803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
ကိုချမ်းက ဆိုင်ထဲသို့ ဝင်လာခဲ့ပြီးလျှင် အနားသို့ လျှောက်လာသည်။ပြီးလျှင် နှင်းအိမ်ကိုစေ့စေ့ကြည့်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
" နှင်းအိမ် ..မင်းတော်တော်ရက်စက်တယ်နော် .. "
ကိုချမ်း၏ စကားကြောင့်နှင်းအိမ် ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး
"လာလေကိုချမ်း အထဲမှာဝင်ထိုင် ပါအုံး ...ကိုချမ်းကို နှင်းအိမ်ရဲ့သားလေးနဲ့ မိတ်ဆက်ပေးချင်လို့ "
" ကိုယ်သိပါတယ်နှင်းအိမ် ... ကိုယ် မနက်ကပဲအန်တီနဲ့တွေ့ပြီးသွားပြီလေ "
"ဟုတ်ကဲ့... အမေလဲ ပြောပါတယ် ...ထိုင်လေ ကိုချမ်း "
ကိုချမ်းက နှင်းအိမ်ညွှန်ပြသောခုံမှာဝင်မထိုင်ဘဲ ကလေးငယ်လေးကိုထည့်ထားသော လက်တွန်းလှည်းလေးဘေးတွင် ထိုင်ချလိုက်သည်။ပြီးလျှင် ကလေးလေးကို ကြည့်လိုက်သည်။စူးစူးတောက်တောက်မျက်ဝန်းလေးများနှင့် ကလေးငယ်လေးက ကိုချမ်းကိုကြည့်လာသည်။ပြီးနောက် ပါးစပ်မှဝူးဝူးဝါးဝါးပြောလျက်သူ့လက်သေးသေးလေးများနှင့် ကိုချမ်းကို လိုက်ဆွဲသည်။ကလေးငယ်လေး၏ မျက်နှာလေးကို ကြည့်ပြီး ကိုချမ်းရင်ထဲနှလုံးခုန်သံများ မြန်ဆန်လာသည်။
"သားက ဦးဦးကိုသိလို့လား သားရဲ့...မေမေ့ဆီလာနော်"
အသံချိုချိုလေးနှင့်အတူ ကလေးကိုပွေ့ချီလိုက်သောနှင်းအိမ်ကို ကြည့်ပြီးကိုချမ်းရင်ထဲမှာဟာခနဲဖြစ်သွားသည်။ချစ်ရသူ၏ နှုတ်ဖျားမှ မေမေဆိုသောပြောသံလေးက ကိုချမ်းနားထဲမှာ ပဲ့တင်ထပ်ဆူဝေနေသည်။
"ကလေးက ဘယ်နှစ်လရှိပြီလဲ နှင်းအိမ် "
" တစ်နှစ်ကျော်လာပြီ ကိုချမ်းရဲ့ "
" ကလေးက တစ်နှစ်ကျော်လာပြီဆိုတော့... မနှစ်ကနှင်းအိမ်ထွက်သွားပြီးတာနဲ့ချက်ချင်းလက်ထပ်လိုက်တာပေါ့ ..သတို့သားက ဘယ်သူလဲ ....ဒါနဲ့အန်တီပြောတာတော့ သူကနိုင်ငံခြားမှာဆို ... မြင်ဖူးတယ်ရှိအောင် ...မင်းအမျိုးသားဓါတ်ပုံပဲဖြစ်ဖြစ်ပြအုံးလေ "
" ရှင် " ဟုနှင်းအိမ်နှုတ်မှ ယောင်ယမ်းထွက်သွားမိသည်။ပြီးမှ ဟန်မပျက်အောင်ထိန်းလိုက်ပြီး
"ဟို .. ဟို ပြမယ်လေ .... ပုံတွေက အိမ်မှာလေ .."
"အင်း ဟုတ်ပါပြီ ...ကိုယ့်ကို ကလေးပေးချီပါအုံး ... ဒါနဲ့ သားလေးနာမည်က ဘယ်သူလဲ "
" ကြယ်....ကြယ်လေးလို့ပဲခေါ်ကြတယ် "
နှင်းအိမ်အသံတုန်တုန်နှင့် ပြန်ဖြေလိုက်ပြီး ကိုချမ်းလက်ထဲသို့ သားလေးကို ထည့်ပေးလိုက်သည်။စိတ်ထဲမှာတော့ တထိတ်ထိတ်ခုန်လျက် အမူအရာမပျက်အောင် သတိထားနေရလေသည်။
"ဪ ...ကြယ်လေးတဲ့လား ...ထိုင်ပါအုံး နှင်းအိမ်ရဲ့ ..... ကိုယ်မရှင်းတာလေးမေးချင်လို့ပါ ... ကိုယ့်ကို နှင်းအိမ်ပြန်မချစ်နိုင်ဘူးလို့ပြောထားတာကို ကိုယ်လဲသိတာပဲ ... နှင်းအိမ်နဲ့တစ်သက်လုံး မိတ်ဆွေဖြစ်ခွင့်ပေးပါလို့ ကိုယ်ပြောခဲ့ပြီးသားလေ ..ဒါကို ဘာလို့ရှောင်ပြေးရတာလဲ ... ဟိုဘက်ကတစ်ယောက်က ကိုယ်နဲ့ မပတ်သက်ခိုင်းလို့လား ...."
နှင်းအိမ်မျက်နှာကို စိုက်ကြည့်ပြီး ကိုချမ်းကအဓိပ္ပါယ်ပါပါနှင့် မေးလိုက်သည်။
" ရှင် ...ဟို..ဟို.." နှင်းအိမ်မှာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ဘာပြန်ပြောရမှန်းမသိဖြစ်နေမိသည်။
"ကဲပါ ဒါတွေထားလိုက်ပါတော့...နောက် ဒီလိုထပ်မဖြစ်ရအောင်...နှင်းအိမ်အမျိုးသားနဲ့ ကိုယ့်ကိုယ် ဖုန်းနဲ့ဖြစ်ဖြစ်မိတ်ဆက်ပေးထားလေ"
"ရှင် ..ဟုတ်..ဟုတ်ကဲ့ပါ ကိုချမ်း....."
ပျက်ယွင်းသွားသော နှင်း အိမ်မျက်နှာကို ကိုချမ်းမသိမသာ အကဲခတ်နေလိုက်သည်။
~~~~~
လမင်း နေ့စဉ်သည်နေရာသို့ လာရောက်ခဲ့သည်မှာ ယနေ့ဆိုလျှင်တစ်ပတ်ပြည့်ပြီ။ ကားကို နှင်းအိမ်တို့ဆိုင်၏ မျက်စောင်းထိုးခပ်ကျကျတွင်ရပ်ထားပြီး နေ့စဉ် တစ်နာရီနှစ်နာရီလောက်လာထိုင်နေမိသည်။တစ်ပတ်တွင်းမှာ ဟိုလူ့နှင့်တော့ တစ်ခါပဲဆုံသည်။ကျန်အချိန်များမှာ နှင်းအိမ်မှာကလေးတစ်ဖက်နှင့် အလုပ်များနေတတ်သည်။အကူဝန်ထမ်းလေးရှိသော်လည်း ဝန်ထမ်းက တစ်ယောက်တည်းဆိုတော့ သူ့မခမျာ အနားမရရှာ။တစ်ဖက်ကလည်း ကလေးထိန်းရသေးသည်။သူသာဆိုလျှင် သူမကိုဤသို့ခိုင်းရက်မည်မဟုတ်။ကလေးထိန်း နှင့် အိမ်အကူနှင့် ပြည့်စုံအောင်ထားမည်။ပင်ပင်ပန်းပန်း ဘာမှမလုပ်စေရ။ လမင်း၏ အတွေးများသည် တဖြည်းဖြည်းနယ်ချဲ့လာမိသည်။သူ၏ ကိုယ်ကျင့်တရားမှာ ဤကဲ့သို့မဟုတ်သော်လည်း သူမမျက်နှာလေးကို မြင်ချင်လွန်း၍ ငရဲမကြောက် ဘာမကြောက်လုပ်နေမိခြင်းဖြစ်သည်။သူကြည့်နေစဉ်မှာပင် ဆိုင်ထဲမှအကူကောင်မလေး ထွက်လာပြီး တက္ကစီးကားကိုတားနေသည်ကို မြင်လိုက်ရသည်။ပြီးလျှင် ကလေးကိုချီပြီးနှင်းအိမ်ထွက်လာသည်။နှင်းအိမ်၏နောက်တွင် မေနွယ့်ကိုတွေ့ရသည်။နှင်းအိမ်နှင့်ကလေးက ကားပေါ်သို့တက်သွားသည်။မေနွယ်တို့က ဆိုင်ရှေ့တွင်ကျန်ခဲ့သည်။မောင်းထွက်သွားသော တက္ကစီးကား၏နောက်မှ လမင်းကားကို ခပ်ခွါခွါမောင်းခဲ့လိုက်သည်။
~~~~~~
အငှါးကားလေးရပ်သွားရာ နေရာမှာ ကလေးဆေးခန်းဖြစ်နေသောကြောင့် လမင်းစိုးရိမ်ဒေါသဖြစ်ရပြန်သည်။ကိုယ့်ကလေးဆေးခန်းပြတာကိုတောင် ဟိုလူက ဘာလို့လိုက်မပို့ရတာလဲဟု တွေးပြီး ဒေါသပိုထွက်လာသည်။ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်ရင်း ဆေးခန်းထဲသို့ ၀င်လိုက်သွားလိုက်သည်။
~~~~~~
#မုန်းမာန်
(အခန်းဆက်ဝတ္ထုရှည် )
အပိုင်း (၂၆ )
********
နှင်းအိမ်၏နှုတ်ဖျားမှသားဆိုသော စကားသံကြောင့်လမင်းကြောင်ငေးလျက်ကြည့်ကာ ကျန်နေခဲ့သည်။ပပစိုးသည်လည်း ကလေးချီပြီးထွက်သွားသော နှင်းအိမ်ကို ကြောင်အပြီးငေးကြည့်နေခဲ့မိသည်။
" ဘာတွေကြည့်နေကြတာလဲ "
သူရကမေးရင်း အနားသို့ ရောက်လာသည်။ပပစိုးက သူရ၏လက်မောင်းကို ဖက်တွယ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"မေနှင်းအိမ်ကို တွေ့လိုက်တယ် မောင် ... သူအိမ်ထောင်ကျသွားပြီထင်တယ်... သူ့နဲ့အတူအမျိုးသားတစ်ယောက်နဲ့ ကလေးလေးလဲပါတယ် "
" ဘယ် .. ဘယ်လို နှင်းအိမ်ကို တွေ့လိုက်တယ်ဟုတ်လား ... သေချာလို့လား မိန်းမရဲ့ "
သူရက မယုံကြည်နိုင်ဘဲ ထပ်မေးလိုက်သည်၊၊
"မောင်ကလဲ ဟုတ်ပါတယ်ဆို...လမင်းဖြစ်နေပုံကို ကြည့်ပါလား "
" ဟုတ်လား လမင်း ..နှင်းအိမ်လား "
ဇနီးဖြစ်သူ၏စကားကြောင့် သူရက လမင်းကိုကြည့်ပြီးမေးလိုက်သည်။သူရမေးလိုက်စဉ်မှာပင် လမင်းက သူရတို့ကို ကျောခိုင်းကာပြေးထွက်ခဲ့သည်။
~~~~~~
ကားထဲသို့ရောက်သည်နှင့် သားလေးကို တင်းတင်းဖက်ပြီး နှင်းအိမ်ငိုမိသည်။နှင်းအိမ်ရင်ထဲမှာ သူနှင့်ပတ်သက်ပြီး မျှော်လင့်နေခဲ့မိသည်။တစ်နေ့နေ့တော့ ကိုယ့်ကိုချစ်လာလိမ့်မည်ဟုထင်ခဲ့မိသည်။သူ့ဆီက တာဝန်ယူမှု ကြောင့်မဟုတ်ဘဲ ချစ်စိတ်သက်သက်ကိုမျှော်လင့်ခဲ့မိသည်။နှင်းအိမ်ကိုရူးသွပ်နေသည်ဟုပဲပြောချင်ပြောကြပါစေ ယုတ်စွအဆုံး သူကနှင်းအိမ်မှာသူ့ကလေးရှိနေလို့ လက်ထပ်ရခြင်းမျိုးမဖြစ်စေချင်ခဲ့။နှင်းအိမ်အပေါ် ချစ်ခင်စိတ်ကြောင့်သာ လက်ထပ်ရခြင်းမျိုးကို ဖြစ်စေချင်မိသည်။
" သွားမယ်ညီမရေ...ဟာ....နှင်းအိမ် ငါ့ညီမငိုနေတာလား ...ဘာဖြစ်လို့လဲ သားသားနေမကောင်းလို့လား .."
ကားထဲသို့ဝင်လိုက်သော ကို သန့်ဇင်သည် ညီမဖြစ်သူငိုနေသည်ကို တွေ့လိုက်ရသောကြောင့် စိုးရိမ်တကြီးမေးလိုက်မိသည်။နှင်းအိမ်က ဘာမျှ ပြန်မဖြေဘဲပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်ပစ်လိုက်သည်။
"ဒီလိုတော့မဖြစ်ဘူး ငါ့ညီမ ....ငါ့ညီမယောကျာ်းကို ပြန်လာခိုင်းလိုက်တော့ ...မဟုတ်ရင် အစ်မအေးနွယ်လဲ အလုပ်များ တယ် ... အလုပ်အတွက်က စိတ်မပူနဲ့ ... လောကမှာ ငွေကလဲ အဓိကဆိုပေမဲ့ လူ့ဘ၀ကရေရာလှတာမဟုတ်ဘူး ... အသက်ရှင်တုန်း ချစ်ချစ်ခင်ခင်နဲ့အတူတူပဲ နေကြ "
အစ်ကိုဖြစ်သူ၏ စကားကို ကြားလိုက်ရသောအခါမှ နှင်းအိမ် ပို၍ ငိုချင်မိသွားသည်။"သူ့မှာ မယားနဲ့သားနဲ့ဖြစ်နေပြီ အစ်ကိုရဲ့ " ဟုစိတ်ထဲမှ အော်ဟစ်၍ပြောလိုက်မိသည်။သူဒီလိုဖြစ်သွားမှာကို နှင်းအိမ် အမြဲစိုးရိမ်ကြောက်လန့်ခဲ့ရသည်။နောက်ဆုံးတော့လည်း တကယ်ပင်နှင်းအိမ်စိုးရိမ်ပူပန်ခဲ့သလိုဖြစ်လာခဲ့လေပြီ။
~~~~
ရှေ့ကသွားနေသောကားနောက်ကို လမင်းဖြည်းဖြည်းမှန်မှန်လိုက်လာခဲ့ရင်း လက်ကကားစီယာတိုင်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။ဒီလောက်ရှာခဲ့ရပြီး တွေ့မယ်တွေ့တော့လည်း နှလုံးသားကို ဓါးနှင့်ဟက်တက်ခွဲသလိုပင်။ဘာပဲဖြစ်ဖြစ် လူကနေရာမှာ သည်အတိုင်းကျန်ခဲ့မနေချင်သောကြောင့် သူမတို့ကား နောက်မှလိုက်ပါလာခဲ့သည်။
~~~~~~~
ကမာရွတ်မြို့နယ်ထဲက လမ်းမဘေးတစ်နေရာတွင် ကားကထိုးရပ်သွားသည်။ သူမကားပေါ်မှ ကလေးချီလျက်ဖြင့်လက်တစ်ဖက်ကအထုပ်များကိုဆွဲကာ ဆင်းလာသည်။ဟိုလူက အေးအေးဆေးဆေးပင် ကားပေါ်မှဆင်းလာပြီး ကားနောက်ဖုံးဆီသို့သွားသည်။လမင်းဒေါသထွက်သွားမိသည်။ဟိုမှာ ကလေးကတစ်ဖက်၊ အထုပ်များတစ်ဖက်နှင့် ဖြစ်နေသည်ကိုတွေ့ရဲ့နှင့် သူမ လက်ထဲက အထုပ်တွေကိုဘာကြောင့် အရင်မယူရသနည်း။အကြင်နာကင်းမဲ့လွန်းလှသည့်လူပင်။လမင်း မြင်ကွင်းကိုကြည့်ပြီး ကားတံခါးကိုဖွင့်ပြီး ဆင်းဖို့ပြင် လိုက်မိသည်။ထိုစဉ်မှာပင် ဆိုင်ထဲမှ ကောင်းမလေးတစ်ယောက်နှင့် အတူမေနွယ်ထွက်လာသည်ကို မြင်လိုက်ရသည်။မေနွယ်က ကလေးကိုချီလိုက်သည်။ကောင်မလေးက အထုပ်များကို ယူသွားသည်။ထိုအခါသူမက ကားနောက်ဖုံးဆီသို့သွားကာ ဟိုလူ့လက်ထဲမှအထုပ်များကို ဆွဲယူလိုက်သည်။မြင်ကွင်းကြောင့် လမင်းရင်ထဲ ဒေါသပိုဖြစ်လာသည်။ဟိုလူကလည်း သူမလှမ်းယူသည်နှင့် အထုပ်များကိုသူမလက်ထဲသို့ထည့်လိုက်ပြီး သူမ၏ ခေါင်းလေးကို ခပ်ဖွဖွပုတ်လိုက်သည်။အဖြစ်အပျက်က ယောက်ျားကြီးတန်မဲ့ မိန်းမဖြစ်သူကို ညာခိုင်းနေခြင်းမဟုတ်ပါလား ။လမင်း .သည်နေရာမှာဆက်နေလျှင် ရိုက်ပွဲဖြစ်ပေတော့မည်။ ကားပေါ်သို့တက်၍ တရကြမ်းမောင်းထွက်ခဲ့သည်။ကားမောင်းနေရင်းမှ ယောက်ျားတန်မဲ့ မျက်ရည်များအဆီးအတားမဲ့ကျဆင်းလာခဲ့သည်။သူ့အဖြစ်က အချစ်ကိုသိချိန်မှာပဲ ချစ်ရသူက ပျောက်ချင်းမလှပျောက်သွားခဲ့သည်။သူ့ဘဝတစ်လျှောက်လုံး တကယ်ပဲ အချစ်နှင့်မထိုက်တန်သူဖြစ်နေခဲ့သည်ထင်ပါရဲ့။ သူက လိုချင်တောင့်တ၍ သွားခဲ့ရသော သွေးရင်းသားရင်းကလည်း သူ့ကိုလက်မခံ။ ပြီးတော့ချစ်ရသူကလဲ လက်မခံဘဲ အဝေးသို့ထွက်ပြေးသွားသည်။တွေးရင်း ရင်ထဲမှာပို၍ တင်းကြပ်လာမိသည်။မျှော်လင့်ချက်မဲ့သွားပြီဖြစ်သော ဘ၀က မည်သို့ရှေ့ဆက်၍ အသက်ရှင်ရပါမည်နည်း။
~~~~~
"နှင်းအိမ် "
ရင်းနှီးသောခေါ်သံကြောင့် နှင်းအိမ်ဆိုင် ရှေ့သို့ ကြည့်လိုက်မိသောအခါ
"ကိုချမ်း "
နှင်းအိမ်တို့ မြေးအဘွားသုံးယောက်ကိုကြည့်ပြီး ကိုသန့်ဇင်မှာ အံ့သြ၍နေမိလေသည်။မအေးနွယ်တစ်ယောက် အနားမှ ထွက်သွားသောအခါမှ ကိုသန့်ဇင်က ညီမဖြစ်သူကို မေးလိုက်သည်။
"ငါ့ညီမက အိမ်ထောင်တောင်
ကျသွားပြီးကို .... အမျိုးသားက ဘယ်မှာလဲ ... အစ်ကိုနဲ့ မိတ်ဆက်ပေးအုံးလေ "
ကိုသန့်ဇင်၏ စကားကြောင့် နှင်းအိမ်ခေါင်းကို ငုံ့ချလိုက်ပြီး
"သူ ..သူက မရှိဘူးအစ်ကို ... နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတယ် "
" ဟ ....ကလေးငယ်လေးနဲ့ ငါ့ညီမကိုထားပြီး ...အဝေးမှာအလုပ်သွားလုပ်ရလား ...ဒီမှာ အဆင်မပြေလို့လားကွာ ... သူ့ကို ပြန်လာခိုင်းလိုက်တော့ငါ့ညီမ ...အစ်ကိုကဘုရင့်နောင်မှာ ပွဲရုံဖွင့်ထားတယ် ...သူပြန်လာရင် သူ့အတွက်ပါ စီစဉ်ပေးမယ် ...ဒီလိုတော့ မယားနဲ့သားကိုထားပြီး အဝေးမှာသွားနေတာကို အစ်ကိုမကြိုက်ဘူး .. မိဝေးဖဝေးနေရတဲ့ ခံစားချက်ကို အစ်ကိုတို့မျိုးဆက်တွေမှာတော့ မဖြစ်စေချင်တော့ဘူး "
"ရှင် "
အစ်ကိုဖြစ်သူ၏ စကားကြောင့် နှင်းအိမ်မျက်လုံးပြူးလေးနှင့် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားရသည်။
"ငါ့တူကြီးက ချစ်စရာကြီးကွာ ..ဘဘဆီလာပါအုံးကွ "
ကိုသန့်ဇင်က လက်ကမ်းနေသဖြင့် နှင်းအိမ်ယောင်နနနှင့် သားလေးကို အစ်ကိုဖြစ်သူလက်ထဲသို့ ထည့်ပေးလိုက်ရလေသည်။
"အစ်ကိုလဲ သိပ်မကြာခင် လက်ထပ်တော့မှာကွ ... အစ်ကို့ဇနီးလောင်းကို ငါ့ညီမနဲ့ မိတ်ဆက်ပေးချင်တယ်.. အစ်ကို့ကြောင့် အစ်မကြီးအေးနွယ် စိတ်အနှောက်အယှက်ဖြစ်မှာလဲကြောက်တယ် "
"ရပါတယ် အစ်ကို ...အမေနဲ့ဦးမျိုးက အိမ်မှာပဲနေကြတာပါ...အိမ်မှာ ဦးမျိုးကဆေးဆိုင်ဖွင့်ထားတယ်လေ ... နှင်းအိမ်ကတော့ တစ်နေကုန်ဒီဆိုင်မှာပဲနေတာပါ ..ညမှ ပြန်တာလေ "
" အဲ့ဒါဆို ...အစ်ကိုလာလည်မယ်နော် ..ဒါနဲ့ ငါ့ညီမဆိုင်အတွက် အရင်းအနှီးလိုရင်ပြောလေ .. ဒီဆိုင်ကရော ငှါးထားတာလား "
" ဟုတ်ကဲ့ အစ်ကို ..ငှားထားတာပါ ...သင်္ဃန်းကျွန်းက နှင်းအိမ်တို့အိမ်ရောင်းပြီးမှ ဝယ်ဖို့လုပ်ထားပါတယ်."
"အင်း ... ငွေလိုရင်ပြောနော်...ဒါနဲ့ အစ်ကို့တူလေးနာမည်လဲ ပြောပါ အုံး "
~~~~~
" အန်တီ ..."
ခေါ်သံကြောင့် မအေးနွယ် လှည့်ကြည့်လိုက်မိသောအခါ
"ဟင် ..မောင်ချမ်းမြေ့ "
" လာ ....လာ ...အန်တီ ... ဈေးလာဝယ်တာလား ..ဒီနားမှာနေတာပေါ့ ...ကျွန်တော်လိုက်ရှာနေတာ ကြာလှနေပြီ "
" ဟုတ် ..ဟုတ်လား ... အန်တီတို့က နဟ်ဘက်ပြောင်းသွားလို့ပါ "
ကိုချမ်းသည် ဒေါ်အေးနွယ်၏ လက်ထဲမှဆွဲခြင်းကိုယူလိုက်ပြီး သူ့ကားရှိရာဆီသို့ ခေါ်ခဲ့လိုက်လေသည်။
~~~~~~
" နှင်းအိမ်နေကောင်းလား အန်တီ...ဒါနဲ့ ဘာလို့ ရုတ်တရက်ပြောင်းသွားရတာလဲ အန်တီ "
"အင်း ... ကောင်း ... ကောင်းပါတယ်ကွယ် ... ဒါ ...ဒါက ....အန်တီ့ ကျန်းမာရေးကြောင့်ပါကွယ် "
မအေးနွယ် အယောင်ယောင် အမှားမှားနှင့်ပြန်ဖြေလိုက်သည်။
"ဟို ... ဟိုလေ ... နှင်းအိမ်လဲ ဒီမှာပဲနေတာလား အန်တီ .."
"အင်း .. ဟုတ်တယ်ကွဲ့ ... ဒါပေမဲ့ သူဒီနေ့ မြို့ထဲဈေးသွားဝယ်တယ်...သမီးက လမ်းထိပ်မှာစတိုးဆိုင်ဖွင့်ထားတယ်လေ "
"ဟုတ်..ဟုတ်ကဲ့ပါ အန်တီ "
ယနေ့အတွက်တော့ ကို ချမ်းအတွက် အပျော်ရွှင်ဆုံးနေ့ တစ်နေ့ ဖြစ်မည်ထင်ပါလေသည်။ လူကနှင်းအိမ်တို့အိမ်က ထပြန်လာခဲ့ရသော်လည်း စိတ်မှာထိုနေရာတွင် ကျန်ရစ်ခဲ့လေသည်။စားသောက်ဆိုင်ကို ခဏပြန်ပြီး ညနေမှ တစ်ခေါက်ပြန်လာရန် ဆုံးဖြတ်လိုက်သည်။
~~~~
"မစိုးကလဲဗျာ ....ဗိုက်ကြီးတကားကားနဲ့ ...နေရာတကာလျှောက်လိုက်နေရလား "
လမင်းက ပပစိုးကိုစိုးရိမ် ဒေါသဖြင့်ပြောလိုက်သည်။ပပစိုးကလဲမခံ ခပ်စွာစွာလေးရန်ပြန်တွေ့လိုက်သည်။
"တို့ဗိုက်နဲ့တို့ဘာသာလိုက်လာတာပါနော် ... လမင်းထမ်းခေါ်ခဲ့ရလို့လားပြောပါအုံး "
ဈေးဝယ်စင်တာထဲမှာ နှင်းအိမ်လှည့်ပတ်ကြည့်နေရင်းမှ ရှေ့တည့်တည့်မှ မြင်နေရသော မြင်ကွင်းကိုငေးကြည့်ပြီး ကြက်သေသေနေမိလေသည်။နှင်းအိမ်မြင်နေရသည်မှာ လမင်းနှင့်ပပစိုးတို့ ဖြစ်သည်။လမင်း၏လက်ထဲတွင် ဈေးဝယ်လှည်းကိုကိုင်ထားပြီး ပပစိုးမှာဗိုက်ဖုံးအကျီလေးကိုဝတ်လျက် ဗိုက်မှာလည်း အတော်လေးထွက်နေပြီဖြစ်သည်။မြင်ကွင်းကိုကြည့်ပြီး နှင်းအိမ် နှုတ်ခမ်းလေးကို ပေါက်ထွက်မတတ် ဖိကိုက်လိုက်မိသည်။
"နှင်းအိမ်ရေ .. ပြန်ကြရအောင်....သားလေးကငိုနေ ပြီ ..... နောက်မှလိုအပ်တာတွေ အစ်ကို ဝယ်ပေးမယ်လေ "
နှင်းအိမ်ဆိုသောနာမည်ခေါ်သံကြောင့် လမင်း၏ရင်တွေ ဒိန်းခနဲဆောင့် ခုန်သွားပြီး အသံလာရာနောက်ကျောဘက်ဆီသို့ လှည့်ကြည့်လိုက်မိသည်။ထိုအခါ လမင်းတွေ့လိုက်ရသည်မှာ နှင်းအိမ်နှင့်အတူကလေးချီထားသော အမျိုးသားတစ်ယောက်။မြင်ကွင်းကို လမင်းကြောင်ငေးကြည့်နေမိသည်။
" ရော့..ရော့....အစ်ကိုရှင်းခဲ့လိုက်နော် .. နှင်းအိမ်တို့ကားထဲက စောင့်နေမယ် ... သားလေးအမေ့ဆီလာ "
နှင်းအိမ်သားလေးကို ချီလိုက်ပြီး နေရာကနေအပြေးတစ်ပိုင်းနဲ့ ထွက်လာခဲ့သည်။
@@@@@@@@@@@@@@@@@@
အပိုင်း (၂၆ ) ဆက်ရန်
#ဧကြည်ဖြူ
ဒေါ်နုနုငိုကြီးချက်မနှင့် သားဖြစ်သူကိုမေးလိုက်သည်။ဒေါ်စန္ဒာကတော့ သားဖြစ်သူချမ်းမြေ့က ကြိုတင်၍အကျိုးအကြောင်း ရှင်းပြထားသောကြောင့် ခင်ပွန်းဖြစ်သူကို ကြည့်လျှက် တိတ်တဆိတ် မျက်ရည်ကျနေလေသည်။အဘွားဖြစ်သူဒေါ်ခင်မမကမူ ဘာမျှမသိရှာဘဲ သူ၏အခန်းထဲတွင်သာ ရှိလေသည်။
"အမေ စိတ်မပူပါနဲ့ ....ကျွန်တော်ဘာမှမလုပ်ထားပါဘူး ...ကိစ္စလေးရှိလို့ တာဝန်ရှိသူတွေက စစ်ဆေးရုံပါ "
ဦးမောင်မောင်က မိခင်ဖြစ်သူကို ဖျောင်းဖျပြောဆိုလိုက်သည်။
ကိုချမ်းသည် တာဝန်ရှိသူများနှင့် စကားပြောနေပြီး ဖခင်နှင့်အတူလိုက်ခွင့်ပြုရန် ခွင့်တောင်းလိုက်သည်။ထိုစဉ်မှာပင် အခန်းတစ်နေရာမှ ဒေါ်ခင်မမ၏ အသံထွက်ပေါ်လာလေသည်။
" မြေး... မြေးလေး ... မောင်မောင် ..ဘာ...ဘာဖြစ်လို့လဲ ... သူတို့က ငါ့မြေးကိုလာဖမ်းတာလား ဟုတ် ... ဟုတ်လား ....နု..နုနု "
" ဟင် ...အ..အမေ ..သတိထားအုံးလေ "
" အဘွား "
ဒေါ်ခင်မမသည် တုန်တုန်ယင်ယင်နှင့် လှမ်း၍မေးလျက်မှ ဦးခေါင်းမှာရှေ့သို့ငိုက်စိုက်ကျသွားခဲ့လေသည်။
~~~~
ကောင်းထက်ကုမ္ပဏီပိုင်ရှင် ဦးကောင်းထက်သေဆုံးမှုအတွက် ချမ်းမြေ့ကုမ္မဏီပိုင်ရှင် သူဋ္ဌေးဦးမောင်မောင်အား ခေါ်ယူစစ်ဆေးခြင်း .....နောက်ဆက်တွဲသတင်း များအရ ချမ်းမြေ့ကုမ္ပဏီပိုင် သူဋ္ဌေးဦးမောင်မောင်၏အဘွားဖြစ်သူဒေါ်ခင်မမကွယ်လွန်သွားပြီဖြစ်ကြောင်း သိရပါသည်...
လမင်း သတင်းစာကိုဖတ်နေရင်းမှ ဘေးဘီဝဲယာကို ကြည့်လိုက်သည်။မိခင်ဖြစ်သူက စာမဖတ်တတ်ရှာသော်လည်း ပုံများကိုမြင်လျှင် မှတ်မိနိုင်သည်ဖြစ်၍ သတင်းစာကို ဖျောက်ဖျက်ပစ်လိုက်သည်။ထိုသတင်းအတွက် လမင်းရင်ထဲတွင် ဝမ်းသာဝမ်းနည်းခံစားချက် တစိုးတစိမျှမရှိပါလေ။
~~~~~~
"အဖေလဲ ထောင်ကျ ...အဘွားလဲ ဆုံးသွားတော့.. မင်းပျော်သွားလား လမင်း "
ကိုချမ်းခပ်မဲ့မဲ့ပြုံးပြီး လမင်းကို မေးလိုက်သည်။
"မင်းတို့မိသားစုနဲ့ပတ်သက်လို့ ငါ့မှာဘာခံစားချက်မှ မရှိဘူး....မင်း သိထားဖို့က .... ငါက မင်းအဖေနဲ့ အဘွားတွေဆီက မျှော်လင့်ခဲ့မိတာက.. ငါ့ကိုအသိအမှတ်ပြုပေးရုံလောက်ပဲ ..မေတ္တာကြောင့်ပဲဖြစ်ဖြစ်တဏှာကြောင့်ပဲဖြစ်ဖြစ် ...ငါက သူတို့ရဲ့သွေးသားပဲ..မင်းဆိုတဲ့ကောင်က တစ်သက်လုံး ဒုက္ခဆိုတာဘာမှန်းမသိနေလာခဲ့ရတဲ့ကောင်ပဲ ..ငါ့ခံစားချက်တွေကို ဘယ်တော့မှကိုယ်ချင်းစာပေးနိုင်မှာမဟုတ် ... ငါ နောက်ထပ် မင်းတို့နဲ့ မပတ်သက်ချင်ဘူးလို့ ပြောခဲ့ပြီးသားပဲ ...မင်းတို့ဘဝ ကောင်းကောင်းဆိုးဆိုး ငါစိတ်မဝင်စားတော့ဘူး ..ငါပြန်မယ် ... ငါ့ဆီကို မင်းထပ်မလာနဲ့ "
ပြောပြီးသည်နှင့် လမင်းထပြန်ရန် ပြင်လိုက်သည်။
"မင်း ...နှင်းအိမ်ကို တွေ့ပြီလား "
ကိုချမ်း၏ အမေးကို မဖြေဘဲ လမင်း ထွက်လာခဲ့လိုက်သည်။
~~~~~~
"မင်းကြားပြီးပြီလား လမင်း ... ထွန်းအိမ်ရာကို... ချမ်းမြေ့ကုမ္ပဏီက လျှော်ကြေးပေးလိုက်ရတယ်ကွ ..သူတို့သက်မှတ်ထားတဲ့ တစ်နှစ်ကျော်အတွင်း ဆောက်လုပ်ရေးက မပြီးခဲ့ဘူးလေ ... ချမ်းမြေ့ ကုမ္ပဏီကပိုင်တဲ့ တည်းခိုခန်းလဲအသိမ်းခံလိုက်ရတယ် ..."
စီးပွားရေးလုပ်ငန်းအကြောင်းများကို အတော်လေး နှံ့နှံ့စပ်စပ်သိလာပြီဖြစ်သော သူရကို လမင်းတိတ်ဆိတ်စွာပဲ ငေးကြည့်နေလိုက်မိသည်။
''အင်း ...ဘာလိုလိုနဲ့ တနှစ်ကျော်လာပြီနော် ..နှင်းအိမ်တို့ ဘယ်ကိုများ ရောက်နေကြလဲမသိဘူးနော် "
သူရ၏စကားကို နားထောင်နေရင်း လမင်းအပြင်လမ်းမကိုငေးနေမိပါသည်။ပျောက်သောသူ့ရှာလျှင်တွေ့တဲ့။တစ်နေ့ဆိုသော ထိုနေ့ကိုမျှော်လင့်ရင်း လမင်း အသက်ရှင်နေပါသည်။
~~~~
"မေနှင်းအိမ် ... မေနှင်းအိမ် "
အနောက်မှ စူးစူးဝါးဝါး ခေါ်သံကြောင့် နှင်းအိမ်လန့်ဖျပ်ပြီး လှည့်ကြည့်လိုက်မိသောအခါ မမျှော်လင့်ထားသူကိုတွေ့လိုက်ရလေသည်။
"ကို ...ကိုသန့်ဇင် "
" မင်းတို့တွေ ဘယ်ကိုပြောင်းသွားကြတာလဲ ...ငါ သင်္ဃန်းကျွန်းမှာ သွားရှာခဲ့သေးတယ် ..လာ ..လာ အခု ဘယ်ကို ပြန်မှာလဲ ..အစ်ကို လိုက်ပို့ပေးမယ် "
~~~~
"လာလေ ...အစ်ကိုသန့်ဇင် ...ဒါကနှင်းအိမ်ရဲ့ဆိုင်လေ .... ဖွင့်ထားတာတော့ နှစ်လလောက်ပဲရှိသေးတယ်"
နှင်းအိမ်သည် ကိုသန့်ဇင်ကို သူမ၏စတိုးဆိုင်လေးထဲသို့ ဖိတ်ခေါ်လိုက်သည်။
"ဒါနဲ့ အစ်ကိုလိုက်ရှာနေတာကြာပြီကွ...အဖေဆုံးသွားတာတနှစ်ကျော်ပြီလေ ... အစ်ကိုတို့သားအမိလဲ ရန်ကုန်ပြောင်းလာခဲ့ကြတယ်...ရန်ကုန်ပြောင်းလာပြီး ကတည်းက ငါ့ညီမကိုလာရှာတာ "
" နှင်းအိမ်တို့က ဦးမျိုးရဲ့ မိတ်ဆွေရှိတဲ့မော်လမြိုင်ဘက်ကို ပြောင်းသွားတာပါ ...ပြန်းပြောင်းလာတာ လပိုင်းပဲရှိသေးတယ်လေ"
"သမီးရေ ပြန်ရောက်နေပြီလား ... ဒီမှာ မြေးလေးကမနေတော့ဘူး..."
မအေးနွယ်သည် တစ်နှစ်ကျော်အရွယ် မြေးကလေးကို ချီလျက် ဆိုင်ထဲသို့ဝင်လာစဉ် ကိုသန့်ဇင်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားမိလေသည်။ကိုသန့်ဇင်သည်လည်း ရှိုးတိုးရှန့်တန့်ဖြစ်သွားပြီးလျှင် မလုံမလဲနှင့် ဖြစ်သွားရလေသည်။
" ဧည့်သည်ရှိနေရင်.. မြေးလေးကို ပြန်ခေါ်သွားလိုက်မယ်လေ သမီး "
"ရပါတယ် အမေရဲ့ ... သားလေးရေ မေမေ့ဆီလာနော် "
#မုန်းမာန်
(အခန်းဆက်ဝတ္ထုရှည်)
အပိုင်း (၂၅)
*******
"တရားခံက ချမ်းမြေ့ကုမ္ပဏီက အလုပ်သမားတစ်ယောက်ပဲ ...ဦးမောင်မောင်ကိုလဲ ခေါ်စစ်နေတယ်လို့ ကြားတယ် .... ခုနောက်ပိုင်း မှာ ဦးကောင်းထက်ကသူ့အလုပ်တွေကိုလုံးဝမနှောက်ယှက်တော့ဘူး လမင်းရဲ့ .....ဒီလိုအချိန်မှ လုပ်ရတယ်လို့ "
"ဪ "
လမင်း သည်တစ်ခွန်းသာ တုံ့ပြန်နိုင်ပါသည်။ သူ့အလှည့်တုန်းကတော့ ဦးကောင်းထက်ကို နည်းမျိုးစုံနဲ့အနိုင်ယူခဲ့ပြီး သူခံရသောအလှည့်ကျတော့ လူတစ်ယောက်၏ အသက်ကိုပါရန်ရှာ ပစ်သည်တဲ့လေ။ဦးမောင်မောင် သည်မျှအထိရက်စက်လိမ့်မည်ဟု လမင်းမထင်ခဲ့မိပါချေ။
" ဒါနဲ့ ... လမင်းကိုမေးစရာရှိတယ် "
ပပစိုးက မဝံ့မရဲကြည့်ရင်း ပြောလိုက်သည်။
"မေးလေ မစိုး ...ကျွန်တော်ဖြေနိုင်ရင်ဖြေမှာပါ "
" ဒီလိုပါ ....လမင်းနဲ့ ချမ်းမြေ့ကုမ္ပ ကြားမှာ ဘာပတ်သက်မှုရှိလဲဟင်...အထူးသဖြင့်ဦးမောင်မောင်ပေါ့ ...ဦးမောင်မောင်ကိုကြည့်ရတာ လမင်းနဲ့ သိပ်တူတယ်....တို့ စိတ်ထဲမှာထင်နေတာလဲရှိတယ် "
ပပစိုးကို လမင်းမော့ကြည့်လိုက်သည်။
"မစိုးထင်နေတာ မှန်ပါတယ် ...သူက ကျွန်တော့်အမေ့ကို စော်ကားခဲ့တဲ့သူပဲ... "
" ဪ ... တို့ထင်တော့ထင်မိသားပဲ ..ဘာပဲဖြစ်ဖြစ် လမင်းရယ် ...သူတို့ကိုမေ့ပစ်လိုက်ပြီး ကိုယ့်မိသားစုနဲ့ပဲ ပျော်အောင်နေပါ ..အလုပ်ပြန်စမယ်ဆိုလဲ ...အကူအညီလိုရင် အချိန်မရွေးပြောပါ "
"ဟုတ်ကဲ့ ကျေးဇူးပါမစိုး "
~~~~~~
"သားလေး "
"ဗျာ အမေ ..ဘာဖြစ်လို့လဲ မျက်နှာလဲမကောင်းဘူး ...အမေ ဘာလုပ်ချင်လို့လဲ "
မျက်နှာလေးညှိုးနေသော မိခင်ကိုကြည့်ပြီး လမင်းစိုးရိမ်စွာမေးလိုက်မိသည်။ယခုတလော လမင်းမှာ ဆိုင်နှင့်ဘကျော်နားတွင်သားအချိန်ကုန်ဆုံးနေခဲ့ပြီး အချိန်ရလျှင်ကားတစ်စီးနှင့် နှင်းအိမ်ကို အရှာထွက်နေရသောကြောင့် မိခင်ကိုအချိန်မပေးနိုင်ဖြစ်နေရသည်လေ။
"အမေလေ ...နှင်းအိမ်နဲ့ မောင်မောင့်ကို အိပ်မက်မက်တယ်သိလား ... သူတို့နှစ်ယောက်လုံး ငိုနေကြတယ် "
" ဗျာ "
လမင်းမျက်လုံးအပြူးသားနှင့် မိခင်ကိုငေးကြည့်နေမိသည်။မိခင်ဖြစ်သူ၏ နှုတ်မှနောက်ဆက်တွဲထွက်လာမည့် စကားများကိုလည်း မကြားရဲပါချေ။
" နှင်းအိမ်တို့များ ပြန်ရောက်နေပြီလားမသိဘူး ...အမေ သူ့တို့အိမ်ကို သွားကြည့်လိုက်အုံးမယ် "
ပြောပြောဆိုဆိုနှင့် ဆိုင်ပြင်သို့ထွက်သွားသော မိခင်ဖြစ်သူကို လမင်းလှမ်းမတားလိုက်တော့ပါ။ သူကိုယ်တိုင်လည်း မကြာခဏ သွားကြည့်နေမိခဲ့သည်လေ။ထိုသို့ သွားကြည့်တိုင်း နှင်းအိမ် ထွက်ပြေးသွားရသည့် အကြောင်းအရင်းကို စဉ်းစားခဲ့မိသည်။နှင်းအိမ်ပျောက်ကွယ်သွားရခြင်းသည် လမင်းကိုမုန်းသွား၍ပဲလား။လမင်းနှင့်လက်မထပ်ချင်သောကြောင့်လား။သူမသည် သူ့အပေါ်သံယောဇဉ်မရှိခဲ့လေ သောကြောင့်လားဟု တွေးတော မိလေသည်။ထိုသို့ဆိုလျှင်ဖြင့် လမင်း၏ ဘဝတစ်ခုလုံး အဓိပ္ပါယ်ကင်းမဲ့သွားလိမ့်မည်ထင်သည်။
~~~~~~~
"ဘာမှ စိတ်မပူပါနဲ့ကိုမောင်မောင် ... ကျွန်တော်တို့ဘက်က အလီဘိုင်သာခိုင်ခိုင်မာမာပြနိုင် ရင်....ဒီအမှုက ဦးမောင်မောင်နဲ့ လွတ်လွတ်ကင်းကင်းကြီးဖြစ်သွားမှာပါ ...အဲ့ဒီတော့ ဦးမောင်မောင်က ဖြစ်ခဲ့သူမျှကိုတိတိကျကျအမှန်တိုင်းပြောပြပါ...အဲ့ဒီလိုသိရမှ ကာကွယ်မဲ့နည်းလမ်းကို ရှာဖွေလို့ရမှာပါ "
ဦးမောင်မောင်သည် တုတ်တုတ်မျှမလှုပ်ဘဲ ခေါင်းငိုက်စိုက်ချကာ ထိုင်နေသည်။သူ၏အနားတွင်တော့ ရှေ့နေ့ ဖြစ်သူနှင့် သားဖြစ်သူကထိုင်နေသည်။
"ကျုပ် ...ကျုပ်အမှန်တိုင်းပြောပါ့မယ် ..... ကျုပ်က သူ့ကိုခြောက်လန့်တဲ့သဘောမျိုးလောက်ပဲ လုပ်ခိုင်းလိုက်တာပါ ... သူ့မှာ ရောဂါအခံရှိနေတာကို ...ကျုပ်လဲ ဘယ်သိမလဲ ......"
တုန်လှုပ်ချောက်ချားစွာ ပြောနေသောဖခင်ကြီး၏ လက်ကို ချမ်းမြေ့ကအားပေးဆုပ်ကိုင်လိုက်ပြီး
"အဖေစိတ်မပူပါနဲ့ ......ဒီကိစ္စပြေလည်အောင်ကျွန်တော် ကြိုးစားပါမယ် "
" အေးကွာ ...ဒီကိစ္စကို အဘွားသိလို့မဖြစ်ဘူး ငါ့သား "
" ဟုတ်ကဲ့ပါ အဖေ ...ဒါနဲ့ တရားခံက ဘယ်လိုပြောလို့လဲရှေ့နေကြီး ...အဖေ့နာမည်ကို ထည့်ပြောနေတာလား ... သူ့မိသားစုအတွက် လုံလောက်အောင်မပေးထားဘူးလား ..."
"ပေးထားပါတယ် ကိုချမ်း ...ဒါပေမဲ့ ခက်တာက ...တရားခံမောင်းသွားတဲ့ကားက စက်ရုံပိုင်ကားဖြစ်နေတာရယ် ... သေချာစောင့်ဆိုင်းနေခဲ့တာက ပေါ်လွင်ထင်ရှားနေခဲ့တယ် ... အဲ့ဒီအတွက်တော့ နည်းနည်းပါးပါးတော့ ခေါ် စစ်ခံရလိမ့်မယ် "
ကိုချမ်းသည် ဖခင်ကိုကြည့်လိုက်ပြီး
"ဘာပဲဖြစ်ဖြစ် မသိဘူးပဲငြင်းပါ အဖေ ... နောက်ဆုံးကားဆရာကို အပြစ်တွေပုံချဖို့ သေချာစီစဉ်အတွက်ချရမှာပဲ .. ဒီကိစ္စကို ရှေ့နေကြီးနဲ့ ကျွန်တော်တိုင်ပင်လိုက်ပါ့မယ် ...အဖေကတော့ ဟန်မပျက် အလုပ်ကို သွားနေပါ "
သုံးဦးသား ခေါင်းချင်းဆိုင်တိုင်ပင်နေကြသော အခန်းထဲတွင် တိတ်ဆိတ်၍သွားပြန်သည်။
~~~~
"ဒါ ....ဒါ ..ဘယ်လိုဖြစ်ရတာလဲ ... မောင်မောင်....မင်းဘာတွေလုပ်ထားခဲ့လို့လဲ "
လမင်းအထိတ်တလန့် ဖြင့် သူရနှင့်ပပစိုးကိုမေးလိုက်မိသည်။
"ဟုတ်တယ် လမင်း ....ဦးကောင်းထက်က လမင်းထွက်သွားပြီး ကတည်းက... သူလဲလုပ်လက်စအလုပ်တချို့ကို ရပ်နားပြီး ..သူ့လုပ်ငန်းပဲ လုပ်ပြီး အေးအေးဆေးဆေးပဲနေတာပါ ... အခုလိုနေကာမှ ... ရန်သူက ဘယ်က ပေါ်လာလဲမသိဘူး .. သူက မနက်စောစော လမ်းလျှောက်ထွက်နေကြဆိုတာ လမင်းသိတယ်မဟုတ်လား ....အဲ့ဒီအချိန်မှာ ကားနဲ့တိုက်ခံရတာပဲ ...ကားကတိုက်ပြီး ဒီအတိုင်း ထားပစ်ခဲ့တာ .. နောက်မှ လမ်းသွားလမ်းလာတွေ တွေ့ပြီးဆေးရုံတင်ပေးခဲ့တာ ..."
"ဟာဗျာ ...ဖြစ်မှဖြစ်ရလေ..ဒါနဲ့ တိုက်သွားတဲ့ကားကို မိလား ..မတော်တဆလား ..ကြံစည်ပြီး တိုက်ပစ်ခဲ့တာလား "
" ကားကို မမိသေးဘူး ... မတော်တဆလား ..တမင်ကြံစည်ခဲ့တာလား သက်ဆိုင်ရာကစုံစမ်းလိမ့်မယ် .. ဘာကြောင့်ပဲဖြစ်ဖြစ် ကားသမားကတော့ ထောင်နန်းစံရမှာပဲ "
လမင်းစိတ်မကောင်းစွာ သက်ပြင်းချလိုက်မိသည်။
~~~~~~~
မျှော်လင့်တကြီးနှင့် လမင်း ရောက်လာခဲ့သော်လည်း လမင်း တွေ့လိုက်ရသည့် မျိုးဆေးဆိုင်ပိုင်ရှင်မှာ အသက်သုံးဆယ်ကျော် စအရွယ် အမျိုးသားတစ်ယောက်၏ ဆေးဆိုင်ဖြစ်နေသည်။လမင်းက ယောင်ယောင်ဝါးဝါးနှင့် ရောက်သွားပြီး စုံစမ်းလိုက်သောအခါ သူကလည်း အူကြောင်ကြောင်နှင့် နားမလည်ဖြစ်နေသည်။နောက်မှ လမင်းက အကျိုးအကြောင်း ရှင်းပြလိုက်သောအခါ သူသိသမျှဆေးဆိုင်နေရာများကို ပြောပြသည်။သည်လိုနှင့်ပင် ရန်ကုန်မြို့ရှိ ဆေးဆိုင်ကြီးငယ်မှန်သမျှကို လမင်းမသိတာမရှိသလောက် ဖြစ်နေခဲ့ချေပြီ။
~~~~~
"လမင်း ...လမင်းရေ .."
"ဟာ ... မစိုး ဘာဖြစ်လို့လဲ "
ဆိုင်ထဲသို့ အမောတကော နှင့် ဝင်လာသော ပပစိုးကိုကြည့်ပြီး လမင်းအလန့်တကြားနှင့်မေးလိုက်မိသည်။
" ဦးကောင်းထက်ကို ...ကားနဲ့ ဝင်တိုက်ခဲ့တဲ့ တရားခံကိုမီပြီ သိလား လမင်း "
" ဟာ ..ဟုတ်လား ... တရားခံက ဘယ်သူလဲ ...မတော်တဆမှုပဲလား "
"ဟင့်အင်း .... မတော်တဆ မဟုတ်ဘူး လမင်း ...ဦးကောင်းထက် လမ်းလျှောက်လာတာကို တမင်စောင့်ပြီးတော့ကို တိုက်ပစ်ခဲ့တာ "
"ဟာဗျာ ..ရက်စက်လိုက်တာဗျာ ... တရားခံကဘယ်သူလဲ မစိုး "
@@@@@@@@@@@@@@@@@@@
အပိုင်း (၂၅ ) ဆက်ရန်
#ဧကြည်ဖြူ
" ကျွန်တော် ဒီမှာမနေတော့ဘူး ...ဒီကိစ္စတွေကို အမေမသိအောင် ဖုံးကွယ်ပေးထားကြပါ ...."
" မြေး ... မြေးလေးရယ် ....အဘွားတောင်းပန်ပါတယ်ကွယ် ...အမေ့အခြေအနေကလဲ သိပ်မကောင်းတာမို့ မြေးလေး ဘယ်မှမသွားပါနဲ့နော်.. အဘွားတောင်းပန်ပါတယ် "
" ကျွန်တော်ကလဲ တောင်းပန်ပါတယ် .. လောလောဆယ် ... အပြင်မှာ ခဏလောက်နေခွင့်ပြုပါ....အမေ့ဆီကလဲ ခွင့်တောင်းပြီးသွားပါပြီ ..."
~~~~~~~
"မင်းတို့နဲ့ မပတ်သက်ချင်ဘူးလို့ ပြောခဲ့ပြီးပြီ မဟုတ်လား ..... ဘာကိစ္စလာဆက်သွယ်တာလဲ "
လမင်းအသံမာမာနှင့် ပြောလိုက်သည်။
"မင်းတို့ကို တောင်းပန်ချင်လို့ "
ချမ်းမြေ့က အေးဆေးတည်ငြိမ်သော အသံဖြင့်ပြောလိုက်သည်။
" မလိုဘူး ....ဘာတောင်းပန်စကားမှ မလိုဘူး ... မင်း ငါ့ကို နောက်ထပ်မဆက်သွယ်နဲ့တော့ "
ပြောပြီးသည်နှင့် လမင်းထပြန်ရင်ပြင်လိုက်သည်။
" ခဏနေအုံး လမင်း .. မင်းလဲ နှင်းအိမ်ကို လိုက်ရှာနေတယ်ဆို ..ငါတို့ကြားမှာ မင်းတို့သားအမိပေါ် အားနာစရာကိစ္စတွေရှိပေမဲ့ ..ဒီကိစ္စတွေက နှင်းအိမ်ကိစ္စနဲ့တော့ မပတ်သက်ဘူးနော် .... အဲ့ဒီကိစ္စကိုတော့ အလျှော့ပေးမှာမဟုတ်ဘူး ... သူ့ကို ငါအရင်ရှာတွေ့ခဲ့ရင် .. မင်းထပ်ပြီး ပတ်သက်ဖို့မကြိုးစားပါနဲ့ "
" ဘာကွ ..မင်းကွာ .... တောက် "
လမင်းတောက်တစ်ချက်ခေါက်ပြီး ချမ်းမြေ့ကိုချာခနဲ ကျောခိုင်းထွက်ခဲ့လိုက်သည်။
~~~~~~~
"မင်းလုပ်ငန်းတွေရော အဆင်ပြေရဲ့လား လမင်း ..ဘကျော်အခြေ အနေက ..နေ့လားညလားဆို ''
သူရ၏အမေးကို လမင်းခေါင်းငြိမ့်ပြလိုက်ပြီး
"ဟုတ်တယ် ....အဲ့ဒါကြောင့် အိမ် ကမခွါနိုင်ဘူးဖြစ်နေရတယ်...ဆေးကုမ္ပဏီတွေမှာလိုက်စုံစမ်းတော့လဲ တခြားသူရဲ့ကိုယ်ရေးကိုယ်တာကို ဖော်ပြလို့ မရဘူးတဲ့လေ "
" အေးကွာ ... ဘာလိုလိုနဲ့နှင်းအိမ်တို့ ပြောင်းသွားတာတောင် သုံးလပြည့်တော့မှာပဲ ... သူရန်ကုန်မှာပဲရှိနေရင် တစ်နေ့တော့တွေ့မှာပါ "
" ငါလဲ မတွေ့တွေ့အောင်ရှာမှာပါ ...ဒါနဲ့ မင်းနဲ့ မစိုးတို့ရော အလုပ်အဆင်ပြေကြရဲ့လား ..."
"ပြေပါတယ်ကွာ ..မင်းကျေးဇူးတွေကို မမေ့ပါဘူးလမင်းရာ "
" ဒါတွေ မလိုပါဘူးကွာ ..ကြီးတူးရဲ့ကျေးဇူးတွေက ငါတို့ပေါ်မှာ အများကြီးပါ "
~~~~~
"ဝေါ့ ..ဝေါ့ ..."
နှင်းအိမ် ရင်ဘတ်လေကို လက်နှင့်အသာဖိရင်း လေတွေတဝေါ့ဝေါ့နှင့် အန်ချပစ်လိုက်သည်။မိန်းမသားပီပီကိုယ့်အခြေအနေကို သိပေမဲ့တကယ်တမ်းရင်ဆိုင်ရတော့မည်ဆိုသောအခါ ထိတ်လန့်တုန်လှုပ်လာမိသည်။မိခင်ကို မည်ကဲ့သို့ ပြောရပါမည်နည်း။
"သမီး ...နှင်း .....နှင်းအိမ် ...ဘာဖြစ်တာလဲ "
" အ ....အမေ "
နောက်ဖေးဘက်ခန်းထဲတွင် တစ်ယောက်တည်း လာအန်နေချိန် မိခင်ဖြစ်သူ ရောက်လာသောကြောင့် နှင်းအိမ်ထိတ်လန့်တုန်လှုပ်သွားပြီးလျှင် မိခင်ကို ဖက်ကာ အားပါးတရငိုချပစ်လိုက်မိလေသည်။
မအေးနွယ်က သမီးဖြစ်သူ၏ ကျောပြင်လေးကိုအသာ
ပုတ်ပေးလိုက်ပြီး အံကိုတင်းတင်း ကြိတ်ထားမိသည်။မအေးနွယ်စိုးရိမ်ခဲ့ရသော အဖြစ်အပျက်ကြီး အမှန်တကယ် ဖြစ်လာခဲ့ပြီ ဆိုသည်ကို မအေးနွယ်ရိပ်စားမိလိုက်ပါလေပြီ။
~~~~
"သမီး ....အမေ့ကို ဘာမှမပြောပြချင်သေးဘူးလားကွယ် ...ဒါဆိုရင် အမေမေးမယ် ... ဒီကလေးရဲ့ အဖေက မောင်ချမ်းမြေ့လား .. သူက သမီးကိုလက်မထပ်နိုင်ဘူးတဲ့လား "
နှင်းအိမ်ခေါင်းကို ယမ်းခါလိုက်ပြီး
"မ ..မဟုတ်ပါဘူးအမေ... ဒါတွေကို မမေးပါနဲ့နော် "
မအေးနွယ် သက်ပြင်းချလိုက်မိသည်။မဖြေချင်ရှာသော သမီးငယ်ကို ဆက်လက်၍မေးရန် လည်း အင်းအားမရှိတော့ပါ။
" ဒါဆိုရင် ...သမီးဘာလုပ်ချင်လဲ ... ကိုယ်ဝန်ကို ဖျက်ချပစ်မလား ...."
"ဟင့်အင်း အမေ ..မဖျက်ပါဘူး ..မဖျက်ဘူးအမေ ... ကလေးကိုမွေးခွင့်ပြုပါနော် .."
"သမီးရယ် ... မအေနဲ့မှ ကံချင်း လာတူနေရလားကွယ် .."
မအေးနွယ် ငိုချင်စိတ်ကို ထိန်းပြီး သမီး၏ လက်ကလေးတွေကို ခပ်တင်းတင်းဖျစ်ညှစ်ဆုပ်ကိုင်လိုက်သည်။
"သမီးကို အမေပြောမယ် .... ကလေးတစ်ယောက်မွေးရတာက လွယ်ကူတဲ့ အလုပ်တော့မဟုတ်ဘူး...ပြီးတော့ ခင်ပွန်းမရှိဘဲ ကလေးမွေးရတာက ပိုခက်ခဲတယ် သမီး ....အများတကာ လက်ညှိုးထိုကဲ့ရဲ့နေတာတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရမယ် ... ကိုယ်ရောကိုယ့်ကလေးအတွက်ပါ ခံနိုင်ရည်ရှိရမယ် ... နောက်ဆုံး ကလေးအဖေကို ဘယ်လောက် မုန်းမုန်း ကလေးပေါ်မှာဆံချည် တမျှင်စာတောင် ငြိုငြင်လို့ မဖြစ်ဘူးသမီး "
" ဟုတ် ..ဟုတ်ကဲ့ပါ အမေ ....သ ..သမီး .. သူ့ကိုမမုန်းပါဘူးအမေ ... သူနဲ့တူတဲ့ ကလေးကို သမီးလိုချင်တယ် "
"ဘယ် ..ဘယ်လို သမီး "
မအေးနွယ်ရင်ထဲထိတ်ခနဲ ခုန်လှုပ်သွားသည်။တစ်စုံတစ်ရာကိုလည်း စဉ်းစား၍နေမိသည်။
~~~~~~
"ဘာ ...ဘာပြောတယ် သူရ ...ဦးကောင်းထက်ဆုံးပြီဟုတ်လား...ဘယ် ... ဘယ်လို ဖြစ်ရတာလဲ ..အခုဘယ်မှာလဲ ... ဟုတ်ရောဟုတ်ရဲ့လား မစိုးရယ် ....မနေ့ညကမှ ကျွန်တော်နဲ့ ဖုန်းပြောသေးတယ် ... သူက တောင်ပြောနေသေးတယ် ... ချမ်းမြေ့ကုမ္ပဏီကို တိုက်ခိုက်နေတာတွေကို သူစွန့်လွှတ်လိုက်ပြီး ဘ၀ကို အေးအေးဆေးဆေးပဲ နေတော့မယ်လို့ ပြောနေသေးတာ ...အခုဘယ်လိုဖြစ်ရတာလဲ ...
#မုန်းမာန်
(အခန်းဆက်ဝတ္ထုရှည် )
အပိုင်း (၂၄ )
********
~~~~
"ဘယ်လိုဖြစ်ကြတာလဲ လမင်းရယ် ...မေနှင်းအိမ်ကို ခုချိန်ထိရှာမတွေ့သေးဘူးလား "
ပပစိုးက လမင်းကိုကြည့်ကာ စိတ်မကောင်းစွာမေးလိုက်သည်။
"ဟုတ်တယ် မစိုး ...ဦးမျိုးတို့ အမျိုးတွေဆီမှာလဲ ..... ဘာမှစုံစမ်းလို့မရခဲ့ဘူး .... ကျွန်တော် မစိုးကိုအကူအညီတောင်းချင်လို့ လာခဲ့တာ... ကျွန်တော့်တို့လုပ်ထားတဲ့ အရောင်းအဝယ်ကိစ္စတွေကို ...ကျွန်တော်မလိုက်နိုင်တော့ဘူး...အကျိုးအမြတ်ရမဲ့ထဲက ကျွန်တော့်ကို ရာနှုန်းလျှော့ပေးပါ ....တကယ်လို့ မစိုးအတွက် စိတ်ချရမဲ့ တွဲဖက်တစ်ယောက်လို အပ်တယ်ဆိုရင် ... ကျွန်တော့်သူငယ်ချင်း ကိုသူရကိုထည့်ပေးပါ့မယ် ... သူ့ဆီမှာ အကူအညီတောင်းထားပါတယ် "
"ဟုတ်ပြီးလေ ...တို့ကတော့ မကြာခဏခရီးသွားနေရတော့.. စိတ်ချရတဲ့လူတစ်ယောက်တော့ လိုအပ်တာအမှန်ပဲ ...သူရကိုလဲ တို့သိနေတာပဲလေ ...မင်းကလဲ အာမခံတယ်ဆိုရင် .. အဆင်ပြေပါတယ် ...ဒါနဲ့မင်းက ... ဘက်လိုလိုက်ရှာမှာလဲ ... ဒီလိုပဲ နေရာအနှံ့လျှောက်သွားရှာနေလို့တော့ မဖြစ်ဘူး မဟုတ်လား ...ဘကျော်ရဲ့ကျန်းမာရေးကလဲ သိပ်မကောင်းဘူးဆို "
"ဟုတ်တယ်မစိုး ...အဲ့ဒါကြောင့် ကျွန်တော် အိမ်မှာနေရအုံးမယ် ... ရှာတာကတော့ ဆေးကုမ္ပဏီတွေကို လိုက်ချိတ်ထားတယ် ...သူတို့ဆီမှာ ဦးမျိုးရဲ့လိပ်စာကို ရလိုရငြားပေါ့ ...ဦးမျိုးက နှစ်ပေါင်းများစွာ ဆေးဆိုင်ပဲလုပ်လာခဲ့တာမဟုတ်လား ... သေချာတာက သူကျွမ်းကျင်တဲ့လုပ်ငန်းကိုဆက်လုပ်နေမှာပဲ "
မျှော်လင့်တကြီးနဲ့ ပြောနေသောလမင်းကိုကြည့်ပြီး ပပစိုးခေါင်းကို ငြိမ့်လိုက်သည်။
" တို့အကူအညီလိုရင်လဲ ပြောနော် ..."
"ကျေးဇူးပါ မစိုး "
~~~~~~
"ဘာပြောတယ်ကွ ... ငါတို့မှာထားတဲ့ပစွည်းတွေအချိန်မီမရနိုင်ဘူးဟုတ်လား ..ဘာအတွက်လဲ ..."
ဦးမောင်မောင်ထိတ်လန့်တုန်လှုပ်စွာမေးလိုက်သည်။
''တခြားအော်ဒါ၀င်သွားပြီး အကုန်ယူသွားတာတဲ့ သူဋ္ဌေး... ကျွန်တော်တို့ဘက်က မေးလ်ကနာရီပိုင်း လောက်နောက်ကျသွားတယ်တဲ့ "
"တောက် ... ကြားဖြတ်ယူသွားတဲ့ကုမ္ပဏီက ကောင်းထက်ကုမ္ပဏီလား "
ဦးမောင်မောင်တောက်တစ်ချက်ခေါက်လိုက်ပြီး ဒေါသတကြီးဖြင့် မေးလိုက်သည်။
"သူတို့ဘက်က ကုမ္ပဏီနာမည်တော့ မပြောဘူး ...ဒါပေမဲ့ ဖြစ်နိုင်လောက်ပါတယ် သူဌေး ... "
" ဒီလူတွေတော့ မောင်မောင့်ကို အထင်သေးနေကြတာပဲ ...ဒီကိစ္စကို ငါရှင်းလိုက်မယ်...မင်းက ပြည်ပကို .လှမ်းမှာတဲ့အမှာစာတွေကိုဂရုစိုက် ... ပစ္စည်းတွေ ဒီဘက်ကိုရောက်ဖို့ ... အမှာတစ်ခုနဲ့တစ်ခုကြား (၁၅) ရက်ထက်ပိုကြာလို့ မရဘူးနော် ...တော်ကြာကသီလင်တဖြစ်ကုန်မယ် "
" ဟုတ်ကဲ့ စိတ်ချပါသူဌေး "
~~~~~~~
"ဘယ်လိုဖြစ်ရတာလဲ အဖေ....(......)တည်းခိုးခန်းကို အဖေဘဏ်မှာ ပေါင်ထားတယ်ဆို ...အဖေ့အလုပ်တွေ အဆင်မပြေဘူးလား "
ကိုချမ်းကဖခင်ဖြစ်သူကို မေးလိုက်သည်။
" မင်း ..အခုတော့ အဖေ့လုပ်ငန်း တွေကို စိတ်ဝင်စားလာပြီပေါ့ ...ဟုတ်တယ် ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ပစွည်းတွေကို .. လိုလိုမယ်မယ် အပိုဝယ်ထားဖို့လို နေလို့ပဲ "
"ဗျာ ...အဖေပြောတော့ ...ဆောက်လုပ်ရေးအတွက်က လိုအပ်တဲ့ဘက်ဂျက်အဖေ့ဆိမှာရှိတယ်ဆို ."
"ဟုတ်တယ် ရှိတယ်လေ ..ဒါပေမဲ့ ဒီဆောက်လုပ်ရေးကို လိုက် နှောက်ယှက်နေတဲ့သူတွေရှိလို ...ပြည်ပက ဆောက်လုပ်ရေးပစ္စည်းတွေမှာထားတာ "
ဖခင်း၏ စကားကြောင့် ကိုချမ်းစိတ်ရှုပ်သွားမိပြီး .
"အဖေ့ကို အဲ့ဒါကြောင့်ကျွန်တော်ပြောခဲ့တာ ...ဒီတစ်ခေါက်လုပ်ငန်းက အရမ်းစွန့်စားရာကျတယ် ... ဒီလောက်ကြီးမားတဲ့လုပ်ငန်းခွင်မှာသက်မှတ်ရက်ကို အတိမ်းအစောင်းမခံဘူးဆိုတာက အဓိပ္ပါယ်ကိုမရှိဘူး...မသိရင် တမင်သက်သက်အကွက်ဆင်ထားသလိုပဲ... အဖေကမိုက်ရူးရဲဆန်လွန်းသွားတာ "
သာဖြစ်သူ၏ စကားကြောင့် ဦးမောင်မောင်စိတ်တိုဒေါသထွက် သွားရပြီး
"တော်စမ်းကွာ...လူငယ်လေးဖြစ်ပြီး မင်းသတ္တိနည်းလှချည်းလား .. အလုပ်မှာသူများထက်သာချင်ရင် ဒီလိုပဲစွန့်စားရတယ် ... အောင်မြင်ခဲ့ရင် ... ဆောက်လုပ်ရေးလောကမှာ ဘုရင်တစ်ဆူ ဖြစ်မှာ ...မင်းလဲ မိန်းမကိစ္စကြီးပဲ လုံးပန်းမနေနဲ့.....လုပ်ငန်းတွေထဲ ၀င်ကူအုံး ....ခုတလော ကောင်းထက်ကုမ္ပကလဲ ငါတို့ကိုပေါ်တင်ကြီးလိုက်တိုက်ခိုက်နေတာ မင်းသိရဲ့လား "
ဖခင်ဖြစ်သူ၏ စကားကြောင့် ကိုချမ်းစိတ်ထဲလမင်းကို မြင်ယောင်လိုက်မိသည်။လမင်းသည် ကောင်းထက်ကုမ္ပဏီ၏ ရှယ်ယာရှင်တယောက်ဖြစ်သည် ။ ဦးကောင်းထက်၏ မိတ်ဆက်ပေးမှုနှင့် လမင်းနှင့် မိတ်ဆွေဖြစ်ခွင့်ရခဲ့သည်။ဖခင်ကြီးပြောတာသာအမှန်ဆိုလျှင်လမင်းသည် အစကတည်းက အကြံအစည်ပေါင်းများစွာနှင့် ချဉ်းကပ်ခဲ့ပုံရသည်။ကိုချမ်း လက်သီးကို ခပ်တင်းတင်းဆုပ်လိုက်မိပြီး
"ကောင်းထက်ကုမ္ပဏီဆိုတာ သေချာလား အဖေ "
" ငါ့တို့လောကမှာ မသေချာပဲ မပြောဘူးကွ "
"ဘာပြောတယ်ဗျ ... ကျွန်တော်လဲ ခင်ဗျားနဲ့ မပတ်သက်ချင်ပါဘူး ....ဒါပေမဲ့ နှင်းအိမ်နဲ့ပတ်သက်ပြီးတော့ ခင်ဗျားမှာဘာပြောပိုင်ခွင့်မှ မရှိဘူးကိုလမင်း ... ခင်ဗျားအကြောင်းကို ကျွန်တော်သိတယ် ... ခင်ဗျားတခြားမိန်းမနဲ့ပတ်သက်နေပြီးမှ နှင်းအိမိကိစ္စတွေကို ဝင်စွက်ဖက်ခွင့်မရှိဘူးဗျ ...ခင်ဗျားကို ပြောခဲ့လိုက်မယ် ... ဒီနေ့ကစပြီးတော့ နှင်းအိမ်ကို ကျွန်တော်တွေ့အောင်ရှာမယ် ..ပြီးရင်ရအောင်လက်ထပ်ယူမှာ... "
" ဘာကွ...တောက် ..မင်းကွာ "
သည်တစ်ခါ ဒေါသထွက်သွားရသူမှာ လမင်းဖြစ်သည်။
"ငါတို့နှစ်ယောက်ရဲ့ကြားကို မင်းဝင်လို့မရဘူးချမ်းမြေ့ .... ဝင်လို့လဲမဖြစ်ဘူး ... ငါပြဿနာမဖြစ်ချင်လို့.မင်းကို အေးအေးဆေးဆေးပြောနေတာ ကွာ ..."
"တော်စမ်းပါဗျာ .... ကျွန်တော့်ကို ဘယ်သူမှ အမိန့်လာပေးလို့မရဘူး ...နှင်းအိမ်တစ်ယောက်ကလွဲရင် ဘယ်သူ့ကိုမှသည်းခံနေမှာမဟုတ်ဘူး ..."
@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၂၄ ) ဆက်ရန်
#ဧကြည်ဖြူ
" ဟုတ်ပြီ ... ဒါဆို အဲ့ဒီကိစ္စကိုမပြောတော့ဘူး...အဖေ့လုပ်ငန်းတွေကို မင်းဝိုင်းကူပေးအုံး ..အဖေ ဒီလထဲမှာ ခရီးသွားဖို့ရှိတယ် ....အဲ့ဒါ့ မင်းကိုစိတ်ချချင်တယ်.."
"ဟုတ်ကဲ စိတ်ချပါ အဖေ "
~~~~~
" ဘယ်လိုဖြစ်တာလဲလမင်းရ ဝမ်းမင်းကိုတွေ့ရဖို့အရေး မနည်းခေါ်ခိုင်းနေရပါလား ...ခရီးကပြန်လာပြီးကတည်းက ကုမ္ပဏီကိုလုံးဝမလာသေးဘူးနော် ...ပပကိုမေးတော့.. သူလဲမသိဘူးတဲ့လေ ..ဘာတွေဖြစ်နေတာလဲ လမင်းရ "
လမင်းက ဦးကောင်းထက်၏ အမေးကိုမဖြေသေးဘဲ သူ့လက်ထဲမှ ဖိုင်တွဲကို ဦးကောင်းထက်ဆီသို့ ကမ်းပေးလိုက်သည်။
"ဒီမှာ ကျွန်တော်တာဝန်ယူထားရတဲ့ စာရင်းတွေပါ ... ကျွန်တော့်ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ... ကျွန်တော့် အလုပ်တွေကို နားလိုက်ပါပြီ ...ရှယ်ယာဝင်အနေနဲ့လဲ ...အန်ကယ်တို့ ပေးတဲ့ အကျိုးအမြတ်ကိုပဲ လက်ခံမှာပါ ... ကျွန်တော်တာဝန်ယူမယ်လို့ ပြောထားတဲ့အပိုင်းကို ပြီးဆုံးအောင် မလုပ်ဆောင်ပေးနိုင်လို့ တောင်းပန်ပါတယ် အန်ကယ် ''
"ဟာ....ဘယ်လိုဖြစ်ရတာလဲ မောင်လမင်း ....ဒါ...ဒါဆိုရင် ချမ်းမြေ့ကုမ္ပဏီကို ဖြုတ်ချမယ်ဆိုတဲ့ မင်းရည်ရွယ်ချက်ကရော "
ဦးကောင်းထက်က အံဩတုန်လှုပ်စွာနှင့် မေးလိုက်သည်။လမင်းသာမရှိလျှင် ဦးကောင်းထက်အတွက် လက်မောင်း တစ်ဖက်ပြုတ်သကဲ့သို့ဖြစ်ရမည် မဟုတ်ပါလား။
"ကျွန်တော် အဲ့ဒါတွေ စိတ်မဝင်စားတော့ဘူး အန်ကယ်...အခုချိန်မှာ သူတို့ကကျွန်တော့်အတွက် အရေးမပါတော့ပါဘူး...မုန်းတဲ့သူတွေအတွက် ကျွန်တော်အချိန်တွေကို အကုန်ခံနေမဲ့အစား ...ချစ်တဲ့သူ့အတွက်ပဲ အချိန်တွေကို ကုန်ဆုံးပါတော့မယ် ... သူတို့ကို မုန်းတီးစိတ်နဲ့ ကျွန်တော်ကချစ်ရတဲ့သူတွေ...ကျွန်တော့်ကို ချစ်တဲ့သူတွေအပေါ်မှာ လျစ်လျူရှုထားခဲ့မိတာတွေအတွက် နောင်တရနေမိတယ် အန်ကယ် "
" ဟေ ... မင်းပြောမှပဲ ...အန်ကယ်လဲ ဒေါသမာနစိတ်ကြောင့် .....မိသားစုအပေါ် လျစ်လျူရှုနေမိသလားလို့စဉ်းစားမိတယ်ကွာ ....အေးပါ မောင်လမင်း ...မင်း အဆင်ပြေပါစေ "
~~~~~
"ဒါဆိုရင် မန်း မောင်ချမ်းမြေ့လဲ မသိဘူးပေါ့ ... အဒေါ်က မင်းတော့ သိမယ်ထင်နေတာ ... အဒေါ်တို့ကိုလဲ သူတို့ပြောင်းခါနီးမှလာနှုတ်ဆက်တာလေ ..အခုတော့ ဖုန်းတွေလဲ ဆက်လို့မရတော့ဘူး ...
နှင်းအိမ်တို့အဘိုးအဘွားဆီကို ပြန်တာတော့ မဟုတ်ဘူး.....တစ်နေ့ကပဲ ပဲခူးနယ်ဘက်က နှင်းအိမ်တို့အဘိုးအဘွားအိမ်ကိုလမင်းလိုက်သွားတာ ....မတွေ့ခဲ့ဘူးလို့ပြောတယ် "
ဒေါ်တူး၏စကားကြောင့် ချမ်းမြေ့ အံ့ဩသွားရသည်။
"လမင်း ..လမင်းကဘယ်သူလဲ အဒေါ် "
" ဪ ....မောင်ချမ်းမြေ့က လမင်းကို မသိဘူးလား .. နှင်းအိမ်နဲ့ ငယ်ငယ်ကတည်းကအတူ ကြီးပြင်းခဲ့တဲ့သူလေ ... ငယ်သူငယ်ချင်းတွေပေါ့ ..အရင်က ခြေရင်းခေါင်းရင်နေလာကြတာ ...ဆယ်တန်းအောင်ပြီးသွားမှ လမင်းက.. လမ်းထိပ်ဘက်ကို ပြောင်းသွားတာလေ..."
ဒေါ်တူး၏ စကားအဆုံးတွင် ကိုချမ်းရင်တွေ အခုန်မြန်လာသည်။လမင်းတဲ့။ ကိုချမ်းနှင့်မစိမ်းသောနာမည်။မှတ်မှတ်ရရ လမင်းနှင့်ဆုံခဲ့သောနေ့ ညပိုင်းမှစပြီး နှင်းအိမ်နှင့်အဆက်အသွယ်မရတော့ခြင်းဖြစ်သည်။နောက်ရက်ကျမှ နှင်းအိမ်ဆီမှ "အဘွားတို့ဆီ ပြန်ရောက်နေလို့ ဆက်သွယ်လို့ ရမှာမဟုတ်ဘူး " ဆိုသောစာတိုကို ရရှိခဲ့ခြင်းဖြစ်သည်။
" ဒါနဲ့ ဒေါ်ဒေါ် ... ကိုလမင်းရဲ့ လိပ်စာလေး ကျွန်တော့်ကိုပေးပါလားခင်ဗျာ "
~~~~~~~
ကိုချမ်းစိတ်ထဲမှ မဟုတ်ပါစေနှင့်ဟု ဆုတောင်းနေခဲ့သော်လည်း မျက်နှာချင်းဆိုင် တွေ့လိုက်ရသောအခါ ဆုတောင်း တွေ မပြည့်မှန်းကိုချမ်း သိလိုက်ရသည်။လမင်းနှင့် ကိုချမ်းဆုံလိုက်ရချိန်တွင် လမင်းက ကျောပိုးအိတ်တစ်လုံးနှင့် ခရီးသွားဖို့ပြင်နေချိန်ဖြစ်သည်။
"ကိုချမ်းမြေ့ ဘာကိစ္စလဲ .... ကျွန်တော် ခရီးသွားစရာရှိလို့ "
သူတို့မိသားစုနှင့် မပတ်သက်ချင်တော့သောကြောင့် လမင်း ခပ်ပြတ်ပြတ်ပြောလိုက်သည်။ပြီးလျှင် လမင်းကယနေ့ခရီးသွားရအုံးမည်။ စုံးစမ်းသိရသလောက် ဦးမျိုးအောင်၏အမျိုးများရှိသည်ဟုဆိုသော အညာဘက်သို့သွားဖို့ရန် လုပ်နေခြင်းဖြစ်သည်လေ။
"ခင်ဗျားက နှင်းအိမ်ရဲ့သူငယ်ချင်းလား ... ကျွန်တော်တို့ တစ်နေရာရာသွားပြီး စကားပြောကြရအောင် "
ချမ်းမြေ့၏ စကားကြောင့်လမင်းဖျတ်ခနဲကြည့်လိုက်သောအခါ ချမ်းမြေ့၏ စူးစူးဝါးဝါးအကြည့်နှင့် ရင်ဆိုင်လိုက်ရလေသည်။
~~~~~
" နှင်းအိမ်ပြောင်းသွားတဲ့ကိစ္စက ..ခင်ဗျားနဲ့ပတ်သက်နေလား ကျွန်တော်သိချင်တယ် ..ဘာလို့လဲဆိုတော့ ...ခင်ဗျားနဲ့ဆုံပြီးတဲ့ ညဘက်ကတည်းက နှင်းအိမ်ဖုန်းမကိုင်တော့တာ....ခင်ဗျားဘာတွေလုပ်ခဲ့တာလဲ "
လမင်းကိုကြည့်ပြီး ချမ်းမြေ့ ဒေါသသံဖြင့် မေးလိုက်သည်။ချမ်းမြေ့လမင်းကိုမယုံ။ရုတ်တရက်နှင်းအိမ်တို့ ပြောင်းသွားသော ကိစ္စသည် လမင်း၏ ပယောဂပါမည်ပါ ကိုချမ်းထင်နေမိသည်။
ချမ်းမြေ့ကို လမင်းကပြန်ကြည့်လိုက်ပြီး
"ငါနဲ့နှင်းအိမ်ရဲ့ကိစ္စက ....မင်းနဲ့ ဘာမှမဆိုင်ဘူးကွ...ပြီးတော့ ...မင်း နှင်းအိမ်ကိုလာထပ်မရှာနဲ့တော့ ဟုတ်ပြီလား ... ငါတောင်းဆိုတာကွာ ... မင်းနဲ့ငါ့ကြားမှာ ဘာပြဿနာမှမဖြစ်ချင်သလို ..မင်းနဲ့လဲ မပတ်သက်ချင်ဘူး "
မရေမရာသော အဖြေများနှင့် ချမ်းမြေ့မောင်၏ စားသောက်ဆိုင်ကနေ လမင်းပြန်ခဲ့သည်။အပြန်လမ်းတစ်လျှောက် တွင် လမ်းဘေးမှ မြင်သမျှ လူတိုင်းကို လမင်းလိုက်ကြည့်နေခဲ့မိသည်။
~~~~~~
"အေးကွ လမင်းရ..ငါလဲဘာမှမသိဘူး ... သူတို့ပြောင်းသွားတာကို... အလုပ်ကပြန်ရောက်မှ အမေပြောလို့သိတာ ... အားချင်းကြီး ဘာလို့ပြောင်းသွားကြတာလဲ မသိဘူး ..... သူတို့မှာအကြောင်းတော့ ရှိရမယ် "
သူရဆီမှ စကားကို ကြားလိုက်ရချိန်မှာ လမင်းစိတ်ကို တင်းမထားနိုင်တော့ဘဲ မျက်နှာကို လက်ဝါးဖြင့်အုပ်ကာ မျက်ရည်ကျမိသည်။
"ဟာ ....လမင်း ... မင်း....မင်းငိုနေတာလား ....ဘာဖြစ်လို့လဲ ..... မင်း အမှန်တိုင်းပြောစမ်းလမင်း ... မင်းနဲ့ နှင်းအိမ်ကြားမှာ ဘာတွေဖြစ်ခဲ့ကြလဲ "
လမင်းမဖြေပါ။အသက်ကိုခပ်ပြင်းပြင်းရှူသွင်းရှူထုတ်လုပ်လိုက်ပြီး
" ငါ...ငါရူးတော့မယ်သူရ ....နှင်းအိမ်ကိုမတွေ့ရင် ငါရူးသွားလိမ့်မယ်ထင်တယ်ကွာ....ငါဘာလုပ်ရမလဲ ....ငါ ခရီးသွားလိုက်မိတာ အရမ်းမှားသွားတယ်"
သူရသည် လမင်း၏ပုံစံကို ကြည့်လိုက်ပြီး
'လမင်း ...မင်း ..မင်းနှင်းအိမ်ကို ချစ်နေတာလား "
သူရ၏အမေးကို မဖြေနိုင်ဘဲ လမင်းငြိမ်သက်နေမိသည်။အတန်ကြာသောအခါမှ လမင်း သက်ပြင်းရှည်ကြီးကို ချလိုက်မိပြီး
"အချစ်ဆိုတာဘာလဲ ... ငါမသိဘူးသူရ ...ငါ့ဘဝတစ်လျှောက်လုံး ထ အမေပင်ပင်ပန်းပန်းနံ့ ဈေးရောင်းခဲ့ရတာကို ကြည့်ပြီး သနားတယ် .. အဲ့ဒါကြောင့် ချမ်းသာဖို့ရယ် ... ငါ့အမေကို ဒုက္ခပေးခဲ့တဲ့မိသားစုကို လက်တုံ့ပြန်ချင်တာပဲသိခဲ့တာ ... ဒါပေမဲ့ နှင်းအိမ်ငါ့အနားမှာမရှိတော့ဘူးဆိုတာကိုသိလိုက်ရတော့ ..ငါ့ဘ၀ကဘာအဓိပ္ပါယ်မရှိတော့သလိုပဲ ...အရင်တုန်းကတော့ သူ့ကိုသတိရရင် အချိန်မရွေးတွေ့လို့ရနေတော့ ...အဲ့ဒီခံစားချက်ကို ငါမသိခဲ့ဘူးကွာ "
"လမင်းရာ ... မင်းနဲ့ နှင်းအိမ်နဲ့သာဆိုရင် သိပ်လိုက်ဖက်မှာပဲ ... ငါသဘောတူတယ် ... ငါထင်တော့ ထင်ပါတယ်ကွာ ... မင်းနဲ့နှင်းအိမ်က မတည့်ကြပေမဲ့ ..မင်းပြောရင်လဲနှင်းအိမ်ကနားထောင်တယ် ..မင်းကလဲ အပြင်ပန်းအရ သူ့ကိုဂရုမစိုက်သလို ပစ်ထားခဲ့ပေမဲ့ ...သူတစ်ခုခုအမှားလုပ်တော့မယ်ဆိုရင် မင်းအမြဲလိုက်တားခဲ့တယ် .. သေချာတယ်လမင်း ... မင်း...သူ့ကို ငယ်ငယ်ကတည်းက ချစ်နေတာပဲဖြစ်ရမယ် ... ဒီကြားထဲမှာ ကြားလူတွေပေါ်လာတော့... မင်းတို့ကြားမှာပြဿနာတွေရှိတယ်မဟုတ်လား ..ဘာပြဿနာပဲရှိရှိကွာ ...မင်း သူ့ကိုချစ်ရင် တွေ့အောင်လိုက်ရှာပေါ့ "
" ငါ ရှာမှာပါ ..မနက်ဖြန် ပဲခူးသွားမယ် ... သူတို့အဘွားတွေနေတဲ့ နေရာကို သွားရှာမယ် ."
~~~~~~
"ဦးကောင်းထက်ဘယ်မှာလဲ "
ဦးမောင်မောင်က စာရေးမ လေးကို အသံမာမာနှင့် မေးလိုက် သည်။
"ဪ ...ဪ ..ဘယ်သူများလဲလို့ ..ချမ်းမြေ့ကုမ္ပဏီရဲ့ သူဋ္ဌေးမင်းပါလား ...ဒါနဲ့ ဘာကိစ္စနဲ့များ လာတာလဲ ခင်ဗျာ "
ဦးကောင်းထက်က ဦးမောင်မောင်ရှိရာသို့လျှောက်လာပြီး ခပ်ထေ့ထေ့မေးလိုက်သည်။
"ဒီမှာ ဦးကောင်းထက် ... ခင်ဗျားလုပ်ရပ်တွေရပ်တန်းကရပ်လိုက်တော့ ... ကျုပ်လုပ်ငန်းတွေကို ခင်ဗျားတို့ဆက်ပြီး နှောက်ယှက်နေမယ်ဆိုရင် ...ခင်ဗျားတို့ ကုမ္ပဏီ ဒီမြေပေါ်ကနေပျောက်ချင်းမလှပျောက်သွားအောင် ကျုပ်လုပ်ပစ်လိုက်လို့ရတယ် "
"ဟား ..ဟား .. ကြောက်စရာကောင်းလှပါလား ဦးမောင်မောင်ရ ...ဒီစကားက လူကြီးလူကောင်းတစ်ယောက်ပြောတာနဲ့ မတူဘဲ ..လူမိုက်ဆန်နေတယ်ဗျ ... ကျုပ်ကတော့ ကျုပ်ရဲ့ကုမ္ပဏီ တိုးတက်ရာ တိုးတက်ကြောင်းအတွက် လုပ်စရာရှိတာကို လုပ်သွားရမှာပဲ ...ကျုပ်ကြောင့် ခင်ဗျားလုပ်ငန်းတွေ ထိခိုက်သွားတယ်ဆိုရင်တော့ တောင်းပန်တယ်ဗျာ ..ဟား ..ဟား "
" တောက် "
မထီမဲ့မြင်နိုင်လှသော ဦးကောင်းတက်၏ပုံစံကြောင့် ဦးမောင်မောင်တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်ပစ်လိုက်သည်။
~~~~~
"ဪ ..လူလေးက မိတုတ်ရဲ့ သားမဟုတ်လား ... လာပါ.... ခြံထဲဝင်ပါအုံး ....နှင်းအိမ်တို့အဘိုးနဲ့တွေ့သွားပါအုံး ...ဒါနဲ့ အဘွားမြေးနဲ့အဘွားသမီးရောနေကောင်းကြတယ်မဟုတ်လား ... ဘာမှာ လိုက်သေးလဲ လူလေး "
မနားတမ်းပြောနေသော အဘွား၏စကားအရ နှင်းအိမ်တို့အကြောင်းကို ဘာမှမသိတာ သေချာသွားသည်။
" ဟို .... ကျွန်တော်က ဒီဘက်ကို အရောင်းအဝယ်ကိစ္စနဲ့လာရင်း ... မေနွယ်ပြောထားတာကို သတိရလို့ ၀င်လည်တာအဘွား ....မေနွယ်တို့ အဆင်ပြေကြပါတယ် "
~~~~~
နှင်းအိမ်၏ အဘိုးနှင့် အဘွားအပါအဝင် နှင်းအိမ်၏ဘကြီးမိသားစုကလည်း လမင်းကိုဖော်ဖော်ရွေရွေဆက်ဆံကြပါသည်။ ညပင်အတင်းအိပ်ခိုင်းနေ၍ မနည်းပြောပြီးပြန်ခဲ့ရသည် ။ဘာမျှမသိကြသော နှင်းအိမ်၏အဘိုးနှင့်အဘွားက သုံးအိမ်စာအတွက် ငရုတ်များ၊ပဲများပင်လက်ဆောင် ထည့်ပေးလိုက်ကြလေသည်။
လမင်း၏အပြန်ခရီးက တိတ်ဆိတ်ခြောက်သွေ့လျက်။မျှော်လင့်ချက်ကင်းမဲ့လျက်။ ပြန်ပြင်၍မရသော သူ၏အမှားများအတွက် နောင်တရမဆုံးဖြစ်လျက်။
~~~~~
"ချမ်းမြေ့ မင်းထိုင်ပါအုံး .. အခုတလော မင်းဘာတွေဖြစ်နေတာလဲ ငါ့သား ....အလုပ်ထဲလဲစိတ်မဝင်စားဘူးလား ....ဘာလဲ ဟိုကောင်မလေးကြောင့်လား "
"ဒါက အလုပ်နဲ့မဆိုင်ပါဘူး အဖေ ... ကျွန်တော့် ကိုယ်ရေးကိုယ်တာပါ "
အမျိုးသမီး။ဦးမောင်မောင်၏ ခန္ဓာကိုယ်ဆတ်ခနဲ တုန်သွားရပြီးခြေထောက်များကို နောက်သို့ပြန်ဆုတ်လိုက်မိသည်။အသက်လေးဆယ်ကျော်နေပြီဖြစ်သော သူမ၏မျက်နှာသည် လွန်ခဲ့သော နှစ် (၂၀) ကျော်ကလို အပြုံးများရှိနေသေးသည်။ကြည်လင်တောက်ပနေသော မျက်လုံးများသည်လည်း မသိမသာမှုန်မှိုင်းနေသည်မှလွဲ၍ အပြစ်ကင်းစင်စွာ တောက်ပနေတုန်းပင်။မြင်ကွင်းကိုကျောခိုင်းပြီး ဦးမောင်မောင်ချာခနဲ ပြန်လှည့်ထွက်ခဲ့လိုက်သည်။
" ဘာဖြစ်လို့လဲ သူဌေး ...အဆင် ပြေရဲ့လား "
" ဘာမှမဖြစ်ဘူး မောင်းတော့ ....သွားမယ် "
ဦးမောင်မောင်က ခေါင်းခါငြင်းဆန်လိုက်ပြီး ရေသန့်ဘူးကို အမြန်ဖွင့်သောက်လိုက်ရသည်။
~~~~~~
" သားလေး လမင်း ... နှင်းအိမ်တို့ မရှိတော့ဘူး သိလား...အမေသွားတော့ တံခါးတွေပိတ်ထားတယ် "
အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ငိုသံကြီးနှင့်ဆီးကြိုပြောလိုက်သော မိခင်၏စကားကြောင့် လမင်းရင်ထဲထိတ်ခနဲတော့ ဖြစ်မိသွားသည်။ပြီးမှ မိခင်၏စိတ်ကို သတိရလိုက်ပြီး လက်ဆွဲအိတ်ကို တစ်ဖက်၊မိခင်ကိုတစ်ဖက်ကိုင်ဆွဲဖက်လိုက်ပြီး နှစ်သိမ့်စကားပြောလိုက်ရသည်။
"ဘာပြောတာလဲ အမေရဲ့ ..နှင်းအိမ်အလုပ်သွားနေတာနေမှာပေါ့... အမေလဲသိသားနဲ့ "
ထိုစဉ်မှာပင် လမင်းတို့အနားသို့ ဒေါ်အေးကြည်ရောက်လာပြီး ဝင်ပြောလိုက်လေသည်။
" မဟုတ်ဘူးလူလေးရေ ...မင်းအမေပြောတာမှန်တယ် ...နှင်းအိမ်တို့ ပြောင်းသွားကြပြီ ... ပြောင်းခါနီးမှ အေးနွယ်ကလာနှုတ်ဆက်သွားတာ ..ဘယ်ကိုပြောင်းမယ် လဲ ပြောမသွားဘူး...အေးနွယ်တို့ မိဘတွေဆီကိုပဲ ပြောင်းသလိုလို ... မောင်မျိုးအောင်အမျိုးတွေဆီပဲပြောင်းသလိုလိုနဲ့ ..လောလောလောလောနဲ့ နေရာမမေးလိုက်မိလို့ ဖုန်းဆက်ကြည့်တော့လဲ .. သူတို့သားအမိတွေရဲ့ဖုန်းတွေကိုဆက်လို့ကို မရဘူး "
"ဗျာ "
ဘွားအေကြီး၏ စကားကြောင့် လမင်းထိတ်လန့်တုန်လှုပ်သွားမိပြီး လက်ထဲမှအိတ်ကို ပစ်ချကာ အပြင်သို့ပြေးထွက်ခဲ့မိသည်။
" သား ..လမင်း ... ဘယ်သွားမလို့လဲ "
" လူလေး ဘယ်လဲ "
ဒေါ်အေးကြည်နှင့်မိတုတ်တို့၏ အသံများကဆိုင်ထဲတွင် ကျန်ခဲ့လေသည်။
~~~~~
သော့အသီးသီးခတ်ထားကြသော ဆေးဆိုင်နှင့်အိမ်ဟောင်း ရှေ့မှ လမင်းခေါင်းငိုက်စိုက်ချကားထွက်လာခဲ့ပြီး ဘူတာရုံဘက်ဆီသို့ ထွက်လာခဲ့သည်။လမင်း၏ ရင်အစုံသည် မောဟိုက်လျက်ရှိသည်။
" လမင်းဘယ်တုန်းက ပြန်ရောက်တာလဲ...ကြီးတူးတို့ဆီ လာတာလား "
မတူးသည် မလာစဖူးသူတို့အိမ်သို့ရောက်လာသောလမင်းကို ကြည့်ကာ အံ့သြတကြီးမေးလိုက်သည်။
"ဟို ... ဟို ...နှင်းအိမ်တို့အိမ်ပြောင်းသွားတာဆို ..ဘယ်ကိုပြောင်းသွားတာလဲ ကြီးတူးသိလား "
လမင်းအလောတကြီးဖြင့် မေးလိုက်သည်။
"ဟို ... အယ် ...ကြီးတူးလဲ မသိဘူး လမင်းရဲ့ ... ပြောင်းခါနီးမှ လာနှုတ်ဆက်တာ "
လမင်းစိတ်ဓါတ်အကြီးအကျယ်ကျသွားမိသည်။
"ဟို...ဒါဆိုရင် ... နှင်းအိမ်တို့အဘွားတွေက ဘယ်မှာနေတာလဲ ...ကြီးတူးသေချာသိလား "
" သေချာတော့ မသိဘူးသားရဲ့ ...ဘယ်လိုတွေကားစီးပြီးသွားရတယ်ဆိုတာတော့ အေးနွယ်ပြောဖူးတယ်လေ "
~~~~~
ဘူတာလမ်းကြားက ထွက်လာခဲ့ပြီးနောက် လမင်းဘာလုပ်လို့ လုပ်ရမှန်းမသိတော့။ မကိုင်သောဖုန်းတွေကို ဆက်နေမိတာလည်း အကြိမ်အခါခါ။အခန်းထဲဝင်ပြီး နံရံတွေကို လက်သီးနှင့် .အခါခါထိုးမိပြီး ခရီးသွားလိုက်မိတာကို နောင်တအကြီးအကျယ်ရနေမိသည်။သူ့ရင်ထဲမှာ ကမ္ဘာကြီးပျက်င်္သွားသလိုမျိုး ခံစားနေရသည်။
" ဟယ် ...သားလေး ... လက်မှာ သွေးတွေနဲ့ ဘာဖြစ်တာလဲဟင် "
မိတုတ်သည်သားဖြစ်သူ၏ လက်တွင် သွေးထွက်နေသော ဒဏ်ရာကို တွေ့လိုက်ရသောအခါ ငိုသံနှင့် မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး အမေ .. ကျွန်တော်ဘာမှမဖြစ်ဘူးနော် ...ဆေးတည့်လိုက်ရင် ကောင်းသွားမှာပါ "
လမင်းသည် ရင်ထဲမှသောကကို ဖုံးကွယ်ရင်းမိခင်ကို နှစ်သိမ့်လိုက်ရသည်။
"အမေ...ကျွန်တော် အပြင်သွားလိုက်အုံးမယ် ... ဘကျော်နဲ့ကြီး စန်းပြန်လာရင် ကျွန်တော်ပြန်ရောက်နေပြီလို့ ပြောပြထားပေးနော် "
မိခင်ကို ချော့မော့ပြောလိုက်ပြီး ကားသော့ကိုယူက လမင်းအပြင်ပြန်ထွက်ခဲ့သည်။
~~~~~~
"ဘယ်နေ့က ပြန်ရောက်တာလဲကိုလမင်း "
" ဒီမနက်ပဲရောက်တာဗျ ....ဟိုတစ်နေ့က ကိစ္စကိုအားနာလို့တောင်းပန်ချင်လိုလေ "
ချမ်းမြေ့၏မျက်နှာကို လမင်းအကဲခတ်ရင်းပြောလိုက်သည်။
" ဪ...ရပါတယ် ကိုလမင်း ... ကျွန်တော်က လောပြီးချိန်းလိုက်မိသလိုဖြစ်သွားတာကို "
" ဘာပဲဖြစ်ဖြစ်တောင်းပန်ပါတယ်ဗျာ ....သူနဲ့ တစ်ခေါက်လောက် ထပ်ချိန်းပေးလေဗျာ "လမင်း အသံမတုန်အောင် သတိနှင့်ထိန်း ပြောလိုက်သည်။
ချမ်းမြေ့က လမင်းကို မော့ကြည့်လိုက်သည်။
"သူ ...သူခရီးထွက်သွားတယ် ကိုလမင်း .... "
" ဪ .. ဟုတ်လား ....ကြာမှာ တဲ့လား "လမင်းက ထပ်မေးလိုက်သည်။
" ကြာမယ်..မကြာဘူးဆိုတာကျွန်တော်လဲ သေချာမသိဘူး....ဒါပေမဲ့ မကြာလောက်ပါဘူး ... ဘာလို့လဲဆိုတော့ သူကြာနေရင်ကျွန်တော်လိုက်ရှာမှာပေါ့ "
#မုန်းမာန်
(အခန်းဆက် ဝတ္ထုရှည် )
အပိုင်း (၂၃ )
*********
"ရန်ကုန်ပြန်ရောက်ရင် ကျွန်တော်လက်ထပ်တော့မယ် မစိုး "
"ဘယ်လို လက်ထပ်တော့မယ် ဟုတ်လား လမင်း"
ပပစိုး အံ့ဩတကြီးနှင့်မေးလိုက်မိသည်၊၊
"ဟုတ်တယ် မစိုး..."
"ဘယ်သူ့ကိုမှမပြောရသေးဘူး ...မစိုးကို ပထမဆုံးပြောပြတာ ."
လမင်း၏ စကားကြောင့် ပပစိုး ခပ်ယဲ့ယဲ့လေးပြုံးလိုက်မိသည်။ပပစိုးမှာပထမဆုံးသိခွင့်ရသည့်အတွက်ပင် ဂုဏ်ယူရမည့်ပုံမျိုးဖြစ်နေသည်။
" ဒါနဲ့ မင်းပြောတော့.. အချစ်ရေး အိမ်ထောင်ရေးကို စိတ်မကူးသေးဘူးဆို..ချက်ချင်းကြီး ဘယ်လိုဖြစ်ရတာလဲ ..သတို့သမီးကဘယ်သူလဲ ... မေနှင်းအိမ်လား "
" ဟာ ... ကျွန်တော်တောင် မပြောရသေးဘူး ...မစိုးကဘယ်လိုသိတာလဲ .."
လမင်းအံ့ဩတကြီးနှင့်ပြန်မေးလိုက်သောအခါ ပပစိုးကရယ်လိုက်ပြီး
"ဒီလိုပဲပေါ့ လမင်းရယ် ... ဒါနဲ့ မင်းတို့ချစ်သူဖြစ်တာ ဘယ်လောက်ကြာပြီလဲ "
"ဗျာ ချစ်သူတော့မဟုတ်ပါဘူး ..."
"ဘယ်လို လမင်း ..မင်း သူ့ကိုချစ်တယ်လို့မပြောဘဲ .. လပ်ထပ်ခွင့် တောင်းခဲ့တာလား "
လမင်းက ခေါင်းငြိမ့်ပြလိုက်ရင်း
"ချစ်တယ်ပြောဖို့ လိုလို့လား ..ပြီး တော့ကျွန်တော်လဲ သူ့ကိုချစ်လားမချစ်လားမသိဘူး"
လမင်း၏ စကားကြောင့် ပပစိုးမှာ မျက်လုံးပြူးသွားရပြီး
"လမင်းရယ် ..မင်းဟာလေ စီးပွားရေးဘက်မှာ တော်သလောက် ... အချစ်ရေးမှာ ညံ့လှချည်းလား .... ဒီမှာ တို့ကိုကြည့်စမ်း ..တို့ကမလှဘူးလား "
ပပစိုးက သူမ၏မျက်နှာကို လမင်း၏မျက်နှာရှေ့သို့ တိုးကပ်ကာ မေးလိုက်သည်။
"လှပါတယ် မစိုးရဲ့ "
လမင်းက သူ့မျက်နှာကို အသာရှောင်တိမ်းလိုက်ပြီး ပြန်ပြောလိုက်သည်။
"တို့လှတယ်ဆိုပေမဲ့ မင်းဘာမှမခံစားရဘူးမဟုတ်လား ... တို့နဲ့နှစ်ယောက်တည်း တစ်ညလုံးအလုပ်ထိုင်လုပ်နေရရင်လဲ ... မင်းမှာစိတ်လှုပ်ရှားမှုတောင်မရှိခဲ့ဘူး မဟုတ်လား ..."
ပပစိုး၏အမေးကြောင့် တစ်နေ့က အဖြစ်အပျက်ကို လမင်းပြန်တွေးလိုက်မိသည်။မိနစ်ပိုင်းလေးအတွင်းမှာ ဖြစ်သွားခဲ့သောအဖြစ်။ သူ့ကိုယ်သူလဲမယုံနိုင်အောင်ဖြစ်ခဲ့ရသလို ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့တဲ့အတွက်လည်း လမင်း သူ့ကိုယ်သူအထင်သေးနေမိသည်မှာ အမှန်ပင်။ပပစိုး အပါအ၀င် စီးပွားရေးလုပ်ရင်း ကြီးကြီးငယ်ငယ်မိန်းမချောမိန်းမလှများစွာနဲ့ လက်ပွန်းတတီးအလုပ်တွဲလုပ်ဖူးပေးမဲ့ ဟိုတစ်နေ့ကလို ခံစားမှုမျိုးလုံးဝကို မဖြစ်ဖူးခဲ့။
"လောကကြီးမှာ .. သိက္ခာသမာဓိရှိတဲ့ ယောက်ျားရယ် .. ပြီးတော့ သူ့ရင်ထဲမှာ တစ်ယောက်ဆိုတစ်ယောက်ပဲနှစ်နှစ်ကာကာချစ်ရတဲ့သူရှိတဲ့ယောကျာ်းရယ်က ... တခြားဘယ်လောက်လှတဲ့မိန်းမဖြစ်ဖြစ် သူတို့စိတ်ကိုမလှုပ်ကိုင်နိုင်ဘူးတဲ့လေ ... လမင်းနဲ့တို့သိလာတာ လမင်းဆယ်တန်းတက်နေကတည်းကပဲလေ ...အမှန်တိုင်းပြောရရင်.. တစ်နေ့ကျရင် တို့နဲ့လမင်းချစ်သူတွေ ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့မိတာ ... ဒါပေမဲ့ တဖြည်းဖြည်းတို့သိလာတာက ...လမင်းရဲ့နှလုံးသားထဲမှာ ..တစ်ယောက်ယောက်ရှိနေတယ်ဆိုတာပဲ ... ကိုယ့်နှလုံးသားကိုတောင် မသိရင်လဲသေချာပြန်ဆန်းစစ်ပြီး အချိန်မီချစ်ခွင့်ပန်လိုက်အုံး လမင်းရေ ...မေနှင်းအိမ်ကလဲ မင်းကိုချစ်နေပုံရပါတယ်...ဘာဖြစ်လို့လဲဆိုတာ့ ... တို့ဆိုင်လို ပစ္စည်းစုံရတဲ့စတိုးဆိုင်ကြီးကို လေးငါးနှစ်အတွင်းမှာငါးခါပြည့်အောင်တောင် ...သူဈေးလာမ၀ယ်ဖူးဘူးလေ....ကြည့်ရတာ... သူ တို့ကိုမုန်းနေပုံရတယ် ...ကဲတို့သွားအိပ်တော့မယ်လမင်း ... မနက်တို့မနိုးရင်လဲ ဖုန်းခေါ်ပြီး နှိုးလိုက်နော် "
ပြောပြောဆိုဆိုနှင့် ပပစိုးက သူ့အခန်းရှိရာဆီသို့ ပြန်သွားလေသည်။ဟိုတယ်ခန်း၏ အပန်းဖြေနားနေဆောင်တွင် လမင်းတစ်ယောက်တည်း ကျန်ခဲ့သည်။ပပစိုးပြောသလို နှင်းအိမ်ကိုသူချစ်နေသည်လားမသိ။ငယ်စဉ်ကတည်းက နှင်းအိမ်သူ့အနားသို့လာလျှင် သူကအဝေးသို့ပြေးခဲ့သည်။ဘာကြောင့် ပြေးခဲ့သလဲ။ဘာကြောင့် နှင်းအိမ်ကိုရှောင်ခဲ့သလဲ ကိုယ့်ကိုယ်ကိုယ်လည်းမသိခဲ့။ နင်းအိမ်နှင့်တွေ့လျှင် သူ့စိတ်တွေလှုပ်ရှားသည်။နေ့စဉ်တွေ့မြင်နေရပါလျက်တွေ့မြင်နေတိုင်း ဒီလိုခံစားမှုများကြောင့် သူ့အလိုလိုဒေါသတွေထွက်ပြီး ရှောင်ဖယ်ခဲ့သည်။ဒါကို အချစ်လို့သူမထင်ခဲ့မိပါ။ သည့်ထက် အရေးကြီးသည်မှာ သူ့ဘ၀တွင်မဖြစ်မနေလုပ်ဆောင်ရမည့် တာဝန်များလည်းရှိသေးသည်လေ။သေချာသည်မှာ အချစ်ဆိုသောအရာကို သူ့ရင်ထဲတွင် နေရာမပေးနိုင်သေးပါချေ။
~~~~~~~
"ဒီဆိုင်ပဲဆရာ ... သူတော့ခရီးကပြန်မရောက်သေးဘူး ....သူ့မိသားစုတော့ ရှိတယ် "
ဦးမောင်မောင်သည်ဦးထုပ်အဝိုင်းကြီးကို ဆောင်းလိုက်ပြီး
ဆိုင်ထဲသို့ဝင်လာခဲ့လိုက်သည်။ဆိုင်က ကုန်ခြောက်ကုန်မာဆိုင်။တစ်ဖက်ခြမ်းမှာ ဆန်ဆီးဆားနှင့်မီးဖိုချောင်သုံးကုန်ခြောက်စုံရသည်။တစ်ဖက်ခြမ်းမှာက ဂေါ်ပြား တံမြက်စည်းလိုပစ္စည်းကနေ ရေပုံးရေခွက်နှင့် ထမင်းပေါင်းအိုးအထိမျိုးစုံတွေ့ရသည်။ဦးမောင်မောင်ဆိုင်ထဲတွင် လှည့်ပတ်ကြည့်နေရင်း ဝေ့ဝဲရှာလိုက်သည်။အရောင်းသမားလေးကတော့ ဦးမောင်မောင်ကို လိုက်လံရှင်းပြနေသည်။ထိုစဉ်မှာပင် အနောက်ဘက်ဆောင်ထဲမှ တစ်စုံတစ်ဦး ထွက်လာသည်ကို ဦးမောင်မောင်မြင်လိုက်ရသည်။ခြေထောက်တစ်ဖက်ကို ဆတ်ခနဲ ခါလိုက်ကာ လျှောက်လာသော
မိလုံးပြောပုံအရဆို ဒီနာမည်နဲ့စာတွေမကြာခဏလာပြီး... လာသမျှစာတွေကို သားရဲ့အဘွားတွေက သိမ်းထားတယ်တဲ့ ...မိတုတ်ဆိုတာ သားအဖေရဲ့ရည်းစားဟောင်းဆိုလဲ... အမေဘာမှမဖြစ်ပါဘူး..ဒါပေမဲ့ ဒီနေ့စာအရဆိုရင် ..သူတို့နှစ်ယောက်ကြားမှာ ကလေးလဲရှိပုံရတယ် "
" မ ..မဟုတ်တာအမေရယ် .. .. ကျွန်တော်စုံစမ်းပေးပါ့မယ် ... ပေါက်ကရတွေ လျှောက်တွေးမနေပါနဲ့ "
ကိုချမ်းပြောမဲ့သာပြောလိုက်ရသည်။ကိုချမ်း၏ စိတ်ထဲတွင်လည်း စာ၏အဓိပ္ပါယ်ကို မိခင်ဖြစ်သူ ထင်မြင်သကဲ့သို့သာ ထင်မြင်မိလေသည်။
~~~~~~~~
"မင်းကို အဖေတစ်ယောက်အနေနဲ့ တောင်းဆိုနေတာပဲ ချမ်းမြေ့ ... မင်းစိတ်တိုင်းကျ လွှတ်ထားခဲ့တာကြာပြီ ..မင်းက မိန်းမတစ်ယောက်အတွက်နဲ့ ဘွားအေရဲ့အသက်ကိုတောင်လဲနိုင်တာလား "
ဖခင်၏ စကားကြောင့် ကိုချမ်း၏ ခန္ဓာကိုယ်မှာမတ်ခနဲ ဖြစ်သွားရသည်။
" အဖေ ဘာတွေပြောနေတာလဲ ... သူနဲ့ကျွန်တော်ခင်မင်နေတာက အဖေတို့အဘွားတို့အတွက် အဲ့ဒီလောက်တောင်ထိခိုက်နေတာလား ...အခုချိန်မှာ အဖေတို့က သဘောတူပြီးပေးစားရင်တောင် .... သူကလက်ခံမှာမဟုတ်ဘူး ...အဘွားတို့က အသက်တွေကြီးတဲ့အထိ ဘာလို့ဒီလောက်အတ္တတွေကြီးနေကြတာလဲ ......ကျွန်တော်တစ်သက်လုံး လက်တွဲသွားရမဲ့သူကို ကျွန်တော် သဘောကျတဲ့သူကိုပဲရွေးမှာပေါ့ ..အဘွားတို့အကြိုက်ကိုဘာလို့ ရွေးရမှာလဲ ...ဒါနဲ့ အဖေငယ်ငယ်တုန်းကရော.. ဒီလိုပဲအဘွားတို့အကြိုက်ကိုလိုက်ပြီး ချစ်သူကို စွန့်ပစ်တာတွေဘာတွေလုပ်ခဲ့သေးလား "
" ဘာ ...ချမ်းမြေ့ ..မင်းဘာပြောလိုက်တယ် "
ဦးမောင်မောင်သည် သားဖြစ်သူကို ဒေါသသံနှင့် မေးလိုက်သည်။
ဖခင်ဖြစ်သူ၏ ဒေါသတကြီးအမူအရာကိုကြည့်ပြီး ကိုချမ်းအံ့ဩသွားရသည်။အမှန်တကယ်ဆိုလျှင် ကိုချမ်းကရိုးရိုးသားသား ပြောလိုက်တာဖြစ်သည်။ဤသို့ ဖခင်၏အမူအရာပျက်ယွင်းသွားသည်ကို မြင်လိုက်ရသောအခါ မိခင်၏ပြောစကားကို အမှတ်ရပြီး ဖခင်ကို ထပ်၍မေးလိုက်မိလေသည်။
" ဒါနဲ့အဖေ့ရည်းစားဟောင်း နာမည်က မိတုတ်လား "
" ခွမ်း "
သားဖြစ်သူ၏ အမေးကြောင့် ဦးမောင်မောင်ထိတ်လန့်သွားပြီးလျှင် လက်ထဲမှကော်ဖီခွက်မှာ အောက်သို့ခွမ်းခနဲကျကွဲသွားလေသည်။
"မင်း ..မင်း ဘာတွေပြောနေတာပဲ ချမ်းမြေ့ "
" အမေပြောလို့ပါ အဖေ ...မိတုတ်ဆိုတဲ့နာမည်နဲ့ စာတွေမကြာခဏ လာတယ်တဲ့ ... သူ့မှာ သားတစ်ယောက်လဲရှိပုံရတယ်.... သူတို့အဖေ့ကို လာတွေ့မယ်လို့စာမှာရေးထားတယ် ....အဖေနဲ့ သူတို့ ဘယ်လိုပတ်သက်နေလဲ "
"တော် ...တော်စမ်း ...ဘာပတ်သက်ရမှာလဲ ...အဲ့ဒီအဓိပ္ပါယ် မရှိတဲ့စာကဘယ်မှာလဲ ....မင်းအမေဆီမှာလား ဟုတ်လား "
မေးလျက်ပြောလျက်ဖြင့်စာကြည့်ခန်းထဲမှ အပြေးတစ်ပိုင်းနှင့် ထွက်သွားသောဖခင်ဖြစ်သူအား ကိုချမ်း ငေးကြည့်နေမိလေ သည်။
~~~~~~
" ကိုလမင်းလာပြီလား ထိုင်ပါအုံး ..... ဒီနေ့ကိုလမင်းနဲ့ ကျွန်တော့်ကောင်မလေးကို မိတ်ဆက်ပေးမလို့လေ.... သိပ်မကြာခင်မှာ သူ့အတွက်လုပ်ငန်းအကောင်အထည်ဖော်ပေးဖို့ရည်ရွယ်ထားတယ် ... ကိုလမင်းစိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်သုံးယောက်ပူးပေါင်းကြတာပေါ့ "
ချမ်းမြေ့က အားတက်သရောပြောနေသော်လည်း လမင်း၏စိတ်ထဲမှ လှောင်ပြုံးပြုံးနေမိသည်။ဖခင်ဖြစ်သူက မကြာမီစီးပွားပျက်တော့မည်ကိုမသိဘဲ မိန်းမတစ်ယောက်အတွက်ဗျာများနေသော ဦးမောင်မောင်၏သားအဖြစ်ကို မြင်တွေ့နေရသည်မှာ လမင်းအတွက်ကျေနပ်စရာအတိဖြစ်နေသည်လေ။
"ခဏလေးနော် ကိုလမင်း ...သူလာတော့မှာပါ ...ခါတိုင်းဆို ချိန်းထားရင်ကျွန်တော်ကိုယ်တိုင်သွားကြိုနေကျပါ ...ဒီနေ့မှ.ဆိုင်မှာ အလုပ်များသွားလို့သွားမကြိုဖြစ်တာ ...ကိုလမင်းဒီညခရီးသွားစရာရှိတယ်ဆိုတော့ ချိန်းမိတာအားနာလိုက်တာ .."
"ရပါတယ် ကိစ္စမရှိပါဘူး .. ခရီးသွားဖို့ကလဲ ဘာမှ အထူးအထွေလုပ်စရာမရှိပါဘူး...ကျွန်တော်လဲ အချိန်ရနေတာနဲ့ ထွက်လာခဲ့တာ ..."
" ဒေါက် ...ဒေါက် "
လမင်းနှင့်ကိုချမ်းပြောနေစဉ်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာလေသည်။
" သူလာပြီထင်တယ် "
ပြောပြောဆိုဆိုနှင့် ပျာပျာသလဲ ထသွားသော .ကိုချမ်းကိုကြည့်ပြီး လမင်းနှာခေါင်းရှုံ့လိုက်မိသည်။
"နောက်ကျနေလို့ စိုးရိမ်နေတာ ....ကားငှားစီးလာရဲ့လား "
ချမ်းမြေ့မောင်၏စိုးရိမ်တကြီး မေးသံကို လမင်းကြားနေရသည်။တစ်ဖက်က ပြန်ပြောသံကိုမူ မကြားရ။လမင်းက အခန်းပေါက်ဘက်ကို ကျောပေးထိုင်နေသောကြောင့် ၀င်လာသူကို မမြင်ရ။စားပွဲဝိုင်းဆီသို့ လျှောက်လာသောခြေသံများကိုတော့ကြားနေရသည်။ထို့နောက် စားပွဲဝိုင်းနားသို့ ရောက်လာပြီး ထိုင်ခုံဆွဲယူသံကိုကြားရသည်။ထိုစဉ်မှာပင် လမင်း၏နှာခေါင်းဝတွင် နှင်းဆီရနံ့သင်းသင်းကိုရရှိလိုက်သည်။လမင်းခေါင်းကို
မော့ကာကြည့်လိုက်မိသည်။
@@@@@@@@@@@@@@@@@@@@@@@@@@
အပိုင်း (၂၂ ) ဆက်ရန်
#ဧကြည်ဖြူ
