fa
Feedback
Book4U.MM

Book4U.MM

رفتن به کانال در Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

نمایش بیشتر
5 668
مشترکین
-224 ساعت
-137 روز
-7030 روز
آرشیو پست ها
အိမ်မက်မက်ဖူးတယ် ဘာအိမ်မက်လဲဆိုတာမေ့သွားပြီ လူတွေနဲ့တွေ့ရင်တော့ အိမ်မက်မက်ဖူးတာ ပြောပြောပြရတယ်။ 📖လေဟာနယ်မြို့ပြတမ်းခြင်း ✍နိ
အိမ်မက်မက်ဖူးတယ် ဘာအိမ်မက်လဲဆိုတာမေ့သွားပြီ လူတွေနဲ့တွေ့ရင်တော့ အိမ်မက်မက်ဖူးတာ ပြောပြောပြရတယ်။ 📖လေဟာနယ်မြို့ပြတမ်းခြင်း ✍နိုင်ဦးဆွေ တန်ဖိုး-၁၅၀၀၀ စာမျက်နှာ-၁၇၆

ငေးကြည့်မဲ့သူ မရှိတဲ့အခါ ထွက်ပြေးတယ်ဆိုတာ အချည်းနှီးပဲတဲ့။ ဘဝပျက်တာကလွဲပြီးလည်း ဘယ်အရာကိုမှ ဒဏ်ရာလို့ လက်မခံခဲ့ဖူးသူပေါ့။ အဲဒ
ငေးကြည့်မဲ့သူ မရှိတဲ့အခါ ထွက်ပြေးတယ်ဆိုတာ အချည်းနှီးပဲတဲ့။ ဘဝပျက်တာကလွဲပြီးလည်း ဘယ်အရာကိုမှ ဒဏ်ရာလို့ လက်မခံခဲ့ဖူးသူပေါ့။ အဲဒီလိုနဲ့ … အဝါရောင်တွေဟာ ညနေခင်းကို ဝါးမျိုသွားတော့တယ်။ 📙ပျော်ရွှင်ခြင်းဆီသွားမဲ့လမ်း ✍နွေသစ်ငြိမ်း တန်ဖိုး-၈၀၀၀ စာမျက်နှာ-၉၄

ကျွန်မတို့ရဲ့ ဘဝမှာလက်ရှိပိုင်ဆိုင် ထားတဲ့ အရာတွေနဲ့ ကိုယ့် ဘဝရဲ့ ကောင်းခြင်းဆိုးခြင်း တော်တော်များများဟာ ကျွန်မတို့ ကိုယ်တို
ကျွန်မတို့ရဲ့ ဘဝမှာလက်ရှိပိုင်ဆိုင် ထားတဲ့ အရာတွေနဲ့ ကိုယ့် ဘဝရဲ့ ကောင်းခြင်းဆိုးခြင်း တော်တော်များများဟာ ကျွန်မတို့ ကိုယ်တိုင် Manifest လုပ်ခဲ့မိတဲ့ အရာတွေပါပဲ။ တချို့အရာတွေကို တော့ သိရက်နဲ့ Manifest လုပ်နေပေမဲ့ တချို့အရာတွေကို တော့ ကိုယ်တောင် သတိမထားမိဘဲ Manifest လုပ်မိလိုက်လို့ ကိုယ့် ရဲ့ ဘဝထဲကို ရောက်ရှိ လာကြတာဖြစ်ပါတယ်။ အမှန်တကယ်တော့ Manifestation လုပ်ခြင်းဆို တာ..... 📙လိုချင်တဲ့အရာတိုင်းကို အရယူနိုင်စေမယ့် လျို့ဝှက်ချက်မျာ ✍ထက်ထက်အိန္ဒြေဦး တန်ဖိုး-၈၀၀၀ စာမျက်နှာ-၁၂၇

ဤစာအုပ်သည် တရုတ်စာပေကို စတင်လေ့လာမည့်သူများအတွက် ရည်ရွယ်သောကြောင့် မြန်မာသံဖြင့် အနီးစပ်ဆုံးဖြစ်အောင် ရေးသားထားပါသည်။ ထို့ကြေ
ဤစာအုပ်သည် တရုတ်စာပေကို စတင်လေ့လာမည့်သူများအတွက် ရည်ရွယ်သောကြောင့် မြန်မာသံဖြင့် အနီးစပ်ဆုံးဖြစ်အောင် ရေးသားထားပါသည်။ ထို့ကြောင့် အသံထွက်များကို သတိထား ဖတ်စေလိုပါသည်။ တရုတ်စာအခြေခံရှိပြီးသူများ အနေဖြင့် Chinese Phonetic (hin yapin ym) ကိုသာ အဓိကအသုံးပြုစေလိုပါသည်။ 📖အခြေခံတရုတ်စကားပြော တန်ဖိုး- ၁၅၀၀၀ ကျပ် စာမျက်နှာ-၂၀၅ စာရေးသူ- သိင်္ဂီဝင်း --------------------------------------- Book4U ရဲ့ တယ်လီဂရမ်အကောင့် ချန်နယ်ကို Follow လုပ်ထားနိုင်ပါပြီ။ t.me/Book4Umm ------------------------------- 📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။

COMPUTER DICTIONARY ကို ကွန်ပျူတာ ပညာရှင်များ၊ ကွန်ပျူတာ သုံးစွဲသူများ၊ အထူးသဖြင့် ကွန်ပျူတာကို ယခုမှ စတင်လေ့လာသူများအတွက် အထ
COMPUTER DICTIONARY ကို ကွန်ပျူတာ ပညာရှင်များ၊ ကွန်ပျူတာ သုံးစွဲသူများ၊ အထူးသဖြင့် ကွန်ပျူတာကို ယခုမှ စတင်လေ့လာသူများအတွက် အထူး စီစဉ်ပြုစုထားပါသည်။ ကွန်ပျူတာ ဝေါဟာရ တစ်လုံးချင်းစီကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ရိုးရှင်းလွယ်ကူစွာ အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။ ♦️ကွန်ပျူတာ ဝေါဟာရပေါင်း ၁ဝဝဝ ကျော် ပါဝင်သည်။ ♦️ကွန်ပျူတာ ပေါ်စမှ စ၍ နောက်ဆုံးပေါ်ကွန်ပျူတာ ဝေါဟာရများအထိ အားလုံး အတွက်အသုံးဝင်မည့် ဝေါဟာရများကို စုစည်းထားသည်။ ♦️သရုပ်ဖော်ပုံပေါင်း ၂ဝဝ ကျော်ပါဝင်သည်။ ♦️ကွန်ပျူတာဝေါဟာရများကို အလွယ်အကူ ရှာဖွေနိုင်ရန် စာမျက်နှာတိုင်း၏ ထိပ်တွင် အညွန်းခေါင်းများတပ်ထားသည်။ ♦️တစ်ခုနှင့်တစ်ခု ဆက်စပ်နေသော ဝေါဟာရများကို ဆက်လက်လေ့လာနိုင်ရန် cross-reference အညွှန်းပါရှိပါသည်။ Computer Dictionary ~~~~~ တန်ဖိုး–3000 စာမျက်နှာ–183 ကွန်ပျုတာဂျာနယ်မှထုတ်ဝေသည်။

ကျယ်ဝန်းနက်ရှိုင်းလှသာ မြန်မာမှုဒီဇိုင်း လက်ရာကောင်းများအကြောင်း ဆရာကြီး ဒေါက်တာသန်းထွန်း၏ ရှင်းလင်းချက်များ အင်္ဂလိပ်မြန်မာ
ကျယ်ဝန်းနက်ရှိုင်းလှသာ မြန်မာမှုဒီဇိုင်း လက်ရာကောင်းများအကြောင်း ဆရာကြီး ဒေါက်တာသန်းထွန်း၏ ရှင်းလင်းချက်များ အင်္ဂလိပ်မြန်မာ ၂ ဘာသာဖြင့်ဖော်ပြထားပြီး  မြန်မာမှုဒီဇိုင်းသုတေသီဖြစ်သူ ဦးအေးမြင့်၏ သရုပ်ဖော်ပုံများ၊ ဓါတ်ပုံများဖြင့် ဖော်ပြထားသည့် စာအုပ်ဖြစ်သည်။ ~~~~~~~~~~~~~~~~ မြန်မာမှုဒီဇိုင်းကောင်းများ ================== စာရေးသူ-Dr Than Tun and Mg Aye Myint တန်ဖိုး–30000 စာမျက်နှာ–370 ---------------------------- Book4U ရဲ့ တယ်လီဂရမ်အကောင့် ချန်နယ်ကို Follow လုပ်ထားနိုင်ပါပြီ။ t.me/Book4Umm ------------------- Book4U ဆိုင်လိပ်စာ အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ဆက်သွယ်ဖုန်းနံပါတ် 09798103010 09794964825 မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။ Google Map https://maps.app.goo.gl/QmW4mcLW24Cmz1gb8

▪️အိမ်ထောင်ဘက် ရွေးချယ်ခြင်း ▪️လိင်ဆိုင်ရာ ကျေနပ်မှု၊ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များ၊ စေ့စပ်ကြောင်းလမ်းသည့် ကာလ၊ စိတ်သဘော
▪️အိမ်ထောင်ဘက် ရွေးချယ်ခြင်း ▪️လိင်ဆိုင်ရာ ကျေနပ်မှု၊ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ချက်များ၊ စေ့စပ်ကြောင်းလမ်းသည့် ကာလ၊ စိတ်သဘောထား တိုက်ဆိုင်အောင် ညှိနှိုင်းခြင်း။ ▪️အိမ်ထောင်သာယာရေး လမ်းညွှန် ရင်ဆိုင်ရမည့် အစစ်အမှန်တရား၊ ပဋိပက္ခ ဖြေရှင်းနည်းများ၊ အိမ်ထောင် ပြိုကွဲခြင်း၊ သာယာပျော်ရွှင်သော မိသားစု။ ▪️ ဘဝပြဿနာများကို ဖြေရှင်းနည်း ဘဝဒဏ်ကို ရင်ဆိုင်ခြင်း၊ လိုဘ မပြည့်ခြင်းကို တုံ့ပြန်ပုံများ၊ ပန်းတိုင် အစားထိုးခြင်း။ ▪️အလုပ်အကိုင်အတွက် ပြင်ဆင်ခြင်း အလုပ်ရွေးချယ်ခြင်း၊ စိတ်ဝင်စားမှု၊ အထုံဝါသနာနှင့် စွမ်းရည်ထူးများ၊ မိမိ အရည်အချင်းကို ကိုယ်တိုင် အကဲဖြတ်ခြင်း ... စသည့် အောင်မြင် ပျော်ရွှင်သော ဘဝနေနည်း အတတ်ပညာများ။ သင့်ဘဝတွက်တာ 📖အသုံးချစိတ်ပညာ ✍ဒေါက်တာကျော်စိန် တန်ဖိုး-၅၀၀၀ စာမျက်နှာ-၁၉၉

လူမှုရေးသိပ္ပံသုတေသနများကို ပြုလုပ်ဆောင်ရွက်သူတိုင်း Validity စစ်ဆေးခြင်း အကြောင်းကို ကြားဖူးကြပေလိမ့်မည်။အထူးသဖြင့် ဤလုပ်ငန်
လူမှုရေးသိပ္ပံသုတေသနများကို ပြုလုပ်ဆောင်ရွက်သူတိုင်း Validity စစ်ဆေးခြင်း အကြောင်းကို ကြားဖူးကြပေလိမ့်မည်။အထူးသဖြင့် ဤလုပ်ငန်းစဉ်သည် အရေအတွက် ဦးစားပေးသုတေသနများ (Quantitative research) တွင် ပြုလုပ်ဆောင်ရွက်ရသည်။ သို့သော် အရေအတွက်သုတေသနတိုင်းထိုသို့ ပြုလုပ်ဆောင်ရွက်ရသည်တော့ မဟုတ်ပေ။ ထို့ကြောင့် အရေအတွက်သုတေသနအမျိုးအစားများကို နားလည်ရန် လိုအပ်ပါသည်။ အရေအတွက် ဦးစားပေးသုတေသနတွင် အသုံးပြုသည် အချက်အလက်များကို မူတည်၍ အောက်ပါအတိုင်း နည်းလမ်း(၂)မျိုးရှိသည်။ (က) မူလအချက်အလက်များဖြင့် ဆောင်ရွက်ရသည် သုတေသန (ခ) တဆင့်ခံအချက်အလက်များဖြင့် ပြုလုပ်ဆောင်ရသည် သုတေသန။ Validation Process Step By Step မေးခွန်းများကို ခိုင်မာအောင် အဆင့်ဆင့် စစ်ဆေးတည်ဆောက်နည်း Reliability, Factor Analysis (EFA & CFA), Divergent & Convergent Validity စစ်ဆေးနည်းများပါဝင်သည်။ ✍ရွှေလင်း (သုတေသီ) တန်ဖိုး-၃၅၀၀၀ စာမျက်နှာ-၃၉၄

ဝိပဿနာတရားအလုပ်ကို အားမထုတ်ဘဲ တရားငါးပုဒ်လောက် နာရုံနဲ့ အပါယ်လွတ်နိုင်ပြီ၊ အရိယာဖြစ်ပြီလို့ ပြောတာတွေ တွေ့ရ ကြားခဲ့ ရတယ်။ ပရိ
ဝိပဿနာတရားအလုပ်ကို အားမထုတ်ဘဲ တရားငါးပုဒ်လောက် နာရုံနဲ့ အပါယ်လွတ်နိုင်ပြီ၊ အရိယာဖြစ်ပြီလို့ ပြောတာတွေ တွေ့ရ ကြားခဲ့ ရတယ်။ ပရိသတ်သောင်းချီပြီး လာနာတဲ့ တရားပွဲတွေ ဆက်တိုက်ဟောခဲ့တဲ့ မိုးကုတ်ဆရာတော်ကြီးက တရားနာပရိသတ်ထဲမှာ တရားရမဲ့သူ အရေအတွက် အလွန်နည်းကြောင်း ပြောခဲ့ဖူးတယ်။ မြတ်ဗုဒ္ဓရဲ့ တရားဦး ဓမ္မစကြာကို ဝါဆိုလပြည့်နေ့မှာ ဟောကြားတဲ့ အခါ တရားနာသူ ပဉ္စဝဂ္ဂီငါးဦးထဲမှာ အရှင်ကောဏ္ဍည တစ်ဦးပဲ အရိယာ သောတာပန် ဖြစ်တယ်။ ကျန်သူတွေကို ဘုရားရှင်က ဝိပဿနာ ရှုမှတ် အားထုတ်စေလို့ ဝါဆိုလဆုတ် တစ်ရက်နေ့မှာ အရှင်ဝပ္ပ၊ နှစ်ရက်နေ့မှာ အရှင်ဘဒ္ဒိယ၊ သုံးရက်နေ့မှာ အရှင်မဟာနာမ်၊ လေးရက်နေ့မှာ အရှင်အဿဇိတို့ အသီးသီး သောတာပန် အရိယာတွေ ဖြစ်တယ်လို့ ဖတ်ရတယ်။ ဘုရားရှင်ရဲ့ လက်ဦးသာဝကတွေတောင် ကိုယ်တိုင်အားထုတ်မှ တရားရကြတာဆိုတော့ ခုလို အချိန်မှာ တရားနာရုံနဲ့ အရိယာဖြစ် အပါယ် လွတ်မယ် ဆိုတာ အလွန်ဖြစ်နိုင်ခဲမယ် ထင်ပါတယ်။ စခန်းတွေ ဝင်ပြီး လက်တွေ့အားထုတ်သူတွေတောင် လူတိုင်း တရားရကြတာ တရားတွေနာပြီး၊ တရားအားထုတ်နည်းတွေ လေ့လာပြီး၊ တရား မဟုတ်ပါ။ တရားရဖို့က တရားကို တကယ်တန်ဖိုးထား လိုချင်စိတ်ရှိဖို့ လိုပါ တယ်။ 📖ဝိပဿနာကိုယ်တွေ့ တန်ဖိုး-9000 စာမျက်နှာ-160

လူတိုင်းမှာ မချစ်ချင်တော့တဲ့အချိန်တွေ၊ တွဲနေရင်းနဲ့ Move On နေမိတဲ့အချိန်တွေ ရှိတတ်ကြတယ်တဲ့. . . အချစ်မခံရရင် နေပါစေ Bare Min
လူတိုင်းမှာ မချစ်ချင်တော့တဲ့အချိန်တွေ၊ တွဲနေရင်းနဲ့ Move On နေမိတဲ့အချိန်တွေ ရှိတတ်ကြတယ်တဲ့. . . အချစ်မခံရရင် နေပါစေ Bare Minimum ချစ်ခြင်းမေတ္တာမျိုးနဲ့ ထင်ယောင်ထင်မှား အချစ်ခံရခြင်းကိုတော့ တော်ပါပြီ . . . ... To Love & To Be Loved ~~~~~~~~~~~~~~~~ စာရေးသူ-ELZA တန်ဖိုး-၆၅၀၀ စာမျက်နှာ-၆၀ ---------------------------- 📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ --------------------------------------- ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက် Book4U ဆိုင်လိပ်စာ အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ဆက်သွယ်ဖုန်းနံပါတ် 09798103010 09794964825 မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

‘အကြွင်းမဲ့လက်ခံလိုက်တယ်' ဆိုတာ ဘဝရေစီးကြောင်းကို ဆန့်ကျင် မနေဘဲ အလိုက်သင့် စီးမျောလိုက်ပါတဲ့ ရိုးရှင်းပြီး သိမ်မွေ့နက်နဲတဲ့
‘အကြွင်းမဲ့လက်ခံလိုက်တယ်' ဆိုတာ ဘဝရေစီးကြောင်းကို ဆန့်ကျင် မနေဘဲ အလိုက်သင့် စီးမျောလိုက်ပါတဲ့ ရိုးရှင်းပြီး သိမ်မွေ့နက်နဲတဲ့ ဉာဏ်ပညာပဲ ဖြစ်ပါတယ်။ ဘဝရေစီးကြောင်းနဲ့ တွေ့ကြုံနိုင်တဲ့ တစ်ခု တည်းသော နေရာဟာ ပစ္စုပ္ပန်ပါပဲ။ ဒီတော့ ‘အကြွင်းမဲ့လက်ခံတယ်’ ဆိုတာ ပစ္စုပ္ပန်အခိုက်အတန့်ကို ခြွင်းချက်မရှိ အပြည့်အဝ လက်ခံလိုက် ခြင်းပါပဲ... အရှိအတိုင်း လက်မခံနိုင်ဘဲ ငြင်းဆန်နေတဲ့စိတ်ကို စွန့်လွှတ် လိုက်တာပဲ ဖြစ်ပါတယ်။ ဟုတ်တယ်။ ဒီလို ထိုးထွင်းတဲ့အမြင်ကို လျှပ်တစ်ပြက် ကြုံလိုက်တာမျိုး … အတွေးကင်းစင်ပြီး ပစ္စုပ္ပန်တစ်ခဏမှာ အပြည့်အဝ ရှိနေတာမျိုးကို... ဇင်ဆရာတော်တွေက ဆာတိုရီ (Satori) ဆိုတဲ့ စကားလုံးနဲ့ ဖော်ပြလေ့ ရှိတယ်။ ဒါက ရေရှည်ပြောင်းလဲမှုတစ်ခု မဟုတ်ပေမဲ့ ဉာဏ်အလင်းပွင့် တဲ့ အရသာ ဘယ်လိုလဲဆိုတာကို ပြနိုင်တဲ့အတွက် ဆာတိုရီနဲ့ ကြုံတဲ့အခါ ကျေးဇူးတင်လိုက်ပါ။ ‘ပြဿနာ’ ဆိုတာတွေဟာ စိတ်နဲ့ ဖန်တီးထားကြတဲ့ အရာတွေပါပဲ၊ သူတို့ ရှင်သန်ဖို့အတွက် အချိန်လိုတယ်။ ပစ္စုပ္ပန်ရဲ့ အစစ်အမှန် အရှိတရားထဲ မှာ သူတို့ မရှင်သန်နိုင်ဘူး။ ခင်ဗျားရဲ့ အာရုံကို ပစ္စုပ္ပန်မှာ ထားလိုက်ပါ၊ ပြီးရင် အခုအချိန်မှာ ဘာပြဿနာ ရှိနေသလဲဆိုတာ ကျွန်တော့် ကို ပြောပြပါ။ ၂၄၀၀၀ကျပ်

အင်္ဂလိပ်စာလေ့လာရာတွင် အဖတ်စွမ်းရည် (reading)၊ အပြောစွမ်းရည် (speaking)၊ နားထောင်စွမ်းရည် (listening) နှင့် အရေးစွမ်းရည် (wri
အင်္ဂလိပ်စာလေ့လာရာတွင် အဖတ်စွမ်းရည် (reading)၊ အပြောစွမ်းရည် (speaking)၊ နားထောင်စွမ်းရည် (listening) နှင့် အရေးစွမ်းရည် (writing) ဟူ၍ လေးမျိုးရှိပါသည်။ ဤလေးမျိုးထဲမှ အင်္ဂလိပ်စာရေးသားခြင်းဆိုသည်မှာ မိမိရေးသားလိုသော အကြောင်းအရာ ကို ဝါကျဖွဲ့ထုံးမှန်ကန်စွာဖြင့် ရေးသားနိုင်ရန် ဖြစ်ပါသည်။ ဝါကျဖွဲ့ထုံးမှန်ကန်စေရန် အင်္ဂလိပ်ဝါကျတို့၏တည်ဆောက်ပုံ အကြောင်းကို သိရှိထားဖို့ လိုအပ်ပါသည်။ ထို့ပြင် ဝါကျအစိတ်အပိုင်းဖြစ်သော စကားလုံးဝေါဟာရမှ တစ်ဆင့်၊ ဝါကျတစ်ကြောင်းဖြစ်အောင်၊ ထိုမှ စာပိုဒ်၊ ထိုမှ အက်ဆေးဖြစ်အောင် အဆင့်ဆင့် ရေးသား နိုင်ရန်လိုအပ်ပါသည်။ ထိုသို့ရေးသားနိုင်ရန် တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း တည်ဆောက် သွားရမည်ဖြစ်ပါသည်။ ဤစာအုပ်၌ အရေးအသားအတွက်လိုအပ်သော အခြေခံဝါကျပုံစံများ၊ ဝါကျအမျိုးမျိုး၊ စာပိုဒ်ဖွဲ့စည်းပုံ၊ အက်ဆေးစဉ်းစားရေးသားနည်းတို့ကို တစ်ဆင့်ချင်းရှင်းလင်း ပြသထားပါ သည်။ ဤစာအုပ်ကို အလယ်တန်း၊ အထက်တန်း ကျောင်းသားကျောင်းသူတို့မှ စ၍ တက္ကသိုလ်အဆင့် တက်ရောက်နေသူများအပြင်၊ ပြင်ပမှ အင်္ဂလိပ်စာအရေးအသား လေ့လာ ချင်သူများ အတွက်ပါ အသုံးဝင်၊ အသုံးပြုနိုင်အောင် စီစဉ် ရေးသားထားပါသည်။ ✍ဆန်းလင်းထွန်း တန်ဖိုး-၁၀၀၀၀ စာ-၁၀၁

📓မိမိရဲ့စိတ်ကိုသန့်စင်ခြင်း(အသစ်ထွက်စာအုပ်) "ပင်လယ်ပြင်က နက်ရှိင်းလေလေ တည်ငြိမိလေလေ ဖြစ်သလို၊ လူတစိယောက်ရဲ့ စိတိကလည်း ဝမ်းနည
📓မိမိရဲ့စိတ်ကိုသန့်စင်ခြင်း(အသစ်ထွက်စာအုပ်) "ပင်လယ်ပြင်က နက်ရှိင်းလေလေ တည်ငြိမိလေလေ ဖြစ်သလို၊ လူတစိယောက်ရဲ့ စိတိကလည်း ဝမ်းနည်းမှုကို ရင်ဆိုင်ဖူးမှ ပိုပြီး သန်စွမ်းလာတတိပါတယ်။ သင့်မျက်ရည်တွေကို အလဟဿ မဖြစ်စေဘဲ ဘဝအတွက် တွန်းအားတစိခု ဖြစ်လာစေဖို့ ဒီစာအုပ်မှာ အဖြေရှာလိုက်ပါ။” ✍Min Khant (Verse) တန်ဖိုး-၇၀၀၀ စာမျက်နှာ-၁၆၁

🏜️ မွေးရပ်ဇာတိမြေနဲ့ ဝေးကွာနေသော အညာသားကြီး တယောက်ရဲ့ အညာအလွမ်း ရွာအလွမ်းစာစုများ.. ‌🏜️ အဖေနဲ့အမေ့ကို ရည်ညွန်းပြီး ဆရာလူခါး
🏜️ မွေးရပ်ဇာတိမြေနဲ့ ဝေးကွာနေသော အညာသားကြီး တယောက်ရဲ့ အညာအလွမ်း ရွာအလွမ်းစာစုများ.. ‌🏜️ အဖေနဲ့အမေ့ကို ရည်ညွန်းပြီး ဆရာလူခါးရေးသားထားတဲ့ အဖေနဲ့အမေရဲ့ချစ်ပုံပြင်လို့ အမည်ပေးထားတဲ့ ဒီစာအုပ်ထဲမှာ အညာနဲ့ပတ်သက်တဲ့ အမှတ်တရ စာစု (၂၅) ပုဒ် ပါရှိပါတယ် ..... 📖အဖေနဲ့အမေရဲ့ချစ်ပုံပြင် ✍️ လူခါး စာမျက်နှာ ၁၂၀၊

"ကိုယ့်ရဲ့ လုပ်ငန်းကို စျေးကွက်ချဲ့ချင်ပေမယ့် ဘယ်ကစပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။ မားကတ်တင်းနဲ့ပတ်သတ်ပြီးနည်းလ
"ကိုယ့်ရဲ့ လုပ်ငန်းကို စျေးကွက်ချဲ့ချင်ပေမယ့် ဘယ်ကစပြီး ဘယ်လိုလုပ်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေပါသလား။ မားကတ်တင်းနဲ့ပတ်သတ်ပြီးနည်းလမ်းတွေအမျိုးမျိုးသုံးကြည့်ပေမယ့်လည်း ရလဒ်ကထွက်မလာဘဲ လမ်းပျောက်နေသလို ခံစားနေရတယ်ဆိုရင်တော့ အခုထွက်ရှိလာမယ့် 'မားကတ်တင်း မြေပုံ' စာအုပ်က သင့်အတွက် အကောင်းဆုံးလမ်းပြဖြစ်လာမှာပါ။ မားကတ်တင်းနဲ့ပတ်သတ်ပြီးတော့လမ်းပျောက်နေတဲ့သူတွေ၊ မားကတ်တင်းပရော်ဖက်ရှင်နယ်တွေ၊ လုပ်ငန်းရှင်တွေ နဲ့ လုပ်ငန်းတစ်ခုစတင်ဖို့ကြိုးစားနေတဲ့သူတွေအတွက် အထူးရည်ရွယ်ထားတဲ့ စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ရဲ့ ထူးခြားချက်ကတော့ စာမျက်နှာ ၆ မျက်နှာဖတ်လိုက်တိုင်းမှာ သင့်လုပ်ငန်းအတွက် လက်တွေ့အသုံးချလို့ရမယ့် Marketing Idea တစ်ခုကို ချက်ချင်းရရှိစေဖို့ စနစ်တကျ ပြုစုထားတာပဲဖြစ်ပါတယ်။ စျေးကွက်ကိုအောင်မြင်အောင် ဘယ်လိုဖော်ဆောင်ရမလဲ၊ ရောင်းအားနဲ့ အမြတ်ကို ဘယ်လိုတိုးအောင်လုပ်မလဲဆိုတဲ့ မေးခွန်းတွေအတွက် အဖြေကို ဒီစာအုပ်ထဲမှာ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေနဲ့ ဖော်ပြပေးထားပါတယ်။ 📖 - “မားကတ်တင်း မြေပုံ” ✍ - မင်းသန်းထွဋ် စာမျက်နှာ - ၆၄၀ တန်ဖိုး - ၆၉၀၀၀ကျပ်

📖 ဒီစာအုပ်ထဲမှာ 👇 - ဆယ်ကျော်သက်တို့နဲ့ မျိုးဆက်ပွားကျန်းမာရေး - မျိုးဆက်ပွားနဲ့ လိင်ကျန်းမာရေး ပညာပေး ဆိုတာ ဘာလဲ - ဆယ်ကျော်
📖 ဒီစာအုပ်ထဲမှာ 👇 - ဆယ်ကျော်သက်တို့နဲ့ မျိုးဆက်ပွားကျန်းမာရေး - မျိုးဆက်ပွားနဲ့ လိင်ကျန်းမာရေး ပညာပေး ဆိုတာ ဘာလဲ - ဆယ်ကျော်သက်နဲ့ လူငယ်အတွက် မျိုးဆက်ပွား ကျန်းမာရေးက ဘာကြောင့် အရေးကြီးတာလဲ - ကျား/မ သဘာဝ ဇီဝဗေဒနဲ့ ခန္ဓာအကြောင်း - မူးယစ်ထုံထိုင်း စိတ်ကို ပြောင်းလဲစေတတ်သော ဆေးများအကြောင်း - လိင်စိတ်ကြွဆေးနဲ့ ဆောင်ရန် ရှောင်ရန်များ - နည်းစနစ်ကျစွာ ကိုယ်ဝန်ရှောင်နည်း ၊ တားနည်း - လိင်ကြောင့် ဖြစ်သော ရောဂါများအကြောင်း အစရှိသည်တို့ကို မြင်တွေ့နိုင်ပါတယ် .. 🎖️ ဆယ်ကျော်သက်လူငယ်တွေ တန်ဖိုးရှိတဲ့ ဘဝ တည်ဆောက်နိုင်အောင် ၊ မိဘတွေ သားသမီးကို ကြိုတင်သွန်သင် ဆုံးမထားနိုင်အောင် သားဖွားမီးယပ်ဆရာဝန်တယောက်ဖြစ်တဲ့ စာရေးသူဟာ သူမ ကြုံတွေ့ သိရှိခဲ့ရတဲ့ အတွေ့အကြုံတွေကို ဒီစာအုပ်ထဲမှာ ရေးသားထားပါတယ် ..... 📓 စာအုပ်အမည် #ဆယ်ကျော်သက်တို့နှင့်မျိုးဆက်ပွားကျန်းမာရေး ✍️ စာရေးသူ #ဒေါက်တာငြိမ်းမိုးသော်(သားဖွားမီးယပ်အထူးကုသမားတော်) စာမျက်နှာ ၉၆၊ တန်ဖိုး ၆၀၀၀ ကျပ်

📓လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ ၁။ဘူကောင်တွေကို ရှောင်ပါ။ ၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်ပါ။
📓လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲလိုက်ပါ ၁။ဘူကောင်တွေကို ရှောင်ပါ။ ၂။ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ်လုပ်ပါ။ ၃။ အလုပ်ကို ပိုးစိုးပက်စက်လုပ်ပါ။ ၄။ ဒီနေ့လုပ်တဲ့အလုပ်က မနက်ဖြန်အချိန်ကို ချွေတာနိုင်ပါစေ။ ၅။ ကျေးဇူးတင်တတ်တဲ့စိတ်နဲ့နေပါ။ ၆။ ကိုယ့်ကိုငွေရှာပေးမယ့်အရာတွေမှာ ငွေသုံးဖို့ မနှမြောပါနဲ့။ ၇။ လုပ်နေတဲ့အလုပ်တိုင်းကို ပိုလွယ်၊ ပိုမြန်၊ ပိုထိရောက်အောင်လုပ်ပါ။ ၈။ ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ အပြစ်မတင်ပါနဲ့။ ၉။ လူတွေရဲ့အထင်အမြင်မှာ အသက်မရှင်ပါနဲ့။ ၁ဝ။ လိုချင်တာမရခဲ့ရင် ပိုကောင်းတာရလိမ့်မယ်။ ဒါကြောင့် လုပ်စရာ ရှိတာ ဆက်လုပ်ပါ။ ၁၁။ လူတွေကို Dream List ထဲ ထည့်မထားပါနဲ့။ ၁၂။ အရာရာက စမ်းသပ်မှုပဲ။ ဒါကြောင့် ကျရှုံးမှာ မကြောက်နဲ့။ ဒူပေနာပေခံပါ။ ------------------------------ စာရေးသူ–DR.PHYO PAING တန်ဖိုး–19000 စာမျက်နှာ–226

ပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ပွားပူဇော်သူများ လက်ကိုင်ထားသင့်သော ပဋ္ဌာန်း(၅)ကျမ်း အနှစ်ချုပ်နှင့် ပဋ္ဌာန်းကျမ်းကြီးပူဇော်နည်း အဆ
ပဋ္ဌာန်းကျမ်းတော်ကြီး ရွတ်ပွားပူဇော်သူများ လက်ကိုင်ထားသင့်သော ပဋ္ဌာန်း(၅)ကျမ်း အနှစ်ချုပ်နှင့် ပဋ္ဌာန်းကျမ်းကြီးပူဇော်နည်း အဆင့်ဆင့် (ပဋ္ဌာန်း(၅)ကျမ်းတွဲမှ ခက်ခဲသော အသံထွက်များပါဝင်ပါသည်။) တန်ဖိုး-၄၀၀၀ စာမျက်နှာ-၁၃၂ အရှင်သီလာနန္ဒနှင့် ဖိုးသူတော်စာတည်းအဖွဲ့ စီစဉ်ပူဇော်သည်။ စာပို့ဆက်သွယ်ရန် https://www.facebook.com/book4u.mm ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်

Machine Learning Microcontrollers တွင်အသုံးပြုခြင်း ဤစာအုပ်တွင် • PythoniC++ Machine Learning တို့ကို ပေါင်းစပ်အသုံးပြုနည်းမျ
Machine Learning Microcontrollers တွင်အသုံးပြုခြင်း ဤစာအုပ်တွင် • PythoniC++ Machine Learning တို့ကို ပေါင်းစပ်အသုံးပြုနည်းများ။ ML model များအား တည်ဆောက်ပုံစမ်းသပ်စစ်ဆေးများ။ • ML model အား C code သို့ ပြောင်းလဲ၍ application တွင် ရေးသားအသုံးပြုနည်းများ။ စွမ်းအင်သုံးစွဲမှုနည်းသော Arduino ၊ STM32 ကဲ့သို့သော Microcontroller devices များတွင် Machine Learning model အား လက်တွေ့ တည်ဆောက်စမ်းသပ်နည်းများ။ စသည်ဖြင့် (theory + program + device) များကို ပေါင်းစပ်ဖော်ပြထားပါသည်။ လုပ်ဆောင်ပုံ အကြောင်းအရာတို့ကို နားလည်၊ လုပ်ဆောင်နိုင်စေရန် တစ်ဆင့်ခြင်း ရှင်းလင်းရေးသား ဖော်ပြထားပါသည်။ သက်ဆိုင်ရာဘာသာရပ်များကို ပေါင်းစပ်၍ လက်တွေ့အသုံးချနိုင်သော အကြောင်းအရာ များ ဖြစ်ပါသည်။ ML ဘာသာရပ်အား လက်တွေ့အသုံးပြုလိုသူများ၊ C++ / Python ဖြင့် ML အား application ရေးသား အသုံးပြုလိုသူများ၊ အီလက်ထရောနစ် embedded device များတွင် ML model များ ရေးသားတည်ဆောက်လိုသူများ၊ နည်းပညာရှင်များ၊ ကျောင်းသူ/ကျောင်းသားများ၊ အားလုံးအတွက် အထောက်အကူပြု ဖတ်ရှုလေ့လာသင့်ပါသည်။ ~~~~~~~~~~~~~ တန်ဖိုး–15000 စာ–297 ✍ - အေအိုအေအိုင်

ပရိတ်ကြီ:[၁၁] သုတ် ပါဠိ+အသံထွက်+မြန်မာပြန် ပရိကံပြုနည်း၊ အဓိဋ္ဌာန်တင်နည်း၊ သစ္စာဆိုဆုတောင်းနည်းများ ပါဝင်ပါသည်။ တန်ဖိုး-၄၀၀၀
ပရိတ်ကြီ:[၁၁] သုတ် ပါဠိ+အသံထွက်+မြန်မာပြန် ပရိကံပြုနည်း၊ အဓိဋ္ဌာန်တင်နည်း၊ သစ္စာဆိုဆုတောင်းနည်းများ ပါဝင်ပါသည်။ တန်ဖိုး-၄၀၀၀ စာမျက်နှာ-၁၀၉ မဇ္ဈိမအလင်း စီစဉ်ပူဇော်သည်။ စာပို့ဆက်သွယ်ရန် https://www.facebook.com/book4u.mm ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်