cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

پست‌های تبلیغاتی
669
مشترکین
-124 ساعت
+27 روز
+2230 روز
آرشیو پست ها
ရှမ်းမြောက်က လက်နက်တွေ မြန်မာပြည်အလယ်ပိုင်းကို ခပ်မြန်မြန်ရောက်လာတာ စိုးရိမ်စရာ ကောင်းပါတယ်။ သေချာတာကတော့ NUG ဆီ အောက်ဈေးနဲ့ ရောက်သွားဖို့ များပါတယ်။ ဒီလက်နက်တွေကို မဖျက်ဆီးခဲ့ခြင်းရဲ့ အကျိုးဆက်ကို ထပ်ပြီး ခံရပါဦးမယ်။ (နရီမိုး)
نمایش همه...
👍 3
၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ် ========================================================================== အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၄ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ ယနေ့နေ့လည်ပိုင်းက တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ကျင်းပပြုလုပ်ရာတိုင်းမှူးကိုယ်စား၊တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် သန်းထွန်းအောင် နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တပ်ရင်း/ တပ်ဖွဲ့မှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင် များ၊ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တိုင်းဦးစီးချုပ်နှင့် အခမ်းအနားကို တက်ရောက်လာကြသူများက ကွန်ဟိန်း တပ်နယ်အသင်းနှင့် မဆရ(၉) အသင်းတို့၏ ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် တစ်ဦးချင်းအကောင်းဆုံးရရှိသူများ၊ အသင်းလိုက်ဆုရရှိသူများနဲ့ ဒိုင်းဆု ရရှိသော ကွန်ဟိန်းတပ်နယ်အသင်းတို့အား တိုင်းဦးစီးချုပ်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။ အဆိုပါ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်း (၉)သင်းဖြင့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ယနေ့အထိ ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။ သံတော်ဆင့်
نمایش همه...
တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ပြုလုပ် ================== ၂၀၂၄ ခုနှစ် ၊ဇွန်လ ၁၀ ရက်နေ့ ညနေ ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ၂၀၂၄ ခုနှစ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တိုင်းစစ်ဌာနချုပ် ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အရာရှိကြီးများ ၊အရာရှိ၊စစ်သည်၊မိသားစုများ ၊ပြိုင်ပွဲဝင်အားကစားသမား၊အားကစားဝါသနာရှင်များ၊ဒိုင်အဖွဲ့ဝင်များနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး တိုင်းမှူးက အမှာစကားပြောကြားကာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများမှ ပြိုင်ပွဲဝင်အားကစားသမားများ၏ ပထမနေ့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲအား ဇွန်လ ၁၀ ရက်နေ့မှ ၂၁ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အသင်း ၉ သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်းသိရပါသည် သံတော်ဆင့်
نمایش همه...
👍 1
ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ များ ထောက်ပံ့ ======= အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့်စာရေးကိရိယာများ(ပထမ)အကြိမ် ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားအား ၉-၆-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဖိတ်ကြား ထားသော ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့‌ကြောင်း နှင့် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံ များ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့တယ် လို့သိရပါတယ်။ အလားတူ ကွပ်ကဲမှုအောက်တပ်နယ်အသီးသီး၌လည်း တပ်နယ်အလိုက် ၂၀၂၄-၂၀၂၅ ပညာသင် နှစ် အတွက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
نمایش همه...
ခိုလမ်မြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ် ========================================================================== ယနေ့ ၇-၆-၂၀၂၄ ရက်နေ့ နံနက်ပိုင်း၌ ရှမ်းပြည်နယ်တောင်ပိုင်း ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ခိုလမ်မြို့တွင် ၂၀၂၄ ခုနှစ် (ပထမ)ကြိမ်မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်အားကျင်းပပြုလုပ်ခဲ့ရာအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှတိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရေးအတွက် သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။ အလားတူ ကွပ်ကဲမှု အောက်မှာရှိတဲ့ တပ်နယ်များမှလည်း တပ်နယ်အလိုက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား တစ်ချိန်တည်းတစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြပြီး သစ်ပင်များစုပေါင်း စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါ တယ်။ သံတော်ဆင့်
نمایش همه...
Photo unavailableShow in Telegram
5.20 MB
1
وارد شوید و به اطلاعات مفصل دسترسی پیدا کنید

ما این گنجینه ها را پس از تأیید هویت به شما نشان خواهیم داد. ما وعده می‌دهیم که سریع است!