fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

တပ်သားလေး ဖိုးထောင် 🇲🇲🪖

တပ်သားလေး ဖိုးထောင် 🇲🇲🪖

رفتن به کانال در Telegram

အောက်‌ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖

نمایش بیشتر
7 664
مشترکین
-324 ساعت
-347 روز
-12930 روز
آرشیو پست ها
တောင်ခမ်း မစခ (၉၀၂) လက်ရှိအချိန်တွင် တစ်ချို့ချန်နယ်များတွင် မစခ (၉၀၂) ဗဟိုကင်းကျသွားပြီဆိုပြီး ဖွနေတဲ့ သတင်းက သတင်းမှားပါ။ ယနေ့ညနေ (၅း၃၀) နာရီအချိန်အထိ မစခ (၉၀၂) တောင်ခမ်းဗဟိုကင်း လုံးဝမကျပါ။ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါသည်။ စစ်သည်များ ကြံ့ကြံ့ခံ ခုခံနေဆဲပါ။ https://t.me/privatephoehtaung

ဖတ်ဖို့မှတ်ဖို့ဆင်ခြင်ကြဖို့👇👇👇 lllနေပြည်တော်သိမ်းခံရမှ ငြိမ်တော့မယ့်စစ်ဗိုလ်ချုပ်များ မကြိုက်လဲမတက်နိုင်ဘူး၊ဒီအကြောင်းကတော့မပြောမဖြစ်ပြောမှကိုရတော့မယ့်အကြောင်းလို့ပဲဆိုရမှာပဲ။အခုတပ်မတော်ကဘယ်လိုဖြစ်နေလဲဆိုတော့တိုက်တိုင်းရှုံး၊တိုက်ခံရတဲ့မြို့တိုင်းပါ၊ရင်ဆိုင်တိုက်နေရတဲ့အဖွဲ့တိုင်းလက်နက်ချထွက်ပြေးနဲ့ဖွဲ့စည်းပုံတစ်ကယ်ကိုပျက်ပြီးဖြစ်ချင်တိုင်းဖြစ်နေတာ။တစ်ခါတစ်လေအောက်ကိုပြန်မကြည့်တဲ့ခေါင်းဆောင်တွေကြောင့်ဖြစ်ချင်ရာဖြစ်ဆိုပြီးတွေးမိပေမယ့်လည်းကိုယ်တစ်ကယ်ချစ်တဲ့တပ်မတော်ကြီးနဲ့အောက်ခြေကအဖွဲ့တွေခိုးကိုးရာမဲ့နဲ့တအိအိပြိုကျပျက်ဆီးနေတာကိုမြင်တော့လည်းလုံးဝကိုစိတ်ထဲမကောင်းဘူး။ ပြီးခဲ့တဲ့ရက်ကမှတပ်ထဲကအသိတစ်ယောက်ကိုဖုန်းဆက်မေးပြီးအခြေအနေကောင်းရဲ့လားလို့မေးတော့ မကောင်းပါဘူးတိုက်တိုင်းရှုံးနေတာပဲ။ဒီနေ့မသေရင်နောက်နေ့သေရမှာပဲဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ငြီးငြူပြောဆိုသွားခဲ့သေးတယ်။မြေပြင်ကရဲဘော်တွေရဲ့အခြေအနေမှန်တွေကို အထက်ကကောင်တွေက တစ်ကယ်ပဲမသိတာလားဒါမှမဟုတ်သိသိရဲ့နဲ့ကိုတမင်မဖြည့်ဆည်းပေးတာလားဆိုတာကိုလည်းနားမလည်တော့ဘူး။အခုဖြစ်နေတဲ့တိုက်ပွဲအခြေအနေတွေကတိုက်ပွဲအကြောင်း၊စစ်ရေးအခြေအနေတွေကိုများများစားစားနားမလည်ပါဘူးဆိုရင်တောင်မှကိုယ်တွေစစ်တပ်ဘက်ကသိသိသာသာကြီးအရေးနိမ့်နေတယ်ဆိုတာ ထင်ရှားလွန်းတယ်။ ကချင်၊ကယား၊ကရင်၊ချင်း၊ ဗမာ၊မွန်၊ရခိုင်၊ရှမ်းနေရာအနှံ့ကိုကြည့်ကြည့်။တိုက်ပွဲတွေအကုန်ဖြစ်ပြီးနေရာအနှံ့မှာကို ကိုယ်တွေဘက်ကခံနေရတာ။ အောက်ခြေကရဲဘော်တွေဆိုတာဟာလည်း၂၀၂၁ခုနှစ်ကနေဒီနေ့အချိန်ထိမိန်းမနဲ့ ပြန်မတွေ့ရသေးတဲ့သူတွေမှတပုံကြီး။နောက်ဆုံးဘယ်လိုမှတောင့်မခံနိုင်တော့လို့ထွက်ပြေးပြီးတိုက်ပွဲကိုစွန့်ခွာခဲ့ရင်တောင်မှနောက်တစ်​ေနေရာကိုပြန်လွှတ်ပြီးစစ်တိုက်ခိုင်းနေတာကြီးကတော့အောက်ခြေကိုမသေမချင်းစစ်တိုက်ခိုင်းနေတယ်လို့တောင်ထင်မိလာတယ်။ကိုယ်တွေအောက်ခြေကသာ အဲ့လိုဘဝတွေပျက်ခံစားနေရပေမယ့်သူတို့အထက်လူကြီးတွေကတော့ ခုချိန်ထိအေးအေးဆေးဆေးသာသာယာယာပဲ။မနေ့ကမှတင်တပ်ချုပ်ကြီးတို့အဖွဲ့က မန္တလေးသွားလိုက်၊ပြင်ဦးလွင်သွားလိုက်၊မိတ္ထီလာသွားလိုက်နဲ့အောက်ခြေမှာဖြစ်နေတဲ့စစ်ရှုံးမှုတွေကသူတို့နဲ့လားလားမှကိုမဆိုင်သလိုပဲ။တစ်ကယ်ကိုအရှက်သိက္ခာမဲ့ပြီးတာဝန်ယူမူတာဝန်ခံမှုမဲ့လိုက်တာ။ ရှမ်းမြောက်ကဖြစ်စဥ်ကိုပဲကြည့်ကြည့်ပါဦး။၁၀၂၇စစ်ဆင်ရေးဆိုတဲ့မြောက်ပိုင်းလက်နက်ကိုင်တွေရဲ့ပထမစစ်ဆင်ရေးမှာတင်လောက်ကိုင်အပါအဝင်အရေးကြီးတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေအတော်များများပါကုန်တယ်။တိုက်ပွဲမှာသေဆုံးသွားတဲ့ကိုယ်တွေအောက်ခြေတွေရဲ့သွေးတွေမှမခြောက်သေးခင်ဒီဒုတိယလှိုင်းမှာရမခတိုင်းစစ်ဌာနချုပ်ကြီးတစ်ခုလုံးလည်းကျသွားတဲ့အပြင်အခု အလယ်ပိုင်းကမြို့တွေပါစတင်သိမ်းပိုက်ခံနေရပြန်ပြီ..။မြို့တစ်မြို့သိမ်းခံရတယ်၊တိုင်းစစ်ဌာနချုပ်တစ်ခု အသိမ်းခံရတယ်ဆိုတဲ့သတင်းနောက်မှာအောက်ခြေကစစ်သည်ထောင်ပေါင်းများစွာရဲ့အသက်တွေစတေးခံရပြီးကလေးငယ်ပေါင်းများစွာ မိမဲ့ဖမဲ့ဖြစ်ပွားခဲ့ရမယ်ဆိုတာ သေချာပါတယ်။အခုလည်းလောလောလတ်လတ်သပိတ်ကျင်းမြို့အသိမ်းခံရပြန်ပြီ..။သပိတ်ကျင်းဆိုတာမန္တလေးနဲ့ဘာမှမဝေးတဲ့မြို့တစ်ခုတစ်နည်းပြောရမယ်ဆိုရင်မြန်မာနိုင်ငံရဲ့အလယ်ဗဟိုနားထိကိုကိုယ်တွေစစ်တပ်က တစ်ဖြည်းဖြည်းတိုက်ရင်းခိုက်ရင်းနောက်ဆုတ်ရင်းနဲ့ဆုတ်ပေးနေရပြီဆိုတာအကောင်းဆုံးသက်သေပဲ..။ တောင်တန်းဒေသမှာတောင် ဘယ်လိုမှမနိုင်တာအထိုင်တပ်တွေသာအများဆုံးရှိတဲ့ ဒီအလယ်ပိုင်းဒေသမှာတော့ဘယ်လိုမှနိုင်စရာအကြောင်းကိုမရှိဘူး။အထက်ကကောင်တွေကလည်းနိုင်လိုချင်စိတ်ရှိပုံလဲမရဘူး .။ဒီလောက်စစ်ရှုံးတာတောင်အခုထိဘာပြင်ဆင်မှုတစ်ခုမှမရှိဘဲတစ်မြို့ပြီးတစ်မြို့သိမ်းခံနေရတာကိုနေနိုင်ထိုင်နိုင်ကြတဲ့စစ်ဗိုလ်ချုပ်များလည်းနေပြည်တော်ထိအသိမ်းခံရမှပဲငြိမ်တော့မယ့်အခြေအနေရောက်နေပြီလို့ပဲပြောချင်ပါတော့တယ်..။ https://t.me/KKM28640

ဒေါ်လာစျေးဟာ ယခုလ ၂၀၂၄ သြဂုတ်လအတွင်းမှာ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၇၉၀၀ မှ ၅၄၀၀ သို့ ကျဆင်းသွားပါတယ်။ ကွာခြားမှု ၂၅၀၀ ပါ။ ဆိုတော့ ဒေါ်လာစျေးတက်လို့ စျေးတင်ထားကြတဲ့ စားဆီဟာ ဒေါ်လာစျေးအတိုင်း လိုက်ဆင်းရင် တစ်ပိဿာကို ၁၇၀၀၀ ကနေပြီး ၇၀၀၀ သို့မဟုတ် ၈၀၀၀ အထိ စျေးလိုက်ကျရမှာ ဖြစ်ပါတယ်။ အခြားသော ပစ္စည်းတွေလည်း ဒေါ်လာစျေးတက်လို့ စျေးတက်ထားကြတယ်ဆိုရင် ယခု ဒေါ်လာစျေး ကျချိန်မှာ သင့်တော်တဲ့ စျေးနှုန်းကို ပြန်ချပေးကြသင့်ပါတယ်။ https://t.me/privatephoehtaung

လေးစားပါတယ် ဗိုလ်ကြီး ဟန်သော်ညွန့် အငြိမ်းစားဖြစ်နေပေမယ့် တပ်မတော်အင်အားနည်းနေချိန်မှာ ကိုယ်ကျိုးမဖက် ချက်ချင်း သတင်းပို့ပြီး
+3
လေးစားပါတယ် ဗိုလ်ကြီး ဟန်သော်ညွန့် အငြိမ်းစားဖြစ်နေပေမယ့် တပ်မတော်အင်အားနည်းနေချိန်မှာ ကိုယ်ကျိုးမဖက် ချက်ချင်း သတင်းပို့ပြီး လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့တယ်။ အခုတော့ ချစ်တဲ့ တပ်မတော်အတွက်အသက်စွန့်သွားရပြီ။ သန်သန်မာမာရာထူးရာခံရှိသူတွေက အခြောက် စိတ်နဲ့ ရန်သူ့ထံ လက်နက်ချနေချိန်မှာ အငြိမ်းစားတယောက်က ရဲရဲဝံ့ဝံ့လက်နက်မချဘဲ အသေခံတိုက်ခဲ့တယ်။ မြင့်မြတ်ရာဘုံဘဝ ရရှိပါစေ။ Crd - စစ်သတင်း https://t.me/privatephoehtaung

လက်နက်အပြည့်အစုံ တပ်ဆင်ပေးလိုက်ရင် ဝ ဒေသ ပန်ဆန်းအပါ ရှမ်းပြည်နယ်တစ်ခုလုံး တက်သိမ်းလို့ရတယ် သဘောပေါက်။ ရှမ်းအလုပ် ရှမ်းမလုပ်ချ
လက်နက်အပြည့်အစုံ တပ်ဆင်ပေးလိုက်ရင် ဝ ဒေသ ပန်ဆန်းအပါ ရှမ်းပြည်နယ်တစ်ခုလုံး တက်သိမ်းလို့ရတယ် သဘောပေါက်။ ရှမ်းအလုပ် ရှမ်းမလုပ်ချင်ရင် ပအို့ဝ်တွေ လုပ်မယ်။ https://t.me/privatephoehtaung

ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်းပြုလုပ်နိုင် ၁။      ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ  ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည် များကို စုံစမ်းမေးမြန်းရန်နှင့်သတင်းပို့ရန်တို့အတွက်  တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးရှိ  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ၏  အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်- (က) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌရုံး(နေပြည်တော်)  (၁)     ၀၆၇- ၃၄၀၄၉၁၁၊ ၀၆၇- ၃၄၀၄၉၂၂၊ ၀၆၇-    ၃၄၀၄၉၃၃၊ ၀၆၇-၃၄၀၄၉၄၄၊ ၀၆၇-၃၄၀၄၉၅၅ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၁ (ခ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(နေပြည်တော်ကောင်စီ) (၁)     ၀၆၇-၄၅၅၀၄၈၈၊၀၆၇-၄၅၅၀၄၉၉ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၂ (ဂ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (စစ်ကိုင်းတိုင်းဒေသကြီး) (၁)   ၀၇၁- ၂၀၃၂၀၉၁၊၀၇၁-၂၀၃၂၀၉၂ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၇ (ဃ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (တနင်္သာရီတိုင်းဒေသကြီး)  (၁)  ၀၅၉- ၂၀၂၄၀၃၇၊၀၅၉-၂၀၂၄၀၃၈   (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၈ (င) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ပဲခူးတိုင်းဒေသကြီး) (၁)  ၀၅၂- ၂၂၀၁၉၃၉၊၀၅၂-၂၂၀၁၉၄၉ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၀၉ (စ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး) (၁)  ၀၆၃-၂၀၂၈၈၇၈၊ ၀၆၃- ၂၀၂၈၈၇၉ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၀ (ဆ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)   (၁)   ၀၂- ၄၀၂၁၂၄၅၊ ၀၂- ၄၀၂၁၂၄၆ (၂)     မိုဘိုင်းဖုန်းမှစာတိုပို့ဝန်ဆောင်မှု (SMS) ၀၉- ၂၅၅၀၀၂၅၁၁ (ဇ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (မွန်ပြည်နယ်) (၁)  ၀၅၇ -၂၀၂၇၉၃၅၊၀၅၇-၂၀၂၇၉၃၆ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၂ (ဈ ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရခိုင်ပြည်နယ်) (၁)  ၀၉- ၂၅၅၀၀၂၅၁၇၊၀၉-၂၅၅၀၀၂၅၁၈                    (၂) မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၃ (ည) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့(ရန်ကုန်တိုင်းဒေသကြီး) (၁) ၀၁- ၈၃၀၀၀၁၆၊ ၀၁- ၈၃၀၀၀၁၇   (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၄ (ဋ  ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ရှမ်းပြည်နယ်) (၁)  ၀၈၁-၂၁၂၄၅၄၀၊ ၀၈၁- ၂၁၂၄၉၉၅ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် () ၀၉- ၂၅၅၀၀၂၅၁၅ (ဌ  ) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ (ဧရာဝတီတိုင်းဒေသကြီး) (၁) ၀၄၂- ၂၀၂၅၉၉၃၊၀၄၂- ၂၀၂၅၉၉၄ (၂)     မိုဘိုင်းဖုန်းမှစာတိုပေးပို့ရန် (SMS) ၀၉- ၂၅၅၀၀၂၅၁၆ ၂။      စုံစမ်းမေးမြန်းခြင်း၊ သတင်းပို့ခြင်းမဟုတ်ဘဲ အနှောင့်အယှက်ပေး ဆက်သွယ်လာသည့် တယ်လီဖုန်းနံပါတ်များကို  မှတ်တမ်းတင်ကာ ယင်းဖုန်းဆင်းကတ်များကို ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။ https://t.me/privatephoehtaung

တောင်ခမ်း အမြှောက် ၉၀၂ ဗျူဟာကုန်းကို ဒီနေ့ အပြီးတက်လုံးမယ်လို့ သတင်းရထားပါတယ်။ မနေ့က ဆော်ခံရတာ မမှတ်ဘူးထင်တယ်။ ဘာပဲဖြစ်ဖြစ် သတိရှိပါ ညီနောင်တို့။ https://t.me/privatephoehtaung

ကိုကျော်စိုးဦး ဒီဗီဒီယိုကို ပြန်ဖျက်ပေးဖို့လိုပါတယ်။ ပြည်သူကြားဖို့မလိုတဲ့ စကားတချို့ပါနေပါတယ်။ https://t.me/peoplemediamyanmar/7591

ရွှေလီမှာ တရုတ်စစ်အင်အား စုဖွဲ့နေချိန်မှာ ကိုးကန့် တပ်မဟာ တစ်ကခု မူဆယ်ဖက် တပ်မဟာ နောက်တစ်ခုက တောင်ကြီးဖက် ဦးတည် ထွက်ခွါနေကြဟု
+1
ရွှေလီမှာ တရုတ်စစ်အင်အား စုဖွဲ့နေချိန်မှာ ကိုးကန့် တပ်မဟာ တစ်ကခု မူဆယ်ဖက် တပ်မဟာ နောက်တစ်ခုက တောင်ကြီးဖက် ဦးတည် ထွက်ခွါနေကြဟု သတင်းတက် ဝ နယ်စောင့် တပ်မဟာတစ်ခုက စစ်သည် သုံးထောင်ကလဲ တောင်ကြီးကို ကာကွယ်ဖို့ ဆိုပြီး ထွက်ခွါသွားတယ်လို့့လဲ တရုတ် လူမှုကွန်ယက်မှာ ရေးသားနေကြပါတယ် မူဆယ်ပြေးရမလား တောင်ကြီးပြေးရမလား မသိတော့တဲ့ တောင်ပေါ်ပေသီး

ကဗျာ‌တွေစပ်နေပြီဆိုတော့ ပရော့ဂျက် အသစ်လာပြီး ငွေလိမ်တော့မယ်။ နီပိန်းတွေ ဂျင်းထည့်ခံဖို့ ငွေစုထားကြပေါ့ 😂 https://t.me/privat
ကဗျာ‌တွေစပ်နေပြီဆိုတော့ ပရော့ဂျက် အသစ်လာပြီး ငွေလိမ်တော့မယ်။ နီပိန်းတွေ ဂျင်းထည့်ခံဖို့ ငွေစုထားကြပေါ့ 😂 https://t.me/privatephoehtaung

တကယ်တိုက်ရင် ဘာသံမှ မထွက်ဘူး။ အလစ်အငိုက်ပဲ ချတတ်တဲ့ကောင်တွေ။ D-Day အသံပေးနေရင် တမင်ခြောက်နေတာ။ အေးဆေးသာအိပ်ကြ အမျိုးတို့။ https://t.me/privatephoehtaung

ရုရှားစစ်သားတစ်ယောက် တင်ထားတဲ့ ဗီဒီယို။ ဒရုန်းလာနေတာကို အချက်ပြတဲ့အာရုံခံ ကိရိယာလေးပါ။ ဒရုန်းအမျိုးအစားနဲ့ အနီးအဝေးပါပြတယ်။ ကြိုသိရပြီး အနီး‌ရောက်မှ ဂျမ်မာ ဖွင့်လိုက်‌တော့ပျက်ကျသွားတယ်။ ဂျမ်မာ တချိန်လုံး ဖွင့်ထားဖို့မလိုဘူး။ အလုပ်မဖြစ်တဲ့ ဂျင်းဂျန်မာတွေ ဝယ်မဲ့အစား ဒါမျိုးလေးတွေ စစ်သည်တိုင်းမှာရှိရင် အသက်တွေ အများကြီးကယ်တင်နိုင်မယ်။ https://t.me/privatephoehtaung

MDY-PDF လမ်းကြောင်းတဲ့။ အင်အားကတော့ သိပ်မသေး။ အမြစ်မဖြတ်ခဲ့တဲ့ကျေးဇူးတွေပေါ့။ ကားတွေကတော့ ကျန်ခဲ့တဲ့ အရပ်သားကားတွေ ခိုးသုံးနေတာဖြစ်နိုင်ပါတယ်။ https://t.me/privatephoehtaung

တောင်သာမြို့နယ် ဝဲလောင်ရွာ ဗိုလ်ချုပ်ကြီး မိုးအောင်ရဲ့ ဖခင် စက်မှု ၁ ဝန်ကြီးဟောင်း ဦးအောင်သောင်းရဲ့ ဇာတိရွာဖြစ်တဲ့ တောင်သာမြိုနယ်၊ ဝဲလောင်ရွာ ရဲစခန်းကို PDF က Drop bomb ချ တိုက်ခိုက်ခဲ့ပါတယ်။ တောင်သာဆိုတာ ပြည်ခိုင်ဖြိုးအမာခံဒေသ။ တောင်သာသမိုင်း မရိုင်းရအောင် စစ်ကြောင်းထိုး ရှင်းလင်းရပါမယ်။ https://t.me/privatephoehtaung

ပြင်ဦးလွင်ကနေ တောင်ခမ်းကို လက်နက်ကြီးပစ်ကူ ဆက်တိုက်ပေးနေပါတယ်။ ပြင်ဦးလွင်ကို လာတိုက်လို့ ပစ်တာမဟုတ်ပါ။ မြို့ခံတွေ အေးဆေးနေပါ။ https://t.me/privatephoehtaung

ပြည်သူ့စစ်အမျိုးသမီးအာဂခေါင်းဆောင်လေးဦးပါ ဒေါ်သီတာယုမွန် (မြင်းခြံသူ မင်္ဂလဓမ္မမဏိဇောတဓရဘွဲ့ရ) ဒေါ်မြင့်မြင့်မော် (ကန့်ဘလူထန်းတောသူ အထက်တန်းပြဆရာမ) ဒေါ်မိမိမော် (သာစည်သူတောပုန်းကြီး ဗိုလ်စံဖဲဇာတိကန်လည်အုပ်ချုပ်ရေးမှုး) ဒေါ်သောင်း (ဟုမ္မလင်းသူ ကျန်းမာရေး ဆရာမ) မိမိဒေသငြိမ်းချမ်းဖို့ အသက်ကိုပဓါနမထားတဲ့အာဂအမျိုးသမီးတွေပါ၊ဂုဏ်ယူပါတယ်။မိမိဒေသငြိမ်းချမ်းဖို့စစ်မှုထမ်းဖို့ကြောက်နေပါသလား သူတို့ကိုကြည့်ပြီးအတုယူကြပါညီငယ်ညီမငယ်တို့။

တခြားအဖွဲ့တွေထားပါ။ နိုင်ငံအလံကို ခွေးမှာ ပတ်တဲ့၊ ဘုရားစေတီတွေကို တူနဲ့ ရိုက်ဖျက်တဲ့ တယုတ်ကျွန်အဖွဲ့ကို တစ်ခါမှ မနိုင်ပဲ တရှုံးတည်း ရှူံးနေတာ ရင်နာဖို့ကောင်းလွန်းတယ်။ တွေးမိရင် တချို့ညတွေ အိပ်လို့တောင်မပျော်ဘူး။ မှတ်လောက်အောင်ဆော်လိုက်ရတဲ့ သတင်းမျိုးမျှော်နေမိတယ်။ https://t.me/privatephoehtaung

၁။ ကိုယ်တစ်ဦးတည်းအမြင်အရတော့…. ဥပဒေပြဌာန်းလိုက်လို့ စစ်မှုထမ်းလာကြတာထက် နာကျည်းစိတ်ကြောင့် လက်နက်ကိုင်တဲ့ ပြည်သူ့စစ်တွေကို ပိုပြီး အလိုရှိတယ်။ ဥပမာ - အရေးအခင်းစဖြစ်ကာစက မင်းကင်းနယ်မှာ PDF တွေ စတိုက်တာခံခဲ့ရတဲ့ ပန်းဆက်ကုန်း လို ကျေးရွာမျိုးတွေကို ပိုပြီး အပြည့်အဝ ကာကွယ်ပေးတာမျိုး၊ လက်နက် တပ်ဆင်ပေးတာမျိုးကို ပိုပြီး အလိုရှိတာပါ။ ----- ၂။ သဘောတရားတစ်ခုရှိတယ်။ ရန်သူ့ရဲ့ ရန်သူကို မိတ်ဆွေလုပ်နိုင်တာ စစ်ရေးမှာ အကောင်းဆုံး အဖြေပါပဲ။ ဥပမာ KIA ကို ထောက်ချင်ရင် ရှမ်းနီကို BGF လို ဖြစ်လာအောင် ဆွေးနွေးပြီး လက်နက်တပ်ဆင်ပေးလိုက်တာ အကောင်းဆုံး အဖြေဖြစ်မယ် ထင်ပါတယ်။ လက်ရှိ KIA လွှမ်းမိုးနေတဲ့ ဒေသ တော်တော်များများက ရှမ်းနီတွေရဲ့ နေရာတွေ အတော် များပါတယ်။ ---- တောင်သာနဲ့ နွားထိုးကြီးကို နယ်မြေပြန်ထိန်းချင်ရင် မြင်းခြံက ပြည်သူစစ်ကိုသာ အပြည့်အဝ လူ/လက်နက်၊ ခဲယမ်းတွေ တပ်ဆင်ပေးလိုက်ပါ။ သူတို့ရဲ့ နယ်မြေကျွမ်းကျင်မှုကို ကောင်းကောင်းအသုံးချလို့ရပါတယ်။ နောက် ထပ်… ကန့်ဘလူမှာဆိုရင်လည်း ၅၅၀ ဆရာတော် ဦးဆောင်တဲ့ ပြည်သူ့စစ်တွေရှိပါတယ်။ လိုအပ်တာကိုသာ နောက်ကနေ နိုင်ငံတော်အဆင့် ထောက်ပံ့ပေးလိုက်ပါ။ ဒီပြည်သူ့စစ် တွေက ‘ကိုယ့်ကျေးရွာတွေကို ဖျက်စီး၊ အကြောင်းမဲ့ လူသတ် နေတဲ့ PDF တွေကို’ မခံချင်စိတ်နဲ့ လက်နက်ကိုင်လာကြတဲ့သူတွေပါ။ ဒီအစုအဖွဲ့ အားကောင်းမှ အပေါ်မှာရှိတဲ့ ကော်လင်း၊ ဝန်သို၊ အောက်မှာရှိတဲ့ ရေဦး၊ တန့်ဆည်တို့ကို နယ်မြေထိန်းနိုင်မှာပါ။ ---- ၃။ ပသစ ဆိုတဲ့ရှိပြီးသား အရင်းအမြစ်တွေကို အကျိုးရှိရှိ ကောင်းကောင်း အသုံးပြုသင့်တယ် လို့ မြင်ပါတယ်။ တပ်မတော်နဲ့ ဆက်ဆံရေးကောင်းတဲ့ မိတ်ဖက် မဟာမိတ်အဖွဲ့တွေကို လည်း နိုင်ငံရေးအပေးအယူ ထပ်လုပ်ပြီး တဖက်ဖက်ကို အထိန်းအညှိပုံစံမျိုး ကစား နိုင်ရင် ပိုပြီး ကောင်းပါတယ်။ EAO တဖွဲ့ချင်စီတိုင်း အင်အား သောင်းချီရှိတဲ့အနေအထားမှာ နေရာမျိုးစုံမှာဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို တပ်မတော်တစ်ခုတည်း ကျားကန်နေရတဲ့ အနေအထားမှာ အပေါ်က ဆိုခဲ့တဲ့ သဘောတရားကိုသာ ပီပီပြင်ပြင် အသုံးချနိုင်ရင် အကျိုးများလိမ့်မယ်လို့ ယူဆမိပါတယ်။ (နရီမိုး)

Repost from SittNweOo
❗️စစ်ကိုင်းတိုင်း ချောင်းဦးမြို့ အမြင့်ရဲစခန်းကို အကြမ်းဖက် PDFများက မနေ့ညနေ ကတည်းက ပိတ်ဆို့ ထားပါတယ် ရွာသားတွေကို ရွာကနေ ဒီကနေ့ နောက်ဆုံးထား ထွက်ခွါဖို့ ပြောကြားထားကြောင်း မိမိ အမာခံမှ သတင်းပေးပ်ု့လာပါတယ် ဖိဖိစီးစီး ဆောင်ရွက်ပေးကြပါ #MaNawMyayTeam

Repost from View of Sue
သူများ စိတ်ဓါတ် တက်အောင် ရေးမပေးနိုင်ပါ ကိုယ်တိုင်တောင် လဲပြိုကျနေတာ စိတ်ခွန်အားမပေးနိုင်ဘူးထင်ရင်လည်း လာမဖတ်ကြနဲ့ပေါ့ သေချာတာတခုက သတင်းမှားမတင်ပါ Channel စ ထောင်ကတည်းက ဘယ်သူမှ လာဖတ်ပါလို့ ဖိတ်မထားပါ ဘယ်အဖွဲ့အတွတ်မှလည်း ရေးပေးနေတာ မဟုတ်ဘူး စိတ်ဓါတ်တက်စေချင်ရင် Mndaa, tnla သိမ်းထားတဲ့ မြို့တစ်ခု လောက်ပြန်သိမ်းပြ ကျန်တာကတော့ ဘာလုပ်လုပ်၊ ဘာပြောပြော ရင်မခုန်ပါ။