7 127
مشترکین
-124 ساعت
-57 روز
+130 روز
در حال بارگذاری دادهها
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
نوامبر '26نوامبر '26
نوامبر '26
+80
در 1 کانالها
اکتبر '26
+106
در 1 کانالها
Get PRO
سپتامبر '26
+131
در 1 کانالها
Get PRO
اوت '26
+140
در 1 کانالها
Get PRO
ژوئیه '26
+161
در 1 کانالها
Get PRO
ژوئن '26
+283
در 1 کانالها
Get PRO
مه '26
+168
در 1 کانالها
Get PRO
آوریل '26
+164
در 1 کانالها
Get PRO
مارس '26
+96
در 1 کانالها
Get PRO
فوریه '26
+102
در 1 کانالها
Get PRO
ژانویه '26
+87
در 1 کانالها
Get PRO
دسامبر '25
+76
در 1 کانالها
Get PRO
نوامبر '25
+108
در 1 کانالها
Get PRO
اکتبر '25
+127
در 1 کانالها
Get PRO
سپتامبر '25
+128
در 1 کانالها
Get PRO
اوت '25
+147
در 1 کانالها
Get PRO
ژوئیه '25
+235
در 1 کانالها
Get PRO
ژوئن '25
+168
در 1 کانالها
Get PRO
مه '25
+247
در 1 کانالها
Get PRO
آوریل '25
+27
در 1 کانالها
Get PRO
مارس '25
+196
در 4 کانالها
Get PRO
فوریه '25
+242
در 2 کانالها
Get PRO
ژانویه '25
+1 108
در 3 کانالها
Get PRO
دسامبر '24
+655
در 3 کانالها
Get PRO
نوامبر '24
+1 060
در 5 کانالها
Get PRO
اکتبر '24
+338
در 1 کانالها
Get PRO
سپتامبر '24
+295
در 3 کانالها
Get PRO
اوت '24
+445
در 3 کانالها
Get PRO
ژوئیه '24
+199
در 1 کانالها
Get PRO
ژوئن '24
+306
در 1 کانالها
Get PRO
مه '24
+200
در 2 کانالها
Get PRO
آوریل '24
+120
در 1 کانالها
Get PRO
مارس '24
+286
در 2 کانالها
Get PRO
فوریه '24
+200
در 1 کانالها
Get PRO
ژانویه '24
+310
در 1 کانالها
Get PRO
دسامبر '23
+160
در 1 کانالها
Get PRO
نوامبر '23
+52
در 1 کانالها
Get PRO
اکتبر '23
+91
در 1 کانالها
Get PRO
سپتامبر '23
+720
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 25 نوامبر | 0 | |||
| 24 نوامبر | +1 | |||
| 23 نوامبر | +3 | |||
| 22 نوامبر | +4 | |||
| 21 نوامبر | +2 | |||
| 20 نوامبر | 0 | |||
| 19 نوامبر | +5 | |||
| 18 نوامبر | 0 | |||
| 17 نوامبر | +7 | |||
| 16 نوامبر | +2 | |||
| 15 نوامبر | 0 | |||
| 14 نوامبر | +3 | |||
| 13 نوامبر | +5 | |||
| 12 نوامبر | +6 | |||
| 11 نوامبر | +5 | |||
| 10 نوامبر | +2 | |||
| 09 نوامبر | +4 | |||
| 08 نوامبر | +6 | |||
| 07 نوامبر | +6 | |||
| 06 نوامبر | +3 | |||
| 05 نوامبر | +4 | |||
| 04 نوامبر | +3 | |||
| 03 نوامبر | +4 | |||
| 02 نوامبر | +3 | |||
| 01 نوامبر | +2 |
پستهای کانال
#ContentWriterbySaung
#GraphicDesignbyLuni
#Hypen_Edu
#AITool #GeminiNotebook
#StudentTips
22 نوامبر, 06:30
22 نوامبر, ~06:40
| 2 | အခုချိန်ထိ စာအုပ်ကြီးတွေ တပွေ့တပိုက်နဲ့ လေ့လာနေတုန်းလား ⁉️
ဒီနေ့ခေတ်လို လေ့လာစရာတွေများတဲ့ ခေတ်ကြီးထဲမှာ ဖတ်ရမဲ့ Resource တွေကလဲများ၊ Research လုပ်ဖို့ အကြောင်းအရာတွေကလဲ တစ်ပုံတစ်ပင်နဲ့ ဘယ်ကနေစလို့ စရမှန်းမသိအောင် ခေါင်းခြောက်နေတဲ့ Hypers🎓 လေးတွေ ရှိကြမလားနော် 🤔
ဒီတစ်ခေါက်မှာတော့ Hypen ကနေ ထောင်ချီတဲ့ စာမျက်နှာတွေနဲ့ Research တွေကြားမှာ ရုန်းကန်နေရသူတွေအတွက် အချိန်ကုန်သက်သာစေမဲ့ AI Tool လေးတစ်ခုကို ယူဆောင်လာခဲ့ပါပြီ ✨
🤖 အဲဒါကတော့ ကျောင်းသားတွေနဲ့ အကြောင်းအရာသစ်တစ်ခုကို လေ့လာနေသူတိုင်းအတွက် အကောင်းဆုံးမိတ်ဆွေဖြစ်လာမဲ့ Google ရဲ့ AI Research & Learning Assistant တစ်ခုဖြစ်တဲ့ 𝐆𝐞𝐦𝐢𝐧𝐢 𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤 ပဲဖြစ်ပါတယ်။ အရင်က NotebookLM လို့လဲ သိကြပြီး သုတေသနလုပ်ဖို့နဲ့ လေ့လာစရာတွေကို အလွယ်တကူ အနှစ်ချုပ် (Summary) လေ့လာနိုင်ဖို့ အသုံးပြုတဲ့ Tool တစ်ခုပါ။ ဒါ့အပြင် သူ့ရဲ့ထူးခြားချက်ကတော့ တခြား AI တွေနဲ့မတူဘဲ ကိုယ်ပေးတဲ့ Source တွေပေါ်မှာသာ အခြေခံပြီး တိကျတဲ့ အချက်အလက်ကို ပြန်ဖြေပေးတာဖြစ်လို့ Hypers🎓 လေးတို့အနေနဲ့ ယုံယုံကြည်ကြည် အသုံးပြုနိုင်ပါတယ်နော်။
ဒါဆိုရင် 𝐆𝐞𝐦𝐢𝐧𝐢 𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤 ရဲ့ လွယ်ကူရိုးရှင်းတဲ့ အသုံးပြုပုံကို တစ်ချက်ကြည့်လိုက်ရအောင် 👉
🔹 Step 1 - Website ထဲဝင်ပြီး Notebook အသစ်တစ်ခု ဖွင့်ခြင်း
ဖုန်း ဒါမှမဟုတ် ကွန်ပျူတာ Browser ကနေတစ်ဆင့် notebook.google.com ကိုသွားပြီး ကိုယ့်ရဲ့ Gmail အကောင့်နဲ့ Sign in လုပ်ပါ။ အဲဒီနောက်မှာ “New notebook” ကိုနှိပ်ပြီး Notebook တစ်ခုဖန်တီးနိုင်ပါတယ်။
🔹 Step 2 - လေ့လာမဲ့ Source တွေကို ထည့်သွင်းခြင်း
“Add Source” ဆိုတာကိုနှိပ်ပြီး ကိုယ်လေ့လာချင်တဲ့ PDF ဖိုင်တွေ၊ Google Docs၊ Website Link ဒါမှမဟုတ် YouTube ဗီဒီယိုလင့်ခ်တွေကို ထည့်သွင်းပေးပါ။
🔹 Step 3 - လိုချင်တာ၊ သိချင်တာကို မေးမြန်းခြင်း
AI က ကိုယ်ထည့်ပေးလိုက်တဲ့ Source တွေကနေတစ်ဆင့် အချက်အလက်တွေကို စုစည်းပေးထားပြီဖြစ်လို့ သိချင်တာကို မြန်မာလိုဖြစ်စေ၊ အင်္ဂလိပ်လိုဖြစ်စေ မေးမြန်းနိုင်ပါပြီ။
✅ ဒါနဲ့ အချက်အလက် မှန်၊ မမှန်ကို စစ်ဆေးနိုင်ဖို့ သိထားရမဲ့ အချက်လေးတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ AI ကနေ ပြန်ဖြေပေးလာတဲ့ အဖြေစာကြောင်းတွေရဲ့ ဘေးကနံပါတ် (Citation) လေးတွေကို နှိပ်လိုက်ရုံနဲ့ ကိုယ်ထည့်ထားတဲ့ Source ရဲ့ ဘယ်နေရာကနေ ကိုးကားထားလဲဆိုတာကိုပါ သိနိုင်တာပါပဲ။
အခုဆိုရင် အခြေခံအသုံးပြုပုံ အဆင့်ဆင့်ကိုလဲ သိရှိသွားပြီဆိုတော့ ဘယ်လိုနေရာတွေမှာ အကျိုးရှိရှိ အသုံးပြုနိုင်လဲဆိုတာကို သူ့ရဲ့ Studio Panel ထဲမှာရှိတဲ့ Key Feature တွေနဲ့ အတူ ဆက်လေ့လာကြည့်ကြစို့နော် Hypers🎓 လေးတို့ရေ။
✍️ စာလေ့လာမဲ့ ကျောင်းသားများ
စာမေးပွဲနီးလို့ စာမျက်နှာရာချီတဲ့ သင်ခန်းစာတွေကို အချိန်တိုအတွင်း Revision ပြန်လုပ်နိုင်ဖို့ Study Guide ကနေ Key Concept တွေထုတ်ခိုင်းပြီး အဓိကအချက်တွေကိုပဲ ပြန်ကြည့်နိုင်ပါတယ်။ ဒါ့အပြင် စာရ၊ မရ ပြန်စစ်ဆေးနိုင်ဖို့ Flashcard နဲ့ Quiz တွေ ထုတ်ခိုင်းပြီးလဲ လေ့ကျင့်နိုင်ပါသေးတယ်။
🌱 ဘာသာစကားနဲ့ Skill အသစ်ကို လေ့လာနေသူများ
YouTube ကနေ နာရီနဲ့ချီကြာတဲ့ သင်ခန်းစာတွေကို ကြည့်ဖို့ အချိန်မပေးနိုင်တဲ့အခါ ဗီဒီယိုလင့်ခ်ကိုထည့်ပြီး Audio Overview ကိုနှိပ်လိုက်ရုံနဲ့ လူနှစ်ယောက် အပြန်အလှန်ဆွေးနွေးတဲ့ Podcast ပုံစံ ပြောင်းလဲနိုင်တာကြောင့် အချိန်မရွေး နားထောင်ပြီး လေ့လာနိုင်ပါတယ်။ ရှုပ်ထွေးတဲ့ သင်ခန်းစာတွေကိုလဲ Mind Map သုံးပြီး ရှင်းရှင်းလင်းလင်း မှတ်သားနိုင်မှာပါ။
🧑💼 အလုပ်ရှာနေသူများနဲ့ လုပ်ငန်းခွင်ဝင်မဲ့သူများ
ကိုယ်လျှောက်မဲ့ အလုပ်ရဲ့ Job Description နဲ့အတူ ကုမ္ပဏီအကြောင်းကို ထည့်ပေးရုံနဲ့ အင်တာဗျူးမှာ ကြုံရမဲ့ မေးခွန်းတွေအတွက် FAQ ပုံစံနဲ့ ကြိုတင်ပြင်ဆင်ပြီး လေ့ကျင့်ထားနိုင်ပါတယ်။ လုပ်ငန်းခွင်ထဲမှာလဲ Meeting Note တွေ၊ Research ဖိုင်တွေကို အခြေခံပြီး Presentation အတွက် Slide Deck ကိုပါ တစ်ခါတည်း ဖန်တီးလို့ရပါသေးတယ်။
💡 ဒါတွေတင်မကသေးဘဲ 𝐆𝐞𝐦𝐢𝐧𝐢 𝐍𝐨𝐭𝐞𝐛𝐨𝐨𝐤 က နယ်ပယ်အသီးသီးအတွက် အသုံးဝင်တာမို့ အသုံးပြုနည်းကိုသာ သိထားမယ်ဆိုရင် ဘယ်အချိန်မဆို ကိုယ့်အတွက် အရေးပါတဲ့ Tool တစ်ခု ဖြစ်နေမှာပါ။ ဒါကြောင့် ကိုယ့်ရဲ့ အချိန်လေးတွေကို တန်ဖိုးထားရင်း ခေတ်ရေစီးကြောင်းမှာလဲ နောက်ကျမကျန်ခဲ့ရအောင် စမ်းသုံးကြည့်ဖို့ အကြံပေးချင်ပါတယ် Hypers🎓 လေးတို့ရေ။
အခုလို ဒီနေ့ခေတ်ရဲ့ နည်းပညာတွေကနေစပြီး ရှေးဟောင်းဗဟုသုတတွေအထိ အမျိုးအစားစုံလင်တဲ့ Content တွေကို ❝ လူငယ်တွေမှ လူငယ်တွေဆီသို့ ❞ မျှဝေပေးနေတဲ့ Hypen နဲ့အတူ ဆက်ပြီးရှိသွားနိုင််ဖို့ Follow လုပ်ထားပေးကြအုံးနော် 💛
💡 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
💡 𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypenorg
💡 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz | 284 |
| 3 | #ContentWriterbySaung
#GraphicDesignbyLuni
#Hypen_Edu
#AITool #GeminiNotebook
#StudentTips | 1 |
| 4 | بدون متن... | 235 |
| 5 | ဒါနဲ့ Hypers🎓 လေးတို့ရဲ့ ငယ်ဘဝ အတွေ့အကြုံတွေကရော ကိုယ့်ရဲ့ အခုလက်ရှိ ကိုယ်ရည်ကိုယ်သွေး (Personality) အပေါ် ဘယ်လိုပုံစံမျိုးနဲ့ သက်ရောက်နေတယ်လို့ ထင်ကြလဲနော်။
ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ Psychology အကြောင်းအရာတွေကို ဆက်ဖတ်ချင်တယ်ဆိုရင်တော့ Hypen Org ကို Follow လုပ်ထားဖို့ပဲ လိုပါတယ်ဗျာ 📲
❝ လူငယ်တွေမှ လူငယ်တွေဆီသို့... 🕊️ ❞
💫 Hypen Organization Channel
https://t.me/hypenorg
💫 Hypen Facebook Page
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
💫 Hypen Tiktok Acc
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentWriterbyShune
#GraphicDesignbyY
#Hypen_Edu
#HowDoesChildhoodShapeOurAdultPersonality
#Psychology #ChilhoodDevelpoment | 317 |
| 6 | ❝ လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေအတွက် အတိတ်က ဘယ်လိုပုံဖော်ပေးခဲ့သလဲ ⁉️ ❞
Hypers🎓 လေးတို့ရဲ့ အခုလက်ရှိ အပြုအမူတွေ၊ တွေးခေါ်ပုံတွေနဲ့ လူတွေအပေါ် ဆက်ဆံတဲ့ပုံစံတွေဟာ ဟိုအရင် ငယ်ဘဝတုန်းက ပုံဖော်ပေးခဲ့တဲ့ ခြေလှမ်းတွေပါလို့ ပြောရင် ယုံကြမလား❕
🪆 တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ် အမြဲ သံသယဝင်နေတာ၊ လူတွေနဲ့ ရင်းနှီးရခက်နေတာတွေက ကိုယ့်အပြစ်လို့ တွေးနေမိပြီဆိုရင်တော့ မှားနေပါပြီနော်။ ဒီလိုခက်ခဲနေတာမျိုးတွေဟာ Hypers🎓 လေးတို့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် မဟုတ်ဘဲ ငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေးတွေကြောင့် ဖြစ်နေတတ်ပါတယ်။ တကယ်တော့ ကလေးဘဝဆိုတာ ရိုးရှင်းတဲ့ အချိန်ကာလတစ်ခုတင် မဟုတ်ဘဲ နောင်တစ်ချိန်မှာ ကိုယ်ကိုယ်တိုင် ဖြစ်လာမဲ့ လူသားတစ်ယောက်ရဲ့ အခြေခံအုတ်မြစ်ကြီးတစ်ခုပါပဲ။ ဒီအုတ်မြစ်ပေါ်မှာပဲ Hypers🎓 လေးတို့ရဲ့ ဦးနှောက်၊ စိတ်ခံစားချက်နဲ့ ကိုယ်ရည်ကိုယ်သွေးတွေဟာ တစ်စထက်တစ်စ တည်ဆောက်လာကြတာ ဖြစ်ပါတယ် 𓏠
🔎 American Psychological Association (APA) ရဲ့ သုတေသနတွေအရဆိုရင် ကလေးဘဝမှာ မိဘတွေဆီက ချစ်ခင်ဂရုစိုက်မှုနဲ့ နွေးထွေးမှုကို အပြည့်အဝရရှိခဲ့တဲ့သူတွေဟာ ကြီးပြင်းလာတဲ့အခါ အသစ်အဆန်းတွေကို လက်ခံလိုစိတ် (Openness)၊ တာဝန်ယူမှုနဲ့ စည်းကမ်းရှိမှု (Conscientiousness) အပြင် သူတစ်ပါးနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှု (Agreeableness) တို့လို ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို ပိုမိုပိုင်ဆိုင်ကြရပါတယ်တဲ့။ ဒါ့အပြင် Harvard University ရဲ့ လေ့လာချက်တွေအရလဲ ငယ်စဉ်က ဒီလိုနွေးထွေးတဲ့ ဆက်ဆံရေးတွေ ရရှိထားခြင်းက ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ အနာဂတ်သင်ယူနိုင်စွမ်းတွေအတွက် အလွန်တရာ အရေးကြီးကြောင်းကိုပါ သိရပါသေးတယ် 💪🏻
🐾 တစ်ဖက်မှာလဲ မိဘတွေရဲ့ လျစ်လျူရှုမှုတွေနဲ့ မတည်ငြိမ်တဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာရတာက စိတ်ဖိစီးမှုကို တုံ့ပြန်ပုံနဲ့ လူမှုဆက်ဆံရေးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ Hypers🎓 လေးတို့ သိထားသင့်တာက အဲဒီလို ဆိုးရွားတဲ့ အတွေ့အကြုံရှိတိုင်း အမြဲတမ်း ရောဂါရှိနေတဲ့ အခြေအနေ (သို့) PTSD အဆင့်ထိ ဖြစ်သွားတာတော့ လုံးဝမဟုတ်ပါဘူး။ စောစီးစွာ ကုသမှုခံယူခြင်းနဲ့ ကျွမ်းကျင်သူတွေဆီက အကြံဉာဏ်ရယူခြင်းအားဖြင့် အလွယ်တကူ ပြန်လည်ကုစားနိုင်ပါတယ်။ ဒါကြောင့်လဲ ကလေးဘဝမှာ ကြီးပြင်းလာခဲ့ရတဲ့ ပတ်ဝန်းကျင်က အရွယ်ရောက်လာတဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို အများကြီး ပုံဖော်ပေးတယ်လို့ ဆိုရတာပါ 🖌️
ဒီလို ကလေးတစ်ယောက်နဲ့ သူ့ကိုပြုစုစောင့်ရှောက်သူ (Caregiver) ကြားက ဆက်ဆံရေးပေါ်မူတည်ပြီး လူတစ်ယောက်ရဲ့ တွယ်တာမှုပုံစံ (Attachment style) တွေကလဲ အဓိကအားဖြင့် ၄ မျိုး ကွဲပြားသွားတတ်ပါတယ် 🫂
❤️ Secure Attachment (လုံခြုံစိတ်ချရသော တွယ်တာမှု)
မိဘဆီက နားလည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပုံမှန်ရရှိခဲ့တဲ့ ကလေးတွေဟာ အရွယ်ရောက်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကို အကောင်းဆုံး တည်ဆောက်နိုင်ကြပါတယ်။
🧡 Anxious-Ambivalent Attachment (စိုးရိမ်ပူပန်မှုများသော တွယ်တာမှု)
မိဘရဲ့ ဂရုစိုက်မှုနဲ့ တုံ့ပြန်မှုတွေကို တစ်ခါတစ်ရံမှ ရတဲ့သူတွေကတော့ တည်ငြိမ်မှုမရှိတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရသူတွေဖြစ်တာကြောင့် အရွယ်ရောက်လာတဲ့အခါ သူများတွေ ကိုယ့်ကို မချစ်တော့မှာ၊ စွန့်ပစ်သွားမှာကို စိုးရိမ်ပူပန်တတ်ကြပြီး အမြဲမလုံခြုံသလို ခံစားနေရတတ်ပါတယ်။
💚 Avoidant Attachment (ရှောင်ရှားတတ်သော တွယ်တာမှု)
အချို့ကတော့ ငယ်စဉ်က ကိုယ့်ရဲ့ စိတ်ခံစားချက်နဲ့ လိုအပ်ချက်တွေကို ပြုစုစောင့်ရှောက်သူက မကြာခဏ လျစ်လျူရှုတာ၊ တုံ့ပြန်မှုနည်းတာတွေကို ခံစားခဲ့ရသူတွေပါ။ ဒါကြောင့် ကြီးလာတဲ့အခါ သူများအပေါ် မှီခိုရမှာကို မကြိုက်ဘဲ ပြဿနာတွေကို တစ်ယောက်တည်း ကြိတ်မှိတ်ဖြေရှင်းတတ်ကြပါတယ်။
🩶 Disorganized Attachment (မတည်ငြိမ်သော တွယ်တာမှု)
လုံခြုံမှုပေးရမဲ့သူဆီကနေ တစ်ချိန်တည်းမှာ ကြောက်ရွံ့မှုကိုပါ ခံစားခဲ့ရတဲ့ အခြေအနေမျိုးနဲ့ ကြီးပြင်းလာရသူတွေအတွက်တော့ အရွယ်ရောက်လာတဲ့အခါ သူတစ်ပါးနဲ့ ရင်းနှီးချင်ပေမဲ့ ယုံကြည်ရခက်နေပြီး စိတ်မလုံခြုံတဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေတတ်ပါတယ်။
☄️ ဒီလိုမျိုး ကလေးဘဝက အခြေအနေတွေ၊ တွယ်တာမှုပုံစံတွေက အရွယ်ရောက်လာတဲ့ ကိုယ့်အပေါ် သက်ရောက်မှုရှိတယ်ဆိုပေမဲ့ အဲဒါတွေကပဲ ကိုယ့်ဘဝရဲ့ အနာဂတ်တစ်ခုလုံးကို အပြည့်အဝ အဆုံးအဖြတ်ပေးလိုက်တာမျိုးတော့ မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ဖြတ်သန်းလာခဲ့ရတဲ့ အတွေ့အကြုံတွေကနေ အချိန်မရွေး ပြန်လည်သင်ယူနိုင်ပါတယ်။ ဒါကြောင့် ငယ်ဘဝရဲ့ ဒဏ်ရာတွေ၊ အခက်အခဲတွေကို ကျော်လွှားပြီး တွေးခေါ်ပုံနဲ့ အပြုအမူအသစ်တွေကို ကိုယ်တိုင် ပြန်လည်ပုံဖော်တည်ဆောက်နိုင်စွမ်းက Hypers🎓 လေးတို့ရဲ့ လက်ထဲမှာပဲ အပြည့်အဝ ရှိနေတယ်လို့ ဆိုပါရစေ ✨ | 260 |
| 7 | بدون متن... | 213 |
| 8 | 🍽 အစာမကြေဘူး၊ ရင်ပူတယ်ဆိုရင်…
အစားအစာကို တစ်ခါတည်း အများကြီးစားတာထက် နည်းနည်းစီ စားတာက ပိုအဆင်ပြေနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီး ချက်ချင်းလှဲမနေဘဲ ခဏတစ်ဖြုတ် လမ်းလျှောက်တာ၊ ထိုင်တာမျိုး လုပ်ပေးပါ။ ဂျင်းလက်ဖက်ရည်လို အရည်တစ်မျိုးမျိုး သောက်သုံးပေးတာကလဲ အစာမကြေမှုကို သက်သာစေနိုင်ပါတယ်နော်။
💆♀️ တစ်နေရာတည်း ကြာကြာထိုင်နေလို့ ကြွက်သားတွေ ကိုက်ခဲလာရင်…
🩺 အချိန်ကြာကြာထိုင်မနေဘဲ ခဏထပြီး ကိုယ်လက်ဆန့်ထုတ်ပေးပါ။ ကိုက်ခဲတဲ့နေရာကို ရေနွေးအိတ်ကပ်ပေးတာ၊ ညင်သာစွာ နှိပ်နယ်ပေးတာတွေလဲ လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးပြဿနာတိုင်း အိမ်မှာပဲ ကိုယ့်ဘာသာ ဖြေရှင်းလို့ရတယ်လို့တော့ မယူဆသင့်ပါဘူး။ နာကျင်မှုတွေ ပြင်းထန်တာ၊ မကြာခဏပြန်ဖြစ်တာ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေရှိလာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ Hypers🎓 လေးတို့ရေ။
☝️တကယ်တမ်းတော့ အိမ်မှာနေရတဲ့အချိန်ဆိုတာ ဘာမှမလုပ်ဘဲ ဖြတ်သန်းရမဲ့အချိန် မဟုတ်ဘဲ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို လှုပ်ရှားမှုတွေ လုပ်ပေးနိုင်တာအပြင် အခြားနည်းလမ်း အမျိုးမျိုးနဲ့လဲ စိတ်ရော ကိုယ်ပါ အနားပေးနိုင်တယ်ဆိုတာ သိသွားလောက်ကြပြီထင်ပါတယ်။ ဒါနဲ့ စကားမစပ် Hypers🎓 လေးတို့ရော အိမ်မှာ အားတဲ့အချိန်ဆို ဘာတွေလုပ်လေ့ရှိကြလဲ❓
🏃♀️ Exercise လုပ်တာလား၊
📚 စာဖတ်တာလား၊
🎨 Hobby တစ်ခုခုလုပ်တာလား၊
🎮 Game ကစားတာလား၊
🎬 Movie ဒါမှမဟုတ် Series ကြည့်တာလား။
💭 ကိုယ်အကြိုက်ဆုံး Activity လေးတွေရှိရင်လဲ Comment မှာ မျှဝေပေးခဲ့ပါအုံး။ အခုလို ❝ လူငယ်တွေမှ လူငယ်တွေဆီသို့ ❞ ဆောင်ပုဒ်လေးနဲ့အညီ လူငယ်တွေအတွက် အကျိုးရှိစေမဲ့ ဗဟုသုတရဖွယ် Self-Development နဲ့ဆိုင်တဲ့ Content လေးတွေကို အမြဲတင်ဆက်ပေးနေတဲ့ Hypen ရဲ့ Platform တွေကိုလဲ Follow လုပ်ထားဖို့ မမေ့ပါနဲ့နော် 💟✨
🧩 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
🧩 𝐇𝐲𝐩𝐞𝐧 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypenedu
🧩 𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypenorg
🧩 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞
https://www.tiktok.com/@hypen_org
#ContentWriterbyCeleste
#GraphicDesignbyEaint
#Hypen_Org
#Self_Development
#IndoorActivities | 301 |
| 9 | ❝ အိမ်မှာနေရင်း စိတ်ရော ကိုယ်ပါ ကျန်းမာအောင် ဘယ်လိုဂရုစိုက်ကြမလဲ🧘♀️ ❞
📱 ယနေ့ခေတ်မှာ ကျောင်းတက်ရတာ၊ အလုပ်လုပ်ရတာ၊ စာလေ့လာရတာတွေနဲ့ တစ်နေ့တာ အချိန်တွေကို အိမ်မှာနေရင်းပဲ ကုန်ဆုံးနေကြတဲ့သူတွေ အများကြီးရှိလာပါတယ်။ အထူးသဖြင့် ဖုန်း၊ လက်ပ်တော့နဲ့ ကွန်ပျူတာတွေရှေ့မှာ အချိန်ကြာကြာ ထိုင်နေရတာ၊ အပြင်ထွက်ပြီး လှုပ်ရှားဖို့ အချိန်မပေးနိုင်တာတွေကြောင့် တစ်ခါတလေ ကိုယ်လက် ပင်ပန်းလာပြီး စိတ်လဲ ငြီးငွေ့လာတတ်ပါတယ်။
💬 ဒါကြောင့် ဒီနေ့မှာတော့ Hypers🎓 လေးတို့အတွက် အပြင်မထွက်ဖြစ်တဲ့ နေ့ရက်တွေမှာတောင် အိမ်မှာနေရင်းပဲ လုပ်လို့ရတဲ့၊ ကျန်းမာရေးအတွက်လဲ အထောက်အကူဖြစ်စေတဲ့ Activity လေးတွေကို ပြောပြပေးသွားမှာမို့လို့ အဲဒီအရာလေးတွေက ဘာတွေဖြစ်မလဲဆိုတာ Hypen နဲ့အတူတူ တစ်ခုချင်းစီ လေ့လာကြည့်လိုက်ရအောင် 🙌
🏃♀️ ပထမဆုံး ကိုယ်ခန္ဓာလှုပ်ရှားမှု ပြုလုပ်ပေးပါ။
ခန္ဓာကိုယ်က တစ်နေကုန် အထိုင်များတဲ့အခါမျိုးမှာ လှုပ်ရှားမှုနည်းတာကြောင့် အရမ်းပင်ပန်းနေသလို ခံစားရတတ်ပါတယ်။ အဲဒီလိုဖြစ်လာတဲ့အခါ Hypers🎓 လေးတို့အနေနဲ့ အိမ်ထဲမှာတင် လုပ်ကြည့်လို့ရတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေနဲ့ စတင်ပြီး တောင့်တင်းမှုတွေကို ဖြေလျှော့နိုင်ပါတယ်။
🙆🏻♀️ ကိုယ်ခန္ဓာတင်းမာမှုကို ဖြေလျော့တဲ့ နည်းလမ်းတွေထဲမှာမှ Stretching (ဆန့်ထုတ်ခြင်း) ကတော့ ရိုးရှင်းလွယ်ကူပြီး လူတိုင်းနီးပါး လုပ်နိုင်တဲ့အရာတစ်ခုပါ။ Laptop ရှေ့၊ စာကြည့်စားပွဲရှေ့မှာ အချိန်ကြာကြာထိုင်နေတာကြောင့် တင်းကျပ်လာတဲ့ ကြွက်သားတွေကို ဖြေလျော့ပေးဖို့ ခန္ဓာကိုယ်ကို ညင်သာစွာ ဖြည်းဖြည်းချင်း ဆန့်ထုတ်ပေးပြီး တောင့်တင်းမှုကို လျှော့ချနိုင်ပါတယ်။
🧘♀️ နောက်ထပ်တစ်ခုအနေနဲ့ဆိုရင် Yoga လုပ်ကြည့်ပါ။
စိတ်ကို Relax ဖြစ်စေသလို ကိုယ်ခန္ဓာဟန်ချက်ညီမှုကိုလဲ ကောင်းမွန်စေတာကြောင့် အနည်းဆုံး တစ်နေ့ကို မိနစ် (၂၀) လောက် အချိန်ပေးပြီး တင်းမာနေတဲ့ ကြွက်သားတွေကို ဖြေလျှော့ကြည့်နိုင်ပါတယ်။ ဒါ့အပြင် ပစ္စည်းကိရိယာတွေ အများကြီးမလိုအပ်တဲ့ Push-ups, Squats, Planks တို့လို Bodyweight လေ့ကျင့်ခန်းတွေကိုလဲ ကိုယ့်ခန္ဓာကိုယ်အနေအထားအလိုက် ပြုလုပ်လို့ ရနိုင်ပါသေးတယ်နော်။
🚶♀️အကယ်၍ အချိန်မပေးနိုင်ဘူးဆိုရင် အိမ်ထဲမှာပဲ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာ၊ လှေကားရှိရင်တော့ အတက်အဆင်းလုပ်ရင်း လှုပ်ရှားတာမျိုး လုပ်ကြည့်ပါ။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းတဲ့ Hypers🎓 လေးတွေကတော့ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းတစ်ခုခုဖွင့်ပြီး စိတ်လွတ်ကိုယ်လွတ် ကခုန်တာမျိုး လုပ်ကြည့်နိုင်ပါတယ်။ ဒီလိုလုပ်တာကလဲ ကိုယ်လက်လှုပ်ရှားလိုက်တာနဲ့ အတူတူပါပဲ 🎶
🧠 ဒါပေမဲ့ တစ်ခုရှိတာက ကိုယ်ခန္ဓာကြီးပဲ လှုပ်ရှားနေရုံနဲ့ မလုံလောက်ဘဲ ဦးနှောက်နဲ့ စိတ်ကိုလဲ လှုပ်ရှားပေးဖို့ လိုအပ်ပါသေးတယ် Hypers🎓 လေးတို့ရေ။ တစ်နေကုန် အိမ်မှာနေရင်း TikTok, Reels တွေနဲ့ AI ဇာတ်လမ်းတွေ ထိုင်ကြည့်မဲ့အစား ဦးနှောက်ကို အလုပ်တစ်ခုခုခိုင်းကြည့်ပါ။ ဥပမာပြောရရင်. . .
📖 စိတ်ဝင်စားတဲ့ စာအုပ်တစ်အုပ် ဖတ်တာ၊
🌏 ဘာသာစကား အသစ်တစ်ခု လေ့လာတာ၊
🧩 Crossword Puzzle နဲ့ Sudoku လို ဉာဏ်စမ်းပဟေဠိတွေ ဖြေကြည့်တာ၊
♟ Chess ကစားပြီး ကိုယ့်ရဲ့ ဆုံးဖြတ်နိုင်စွမ်းကို လေ့ကျင့်တာ၊
✍️ တစ်နေ့တာမှာ ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်လိုခံစားခဲ့ရလဲဆိုတာ Diary ထဲမှာ ချရေးကြည့်တာမျိုးကို တစ်နေ့မှာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ပဲဖြစ်ဖြစ် ကိုယ့်ဦးနှောက်အတွက် အချိန်ပေးရင်း တက်ကြွလန်းဆန်းမှုကို ထိန်းထားနိုင်ပါတယ်။
❗️တစ်ခါတလေ အိမ်မှာနေရတာ ပျင်းတယ်ဆိုတာ လုပ်စရာမရှိလို့ မဟုတ်ဘဲ လုပ်စရာအသစ် ရှာမတွေ့လို့လဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အသစ်အဆန်းတစ်ခုခု ဒါမှမဟုတ်လဲ ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုခု စမ်းလုပ်ကြည့်ပါ။ ဥပမာ…
🍳 Recipe အသစ်တစ်ခု စမ်းချက်တာ၊
🎨 အပျင်းပြေ ပန်းချီဆွဲတာ၊
🌱 အပင်လေးတစ်ပင် စိုက်တာ၊
🧹 အခန်းကို သန့်ရှင်းရေးလုပ်ပြီး Furniture တွေ နေရာပြောင်းကြည့်တာ၊
📸 Photography, Video Editing နဲ့ Digital Design တို့လို Skill အသစ်တွေကို သင်ကြည့်တာမျိုးပေါ့။ တစ်ခါတစ်ရံ ကိုယ်မကြိုက်ဘူးလို့ ထင်တဲ့အရာကို စမ်းကြည့်ပြီးမှ ကိုယ်တကယ်ဝါသနာပါတာကို ရှာတွေ့တာမျိုးလဲ ဖြစ်တတ်တာမို့ အချိန်အလဟဿ မဖြစ်စေပါဘူးနော် 🌱
ဒါပေမဲ့ အိမ်ထဲမှာ နေတာများတာကြောင့် လှုပ်ရှားမှုနည်းလို့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာရင်ရော ကိုယ့်ကိုယ်ကိုယ် ဘယ်လို ဂရုစိုက်ကြမလဲ ⁉️
🤕 တစ်နေ့လုံး ရေမသောက်ဖြစ်တာ၊ Screen ကို အချိန်ကြာကြာကြည့်နေရတာတွေကြောင့် ခေါင်းကိုက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ အဲဒီလိုအခါမှာ ရေကို လုံလောက်အောင် သောက်ပေးဖို့အပြင် ဖုန်းနဲ့ Computer Screen တွေမသုံးဘဲ တိတ်ဆိတ်တဲ့နေရာမှာ မျက်လုံးမှိတ်ပြီး ခဏလောက် အနားယူတာမျိုး လုပ်ကြည့်သင့်ပါတယ်။ စိတ်ဖိစီးမှုတွေနဲ့ အိပ်မပျော်တာကို ဖြေလျှော့ဖို့အတွက်တော့ အိပ်ရာဝင်ခါနီး Screen Time ကို လျော့ကြည့်တာ၊ ရေနွေးနွေးနဲ့ ရေချိုးကြည့်တာ၊ အိပ်ရာဝင်မဲ့အချိန်ကို ပုံမှန်ထားပေးတာမျိုး လုပ်ကြည့်ခြင်းဖြင့် ဂရုစိုက်လို့ရပါတယ် Hypers🎓 လေးတို့ရေ။ | 275 |
| 10 | بدون متن... | 239 |
| 11 | 🎊 ညဘက်တွေမှာတော့ အားလုံးသိထားကြတဲ့အတိုင်း ညမီးကြီး(မီးရှုးမီးပန်းတွေနဲ့ လွှတ်တင်တဲ့ မီးပုံးပျံတွေ)၊ စိန်နားပန်(မီးပုံးလေးတွေနဲ့ ဘုရားပုံတော်သဏ္ဍာန် အလှဆင်ထားတဲ့ မီးပုံးပျံတွေ)ကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ ညဘက်မှာ လွှတ်တင်တဲ့ မီးပုံးပျံတွေဟာ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရဲ့ အဓိက ဆွဲဆောင်မှုလို့ ပြောလို့ရပြီးတော့ တောင်ကြီးမြို့ရဲ့ ညကောင်းကင်ယံကို အလှဆင်တဲ့ မီးပုံးပျံတွေရဲ့ မြင်ကွင်းဟာ အောက်ကနေ ကြည့်ရှုနေသူတွေအတွက်တော့ ဖုန်းထဲမှာ မှတ်တမ်းတင်လိုက်သလိုမျိုး နှလုံးသားထဲမှာလဲ စွဲကျန်နေမဲ့ မြင်ကွင်းလေး တစ်ခုဖြစ်နေမှာ အမှန်ပါပဲ။
📊 တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဟာဆိုရင် အခုလိုမျိုး လှပတဲ့ ရိုးရာပွဲတစ်ခုလဲ ဖြစ်သလို တောင်ကြီးမြို့အတွက်လဲ တစ်ဖက်တစ်လှမ်းကနေ များစွာ အထောက်အကူပြုနေပြန်ပါတယ် Hypers🎓 လေးတို့ရေ။ တန်ဆောင်တိုင်ကာလကို ရောက်တဲ့အခါ မြန်မာတစ်နိုင်ငံလုံးရဲ့ အရပ်ဒေသအသီးသီးက သူတွေ၊ နိုင်ငံခြားခရီးသွား ဧည့်သည်တွေဟာ တောင်ကြီးမြို့ကို အများအပြား လာရောက်ကြတဲ့အခါမှာတော့ ဟိုတယ်တွေ၊ တည်းခိုခန်းတွေနဲ့ စားသောက်ဆိုင်တွေ၊ နောက်ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေဟာ ပုံမှန်အချိန်တွေထက် များစွာလည်ပတ်လာတာပါပဲ။ အဲဒါအပြင် ရှမ်းပြည်နယ်ရဲ့ အလှအပတွေ၊ ဒေသထွက်ကုန်တွေ၊ ရှမ်းပြည်နယ်က ချစ်စရာကောင်းတဲ့ လူနေမှုပုံစံတွေနဲ့ အိုးစည်ဗုံမောင်းသံလေးတွေကို ပိုမို လူသိများစေတဲ့ ကာလလေးဖြစ်ပါတယ်။
〰 ဒီလောက်ဆိုရင် Hypers🎓 လေးတို့လဲ တောင်ကြီးတန်ဆောင်တိုင်နဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ စိတ်နှလုံးနဲ့ ပွဲတော်အပေါ်ကြိုးစားအားထုတ်မှုတွေကို မြင်တွေ့သွားလောက်ပြီလို့ ထင်မိပါတယ်။ အခုလိုမျိုး ခမ်းနားကြီးကျယ်တဲ့ ပွဲတော်တစ်ခု ဖြစ်မြောက်လာဖို့အတွက် တိုင်းရင်းသားတွေဟာ စည်းလုံးညီညွှတ်မှုတွေကို အရင်းခံပြီး အန္တရာယ်တွေ၊ ငွေကြေးကုန်ကျမှုတွေကိုတောင် မစဉ်းစားဘဲ ရိုးရာပွဲကို ကျင်းပကြတာဟာ ဒေသခံတွေရဲ့ နှလုံးသားထဲကဖြစ်တည်လာတဲ့ ဒီရိုးရာအပေါ်ချစ်မြတ်နိုးမှုတစ်ခုသာ ရှိပါတယ်။ နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် လက်ဆင့်ကမ်းလာတဲ့ ဒီပွဲတော်ကြီးဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုခမ်းနားလာသလို နောက်ပိုင်းတွေမှာလဲ လူငယ်တွေကိုယ်တိုင် ပါဝင်ဆင်နွှဲလာတာဟာ ဒေသခံတွေအတွက် ဝမ်းသာစရာကောင်းတဲ့ အချက်တစ်ခုပါပဲ။
🎗 ရိုးရာပွဲတော်တစ်ခုရဲ့ တန်ဖိုးဆိုတာ ကြီးကျယ်ခမ်းနားခြင်းအပေါ်မှာပဲ မူတည်နေတာမဟုတ်ဘဲ နောက်ကွယ်က အနှစ်သာရတွေ၊ ယဉ်ကျေးမှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေအပေါ် မူတည်နေတာဖြစ်ပါတယ်။ ဒါကြောင့် အခုချိန်အထိ လက်ဆင့်ကမ်းလာနိုင်သလိုမျိုး နောက်ထပ်နှစ်ပေါင်းများစွာအထိလဲ သယ်ဆောင်သွားနိုင်ဖို့အတွက် လိုအပ်ပါတယ် Hypers🎓 လေးတို့ရေ။ ဒါကြောင့် နောက်ထပ်လူငယ်တွေကို လက်ဆင့်ကမ်းဖို့ ကြိုးစားရင်း ကမ္ဘာကပါ သိအောင် ကြိုးစားဖို့အတွက် အရေးကြီးပါတယ်။
Hypers🎓 လေးတို့လဲ ဒီလိုအချိန်ကာလကိုရောက်တိုင်း တောင်ကြီးမြို့ကနေ လွှတ်တင်လာတဲ့ လှပတဲ့ မီးပုံးပျံမြင်ကွင်းလေးတွေကို ဖုန်းထဲကနေပဲ ခံစားကြည့်တာမျိုးထက် ချမ်းအေးတဲ့ရာသီဥတုရယ်၊ တောင်ပေါ်ဒေသအငွေ့အသက်လေးနဲ့အတူ ရှမ်းအိုးစည်သံလေးတွေနဲ့ မီးပုံးပျံတွေရဲ့ အလှတရားကို တိုက်ရိုက်ခံစားကြည့်နိုင်ဖို့ ဘဝမှာ တစ်ခါလောက်တော့ တောင်ကြီးမြို့ကို အရောက်သွားပြီး တန်ဆောင်ပွဲတော်ကို ချစ်သူလေးနဲ့အတူ သွားလည်ဖို့ အကြံပေးရင်း Content လေးကို အဆုံးသတ်ပါရစေနော် 💥
☁️ နောက်ထပ်လဲ ❝လူငယ်တွေမှ လူငယ်တွေဆီသို့❞ ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို လူငယ်တွေဆီ ဆက်ပြီး တင်ပေးနေအုံးမှာမို့ Hypen ရဲ့ Social Platform တွေကို Like and Follow လုပ်ခဲ့ကြပါအုံး။
🕸 𝐇𝐲𝐩𝐞𝐧 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐏𝐚𝐠𝐞
https://www.facebook.com/profile.php?id=100083376309050&mibextid=ZbWKwL
🕸 𝐇𝐲𝐩𝐞𝐧 𝐎𝐫𝐠𝐚𝐧𝐢𝐳𝐚𝐭𝐢𝐨𝐧 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/hypenorg
🕸 𝐇𝐲𝐩𝐞𝐧 𝐓𝐢𝐤𝐓𝐨𝐤 𝐏𝐚𝐠𝐞
https://www.tiktok.com/@hypen_org?_r=1&_t=ZS-939RVMpSfEz
#ContentWriterbyKhaingMiMiThant
#GraphicDesignbyY
#HypenEdu
#TaunggyiTazaungdaing | 367 |
| 12 | 🎇 မြူမှုန်တွေကြားမှာ ညကောင်းကင်ကို အလှဆင်တဲ့ တောင်ပေါ်ဒေသက ရိုးရာပွဲတစ်ခု
🌟 အခုလို ခိုက်ခိုက်တုန်အောင် အေးတဲ့ ဆောင်းညတွေမှာ ကျော့ရှင်းနေတဲ့ ကောင်းကင်ကြီးကို မီးရှုးမီးပန်းတွေနဲ့အတူ ယှဉ်တွဲမြင်လိုက်ရရင် ဘယ်လောက်တောင် ပြီးပြည့်စုံနေလိုက်မလဲ Hypers🎓 လေးတို့ရေ..။ စိတ်ဖိစီးစရာတွေရဲ့ အဝေးမှာ ခန္ဓာကိုယ်ရဲ့ အနွေးဓာတ်ကို ထိန်းသိမ်းပေးမဲ့ ကော်ဖီပူပူလေးတစ်ခွက်ရယ်၊ လေတိုးသံ သဲ့သဲ့ကြားက ပျံ့လွင့်လာမဲ့ အိုးစည်ဗုံမောင်းသံတွေနဲ့အတူ အံ့မခန်းလောက်အောင် လှပတဲ့ မြင်ကွင်းကို ခံစားရမယ်ဆိုရင် ဘာကို အရင်ဆုံးပြေးမြင်မိကြလဲနော်။
ဟုတ်ပါတယ် Hypers🎓 လေးတို့ရေ..။ အဲဒါကတော့ နှစ်စဉ်နှစ်တိုင်းရဲ့ ဆောင်းရာသီမှာ ပုံမှန်ကျင်းပလေ့ရှိကြတဲ့ တောင်ကြီးတန်ဆောင်တိုင် မီးပုံပျံပွဲတော်ပဲ ဖြစ်ပါတယ် 🪽
🌀 တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ဟာဆိုရင် နှစ်တိုင်း တန်ဆောင်မုန်းလပြည့်နေ့မတိုင်ခင် ၈ ရက် ဒါမှမဟုတ် ၁၀ ရက်အလိုမှာ ကျင်းပလေ့ရှိပြီးတော့ မြတ်စွာဘုရားကို ပူဇော်တဲ့အနေနဲ့ မီးပုံးပျံများစွာကို လွှတ်တင်ကြတာပါ။ အခုလိုမျိုး နှစ်ပေါင်းများစွာကနေ လက်ဆင့်ကမ်းလာပြီး ဒေသခံတွေက ကိုယ်ရော၊ စိတ်ပါ ကြိုးကြိုးစားစားနဲ့ အကြီးအကျယ် ကျင်းပတဲ့ ဒီရိုးရာပွဲတော်ကို မြန်မာသက္ကရာဇ် ၁၃၀၃ ခုနှစ် (ခရစ်နှစ် ၁၉၄၁ ခုနှစ်) မှာ စတင်ခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားကြပါတယ်။
📝 အဲဒီအချိန်ကာလတုန်းက ကုန်းသာကျောင်းထိုင် ဆရာတော်ကြီး ဦးဆောင်ပြီးတော့ အချင်းပေ ၅၀ ရှိတဲ့ မီးပုံးပျံကြီးတစ်လုံးကို စတင်လွှတ်တင်ခဲ့ပါတယ်တဲ့။ အဲဒီကစလို့ ကြီးမားတဲ့ မီးပုံးပျံတွေလွှတ်တင်ရင်း မြန်မာသက္ကရာဇ် ၁၃၀၇ ခုနှစ် (ခရစ်နှစ် ၁၉၄၅ ခုနှစ်) မှာတော့ ဒေသခံအနည်းစုတင်မကဘဲ တချို့သော ရပ်ကွက်တွေက ပါဝင်လာပြီး တန်ဆောင်တိုင်ပွဲတော်အဖြစ် တရားဝင်ကျင်းပခဲ့သလို မြန်မာသက္ကရာဇ် ၁၃၁၂ ခုနှစ် (ခရစ်နှစ် ၁၉၅၀ ခုနှစ်) မှာတော့ နှစ်စဥ်ကျင်းပတဲ့ ပွဲအဖြစ် စတင်သတ်မှတ်ခဲ့တာပါ။ အံ့သြစရာကောင်းလှတဲ့ မီးရှုးမီးပန်းတွေကိုတော့ ရှမ်းစော်ဘွားတွေလက်ထက် ပွဲလမ်းသဘင်တွေမှာ အသုံးပြုခဲ့တဲ့ ရှမ်းရိုးရာ ယမ်းစပ်နည်းကို အခြေခံပြီးတောင်ကြီးမြို့ရဲ့ ယမ်းပညာရှင်တွေက အဆင့်ဆင့်ဖန်တီးရင်း မီးပုံးပျံနဲ့ တွဲဖက်ချိတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ် Hypers🎓 လေးတို့ရေ။
💥 တန်ဆောင်တိုင်ပွဲတော်ကို ရပ်ကွက်တွေ၊ ကျောင်းတွေ၊ ကုမ္ပဏီတွေနဲ့ တောင်ကြီးမြို့အနီးနားက မြို့တွေကို ကိုယ်စားပြုတဲ့အနေနဲ့ ပြိုင်ပွဲမှာ စည်ကားသိုက်မြိုက်စွာ ပါဝင်ကျင်းပကြတာပါ။ အဲဒီလို ပြိုင်ပွဲဝင်တဲ့အခါ မီးပုံးပျံရဲ့ အရွယ်အစား၊ ပန်းချီ၊ ချောချောမွေ့မွေ့ လွှတ်တင်နိုင်ခြင်းတွေ၊ သတ်မှတ်ထားတဲ့ အမြင့်ပေအတွင်း မီးရှုးဖွာနိုင်နှုန်းတွေအပေါ် မူတည်ပြီး အမှတ်ပေးကြတာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နိုင်ဖို့ရာအတွက်လဲ ပွဲတော်မတိုင်ခင် သုံး၊ လေးလအလိုလောက်ကတည်းက စတင်ပြီး မီးပုံးပျံပြုလုပ်တာ၊ ပန်းချီရေးခြယ်တာ၊ ယမ်းတွေနဲ့ မီးပုံးပျံအောက်ဆွဲအတွက် အလှဆင်တာတွေကို ကြိုတင်ပြီးပြုလုပ်မှသာ ပွဲတော်ရက်အမီ ပြင်ဆင်နိုင်စေပါလိမ့်မယ်။
🧨 ဒီလို ပြင်ဆင်တဲ့အခါမှာလဲ ယမ်းတွေက မီးလောင်လွယ်တာကြောင့် ဂရုတစိုက် ကိုင်တွယ်ရပြန်ပါတယ်တဲ့။ နောက်ပြီးတော့ အခုလို မီးပုံးပျံတွေ စတင်ပြင်ဆင်နေကြပြီဆိုရင် မီးပုံးပျံအဖွဲ့ အသီးသီးကနေ ရပ်ကွက်တွေမှာ အလှူငွေတွေ လိုက်လံကောက်ခံတာမျိုးတွေ လုပ်ကြပါတယ်။ အဲဒါကိုတော့ မီးဆူခံတယ်လို့ ခေါ်ဝေါ်ကြပြီး မီးဆူခံတဲ့အချိန်မှာဆိုရင် အိုးစည်ဗုံမောင်းတွေ တီးခတ်ရင်း ချစ်စရာကောင်းတဲ့ ဟန်ပန်လေးတွေနဲ့ ကကြသလို ဒေသခံတွေကလဲ မငြိုမငြင်နဲ့ အိမ်တံခါးဖွင့်လို့တောင် ကြိုဆိုကြပါသေးတယ်။ ဒါကြောင့် ဒီလိုချစ်စရာလဲကောင်းပြီး စည်းလုံးမှုတွေနဲ့ ဆန်းကြယ်လှတဲ့ ပွဲတော်ကြီးက သာမန်ပြိုင်ပွဲတစ်ခု မဟုတ်ဘဲ ရိုးရာယဥ်ကျေးမှု၊ ဘာသာရေး၊ ဒေသခံတွေရဲ့ အံ့အားသင့်စရာ လက်မှုပညာတွေကိုပါ ပေါင်းစည်းထားတဲ့ ပွဲတော်ကြီးတစ်ခုလို့ ပြောရင်လဲ မမှားပါဘူး 🎗
💫 တောင်ကြီး တန်ဆောင်တိုင်ပွဲတော်လို့ပြောတဲ့အခါ တော်တော်များများက ညဘက်အချိန်မှာ လွှတ်တင်တဲ့ မီးရှုးမီးပန်းတွေနဲ့ မီးပုံးပျံကိုသာ အရင်ဆုံး ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ လူအချို့ သတိမထားမိတာလေးက ဒီပွဲတော်ဟာ နေ့ခင်းဘက်မှာလဲ ကျင်းပတယ်ဆိုတာပါပဲ။ နေ့ခင်းဘက်မှာဆိုရင်တော့ ညဘက်လိုမျိုး မီးကျည်တွေ၊ စိန်နားပန်မီးတွေ လွှတ်တင်တာမဟုတ်ဘဲ ဆင်ရုပ်၊ ကြက်ရုပ်၊ မြင်းရုပ်၊ နွားရုပ်၊ မျောက်ဝံရုပ်တွေ၊ ကြက်တူရွေးရုပ် စသဖြင့် တိရစ္ဆာန်ရုပ်လေးတွေကို မီးပုံးအဖြစ် ဖန်တီးရင်း လွှတ်တင်ကြတာဖြစ်ပါတယ်။ နေ့ခင်းဘက်ကောင်းကင်ပြာပြာမှာ တိရစ္ဆာန်အရုပ်လေးတွေကို အရောင်အသွေးစိုစိုပြေပြေနဲ့ တစ်ကောင်တည်းဖြစ်စေ၊ အုပ်စုနဲ့ဖြစ်စေ လွှတ်တင်ကြတာကို နေ့လွှတ်အရုပ်ဆိုပြီး သတ်မှတ်ထားကြတာပါ။ | 264 |
| 13 | بدون متن... | 222 |
| 14 | Learn From Failure ✨
Fail ဖူးတာတွေကို ပြန်ပြောရင်း ရယ်မောကြမဲ့ Conversation Club လေးတစ်ခု လာပါပြီ။
တစ်ခါတစ်ရံ IELTS ဖြေပြီး မကြိုက်တဲ့ Band Score ရတာ၊ Speaking မှာ စကားမထွက်တာ၊ စိတ်ကူးထားသလို မဖြစ်ခဲ့တာတွေ စတဲ့ အဆင်မပြေခဲ့တဲ့အခိုက်အတန့်တွေ ရှိခဲ့ကြမှာပါ။ အဲဒီအချိန်တွေက အဆုံးသတ်မဟုတ်ဘဲ တကယ်တော့ အများကြီး သင်ပေးခဲ့တဲ့ အချိန်တွေ ဖြစ်တတ်တယ်နော်။
အဲဒါကြောင့် Learn From Failure ဆိုတဲ့ Topic နဲ့ HYPEN Education ရဲ့ လူငယ်တွေနဲ့ ပေါင်းပြီး Cross-community Conversation Club လေး ရှိတဲ့အကြောင်း လက်တို့ချင်ပါတယ်။
Conversation Club မှာ Icebreaker Session အပြင် ကိုယ့်ရဲ့ “Failure Story” လေးတွေ မျှဝေပြီး Scenario တွေနဲ့ အတူတူ ဖြေရှင်းကြည့်ကြမှာဖြစ်လို့ အရောက်လှမ်းလာဖို့ ဖိတ်ခေါ်ချင်ပါတယ်။ 💕
📅 Event date - 21.11.2026 (Saturday)
⏰ Time - 7:30 PM (MMT)
🏷️Facilitators - Tr.Mia (Lingo English) & Ms.Dora (Hypen Organization)
💻 Platform - Zoom
ဒါဆိုရင် ကိုယ်က တစ်ချိန်ချိန်၊ တစ်နေရာရာမှာ Fail ဖြစ်ခဲ့ပေမဲ့ အဲဒီကျရှုံးခဲ့တာကို သင်ခန်းစာယူပြီး သူငယ်ချင်းတွေရဲ့ အကြံဉာဏ်နဲ့အတူ Conversation Club လေးမှာ မျှဝေနိုင်ဖို့ အောက်မှာပေးထားတဲ့ Link လေးကတစ်ဆင့် Join လိုက်တော့နော်။ ဒါ့အပြင် Conversation Club လေးကို ပါဝင်နိုင်မဲ့ Zoom Link လေးကိုလဲ Group ထဲမှာ ပို့ပေးသွားမှာမို့ Join ပြီး စောင့်နေဖို့လဲ မမေ့ကြပါနဲ့နော် Hypers🎓 လေးတို့ရေ။
𝐇𝐲𝐩𝐞𝐧’𝐬 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 𝐆𝐫𝐨𝐮𝐩 𝐋𝐢𝐧𝐤
https://t.me/+Cyv5PjnaSO02MThl
𝐇𝐲𝐩𝐞𝐧’𝐬 𝐒𝐩𝐞𝐚𝐤𝐢𝐧𝐠 𝐂𝐥𝐮𝐛 Information
https://t.me/+Cyv5PjnaSO02MThl
စာလုပ်ရင်းပင်ပန်းနေတဲ့ ညတစ်ညကို ရယ်မောရင်း၊ မျှဝေရင်း၊ “ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး” ဆိုတာ ပြန်သတိရရင်း ဖြတ်သန်းကြရအောင်။ 🫧 | 334 |
| 15 | بدون متن... | 302 |
| 16 | Which of the following best describes the cultural significance of Tazaungdaing? | 360 |
| 17 | What is the main purpose of making donations during Tazaungdaing? | 304 |
| 18 | Which traditional food is commonly associated with the full moon night of Tazaungmon? | 300 |
| 19 | Which city is especially famous for its Tazaungdaing Hot Air Balloon Festival? | 295 |
| 20 | When does the traditional Matho Thingan weaving competition take place? | 267 |
