fa
Feedback
ဆင်ဖြူရှင်

ဆင်ဖြူရှင်

رفتن به کانال در Telegram

ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။

نمایش بیشتر

📈 تحلیل کانال تلگرام ဆင်ဖြူရှင်

کانال ဆင်ဖြူရှင် (@sinphyushin13) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 622 مشترک است و جایگاه 15 670 را در دسته اخبار و رسانه‌ها و رتبه 9 839 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 622 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 15 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -329 و در ۲۴ ساعت گذشته برابر -10 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 4.31% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 3.83% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 544 بازدید دریافت می‌کند. در اولین روز معمولاً 484 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 15 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 16 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 622
مشترکین
-1024 ساعت
-487 روز
-32930 روز
آرشیو پست ها
Repost from Sitt Naing News
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ နေအိမ်မီးလောင်မှုဖြစ်ပွား နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ ပြည်(၁)လမ်းတွင် စက်တင်ဘာ
+1
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၌ နေအိမ်မီးလောင်မှုဖြစ်ပွား နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊ ပြည်(၁)လမ်းတွင် စက်တင်ဘာ ၁၅ ရက် ည ၈ နာရီ ၄၁ မိနစ်အချိန်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုသတင်းရရှိသဖြင့် ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးနှင့် တပင်ရွှေထီးနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။ #SN

ဖြစ်စဉ်ကို ပြောင်းပြန်မပြောသင့်ပါ ပြည်ဖျက်မီဒီညာ စက်တင်ဘာ ၁၄ ရက်က တီးတိန်မြို့နယ်အတွင်း သင်းအုပ်ဆရာတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ဖျက်မီဒီယာ Irrawaddy ရဲ့သတင်းဖော်ပြချက်တွေမှာ “ထွက်ပြေးလာတဲ့ စစ်သုံ့ပန်းတွေက ပစ်ခတ်ခဲ့တာ” ဆိုတဲ့ အကြောင်းအရာဆိုပြီး ရေးထားတာတွေ့ရတယ်။ - မြေပြင်ဖြစ်စဉ်အမှန်က သင်းအုပ်ဆရာဟာ ဘာသာရေးလုပ်ငန်းတာဝန်နဲ့ ဆိုင်ကယ်စီးပြီး ခရီးသွားနေစဉ် မွှာလ်လွန်းရွာအနီး ကပ်တဲလ်တံတားမှာ အကြမ်းဖက် PDF-Zoland အဖွဲ့က ရပ်တန့်ဖို့ အချက်ပြခဲ့ပေမယ့် မသိရှိဘဲ ဆက်လက်မောင်းနှင်သွားခဲ့တာကြောင့် ထွက်ပြေးလွတ်မြောက်လာသူ(စစ်သုံ့ပန်းတွေ)ဟု ယူဆပြီး သေနတ်နဲ့ပစ်ခတ်လိုက်တာဖြစ်ပါတယ်။ ဆိုင်ကယ်နောက်မှာပါတဲ့ သင်းအုပ်ဆရာ ဒါလ်ထွန်းတေွာင် ဟာ ဝမ်းဗိုက်နဲ့ ပေါင်မှာ ဒဏ်ရာရရှိပြီး အဲဒီနေရာမှာ သေသွားတာဖြစ်တယ်။ - ပြည်ဖျက်မီဒီယာတွေအနေနဲ့ “ဘယ်သူ့ကြောင့် ဖြစ်ခဲ့တာလဲ” ဆိုတဲ့ အချက်ကို မစစ်ဆေးဘဲ “စစ်သုံ့ပန်းတွေက ပစ်ခဲ့တာ” ဆိုပြီး ပြောင်းပြန်ဖော်ပြနေတော့ အမှန်တရားကို ဖုံးကွယ်ပြီး ပိုက်ဆံရတိုင်း ပေါက်ကရ လျှောက်ရေးနေခြင်း ဖြစ်ပါတယ်။ - ဒါကြောင့် သတင်းတစ်ခုကို ပိုက်ဆံရရင်ပြီးရော ရေးတင်မယ့်အစား ဘယ်သူက ဘယ်အချိန်မှာ၊ ဘယ်လိုအခြေအနေမှာ ပစ်ခတ်ခဲ့တာလဲဆိုတဲ့ ဖြစ်စဉ်အမှန်ကို ဗူးကွယ်မရေးသင့်ပါ။ ဖြစ်စဉ်ကို သေချာစုံစမ်း အတည်ပြုပြီးမှ ရေးပါ။ ပြည်သူတွေကို သတင်းအဆိပ်မခတ်ပါနဲ့။ - ပြောမယ့်သာပြောရတယ် ပြည်ဖျက်မီဒီညာဆိုတော့လည်း သောက်ရှက်ရှိမှာလည်း မဟုတ်ပါဘူး။ တိုက်ပွဲသတင်းစုံ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား ပြည်ထောင်စုသမ
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ စက်တင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ တက်ရောက်အမှာစကားပြောကြားသည်။ ထိုသို့ အမှာစကားပြောကြားရာတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။ #HOS #SN

Repost from Sitt Naing News
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြော
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများသည်လည်း ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် နိုင်ငံတော်တွင် အတူတကွမှီတင်း နေထိုင်ကြသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးက ကိုယ်စီအသိရှိစွာဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နေပြည်တော်၊ စက်တင်ဘာ - ၁၅ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ #PPIB #SN

Repost from Sitt Naing News
ပျဉ်းမနား၌ စက်သုံးဆီတရားမဝင် ရောင်းချသူ ၅ ဦး အမှုဖွင့် စက်တင်ဘာ ၁၅ ပျဉ်းမနားမြို့နယ်၌ စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက ပျဉ်းမနား
ပျဉ်းမနား၌ စက်သုံးဆီတရားမဝင် ရောင်းချသူ ၅ ဦး အမှုဖွင့် စက်တင်ဘာ ၁၅ ပျဉ်းမနားမြို့နယ်၌ စက်တင်ဘာ ၁၂ ရက် နံနက် ၉ နာရီက ပျဉ်းမနားမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က တရားမဝင် စက်သုံးဆီ လက်ဝယ်ထားရှိရောင်းချမှုများကို လိုက်လံစစ်ဆေးခဲ့သည်။ စစ်ဆေးရာ အောင်သူ(၃၇)နှစ်၊ သန့်ဇင်(၄၆)နှစ်၊ အောင်ကျော်သူဆွေ(၄၁)နှစ်၊ ညီညီဝင်း(၄၄)နှစ်နှင့် ကြည်စိုးအောင်(၂၇)နှစ်တို့ ၅ ဦးထံမှ ဓာတ်ဆီ စုစုပေါင်း ၄၂၄ ဂါလံခန့်နှင့် ဆီပန့် ၅ ခု သိမ်းဆည်းရမိခဲ့သည်။ ၎င်းတို့အား ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာဥပဒေ ပုဒ်မ ၃၇ ဖြင့် သက်ဆိုင်ရာရဲစခန်းများတွင် အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။ #SN

Repost from Sitt Naing News
နိုင်ငံကျော် နာမည်ကြီး သရုပ်ဆောင်တွေတောင် စစ်မှုထမ်းရပါတယ်၊ "စစ်မှုထမ်းခြင်းက တိုင်းပြည်အတွက် ဂုဏ်ယူစရာကောင်းကြောင်း မသိကြသေးလို့ စစ်မှုထမ်းရတာကို" ကြောက်နေကြတာပါဆိုတဲ့... ဒါရိုက်တာပန်းချီ စိုးမိုး

Repost from Sitt Naing News
အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အသင်းများ ကြိုဆိုမိတ်ဆက် ပဲခူး၊ စက်တင်ဘာ ၁၅ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်န
+9
အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အသင်းများ ကြိုဆိုမိတ်ဆက် ပဲခူး၊ စက်တင်ဘာ ၁၅ ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ပွဲကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီးများနှင့် ရခိုင်ပြည်နယ်၊ နေပြည်တော်နှင့် ပဲခူးတိုင်းဒေသကြီးအသင်းများမှ နည်းပြနှင့်အုပ်ချုပ်သူများထံ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။ အုပ်စု(ခ) ပွဲစဉ်များကို ပဲခူးတိုင်း၊ နေပြည်တော်နှင့် ရခိုင်ပြည်နယ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ပြီး စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ပဲခူးမြို့ အားကစားဥယျာဉ်ကွင်း၌ ကျင်းပမည်ဖြစ်ကာ အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။ #SN

တန်ဖိုးမြှင့်စားသောက်ကုန် (Bakery & Ice Cream) သင်တန်းဖွင့်ပွဲကျင်းပ တောင်ငူ၊ စက်တင်ဘာ ၁၅ တောင်ငူမြို့ အမှတ်(၈၄၈) စစ်လက်နက်ပစ
+1
တန်ဖိုးမြှင့်စားသောက်ကုန် (Bakery & Ice Cream) သင်တန်းဖွင့်ပွဲကျင်းပ တောင်ငူ၊ စက်တင်ဘာ ၁၅ တောင်ငူမြို့ အမှတ်(၈၄၈) စစ်လက်နက်ပစ္စည်းတပ်ခွဲ၌ တပ်မတော်စစ်သည်မိသားစုများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးနှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်နိုင်စေရေးအတွက် တန်ဖိုးမြှင့်စားသောက်ကုန် (Bakery & Ice Cream) ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကို စက်တင်ဘာ ၁၄ ရက်က ကျင်းပသည်။ အခမ်းအနားတွင် အမှတ်(၈၄၈) စစ်လက်နက်ပစ္စည်းတပ်ခွဲ တပ်မှူး ဗိုလ်မှူးဇော်လင်းအောင် က အဖွင့်အမှာစကား ပြောကြားပြီး ဇနီး ဒေါ်နွယ်နွယ်ဝင်း နှင့် တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးတို့က သင်ထောက်ကူနှင့် ကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့သည်။ သင်တန်းကို စက်တင်ဘာ ၁၄ ရက်မှ ၂၅ ရက်အထိ ၁၂ ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက လုပ်ငန်းထူထောင်နိုင်ရေးအတွက် ငွေကျပ်သိန်း ၇၀ နှင့်ညီမျှသည့် စက်ပစ္စည်းများ သုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။ #AungPhyuLinn

Repost from Sitt Naing News
မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများအပေါ် အထူးအလေးထား စိတ်ဝင်စားမှုများအတွက်လည်း ကျေးဇူးတင်ရှိ နိုင်ငံတော်သမ္မတ ပြောကြား အဆွေ
မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများအပေါ် အထူးအလေးထား စိတ်ဝင်စားမှုများအတွက်လည်း ကျေးဇူးတင်ရှိ နိုင်ငံတော်သမ္မတ ပြောကြား အဆွေတော်၏ မြန်မာနိုင်ငံအပေါ် ညီရင်းအစ်ကိုပမာစိတ်ဖြင့် အစဉ်တစိုက်အားပေးထောက်ခံမှုများနှင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများအပေါ် အထူးအလေးထား စိတ်ဝင်စားမှုများအတွက်လည်း ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ခေတ္တနိုင်ငံတော်အကြီးအကဲနှင့် အထက်လွှတ်တော်(ဆီးနိတ်)ဥက္ကဋ္ဌ ဆမ်ဒက်ဟွန်ဆင်တို့ တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်စဉ် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အဆွေတော်၏ လမ်းညွှန်မှုဖြင့် ကမ္ဘောဒီးယားနိုင်ငံက အရေးပေါ်ရန်ပုံငွေပေးပို့ကူညီခဲ့သည်ကို အထူးပင်ကျေးဇူးတင်အမှတ်ရနေပါကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါတယ်။ #HOS #SN

Repost from Sitt Naing News
အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊သူ ၁၈၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပြုလုပ်ပေး ပဲခူး၊ စက်တင်ဘာ ၁၅ လူဝင်မှုကြီးကြ
+9
အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊သူ ၁၈၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ပြုလုပ်ပေး ပဲခူး၊ စက်တင်ဘာ ၁၅ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက ပဲခူးမြို့နယ်၊ ကျောက်တန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)အလွန် လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခဲ့သည်။ အဆိုပါကွင်းဆင်းဆောင်ရွက်မှုကို ပဲခူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းခန့်ကျော်၊ ပဲခူးခရိုင်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ဦးနှင့် ပဲခူးမြို့နယ်ဦးစီးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးခင်မောင်တို့က လိုက်လံကြည့်ရှုအားပေးခဲ့ပြီး အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊သူ ၁၈၀ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ပြုလုပ်ပေးအပ်ခဲ့ကြောင်း သိရသည်။ #SN

Repost from Sitt Naing News
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း (အမျိုးသား၊ အမျိုးသမီး) များ ခေါ်ယူ #SN
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်း (အမျိုးသား၊ အမျိုးသမီး) များ ခေါ်ယူ #SN

Repost from Truth Waves
ယနေ့ထိ အလင်းဝင် PDF စုစုပေါင်း ၅၆၇၂ ဦးနှင့် လက်နတ်မျိုးစုံ ၆၉၂ လက်ထိ ရှိလာနေ Truth Waves

ငဝန်မြစ်ရေကာတာ ထူးပေါက်မှုကြောင့် မြို့နယ် ၆ ခုတွင် ရေဝင်ရောက် နေပြည်တော်၊ စက်တင်ဘာ ၁၅ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ
+1
ငဝန်မြစ်ရေကာတာ ထူးပေါက်မှုကြောင့် မြို့နယ် ၆ ခုတွင် ရေဝင်ရောက် နေပြည်တော်၊ စက်တင်ဘာ ၁၅ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ဇူလိုင် ၃၀ ရက် ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေတိုက်စားမှုများကြောင့် ငဝန်မြစ်ရေကာတာ၏အောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှု ဖြစ်ပွားခဲ့သည်။ အဆိုပါရေဝင်ရောက်မှုကြောင့် ယနေ့အထိ လေးမျက်နှာမြို့ပေါ်ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာအချို့အပြင် ဟင်္သာတ၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်နှင့် ကျောင်းကုန်းမြို့နယ်များရှိ ရပ်ကွက် ၁၄ ခုနှင့် ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများ ဖြစ်ပွားနေသည့် မြို့နယ် ၆ မြို့နယ်ရှိ ရပ်ကွက် ၁၉ ခုနှင့် ကျေးရွာများတွင် ကူညီကယ်ဆယ်ရေးနှင့် တားဆီးကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ #SN

Repost from Sitt Naing News
ပညာရေးကဏ္ဍသစ်အဖြစ် ဖွင့်လှစ်လိုက်သည့်ကျောင်းများတွင် စိတ်ပါဝင်စားစွာ တက်ရောက်လိုသူများကို အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း တပ်မတ
+2
ပညာရေးကဏ္ဍသစ်အဖြစ် ဖွင့်လှစ်လိုက်သည့်ကျောင်းများတွင် စိတ်ပါဝင်စားစွာ တက်ရောက်လိုသူများကို အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား ပညာရေးကဏ္ဍသစ်အဖြစ် ဖွင့်လှစ်လိုက်သည့်ကျောင်းများတွင် တပ်မတော်သားမိသားစုဝင်များ၊တပ်မတော်သားအငြိမ်းစားများ၏ မိသားစုဝင်များအပြင်တပ်မတော်နှင့် တပ်မတော်၏ပညာရည်မြင့်မားရေးဖော်ဆောင်မှုအပေါ် စိတ်ပါဝင်စားစွာတက်ရောက်လိုသူများကို ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သကဲ့သို့တက်ရောက်လိုသူများကိုလည်း အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က စက်တင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာလူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့တက်ရောက်အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စစ်ဆေး စက်တင်ဘာ ၁၅ ရန်ကုန်-မန္တလေး အမြန်လမ်း ရန်ကုန်-နေပြည်တော်
ရန်ကုန်-နေပြည်တော် အမြန်လမ်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ စစ်ဆေး စက်တင်ဘာ ၁၅ ရန်ကုန်-မန္တလေး အမြန်လမ်း ရန်ကုန်-နေပြည်တော်လမ်းပိုင်း ပြုပြင်ထိန်းသိမ်းနေမှုနှင့် မိုင်တိုင်(၁၆၅/၁)ရှိ ဆွာချောင်းတံတား အသွားလမ်းတွင် အရှည်ပေ ၉၀၀ တံတားအသစ် တည်ဆောက်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများ မှာကြားသည်။ ထို့အပြင်အမြန်လမ်းလိုအပ်သည့်နေရာများတွင် စက်ယန္တရားများဖြင့် ကတ္တရာကွန်ကရစ်(AC) ခင်းကျင်းနေမှုနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး ဆောင်ရွက်နေမှုများကိုလည်းစစ်ဆေးသည်။ ဆက်လက်၍ တံတား၊ လမ်းနှင့် အဆောက်အဦ ဦးစီးဌာနများ၏ သုတေသနနှင့် အရည်အသွေးထိန်းသိမ်းရေးဓာတ်ခွဲခန်းများသို့ သွားရောက်ကာ တည်ဆောက်ရေးသုံးပစ္စည်းများ၊မြေသား၊ ကတ္တရာနှင့်သံချောင်းများ အရည်အသွေးစစ်ဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲခန်းများသည် တည်ဆောက်ရေးလုပ်ငန်းများအတွက်အရေးပါသဖြင့် အရည်အသွေးစစ်ဆေးမှုများကို စနစ်တကျဆောင်ရွက်ရန်နှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများကိုထိရောက်စွာထိန်းသိမ်းအသုံးပြုရန်မှာကြားခဲ့ကြောင်းသိရသည်။ #SN

Repost from Sitt Naing News
တာချီလိတ်မြို့တွင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၂၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
+2
တာချီလိတ်မြို့တွင် ခန့်မှန်းတန်ဖိုး ငွေကျပ် ၁ ဒသမ ၂၆ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Repost from Sitt Naing News
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီဂျပန်အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ စက်တင်ဘာ ၁၅ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီဂျပန်အောက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ စက်တင်ဘာ ၁၅ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည်ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsukeဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ၌လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ်နှစ်နိုင်ငံလွှတ်တော်အချင်းချင်းထိတွေ့ဆက်ဆံရေး၊ လွှတ်တော်ကော်မတီချင်း ပူးပေါင်းဆောင်ရွက်ရေးအပြင်လူငယ်၊အမျိုးသမီးနှင့်နည်းပညာကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုဆွေးနွေးခဲ့ကြသည်။ ဂျပန်အောက်လွှတ်တော်အမတ် Honorable Mr. TAKEI Shunsuke က နှစ်နိုင်ငံလွှတ်တော်များအကြားပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရေး၊လူ့စွမ်းအားအရင်းအမြစ်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးနှင့်ပြည်သူချင်းထိတွေ့ဆက်ဆံမှုပြန်လည်ခိုင်မာရေးတို့အတွက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းပြောကြားသည်။ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌဦးမောင်မောင်အုန်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ဒီဂျစ်တယ်နှင့်သိပ္ပံနည်းပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာနန္ဒာလှမြင့်နှင့်လွှတ်တော်ရုံးမှတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ #SN

တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး အစားထိုးပြောင်းလဲ
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦး အစားထိုးပြောင်းလဲ

တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦး အစားထိုးပြောင်းလဲ
တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ငါးဦး အစားထိုးပြောင်းလဲ