြုံမှုနဲ့ လူသားဂုဏ်သိက္ခာအပြည့်နဲ့ အတူတကွ ယှဉ်တွဲနေထိုင်နိုင်မယ့် အနာဂတ်တခုဆီ ရောက်ရှိနိုင်ဖို့အတွက် အတူတကွ ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေတဲ့ အချက်ကိုလည်း အလေးအနက်ထား ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ On June 24, Deputy Minister U Aung Kyaw Moe of the Ministry of Human Rights, alongside ministry officials, met with Erin D. Singshinsuk, the Executive Director of the United States Commission on International Religious Freedom (USCIRF), and the USCIRF team to engage in a detailed discussion regarding the ongoing crisis in Myanmar. During the meeting, both sides primarily exchanged views on the deteriorating human rights situation across the country resulting from the military junta’s atrocities, the persecution of the Rohingya people, and the severe challenges faced by other ethnic and religious minorities amid the continuing conflict. Furthermore, they underscored the urgent need for accountability to hold perpetrators of human rights violations responsible, the absolute necessity of protecting vulnerable communities, and the critical importance of international support in building a federal democratic Myanmar founded on equality, justice, and human dignity. Throughout the discussion, Deputy Minister U Aung Kyaw Moe and the officials expressed their deep appreciation to USCIRF for its sustained attention to the Myanmar crisis and its unwavering advocacy. They also emphasized that as the people of Myanmar continue their struggle for freedom and democracy, sustained international engagement remains paramount to ensuring that the voices of victims and marginalized communities are heard globally. In addition, during the discussion, both parties profoundly emphasized the commitment to continue working collectively toward a future where all people in Myanmar, regardless of ethnicity, religion, or any form of discrimination, can coexist in peace, security, and full human dignity. #HumanRights #USCIRF #Myanmar #CrimesofJunta #Crimesagainsthumanity #Religiousfreedom #Rohingya #MoHR #NUGMyanmar
415
3
Joint Consultation and Workshop Held with Federal Units to Sustain Interim Human Rights Mechanisms “The primary objective dur
Joint Consultation and Workshop Held with Federal Units to Sustain Interim Human Rights Mechanisms “The primary objective during this transitional period is to ensure that grassroots human rights documentation and advocacy efforts do not lose momentum. This consultation is crucial for establishing seamless synchronization and a structured handover with the interim Federal Unit governments.” The Ministry of Human Rights of the National Unity Government successfully conducted a two-day "Consultation and Workshop with Human Rights Focal Officers from Sagaing, Magway, Mandalay, Bago, and Tanintharyi Regions" via Zoom video conferencing during the first week of June. The workshop was attended by a total of 89 participants, including officials from the Ministry of Human Rights, grassroots human rights officers from various regions, and representatives from the interim Federal Unit governments of Sagaing, Magway, and Mandalay, who actively collaborated on strategic interim work plans. During the opening session, U Aung Kyaw Moe, Deputy Minister of Human Rights, emphasized that "human rights documentation" serves as the fundamental cornerstone for ensuring accountability and ending impunity regarding the Military Council's multi-faceted human rights violations. He urged participants to turn operational challenges into strengths through continuous peer-to-peer learning and open dialogue, reinforcing the collective struggle to abolish the military dictatorship and establish a federal democracy. Concurrently, the Permanent Secretary presented strategic measures to maintain the momentum of the grassroots data collection mechanism which currently documents over 500 violation cases per month through systematic coordination with the interim Federal Unit governments. The Permanent Secretary further assured that the Ministry will continue to provide essential support for the security of human rights defenders, monthly communication allowances, and the maintenance of secure database systems. In response, representatives from the Federal Unit governments warmly welcomed the joint initiatives and pledged their readiness to provide administrative and security protections within their respective jurisdictions. On the second day, grassroots human rights officers openly discussed protection risks, security challenges, and threats encountered in the field, leading to the adoption of targeted action plans. These include: providing capacity-building training for grassroots volunteers (focusing on documentation methodology, forensic medicine, and landmine/UXO awareness); distributing public awareness handbooks; integrating the Universal Declaration of Human Rights (UDHR) into educational curricula; and incorporating human rights protection clauses into the interim administrative legislation of respective Federal Units. Furthermore, the Ministry immediately facilitated cash grants to procure essential communication equipment and power banks to support field operations and early-warning systems against airstrikes. In closing, Ministry officials reaffirmed their unwavering commitment to standing in solidarity with grassroots volunteers during this interim period, ensuring that the pursuit of transitional justice for the people continues without interruption. Ministry of Human Rights National Unity Government
412
4
ကြားကာလ လူ့အခွင့်အရေးယန္တရား အရှိန်အဟုန်မပျက်စေရန် ဖက်ဒရယ်ယူနစ်များနှင့်အတူ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် “မြေပြင်က လူ့
ကြားကာလ လူ့အခွင့်အရေးယန္တရား အရှိန်အဟုန်မပျက်စေရန် ဖက်ဒရယ်ယူနစ်များနှင့်အတူ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် “မြေပြင်က လူ့အခွင့်အရေး မှတ်တမ်းတင်မှုတွေနဲ့ အသိပညာပေးလုပ်ငန်းတွေ အရှိန်အဟုန် ဆုတ်ယုတ်မသွားဖို့က အဓိကပါပဲ။ ဒါကြောင့် ကြားကာလ ဖက်ဒရယ်ယူနစ် အစိုးရတွေနဲ့ ဟန်ချက်ညီညီ လက်တွဲပြီး လုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်အောင် စနစ်တကျ ညှိနှိုင်းရခြင်းဖြစ်ပါတယ်” အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနဟာ ၂၀၂၆ ခုနှစ်၊ ဇွန်လ ပထမအပတ်အတွင်း (၂) ရက်တိုင်တိုင် စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီဒေသက မြေပြင်လူ့အခွင့်အရေးတာဝန်ခံတွေ၊ ကြားကာလ ဖက်ဒရယ်ယူနစ်အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေအပါအဝင် စုစုပေါင်း (၈၉) ဦးနဲ့အတူ ရှေ့ဆက်မယ့် ကြားကာလလုပ်ငန်းစဉ်တွေကို Zoom ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် အောင်မြင်စွာ ညှိနှိုင်းဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲအဖွင့်မှာ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး က အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိရောက်စွာ အရေးယူပြစ်ဒဏ်ပေးနိုင်ဖို့ "မှတ်တမ်းကောက်ယူခြင်း" ဟာ အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ အားနည်းချက်တွေကို အားသာချက်ပြောင်းလဲပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အတူတကွ ဆက်လက်ရုန်းကန်သွားကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ တဆက်တည်းမှာပဲ အမြဲတမ်းအတွင်းဝန် က တလလျှင် အကြမ်းဖက်စစ်အုပ်စုကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အမှုပေါင်း (၅၀၀) ကျော်ရှိနေတဲ့ မြေပြင်ဒေတာကောက်ယူမှုယန္တရား အရှိန်အဟုန်မပျက်စေဖို့ ကြားကာလ ဖက်ဒရယ်ယူနစ်အစိုးရတွေနဲ့ စနစ်တကျ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားမယ့်အပြင် လူ့အခွင့်အရေးရာတာဝန်ခံတွေရဲ့ ဘေးကင်းလုံခြုံရေး၊ ဆက်သွယ်ရေးစရိတ် နဲ့ လုံခြုံစိတ်ချရတဲ့ ဒေတာထိန်းသိမ်းမှုစနစ် (Database) တွေကိုပါ အကောင်းဆုံး ဆက်လက်ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့ရာ ဖက်ဒရယ်ယူနစ် အစိုးရကိုယ်စားလှယ်များကလည်း ကျရာကဏ္ဍကနေ အဆင်သင့် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။ ဆွေးနွေးပွဲ ဒုတိယနေ့မှာတော့ မြေပြင်တာဝန်ခံတွေရဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်မယ့် လုပ်ငန်းစဉ်သစ်တွေဖြစ်တဲ့ မြေပြင် Volunteer တွေအတွက် (အချက်အလက်ကောက်ယူနည်း၊ Forensic ဆေးပညာ၊ မိုင်းအန္တရာယ်) စွမ်းဆောင်ရည်မြှင့်သင်တန်းများ ပေးခြင်း၊ လူထုအသိပညာပေး လက်စွဲစာအုပ်များ ဖြန့်ဝေခြင်း၊ ဒေသန္တရဥပဒေများတွင် လူ့အခွင့်အရေးကာကွယ်မှုများ ထည့်သွင်းခြင်းနဲ့ လေကြောင်းအန္တရာယ် သတိပေးစနစ်အတွက် အရေးပေါ်လိုအပ်တဲ့ ဆက်သွယ်ရေးကိရိယာ နဲ့ Power Bank ရရှိနိုင်ရေး လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ချက်ချင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဆွေးနွေးပွဲအပြီးမှာတော့ ဝန်ကြီးဌာနအနေနဲ့ ကြားကာလအတွင်း မြေပြင်ရဲဘော်တွေနဲ့အတူ စွန့်လွှတ်စွန့်စားစွာ လက်တွဲပြီး ပြည်သူတွေမျှော်လင့်နေတဲ့ တရားမျှတမှုဖော်ဆောင်ရေးခရီးကို အဟုန်မပျက် ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်ကြောင်း ခိုင်မာစွာကတိပြုရင်း ဆွေးနွေးပွဲကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ
263
5
၂၀၂၆ ခုနှစ်၊ မေလတလတာအတွင်းမှာတင် အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု (၁၆၇) ကြိမ်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း (၄၅၇) ခုကို ဗြောင်ကျကျ ကျူးလွန်ခဲ့ပါတယ်။ တဖက်မှာလည်း အစိုးရအတု၊ လွှတ်တော်အတုတွေပြပြီး စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ နိုင်ငံတကာကို လှည့်စားနေကြဆဲ ဖြစ်ပါတယ်။ မေလ ၂၇ ရက်နေ့က မန္တလေးဒေသ၊ ငါန်းဇွန်မြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ဒရုန်းဗုံးကြဲမှုကြောင့် မိမိရင်ခွင်ပိုက်ကလေးငယ်ကို အသက်နဲ့လဲပြီး ကာကွယ်သွားခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ကွဲမတတ် ဖြစ်ရပ်ဟာလည်း ဒီလအတွင်းက အဖြစ်ပျက်ဆိုးတွေထဲက တခု ဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ကလေးငယ်ပါ အသက်ဆုံးရှုံးခဲ့ရပါတယ်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှု အထောက်အထားများနှင့် တလတာ လူ့အခွင့်အရေးချိုးဖောက်မှု အနှစ်ချုပ်ကို အောက်ပါ video တွင် အသေးစိတ် ကြည့်ရှုနိုင်ပါပြီ။ "တရားမျှတမှုသည် မုချအောင်ရမည်" #MoHR #NUG #Humanrightsviolations #Myanmar #May2026 #Monthlyreport
226
6
بدون متن...
198
7
+1
WHEN THE SKY ENABLES ATROCITIES_English_Version.pdf
357
8
+1
بدون متن...
381
9
ငြိမ်းချမ်းမှုပျောက်ဆုံးသွားသော မိုးကောင်းကင် ==================== ၂၀၂၁ ခုနှစ်ကတည်းကစလို့ တချိန်က အေးချမ်းခဲ့တဲ့ မြန်မာနိုင်ငံ ရဲ့ ကောင်းကင်ပြာကြီးဟာ ပြည်သူတွေအတွက်တော့ သေဆုံးခြင်း၊ ပျက်စီးခြင်းနဲ့ စိတ်ဒဏ်ရာတွေကို နေ့စဉ်ရွာချနေတဲ့ သေမင်းတမန် ကောင်းကင်ယံ ဖြစ်လာခဲ့ရပါပြီ။ အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားပြည်သူတွေရှိရာ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေကိုပါ လေကြောင်းအင်အားသုံးပြီး စနစ်တကျ မြေလှန်ပြာချနေပါတယ်။ ဒီနေ့မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ကနေ စစ်အုပ်စုရဲ့ လေကြောင်းအကြမ်းဖက်မှု ဖြစ်စဉ်တွေကို သက်သေပြလိုက်တဲ့ “WHEN THE SKY ENABLES ATROCITIES: Junta Aerial Campaign Against Civilians and Crimes Against Humanity in Myanmar” အစီရင်ခံစာကို တရားဝင် ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၆ ခုနှစ် မေလအထိ ကောက်ယူထားတဲ့ အစီရင်ခံစာ ပါ အချက်အလက်တွေကို ကြည့်ရင် စစ်အုပ်စုရဲ့ လေကြောင်းအကြမ်းဖက်မှုတွေဟာ တကယ်ကို တုန်လှုပ်စရာဖြစ်ပါတယ်။ တနိုင်ငံလုံးမှာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၅,၅၀၀ ကျော် (အကြိမ်ရေနဲ့ဆို ၁၂,၀၀၀ ကျော်) အထိ ရှိခဲ့ပြီး ဒီလို ရက်စက်တဲ့ ဗုံးကြဲမှုတွေကြောင့် ကလေးငယ် ၇၆၀ ခန့် အပါအဝင် အပြစ်မဲ့ပြည်သူ ၅,၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသလို ၉,၅၀၀ ကျော်လည်း ဒဏ်ရာရခဲ့ပါတယ်။ ဒါတင်မကသေးဘဲ ဘာသာရေးအဆောက်အအုံ ၇၅၂ ခု၊ စာသင်ကျောင်း ၅၀၂ ကျောင်းနဲ့ ဆေးရုံ/ဆေးခန်း ၁၇၀ ခုတို့လည်း ဗုံးကြဲဖျက်ဆီးခံခဲ့ရတာပါ။ နယ်မြေအလိုက်ဆိုရင်တော့ ဖြစ်ရပ်ပေါင်း ၂,၆၀၀ ကျော်နဲ့ စစ်ကိုင်းဒေသဟာ လေကြောင်းဒဏ်ကို အဆိုးရွားဆုံး ခံခဲ့ရပြီး မန္တလေး၊ မကွေးနဲ့ ရခိုင်ဒေသတို့မှာလည်း ပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။ ဒီလို ဝေဟင်ကနေ နေ့တိုင်းလိုလို ကျရောက်နေတဲ့ ဘေးအန္တရာယ်တွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပြည်သူလူထုဟာလည်း အခုဆိုရင် တစ်သန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ ငြင်းကွယ်လို့ လုံးဝမရတဲ့ “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ” ပဲ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အုပ်စုဆီ စီးဆင်းနေတဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို ချက်ချင်းပိတ်ဆို့ဖြတ်တောက်ပြီး မြန်မာပြည်သူတွေဘက်ကနေ အမြန်ဆုံးနဲ့ အထိရောက်ဆုံး ရပ်တည်ပေးကြဖို့ လေးနက်စွာ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်။ #humanrights #Myanmar #WhenSkyEnablesAtrocities #EndImpunity #CrimesofJunta #warcrimes #CrimesAgainstHumanity #Mohr#NUG #ReportLaunch
437
10
بدون متن...
274
11
"ရုန်းကန်မှုသမိုင်းမှသည် နွေဦးတော်လှန်ရေး သက်တံဆီသို့" "Pride" ဆိုတာ... မတရားမှုကို ဆန့်ကျင်ပြီး လူသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်တဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ ဒီနွေဦးတော်လှန်ရေးမှာ... LGBTIQ+ ရဲဘော်တွေဟာ အခွင့်ထူးခံချင်လို့ မဟုတ်ဘဲ ပြည်သူနဲ့အတူ ရှေ့တန်းမြေပြင်တွေမှာ အသက်ကိုဖက်နဲ့ထုတ်ပြီး ပေးဆပ်နေကြတာဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတဲ့ သက်တံရောင်အာဇာနည်တွေရဲ့ သွေးဟာလည်း တခြားသူတွေနည်းတူ နီမြန်းခဲ့ပါတယ်။ သပိတ်စစ်ကြောင်းတွေရဲ့ ရှေ့တန်းကနေ တောတောင်တွေအထိ၊ နွေဦးတော်လှန်ရေးရဲ့ တိုက်ပွဲဝင် ဝတ်စုံအလွှာအသီးသီးအောက်မှာ သက်တံနှလုံးသားတွေနဲ့ အသက်၊ သွေး၊ ချွေး ပေးဆပ်နေကြတဲ့ LGBTIQ+ ရဲဘော်များအားလုံးကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန က လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုပါတယ်။ ဒီနွေဦးတော်လှန်ရေး ခရီးကြမ်းဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးတင်မကဘဲ... ခွဲခြားဆက်ဆံခြင်းမရှိတဲ့ "လူသားအားလုံး ညီမျှမယ့် အနာဂတ်" အတွက်လည်း ဖြစ်ပါတယ်။ သက်တံရောင်ရဲဘော်များနှင့်အတူ နွေဦးအောင်ပွဲဆီသို့ ဆက်လက်ချီတက်ကြပါစို့။ #ShareWithPride #PrideMonth2026 #Fromstonewalltospringrevolution #lgbtiqinclusivity #springrevolutioninmyanmar #humanrightsforall #MoHR #NUG
320
12
بدون متن...
277
13
"အေးချမ်းတဲ့ ကောင်းကင်ပြာကြီးဟာ သေမင်းတမန် အရိပ်မည်းကြီး ဖြစ်ခဲ့ရပါပြီ" သင့်အတွက် "ကောင်းကင်ကြီး" ဆိုတာ ဘာလဲ? လွတ်လပ်မှုလား၊ အေးချမ်းမှုလား... ဒါမှမဟုတ် မနက်ဖြန်တွေအတွက် မျှော်လင့်ချက်လား။ မြန်မာနိုင်ငံမှာတော့ ၂၀၂၁ ခုနှစ်ကစလို့ ပြည်သူပေါင်းများစွာအတွက် "ကောင်းကင်ကြီး" ဟာ လုံခြုံရာမဟုတ်တော့ဘဲ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်တဲ့ ဂျက်ဖိုက်တာသံတွေ၊ ဗုံးဆံတွေနဲ့အတူ သေဆုံးခြင်းနဲ့ ဖျက်ဆီးခြင်းတွေကို သယ်ဆောင်လာတဲ့ သေမင်းတမန်အရိပ်ကြီး ဖြစ်လာခဲ့ရပါပြီ။ နေအိမ်တွေတင်မကဘဲ စာသင်ခန်းထဲက ကလေးငယ်တွေ၊ ဆေးရုံကလူနာတွေနဲ့ စစ်ရှောင်တွေခိုလှုံရာ ဘုန်းကြီးကျောင်းတွေကိုပါ ကောင်းကင်ယံကနေ စနစ်တကျ ဗုံးကြဲချေမှုန်းပြီး လူထုရဲ့ တည်ရှိမှုကိုပါ အမြစ်ဖြတ်ဖို့ သူတို့ ကြိုးစားနေကြပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၆ မေလအထိ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မှတ်တမ်းတင်ထားတဲ့ အချက်အလက်တွေအရ- လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၅,၅၀၀ ကျော် (စစ်ဆင်ရေးအကြိမ်ရေ ၁၂,၀၀၀ ကျော်) ရှိနေပြီး ဒီကျူးလွန်မှုတွေကြောင့် ကလေးငယ် ၇၆၀ အပါအဝင် အပြစ်မဲ့ပြည်သူ ၅,၇၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရပြီးပါပြီ။ ဒါ့အပြင် စာသင်ကျောင်း ၅၀၂ ကျောင်း၊ ဆေးရုံ ၁၇၀ နဲ့ ဘာသာရေးအဆောက်အအုံ ၇၅၂ လုံးဟာလည်း ပြာပုံဘဝ ရောက်ခဲ့ရပါတယ်။ ဒါဟာ သာမန်စစ်ဆင်ရေးမဟုတ်ဘဲ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သေကျေပျက်စီးစေပြီး စုပေါင်းအပြစ်ပေးဖို့ လေကြောင်းအင်အားကို လက်နက်သဖွယ် စနစ်တကျ အသုံးချနေတဲ့ "Crimes Against Humanity" ရာဇဝတ်မှုတွေပဲ ဖြစ်ပါတယ်။ ဒီကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ၊ သက်သေတွေကို "WHEN THE SKY ENABLES ATROCITIES: Junta Aerial Campaign Against Civilians and Crimes Against Humanity in Myanmar" အစီရင်ခံစာနဲ့အတူ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်တင်ပြသွားပါတော့မယ်။ အဆိုပါ အစီရင်ခံစာ (report) ကို ၆.၆.၂၀၂၆ ရက်နေ့တွင် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။ #humanrights#whentheskyenablesatrocities #JuntaAerialCampaign #civilians#CrimesAgainstHumanity#Myanmar#Airstrikes#WarCrimesOfJunta#EndImpunity#NUGMyanmar#MoHR #NUG
278
14
بدون متن...
151
15
နှစ်စဉ် ဇွန်လ ရောက်တိုင်း ကမ္ဘာတဝန်းမှာ လိင်စိတ်ခံယူမှုကွဲပြားသူများ (LGBTIQ+) ရဲ့ ဖြစ်တည်မှုကို ဂုဏ်ပြုတဲ့ ဂုဏ်ယူချီးမွမ်းဖွယ်လ (Pride Month) ကို ကျင်းပကြပါတယ်။ ဒီလှုပ်ရှားမှုဟာ ၁၉၆၉ ခုနှစ်က အမေရိကန်နိုင်ငံ၊ Stonewall အရေးအခင်းရဲ့ ဖိနှိပ်မှုကို တွန်းလှန်ခဲ့တဲ့ သမိုင်းဝင်စိတ်ဓာတ်ကနေ မြစ်ဖျားခံခဲ့တာဖြစ်ပြီး ယနေ့ထက်တိုင် ခွဲခြားနှိမ့်ချမှုတွေ ကင်းဝေးဖို့ နဲ့ တန်းတူညီမျှတဲ့ လူ့အခွင့်အရေး ရရှိဖို့အတွက် ကမ္ဘာတဝန်းမှာ ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံရဲ့ သမိုင်းအလှည့်အပြောင်းမှာတော့... စတုန်းဝေါလ် (Stonewall) ရဲ့ မတရားမှုကို ဆန့်ကျင်တဲ့ စိတ်ဓာတ်ဟာ "မြန်မာ့နွေဦးတော်လှန်ရေး" မှာ ပိုမိုရဲရဲတောက် လင်းလက်လို့နေပါတယ်။ မြန်မာပြည်တွင်းက LGBTIQ+ လူထုဟာ မိမိတို့ရဲ့ တန်းတူညီမျှခွင့်အတွက် တောင်းဆိုနေရုံတင်မကဘဲ တိုင်းပြည်တဝန်းလုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့အတွက် နွေဦးတော်လှန်ရေး စတင်ချိန်ကတည်းက ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ပါဝင်ဆင်နွှဲနေကြပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ တော်လှန်ပြည်သူတွေကို ရက်စက်စွာ နှိပ်စက်ဖြိုခွင်းရာမှာ မတူကွဲပြားတဲ့ လိင်စိတ်ခံယူချက်ရှိသူ (LGBTIQ+) တွေအပေါ် ပစ်မှတ်ထားပြီး ပိုမိုလူမဆန်တဲ့၊ ပြင်းထန်တဲ့ လိင်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျင့်သုံးပြီး အကြမ်းဖက်လျက်ရှိနေဆဲဖြစ်ပါတယ်။ ဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေကို ကြုံတွေ့နေရပေမယ့်လည်း "သက်တံရောင် နွေဦးသူရဲကောင်းများ" ကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် ကျရာကဏ္ဍပေါင်းစုံကနေ ရဲရင့်ပြတ်သားစွာနဲ့ ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနဲ့ တော်လှန်ရေးလမ်းခရီးမှာ မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့ကြတဲ့ "သက်တံရောင် နွေဦးအာဇာနည်များ" ကို လေးနက်စွာ ဦးညွှတ်ဂုဏ်ပြုပါတယ်။တော်လှန်ရေးကဏ္ဍအသီးသီးမှာ သက်စွန့်ဆံဖျား ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ "သက်တံရောင် ရဲဘော်များ" အားလုံးကို လေးစားစွာ အလေးပြုပါတယ်။ မိမိတို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ မြန်မာပြည်သူလူထုတရပ်လုံးနဲ့ အတူတကွ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်မှာ... လိင်စိတ်ခံယူမှုကြောင့် ခွဲခြားဆက်ဆံခံရတာမျိုး လုံးဝမရှိစေဘဲ လူတိုင်း တန်းတူညီမျှ ဂုဏ်သိက္ခာရှိရှိ ရှင်သန်နိုင်မယ့် အနာဂတ်ကို ဖန်တီးပေးဖို့ ခိုင်မာစွာ ကတိပြုရင်း... ဒီနှစ်ရဲ့ "Pride Month" ကို လေးနက်စွာ ကြိုဆိုအပ်ပါတယ်။ "ဂုဏ်သိက္ခာရှိသည့် ရှင်သန်ခြင်းနှင့်အတူ... နွေဦးတော်လှန်ရေး မုချအောင်ရမည်။" #ShareWithPride #PrideMonth2026 #lgbtiqinclusivity #springrevolutioninmyanmar #humanrightsforall #MoHR #NUG
202
16
بدون متن...
358
17
အိဒုလ်အဒ်ဟာ (EID-AL-ADHA) ဆုတောင်းသဝဏ်လွှာ ============= ယနေ့တွင် ကျရောက်သော အိဒုလ်အဒ်ဟာ (Eid-al-Adha) နေ့ထူး နေ့မြတ်တွင် မြန်မာနိုင်ငံ နှင့် ကမ္ဘာတဝန်းရှိ အစ္စလာမ်ဘာသာဝင် ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာအပေါင်း နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကိုးကွယ်ယုံကြည်မှု လွတ်လပ်ခွင့် နှင့် လူသားအားလုံး၏ ဂုဏ်သိက္ခာကို အပြည့်အဝ အာမခံချက်ပေးနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာစေရန် ဖြောင့်မတ်စွာ အစဉ်တစိုက် ရပ်တည်ဆောင်ရွက်လျက်ရှိပါသည်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် တရားမျှတမှုအတွက် ရှေ့တန်းမှ ရဲရဲဝံ့ဝံ့ ပါဝင်ဆင်နွှဲ၊ စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် အစ္စလာမ်ဘာသာဝင်သူရဲကောင်းများ နှင့် မိဘပြည်သူအားလုံးကို အထူးပင် လေးစားဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။ ယခု Eid-al-Adha နေ့ထူးနေ့မြတ်မှစ၍ ဖိနှိပ်မှုမှန်သမျှ ချုပ်ငြိမ်းပြီး လူ့အခွင့်အရေး နှင့် တန်းတူညီမျှမှုကို အပြည့်အဝခံစားရကာ နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ အမြန်ဆုံး ရောက်ရှိနိုင်ပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ “ လူ့အခွင့်အရေးနှင့် တရားမျှတမှု အစဉ်ထွန်းကားပါစေ ” လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အမျိုးသားညီညွတ်ရေးအစိုးရ #Eid_al_Adha #2026 #MoHR #HumanRights #NUGMyanmar
306
18
+3
بدون متن...
421
19
အကြမ်းဖက်စစ်အုပ်စုကို အရေးယူနိုင်မယ့် ခိုင်မာတဲ့ သက်သေများအတွက် မြေပြင်လူ့အခွင့်အရေးရာတာဝန်ခံများကို Advanced Human Rights Documentation နည်းပညာရပ်များ ပို့ချ ============== လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ မြေပြင်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုမိုနက်နက်ရှိုင်းရှိုင်းနဲ့ ထိထိရောက်ရောက် မှတ်တမ်းတင်နိုင်ဖို့ ရည်ရွယ်ပြီး 'အဆင့်မြင့် လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းတင်ခြင်းဆိုင်ရာ သင်တန်း (Advanced HR Documentation Training)' ကို ၂၀၂၆ ခုနှစ်၊ မေလ ဒုတိယအပတ်အတွင်း ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီသင်တန်းမှာ ကျောက်ဆည်၊ မတ္တရာ၊ ပခုက္ကူနဲ့ တောင်ငူ အပါအဝင် မြို့နယ်ပေါင်း ၁၄ မြို့နယ်က အခြေခံ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတင်ခြင်းဆိုင်ရာ သင်တန်းတက်ရောက်ပြီးတဲ့ လူ့အခွင့်အရေးရာတာဝန်ခံတွေ တက်ရောက်ခဲ့ကြပြီး ၃ ရက်တာ ကာလအတွင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု၊ အုပ်စုဖွဲ့မုဒိန်းကျင့်မှု၊ စစ်ကြောရေးမှာ ဥပဒေမဲ့သတ်ဖြတ်မှု စတဲ့ အကြမ်းဖက်စစ်အုပ်စု ရဲ့ ဆိုးရွားတဲ့ ချိုးဖောက်မှုဖြစ်စဉ်တွေကို အခြေခံပြီး လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide)၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against Humanity) နဲ့ စစ်ရာဇဝတ်မှု (War Crimes) စတဲ့ နိုင်ငံတကာ ရာဇဝတ်မှုခွဲခြားခြင်းဆိုင်ရာ နည်းပညာရပ်တွေကို အလေးပေး ပို့ချခဲ့ပါတယ်။ သင်တန်းအဖွင့်မှာတော့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး၊ဦးအောင်ကျော်မိုးက အမှာစကားပြောကြားရာမှာ "မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေကို စနစ်တကျ မှတ်တမ်းတင်ထားဖို့ဟာ အလွန်အရေးကြီးသလို၊ ဒီမှတ်တမ်းတွေဟာ အနာဂတ် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေး (Transitional Justice) မှာ မရှိမဖြစ် အရေးပါတဲ့ သမိုင်းသက်သေတွေ ဖြစ်လာမှာပါ။ ဒါ့အပြင် မြေပြင်မှာ စွန့်စွန့်စားစား လုပ်ဆောင်နေကြတဲ့ လူ့အခွင့်အရေးရာ တာဝန်ခံတွေရဲ့ ဘေးကင်းလုံခြုံရေးဟာလည်း ဝန်ကြီးဌာနအတွက် အမြဲတမ်း အဓိကဦးစားပေး ဖြစ်ပါတယ်" လို့ အလေးအနက် ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါကြောင့်လည်း သင်တန်းအတွင်းမှာ နိုင်ငံတကာ တရားစီရင်ရေး ယန္တရား (ICC) က ဖြစ်စဉ်တွေကို သင်ခန်းစာယူပြီး ခိုင်မာတဲ့ မှတ်တမ်းမှတ်ရာတွေရဲ့ အရေးကြီးပုံကို နှီးနှောဖလှယ်ခဲ့ကြသလို မှတ်တမ်းကောက်ယူရာမှာ အရေးကြီးတဲ့ ဘ (၆) လုံး (6 Ws) ဖြစ်တဲ့ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်အချိန်၊ ဘယ်နေရာ စတာတွေကို အခြေခံပြီး စနစ်တကျ မေးမြန်းနည်း၊ အထူးသဖြင့် လုံခြုံရေးအရ ကိုယ်ပိုင်စကားဝှက်တွေ၊ သင်္ကေတတွေ သုံးပြီး လျှို့ဝှက်မှတ်တမ်းတင်နည်းတွေကို လက်တွေ့လေ့ကျင့်ခဲ့ကြပါတယ်။ သင်တန်းသားတွေဘက်ကလည်း “အရင်က စစ်အုပ်စုရဲ့ ကျူးလွန်မှုတွေကို ၈၀ ရာခိုင်နှုန်းလောက်အထိ မှတ်တမ်းတင်နိုင်ခဲ့ပေမဲ့ လုံခြုံရေးအန္တရာယ်ကြောင့် စစ်ကြောရေး သေဆုံးမှုတွေနဲ့ တချို့သော ဖြစ်စဉ်တွေကို လက်လွှတ်ခဲ့ရတာတွေ ရှိခဲ့တယ်။ ဒါပေမဲ့ အခုသင်တန်းကနေ သက်သေအထောက်အထားနဲ့ တရားရုံးမှတ်တမ်းတွေ၊ ဆေးဘက်ဆိုင်ရာ ထွက်ဆိုချက်တွေကို ဘယ်လိုခိုင်ခိုင်မာမာ စုဆောင်းရမလဲဆိုတဲ့ ထပ်တိုး အသိပညာတွေ ရရှိလိုက်တဲ့အတွက် ကျူးလွန်သူတွေကို အနာဂတ်မှာ အပြစ်ပေး အရေးယူနိုင်ဖို့ ပိုမိုတိကျတဲ့ Database တခုကို စနစ်တကျပိုမို စုစည်းနိုင်တော့မှာပါ” လို့ ထူးခြားတဲ့ မှတ်ချက်တွေ ပြန်လည်မျှဝေပေးခဲ့ပါတယ်။ သင်တန်းအပိတ်မှာတော့ မြေပြင်မှာ မိမိတို့ရဲ့ ဘေးကင်းလုံခြုံရေးကို အထူးသတိပြုရင်း၊ ရရှိသွားတဲ့ အဆင့်မြင့် မှတ်တမ်းတင်ခြင်း အတတ်ပညာတွေကို အသုံးချပြီး တရားမျှတမှု ဖော်ဆောင်ရေးအတွက် အားလုံးပူးပေါင်း လုပ်ဆောင်သွားကြဖို့ တိုက်တွန်းပြောကြားရင်း သင်တန်းကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။ #HRfocalOfficers #advanced #documentation #Mohr #humanrights#NUG #Myanmar
303
20
بدون متن...
295