fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 12 558 مشترک است و جایگاه 16 065 را در دسته اخبار و رسانه‌ها و رتبه 10 059 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 12 558 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 15 ژوئن, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -266 و در ۲۴ ساعت گذشته برابر -11 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 7.46% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 10.31% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 937 بازدید دریافت می‌کند. در اولین روز معمولاً 1 296 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 17 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 16 ژوئن, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

12 558
مشترکین
-1124 ساعت
-677 روز
-26630 روز
آرشیو پست ها
အီရန်အရေး ထရမ့်ရဲ့ တင်းမာတဲ့သဘောထား လျှော့ချလိုက်ပြီလား။ အီရန်နိုင်ငံအတွင်း၌ပင် ၎င်းတို့၏ သန့်စင်ပြီးယူရေနီယံများကို သိပ်သည်းဆလျှော့ချ (ဖျော်စပ်) ခွင့်ပြုမည့် ရွေးချယ်ခွင့်အပေါ် ထရမ့်က သဘောတူလိုက်ကြောင်း Axios သတင်းဌာနက ဖော်ပြသည်။ NOM

PDF အဖွဲ့ဝင်များ ထပ်မံအလင်းဝင်ရောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ဇွန်လ ၁၂ ရက်နေ့၌ PDF အဖွဲ့ဝင် ကျား ၁၆ ဦး၊ မ ၇ ဦး၊
+9
PDF အဖွဲ့ဝင်များ ထပ်မံအလင်းဝင်ရောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေတွင် ဇွန်လ ၁၂ ရက်နေ့၌ PDF အဖွဲ့ဝင် ကျား ၁၆ ဦး၊ မ ၇ ဦး၊ ပေါင်း ၂၃ ဦးတို့သည် လက်နက်မျိုးစုံ ၈ လက်၊ ခဲယမ်းများနဲ့အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

" လျှပ်စစ်မီးကို သုံးစေချင်တယ် ၊ မဖြုန်းစေချင်ဘူး" ပြည်သူကို အလင်းရအောင်လုပ်ပေးတာ ကုသိုလ်ရတယ်.နည်းတဲ့ကုသိုလ် မဟုတ်ပါဘူး ... အဲ့ဒီကုသိုလ်ကိုယူကြပါ ဘာနဲ့မှ လဲပါနဲ့... လျှပ်စစ်စွမ်းအားကို အကျိုးရှိစွာ အသုံးချဖိုအတွက် ပြည်ထောင်စုဝန်ကြီးပြောကြားချက်

ကယားပြည်နယ်ဝန်ကြီးချုပ် သူနာပြုသိပ္ပံ (လွိင်ကော်) အမှတ်စဉ် (၃၂) သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း ဂျူတီကုတ်၊ ဦးဆောင်းအပ
+2
ကယားပြည်နယ်ဝန်ကြီးချုပ် သူနာပြုသိပ္ပံ (လွိင်ကော်) အမှတ်စဉ် (၃၂) သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ တက်ရောက် ဇွန် ၁၁၊ ၂၀၂၆ ကယားပြည်နယ် သူနာပြုသိပ္ပံ(လွိုင်ကော်) အမှတ်စဉ် (၃၂) သူနာပြု-သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊  သူနာပြုသိပ္ပံ(လွိုင်ကော်) နည်းပြဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ ဦးစွာ အခမ်းအနားကို သူနာပြုသိပ္ပံ(လွိုင်ကော်) သင်တန်းသူများက “ပြည်ထောင်စုရဲ့ ထာဝရအလှ” သီချင်းဖြင့် ကပြဖျော်ဖြေဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် သူနာပြုများသည် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေခြင်းဖြစ်သည့် အတွက် သင်ရိုးညွှန်းတမ်းအဆင့်မြင့်မားရေး၊ စွမ်းဆောင်ရည်မြင့်မားရေး၊ စဉ်ဆက်မပြတ် ပညာ သင်ကြားခွင့်ရရှိရေး၊ လုပ်ငန်းခွင်နှင့် ဘဝတက်လမ်းအခွင့်အရေးများ ရရှိရေးတို့အတွက် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့က အဘက်ဘက်မှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူအားလုံးက မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်စေရန်အတွက် အကောင်းဆုံး လေ့လာသင်ယူရန်နှင့် ပညာရေးဆုံးခန်းတိုင်အောင် တက်ရောက်ရန် မှာကြား လိုကြောင်း၊ ယနေ့ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းခံရသည့် သင်တန်းသားသင်တန်းသူများ အနေနှင့် သူနာပြု ဆရာ၊ ဆရာမများ လိုက်နာရမည့် ကျင့်ဝတ်များကို အလေးထားလိုက်နာပြီး နိုင်ငံတော်နှင့် ပြည်နယ်၏ ကျန်းမာရေးအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားစေရေးအတွက် ပံ့ပိုးနိုင်သူများဖြစ်အောင် ကြိုးစားသွားရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန် ပထမဆုနှင့်ဒုတိယ ရရှိသူ များအားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ် တရား သူကြီးချုပ်နှင့် လူမှုရေးရာဝန်ကြီးတို့က ပညာရည်ချွန်ဆုနှင့် ဘက်စုံထူးချွန်ဆု၊ ရရှိသူများအား လည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် သူနာပြုသိပ္ပံ(လွိုင်ကော်ဒုတိယကျောင်းအုပ်ကြီးက သူနာပြု-သားဖွားဒီပလိုမာ (၃) နှစ်သင်တန်း ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သင်တန်းသား၊သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများကို အပ်နှင်းကာ သင်တန်းသား သင်တန်းသူများက သူနာပြု သစ္စာအဓိဋ္ဌာန်ရွတ်ဆိုခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သူနာပြုသိပ္ပံ (လွိုင်ကော်) သင်တန်းသား၊ သင်တန်းသူများက တေးသရုပ်ဖော်များဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းသား သင်တန်းသူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်းသိရှိရသည်။

အီရန်နှင့် စစ်ပွဲအရှိန်မြင့်တက်လာမှုအပေါ် စျေးကွက်က အကဲဖြတ်နေစဉ် ရေနံစျေးနှုန်းများ တည်ငြိမ်နေ "အမေရိကန်စစ်တပ်အနေဖြင့် ယနေ့ညတ
အီရန်နှင့် စစ်ပွဲအရှိန်မြင့်တက်လာမှုအပေါ် စျေးကွက်က အကဲဖြတ်နေစဉ် ရေနံစျေးနှုန်းများ တည်ငြိမ်နေ "အမေရိကန်စစ်တပ်အနေဖြင့် ယနေ့ညတွင် အီရန်နိုင်ငံကို 'အလွန်ပြင်းထန်စွာ' ဗုံးကြဲတိုက်ခိုက်လိမ့်မည်" ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးပြောကြားလိုက်ပြီးနောက်၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ရေနံတင်ပို့မှုပြတ်တောက်နိုင်ခြေ အခြေအနေများကို တွက်ချက်အကဲဖြတ်နေကြသဖြင့် ကြာသပတေးနေ့တွင် ရေနံစျေးနှုန်းများမှာ သိသာထင်ရှားသော အပြောင်းအလဲမရှိဘဲ ငြိမ်သက်နေခဲ့သည်။ ဂရင်းနစ်စံတော်ချိန် (GMT) ၁၃:၀၃ နာရီအချိန်တွင် ဘရန့်ဒ်ရေနံစိမ်းကြိုပွိုင့်စျေးနှုန်းမှာ တစ်စည်လျှင် ၁၂ ဆင့် (သို့မဟုတ် ၀.၁ ရာခိုင်နှုန်း) အနည်းငယ်ကျဆင်းပြီး ၉၂.၉၈ ဒေါ်လာ ဖြစ်သွားခဲ့ပြီး၊ အမေရိကန် အနောက်တက္ကဆက် ရေနံစိမ်းကြိုပွိုင့်စျေးနှုန်းမှာမူ တစ်စည်လျှင် ၇ ဆင့် (သို့မဟုတ် ၀.၁ ရာခိုင်နှုန်း) မြင့်တက်ကာ ၉၀.၁၀ ဒေါ်လာ ဖြစ်လာခဲ့သည်။  NOM

လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးစစ်သားများအတွင်းသို့ ဟစ်ဇဘိုလာက အသေခံဒရုန်းတစ်စင်းဖြင့် ပျံသန်းဝင်ရောက်တိုက်ခိုက် အမိုးအကာရှိရာသို့ အလုအယက်ပြေးလွှားပုန်းအောင်းနေစဉ် စစ်သားတစ်ဦး၏ နောက်ကျော/တင်ပါးကို ထိမှန်သွားပုံရ။ NOM

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၄ လုံး အာ
+5
ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင် ၃ ထပ်လူနေအဆောက်အအုံ ၄ လုံး အား စနစ်တကျ ထပ်မံဖြိုချဖျက်ဆီး၊ တရားမဝင်အဆောက်အအုံ ၅၆ လုံးဖြိုချဖျက်ဆီးပြီးဖြစ် ဇွန် ၁၁၊ ၂၀၂၆

ကလေး - တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဆောင်ရွက်စဉ် မြန်မာ - အိန္ဒိယ နှစ်နို
+9
ကလေး - တမူးလမ်းကြောင်း ပြန်လည်ထိန်းချုပ် ဖွင့်လှစ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများက ဆောင်ရွက်စဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်အနီး အကြမ်းဖက်သောင်းကျန်းသူ စခန်းအား သိမ်းပိုက်ရရှိ ဇွန် ၁၀၊ ၂၀၂၆

ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)၊ ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်
+2
ဒီဇယ်ဆီ HSD(500 ppm)၊ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas)၊ ဓာတ်မြေဩဇာတင်သွင်းမှုများအတွက် ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ကို ဇွန် ၃၀ ရက်အထိ ထပ်မံတိုးမြှင့်ပေး။

တပ်မတော်စစ်ကြောင်းများက ချောင်းဦး - ရေစကြို လမ်းကြောင်းတစ်လျှောက်နယ်လုံခြုံရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန
+9
တပ်မတော်စစ်ကြောင်းများက ချောင်းဦး - ရေစကြို လမ်းကြောင်းတစ်လျှောက်နယ်လုံခြုံရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာတည်ဆောက်ထားသည့် ကွန်ကရစ်မြေအောက်ဘန်ကာများ တွေ့ရှိ ဇွန် ၉၊ ၂၀၂၆

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ
+2
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးနှင့် နယ်မြေလုံခြုံရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရ ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ဇွန် ၁၁၊ ၂၀၂၆

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်အတွင်း ဓာတ်အားဆုံးရှုံးမှုများ သိသာစွာ လျော့ကျသွားစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေး
နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားစနစ်အတွင်း ဓာတ်အားဆုံးရှုံးမှုများ သိသာစွာ လျော့ကျသွားစေရေးအတွက် ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးမေတ္တာရပ်ခံခြင်း ဇွန် ၁၁၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် လူသုံးကုန်ပစ
+6
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံးပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် လူသုံးကုန်ပစ္စည်းများအား တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင် ဇွန် ၁၁၊ ၂၀၂၆

ငါးနှစ်တာကာလအတွင်း ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံဖွံဖြိုးတိုးတက် ရေးတိုအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်သွာ
ငါးနှစ်တာကာလအတွင်း ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံဖွံဖြိုးတိုးတက် ရေးတိုအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား မိမိတိုနိုင်ငံ၏စီးပွားရေးမှာ ခေတ်အဆက်ဆက်တွင် အားနည်းချက်များရှိခဲ့သည်ကို မှတ်တမ်း များအရသိရှိနိုင်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုများအားနည်းခဲ့ပြီး ပြည်တွင်း သယံဇာတ များကို ထုတ်ယူသုံးစွဲခြင်းများဖြင့် နိုင်ငံ့စီးပွားရေးကို ဆောင်ရွက်ခဲ့ သည်ကိုတွေ့ရကြောင်း၊ မိမိတို အနေဖြင့် နိုင်ငံတော်တာဝန်ကို တာဝန်ယူ ဆောင်ရွက်မည့် ငါးနှစ်တာကာလအတွင်း ပညာရေး၊ စီးပွားရေးနှင့် နိုင်ငံဖွံဖြိုးတိုးတက် ရေးတိုအတွက် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် မေလ ၃၀ ရက်နေ့တွင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ စစ်သံရုံးမိသားစုများ၊ပညာတော်သင်သင်တန်းသားများအား တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က လမ်းညွှန်မှာကြားခဲ့တာဖြစ်ပါသည်။

လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနေပြည်တော်သို့ ရောက်ရှိ ဇွန် ၁၁၊ ၂၀၂၆ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ
+1
လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးနေပြည်တော်သို့ ရောက်ရှိ ဇွန် ၁၁၊ ၂၀၂၆ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေးနှင့် ဇနီးတို့ ဦးဆောင်သော လာအိုကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၁ ရက်မှ ၁၃ ရက်အထိ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ရန် နေပြည်တော်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

ဘာရိန်းနိုင်ငံမှာရှိတဲ့ AR-327 တာဝေးရေဒါစနစ်တစ်ခု တိုက်ခိုက်ခံလိုက်ရပါတယ်။ NOM
ဘာရိန်းနိုင်ငံမှာရှိတဲ့ AR-327 တာဝေးရေဒါစနစ်တစ်ခု တိုက်ခိုက်ခံလိုက်ရပါတယ်။ NOM

အမေရိကန်ရဲ့ ဖိအားပေးမှုတွေအပေါ် အီရန်ဘက်က ပြန်လည်တုံ့ပြန်လိုက်တဲ့ ပြတ်သားတဲ့ နိုင်ငံရေးသဘောထား ထုတ်ပြန်ချက် "အီရန်ပြည်သူတွေဟာ ဘယ်တော့မှ ဒူးထောက်အရှုံးပေးမှာ မဟုတ်ပါဘူး။ အညံ့ခံရမှာက အမေရိကန်သာ ဖြစ်ပါတယ်" ဟု အီရန်ပါလီမန် အမျိုးသားလုံခြုံရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ NOM

"ဒါဟာ သမိုင်းမှာ အကောင်းဆုံး သဘောတူညီချက် ဖြစ်လာနိုင်တယ်။ သူတို့တွေ အရှုံးပေးတဲ့ အလံဖြူ အသာတကြည် ပြလာနိုင်တယ်။ 'ငါတို့ အရှုံးပေးပါတယ်၊ အရှုံးပေးပါတယ်၊ ငါတို့ သွားပြီ (မခံနိုင်တော့ဘူး)၊ အမေရိကန်ကတော့ ကမ္ဘာမှာ အင်အားအကြီးဆုံးပဲ၊ အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်အတိုင်းပါပဲ' လို့ သူတို့ ပြောလာနိုင်တယ်" လို့ သမ္မတ ထရမ့်က ပြောကြားခဲ့သည်။ NOM

အီရန်နိုင်ငံထံမှ သဘောတူညီချက်တစ်ခု မရရှိမချင်း အမေရိကန်က ယနေ့ညမှစ၍ ညစဉ် ညတိုင်း အီရန်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Wall Street Journal သတင်းဌာနက ဖော်ပြထားသည်။ NOM

"ငါသာဆိုရင် ဗီယက်နမ်ကို လ၊ လအတွင်း သိမ်းပိုက်လိုက်ပြီ" လို့ အမေရိကန်သမ္မတ ထရမ့်က ပြောကြားခဲ့သည်။ NOM