fa
Feedback
ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

ㅤW⍺𝗏ı𝗊𝗎𝖾 Аɾ𝖾⍺ ᥬᩤ

رفتن به کانال در Telegram

𝖲𝗍𝖺𝗋ׅ𝗍 – ʚ 𝟣𝟥 · 𝟤 · 𝟤О𝟤4 ɞ К𝗇𝗈ԝⅼ𝖾𝖽ɡ𝖾, 𝖲𝗈𝗇ɡ, Ƭ𝗁𝖾ⅿ𝖾 𝖢𝗁 𓈑 ִ 𝖣𝗈𝗇'ߙ ⅼ𝖾⍺𝗏𝖾 𝖭𝖾𝖾𝖽 𝟣𝗄 𝖻⍺𝖻ı𝖾ꜱ╰╮ 🪉𝖬ɥ 𝖱ᥱ۪ᥲꪳꪲꪳძᥱ۪rs ^᪲᪲᪲

نمایش بیشتر
609
مشترکین
اطلاعاتی وجود ندارد24 ساعت
-47 روز
-1130 روز
آرشیو پست ها
🐝 မျက်လုံးကျန်းမားရေးအတွက်အထောက်အကူပြုတဲ့ ပျားရည်🍯 ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ● ပျားရည်ရဲ့အကျိုးပြုပုံဟာဆိုရင် မျက်လုံးနီတာ၊ ယားယံတာ၊ ယားယံ တာတွေကို သက်သာစေဖို့ဆို ပျားရည်အနည်းငယ်နဲ့ မျက်လုံးကို ပွတ်တိုက်ပေးရုံပါပဲ။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ဒါတွေကတော့ မျက်လုံးအတွက် ပျားရည်ရဲ့အသုံးဝင်လွန်း တဲ့အချက်တွေပါ။ ဖတ်ကြည့်ရအောင်။ ● ပင်ပန်းနေတဲ့မျက်လုံးတွေကို လန်းဆန်းစေပါတယ် ကွန်ပြူတာရှေ့မှာ နာရီပေါင်းများစွာ ထိုင်ရလို့ မျက်လုံး ညောင်းလာရင် ပျားရည်ကို မျက်ခွံပေါ်လိမ်းပေးပါ။ နာရီဝက်ကြာပြီးရင် ပျားရည်ကို ရေအေးနဲ့ဆေးကြောပါ။ မျက်လုံးကို လန်းဆန်းစေပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ● Dry Eye Syndrome ကို လျှော့ချပေးပါတယ် Dry Eye Syndrome ရဲ့ လက္ခဏာ မျက်လုံးတွေနာတာ ယားတာ နီတာ ဝါးတာတွေဖြစ်လာရင် သင်လုပ်ရမှာက ပျားရည်ကို နဲ့ဖျော်ပြီး မျက်လုံးကို သေချာ ဆေးကြောပါ။ ညအိပ်ရာဝင်ခါနီးတိုင်း လုပ်ပေးရင် အကျိုး သက်ရောက်မှုကို သိနိုင်မှာပါ ။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ● Macular Degeneration ကို ကာကွယ်ပေးပါတယ် အသက်ကြီးလာတာနဲ့အမျှ အမြင်အာရုံတွေက အားနည်း လာပါတယ်။ ပျားရည်မှာ မျက်လုံးကြွက်သားများကို ကျန်းမာစေပြီး အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ကူညီပေး တဲ့ Antioxidant ဂုဏ်သတ္တိများ အပြည့်ပါဝင်ပါတယ်။ ဒါ ကြောင့် အသက် 25 နဲ့ 50 ဆိုရင် ပျားရည်ကို ပုံမှန်အသုံးပြု ခြင်းဖြင့် မျက်စိအားကောင်းစေမှာ သေချာပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ● Glaucoma မှကာကွယ်ပေးပါတယ် Glaucoma ဆိုတာ မျက်လုံးရဲ့အရှေ့ဘက်မှာ အရည်များ စုပုံနေတာမျိုးပါ။ ပျားရည်ကို မျက်စဉ်းဆေးအနေနဲ့ ပုံမှန် အသုံးပြုပေးရင် ဒီရောဂါဖြစ်နိုင်ခြေကို 50% (6) လျော့နည်းစေပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ● မျက်မြှေးရောင်ခြင်းကို သက်သာစေပါတယ် ကလေးငယ်တွေမှာ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းကြောင့် မျက်လုံးများ ယားယံတာ နာတာမျိုးဖြစ်လာရင် ပျားရည်ကို မျက်စဉ်းဆေးအနေနဲ့ သုံးပေးပါ။ မျက်မြှေးရောင်ခြင်းကို သက်သာစေပြီး မျက်စိမျက်နှာပြင်ကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ● မျက်လုံး အရေးအကြောင်းများကို လျှော့ချပေးပါတယ် နောက်ထပ်အသုံးဝင်လွန်းတဲ့အချက်ကတော့ အိုမင်းခြင်းရဲ့ လက္ခဏာဖြစ်တဲ့ မျက်လုံးတစ်ဝိုက်မှာရှိတဲ့ အရေး အကြောင်းတွေနဲ့ အစင်းကြောင်းတွေကို အံ့ဩစရာကောင်း လောက်အောင် လျှော့ချပေးနိုင်တာပါ။ မျက်စိမှိတ်ထားပြီး ပျားရည်အနည်းငယ်ကို လိမ်းပြီး 15 မိနစ်ခန့် ထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။    .     ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ϯ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ռᥱᥱժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

🐝 မျက်လုံးကျန်းမားရေးအတွက်အထောက်အကူပြုတဲ့ ပျားရည်🍯 ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ᨦ𐃲ദ ပျားရည်မှာ အမြင်အာ
🐝 မျက်လုံးကျန်းမားရေးအတွက်အထောက်အကူပြုတဲ့ ပျားရည်🍯 ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ᨦ𐃲ദ ပျားရည်မှာ အမြင်အာရုံကျန်းမာရေးအတွက်အရေးကြီးတဲ့ အာဟာရဓာတ်များစွာ ကြွယ်ဝရုံသာမက ဇင့်ကဲ့သို့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များလည်း အများအပြား ပါဝင်ပါတယ်။ အမြင်အာရုံကိုလည်း တိုးတက် ကောင်းမွန် စေတဲ့အပြင် ရောင်ရမ်းမှုနဲ့ မျက်စိပိုးဝင်တာတွေကိုလည်း သက်သာစေပါတယ်။ ရီအက်မရတော့တင်ချင်စိတ်များပျောက်ဆုံးလျက် #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐄𝐧𝐳𝐚𝐥𝐢 #𝐊ռ𝛔ωƖᥱժցᥱ #𝐇ᥱᥲƖϯჩ

●┅┅ အကြောက်လွန်ရောဂါများ ┅┅● Part-2 •| 36. Trypophobia - အပေါက်သေးသေးလေးတွေ ကြောက်တာ 37. Trypanophobia - အပ်ထိုးသွင်းခံရမှာကို ကြောက်တာ 38. Bathmophobia - လှေကား ကြောက်တာ 39. Microphobia - ပစ္စည်းသေးသေးတွေ ကြောက်တာ 40. Megalophobia - ကြီးမားတဲ့အရာတွေကို ကြောက်တာ 41. Amaxophobia - ကားစီးရမှာ ကြောက်တာ 42. Aerophobia - လေယာဉ်ပျံစီးရမှာ ကြောက်တာ 43. Techophobia - မြန်တာကို ကြောက်တာ 44. Photophobia - စူးကနဲဖြစ်သွားတဲ့အလင်းကို ကြောက်တာ 45. Chronomentrophobia - နာရီကိုကြောက်တာ 46. Somniphobia - အိပ်ဖို့ ကြောက်တာ 47. Aichmophobia - ချွန်တဲ့အရာတွေကို ကြောက်တာ 48. Pathophobia - ရောဂါဖြစ်မှာကို ကြောက်တာ 49. Necrophobia - သေခြင်းကို ကြောက်တာ 50. Latrophobia - ဆရာဝန်တွေကို ကြောက်တာ 51. Pedophobia - ကလေး ကြောက်တာ 52. Zoophobia - တိရစ္ဆာန်တွေကို ကြောက်တာ 53. Batanophobia - အပင်တွေကို ကြောက်တာ 54. Insectophobia - အင်းဆက်တွေ ကြောက်တာ 55. Equinophobia - မြင်းတွေကို ကြောက်တာ 56. Ornithophobia - ငှက်တွေကို ကြောက်တာ 57. Cynophobia - ခွေး တာ 58. Elurophobia - ကြောင် ကြောက်တာ 59. Chromophobia - အရောင်တွေကို ကြောက်တာ 60. Leukophobia - အဖြူရောင် ကြောက်တာ 61. Melanophobia - အမည်းရောင် ကြောက်တာ 62. Algophobia - နာကျင်မှာ ကြောက်တာ 63. Atelophobia - မပြီးပြည့်စုံမှာ ကြောက်တာ 64. Atychiphobia - ကျရှုံးမှာကို ကြောက်တာ 65. Genuphobia - ဒူးခေါင်းမြင်ရမှာ ကြောက်တာ 66. Pogonophobia - မုတ်ဆိတ်မွှေးတွေကို ကြောက်တာ 67. Phasmophobia - သရဲ ကြောက်တာ 68. Cyberphobia - ကွန်ပျူတာနှင့် နည်းပညာတွေကို ကြောက်တာ 69. Lockiophobia - ကလေးမွေးရမှာ ကြောက်တာ 70. Examinophobia - စာမေးပွဲကို ကြောက်တာ တချို့တွေက လူတစ်ယောက်မှာ အကြောက်လွန်စိတ်ရောဂါရှိတယ် ဆိုတာကို နားမလည်ဘဲ အပိုတွေလုပ်နေတယ်လို့ထင်ပြီး လှောင်ပြောင်တတ် ကြပါတယ်။ အဲ့လို မလုပ်ပါနဲ့။ ကိုယ့်အတွက် အဆင်ပြေတဲ့ ပုံမှန်အရာတစ်ခုဟာ တစ်ပါးသူအဖို့ အသည်းအသန် ကြောက်လန့်စရာ ဖြစ်နေတတ်တာကို လက်ခံ ပေးပါ။ လူတိုင်းမှာ phobia ရှိပါတယ်။         ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ϯ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ռᥱᥱժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

●┅┅ အကြောက်လွန်ရောဂါများ ┅┅● 谷 လူတိုင်းမှာကြောက်တတ်တဲ့အရာတွေအများကြီးရှိပါတယ်။ တစ်ချို့က အပိုလုပ်တယ် သူတစ်ယောက်တည်းပဲ ကွ‌က်ကြောက်နေတယ် စတာတွေက လူတိုင်းမှာအဖြစ်နည်းတတ်လို့ဖြစ်ပါလိမ့်မယ် ဒါပေမဲ့ အဲ့တာတွေကတစ်ကယ်ပါ။ ဆိုတော့က ဒီလိုကြောက်တဲ့အရာတွေကို ဘာ်လိုနာမည်ပေးထားလဲကြည့်ရအောင် 70‌ထိရှာတွေ့ထားပါတယ်။ များလို့ ခွဲတင်ပေးပါမယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ 1. Nyctophobia - အမှောင်ကြောက်တာ 2. Acrophobia - အမြင့်ကိုကြောက်တာ 3. Claustrophobia - နေရာကျဉ်းကျဉ်းတွေကို ကြောက်တာ 4. Venustraphobia - အရမ်းလှတဲ့မိန်းမတွေကို ကြောက်တာ 5. Cacophobia - ရုပ်ဆိုးတဲ့လူတွေကို ကြောက်တာ 6. Obesophobia - ဝိတ်တက်မှာ ကြောက်တာ 7. Hydrophobia - ရေထဲဆင်းဖို့ ကြောက်တာ 8. Pyrophobia - မီးကြောက်တာ 9. Catoptrophobia - မှန်တွေကို ကြောက်တာ 10. Ataxophobia - ရှုပ်ပွနေတာကို ကြောက်တာ 11. Mysophobia - ညစ်ပတ်နေတာကို ကြောက်တာ 12. Noctiphobia - ညဘက်ရောက်သွားမှာ ကြောက်တာ 13. Heliophobia - နေရောင်ကို ကြောက်တာ 14. Coulrophobia - ဂျိုကာကို ကြောက်တာ 15. Ophidiophobia - မြွေကိုကြောက်တာ 16. Arachnophobia - ပင့်ကူကြောက်တာ 17. Philophobia - ချစ်ရမှကြောက်တာ 18. Gamophobia - လက်ထပ်ရမှာ ကြောက်တာ 19. Androphobia - ယောကျာ်းတွေကို ကြောက်တာ 20. Gynophobia - မိန်းမတွေကို ကြောက်တာ 21. Tonitrophobia - မိုးကြိုး ကြောက်တာ 22. Astraphobia - လျှပ်စီးနဲ့ မိုးချိန်းသံကို ကြောက်တာ 23. Lilapsophobia - မုန်တိုင်း ကြောက်တာ 24. Ombrophobia - မိုးရွာတာ ကြောက်တာ 25. - ကျောင်းကိုကြောက်တာ 26. Bibliophobia - စာအုပ်ကို ကြောက်တာ 27. Autophobia - တစ်ယောက်တည်းနေရမှာ ကြောက်တာ 28. Koinoniphobia - လူပြည့်လျံနေတဲ့အခန်းကို ကြောက်တာ 29. Agoraphobia - လူစည်ကားတဲ့နေရာတွေ ကြောက်တာ 30. Glossophobia - လူတွေနဲ့ စကားပြောရမှာ ကြောက်တာ 31. Dystychiphobia - မတော်တဆမှုကို ကြောက်တာ 32. Nosocomephobia - ဆေးရုံ ကြောက်တာ 33. Hemophobia - သွေးတွေမြင်ရမှာကို ကြောက်တာ 34, Phonophobia - ကျယ်တဲ့အသံတွေကို ကြောက်တာ 35. Sedatephobia - တိတ်ဆိတ်မှုကို ကြောက်တာ          ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ϯ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ռᥱᥱժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ

ရင့်ကျက်သွားတဲ့နောက်ပိုင်း ရီအက်မတောင်းတော့ဘူး။ သူလည်းမပေးဘဲ‌နေနိုင်ပါစေ.... ကိုယ်လည်းမမျှော်လင့်ပါစေပေါ့။ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn

● လူတော်တော်များများသိကြမှာ မဟုတ်သောအချက်များ ● ┅┅⋅•⋅⋅•⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∙∘☽༓☾∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•┅┅ ⎙ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် အရသာခံနို င်စွမ်း ပိုမိုကောင်းမွန်ပါတယ်။ ⎙ ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ သူ့ရဲ့ သက်တမ်းတစ် ‌လျှောက်မှာ ကမ္ဘာ့သုံးပတ်စာ လမ်းလျှောက်ပါတယ်။ ⎙ လူ့ဦးနှောက်ထဲကို စက္ကန့်တိုင်းမှာ သတင်းအချက်အလက် bits ပေါင်း ၁၁သန်းခန့် ဝင်ရောက်နေပေမဲ့ ၄ဝ bits ကိုသာ သ တိပြုမိကြပါတယ်။ ⎙   တစ်မှာ နျူထရွန် သန်းပေါင်း ၆၅ဝဝဝ ခန့် လက်သ ည်းခွံပေါ်မှာ ဖြတ်သန်း သွားလာနေကြပါတယ်။ ⎙   အလင်းတန်းတစ်ခုဟာ ကမ္ဘာတစ်ပတ်ပြည့်အောင်ပတ်ဖို့ ဝ.၁၃ စက္ကန့်သာ ကြာမြင့်ပါတယ်။ ⎙   အရွယ်အစားအနေတော်ရှိတဲ့ တိမ်တိုက်တစ်ခုရဲ့ အလေးချိ န်ဟာ ဆင်အကောင်ရေ (၈ဝ)ရဲ့ အလေးချိန်နဲ့ညီမျှပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။ ⎙   အတ္တလန်တစ်သမုဒ္ဒရာရေ ၁ဇွန်းမှာ ပါဝင်တဲ့ အက်တမ်က ရိုးရိုးရေ ၁ဇွန်းမှာ ပါဝင်တဲ့ အက်တမ်အရေအတွက်ထက် ၈ဆ ပိုမိုများပြားပါတယ်။ ⎙ တကယ်လို့ နေရဲ့ အရွယ်အစားဟာ ကမ်းခြေမှာဆော့တဲ့ ဘာလုံးအရွယ်အစားရှိမယ်ဆိုရင် ဂျူပီတာဂြိုဟ်ရဲ့ အရွယ်အစား ဟာ ဂေါက်သီးလုံးလောက်ရှိပြီး ကမ္ဘာဂြိုဟ်ရဲ့ အရွယ်အစားဟာ ပဲစေ့သာသာပဲရှိပါတယ်။ ⎙   ကမ္ဘာပေါ်ကလူသားတွေရဲ့ World of Warcraft ဆော့ချိန် အားလုံးကို ပေါင်းလိုက်မယ်ဆိုရင် နှစ်ပေါင်း ၆သန်းကျော်ရှိပါတယ်။ ⎙   လက်ဆွဲနှုတ်ဆက်ခြင်းဟာ နမ်းရှုံ့ခြင်းထက် ရောဂါပိုး မွှားတွေကို ပိုမိုကူးစက်စေပါတယ်။ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲꭑᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ϯ ṛᥱρ𝛔ѕϯ & 𝐂𝛔ρყ!! ●┅┅┅┅ ┅┅┅┅┅┅ ┅┅┅┅┅ ┅┅┅┅● 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ռᥱᥱժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ #credit_to_writer

🪐 https://t.me/MPG_byZ 🌷 ဆော့မယ် ဝင်ခဲ့ ခေါင်းစဉ်တွေအတိုင်း လိုက်ဆော့လို့ရပေမဲ့ အချို့အရာတွေက အတည် ပေးပို့ရမှာပါ။ စာဖတ်ဝါသနာပါသူများလည်းလာလို့ရ 🧶⭐️

● ┅┅┅┅ တန်ဖိုးထားပါ ┅┅┅┅ ● ⚝ ယနေ့ အင်္ဂါဂြိုလ်ပေါ်တွင် သက်ရှိကို ရှာဖွေတွေ့ရှိတယ်ဆိုပါစို့။ ပိုးကောင် သေးသေးလေးပဲ ဖြစ်ဖြစ်၊ ခြေထောက်တစ်ချောင်းတည်းပါတဲ့ ပုရွက်ဆိတ်ပဲ ဖြစ်ဖြစ် ကမ္ဘာပေါ်ရှိ သတင်းစာတွေ၊ ရုပ်သံတွေ၊ ဆိုရှယ်မီဒီယာတွေမှာ ‘အင်္ဂါဂြိုလ်မှာ သက်ရှိကို တွေ့ပြီ” ဆိုတဲ့သတင်းက ခေါင်းကြီးပိုင်းမှာ ပါမှာပါ။ သိပ္ပံပညာရှင်တွေကလည်း ဇီဝမျိုးကွဲအသစ်တစ်ခုကို တွေ့ပြီဆိုပြီး စိတ်လှုပ်ရှားကြပါလိမ့်မည်။ ⚝ သို့သော်ကမ္ဘာပေါ်ရှိကျေးငှက်၊တိရစ္ဆာန်၊ရေနေသတ္တဝါ၊ ပိုးမွှား၊ သစ်ပင် ပန်းမာန် မျိုးနွယ်စိတ်ပေါင်း (,ဝဝဝ) ကျော် ပျောက်ကွယ်သွားသည်ကို မည်သည့်မီဒီယာကမှ ခေါင်းကြီးပိုင်းတွင် မဖေါ်ပြကြပါ။ ⚝      ကျားများ၊ ပန်ဒါဝက်ဝံများ၊ သင်းခွေချပ်များ၊ ကမ္ဘာလိပ်ကြီးများသည် တစ်စတစ်စနှင့် မျိုးတုန်း ပျောက်ကွယ်နေပါသည်။ ⚝      တစ်ချိန်တည်းမှာကျွန်တော်တို့က ဒေါ်လာသန်းပေါင်းများစွာ အကုန်ခံ ၍ တစ်ခြားဂြိုလ်များတွင် သက်ရှိများ ရှိ မရှိကို လေ့လာစူးစမ်းနေပါသည်။ ကျွန်တော်တို့က တစ်ခါတစ်ရံ ကျွန်တော်တို့ ပိုင်ဆိုင်ထားတဲ့ တန်ဖိုးရှိတဲ့ အရာတွေကို အလေးမထားဘဲ အသစ်အဆန်းကို ရှာဖွေနေတတ်ကြပါတယ်။ ⚝      မိမိရဲ့ မိသားစုအတွက် အချိန်မပေးဘဲ အရေးမကြီးတာတွေကို အချိန် ပေးနေတတ်ပါတယ်။ ⚝      ဆုံးရှုံးသွားတော့မှ တန်ဖိုးကို သိကြပါတယ်။ မိမိအနားမှာရှိတဲ့မိမိရဲ့မိသားစုမိဘတွေ၊ ယုံကြည်လေးစားချစ်ခင်ရတဲ့ မိတ်ဆွေတွေ၊ မိမိအပေါ် သစ္စာစောင့်သိတဲ့ဝန်ထမ်းတွေကို တန်ဖိုးထားပါ။ အချိန်ပေးပါ။ ⚝      မိမိမှာရှိတဲ့အရာတွေကို တန်ဖိုးသိပြီး တန်ဖိုးထားမှ ပျော်ရွှင်မှုနှင့်အောင်မြင်မှုကိုရပါမည်။ ●┅┅┅┅ ┅┅┅┅┅┅ ┅┅┅┅┅ ┅┅┅┅● 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ռᥱᥱժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ #credit_to_writer (ရီအက်!!)

● ┅┅┅┅┅┅ ပျူမြို့ပြနိုင်ငံ ┅┅┅┅┅┅┅ ● ⿻ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကမ္ဘာ့နေရာ ဒေသအသီးသီးတွင် လူမျိုးများ၊ ယဉ်ကျေးမှုများ၊ အင်ပါယာ အင်ပါယာများ ပေါ်ထွန်းခဲ့ရာ ထိုအချိန်က ယခုမြန်မာနိုင်ငံဟု ခေါ်တွင်နေသည့် ဧရိယာအဝန်းအဝိုင်းအတွင်း မည်သူတို့နေထိုင်ခဲ့ပြီး မည်သည့်ယဉ်ကျေးမှုများ ထွန်းကားခဲ့ပါသလဲဆိုသည်မှာ စိတ်ဝင်စားစရာဖြစ်သည်။ ရှမ်းပြည်နယ် ရွာငံမြို့အနီးရှိ ပြဒါးလင်းဂူမှ တွေ့ရှိရသည့် အထောက်အထားများ၊ ဘုတလင်မြို့နယ် ညောင်ကန်ရွာအနီးမှ တူးဖော်တွေ့ရှိရသည့် အထောက်အထားများအရ မြန်မာ့မြေတွင် ကျောက်ခတ်ယဉ်ကျေးမှုများ၊ ကြေးခေတ်ယဉ်ကေ ကျေးမှုများ ထွန်းကားခဲ့ ကြောင်း တွေ့ရသည်။ ⿻ ‌ပထမဆုံး နိုင်ငံထူထောင်ခဲ့သည့် အထောက်အထား အဖြစ် ပျူမြို့ပြနိုင်ငံများကို စစ်ကိုင်းတိုင်း ရွှေဘိုနယ်တွင် ဟန်လင်း၊ မကွေးတိုင်း တောင်တွင်းကြီးအနီးတွင် ဗိဿနိုး၊ ပြည်အနီးတွင် သရေခေတ္တရာတို့တွင် ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုအတွင်း တည်ထောင်နေထိုင်ခဲ့ကြကြောင်း တွေ့ရသည်။ ပျူတို့သည် စာရေးစာဖတ်တတ်ကြပြီး ဗုဒ္ဓဘာသာကို ကိုးကွယ် ကြသည်။ တရုတ်နိုင်ငံသို့ ပျူအကအဖွဲ့စေလွှတ်ဖူးကြောင်း တရုတ်မှတ်တမ်းများတွင် ဖော်ပြထားသဖြင့် ပျူယဉ်ကျေးမှု အဆင့်အတန်း မနိမ့်ကြောင်း တွေ့ရသည်။ ‌ ⿻    ‌ဟန်လင်းမြို့ဟောင်း တူးဖော်ချက်များအရ မြေလွှာ လေးလွှာတွင် အလောင်းများ မြှုပ်နှံထားကြောင်း တွေ့ရ သဖြင့် ထိုတစ်နေရာထဲတွင် ခေတ်အဆက်ဆက် လူနေခဲ့ ကြောင်း သိရပါသည်။ ယနေ့ ဗမာဟုခေါ်ကြသော လူများသည် ထိုပျူများမှပင် ဆင်းသက်လာသလော၊ သို့တည်းမဟုတ် တခြားအရပ်ဒေသမှ ပြောင်းရွှေ့လာ သူများလောဆိုသည်မှာ အငြင်းပွားဆဲပင်။ ပျူမြို့ဟောင်း များကို ယခု ယူနက်စကိုမှ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ထားပါသည်။ ●┅┅┅┅ ┅┅┅┅┅┅ ┅┅┅┅┅ ┅┅┅┅● 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ռᥱᥱժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ #credit_to_writer (ရီအက်!!)

ဒီနေ့ India က အကြောင်းတစ်ခုပြောပြပါမယ် 🇮🇳 New Delhi & Delhi ကကျောင်းတွေအကုန် နေ့တစ်ပိုင်း မှာပိတ်သွားခဲ့ပါတယ် လွန်ခဲ့တဲ့ 2 နာရီမှာ ကျောင်း50ရဲ့ principal တွေ Email မှာ ခြိမ်းခြောက်စာများရခဲ့ပါတယ် ဘယ်လိုခြိမ်းခြောက်စာလဲဆိုတော့ ကျောင်းမှာ ဗုံးများ ဆင်ထားတယ်လို့ခြိမ်းခြောက်ခံခဲ့ရတာပါ College တွေမှာလဲ ဗုံးများပေါ်ကွဲခဲ့တယ်လို့ သိရပါတယ် နာမည်ကြီးတဲ့ကျောင်းတွေကိုဓိကလုပ်တာလို့သိရပါတယ် ပထမဆုံး email ရခဲ့တာကတော့ မင်"တက်တဲ့ကျောင်း Delhi public school မှာပဲဖြစ်ပါတယ် ကျောင်း50ရဲ့ ကျောင်းများအချိန်မဟုတ်ပိတ်လိုက်ရခြင်းကြောင့် ယာဥ်အသွားအလာများ ပိတ်ဆို့မှုများရှိနေပါတယ်။ ကျွန်တော် တော့ India ရဲ့ရွေးကောက်ပွဲနဲ့ သက်ဆိုင်နေတာလို့ ထင်ပါတယ် မင်"ကြုံခဲ့ရတာလေး ပြန် share တာပါ India လဲ မြန်မာ ဓာတ်ကူးသွားတာလို့ထင်ပါတယ်🗿💔# #𝑩𝒆𝒍𝒍𝒊𝒂_𝑨𝒏𝒏𝒂 #𝐕𝐈𝐏_𝐚𝐝𝐦𝐢𝐧

𝐖𝛂ṇ𝘁 𝐓𝗵ỉડ 𝐅𝞂ṇ𝘁 𝐃లડỉგṇ? 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ 🎀━━━━━ ━━━━━━━ ━━━━━┓ ပုံထဲကဖောင့်လှလှလေးကို လိုချင်တယ်ဆိုရင်
𝐖𝛂ṇ𝘁 𝐓𝗵ỉડ 𝐅𝞂ṇ𝘁 𝐃లડỉგṇ? 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ 🎀━━━━━ ━━━━━━━ ━━━━━┓ ပုံထဲကဖောင့်လှလှလေးကို လိုချင်တယ်ဆိုရင်တော့ ချယ်နယ်ကို လူနှစ်ယောက်ခေါ်ပေးထားတဲ့ Ssနဲ့ botမှာလာတောင်း ┗━━━━━ ━━━━━━━ ━━━━━🎀 🦥တစ်ယောက်လောက်ပိုခေါ်ပေးလည်း စိတ်မဆိုးပါဘူး ဟုတ်"🎋ခေါ်ရမဲ့ချယ်နယ် @Knowledge_Sharing_With_Me Ɍᥱᥲсϯі𝛔ռ ռᥱᥱժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐅𝞂ṇ𝘁

●┅┅┅┅ ဆုတောင်းခြင်း ┅┅┅┅● ❍ ကျွန်တော်တို့ လူမျိုးတွေ ဆုတောင်းတာကို တွင်တွင်သုံးကြပါတယ်။ တီဗီအစီအစဉ်ပြိုင်ပွဲတွေမှာ“အကောင်းဆုံးဆုရပါစေလို့ ဆုတောင်းပါတယ်” ဆိုတာ ခဏခဏကြားရပါတယ်။ ဆုတောင်းလို့ ဘာမှဖြစ်မလာနိုင်ပါဘူး။ ❍ ဆုတောင်းတယ်ဆိုတာ ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာကို စိတ်ကူး ယဉ်တာပါပဲ။ ရအောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အစီအစဉ်လည်းမရှိ။ တစ် ခဏတာ စိတ်ကျေနပ်မှုပဲရပြီး လက်တွေ့မှာ ဘာမှဖြစ်မလာပါဘူး။ ❍   ဘယ်လောက်ပဲ ဆိုးဝါးတဲ့အခြေအနေနဲ့ ရင်ဆိုင်ရပါစေ။ ဘယ်တော့မှ ဆုမတောင်းပါနဲ့။ ရည်မှန်းချက် ချပါ။ ရည်မှန်းချက်ကို အောင်မြင်အောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ အစီအစဉ်ဆွဲပါ။ ပြီးရင်တော့ အစီအစဉ်အတိုင်း ရည်မှန်းချက် အောင်မြင်အောင် ကျားကုပ်ကျားခဲ ဇွဲရှိရှိကြိုးစားပါ၊ ❍   ရည်မှန်းချက်ကို အောင်မြင်အောင်ကြိုးစားတဲ့အခါ ဆုမတောင်းဘဲ ရည်မှန်းချက် အောင်မြင်ရင် ဘာတွေဖြစ်လာမလဲဆိုတာကို မျက်စိနဲ့မြင်အောင် မှန်းဆကြည့်ပါ။ ဒီနည်းက ရည်မှန်းချက် အောင်မြင်ဖို့ အလွန်အထောက် အကူပြုပါတယ်။ ❍   မျက်စိနဲ့မြင်အောင် မှန်းဆကြည့်တယ်ဆိုတာ တရုတ်စကားပြောတတ်အောင်သင်မယ်လို့ ရည်မှန်းချက်ချတဲ့အခါ တရုတ်စကားတတ်ရင် ဘယ်လိုပြောမယ်၊ ဘာတွေလုပ်မယ် ဆိုတာကိုမျက်စိနဲ့ မြင်အောင် တွေးကြည့်ပါ။ အတွေးပုံရိပ်က မသိစိတ်မှာ စွဲသွားပါတယ်။ ရည်မှန်းချက် အောင်မြင်အောင်ကြိုးစားတဲ့အခါ မသိစိတ်ပါ ပါလာပါတယ်။ ရည်မှန်းချက် အောင်မြင်သွားပါတယ်။ ဒါကြောင့်ရည်မှန်းချက်အောင်မြင်ဖို့ မျက်စိနဲ့ တွေးပါ။ နဲ့ မြင်အောင် တွေးကြည့်တာ စိတ်ကူးယဉ်တာ မဟုတ်ပါဘူး။ ဆုတောင်းတာကမှ စိတ်ကူးယဉ်တာပါ။ ❍   ပျော်ရွှင်မှုနဲ့အောင်မြင်ခြင်းကိုလိုချင်ရင်တော့ ဆုတောင်းနေရုံနဲ့မရပါဘူး။ အကယ်၍ဆုတောင်းတိုင်းသာဖြစ်ရင်ကျွန်တော်တို့တွေ ကျောင်းတက်ဖို့တောင် မလိုပါဘူး။ ဆုတောင်းတာက အထောက်အပံ့တစ်ခုအနေနဲ့သာဖြစ်ကောင်းဖြစ်လာပါလိမ့်မယ်။ ❍   ပြည့်သောဆုတောင်းများလည်းရှိချင်ရှိလိမ့်မယ်။ တစ်ကယ်‌တမ်းကြိုးစားရမှာကမိမိကိုယ်တိုင်ပါပဲ။ ●┅┅┅┅ ┅┅┅┅┅┅ ┅┅┅┅┅ ┅┅┅┅● 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ռᥱᥱժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ #credit_to_writer (ရီအက်!!)

ကိုယ့်အကြောင်းကိုယ်မကောင်းပြောခြင်းကိုရှောင်ပါ။ ●┅┅┅┅ ┅┅┅┅┅┅ ┅┅┅┅┅ ┅┅┅┅● ⌂ ကျွနိုပ်တို့ဟာ အမြဲတမ်းကိုယ့်ရဲ့အားနည်းချက်ကို ကိုယ်ပြန်ပြော တတ်ကြပါတယ်။ ⌂ “ကျွန်တော်က မေ့တတ်တယ်” “ကျွန်မက ကံမကောင်းပါဘူး” “ကျွန်တော့်ဆီမှာ ပိုက်ဆံကကြာကြာမနေတတ်ဘူး” “ကျွနိုပ်က ဝနေတော့” ကျွနိုပ်တို့ ပါးစပ်ကနေ ပြောတာတွေက ကျွနိုပ်တို့ ပိုဖြစ်ပါ တယ်။ တချို့ကလည်းပါးစပ်က စီးတယ်လို့ ပြောကြပါတယ်။ ပါးစပ်က စီးတာ မဟုတ်ပါဘူး။ ကျွနိုပ်တို့ပြောတာတွေက ကျွနိုပ်တို့ရဲ့ အ‌တွေးတွေကလာတာ ပါ။ ကျွနိုပ်တို့ရဲ့ အတွေးကို ပြောင်းဖို့လိုပါတယ်။ ကောင်းတဲ့အတွေးကို စတွေးပါ။ အထူးသဖြင့် ကိုယ့်ကိုယ်ကို ဘယ်တော့မှအပြစ်မမြင်ပါနဲ့။ ကိုယ့် ကိုယ်ကို အပြစ်မပြောပါနဲ့။ တစ်ခါတလေကျရင်တော့ တစ်စက္ကန့်မှာ အတွေး ပေါင်းမြောက်များစွာဖြစ်နိုင်လို့ တွေးတာကိုထိန်းဖို့ ခက်ချင် ခက်ပါလိမ့်မယ်။ ဒါပေမဲ့ ပြောတာကိုတော့ သေချာပေါက်ထိန်းလို့ ရပါတယ်။ ကျွနိုပ်တို့ကိုယ် ကျွန်တော်တို့ အပြစ်မပြောရင် ကျွနိုပ်တို့ရဲ့အတွေးတွေက အကောင်း မြင်လာပြီး ကျွန်တော်တို့ရဲ့ဘဝတွေက ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံလာပါလိမ့်မယ်။ "ကောင်းတဲ့စိတ် ဖြစ်ပေါ်တိုင်း ကောင်းတဲ့ အတွေး တွေးပါ" မိမိကို မိမိမြင်တဲ့အတိုင်း ကျွန်တော်တို့ဘဝတွေ ဖြစ်လာပါလိမ့်မယ်။ ●┅┅┅┅ ┅┅┅┅┅┅ ┅┅┅┅┅ ┅┅┅┅● 𝐑éꘫ 𝛃൦ȶ ⌕ @Knowledge74_bot ⌂ Ɍᥱᥲсϯі𝛔ռ ռᥱᥱժ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ૮₍ ˃ࡇ˂ ₎ა⸙ #𝐄𝐧𝐳𝐚𝐥𝐢 ⋆ 🌷₊ ⊹ ˚⋆ . #𝐊ռ𝛔ωƖᥱժցᥱ #credit_to_writer ရီအက်အစုံလေးမရတော့ဘူးလား။

ပိတောက်ပန်းရဲ့အဓိပ္ပာယ်ကဘာလဲ
Anonymous voting

ကြယ်တာရာပန်းရဲ့အဓိပ္ပာယ်ကဘာလဲ
Anonymous voting

အိပ်ရေး၀၀အိပ်စက်ခြင်းက ကျွနိုပ်တို့ကျန်းမာရေးအတွက်အရေးကြီးပါတယ်။ နှစ်ခြိုက်စွာအိပ်မောကျစေဖို့ အစားအစာတွေက အများကြီးကူညီနိုင်ပါတယ်။ ဘယ်အစားအစာတွေကအထောက်ပံ့ဖြစ်စေလဲဆိုတာ ဖတ်ကြည့်ရအောင်။ ⎙ ငှက်ပျောသီး ငှက်ပျောသီးမှာ tryptophan ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဓာတ်၂မျိုးလုံးက သင့်ကို ကောင်းမွန်စွာအိပ်ပျော်စေဖို့ ကူညီစေနိုင်ပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⎙ အုတ်ဂျုံမုန့် ဆန်နဲ့အလားတူပါပဲ အုတ်ဂျုံမှာလည်း ကာဗွန်ဟိုက်ဒရိုတ်ပါဝင်မှုကြောင့် မအိပ်ခင်စားသုံးသင့်ပါတယ်။ melatonin ဓာတ်ဖြစ်ပေါ်စေတဲ့အတွက် အိပ်ပျော်စေနိုင်ပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⎙ နို့ သင်နှစ်ခြိုက်စွာအိပ်မောကျစေဖို့ နောက်ထပ်အထောက်အကူဖြစ်စေမယ့် အစားအစာတစ်မျိုးကတော့ နို့ပဲဖြစ်ပါတယ်။ မအိပ်ခင်နွားနို့်ပူပူလေးတစ်ခွက်သောက်ခြင်းက melatonin ဓာတ်ကိုဖြစ်ပေါ်စေပြီး အိပ်ပျော်စေနိုင်ပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⎙ အဆီများတဲ့ငါး ဗီတာမင် စီနဲ့ အိုမီဂါ သရီးဖက်တီးအက်ဆစ်ပါဝင်တဲ့ ငါးကိုစားခြင်းက နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။ လေ့လာချက်တွေအရ ကြက်သား၊ အမဲသားနဲ့ ဝက်သားတို့လို အသားမျိုးတွေထက် ပိုပြီး အိပ်မောကျလွယ်စေပါတယ်တဲ့။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⎙ ကီဝီသီး serotonin နဲ့ antioxidants တွေပါဝင်မှုကြောင့် နှစ်ခြိုက်စွာအိပ်မောကျစေဖို့ မအိပ်ခင်စားသုံးသင့်ပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⎙ ထမင်းဖြူ ထမင်းဖြူမှာ glycemic index ပါဝင်မှုကြောင့် အိပ်ပျော်ဖို့လွယ်ကူစေပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⎙ဗံဒါစေ့ Melatonin နဲ့ မဂ္ဂနီဆီယမ်ပါဝင်မှုကြောင့် မအိပ်ခင်စားသင့်တဲ့ အစားအစာပဲဖြစ်ပါတယ်။ ထိုဓာတ်၂မျိုးလုံးက သင့်ကို အိပ်ပျော်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⎙ ကြက်ဆင်သား မအိပ်ခင်မှာ စားသင့်တဲ့အစားအစာထဲမှာ ကြက်ဆင်သားလည်း ပါဝင်ပါတယ်။ ပရိုတင်းနဲ့ tryptophan ဓာတ်ပါဝင်မှုကြောင့် အိပ်ချင်စိတ်ဖြစ်ပေါ်စေပါတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⎙ ဒိန်ခဲပျော့ casein ဓာတ်ပါဝင်မှုများပြားတာကြောင့် ညအချိန်အိပ်ပျော်ဖို့လွယ်ကူစေနိုင်ပါတယ်။ မအိပ်ခင် ၂နာရီနဲ့ ၃နာရီကြားအတွင်း စားသုံးခြင်းက သင့်ကို နှစ်ခြိုက်စွာအိပ်ပျော်ဖို့ အကူအညီဖြစ်စေပါလိမ့်မယ်။
နှစ်ခြိုက်စွာအိပ်ပျော်နိုင်ကြပါစေ။
▬▭▬▭▬▭▬▭▬▭▬▭▬▬▭ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲოᥱ ƊᥲṛᥲƖі𝛔ռ 𝐂𝐫𝐞𝐝𝐢𝐭 𝐭𝐨 𝐃𝐨𝐜𝐭𝐨𝐫. ▬▭▬▭▬▭▬▭▬▭▬▭▬▬▭ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn #𝐄𝐧𝐳𝐚𝐥𝐢 #𝐊ռ𝛔ωƖᥱժցᥱ

အား‌နာပေမဲ့ထပ်တောင်းရဦးမယ်။ Rec အစုံလေး🥺 #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn
အား‌နာပေမဲ့ထပ်တောင်းရဦးမယ်။ Rec အစုံလေး🥺 #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn

ကိုယ်လိုချင်တဲ့အတိုင်း ဖြစ်မလာတဲ့အခါ ● ⋅•⋅⋅•⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∙∘☽༓☾∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ ❖ အရာရာကိုအလိုမကျဖြစ်နေသူတွေရဲ့ အတွေးတွေက ကမ္ဘာကြီးက လောကကြီးက ဘယ်လိုပုံစံဖြစ်သင့်တယ်၊ လူတိုင်းက ဘယ်လိုပြုမူနေထိုင် သင့်တယ်၊ ငါ့လောက် ဘယ်သူမှမတော်ဘူး စသည်တို့ ဖြစ်ပါတယ်။ သူတို့ လိုချင်တာတွေ ဖြစ်ချင်တာတွေ ဖြစ်မလာရင်တော့ လောကကြီး ကို အလိုမကျဖြစ်ပြီး စိတ်တိုနေတတ်ကြပါတယ်။ ❖ တစ်ခါတလေကျတော့လည်း လူတိုင်းလိုလို ကိုယ်ကူညီလိုက်တဲ့ မိတ်ဆွေဆီက အကူအညီ ပြန်လိုချင်ကြတယ်၊ ကောင်းတာလုပ်ရင် ချီးမွမ်းတာခံချင်ကြတယ်၊ ရှိပြီးသားလူတွေနဲ့ပဲ ဆက်ဆံချင်တယ်၊ ကိုယ်ချစ်တဲ့သူကကိုယ့်ရဲ့မွေးနေ့ကို အမှတ်ရစေချင်တယ်။ လေယာဉ်ပျံစီးတဲ့အခါ အချိန်မှန်ထွက်စေချင်တယ်။ လူတိုင်းပဲ အထက်ကအချက်တွေကို လိုချင်ကြတယ်၊ ဒါပေမဲ့ တစ်ခါတရံ မှာ ဖြစ်ချင်မှလည်း ဖြစ်မယ်။ ကိုယ်လိုချင်တဲ့အတိုင်း မျှော်လင့်ချက်အတိုင်း မဖြစ်ရကောင်းလားလို့ စိတ်ဆိုးမယ်။ ❴ စိတ်အနှောင့်အယှက်ဖြစ်မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ ဝေးရလိမ့်မယ်။ ❵ ❖ လေယာဉ်ပျံစီးတဲ့အခါ လူတိုင်းလေယာဉ်ပျံကို အချိန်မှန်ထွက်စေချင် ပါတယ်။ ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် မထွက်နိုင်ရင်လည်း ကိုယ်တက်မောင်းလို့မှ မရတာ။ ကိုယ်ထိန်းချုပ်လို့မရတဲ့ အဖြစ်အပျက်အကြောင်း အရာတွေအတွက် ဖြေသိမ့်တတ်ဖို့ အရေးကြီးပါတယ်။ ❖ “လေယာဉ်ပျံအချိန်မှန်ထွက်ရင် ကောင်းတာပေါ့၊ နောက်ကျလည်း ကိစ္စမရှိပါဘူး၊ ဒီနေ့တော့ ရောက်မှာပဲ”လို့ ဖြေသိမ့်ပါ။ ဒီလိုအဖြစ်အပျက်တွေက ဘဝမှာမကြာခဏ တွေ့ကြုံရမှာပါ။ တွေ့ကြုံရတိုင်း ကြိုးစားပြီး ဖြေသိမ့်တတ်ရင် အလေ့အကျင့် တစ်ခုလို ဖြစ်လာပါတယ်။ စိတ်ပျော်ရွှင်မှုလည်း ရလာပါလိမ့်မယ်။ ❖ လူတွေက ယဉ်ယဉ်ကျေးကျေးပြုမူဆက်ဆံတာကို သင်လည်း အလိုရှိမှာပဲ။ ရိုင်းတဲ့သူနဲ့တွေ့တဲ့အခါ၊ ကိုယ့်ရဲ့ပျော်ရွှင်စရာနေ့ကလေး မပျက်စီးပါ စေနှင့်။ သူရိုင်းချင် ရိုင်းပါစေ။ ကိုယ်ပြန် မရိုင်းဖို့၊ စိတ်အနှောင့်အယှက် ဖြစ်မသွားဖို့ အရေးကြီးပါတယ်။ ❖ တနင်္ဂနွေနေ့မှာ ဂေါက်သီးရိုက်မယ်လို့စီစဉ်ထားရင် ရာသီဥတုကောင်း တာ၊ နေပူတာကို လိုချင်ပါတယ်။ နေမပူဘဲ မိုးရွာလို့ စိတ်ဒုက္ခမရောက်ပါနဲ့။ မိုးရွာလို့ ဂေါက်သီးရိုက်မကောင်းလည်း မိတ်ဆွေတွေနဲ့ တွေ့ရတာပဲ။မိုးရွာထဲမှာ လမ်းလျှောက်ရတာ အမြတ်ပဲလို့ စိတ်ထားတတ်ရင် ပျော်ရွှင်မှုကို ရပါလိမ့်မယ်။ ❖ ပျော်ရွှင်မှုကိုရဖို့ကိုယ်ထိန်းချုပ်လို့မရတဲ့ ကိုယ့်ပတ်ဝန်းကျင်ကအရာတွေကို ကိုယ်လို ချင်တဲ့အတိုင်း စိတ်တိုင်းကျဖြစ်အောင် ပြောင်းလဲဖို့ ကြိုးစားမလား။ (သို့ မဟုတ်) ကိုယ့်စိတ်ကို ပြောင်းလဲမလားလို့ ဆိုလာရင် ကိုယ့်စိတ်ကို ပြောင်းလဲ ရတာလွယ်ကူပြီး အဖြစ်နိုင်ဆုံးပါပဲ။ ▄ ▄▄ ▄ ▄▄ ▄ ▄▄ ▄ ▄▄ ▄ ▄▄  ▄ ▄▄ ▄
ပျော်ရွှင်မှုကိုလိုချင်ရင် ကမ္ဘာကြီးလောကကြီးကို ပြောင်းလဲဖို့ ကြိုးစားတာထက် ကိုယ့်ကိုယ်ကို ပြောင်းလဲဖို့ ကြိုးစားပါ။
▄ ▄▄ ▄ ▄▄ ▄ ▄▄ ▄ ▄▄ ▄ ▄▄ ▄ ▄▄ ▄ ❴ #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn ❴ #𝐄𝐧𝐳𝐚𝐥𝐢 ❴ #𝐊ռ𝛔ωƖᥱժցᥱ

● ┅┅┅┅┅ အီဂျစ်လူမျိုး ┅┅┅┅┅ ● ⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅ ⿻ မြေဆီမြေနှစ်ပေါကြွယ်ဝတဲ့ နိုင်းမြစ်ဝှမ်းမြေပြင်ပေါ်မှာ အီဂျစ်နိုင်ငံ ပေါ်ပေါက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း Ƽ000ကျော်ကစခဲ့တဲ့ ယဉ်ကျေးမှုဟာ နှစ်ပေါင်း Ӡ000ကျော် တည်တံ့ခဲ့တယ်။ နိုင်းမြစ်ဟာ မြေဆီမြေနှစ် ပေါပြည့်ကြွယ်တဲ့မြေကိုဖြစ်စေပြီး အီဂျစ်ရဲ့ ယဉ်ကျေးမှုကို ထွန်းပြောင်စေခဲ့တယ်။ အီဂျစ်သမိုင်းဟာ တည်ငြိမ်အေးချမ်းခဲ့ပါတယ်။ ⿻ အီဂျစ်တွေရဲ့ဘုရင်ကို ဖာရိုလို့ ခေါ်ပါတယ်။ ဖာရိုဘုရင်တွေဟာ သူတို့ရဲ့ လက်အောက်အရာရှိ ဗိုင်ဇီယာတွေ အကူအညီနဲ့ အီဂျစ်ကို အုပ်ချုပ်ခဲ့ပါတယ်။ ဗိုင်ဇီယာတွေဟာ အခွန်ကောက်ခံသူလည်းဖြစ်ပြီး အမှုအခင်းတွေမှာတရားစီရင်သူတွေလည်း ဖြစ်တယ်။ အီဂျစ်တွေဟာ နတ်ဘုရားများစွာကို ကိုးကွယ်ကြတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⿻   အီဂျစ်တွေက သေပြီးတဲ့နောက်ထာဝရ တည်မြဲတယ်လို့ ယုံကြည်ကြတယ်။ ဖာရိုဘုရင်တွေဟာ သူတို့ရဲ့ အလောင်းကိုပြုပြင်ပြီး ပိရမစ်သင်္ချိုင်းဂူတွေမှာ မြှုပ်နှံကြတယ်။ သူတို့သေရင် အခြားကမ္ဘာတစ်ခုကို ရောက်သွားတယ် လို့လည်း ယုံကြည်ကြတယ်။ ⿻    ဒါကြောင့် သူတို့သင်္ချိုင်းတွေကို သူတို့ကို သူတို့ကိုယ်တိုင် ဖာရို သင်္ချိုင်းတွေကိုဘုရင်တွေက တည်ဆောက်ကြတယ်။ အခု ဒီသင်္ချိုင်း‌တွေကို ပိရမစ်လို့လူသိများကြပါတယ်။ ဆေးပညာနဲ့ပတ်သက်ရင်အီဂျစ်တွေက ကျွမ်းကျင်ကြပါတယ်။ ဒါပေမဲ့ တိုင်း တစ်ပါးကျူးကျော်မှု၊ ယဉ်ကျေးမှု ပြိုလဲခဲ့ရတယ်။ ဘီစီ Ӡ0မှာ ရိုမန်တွေရဲ့ သိမ်းပိုက်မှုကို ခံခဲ့ရတယ်။ ∘∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅ 𖦁 ∙•⋅⋅⋅•⋅⋅⊰⋅•⋅⋅•⋅⋅•⋅⋅•⋅∘ ⿻   အဦးဆုံးပိရမစ်တွေက အဆင့်တွေနဲ့တည်ဆောက် ထားတာပါ။ လူတွေက ဘုရင်ရဲ့ ဝိညာဉ်ဟာ အဆင့်တွေ ကိုတက်ပြီး နေနတ်ဘုရားနဲ့ သွားချိတ်မိမယ်လို့ ယုံကြည် ကြတယ်။ နောက်ပိုင်း ပိရမစ်တွေကိုတော့ ချောမွေ့တဲ့ အစောင်းတွေနဲ့ တည်ဆောက်ကြပါတယ်။ ⿻   လူတွေ ဖောက်ထွင်းလုယူဖို့ လွယ်သွားတဲ့ အတွက် နောက်ပိုင်းမှာ ဖာရိုဘုရင်တွေက သူတို့ရဲ့ သင်္ချိုင်းကို လူသိမခံတော့ဘဲ နေ့ရောညပါ အစောင့် ချထားပါတော့တယ်။ ⿻   အီဂျစ်တွေက သေပြီးလို့ သူတို့အလောင်းကို ပြုပြင်စီရင် ထားရင် ထာဝရအသက်ရှင်တယ်လို့ ယူဆကြတယ်။ ဒါကြောင့် အလောင်းဆီက အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ ဦးနှောက် တွေကို ထုတ်ယူပြီး နှလုံးကိုတော့ ချန်ထားပါတယ်။ ပြီးတော့ ဆားရည်လို ဆေးရည်စိမ်ပြီး အဝတ်နဲ့ ကျပ်ထုတ်စည်းတယ်။ ဒါကို မံမီလို့ ခေါ်ပါတယ်။ ▬▭▬▭▬▭▬▭▬▭▬▭▬▬▭▬▭ 𝐊ռ𝛔𝞈Ɩᥱժցᥱ Ѕჩᥲṛіռց ßყ 𝐙ᥲოᥱ ƊᥲṛᥲƖі𝛔ռ Ɗ𝛔ռ'ϯ ṛᥱρ𝛔ѕϯ & Ꮳ𝛔ρყ!! ▬▭▬▭▬▭▬▭▬▭▬▭▬▬▭▬▭ ·. . ・ . . ๋ ▾ . ˖ ִִֶ . ː ݊ ⋆ · . ・ 。 ˚. ˖ ִִֶָ . ٠ . ˟ . ː ݊ ● #𝐙αꭑ𝖾_𝐃α𝗋αᥣ𝗂ⱺn#𝐄𝐧𝐳𝐚𝐥𝐢#𝐊ռ𝛔ωƖᥱժցᥱ#𝐇іѕϯ𝛔ṛყ