cookie

ما از کوکی‌ها برای بهبود تجربه مرور شما استفاده می‌کنیم. با کلیک کردن بر روی «پذیرش همه»، شما با استفاده از کوکی‌ها موافقت می‌کنید.

avatar

မန်ဆူအောင်မြေ

သတင်းများလည်း ပေးပို့အကြံပြုနိုင်ပါတယ်😊

نمایش بیشتر
پست‌های تبلیغاتی
2 070
مشترکین
+1124 ساعت
+1147 روز
+22430 روز

در حال بارگیری داده...

معدل نمو المشتركين

در حال بارگیری داده...

အကြမ်းဖက်တွေ ၅၀၇ဘက်ကပြန်လန်သွားပြီးလောလောဆယ်တော့ငြိမ်နေပါတယ်။ညပိုင်းမှာပိုပြီးသတိထားရမယ်။
نمایش همه...
👍 13
ဒုချုပ် တရုတ်ပြည် ခရီးစဥ်ကနေအပြန် အပြောင်းအလဲတခုခုတော့ ကြုံချင်ပါတယ် အဘရယ် DI Thameedaw 🇲🇲
نمایش همه...
👍 11
MNDAA စစ်သား..... ဒါပေမယ့် တရုတ်အလံနဲ့။ သူတို့ မြန်မာ့တပ်မတော်ကို ပြန်တိုက်တာ တရုတ်နိုင်ငံအတွက်......။ NUG အတွက်လည်းမဟုတ်သလို ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း မဟုတ်ဘူး။ သူတို့နဲ့ပေါင်းတိုက်နေတဲ့ မြန်မာPDF တွေက ကိုယ့်အမေကို ပြန်ချနေတဲ့ အဇာတသက်ထက် အ​ခြေနေဆိုးတဲ့သူတွေ ဖြစ်နေတယ်။ (ရိုင်းသွားရင် ခွင့်လွှတ်၊ ဒါမျိုးရိုင်းရိုင်းပြောတာတောင် အမြင်မှန်ရမယ်မထင်ဘူး။) #Thazinoo
نمایش همه...
👍 17
အကြမ်းဖက်တွေက၅၀၇/ရက-၅ဘက်ကထိုးဖောက်ပြီး လားရှိုးမြို့ထဲမှာခိုအောင်းဖို့ကြိုးစားနေတာပါ။ တပ်ကလည်းကြံ့ကြံ့ခံပိတ်ဆို့ပြီးဝေဟင်/မြေပြင်ချေမှုန်းနေတယ်လို့သိရပါတယ်။
نمایش همه...
👍 4
လားရှိုးဟာ ရှမ်းမြောက်အတွက် နောက်ဆုံး ခံတပ်ပါ။ ဒီနေရာကို ခံစစ်သေချာမပြင်နိုင်ရင် ရှမ်းအရှေ့က ဆင်းလာမယ့် လက်နက်ကိုင်တပ်ဖွဲ့ အတွက်ပါ ဝေစားမျှစား ဖြစ်သွားမယ့် အခြေအနေ ရှိပါတယ်။ ရန်သူကတော့ အကြောက်တရားနဲ့ မြို့နေလူထု ကင်းအောင် Drop Bomb တွေ၊ ရှော့တိုက်ဒုံးတွေနဲ့ စစ်ပြင်နေတာ တွေ့ရတယ်။ လက်ရှိ တိုက်ပွဲတွေ ဖြစ်နေတာကလည်း လာရှိုးကို ကာတဲ့ ကာကင်းအဆင့်တွေနဲ့ တွေ့တယ်ဆိုတဲ့ သဘောပါပဲ။ လုံခြုံရေး သဘောတရား အရတော့ မြို့ကနေ ထွက်နေတဲ့ ပြည်သူတွေနဲ့ ဘယ်လို ဖြစ်ဖြစ် ဆက်နေမယ်ဆိုတဲ့ အခြေအနေကြားမှာ ရန်သူသာ မြို့တွင်း စိမ့်ဝင်လာနိုင်ခဲ့ရင် တပ်အတွက် ပိုပြီး လုပ်ရကိုင်ရ ခက်ခဲစေတော့မှာပါ။ ဒီလို ဖြစ်အောင်လည်း ရန်သူက ဒီအခင်းအကျင်းပုံဖော်နေတာပါ။ အတည်မပြုနိုင်တဲ့ သတင်းတွေမှာ ဒုချုပ်ကြီး တရုတ်သွားမယ်ဆိုတဲ့ သတင်းတွေလည်း တွေ့နေရတယ်။ ပြည်တွင်းလက်နက်ကိုင် အချင်းချင်း တိုက်တာ ဆိုပေမယ့် ပြည်ပအထောက်အပံ့သာ မပါရင် ချက်ချင်းတန့်သွားနိုင်တာလည်း သတိပြုရပါ့မယ်။ ဒါပေမယ့် စစ်ပွဲရပ်စေချင်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ လိုလားချက်ကို ပြန်ဖြည့်ပေးရတဲ့ အပေးအယူမျိုး ရှိလာရင်တော့ မဟန်ပါဘူး။ ဖြစ်သင့်တာက ခင်ဗျားမပါနဲ့၊ ကျုပ်တို့ဖာသာ ရှင်းမယ်ဆိုတဲ့ အနေအထားမျိုး ဆွေးနွေးနိုင်ရင်တော့ မဆိုးပါဘူး။ ခုချိန်ထိတော့ မိုးကုတ်အနောက်ခြမ်းနဲ့ လားရှိုး ၉ မိုင်အထိ ရန်သူတွေက တဖြည်းဖြည်း ချဥ်းကပ်လာပုံပါပဲ။ မြို့ထဲ အဝင်မခံဖို့ အရေးကြီးပါတယ်။ မြို့ထဲ စိမ့်ဝင်လာတာနဲ့အမျှ လက်နက်ကြီးနဲ့ပါ ရှင်းလို့ မရတဲ့ အခြေအနေမျိုး ဖြစ်သွားတော့မှာပါ။ (နရီမိုး)
نمایش همه...
👍 5
လားရှိုး ပွဲက မီးကုန်၊ယမ်းကုန်စော်ပြီး စစ်သွေးကြွ မြောက်၃ကောင်ကို အမှောက်သိပ်ရမည့်ပွဲပါ။ ညှာလို့မရသလို ရှုံးလို့လည်း မရပါဘူး။ နိုင်ငံတပ်မတော်ရဲ့ ဂုဏ်သိက္ခာပွဲပါ။ #kyawswar
نمایش همه...
👍 10
Repost from lashio thar
၂၀၂၄ ဇူလိုင်လ ၆ ရက်နေ့ ၀၈၂၀ ချိန်ခန့်တွင် အကြမ်းဖက်မြောက်သုံးကောင်အဖွဲ့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် လားရှိုးမြို့၊ ရတနာမဉ္စူ ဘုန်းကြီးကျောင်း အနောက်ဘက် (နမ/ ၈ ) သို့ တစ်လုံး ကျရောက်ပေါက်ကွဲသဖြင့် လူထိခိုက်မှုမရှိပဲ အိမ်သာ ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်... #ဦးဦးပိုင်ဦး
نمایش همه...
Repost from lashio thar
၆.၇.၂၀၂၄ လားရှိး ရက်ကွက် ၇ ကွက်သစ် စိတ္တသုခ ဘုန်းကြီးကျောင်းအတွင််း လက်နက်ကျ ကိုရင် ၃ပါးအနည်းငယ်ထိမစိုးရိမ်ရ။
نمایش همه...
Repost from lashio thar
ရှမ်းမြောက်မြို့တော် လားရှိုးမြို့ကို အကြမ်းဖက်ပူပေါင်းအဖွဲ့တွေ လာတိုက်တယ်... အကြမ်းဖက်အဖွဲ့ရဲ့ ရမ်းသမ်းပစ်တဲ့ ရှော့တိုက်ဒုံး/လက်နက်ကြီးတွေ မြို့ထဲကျတာကြောင့် ဘုမသိဘမသိ နေရင်းထိုင်ရင်း ဒေသခံတိုင်းရင်းသားတွေ အသက်ဆုံးရှုံးခဲ့ရတယ် စာသင်ကျောင်းပေါ်ကျတယ် ရပ်ကွက်တွေထဲကျတယ် ဘုရားပရဝဏ်အတွင်းကျတယ်... အကြမ်းဖက်အဖွဲ့တွေရဲ့ လူမဆန်မှုတွေကြောင့် ဒေသခံတွေ စိုးရိမ်ကြောက်လန့်ပြီး နေရပ်စွန့်ခွာပြေးကြတယ်... အရပ်ဖက်ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်ပြတယ်... မြန်မာ့အရေးကိုစောင့်ကြည့် အပြစ်တင်ဝေဖန်လေကန်နေကြတဲ့ ဥရောပ/အာရှနိုင်ငံအချို့က မျက်မမြင်နားမကြားဆွံ့အနေကြသလို ပြည်သူ့အတွက်ဆိုပြီးခေါင်းစဥ်တပ်ခဲ့ကြတဲ့ NUG/PDF တွေကလည်း ကိုယ်တိုင်ပါဝင်နေတာ တွေ့ရတယ်... အဲတော့ တိုက်ပွဲဖြစ်ပြီး ဖြစ်နေစဲမြို့တွေက တိုက်ပွဲရှောင်နေရပ်စွန့်ခွာခဲ့ကြတဲ့ ဒေသခံတိုင်းရင်းသားတွေဟာ တပ်မတော်ရှိတဲ့ မြို့တွေကိုအသီးသီး ပြောင်းရွှေ့လာကြတာ တွေ့ကြရပါတယ်... အကြမ်းဖက်အဖွဲ့တွေရှိတဲ့ မြို့/ရွာတွေကို ဘယ်သူမှမသွားကြပါဘူး... ဘာကြောင့်လဲ လူသားတံတိုင်းလုပ်တာမခံချင်လို့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေနဲ့ စိုးရိမ်ကြောက်လန့်စိတ်ဆင်းရဲစွာ နေ့စဥ် မဖြတ်သန်းချင်လို့ပါပဲ... အခုသိနေကြပြီ လက်တွေ့လည်းခံစားနေကြရပြီဖြစ်ပါတယ်... ယခင်က တပ်မတော်နဲ့အတူယှဥ်တွဲနေခဲ့ကြတဲ့ အခြေအနေနဲ့ လက်ရှိအခြေအနေတွေကို... တပ်မတော်က ခေတ်အဆက်ဆက် အဆဲအဆိုခံ အမုန်းခံ အနစ်နာခံပြီး နိုင်ငံမပြိုကွဲအောင် နိုင်ငံဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့တယ်... တပ်မတော်ပျက်စေချင်တာမဟုတ်ပဲ နိုင်ငံအစိတ်စိတ်အမွှာမွှာဖြစ်အောင် နိုင်ငံခွဲထွက်ချင်နေကြတဲ့ ပြည်တွင်းလက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေနဲ့ ပြည်ပသြဇာခံ ပြည်ဖျက် နိုင်ငံရေးသမားတွေ က ၁၀စုနှစ် ၈ခုစာလောက် ဖြိုခွဲသွေးခွဲခဲ့ကြတယ်... တပ်မတော်ကကြံ့ကြံ့ခံကာကွယ်ခဲ့တယ်... ဒါတောင် ပြည်ပနိုင်ငံတွေရဲ့ နိုင်ငံချင်းထိုးနှက်ချက်တွေ မပါသေးဘူး... အခုချိန်မှာ ၁၀စု နှစ် ၈ခုစာလောက် မအောင်မြင်ခဲ့တဲ့ ပြည်ဖျက်အဖွဲ့အစည်းအသီးသီး နဲ့ ဆန့်ကျင်ဖက်နိုင်ငံအချို့က ပြည်တွင်းမငြိမ်မသက်မှုတွေကနေတဆင့် အခွင့်အရေးယူ မြန်မာပြည် သွေးကြွလူငယ်အချို့ကို သွေးထိုးမြောက်ပင့် အသုံးချပြီး တပ်မတော်အပေါ် လူအား ငွေအား လက်နက်အား နည်းပညာ၊ သတင်းမီဒီယာ စတဲ့ ဘက်ပေါင်းစုံကနေ ငါးကြင်းဆီနဲ့ငါးကြင်းလှော်တဲ့ ပုံစံမျိုး အသုံးချနေတာတွေ့ရပါတယ်... အခုလက်ရှိအခြေအနေတွေ မြေပြင်အမှန်တွေမှာ နိုင်ငံ့အတွက် ဘယ်သူတွေက အသက်ပေးကာကွယ်နေတယ်ဆိုတာ လိမ်လို့မရပါဘူး... တပ်မတော်ကကြံ့ကြံ့ခံကာကွယ်နေသမျှ မြန်မာနိုင်ငံမပြိုကွဲသေးပဲ တပ်မတော်ရှိရာ မြို့တွေမှာ အေးချမ်းနေအုန်းမယ်ဆိုတာ... မြန်မာနိုင်ငံသူ/သားအားလုံးအတွက် မြန်မာ့တပ်မတော် အစဥ်ထာဝရအောင်ပွဲဆင်နိုင်ပါစေ... #ဦးဦးပိုင်ဦး
نمایش همه...
👍 5
Repost from DGF21News
PHOTO  🄽🄴🅆🅂 ရေပြန်ကျသွားပြီဖြစ်တဲ့ မြစ်ကြီးနားမြို့ပေါ်က လမ်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေနဲ့ ပြည်သူ့နေအိမ်တွေမှာ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ပေးနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။
نمایش همه...
👍 7
یک طرح متفاوت انتخاب کنید

طرح فعلی شما تنها برای 5 کانال تجزیه و تحلیل را مجاز می کند. برای بیشتر، لطفا یک طرح دیگر انتخاب کنید.