ch
Feedback
News Of Myanmar

News Of Myanmar

前往频道在 Telegram

📈 Telegram 频道 News Of Myanmar 的分析概览

频道 News Of Myanmar (@newsofmyanmar) 缅甸语 语言赛道中的 是活跃参与者。目前社区聚集了 12 491 名订阅者,在 新闻与媒体 类别中位列第 15 903,并在 缅甸 地区排名第 10 062

📊 受众指标与增长动态

невідомо 创建以来,项目保持高速增长,吸引了 12 491 名订阅者。

根据 28 六月, 2026 的最新数据,频道保持稳定运转。过去 30 天订阅人数变化为 -221,过去 24 小时变化为 14,整体触达仍然可观。

  • 认证状态: 未认证
  • 互动率 (ER): 平均受众互动率为 9.54%。内容发布后 24 小时内通常能获得 6.70% 的反应,占订阅者总量。
  • 帖子覆盖: 每篇帖子平均可获得 1 192 次浏览,首日通常累积 837 次浏览。
  • 互动与反馈: 受众积极参与,单帖平均反应数为 15

📝 描述与内容策略

作者将该频道定位为表达主观观点的平台:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

凭借高频更新(最新数据采集于 29 六月, 2026),频道始终保持新鲜度与高覆盖。分析显示受众积极互动,使其成为 新闻与媒体 类别中的关键影响点。

12 491
订阅者
+1424 小时
-97
-22130
帖子存档
လက်ဘနွန်အစိုးရအနေနဲ့ အစ္စရေးနဲ့ချုပ်ဆိုထားတဲ့ "သစ္စာဖောက်ရာရောက်တဲ့ သဘောတူညီချက်" ကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းလာမယ်ဆိုရင် ဘယ်လိုကြိုးပမ်းမှုကိုမဆို ထိပ်တိုက်ရင်ဆိုင်သွားမယ်လို့ ဟစ်ဇ်ဘိုလာ (Hezbollah) အဖွဲ့က ပြောကြားလိုက်ပါတယ်။ လက်ဘနွန်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုအောက်မှာရှိတဲ့ ဘယ်ဒေသကနေမှ လက်နက်စွန့်မှာမဟုတ်သလို၊ ဆုတ်ခွာပေးမှာလည်း မဟုတ်ဘူးလို့ အဆိုပါအဖွဲ့က ဆိုပါတယ်။ ဟစ်ဇ်ဘိုလာအမတ် ဟက်ဆန် ဖတ်ဒ်လာလာ (Hassan Fadlallah) က အဆိုပါသဘောတူညီချက်ကို အတင်းအကျပ် အကောင်အထည်ဖော်ဖို့ဆိုတာ "ပြည်တွင်းစစ်ဖြစ်ချင်မှပဲ ဖြစ်နိုင်လိမ့်မယ်" (ဒါမှမဟုတ်ရင် မဖြစ်နိုင်ဘူး) လို့ ပြောကြားခဲ့ပါတယ်။ NOM

ငြိမ်းချမ်းရေးအတွက် EAO များနှင့် ကြိုတင်သတ်မှတ်ချက်မရှိဘဲ ဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ယမန်နေ့
ငြိမ်းချမ်းရေးအတွက် EAO များနှင့် ကြိုတင်သတ်မှတ်ချက်မရှိဘဲ ဆွေးနွေးမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံဖြိုးတိုး တက်မှုအကောင်အထည်ဖော်ရေးဗဟိုကော်မတီအစည်းအဝေး၌ နိုင်ငံတော်သမ္မတက ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုနှင့်ပတ်သက်၍ ပြောကြားရာတွင်- “ကွာဟမှုရှိနေတဲ့ နယ်မြေတွေ ကွာဟမှုမရှိအောင်လုပ်ပေးဖို့ ဒါကတော့ ကျွန်တော်တို့ မလွဲမသွေဆောင်ရွက်မယ့် လုပ်ငန်းတာဝန်တစ်ခု ဖြစ်တယ်ဆိုတာကို ကျွန်တော် ပြောချင်ပါတယ်။ ဒီလိုလုပ်ဖို့ဆိုရင်လည်း တည်ငြိမ်အေးချမ်းရေးက အလွန်အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရသစ် တာဝန်ယူတဲ့အချိန်မှာ ကျွန်တော့်တိုင်းပြည် ငြိမ်းချမ်းအောင်လုပ်မယ်။ ဖွံ့ဖြိုးတိုးတက် အောင် လုပ်မယ်။ ကျွန်တော် ၅ နှစ်အတွင်းမှာ တိုင်းပြည်ငြိမ်းချမ်းအောင် အတတ်နိုင်ဆုံး ကြိုးစား ဆောင်ရွက်မယ်လို့ ကျွန်တော်ပြောခဲ့တယ်။ ရက်ပေါင်း ၁ဝဝ နဲ့ပတ်သက်ပြီး ကျွန်တော်ပြောတဲ့ အချိန်မှာ ငြိမ်းချမ်းရေးအခုလည်း ဖိတ်ခေါ်မှုတွေလုပ်ခဲ့ပါတယ်။ ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့ အစိုးရ ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက် ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ။ တိုင်းရင်းသားလက်နက်ကိုင် ဘယ် အဖွဲ့အစည်းမဆို ဘာကြိုတင်ကန့်သတ်ချက်မှမထားဘူး။ ငြိမ်းချမ်းရေးအတွက် လာပြီးဆွေးနွေးဖို့ ကျွန်တော်ဖိတ်ခေါ်ပါတယ်။ ဒါကို ထပ်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့က ရက်ပေါင်း ၁ဝဝ စီမံချက်ထဲမှာ ထည့်ထားတာ။ ရက်ပေါင်း ၁ဝဝ အတွင်းမှာ ကျွန်တော်တို့ အကောင်အထည်ဖော်ဖို့ပြောထားတာ။ သို့သော်လည်းပဲ တချို့ကျတော့လည်း ဒါကို ကြိုတင် ကန့်သတ်ချက်မရှိဘူး ဆိုပြီးတော့ ရက် ၁ဝဝ လို့ပြောထားတယ် ဆိုပြီးတော့ ပြောကြတာ။ ရက် ၁ဝဝ အတွင်းမှာ ဒါလုပ်တဲ့အတွက်ကြောင့် ဒါလည်း Precaution လို့ယူဆ၊ စကားကို ပေါက်ပေါက် ရှာရှာပြောတယ်။ ဒါ ကပ်ပြီးတော့လုပ်တာ။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင် ဒီနေ့ငြိမ်းချမ်းရေး လိုချင်ရင် ဒီနေ့ရောက်လာလိမ့်မယ်။ ငြိမ်းချမ်းရေးမလိုချင်ရင်တော့ အကြောင်းပြပြီးတော့ အချိန် ဆွဲမှာ။ ကျွန်တော် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်ပါတယ်၊ လာပါ၊ ပြုပါ ဆိုတာ ကျွန်တော်တို့ လုပ်လို့ရတယ်။ တကယ်လည်း ကျွန်တော်လုပ်ချင်ပါတယ်။ အခု ကျွန်တော်ရတဲ့ Channel တိုင်းကနေ ကျွန်တော် ရအောင်ကြိုးစားတယ်။ ကျွန်တော် ဒီငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ရဖို့ဆိုရင် ဘာပဲ ဘယ်လောက်ကုန်ကုန် ငါလုပ်မယ်လို့ပြောတယ်။ တိုင်းပြည်ကို ကောင်းစေချင်တယ်။ ကျွန်တော်တို့ နောက်ကျကျန်ခဲ့ တယ်ဗျ။ ဒါစဉ်းစားကြည့်ပါ။ ကျွန်တော်တို့မှာ ခြေလှမ်းရှေ့တိုးတယ်ဆိုမှ အချုပ်အနှောင်နဲ့ ချုပ်နှောင် ထားတဲ့ ခြေလှမ်းနဲ့ရှေ့တိုးနေရတာ။ တကယ်တော့ မရောက်ဘူး။ ခုန အချုပ်အနှောင်ဆိုတာ ပြဿနာတွေနဲ့ ချုပ်နှောင်ထားတာ။ အခက်အခဲတွေနဲ့ ချုပ်နှောင်ထားတာ။ ကျွန်တော်တို့မှာ လွတ်လွတ်လပ်လပ်မရှိဘူး။ ပြောရရင်တော့ဗျာ မြင်းဇောင်းထဲက ထွက်လာတဲ့မြင်းလို တစ်ခါတည်း ဝုန်းဝုန်းဝုန်းဆိုပြီး ထွက်သွားချင်တာ။ ဒီလိုသွားချင်တာ။ အခုက မသွားနိုင်ဘူး။ အတားအဆီးတွေ ရှိနေတယ်၊ အဲဒီအတားအဆီးတွေက ပဋိပက္ခတွေပါ။ နိုင်ငံရေးပဋိပက္ခ၊ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်နေတယ်။ ကျွန်တော်တို့က ဒါကို ပြတ်အောင်၊ ရှင်းအောင် လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ကျွန်တော်တို့ ပြောချင်ပါတယ်၊ EAO များကို ကျွန်တော် ပြောချင်တယ်။ တကယ်ငြိမ်းချမ်းရေးလိုချင်ရင်လာခဲ့ပါ။ ဘာကြိုတင်သတ်မှတ်ချက်မှမရှိဘဲ ကျွန်တော်တို့ ဆွေးနွေးမယ်” ဟုပြောကြားသည်။

အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က အီရန်တောင်ပိုင်းဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်လို့
အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) က အီရန်တောင်ပိုင်းဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒါဟာ နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီးကတည်းက အီရန်နိုင်ငံပိုင်နက်အတွင်း အပစ်အခတ်ရပ်စဲရေးကို ပထမဆုံးအကြိမ် တိုက်ရိုက်ချိုးဖောက်မှု ဖြစ်ပါတယ်။ မနေ့က ဟော်မုဇ်ရေလက်ကြား အတွင်း အီရန်ဘက်က ရေယာဉ်တစ်စီးကို တိုက်ခိုက်ခဲ့တာကြောင့် အခုလို တုံ့ပြန်တဲ့အနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ရတာဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောကြားထားပါတယ်။ NOM

ငလျင်ဘေးသင့်သူများကိုရှာဖွေရန်မက္ကဆီကိုရှာဖွေကယ်ဆယ်ရေးအဖွဲ့ဗင်နီဇွဲလားရောက်ရှိ NOM ပြင်းထန်သောငလျင်ကြီးနှစ်ခုကြောင့်အပျက်အစီးများအောက်တွင်ပိတ်မိနေသူများပိုရှာဖွေရန်မက္ကဆီကိုစစ်တပ်နှင့်အမျိုးသားအစောင့်တပ်မှတပ်ဖွဲ့ဝင်များသည်ဗင်နီဇွဲလားနိုင်ငံမြောက်ပိုင်းသို့ရောက်ရှိလာသည်။ငလျင်ကြောင့်သေဆုံးသူ၉၂၀ဦးအထိရှိလာပြီးလူတစ်သောင်းကျော်အပျက်အစီးများအောက်တွင်ပျောက်ဆုံးနေဆဲဖြစ်သည်။

မန္တလေးမြို့တွင်ပြုလုပ်သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ ဖျက်ဆီးခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက်ရှိ လေယာဉ်ကွင်းအဟောင်း၌ နံနက် ၀၈၀၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေး နှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်(၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက် နှင့် ရဲအရာရှိကြီးများ၊ မန္တလေးမြို့အခြေစိုက် ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်းအင်အား ၈၇၀ ဦး တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ၏ သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး က ဖတ်ကြားခြင်း၊ စာပေ၊ ဂီတပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်တားဆီး ကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး၊ မြန်မာနိုင်ငံအထက်ပိုင်းဒေသများနှင့် အလယ်ပိုင်းဒေသများမှ ဖမ်းဆီးရမိသည့် ဘိန်း ၅၉၃ ကီလိုခန့်၊ ဘိန်းဖြူ ၁,၆၇၁ ကီလိုကျော်၊ စိတ်ကြွရူးသွပ် ဆေးပြား ၁၇၅ သန်းကျော်၊ အိုက်စ် ၂၃ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး(Happy Water) ၅၃ ကီလိုကျော်၊ ကက်တမင်း ၂၆ ကီလိုကျော်၊ ဆေးခြောက် ၁၀၆ ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး ၂၀ မျိုးနှင့် ဓာတုပစ္စည်း ၇ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၄၁၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁၁၃ သန်းကျော်)အား မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခဲ့သည်။ ယခုနှစ်တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားများကို တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့တွင် ကျင်းပပြုလုပ်ခဲ့ရာ ဘိန်း ၁,၀၆၆ ကီလိုခန့်၊ ဘိန်းဖြူ ၂,၂၄၉ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၁ သန်းကျော်၊ အိုက်စ် ၃၉,၇၀၈ ကီလိုခန့်၊ စိတ်ပြောင်းဆေးဝါး (Happy Water) ၁၅၈ ကီလိုကျော်၊ ဘိန်းစာမှုန့် ၂၆၄ ကီလိုခန့်၊ ဆေးခြောက် ၁,၁၄၈ ကီလိုခန့်နှင့် ကက်တမင်း ၈,၆၁၁ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း ၁၁၀ မျိုး၊ စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၂,၂၁၀ ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၆၀၃ သန်းကျော်)တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းအများအပြား ဖမ်းဆီးရမိကာ ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ မေလ ၃၁ ရက်နေ့အထိ တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၌ ငွေကျပ် ၂,၂၁၀ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ထို့အတူ နံနက် ၀၈၀၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ဒဂုံဧရာကုန်တင်ယာဉ်ရပ်နားကွင်း၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးလှိုင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ် နှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ဘရူနိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ သံအမတ်ကြီးများ၊ ရုရှားနိုင်ငံ၊ လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ တရုတ်နိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ်များ၊ UNODC နှင့် AFP တို့မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ သူနာပြုတက္ကသိုလ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ ကျောင်းသား/ သူများ၊ စုစုပေါင်းအင်အား ၅၀၀ ဦး တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့မှ ဖမ်းဆီးရမိသော ဘိန်းဖြူ ၃၄၄ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀ သန်းကျော်၊ အိုက်စ် ၂၈,၁၄၀ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး(Happy Water) ၅၁ ကီလိုကျော်၊ ဘိန်းစာမှုန့် ၂၆၃ ကီလိုကျော်၊ ကက်တမင်း ၇,၁၁၈ ကီလိုခန့်၊ ဆေးခြောက် ၉၅၄ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၃ မျိုးနှင့် ဓာတုပစ္စည်း ၈ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၁,၁၇၆ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၃၂၁ သန်းကျော်)အား မီးရှို့၊ မြေမြှုပ်ဖျက်ဆီးခဲ့သည်။ ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို နံနက် ၁၀၀၀ နာရီအချိန်တွင်ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများ၊ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း ၄၀၀ ဦး တက်ရောက်ခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ၏ သဝဏ်လွှာကို တိုင်းဒေသကြီး မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး က ဖတ်ကြားခြင်း၊ စာပေ၊ ဂီတပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများနှင့် တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီး ဇွန် ၂၆၊ ၂၀၂၆ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ်များတွင်ကျင်းပခဲ့ပြီး တောင်ကြီးမြို့၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တစ်နှစ်တာကာလအတွင်း ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများဖျက်ဆီးခြင်းကို တစ်ပြိုင်တည်း ကျင်းပခဲ့ကြပြီး စာပေ၊ ဂီတ ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြသည်။ ယနေ့ကျရောက်သည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၌ ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို နံနက် ၁၀၃၀ နာရီအချိန်တွင် တောင်ကြီးမြို့၊ အဝေရာကုန်းသာယာမီးပုံးပျံကွင်းနှင့် ဓာတုပစ္စည်းများ မြေမြှုပ်ဖျက်ဆီးခြင်းကို ၁၁၅၀ အချိန်တွင် ထီဖောင်းကျေးရွာအုပ်စု စည်ပင်အမှိုက်ကျင်းသွားလမ်းဘေးရှိ ကျောက်ကျင်းဟောင်း၌ပြုလုပ်ခဲ့ရာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌကိုယ်စား တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မင်းသူ၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦး နှင့် တပ်မတော်အရာရှိကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများ၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)နှင့် NGO အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ သူနာပြုသင်တန်းကျောင်းတို့မှ ကိုယ်စားလှယ်များ၊ ကျောင်းသား/သူများ၊ ဒေသခံတိုင်းရင်းသား ကိုယ်စားလှယ်များ၊ မြို့မိ/မြို့ဖများ စုစုပေါင်းအင်အား ၁၀၆၀ ဦး တက်ရောက်ခဲ့ကြသည်။ အဆိုပါ မီးရှို့ဖျက်ဆီးပွဲတွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း ၄၇၂ ကီလိုကျော်၊ ဘိန်းဖြူ ၂၃၃ ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၅ သန်းကျော်၊ အိုက်စ် ၁၁,၅၄၄ ကီလိုကျော်၊ စိတ်ပြောင်းဆေးဝါး(Happy Water) ၅၃ ကီလိုကျော်၊ ကက်တမင်း ၁,၄၆၆ ကီလိုခန့်၊ ဆေးခြောက် ၈၅ ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး ၂၄ မျိုးနှင့် ဓာတုပစ္စည်း ၆၉ မျိုး စုစုပေါင်းတန်ဖိုး မြန်မာငွေကျပ် ၆၁၇ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၁၆၈ သန်းကျော်) အား မီးရှို့၊ မြေမြှုပ် ဖျက်ဆီးခဲ့သည်။ နံနက် ၀၈၀၀ နာရီအချိန် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကိုပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများနှင့် ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း ၅၇၇ ဦး တက်ရောက်ခဲ့ကြပြီး ရှမ်းပြည်နယ်၊ မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၏သဝဏ်လွှာကို ရှမ်းပြည်နယ်၊ မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဖတ်ကြားခြင်း၊ စာပေ၊ ဂီတပြိုင်ပွဲ ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူများအား ဆုချီးမြှင့်ခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းများအား လှည့်လည်ကြည့်ရှုခြင်းများ ဆောင်ရွက်ခဲ့သည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများနှင့် တောင်ကြီးမြို
+9
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားများနှင့် တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့တွင် ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများ မီးရှို့၊ မြေမြှုပ်ဖျက်ဆီး ဇွန် ၂၆၊ ၂၀၂၆

ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ ဇွန် ၂၆
+2
ကျိုင်းတုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ ဇွန် ၂၆၊ ၂၀၂၆

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပ ဇွန် ၂၆၊ ၂၀၂၆ နယ်စပ်ဒ
+7
နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ အစည်းအဝေးကျင်းပ ဇွန် ၂၆၊ ၂၀၂၆ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေးဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားသည်။

စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကျင်းပ၊ စားရေရိက္ခာမူဝါဒကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစက
+2
စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကျင်းပ၊ စားရေရိက္ခာမူဝါဒကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြား ဇွန် ၂၆၊ ၂၀၂၆ စားရေရိက္ခာမူဝါဒကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတရုံးတော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စားရေရိက္ခာမူဝါဒကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်တက်ရောက်အမှာစကားပြောကြားသည်။

အကြမ်းဖက်သမားအချင်းချင်းသတ်ဖြတ်။
+1
အကြမ်းဖက်သမားအချင်းချင်းသတ်ဖြတ်။

အမေရိကန်နိုင်ငံအနေနဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားတဲ့ နိုင်ငံခြားသားတွေကို နောက်နောင် လက်ခံတော့မှာ မဟုတ်ကြောင်း အိမ်ဖြူတော် ဒုတိယအကြံပေးအရာရှိချုပ် စတီဖင် မစ်လာ က ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ အဲဒီလို ခိုလှုံခွင့်တောင်းခံမှုတွေကို တခြားနိုင်ငံတွေဆီပဲ လွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။ NOM

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ နံရံပန်းချီများ လေ့လာနိုင် ဇွန် ၂၆၊ ၂၀၂၆ မန္တလေး
+9
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ နံရံပန်းချီများ လေ့လာနိုင် ဇွန် ၂၆၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ခရီးသွား ဘုရားဖူး၊လေ့လာရေးရောက်ရှိခဲ့ပါက မင်းနန်သူကျေးရွာအနီး လေးမျက်နှာဘုရားအတွင်းရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်လေးဆူးအားဖူးမြော်ပြီး အမိုးခုံးမျက်နှာကျက်များတွင် အပြည့်ရေးဆွဲထားသည့်နံရံဆေးရေးပန်းချီများကိုလေ့လာနိုင်ကြောင်းရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲ၊တာဝန်ရှိသူများထံကသိရသည်။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မင်းနန်းသူကျေးရွာအနီး လေးမျက်နှာဘုရားသည်  အရှေ့ဘက်မုခ်လှည့် ကွမ်းတောင်ပေါက်းဂူဘုရားဖြစ်ပြီး၊ငါးရာ့ငါးဆယ်နှင့် ဗုဒ္ဓဝင်ဇာတ် ကွက် နံရံဆေးရေးပန်းချီများရေးဆွဲထားသည်ကို မင်စာနှင့်တကွလေ့လာတွေ့ရှိနိုင်သည်။ လေးမျက်နှာဘုရားအနီးအနားဝန်းကျင်တွင် ကြီးမားသောအုတ်ကျောင်းကြီးများ၊သိမ်နေ ရာဟောင်း၊ ဓမ္မသာလဆောင်၊ အုတ်ဇရပ်၊ လေးထောင့်ကန်နှင့်ကြီးမားသောတံတိုင်းကြီးနှင့် အဆောက်အအုံများစွာကို တွေ့ရှိလေ့လာနိုင်သည်။ ခရစ်နှစ် ၁၂၂၃ ခုနှစ်တွင် အမတ်ကြီး မဟာသေနပတိအနန္တသူရမောင်နှံက တည်ဆောက်လှူဒါန်းခဲ့ကြောင်း ၎င်းတို့ရေးထိုး ထားခဲ့သည့် ကျောက်စာမှတ်တမ်းများအရသိရှိနိုင်သည်။ လေးမျက်နှာဘုရား၏ အရှေ့တောင်ဘက်တွင် မင်းနန်သူရှုခင်းကြည့်တောင်ကုန်း၊မင်းနန် သူလေးထောင့်ကန်၊အနောက်ဘက်တွင် မိဖုရားဖွားစောတည်ထားသည့် စောလဝန်းဘုရား၊ ဆင်ဖြူရှင်အုတ်ကျောင်းတိုက်အစုအဝေး၊မြောက်ဘက်တွင် နရသီဟပတေ့ဘုရား၊ ဘုရားသုံဆူ၊ သမ္ဘူလဘုရားတို့ကိုလည်း တစ်ဆက်တစ်စပ်တည်းဖူးမြော်လေ့လာနိုင်ကြောင်း သိရသည်။

ဒလတွင် လင်မယားနှစ်ဦးကို သတ်သည့် တရားခံနှစ်ဦးအားဖမ်းဆီးရမိ NOM ဇွန် ၂၆၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်က
+2
ဒလတွင် လင်မယားနှစ်ဦးကို သတ်သည့် တရားခံနှစ်ဦးအားဖမ်းဆီးရမိ NOM ဇွန် ၂၆၊ ၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်၊ အုတ်လှငယ်လမ်း၊ အမှတ် ၂၉၀ နေအိမ်တွင် အိမ်ရှင်ဦးအောင်ကျော်ကျော်နှင့် ဒေါ်နွယ်နွယ်ထွန်း (ပြည့်ဝကုန်ခြောက်ဆီဆိုင်ပိုင်ရှင်) တို့နှစ်ဦးသည် နေအိမ်ဒုတိယထပ်ဘုရားခန်းအတွင်း ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုအိမ်တွင်နေသည့် ဆိုင်ဝန်ထမ်းများက ဇွန်လ ၂၆ ရက် နံနက် ၇း၀၀ နာရီတွင် တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးရာလင်မယားနှစ်ဦးသည် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေပြီး ရေချိုးခန်းအတွင်း သွေးများပေနေသော အသွား ၆ လက်မရှိ ဓားတစ်ချောင်းနှင့် စကေဘာတစ်ချောင်းကိုတွေ့ရှိခဲ့သည်။ အိမ်တွင်တပ်ဆင်ထားသော CCTV ကိုစစ်ဆေးရာလူနှစ်ဦးသည် ဇွန်လ ၂၅ ရက်ည ၁၀:၁၀ နာရီအချိန်တွင် အိမ်အတွင်းဝင်ရောက်လာကြောင်းတွေ့ရှိခဲ့သည်။ အဆိုပါဝင်ရောက်လာသူနှစ်ဦး၏ပုံကို ဆိုင်ဝန်ထမ်းများအားပြသမေးမြန်းရာ လွန်ခဲ့သော ၈ လကအလုပ်မှ ထွက်သွားသော ဆိုင်ဝန်ထမ်းဟောင်း ဗိုလ်ထီး (ခ) မျိုးဇော်နှင့် ငမျိုး (ခ) မျိုးဇော်အောင်တို့ဖြစ်ကြောင်းသိရသည်။ ထို့ကြောင့်ရဲတပ်ဖွဲ့က ဖြန့်ခွဲရှာဖွေရာ လူသတ်တရားခံ ဗိုလ်ထီး (ခ) မျိုးဇော်နှင့် ငမျိုး (ခ) မျိုးဇော်အောင်တို့ နှစ်ဦးကို လှိုင်သာယာနှင့် သာကေတမှဖမ်းမိရမိကြောင်းသိရသည်။ NOM

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေး
+1
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ခဲ့သည့် ကြေညာချက်အပေါ် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ဝေဖန်ရှုတ်ချလိုက်ပြီး ယင်းထုတ်ပြန်ချက်သည် အခြားနိုင်ငံ၏ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ရာရောက်ကြောင်း၊ တာဝန်မဲ့ပြီး ရန်စလိုသည့်သဘောဆောင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် ဒေသတွင်း၌ ရန်လိုသည့်မူဝါဒများနှင့် ဝင်ရောက်စွက်ဖက်သည့် မူဝါဒများကို ဆက်လက်ကျင့်သုံးနေခြင်းအပေါ် အီရန်အစိုးရက သတိပေးလိုက်သည်။ ထို့ပြင် အီရန်ဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ ဧပြီ ၈ ရက်အတွင်း အမေရိကန်၏ အီရန်အပေါ် တိုက်ခိုက်မှုများကို ထောက်ပြခဲ့ပြီး အဆိုပါ စစ်ဆင်ရေးများတွင် ဒေသတွင်းနိုင်ငံများ၌ အခြေစိုက်ထားသည့် စစ်စခန်းများနှင့် အဆောက်အအုံများကို အမေရိကန်က အသုံးချခဲ့ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်အစိုးရ အနေဖြင့် ဒေသတွင်းနိုင်ငံများ၏ လုံခြုံရေးနှင့် နိုင်ငံအချင်းချင်းကြား တည်ဆောက်ထားသည့် အပြုသဘောဆောင်သော ဆက်ဆံရေးများအပေါ် တန်ဖိုးထားမှု အလွန်နည်းပါးကြောင်း အဆိုပါလုပ်ရပ်များက သက်သေပြနေသည်ဟု အီရန်က ဆိုသည်။ NOM

အမေရိကန်နှင့် ပါရှန်ပင်လယ်ကွေ့ အာရပ်နိုင်ငံများ၏ ပူးတွဲကြေညာချက်- ဒေသတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် အီရန်၏ ခြိမ်းခြောက်မှုများဖြစ်သော ဒုံးကျည်များ၊ ဒရုန်းများနှင့် လက်ဝေခံ လက်နက်ကိုင်အဖွဲ့အစည်းများကို ထောက်ပံ့ပေးနေမှုများအား တုံ့ပြန်ရင်ဆိုင်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။ NOM

တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု စိတ်စေတနာကောင်းများဖြင့် ခံယူချက်ကောင်းစွာ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေး
+8
တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု စိတ်စေတနာကောင်းများဖြင့် ခံယူချက်ကောင်းစွာ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေး မလွဲမသွေတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား   ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ နိုင်ငံတော်သမ္မတက တိုင်းပြည်ကောင်းအောင် ဆောင်ရွက်သွားမည်ဟု စိတ်စေတနာကောင်းများဖြင့် ခံယူချက်ကောင်းစွာ ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေး မလွဲမသွေတိုးတက်ကောင်းမွန်လာမည် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။   ထို့ပြင် နိုင်ငံတော်သမ္မတက MSME လုပ်ငန်းများသည် နိုင်ငံတစ်ခု၏ GDP တိုးတက်ရေးတွင် အဓိကပါဝင်သည်ကိုတွေ့ရှိရကြောင်း၊ MSMEလုပ်ငန်းများကို နိုင်ငံ၏စီးပွားရေးကိုအားပေးမြှင့်တင်ရန်၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကိုမြှင့်တင်ရန်၊ သွင်းကုန်အစားထိုးရန်နှင့် တန်ဖိုးမြှင့်ပစ္စည်းများ ထုတ်လုပ်၍ ပြည်ပတင်ပို့ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေများတိုး မြှင့်ရရှိရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတမှ လမ်းညွှန်မှာကြား
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာ ဖြည့်ဆည်းပေးနိုင်သည့် နိုင်ငံ ဖြစ်ရမည်ဟု နိုင်ငံတော်သမ္မတမှ လမ်းညွှန်မှာကြား

မလှိုင်မြို့နယ်၊ သဘွတ်ကုန်းကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သုံးနှစ်အရွယ်ကလေးအပါအဝင် အပြစ်မ
+1
မလှိုင်မြို့နယ်၊ သဘွတ်ကုန်းကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သုံးနှစ်အရွယ်ကလေးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇွန် ၂၆၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ဇွန်လ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇွန်လ ၂၄ ရက်နေ့ ညနေ ၅ နာရီခွဲတွင် မလှိုင်မြို့နယ်၊ သဘွတ်ကုန်းကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ မရွှေလှိုင်သူ (၁၈) နှစ်နှင့် မဆောင်းယွန်းမေ (၃) နှစ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ NOM