fa
Feedback
MHAAT θARR

MHAAT θARR

رفتن به کانال در Telegram

တိုးတိုးလေးငိုနေသူတွေရှိလို့ တိတ်တိတ်လေးပျော်ပေးပါ

نمایش بیشتر
1 803
مشترکین
اطلاعاتی وجود ندارد24 ساعت
-67 روز
-3730 روز

در حال بارگیری داده...

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئیه '26
ژوئیه '26
+2
در 0 کانال‌ها
ژوئن '26
+2
در 0 کانال‌ها
Get PRO
مه '26
+5
در 0 کانال‌ها
Get PRO
آوریل '26
+1
در 0 کانال‌ها
Get PRO
مارس '26
+12
در 0 کانال‌ها
Get PRO
فوریه '26
+8
در 1 کانال‌ها
Get PRO
ژانویه '26
+13
در 0 کانال‌ها
Get PRO
دسامبر '25
+8
در 0 کانال‌ها
Get PRO
نوامبر '25
+5
در 0 کانال‌ها
Get PRO
اکتبر '25
+9
در 0 کانال‌ها
Get PRO
سپتامبر '25
+13
در 0 کانال‌ها
Get PRO
اوت '25
+10
در 0 کانال‌ها
Get PRO
ژوئیه '25
+18
در 0 کانال‌ها
Get PRO
ژوئن '25
+12
در 0 کانال‌ها
Get PRO
مه '25
+20
در 0 کانال‌ها
Get PRO
آوریل '25
+11
در 0 کانال‌ها
Get PRO
مارس '25
+20
در 0 کانال‌ها
Get PRO
فوریه '25
+17
در 1 کانال‌ها
Get PRO
ژانویه '25
+38
در 0 کانال‌ها
Get PRO
دسامبر '24
+43
در 0 کانال‌ها
Get PRO
نوامبر '24
+16
در 1 کانال‌ها
Get PRO
اکتبر '24
+13
در 0 کانال‌ها
Get PRO
سپتامبر '24
+51
در 6 کانال‌ها
Get PRO
اوت '24
+40
در 6 کانال‌ها
Get PRO
ژوئیه '24
+85
در 5 کانال‌ها
Get PRO
ژوئن '24
+103
در 6 کانال‌ها
Get PRO
مه '24
+181
در 29 کانال‌ها
Get PRO
آوریل '24
+146
در 40 کانال‌ها
Get PRO
مارس '24
+173
در 40 کانال‌ها
Get PRO
فوریه '24
+119
در 29 کانال‌ها
Get PRO
ژانویه '24
+65
در 14 کانال‌ها
Get PRO
دسامبر '23
+94
در 3 کانال‌ها
Get PRO
نوامبر '23
+47
در 29 کانال‌ها
Get PRO
اکتبر '23
+202
در 38 کانال‌ها
Get PRO
سپتامبر '23
+103
در 0 کانال‌ها
Get PRO
اوت '23
+48
در 0 کانال‌ها
Get PRO
ژوئیه '23
+46
در 0 کانال‌ها
Get PRO
ژوئن '23
+63
در 0 کانال‌ها
Get PRO
مه '23
+210
در 0 کانال‌ها
Get PRO
آوریل '23
+319
در 0 کانال‌ها
Get PRO
مارس '23
+491
در 0 کانال‌ها
Get PRO
فوریه '23
+250
در 0 کانال‌ها
Get PRO
ژانویه '23
+614
در 0 کانال‌ها
Get PRO
دسامبر '22
+167
در 0 کانال‌ها
Get PRO
نوامبر '22
+182
در 0 کانال‌ها
Get PRO
اکتبر '22
+366
در 0 کانال‌ها
تاریخ
رشد مشترکین
اشارات
کانال‌ها
16 ژوئیه0
15 ژوئیه0
14 ژوئیه0
13 ژوئیه+1
12 ژوئیه0
11 ژوئیه0
10 ژوئیه0
09 ژوئیه0
08 ژوئیه0
07 ژوئیه0
06 ژوئیه0
05 ژوئیه0
04 ژوئیه0
03 ژوئیه0
02 ژوئیه+1
01 ژوئیه0
پست‌های کانال
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မွေးဖွားလာတဲ့ ကလေးငယ် ၅၀၀ ကနေ ၁၀၀၀ ကြားမှာ ခြေပွါးလက်ပွါးပါသူ တစ်ယောက်ရှိတတ်ပါတယ်။ ဒါပေမဲ့ အာဖရိကန်
တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ မွေးဖွားလာတဲ့ ကလေးငယ် ၅၀၀ ကနေ ၁၀၀၀ ကြားမှာ ခြေပွါးလက်ပွါးပါသူ တစ်ယောက်ရှိတတ်ပါတယ်။ ဒါပေမဲ့ အာဖရိကန်မျိုးနွယ်တွေမှာတော့ ၁၀၀ ကနေ ၃၀၀ ကြားမှာ တစ်ယောက်ပါတတ်ပါတယ်။
ခြေပွါးလက်ပွါးပါတဲ့ ပုံစံသုံးမျိုးရှိပါတယ်။ ပုံမှန်အားဖြင့် ခြေသန်းလက်သန်းဘေးနားမှာ ပွါးတတ်ပြီး ခြေမလက်မဘေးမှာလည်း ပွါးတတ်ပါတယ်။ ရှားရှားပါးပါး ခြေချောင်းလက်ချောင်းကြားထဲမှာလည်း ပွါးတတ်ပါသေးတယ်။ မျိုးရိုးဗီဇအရ မိဘတွေမှာ ခြေပွါးလက်ပွါးပါရင် သားသမီးမှာလည်း ပါလာနိုင်ခြေ ၅၀% ရှိတတ်ပါတယ်။
#Human @MHAATSARR

2
အဆင်မပြေမှုတွေကြားကသာ ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ဘဝဟာ ဒီထက်မက ပြောင်းလဲသွားမှာပါ။ ဒါပေမဲ့ လူအများစုကတော့ ဒီအမှန်တရားကို မျက်ကွယ်ပြုထားလေ့ ရှိပါတယ်။ #Life_lessons @MHAATSARR
265
3
ပြုန်းတီးသွားတဲ့ သစ်တောတွေနေရာ ကုန်းခေါင်ခေါင်မှာ သစ်တောပြန်စိုက်လို့ရသလား။ ရတယ်။ အမြန်ဆုံးသစ်တောပြန်ဖြစ်တဲ့ အပင်က တို့မြန်မာနိုင်ငံရဲ့ ဒေသရင်းသစ်ပင် တမာပဲ။ သူက မြေဆီလွှာပြုန်းတဲ့ မြေညံ့မှာ အလွယ်တကူပေါက်တယ်။ ၆ နှစ်အတွင်းမှာ ပေ ၃၀ အမြင့်ရောက်တယ်။ အကိုး။ ။ကျွန်မချစ်သောနိုင်ငံ-ဂျူး #Plant @MHAATSARR
257
4
"ချောကလက်စားရင် ကော်ဖီသောက်သလို လန်းဆန်းနိုင်သလား?" ချောကလက်မှာ ကဖင်း (Caffeine) ပါဝင်တာ မှန်ပေမဲ့ အဲ့ဒီပမာဏက ချောကလက်ရဲ့ ကို
"ချောကလက်စားရင် ကော်ဖီသောက်သလို လန်းဆန်းနိုင်သလား?" ချောကလက်မှာ ကဖင်း (Caffeine) ပါဝင်တာ မှန်ပေမဲ့ အဲ့ဒီပမာဏက ချောကလက်ရဲ့ ကိုးကိုး (Cocoa) ပါဝင်မှုအပေါ်မှာ မူတည်ပါတယ်။ ကိုးကိုးမှုန့် ပါဝင်မှုများတဲ့ Dark Chocolate တွေမှာ ကဖင်းဓာတ် ပိုများပြီး ကိုးကိုးထောပတ်နဲ့ပဲ လုပ်ထားတဲ့ White Chocolate မှာတော့ ကဖင်းလုံးဝ မပါဝင်ပါဘူး။ ထူးခြားတာက ချောကလက်စားလို့ စိတ်ကြည်လင်လန်းဆန်းတာဟာ ကဖင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ သူ့မှာ ကဖင်းရဲ့ မျိုးကွဲဓာတ်ပေါင်းဖြစ်တဲ့ သီအိုဘရိုမင်း (Theobromine) အဓိက ပါဝင်ပါတယ်။ သူက ကဖင်းလောက် အာနိသင် မပြင်းပေမဲ့ ခန္ဓာကိုယ်ထဲမှာ ပိုပြီး ကြာကြာခံတာကြောင့် စိတ်ကို တည်ငြိမ်ပြီး လန်းဆန်းနေစေတာ ဖြစ်ပါတယ်။ ဒါကြောင့် ချောကလက်ဟာ ကော်ဖီလို ချက်ချင်းကြီး တက်ကြွသွားစေတာမျိုးထက် စိတ်ကို ကြည်လင်လန်းဆန်းအောင် ပိုပြီး ကူညီပေးနိုင်ပါတယ်။ #Food @MHAATSARR
325
5
Fatty Liver (အသည်းအဆီဖုံးခြင်း) ကိုဘာတွေကဖြစ်စေသလဲ အသည်းအဆီဖုံးခြင်းဖြစ်ရသည့် အများဆုံးအကြောင်းရင်းမှာ အရက်သောက်ခြင်းကြောင့်ဟု ယုံကြည်ထားကြသည်။ ဖြစ်ရပ်အများအပြားတွင် အရက်မသောက်သူများ၌ အသည်းအဆီဖုံးခြင်း၏အကြောင်းရင်းကို ဆရာဝန်များ မသိရပါ။ အသည်းအဆီဖုံးခြင်းမှာ ခန္ဓါကိုယ်မှအဆီထုတ်လုပ်မှု များနေလျှင်သော်လည်းကောင်း အဆီများကို လုံလုံလောက်လောက် မချေဖျက်နိုင်လျှင်သော်လည်းကောင်း ဖြစ်လာတတ်၏။ ပိုလျှံနေသော အဆီများကို အသည်းဆဲလ်များတွင် သိုလှောင်ရာမှာ အသည်းအဆီဖုံးရခြင်းဖြစ်သည်။ အဆီများများစားခြင်းက အသည်းဆီဖုံးခြင်းနှင့် တိုက်ရိုက်တော့လည်း မသက်ဆိုင်တတ်ပါ။ အကိုး။ ။Hello ဆရာဝန် #Health @MHAATSARR
305
6
ကလေးလို အသားအရေမျိုး ၃ ရက်နဲ့ ရနိုင်သလား? ဈေးကွက်ထဲမှာ "၃ ရက်အတွင်း ကလေးလေးလို နူးညံ့သွားမယ်" ဆိုတဲ့ ကြော်ငြာတွေက တကယ်တော့လုံ
ကလေးလို အသားအရေမျိုး ၃ ရက်နဲ့ ရနိုင်သလား? ဈေးကွက်ထဲမှာ "၃ ရက်အတွင်း ကလေးလေးလို နူးညံ့သွားမယ်" ဆိုတဲ့ ကြော်ငြာတွေက တကယ်တော့လုံးဝမဖြစ်နိုင်တဲ့ "ရိုက်စား" တွေပါ။ ကျွန်တော်တို့ရဲ့ အရေပြားဟာ ဆဲလ်အသစ်တွေ အောက်ခြေကနေ အပေါ်ယံကို ရောက်လာဖို့ အချိန်ယူရပါတယ်။ ဒီဖြစ်စဉ်ကို Cell Turnover လို့ ခေါ်ပါတယ်။ ယေဘုယျအားဖြင့် ကလေးငယ်တွေမှာ ရက်သတ္တပတ်နှစ်ပတ်ကြာတတ်ပြီး ဆယ်ကျော်သက်နဲ့ လူငယ်တွေမှာတော့ ၂၁ ရက်ကနေ ၂၈ ရက်အထိ ကြာတတ်ပါတယ်။ အသက် ၃၀ ကျော်လာရင်တော့ တစ်လခွဲအထိ အချိန်ယူတတ်ပြီး အသက် ၅၀ နောက်ပိုင်းမှာတော့ သုံးလအထိ အချိန်ယူတတ်ပါတယ်။ မြွေလို အရေခွံလဲနိုင်တဲ့ သတ္တဝါမဟုတ်ရင် ဘယ်လို ကောင်းတဲ့ Skin Care သုံးသုံး ထိရောက်တဲ့ ရလဒ်ကို မြင်ရဖို့ အနည်းဆုံး တစ်လ ကတော့ စောင့်ရမှာပါ။ အသားအရေ ထိန်းသိမ်းမှုမှာ "ဖြတ်လမ်း" မရှိဘူးဆိုတာ သတိပြုစေချင်ပါတယ်။ #Beauty @MHAATSARR
413
7
မပေးဘဲ မလိုလင့်၊ မမေးဘဲ မဆိုလင့်။ သူတစ်ပါးမပေးဘဲ တောင်းရမ်းခြင်း မပြုပါနှင့်၊ သူတစ်ပါးမမေးဘဲလျက် တင်ကြို ပြောဆိုရှင်းပြခြင်း မပြုပါနှင့်။ အကိုး။ ။မြန်မာဆိုရိုးစကား #Adage @MHAATSARR
399
8
ခွေးတွေရဲ့ မျက်လုံးထဲမှာ Cryptochrome 1 လို့ခေါ်တဲ့ မော်လီကျူးတစ်မျိုး ရှိနေတာကြောင့် သူတို့ဟာ ရွှေ့ပြောင်းငှက်တွေလိုပဲ ကမ္ဘာ
ခွေးတွေရဲ့ မျက်လုံးထဲမှာ Cryptochrome 1 လို့ခေါ်တဲ့ မော်လီကျူးတစ်မျိုး ရှိနေတာကြောင့် သူတို့ဟာ ရွှေ့ပြောင်းငှက်တွေလိုပဲ ကမ္ဘာ့သံလိုက်စက်ကွင်းတွေကို အာရုံခံနိုင်စွမ်း ရှိကြပါတယ်။ ဒီလို ကိုယ်တွင်းသံလိုက်အိမ်မြှောင်ပါရှိနေတာဟာ သူတို့အတွက် မရင်းနှီးတဲ့ နယ်မြေတွေမှာ လမ်းကြောင်းမှန်ကို ရှာဖွေနိုင်ဖို့ အထောက်အကူပြုပါတယ်။ ခွေးတွေဟာ အလွန်ဝေးကွာတဲ့နေရာကနေ အိမ်ကိုပြန်ရှာတဲ့အခါမှာတော့ သူတို့ရဲ့ အလွန်ထက်မြက်တဲ့ အနံ့ခံအာရုံနဲ့ သံလိုက်အာရုံခံနိုင်စွမ်းကိုပါ ပေါင်းစပ် အသုံးပြုကြပါတယ်။ #Pet @MHAATSARR
451
9
ရေမြင်းတွေရဲ့ အရိုးတွေဟာ အလွန်သိပ်သည်းလွန်းတာကြောင့် အခြားရေနေသတ္တဝါတွေလို ရေမကူးနိုင်ပါဘူး။ ရေအောက်မြစ်ကြမ်းပြင်ပေါ်မှာသာ သွ
ရေမြင်းတွေရဲ့ အရိုးတွေဟာ အလွန်သိပ်သည်းလွန်းတာကြောင့် အခြားရေနေသတ္တဝါတွေလို ရေမကူးနိုင်ပါဘူး။ ရေအောက်မြစ်ကြမ်းပြင်ပေါ်မှာသာ သွားလာနိုင်ကြပါတယ်။ ရေအောက်မှာ ငါးမိနစ်လောက်အထိ အသက်အောင့်ပြီး နေနိုင်ကြပေမဲ့ တကယ်တော့ သူတို့ဟာ ရေကိုနှစ်သက်တဲ့ ကုန်းနေသတ္တဝါတွေသာ ဖြစ်ကြပါတယ်။ #Mammal @MHAATSARR
395
10
နယူးဇီလန်နိုင်ငံဟာ ၁၈၉၃ ခုနှစ်မှာ အမျိုးသမီးအားလုံးကို မဲပေးခွင့်ပြုခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံဖြစ်
နယူးဇီလန်နိုင်ငံဟာ ၁၈၉၃ ခုနှစ်မှာ အမျိုးသမီးအားလုံးကို မဲပေးခွင့်ပြုခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနိုင်ငံဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေကို စက်တင်ဘာလမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပေမဲ့ အမျိုးသမီးတွေ အမှန်တကယ် ပထမဆုံးအကြိမ် မဲထည့်ခွင့်ရခဲ့တဲ့ သမိုင်းဝင်နေ့ရက်ကတော့ ၁၈၉၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့ ပါ။ ဒီလှုပ်ရှားမှုကို Kate Sheppard က ဦးဆောင်ခဲ့တာဖြစ်ပြီး ထိုစဉ်က အရွယ်ရောက်ပြီးသူ အမျိုးသမီးဦးရေရဲ့ ၂၅ ရာခိုင်နှုန်းခန့်ရှိတဲ့ လက်မှတ်ပေါင်း ၃၂,၀၀၀ နီးပါးပါဝင်တဲ့ "Monster Petition" အသနားခံစာကို လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။ ယနေ့ခေတ်မှာတော့ သူ့ကို နယူးဇီလန် ၁၀ ဒေါ်လာတန် ငွေစက္ကူပေါ်မှာ ဂုဏ်ပြုဖော်ပြထားပါတယ်။ #History @MHAATSARR
400
11
လူ့ကိုယ်ကနေ လျှပ်စစ်ထွက်သလား။ လူ့ခန္ဓာကိုယ်ဟာ Bioelectrogenesis လို့ခေါ်တဲ့ ဖြစ်စဉ်တစ်ခုကနေတစ်ဆင့် စွမ်းအင်ဝပ် ၁၀၀ ခန့် ထုတ်လ
လူ့ကိုယ်ကနေ လျှပ်စစ်ထွက်သလား။ လူ့ခန္ဓာကိုယ်ဟာ Bioelectrogenesis လို့ခေါ်တဲ့ ဖြစ်စဉ်တစ်ခုကနေတစ်ဆင့် စွမ်းအင်ဝပ် ၁၀၀ ခန့် ထုတ်လုပ်ပေးနေတဲ့ ဇီဝလျှပ်စစ်စက်အမျိုးအစား ဖြစ်ပါတယ်။ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်လိုမျိုး အိုင်းယွန်း (Ions) တွေ ဆဲလ်အမြှေးပါးတွေကနေတစ်ဆင့် ရွှေ့လျားတဲ့အခါ ကျွန်တော်တို့ရဲ့ အာရုံကြောဆဲလ်တွေနဲ့ နှလုံးဆဲလ်တွေမှာ လျှပ်စစ်စီးကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ အဲဒီလျှပ်စစ်စီးကြောင်းတွေကြောင့်ပဲ ကျွန်ုပ်တို့ဟာ စဉ်းစားတွေးတောတာ၊ လှုပ်ရှားနိုင်တာနဲ့ နှလုံးခုန်နှုန်း ထိန်းညှိတာတို့ကို ပြုလုပ်နိုင်တာပါ။ အကယ်၍ ဒီလို "ဇီဝလျှပ်စစ်" အဆက်မပြတ်စီးဆင်းမှုသာ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ အာရုံကြောစနစ်ဟာ ပါဝါကြိုးမတပ်ထားတဲ့ ကွန်ပျူတာတစ်လုံးလိုပဲ ဘာမှလုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။ #science @MHAATSARR
367
12
ကမ္ဘာ့အရှည်ဆုံး လျှောက်လမ်းကြောင်း တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့ကနေ ရုရှားနိုင်ငံ၊ မာဂါဒန်မြို့အထိ ကုန်းကြောင်းချည်းသက်
ကမ္ဘာ့အရှည်ဆုံး လျှောက်လမ်းကြောင်း တောင်အာဖရိကနိုင်ငံ၊ ကိပ်တောင်းမြို့ကနေ ရုရှားနိုင်ငံ၊ မာဂါဒန်မြို့အထိ ကုန်းကြောင်းချည်းသက်သက် ခြေလျင်ခရီးနှင်လို့ရပါတယ်။ ၂၀၁၉ ခုနှစ်မှာ အင်တာနက်အသုံးပြုသူတစ်ဦးက တွေ့ရှိခဲ့တာပါ။ မိုင်ပေါင်း ၁၃,၉၁၀ ရှိပြီး တစ်ရက်ကို ၈ နာရီနှုန်းနဲ့ ရက်မပြတ်လျှောက်မယ်ဆိုရင် ရက်ပေါင်း ၅၆၂ ရက်ခန့် ကြာနိုင်ပါတယ်။ ခရီးစဉ်တစ်လျှောက် အတက်အဆင်းတွေဟာ ဧဝရတ်တောင်ကို ၁၃ ကြိမ် တက်ရသလောက် ပင်ပန်းနိုင်ပါတယ်။ မြေပုံပေါ်မှာ ဒီလမ်းကြောင်းရှိနေပေမဲ့ အခုထက်ထိ ဘယ်သူမှ ဒီခရီးကို မလျှောက်ဖူးသေးပါဘူး။ အရှေ့အလယ်ပိုင်းက စစ်မက်ဖြစ်ပွားရာဒေသတွေ၊ ဆိုက်ဘေးရီးယားရဲ့ အလွန်အမင်းအေးခဲတဲ့ ရာသီဥတုတွေနဲ့ ပြည်ဝင်ခွင့်ဗီဇာ အခက်အခဲတွေကြောင့် ဒါဟာ ကမ္ဘာ့အခက်ခဲဆုံး စိန်ခေါ်မှုတွေထဲကတစ်ခု ဖြစ်နေဆဲပါ။ #Country @MHAATSARR
384
13
လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတွေက အစားအဆိပ်သင့်တာမျိုး တစ်ပြိုင်တည်းမဖြစ်စေဖို့အတွက် မတူညီတဲ့ အစားအစာတွေကိုသာ ခွဲခြားစားသု
လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတွေက အစားအဆိပ်သင့်တာမျိုး တစ်ပြိုင်တည်းမဖြစ်စေဖို့အတွက် မတူညီတဲ့ အစားအစာတွေကိုသာ ခွဲခြားစားသုံးကြရတဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုရှိပါတယ်။ အကယ်၍ အစားအသောက်တစ်ခုခုကြောင့် လေယာဉ်မှူးတစ်ဦး နေမကောင်းဖြစ်ခဲ့တဲ့အခါ ကျန်ရှိတဲ့ လေယာဉ်မှူးက ခရီးစဉ်လက်ကျန်ကို ဘေးကင်းလုံခြုံစွာနဲ့ ဆက်လက်မောင်းနှင်နိုင်ဖို့ပါ။ #Vehicle @MHAATSARR
345
14
အော့အန်ပြီးပြီးချင်း သွားချက်ချင်းမတိုက်ပါနဲ့ ❌ 🦷 အန်ပြီးပြီးချင်း သွားတိုက်လိုက်တာဟာ အစာအိမ်ထဲကထွက်လာတဲ့ အက်စစ်တွေကို သွားမ
အော့အန်ပြီးပြီးချင်း သွားချက်ချင်းမတိုက်ပါနဲ့ ❌ 🦷 အန်ပြီးပြီးချင်း သွားတိုက်လိုက်တာဟာ အစာအိမ်ထဲကထွက်လာတဲ့ အက်စစ်တွေကို သွားမျက်နှာပြင်အနှံ့ ပျံ့နှံ့သွားစေပါတယ်။ ဒါဟာ အက်စစ်နဲ့ သွားကြွေလွှာထိတွေ့မှုကို ပိုများစေပြီး သွားကြွေလွှာ ပျက်စီးမှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ⏱ ဒါကြောင့် အန်ပြီးနောက် အနည်းဆုံး မိနစ် ၃၀ ခန့် ကြာမှသာ သွားတိုက်သင့်ပါတယ်။ ✅ အက်စစ်ဓာတ်ပြယ်ဖို့အတွက် သွားချက်ချင်းတိုက်မယ့်အစား ရေထဲမှာ မုန့်ဖုတ်ဆိုဒါအနည်းငယ်ထည့်ပြီး ပလုတ်ကျင်းပေးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ #Health @MHAATSARR
421
15
ဝင်ရိုးစွန်းဒေသတွေမှာ သီတင်းပတ်ပေါင်းများစွာ နေမမြင်ရတဲ့ကာလကို "ဝင်ရိုးစွန်းည" (Polar Night) လို့ ခေါ်ပါတယ်။ ဆိုဗီယက်ကာလတုန်းက ဆိုက်ဘေးရီးယားမှာ ကလေးငယ်တွေနဲ့ လူကြီးတွေဟာ (light hunger) လို့ခေါ်တဲ့ မှုန်ဝါးတဲ့အလင်းရောင်ကြောင့် ဆာလောင်မွတ်သိပ်တာနဲ့ ဗီတာမင် D ချို့တဲ့မှုကို တွန်းလှန်ဖို့ အထူးပြုလုပ်ထားတဲ့ ကွပ်စ်မီးအိမ် (quartz lamps) တွေကို အသုံးပြုခဲ့ကြပါတယ်။ အကြောင်းရင်းကတော့ အလွန်မြင့်မားတဲ့ လတ္တီတွဒ်ဒေသတွေမှာ ဆောင်းရာသီအတွင်း လေထုက UVB ရောင်ခြည်အားလုံးနီးပါးကို စစ်ထုတ်ပစ်လိုက်တာကြောင့် ခန္ဓာကိုယ်ရဲ့ အရေပြားဟာ ဗီတာမင် D ကို သဘာဝအတိုင်း မထုတ်လုပ်နိုင်တော့ဘဲ အရိုးပျော့ရောဂါနဲ့ အလွန်အမင်း နုံးချိခြင်းလိုမျိုး ဝေဒနာတွေကို ခံစားရနိုင်လို့ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် ဆိုဗီယက်ခေတ် ကျောင်းတွေနဲ့ ဆေးခန်းတွေမှာ အကာအကွယ်မျက်မှန်တွေတပ်ပြီး နေရောင်ခြည်ရဲ့ ဇီဝကမ္မအကျိုးသက်ရောက်မှုတွေကို ရရှိစေဖို့ ခရမ်းလွန်ရောင်ခြည်နဲ့ ခေတ္တထိတွေ့စေတဲ့ "အလင်းကုထုံး"အစီအစဉ်တွေကို စနစ်တကျ ပြုလုပ်ပေးခဲ့ကြပါတယ်။ အခုခေတ်မှာတော့ အရေပြားပျက်စီးမှုအန္တရာယ်ကို ရှောင်ရှားဖို့အတွက် ဗီတာမင် D ဖြည့်စွက်စာတွေနဲ့ ခရမ်းလွန်ရောင်ခြည် ဖယ်ရှားထားတဲ့ စိတ်ခံစားမှုမြှင့်တင်ရေး မီးအိမ်တွေကိုသာ အဓိကပြောင်းလဲ အသုံးပြုနေကြပေမဲ့ ဒီလိုအိမ်တွင်းနေပူဆာလှုံတဲ့ထုံးတမ်းတွေဟာ လူသားတွေဟာ ကမ္ဘာ့အကြမ်းတမ်းဆုံး ပတ်ဝန်းကျင်တွေမှာ ဘယ်လိုမျိုး လိုက်လျောညီထွေ ရှင်သန်ခဲ့ကြတယ်ဆိုတာ သိမြင်နိုင်ပါတယ်။ #History @MHAATSARR
424
16
မိုးပေါ်က လေယာဉ်တွေက ဘာလို့ ဖြေးဖြေးလေးသွားနေတာလဲ။ တကယ်တော့ ဖြေးဖြေးလေးသွားတာမဟုတ်ပါဘူး။ ဖြေးဖြေးလေးသွားတယ်လို့ မြင်ရတာပါ။ လေ
မိုးပေါ်က လေယာဉ်တွေက ဘာလို့ ဖြေးဖြေးလေးသွားနေတာလဲ။ တကယ်တော့ ဖြေးဖြေးလေးသွားတာမဟုတ်ပါဘူး။ ဖြေးဖြေးလေးသွားတယ်လို့ မြင်ရတာပါ။ လေယာဉ်,ပျံတာက အလွန်လျင်မြန်ပေမဲ့ ပျံသန်းနေစဉ်မှာ နှေးနှေးလေးရွေ့နေသလို ခံစားရတာဟာ Motion Parallax (ရွေ့လျားမှုဆိုင်ရာ အမြင်အာရုံလွဲမှားခြင်း) ကြောင့် ဖြစ်ပါတယ်။ ပေပေါင်း ၃၃,၀၀၀ (မီတာ ၁၀,၀၀၀) အမြင့်မှာ ရှိနေတဲ့အခါ မြင်ကွင်းထဲရောက်ဖို့ မျက်စိနဲ့ အလွန်ဝေးကွာလွန်းတာကြောင့် ကားပြတင်းပေါက်ကနေ သစ်ပင်တွေကို မြင်ရသလိုမျိုး အမြန်ကြီး ဖြတ်မသွားတော့ဘဲ ဖြည်းဖြည်းချင်းပဲ ရွေ့နေသလို ထင်ရတာပါ။ တကယ်တော့ လေယာဉ်ဟာ ကားထက် ဆယ်ဆမက ပိုမြန်ပေမဲ့ အနီးနားမှာ နှိုင်းယှဉ်စရာ အမှတ်အသားတွေ မရှိတာကြောင့် လိပ်သွားသလိုမျိုး နှေးကွေးနေတယ်လို့ အမြင်မှားစေတာဖြစ်ပြီး လေယာဉ်ပြန်ဆင်းလာတဲ့အခါမှသာ မြေပြင်ကနေ အရှိန်အဟုန်နဲ့လာတာကို သိသာစေပါတယ်။ တကယ်လို့သာ လေယာဉ်တစ်စီးဟာ သူ့ရဲ့ ပုံမှန်အမြန်နှုန်း (တစ်နာရီ ကီလိုမီတာ ၉၀၀) နဲ့ မြေပြင်အထက် ၁၀ မီတာအကွာကနေ ပျံသန်းမယ်ဆိုရင် ကျွန်တော်တို့ မျက်စိရှေ့ကနေ ၀.၀၅ စက္ကန့်အတွင်းမှာတင် ဖြတ်ကျော်သွားမှာပါ။ လူတစ်ယောက် မျက်တောင်တစ်ခတ်စာထက်တောင် ပိုမိုမြန်ဆန်တဲ့ အရှိန်ဖြစ်ပါတယ်။ #Vehicle @MHAATSARR
444
17
နှင်းကျားသစ်တွေဟာ သူတို့ရဲ့ အမြီးကို ပါးစပ်နဲ့ ကိုက်ထားတတ်တဲ့ ချစ်စရာကောင်းတဲ့ အလေ့အကျင့်ရှိပါတယ်။ ဒါဟာ အမွေးပွပွ အမြီးကြီးကိ
နှင်းကျားသစ်တွေဟာ သူတို့ရဲ့ အမြီးကို ပါးစပ်နဲ့ ကိုက်ထားတတ်တဲ့ ချစ်စရာကောင်းတဲ့ အလေ့အကျင့်ရှိပါတယ်။ ဒါဟာ အမွေးပွပွ အမြီးကြီးကို လည်စည်းပဝါတစ်ခုလို အသုံးချပြီး အေးစက်တဲ့ တောင်ပေါ်လေဒဏ်ကနေ အသက်ရှူလမ်းကြောင်းကို နွေးထွေးအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ #Animal @MHAATSARR
386
18
ပျမ်းမျှအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတစ်ခုခုဟာ အပတ်စဉ်တိုင်း ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရရှိခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေကို
ပျမ်းမျှအားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတစ်ခုခုဟာ အပတ်စဉ်တိုင်း ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရရှိခဲ့တဲ့ အထိမ်းအမှတ်ပွဲတွေကို ကျင်းပလေ့ရှိပါတယ်။ #FantasticFacts @MHAATSARR
372
19
မိန်းမမရဘဲ ဖရုံသီးရသွားတာပေါ့။ ယူကရိန်းမှာ အမျိုးသမီးတစ်ယောက်က လက်ထပ်ခွင့်တောင်းခံရတာကို ငြင်းပယ်ချင်တယ်ဆိုရင် လာတောင်းတဲ့အမျ
မိန်းမမရဘဲ ဖရုံသီးရသွားတာပေါ့။ ယူကရိန်းမှာ အမျိုးသမီးတစ်ယောက်က လက်ထပ်ခွင့်တောင်းခံရတာကို ငြင်းပယ်ချင်တယ်ဆိုရင် လာတောင်းတဲ့အမျိုးသားကို ဖရုံသီးတစ်လုံး လက်ဆောင်ပြန်ပေးလေ့ရှိပါတယ်။ ဒီရိုးရာကို "daryty harbuz" လို့ခေါ်ပြီး ယဉ်ယဉ်ကျေးကျေးနဲ့ လူသိရှင်ကြား ငြင်းတဲ့ နည်းလမ်းတစ်ခုပါ။ မိန်းမမရဘဲ ဖရုံသီးရသွားတာပေါ့။ #Weird_facts @MHAATSARR
466
20
လူဝံတွေက တိရစ္ဆာန်တွေထဲမှာ မိခင်အပေါ် မှီခိုမှု သက်တမ်းအရှည်ဆုံး ဖြစ်ပါတယ်။ လူဝံမိခင်တစ်ကောင်က သူ့ရင်သွေးကို ပထမ ၁ နှစ်အတွင်း
လူဝံတွေက တိရစ္ဆာန်တွေထဲမှာ မိခင်အပေါ် မှီခိုမှု သက်တမ်းအရှည်ဆုံး ဖြစ်ပါတယ်။ လူဝံမိခင်တစ်ကောင်က သူ့ရင်သွေးကို ပထမ ၁ နှစ်အတွင်းမှာ အောက်မချတမ်း ချီပိုးထားလေ့ရှိပြီး၊ နို့တိုက်ကျွေးတဲ့ သက်တမ်းလည်း ၈ နှစ်ကနေ ၉နှစ် အထိ ကြာမြင့်တတ်ပါတယ်။ အဲ့လို ပြုစုစောင့်ရှောက်တာက အပူပိုင်းမိုးသစ်တောထဲမှာ ရှင်သန်ဖို့ ခက်ခဲနက်နဲတဲ့ အတတ်ပညာတွေ သင်ကြားပေးဖို့ပါ။ #Animal @MHAATSARR
387