803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
တစ်ခုလပ် "
အပိုင်း ( ၄ )
****
အမြဲတမ်း ကိုယ်ပိုင် အလုပ်ပဲ လုပ်ခဲ့သူဖြစ်သောကြောင့် အလုပ်ထဲမှာ နွေးနွေး မပျော်နိုင်ခဲ့ပါ။ ရသောလစာနှင့် လုပ်ရသော လုပ်အားက ဝန်မ မျှခဲ့ပေ။မနက်ဆို ( ၇ ) နာရီ အရောက်သွားရပြီး တစ်နေကုန်ကားတစ်စီးနှင့် ဖိနပ်အရောင်းထွက်ရသည်။ဆိုင်ဟောင်းဆိုလျှင် မှာသောဖိနပ်များကို ၀င်ချပေးရုံဖြစ်သော်လည်း ဆိုင်သစ်ဆိုလျှင် အားပေါက်မတတ် ရှင်းပြပြောပြပြီး ဖောက်သည်စပ်ရသည်။နေကုန်နေခန်း ကားပေါ် ဆင်းလိုက် တက်လိုက်နှင့် အချိန်ကုန်ရသည်။ထမင်းစားချိန်လည်း မမှန် ကြုံသလိုလမ်းဘေးမှာ ကားရပ်ပြီးစားကြရသည်။တစ်ခါတလေ ညနေ သုံးနာရီလေးနာရီအထိ မနက်စာမစားရဘဲ သက်မှတ် ရောင်းကြေးမီအောင် သွားရလာရသည်။ညနေသို့ ရောက်သောအခါ ငါးနာရီကျော်သည်နှင့် အရောင်းရပ်ပြီး ပြန်သော်လည်း လမ်းမှာကား ပိတ်သည်နှင့် ဆိုင်သို့ ညခုနှစ်နာရီကျော်မှ ပြန်ရောက်သည်။ဆိုင်သို့ ရောက်သည်နှင့် ရောင်းရငွေကို အပ်ပြီး စားရင်တင်ပြရသည်။စာရင်းကွာ၍ ငွေအလို ပြလျှင်လည်း အရောင်းသမားတွေကပဲ စိုက်လျော်ရသည်။အားလုံး ပြီးစီး၍ အဆောင်သို့ပြန်ရောက်လျှင် ညဆယ်နာရီကွက်တိပင်။ သည်ကြားထဲ အလုပ်ပင်ပန်းတာထက် အလုပ်သမားအချင်းချင်း ပညာပြခံရ၊ အနှိမ်ခံ အပြောခံရသည်မှာ ဆိုးလှသည်။အလုပ်မှာ ကျွမ်းကျင်နေသော ဝါရင့်အလုပ်သမားများက အလုပ်သမားအသစ်မို့ နှိမ်ချင်ပြောချင်သည်။ကြာသောအခါ လူသည် စက်ရုပ်ကဲ့သို့ပင် ဖြစ်လာသည်။ကိုယ့်ရပ်ကွက်လေးမှာပင်ပြန်၍ ဈေးဆိုင်လေးဖွင့်ပြီး ဘ၀ကို အေးအေးလူလူ ဖြတ်သန်းချင်လာသည်။သို့သော်လည်း ပြန်ရန်မဝံ့ရဲပါ။ရပ်ကွက်ထဲမှ မိတ်ဆွေအပေါင်းအသင်းများ၏ မျက်နှာကို ကြည့်ရန် သတ္တိမရှိသေးပါချေ။အချိန်ကာလတစ်ခုကြည်အထိ ကြိတ်မှိတ်၍ နေရလိမ့်မည်ထင်ပါသည်။
~~~~
အချိန် တစ်နှစ်ကျော်ခန့် အကြာတွင် နွေးနွေးသည် အလုပ်မှာကျင့်သားရလာသည်။ရသမျှ ငွေကို စုဆောင်း၍ထားသည်။ နွေးနွေး၏ ရည်မှန်းချက်သည် အသက်သုံးဆယ်တွင် အိုးပိုင် အိမ်ပိုင်နှင့် ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းရန်ပင် ဖြစ်လေသည်။
"မနွေးကိုလေ ကျော်ကျော်ကစိတ်ဝင်စားလို့တဲ့ ...အဲ့ဒါ ညီမကို အောင်သွယ်ခိုင်းနေတယ် "
အလုပ်အတူလုပ်နေသော နေခြည်၏ စကားကြောင့် နွေးနွေး မျက်မှောင်ကို ကြုတ်လိုက်မိသည်။ကျော်ကျော်ဆိုသည်မှာ နွေးနွေးလိုပင် ရန်ကုန်မြို့စွန်တစ်နေရာမှ မြို့ထဲအဆောင်မှာလာနေပြီး အလုပ်လုပ်နေသော ကောင်လေးဖြစ်သည်။နွေးနွေးထက် လေးငါးနှစ်လောက်ငယ်မည် ထင်သည်။
"မဖြစ်နိုင်တာ နေခြည်ရယ် သူ့အသက်က အခုမှ နစ်ဆယ်ကျော်လေး မဟုတ်လား ....အစ်မ အဲ့ဒါတွေကို စိတ်မ၀င်စားဘူးလို့ ပြောလိုက်ပါကွယ် "
အသက်နှစ်ဆယ်ကျော်စ ထိုကောင်လေးကို နွေးနွေးစိတ်မဝင်စားပါ။ ထိုကောင်လေးကိုမှ မဟုတ် မည်သူ့ကိုမျှ နွေးနွေးစိတ်မ၀င်စားပါ။ထိုသို့ နွေးနွေး၏စိတ်ကို ငယ်သူငယ်ချင်းများကိုသာ ပြောပြမိလျှင် သူတို့စိတ်ထဲ၌ မောင်မောင်လတ်ကို မမေ့နိုင်သေးသောကြောင့်ဟု ပြောကြလိမ့်မည်ထင်သည်။အမှန် ဆိုရလျှင် အချစ်ဆိုသော အရာကို နွေးနွေး သေချာ မသုံးသပ်တတ်ပါချေ။မောင်မောင်လတ်နှင့် ပတ်သက်၍ နွေးနွေး၏ရင်ထဲ၌ မည်သို့သောခံစားချက်မျှ မကျန်ခဲ့သည်မှာ သေချာသည်။တစ်ခါတစ်ရံ၌ အဝေးသို့ ထွက်မသွားသော မောင်မောင်လတ်ကို အဝေးသို့ ပြောင်းသွားစေချင်သည့် စိတ်မှအပ နွေးနွေးတွင် ဘာခံစားချက်မျှမရှိပါလေ။ မောင်မောင်လတ်သည် လည်း မျက်နှာပြောင်တိုက် အကြောတင်းလှသည်ဟု ပြောရလေမည်လား။ သူ့ရပ်သူ့ရွာသို့မပြန်ဘဲ ရပ်ကွက်ထဲတွင် နာမည်ရနေပြီဖြစ်သော သူ့ဆိုင်မှာပင် နေသည်တဲ့လေ။
~~~~~
"မနွေး အတူတူ ပြန်ရအောင်လေ ...မိုးတအား ချုပ်နေပြီ "
နွေးနွေးသည် ဆိုင်ထဲမှ ထွက်လာခဲ့စဉ် ဆိုင်၏မလှမ်းမကမ်းတွင် ရပ်စောင့်နေသော ကျော်ကျော့်ကို တွေ့လိုက်ရသောကြောင့် အံ့သြသွားမိလေသည်။အဘယ်ကြောင့်ဆိုသော် နွေးနွေး ငှားနေသော အဆောင်သည် ဖိနပ်ဆိုင်နှင့် နှစ်မှတ်တိုင် အကွားအဝေးတွင်ရှိသော်လည်း ကျော်ကျော်သည် ဖိနပ်ဆိုင်အနီးမှ အဆောင်တွင်ပင် နေသူဖြစ်လေသည်။
"ဘယ်ကို တူတူသွားမှာလဲ ...မင်းက ဒီနားမှာပဲနေတာ မဟုတ်လား "
နွေးနွေးသည် ကျော်ကျော်ကို ပြန်မေးလိုက်သည်။ကျော်ကျော်သည် နွေးနွေးကို စိတ်ဝင်စားနေသည်ဟု ဆိုသော်ငြားလည်း ရည်မွန်ယဉ်ကျေးသော လူငယ်လေးလည်းဖြစ် အလုပ်လည်းတူတူလုပ်နေရသောသူဖြစ်သောကြောင့် နွေးနွေး အခင်အမင်မပျက်ပင်ခေါ် ပြောနေမိခြင်းဖြစ်လေသည်။
" ကျွန်တော် အဆောင်ပြောင်းလိုက်ပြီလေ ...မနွေးနေတဲ့ အဆောင်နားမှာပဲလေ "
ကျော်ကျော်က ပြောရင်း ရှေ့မှလျှောက်၍သွားလေသည်။နွေးနွေးလည်း ဘာမှ အထွေအထူး ပြောမနေတော့ဘဲ ကျော်ကျော့်် နောက်မှ လိုက်လျှောက်သွားလိုက်သည်။ညကိုးနာရီကျော်ပြီမို့ လမ်းပေါ်တွင် သွားလာနေသူများမှာ မိန်းမသားများ သိပ်မရှိဘဲ ယောကျာ်းသားများ ပို၍များလေသည်။ကျော်ကျော်သည် ရှေ့မှ နှုတ်ဆိတ်လျက် သွားနေသော်လည်း နောက်သို့ မကြာခဏ လှည့်၍ ကြည့်လေသည်။ဘာပဲဖြစ်ဖြစ် နွေးနွေး အတွက် အဖော်ရသောကြောင့် နွေးနွေးလည်း မသိဟန်ပြု၍နေလိုက်လေသည်။
နွေးနွေးနေသော အဆောင်ရှေ့သို့ရောက်သောအခါ နွေးနွေး အဆောင်ထဲဝင်လာသည်အထိ ကျော်ကျော်ရပ်ကြည့်နေသည်ကို နွေးနွေး တွေ့လိုက်ရလေသည်။
~ ~~~~~
ခံစားချက်များသည်ပင် နွေးနွေး၏ ရပ်ကွက်လေးကို ကျောခိုင်းစွန့် ခွါရန် အကြောင်း လုံလောက်ခဲ့လေသည်။
~~~~~
နေရာသစ်သည် နွေးနွေးကို ခပ်စိမ်းစိမ်းပင် ကြိုဆိုနေခဲ့လေသည်။နွေးနွေးသည် ပါလာသော ငွေလေးကို စုစုဆောင်း ဆောင်းထားလိုက်ပြီးလျှင် ဖိနပ်အရောင်းဆိုင်တစ်ဆိုင်တွင် အလုပ်ဝင်လိုက်လေသည်။
====================
အပိုင်း (၄ ) ဆက်ရန်
ဧကြည်ဖြူ
ပြောင်လာခဲ့သည်မဟုတ်ပါလား။
~~~~~
"နွေးနွေးရေ ...နင့်အစ်မအေးရီလေ ဒေါ်ချယ်ရီဆွေတို့အိမ်ရှေ့မှာ စိန်သွားခေါ်နေတယ် .. သူ့သမီး ဆွေဆွေနိုင်တော့ မရှိတာကြာပြီလို့ပြောတယ် ... နင့်အစ်မကို သွားခေါ် အုံးလေ ...နင့် ခဲအိုတော့ ဆွဲခေါ်နေတယ်ဟဲ့ "
ကြားရသော စကားသည် နွေးနွေး၏ စိတ်အစဉ်ကို ညစ်နွမ်း ရှုပ်ထွေးသွားစေသည်။သတင်းစကားပါးလာသူ များသည် ဆိုင်ရှေ့မှ ထွက်မသွားသေးဘဲ နွေးနွေးကို အကဲခတ်ကြည့်နေကြမှန်း နွေးနွေး သိသည်။သူတို့သည် နွေးနွေး၏မျက်နှာကို မျက်တောင်မခတ်တမ်းကြည်၍နေကြပေလိမ့်မည်ထင်သည်။အတန်ကြာ နွေးနွေးကိုစူးစမ်းကြည့်နေပြီးနောက် နွေးနွေးဆီမှ တုံ့ပြန်မှုကို မမြင်ရသောအခါ သနားသည့် ဟန်ပန် အမူအရာဖြင့် ထွက်သွားကြလေသည်။သူတို့သည် နွေးနွေးဆီမှ ဘယလိုတုံ့ပြန်မှုမျိုးကို မျှော်လင့်နေကြသည်လည်း နွေးနွေးမတွေးချင်သော်လည်း တွေးနေမိပြန်သည်။နွေးနွေးစိတ်ပျက်အားငယ်နေသည်ကို သူတို့မြင်ချင်ကြသည်လား ။ သို့တည်းမဟုတ် အမျက်ဒေါသထွက်လျက် ရန်လိုနေသော နွေးနွေး၏ ပုံစံကို မြင်ချင်ကြလေသည်လားမသိပါချေ။သေချာသည်မှာ နွေးနွေးသည် မောင်မောင်လတ်နှင့် ဆွေဆွေနိုင် ဆိုသော အမျိုးသမီးကြောင့် ရင်ထဲတွင် အနာတရ မကျန်ခဲ့သော်လည်း ပတ်ဝန်းကျင်၏ အကြည့်များကြောင့် တစ်နေ့တစ်ခြား သိမ်ငယ်လာသလို ခံစားနေရလေသည်။
~~~~~
" ကိုယ့်ရပ် ကိုယ့်ရွာကို စွန့်ပြီး ဘာကိစ္စ နင်က ပြောင်းရမှာလဲ .. ဘယ့်သူကို ဂရုစိုက်ရမှာလဲ ...သူတောင် အရှက်မရှိနေရဲသေးတဲ့ဟာ ... နင်က ဘာလို့ ထွက်ပြေးရမှာလဲ "
ထိုသို့ အစ်မဖြစ်သူတားနေသည့်ကြားမှ နွေးနွေးအိမ်ပြောင်းရွေ့ခဲ့သည်။မပြောင်းလို့လည်း မဖြစ်ချေ။မိတ်ဆွေသူငယ်ချင်းများအပါအ၀င် ပတ်ဝန်းကျင်ရှိ လူများသည် မောင်မောင်လတ်၏ သတင်းကို နွေးနွေးဆီသို့ မရောက်ရောက်အောင်ပင် သယ်ဆောင်လာတတ်ကြသည်။မောင်မောင်လတ်သည် ဆွေဆွေနိုင်ဆိုသော အမျိုးသမီးကို အခြားရပ်ကွက်တွင် အိမ်ငှားပေးထားပြီး ညဘက်တွင် ထိုအိမ်သို့ သွားအိပ်ပြီး မနက်စောစောမှ ဆိုင်သို့ ပြန်လာတတ်ကြောင်း နှင့် မတော်ရသေးသော ယောက္ခမများကိုလည်း ထောက်ပံ့ကြောင်း သတင်းများကို သယ်ဆောင်လာကြလေသည်။အမှန်ဆိုရမူ ထိုသတင်းများအတွက် နွေးနွေးတင်ရင်ထဲ၌ ခံစားချက်ကင်းမဲ့လှပါသည်။သို့သော်လည်း ပတ်ဝန်းကျင်၏ အကြည့်များ ၊ အပြောများကိုမူ ကြာလေ နွေးနွေး ရင်မဆိုင် ရဲလေဖြစ်လာခဲ့မိလေသည်။
"သူကြင်မှ ကိုယ်ကြင်ပါ နွေးနွေးရယ် ..ဒီလိုကောင်ကို မေ့ပစ်လိုက်စမ်းပါအေ "
"တစ်ယောက် မကောင်း တစ်ယောက် ပြောင်းလိုက်စမ်းပါအေ ... ဘာလွမ်းစရာရှိလဲ "
"သူယူလိုက်တဲ့ဟာမထက် နင်က အပုံကြီးလှပါတယ် နွေးနွေးရယ် ...ဒီလိုကောင်ကို ဆွေးမနေနဲ သူ့ထက်သာတာကို ရှာယူပြလိုက်စမ်းပါ "
ကြာသောအခါ ထိုစကားလုံးများကြောင့် နွေးနွေးသည် အဝေးဆုံးသို့ ပြေးထွက်သွားချင်မိသည်။ သူတို့၏စိတ်ထဲတွင် နွေးနွေးသည် မောင်မောင်လတ်ကြောင့် ကြေကွဲခံစားနေရသည် ဆိုသော အထင်ကို နွေးနွေး ရင်မဆိုင်ရဲတော့ပါချေ။နွေးနွေး အလှပြင်လျှင်လည်း မောင်မောင်လတ်ကို မခံချင်စိတ်ကြောင့် မာနနှင့် နေပြသည် ဟု ထင်ကြေးပေးကြပြန်သည်။တစ်ခါတလေများ နွေးနွေး မပြင်မဆင်နေမိလျှင်လည်း မောင်မောင်လတ်ကြောင့် ပူပန်သောကများနေသည်ဟု ပြောကြပြန်လေသည်။ နွေးနွေး အနေနှင့် ဘယ်လိုနေနေ ပတ်ဝန်းကျင်၏ အပြောများမှ မလွတ်မြောက်နိုင်ခဲ့ပါ။တစ်ခါတစ်ရံ နွေးနွေးစိတ်လိုလက်ရနှင့် "သူတို့နဲ့ ပတ်သက်ပြီး ကျွန်မမှာ ဘာခံစားချက်မှ မရှိဘူး''ဟု ဖြေရှင်းမိလျှင် သူတို့သည် နွေးနွေး မျက်နှာကို ကြည့်ပြီး စုတ်တသပ်သပ်နှင့် ဖြစ်ကြလေသည်။အခံရအခက်ဆုံးမှာ နွေးနွေး၏ အခင်မင် ဆုံး မိတ်ဆွေသူငယ်ချင်းများသည်ပင်
"နွေးရေ ...ငါမနက်က အဲ့ဒီကောင်ကို တွေ့တော့ စောင်းမြောင်းပြီး ပြောဆို ပစ်လိုက်တယ်သိလား ... နင့်အတွက် မခံနိုင်လွန်းလို့ပါဟယ် ...ဒီလိုကောင်ကို နင် တမ်းတမနေနဲ့နော် "
"အဲ့ဒီကောင် ရုပ်လေ ... နင်နဲ့နေတုန်းက ပုံစံနဲ့ တခြားစီပဲဟယ်...ဟိုကောင်မဆိုတာလဲ ...အရှက်မရှိတဲ့ရုပ်နဲ့ပါဟယ် ...ဒီလိုကောင် အတွက် နင်ဘာမှ ခံစား နေစရာမလိုဘူး "
ကြာသောအခါ နွေးနွေးပေါက်ကွဲချင်လာမိသည်။ မောင်မောင်လတ် အကြောင်းကို လာပြောသူမှန်သမျှကို မောင်မောင်လတ်နှင့် ပြောဆို ပေးစားချင်သော စိတ်ရိုင်းများပင် ဝင်လာမိသည်။သည်ကြားထဲ၌ အစ်မဖြစ်သူ မအေးရီကလည်း မောင်မောင်လတ်ကို မကြာခဏ သွားရောက် စောင်းမြောင်း ပြောဆိုနေတတ်သောကြောင့် နွေးနွေးမှာ သာ၍ပင် စိတ်ဆင်းရဲရပြန်လေသည်။ကြာသောအခါ နွေးနွေး ငယ်စဉ်ကပင် ကျင်လည်ခဲ့သော ပတ်ဝန်းကျင်သည် နွေးနွေးကို နွေးနွေးအဖြစ် မြင်မပေးနိုင်တော့ဘဲ ယောကျာ်း ဖောက်ပြန်သွားသောသူ၊ မယားငယ်ယူသွားတဲ့သူရဲ့ ကျန်ရစ်သော မယားကြီးအဖြစ်သာမြင်ကြလေသည်။ယုတ်စွအဆုံး နွေးနွေးအပြင်ထွက်သော အခါ ကြည့်သော မျက်လုံးများကို နွေးနွေး ကြောက်ရွံ့လာမိသည်။ဖောက်ပြန်ခဲ့သူသည် မောင်မောင်လတ်ဖြစ်လင့်ကစား စွန့်ပစ်ခဲ့သူမှာ နွေးနွေးပါဟု အားလုံးသိအောင်ပင် အော်ဟစ်ပြောဆိုချင်လာမိသည်။ ထိုကိစ္စများအတွက် မည်မျှလောက်အထိ နွေးနွေးကိုရိုက်ခက်ခဲ့သည်လည်း ဆိုရသော် တစ်ခါတလေ နွေးနွေးစိတ်ထဲ၌ မောင်မောင်လတ်တို့ကို သတ်ပစ်ချင်စိတ်များပင် ပေါ်ပေါက်မိသည် အထိဖြစ်ပါလေသည်။ထိုသို့
မောင်မောင်လတ်၏ ဖုန်းထဲမှ စာများကို ဖတ်ပြီး နွေးနွေးမျက်လုံးထဲတွင် ပျာခနဲ မိုက်ခနဲ ဖြစ်သွားမိသည်။ထို့နောက် ထိန်းထားသည့်ကြားမှပင် မောင်မောင်လတ်၏ ဖုန်းကို ဆတ်ခနဲ ဆွဲယူပစ်လိုက်သည်။
"ဟာ ..နွေး မင်း ဘာလုပ်တာလဲ "
မောင်မောင်လတ်သည် ရုတ်တရက်မို့ ထိတ်လန့် အံ့ဩသွားပုံရသော်လည်း နွေးနွေး၏ လက်ထဲမှ ဖုန်းကို ပြန်လုယူလိုက်ပြီးနောက် ကြမ်းပြင်ပေါ်သို့ ပေါက်ခွဲပစ်လိုက်လေသည်။
" ရှင် ...ရှင် ဒါဘာလုပ်တာလဲ....အဲ့ဒီမိန်းမက ဘယ်သူလဲ ...ဘယ်ကလဲ ... ပြောလေ ပြော ...ကဲဟာ ....ကဲဟာ "
"ဖြန်း ..ဖြန်း ...ဖြန်း "
မည်မျှပင်ကိုယ့််စိတ်ကို နိုင်ပါသည်ဟု ဆိုသော်ငြား လက်တွေ့ကြုံလိုက်ရသောအခါတွင် နွေးနွေး၏ စိတ်တွေလွတ်ထွက်သွားသည်။ဒေါသတကြီးနှင့် မောင်မောင်၏ ပါးပြင်ကို ဘယ်ပြန်ညာပြန် ချပစ်လိုက်သည်။ပြီးလျှင် ကိုယ့်ကိုယ်ကို အသဲမာသည်ဟု ထင်ထားမိသော နွေးနွေးသည် ရှိုက်ကြီးတငင် ငိုချလိုက်မိသည် ။
~~~~~~~
"ဘာ ကွားရှင်းတော့မယ် ဟုတ်လား မိနွေး ...လွယ်လှချည်းလားအေ ... ဘယ်သူ ဝမ်းသာဖို့ ကွာရှင်းမှာလဲ ... ယောက်ျားဆိုတာ တစ်ကြိမ်တစ်ခါတော့ မှားဖူးမှာပဲ .. ဒါကို သည်းခံရမှာက မိန်းမတွေ တာဝန်ပဲ "
အစ်မဖြစ်သူပြောသောစကားများကို နွေးနွေးနားထောင်နေလိုက်သည်။နွေးနွေးစိတ်တွင်း၌မူ သည့်ထက်ပို၍ သည်းခံနိုင်စွမ်းအားမရှိတော့ပါချေ။
"အဲ့ဒီဟာမ ဘယ်သူလဲ နင်သိလား ... ငါ ရိပ်မိနေတာကြာပြီ ...မသိဟန်ဆောင်ပေးနေတာ ...နင်က ခုလို ကွာရှင်းမယ်ဆိုတော့ ငါစီမံထားသမျှ အလကားဖြစ်တာပေါ့ ဟဲ့ "
~~~~
"အမေရေ ..ကိုမောင့် မိန်းမကြီးတော့ သိသွားပြီ ....သူက ပြဿနာ မရှာရင်တောင် သူ့အစ်မဆိုတဲ့ မိန်းမက ပြဿနာ လာရှာနိုင်တယ်တဲ့ ..အဲ့ဒါကြောင့် ....ကိုမောင်က သမီးကို အဆောင်မှာ ခဏ ပြောင်းနေတဲ့ လေ...အမေတို့ အဆင်ပြေပါ့မလား "
ဆွေဆွေနိုင်က မိခင်ဖြစ်သူကို ပြောလိုက်သည်။
" အမလေးတော် ... ဘာကြောက်စရာရှိလဲ ..သူဆဲ ကိုယ်ဆဲ သူချကိုယ်ချပေါ့ ...ဒီလိုလင်တရူးမ တွေကို ကြောက်နေစရာ အကြောင်းကို မရှိဘူး ....ညည်းသာ မောင်မောင်လတ်ကို အပိုင် ကိုင်နိုင်အောင်လုပ် "
ဒေါ်ချယ်ရီဆွေသည် ပြောပြောဆိုဆိုနှင့် အိမ်ထောင့််တွင် ထောင်ထားသော ဝါးရင်းတုတ်ကို လက်နှင့် ဆွဲကိုင်လိုက်သကဲ့သို့ သမီးဖြစ်သူဆွေဆွေနိုင်သည်လည်း အဝတ်အစားများကို အိတ်ထဲထည့်လျက် သားအမိနှစ်ယောက် တက်ညီလက်ညီ လှုပ်ရှားနေကြလေသည်။
~~~~~~~
နွေးနွေးသည် ရင်ထဲမှ အပူသောကကို ဟန်မပျက်ထိန်းလျက် မောင်မောင်လတ်၏ အဝတ်အစားများကို သေတ္တာတစ်လုံးထဲသို့စုထည့်ပေးလိုက်သည်။မောင်မောင်လတ်သည် နွေးနွေး လုပ်သမျှကို ငြိမ်လျက် ကြည့်နေသည်။နွေးနွေးသည် အိမ်ရှိမောင်မောင်လတ်၏ ပစ္စည်းများအားလုံးကို သေဘ္ဘာထဲသို့ စုထည့်လိုက်ပြီး မောင်မောင်လတ်၏ ရှေ့တွင် ချပေးလိုက်သည်။ မောင်မောင်လတ်သည် စကားတစ်ခွန်းမျှ မပြောဘဲ နွေးနွေး လုပ်သမျှကို ထိုင်၍ကြည့်နေလေသည်။
" စုဆောင်းထားတဲ့ ငွေကို ကျွန်မ နှစ်ပုံယူမယ် ... ရှင်တစ်ပုံယူပေါ့ ....ရှင့်ကို တစ်သက်လုံးလုပ်စားလို့ရမဲ့ စက်ပညာပါ သင်နိုင်အောင် ကျွန်မကူညီပေးခဲ့တာပဲ ... ဒီလောက်တော့ ရှင်လက်ခံနိုင်တယ်မဟုတ်လား ... ပြီးတော့ ကျွန်မ ဒီအိမ်မှာ အိမ်လခပြည့်တဲ့အထိ ဆက်နေမယ် ...ရှင့်ကတော့ ဒီနေ့ပဲ ပြောင်းပေးပါ ...တကယ်လို့ ကျွန်မ အစ်မက ရှင်တို့ကို လာပြီး ပြောဆိုခဲ့ရင်တော့ ရှင်သည်းခံလိုက်ပေါ့ ...ဒီလောက်တော့ အပြောအဆို ခံရသင့်တယ်မဟုတ်လား "
"အေး ပြောတဲ့ ဆိုတဲ့ နေရာမှာ အတိုင်းအတာတော့ ရှိတယ် ...လိုတာထက်ပိုလွန်လာရင်တော့ သည်းခံဖို့ခက်တယ် .. မင်းရဲ့ တူတွေပါ ပါလာခဲ့ရင် ငါ သည်းခံနိုင်မှာ မဟုတ်ဘူး "
မောင်မောင်လတ်၏ စကားကြောင့် နွေးနွေးသည် မောင်မောင်လတ်၏ မျက်နှာကို စက်ဆုပ်ရွံရှာစွာနှင့်ကြည့်လိုက်မိပြီး ဒေါသ မာနနှင့် ပြောလိုက်သည်။
" ဒီမှာ ကိုမောင်မောင်လတ် ....ကျွန်မ အစ်မက ရှင့်ရဲ့ အရင်ကစုတ်တိစုတ် ပြတ်ဘဝကို သိလို့ မခံချင်စိတ်နဲ့ ပြောချင် ပြောလိမ့်မယ် ...ကျန်တဲ့ ဆွေမျိုးသားချင်းတွေက ရှင်တို့ကို ရွံလွန်းလို့ ပြိုင်ဖက်ပြီး ပြောနေမှာ မဟုတ်ဘူး သိရဲ့လား... ရယ်စရာကောင်းတာတွေ ပြောမနေနဲ့ ...ကျွန်မတောင် ရွံလွန်းလို့ ရှင်မျက်နှာကို ဆက်မကြည့်ချင်တော့တဲ့ဟာကို မျှော်လင့်မနေနဲ့ "
ဒေါသဖြစ်လွန်း၍ နွေးနွေး စိတ်တိုတိုနှင့် မောင်မောင်လတ်ကို ပြောပစ်လိုက်သည်။မောင်မောင်လတ်သည် သူဖောက်ပြန်နေသည်ကို နွေးနွေး သိသွားသောအခါ တိုးလျှိုး တောင်းပန်ခဲ့သော်လည်း ရက်အပိုင်းအတွင်းမှာပင် ဂနာမငြိမ် ပြန်ဖြစ်လာသောကြောင့် နွေးနွေးသည် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာနှင့် ကွာရှင်းဖို့ရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။ထိုဆုံးဖြတ်ချက်အတွက် အစ်မဖြစ်သူနှင့် အတိုက်အခံ ဖြစ်ခဲ့ရသည်။သို့သော်လည်း နွေးနွေး အနေနှင့် ဆုံးဖြတ်ထားသည့်အတိုင်းပဲ လုပ်ဆောင်ခဲ့သည်။ဖောက်ပြန်သော ယောကျာ်းကို ဆက်လက်ပေါင်းသင်းရန် နွေးနွေး မသတီပါလေ။မြွေပွေးခါးပိုက်ပိုက်ထားရသော အဖြစ်မျိုးနှင့်လည်း နွေးနွေးမနေနိုင်ပါ။ နွေးနွေး၏ ဘဝသည် မောင်မောင်လတ်ကြောင့် တိုးတက်ခဲ့သည်မှာ မှန်သော်လည်း မောင်မောင် လတ်သည်လည်း နွေးနွေးကြောင့် လူရောင်သူရောင်
ဧကြည်ဖြူ
" တစ်ခုလပ် "
အပိုင်း ( ၃ )
*******
"ဘာချောင်းဆိုးသံလဲ စိတ်ရှုပ်လိုက်တာကွာ...လမ်းပေါ်မှာ ဆိုင်ကယ်မောင်းနေတာလေ ... ဘေးက အသံတွေကြားမှာပဲ ဘာမှမထူးဆန်းဘူး ....."
မောင်မောင်လတ်၏ အသံသည် မာ၍ထန်နေသည်။ပြီးလျှင် စိတ်ဆိုးမာန်ဆိုးပုံနှင့် ဧည့်ခန်း၏ အောက်ဆင့် စာရေးစာပွဲတွင် သွား၍ ထိုင်လေသည်။ပြီးလျှင် နွေးနွေးကိုကျောပေးလျက် ကွန်ပျူတာကိုဖွင့်၍ သုံးနေလေသည်။မောင်မောင်လတ်၏ ကျောပြင်ကိုကြည့်၍ နွေးနွေးသက်ပြင်းတစ်ချက်ချမိသလို သံဝေဂလဲရမိလေသည်။နွေးနွေးသည် မောင်မောင်လတ်အတွက် ကွန်ပျူတာဝယ်ပေးခဲ့သော်လည်း ကိုယ်တိုင်သုံးရန်အားမထုတ်ခဲ့ဘူးချေ။အချိန်ပြည့် အိမ်ဆိုင် အတွက် လုံးပန်းနေရသည်နှင့် နွေးနွေးမှာ အားလပ်ချိန်ပင် မရှိခဲ့ပါ။သည်ကြားထဲ၌ မောင်မောင်လတ်သည် အီလက်ထရောနစ် နည်းပညာကို ဝါသနာ ပါသော်လည်း မူလတန်းပဲ အောင်ခဲ့သူဖြစ်သောကြောင့် အားလပ်ချိန်များတွင် မောင်မောင်လတ်ကို အင်္ဂလိပ်စာသင်ပေးခဲ့ရသေးသည်။နောက်ဆုံးတွင် မောင်မောင်လတ်သည် အင်္ဂလိပ်စာကို အတော်အသင့်နားလည် သိကျွမ်းခဲ့ပြီး သူ့လုပ်ငန်းများမှာ အဆင်ပြေလာခဲ့သည် အထိပင်။ယောကျာ်းဖြစ်သူ အဆင်ပြေလာသောအခါ နွေးနွေးလည်းစိတ်ချမ်းသာခဲ့ရပါသည်။
"မအိပ်သေးဘူးလား "
မောင်မောင်လတ်၏ မေးသံကို ကြားရသောအခါမှ နွေးနွေးသည် သတိဝင်လာပြီး နံရံပေါ်မှ နာရီကိုမော့ကြည့်လိုက်မိသည်။ညဆယ့်တစ်နာရီပင် ကျော်နေလေပြီ။မောင်မောင်လတ်သည် ပြောပြီးသည်နှင့် အိပ်ခန်းထဲသို့၀င်၍ သွားလေသည်။နွေးနွေးသည် ထိုင်နေသော ခုံပေါ်သို့ စိတ်ပျက်လက်ပျက် နှင့်လှဲချလိုက်မိလေသည်။
~~~~~
"မနေ့ညက သူ့မိန်းမကြားအောင်... သမီး တမင်ချောင်းဆိုးသံပေးလိုက်တယ် ..."
"ဟဲ့ ...တော်ကြာ ငါတို့ကို ပြဿနာလာရှာနေအုံးမယ် "
ဒေါ်ချယ်ရီဆွေက သမီးဖြစ်သူ ဆွေဆွေနိုင်၏ စကားကြောင့် စိုးရိမ်တကြီးနှင့် ပြောလိုက်သည။
"မရှာပါဘူး အမေရယ် ...အဲ့ဒီမိန်းမက သိပ်မာနကြီးတာ ... သူကမယားငယ်နဲ့ ပြိုင်ဖက် ပြီး စကားပြေားမဲ့အဆင့်မျိုးမဟုတ်ဘူးတဲ့လေ ဘ၀င်ရူးနေတာများ ပြောပါတယ် ....သမီးနဲ့ မျက်နှာချင်းဆိုင် တွေ့တာတောင် မသိတဲ့ ဘဝင်ရူးမပါ အမေရယ် "
ဆွေဆွေနိုင်သည် တစ်ဖက်သားကို မှိုချိုးမျှစ်ချိုး ပြော၍ သဘောကျစွာ ရယ်နေလေသည်။
"ဟဲ့ ...သတိတော့ထားအုံး ... သူ့အစ်မဆိုတာစွာတယ်တဲ့ ..."
"အမလေး ဂရုစိုက်စရာလား အမေရယ် .. ကိုယ့်လူကို ပိုင်ဖို့ပဲ အရေးကြီးတာ ...သူတို့ဘာသာ ဘာဖြစ်ဖြစ် ဆွေကတော့ဂရုကိုမစိုက်တာ "
~~~~~~~
" မသွားချင်ဘူး မမကြီးရယ် ...အဲ့ဒါမျိုးတွေ လုပ်ရမှာကို နွေးရှက်တယ် ... မလုပ်ချင်ဘူး ..."
နွေးနွေးသည် မယ်တော် ကျောင်းသို့သွားရန် အတင်းပင် ခေါ်ယူနေသော အစ်မဖြစ်သူကို ငြင်းဆန်လိုက်သည်။
"ဒုက္ခပါပဲအေ ... နင်အဲ့လို ခေါင်းမာနေတာနဲ့ ဒုက္ခတော့ရောက်တော့မှာပဲ မိနွေးရယ် ..."
"ဒုက္ခ ... ဘာဒုက္ခ လဲ မမကြီး ...အခုလို စီးပွားရေး အဆင်ပြေနေတာ သူတစ်ယောက်တည်းကြောင့် မဟုတ်ဘူးလေ ... နွေးရဲ့ ကြိုးစားမူတွေလဲပါတယ် ... သူနဲ့လမ်းခွဲရင်လဲ နွေး ဘာသာ ရုန်းကန်နိုင်ပါတယ် "
နွေးနွေးသည် အစ်မဖြစ်သူကို စိတ်ထဲရှိသည့်အတိုင်း ပြောချပစ်လိုက်သည်။
"အေး ..နင့်စိတ်တိုင်းကျလုပ် ...နင့် သဘောအတိုင်းသာနေ ... နင့် ကိစ္စမှာ ငါဘာမှ ၀င်မပါတော့ဘူး.... နင်က အကြီးထက် ပိုသိပိုတတ်နေတာမဟုတ်လား "
စိတ်ဆိုးမာန်ဆိုးနှင့် ပြောပြီး ထွက်သွားသော အစ်မဖြစ်သူ မအေးရီ၏နောက်ကျောပြင်ကို ကြည့်၍ နွေးနွေးရင်ထဲမှ အပူမီးကို ကြိတ်မှိတ် မျိုသိပ်လိုက်ရပြန်လေသည်။
~~~~
ယနေ့ညတွင် မောင်မောင်လတ်သည် ညရှစ်နာရီကျော်မှာပင် ဆိုင်သိမ်း၍အိမသို့ ပြန်ရောက်လာလေသည်။ သို့သော်လည်း မောင်မောင်လတ်သည် အိမ်သို့စောစီးစွာ ပြန်လာသော်လည်း ပြန်ရောက်ကတည်းက စာရေးစားပွဲခုံတွင် ထိုင်လျက် ဖုန်းနှင့် မျက်နှာအပ်လျက် အလုပ်များနေလေသည်။နွေးနွေးသည်လည်း ဘာမှ ပြောချင်စိတ်မရှိသောကြောင့် ကိုယ်လုပ်စရာရှိသည့်အလုပ်များပြီးသည်နှင့် အိပ်ခန်းထဲသို့ ဝင်ခဲ့လိုက်သည်။
နွေးနွေးသည် အိပ်ရာထဲတွင် တလူးလူးတလိမ့်လိမ့်နှင့် အတွေးများနေမိသည်။အိမ်ရှေ့ခန်းတွင် ရှိနေသော မောင်မောင်လတ်သည်မှု တုတ်တုတ် လှုပ်သံမျှပင် မကြားရပေ။
နွေးနွေးသည် ခြေကိုဖော့နင်းလျက် အခန်းပြင်သို့ ထွက်ခဲ့လိုက်သည်။အခန်းဝမှ နေ၍ ယောကျာ်းဖြစ်သူ မောင်မောင်လတ်ကို လှမ်းကြည့်လိုက်သောအခါတွင် ဖုန်းကိုသဲကြီးမဲကြီး စိုက်ကြည့်လျက်ရှိသည်ကို တွေ့လိုက်ရလေသည်။နွေးနွေးသည် ခြေကို ဖော့နိုင်သမျှ ဖော့နင်း၍ မောင်မောင်လတ်ရှိရာဆီလျှောက်သွားလိုက်လေသည်။မောင်မောင်လတ်သည် ဖုန်းထဲတွင် စိတ်နစ်မြှုပ်နေသောကြောင့် နွေးနွေး သူ့နားသို့ရောက်နေသည်ကို သတိပြုမိဟန်မရှိပါချေ။နွေးနွေးသည် မောင်မောင်လတ်၏ နောက်ကျောမှနေ၍ မောင်မောင်လတ်၏ ဖုန်းကို လှမ်းကြည့်လိုက်လေသည်။
"ပိုက်ဆံက သုံးစရာမရှိတော့ဘူး အစ်ကို "
" အစ်ကို ပိုက်ဆံလွှဲပေးလိုက်မယ် ချစ် "
နွေးနွေး ဘဝသက်တမ်းတစ်လျှောက်လုံး ကြုံခဲ့ရသမျှ အပူ့တကာအပူထဲတွင် သည် အပူက ခံရခက်လှပေသည်။ရင်သည် ပူလောင်နေ၏။ဝမ်းလည်းနည်း၏။ ထို့အတူ အမျက်ဒေါသလည်း ထွက်မိသည်။လွှတ်လည်း လွှတ်ချပစ်လိုက်ချင်ဘည်။ထို့အတူ နာနာကျင်ကျင်နှင့်ပင် ဆုပ်ကိုင်ထားချင်မိသည်။မိန်းမသားအများစုတို့သည် ချစ်သူနှင့်အိမ်ထောင်ဖက်ကို တစ်ယောက်တည်းဖြစ်စေချင်ရုံမျှမက ထိုသူနှင့်ပင် သက်ဆုံးတိုင် ရွှေလက်တွဲသွားချင်ကြပေသည်။ထိုခံယူချက်သည်ပင် နွေးနွေးတို့မိန်းမသားများကို တစ်ပန်းရှုံးစေလေသည်လား။ သို့တည်းမဟုတ် အစ်မဖြစ်သူ ပြောသကဲ့သို့ပင် ပတ်ဝန်းကျင်၏အပြောများကို ကြောက်ရွံ့မိခြင်းကြောင့်ပေလား။
" နွေး ကိုယ့်ကို စောင့်နေတာလား "
ဝူးခနဲ ဆိုင်ကယ်ထိုးရပ်သံနှင့်အတူ ခင်ပွန်းဖြစ်သူမောင်မောင်လတ်၏ အသံကို ကြားလိုက်ရသောအခါမှ နွေးနွေးသည် အိမ်ရှေ့လမ်းမပေါ်တွင် ထွက်ရပ်နေမိမှန်း ကိုယ့်ကိုယ်ကို သတိထားမိလေတော့သည်။
~~~~~~~
ဘာမှမဖြစ်သလို ပုံစံနှင့် အေးရာအေးကြောင် ရှိလှသော ယောကျာ်းဖြစ်သူမောင်မောင်လတ်ကိုကြည့်ပြီး နွေးနွေးစိတ်ထဲ တအုံနွေးနွေးနှင့်ကြိတ်မနိုင်ခဲမရဖြစ်နေမိသည်။ရင်ထဲမှ နာကျင်မှုသည် လည်ချောင်းဝတွင် ဆို့နင့်နေသည်။နာကျင်မှုများမှ တဆင့်ဖြစ်ပေါ်လာသော စကားလုံးများသည် လည်ချောင်းတစ်လျှောက်၌ တစ်ဆို့နေသည်။စိတ်ရှိတိုင်းသာဆိုလျှင် မောင်မောင်လတ်၏ ပခုံးနှစ်ဘက်ကို စုံကိုင်၍မေးပစ်လိုက်ချင်သည်။စိတ်ရှိတိုင်း ပေါက်ကွဲပစ်လိုက်ချင်သည်။မောင်မောင်လတ်၏ မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုး၍ စွပ်စွဲပစ်လိုက်ချင်သည်။သို့သော်လည်း အတွေးများသည် ပြင်ပသို့ခုန်ထွက်မလာခဲ့ပါချေ။ မတိကျမရေရာသေးသော သတင်းအတွက် နွေးနွေး အနေနှင့် စောင့်ထိန်းနိင်သမျှ စောင့်ထိန်းသွားမည်ဖြစ်သည်။
မောင်မောင်လတ်သည် ရေမိုးချိုးပြီးသည်နှင့် ထမင်းစားပွဲတွင် ဝင်၍ ထိုင်လေသည်။နွေးနွေးသည်လည်း ၀တ္တရားမပျက် ထမင်းခူးခပ်ပြင်ဆင်ပေးလိုက်သည်။ပြီးလျှင် ထမင်းစားပွဲဝိုင်းမှာပင် ထိုင်လိုက်ပြီး စားပွဲပေါ်မှ ဟင်းပန်းကန်များကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိလေသည်။ထိုအချိန်၌ နွေးနွေး၏ ရင်ထဲတွင် မွန်းကြပ် ရှုပ်ထွေး၍နေလေသည်။
"နွေးရော စားပြီးပြီး လား "
မောင်မောင်လတ်၏ အမေးကို နွေးနွေး ခေါင်းငြိမ့်ပြလိုက်သည်။အမှန်စစ်စစ်၌မူ နွေးနွေးသည် ညစာပင်စားရန် သတိမရနိုင်ပါလေ။
"စားပြီးရင်လဲ သွားအိပ်ချင်အိပ်တော့လေ ...ကိုယ်ဘာသာသိမ်းလိုက်ပါ့မယ် "
မောင်မောင်လတ်၏ စကားအတိုင်း နွေးနွေးဧည့်ခန်းသို့ ထွက်လာခဲ့သည်။ပြီးလျှင် မောင်မောင်လတ်ကို မြင်ရသော နေရာတွင် ထိုင်လျက် မောင်မောင်လတ်ကို လှမ်း၍ကြည့်နေမိသည်။မောင်မောင်လတ်သည် ထမင်းစားနေရင်းမှ ဖုန်းကို ကြည့်လျက်ပြုံးရယ်နေသည်ကိုတွေ့ရလေသည်။နွေးနွေးသည် မောင်မောင်လတ်၏ ထိုပုံစံကို ငေးကြည့်နေမိပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလေသည်။
" နွေးအိပ်သွားပြီထင်တာ ...မအိပ်သေးဘူးလား "
မောင်မောင်လတ်သည် ထမင်းစားခန်းမှ ထွက်လာပြီးနောက် ဧည့်ခန်းထဲတွင် ထိုင်နေသော နွေးနွေးကို ကြည့်၍ အံ့ဩသွားဟန်ဖြင့် မေးလေသည်။နွေးနွေးသည် အံကို တစ်ချက် ကြိတ်လိုက်ပြီး မောင်မောင်လတ်၏ မျက်နှာကို စေ့စေ့ကြည့်၍ မေးလိုက်သည်။
" ကိုလတ် ရှင်တကယ်ပဲ အသစ်တွေ့နေတာလား ...အသစ်တွေ့နေတယ်ဆိုရင်လဲ ကျွန်မကို ပွင့်ပွင့်လင်းလင်းပြောပါ "
" ဘာ ...ဘာပြောတယ် နွေး ..မင်း ဘာဖြစ်နေတာလဲ ...မင်း ကိုယ့်ယောကျာ်းစကားထက် အခြားသူတွေရဲ့ စကားတွေကိုပဲ ယုံနေတာလား ...မင်းကိုယ့်ကို စိတ်ရှုပ်အောင် လုပ်နေတာလား ... မဟုတ်ပါဘူးလို့ ဒီလောက် ပြောနေတာကို "
မောင်မောင်လတ်သည် စိတ်ဆိုးဒေါသထွက်နေသော အသံဖြင့် နွေးနွေးကို ပြောလေသည်။
"ခုန ဖုန်းပြောတုန်းက မိန်းမတစ်ယောက်ရဲ့ ချောင်းဆိုးသံကို ကြားလိုက်ရတယ် ... အဲ့ဒါ ဘယ်သူလဲ ကိုလတ် "
==================
အပိုင်း (၃)ဆက်ရန်
ဧကြည်ဖြူ
အပိုင်း (၂ ) မှာ စာမူတို သွားတဲ့ အတွက် စာဖတ်သူတွေကို တောင်းပန်ပါတယ်ရှင်
ဧကြည်ဖြူ
"တစ်ခုလပ် "
အပိုင်း ( ၂ )
*******
" ခေါင်းမမာစမ်းနဲ့ မိနွေး ... လောကကြီးအကြောင်းကို နင်ဘာသိလို့လဲ ... ပတ်ဝန်းကျင်ဆိုတာ သိပ်ကြောက်ဖို့ကောင်းတာ ...နင်သာတစ်ခုလပ် ဖြစ်သွားကြည့်ပါလား ... ရှေ့မှာတော့နင့်ကို သနားသလိုလို နောက်ကွယ်မှာ အထင်သေး အကဲစမ်းချင်တဲ့ သူတွေချည်းပဲ "
မအေးရီက ရှေ့ရေးကို တွေးပူ၍ ပြောလိုက်သည်။
နွေးနွေး၏ အတွေးကတော့ ထိုသို့ မဟုတ်ချေ။ခေတ်လူငယ်ပီပီ ပြတ်ပြတ်သားသားရဲရဲရင့်ရင့်ပဲ တွေးချင်သည်။ရင်ဆိုင်ပစ်ချင်သည်။
"အဲ့ဒီဟာမတွေ ငါသိတယ် ...တနင်္ဂနွေနေ့ကျရင် မယ်တော် ကျောင်းသွားပြီး အုန်းသီး သွားခွဲမယ် .. ဒီကြားထဲနင့်ဘက်က ဘာစကားမှမလွန်မိစေနဲ့နော် ...ကိုယ့်ဘက်ကို ရအောင်သာဆွဲ ... ဒီနေ့ ဆရာ့ဆီကို သွားပြီး ယတြာထပ်တောင်းလိုက်အုံးမယ် ..."
မအေးရီက ပြောပြောဆိုဆိုနှင့် နွေးနွေး၏ ကုန်စုံဆိုင်ထဲမှ ထ၍ ထွက်သွားလေသည်။
နွေးနွေးသည် ရှိန်းရှိန်းတောက် ပူနေသော လမ်းမပေါ်တွင် ထီးခေါက်ကြီးကို ဖွင့် ဆောင်ရန်ပင် မေ့လျော့နေသည်အလား ထီးခေါက်မည်းကြီးကို ချိုင်းကြားညှပ်လျက် ခပ်သုတ်သုတ်ခြေလှမ်းများနှင့် ထွက်ခွါသွားသော အစ်မဖြစ်သူ၏ နောက်ကျောပြင်ကိုကြည့်လျက် ငိုချင်စိတ်ကို မနည်းပင် ထိန်းချုပ်ထားရလေသည်။မိမိရင်ထဲမှအပူထက် မိမိအတွက် ပူပင်ဗျာများ နေရှာသော အစ်မဖြစ်သူ့အတွက် နွေးနွေး၏ ရင်မှာမချိတင်ကဲခံစားနေရသည်။နွေးနွေးစိတ်ထဲမှာရှိသည့်အတိုင်းသာဆိုလျှင် ပြဿနာကို ချက်ချင်းရှင်းပြီး ခင်ပွန်းဖြစ်သူမောင်မောလတ်နှင့် အချိန်မဆိုင်းဘဲ ကွားရှင်းပစ်မိလေမည်လားမသိ။သို့သော်လည်း ယခုအခါ၌ အစ်မဖြစ်သူကို နွေးနွေးထည့်တွေးနေရသည်။မတော် တစ်ဖက် မိန်းခလေး မိသားစုကို ရန်သွားရှာနေမှာလည်း ကြောက်နေမိသည်။
~~~~~~~
" နွေးကို ပွင့် ပွင့်လင်းလင်းပြောပါ ကိုလတ် .. အိမ်ထောင်ရေး ရှုပ်ထွေးတာကို နွေးလက်မခံနိုင်ဘူး "
အစ်မကြီး မအေးရီ အတန်တန်တားနေသည့်ကြားမှ နွေးနွေးသည် မောင်မောင်လတ်ကို ဖွင့်မေးပစ်လိုက်သည်။
"ဟာကွာ ...လာပြန်ပြီ ...မင်းတို့တွေ ကလေ အလုပ်မရှိအလုပ်ရှာနေကြတာပဲ ...ဘာလဲ ယောကျာ်းနဲ့မိန်းမ တွဲပြီးတွေ့လိုက်တာနဲ့ ပေးစားပစ်လိုက်ကြတာပဲလား ...ရိုးရိုးသားသားတောင် ခင်မင်ခွင့်မရှိဘူးလား ...မင်းကို သဘောထားသေးသိမ်တဲ့သူ ဖြစ်မယ်လို့ မထင်ခဲ့မိဘူးနွေး ...မင်းမယုံရင် ဆိုင်ကို နေ့တိုင်းလိုက်ခဲ့ ... အိမ်မှာနေပြီး ငတုံးကြီးလို သူများ ပြောသမျှ ယုံမနေနဲ့ "
သူကတစ်ပြန် စိတ်ဆိုးပြီး ပြောဆိုနေသော မောင်မောင်လတ်ကို ကြည့်ပြီး နွေးနွေး အံကိုကြိတ်၍ သက်ပြင်းချမိသည်။ နွေးနွေးအနေနှင့် သည်ကိစ္စကိုရှက်၍ ငြိမ်ခံနေသည်မဟုတ်။မသေချာ မခိုင်မာသေး၍သာ ခွန်းတုံ့မပြန်ခဲ့ခြင်းဖြစ်သည်။ ရင်ထဲမှာတော့ နာကျင်နေသည်။ဖြစ်သလိုနေ ဖြစ်သလို စားပြီး ရသောငွေနှင့် မတန်မဆ အလုပ်လုပ်ခဲ့ရသော မောင်မောင်လတ်ကို ကိုယ်ပိုင်ဆိုင်လေးနှင့် ဖြစ်အောင် နွေးနွေးကူညီပံ့ပိုးပေးခဲ့သည်။အစွမ်းအစရှိသောသူကို မီးခဲပြာဖုံးမဖြစ်အောင် နွေးနွေးသည် တစ်ဖက်တစ်လမ်းမှ ကြိုးစား ကူညီခဲ့သည်။ ထိုသို့ကြိုးစားမှုရလာဒ် သည် နွေးနွေးကိုမီးလောင်မြှိုက်စေခဲ့လေပြီလား။ နွေးနွေးအဖြစ် သည် မြင်းကိုချိုတပ် ပေးမိ၍ ကန်ချခံခဲ့ရလေပြီးလားပင် မသိပါချေ။
~~~~~~~
နွေးနွေးတိုင်ကပ်နာရီကို မော့ကြည့်လိုက်သည်။နာရီကညကိုးနာခွဲကို ညွှန်ပြနေသည်။နွေးနွေး၏ ချစ်ခင်ပွန်း မောင်မောင်လတ်တစ်ယောက်ကတော့ ပြန်မလာသေးပါချေ။နွေးနွေး သည် မောင်မောင်လတ်ဆီသို့ဖုန်းခေါ်လိုက်သည်။
"ဟယ်လို "
မောင်မောင်လတ်၏ ထူးသံတွင် လေတိုက်သံများကို ကြားလိုက်ရသည်။
"ဆိုင်မပိတ်သေးဘူးလား ..."
"ဆိုင်းက ပိတ်ပြီးပြီး နွေး%/
..ဆိုင်က ကောင်လေးကိုလိုက်ပြန်ပို့နေလို့ ...ခုပြန်လာနေပြီ ...ဖုန်းချလိုက်တော့မယ်နော် ဆိုင်ကယ်မောင်းနေရင်းမို့ ..."
"အဟွတ် ..အဟွတ် "
မောင်မောင်လတ်သည် ပြောပြီးသည်နှင့် ဖုန်းကို ချသွားလေသည်။သို့သော် မောင်မောင်လတ်၏ အသံနောက်တွင် ချောင်းဆိုးသံကို နွေးနွေး ကြားလိုက်ရသည်။ထိုချောင်းဆိုးသံသည် မောင်မောင်လတ်၏ ချောင်းဆိုးသံမဟုတ်ဘဲ မိန်းမတစ်ယောက်၏ အသံမှန်း နွေးနွေး သိလိုက်သည်။တစ်ဖက်မှ မောင်မောင်လတ်ဖုန်းချသွားသည်အထိ ဖုန်းကို ကိုင်လျက် နွေးနွေး သတိကင်းလွတ်နေသူလို ထိုင်နေမိသည်။ " ရည်းစားလူလု အူနုကျွဲခတ် "ဆိုသော စကားသည် လွန်အံ့မထင် ။နွေးနွေးရင်ထဲ၌ တဆစ်ဆစ်နာကျင်နေသည်။သည်အခြေအနေမှာ နွေးနွေးအနေနှင့် ပေါက်ကွဲပစ်လိုက်ရမည်လား ။ သို့မဟုတ် အစ်မဖြစ်သူ ပြောသလိုပင် မသိဟန် ပြု၍ နေရလေမည်လား။ နွေးနွေးသည် ရှေ့ရေးကိုတွေး၍ ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။ တစ်လောကလုံးက ဘယ်ယောကျာ်း ဖောက်ပြန်ဖောက်ပြန် မောင်မောင်လတ်တစ်ယောက်ကိုဖြင့် နွေးနွေးယုံကြည်ခဲ့သည်။နွေးနွေး ထိုင်ရာမှ ထလိုက်ပြီးလျှင် အိမ်ရှေ့လမ်းသို့ ထွက်ကြည့်မိသည်။လမ်းပေါ်တွင် မောင်မောင်လတ်၏ အရိပ်ယောင်သော်မျှ မတွေ့ရ။ မမြင်ရ။ မောင်မောင်လတ်၏ ဆိုင်မှ အကူကောင်လေးနေသော နေရာသို့ ဆိုင်ကယ်နှင့် သွားလျှင် အသွားအပြန်မှ ကြာလှနာရီ၀က်သာဖြစ်သည်။ယခုသော် နာရီလက်တံရှည်သည် မရပ်မနား သွားနေလေရာ ညဆယ်နာရီပင် ထိုးပေတော့မည်။
" ဘာနွေးလဲ ...အစ်ကိုနော် ...ဆွေနဲ့ တွေ့တဲ့အချိန်မှာ အစ်ကို့ အဘွားကြီး အကြောင်းကို မပြောပါနဲ့ ဆို .... ဆွေ စိတ်မကောင်းအောင် အရမ်းပြောတာပဲ "
"အင်း ..အင်းပါ ဆွေရယ် ...နောက်ကို အစ်ကို သတိထားပါ့မယ်ကွာ.."
" ဟုတ် ...ဆွေက စိတ်ဆိုးလို့ပြောတာ မဟုတ်ဘူးနော် အစ်ကို ... သူ့နာမည်ကို ကြားရင် ဆွေ့ရင်ထဲမကောင်းလို့ပါ ...ဆွေက အစ်ကို့ကို ချစ်လွန်းလို့သာ အစ်ကိုနဲ့ တွေ့နေရတာ ...ဆွေ့က အစ်ကိုတို့ အိမ်ထောင်ရေးကို ဖျက်ဆီးနေမိသလို ခံစားနေရလို့ အမြဲစိတ်မကော င်း ဖြစ်နေမိတာ ......အချစ်ကြောင့် ဆွေ့ဘ၀က အငယ်အနှောင်းဖြစ်နေသလိုလဲ ခံစားနေရတယ် အစ်ကို "
ဆွေဆွေနိုင်သည် မျက်လုံးထောင့်စွန်းကို တစ်ရူးစနှင့်တို့သုတ်ဟန်ပြု၍ ခေါင်းကိုပါ ငုံ့ချလိုက်လေသည်။
"ဟာကွာ အဲ့ဒါတွေမပြောပါနဲ့ ချစ်လေးရယ် ... ချစ်လေး ရုပ်ရှင်ကြည့်ချင်တယ်ဆို ... လာပါ ရုပ်ရှင်သွားကြည့်ကြမယ်လေ..."
မောင်မောင်လတ်သည် ပြောပြောဆိုဆိုနှင့် ဆွေဆွေ နိုင်၏ လက်ကလေးကို ဆွဲယူလိုက်ပြီး ရုပ်ရှင်ရုံရှိရာဘက်သို့ ခြေလှမ်းများကို ဦးတည်လိုက်လေသည်။
~~~~~~
" မနွေး .. ညီမကို အထင်မလွဲနဲနော် ...ညီမက မြင်ခဲ့တာကို ပြောတာ .... သူက ဒီရပ်ကွက်ထဲကပဲ မနွေးရဲ့ ... မနွေး ဆိုင်မှာ ဈေးဝယ်ဖူးလိမ့်မယ် .... လူကို မြင်ရင် မနွေး သိမှာပါ ... နှစ်ယောက် လက်ချင်းတွဲလို့ မနွေးရဲ့ ...သူတို့ကတော့ ညီမကို မမြင်ပါဘူး .... အဲ့ဒီမိန်းမ အိမ်ကို မနွေးသွားကြည့်ချင်ရင်ပြောနော် ....ညီမလိုက်ပို့ပေးမယ် ..."
ဆိုင်မှာ ဈေးလာဝယ်နေကျဖြစ်သော ရပ်ကွက်ထဲမှ ကောင်မလေး၏ စကားကြောင့် နွေးနွေးရင်ထဲ၌ မီးတောင်ကြီး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။အချစ်၊ ရမ္မက် စသော တဏှာဖုံးသော ခံစားချက်များထက် ယုံကြည်မှု ကို အလွှဲသုံးစားလုပ်ခြင်းကိုခံလိုက်ရသောကြောင့် ရင်ထဲမှ နာကျင်မှုသည် ဖော်ပြ၍ပင် မရနိုင်ပါချေ။မိမိစိတ်ထဲမှ သံသယ သက်သက်သာ ဖြစ်ပါစေဟု ဆုတောင်းနေသည့်ကြားမှ အမှန်တကယ် ဖြစ်လာခဲ့သည်ဆိုသောအခါ ရင်ထဲ၌ ဆို့နင့်၍နေသည်။
~~~~
"ဒုက္ခပါပဲ မိနွေးရယ် ...အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ပြီပေါ့ ...ဒီကိစ္စကို နင်သိယောင်မပြနဲ့ သွားမကြမ်းနဲ့... ဒီလိုကိစ္စမျိုးကို သိဟန် ပြလိုက်ရင် ယောကျာ်းတွေက မထူးဇာတ်ခင်းပြီး ရဲတင်းလာတတ်ကြတယ် ...မသိဟန်ဆောင်ပြီး ကိုယ့်ဘက်ကို ပါအောင် ပြန်သိမ်းသွင်း ...."
မအေးရီသည် ညီမဖြသူကို စိုးရိမ်တကြီးပြောလိုက်မိသည်။မအေးရီ စိတ်တိုင်းကျသာဆိုလျှင် မတ်ဖြစ်သူ မောင်မောင်လတ်ကို အမှုန့်ပင် ကြိတ်ပစ်ချင်နေမိသည်။သို့သော်လည်း ညီမငယ်လေး အိမ်ထောင်ကွဲ ဘဝရောက်သွားမည်ကို မအေးရီ မလိုချင်။မလိုလားပါ ။
" နွေး ... နွေး သူနဲ့ ကွာရှင်းချင်တယ် မမကြီး ...နွေး သူ့ကိုရွံတယ် ...."
နွေးနွေးသည် အံကလေးကိုကြိတ်၍ အစ်မဖြစ်သူကို ပြောလိုက်သည်။
"ဘာ ..ဘာပြောတယ် မိနွေး ....နင်က တစ်ခုလပ် တစ်လင်ကွာဘ၀ကို ရောက်ချင်တာလား ... ပတ်ဝန်းကျင်က ဘယ်လောက်တောင် ပြောကြမလဲ ... နဂိုကမှ လူတွေက တစ်ခုလပ်ဆို အထင်သေးနေကြတာကို နင်မရှက်ဘူးလား "
မအေးရီက ညီမဖြစ်သူ နွေးနွေး၏ ပခုံးနှစ်ဘက်ကို စုံကိုင်လိုက်ပြီး ကရုဏာဒေါသနှင့် ပြောလိုက်သည်။
"နွေး မရှက်ဘူး မမကြီး ... ရှက်ရမှာက သူတို့လေ နွေးက ဘာလို့ ရှရေ့မှာလဲ ... နွေးက လူမှုရေးဖောက်ပြန်ခဲ့တာမှမဟုတ်တာ "
====================
အပိုင်း ( ၂ ) ဆက်ရန်
ဧကြည်ဖြူ
27.2.2022
" တစ်ခုလပ် " အခန်းဆက် ဝတ္ထုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် Wave / Kpay ကြိုက်နှစ်သက်ရာဖြင် 1000Ksချီးမြှင့်ပေးနိုင်ပါသည်။
W/kpay
09773745413
Lai Lai win
ရှိသည် ။သို့သော် အိမ်ထောင် ရှိသည်ကို ဒေါ်ချယ်ရီဆွေ ဂရုမစိုက်ပေ။အဓိက က ကိုယ့်လူဖြစ်အောင် သိမ်းသွင်းနိုင်ဖို့သာ အရေးကြီးပေသည်။ သို့နှင့် ဒေါ်ချယ်ရီဆွေက မောင်မောင်လတ်အကြောင်းကို ခရေစေ့တွင်ကျ သိရအောင် စုံးစမ်းကြည်သည်။သည်မှာ ဒေါ်ချယ်ရီဆွေသိလာရသည်မှာ မောင်မောင်လတ်က တစ်နယ်သား ။ မောင်မောင်လတ်၏ ဇနီးဖြစ်သူက ဒေါ်ချယ်ရီဆွေတို့ နေသော ရပ်ကွက်သူ။ မောင်မောင်လတ်က သူ့ဇနီးကို သိပ်ချစ်သိပ်ဂရုစိုက်သည် ဆိုသော သတင်းကို သိလာရသည်။ဒေါ်ချယ်ရီဆွေမှာ မောင်မောင်လတ်ကို ချဉ်းကပ်နိုင်ဖို့ အရေး အခွင့်အရေးကို သေချာ လေ့လာရသည်။သည်အခါ ဒေါ်ချယ်ရီဆွေ ထပ်မံသိလိုက်ရသည်မှာ မောင်မောင်လတ်သည် ငယ်စဉ်ကတည်းက မိခင်ကို ဆုံးရှုံးခဲ့ရပြီး မိခင်မေတ္တာငတ်နေခဲ့မှန်းသိလိုက်ရသည်။နယ်တွင် ဖခင်ဖြစ်သူရှိသော်လည်း မောင်မောင်လတ်နှင့်အတူ လာမနေပါချေ။ ထို့အတူ မောင်မောင်လတ်၏ ဇနီးဖြစ်သူသည်လည်း မိဘများမရှိဘဲ အစ်မတစ်ယောက်သာရှိသည်ကိုသိလိုက်ရလေသည်။သည်အခွင့် အရေးကို လက်လွှတ်မခံဘဲ အသုံးချရန် ဒေါ်ချယ်ရီဆွေ စည်းစားကြံစည်ရတော့သည်။သည်ကြားထဲ၌ ကံအခွင့်အလမ်းက ဒေါ်ချယ်ရီဆွေ ဘက်ပါသည်ဟုပင် ပြောရလေမည်လား။မောင်မောင်လတ်သည် လမ်းမကြီးတွင် ဆိုင်ဖွင့်ထားပြီး သူ့ဇနီးက အိမ်တွင် အိမ်ဆိုင်လေးဖွင့်ထားသောကြောင့် မောင်မောင်လတ်ကို လိုက်၍မကြည်နိုင်ပေ။ ဒါသည် ဒေါ်ချယ်ရီဆွေတို့အတွက် အခွင့်အရေးဖြစ်ခဲ့သည်။မောင်မောင်လတ်ဆိုင်သို့ ပစ္စည်းအပျက်မှန်သမျှသွားပြင်သည်။ ပြီးလျှင်အိမ်သို့ရောက်အောင် ခေါ်သည်။အိမ်သို့ ရောက်လျှင် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ကျွေးမွေးပြီး နွေးနွေးထွေးထွေးဆက်ဆံပေးလိုက်သည်။သည်လိုနှင့်ပင် ဒေါ်ချယ်ရီဆွေ၏ မဟာစီမံကိန်းကြီး အောင်မြင်ခဲ့လေပြီ။မောင်မောင်လတ်သည် ညဦးပိုင်း အချိန်များတွင် ဒေါ်ချယ်ရီဆွေတို့ အိမ်သို့ အလည်လာသည့် အခြေအနေမျိုးထိရောက်ခဲ့လေသည်။ထိုသို့ မောင်မောင်လတ်ရောက်လာပြီဆိုလျှင် ဒေါ်ချယ်ရီဆွေသည် ကွမ်းဝယ်သလိုလို ဆေးဝယ်သလိုလိုနှင့် မသိမသာ ရှောင်ထွက်ခဲ့ပြီး သမီးဖြစ်သူနှင့် မောင်မောင်လတ်ကို လွှတ်ထားပေးခဲ့သည်။ဒေါ်ချယ်ရီဆွေ၏ ယောကျာ်းဖြစ်သူကလည်း နယ်ဘက် မကြာခဏ သွားနေရ၍အဆင်ပြေသည်။သည်သို့ဖြင့်ပင် မောင်မောင်လတ်သည် ဒေါ်ချယ်ရီဆွေ၏ခါးပိုက်ထောင်ထဲသို့ ရောက်မှန်းမသိရောက်လာခဲ့လေသည်။
~~~~~~~
"မနက်ဖြန် ကိုယ်မြို့ထဲသွားအုံးမယ် .. ဆိုင်အတွက် လိုတာလေး သွားဝယ်မလို့ ... နွေး ဘာမှာ အုံးမလဲ "
မောင်မောင်လတ်၏ အမေးကြောင့် နွေးနွေး မီးပူတိုက်နေရာမှ မောင်မောင်လတ်ကို တစ်ချက်မော့ကြည့်လိုက်မိသည်။နွေးနွေး၏ အကြည့်ကို မောင်မောင်လတ် မသိမသာ ရှောင်ဖယ်လိုက်သည်ကို နွေးနွေးသိလိုက်သည်။မနက်ဆိုလည်း ဆိုင်သို့ခပ်စောစောသွားသည်။ညဆိုလည်ယခင်(လို မဟုတ် နောက်ကျမှ ဆိုင်က ပြန်လာတတ်သည်။သို့သော်လည်း ဘယ်ချိန် ဖြစ်ဖြစ် ဖုန်းဆက်လျှင် ကိုင်သည်ဖြစ်၍ နွေးနွေးမှာ စဉ်းစားရကြပ်လှသည်။သူ့ဆိုင်ကို နေ့စဉ် နွေးနွေးလိုက်ချောင်းဖို့ ဆိုသည်မှာလဲမဖြစ်နိုင်။ နွေးနွေး၏ အိမ်ဆိုင်လေးမှာ စောင့်ပေးမည့်သူ မရှိချေ။ထိုသို့ ယောကျာ်းဖြစ်သူကို လိုက်လံချောင်းမြောင်းနေရမည့်အဖြစ်ကို နွေးနွေးကိုယ်တိုင်လဲ ဘ၀င်မကျလှပါ။နှစ်ယောက်သားလက်ထပ်စဉ်ကတည်းက လွတ်လပ်ခွင့်ကို အလွှဲသုံးစား အသုံးမချကြရန် ကိုယ်စီ ကတိပြုခဲ့ ကြသည်။အိမ်ထောင်သည် ထောင် မဖြစ်စေရ။ထို့အတူ သာလာယံဇရပ်ကဲ့သို့လည်း စည်းမရှိဝါးမရှိမဖြစ်စေရဟု ကတိတွေ ပြုခဲ့ကြသည်။ထိုကတိတွေကို ကိုလတ် တစ်ယောက်လိုက်နာစောင့်ထိန်းလိမ့်မည် ဟူ၍လည်း နွေးနွေး ယုံကြည်ခဲ့မိသည်။သို့အတွက် ထင်ယောင်ထင်မှားစိတ်နှင့် ခင်ပွန်းဖြစ်သူ မောင်မောင်လတ်ကို ဖွင့်ဟ၍ မေးရန် စိတ်ကူး နွေးနွေးမှာမရှိပါလေ။
"အတော်ပဲ နွေးဆိုင် အတွက် လိုတာတွေကိုပါ ဝယ်ခဲ့ပေးလေ ကိုလတ် "
ယောက်ျားဖြစ်သူကို နွေးနွေး အကြွင်းမဲ့ ယုံကြည်သည် မဟုတ်ပါ။သူ၏ ကိုယ်ကျင့်သိက္ခာကို လေးစားသောအားဖြင့် လက်ပူးလက်ကြပ် မမိသေးသ၍ နွေးနွေး၏စိတ်ထဲမှ သံသယအတွေးများကို မျိုသိပ်ပစ်ခဲ့သည်။
~~~~~
" အစ်ကိုကလဲ နောက်ကျလိုက်တာကွာ ...ဆွေမျှော်နေတာ ကြာလှပေါ့ "
ဆွေဆွေနိုင်က နှုတ်ခမ်းလေးစူ၍ မောင်မောင်လတ်ကို ပြောလိုက်သည်။
" အစ်ကို တောင်းပန်ပါတယ်ကွာ ... နွေးက ဈေးမှာ ချင်တယ်ဆိုတာနဲ့ ... သူစာရင်းရေးနေတာကို စောင့်နေရလို့ပါကွာ ... စိ တ်မဆိုးနဲ့နော် ချစ်လေး .."
မောင်မောင်လတ်သည် နှုတ်ခမ်းလေးကိုစူထော်ထားသော ဆွေဆွေနိုင်ကို ကြည့်၍ ချော့လိုက်သည်။အမှန်မှာ မောင်မောင်လတ်နှင့် ဆွေဆွေနိုင်မှာ အသက်အားဖြင့် လအနည်းငယ်သာ ကွာလေသည်။သို့သော်လည်း ဆွေဆွေနိုင်သည် စကားပြောလျှင် ကလေးငယ်ကဲ့သို့ ချွဲတဲတဲပြောလေ့ရှိသဖြင့် ထိုအမူအကျင့်ပုံစံကို မောင်မောင်လတ်က စွဲလမ်းနေမိသည်။သည့်ထက်ပို၍ ဆွေဆွေနိုင်၏ အမူအရာသည် ပွင့်လင်းသည် လေလား။ဆွေဆွေနိုင်သည် မောင်မောင်လတ်နှင့် တွေ့ဆုံသည့်အခါတိုင်း စကားပြောလျှင် မောင်မော်လတ်ကို ထိလိုက်ပုတ်လိုက်နှင့် လက်ဟန် ခြေဟန်နှင့် ပြောလေ့ရှိသည့်အပြင် မခို့တရို့မျက်နှာလေးနှင့် မြူသလိုလိုကြည့်တတ်သော အကြည့်များကို မောင်မောင်လတ် စိတ်မှ သာယာနေမိလေသည်။
သာမန်လက်လုပ်လက်စားတစ်ယောက်သာဖြစ်သည်။သို့သော်လည်း မောင်မောင်လတ်သည် ပျင်းရိလေးတွဲသော အကျင့်မရှိသောကြောင့် နွေးနွေး သဘောကျမိသည်။ထို့ကြောင့် မောင်မောင်လတ်နှင့် နွေးနွေးယူလိုက်ပြီးလျှင် အိုးပိုင်အိမ်ပိုင်တစ်လုံးလောက် ပိုင်ဆိုင်ရအောင် နှစ်ဦးလုံး ကြိုးစားကြပြီးလျှင် သာယာသော မိသားစု ဘ၀ကို တည် ဆောင်နိုင်လိမ်မည်ဟုနွေးနွေး ယုံကြည် ထင်မှတ်ခဲ့သည်။သည်လိုနှင့် နွေးနွေးနှင့် မောင်မောင်လတ်တို့ လက်ထပ်ဖြစ်ကြသည်။လက်ထပ်ပြီး နှစ်ဦးသား တက်ညီလက်ညီအလုပ်ကြိုးစားခဲ့ကြ၍ မကြာမီအချိန်ကာလတွင် ခြံလေးတစ်ခြံပင် ဝယ်နိုင်တော့မည့် အနေအထားဖြစ်လေသည်။သို့သော်လည်း နွေးနွေးများ တွက်ကိန်းလွဲခဲ့လေသည်လားမသိ။ ယခုဆိုလျှင် မောင်မောင်လတ် မူမမှန်သည်မှာ လပိုင်းမျှ ရှိလာသည်ကို နွေးနွေးလည်းသတိပြုမိသည်။မောင်မောင်လတ် ပြောင်းလဲလာပုံကို ပြောရမည်ဆိုလျှင် ပထမဦးစွာ သီချင်းသိပ်နားထောင်လေ့မရှိသော မောင်မောင်လတ်သည် အချစ်သီချင်းတွေ နားထောင်လာသည်။အိမ်ပြန်နောက်ကျလာတတ်သည်။လိုတာထက်ပို၍ပြင်ဆင်လာသည်။ပြင်ဆင်လာသည်ဟု ဆိုရခြင်းမှာ မောင်မောင်လတ်သည် ယခင်က ဆိုလျှင် အလုပ်မှအလုပ် သာစိတ်၀င်စားပြီး အဝတ်အစားကိုဖြစ်သလိုဝတ်စားတတ်သူဖြစ်သည်။မောင်မောင်လတ် မည်မျှပေတိပေစုတ်နေသည်ဆိုသော် နွေးနွေး၏အပေါင်းအသင်းများထဲမှ အားမနာတမ်းပြောတတ်သူ အချို့က "မိနွေးရယ် ငါပြောရင်စိတ်မဆိုးနဲ့ ...နင့် လူက ဘယ်လိုပြောမလဲဟယ် ပြောင်ပြောင်ပြောင်ရောင်ရောင်လဲမရှိဘူး...နင်နဲ့မလိုက်ဖက်ပါဘူး...အခြားသူကို ရွေးစမ်းပါ " ဟု ပြောဆိုခဲ့ကြသည်အထိပင်။ဟုတ်လည်းဟုတ်ပေသည်။ နွေးနွေးက အစဉ်သဖြင့် သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းလှလှပပနေတတ်သည် ။ ဘ၀ကို ဆင်းဆင်းရဲရဲရုန်းကန်လှုပ်ရှားနေရသော်လည်း နွေးနွေး ဘဝကို ဖြစ်သလို မနေခဲ့။ရှာနိုင်သလောက် ရှာသည်။ စုဆောင်းနိုင်သလောက်စုဆောင်းသည်။ကုန်ကုန် ပြောရလျှင် အဝတ်အစားကအစ လမ်းဘေးထည်အများစုပဲ ဝယ်နိုင် ဝတ်နိုင်သော်လည်း ထိုလမ်းဘေးထည်တွေကိုပဲ သပ်သပ်ရပ်ရပ်ပြုပြင်ပြီး ဝတ်ဆင်ခဲ့သူပင်။မောင်မောင်လတ်နှင့် ချစ်သူဖြစ်သောအခါ နွေးနွေးသည် မောင်မောင်လတ်၏ အဝတ်အစားအနေအထိုင်က ဂရုစိုက်ပေးခဲ့သည်။သို့ကြောင့်ပင်လျှင် မောင်မောင်လတ်သည်လည်း ယခင်နှင့် မတူဘဲ တောက်တောက် ပြောင်ပြောင် သပ်သပ်ရပ်ရပ်ဖြစ်လာသည်။များစွာ သပ်ရပ်ကြည့်ကောင်းလာသည်။ တနည်းအားဖြင့် လူကသပ်သပ်ရပ်ရပ် ဖြစ်လာသောအခါ အလုပ်မှာ ဆက်ဆံရေး ပိုအဆင်ပြေလာသလို လူဝင်လည်းဆန့်လာခဲ့သည်လေ။ ယောကျာ်းတစ်ယောက်သည် ကြည့်ကောင်းသပ်ရပ်၍ ဝင်ငွေရှာကောင်းလျှင် ဖောက်ပြန်တတ်သည်လော။သို့တည်းမဟုတ် ပင်ကို ဗီဇဉာဉ်ကပင် အခွင့်အရေးမသာခိုက် ဆ္ဆေမျှပုန်းလျှိုးကွယ်ပျောက်နေခဲ့လေသည်လား။ နွေးနွေး အနေနှင့် သေချာမဆန်းစစ်နိုင်ပါလေ။သေချာသည်မှာ နွေးနွေး၏ ချစ်ခင်ပွန်း မောင်မောင်လတ် တစ်ယောက် ပြောင်းလဲလာသည်ကိုသာ နွေးနွေး အသေအချာ သိလေသည်။
~~~~~~
"မိဆွေ ... ညည်းဟာက သေချာပိုင်နိုင်ရဲ့လား အေ...အမေစုံစမ်းလို့ရသလောက်တော့ ...သူ့မိန်းမဘက်က ရိပ်မိနေပြီထင်တယ် ... နင့်ဘက်က အပိုင်ကိုင်နိုင်မှ ဖြစ်မှာနော် ...."
ဒေါ်ချယ်ရီဆွေသည် သမီးဖြစ်သူ ဆွေဆွေနိုင်ကို ပြောလိုက်သည်။
" စိတ်ချပါ အမေရယ် ...အခုလဲ ကိုမောင်က အိမ်လခကအစ ပေးနေတာပဲ ... မကြာခင် သမီးအပိုင်ဖြစ်အောင် လုပ်ပါ့မယ် ..."
ဆွေဆွေနိုင်က ထဘီလေးကို ချပ်ရပ်နေအောင် ခပ်တင်းတင်းဆွဲဝတ်နေရင်းမှ မိခင်ကို ပြောလိုက်သည်။
"အေးပါအေ ....အဲ့ဒါဆိုလည်း ပြီးတာပဲ ....အမေ က စိတ်ပူလို့ ပြောနေတာ...ရှေ့လျှော်က် အိမ်ရဲ့ စားဝတ်နေရေး အတွက် ညည်း အဖေက ဘာမှ အားကို ရတာမဟုတ်ဘူး "
ဒေါ်ချယ်ရီဆွေသည် စိတ်မအေးစွာ သမီးဖြစ်သူကို ပြောလိုက်သည်။ ဒေါ်ချယ်ရီဆွေ စိတ်ပူမည်ဆိုလည်း ပူစရာပေ။ဒေါ်ချယ်ရီဆွေမှာ သမီးတစ်ယောက်သားတစ်ယောက်ရှိသည်။ ယောကျာ်းဖြစ်သူက လက်သမား အလုပ်လုပ်သော်လည်း အလုပ်က မရှိတစ်လှည့် ရှိတစ်လှည့်။ သမီးကြီးဖြစ်သူ ဆွေဆွေနိုင်က အထည်ချုပ်မှာလုပ်သည်။သားဖြစ်သူက အသ်က်နှစ်ဆယ်သာကျော်လာသည်။အလုပ်က မယ်မယ်ရရမရှိသေးချေ။မိသားစုထဲမှာ ပုံမှန်လစာ ရှိသူမှာ ဆွေဆွေနိုင် တစ်ယောက်သာရှိ၍ စားဝတ်နေရေးက ချောင်လည်သည် ဟူ၍မရှိလှခဲ့။သည်မိသားစု၏ အခက်အခဲများကြား၌ ဒေါ်ချယ်ရီဆွေသည် ကြံရာမရ သည့်အဆုံးတွင် ရုပ်ရည်အားဖြင့် သာမန်မျှသာ ရှိသော်လည်း ခန္ဓာကိုယ်ဖွံ့ထားလှသော သမီးဖြစ်သူ၏ အလှအပနှင့် ခိုင်းကောင်းသော သမက်ကို ရှာဖွေရန် ကြိုးစားရလေသည်။ထိုသို့ရှာဖွေရာတွင် လူပျိုလူလွတ်ထက် အလုပ်အကိုင်ဝင်ငွေကောင်းပြီး သမီးဖြစ်သူကိုတမ်းတမ်းစွဲဖြစ်နိုင်မည့်သူမျိုးကိုရှာဖွေရလေသည်။သမီးဖြစ်သူ ဆွေဆွေနိုင်သည် ယခင်ကလည်း လူမသိ သူမသိအိမ်ထောင်ကျဖူးသူဖြစ်၍ သူထက်ငါ စွမ်းသော စားပြီးပစ်ထားခဲ့မည့် လူလည်ပန်ကာမျိုးနှင့် မတွေ့ရန် သတိထားရလေသည်။ထိုသို့ရှာဖွေရင်းမှ ဒေါ်ချယ်ရီဆွေ ရော ဆွေဆွေနိုင်ပါ သဘောကျနှစ်သက်သော လူတစ်ယောက်ကို တွေ့ခဲ့ရလေသည်။ ထိုလူသည်ကား မောင်မောင်လတ် ဆိုသောသူပင်ဖြစ်လေသည်။မောင်မောင်လတ်သည် ဒေါ်ချယ်ရီဆွေတို့ နေသော ရပ်ကွက်မိန်းလမ်းမတွင် စက်ပစ္စည်းအမျိုးမျိုး ပြုပြင်ဆိုင်ဖွင့်ထားသည်။လူကလဲ ရည်ရည်မွန်မွန် သားသားနားနားရှိသည်။၀င်ငွေလည်းကောင်းသည်။အိမ်ထောင်လည်း
ဧကြည်ဖြူ
အခန်းဆက် ဝတ္ထု
"တစ်ခုလပ် "
အပိုင်း ( ၁)
******
"ဘာတွေလဲ မမကြီး "
အချိန်မဟုတ် အခါမဟုတ် အတာအိုးတစ်လုံးနှင့်အတူ အရွက်ညွှန့်များကို အပ်ချည်ကြိုးစနှင့် ပူးချည်းထားသော အရွက်ညွှန့်တစ်စည်း ကိုကိုင်လာသော အစ်မဖြစ်သူ မအေးရီကို နွေးနွေးက မေးလိုက်သည်။
မအေးရီက နွေးနွေး၏အမေးကို မဖြေဘဲ ခုံတွင် ဆွေ့ခနဲ ဝင်ထိုင်လိုက်သည်။ပြီးလျှင် အိမ်ရှေ့လမ်းသို့ လှမ်းမျှော်ကြည့်လိုက်ပြီး စိတ်မရှည်သောအသံဖြင့်ပြောလိုက်သည်။
"ဟိုကောင်လေးကလဲ ကြာလိုက်တာ...ကလေးဖြစ်ပြီး သွက်သွက်လက်လက်ကို မရှိဘူး "
ဖျစ်တောက် ဖျစ်တောက်နှင့် ပြောဆိုနေသော အစ်မဖြစ်သူ မအေးရီကို နွေးနွေးကြည့်နေစဉ်မှာပင် စျေးခြင်း တောင်းကို ဆွဲ၍ ဝင်လာသော တူဖြစ်သူကို နွေးနွေး တွေ့လိုက်ရသည်။
"ဒီကလေးနှယ် ကြာလိုက်တာ ...မြန်မြန်လာ ..ခြင်းကို ချထားခဲ့ပြီး အိမ်ကို ပြန်တော့ "
မအေးရီသည် သားဖြစ်သူကို ပြန်ခိုင်းလိုက်ပြီးမှ နွေးနွေး နှင့်မျက်နှာချင်းဆိုင်လိုက်ပြီး သူလာသော အကြောင်းအရင်းကို ရှင်းပြလိုက်သည်။
"ဆရာကတော့ ပြောတယ် ... နင့်ယောကျာ်းမှာ အငယ်အနှောင်းရကိန်းမြင်နေတယ်တဲ့ ...အဲ့ဒါ ယတြာချေဖို့ ပေးလိုက်တယ် ...ဒီမှာ လိုတာတွေ ငါဝယ်ခဲ့တယ် ...နင့်ကို ပြောရင်လုပ်မှာ မဟုတ်မှန်းသိလို့ ဝယ်လာခဲ့တာ "
အစ်မဖြစ်သူ၏ စကားကြောင့် နွေးနွေး စိတ်ထဲ ထိတ်ခနဲဖြစ်သွားမိသည်။
အစ်မဖြစ်သူ မအေးရီသည် နွေးနွေး၏ အစ်မအကြီးဖြစ်ပြီး နွေးနွေးထက် ဆယ်နှစ်ခန့်ကြီးသည်။ နွေးနွေးနှင့်တစ်ရပ်ကွက်တည်း နေသည် မှန်သော်လည်း ရပ်ကွပ်၏ အဆုံးနှင့် အစမှာ ကိုယ်စီကိုယ့်အိမ်ထောင်နှင့် ကိုယ်နေကြခြင်းဖြစ်သည်။နွေးနွေးသည် အသက်နှစ်ဆယ့် ငါးနှစ်သာ ရှိသေးပြီး လွန်ခဲ့သောနှစ်နှစ်ကျော်ကမှ အိမ်ထောင်ပြုခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် အိမ်ထောင်သက် ဝါရင့်နေပြီဖြစ်သော မအေးရီက အသက်ကွာလှသော ညီမဖြစ်သူ၏အိမ်ထောင်ရေးကို ဘေးမှ စောင့်ကြည့်ထိန်းသိမ်းပေးခြင်းဖြစ်သည်။ထို့ကြောင့်ပင် နွေးနွေး၏အိမ်ဦးသခင် မောင်မောင်လတ် တစ်ယောက်ခြေလှမ်းတွေပျက်နေသည်ကို တစ်အိုးတစ်အိမ်စိနေသော မအေးရီ သိရှိရိပ်မိနေခြင်း ဖြစ်ပေသည်း။
နွေးနွေးသည်လည်း ခင်ပွန်းဖြစ်သူ မောင်မောင်လတ် မူပျက်နေသည်ကို ရိပ်မိပါလေသည်။ သို့သော်လည်း လက်ဆုပ်လက်ကိုင် မမိသေးသဖြင့် အခြေအနေကို စောင့်ကြည့်နေခြင်းဖြစ်ပါလေသည်။
"ကလေးယူလိုက်ပါလား ဟယ်....အဲ့ဒါဆို သူခြေရှုပ်ချင်ရင်တောင် မရှုပ်တော့ဘူးပေါ့ ..."
မအေးရိက ညီမဖြစ်သူနွေးနွေး၏ အိမ်ဆိုင်လေးထဲသို့ ဈေးဝယ်သူလာ မလာကြည့်လိုက်ပြီးမှ ထိုစကားကို ပြောခြင်း ဖြစ်လေသည်။
နွေးနွေးသည် အစ်မကြီးဖြစ်သူ၏ စကားကိုကြောင့် ခေါင်းကို ယမ်းခါလိုက်ပြီးလျှင်
"အိမ်ပိုင်လေးနဲ့နေနိုင်မှ ကလေးယူဖို့ ဆုံးဖြတ်ထားတယ် မမကြီး ..."
" နင်နဲ့တော့ ဒုက္ခပါပဲ ...ယောကျာ်းဆိုတာ ကလေးမရှိရင် အသစ်ရှာတတ်တဲ့လူမျိုးလေ ...နင် ကလေးယူဖို့ စဉ်းစားတော့ "
အစ်မဖြစ်သူကိုကြည့်ပြီး နွေးနွေး နာနာကျင် ကျင်နှင့် တစ်ချက်ပြုံးမိသည်။ဖောက်ပြန်ချင်သော ယောက်ျားအတွက် ဘယ်လို အကြောင်းပြချက်ကမှ တားဆီးလို့မရဘူးဆိုသည်ကို အစ်မဖြစ်သူကို သိစေချင်မိသည်။
"ဒီမှာ နင့်လုပ်ရမဲ့ ယတြာတွေ ...လုပ်ဖြစ်အောင် လုပ်နော် ..... ယတြာအားလုံးလိုလိုက အိမ်ဘုရားမှာ လှူရရမှာမို့ အဆင်ပြေတယ် ...."
နွေးနွေးစိတ်ထဲကနေ "မလုပ်ပါဘူး မမကြီး "ဟု ပြန်ပြောချင်သော်လည်း အစ်မဖြစ်သူစိတ်မကောင်းဖြစ်သွားမည် စိုးသောကြောင့် နှုတ်ဆိတ်နေလိုက်သည်။သေချာသည်မှာ အစ်မကြီးပြန်သွားလျှင် ထိုယတြာများကို နွေးနွေး လုပ်ဖြစ်လိမ့်မည်မထင်ပါချေ။ဗေဒင်ကို မယုံ၍ မလုပ်ခြင်းမျိုး မဟုတ်ပါချေ။ နွေးနွေး၏ စိတ်ခံယူချက်သည် အများနှင့် မတူ တမူကွဲပြားနေသည်ဟု ပဲပြောရလေမည်လား။ နွေးနွေးသည် ဗုဒ္ဓဘာသာကိုပင် ယုံကြည်ကိုးကွယ်သူ ဖြစ်ပါသည်။သို့သော်လည်း ဘုရားရှိခိုး အလှူအတန်းပြုပြီးလျှင် "၃၁ ဘုံ ကျင်လည်ကြကုန်သော သတ္တဝါတွေ ကျမ်းမာချမ်းသာကြပါစေ " ဆိုသော ဆုမှလွဲ၍ အခြားဆုများတောင်းလေ့မရှိ ၊ တောင်းလည်းမတောင်းပါချေ။နွေနွေး၏ခံယူချက်သည် ရတနာပုံးပါးကို ကြည်ညိုလေးစား၍ကိုးကွယ်ဆည်းကပ်သည်သာ ။အကျိုးလို၍ ညောင်ရေသွန်းခြင်းမျိုးကို နွေးနွေး သဘောမကျပေ။ထို့ကြောင့်ပင် လူတစ်ယောက်ကို ပိုင်ဆိုင်လိုသောစိတ်ကြောင့် ရတနာသုံးပါးကို ခုတုံးလုပ် လှူဒါန်း ဆုတောင်းတာမျိုးကို ဖြစ်စေ
၊ယတြာအစီအရင်လုပ်၍ ယူရမည်ဆိုလျှင် နွေးနွေးက စွန့်လွှတ်ဖို့ရန်သာဆုံးဖြတ်မည်ဖြစ်သည်။ပြီးလျှင် နွေးနွေးနှင့် မောင်မောင်လတ်သည် အချင်းချင်းချစ်လို့ ကြိုက်လို့ ယူခဲ့သူများဖြစ်သောကြောင့်သာ၍ပင် မလုပ်ချင်ပေ။
လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က နွေးနွေးသည် မောင်မောင်လတ်နှင့်ဆုံတွေ့ခဲ့ရသည်။ထိုစဉ်က နွေးနွေအနေနှင့် မောင်မောင်လတ်ကို ချစ်သည်ဟု မဆိုသာသော်လည်း အရက်၊ ဆေးလိပ် ၊ လောင်းကစားနှင့်မိန်းမကိစ္စကင်းရှင်းသော မောင်မောင်လတ်၏ အချစ်ကို လက်ခံခဲ့သည်။ထိုသို့လက်ခံလိုက်ရခြင်း အကြောင်းအရင်းမှာ မောင်မောင်လတ်က နွေးနွေးကို အထူးပင် ဂရုစိုက်ကြင်နာပြ၍ ဆိုလျှင်လည်း မှားမည်မထင်ချေ။ယုတ်စွအဆုံး ပြောရလျှင် မောင်မောင်လတ်သည် နွေးနွေးကဲ့သို့ပင်
''...မသွားနဲ့လို့တားခဲ့တာကို ဘာလို့ ထွက်သွားရတာလဲပြော ... ပြီးတော့လဲ ပြောသွားသေးတယ် ..ငါမှားမိတဲ့အတွက် တာဝန်ယူမယ်တဲ့ ...ကဲဟယ် ..ကဲဟယ်... တာဝန်ယူချင်အုံး ..."
"ကိုယ်... ကိုယ်မှားပါတယ်ကွာ ..အဲ့ဒီနေ့ကခရီးက ... ဦးမောင်မောင်နဲ့ အပြိုင်ဝယ်ထားတဲ့ မြေကွက်ကိစ္စနဲ့ သွားရတာ ...ကိုယ်မသွားခဲ့ဘူးဆိုရင်ငွေရာချီလဲဆုံးရှုံးမယ် ..ဦးမောင်မောင်ကိုလဲ ရှုံးမှာကြောက်လို့ သွားခဲ့တာ ..."
"အို ..မသိဘူး ..မုန်းတယ် ... ဒီနှစ် တွေမှာ တွေ့အောင်လဲမရှာခဲ့ဘူး "
" မတွေ့ပေမဲ့ ရှူးမတက်လိုက်ရှာခဲ့တာပါ နှင်းအိမ်ရယ်...ခရီးကပြန်ရောက်တာနဲ့ မင်းမရှိတော့ဘူးဆိုတာကိုသိလိုက်ရတော့.. ဘာအလုပ်မှဆက်မလုပ်တော့ဘဲ လိုက်ရှာခဲ့တာပါ..ဟိုနေ့က မတ်ကက်ထဲမှာကိုယ်တို့ဆုံပြီးတော့ ..အဲ့ဒီနေ့ကစပြီး ...မင်းရဲ့ဆိုင်ရှေ့ကို ကိုယ်နေ့တိုင်းလာခဲ့တယ် ... "
လမင်းက တတွတ်တွတ် တောင်းပန်နေသော်လည်း နှင်းအိမ် စိတ်ဆိုးမပြေသေးဘဲ မျက်ရည်အရွှဲသားနှင့် လမင်းကို တဘုံးဘုံးမြည်အောင်ထပ်ပြီးထုရိုက်လိုက်သည်။
"ကိုယ့်ကို ရိုက်ချင်သလောက် ရိုက်ပါကွာ ...ကိုယ်အရိုက်ခံပါ့မယ် .. ငယ်ငယ်ကလဲ မင်းရိုက်ရင်ကိုယ်အမြဲငြိမ်ခံခဲ့တာပဲလေ..ခုတော့မရိုက်နဲ့တော့နော် ..ဒီမှာသားလေးလန့်နေပြီကွ "
သူ့ကိုထုရိုက်နေသော နှင်းအိမ်၏လက်ကလေးကို လမင်းဆွဲယူဆုပ်ကိုင်ရင်းပြောလိုက်သည်။အမေဖြစ်သူငိုနေသည်ကို ကြည့်ပြီးသားလေးကလည်း လိုက်ငိုသည်။အပြိုင်ငိုနေကြသောသားအမိနှစ်ယောက်လုံးကို လမင်းသိမ်းကြုံးပွေ့ဖက်ထားလိုက်သည်။
~~~~
''ကျွန်..ကျွန်တော်တောင်းပန်ပါတယ် မေနွယ် ...."
"မေနွယ့်ကိုတောင်းပန်ဖို့မလိုပါဘူးကွယ် ...မင်းတို့တွေအဆင်ပြေရင်ပြီးတာပဲ ... နောက်ထပ်တော့ ဒီလိုမျိုး ကိုယ်ထင်ရာမလုပ်ကြပါနဲ့နော် ... သမီးနှင်းအိမ်က သူ့ကိုယ်သူလည်လှပြီထင်နေတာ ... မြေးလေးမျက်နှာကိုမြင်လိုက်တာနဲ့ မေနွယ်သိတာပေါ့ .. လမင်းငယ်ငယ်တုန်းကလဲ မေနွယ်ပဲထိန်းလာခဲ့ရတာလေ "
မိခင်၏ စကားကြောင့်နှင်းအိမ်ကခေါင်းလေးကို ငုံ့ထားလိုက်သည်။လမင်းကလည်း ကလေးကိုချီပွေ့ထားရင်း ငြိမ်သက်စွာနားထောင်သည်။မအေးနွယ်ကတော့ ကလေးသုံးယောက်ကို ကြည့်ကာ ကျေကျေနပ်နပ်ကြည်ကြည်နူးနူးပြုံးနေမိလေသည်။
~~~~
"ဟယ် ....အေးနွယ် ..နှင်းအိမ် နင်တို့ဘယ်သွားနေကြတာလဲ ..ငါက သတိရနေတာ ... သမီးနှင်းအိမ် မေတုတ်ကို မချစ်တော့လို့လား "
မိတုတ်သည် မအေးနွယ်နှင့်နှင်းအိမ်တို့ကိုတွေ့သည်နှင့် ဝမ်းသာအားရပြောရင်းနှင်းအိမ်ကို ပြေးဖက်လေသည်။နှင်းအိမ်ကို ဖက်ထားရင်းမှ သားဖြစ်သူထံသို့ အကြည့်ရောက်သွားပြီး
"သားလေး ...သူ...သူက ဘယ်သူလဲဟင် ... ဘယ့်သူကလေးလဲ "
မိတုတ်သည် ဖက်ထားသော နှင်းအိမ်၏ ခန္ဓာကိုယ်လေးကိုလွှတ်လိုက်ပြီး သားဖြစ်သူချီထားသောကလေးကို ကြည့်လိုက်သည်။
"ကလေးလေးက ချစ်စရာလေးနော်သား ... ဘယ်သူ့ကလေးလဲ "
" သားနဲ့နှင်းအိမ်ရဲ့ကလေး အမေ့ရဲ့မြေးလေးပေါ့..အမေ့ချီကြည့်အုံးလေ "
" သူ...သူက အမေ့မြေးဟုတ်လား ...တကယ်လား ....သမီးနှင်းအိမ်မွေးတာလား ......ဒါဆိုရင် သားနဲ့ သမီးနှင်းအိမ်ယူကြမှာပေါ့ ..ပျော်စရာ ကြီး ...အမေအေးကြည်ရေ ဒီမှာကြည့်ပါအုံး.. မိတုတ်မြေးလေးလေ ...ချောတယ်မဟုတ်လား အမေ "
မိတုတ်တစ်ယောက် ပျော်ရွှင်မြူးတူးနေချိန်မှာ မအေးနွယ်ကတော့ ဒေါ်အေးကြည်၊ဒေါ်စန်းနှင့် မတူးတို့အားဖြစ်ပျက်ခဲ့သမျှတွေကို ပြောပြနေလေသည်။
~~~~~~~
"ကလေးတစ်ဖက်နဲ့ မင်္ဂလာမဆောင်ချင်ပါဘူး...ပြီးတော့ လူတွေက နှင်းအိမ်ကိုတစ်မျိုးထင်နေကြအုံးမယ် "
နှင်းအိမ်နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။
လမင်းက နှင်းအိမ်၏ပခုံးလေးကို ခပ်ဖွဖွဖက်လိုက်ကာမျက်နှာလေးကို စေ့စေ့ကြည့်လိုက်ပြီး
"ဘာရှက်စရာရှိလို့လဲကွာ..ကိုယ်ကတော ..ဘာမဆိုမင်းသဘောကျရင်ရပါတယ် ...ဒါပေမဲ့ ကိုယ်တို့အမေတွေရဲ့ဆန္ဒလေ .. လိုက်လျော လိုက်ပါနော်ချစ်လေး "
လမင်းက နှင်းအိမ်၏ပါးလေးကို ဖိကပ်နမ်းရှိုက်ရင်းပြောလိုက်သည်။နှင်းအိမ်က မျက်စောင်းလေးခဲလိုက်ပြီးလမင်းကိုယ်လုံးကြီးကို တွန်းထုတ်ပစ်လိုက်သည်။လမင်းက နှင်းအိမ်တွန်းထုတ်နေသည့ကြားမှ နှင်းအိမ်၏ ကိုယ်လုံးလေးကို အတင်းသိမ်းကြုံးဖက်ပစ်လိုက်လေသည်။
,.........ပြီးပါပြီ......
@@@@@@@@@@@@@@@@@
အစမှအဆုံးဖတ်ရှုပေးကြတဲ့ စာချစ်သူများကို ကျေးဇူးအထူးတင်ရှိပါတယ် ..။ဝါသနာရှင်မို့လိုအပ်ချက်များစွာရှိတာကို နားလည်ပေးကြပါရှင်...
#ဧကြည်ဖြူ
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည်)
အပိုင်း (၂၇) [ ဇာတ်သိမ်းပိုင်း]
*******
"ငါ ဘာပြောလိုက်လဲ မင်းမကြားဘူးလား .. ဘာလဲ မင်းငါ့ကိုထိုးချင်လို့လား ..ထိုးလေ .. ငါလဲ စိတ်ရှိတိုင်းသာဆိုရင်မင်းမျက်နှာကို လေးငါးချက်လောက်ထိုးပစ်ချင်တာ .....ကြည့်လိုက်ရင် မင်းပဲ သိသလိုလို မင်းပဲတတ်သလိုလိုနဲ့.....နှင်းအိမ်ရဲ့သားလေးနာမည်က ကြယ်လေးဆိုတာကိုရောမင်းသိလား "
"ဘာ..ဘာပြောတယ် ... ကလေး နာမည်က ကြယ်.... ကြယ်လေးဟုတ်လား "
လမင်းတစ်ကိုယ်လုံး ဆတ်ခနဲတုန်သွားပြီးလျှင် အထစ်ထစ် အငေါ့ငေါ့ဖြင့် မေးလိုက်မိသည်။
လမင်း၏ အမေးကိုမဖြေဘဲ ကိုချမ်းထိုင်နေရာမှ ထလိုက်ပြီး လမင်း၏ အင်္ကျီကော်လံစကို ဆောင့်ဆွဲပစ်လိုက်သည်။
"နှင်းအိမ်အပေါ် မင်းဘာတွေကျူးလွန်ခဲ့လဲပြောစမ်း ..နှင်းအိမ်ရဲ့သားလေးကို မင်းသေချာတွေ့ဖူးရဲ့လား ... မင်းတို့နှစ်ယောက်လုံးကိုယ့်အထင်နဲ့ကိုယ်ရူးနေကြတာပဲ .... ကြာရင်ကြားထဲက ကလေးခမျာ ဖအေမရှိဘဲကြီးပြင်းလာရတော့မယ်... ဒါနဲ့ နေပါအုံး မင်းနဲ့ အတူတွဲသွားတာက ဘယ်ကဗိုက်ကြီးသည်လဲ...နှင်းအိမ်ပြောတာတော့ မင်းမိန်းမကဗိုက်ကြီးနဲ့တဲ့လေ "
" ဘာ ..ဘာပြောတယ် ... မင်းပြောနေတာတွေ အမှန်တွေပဲလား ချမ်းမြေ့...သွားပြီ...အကုန်လွဲကုန်ပြီးပဲ.....ငါ ..ငါသွားတော့မယ် .. မင်းကိုကျေးဇူးတင်တယ် ..ဘာပဲဖြစ်ဖြစ်... မင်းနဲ့ငါကမတော်လို့မရဘူးဆိုတာကို ငါလက်ခံလိုက်ပြီ "
ပြောပြောဆိုဆိုနှင့်ပြေးထွက်သွားသော လမင်း၏ကျောပြင်ကို ကိုချမ်း အပြုံးယဲ့ယဲ့နှင့်ငေးမောရင်း ပါးပြင်ပေါ်သို့ စီးကျလာသောမျက်ရည်ပေါက်ကို လက်ဖဝါးနှင့် ခပ်ကြမ်းကြမ်း ပွတ်သုတ်ပစ်လိုက်သည်။မိမိ၏ ဖခင်နှင့်အဘွားများကြောင့် ခံစားခဲ့ရ ဘော လမင်း၏နာကြည်းနာကျင်မှုများကို ကုစားနိုင်မဲ့ အချစ်အိမ်ကလေးဆီသို့ ကိုချမ်းလမ်းပြပေးလိုက်ပါပြီ။
~~~~
"ဘာဖြစ်ရပြန်ပြီလဲ လမင်းရာ ....မင်းကွာလုပ်လိုက်ဇွတ်ပဲ...ငါ့မိန်းမမှာ မပေါ့မပါးကြီးနဲ့ ကွ "
သူရကကားပေါ်လိုက်ပါလာရင်း ပွစိပွစိဖြင့်ပြောလိုက်သည်။
"နှင်းအိမ်ဆီ သွားမလို့ကွ ..နှင်းအိမ်က ငါနဲ့မစိုးကိုအထင်လွှဲနေပုံရတယ် "
"ဟေ .. ဟုတ်လား ..."
"ဟယ်..ဟုတ်လား ...ဟိုတစ်ခါ တွေ့တုန်းက အထင်လွဲသွားတာပေါ့ ..."
~~~~~
"မမ ဧည့်သည်တွေလာတယ် ''
" အင်း ...အင်း ..လာပြီနော် "
ဆိုင်အကူဝန်ထမ်းလေး၏ ခေါ်သံကြောင့် နှင်းအိမ်သားလေးကို ချီပြီးနောက်ခန်းထဲမှထွက်ခဲ့လိုက်သည်။ဆိုင်ထဲသို့ ရောက်သောအခါ မမျှော်လင့်ထားသောသူများကို တွေ့လိုက်ရသောကြောင့် နှင်းအိမ်၏ နှလုံးသားများ တဒိန်းဒိန်းဆောင့်ခုန်လာသည်။နှင်းအိမ်ခြေလှမ်းများကို နောက်သို့မသိမသာဆုတ်လိုက်မိသည်။
" နှင်းအိမ် ..နင်နေနိုင်လိုက်တာဟာ "
သူရကပြောရင်း.နှင်းအိမ်အနားသို့လျှောက်သွားသည်။နှင်းအိမ်က ပပစိုးကိုတစ်လှည့်၊ လမင်းကို တစ်လှည့်ကြည့်လျက် အံကိုတင်းတင်းကြိတ်ထားလိုက်သည်၊၊
လမင်းမှာ နှင်းအိမ်၏အရှေ့သို့ ရောက်သောအခါ မဝံ့မရဲနှင့်လူကြောက်ကလေးဖြစ်သွားရပြီး ဘာမှမပြောရဲဘဲ ဖြစ်နေမိသည်။
"သူလေးက နင့်ကလေးလားနှင်းအိမ်... ချစ်စရာလေးနော် .. ငါလဲ မကြာခင်ကလေးအဖေဖြစ်တော့မှာဟ ...ဒီမှာလေ ငါ့မိန်းမလဲ မကြာခင်မွေးတော့မှာ... ... ငါတို့ထဲမှာ မစ္စံတာဆိုလို့ လမင်းပဲရှိတော့တယ် .. ဒီ(၂)နှစ်အတွင်းမှာ သူကနင့်ကို ရူးမတတ်လိုက်ရှာနေခဲ့တာဟ ."
"ရှင် "
နှင်းအိမ်သည် သူရနှင့်ပပစိုးကိုယောင်ဝါးဝါးနှင့် ကြည့်လိုက်မိသည်။
"ဟိုတစ်ခါ တွေ့တုန်းက... အစ်မတို့က နှုတ်ဆက်မလို့လုပ်တုန်း... နှင်းအိမ်ကပြေးထွက်သွားလို့လေ ....အဲ့ဒီတုန်းက နှင်းအိမ်တို့ နောက်ကို လမင်းလိုက်လာတယ်လေ မတွေ့ဘူးလား "
ပပစိုးကပြောပြသလိုဟန်နှင့် ရှင်းပြလိုက်သည်။သည်လောက်ဆိုလျှင် ပပစိုးတို့ တာဝန်ကျေပြီမဟုတ်ပါလား။
~~~~~~
" နှင်းအိမ် ... ကိုယ့်ကို အထင်လွှဲနေတာ စိတ်ပြေပြီလားဟင် .."
နှင်းအိမ်ဘာမျှ ပြန်မပြောဘဲ ခေါင်းကိုငုံ့ထားလိုက်သည်။သားလေးက သူမပေါင်ပေါ်တွင် ထိုင်နေလျက်မှ လမင်းဆီသို့သွားရန် ရုန်းကန်နေသည်။လမင်းကလည်း ကလေးကို အတင်းယူချီသည် ။ နှင်းအိမ်ကလည်း ကလေးကိုမလွှတ်ပေးဘဲ ခပ်တင်းတင်းပွေ့ထားသည်။
"ကိုယ့်ဘဝမှာ... မင်းကလွှဲပြီး ဘယ်မိန်းမကိုမှ လက်ကလေးတောင်မကိုင်ဖူးပါဘူး ...ကျိန်ပြောရဲပါတယ် ... ငယ်ငယ်လေးကတည်းကမင်းကလွဲပြီး ကိုယ့်ရင်ထဲမှာ ဘယ်သူမှမရှိခဲ့ပါဘူး ယုံပါကွာ .. မင်းကိုချစ်တယ် ... ဟိုအရင်ကလေးဘဝကတည်းက မင်းကိုချစ်ခဲ့တာပါ...မင်းကိုယ့်အနားကို ရောက်လာရင် .. ဦးမောင်မောင်တို့မိသားစုကို လက်စားချေဖို့ ရည်ရွယ်ထားတဲ့ စိတ်ကူးတွေ ပျောက်ပျက်သွားမှာစိုးရိမ်ခဲ့မိတယ် ..အဲ့ဒါကြောင့် ရှောင်ဖယ်နေခဲ့တာ ... ဒါပေမဲ့ မင်းမရှိတော့ဘူးဆိုတာသိလိုက်ရတော့ ..ကိုယ်လေ မင်းကလွဲပြီးဘာကိုမှမလိုချင်မလိုအပ်တော့ဘူး "
နှင်းအိမ်အံလေးကို တင်းတင်းကြိတ်လိုက်ပြီး လမင်းကို မျက်နှာချင်းဆိုင်ကြည့်လိုက်သည်။ပြီးနောက် လမင်း၏ ခန္ဓာကိုယ်ကို ထုရိုက်ပစ်လိုက်ပြီး ဝမ်းပန်းတနည်း ငိုချပစ်လိုက်သည်။
"ဒါနဲ့လေ နှင်းအိမ် ... ကလေးအဖေက မဆက်သွယ်ဘူးလား "
ကိုချမ်း၏ အမေးစကားကြောင့် နှင်းအိမ်မျက်နှာကို အောက်သို့ငုံ့ချလိုက်မိပြီး
"မဆက်သွယ်ပါဘူး ... သူကလိုက်ရှာဖို့နေနေသာသာ ... သူ့မှာမယားနဲ့သားနဲ့ ဖြစ်နေပြီလေ "
"ဗျာ "
ကိုချမ်းအံ့ဩလွန်း၍ မျက်လုံးအစုံမှာပြူးကျယ်သွားရသည်။နှင်းအိမ်၏ မျက်နှာကိုလည်း ကြည့်လိုက်မိသည်။ တကယ့်ကို တိတိကျကျသိထားပုံနှင့် ပြောနေပုံမျိုးဖြစ်နေသည်။နှင်းအိမ်အဖြစ်ကိုကြည့်ပြီး ကိုချမ်းရင်ထဲမှာပို၍နာကျင်ရပါသည်။မျှော်လင့်ချက်များနှင့်စောင့်နေပုံရသော တစ်ဖက်သတ်ချစ်ရသူလေးကို ပျော်လဲပျော်လဲပျော်ရွှင်စေချင်မိသည်။သို့ပါလျက် နှလုံးသား၏ တစ်ဖက်ခြမ်းကလဲ အဖြစ်မှန်ကိုသိသိနှင့် ဖွင့်ပြောပြဖို့ရန်ခွင့်မပြုနိုင်ဘဲဖြစ်နေသည်။
~~~~
" မင်းလာပြန်ပြီလား "
ဒေါသသံမပါသော်လည်း အသံမာမာဖြင့်လမင်းမေးလိုက်သည်။နှစ်ယောက်သားကြားမှာ မဆက်သွယ်တော့ဟု အပြန်အလှန် ပြောဆိုခဲ့ကြသော်လည်း သူကလဲ လမင်းရှိရာ အရပ်သို့မကြာခဏ လာသည်။သူလာတိုင်းလည်း လမင်းကလက်ခံတွေ့ဆုံမိသည်။
"မင်းကိုတွေ့ချင်လွန်းလို့ လာတာမဟုတ်ဘူးကွ....သိပ်မာန ကြီးမနေနဲ့ ဟေ့ကောင် ...ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါ အမျိုးမတော်ချင်လို့မှမရတာ .."
မထီတရီမျက်နှာနှင့် ပြောနေသော ကိုချမ်းကို လမင်းဘုကြည့်ကြည့်လိုက်ရင်း အကဲခတ်လိုက်သည်။နှင်းအိမ် ရန်ကုန်ရောက်နေတာကို သူ မသိသေးတာများလားဟု လမင်းစဉ်းစားနေမိသည်။
"မင်းဘာပြောချင်လို့ လာတာလဲ ... မြန်မြန်ပြော ...ပြီးရင်ပြန် ...မင်းကိုမြင်ရင် မင်းအဖေကိုမြင်ယောင်ပြီး ... ငါ့စိတ်တွေ ဖောက်လာတယ် "
လမင်း၏စကားကြောင့် ကို ချမ်းရယ်ပစ်လိုက်သည်။
"မင်းပြောတာ ရယ်စရာကောင်းလိုက်တာကွာ .. အဲ့ဒီစကားကို ငါပြောရမှာ...မင်းအဲ့ဒီလိုခံစားနေရရင် မှန်မကြည့်နဲ့ကွ ...မင်းမျက်နှာကမှ ဦးမောင်မောင်နဲ့ချွတ်စွပ်ကွသိရဲ့လား "
" ဟာကွာ.....တောက် .... မင်း ပါးစပ်မပိတ်နိုင်သေးဘူးလား "
လမင်းဒေါသသံနှင့် ပြောလိုက်သည်။
"ပိတ်ပါပြီ..ဒါနဲ့ နှင်းအိမ်ရန်ကုန်ပြန်ရောက်နေပြီ သိလား "ကို ချင်း၏အမေးကြောင့် လမင်းဖျတ်ခနဲ မော့ကြည့်လိုက်ပြီး
"ဪ .....မင်းလဲတွေ့ပြီးပြီလား "
" မင်းပြောပုံက ...မင်းလဲတွေ့ပြီးပြီဆိုတဲ့ သဘောပဲ..ဘယ်မှာတွေ့တာလဲ..သူ့မှာကလေးတစ်ယောက်ရှိတာကိုရော မင်းသိလား .."
"သိတယ် ... သူ့အမျိုးသားက နိုင်ငံခြားမှာဆိုတာကိုလဲ သူ့အစ်ကိုပြောလို့သိပြီးပြီ ...ဘာလဲ မင်းက ငါ့ကို တမင်လာလှောင်တာလား "
လမင်း၏စကားကြောင့် ကိုချမ်းစိတ်ရှုပ်သွားမိသည်။တစ်ယောက်နှင့်တစ်ယောက် မမေးမစမ်းဘဲရှုပ်နေကြသောထိုနှစ်ယောက်။ သူတို့နှစ်ယောက်၏ မပွင့်လင်းလှသောအချစ်ဇာတ်ထုပ်ကြောင့် သူလည်း ကြားထဲကအသည်းကွဲဝေဒနာကို ခံစားရ၍ နှလုံးသားပင် အသားမာတက်ချင်နေပြီ။ သူတို့နှယောက်ကအခုထိ မရှင်းနိုင်သေးဘဲရှုပ်နေကြတုန်း။
"မင်းက တယ်လဲခြေသွက်ပါလား လမင်းရ...ဒါနဲ့ သူ့ကိုရောသွားမတွေ့ဘူးလား "
" သွားတွေ့တာမှ နေ့တိုင်းပဲ ... တစ်နေ့ကိုတစ်နာရီလောက်... သူ့ဆိုင်ရှေ့မှာ သွားပြီးတော့ကိုကြည့်တာလေ ..မင်းဘာသိချင်သေးလဲ ... ဘာလဲ ငါ့ကိုဒုသနသော ကောင်လို့ ပြောချင်လို့လား "
လမင်းဒေါသက အတော်လေးဆူဝေလာလေပြီ။
လမင်းကစိတ်တိုနေချိန်မှာ ကိုချမ်းလည်းစိတ်ညစ်စိတ်ရှုပ်နေမိသည်။သူတို့နှစ်ယောက်၏ ထင်ရာမြင်ရာမြုံစိစိပြဿနာက ကြားလူတစ်ယောက် ဝင်မရှင်းပေးလျှင်ပြေလည်မည့်ပုံမျိုးမဟုတ်ပေ။သူ့ဟာသူစိတ်တိုကာ မျက်မှောင်ကုတ်ကုတ်နှင့် ဖြစ်နေသောလမင်းကို ကိုချမ်းစိုက်ကြည့်နေမိသည်။နှင်းအိမ်ပျောက်သွားတုန်းကတော့ လမင်း၏ပယောဂမကင်းမှန်းသိ၍ လမင်းအပေါ် မကျေမချမ်းဖြစ်ခဲ့သည်။နောက်ပိုင်း ဖခင်ကထောင်တစ်နှစ်ချခံရ၊အဘွားကဆုံး၊ စီးပွားရေးလည်းတစ်ဝက်လောက် ကျဆင်းသွားသောအခါ သူတစ်ယောက်ပဲ မိသားစုအတွက် ပြန်ရုန်းခဲ့ရသည်။ထိုအချိန်တွင် ကိုချမ်းခံစားရသည်မှာ အထီးကျန်မှုဖြစ်သည်။အနားတွင် ရှိခဲ့ကြသော အပေါင်းအသင်းများသည်း အတုအယောင်များသာ ဖြစ်ခဲ့သည်လေ။ထို့အခါ ကိုချမ်းရင်ထဲမှ ဒေါသများ၊ မွန်းကြပ်မှုများနှင့် အထီးကျန်သလိုခံစားမှုများအတွက် လမင်းကိုချိန်းပြီး ပေါက်ခွဲဖြစ်သည်။နှစ်ယောက်သားတွေ့လျှင် ရန်ဖြစ်သည်။စကားနိုင်လုသည်။တစ်ယောက်နှင့်တစ်ယောက်ရန်စသည် ။သို့သော်လည်း ဘယ်လောက် ရန်ဖြစ်ဖြစ် လက်ပါခြေပါတော့ မဖြစ်ခဲ့ကြ။ တစ်ယောက်ကချိန်းလျှင် တစ်ယောက်ကလည်းရောက်လာသည်။
"ဟေ့ကောင်..မင်းဘာပြောမလို့လဲ ..ငါမအားဘူး ..ငါ့တို့ရပ်ကွက် ထဲမလာနဲ့လို့ မင်းကိုပြောထားတယ်လေ ..မင်းဟာလေ တကယ်ပဲ မင်းအဖေနဲ့အကျင့်တော်တော်တူတာပဲကွ "
"မင်းဒီစကား ပြောပြန်ပြီလား ....ငါကမတူဘူး ... မင်းကမှတူတာလမင်းရဲ့ ... ရုပ်ရည်ရော အကျင့်ရော...ပြီးတော့ မိန်းခလေးတစ်ယောက်အပေါ်မှာ ...အနိုင်ကျင့်ခဲ့တာရော မင်းတို့က တူတာမဟုတ်ဘူးလား .ပြောလေ "
ကိုချမ်း၏ စကားအဆုံးတွင် လမင်း ဒေါသတကြီးဖြင့် ထအော်လိုက်လေသည်။
"ဘာ ..ဘာကွ ...မင်းဘာပြောတယ် ချမ်းမြေ့ "
@@@@@@@@@@@@@@@@@@@@
အပိုင်း (၂၇) (ဇာတ်သိမ်းပိုင်းဆက်ရန် )
#ဧကြည်ဖြူ
နှင်းအိမ်နှင့်ကလေးက ဆရာဝန်အခန်းထဲသို့ဝင်သွားကြပြီး အတန်ကြာသောအခါ ပြန်ထွက်လာကြသည်။လမင်းခေါင်းကိုအောက်သို့ငိုက်စိုက်ချပြီးထိုင်နေလိုက်သည်။နှင်းအိမ်တို့ သားအမိဆေးကောင်တာမှာ ဆေးယူပြီးအပြင်သို့ထွက်သွားသည်နှင့် လမင်းဆေးကောင်တာအနီးသို့ ချက်ချင်းထသွားလိုက်သည်။
"တစ်ဆိတ်လောက်ခင်ဗျ ... အခုဆေးယူပြီး ထွက်သွားတဲ့ကလေးက ဘာဖြစ်လို့လဲခင်ဗျ ....ဘယ်နေရာကနေမကောင်းတာလဲ "
"ရှင် "ဆေးကောင်တာက ကောင်မလေးက လမင်းကို ပြူးကြောင်ကြောင်ဖြင့် ကြည့်နေသေး သည်။
"ဟို ..ဟို .... ကလေးအမေက စိတ်ဆိုးနေပြီး မပြောပြလို့ပါ "
" ဪ ..ကလေးက ဘာမှမဖြစ်ပါဘူး ...ကာကွယ်ဆေးလာထိုးတာပါ "
အသင့်တော်ဆုံးမုသာစကားကို လမင်းပြောလိုက်သောအခါမှ ဆေးကောင်တာမှ မိန်းခလေးက ပြုံးစိစိနှင့်ပြန်ဖြေသည်။အဖြေကို ကြားလိုက်ရသောအခါမှ လမင်းရင်ထဲမှ အပူလုံးကြီးကျသွားသလို ခံစားလိုက်ရသည်၊၊
~~~~~
"ကျွန်တော့်ကို အမှန်တိုင်းပြောပြပါ အန်တီ ... ကလေးအဖေက မဆက်သွယ်ဘူးဆိုရင် ...ကျွန်တော် နှင်းအိမ်ကို လက်ထပ်ချင်ပါတယ် "
" ဘယ် ..ဘယ်လို ... မောင်ချမ်းမြေ့ "
မအေးနွယ် အံ့ဩသွားရသည်။ မှန်တာပြောရလျှင် ဖြစ်စတုန်းက ကလေးအဖေကိုချမ်းမြေ့ ဖြစ်ရမည်ဟု မအေးနွယ်ထင်ခဲ့မိသည်။ချမ်းမြေ့မဟုတ်ဟု သမီးက ငြင်းဆန်သောအခါတစ်ယောက်သောသူကို မအေးနွယ် သတိရမိသည်။သို့သော်လည်း မှတ်မှတ်ရရ သမီးဖြစ်သူအိမ်ဟောင်းတွင် ငိုကြီးချက်မဖြစ်သည့်နေ့တွင် သူမရှိဘဲခရီးသွားသည်ကို မအေးနွယ်သိသည်။သို့နှင့်ပင် မအေးနွယ်မှာကလေးအဖေကို သိရဖို့လမ်းစပျောက်ခဲ့ရသည်။သို့သော်လည် ကလေးလေးကို မြင်လိုက်ရသောအခါ၌မူ ကလေးအဖေကို မအေးနွယ် မှန်းဆသိခဲ့ပြီဖြစ်ပါလေသည်။
" အန်တီကတော့ သမီးစိတ်ချမ်းသာဖို့ပဲ အဓိကပါကွယ် "
မအေးနွယ် ထိန်းထိန်းသိမ်းသိမ်းနှင့် ပြောလိုက်သည်။
~~~~
"လမင်းရာ မင်းညတိုင်းအရက်တွေသောက်တယ်ဆို .. မင်းကြောင့် မေတုတ်နဲ့အဘွားစိတ်ဆင်းရဲရလိမ့်မယ် ...ကြီးစန်းဆိုလဲ ဘကျော်မရှိတော့ကတည်းက စိတ်အားငယ်နေရှာတာလေကွာ...မင်းဒီလိုလုပ်နေလို့မဖြစ်ဘူး လမင်း ... အခုအရမ်းစိတ်လေနေရင် ခရီးထွက်လိုက်ကွာ ...မင်း အလုပ်တွေကို ငါလုပ်ထားလိုက်မယ် "
သူရက .လမင်းကိုဖျောင်းဖျပြောဆိုလိုက်သည်။
"သူက ရန်ကုန်မှာပြန်ရောက်နေပြီ လေ ....ငါကဘယ်ကို သွားရမှာလဲ "
လမင်းပြောလိုက်သောအခါ သူရ ဟူးခနဲသက်ပြင်းချလိုက်သည်။
"သူ့မှာအိမ်ထောင်နဲ့ဆိုပေမဲ့ ..သူငယ်ချင်းတစ်ယောက် အနေနဲ့ငါ့တို့ သွားတွေ့လို့ရပါတယ်ကွာ ....ဒါပေမဲ့ မင်းကဒီလိုပုံကြီးနဲ့ ဖြစ်နေတော့ ...သွားမတွေ့တာ အကောင်းဆုံးပဲကွ "
သူရက ပြောနေသော်လည်း လမင်းမှာ သူရ၏စကားကိုမကြားနိုင်တော့ဘဲ ဆိုင်တွင်းသို့ဝင်လာသောစုံတွဲကို စူးစိုက်၍ကြည့်နေမိသည်။ဒီပုံစံဒီဟန်ကို လမင်းမမှတ်မိစရာအကြောင်းမရှိ။မိန်းမဖြစ်သူခမျာမှာတော့ ကလေးတစ်ဖက်နှင့်ဆိုင်မှာ မနားရရှာ။သင်းကတော့ မိန်းမတစ်ယောက်နှင့် လက်ချိတ်ပြီး
ကြည်လို့ရွှင်လို့ ။လမင်းထိုင်နေရာမှ ဝုန်းခနဲထရပ်လိုက်သည်။
" ခွပ် "
"ဟာ ..."
" ရှင် ...ရှင်...ဒါဘာလုပ်တာလဲ "
"ဟာ လမင်း ..."
အဖြစ်အပျက်က မြန်ဆန်လှသည်။လမင်း၏ လက်သီးက ကိုသန့်ဇင်၏ မျက်နှာပေါ်သို့ကျရောက်သွားသည်။သည်မျှနှင့်ပင် မကျေနပ်သေး လမင်းကထပ်ထိုးရန် လက်ရွယ်သည်။ သူ့ရနှင့် ဆိုင်အလုပ်သမားလေးများ မနည်းဝင်ဆွဲရသည်။
"ရှင့်ကိုတိုင်မယ် ..."
"တိုင်လေ ... အိမ်ထောင်သည်ကို တောင် ရှောင်ရကောင်းမှန်းမသိဘူးလား ..ခင်ဗျားမှာတွဲစရာလူ ဒီလောက်ရှားလား ...ဟိတ်ဟူ ...ခင်ဗျားက မိန်းမနဲ့ ကလေးကိုပစ်ထားပြီး ဖောက်ပြန်နေတယ်ပေါ့လေ "
ဆိုင်ထဲတွင် တကယ့်ကိုမှ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။တွန်းလားဆွဲလားနှင့်နောက်ဆုံးမှအဖြေမှန်ပေါ်တော့သည်။
~~~~~~
"ဪ ...မောင်ရင်တို့က ညီမလေးသူငယ်ချင်းတွေလား ..ကိုယ်က နှင်းအိမ်ရဲ့အစ်ကိုပါကွာ ...နှင်းအိမ်အမျိုးသားက နိုင်ငံခြားမှာတဲ့ ...ကိုယ်လဲ ညီမလေးနဲ့ ပြန်ဆုံတာမကြာသေးဘူး ...အခုတောင် ညီမလေးက ...သူတို့အိမ်ကိုလာကြည့်ခိုင်းလိုက်လို့ လာကြည့်ပေးတာပါ ... မယုံရင်မောင်ရင်တို့ကိုယ်တိုင်ပဲ လိုက်မေးမေး ..ဖုန်းဆက်ပြီးပဲမေးမေးရပါတယ် ..."
"အားနာလိုက်တာ အစ်ကိုရာ ... တောင်းပန်ပါတယ်ဗျာ ..ဒါနဲ့နှင်းအိမ်အမျိုးသားက ဘယ်သူလဲ ...ဘယ်ကလဲအစ်ကို "
လမင်းသိချင်နေသော မေးခွန်းကို သူရကမေးလိုက်သည်။
"ဟာ ..မင်းတို့ပြောမှသတိရတယ် ..... ကိုယ့်ယောက်ဖနာမည်လဲမသိ...ဘယ်ကမှန်းလဲ မမေးမိဘူးကွာ ...ဘာပဲဖြစ်ဖြစ် ကိုယ့်ညီမမှာ ဒီလိုသူငယ်ချင်းကောင်းတွေရှိတာ ...ကိုယ်တကယ် ၀မ်းသာတယ် ... မောင်ရင်တို့လုပ်လိုက်တာ... ကိုယ့်ဇနီးလောင်းလေးတော့ တကယ်လန့်သွားပုံရတယ် " ~~~~.~~
" နှင်းအိမ် ငြင်းပါရစေကိုချမ်း ....ဒီတစ်သက်တော့ နှင်းအိမ် အိမ်ထောင်မပြုတော့ပါဘူး ...သားလေးနဲ့ပဲ နေသွားတော့မှာပါ...ကိုချမ်းကို နှင်းအိမ်စိတ်မဆိုးချင်ဘူး ... နောက်ဆို ဒီစကားမျိုးတွေထပ်မပြောပါနဲ့နော် "
" နှင်းအိမ်ရယ် ..."
ကိုချမ်းရင်ထဲနာကျင်သွားရသည်။ရင်နာနာနှင့်ပင် ကိုချမ်းမေးစရာရှိသည်ကို မေးရသည်။
