fa
Feedback
News Of Myanmar

News Of Myanmar

رفتن به کانال در Telegram

📈 تحلیل کانال تلگرام News Of Myanmar

کانال News Of Myanmar (@newsofmyanmar) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 11 943 مشترک است و جایگاه 16 366 را در دسته اخبار و رسانه‌ها و رتبه 10 286 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 11 943 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 02 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر -253 و در ۲۴ ساعت گذشته برابر -10 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 6.94% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 5.38% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 829 بازدید دریافت می‌کند. در اولین روز معمولاً 642 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 13 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 03 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته اخبار و رسانه‌ها تبدیل کرده‌اند.

11 943
مشترکین
-1024 ساعت
-707 روز
-25330 روز
آرشیو پست ها
ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့များနှင့် စစ်ယာဉ်များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့် ရုပ်သံကို ယီမင် ဟူသီလက်နက်ကိုင်အဖွဲ့ ထုတ်ပြန်။ NOM

မိုင်းဖြတ်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်ဆောင်ရွက်ပေး ဩဂုတ် ၂၉၊ ၂၀၂၆ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုးဖြတ်မ
မိုင်းဖြတ်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်ဆောင်ရွက်ပေး   ဩဂုတ် ၂၉၊ ၂၀၂၆   ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုးဖြတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မိုင်းဖြတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ် စိစစ်ဆောင်ရွက်ပေးပြီး Biographic/ Biometric ကောက်ယူ၍ UID နံပါတ်တစ်ပါတည်း ထုတ်ပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ပေးလျက်ရှိသည်။   ထိုသို့ဆောင်ရွက်ပေးနေမှုကို ယမန်နေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုးနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးပြီး နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို သက်ဆိုင်ရာကာယကံရှင် ကျောင်းသား ကျောင်းသူများထံပေးအပ်ကြပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။   ဆောင်ရွက်ပေး   ဆက်လက်၍ အဆိုပါခန်းမ၌ မိုင်းဖြတ်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုးကို ဥပဒေနှင့်အညီ ရရှိကိုင်ဆောင်နိုင်ရေးနှင့် e-ID စနစ်ဖြင့် UID နံပါတ်တစ်ပါတည်းထုတ် ပေးခြင်းလုပ်ငန်းကို နိုင်ငံတစ်ဝန်း ကြိုးပမ်းဆောင်ရွက်ပေးနေမှု၊ နိုင်ငံသားကတ်ရရှိပြီးသူများအနေဖြင့်လည်း e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ်ရရှိရေး ဆောင်ရွက်ကြရန် လိုအပ်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန်က ဖောက်ကလန်ကျွန်းကိစ္စတွင် ဗြိတိန်ကို စွန့်ခွာမည်ဟု ခြိမ်းခြောက် အမေရိကန်သမ္မတ ထရမ့်အစိုးရအဖွဲ့လက်ထက်တွင် နယ်မြေပိုင်
အမေရိကန်က ဖောက်ကလန်ကျွန်းကိစ္စတွင် ဗြိတိန်ကို စွန့်ခွာမည်ဟု ခြိမ်းခြောက် အမေရိကန်သမ္မတ ထရမ့်အစိုးရအဖွဲ့လက်ထက်တွင် နယ်မြေပိုင်စိုးမှုဆိုင်ရာ စိစစ်ခိုင်မာမှုကို လက်နက်သဖွယ် အသုံးချခြင်းနှင့် အထူးမဟာမိတ်ဆက်ဆံရေး ယိုင်လဲလာခြင်း၏ လက္ခဏာတစ်ရပ်အဖြစ် အမေရိကန်သည် ဗြိတိန်အား စစ်စရိတ်ပိုမိုသုံးစွဲလာစေရန် ဖိအားပေးသည့်အနေဖြင့် ဖောက်ကလန်ကျွန်း (Falkland Islands) ပိုင်ဆိုင်မှုအပေါ် ထားရှိသည့် ရပ်တည်ချက်ကို ပြောင်းလဲရန် စဉ်းစားနေကြောင်း သတင်းရရှိသည်။ The Telegraph သတင်းစာ၏ ဖော်ပြချက်အရ ပင်တဂွန်စစ်ဌာနချုပ် တာဝန်ရှိသူများသည် ဗြိတိန်အနေဖြင့် နေတိုး (NATO) အဖွဲ့၏ ကာကွယ်ရေးစရိတ် သုံးစွဲမှု ပန်းတိုင်ဖြစ်သည့် ဂျီဒီပီ (GDP) ၏ ၅ ရာခိုင်နှုန်းအထိ သုံးစွဲလာစေရန် တွန်းအားပေးသည့်အနေဖြင့် ဤနည်းလမ်းကို စဉ်းစားတွက်ချက်နေခြင်း ဖြစ်သည်။ အာဂျင်တီးနားက ထိုကျွန်းများကို ၎င်းတို့ပိုင်ဟု အနက်ဖွင့်ဆိုထားသော်လည်း အမေရိကန်သည် လက်ရှိတွင် ဗြိတိန်၏ စီမံအုပ်ချုပ်မှုကို အသိအမှတ်ပြုထားပြီး ပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စတွင် ကြားနေအဖြစ် သတ်မှတ်ထားသည်။ ဧပြီလက ပေါက်ကြားခဲ့သော ပင်တဂွန်၏ လျှို့ဝှက်မှတ်တမ်းတစ်ခုတွင် ဖောက်ကလန်ကျွန်းအပေါ် ထားရှိသည့် ရပ်တည်ချက်ကို သံတမန်ရေးရာ အခွင့်အရေးတစ်ရပ်အဖြစ် စတင်အသုံးပြုရန် အကြံပြုထားခဲ့သည်။ ဇွန်လတွင် ဗြိတိန်ဝန်ကြီးချုပ် စတာမာ (Starmer) ကြေညာခဲ့သည့် ကာကွယ်ရေးအသုံးစရိတ် အစီအစဉ်သည် လုံလောက်မှုမရှိဘဲ "မှန်ကန်သော လမ်းကြောင်းသို့ တက်လှမ်းသည့် ခြေလှမ်းတစ်ရပ်အဖြစ် မသတ်မှတ်နိုင်" ဟု ရှုမြင်ခံခဲ့ရသည်။ ဗြိတိန်၏ ဘတ်ဂျက်သည် ၂၀၃၀ ပြည့်နှစ်တွင် ဂျီဒီပီ၏ ၃ ရာခိုင်နှုန်း ကတိကဝတ်ပြုထားချက်ပြည့်မှီရန် ပျက်ကွက်နေသည်။ အမေရိကန်ထံမှ ရရှိသည့် သဝဏ်လွှာမှာ ရှင်းလင်းပါသည် - "ပိုက်ဆံပိုသုံးပါ၊ သို့မဟုတ်ပါက သင်တို့၏ ပိုင်နက်နယ်မြေအပေါ် ငါတို့၏ ရပ်တည်ချက်ကို ပြန်လည်စဉ်းစားမည်" ဖြစ်သည်။ "အထူးမဟာမိတ်ဆက်ဆံရေး" ဆိုသည်မှာ ယခုအခါ အပေးအယူဆန်လာပြီး နယ်မြေပိုင်စိုးမှုမှာ ညှိနှိုင်း၍ရသော ကိစ္စတစ်ခုဖြစ်ကာ မဟာမိတ်များမှာလည်း စွန့်ပစ်၍ရသော အနေအထားသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ NOM

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့ကြသည့် ရှေ့တန်းပြန
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ရဲဝံ့စွန့်စားစွာ ထမ်းဆောင်ခဲ့ကြသည့် ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲကျင်းပ ဩဂုတ် ၃၀၊ ၂၀၂၆ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်ပြီးပြန်လည်ရောက်ရှိလာသော အောင်ပွဲရရှေ့တန်းပြန် နိုင်ငံ့သားကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တုံတာမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများက လှိုက်လှဲဝမ်းသာစွာ ဂုဏ်ပြုကြိုဆိုကြသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များကို အသက်ကိုပင်ပဓာနမထားဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံကာ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့်
+1
ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အခြေခံပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ စာရေးတစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူနှစ်ဦးဒဏ်ရာရ NOM ဩဂုတ် ၃၀၊ ၂၀၂၆ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ အမှတ် (၂) ရပ်ကွက်အတွင်းသို့ ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်၌ KIA သောင်းကျန်းသူအဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ မှုကြောင့် အဆိုပါရပ်ကွက်နေသူများဖြစ်ကြသည့် အခြေခံပညာအလယ်တန်းကျောင်း (ခုံခမ်း) မှ စာရေး (၁) ဖြစ်သူ ဒေါ်သက်မွန်စိုး (၄၀) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့ပြီး ၎င်းသားဖြစ်သူ မောင်စိုင်းမင်းထက် (၃) နှစ်နှင့် ဦးဇော်နိုင် (၄၂) နှစ်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ သေဆုံး/ ဒဏ်ရာရရှိသူများအား ရွှေကူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

ရက်ပေါင်း (၁၃၀)မြန်မာ့သံတမန်ရေး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် ရွေးကောက်ခံ ဒီမိုကရေစီ အစိုးရအသစ်အနေဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရက်ပေါင်း (၁၃၀) ကာလအတွင်း မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများ၊အိမ်နီးချင်းနိုင်ငံများနှင့် သံတမန်ရေးရာ ဆောင်ရွက်ချက်များ -သွားရောက်ခဲ့သည့်နိုင်ငံပေါင်း (၆)နိုင်ငံ။ - လေကြောင်းခရီးသွားလာမှု နာရီပေါင်း (၄၈)နာရီ (၂၀)မိနစ် လေမိုင်ပေါင်း (၁၉၅၀၀)မိုင် -မော်တော်ယဉ်ဖြင့် ခရီးသွားလာမှု နာရီပေါင်း (၃၂)နာရီ (၂၀)မိနစ် -မီးရထားဖြင့်ခရီးသွားလာမှု နာရီပေါင်း (၅)နာရီ(၂၀)မိနစ် မြေပြင်ခရီးစဉ် စုစုပေါင်း ကီလိုမီတာ(၃၆၀၀၀)ကီလိုမီတာကျော်။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သ
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့သည့် အောင်ပွဲရရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ ဩဂုတ် ၃၀၊ ၂၀၂၆ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေး တာဝန်များကိုသက်စွန့်ကြိုးပမ်း ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်း ပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ နယ်မြေခံတပ်ရင်း၌ပြုလုပ်ရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ဇောနှင့်မှ တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူနှင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြိုဆိုဂုဏ်ပြုကြသည်။ တာဝန်တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို နေ့မအား၊ ညမနား စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက အောင်သပြေခက်များ၊ အောင်ပန်ကုံးများဖြင့်လည်းကောင်း၊ စားသောက်ဖွယ်ရာများဖြင့် လည်းကောင်း၊ ဘင်ခရာတီးဝိုင်းများ၊ အိုးစည်ဒိုးပတ် အတီးအမှုတ်၊ အကအခုန်များဖြင့် လည်းကောင်း သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြသည်။ ထို့နောက် တိုင်းမှူးက အောင်ပွဲရရှေ့တန်းပြန်တပ်မတော်သားများအား ဂုဏ်ပြုအမှာစကားပြောကြားပြီး ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မကွေးမြို့နယ်၊ မကွေး-နတ်မောက်ကားလမ်း၊ ကြာကန် ကျေးရွာနီးတွင် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးကို သေနတ်များဖြင့် ဝိုင်းဝန
+2
မကွေးမြို့နယ်၊ မကွေး-နတ်မောက်ကားလမ်း၊ ကြာကန် ကျေးရွာနီးတွင် PDF အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ်တစ်စီးကို သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ NOM ဩဂုတ် ၃၀၊ ၂၀၂၆ မကွေးပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ်လ ၂၉ ရက်နေ့ ည ၈ နာရီအချိန်၌ ကျည်ထိမှန် ဒဏ်ရာများဖြင့် သေဆုံး/ ဒဏ်ရာရရှိထားသူများရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ည ၇ နာရီ ၂၅ မိနစ်တွင် မြို့သစ်မြို့နယ်၊ တယ်ပင်စမ်းကျေးရွာနေသူများဖြစ်ကြသည့် ဦးထင်လင်းအောင် (၃၁) နှစ်၊ ဦးလင်းကြည် (၄၀) နှစ်၊ ဒေါ်စန်းစန်း (၅၇) နှစ်နှင့်  ဒေါ်ဝင်း (၅၂) နှစ်တို့သည် မကွေးမြို့ဘက်မှ မြို့သစ်မြို့ဘက်သို့မကွေး-နတ်မောက်ကားလမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် မကွေးမြို့နယ်၊ ကြာကန် ကျေးရွာနီးအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား (စိစစ်ဆဲ) က သေနတ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေါ်စန်းစန်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဒေါ်ဝင်း၊ ဦးထင်လင်းအောင်နှင့် ဦးလင်းကြည်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM

ပွင့်ဖြူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သုံးဘီးဆိုင်ကယ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးသ
+2
ပွင့်ဖြူမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သုံးဘီးဆိုင်ကယ်တစ်စီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ NOM ဩဂုတ် ၃၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနေ ဒေါ်သိန်းတင် (၆၈) နှစ်၊ ဒေါ်ရွှေကျင် (၅၇) နှစ်နှင့် ဦးမျိုးကြိုင် (၆၃) နှစ်တို့သည် ဩဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်၌ ရေပုတ်ကြီးကျေးရွာမှ ကျောင်းကုန်းကြီး ကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ရေပုတ်ကြီးကျေးရွာနှင့် ကျောင်းကုန်းကြီး ကျေးရွာကြားအရောက် PDF အကြမ်းဖက်သမားငါးဦးခန့်က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဒေါ်သိန်းတင်နှင့် ဒေါ်ရွှေကျင်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမျိုးကြိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ NOM

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ဒေသများအတွက် ဘောလုံးအသင်းများကသိန်းတစ်ထောင်လှူ NOM၊ဩဂုတ်၃၀၊၂၀၂၆ မြန်မာ‌နေရှင်နယ်လိဂ်ဥက္
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ဒေသများအတွက် ဘောလုံးအသင်းများကသိန်းတစ်ထောင်လှူ NOM၊ဩဂုတ်၃၀၊၂၀၂၆ မြန်မာ‌နေရှင်နယ်လိဂ်ဥက္ကဋ္ဌ၊ ရှမ်းယူနိုက်တက်‌ဘောလုံးအသင်း၊ ဧရာဝတီယူနိုက်တက်အမျိုးသမီး‌ဘောလုံးအသင်း၊ ရန်ကုန်ယူနိုက်တက်‌ ဘောလုံးအသင်း၊ ရတနာပုံယူနိုက်တက်‌ဘောလုံးအသင်း၊ မြန်မာ့လက်ရွေးစင်ကစားသမားဟောင်းများ၊ မြန်မာ့လက်ရွေးစင်ကစားသမားများနှင့် M League တို့က ရေဘေးသင့်ဒေသများအတွက် စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁၀၀၀ အား ယနေ့ဩဂုတ်လ ၃၀ ရက်တွင် လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ၂၄နာရီအတွင်းလက်ရှိစိုးရိမ်ရေမှတ်အထက် ထပ်မံမြင့်တက်နိုင် NOM၊ဩဂုတ်၃၀၊၂၀၂၆ သံလွင်မြစ်ရေနှင့် စစ်တောင်းမြစ်ရေ ၂၄နာရီအတွင်းလက်ရှိစိုးရိမ်ရေမှတ်အထက် ထပ်မံမြင့်တက်လာမည်ဖြင့်သောကြောင့် မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(သြဂုတ်၃၀)ရက်နံနက်ပိုင်းတွင်ထုတ်ပြန်ထားသည်။ သံလွင်မြစ်ရေသည် ယနေ့ နံနက်၆နာရီခွဲတွင်တိုင်းထွာချက် အရ ဘားအံမြို့၏ စိုးရိမ်ရေမှတ်အထက် တစ်ပေ ၁၀ လက်မခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၂၄နာရီ အတွင်း ၃ လက်မခန့် ထပ်မံမြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်းသိရသည်။ အလာတူစစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့၏ စိုးရိမ်ရေမှတ်အထက် နှစ်ပေ ကိုးလက်မခန့်ကျော် လွန်နေပြီး လာမည့်(၂၄)နာရီအတွင်း နှစ်လက်မခန့်ထပ်မံမြင့်တက်လာ နိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။ သို့ဖြစ်ပါ၍ ဘားအံမြို့နယ်နှင့် မဒေါက်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင် သူများအနေဖြင့် ရေဘေးလွတ်ရာနေရာများသို့ ရှောင်ရှားနိုင်ရန် မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနမှအသိပေးထားသည်။

မြောက်ကိုးရီးယားကါကွယ်ရေးဝန်ကြီးရာထူးချခံရ NOM မြောက်ကိုရီးယားသည် အကြီးတန်းစစ်ဘက်အပြောင်းအလဲတွင် ၎င်း၏ကာကွယ်ရေးဝန်ကြီးကို အဆင့်နိမ့်ရာထူးသို့ပြောင်းရွှေ့ပြီးကါကွယ်ရေးဝန်ကြီးအသစ်အစားထိုးခန့်ခဲ့သည်။ မြောက်ကိုရီးယားတပ်မတော်အထွေထွေနိုင်ငံရေးဗျူရိုအကြီးအကဲ ကင်ဆောင်ဂီသည် ကါကွယ်ရေးဝန်ကြီးအဖြစ်နိုကွမ်ချိုလ်၏နေရာကို လွှဲပြောင်းယူခဲ့သည်။ နိုအား ကာကွယ်ရေးဝန်ကြီးရာထူးနှင့် ပါတီ၏ဗဟိုခေါင်းဆောင်မှုနှစ်ခုလုံးမှ ဖယ်ရှားခဲ့ပြီး အလုပ်သမားပါတီ၏ ခဲယမ်းမီးကျောက်လုပ်ငန်းဌာန၏ ပထမဒုတိယညွှန်ကြားရေးမှူးအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။

အရှေ့အလယ်ပိုင်းမှ ပြန်လာသည့် အမေရိကန် ရေတပ် အလည်အပတ် ခရီးစဉ်မတိုင်မီ ပတ္တရားတွင် လမ်းဘေး ပြည့်တန်ဆာလုပ်ငန်းများကို နှိမ်နင်း ဩဂုတ်လ ၂၉ ရက်နေ့က ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်း ၂၀၀ ကျော်သည် ထိုင်းနိုင်ငံ၊ ပတ္တရားကမ်းခြေ၊ အမှတ်(၂)လမ်းနှင့် အခြား လူစည်ကားရာ နေရာများကို ဝင်ရောက်စီးနင်းခဲ့ပြီး ခရီးသွားများကို ပြည့်တန်ဆာပြုလုပ်ရန် စည်းရုံးသူ ၂၅ ဦးကို ထိန်းသိမ်းခဲ့သည်။ ထိန်းသိမ်းခံရသူများတွင် ထိုင်းနိုင်ငံသား ၁၈ ဦး၊ လာအိုနိုင်ငံသား ၅ ဦးနှင့် ယူဂန်ဒါနိုင်ငံသား ၂ ဦး ပါဝင်သည်။ အဆိုပါ နှိမ်နင်းမှုသည် စက်တင်ဘာလဆန်းပိုင်းတွင် အမေရိကန် တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့် ပတ္တရားသို့ လာရောက်ရန် မျှော်လင့်ထားသည့် ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။ တာဝန်ရှိသူများက ထိုင်းဥပဒေအရ ပြည့်တန်ဆာလုပ်ငန်းသည် တရားမဝင်ကြောင်း အလေးထားပြောကြားခဲ့ပြီး၊ ယခုစစ်ဆင်ရေးသည် အများပြည်သူ အေးချမ်းသာယာရေးနှင့် ပတ္တရား၏ နိုင်ငံတကာ ခရီးသွားမြို့တော်ပုံရိပ်ကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ NOM

နီပေါရေကြီးမှုအတွင်းလူတစ်ယောက်ကိုဆင်ကကယ်တင် NOM နီပေါနိုင်ငံတွင် ဆင်တစ်ကောင်သည် ပြင်းထန်သော ရေစီးကြောင်းမှ အမျိုးသားတစ်ဦးကို ကယ်တင်ခဲ့သည်။ ရေစီးကြမ်းသော ချောင်းအလယ်ရှိ ကျွန်းငယ်လေးတစ်ခုတွင် အမျိုးသားတစ်ဦး ပိတ်မိနေခဲ့သည်။ ရေစီးကြမ်းနေသော်လည်း ဆင်သည် သူ့ထံသို့ ချက်ချင်း ဦးတည်သွားခဲ့သည်။ အမျိုးသားသည် ဆင်၏ နှာမောင်းကို ဆွဲကိုင်နိုင်ခဲ့သည်။ နီပေါနိုင်ငံတွင် ရေကြီးရေလျှံမှုကြီးကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အရေအတွက်မှာ ၆၂၆ ဦးအထိ ရှိလာခဲ့ပြီး လူပေါင်း ၂၄၀၀ ခန့် ပျောက်ဆုံးနေဆဲဖြစ်သည်။ နီပေါအာဏာပိုင်များက ခရီးသွား ၁၈၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ကြေညာခဲ့သော်လည်း နိုင်ငံ၏ ခရီးသွားကောင်စီ၏ ကြေညာချက်တစ်ခုအရ နောက်ထပ် ခရီးသွား ၄၂၀ ဦးနှင့် အဆက်အသွယ် ပြတ်တောက်နေဆဲဖြစ်သည်။

အီရန်ထံမှ လုံခြုံရေးခြိမ်းခြောက်မှုကြောင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ သားဖြစ်သူအား အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှ အစ
အီရန်ထံမှ လုံခြုံရေးခြိမ်းခြောက်မှုကြောင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ သားဖြစ်သူအား အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှ အစ္စရေးရှင်ဘက် (Shin Bet) လုံခြုံရေးအဖွဲ့ အရေးပေါ် ပြန်လည်ခေါ်ထုတ် အီရန်ထံမှ "ကြီးမားသော ခြိမ်းခြောက်မှု" ကြောင့် ယာအာ နေတန်ယာဟု (Yair Netanyahu) ကို အစ္စရေးသို့ ချက်ချင်းပြန်ခေါ်ရန် ဆုံးဖြတ်ခဲ့ပြီး အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်ရှိ ၎င်း၏ နေထိုင်ရာနေရာမှ အရေးပေါ် ခေါ်ထုတ်ခဲ့ရကြောင်း အစ္စရေးလုံခြုံရေးအဖွဲ့ ရှင်ဘက် (Shin Bet) က အတည်ပြုခဲ့သည်။ သတင်းဖော်ပြချက်များအရ ယာအာကို ချက်ချင်းထွက်ခွာရန် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင်ပစ္စည်းများကိုပင် မယူနိုင်ဘဲ ထွက်ခွာခဲ့ရသည်။ ယာအာသည် ဂါဇာစစ်ပွဲမစမီကတည်းက မိုင်ယာမီမြို့ပြင်ရှိ အဆင့်မြင့် ကွန်ဒိုတစ်ခုတွင် နေထိုင်ခဲ့ပြီး အမေရိကန် အခွန်ထမ်းများ ဘဏ္ဍာငွေဖြင့် ထောက်ပံ့ထားသော ရှင်ဘက်အဖွဲ့၏ လုံခြုံရေးစောင့်ရှောက်မှုကို ရယူနေခဲ့သူ ဖြစ်သည်။ ယာအာ၏ ကိုယ်ပိုင်ယာဉ်မောင်းနှင့် လုံခြုံရေးအဖွဲ့ စရိတ်အပါအဝင် ၎င်း၏ နေထိုင်မှုစရိတ်မှာ အခွန်ထမ်းပြည်သူများ၏ ဘဏ္ဍာငွေထဲမှ တစ်နှစ်လျှင် ဒေါ်လာ ၇ သိန်းခန့် ကုန်ကျကြောင်း အစ္စရေးမီဒီယာများက ဖော်ထုတ်ထားသည်။ NOM

FBI ၏ ဝန်ထမ်းသစ်ခေါ်ယူမှုတွင် ပြည့်တန်ဆာနှင့် ပတ်သက်ခဲ့သည့် ရာဇဝင်အပေါ် စည်းမျဉ်းများ ဖြေလျှော့ — AP သတင်းဌာန ညွှန်ကြားချက်အသ
FBI ၏ ဝန်ထမ်းသစ်ခေါ်ယူမှုတွင် ပြည့်တန်ဆာနှင့် ပတ်သက်ခဲ့သည့် ရာဇဝင်အပေါ် စည်းမျဉ်းများ ဖြေလျှော့ — AP သတင်းဌာန ညွှန်ကြားချက်အသစ်များအရ လျှောက်ထားသူ၏ အတိတ်က ပြည့်တန်ဆာများနှင့် လိင်ပိုင်းဆိုင်ရာ ပတ်သက်ခဲ့ဖူးမှုများသည် အရည်အချင်းပျက်ယွင်းစေသည့် အကြောင်းအရင်းအဖြစ် အလိုအလျောက် သတ်မှတ်တော့မည် မဟုတ်ပါ။ အတိတ်က အခြေအနေနှင့် အကြောင်းအရာအပေါ် မူတည်၍ စဉ်းစားသွားမည်ဖြစ်ပြီး လတ်တလောမှ ဖြစ်ပွားထားခြင်း၊ ထပ်ခါတလဲလဲ ပြုလုပ်ထားခြင်း သို့မဟုတ် ယုံကြည်မှုကို အလွဲသုံးစားလုပ်ထားသည့် ကိစ္စမျိုးဖြစ်ပါက ပယ်ချခံရနိုင်ကြောင်း ဗျူရို (FBI) က ပြောကြားခဲ့သည်။ NOM

မလေးရှားရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၁ ဦးအား CI လက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး ၄ ဦးကို ဆက်လက်စိစစ်နေ
မလေးရှားရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၆၁ ဦးအား CI လက်မှတ် ထုတ်ပေးနိုင်ခဲ့ပြီး ၄ ဦးကို ဆက်လက်စိစစ်နေ

နီပေါနိုင်ငံ ရွှံ့နွံပြိုကျမှုကြောင့် လူ ၆၂၆ ဦး သေဆုံးကာ ၂,၄၂၆ ဦး ပျောက်ဆုံးလျက်ရှိ NOM၊ဩဂုတ် ၂၉၊၂၀၂၆ ဒေသစံတော်ချိန် ဩဂုတ် ၂၉ ရက် နံနက် ၁၀ နာရီအထိ နီပေါနိုင်ငံ ရွှံ့နွံပြိုကျမှု ဘေးဒဏ်သင့်ဒေသ၌ သေဆုံးသူ ရုပ်အလောင်း ၆၂၆ ခု ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ကာ အခြားသူ ၂,၄၂၆ ဦး ပျောက်ဆုံးလျက်ရှိကြောင်း နီပေါနိုင်ငံ အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့က ဩဂုတ် ၂၉ ရက်တွင် လူမှုမီဒီယာ၌ပြောကြားခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လူဦးရေ ၇ သန်းကျော် ၈ သန်းခန့်၏ နေ့စဉ် အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်ရေး၊ ဈေးနှုန်း သက်သာစွာဖြင့် ပြည့်ပြည့်ဝဝ ဝယ်ယူစားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးဇုန် များကို အကောင်အထည်ဖော် ဆောင်ရွက်စေခြင်းဖြစ် နေပြည်တော်၊ ဩဂုတ် - ၂၉ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရန်ကုန်-တွံတေးသွား ကားလမ်းမကြီးတစ်လျှောက် လှည့်လှည်ကြည့်ရှုစစ်ဆေး ပြည်ထော
+2
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ရန်ကုန်-တွံတေးသွား ကားလမ်းမကြီးတစ်လျှောက် လှည့်လှည်ကြည့်ရှုစစ်ဆေး  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ ဩဂုတ် ၂၉ ရက်နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်-တွံတေးသွား ကားလမ်းမကြီးတစ်လျှောက် သွားရောက်ကြည့်ရှုစစ်ဆေးသည်။ နိုင်ငံတော်သမ္မတက ရန်ကုန်မြစ်အတွင်း မြစ်ကြောင်းထိန်းသိမ်းခြင်း လုပ်ငန်းများနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ တာဝန်ရှိသူများကို လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။