ch
Feedback
Book4U.MM

Book4U.MM

前往频道在 Telegram

Book4U "Your best partner" မြန်မာပြည်အနှံ့စာအုပ်များပို့ဆောင်ပေးသည်

显示更多
5 538
订阅者
-424 小时
-287
-7530
帖子存档
သုတေသန Data analysis ပြုလုပ်ရာတွင် ကမ္ဘာပေါ်တွင် အသုံးအများဆုံး အခမဲ့ သုံးစွဲနိုင်သည့် R Software ကိုအခြေခံမှစကာ တတ်သိနားလည်လ
သုတေသန Data analysis ပြုလုပ်ရာတွင် ကမ္ဘာပေါ်တွင် အသုံးအများဆုံး အခမဲ့ သုံးစွဲနိုင်သည့် R Software ကိုအခြေခံမှစကာ တတ်သိနားလည်လိုသူ သုတေသီများ၊ ပါရဂူများ၊ ကျောင်းသားကျောင်းသူများ၊ ဆရာ/ဆရာမများအတွက် လက်စွဲစာအုပ် *R and RStudio Installation *Basic features of R and RStudio *Installation of R packages *Data import and export *Data handling and data transformation *Descriptive statistics *Cross-tabulation and analysis *Chi-square and categorical analysis •Paired t-test, independent samples t-test, ANOVA tests *Nonparametric tests *Correlation and regression Graphic presentation by R စသည့် သုတေသနဆိုင်ရာ စာရင်းအင်းတွက်ချက်နည်းများစွာကို R & RStudio software သုံးစွဲပြီး အခြေခံမှ စတင်ကာ အသေးစိတ်လေ့လာလိုသူများအတွက် ဆရာတစ်ဦးအနားမှ ထိုင်ကာ ပြသပေးနေသကဲ့သို့ လွယ်ကူ ရှင်းလင်းစွာ ရေးသားလမ်းညွှန်ထားသည်။ ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ လေ့ကျင့် လုပ်ဆောင်နိုင်စေရန် နောက်ဆုံးထွက်ရှိထားသည့် R software နှင့် R Studio Software များ၊ Samples files and installer package များပါဝင်သည့် DVD ပူးတွဲပါဝင်ပါသည်။ တန်ဖိုး15000 စာ-199

“မင်းတစ်ယောက်တည်း ပင်ပန်းနေတာ မဟုတ်ပါဘူး' လူတွေကြားထဲမှာ အထီးကျန်သလို ခံစားရတာ၊ မလုပ်ချင်လောက်အောင် စိတ်ကုန်ခမ်းနေတာတွေဟာ မင်
“မင်းတစ်ယောက်တည်း ပင်ပန်းနေတာ မဟုတ်ပါဘူး' လူတွေကြားထဲမှာ အထီးကျန်သလို ခံစားရတာ၊ မလုပ်ချင်လောက်အောင် စိတ်ကုန်ခမ်းနေတာတွေဟာ မင်းရဲ့ အားနည်းချက်တွေ မဟုတ်ပါဘူး။ ဒါဟာ မင်းရဲ့ စိတ်ဝိညာဉ်က ခဏလောက် အနားယူဖို့ တောင်းဆိုနေတာပါ။ 📖 ဒီစာအုပ်လေးက မင်းရဲ့ စိတ်ပင်ပန်းမှုတွေကို သူငယ်ချင်းတစ်ယောက်လို နားထောင်ပေးပြီး ပင်ပန်းနွမ်းနယ်နေသော လူငယ်တစ်ယောက်အတွက် အေးမြတဲ့ ရေတစ်ခွက်လို၊ မှောင်မိုက်သော လမ်းထက်က မီးအိမ်ငယ်တစ်ခုလို အဖော်ပြုပေးပါလိမ့်မယ်။ 📙စိတ်ပင်ပန်းနေသောလူငယ် ✍မိုးစက်ပွင့် တန်ဖိုး-8000 စာမျက်နှာ-110

Pre-order Now! 📙- ချစ်တယ် ဖေဖေ ✍- နေ့သစ်ရောင်ခြည် စာမျက်နှာ - 104 တန်ဖိုး - 8,500 ks ✅မိသားစုအတွက် အဖေ့ခန္ဓာကိုယ်က ကျလာတဲ့ ခ
Pre-order Now! 📙- ချစ်တယ် ဖေဖေ ✍- နေ့သစ်ရောင်ခြည် စာမျက်နှာ - 104 တန်ဖိုး - 8,500 ks ✅မိသားစုအတွက် အဖေ့ခန္ဓာကိုယ်က ကျလာတဲ့ ချွေးစက်တိုင်းဟာ ဘယ်တော့မှ အလဟဿ မဖြစ်သလို တန်ဖိုးလည်း မမဲ့ပါဘူး။ အချို့ချွေးစက်တွေက စားဝတ်နေရေး၊ အချို့က ကျောင်းလခ၊ အချို့ကတော့ ကျန်းမာရေးအတွက် ဖြစ်ပါတယ်။ ချွေးစက်တစ်စက်ချင်းစီတိုင်းဟာ အဖေ့ရဲ့ နှုတ်ဆိတ်နေတဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ။ ✅ မိမိကိုယ်တိုင် ဝတ်ကောင်းစားလှ ဝတ်ရဖို့ထက်၊ သားသမီးတွေရဲ့ ပခုံးပေါ်မှာ ကျောင်းလွယ်အိတ်လေးနဲ့၊ ခြေထောက်မှာ ဖိနပ်အလှလေး ရှိနေစေဖို့က အဖေတိုင်းရဲ့ ပထမဆုံးဆန္ဒပါ။ ✅ အဖေ့မေတ္တာကို သိချင်ရင် အဖေ့မျက်နှာကို မကြည့်ပါနဲ့။ ကြမ်းတမ်းနေတဲ့ လက်ဖဝါး၊ ကွဲအက်နေတဲ့ ခြေဖနောင့်နဲ့ အသားမာတက်နေတဲ့ ပခုံးတွေကိုသာ ကြည့်ပါ။ ✅ အဖေဆိုတာ သားသမီးရဲ့ အနာဂတ်အတွက် အချိန်နဲ့ ချွေးစက်တွေကို ရင်းပြီး ပေးဆပ်နေတဲ့ လူသားတစ်ယောက်ပါ။ ✅ အဖေ့ရဲ့ချွေးစက်တွေသာ ဆေးစက်တွေ ဖြစ်မယ်ဆိုရင် ကမ္ဘာမှာ အလှဆုံး ပန်းချီကားက အဖေဖြစ်မှာ သေချာပါတယ်။ ထုတ်ပြောလေ့မရှိတဲ့ ဖခင်တစ်ယောက်၏ ချစ်ခြင်းမေတ္တာတွေကို ဒီစာအုပ်လေးထဲမှာမြင်တွေ့ရပါလိမ့်မယ်။

(Pre-order Now!) - Over Thinking တွေ လျော့ကျစေဖို့ စာရေးသူ - သဟာဆွေလှိုင်း စာမျက်နှာ - 118 တန်ဖိုး - 9,000 ks #စာညွှန်း - "Ov
(Pre-order Now!) - Over Thinking တွေ လျော့ကျစေဖို့ စာရေးသူ - သဟာဆွေလှိုင်း စာမျက်နှာ - 118 တန်ဖိုး - 9,000 ks #စာညွှန်း - "Over Thinking တွေ လျော့ကျစေဖို့" ဆိုတဲ့ ဒီစာအုပ်လေးကို Over Thinking ဖြစ်တာတွေ လျော့ကျစေဖို့ အဓိကရည်ရွယ်ပြီး စိတ်ကို သန်မာစေတဲ့ စာလေးတွေနဲ့အတူ ပေါင်းစပ်ဖန်တီးထားပါတယ်။ ဒီစာအုပ်လေးကို ဘယ်လိုလူတွေ အဓိကဖတ်သင့်လဲဆိုတော့ - * Over Thinking ဖြစ်တတ်သူတွေ... * စိတ်ဓာတ်ကျပြီး Depression ဝင်တယ်လို့ ခံစားရသူတွေ... * စိတ်ထဲမှာရှိနေတဲ့ အညစ်အကြေးတွေကို ဖယ်ထုတ်ပစ်ချင်သူတွေ... * အကြောင်းအရင်းမရှိဘဲ စိတ်ထဲမှာ လေးလံနေတတ်တဲ့သူတွေ... * Stress များတယ်လို့ ခံစားနေရတဲ့သူတွေ... * စိတ်ဒဏ်ရာတွေကို မမေ့နိုင်သေးတဲ့သူတွေ... * ညဘက် လွယ်လွယ်နဲ့ အိပ်မပျော်တတ်တဲ့သူတွေ... * တစ်ခုခုဆို မျက်ရည်ကျလွယ်တတ်တဲ့သူတွေ... * စိတ်အေးချမ်းခြင်းကို ကြိုက်နှစ်သက်သူတွေ... ဖတ်သင့်ပါတယ်။ ဒီစာအုပ်လေးဖတ်ပြီးတဲ့အခါ Over Thinking တွေ အနှေးနဲ့အမြန် လျော့ကျသွားပါလိမ့်မယ်။

မြန်မာအဘိဓာန် ဝေါဟာရပေါင်း ၁၈ဝဝဝ ကျော်၊ သရုပ်ဖော်ပုံပေါင်း ၄ဝဝ ကျော် ပါဝင်သည်။ ဘာသာစကားဆိုင်ရာ ဝေါဟာရများသာမက ပညာရပ်ဆိုင်ရာ ဝ
မြန်မာအဘိဓာန် ဝေါဟာရပေါင်း ၁၈ဝဝဝ ကျော်၊ သရုပ်ဖော်ပုံပေါင်း ၄ဝဝ ကျော် ပါဝင်သည်။ ဘာသာစကားဆိုင်ရာ ဝေါဟာရများသာမက ပညာရပ်ဆိုင်ရာ ဝေါဟာရများပါ ထည့်သွင်းဖော်ပြထားသည်။ ကွန်ပျူတာနှင့် အင်တာနက်တွင် အသုံးပြုနိုင်ရန် စီဒီရွမ် ပါဝင်သည်။ မြန်မာဝေါဟာရတို့၏ အသံထွက်၊ စာလုံးပေါင်းသတ်ပုံ၊ အနက်အဓိပ္ပာယ်တို့ကို အလွယ်တကူ ရှာဖွေနိုင်သည်။ ======================== စာရေးသူ–မြန်မာစာအဖွဲ့ဦးစီးဌာန တန်ဖိုး–15000 စာမျက်နှာ–451 ------------------------------------ 📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။

ဆရာ ကျော်ဌေး ရေးသားသည့် [Forex Trading] ဆိုင်ရာ စာအုပ်များ (Book4U) တွင်မှာယူရရှိနိုင်ပါပြီ။ ✅ရရှိနိုင်မည့် စာအုပ်စာရင်းများ.
ဆရာ ကျော်ဌေး ရေးသားသည့် [Forex Trading] ဆိုင်ရာ စာအုပ်များ (Book4U) တွင်မှာယူရရှိနိုင်ပါပြီ။ ✅ရရှိနိုင်မည့် စာအုပ်စာရင်းများ....📚✅ ------------------------------------ ၁။ အင်ဒီကေတာနည်းစနစ်များ ( Indicator Strategies) (ကျော်ဌေး) တန်ဖိုး- ၁၆၀၀၀ ကျပ် . ၂။ ဈေးကွက်ကိုစနစ်တကျအနိုင်ယူနည်း (ကျော်ဌေး) တန်ဖိုး–၁၆၀၀၀ ကျပ် ၃။ နိုင်ငံတကာငွေကြေးဈေးကစားခြင်း၊ (ကျော်ဌေး) ၁၅၀၀၀ ကျပ်၊ . ၄။ အဆင့်မြင့်ဈေးကစားနည်း (ကျော်ဌေး) တန်ဖိုး ၂၈၀၀၀ ကျပ် ၅။ မော်ဒန်ဈေးကစားနည်း (ကျော်ဌေး) တန်ဖိုး ၁၅၀၀၀ ကျပ်၊ . ၆။ ပရိုဖက်ရှင်နယ်ဈေးကစားနည်း (ကျော်ဌေး) ၁၆၀၀၀ ကျပ်၊ . ၇။ ပရိုက်စ် အက်ရှင်နည်းစနစ်များ (ကျော်ဌေး) ၁၆၀၀၀ ကျပ်၊ . ၈။ ဂျပန်စျေးကစားနည်း (ကျော်ဌေး) တန်ဖိုး- ၁၀၀၀၀ ကျပ်၊ ၉။မော်ဒန်ဈေးကစားနည်း (အတွဲ-၂)(ကျော်ဌေး) တန်ဖိုး - ၁၆၀၀၀ ကျပ် ၁၀။ အက်(စ်)အမ်စီနည်းစနစ် Smart Money Concept(ကျော်ဌေး) တန်ဖိုး - ၁၈၅၀၀ ကျပ် ၁၁။အိုင်စီတီနည်းစနစ်များ(ကျော်ဌေး) တန်ဖိုး-၁၈၀၀၀ ✔️💸စုစုပေါင်း=၁၈၄၅ဝဝ ကျပ် -----------------------------------------------------

✍ဒေါက်တာရဲ “ရဲ့ခြေလှမ်း ၁၀,၀၀၀ ကပေးတဲ့ စွမ်းအားများနှင့် အထွေထွေကျန်းမာရေး ဆောင်းပါးများ” စာအုပ်မှာ ကျွန်တော်တို့ မြန်မာလူမျိ
✍ဒေါက်တာရဲ “ရဲ့ခြေလှမ်း ၁၀,၀၀၀ ကပေးတဲ့ စွမ်းအားများနှင့် အထွေထွေကျန်းမာရေး ဆောင်းပါးများ” စာအုပ်မှာ ကျွန်တော်တို့ မြန်မာလူမျိုးတွေအကြား အမြစ်တွယ်နေတဲ့ ကျန်းမာရေး အယူအဆ အမှားတွေ၊ ဥပမာ - အားဆေးသွင်းမှ အားရှိမယ်၊ ထမင်းများများစားရင် အားရှိတယ်၊ ရေသန့်ကို ကြိုသောက်ရင် ကင်ဆာဖြစ်မယ် ဆိုတဲ့ ကောလာဟလတွေကို သိပ္ပံနည်းကျ ရှင်းပြပေးထားပါတယ်။ ဒါတွေအပြင် အခြားသိသင့်သိထိုက်တဲ့ အခြေခံကျန်းမာရေးအသိတွေ၊ လေးလေးနက်နက် သိထားရမယ့် ကျန်းမာရေးအသိတွေကို မျှဝေပေးထားတဲ့ ကျန်းမာရေး ဆောင်းပါးပေါင်း ၂၉ ပုဒ်တိတိ ပါဝင်မှာ ဖြစ်ပါတယ်။ ဆောင်းပါးတစ်ပုဒ်ချင်းစီမှာ ဒေါက်တာရဲရဲ့ စေတနာ၊ အသိပညာနဲ့ မေတ္တာတွေ အပြည့်အဝ ပါဝင်နေတာကြောင့် စာဖတ်သူမိတ်ဆွေတွေရဲ့ အိမ်မှာ အချိန်မရွေး တိုင်ပင်လို့ရတဲ့ မိသားစုဆရာဝန် တစ်ယောက်အဖြစ် အကျိုးပြုနိုင်မယ့် စာအုပ်လေးတစ်အုပ် ဖြစ်ပါတယ်။ ✍ဒေါက်တာရဲ (M.B.,B.S) 📖ခြေလှမ်း ၁၀,၀၀၀ ကပေးတဲ့ စွမ်းအားများနှင့် အထွေထွေကျန်းမာရေး ဆောင်းပါးများ ~~ ၈၀၀၀ ကျပ်

ဒီစာအုပ်မှာ — အရေးကြီးတဲ့ English Tenses တွေ Essay Writing အတွက် လိုအပ်တဲ့ Sentence Structure တွေ Eight Parts of Speech နဲ့ အ
ဒီစာအုပ်မှာ — အရေးကြီးတဲ့ English Tenses တွေ Essay Writing အတွက် လိုအပ်တဲ့ Sentence Structure တွေ Eight Parts of Speech နဲ့ အခြေခံ Grammar စည်းမျဉ်း‌တွေ Simple Sentence မှ Complex Sentence အထိ စနစ်တကျ လေ့ကျင့်နိုင်မယ့် Sentence Pattern တွေ Guided Writing Practice တွေ အဆင့်လိုက် လေ့ကျင့်ခန်းတွေနဲ့ သင်ခန်းစာတိုင်းကို ရှင်းလင်းပြတ်သားစွာ ရေးသားထားပြီး လက်တွေ့ အသုံးချနိုင်သော လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ သင့်တော်သောသူများ ကတော့ - - အလယ်တန်းနဲ့ အထက်တန်းကျောင်းသားကျောင်းသူတွေ - Beginner မှ Pre-Intermediate အဆင့် ကျောင်းသားတွေ - Academic Writing ပြင်ဆင်လိုသူတွေ - Self-study လေ့လာလိုသူတွေ - Cambridge English Exam ဖြေဆိုမယ့်ကျောင်းသားတွေ (Flyer/ KET Level တွေမှာ Story Writing တွေရေးသားနိုင်ဖို့၊ PET /FCE Level တွေမှာလည်း Essay/Email/Article တွေ ရေးနိုင်ဖို့) ပဲဖြစ်ပါတယ်။ ဒီစာအုပ်နဲ့ လေ့ကျင့်ပြီးသွားရင် — ✔️ English Writing ကို ယုံကြည်မှုရှိရှိနဲ့ရေးနိုင်လာမယ် ✔️ Grammar အသုံးအနှုန်းတွေမှန်ကန်လာမယ် ✔️ English Sentence တွေကို ကိုယ်တိုင်တွေးပြီး ကိုယ်တိုင်ရေးနိုင်လာမယ် ✍️Htet Naing Aung တန်ဖိုး-30000ကျပ်

📖ပျောက်ဆုံးမှတ်ဉာဏ်များ၏ မီးအိမ် ✍️ စုမြတ်ချစ်-ဘာသာပြန် ▪️ဂျပန်စာရေးဆရာမ Sanaka Hiiragi ရဲ့ဒီဝတ္ထုမှာ သေဆုံးပြီးသူတွေဟာ သူတိ
📖ပျောက်ဆုံးမှတ်ဉာဏ်များ၏ မီးအိမ် ✍️ စုမြတ်ချစ်-ဘာသာပြန် ▪️ဂျပန်စာရေးဆရာမ Sanaka Hiiragi ရဲ့ဒီဝတ္ထုမှာ သေဆုံးပြီးသူတွေဟာ သူတို့ရဲ့ဘဝထဲက အမှတ်ရစရာအချိန်ကာလတွေကို ပြန်လည်ကြည့်ရှုနိုင်တဲ့ မှော်ဆန်ဆန် ဓာတ်ပုံဆိုင်ထဲ ရောက်သွားကြတယ်။ ▪️တကယ်တော့ ဒီဆိုင်ဟာ သေခြင်းတရားဆီသွားတဲ့ တံခါးဝ၊ ဘဝနဲ့ သေခြင်းတရားကြားက နေရာဖြစ်တယ်။ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ကွယ်လွန်သူတွေဟာ ဆိုင်ပိုင်ရှင် မစ္စတာဟီရာဆာကရဲ့ "ပျောက်ဆုံးမှတ်ဉာဏ်များ၏မီးအိမ်” ကနေတစ်ဆင့် သူတို့ရဲ့တစ်သက်တာမှတ်တမ်းတွေကို နောက်ဆုံးတစ်ကြိမ် ကြည့်ရှုခွင့်ရကြတယ်။ ▪️သူတို့ရဲ့ဘဝဓာတ်ပုံများစွာကို စုစည်းကြည့်ရှုရင်း မစ္စတာဟီရာဆာကက ဧည့်သည်တွေကို ဒုတိယလက်ဆောင်တစ်ခုအဖြစ် အခွင့်အရေးတစ်ခုလဲ ပေးအပ်သေးတယ်။ အဲဒါကတော့ သူတို့ရဲ့ဘဝထဲက အထူးတန်ဖိုးထားလိုတဲ့ အချိန်ကာလတစ်ခုကို ဓာတ်ပုံရိုက်ဖို့ သူတို့ရဲ့အတိတ်ကို ပြန်သွားခွင့်ရခြင်းပဲဖြစ်ပါတယ်။ ▪️ဆွဲဆောင်မှုရှိပြီး စိတ်ကူးယဉ်ဆန်တဲ့ ဝတ္ထုဖြစ်တာမို့ "ပျောက်ဆုံးမှတ်ဉာဏ်များ၏ မီးအိမ်” ဟာ အတိတ်ကိုလွမ်းဆွတ်မှု၊ ရယ်မောမှု၊ မေတ္တာတရားတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခုဆီကို စာဖတ်သူတွေကို အလည်ခေါ်ဆောင်သွားမှာပါ။ တန်ဖိုး - 13,500 စာ-224

ဆရာ #Kaung Hein Soe(Strategic) ၏ စာအုပ် ၄ မျိုးအား (Book4U) တွင်မှာယူရရှိနိုင်ပါပြီ...✅👇 မှာယူနိုင်သည့် စာအုပ်စာရင်း.. 📖ငွေ
+3
ဆရာ #Kaung Hein Soe(Strategic) ၏ စာအုပ် ၄ မျိုးအား (Book4U) တွင်မှာယူရရှိနိုင်ပါပြီ...✅👇 မှာယူနိုင်သည့် စာအုပ်စာရင်း.. 📖ငွေရှာနည်းအတွေး ငွေပွားနည်းအမြင် တန်ဖိုး 16500 စာမျက်နှာ 150 📖ရှင်သန်တိုးတက်ရေးအတွက် အလိုက်သင့်ပြောင်းလဲနိုင်စွမ်း တန်ဖိုး 16000 စာမျက်နှာ 126 📖အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုဖြင့် ကြွယ်ဝမှုတည်ဆောက်ခြင်း တန်ဖိုး 19000 စာမျက်နှာ 192 📖မိနစ်ပိုင်းစာ စီးပွားရေးပညာ(၁) တန်ဖိုး 20000 စာမျက်နှာ 294 ------------------------------------ 📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက် Book4U ဆိုင်လိပ်စာ အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ဆက်သွယ်ဖုန်းနံပါတ် 09798103010 09794964825 မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

ဆရာကျော်ဌေး ၏ စာအုပ် ၂ အုပ် ဈေးနှုန်း နဲ့ မျက်နှာဖုံးလေးပြောင်းသွားပါတယ်.... အင်ဒီကေတာ နည်းစနစ်များ တန်ဖိုး 16000 ကျပ် စာမျက်
+1
ဆရာကျော်ဌေး ၏ စာအုပ် ၂ အုပ် ဈေးနှုန်း နဲ့ မျက်နှာဖုံးလေးပြောင်းသွားပါတယ်.... အင်ဒီကေတာ နည်းစနစ်များ တန်ဖိုး 16000 ကျပ် စာမျက်နှာ 175 ပရိုက်စ်အက်ရှင်နည်းစနစ်များ တန်ဖိုး 16000 ကျပ် စာမျက်နှာ 185 ------------------------------------ 📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ ဆိုင်မှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူလိုသူများအတွက် Book4U ဆိုင်လိပ်စာ အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ဆက်သွယ်ဖုန်းနံပါတ် 09798103010 09794964825 မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

📖ဒီစာအုပ်လေးဟာ ဘဝအပေါ် ထိန်းချုပ်၊ ခြယ်လှယ်နေတတ်တဲ့ “စိတ်” ကို တန်ပြန် ကိုင်တွယ်ပြီး၊ ဘဝနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ဆက်ဆံရေ
📖ဒီစာအုပ်လေးဟာ ဘဝအပေါ် ထိန်းချုပ်၊ ခြယ်လှယ်နေတတ်တဲ့ “စိတ်” ကို တန်ပြန် ကိုင်တွယ်ပြီး၊ ဘဝနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ဆက်ဆံရေး စတဲ့ နယ်ပယ်စုံမှာ အောင်မြင်မှု၊ တည်ငြိမ်မှု၊ ခိုင်ခံ့မှုတွေရှိလာအောင် လုပ်နိင်မယ့် နည်းလမ်းကောင်း တွေကို လမ်းညွန်ပေးထားပါတယ်။ 📖ဒီစာအုပ်လေးကို အခန်းငယ်၊ အပိုင်းစိတ်လေးတွေခွဲပြီး စီစဉ်ရေးသားထားတာ ကြောင့်၊ တပြိုင်နက်တည်း တစ်အုပ်လုံး အပြီး မဖတ်ချင်ရင်တောင်၊ ခွဲဖတ်လို့ရအောင် လုပ်ပေးထားပါတယ်။ ဘဝရဲ့ အခက်အခဲဆုံးသော အချိန်တွေမှာတောင် ဒီစာအုပ်လေး ထဲမှာ ဖော်ပြထားတဲ့ နည်းလမ်းတွေက သင့်အတွက် အထောက်အကူပြု “ကျောက်ဘူး” လေးသဖွယ် ဖြစ်နိင်ပါစေ။ 👉စိတ်ဆိုတဲ့အရာက အင်မတန်မှ ဆန်းကြယ်ပါတယ်။ အင်မတန်မှ တန်ခိုးကြီးပါတယ်။ စိတ်တန်ခိုးကို အသုံးချနိုင်ပြီး အရာအားလုံးထက် အစွမ်းပိုထက်အောင် လုပ်ဆောင်နိုင် စွမ်းရှိပါတယ်။ အတွေးအခေါ်ကို ပြောင်းလဲနိုင်တာနဲ့ တပြိုင်နက် ဘဝကြီးတစ်ခုလုံး လည်း နဂိုကထက် ပိုပြီး ကောင်းစားလာနိုင်မှာ ဖြစ်ပါတယ်။ 📕တည့်တည်တွေး ဘာသာပြန်-မောရိသျှ တန်ဖိုး-၆၀၀၀ စာ-၁၂၇

Harvard ManageMentor (ဟားဗတ် စီးပွားရေးတက္ကသိုလ်၏ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုနည်းပြဆရာ) သင်ရိုးမှာ အမေရိကန်နိုင်ငံ Har
Harvard ManageMentor (ဟားဗတ် စီးပွားရေးတက္ကသိုလ်၏ စီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုနည်းပြဆရာ) သင်ရိုးမှာ အမေရိကန်နိုင်ငံ Harvard Business School (HBS. USA) ဟားဗတ် စီးပွားရေးတက္ကသိုလ်၏ ကျော်ကြားသော သင်ရိုးတစ်ခုဖြစ်ပြီး နိုင်ငံတကာ ကုမ္ပဏီကြီးများ ဥပမာ (Cocacola, Telenor, Ooredoo, Caterpillar) စတဲ့ Multinational Company (အထူးသဖြင့် အမေရိကန်ကုမ္ပဏီကြီး) တွေမှာ မန်နေဂျာနဲ့ အထက် အရာထမ်းတွေကို သင်ယူစေပါတယ်။ ဒီသင်ရိုးဟာ လက်တွေ့အသုံးချ သင်ရိုး (Apply Course) ဖြစ်ပြီး Supervisor, Team Leader, Manager မှစ၍ အထက် Chief Level အထိ လေ့လာပြီး လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချရန် ကိရိယာ (Tools) များ ပါဝင်ပါတယ်။ ဒီသင်ရိုးမှာ မိမိကိုယ်ကို အသုံးချဖို့ (Leading Yourself)၊ သူများအပေါ် အသုံးချဖို့ (Leading Others)၊ စီးပွားရေးလုပ်ငန်း နေ့စဉ်လည်ပတ်ရေးမှာ အသုံးချဖို့ (Leading the Business Operation)၊ စီးပွားရေး စီမံကိန်းတွေမှာ စီမံခန့်ခွဲဖို့ (Leading the Business Strategy) အတွက် စီးပွားရေးဆိုင်ရာခေါင်းစဉ် (၄၄ ခု) ပါဝင်ပါတယ်။ ဘာသာပြန်-Nay Linn တန်ဖိုး-၁၆၀၀၀ စာ-၂၉၅

ဘယ်တော့မှ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ် မမှီခိုပါနဲ့။ ဒုတိယဝင်ငွေလမ်းကြောင်း ဖန်တီးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ပါ။ ဝ
ဘယ်တော့မှ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ် မမှီခိုပါနဲ့။ ဒုတိယဝင်ငွေလမ်းကြောင်း ဖန်တီးနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ပါ။ ဝင်ငွေလမ်းကြောင်းလေးခုနဲ့ အခြေတည်ငြိမ်တော့မှ Risk များ၊ Return များတဲ့ Investment တွေ စတင်ပါ။ ရရှိနေတဲ့ ဝင်ငွေလမ်းကြောင်းတွေဟာ တူညီတဲ့ အရင်းအမြစ် တစ်ခုတည်းကနေ ရရှိနေတာမျိုး မဖြစ်ပါစေနဲ့။ လက်ထဲမရသေးတဲ့ငွေကို ဘယ်တော့မှကြိုမသုံးပါနဲ့။ အနာဂတ်မှာရမယ့်ငွေကို အပျော်အပါး အသုံးအဖြုန်းအတွက် ဘယ်တော့မှ မသုံးစွဲပါနဲ့။ ငွေပြန်ရမယ့် ၊ ကျိန်းသေမြတ်မယ့် ၊ Risk လည်းနည်းတဲ့ အခွင့်အလမ်းတွေအတွက်တော့ အနာဂတ်မှာရမယ့်ငွေဟာ ရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါတယ်။ 📗ငွေရှာနည်းအတွေး ငွေပွားနည်းအမြင် ✍Kaung Hein Soe တန်ဖိုး-၁၆၅၀၀ စာမျက်နှာ-၁၅၀

📖အတွေ့လေးရယ်မှ အို..အကြုံ ✍မင်းလူ တန်ဖိုး-၁၁၀၀၀ စာ-၁၈၀
📖အတွေ့လေးရယ်မှ အို..အကြုံ ✍မင်းလူ တန်ဖိုး-၁၁၀၀၀ စာ-၁၈၀

📖ဗိသုကာ အနုပညာ အတွေးအမြင်နှင့် ဗိသုကာ အဆောက်အအုံပညာ စာစုများ ဗိသုကာပညာကို သမိုင်းရှုထောင့် နောက်ခံဖြင့် ကြည့်တတ် မြင်တတ်မှသာ
📖ဗိသုကာ အနုပညာ အတွေးအမြင်နှင့် ဗိသုကာ အဆောက်အအုံပညာ စာစုများ ဗိသုကာပညာကို သမိုင်းရှုထောင့် နောက်ခံဖြင့် ကြည့်တတ် မြင်တတ်မှသာ မြန်မာ့ ဗိသုကာပညာရပ်၌ လေ့လာသူအဖြစ် ပီပြင်လာလိမ့်မည်။ ပြည့်စုံပေလိမ့်မည်။ ကုံလုံပေလိမ့်မည်။ သို့သော် စုစည်းဝေဖန်ခြုံငုံသုံးသပ်ပြီး ရေးသား ထားသည့် မြန်မာဗိသုကာပညာရပ် ဖတ်စာအုပ်၊ ကျမ်းစာအုပ်၊ ကျောင်းသားကိုင်စာအုပ် တစ်အုပ်တစ်လေမျှ မရှိခဲ့။ ဤအခြေအနေမျိုးဖြင့် မြန်မာ့ ဗိသုကာပညာရပ် ပို့ချရသည့် ကျောင်းဆရာဘဝ၏ အတွေ့အကြုံတို့ကို မှတ်တမ်းတင်လိုပါသည်။ ======== စာရေးသူ–ဒေါက်တာလွင်အောင် တန်ဖိုး–18000 စာမျက်နှာ–311 ----------------------------- 📚📚 မိတ်ဆွေတို့ ဖတ်ရှုလိုသည့်စာအုပ်များကို Book4U ၏ Facebook စာမျက်နှာ (သို့) ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ 📘Book4U ဆိုင်လိပ်စာ 📌အမှတ် ၅၆ (မြေညီ) ၊ ၄၄လမ်း (ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ကုန်သည်လမ်းဘက်မှလျှင် ဒုတိယမြောက်တိုက်)၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ⏰မနက် (၉ နာရီမှ ညနေ ၅ နာရီခွဲအထိ) တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါသည်။

👉 ဒီစာအုပ်ထဲမှာ သင်ဟာ - ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ချစ်ရမယ် .. ကိုယ့်ရဲ့ အတွင်းစိတ်ကို ဘယ်လိုထိန်းချုပ်ရမယ် .. အကြောက်တရားတွေန
👉 ဒီစာအုပ်ထဲမှာ သင်ဟာ - ကိုယ့်ကိုယ်ကို ဘယ်လိုပြန်ချစ်ရမယ် .. ကိုယ့်ရဲ့ အတွင်းစိတ်ကို ဘယ်လိုထိန်းချုပ်ရမယ် .. အကြောက်တရားတွေနဲ့ အဆိုးမြင်စိတ်တွေကို ဘယ်လိုအောင်မြင်စွာ ကျော်လွှားရမယ် .. စတဲ့ အကြောင်းအရာတွေကို လက်တွေ့ကျကျ လေ့လာနိုင်ပါလိမ့်မယ် .. 👉 ဒီစာအုပ်ဟာ ရိုးရိုးရှင်းရှင်း စိတ်ဓာတ်ခွန်အား ပေးရုံသာမကဘဲ သင့်ရဲ့ အတွေးအခေါ်တွေနဲ့ စိတ်ခံစားချက်တွေကို အမှန်တကယ် ပြောင်းလဲပစ်ဖို လက်တွေ့ကျကျ လမ်းညွှန်ချက်တွေနဲ့ ပြည့်နေပါတယ် .. 👉 သင့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေက သင့်ဘဝကို ဘယ်လိုပုံဖော်လဲဆိုတာကို ဒီစာအုပ်က မျက်စိဖွင့်ပေးပါလိမ့်မယ် .. 👉သင့်စိတ်ထဲက အကြောက်တရားတွေကို ရင်ဆိုင်ပြီး သင့်ဘဝထဲကို ကောင်းမွန်တဲ့ အရာတွေ၊ ပျော်ရွှင်မှုတွေနဲ့ အောင်မြင်မှုတွေကို ဆွဲဆောင်နိုင်မယ့် အဓိကသော့ချက်တွေကို ဒီစာအုပ်ကနေ ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ် .. 🥰 ပျော်ရွှင်ပြီး အဓိပ္ပာယ်ရှိတဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖိုအတွက် ဒီစာအုပ်ဟာ သင့်ရဲ့ လမ်းညွှန်ဖြစ်ပါလိမ့်မယ် ..... 📖-အကောင်းမြင်စိတ်ဖြင့်ပျော်ရွှင်သောဘဝ ✍️ စာရေးသူ -ထက်ထက်တင်ဇာ စာမျက်နှာ ၂၇၂ တန်ဖိုး-၁၆၅၀၀

ယနေ့ခေတ် လျှပ်စစ်လုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်လျှက် ရှိသော လျှပ်စစ်လုပ်ငန်း များတွင် Electrical Control များသည် တဖြည်းဖြည်း တ
ယနေ့ခေတ် လျှပ်စစ်လုပ်ငန်း နယ်ပယ်တွင် လုပ်ကိုင်လျှက် ရှိသော လျှပ်စစ်လုပ်ငန်း များတွင် Electrical Control များသည် တဖြည်းဖြည်း တွင်ကျယ်စွာ အသုံးပြုလာကြပြီ ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်လုပ်ငန်း လုပ်ကိုင်သူများအတွက်အကျိုးရှိစေရန် Electrical Control အတွက် ကဏ္ဍ စုံလင်စွာပါဝင်သော စာအုပ်တစ်အုပ် ရေးမည်ဟု စိတ်ကူးပြီး ဤ Electrical Control Technology စာအုပ်ကို ရေးသားခဲ့ခြင်းဖြစ်သည်။ စက်ရုံများတွင် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း လုပ်ကိုင်နေသော လျှပ်စစ်ဝန်ထမ်း များ၊ လျှပ်စစ်ကန်ထရိုက်တာများ၊ လျှပ်စစ်လုပ်သားများ၊ နည်းပညာတက္ကသိုလ် ကျောင်းသား ကျောင်းသူများ ၊ Electrical Control ပိုင်းကို စိတ်ပါဝင်စားသူများ နှင့် အသက်မွေးပညာသင်တန်း များတွင် ပညာသင်ကြားနေသော လူငယ်များအတွက် ပြန်လည်မျှဝေလိုသော ဆန္ဒဖြင့် ရေးသား ထားခြင်းများဖြစ်ပါသည်။ ဤစာအုပ်တွင် Electrical Control ကို Ladder Diagram နှင့် Control Diagram နှစ်မျိုးဖြင့် ရေးသား ဖော်ပြထား ပါသည်။ တန်ဖိုး-60000 ☎ - 09798103010;097949 64825 ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ဆိုင်ဖွင့်ချိန်(မနက်၉နာရီမှညနေ၅နာရီခွဲထိ) တနင်္ဂနွေတိုင်းဆိုင်ပိတ်ပါသည်။

အင်္ဂလိပ်-မြန်မာ အနောက်တိုင်း ဆေးပညာအဘိဓာန် ~~~~~~~~~~ စာရေးသူ-‌U KAUNG NYUNT တန်ဖိုး-၂၅၀၀၀ ☎ - 09798103010;097949 64825 (Vib
အင်္ဂလိပ်-မြန်မာ အနောက်တိုင်း ဆေးပညာအဘိဓာန် ~~~~~~~~~~ စာရေးသူ-‌U KAUNG NYUNT တန်ဖိုး-၂၅၀၀၀ ☎ - 09798103010;097949 64825 (Viber၊ Message) သို့ ဆက်သွယ် မှာယူနိုင်ပါသည်။ ဆိုင်လိပ်စာ-အမှတ် ၅၆ ၊ ၄၄ လမ်း(အောက်ဘလောက်) ၊ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန် ဆိုင်ဖွင့်ချိန်(မနက်၉နာရီမှညနေ၅နာရီခွဲထိ) တနင်္ဂနွေတိုင်းဆိုင်ပိတ်ပါသည်။

ဤစာအုပ်တွင် American Bosch, Robert Bosch, CAV-SIMMS, Cumm Detroit နှင့် Caterpillar ကုမ္ပဏီများမှ ထုတ်လုပ်သောပန့်များ၊ နော်ဇယ
ဤစာအုပ်တွင် American Bosch, Robert Bosch, CAV-SIMMS, Cumm Detroit နှင့် Caterpillar ကုမ္ပဏီများမှ ထုတ်လုပ်သောပန့်များ၊ နော်ဇယ်များနှင့် Governorများအကြောင်းကို ပြည့်စုံစွာဖော် ပြထားပါသည်။ ပါဝင်သော အစိတ်အပိုင်းများ၊ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံ၊ ချိန်ညှိခြင်း၊ ဖြုတ်ခြင်း၊ တပ်ဆင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်ခြင်းနှင့် အပြစ်ရှာဖွေခြင်းတို့ကို အ ဖော်ပြထားပါသည်။ ထို့ကြောင့် ဤစာအုပ်သည် ဒီဇယ်အင်ဂျင်အသုံးပြုသူများ၊ ဒီဇယ်အင်ဂျင်ပြုပြင်သူများ၊ ပန့်ဆိုင်များ၊ ကုမ္ပဏီများ၊ ဒီဇယ်အင်ဂျင်အကြောင်း လေ့လာလိုသူများ၊ အင်ဂျင်နီယာကျောင်းသား/သူများအတွက် အထူးသင့်လျော်ပါသည်။ အထူးသဖြင့် ဒီဇယ်အင်ဂျင်အတွက် အခက်အခဲတွေ့နေကြသော အင်ဂျင်နီယာများအတွက် ပြဿနာများကို ကူညီဖြေရှင်းပေးနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်ဟု ယုံကြည်မိပါသည်။ မျိုးဆက်သစ်စက်မှုအင်ဂျင်နီယာများသို့ ✍ဦးအုန်းမြင့် (ဒီဇယ်) တန်ဖိုး-၂၅၀၀၀