Edulingo
رفتن به کانال در Telegram
Edulingo သည် နိုင်ငံတကာ ဘွဲ့ရ ဆရာ/မများဖြင့် ဖွဲ့စည်းထားသည့် English Language and Teacher Training သင်တန်း ဖြစ်သည်။
نمایش بیشتر3 998
مشترکین
اطلاعاتی وجود ندارد24 ساعت
+67 روز
+4430 روز
آرشیو پست ها
3 999
အလွန်နှေးကွေးတဲ့အရာတစ်ခုခုကိုဖော်ပြတဲ့အခါမျိုးမှာ မြန်မာတွေက လိပ်ကျနေတာပဲ လိပ်နှုန်းနဲ့သွားနေတယ်လို့ တင်စားပြောတတ်ကြပါတယ်။
အင်္ဂလိပ်တွေမှာလည်းဒီလိုတင်စားပြောတာရှိပါတယ်။ အဲ့ဒီ အီဒီယမ်ကတော့
𝗮𝘁 𝗮 𝘀𝗻𝗮𝗶𝗹'𝘀 𝗽𝗮𝗰𝗲 🐌
:very slowly
ခရုနှုန်းဖြင့် လို့အဓိပ္ပါယ်ရပါတယ်။ ကြိယာဝိသေသနလိုမျိုးသုံးလေ့ရှိပါတယ်။
- The bus is moving at a snail's pace.
နောက်ထပ်အသုံးတစ်ခုကတော့ sluggish ဆိုတဲ့ adjective ပါ။ slug ဆိုတာက ပက်ကျိပါ။
- ish ဆိုတဲ့နောက်ဆက်က တူသော၊ ဆန်သော ကဲ့သို့ ဆိုတဲ့ အဓိပ္ပါယ်မျိုးပါ။
𝘀𝗹𝘂𝗴𝗴𝗶𝘀𝗵
: slow-moving; inactive
နှေးကွေးလေးလံပြီး ထိုင်းမှိုင်းနေတာ၊ မလုပ်ချင်မကိုင်ချင်ဖြစ်နေတာမျိုးကိုသုံးတတ်ပါတယ်။
- sluggish traffic
- He felt sleepy and sluggish after the heavy meal.
ကဲ မိတ်ဆွေတို့ အိမ်က ဝိုင်ဖိုင်ကရော လိပ်လား ၊ပက်ကျိလား၊ ခရုလား။ 😬😬😬
3 999
ကားပါကင် ကို အင်္ဂလိပ်လို
car park or parking lot လို့ခေါ်ပါတယ်။
မြန်မာေတွေပြာသလို
car parking လို့သုံးတာမျိုး မသုံးကြပါ။
car park ကနေရာဖြစ်ပြီး
Parking က ပါကင်ထိုးတာကိုပြောတာဖြစ်ပါတယ်။
3 999
Platform ဆိုတာ ပလက်ဖောင်းမဟုတ်ပါ။
နားရှုပ်သွားမလားတော့ မသိပါ။ လူသွားလမ်း လမ်းဘေး ပလက်ဖောင်းလို့ မြန်မာတွေအလွယ်တကူ သုံးကြပေမယ့် အင်္ဂလိပ်လိုကျတော့ သူ့ကို platform လို့မခေါ်ပါ။ အဲ့ဒီလမ်းဘေး လူသွားလမ်းကို
ဗြိတိန် က pavement
အမေရိကန် sidewalk လို့ခေါ်ပါတယ်။
မီးရထားဘူတာရုံက လူသွားစင်္ကြန်ကိုတော့ platform လို့ခေါ်ပါတယ်။ platform 1, 2 စသဖြင့်ပေါ့။ Potter head တွေဆိုရင်တော့ platform 9 3/4 ကို မှတ်မိကြမယ်ထင်ပါတယ်။
3 999
Weekends တန်းတွေ
ဖွင့်တော့မယ်နော်။
သက်တောင့်သက်သာ သင်တန်းကြေးမျိုးနဲ့
ကွာလတီကောင်းကောင်းကိုမှ ရချင်တဲ့ဆိုတဲ့ သင်တန်းသားများအတွက်
အတန်းမျိုးစုံနဲ့
အချိန်မျိုးစုံရှိပါတယ်။
IELTS,
General English နဲ့
Speaking တန်းတွေကိုတက်ရောက်ဖို့
အခုပဲ messenger မှာဆက်သွယ်လိုက်ပါ။
3 999
Weekdays မှ အဆင်ပြေသူများ
အတန်းတွေဖွင့်ပါတော့မယ်။
ရုံးချိန်လွတ် ကျောင်းချိန်လွတ်
အတန်းတွေပါ။
IELTS
General English
Speaking သီးသန့်
English for Work စတဲ့ အတန်းတွေ စုံလင်စွာရှိလို့
ကြိုက်နှစ်သက်ရာကို
ရွေးချယ်တက်ရောက်နိုင်ပါတယ်။
3 999
အမျိုးတို့ေရ ဒီနေ့ ငလျင်လှုပ်တာသိလိုက်ကြလား
...
...
...
အဲ့တာ အမျိုးတို့ စာမလုပ်လို့ မြေကြီးက လှုပ်ပြီးသတိပေးတာပါ။ အတန်းလေးတွေ အပ်လိုက်တော့နော်။
3 999
+1
Teacher တွေအတွက် သီးသန့် အတန်းဖြစ်တဲ့ Fce for Teachers အတန်းကတော့ July လထဲ တန်းခွဲ နှစ်ခု ဖွင့်ထားလို့ အဆင်ပြေတဲ့ အချိန်လေး ရွေးလို့ရပါတယ်။
60000mmk per month ပါ။
3 999
+3
ကလေးတွေအတွက် Young Learner အတန်းလေးတွေက 50000mmk per month, 3 months ပါ။
Level test စစ်ပြီး ရလဒ်နဲ့ သင့်တော်တဲ့ အတန်းမှာ တက်လို့ရပါတယ်။
3 999
+2
Foundation (Inter & Advanced) Class က IELTS ကို အခုမှ စပြင်မယ်၊ ဖြေဖို့ အချိန်လည်း လိုသေးတဲ့ သူတွေအတွက်ပါရှင် (70000mmk per month, 4 months)
BandBooster Class ကတော့ အချိန်နည်းနည်းနဲ့ စာများများလေ့ကျင့်ပြီး တန်းဖြေချင်တဲ့သူတွေ အတွက်ပါ (100,000mmk per month, 2months)
IELTS Vocabulary တန်းလေးက 50000mmk per month, 2 months ပါ
