ar
Feedback
ဆင်ဖြူရှင်

ဆင်ဖြူရှင်

الذهاب إلى القناة على Telegram

ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။

إظهار المزيد

📈 نظرة تحليلية على قناة تيليجرام ဆင်ဖြူရှင်

تُعد قناة ဆင်ဖြူရှင် (@sinphyushin13) في القطاع اللغوي Burmese لاعباً نشطاً. يضم المجتمع حالياً 13 544 مشتركاً، محتلاً المرتبة 15 136 في فئة الأخبار والوسائط والمرتبة 9 499 في منطقة Myanmar.

📊 مؤشرات الجمهور والحراك

منذ تأسيسه في невідомо، حقق المشروع نمواً سريعاً وجمع 13 544 مشتركاً.

بحسب آخر البيانات بتاريخ 30 يونيو, 2026، تحافظ القناة على نشاط مستقر. خلال آخر 30 يوماً تغيّر عدد الأعضاء بمقدار -396، وفي آخر 24 ساعة بمقدار -8، مع بقاء الوصول العام مرتفعاً.

  • حالة التحقق: غير موثّقة
  • معدل التفاعل (ER): يبلغ متوسط تفاعل الجمهور 6.35‎%. وخلال أول 24 ساعة من النشر يحصد المحتوى عادةً 5.32‎% من ردود الفعل نسبةً إلى إجمالي المشتركين.
  • وصول المنشورات: يحصل كل منشور على متوسط 860 مشاهدة. وخلال اليوم الأول يجمع عادةً 721 مشاهدة.
  • التفاعلات والاستجابة: يتفاعل الجمهور بانتظام؛ متوسط التفاعلات لكل منشور يبلغ 27.

📝 الوصف وسياسة المحتوى

يصف المؤلف القناة بأنها مساحة للتعبير عن الآراء الذاتية:
ပြည်တွင်းအတည်ပြုသတင်းများ၊သတင်းမှန်များ၊သတင်းထူးများကိုတင်ပေးမည်။

بفضل وتيرة التحديث المرتفعة (أحدث البيانات بتاريخ 01 يوليو, 2026) تحافظ القناة على حداثتها ومستوى وصول مرتفع. وتُظهر التحليلات تفاعلاً نشطاً من الجمهور، ما يجعلها نقطة تأثير مهمة ضمن فئة الأخبار والوسائط.

13 544
المشتركون
-824 ساعات
-927 أيام
-39630 أيام
أرشيف المشاركات
အလင်းဝင်သူများကို Blacklist မသွင်းထား၊ လက်နက်ကိုင်အဖွဲအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တံခါးဖွင့်ထားဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုး ပြောကြား အလင်းဝင်ရောက်လာတဲ့ PDF အဖွဲဝင်များနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသူများကို Blacklist စာရင်းမှာ ထည့်သွင်းထားခြင်းမရှိကြောင်းနှင့် NCA လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မရေးထိုးထားသည်ဖြစ်စေ လက်နက်ကိုင်အဖွဲအစည်းအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရအနေဖြင့် တံခါးဖွင့်ထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့ပါတယ်။ ယနေ့ ဇွန် ၃၀ ရက် မွန်းလွဲပိုင်းမှာ နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးမှာ အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာများရဲ့ မေးမြန်းမှုများကို ဖြေကြားရာမှာ ယင်းသို ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ဒေါက်တာခိုင်ခိုင်စိုးရဲ့ ပြောကြားချက်အရ Blacklist စာရင်းမှာ ပါဝင်နေသူအများစုမှာ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုချက်မရှိဘဲ တာဝန်ပျက်ကွက်ပြီး ဌာနကင်းကွာခဲ့သူများဖြစ်ပြီး အလင်းဝင်ရောက်လာသူများကို Blacklist စာရင်းမှာ ထည့်သွင်းထားခြင်းမရှိကြောင်း သိရပါတယ်။ ထိုပြင် Blacklist စာရင်းမှာ ပါဝင်နေသူများအနေဖြင့်လည်း စာရင်းမှ ဖြေလျှော့ပေးရန် သက်ဆိုင်ရာဌာနများသို လျှောက်ထားနိုင်ပြီး၊ ပြည်ပမှာ ရောက်ရှိနေသူများသည်လည်း သက်ဆိုင်ရာ မြန်မာသံရုံးများမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ပြောကြားပါတယ်။ ထိုအပြင် ၂၀၂၄ ခုနှစ်အတွင်း Blacklist စာရင်းတွင် ပါဝင်သူ ၇,၀၀၀ ကျော်ကို စိစစ်ကာ စာရင်းမှ ဖြေလျှော့ပေးခဲ့ကြောင်းလည်း အသိပေးပြောကြားခဲ့ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍လည်း ရက် ၁၀၀ စီမံချက်ကာလအတွင်းသာမက ယင်းကာလကျော်လွန်သည့်တိုင် မည်သည့်လက်နက်ကိုင်အဖွဲအစည်းမဆို အလင်းဝင်ရောက်လိုပါက လက်ခံကြိုဆိုသွားမှာဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးရန် တံခါးဖွင့်ထားကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။ ထိုအပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲများနှင့် NCA လက်မှတ်မရေးထိုးထားတဲ့ အဖွဲများအားလုံးကို ခွဲခြားမှုမရှိဘဲ ပါဝင်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားပြီး အားလုံးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးမှုများကို အပြည့်အဝ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားခဲ့ပါတယ်။

photo content
+4

၂ဝ၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ် ဇွန် ၃၀ ၂ဝ၂၆ခုနှစ်၊ ကာကွယ
၂ဝ၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြုလုပ် ဇွန်  ၃၀ ၂ဝ၂၆ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ နယ်မြေခံလေတပ်စခန်းဌာနချုပ်၌ပြုလုပ်ရာ တပ်မတော်(လေ)မှတာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊  ပြိုင်ပွဲဝင်အားကစားသမားများ၊ အားကစားဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ #SN

ပညာရေးကို ဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ဇွန်လ ၂၉
+3
ပညာရေးကို ဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ဇွန်လ ၂၉ ရက်နေ့က နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား နိုင်ငံတော်သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဥ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတက ကောင်းစွာပညာသင်ကြားရေးကို ခြိမ်းခြောက်မှုများကြောင့် ပိတ်ထားရသည့် ကျောင်းများ ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မိမိတို့ဒေသကို နိမ့်ပါးသည့်နေရာသို့ ရောက်အောင် တွန်းပို့ဖျက်ဆီးနေခြင်းပင်ဖြစ်ကြောင်း၊ ပညာရေးကို ဖျက်ဆီးခြင်းသည် နိုင်ငံ၏ အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်းနှင့် ထိုသို့ဒေသပျက်စီးရေး ဆောင်ရွက်နေမှုများကို နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများက ဒေသတွင်းစုပေါင်းအားဖြင့် ဝိုင်းဝန်းဆန့်ကျင် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။ #HeadOfState

Repost from Sitt Naing(News)
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ Naypyitaw State Academy မှ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ နေပြည်တော်၊ ဇွန် ၃၀၊ ၂၀၂၆ ပ
+9
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ Naypyitaw State Academy မှ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ နေပြည်တော်၊ ဇွန် ၃၀၊ ၂၀၂၆ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ သည် လွှတ်တော်အစည်းအဝေး ကျင်းပပုံများကို လာရောက်လေ့လာသည့် Naypyitaw State Academy မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်ပုံများ၊ ဥပဒေပြုရေးဆိုင်ရာ ကဏ္ဍများနှင့် ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသည် လူငယ်များ၏ လွှတ်တော်ဆိုင်ရာ အသိပညာနှင့် စိတ်ဝင်စားမှုများ တိုးမြင့်လာစေရန် ရည်ရွယ်၍ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ #SN

Repost from Sitt Naing(News)
နိုင်ငံတော်သမ္မတရုံး၏ သတင်းစာ ရှင်းလင်းပွဲ ကို ၃၀-၆-၂၀၂၆ (အင်္ဂါနေ့) ၊ ယနေ့ မွန်းလွဲပိုင်းတွင် ပြုလုပ်မည် ဖြစ်သည်။ #PPIB #SN

မိုးကြီးမည့်သတိပေးချက် ထုတ်ပြန်၊ ဇူလိုင် ၃ ရက်မှ ၁၀ ရက်အတွင်း ဒေသ ၇ ခုတွင် မိုးသည်းထန်နိုင်မိုးလေဝသသတင်း ၂၀၂၆ ၊ဇွန် ၃၀မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်မှ ၁၀ ရက်အတွင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၁/၂၀၂၆) ဖြင့် ထုတ်ပြန်သည်။ ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၃၀ မိုင်မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ ၈ ပေမှ ၁၀ ပေခန့်အထိ ရှိနိုင်ကြောင်းလည်း ဖော်ပြထားသည်။မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်သူများ ကြိုတင်သတိပြုကြရန်၊ ထို့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုဆောင်ရွက်ရန် မိုးဇလဌာနက အသိပေးနှိုးဆော်ထားသည်။ #SN

photo content

Repost from Sitt Naing(News)
နိုင်ငံတော်သမ္မတ သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇူလိုင် ၃ ရက်မှ ၅ ရက်အ
နိုင်ငံတော်သမ္မတ သည် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်သည် လာအိုသမ္မတ Thongloun Sisoulith ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ ခရီးစဉ်အတွင်း နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်းနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။ ယခုခရီးစဉ်သည် မကြာသေးမီက တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များနောက်ဆက်တွဲ ဒေသတွင်းသံတမန်ရေး လှုပ်ရှားမှုတစ်ရပ်ဖြစ်ပြီး အစိုးရသစ်၏ နှစ်လကျော်ကာလအတွင်း အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်မှုအရ တတိယမြောက်နိုင်ငံဖြစ်ကြောင်း သိရသည်။ မြန်မာနှင့် လာအိုနှစ်နိုင်ငံအကြား မိတ်ဖက်ဆက်ဆံရေးမှာ နှစ်ပေါင်း ၇၁ နှစ်ကျော် ရှိလာခဲ့ပြီး ယခုခရီးစဉ်သည် ထိုဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် အရေးပါသည့် ခရီးစဉ်တစ်ခုအဖြစ်သိရသည်။ #SN

*ရခိုင်ကိုစိတ်ကြိုက်ဗုံးကျဲခွင့်ပြုလိုက်တဲ့စကား* ဒီစကားက စိတ်ကြိုက်ရခိုင်ကိုစိတ်ကြိုက်ဗုံးကျဲခွင့်ပြုလိုက်တာပါပဲ၊သိပ်မခက်ပါဘူ
*ရခိုင်ကိုစိတ်ကြိုက်ဗုံးကျဲခွင့်ပြုလိုက်တဲ့စကား* ဒီစကားက စိတ်ကြိုက်ရခိုင်ကိုစိတ်ကြိုက်ဗုံးကျဲခွင့်ပြုလိုက်တာပါပဲ၊သိပ်မခက်ပါဘူး၊ ဒီကာလမှာ မီးလောင်ဗုံးတွေများများစုထား၊ နွေပေါက်ပြီးဆိုတာနဲ့ လောင်စာဆီတွေနဲ့အရင်ဖြန်း၊ ပြီးရင်မီးလောင်ဗုံးတွေလိုက်ကျဲလိုက်ရုံပါပဲ၊အမေရိကန်ပြည်တွင်းစစ်မှာသမ္မတလင်ကွန်း တို ဗိုလ်ချုပ်ကြီးရှားမင်း တို လဲ ဒီလို ပုံစံတူ ကျင့်သုံးခဲ့တယ် မဟုတ်လား၊ တောင်ပိုင်းသား တွေ ခွဲထွက်ခွင့်အသံတိတ်သွားလို အခုဆိုရင် အမေရိကန်ပြည်ထောင်စု သက်တမ်းတောင် နှစ် ၂၅၀ ပြည့်ဖို ရက်ပိုင်းပဲ လိုပါတော့တယ်။AA ကို အဲဒီလို အသံတိတ်စေချင်လှပါပြီ။ မင်းသုန္ဒရ

မြစ်ကြီးနားမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအားတွေ့ဆုံ နေပြည်တော် ဇွန် ၃၀ ကချင်ပြည်နယ
မြစ်ကြီးနားမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအားတွေ့ဆုံ နေပြည်တော်  ဇွန်  ၃၀             ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့်တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့်ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။ #SN

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ နေပြည်တော် ဇွန် ၃၀ ရန်ကုန်တို
ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ နေပြည်တော်  ဇွန်  ၃၀ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏၂၀၂၆ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ နယ်မြေခံသင်တန်းကျောင်းရှိ ဘောလုံးအားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ  တက်ရောက်ကြသည်။

Repost from Sitt Naing(News)
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို မြန်မာနိုင်ငံသို
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်မည် #SN

tiktok လူမှုကွန်ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ရုပ်သိမ်းသည်ဟု မမှန်သတင်းများ ဖြန့်ဝေနေ Tiktok လူမှုကွန်ယက်တွင် နိုင်ငံတော်သမ္မ
tiktok လူမှုကွန်ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ရုပ်သိမ်းသည်ဟု မမှန်သတင်းများ ဖြန့်ဝေနေ Tiktok လူမှုကွန်ယက်တွင် နိုင်ငံတော်သမ္မတက ပြည်သူ့စစ်မှုထမ်းဥပဒေကို ရုပ်သိမ်းလိုက်ပြီဟူသော မမှန်သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလျက်ရှိသည်။ - ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်ချက် တစ်စုံတစ်ရာမရှိဘဲ လုပ်ကြံဖန်တီး ဖြန့်ဝေနေကြသည်ကို တွေ့မြင်ရသည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ရေးရာကော်မတီများနှင့် တွေ့ဆုံ Jun 30th ဇွန် ၂၉ ရက်က နေပြည်တော်ရှိ အမျိုးသားလွှတ်တော်
ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေး ရေးရာကော်မတီများနှင့် တွေ့ဆုံ Jun 30th ဇွန် ၂၉ ရက်က နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အဆောက်အအုံ၌ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် အမျိုးသားလွှတ်တော် ရေးရာကော်မတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ဦးအောင်လင်းဒွေးက ကော်မတီလုပ်ငန်းများကို တာဝန်ကျေရုံသာမက ပြည်သူလူထု၏ အကျိုးစီးပွားကို ရှေးရှုကာ စေတနာ၊ ဝီရိယအပြည့်ဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့ပြင် ရေးရာကော်မတီများအနေဖြင့် အချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကာ လက်တွေ့လုပ်ဆောင်ချက်များဖြင့် ကော်မတီများ၏ အရေးပါသည့် အခန်းကဏ္ဍကို သက်သေပြပြီး ပြည်သူ့ဆန္ဒကို ဖော်ထုတ်ဆောင်ရွက်ပေးနိုင်သည့် လွှတ်တော်ကော်မတီများအဖြစ် ရပ်တည်ကြရန်လည်း တိုက်တွန်းခဲ့သည်။ ထို့နောက် ရေးရာကော်မတီဥက္ကဋ္ဌများက ကော်မတီဖွဲ့စည်းမှုအခြေအနေ၊ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ #SN

ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ့အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား Jun 30th နိုင်ငံတော်သမ္မတ ဦးမင်းအ
+1
ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ့အနာဂတ်ကို ဖျက်ဆီးခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတပြောကြား Jun 30th နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပညာရေးကိုဖျက်ဆီးခြင်းသည် နိုင်ငံ၏အနာဂတ်ကို ဖျက်ဆီးခြင်းပင်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် လုံခြုံရေးအစီအမံများကို စနစ်တကျရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ဇွန် ၂၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံအမှာစကားပြောကြားစဉ် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတက ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးကို ခြိမ်းခြောက်မှုများကြောင့် စာသင်ကျောင်းများ ပိတ်ထားရခြင်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေပြီး နိမ့်ပါးသည့် အခြေအနေသို့ တွန်းပို့နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ဒေသပျက်စီးရေး လုပ်ဆောင်မှုများကို နိုင်ငံချစ်စိတ်၊ ဒေသချစ်စိတ်၊ မျိုးချစ်စိတ်ရှိသူများက ဒေသအလိုက် စုပေါင်းပူးပေါင်း၍ ဝိုင်းဝန်းဆန့်ကျင်ဆောင်ရွက်သွားရန်လည်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။ #SN

တပ်မတော်နဲ့ပူးပေါင်းပြီး အကြမ်းဖက်သမားတွေချေမှုန်းသုတ်သင်နေတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ။ ပြည်သူများသွားရေးလာရေးအဆင်ပြေအောင်အကြမ်းဖက်သမားတွေ ဖျက်ဆီးသွားတဲ့ တံတားတွေကို ပြင်ဆင်ဖို့ သူတို့တွေလည်း အားဖြည့်ဆောင်ရွက်နေ။ မှိုင်းဝေ

ဘော်လခဲဒေသမှ အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား လွိုင်လင်မြို့တွင် ဂုဏ်ပြုကြိုဆို ကယားပြည်နယ် ဘော်လခဲဒေသ၌ တာဝန်ထမ်းဆော
+9
ဘော်လခဲဒေသမှ အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား လွိုင်လင်မြို့တွင် ဂုဏ်ပြုကြိုဆို ကယားပြည်နယ် ဘော်လခဲဒေသ၌ တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဇွန် ၃၀ ရက်တွင် လွိုင်လင်မြို့၌ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများက နွေးထွေးစွာ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။ အခမ်းအနားတွင် တာဝန်ရှိသူများက အောင်သပြေခက်များဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ပြီး ဂုဏ်ပြုအမှာစကားပြောကြားကာ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့ပြင် ရှေ့တန်းပြန်တပ်မတော်သားများအတွက် ပြင်ဆင်ထားသည့် အိပ်ဆောင်များကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။ အဆိုပါ ရှေ့တန်းပြန်တပ်မတော်သားများသည် ဘော်လခဲဒေသတွင် သုံးနှစ်ကျော်ကြာ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့ကြပြီး တိုက်ပွဲများစွာ၌ တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” Short Video ပြိုင်ပွဲ ဖိတ်ခေါ် နေပြည်တော်၊ ဇွန် ၂၉ ၂
+4
ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” Short Video ပြိုင်ပွဲ ဖိတ်ခေါ် နေပြည်တော်၊ ဇွန် ၂၉ ၂၀၂၆ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) အထိမ်းအမှတ်အဖြစ် “ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့် Short Video ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ရာ စိတ်ပါဝင်စားသူများအား ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။ ပြိုင်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုများ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဒေသဆိုင်ရာ အလှအပများကို ဖော်ထုတ်တင်ဆက်နိုင်ရန် ရည်ရွယ်ထားပြီး အသေးစိတ် စည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲဝင်လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိဌာန၏ ထုတ်ပြန်ချက်အတိုင်း ဆက်လက်လေ့လာနိုင်ကြောင်း သိရသည်။ #SN

MSME လုပ်ငန်းရှင်များ၏ ဆန်းသစ်တီထွင်မှုများ MSME နှင့် အမျိုးသမီးများ၏ အခွင့်အလမ်း