cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

🄻🄴🄰🅁🄽 & 🄶🅁🄾🅆

Ch Date - 12.10.2023 Korean , Japanese , Thai , English Languages တွေကို basic ကနေ Level တစ်ခုအထိ သေချာလေးလေ့လာနိုင်အောင် ဘာသာစကားတစ်ခုချင်းစီကို ရက်သတ်မှတ်ပြီး တင်ပေးမဲ့ချန်နယ်လေးဖြစ်ပါတယ်။ 📚

نمایش بیشتر
پست‌های تبلیغاتی
1 198
مشترکین
+524 ساعت
+1037 روز
+23530 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

//ဒီနေ့ subscribers 1.2kပြည့်နိုင်မလား Learners လေးတို့ရေ 😁🫶 //မင်မင့် ကို 1.2k ရ‌ဖို့ရာ ကူညီပေးနိုင်ကြမလားရှင့်♥ #Grâce
نمایش همه...
17
Application for Self-studying English ❞ ဒီတစ်ခါမင်မင်က Learners လေးတို့အတွက် Application for Self-studying Korean ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူပြန်လာခဲ့ပါတယ်~~ အခုမှကိုရီးယားစာကို ထိတွေ့မယ့် Beginners တွေအတွက်ရော လေ့လာဆဲ Lvl တစ်ခုအထိရောက်ရှိနေသူတွေအတွက်ပါအဆင်ပြေစေမယ့် application လေးတွေကိုမျှဝေပေးချင်ပါတယ်။ App Linkလေးတွေကိုပ တစ်ခါတည်းတွဲပေးထားတာမို့ Link ကို Click လုပ်ပြီး Installလိုက်ရုံပါပဲရှင်....(⁠^⁠^⁠) 🌻🌼💐🌞
말해보카 - 영단어 필수앱 https://play.google.com/store/apps/details?id=kr.epopsoft.word
ဒီApp လေးကဆိုရင် Koreaစာလေ့လာချင်သူတွေ အပြင် English စာလေ့လာချင်သူတွေအတွက်ပါ ၂မျိုးလုံးတစ်ခါတည်း လေ့လာချင်သူတွေအတွက်ကို တကယ်အသုံးဝင် အဆင်ပြေစေမယ့် App လေးတစ်ခုဖြစ်ပါတယ်ရှင်။ ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
Topik Exam https://play.google.com/store/apps/details?id=hienvinh.topik
Topik စာမေးပွဲအတွက် လေ့ကျင့်ချင်တဲ့သူတွေအတွက် မေးခွန်းဟောင်းလေးတွေလေ့လာဖို့အတွက် ဒီAppလေးက အတကယ်ကိုအသုံးဝင်ပါတယ်၊ Topik 1,2 နှစ်ခုလုံးအကုန်ရှိပါတယ်နော်။ ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
NAVER DICTIONARY 네이버 사전 https://play.google.com/store/apps/details?id=com.nhn.android.naverdic
ဒီ Dictionaryလေးမှာတော့ ကိုယ်သိချင်တဲ့စာလုံးကိုရိုက်ရှာလိုက်တာနဲ့ Example sentencesလေးတွေနဲ့တကွ လေ့လာလို့ရမယ့် အဘိဓာန်လေးပဲဖြစ်ပါတယ်။ တခြား"သော အဘိဓာန်တွေလည်း ရှိပေမယ့် မင်မင်ကတော့ ဒီDictionary လေးကိုပဲသုံးလို့အဆင်ပြေတာမို့ ဒါလေးကိုပဲညွှန်းပေးလိုက်ပါတယ်ရှင့်။ ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
네이버 웹 툰 WEBTOON KR https://play.google.com/store/apps/details?id=com.nhn.android.webtoon
နောက်ဆုံးတစ်ခုအနေနဲ့ မင်မင် Recommend ပေးချင်တဲ့ Application လေးကတော့ ကိုရီးယားစာလေ့လာနေတဲ့ ကျောင်းသား/သူတွေအတွက် ကိုရီးယားလူမျိုးတွေရဲ့ မိတ်ဆက်ပုံ၊ စကားပြောတွေ၊ ယဉ်ကျေးမှု စတာတွေကို သိရှိနိုင်ဖို့ ကာတွန်းလေးတွေဖတ်ရင်း လေ့လာသင်ယူလို့ရမယ့် WEBTOON Appလေးတစ်ခုပဲဖြစ်ပါတယ်။ မင်မင်တို့တွေ ဘာသာစကားတစ်ခုကိုလေ့လာတော့မယ်ဆိုရင် စာအုပ်တွေဖတ်ခိုင်းကြတယ်မဟုတ်လား၊ သတင်းစာတွေ, ဆောင်းပါးတွေ, စကားပြောစာအုပ်ကြီးတွေလိုက်လေ့လာရင် ပျင်းစရာကောင်းတယ်လို့ခံစားရသူတွေအတွက် အခုလို ကာတွန်းလေးတွေဖတ်ကြည့်ပါလို့အကြံပြုချင်ပါတယ်ရှင့်။ #Grâce #Korean_Learning #Korean_Learning_Applications #Self_Study #Own_Ideas
نمایش همه...
10
ဒီနေ့ တစ်နေကုန် လိုင်းမရဘူးရယ် 😭 အာ့ကြောင့် မနက်မှလာတင်မယ်နော် စောင့်မျှော်နေကြတဲ့ ယောရောဘွန်းတို့ မီနစံလေးတို့ကို အားနာပါတယ်ရှင်😞🙏 ごめんなさい T-T #Grâce
نمایش همه...
😢 7 3🥰 2
Photo unavailableShow in Telegram
皆さん、おはようございます。 よいいちにちをすごしください....
ဒီနေ့မှာတော့ မင်မင်က Japanese Vocabulary လေးတွေရယ် Applications for self-studying Korean ဆိုတဲ့ခေါင်းစဉ်လေးနဲ့လည်း Postတင်ဖို့ရှိပါတယ်ရှင့်။ စောင့်မျှော်ပေးကြပါအုံးနော်💋
 #Grâce
نمایش همه...
12🍓 3🥰 1
Application for Self-studying English ❞ ဒီတစ်ခါမင်မင်က Learners လေးတို့အတွက် Application for Self-studying English ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူပြန်လာခဲ့ပါတယ်~~ Beginners တွေအတွက်ရော လေ့လာဆဲ Lvl တစ်ခုအထိရောက်ရှိနေသူတွေအတွက်ပါအဆင်ပြေစေမယ့် application လေးတွေကိုမျှဝေပေးချင်ပါတယ်။ App Linkလေးတွေကိုပ တစ်ခါတည်းတွဲပေးထားတာမို့ Link ကို Click လုပ်ပြီး Installလိုက်ရုံပါပဲရှင်....>•<
British Council English Score https://play.google.com/store/apps/details?id=com.englishscore
 အရင် တစ်ခါ How to improve your English Skills ဆိုတဲ့ Postလေးမှာလည်း Recommend လုပ်ထားဖူးတဲ့ British Council English Score app လေးကိုတော့အထူးတလည် မိတ်ဆက်မနေတော့ဘူးပေါ့နော်။ ဒီ Appလေးရဲ့ Main type ကတော့ English 4 skillsအကုန် Practiceလုပ်လို့ရမယ့်အပြင် ကိုယ့်ရဲ့English level ကိုပါ စစ်ဆေးကြည့်နိုင်မယ့် Application မျိုးပဲဖြစ်ပါတယ်ရှင့်။
Johnny Grammar's Word Challenge https://play.google.com/store/apps/details?id=com.ubl.spellmaster
ဒီ appလေးမှာဘာလုပ်လို့ရမလဲဆိုရင် မင်မင်တို့ Vocabulary လေးတွေကို Game ဆော့ပြီး Quizzes တွေဉာဏ်စမ်းဖြေရင်း လေ့လာလို့ရမယ်။ Learners လေးတို့အနေနဲ့ Vocabulary တွေကြွယ်ဝချင်တယ် Quizzes Gameတွေဆော့ရတာကြိုက်တယ်ဆိုရင် ဒီJohnny Grammar's Word Challenge application လေးကို Download ထားဖို့ အကြုံပြုပါတယ်နော်။ ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
Doulingo https://play.google.com/store/apps/details?id=com.duolingo
Doulingo ကတော့ လူသုံးများတဲ့ English Learning App လေးတစ်ခုဆိုလည်းမမှားပါဘူး။ Free သုံးစွဲလို့ရတဲ့အပြင် Beginners တွေအတွက် အဆင်ပြေပြေလေ့လာလို့ရမယ့် Exercise & Lesson တွေပါဝင်ပြီး ကိုယ်Practiceလုပ်ချင်တဲ့ Topic ကိုရွေးပြီးလေ့ကျင့်မယ်ဆိုရင် pointsလေးတွေလည်းရနိုင်ပါတယ်ရှင်။ ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
IAbidan https://play.google.com/store/apps/details?id=com.iAbidan MyOrdbok - https://play.google.com/store/apps/details?id=com.myordbok.app
 ဒါလေးကကျတော့ English စာလုံးလေးတွေရဲ့ မြန်မာလို အဓိပ္ပာယ်ကိုရှာမယ်ဆိုရင် သုံးလို့ကောင်းတဲ့ English to Myanmar Dictionary တစ်ခုပေါ့နော်။ မင်မင်တို့ တစ်ချို့ E to M Dictionary တွေမှာဆိုရင် ကိုယ်ရှာတဲ့ စာလုံးရဲ့အဓိပ္ပာယ်ကို ရှာမရတာ မတွေ့တာတွေများတယ်၊ ဒါပေမယ့် ဒီIAbidan ဆိုတဲ့ App လေးမှာ ဆိုရင် ‌ကိုယ်ရှာတဲ့ စကားလုံးရဲ့မြန်မာလို အဓိပ္ပာယ်တွေကို တော်တော်များများ ရှာလို့ရနိုင်တာကိုတွေ့ရပါတယ်ရှင်။ ဒီappလေးလိုဘဲ ကိုယ်ရှာချင်တဲ့စာလုံးတော်တော်များများကို ရှာလို့ရတဲ့ နောက်ထပ်English to Myanmar Dictionary လေးတစ်ခုကတော့ MyOrdbok app လေးပဲဖြစ်ပါတယ် သူ့ရဲ့ app linkလေးကိုပါထည့်ပေးထားပါတယ်ရှင့်။ ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
Cambridge Dictionary https://dictionary.cambridge.org/dictionary/english/silly
English to Myanmar Dictionary ကိုမသုံးချင်ရင်တော့ Cambridge Dictionary ကိုသုံးကြည့်ပါ။ Cambridge Dictionary ကတော့ ကိုယ်ရှာတဲ့ စကားလုံးရဲ့ မတူညီတဲ့ အသုံးအနှုန်းတွေ နဲ့ Example sentences လေးတွေကို English လိုသီးသန့်ပြထားတာဖြစ်လို့ English Tr. တွေအများစုကတော့ English to English Dictionary ကို သုံးဖို့ ပြောကြတာများတာကြောင့် Cambridge Dictionary ကအသင့်တော်ဆုံးပါပဲရှင်။ [Website လေးပဲထည့်ပေးထားတယ်နော် မင်မင်လည်းWebsiteပဲသိတာမလို့ပါ] ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
Busuu https://play.google.com/store/apps/details?id=com.busuu.android.enc
 ဒီAppလေးကဆိုရင် beginner lvl ကစပြီး advanced lvl ထိကို အသုံးပြုလို့ရပြီး Self-study လုပ်နေတဲ့သူလေးတွေအတွက်ဆိုရင် လွယ်လွယ်ကူကူနဲ့အသုံးဝင်မယ့် Appလေးတစ်ခုပါနော်။ native speaker တွေနဲ့လည်း Connect လုပ်ပြီး လေ့ကျင့်လို့ရနိုင်တာဖြစ်လို့ ကိုယ်က မကြောက်မရွံ့ပဲ လေ့လာသင်ယူကြည့်ပါ။ စာတွေ့ရော လက်တွေ့ပါ ပြန်လည်အသုံးချနိုင်တဲ့ Perfect App for Self-study Learners လေးဖြစ်ကြောင်း မင်မင်ကနေ Recommend ပေးလိုက်ပါတယ်ရှင့်။ ﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏
ELSA Speak https://play.google.com/store/apps/details?id=us.nobarriers.elsa
ELSA Speak ကိုတော့အခုတလောလူသိများကြတာတွေ့ရပါတယ်။ App‌လေး ကတော့ English speaking တိုးတက်ချင်သူတွေ ‌ပြောမထွက်ရဲတဲ့သူတွေ အတွက် လေ့ကျင့်လို့ကောင်းတဲ့ appဖြစ်ပါတယ်။ ဒါကြောင့် English speaking တိုးတက်ချင်သူတွေအတွက် ဒီApp လေးကတော့ Highly recommend ပါရှင်။ #Grâce #English_Learning #English_Learning_Applications #Self_Study #Own_Ideas
نمایش همه...
19
여러분, 안녕하세요!!👋 어제는 제가 영어 합성어를 올렸고, 오늘은 한국어 합성어를 올려보겠습니다...🗣 네, 그래서 지금 시작하겠습니다! ^^
﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏ 𓄹종 ခေါင်းလောင်း 𓄹소리 အသံ 𓄹종소리 ခေါင်းလောင်းသံ 𓄹앞 အရှေ့ 𓄹문 တံခါး 𓄹앞문 အရှေ့တံခါး (front door) 𓄹앞 အရှေ့ 𓄹치마 စကပ် 𓄹앞치마 apron 𓄹손 လက် 𓄹수건 ပုဝါ 𓄹손수건 လက်ကိုင်ပုဝါ 𓄹손 လက် 𓄹전등 ဓာတ်မီး 𓄹손전등 လက်နှိပ်ဓာတ်မီး 𓄹손 လက် 𓄹바닥 ကြမ်းပြင် 𓄹손바닥 လက်ဖဝါး 𓄹옷 အဝတ်အစား 𓄹핀 Pin 𓄹옷핀 safety pin 𓄹옷 အဝတ်အစား 𓄹장 cabinet 𓄹옷장 အဝတ်ဗီရို 𓄹목 လည်ပင်း 𓄹걸이 ချိတ် (rack) 𓄹목걸이 လည်ဆွဲ 𓄹꽃 ပန်း 𓄹바구니 ခြင်းတောင်း 𓄹꽃바구니 ပန်းခြင်း 𓄹꽃 ပန်း 𓄹집 အိမ် 𓄹꽃집 ပန်းဆိုင် 𓄹새 ငှက် 𓄹소리 အသံ 𓄹새소리 ငှက်သံ 𓄹눈 မျက်လုံး 𓄹물 ရေ 𓄹눈물 မျက်ရည် 𓄹찬 အေးသော 𓄹물 ရေ 𓄹찬물 ရေအေး 𓄹맏 အကြီးဆုံး 𓄹아들 သား 𓄹맏아들 အကြီးဆုံးသား 𓄹맏 အကြီးဆုံး 𓄹딸 သမီး 𓄹맏딸 အကြီးဆုံးသမီး #Grâce #Korean_Learning #Korean_Vocabulary #Compound_Words
نمایش همه...
12👍 1🍓 1
Photo unavailableShow in Telegram
여러분, 좋은 아침이에요...😽 သာယာအေးချမ်းတဲ့ နံနက်ခင်းလေးဖြစ်ကြပါစေရှင့်။🫶 ဒီနေ့မှာတော့ မင်မင်က Korean Vocabulary လေးတွေအပြင် Applications for self-studying English ‌ကိုလည်း တင်ပေးမှာဖြစ်တာမို့ စောင့်မျှော်ပေးကြပါအုံးနော်။🙌
#Grâce
نمایش همه...
19🍓 4👍 1
Hello pr Graceရဲ့ Learners လေးတို့ရေ ဒီကနေ့မှာတော့ မင်မင်က......... ကိုယ်သိပြီးသား စကားလုံးလေးတွေကိုပေါင်းကြည့်လိုက်ရုံနဲ့ စာလုံးအသစ်တွေကို ကျက်စရာမလိုဘဲ ရသွားစေမယ့်.......English Compound Words လေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင့်❤️ မိမိသိပြီးသားစာလုံးတွေကို ပေါင်းစပ်လိုက်တာနဲ့ စာလုံးအသစ်တွေသိလာမှာဖြစ်တာကြောင့်~~~~လေ့လာရတာလည်း ပျော်ဖို့ကောင်းပါတယ်နော်🙆‍♀
🔖ဒါဆို အခုပဲ မင်မင်နဲ့အတူလေ့လာကြည့်ရအောင် ...... ⩩1) House = အိမ် Keeper = အထိန်း Housekeeper = အိမ်ဖော်/အိမ်စေ ⩩2) Washing= လျှော်ဖွပ်ခြင်း Machine = စက် Washing machine = အဝတ်လျှော်စက် ⩩3) Adult = အရွယ်ရောက်သောသူ Hood = ခေါင်းစွပ် Adulthood = လူကြီးဘဝ ⩩4) Partner = လုပ်ဖော်ကိုင်ဖက် Ship = သင်္ဘော Partnership =စီးပွားဖက် ⩩5) Green = အစိမ်းရောင် House = အိမ် Greenhouse = မှန်လုံအိမ် ⩩6) Fat = ဝသော head = ဦးခေါင်း Fat-head = ဉာဏ်တုံးသူ ⩩7) big = ကြီးသော head = ဦးခေါင်း big-head = ဘ၀င်မြင့်သူ ⩩8) Fire= မီး Wood= သစ်သား Firewood = မီးသွေး ⩩9) Price=တန်ဖိုး၊စျေးနှုန်း။ less = နည်းပါးသော။ Priceless =အဖိုးမဖြတ်နိုင်သော ⩩10) Ego = အတ္တ Centric= အလယ်ဗဟို Egocentric =ကိုယ်ကျိုးကြည့်သော ⩩11) Down= အောက်မှာ Stairs= လှေကား Downstairs= အောက်ထပ် ⩩12) ware = ထည် /....ထည် ပစ္စည်း house = အိမ် Warehouse= ကုန်လှောင်ရုံ/ ဂိုဒေါင် ⩩13) High = အမြင့် Way = လမ်း Highway = အဝေးပြေးလမ်းမကြီး ⩩14) back = နောက်ကျော room = အခန်း Backroom = လျှို့ဝှက်ဆွေးနွေးခန်း ⩩15) Hot = ပူသော Plate = ပန်းကန် Hot plate = လျှပ်စစ်မီးဖို #Grâce #English_Learning #Compound_Words #English_Vocabulary
نمایش همه...
25
ဗြဲးးးးမီးမလာဘူးး မနက်မှ မီးလာရင်လာတင်မယ်နော် မင်မင့်ကို စောင့်နေတဲ့ Learners လေးတို့ကိုလည်း အားနာပါတယ်ကွယ် မီးကတနေကုန်ပြတ်နေတာ ညနေကလာပြီး ၁နာရီမပြည့်ဘူး ပြန်ပြတ်သွားတယ်🤧 အားမရှိလို့ပါရှင် TT #Grâce
نمایش همه...
😢 11 3
Hello hello 🤟 မင်မင်ညကျရင် English vocabulary လေးတွေတင်ပေးပါမယ်ရှင်။ တစ်နေကုန် အလုပ်တစ်ဖက်နဲ့မအားလို့ Channel လေးထဲ လာမရန်းဖြစ်တာပါ Learners လေးတို့😭
(မျှော်နေတဲ့သူမရှိဘူးမလားTWT) #Grâce
نمایش همه...
19
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.