ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 481 名订阅者,在 新闻与媒体 类别中位列第 15 940,并在 缅甸 地区排名第 10 072

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 481 名订阅者。

根据 30 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -219,过去 24 小时变化为 -6,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.80%。内容发布后 24 小时内通常能获得 6.61% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 224 次浏览,首日通常累积 825 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 01 七月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 481
订阅者
-624 小时
-117
-21930
帖子存档
AYA bank ဆာဗာ Hack ခံရသည်ဆိုသောသတင်းနှင့်ပတ်သက်သည့်အဖြစ်မှန် NOM၊ဇွန်၂၅၊၂၀၂၆ ယနေ့အွန်လိုင်းတွင်ပြန့်နှံ့နေသော AYA bank ဆာဗာ Hackခံရသည့်သတင်းနှင့်ပတ်သက်၍ဘဏ်တာဝန်ရှိသူတစ်ဦးကိုNOMမှဆက်သွယ်မေးမြန်းခဲ့သည်။ အဆိုပါတာဝန်ရှိသူက”ဘဏ်ရဲ့ဖောက်သည်တွေတယ်လီဖုန်းတို့လိုအရစ်ကျပစ္စည်းဝယ်ချင်ရင်လျောက်ထားရတဲ့ဝက်ဘ်ဆိုဒ်လေးHackခံရတာပါ။banking software တွေတစ်ခုမှမထိပါဘူး။ဘဏ်ကိုသုံးစွဲနေသူတွေစိတ်ပူစရာမရှိပါဘူး”ဟုဖြေကြားသွားသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံမှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ NOM၊ဇွန်၂၅၊၂၀၂၆ ဘယ်လာရုစ်နိုင်ငံ၊ ဘရက်စ်
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံမှမြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ NOM၊ဇွန်၂၅၊၂၀၂၆ ဘယ်လာရုစ်နိုင်ငံ၊ ဘရက်စ်မြို့တွင် ကျင်းပပြုလုပ်သည့် 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်တက်ရောက်ခဲ့သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဇွန် ၂၄ရက်ည ၈ နာရီ ၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ ကြောင်းသိရသည်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ခေတ္တဥက္ကဋ္ဌ ဦးနေဝင်းနှင့် တိုင်းပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။

ဆိုင်ကယ်ကယ်ရီငှားစီးလာပြီးကယ်ရီသမားအားဓါးဖြင့်ထိုး ကာ ဆိုင်ကယ်လုယက်မှု့ဖြစ်ပွား ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့
ဆိုင်ကယ်ကယ်ရီငှားစီးလာပြီးကယ်ရီသမားအားဓါးဖြင့်ထိုး ကာ ဆိုင်ကယ်လုယက်မှု့ဖြစ်ပွား ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ယမန်နေ့(ဇွန်၂၄ ရက်) ည ၇ နာရီခွဲခန့်က ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသားကို ဆိုင်ကယ်ကယ်ရီ ဌားစီးလာသသည့် အမျိုးသားနှစ်ဦးက ဓားဖြင့် ထိုးပြီး ဆိုင်ကယ် လုယက်သွားသည့်ဟု ပုလဲအရန် မီးသတ်တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ် ခရေပင်လမ်းခွဲမှ သင်္ဃန်းကျွန်းကြီး ကျေးရွာသို့အမျိုးသားနှစ်ဦးအား ဆိုင်ကယ်ကယ်ရီလိုက်ပို့စဥ် ကျောင်းကြီး (၄)လမ်းအရောက်တွင်နောက်မှလိုက်ပါလာ သူ အမျိုးသားတစ်ဦးမှာ ဖိနပ်ကျခဲ့သည်ဟုဆိုသောကြောင့် ဆိုင်ကယ် ရပ်ပေးစဥ် ဓားဖြင့် ထိုးသဖြင့် ဆိုင်ကယ်ကယ်ရီ သမားက မလုပ်ပါနဲ့ဆိုင်ကယ်အား ယူသွားရန်ပြောသော်လည်း လိုက်ပါလာသူ အမျိုးသားနှစ်ဦးမှ ဓားဖြင့် ဝိုင်းထိုးကာ ဆိုင်ကယ်ယူဆောင်သွားကြောင်းသိရသည်။ ဓားဖြင့်အထိုးခံရသူဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသားမှာ အသက် ၃၀ အရွယ်ခန့်ရှိပြီး ပြတ်ရှဒဏ်ရာ သုံးချက်၊ ထိုးသွင်းဒဏ်ရာ တစ်ချက် (အူထွက်ကျ) ဒဏ်ရာများ ရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံတွင် လက်ရှိဆေးကုသမှု ခံယူနေ ကြောင်းသိရသည်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား တစ်ဦးချင်းတွေ့ဆုံ ဇွန
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား တစ်ဦးချင်းတွေ့ဆုံ   ဇွန် ၂၄၊ ၂၀၂၆   မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားသူများနှင့်ပတ်သက်၍ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝန်ကြီးဌာနများမှ ဗဟိုကော်မတီဝင်များနှင့် ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ လူတွေ့မေးမြန်း အကဲဖြတ်ခံကြမည့် နိုင်ငံခြားသားများ တက်ရောက်ကြသည်။   ရှင်းလင်းတင်ပြ   ဦးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လူတွေ့မေးမြန်းအကဲဖြတ်ခြင်း မဆောင်ရွက်မီ ဗဟိုကော်မတီဝင်များနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ဗဟိုကော်မတီ အတွင်းရေးမှူးကိုယ်စား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားသူများအား လူတွေ့မေးမြန်းအကဲဖြတ် ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။   ပြန်လည်စိစစ်ရန်ဆုံးဖြတ်   ထို့နောက် ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ဗဟိုကော်မတီဝင်များသည် ဗဟိုကော်မတီမှစိစစ်အတည်ပြုပြီးဖြစ်သည့် ကျွမ်းကျင်ပညာရှင်တစ်ဦး၊ ရင်းနှီးမြှုပ်နှံသူတစ်ဦး၊ မြန်မာနိုင်ငံသားဟောင်း ၁၅ ဦး၊ ၎င်းတို့နှင့်သွေးချင်းဆက်စပ်သည့် နိုင်ငံခြားသားခုနစ်ဦး စုစုပေါင်း ၂၄ ဦးကို တစ်ဦးချင်းတွေ့ဆုံကာ အကဲဖြတ်အတည်ပြုခြင်း၊ ပြန်လည်စိစစ်ရန် ဆုံးဖြတ်ခြင်းတို့ ဆောင်ရွက်ကြသည်။   ယင်းသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်အတွက် လူတွေ့မေးမြန်းအကဲဖြတ်ခြင်း လုပ်ငန်း စိစစ်အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြကာ အတည်ပြုခွင့်ပြုသူများအား နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေးအတွက် ဌာန၏လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုးရီယားအုပ်စုအဆင့်ကထွက်ရပြီ NOM မက္ကဆီကိုအသင်းသည် ချက်အသင်းကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုအဆင့်ပွဲစဉ်အားလုံးကို မက္ကဆီကိုအသင်း ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့သည့် သမိုင်းတွင် မှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့သည်။ မက္ကဆီကိုအသင်းသည်သုံးပွဲကစားရာတွင် တစ်ဂိုးမျှ အသွင်းမခံခဲ့ရပေ။ ချက်အသင်းသည် ယခုအခါ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်မှထွက်ရပြီး မက္ကဆီကိုအသင်းသည် ၉ မှတ်ဖြင့် နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ တောင်အာဖရိကအသင်းသည်လည်း တောင်ကိုရီးယားအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုဒုတိယနေရာရရှိခဲ့ကာ ၃၂ သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ တောင်ကိုရီးယားအသင်းသည် တစ်မှတ်နှင့် တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အကောင်းဆုံး တတိယနေရာပင်မရပဲအုပ်စုအဆင့်မှထွက်ရပြီဖြစ်သည်။ ဤပွဲစဉ်များ၏ ရလဒ်များအရ အုပ်စု A အတွက် ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။ မက္ကဆီကို ၂။ တောင်အာဖရိက ၃။ တောင်ကိုရီးယား ၄။ ချက်

အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ ကွယ်လွန် NOM၊ဇွန်၂၅၊၂၀၂၆ အမျိုးသားစာပေဆုရှင်၊ အမျိုးသားစာပေ တစ်သက်တ
အမျိုးသားစာပေ တစ်သက်တာဆုရှင် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူ ကွယ်လွန် NOM၊ဇွန်၂၅၊၂၀၂၆ အမျိုးသားစာပေဆုရှင်၊ အမျိုးသားစာပေ တစ်သက်တာဆုရှင်၊ စည်သူ၊ အလင်္ကာကျော်စွာ သတင်းစာဆရာကြီးနှင့် စာရေးဆရာကြီး တက္ကသိုလ်မြတ်သူသည် ယမန်နေ့ ဇွန် ၂၄ ရက်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ အမည်ရင်း ဦးကျော်ဇင်ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၄ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။ ဆရာကြီးသည် သတင်းစာလောကတွင် သတင်းထောက်အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အယ်ဒီတာချုပ်အဆင့်အထိ တာဝန်ယူဆောင်ရွက်ခဲ့သူဖြစ်ကာ စာပေနှင့် သမိုင်းမှတ်တမ်းဆိုင်ရာ လက်ရာများစွာကို ရေးသားခဲ့သူဖြစ်သည်။ ထို့ပြင် သမိုင်းမှတ်တမ်းမှန်များကို ရေးသားဖော်ထုတ်ခဲ့သည့်ထင်ရှားသော စာပေပညာရှင်လည်းဖြစ်သည်။

ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ ရေကျော်၍ လမ်းပိတ်မှုဖြစ်ပေါ်နေ NOM၊ဇွန်၂၅၊၂၀၂၆ နေပြည်တော်၊ ဉတ္တရသီရိမြို့နယ်အတွင်း ယမန်နေ့ ဇွန်
ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ ရေကျော်၍ လမ်းပိတ်မှုဖြစ်ပေါ်နေ NOM၊ဇွန်၂၅၊၂၀၂၆ နေပြည်တော်၊ ဉတ္တရသီရိမြို့နယ်အတွင်း ယမန်နေ့ ဇွန်၂၄ရက်မွန်းလွဲ ၃နာရီ၁၁မိနစ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှ ရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ ရေကျော်၍ လမ်းပိတ်နေကြောင်း မီးသတ်တပ်ဖွဲ့မှသိရသည်။ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ ရေကျော်နေကြောင်းသတင်းရရှိသဖြင့် ဉတ္တရသီရိမြို့နယ်မီးသတစခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီးသတ်စခန်းတို့မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ခရီးသွားပြည်သူများ သွားလာရ လွယ်ကူစေရန်အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။

ပန်းတောင်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ သိန်းကျော် ဖမ်းဆီးရမိ ဇွန်
ပန်းတောင်းမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့တွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ သိန်းကျော် ဖမ်းဆီးရမိ ဇွန် ၂၄၊ ၂၀၂၆ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာအနီး ပြည် - ဥသျှစ်ပင်သွားကားလမ်းတွင် ကိုကိုလွင်(ခ)ကိုကြီး မောင်းနှင်လာသော MITSUBISHI အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၁၄ သိန်း ဖမ်းဆီးရမိခဲ့ပါသည်။ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၁၆ ရက်နေ့ ည ၇ နာရီခွဲအချိန် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူ သန်းစိုး အား မှော်ဘီမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် စိတ်ကြွဆေးပြား ၂၅,၀၀၀ ပြား၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ဒေသတန်ဖိုးငွေကျပ် ၂ ဒသမ ၁၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွဆေးပြား ၁၄ ဒသမ ၂၅ သိန်းအား ဖမ်းဆီးရမိခဲ့ပါသည်။ ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား အဓိကသယ်ဆောင်ခိုင်းသူမှာ မှော်ဘီမြို့နယ်၊ အေးမေတ္တာကျေးရွာနေ ညီညီလွင် (ခ) ကိုညီ (ဖမ်းဆီးရန်ကျန်) ဖြစ်ပြီး ၎င်း၏စီမံမှုဖြင့် ဆင်ပေါင်ဝဲမြို့နယ်၊ ငါးရံ့ချောင်းကျေးရွာနေ ဇင်ကိုလတ် (ဖမ်းဆီးရန်ကျန်) နှင့် ညောင်ဦးမြို့နယ်၊ နတ်ပလင်ကျေးရွာနေ မင်းခန့်စိုး (ဖမ်းဆီးရန်ကျန်) တို့မှ ပြည်မြို့တွင် တစ်ဆင့်လွှဲပြောင်းပေးခဲ့ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC MYANMAR မှ ဖော်ပြအပ်ပါသည်။

နိုင်ငံတော်သမ္မတ။ အများကြီးရှိတယ်။ ကမ္ဘာ့နိုင်ငံ တွေကြည့်လိုက်ပါ၊ အကုန်လုံးကတော့ သူတို့က လိုလားချက် အကုန်ရှိကြတာချည်းပဲ။ အရင်ကတော့ Unipolar ၊ Bipolar ဒီလို သွားကြတာကိုး။ Unipolar နဲ့ ဖြစ်ကြတယ်။ Unipolar မှာလည်း ခံရတယ်၊ Bipolar မှာလည်း ပြိုင်ဘက်တွေရှိတော့ ပိုပြီးတော့ ပါလာတယ်၊ ဒီပြဿနာရှိတယ်။ Multipolar ဆိုတာကတော့ ဖြစ်နိုင်လို့ရှိရင် နိုင်ငံအားလုံး နိုင်ငံနဲ့လည်းရှိမယ်၊ Region လိုက်လည်းရှိမယ်၊ Group လိုက်လည်းရှိမယ်။ ဒီကနေယှဉ်ပြိုင်ပြီးတော့ လုပ်လာမယ်ဆိုရင် နိုင်ငံအားလုံးတူညီတဲ့ အကျိုးခံစားရမယ်။ ဘာမှခွဲခြားမှုမရှိဘူး။ လူမျိုးရေးအရခွဲခြားမှု၊ အသားအရောင်အရခွဲခြားမှု၊ ဘာသာရေးအရခွဲခြားမှု၊ ဒေသအရခွဲခြားမှု ဒါတွေမရှိအောင် ကျွန်တော်တို့လုပ်ရမယ်။ ဒီလိုသာလုပ်မယ်ဆိုရင် ကမ္ဘာကြီးက တည်ငြိမ်အေးချမ်းမှုနဲ့ တိုးတက်မှုရှိသွားလိမ့်မယ်။ ဒါကို ကျွန်တော်တို့ အသုံးချနိုင်ဖို့လိုတယ်။

နိုင်ငံတော်သမ္မတ။ လုံခြုံရေးပိုင်းဆိုင်ရာ ကိုင်တွယ်မှုဆိုတာမှာ တရားဥပဒေစိုးမိုးရေးရှိရမှာပါ။ တရားဥပဒေစိုးမိုးရေးရှိရင် လုံခြုံရေးဆိုတာ သူ့ဟာသူဖြစ်လာမှာပါ။ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးနဲ့ ဆက်စပ်သလိုပဲ တစ်ဖက်က နိုင်ငံရေးကလည်း တည်ငြိမ်အေးချမ်းမှုရှိရတယ်။ နိုင်ငံရေးလမ်းကြောင်း မှန်ကန်လို့ရှိရင် တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးက သူ့ဟာသူအလိုလိုပါလာလိမ့်မယ်။ နိုင်ငံရေး တည်ငြိမ်အေးချမ်းမှုမရှိလို့ရှိရင်၊ မမျှတဘူးဖြစ်နေပြီဆိုရင် တည်ငြိမ်အေးချမ်းမှုက ပြဿနာရှိမယ်။ ဖြတ်သန်းခဲ့တဲ့သမိုင်းကြောင်းပြန်ကြည့်ပါ။ နိုင်ငံရေးကြောင့်ဖြစ်လာတဲ့ ပြဿနာတွေရှိတယ်။ ထွက်ပေါက်တွေပါ။ ကျွန်တော်တို့ အခုကပါတီစုံဒီမိုကရေစီသွားနေတဲ့အချိန်ပါ။ ကျွန်တော်တို့ ဒါကိုမှန်မှန်ကန်ကန်အသုံးချပြီး လုပ်မယ်ဆိုရင် စောစောကပြောတဲ့ အင်အားကြီး နှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခွင့်အလမ်းတွေက မြန်မာနိုင်ငံကနေ Cross-border တွေပါ။ ကျွန်တော်တို့ ခုနကပြောတဲ့ သုံးနိုင်ငံ အိန္ဒိယကနေ မြန်မာ၊ မြန်မာကနေ ထိုင်း၊ အဲဒါတင်မကဘူး။ အိန္ဒိယကနေပြီးတော့ တရုတ်ကိုသွားလို့ရတယ်၊ တရုတ်ကလည်း ဒီလိုပဲ၊ ကျွန်တော်တို့ဆီကလာမယ်၊ ကျွန်တော်တို့ဆီကနေ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ အာဆီယံသွားမယ်။ ပြီးတော့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကနေပြီးတော့ အနောက်ဘက်ကနိုင်ငံတွေ အကုန်လုံးသွားလို့ရတယ်။ နည်းတဲ့ ကြီးမားတဲ့အခွင့်အရေးမဟုတ်ဘူး။ နှစ်နိုင်ငံပဲကြည့်လိုက်ရင် လူဦးရေ သန်းပေါင်း ၁၂၀၀ ကျော်ရှိတဲ့ ဈေးကွက်ကြီးပါ။ သူတို့အတွက်က မြန်မာနိုင်ငံက ဈေးကွက်သေးပါတယ်။ သို့သော် မြန်မာနိုင်ငံကတော့ တကယ့်ကြီးမားတဲ့ ဈေးကွက်ကြီးပါ။ ပြောရရင်တော့ ရေကန်နဲ့သမုဒ္ဒရာ ကွာသလို ကွာခြားမှုရှိတယ်။ ကျွန်တော်တို့က အသုံးချနိုင်ဖို့လိုတယ်။ ခုနကပြောတဲ့ တည်ငြိမ်အေးချမ်းမှုက ဘာအထောက်အကူရမလဲ၊ တည်ငြိမ်အေးချမ်းမှုရှိမှ အထောက်အကူရမှာပါ။ တည်ငြိမ်အေးချမ်းမှုမရှိရင် အထောက်အကူမရဘူး။ အဲဒီတော့ တည်ငြိမ်အေးချမ်းမှုရှိဖို့ဆိုရင် နိုင်ငံရေးက အရေးကြီးဆုံးပဲ။ နိုင်ငံရေးကို ကျွန်တော်တို့က တကယ်ခိုင်မာအောင် လုပ်ဖို့လိုတယ်။ ဒါကို ယုံကြည်မှုရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိဖို့လိုတယ်။ ဒါပေမဲ့ နိုင်ငံရေးကို ဘယ်လောက်ပဲ ကျွန်တော်တို့က ယုံကြည်မှုရှိအောင်လုပ်ပေးပေး၊ ပြည်သူလူထုရဲ့ Concept လည်းလိုတယ်။ သူတို့ရဲ့အတွေးအခေါ်တွေ လိုက်ပါနိုင်အောင် ကျွန်တော်တို့ဆောင်ရွက်ပေးရမှာပါ။ ဒါက ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေ အများကြီးရှိတယ်။ ဒါကတစ်နှစ်၊ နှစ်နှစ်နဲ့မရောက်ဘူး။ လေး၊ ငါးနှစ်နဲ့လည်းမရောက်ဘူး။ ၁၀ နှစ်လောက်၊ ၁၅ နှစ်လောက် ကျွန်တော်တို့ကြိုးစားရမယ်။ အရေးကြီးတာကတော့ တိုင်းပြည်ပေါ်မှာ ကောင်းစေချင်တဲ့စိတ်ရှိတယ်ဆိုတဲ့ နိုင်ငံသားတွေရဲ့ စိတ်ဓာတ်ပဲ။ တိုင်းပြည်ကိုကောင်းအောင်လုပ်မယ်ဆိုတဲ့ နိုင်ငံသားတိုင်း၊ ပြည်သူလူထုအားလုံးပါတယ်။ ဟိုတစ်ကွက် ဒီတစ်ကွက်၊ ဟိုလူချန်ခဲ့ ဒီလူချန်ခဲ့ လုပ်လို့မရဘူး။ အကုန်လုံးပါရမယ်။  တစ်ခုခုပြဿနာရှိရင်၊ ခံစားချက်ရှိရင် သူတို့က ပြဿနာရှာနေမှာပါပဲ။ ပြဿနာရှာလို့ အခုလိုနိုင်ငံရေး မတည်မငြိမ်မှုတွေဖြစ်တာပါ။ ပြဿနာမရှာအောင်လုပ်ဖို့ဆိုတာ ဥပဒေနဲ့ စည်းကမ်းနဲ့အညီပဲ သွားလို့ရတယ်။ လူဆိုတာ မျိုးစုံဆန္ဒရှိမယ်၊ မတူနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့က စည်းမျဉ်းစည်းကမ်းဥပဒေနဲ့ပဲသွားရမယ်။ ဥပဒေနဲ့လုပ်ရာမှာလဲ တောင့်တောင့်တင်းတင်းကြီး လုပ်ဖို့မဟုတ်ဘူး။ Relax ဖြစ်ရမှာပါ။ ဒါကို ကျွန်တော်တို့က ပြည်သူတွေ စိတ်ချမ်းသာအောင်လုပ်ပေးရမယ်။ ပြောရမယ်ဆိုရင် ဒါကအဖြေပဲ။ ပြည်သူစိတ်ချမ်းသာအောင် လုပ်ပေးရမယ်။  ဦးကိုကို။ ကျွန်တော်တို့ ဒီနေ့ကမ္ဘာ့အခြေအနေကို ကြည့်မယ်ဆိုရင် Multipolar world လို့ခေါ်တဲ့ ဝင်ရိုးစွန်း ဝင်ရိုးစွန်းအပွားအစုံများ ပိုမိုပြီးတော့ ပေါ်လွင်လာတာ တွေ့ရပါတယ်။ အဲဒီ Multipolar world ကြောင့်လည်း နိုင်ငံငယ်လေးတွေက မိတ်ဖက်ဆက်ဆံရေးတွေ အခြားနိုင်ငံတွေနဲ့ ပိုပြီးတိုးမြှင့်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သမ္မတကြီးဆီကနေ သိချင်တာကတော့ မြန်မာနိုင်ငံအနေနဲ့ အခုလိုတရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးလာတယ်။ နှစ်နိုင်ငံရဲ့ဆက်ဆံရေးကလည်း တိုးမြင့်လာတယ်၊ မြှင့်တင်လာတယ်။ အဲဒီ ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေးကို အခြေခံပြီးတော့ ဒီထွန်းသစ်စပြုလာတဲ့ ကျွန်တော်တို့ Multipolar world အစီအစဉ်မှာ အခွင့်အလမ်းတွေ ဘယ်လိုမျိုး ယူရနိုင်မလဲခင်ဗျာ။

နိုင်ငံတော်သမ္မတ။ တကယ်တော့ မြန်မာနိုင်ငံက ခုန Land Bridge နိုင်ငံတင်မဟုတ်ဘူး။ တကယ့်ဆုံချက်နိုင်ငံဖြစ်နေတာပါ။ ဆုံချက်ဆိုတာမှာ တော်တော်ကိုကြီးမားတဲ့ Impact ရှိပါတယ်။ ဥပမာအားဖြင့် အိန္ဒိယသမုဒ္ဒရာဘက် သွားမယ်ဆိုရင်လည်း အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အနောက်ဘက်က နိုင်ငံတွေ၊ အခုဆိုရင် အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအတွက် လမ်းစတွေပေါ်လာပြီဆိုတော့ အဲဒီအခွင့်အလမ်းတွေအများကြီးကို ကျွန်တော်တို့ အသုံးချလို့ရပါတယ်။ ဒါကတစ်ခု၊ တရုတ်နိုင်ငံ အတွက်ပါ။ နောက်တစ်ခါ အိန္ဒိယနိုင်ငံဘက်က ပြန်ကြည့်ရင် အိန္ဒိယကလည်း သူတို့ဘက်က အခြေအနေပေးရင် တရုတ်ဘက်ဆက်သွယ်မှု၊ သူတို့လည်း သူတို့နယ်နိမိတ်ချိတ်ဆက်နေတဲ့ အပိုင်းတွေရှိတယ်။ သို့သော် ကျွန်တော်တို့နိုင်ငံတွေ တရုတ်နိုင်ငံ ဘက်သွားမယ်ဆိုရင် competition လုပ်လို့ရတဲ့ နယ်ပယ်တွေမှာ သူတို့လုပ်ခွင့်ရှိမှာပါ။ ဒီလိုပဲ အာဆီယံနိုင်ငံဆိုလည်း သူတို့သွားလို့ရမယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတင်မကဘူး။ တခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံကိုအခြေပြုပြီးတော့ အိန္ဒိယနိုင်ငံသွားမလား၊ တရုတ်နိုင်ငံသွားမလား၊ အာဆီယံသွားမလား။ ဒါကို ကျွန်တော်တို့က အသုံးချနိုင်ဖို့လိုတယ်။ အဲဒီလိုအသုံးချနိုင်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းရေးက အရေးကြီးတယ်။ နိုင်ငံရေးတည်ငြိမ်အေးချမ်းမှု၊ လုံခြုံရေးတည်ငြိမ်အေးချမ်းမှု၊ ပြည်သူလူထုရဲ့ဘဝတွေ တည်ငြိမ်အေးချမ်းမှု၊ ဘဝတည်ငြိမ်အေးချမ်းမှုရှိဖို့လိုတယ်။ နိုင်ငံရေးကတစ်ပိုင်း၊ ပြည်သူလူထုရဲ့ဘဝကတစ်ပိုင်း၊ မတူဘူး၊ ကွဲပြားခြားနားပါတယ်။ ဒီလိုသာလုပ်မယ်ဆိုရင်၊ အသုံးချနိုင်မယ်ဆိုရင် တိုင်းပြည်ကအခြေအနေကောင်းတွေ အများကြီးရှိတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဦးကျော်ဇောလင်း။ သမ္မတကြီးဒီကာလအတွင်းမှာ တွေ့ဆုံခဲ့တဲ့ နိုင်ငံကြီးနှစ်နိုင်ငံတရုတ်ရယ်၊ အိန္ဒိယရယ်ပါ၊ သူတို့ရဲ့ purchasing power parity အရ ကျွန်တော်တို့ တရုတ်ဆိုရင်အဆင့် ကမ္ဘာ့အဆင့်တစ်၊ အိန္ဒိယဆို အဆင့်သုံးရှိပါတယ်။ သူတို့ရဲ့ ဝယ်ယူနိုင်စွမ်းအားကောင်းတဲ့ နိုင်ငံတွေ၊ အိန္ဒိယဆိုရင် အိန္ဒိယ-မြန်မာ-ထိုင်း လမ်းကြောင်းကို သူတို့ကအဓိကထားတယ်။ တရုတ်ဆိုရင် BRI ပါ။ အဲဒီတော့ ဒီလမ်းတွေအမြန်ဆုံးဖြစ်လာဖို့ သမ္မတကြီးအနေနဲ့ ဘယ်လိုအစီအစဉ်ရှိပါသလဲ။ ဒါနဲ့ဆက်စပ်ပြီးတော့ သမ္မတကြီး ရှီကျင့်ဖျင်နဲ့ တွေ့တဲ့အချိန်၊ မိုဒီနဲ့တွေ့တဲ့အချိန်မှာ ကျွန်တော်တို့ ဒီစီမံကိန်းကြီးတွေနဲ့ လုံခြုံရေးကိုအလေးထားဖို့ အိန္ဒိယရော တရုတ်ရော ပြောတာကို တွေ့ရပါတယ်။ အဲဒီတော့ သမ္မတကြီးတို့ အစိုးရသစ်အနေနဲ့ ဒီလုံခြုံရေးပိုင်းဆိုင်ရာကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဖို့ ရှိပါသလဲ။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်တွင်းမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများ ပြန်လည်ဖြေကြား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေစဉ်အတွင်း မြန်မာနိုင်ငံမှ ပြည်တွင်းမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများကို လက်ခံဖြေကြားခဲ့သည်။ ထိုသို့ ပြည်တွင်းမီဒီယာများ၏မေးမြန်းမှုအပေါ် နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်များကို ဖော်ပြအပ်ပါသည် - Eleven Media Group အယ်ဒီတာချုပ် ဦးကျော်ဇောလင်း။ သမ္မတကြီးတို့ သမ္မတအဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်တဲ့ ရက် ၁၀၀ မပြည့်မီ မှာ အိန္ဒိယ၊ အခုတရုတ်နိုင်ငံကြီးနှစ်နိုင်ငံက ခေါင်းဆောင်တွေနဲ့ သမ္မတကြီးတွေ့ခွင့်ရတယ်။ ပြီးတော့ ဒါမတိုင်ခင်လည်း နိုင်ငံငါးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက နေပြည်တော်မှာ သမ္မတကြီးကို လာရောက်တွေ့ဆုံကြတယ်။ သိထားတဲ့အချက် အလက်တွေအရလည်း နိုင်ငံခြားရေးဝန်ကြီးတွေ၊ အခြားသံတမန်တွေက သမ္မတကြီးကိုတွေ့ဆုံဖို့ ရှိနေတာတွေ ထပ်ပြီးရှိတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ငါးနှစ်တာ သံတမန်ရေးဆိုင်ရာ အထီးကျန်မှုကနေ အခုလိုပြောင်းလဲလာတဲ့အနေအထားက မြန်မာနိုင်ငံအတွက် မြန်မာပြည်သူတွေအတွက် ဘယ်လိုအပေါင်းလက္ခဏာဆောင်တဲ့အရာတွေ ဖြစ်မယ်ထင်ပါသလဲခင်ဗျ။  နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်။ နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေးကတော့ သက်ဆိုင်ရာနိုင်ငံတွေအတွက် အရေးပါတဲ့ကဏ္ဍမှာရှိတယ်။ သံတမန်ဆက်ဆံရေးပါ။ ခေါင်းဆောင်တွေရဲ့ဆက်ဆံရေးရှိမယ်၊ ပြီးတော့အစိုးရချင်းဆက်ဆံရေးရှိမယ်၊ သံတမန်ရေးရာဆက်ဆံမှုရှိမယ်၊ စီးပွားရေးအရ ဆက်ဆံမှုတွေရှိမယ်၊ ကဏ္ဍပေါင်းစုံရှိတယ်။ ခုနက ခင်ဗျားမေးတဲ့ ငါးနှစ်တာကာလအတွင်းမှာ အထီးကျန်ခဲ့တယ်။ တကယ်တော့ ကျွန်တော်တို့က ကြိုးစားပါတယ်။ တကယ်တော့ နိုင်ငံရေးအရလုပ်တာပါ။ ကျွန်တော်တို့က ကျွန်တော်တို့ လက်ခံကျင့်သုံးနေတဲ့ နိုင်ငံရေးစနစ်ကို ခိုင်ခိုင်မာမာကျင့်သုံးမယ်ဆိုပြီး ဆုံးဖြတ်ပြီးလုပ်လာခဲ့တာပါ။ အဲဒီနိုင်ငံရေးစနစ်ကို ကောင်းကောင်းမွန်မွန် လုပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့က ဒီလိုအခြေအနေတွေ ဖြစ်လာခဲ့တာပါ။ ကျွန်တော်တို့ အခုရအောင်ပြောင်းလဲခဲ့ပြီ။ ကျွန်တော်တို့ ဒီဟာကို ခိုင်ခိုင်မာမာဖြစ်အောင် လုပ်သွားမယ်။ အဲဒါဆိုရင် နိုင်ငံတကာဆက်ဆံရေးမှာ မြန်မာနိုင်ငံရဲ့ပါဝင်မှုဟာ မူလအခြေအနေထက် ပိုကောင်းအောင် လုပ်နိုင်မယ်လို့ ကျွန်တော်ယူဆတယ်။ ခင်ဗျားခုနကမေးလိုက်တဲ့ အခြားနိုင်ငံတွေလည်း လာကြလိမ့်မယ်ဆိုတာ မှန်ပါတယ်။ လာကြဖို့လည်း ကမ်းလှမ်းထားတာရှိသလို ကျွန်တော့်ကိုလည်း လာဖို့ဖိတ်ထားတဲ့နိုင်ငံတွေလည်းရှိတယ်။ ထို့အတူပဲ နိုင်ငံခြားရေးဝန်ကြီးတို့၊ သက်ဆိုင်ရာ Counter Part ဝန်ကြီးတွေ၊ ဝန်ကြီးဌာနဝန်ကြီးတွေ အတူတူပဲဖြစ်ကြတယ်။ နောက်တစ်ခါအဖွဲ့အစည်းတွေ လူငယ်တွေကစပြီးတော့ ကျန်တဲ့ Institution တွေနဲ့ အမျိုးစုံပဲ ဖိတ်ကြတယ်။ ကျွန်တော်တို့ဆီလည်း လာကြတယ်။ ဒါကဘာလဲဆိုတော့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေချည်းပဲဖြစ်မယ်။ ဒါကို ကျွန်တော်တို့က ကောင်းကောင်းအသုံးချရမယ်၊ မှန်မှန်ကန်ကန်လည်း အသုံးချဖို့လိုတယ်။ အဲဒီအပေါ်မှာ ရိုးရိုးသားသားလည်း အသုံးချဖို့လိုတယ်။ အမြတ်ထုတ်ဖို့တော့ သွားလုပ်လို့မရဘူး။ အမြတ်ထုတ်မယ့် ရည်ရွယ်ချက်ရှိရင် ဘယ်တော့မှမခိုင်မာဘူး။ ရိုးရိုးသားသားနဲ့ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် ခိုင်ခိုင်မာမာဖြစ်မယ်။ အခုကျွန်တော်တို့သွားတဲ့ နိုင်ငံရေးစနစ်ရော၊ စီးပွားရေးစနစ်ရော တကယ်ရိုးရိုးသားသားနဲ့ တိုင်းပြည်ကောင်းအောင်လုပ်ဖို့ ရည်ရွယ်ချက်နဲ့လုပ်တာပါ။ နိုင်ငံတကာဆက်ဆံရေးမှာလည်း တကယ်ရိုးရိုးသားသားနဲ့ ဆက်ဆံတယ်။ ကျွန်တော်တို့က နိုင်ငံအားလုံးနဲ့ နိုင်ငံရေးမှာ လွတ်လပ်ပြီးတက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးတယ်။ ဒါကတကယ့် အခိုင်မာဆုံးပဲ။ နောက်တစ်ခါ အိန္ဒိယနဲ့ တရုတ်ဆိုလို့ရှိရင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်နဲ့ ကျွန်တော်တို့ ထိတွေ့ဆက်ဆံထားတဲ့ နိုင်ငံတွေဖြစ်တယ်။ ဒါကြောင့် ဒီအပေါ်မှာအခြေခံပြီး လုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ အင်မတန်ကောင်းတယ်လို့ ကျွန်တော်ပြောချင်တယ်။  မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)။ တရုတ်နိုင်ငံရဲ့ Belt and Road Initiative နဲ့ မြန်မာနိုင်ငံရဲ့ ဒေသတွင်းချိတ်ဆက်မှု အလားအလာတွေကို ပေါင်းစပ်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ တရုတ်၊ အာဆီယံနဲ့ အိန္ဒိယသမုဒ္ဒရာ ချိတ်ဆက်ပေးတဲ့ မဟာဗျူဟာမြောက် Land Bridge ကျွန်တော်တို့ ကုန်းတွင်းတံတားနိုင်ငံအဖြစ်နဲ့ရှိမယ် လို့လည်းပြောကြပါတယ်။ အဲဒီတော့ ကုန်းတွင်း Land Bridge နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံကို သမ္မတကြီးအနေနဲ့ ပိုမိုဆောင်ရွက်သွားဖို့အစီအစဉ်များ ရှိပါသလားခင်ဗျား။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်တွင်းမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများ ပြန်လည်ဖြေကြား
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်တွင်းမီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများ ပြန်လည်ဖြေကြား

အီရန်​၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရခဲ့သည့် အမေရိကန်စစ်သားများ​၏ ဒဏ်ရာရရှိမှုအခြေအနေများကို အမေရိကန်စစ်တပ်က လျှော့ပ
+1
အီရန်​၏ တန်ပြန်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရခဲ့သည့် အမေရိကန်စစ်သားများ​၏ ဒဏ်ရာရရှိမှုအခြေအနေများကို အမေရိကန်စစ်တပ်က လျှော့ပေါ့ ဖော်ပြခဲ့ ကူဝိတ်နိုင်ငံ၊ ရှူအိုင်ဘာဆိပ်ကမ်း (Shuaiba) ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို မတ်လ ၁ ရက်နေ့က အီရန်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရရှိခဲ့သည့် အမေရိကန်စစ်သည်အချို့က ၎င်းတို့၏ဒဏ်ရာများသည် မပြင်းထန်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်၏ ပြောကြားချက်ကို ငြင်းဆိုလိုက်သည်ဟု CBS သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) က ဒဏ်ရာရရှိခဲ့သည့် စစ်သည်အင်အား ၄၀၀ နီးပါးအနက် ၉၀ ရာခိုင်နှုန်းခန့်မှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး တာဝန်ဝတ္တရားများ ပြန်လည်ထမ်းဆောင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ဒဏ်ရာရစစ်သည်များနှင့် ၎င်းတို့၏ မိသားစုဝင်များကမူ ရရှိခဲ့သော ဒဏ်ရာများသည် ပြောထားသည်ထက် များစွာပိုမိုပြင်းထန်ကြောင်း ပြောဆိုကြသည်။ အရာခံဗိုလ် ရော့ဒ်နီ ဘေယာမန်း (Rodney Bearman) သည် ဗုံးဆန်ထိမှန်ဒဏ်ရာ၊ ဦးနှောက်တုန်ခါမှု၊ အကြားအာရုံနှင့် အမြင်အာရုံချို့တဲ့မှုအပြင် အဆုတ်ပျက်စီးမှုများ ခံစားခဲ့ရသော်လည်း ၎င်းကို "ပြင်းထန်သောဒဏ်ရာ မဟုတ်သူ" အဖြစ်သာ သတ်မှတ်ခြင်းခံခဲ့ရသည်။ ထို့အပြင် အရေးပေါ်ခွဲစိတ်ကုသမှုများစွာ ခံယူခဲ့ရသည့် တပ်ကြပ်ကြီး ကောရီ ဟစ်ခ်စ် (Cory Hicks) ကလည်း ၎င်း၏ဒဏ်ရာများသည် မပြင်းထန်ကြောင်း ၎င်း၏မိသားစုထံသို့ စစ်တပ်က အစပိုင်းတွင် အကြောင်းကြားခဲ့သည်ဟု ပြောကြားခဲ့သည်။ ရှူအိုင်ဘာဆိပ်ကမ်း တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သည် ၆ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ အသက်ရှင်ကျန်ရစ်သူအချို့နှင့် ဆွေမျိုးသားချင်းများက အမေရိကန်စစ်တပ်အနေဖြင့် ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေများကို လျှော့ပေါ့ဖော်ပြနေသည်ဟု စွပ်စွဲထားသော်လည်း အမေရိကန်စစ်တပ်ကမူ ထိုစွပ်စွဲချက်ကို ငြင်းဆိုထားသည်။ NOM

ခါရ်ကိဗ်ဒေသရှိ တံတားတစ်စင်းပေါ်တွင် ရုရှားဖိုက်ဘာအော့ပတစ် (Fiber-optic) စနစ်သုံး FPV ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ယူကရိန်းကုန်ကားတစ်စီး ပျက်စီးသွားသည့် မြင်ကွင်း။ NOM

ယူကရိန်းနိုင်ငံသားအချင်းချင်း လူသားဒိုင်းအဖြစ် အသုံးချနေတဲ့ နောက်ထပ် သာဓကတစ်ခုပါ။ အရပ်သားတွေနဲ့ ပြည့်နှက်နေတဲ့ ဘားတစ်ခုရဲ့ ဘေးကပ်လျက်၊ လူစည်ကားရာ ယူကရိန်းနိုင်ငံ၊ ဩဒက်ဆာ (Odessa) ကမ်းခြေတစ်ခုပေါ်မှာ ယူကရိန်းရွေ့လျား လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တစ်ခု နေရာယူထားတာကို တွေ့ရပါတယ်။ ရုရှားက ဂျီရန် (Geran) ဒရုန်းတွေကို အခုလို ရွေ့လျားယူကရိန်းလေကြောင်းရန် ကာကွယ်ရေးအဖွဲ့တွေနဲ့ ပစ်ခတ်ရေးအဖွဲ့တွေကို လိုက်လံရှာဖွေချေမှုန်းဖို့ ပိုမိုအသုံးပြုလာတာကြောင့် ကမ်းခြေလာလူအုပ်ကြီးရဲ့ ဘေးမှာ အခုလို လာရောက်ရပ်နားထားခြင်းဟာ ယူကရိန်းစစ်တပ်ရဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ ဗျူဟာတစ်ခုပဲ ဖြစ်ပါတယ်။ NOM

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့ရှိ နယ
+4
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မြိတ်တပ်နယ်နှင့် ကျွန်းစုမြို့ရှိ နယ်မြေခံတပ်ရှိ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ အမှာစကားပြောကြား၊ တပ်ရင်း/ တပ်ဖွဲ့များအား ကြည့်ရှုစစ်ဆေး ဇွန် ၂၄၊ ၂၀၂၆ NOM

ဖော်ဒ် (Ford)၊ ဂျင်နရယ်မော်တာ (General Motors) နဲ့ အခြား အမေရိကန် မော်တော်ယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတွေအနေနဲ့ ပက်ထရီယော့တ် (Patriot) နဲ့ တိုမာဟော့ခ် (Tomahawk) ဒုံးကျည်များအပါအဝင် လက်နက်တွေကို စတင်ထုတ်လုပ်လာနိုင်ခြေ ရှိတယ်လို့ ထရမ့်က ပြောကြားလိုက်ပါတယ်။ NOM

စလာဗျန့်ခ် နှင့် ကရာမာတော့စ်ခ် မြို့အနီးရှိ သာမိုလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရုရှားလေကြောင်းတပ်ဖွဲ့က စတင်တိုက်ခိုက်နေပြီဖြစ်သ
စလာဗျန့်ခ် နှင့် ကရာမာတော့စ်ခ် မြို့အနီးရှိ သာမိုလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရုရှားလေကြောင်းတပ်ဖွဲ့က စတင်တိုက်ခိုက်နေပြီဖြစ်သည်။ ယူကရိန်းတပ်မတော်သည် အဆိုပါ ဓာတ်အားပေးစက်ရုံကို ခံတပ်သဖွယ် ပြောင်းလဲအသုံးပြုထားခြင်းဖြစ်သည်။ NOM

ယူကရိန်းနိုင်ငံ၊ ဇာပိုရိုဇာ မြို့ရှိ ကုန်တင်ကားကြီးများ ရပ်နားရာဝင်းကို ရုရှားက Geran ဒရုန်းများဖြင့် တိုက်ခိုက်နေသည့် ရုပ်သံဖိုင်။ ယူကရိန်းတပ်ဖွဲ့ဝင်များသည် အဆိုပါ အရပ်ဘက်သုံး ကုန်တင်ကားများကို အသုံးပြု၍ ရုရှားနိုင်ငံအတွင်းသို့ တိုက်ခိုက်မည့် ဒရုန်းများ လွှတ်တင်နေခြင်းဖြစ်သည်။ NOM