cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

پست‌های تبلیغاتی
668
مشترکین
اطلاعاتی وجود ندارد24 ساعت
+47 روز
+2730 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ပြုလုပ် ================== ၂၀၂၄ ခုနှစ် ၊ဇွန်လ ၁၀ ရက်နေ့ ညနေ ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ၏ ၂၀၂၄ ခုနှစ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား တိုင်းစစ်ဌာနချုပ် ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် အရာရှိကြီးများ ၊အရာရှိ၊စစ်သည်၊မိသားစုများ ၊ပြိုင်ပွဲဝင်အားကစားသမား၊အားကစားဝါသနာရှင်များ၊ဒိုင်အဖွဲ့ဝင်များနှင့်ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး တိုင်းမှူးက အမှာစကားပြောကြားကာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများမှ ပြိုင်ပွဲဝင်အားကစားသမားများ၏ ပထမနေ့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲအား ဇွန်လ ၁၀ ရက်နေ့မှ ၂၁ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တပ်နယ်အသီးသီးမှ ပြိုင်ပွဲဝင် အသင်း ၉ သင်းဖြင့် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်းသိရပါသည် သံတော်ဆင့်
نمایش همه...
ကျောင်းသား၊ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ များ ထောက်ပံ့ ======= အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့်စာရေးကိရိယာများ(ပထမ)အကြိမ် ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားအား ၉-၆-၂၀၂၄ ရက်နေ့ နံနက်ပိုင်းက တိုင်းစစ်ဌာနချုပ် ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဖိတ်ကြား ထားသော ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ခဲ့‌ကြောင်း နှင့် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံ များ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခဲ့တယ် လို့သိရပါတယ်။ အလားတူ ကွပ်ကဲမှုအောက်တပ်နယ်အသီးသီး၌လည်း တပ်နယ်အလိုက် ၂၀၂၄-၂၀၂၅ ပညာသင် နှစ် အတွက် ကျောင်းသား၊ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားများ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
نمایش همه...
ခိုလမ်မြို့တွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ် ========================================================================== ယနေ့ ၇-၆-၂၀၂၄ ရက်နေ့ နံနက်ပိုင်း၌ ရှမ်းပြည်နယ်တောင်ပိုင်း ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ ခိုလမ်မြို့တွင် ၂၀၂၄ ခုနှစ် (ပထမ)ကြိမ်မြောက် မိုးရာသီ သစ်ပင်စိုက်ပျိုး ပွဲတော်အားကျင်းပပြုလုပ်ခဲ့ရာအရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှတိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်း နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေစေရေးအတွက် သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြတယ်လို့ သိရပါတယ်။ အလားတူ ကွပ်ကဲမှု အောက်မှာရှိတဲ့ တပ်နယ်များမှလည်း တပ်နယ်အလိုက် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်အား တစ်ချိန်တည်းတစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြပြီး သစ်ပင်များစုပေါင်း စိုက်ပျိုးခဲ့ကြတယ်လို့ သိရပါ တယ်။ သံတော်ဆင့်
نمایش همه...
Photo unavailableShow in Telegram
5.20 MB
1
ယနေ့ ၃.၄.၂၀၂၄ ရက်နေ့ ကျောင်းဖွင့်ရက် ပထမဆုံးနေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ခိုလမ်၊မိုင်းပွန်၊ကျေးသီး၊မိုင်းနောင် မြို့များရှိ စာသင်ကျောင်းများတွင်တက်ရာက်ပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများမြင်ကွင်းပါ၊ သံတော်ဆင့်
نمایش همه...
1
آرشیو پست ها