fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 494 مشترک است و جایگاه 16 799 را در دسته اخبار و رسانه‌ها و رتبه 10 308 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 494 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 12 نوامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -154 و در ۲۴ ساعت گذشته برابر -7 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 5.61% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 4.65% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 645 بازدید دریافت می‌کند. در اولین روز معمولاً 534 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 10 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 13 نوامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 494
مشترکین
-724 ساعت
-267 روز
-15430 روز
آرشیو پست ها
လာအိုနိုင်ငံရှိ မြန်မာစစ်သံရုံးဝန်ထမ်းများနှင့် ပညာတော်သင်သင်တန်းသားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံအားပေး လာအိုနိ
+9
လာအိုနိုင်ငံရှိ မြန်မာစစ်သံရုံးဝန်ထမ်းများနှင့် ပညာတော်သင်သင်တန်းသားများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တွေ့ဆုံအားပေး လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများနှင့် ပညာတော်သင် သင်တန်းသားများကို တွေ့ဆုံကာ အမှာစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးအား ထိုင်းနိုင်ငံမှ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိ
+2
မြန်မာနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးအား ထိုင်းနိုင်ငံမှ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ် နိုဝင်ဘာ ၄၊ ၂၀၂၆ မြန်မာနိုင်ငံတွင် မူးယစ်ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၁ ဦးအား ထိုင်းနိုင်ငံမှ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ၁-၁-၂၀၂၆ ရက်နေ့တွင်မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီးတွင် တရားခံ ၂ ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၅၆ သိန်းအား ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ တရားခံ ၆ ဦး နှင့်အတူ စိတ်ကြွဆေးပြား ၃ ဒသမ ၈ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလို၊ ဘိန်းဖြူ ၁၆ ဒသမ ၃၉၆ ကီလိုတို့အား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းငွေကျပ် ၉ ဒသမ ၄၉၅၃၈ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဖမ်းဆီးရမိခဲ့ပါသည်။ အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာတွင် မူးယစ်မှောင်ခိုဂိုဏ်းဖွဲ့၍ အဓိကစီမံခန့်ခွဲသူမှာ အောင်ဇော်မင်းခန့် ၄၂ နှစ်၊ ကံကောက်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်နေသူဖြစ်ပြီး ၎င်းသည် ၂၇-၁၁-၂၀၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ထွက်ခွာသွားကြောင်း သိရှိရ၍ ၃-၂-၂၀၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)သို့ သတင်းဖလှယ်ပေးပို့ခဲ့ပါသည်။ ထိုသို့သတင်းဖလှယ်ချက်အရ ၄-၁၀-၂၀၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)နှင့် လူဝင်မှုကြီးကြပ်ရေးဗျူရိုတို့ ပူးပေါင်းအဖွဲ့မှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး အောင်ဇော်မင်းခန့်အား ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဟွိုင်ခွမ်ခရိုင်တွင် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းအား ၃-၁၁-၂၀၂၆ ရက်နေ့ ည ၆ နာရီခွဲ အချိန်တွင် ထိုင်းနိုင်ငံ၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)မှ တားဆီးဌာနမှူး Mr. Kanison Papernon ဦးဆောင်သည့်အဖွဲ့မှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်လင်း ဦးဆောင်သည့်အဖွဲ့ထံသို့ ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့်ချမှတ်ပြီး ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်လျက်ရှိရာ တားဆီးနှိမ်နင်းရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ နောက်ကွယ်မှ ကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးခြင်းနှင့် ဆက်စပ်တရားခံပြေးများအား အိမ်နီးချင်းနိုင်ငံများ၊ MOU အဖွဲ့ဝင်နိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံမှ မူးယစ်ပြစ်မှုဖြင့် အလိုရှိတရားခံပြေး ၁ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ယခုကဲ့သို့ မူးယစ်ဆေးဝါးပြစ်မှုကျူးလွန်ပြီး တစ်ဘက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ကာ နိုင်ငံဖြတ်ကျော်မူးယစ်မှုခင်းများ ထပ်မံကျူးလွန်နေသည့် တရားခံပြေးများကို အပြန်အလှန်ဖော်ထုတ်ဖမ်းဆီးလွှဲပြောင်းပေးခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေသည့်အပြင် မူးယစ်ဆေးဝါးထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်နိုင်မည်ဖြစ်သည်။

နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ပါရန် အသိပေးကြေညာခြင်း
နိုင်ငံကူးလက်မှတ်သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ပါရန် အသိပေးကြေညာခြင်း

ပြည်ထောင်စုဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခြင်း
ပြည်ထောင်စုဝန်ကြီးဌာနအမည် ပြောင်းလဲသတ်မှတ်ခြင်း

အီရန်စစ်ပွဲကြောင့် ရေကြောင်းပြတ်တောက်မှုများဖြစ်ပေါ်နေချိန်တွင် ကာတာနိုင်ငံသည် အမေရိကန် LNG သဘာဝဓာတ်ငွေ့ကို ကမ္ဘာ့အများဆုံး ဝ
အီရန်စစ်ပွဲကြောင့် ရေကြောင်းပြတ်တောက်မှုများဖြစ်ပေါ်နေချိန်တွင် ကာတာနိုင်ငံသည် အမေရိကန် LNG သဘာဝဓာတ်ငွေ့ကို ကမ္ဘာ့အများဆုံး ဝယ်ယူသူဖြစ်လာရန် ပြင်ဆင်နေ ကမ္ဘာ့ထိပ်တန်း သဘာဝဓာတ်ငွေ့ တင်ပို့သူတစ်ဦးဖြစ်သည့် ကာတာနိုင်ငံသည် အီရန်ပါဝင်နေသည့် စစ်ပွဲကြောင့် ၎င်းတို့၏ တင်ပို့မှုများ ထိခိုက်နေရသဖြင့် ပါရှန်ပင်လယ်ကွေ့ ပြင်ပမှ သဘာဝဓာတ်ငွေ့များ ရရှိနိုင်ရန်အတွက် အမေရိကန်၏ အမေရိကန် သဘာဝဓာတ်ငွေ့ (LNG) ကို ကမ္ဘာပေါ်တွင် အများဆုံး ဝယ်ယူသူဖြစ်လာတော့မည်ဟု Financial Times သတင်းစာက ဖော်ပြခဲ့သည်။ ၂၀၃၃ ခုနှစ်အရောက်တွင် ကာတာစွမ်းအင်ကုမ္ပဏီ သည် တစ်နှစ်လျှင် အမေရိကန် LNG တန်ချိန် ၂၃.၇ သန်းအထိ ထိန်းချုပ်ထားနိုင်မည်ဟု မျှော်လင့်ရသည်။ အောက်တိုဘာလအတွင်းက လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်နှစ်ခုကြောင့် ၎င်းတို့၏ စီမံခန့်ခွဲမှုအောက်သို့ တစ်နှစ်လျှင် တန်ချိန် ၇ သန်း ထပ်မံတိုးပွားလာခဲ့ပြီး တက်ဆက်စ် ပြည်နယ်ရှိ Golden Pass LNG စီမံကိန်းတွင်လည်း ထိုကုမ္ပဏီက စာချုပ်ပါ၇၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားသည်။ အမေရိကန်-အစ္စရေး နှင့် အီရန်တို့စစ်ပွဲအတွင်း ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် ရေကြောင်းလိုင်းများ ပြတ်တောက်သွားခဲ့သဖြင့် ကာတာ၏ LNG တင်ပို့မှုသည် ပုံမှန်ပမာဏ၏ သုံးပုံတစ်ပုံအောက်အထိ ကျဆင်းသွားခဲ့ရပြီးနောက် ယခုကဲ့သို့ အပြောင်းအလဲများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန်ထံမှ ဝယ်ယူသည့် ဓာတ်ငွေ့များကို ကာတာနိုင်ငံအတွင်း သုံးစွဲရန် မဟုတ်ဘဲ နိုင်ငံတကာ အဝယ်တော်များထံ ပြန်လည်ရောင်းချသွားမည် ဖြစ်သည်။ စာချုပ်သစ်များအရ ကုန်စည်ပို့ဆောင်မှုများကို ၂၀၃၀ နှင့် ၂၀၃၁ ခုနှစ်တို့တွင် စတင်မည်ဖြစ်ရာ ပါရှန်ပင်လယ်ကွေ့၏ စစ်ရေးအန္တရာယ်ကြောင့် တင်ပို့မှုပြတ်တောက်နိုင်သည့် အခြေအနေများအတွက် ရေရှည်အဆင်ပြေမည့် အစားထိုးနည်းလမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

အီရန်စစ်ပွဲကို မကျေနပ်သည့် မဲဆန္ဒရှင်များ၏ ထောက်ခံမှုဖြင့် ဒီမိုကရက်များက ထရန့်ကို ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရ
အီရန်စစ်ပွဲကို မကျေနပ်သည့် မဲဆန္ဒရှင်များ၏ ထောက်ခံမှုဖြင့် ဒီမိုကရက်များက ထရန့်ကို ကြားဖြတ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ၏ ထိုးနှက်ချက်ကို ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရသည်။ မဲဆန္ဒရှင်များသည် မြင့်တက်လာသည့် စက်သုံးဆီစျေးနှုန်းများ၊ ဆက်လက်ဖြစ်ပွားနေသည့် အီရန်နှင့်စစ်ပွဲ အပြင် ထရန့်အစိုးရအဖွဲ့အတွင်း လာဘ်ပေးလာဘ်ယူမှု စွပ်စွဲချက်များအပေါ် မကျေနပ်မှုများ ဖော်ပြခဲ့ကြကြောင်း The New York Times က ဖော်ပြထားသည်။ သတင်းစာ၏ စောစောပိုင်း ခန့်မှန်းချက်များအရ ဒီမိုကရက်များသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အောက်လွှတ်တော် မဲရရှိမှုတွင် ၁၃ ရာခိုင်နှုန်းခန့် အသာစီးရရှိရန် လမ်းကြောင်းပေါ်ရောက်ရှိနေပြီး၊ ဤသည်မှာ ၁၉၇၆ ခုနှစ်နောက်ပိုင်း ကွန်ဂရက်လွှတ်တော် ရွေးကောက်ပွဲများတွင် ပါတီတစ်ခုခုမှ အသာစီး ရရှိခဲ့ဖူးသမျှ၌ အကြီးမားဆုံး အနိမ့်အမြင့် ကွာခြားချက်ဖြစ်သည်။ ဤရိုက်ခတ်မှုသည် တက်ဆတ်စ်နှင့် တောင်ကယ်လီဖိုးနီးယား (South Carolina) ကဲ့သို့သော ဒီမိုကရက်မဟုတ်ဘဲ ရီပတ်ပလစ်ကန်များ အားကောင်းသည့် ပြည်နယ်များအထိ ကူးစက်ခဲ့ပြီး ထရန့်ထောက်ခံထားသည့် ဆီးနိတ်လွှတ်တော် အမတ်လောင်းများ ရှုံးနိမ့်ခဲ့ရသည်။ ထရန့်က အမေရိကန်ပြည်သူများအား ၎င်းကိုယ်တိုင် မဲစာရင်းတွင် ပါဝင်နေသကဲ့သို့ သဘောထား၍ မဲပေးကြရန် မကြာခဏ တိုက်တွန်းခဲ့သဖြင့် ဤရွေးကောက်ပွဲသည် ၎င်း၏ သမ္မတသက်တမ်းအပေါ် လူထုဆန္ဒခံယူပွဲတစ်ခုကဲ့သို့လည်း ဖြစ်လာခဲ့သည်။ သို့သော် ရလဒ်များ ထွက်ပေါ်လာပြီးနောက်တွင်မူ ရီပတ်ပလစ်ကန်များ အခက်တွေ့ခဲ့ရခြင်းမှာ မဲလက်မှတ်တွင် ၎င်း၏အမည် မပါဝင်ခဲ့သောကြောင့်ဖြစ်သည်ဟု ထရန့်က ဆင်ခြေပေး ပြောဆိုခဲ့သည်။ မဲဆန္ဒရှင်များက ကုန်စျေးနှုန်း လျှော့ချပေးမည်ဟူသော ကတိကဝတ်များ ပျက်ကွက်ခဲ့ခြင်းနှင့် စစ်ပွဲသစ်များ မဖြစ်စေရန် ရှောင်ရှားရန် ပျက်ကွက်ခဲ့ခြင်းတို့ကို ထောက်ပြခဲ့ကြသည်။ အီရန်နှင့် ဖြစ်ပွားသည့် ပဋိပက္ခကြောင့် စွမ်းအင်စရိတ်များ မြင့်တက်လာခဲ့သလို ထရန့်၏ အခွန်တိုးမြှင့်ကောက်ခံမှုများကလည်း အိမ်ထောင်စုများ၏ အသုံးစရိတ်များကို ပိုမိုဝန်ထုတ်ဝန်ပိုး ဖြစ်စေခဲ့သည်။ ထောက်ခံသူဟောင်း အများအပြားသည် ရီပတ်ပလစ်ကန်များကို ဆန့်ကျင်မဲပေးခဲ့ကြ သို့မဟုတ် မဲရုံသို့ သွားရောက်မဲပေးခြင်း မပြုခဲ့ကြပေ။ The New York Times ၏ ဖော်ပြချက်အရ ရွေးကောက်ပွဲရလဒ်များသည် ထရန့်ခေတ်၏ နိဂုံးပိုင်း အစပြုလာပြီဖြစ်ကြောင်း ညွှန်ပြနေသော်လည်း သမ္မတအနေဖြင့် ရာထူးသက်တမ်း နှစ်နှစ် ကျန်ရှိနေသေးသည်။ သို့သော် ဒီမိုကရက် တို့၏ ဤမျှကြီးမားသည့် အနိုင်ရရှိမှုသည် ထရန့်ကို အိမ်ဖြူတော်သို့ နှစ်ကြိမ်တိုင်တိုင် ပို့ဆောင်ပေးခဲ့သည့် ၎င်း၏ နိုင်ငံရေးမဟာမိတ် အင်အားစုများကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့် စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်စရာများ ဖြစ်ပေါ်စေခဲ့ကြောင်း သတင်းစာက မှတ်ချက်ပြုထားသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ယာဉ်မတော်တဆမှုဖြစ်ပွား NOM၊နို၀င်ဘာ၄၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်၂၂၇/၀ ၊(မန္တလေးမှ​နေပ
ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ယာဉ်မတော်တဆမှုဖြစ်ပွား NOM၊နို၀င်ဘာ၄၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်းမိုင်တိုင်၂၂၇/၀ ၊(မန္တလေးမှ​နေပြည်​တော်သို့) (အပြန်လမ်း)တွင်ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာနို၀င်ဘာ၄ရက်နံနက်၁နာရီ၅မီနစ်က ယာဉ်မောင်းအပါအဝင်အမျိုးသားသုံးဦးလိုက်ပါလာပြီးကွယ်လွန်သူ အမျိုးသမီးရုပ်အလောင်းတစ်ခုသယ်ဆောင်လာသည့် Super Custom နာရေးကူညီမှုယာဉ် HSE-852 သည် အခင်းဖြစ်ပွါးသည့်မိုင်တိုင်အရောက်တွင် နောက်ယာဘက်ဘီးပေါက်ပြီး လမ်းလယ်ကျွန်းရှိRoad Curb တုံးများအားဝင်တိုက်ခဲ့သည်။ ဖြစ်စဉ်ကြောင့် အမျိုးသားသုံးဦးမှာထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) အသီးသီးရရှိခဲ့ကြောင်းသိရသည်။

တာမွေမြို့နယ်၌ မော်တော်ယာဉ်တစ်စီး လမ်းပြောင်းပြန်မောင်းနှင်ကာ ပလက်ဖောင်းပေါ် ထိုးရပ်မှုဖြစ်၊ယာဉ်မောင်းသေဆုံး နိုဝင်ဘာ၄၊ ၂၀၂၆
တာမွေမြို့နယ်၌ မော်တော်ယာဉ်တစ်စီး လမ်းပြောင်းပြန်မောင်းနှင်ကာ ပလက်ဖောင်းပေါ် ထိုးရပ်မှုဖြစ်၊ယာဉ်မောင်းသေဆုံး နိုဝင်ဘာ၄၊ ၂၀၂၆ ​ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၌ Alphard မော်တော်ယာဉ်တစ်စီး လမ်းပြောင်းပြန် မောင်းနှင်လာပြီး ပလက်ဖောင်းပေါ်သို့ ထိုးရပ်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကာ ယာဉ်မောင်းဖြစ်သူအား ဆေးရုံသို့ ပို့ဆောင်ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ​ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ရက် ည ၈နာရီ၂၀မီနစ်ခန့်တွင် တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ မလွှကုန်းဌေးကြွယ် အာသောကလမ်းဘက်မှ မောင်းနှင်လာသည့် Alphard ယာဉ်အမှတ် (4J/2221) မော်တော်ယာဉ်သည် ပွဲစားတန်းလမ်းထိပ်ရှိ "ရသာစုံ" လက်ဖက်ရည်ဆိုင်ရှေ့ ပလက်ဖောင်းပေါ်သို့ လမ်းပြောင်းပြန် ဝင်ရောက်ကာ ထိုးရပ်သွားခဲ့ခြင်းဖြစ်သည်။ ​ယာဉ်ထိုးရပ်သွားပြီးနောက် ကားတံခါး ဖွင့်မရသဖြင့် ပတ်ဝန်းကျင် ပြည်သူများနှင့် ပရဟိတအဖွဲ့များ၊ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဖွင့်လှစ်ပေးခဲ့ကြပြီး ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရာဆေးရုံသို့ အရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အနောက်အုပ်စုက ရုရှားကို အလဲထိုးဖို့ ကြိုးစားခဲ့သော်လည်း ရုရှားက "Mir" ဖြင့်တုံ့ပြန်ခဲ့ Mir ငွေပေးချေမှုစနစ်သည် ၂၀၁၄ ခုနှစ်က Visa နှင့် Mastercard တို့၏ ပိတ်ဆို့ဖြတ်တောက်မှုအပေါ် အောင်မြင်စွာ တုံ့ပြန်နိုင်ခဲ့သည့် စနစ်တစ်ခု ဖြစ်သည်။ ၎င်းသည် ရုရှားနိုင်ငံအတွင်း ပစ္စည်းဝယ်ယူ ငွေပေးချေမှုများကို အနှောင့်အယှက်မရှိ လည်ပတ်နိုင်စေခဲ့ပြီး နိုင်ငံခြား ငွေပေးချေမှု ကွန်ရက်များအပေါ် မှီခိုအားထားရမှုကိုလည်း လျှော့ချပေးနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ရုရှားသည် အမျိုးသား ကတ်ငွေပေးချေမှုစနစ် (NSPK) နှင့် Mir ကတ်ကို တီထွင်ဖန်တီးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် Visa နှင့် Mastercard တို့ ရုရှားစျေးကွက်မှ နှုတ်ထွက်သွားပြီးနောက် Mir သည် ရုရှားနိုင်ငံ၏ ပင်မ ပြည်တွင်းငွေပေးချေမှုစနစ် ဖြစ်လာခဲ့သည်။ အဓိက အောင်မြင်မှုများ - ပြည်တွင်း အရောင်းအဝယ်များနှင့် ငွေလွှဲပြောင်းမှုများကို အနှောင့်အယှက်မရှိ ဆောင်ရွက်နိုင်ခြင်း။ ပြင်ပ နည်းပညာဆိုင်ရာ အန္တရာယ်များကြားမှ ဘဏ္ဍာရေးဆိုင်ရာ လွတ်လပ်ခိုင်မာမှုကို တည်ဆောက်နိုင်ခြင်း။ အီရန်၏ Shetab စနစ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအပါအဝင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်း။ SWIFT စနစ်၏ အစားထိုးစနစ်အဖြစ် SPFS ကို တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်ခြင်း။ Mir စနစ်သည် ရုရှားနိုင်ငံ၏ ပြည်တွင်း ဘဏ္ဍာရေး တည်ငြိမ်မှုနှင့် လွတ်လပ်စွာ ရပ်တည်နိုင်မှုကို ခိုင်မာစွာ အာမခံပေးလျက် ရှိသည်။

ဖက်ဒရယ် အရဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ တဆင့်မြင့်ရင် ပြည်နယ်ဆိုတဲ့ အဆင့်တွေရှိတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ် သဘောတရား လက်ခံရင်.... ကျွန်တော်တို့ကို အထူးဒေသပေးပါ။ ကျွန်တော်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပေးပါ။ ပြည်နယ်ပေးပါ ဆိုပြီး တစာစာ တောင်းလို့ မရဘူး။ ဒီမိုကရေစီအရ ဒီဒေသမှာ မဲပုံးထောင်ရမယ့် တာဝန်နဲ့ ဝတ္တရားလည်း ရှိတယ်။ ဖက်ဒရယ်အရ အဆင့်အတန်း တစ်ခုကို လိုချင်ပါတယ် ပြောပြီး ဒီဒေသမှာ မဲ ပုံး မထောင်လိုဘူး ဆိုမှတော့ နိုင်ငံရေးဟာ ဆက်ဆွေးနွေးစရာကို မရှိတော့ဘူး။ နောက်....လိုချင်တဲ့ နိုင်ငံရေး အဆင့်အတန်း တစ်ခုကို ရပြီးရင်၊ ရခဲ့ရင်....ကွန်ဖက်ထရိတ် မဖြစ်အောင် ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ဖျက်သိမ်းပေးရတယ်။ လက်နက်ကိုင် တပ်ဖွဲ့ကို ဖျက်သိမ်းပြီး မျိုးနွယ်စုက ပါတီထောင်၊ ရွေးကောက်ခံပြီး ဒီဒေသကို အုပ်ချုပ်ရတယ်။ ဒါမှ ဂုဏိသိက္ခာလည်း ရှိမယ်။ လူမြင်လည်း သင့်တော်တယ်။ ခုဟာက လက်နက်ကိုင်ထားတယ်။ မွေးလာသမျှ ဒီလူမျိုးထဲက မျိုးဆက်သစ်တွေကိုလည်း အင်အားစုထားမယ် ဆိုရင် ဒါက စစ်ဘုရင် ဝါဒပဲ။ နောက်....နည်းနည်းလည်း အင်အားကြီးလာရင် အကျိုးစီးပွားအရ နယ်မြေ ပိုရချင်လာတာ ၊ နယ်မြေ ပိုချဲ့ချင်လာကြတာတွေကလည်း စစ်ဘုရင်ဝါဒပဲ။ ဒီလို ရည်မှန်းချက်တွေ၊ အငုံစိတ်တွေ ရှိနေရင် ဘာလို့ ဖက်ဒရယ် စနစ် ကျင့်သုံးနေဦးမလဲ။ ဒီသဘောတရားကို နားမလည်ကြလို့၊ ဒါမှမဟုတ် နားလည်ပါရက်နဲ့ နှစ်ပေါက်တစ်ပေါက် လုပ်နေကြတာက ဆိတ်ခေါင်း ချိတ်ပြီး ခွေးသားရောင်းတာနဲ့ အတူတူပဲ။ နိုင်ငံရေးဆိုတာ အပြန်အလှန် အပေးအယူတွေနဲ့ တည်ဆောက်ကြရတာ။ ဖက်ဒရယ်ဆိုတာကလည်း ဗဟိုနဲ့ ဒေသကြားမှာ နိုင်ငံရေး အာဏာကို Share လုပ်ကြတာပဲ။ သိက္ခာရှိတဲ့ ဖက်ဒရယ်စနစ် သွားချင်ရင်....အပြန်အလှန် သဘောတူညီမှုရတဲ့ အချက်တွေကို ခြေဥမှာ တည်အောင်ကြိုးစား။ ခြေဥ အာမခံချက်ရှိရင် လက်နက်ကိုင်တပ်ဖွဲ့ ဖျက်သိမ်းပြီး ပါတီထောင် ရွေးကောက်ပွဲဝင်။ ဒါက အဖြစ်သင့်ဆုံး လမ်းကြောင်းပဲ။ (နရီမိုး)

ကော့ကရိတ်မြို့တွင် အသက် (၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ =======================
+5
ကော့ကရိတ်မြို့တွင် အသက် (၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား  ထောက်ပံ့  =============================   နိုဝင်ဘာ ၄၊ ၂၀၂၆   ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူမှုရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရန်အတွက် နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ အသက် (၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။   ထိုသို့ သွားရောက်ထောက်ပံ့ပေးအပ်ရာတွင်  ကော့ကရိတ်မြို့နယ်အမျိုးသမီးရေးရာအသင်း ဥက္ကဋ္ဌ ဒေါ်ငုဝါကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက အမှတ်(၃)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များထံသို့သွားရောက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့သည့် လူမှုရေးပင်စင်၊ ကလေးငယ်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု ထောက်ပံ့ငွေတစ်ဦးလျှင် တစ်လတစ်‌သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ကျပ် ၃၀၀၀ဝ နှင့်အတူ အာဟာရဖြစ်စေမည့် ကိတ်မုန့်တစ်ဖာနှင့်နို့ကတ်များကို လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

လာအိုပြည်သူ့တပ်မတော်၏ စစ်သမိုင်းကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ လေ့လာ နိုဝင်ဘာ ၄၊ ၂၀၂၆ လာအိုနို
+4
လာအိုပြည်သူ့တပ်မတော်၏ စစ်သမိုင်းကြောင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ လေ့လာ နိုဝင်ဘာ ၄၊ ၂၀၂၆ လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နိုဝင်ဘာ ၄ ရက်တွင် လာအိုပြည်သူ့တပ်မတော် စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာခဲ့ကြသည်။ ပြတိုက်အတွင်း ပြသထားသည့် လာအိုပြည်သူ့တပ်မတော်၏ သမိုင်းဝင်တိုက်ပွဲမှတ်တမ်းများ၊ စစ်ရေးဆိုင်ရာ အထောက်အထားများနှင့် အသုံးပြုခဲ့သည့် စစ်လက်နက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ပြတိုက်၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့များကလည်း အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ကြသည်။ ယခုခရီးစဉ်သည် နှစ်နိုင်ငံတပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှု ပိုမိုတိုးတက်လာစေရန် ရည်ရွယ်သည့် ချစ်ကြည်ရေးခရီးစဉ်၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။

၁၉၇၄ ဝါးတားဂိတ် အရှုပ်တော်ပုံအပြီး ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း ရီပါဘလစ်ကန်တို့ အဆိုးရွားဆုံး ရလဒ်နှင့် ရင်ဆိုင်ခဲ့ရ မဲရု
+1
၁၉၇၄ ဝါးတားဂိတ် အရှုပ်တော်ပုံအပြီး ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း ရီပါဘလစ်ကန်တို့ အဆိုးရွားဆုံး ရလဒ်နှင့် ရင်ဆိုင်ခဲ့ရ မဲရုံထွက် စာရင်းဇယားများ (Exit polls) အရ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတုန်းက လာတီနို (Latino) များ၊ ကက်သလစ်ဘာသာဝင်များနှင့် အခြား လူထုအုပ်စုများအကြား ရီပါဘလစ်ကန်ပါတီဘက်သို့ ယိမ်းသွားခဲ့သည့် ထောက်ခံမှု အများစုသည် ၂၀၂၆ ခုနှစ်တွင် ဒီမိုကရက်ပါတီဘက်သို့ သိသိသာသာ ပြန်လည်ပြောင်းလဲသွားခဲ့ပြီး၊ အချို့သော လူထုအုပ်စုများတွင် ဒီမိုကရက်တို့က ထောက်ခံမဲ ရာခိုင်နှုန်း ၂၀ ကျော်အထိ တိုးတက်ရရှိခဲ့သည်ကို တွေ့ရသည်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် လာအိုဝန်ကြီးချုပ် တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေး ဆွေးနွေး ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်
+3
ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် လာအိုဝန်ကြီးချုပ် တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရေး ဆွေးနွေး ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်တွင် လာအိုနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် လာအိုဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံမှုအတွင်း မြန်မာနှင့် လာအို နှစ်နိုင်ငံအကြား ရှိပြီးသား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာတိုးတက်လာစေရေးအပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ယခုတွေ့ဆုံမှုသည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမိုမြှင့်တင်ပြီး အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့နိုင်ရေးအတွက် အရေးပါသည့် တွေ့ဆုံမှုတစ်ခုလည်း ဖြစ်သည်။

ချမ်းအေးသာစံမြို့နယ်၌ ရေမြောင်းဆယ်ယူရာမှ ရေစီးနှင့်အတူမျောပါပြီး ပိတ်မိနေသူအား မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ ===============
+2
ချမ်းအေးသာစံမြို့နယ်၌ ရေမြောင်းဆယ်ယူရာမှ ရေစီးနှင့်အတူမျောပါပြီး ပိတ်မိနေသူအား မီးသတ်တပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ =============================   နိုဝင်ဘာ ၄၊ ၂၀၂၆   ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာအနောက်ရပ်ကွက် ၈၃ လမ်း ×၃၄ လမ်းထောင့်တွင် ယနေ့နံနက်ပိုင်းက မိုးသည်းထန်စွာသွန်းရာမှ ရေမြောင်းပိတ်ဆိုနေသဖြင့် ရေမြောင်းဆင်းဆယ်ရာမှ ရေစီးနှင့်အတူမျောပါပြီး တစ်ဖက်အပေါက်တွင် ပိတ်မိနေသောကြောင့် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့ကြောင်း သိရသည်။   ယနေ့နိုဝင်ဘာ ၄ ရက်နံနက် ၈ နာရီ ၅၅ မိနစ်က မိုးများအဆက်မပြတ်ရွာသွန်းသဖြင့် စည်ပင်ဝန်ထမ်း ဦးကျော်မင်းသူက ၈၃ လမ်း×၃၄ လမ်းထောင့်တွင် ရေမြောင်းပိတ်ဆို့နေသဖြင့် ရေမြောင်းဆင်းဆယ်ရာမှ ရေစီးနှင့်အတူမျောပါပြီး တစ်ဖက်အပေါက်တွင် ပိတ်မိနေခဲ့ခြင်းဖြစ်သည်။   အဆိုပါဖြစ်စဉ်အား ၉ နာရီတွင် သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်ဦးစီးမှူး ဦးညီထွေးဦး ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ဦးကျော်မင်းသူအား ၉ နာရီ ၁၁ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဗဟိုဘဏ်၏ ပြည်သူသို့ အသိပေး ကြေငြာချက်
ဗဟိုဘဏ်၏ ပြည်သူသို့ အသိပေး ကြေငြာချက်

မြစ်သားမြို့နယ်၌ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်း (German Red Cross)သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဘေးသင့်ပြည်သူများ၏ လိုအပ
+2
မြစ်သားမြို့နယ်၌ ဂျာမနီနိုင်ငံ ကြက်ခြေနီအသင်း (German Red Cross)သည် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဘေးသင့်ပြည်သူများ၏ လိုအပ်ချက်များကို တိုက်ရိုက်ရောက်ရှိအောင် လှူဒါန်းပေးနိုင်ရန် လုပ်ငန်းညှိနှိုင်း ============================= နိုဝင်ဘာ ၄၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ ဂျာမနီနိုင်ငံကြက်ခြေနီအသင်းဌာနေ ကိုယ်စားလှယ် Cettlaga နှင့် မြန်မာနိုင်ငံကြက်ခြေနီစေတနာ့ဝန်ထမ်းများသည် မြို့နယ်/ကျေးရွာအဆင့်ထိကွင်းဆင်းကာ ဘေးအန္တရာယ်ကြုံတွေ့နေရသော ယွေးအုပ်စုကျေးရွာနှင့်ဥသျှစ်ကုန်းအုပ်စု‌ကျေးရွာရှိ ပြည်သူများအတွက် ပြည်သူများလက်ဝယ်သို့ လိုအပ်ချက်များကို တိုက်ရိုက်ရောက်ရှိအောင် လှူဒါန်းပေးနိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းနှင့် မြေပြင်ကွင်းဆင်းကြည့်ရှုခြင်းကို နိုဝင်ဘာ ၃ ရက် နံနက် ၁၁ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ပြုလုပ်သည်။   ဦးစွာ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးချမ်းငြိမ်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှအသင်းဥက္ကဋ္ဌ ဦးတင့်လွင်ဦးက ရှေ့ဆက်မည့်လုပ်ငန်းတာဝန်များနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးအတွက် လိုအပ်ချက်များ၊ ယွေးအုပ်စုကျေးရွာနှင့်ဥသျှစ်ကုန်းအုပ်စုကျေးရွာများ၌ လိုအပ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အုပ်စုကျေးရွာနှစ်ရွာများအားအတွက် အိမ်ပျက်စီးသွားသောအရာများ၊ အများပြည်သူသွားလာနိုင်သောလမ်း၊ တံတားများကို သွားရောက်ကြည့်ရှုသည်။   အဆိုပါ အုပ်စုကျေးရွာနှစ်ရွာများသို့ကြည့်ရှု့ရာတွင် ဂျာမနီနိုင်ငံကြက်ခြေနီအသင်းဌာနေကိုယ်စားလှယ် Cettlaga နှင့် ဂျာမန် Red Cross နှင့် ချိတ်ဆက်ရေးဌာနမှ ဒေါ်ပုန်းညက်ခိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူတိုးညွန့်၊ IFRC ကြက်ခြေနီမှ ဒေါက်တာ စိုးထက်၊ မန္တလေးတိုင်းဒေသကြီးကြက်ခြေနီ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးချမ်းငြိမ်းအောင်၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အသင်းဥက္ကဋ္ဌ ဦးတင့်လွင်ဦးနှင့် ကော်မတီအဖွဲ့ဝင်များ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် အဓိကအနိုင်ရရှိမှုများ ဆက်တိုက်ရရှိခဲ့ပြီးနောက် ဒီမိုကရက်များ လွှတ်တော်ကို ထိန်းချုပ်ရန် သေချာသလောက်ဖ
ကြားဖြတ်ရွေးကောက်ပွဲတွင် အဓိကအနိုင်ရရှိမှုများ ဆက်တိုက်ရရှိခဲ့ပြီးနောက် ဒီမိုကရက်များ လွှတ်တော်ကို ထိန်းချုပ်ရန် သေချာသလောက်ဖြစ်လာ NBC, CNN နှင့် အခြား အဓိက အမေရိကန်သတင်းမီဒီယာများ၏ ခန့်မှန်းချက်အရ ဒီမိုကရက်များသည် အောက်လွှတ်တော်ရော အထက်လွှတ်တော် (ဆီးနိတ်) တွင်ပါ နေရာပိုမိုအနိုင်ရရှိခဲ့ကြသည်။ ရီပတ်ဘလစ်ကန်များ အခုထက်ပိုမို ကောင်းမွန်စွာ စွမ်းဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြောင်း ထရမ့်က ဝန်ခံခဲ့သည်။ ထို့အပြင် ဒီမိုကရက်များသည် သူနှင့် ဆက်သွယ်လာပြီး ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ကြသည်ဟုလည်း ပြောကြားခဲ့သည်။ ယခုရွေးကောက်ပွဲသည် သမိုင်းဝင်ရလဒ် အများအပြားကို ဆောင်ကြဉ်းပေးခဲ့သည် - ဒီမိုကရက်များသည် ၁၉၃၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကန်းဆပ်စ် (Kansas) ပြည်နယ်၏ ဆီးနိတ်အမတ်နေရာကို အနိုင်ရရှိခဲ့ပြီး၊ တက္ကဆပ်စ် (Texas) ပြည်နယ်တွင်လည်း အနှစ် ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူးကို ရွေးချယ်တင်မြှောက်ခဲ့ကြသည်။ မဲရေတွက်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သော်လည်း ဆီးနိတ်အထက်လွှတ်တော်၏ ရလဒ်မှာမူ အတည်ဖြစ်သွားပြီဖြစ်သည်။

ညောင်ဦးမြို့နယ် ပခုက္ကူတံတား တိုင်အမှတ် ၅ တွင်ပစ္စည်းတင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား NOM၊နိုဝင်ဘာ၄၊၂၀၂၆ မန္တလေးတိုင်းဒေသ
ညောင်ဦးမြို့နယ် ပခုက္ကူတံတား တိုင်အမှတ် ၅ တွင်ပစ္စည်းတင်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား NOM၊နိုဝင်ဘာ၄၊၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံခြေပေါ်ကျေးရွာအုပ်စု၊ ပခုက္ကူတံတား တိုင်အမှတ် ၅ တွင်ယနေ့နိုဝင်ဘာ၄ရက်နံနက် ၃နာရီ၂၁မိနစ်ကပစ္စည်းတင် သင်္ဘောတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားကြောင်းသိရသည်။ ညောင်ဦးမြို့နယ််၊ လက်ပံခြေပေါ်ကျေးရွာအုပ်စု၊ ပခုက္ကူ တံတား၊ တိုင်အမှတ်(၅)တွင် ရွှေပွင့်ဖြူ-၂ ပစ္စည်းတင်သင်္ဘော(ရှော်တယ်)အမျိုးအစားတစ်စီးဖြစ်ကြောင်း သိရသည်။ မီးလောင်မှုဖြစ်ပွါးကြောင်းသတင်းအရ ညောင်ဦးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်၊ မီးငြှိမ်းသတ်ယာဉ်၊ အထောက်အကူပြုယာဉ်၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ အထောက် အကူပြုယာဉ်၊ မီးငြှိမ်းသတ်ယာဉ်၊ ‌ရေသယ်ယာဉ်၊ Assault Boat၊ ပခုက္ကူခရိုင်မီးသတ်စခန်း မီးငြှိမ်းသတ် ယာဉ်၊ ရေသယ်ယာဉ်၊ တို့ဖြင့်ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်၄နာရီ ၅၀မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီ
+1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲတို့ တွေ့ဆုံဆွေးနွေး NOM၊နိုဝင်ဘာ၄၊၂၀၂၆ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် နိုဝင်ဘာလ ၃ ရက်တွင် လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Saichay Kommasith နှင့် ဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ ရောင်းဝယ်ဖြန့်ဖြူးခြင်းမှတစ်ဆင့် ရရှိသောဝင်ငွေများဖြင့် လက်နက်/ခဲယမ်းများ ဝယ်ယူဖြည့်တင်း၍ အင်အားတည်ဆောက်လျက်ရှိသဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသများတွင် ခိုအောင်းနေထိုင်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်းသိရသည်။