803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
" ဟုတ်တယ် မမ ...အချိန်တွေကလဲ မြန်လိုက်တာနော် ..ပျော်လို့ တောင် မဝသေးဘူး "
လင်းရိပ်ညှို့သံမြူသံ အပြည်နဲ့ ပြန်ပြောလိုက်ရတယ်။သူမရဲ့အသက်အရွယ် ၊ အလှအပက လင်းရိပ် အတွက် အရေးပါတာမှမဟုတ်တာ ။လင်းရိပ် အတွက် လိုအပ်နေတာကငွေကြေးပဲ။အန်တီကြီးက ငွေကြေးချမ်းသာတယ်။ နာရီပိုင်းစာအတွက်တောင် အကောင်းစားဟိုတယ်ခန်းကိုပဲ သုံးတဲ့သူမျိုး။လင်းရိပ် အတွက်ဆိုရင်လည်း နှမြောမရှိတဲ့သူမျိုးလေ။
ပြန်ဖို့ပြင်ကြတော့ အန်တီကြီးက လင်းရိပ်ရဲ့ အိတ်ထဲကို အပိုဆုအနေနဲ့ ငွေတစ်ထပ် ထပ်ပြီး ထည့်ပေးလိုက်တယ်။ လင်းရိပ်သိပ်ပြီး ပျော်သွားတာပေါ့။ ဒီငွေတွေ ။ဒီငွေတွေဟာ မိခင်ရဲ့ အသက်ကို ဆက်ပေးမယ့်ကြိုးတွေပဲ မဟုတ်လား။
*******
လင်းရိပ် အန်တီကြီးကို ကားပေါ်တင်ပေးလိုက်ပြီး ကားပါကင်ကနေ ပြန်ထွက်ဖို့လုပ်နေတုန်း ကားတစ်စီးဝင်လာတာမို့ ဦးထုပ်ကိုခပ်ငိုက်ငိုက်ဆောင်းလိုက်ပြီး ဘာရယ်မဟုတ်မလုံမလဲ စိတ်နဲ့ ရပ်ထားတဲ့ကားတစ်စီးရဲ့ နောက်မှာ ကွယ်ပြီး ၀င်ရပ်လိုက်မိတယ်။ထုံးစံအတိုင်း မကောင်းတာလုပ်ထားတဲ့သူဆိုတော့ အရာရာကို ထိတ်လန့်ပြီး မလုံမလဲဖြစ်နေမိတာမျိုးပေါ့။
ဝင်လာတဲ့ ကားက လင်းရိပ်ရဲ့ခပ်လှမ်းလှမ်းမှာ ပါကင်ထိုးလိုက်တယ်။ပြီးတော့ ကားပေါ်က အမျိုးသားတစ်ယောက် ဆင်းလာပြီး တစ်ဘက်ခြမ်းက ကားတံခါးကို အပြေးအလွှား ဖွင့်ပေးရင်း ကားထဲက အမျိုးသမီးကိုလက်တစ်ဖက်ကမ်းပေးလိုက်တယ်။
ဒီမြင်ကွင်းကို လင်းရိပ် ဘာရယ်မဟုတ်ကြည့်နေမိတယ်။
"ဟင် " ကားပေါ်က ဆင်းလာတဲ့ အမျိုးသမီးကို ကြည့်ပြီး လင်းရိပ် နွေခေါင်ခေါင်မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရတယ်။
" နှင်း .....နှင်း " လင်းရိပ်ချစ်သူ့ရဲ့ နာမည်ကို အကျယ်ကြီး အော်ခေါ်လိုက်တယ်။ ဒါပေမဲ့ အသံက အပြင်ကို ထွက်မလာဘဲ လည်ချောင်းဝကနေ ရင်ဘတ်ထဲမှာပဲ တုန်ဟီးရိုက်ခတ်သွားတယ်။ ဝဋ်ဆိုတာ လည်တတ်တာများလားလို့ လင်းရိပ်တွေးလိုက်မိတယ် ။ချစ်သူနှင်းကပါ သူ့လို ဘ၀မျိုး ရောက်နေတာကိုတွေ့လိုက်ရတော့ လင်းရိပ် ထိတ်လန့် ချောက်ချားသွားမိပြီး နေရာမှာတင် အသက်မဲ့သွားသူလို တောင့်တောင့်ကြီးရပ်နေမိတယ်။ နှင်းနဲ့ လူစိမ်း အမျိုးသားတို့ရဲ့ခြေသံတွေက လင်းရိပ်ရဲ့ နှလုံးသားကို ဓါးနဲ့မွှန်းနေသလို နာကျင်ခံရခက်လှတယ်။" နှင်း "လို့ လင်းရိပ် ထပ်ခေါ်လိုက်တယ်။ အသံက ထွက်မလာ ပြန်ဘူး။ သူမတို့ နှစ်ယောက်ကလင်းရိပ်နဲ့ တဖြည်းဖြည်း ပိုမိုဝေးကွာသွားတယ်။ လင်းရိပ် အကို တင်းတင်းဖိကိုက်ထားရင်းကနေ နှုတ်ခမ်းထောင့်ကနေ ငန်ကျိကျိအရသာမျိုးကိုခံစားလိုက်ရတယ်။
****
ဆေးရုံထဲကို လှမ်းဝင်လာတဲ့ နှင်းရဲ့ခြေလှမ်းတွေကို ကြည့်ပြီး လင်းရိပ် နှလုံးခုန်သံတွေ အဆမတန်မြန်ဆန်လာတယ်။နှင်းက လင်းရိပ်ကို လှမ်းပြုံးပြတယ်။ လင်းရိပ် ချစ်သူကို အကြောင်သားငေးကြည့်နေမိတယ်။စိတ်ထဲမှာ တော့ မဆုံးနိုင်တဲ့ မေးခွန်းတွေ တသီကြီးနဲ့ပေါ့။
"မောင် ဘာကြည့်နေတာလဲ ...နှင်းကို မမြင်ဖူးတာကျနေတာပဲ ..."
အနားကို ရောက်လာတဲ့ နှင်းက လင်းရိပ်ရဲ့လက်ကိုလှမ်းဆွဲတယ်။ လင်းရိပ်ကတော့ စိတ်နဲ့ လူမကပ်သလိုဖြစ်နေတုန်းပဲ စိတ်ထဲမှာ မနေ့က မြင်းကွင်းကိုး မြင်ယောင်နေမိတယ်။ လင်းရိပ် နှင်းရဲ့လက်ကို ပြန်ဆွဲယူလိုက်ပြီး လူရှင်းတဲ့နေရာကို ဆွဲခေါ်လာခဲ့မိတယ်။
"မောင် ဘယ်သွားမလို့လဲ ... အန်တီဆီကို သွားမယ်လေ...."
" ခဏ..ခဏလေးပါနှင်း ..."
"ဘာဖြစ်လို့လဲ မောင် ..."
" နှင်းကို မေးစရာရှိတယ် ...နှင်း အမှန်အတိုင်း ပြောပါနော် "
လင်းရိပ်ရဲ့ စကားကြောင့် နှင်းသီရိက ပျက်ယွင်းသွားတဲ့ မျက်နှာကို ဟန်မပျက်အောင် ထိန်းလိုက်တယ်။
" ဘာ..ဘာကို လဲ မောင်.."
တကယ်တမ်းပြောရမယ်ဆိုတော့လည်း လင်းရိပ် နှုတ်ကပြောမထွက်ပြန်ပါလေ။
" ဟို..ဟိုလေ နှင်းတို့အိမ်မှာ အဆင်ပြေလား "
" ဟင် ..ဘာဖြစ်လို့ မေးတာလဲ မောင် "
နှင်းသီရိက လင်းရိပ်ရဲ့ အမေးကို ကြောင်တောင် တောင်နဲ့ ပြန်မေးလိုက်တယ်။
" အယ် ... ဘာမှတော့ မဟုတ်ပါဘူး ...နှင်း ငွေတွေ ဘာတွေ လိုရင်မောင့်ကို ပြောနော် ... မောင်မချမ်းသာပေမဲ့ ကိုယ့်ချစ်သူကိုတော့ တာဝန်ယူနိုင်တဲ့ ယောကျာ်းတစ်ယောက်ပါ "
နှင်းသီရိမှာ လင်းရိပ်ဆီက စကားကို ကြားမှ သက်ပြင်း ခပ်ယဲ့ယဲ့ ချလိုက်နိုင်သလို၊ လင်းရိပ်မှာလည်း နှင်းသီရိလက်ကို ဆွဲပြီး အိပ်မက်ထဲလမ်းလျှောက်နေသူလို ယောင်နနနဲ့ ဆေးရုံဘက်ကို ပြန်လျှောက်လာခဲ့မိတယ်။
****
အနီရင့် ဘတ်စ်ကားပေါ်ကဆင်းပြီးတော့ ရပ်ကွက် လမ်းမအတိုင်း လမ်းလျှောက် ဝင်လာခဲ့တယ်။ခါတိုင်းဆို အဘွားတို့အိမ်ရှေ့ အထိ အရောက် ကားငှားစီးလာနေကြဖြစ်ပေမဲ့ဒီနေ့တော့ စာရေးဖို့အတွက် ကုန်ကြမ်းလေးရလိုရငြား လိုင်းကားပဲစီးလာခဲ့တာ ။လိုင်းကားပေါ်မှာလူစုံတော့ ဇာတ်လမ်းစုံး ၊ စကားစုံကြားရတတ်တယ်။သူတို့ပြောသမျှလေးတွေကို လေ့လာမှတ်သားရင်းနဲ့ပဲ ဇာတ်လမ်းတစ်ပုဒ်၊ ဇာတ်ကောင်တစ်ယောက်ကို ခံစားပုံဖော်ပြီး ရေးသားရတာပဲပေါ့။တဖြည်းဖြည်း လျှောက်လာရင်း အဘွားတို့အိမ်နဲ့ နီးလာလေလေ အနီရင့် စိတ်ထဲမသွားချင် လေလေဖြစ်လာမိတယ် ။ဒီလကျမှ ဖခင်ဖြစ်သူကလည်း ထူးထူးဆန်းဆန်း အဘွားဆီကို ငွေလွှဲတာ ကိုယ်တိုင်မပို့ဘဲ့ အနီရင့်ဆီကို ပို့ပေးပြီး အဘွားနဲ့ ကြီးတော်ရယ်ဦးလေးကို
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း ( ၁၁ )
******
" ဒါလေးနဲ့အပန်းမကြီးပါဘူးရှင် "
အနီရင့် ပြောလိုက်တော့ လင်းရိပ် အားနာနာနဲ့ အနီရင့်ကိုကြည့်လိုက်မီတယ်။
" ကူညီပေးတာနဲ့တင် ကျေးဇူးတင်နေပါပြီ ... မင်းအတွက် အဆင်မပြေဖြစ်ရင် အားမနားနဲ့နော် "
"ရှင်ကလဲ စကားတွေများလိုက်တာ...ကျွန်မအိမ်မှာ အခန်းပိုရှိပါတယ် ... ဧည့်သည်တစ်ယောက် ရောက်လာလို့ ဘာအလုပ်မှ မရှုပ်ပါဘူး ... တစ်ခါတလေ ဧည့်သည်လာစေချင်လွန်းလို့ ငွေပေးပြီးတောင် ခေါ်ရတာရှိသေးတယ်လေ...."
အနီရင့် စကားကြောင့် လင်းရိပ် အနီးရင့်ကို ဖျတ်ခနဲ မော့ကြည့်လိုက်မိတယ်။အနီရင့်ကလည်း လင်းရိပ်ကို ပြန်ကြည့်ပြီး ပြုံးပြလိုက်တယ်။ သူမရဲ့ အပြုံးက လင်းရိပ် ရင်ထဲက မွန်းကြပ် သိမ်ငယ်မှုတွေကို လျော့ပါးသွားစေသလို ခံစားရစေတယ်။
" ဆေးရုံတက်နေရတာကြာပြီလား "
" အင်း မင်းနဲ့ ဟိုတစ်ခါ ရှောပင်းစင်တာမှာ ဆုံခဲ့ကြတာမှတ်မိလား ...အဲဒီအရင်ရက်တွေကတည်းကပေါ့ "
" ဪ "
အနီရင့် လင်းရိပ်မျက်နှာကို ကြည့်ပြီး သက်ပြင်းကိုချလိုက်မိတယ်။
*******
" အန်တီ နေသာရဲ့လား ဟင် "
အနီရင့် နှုတ်ဆက်လိုက်ပြီး လူနာခုတင်နားမှာရပ်လိုက်တယ်။
" ကျွန်မက လင်းရိပ်ရဲ့သူငယ်ချင်းပါ ....ဒီည ညီမလေးကို ကျွန်မအိမ်ကို ခေါ်သွားခွင့်ပြုပါ အန်တီ...ညီမလေး အတွက် ဘာမှမပူပါနဲ့နော်
လင်းရိပ် အမေက အနီရင့်ကို မော့ကြည့်ပြီး ခေါင်းကို အသာငြိမ့်ပြတယ်။အနီရင့်မှာ လင်းရိပ်ရဲ့ မိခင်ကို ကြည့်ပြီး ဆုံးပါးသွားပြီဖြစ်တဲ့ မိခင်ကို သတိရသွားမိတယ်။ပြီးတော့ လင်းရိပ်တို့မောင်နှမကိုလည်း ကရုဏာသက်သွားမိတယ် ။အိမ်တစ်အိမ်မှာ လူတစ်ယောက်မကျန်းမမာ ဖြစ်ပြီဆိုရင် ကျန်တဲ့သူတွေမှာ စိတ်သောက အပူအပင်တွေများရတာကို အနီရင့်ကကိုယ်တွေ့ကြုံခဲ့ရဖူးလို့ သိနေတယ်လေ။ အဲ့ဒီလိုအချိန်တွေမှာ ဘယ်လောက်ပဲ စိတ်ဓါတ်ကြံ့ခိုင်ပါစေ အားငယ်စိတ်ကတော့ ဝင်လာတတ်စမြဲပဲမဟုတ်လား။
******
" ကျေးဇူးပါနော် ....မင်းရဲ့ ကျေးဇူးတွေက ကိုယ့်အပေါ်မှာ အရမ်းများနေပါပြီ "
အနီရင့်တို့ ပြန်ခါနီးမှာ လင်းရိပ်က အနီရင့်နားကို ကပ်ပြီး ခပ်တိုးတိုးပြောလိုက်တယ်။အနီရင့်က လင်းရိပ်ရဲ့ချောင်ကျသွားတဲ့ မျက်နှာကိုကြည့်ပြီး စိတ်ထဲမကောင်းဖြစ်သွားမိတယ်။
" သူငယ်ချင်းတွေပဲ ဒါတွေ ပြောဖို့မလိုပါဘူး ...ဒါနဲ့ ရှင်ရော အိပ်ရောအိပ်ရရဲ့လားဟင် ...ရှင်လဲ တစ်နေ့လောက် ကောင်းကောင်း အနားယူ သင့်တယ် ..."
အနီရင့် အပြောကို လင်းရိပ်က ခေါင်းကို အသာငြိမ့်ပြလိုက်တယ်။
***
"ဒါဆို အန်တီရောဂါက ခွဲစိတ်ကုသမှ ရတော့မယ့် အခြေအနေပေါ့ ဟုတ်လားညီမ "
အနီရင့်တို့နှစ်ယောက်သား အိမ်ကို ရောက်ပြီး ရေမိုးချိုး စားသောက်ပြီးတာနဲ့ စကားထိုင်ပြောနေကြတုန်း အနီရင့်က လင်းရိပ်တို့ မိခင်ရဲ့ အခြေအနေကို မေးလိုက်တယ်။ လင်းရိပ်ရဲ့ ညီမလေး ပြောပြတဲ့ သူတို့မိခင်ရဲ့ရောဂါ အခြေအနေကို သိလိုက်ရတော့မှ လင်းရိပ်ရဲ့ ရပ်တည်မှုကို အနီရင့် နားလည်သဘောပေါက်လာမိတယ်။
"အဖေရှိတုန်းကတော့ ဒီလောက် အခြေအနေမဆိုးပါဘူးမမရယ်....အဖေမရှိတော့ အစ်ကို့ တစ်ယောက်တည်းလုပ်စာနဲ့ အိမ်နဲ့ခြံကိုပါရောင်းလိုက်ရတော့ အမေလဲ စိတ်ဓါတ်ပိုကျသွားတယ်ထင်တယ်....ဦးလေးတို့ခြံမှာ ပြောင်းနေပြီးကတည်းက ရောဂါကပိုဆိုးလာတော့တာပဲ...ညီမတို့လဲ အစ်ကို့ကို သနားလှပါပြီ "
အနီရင့် လင်းရိပ်တို့ မိသားစုအကြောင်းကိုသိလိုက်ရတော့ စိတ်မကောင်းဖြစ်သွားမိသလို လင်းရိပ်နေရာကနေ ၀င်ပြီး ခံစားကြည့်လိုက်တော့ ရင်ထဲပါ မွန်းကြပ်လာသလိုလိုခံစားလိုက်ရတယ်။
******
" ဟို ....မအားလို့နော် မောင် ....အခုတလော အမေက ကျန်းမာရေး နည်းနည်း ချူချာနေလို့ ပိတ်ရက်တွေဆို အိမ်အလုပ်တွေကို နှင်းပဲ လုပ်နေရတယ်လေ .... ဆေးရုံကိုလာဖို့ တောင် နှင်းမှာ မအားနိုင်ဖြစ်နေလို့ မောင့်ကို အားနာနေမိတာ... ညနေကျရင်တော့ အချိန်လုပြီး ဆေးရုံကို ရအောင် လာခဲ့ပါမယ် မောင်ရယ်...."
လင်းရိပ်လက်ထဲက ဖုန်းကို ချပြီးတော့ ငိုင်တွေ သွားမိတယ် ။ချစ်သူနဲ့မတွေ့ရတာကြာပြီမို့ လွမ်းလွန်းလို့ ပိတ်ရက်မှာတွေ့ရအောင် ဖုန်းဆက်လိုက်တော့ ချစ်သူရဲ့ မအားဘူးဆိုတဲ့ စကားကြောင့် လင်းရိပ် စိတ်ဓါတ် ပင်ကျသွားမိတယ်။သူ့မှာချစ်သူနဲ့တွေ့ချင်လွန်း၍ အလုပ်များကိုပင် ရက်ရွှေ့ဆိုင်းခဲ့ရတာ။ တကယ်ဆို တနင်္ဂနွေနေ့ဆိုတာ လင်းရိပ် အတွက် ဧည့်သည်တွေပြည့်နေတဲ့နေ့မျိုး မဟုတ်လား။
*****
ပျော့တွဲချင်နေပြီဖြစ်တဲ့ မျက်နှာပြပေါ်မှာ မိတ်ကပ်တွေက ထူလပျစ်ထလို့။ရေမွှေးနံ့ကလည်း အကောင်းစားဟော်တယ်ခန်းမှာသုံးထားတဲ့ မွှေးရနံ့ ချိုချိုအီအီတွေကိုပါ ဖုံးလွှမ်းနိုင်လောက်အောင်အထိ အနံ့ကပြင်းလွန်းလှတယ် ပြောရလေမလား။ လင်းရိပ် အိပ်ရာပေါ်ကထလိုက်ပြီး နာရီကို ကြည့်လိုက်တယ်။ လင်းရိပ်နာရီကြည့်နေတုန်း အန်တီကြီးက နောက်ကျောကနေ လင်းရိပ်ကိုသိုင်းဖက်လာတယ်။
"ပြန်တော့ မလို့လား မောင်လေး .. အချိန်က ပြည့်သွားပြီလား .... အချိန်ကလဲမြန်လိုက်တာ"
အန်တီကြီးက ပြောရင်းနဲ့လင်းရိပ် ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ်နဲ့ ပွေ့ဖက်လိုက်ပြန်တယ်။
" ဪ ရှင်ကို ...ဖုန်းနံပတ် ပြောင်းနေလို့ ...ဒါနဲ့ ထူးထူးဆန်းဆန်း အနီရင့်ကို ဖုန်းဆက်တော့ ...ကိစ္စရှိလို့လားဟင် ..ပြောလေ ... ပြောပါ "
" ဟို ..ဟို ....ဒီလိုပါ ...မင်းဆီမှာ အကူအညီလေးတောင်းချင်လို့ ......."
လင်းရိပ်က အားတင်းပြီး အနီရင့်ကို ပြောပြ အကူအညီတောင်းလိုက်တယ်။ လင်းရိပ် စကားဆုံးတော့ သူမဘက်က ချက်ချင်း စကားသံထွက်လာတယ် .."
" ရပါတယ် လင်းရိပ်ရဲ့ ...ရှင်ကလဲ အစကတည်းက အနီရင့်ကို ပြောတာမဟုတ်ဘူး ရှင်နဲ့ ကျွန်မက သူငယ်ချင်းတွေ ဖြစ်နေပြီလေ...တစ်ယောက်အခက်အခဲကို တစ်ယောက်နိုင်သလောက် ကူညီပေးကြပါမယ်ဆို ...ကဲပါ ...ရှင်ညီမလေးကို ကျွန်မလာခေါ်မယ် ဟုတ်ပြီလား ...ဆေးရုံကပဲ စောင့်နေ "
အနီရင့်နဲ့ ဖုန်းပြောပြီးသွားတော့ လင်းရိပ် တော်တော်လေး ဝမ်းသာသွားမိတယ်။စိတ်ထဲမှာလဲ တော်တော်လေး ပေါ့ပါးသွားရတယ် ။
*****
" အစ်ကိုရယ် ညီမက အဆင်ပြေပါတယ် ... ဒီမှာ အိပ်ရတာ အိပ်ရေးဝပါတယ် အစ်ကိုရဲ့ "
ညိမဖြစ်သူကို ကြည်ပြီး လင်းရိပ်က ပြောလိုက်တယ်။
" ကဲပါ အလတ်မရယ် ... အစ်ကို ပြောတာနားထောင် ဟုတ်လား ... အစ်ကို့သူငယ်ချင်းက မိန်းခလေးပါ ...ပြီးတော့ တစ်ယောက်တည်းနေတာ ... နင့်အတွက် စိတ်ချရပါတယ် ...သူ့အိမ်မှာ တစ်ညလောက် လိုက်အိပ်လိုက် ဟု ဇာပြီလား ... မနက်ကျရင်လဲ အေးဆေးမှာ လာ ... ကဲပါ ထ ...သူလာခေါ်ရင် အဆင်သင့် ဖြစ်အောင် ပြင်ဆင်ထားတော့ "
*** **
အနီရင့် ကားပေါ်ကဆင်းလိုက်ပြီး ကားဆရာကို အပြန်ပါ စောင့်နေဖို့ မှာလိုက်တယ် ။ပြီးတော့ လမ်းမှာဆင်းဝယ်လာခဲ့တဲ့ အသီးအနှံနဲ့မုန့်ထုတ်တွေကို ယူလိုက်တယ်။ဆေးရုံပေါ်တီကိုအောက်မှာ အဆင်သအဆင်သင့်စောင့်နေတဲ့ လင်းရိပ်က အနီရင့်ကို မြင်တော့ ခြေလှမ်းစပ်ကျဲကျဲ လျှောက်လာပြီး နှုတ်ဆက်လိုက်တယ်။
" ဘာတွေ ဝယ်လာတာလဲ...ဘာမှမဝယ်လာပါနဲ့ ဆို "
##############
အပိုင်း ၁၁ ဆက်ရန်
ဧကြည်ဖြူ
စာမူတိုတာလေးတော့ နားလည်ပေးကြပါနော် ဝမ်းစာအတွက်တစ်ဖက်က ငွေရှာနေရလို့ပါ
အနီရင့်ဆိုဖာခုံပေါ်မှာ ထိုင်ရင်းကနေ အံကိုတင်းတင်းကြိတ်ထားမိတယ်။အနီရင့်တို့ လက်ထပ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး အဆင်မပြေဖြစ်နိုင်တယ်ဆိုတာကို စိတ်ထဲက တွေးခဲ့မိပေမဲ့ ဒီလိုကြီး လက်တွေ့ကြုံလိုက် မယုံကြည်နိုင်လောက်အောင် ခံစားလိုက်ရတယ်။
*******
" အမေ နေသာရဲ့လား ..."
လင်းရိပ်က လူနာစောင့်ခုံမှာဝင်ထိုင်လိုက်ရင်း အမေ့ကို မေးလိုက်တယ်။အမေက လင်းရိပ်ကိုကြည့်ပြီး ခေါင်း အသာငြိမ့် ပြပြီး လေသံခပ်ယဲ့ယဲ့နဲ့ ပြန်ဖြေတယ်။
" သက်သာပါတယ် သားရယ် ... သားရော ပင်ပန်းနေပြီလား "
" မပင်ပန်းပါဘူး အမေရယ် ... သားတို့အတွက် ဘာမှမပူနဲ့ ...အမေကျန်းမာအောင် နေပါနော် "
လင်းရိပ် အမေ့ကို ပြန်ဖြေလိုက်ရင်း ညီမဖြစ်သူကို ကြည့်လိုက်မိတယ်။ညီမလေးခမျာ နေ့နေ့ညည လူနာစောင့်ခုံတန်းလေးပေါ်မှာပဲ နေနေရတော့ အအိပ်မမှန် ၊ အစားမမှန် ဖြစ်နေပုံရတယ် ။ ညီမလေးကိုကြည့်ရတာ အတော်လေး ပိန်သွားတာမို့ လင်းရိပ် စိတ်မကောင်းဖြစ်သွားမိတယ်။တစ်ရက်လောက် ညီမလေးကို စိတ်အေးလက်အေးနဲ့ ခြေဆန့်လက်ဆန့်အိပ်ရေးဝဝအိပ်စေချင်မိတယ်။ရန်ကုန်မှာက ဆွေမျိုးလဲ မရှိ။လင်းရိပ်ရဲ့ အဆောင်ကိုလဲ ခေါ်သွား လို့က မရပြန်။ လင်းရိပ် ညီမဖြစ်သူကို ကြည့်ရင်း စဉ်းစားနေမိတော့ ခေါင်းထဲကို အရင်ဆုံးပေါ်လာတာက ချစ်သူနှင်းသိရိပဲ ။ချစ်သူကို ပြောကြည့်ရကောင်းလားလို့ လင်းရိပ် တွေးနေမိတယ်။
" အစ်ကို ...ဘာဖြစ်လို့လဲ "
လင်းရိပ်ရဲ့ ညီမဖြစ်သူက သူမကို စိုက်ကြည့်နေတဲ့ အစ်ကိုဖြစ်သူကို မေးလိုက်တယ်။
" မဟုတ်ပါဘူး ညီမလေးရယ် ... ညီမလေးကို တစ်ညလောက် အိမ်မှာ အိပ်ရေးဝအိပ်စေချင်လို့ပါ ညဘက် အစ်ကို တစ်ယောက်တည်း စောင့်လို့ရပါတယ်..."
" ရပါတယ် အစ်ကိုရယ် ... ဒီမှာလဲ အိပ်ဖြစ်ပါတယ် "
လင်းရိပ် သက်ပြင်းမောကို ချလိုက်ပြီး ခပ်လှမ်းလှမ်းကို ထွက်လာခဲ့လိုက်တယ်။တော်ကြာ ညီမဖြစ်သူပါ လဲသွားရင် ဒုက္ခများပေလိမ့်မယ်။ အငယ်ကောင်ကို ခေါ်ဖို့ကျတော့လည်းမဖြစ်နိုင် အခုတောင် ညီမလေးမှာ လင်းရိပ် ရောက်လာရင် ထိုင်စရာနေရာ ရှိလာမဟုတ်ဘူး။ ဖြစ်နိုင်ရင် နားနားနေနေ နေ့လို့ရအောင် သီးသန့်ခန်း ငှားပေချင်ပေမဲ့ ဆေးရုံမှာရက်ရှည်လများ နေ့ရမှာမို့ ဆေးရုံစရိတ်ကို တတ်နိုင်သမျှချွေတာနေရတာပင်။ လင်းရိပ် စဉ်းစားတွေးနေမိရင်း ချစ်သူဆိကို ဖုန်းခေါ်လိုက်မိတယ်။
"ဟယ်လို"
မတွေ့ရတာကြာပြီ ဖြစ်တဲ့ ချစ်သူရဲ့ အသံချိုချိုလေးကို ကြားလိုက်ရတော့ လင်းရိပ်ပျော်သွားမိတယ်။
"ဟယ်လို နှင်း ..နေကောင်းတယ်မဟုတ်လားဟင် ...နှင်းကို မောင် အရမ်းသတိရတာပဲ "
လင်းရိပ်ဘက်က ပြောနပေမဲ့ တစ်ဖက်မှ ချစ်သူရဲ့ အသံက တိတ်ဆိတ်နေတာမို့ လင်းရိပ်မေးလိုက်တယ် ။
"ဟယ်လို နှင်း ...မောင် ပြောတာကြားလား ....နှင်းနေကောင်းရဲ့လား ဟင် "
လင်းရိပ် ထပ်မေးလိုက်မှ နှင်းသီရိရဲ့ အသံက ထွက်လာတယ်။
" နေကောင်းပါတယ် ... ပြောလေ ..ဘာပြောမလို့လဲ "
တကယ်တမ်း ရှင်းသိရိ မေးလိုက်တော့ လင်းရိပ်ရဲ့ နှုတ်တွေ ဆွံ့အသွားရပြီး နှင်းကို တော်တော်နဲ့ ပြောမထွက်ပြန်။ အတော်လေးကြားမှာ လင်းရိပ် သတ္တိုမွေးပြီး ထုတ်ပြောလိုက်တယ်။
" ဟို ... ဟိုလေ နှင်းကို အကူအ
ညီလေး တစ်ခုလောက် တောင်းချင်လို့ပါ....ဒီ...ဒီလိုပါ ....မောင့်ရဲ့ ညီမလေးကို နှင်းတို့အိမ်မှာ တစ်ညလောက် အိပ်ခွင့်ပေးလို့ ရမလားလို့ ...ညီမလေးကို ကြည့်ရတာ အိပ်ရေးတွေပျက်ပြီး အရမ်းပင်ပန်းနေတဲ့ပုံပေါက်နေလို့ ..."
လင်းရိပ်ရဲ့ စကားဆုံးတော့ နှင်းသီရိဘက်က အတန်ကြာတိတ်ဆိတ်သွားတယ်။ပြီးတော့မှ နှင်းသီရိက အသံခပ်တိုးတိုးလေးနဲ့ ပြန်ပြောတယ်။
" အားနာလိုက်တာ မောင်ရယ် ...အိမ်မှာက မောင်လေးရဲ့ သူငယ်ချင်း တစ်ယောက်လဲ ရောက်နေလို့ပါ...ဟိုလေ နှင်း ဘယ်လို ကူညီရ မရဲ စဉ်းစားလိုက်ပါအုံးမယ် "
နှင်းသီရိရဲ့စကားကြောင့် လင်းရိပ်စိတ်မကောင်းဖြစ်သွားမိပေမဲ့ ချစ်သူစိတ်ညစ်သွားမှာစိုးလို့ အမြန်ပြန်ပြောလိုက်ရတယ်။
" ရပါတယ် နှင်းရဲ့ ... ဘာမှစိတ်မကောင်း မဖြစ်နဲ့ ဟုတ်ပြီလား ..အလုပ်ထဲက အစ်မအိမ်မှာ အိပ်လို့လဲရတယ် ... မောင်က တမင် ညီမလေး ကို နှင်းနဲ့ တွေ့စေချင်လို့ အကြံအဖန်လုပ်လိုက်တာပါ "
လင်းရိပ် ချစ်သူကို ရယ်ရယ်မောမောနဲ့ ပြောပြီး ဖုန်းကို ချလိုက်တယ်။ကျောလေး တစ်နေရာစာချဖို့ ခက်ခဲလိုက်တဲ့မြို့။ငွေရှိရင် ကြိုက်တဲ့တည်းခိုခန်း သွားတည်းလို့ရပေမဲ့ ညီမဖြစ်သူကို လင်းရိပ်စိတ်မချနိုင်။ လင်းရိပ်ခေါင်းတွေ ပူအောင် စဉ်းစားနေမိရင်း တစ်စုံတစ်ယောက်ကို စဉ်းစားလိုက်မိတယ်။ သူမကတော့ သူငယ်ချင်းတွေအဖြစ်ခင်မင်ရအောင် ပြောခဲ့ဘူးတယ်။ အကူအညီ တောင်းလို့ ရနိုင် ၊မရနိုင်တော့ လင်းရိပ် မသိ။ သေချာတာက သူမရဲ့အိမ်မှာ သူမတစ်ယောက်တည်းနေတာ ။ပြီးတော့ သူမက ယုံကြည်စိတ်ချလို့ရတဲ့သူတစ်ယောက်။လင်းရိပ် ဘာမှတွေးတော မနေတော့ဘဲ သူမဆီကို ဖုန်းခေါ်လိုက်တယ်။
" ဟယ်လို "
သူမရဲ့ ထူးသံကိုကြားတော့ လင်းရိပ် ဘာပြောရမှန်းမသိ တွေဝေနေမိပြန်တယ်။
" ဟယ်လို ...ဘယ်သူပါလဲ ရှင် "
ဒုတိယ အကြိမ်မြောက် သူမရဲ့ မေးသံ အဆုံးမှာ လင်းရိပ် အရဲစွန့်ပြီး ထူးလိုက်ရတယ်။
" ဟို ... ဟို ကျွန်တော် လင်းရိပ်ပါ အနီရင့် "
လင်းရိပ် စကားဆုံးတော့ သူမရဲ့အသံကိုထပ်ကြားလိုက်ရတယ်။
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း (၁၀)
****
ကျောခိုင်းသွားတဲ့ လင်းရိပ်ကို ကြည့်ပြီး အနီရင့်ရဲ ရင်ထဲမှာ စိတ်မကောင်းဖြစ်သွားမိတယ်။အနီရင့် မေးတုန်းကတော့ ဒီအလုပ်ကို နေ့ခင်းဘက်မလုပ်ပါဘူးလို့ပြောသွားခဲ့တယ်လေး။ဒီလိုနဲ့ အမျိုးသမီးကြီးရဲ့ ဆွေမျိုးသားချင်း တစ်ယောက်ယောက်နဲ့ တွေ့ရင် ဘယ်လိုများလုပ်လေမလဲ။နေ့ခင်းကြောင် တောင်ကြီးမို့ အလွတ်ရုန်း၍ တော့ ရမယ်မထင်။အနီရင့် ကိုယ့်ဘာသာတွေးနေရင်း သက်ပြင်းကို ဟူးခနဲ မှုတ်ထုတ်လိုက်မိတယ်။
"နီ မင်းဘာကြည့် နေတာလဲ ... အဲဒီလိုကောင်ကို ရုပ်ချောတယ်ဆိုပြီး သွားကြည့်မနေနဲ့ ...တွဲလာတဲ့ သူက အဘွားကြီး သေချာတယ် အဲ့ဒီကောင် ချူစားနေတဲ့ပိုင်းလုံး ဆိုတာ "
ကိုဘုန်း စကားကြောင့် အနီရင့် စိတ်ပျက် သွားမိတယ်။ လင်းရိပ် ပိုင်းလုံး ဟုတ်တာ မဟုတ်တာက အနီရင့်နဲ့ မဆိုင်။ဒါပေမဲ့ အနီရင့် ချစ်ရတဲ့သူက ဒီလိုမျိုး တစ်ဖက်သားကို ပြောဆိုတတ်တဲ့ အကျင့်ရှိတာကို သဘောမကျပါ။
****
"ရတယ် ကိုဘုန်း အနီရင့် ပဲသယ်သွားလိုက်တော့မယ် . ..."
အနီရင့်က ကားပေါ်မှ ဆင်းလိုက်ပြီး ကိုဘုန်းကို ပြောလိုက်တယ်။ကိုဘုန်းက ကားတံခါးကို ဖွင့်ဆင်းလာပြီး
" ဘာရတာလဲ ... ကိုယ့်ကို အိမ်ကို မခေါ်ချင်တဲ့ သဘောလား "
"အဲ့ဒီလို မဟုတ်ပါဘူး ...ကိုဘုန်းမအားမှာစိုးလို့ ပါ .."
" အားတယ် ... ဒီနေ့ ကိုယ့်ချစ်သူ့အတွက် အချိန်ယူထားတယ် "
ပြောပြီး ကို ဘုန်းက အထုတ်တွေကို ဆွဲပြီး အနီရင့်လက်ကိုပါ ဆွဲလိုက်ပြီး တိုက်ခန်း လှေကားတွေအတိုင်း ရှေ့က တက်သွားတယ်။ ကိုဘုန်းရဲ့ အပြူအမူကြောင့် အနီရင့်ရဲ့ အမှတ်မရှိတဲ့နှလုံးသားက တထိတ်ထိတ် ခုန်လှုပ်လာပြန်တယ်။
*****
" ကိုဘုန်း ထမင်းစားမလား ... ချက်လိုက်မယ်လေ "
" ပင်းပန်းပါတယ်ကွာ .... မချက်နဲ့ ဆိုင်မှာ သွားစားကြတာပေါ့ ...ဒီမှာလာထိုင်နေပါကွာ ... မျက်စိကို နောက်နေတာပဲ "
မြတ်ဘုန်းက ပြောရင်းအနီရင့်လက်ကို ဆောင့် ဆွဲလိုက်တာမို့ အနီရင့်ခန္ဓာကိုယ်ပေး မြတ်ဘုန်း ဘေးကို စွေ့ခနဲ ရောက်သွားတယ်။ အနီရင့် မသိမသာလေး သူမရဲ့ခန္ဓာကိုယလေးကို ဆတ်ခနဲ ကျုံ့လိုက်မိတယ်။ပြီးတော့ ကိုဘုန်းရဲ့လက်တွေက အနီရင့်ကိုယ်လုံးလေးကို ဆွဲဖက်လိုက်တယ်။ အနီရင့် ဖျက်ခနဲ ရုန်းထွက်လိုက်မိပြီး အယောင်ယောင် အမှားမှားနဲ့ ပြောလိုက်မိတယ်။
" ခဏလေး ကိုဘုန်း ... အနီရင့် ရေသောက်ချင်လို့ပါ "
အနီရင့် တလှပ်လှပ်ခုန်နေတဲ့ ရင်ကို လက်လေးနဲ့ အသာဖိပြီး ရေခဲသေတ္တာ ရှိရာကို လျှောက်လာခဲ့တယ်။အနီရင့် ဘဝကို နစ်မွန်းစေမဲ့ အမှားမျိုးတွေ နောက်ထပ် နောက်ထပ် မမှားချင်တော့ဘူး။အနီရင့်ရဲ့အသက်အရွယ်နဲ့ ဆို တင့်တင့်တယ်တယ် အိမ်ထောင် ပြုသင့်ရပြီလေ။
အနီရင့် ကိုဘုန်းအတွက်ပါ အအေးတစ်ဘူး ယူခဲ့လိုက်ပြီး ကိုဘုန်းရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။
" ကိုဘုန်းကို ပြောစရာရှိတယ် "
" ပြောလေ ... စကားပြောတာများ အထူးအဆန်း လုပ်သေးတယ် "
" အနီရင့်တို့ ဒီနှစ်ကုန်မှာလက်ထပ်ကြမလား ကိုဘုန်း ... အဖေ့ကို အကြောင်းကြားလိုက်မယ်လေ "
ရုတ်တရက် ပြောလိုက်တဲ့ အနီရင့်ရဲ့စကားကြောင့် မြတ်ဘုန်း အံ့ဩသွားတယ်။
" ဘာ.... ဘာပြောတယ် နီ .... ရုတ်တရက်ကြီး ဘာလို့လဲ ..ဘာမှလဲ မပြင်ဆင်ရသေးဘဲ "
ကိုဘုန်းရဲ့ စကားကြောင့် အနီရင့် စိတ်တိုသွားမိပြီး လေသံမာမာနဲ့ ပြောလိုက်တယ်။
" ဘယ်လို ရုတ်တရက်လဲ ကိုဘုန်းရဲ့ ... ကိုဘုန်းနဲ့နီတွဲလာတာ ဆယ်နှစ်ပြည့်တော့မယ်လေ...ပြီးတော့ ဘာပြင်ဆင်စရာလိုသေးလို့လဲ....ခန်းမတစ်ခုငှါးပြီး အသိမိတ်ဆွေနည်းနည်း ဖိတ်လိုက်လဲ ရတာပဲ ..."
" ဟာကွာ ....မင်းပြောပုံက ကလေးကစားနေတာကျနေတာပဲ လွယ်လိုက်တာ နီရယ်... မိဘတွေကို အရင်တိုင်ပင်ဖို့ မတွေး ဘူးလား "
" တိုင်ပင်လေ ....မိဘတွေလဲ သိနေတာပဲ...အဓိက က ကိုဘုန်းအိမ်ကိုပြောလိုက်ပေါ့ "
" ဒါနဲ့ ဘာလို့ လောနေတာလား ... ဒီတိုင်းနေတာ ဘာပြဿနာရှိလို့လဲကွာ... ခုလဲ ကိုယ်တို့တွေ့ချင်တဲ့အချိန် အေးဆေးတွေ့လို့ရတာပဲ ...ကိုယ်တော့ ကိုယ်ပိုင်အိမ် ခြံလေးရမှ လက်ထပ်ဖို့တွေးထားတယ်..."
ကိုဘုန်းရဲ့ စကားကြောင့် အနီရင့်စိတ်ထဲ ဒေါသတွေ တလိပ်လိပ်ထွက်လာတယ်။
" တော်တော့ ကိုဘုန်း ... လက်ထပ်ပြီးရင် ဒီမှာ နေတော့ ဘာဖြစ်လို့လဲ ...ကိုဘုန်းကိုရှင်းရှင်းပဲ မေးမယ် ... အနီရင့်ကို လက်ထပ်ဖို့ စိတ်ကူး မရှိဘူးလား ..."
" ဟာ ..ဘာပြောလိုက်တယ် နီ ...မင်း ဘာဖြစ်နေတာလဲ ...ဘယ်သူက လက်မထပ်ချင်ဘူး ပြောလို့လဲ ခဏလောက်စောင့်ဖို့ပဲ ပြောတာလေ "
" စောင့်ရအောင် ဘာကိုစောင့်ရမှာလဲ ...ဒီထက်ပိုပြီး ဘာကို စောင့်ရမှာလဲပြော ... ပတ်ဝန်းကျင်ကလဲ အနီရင့်တို့ကို မေးငေါ့ချင်နေပြီ "
" ပတ်ဝန်းကျင်ဟုတ်လား ....မင်းက ဘယ်တုန်းကများ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖူးလို့လဲ ...မင်းနေချင်သလို နေနေတာကို ဘာအခုမှ ပတ်ဝန်းကျင်လဲ..."
" ကိုဘုန်း "
အနီရင့် စိတ်တိုတိုနဲ့ ကိုဘုန်းကို အော်ပစ်လိုက်တယ်။
"တော်ပြီကွာ စိတ်ရှုပ်လာပြီး ကိုယ်ပြန်တော့မယ် "
ပြောပြီးတာနဲ့ မြတ်ဘုန်း ခြေလှမ်းကျဲကြီး တွေနဲ့ တိုက်ခန်းအပြင်ကိုထွက်ခဲ့လိုက်တယ်။
*******
အနီရင့်က စာအုပ်တွေကို လိုက်ကြည့်ပြီး လိုအပ်တာတွေကို စာရေးမလေးကို လိုက်မှတ်ခိုင်းလိုက်တယ်။ အနီရင့်ရဲ့ စာအုပ်ဆိုင်လေးက တစ်နေ့တစ်နေ့ သိန်းချီ မြတ်အောင် ရောင်းနေရတာမဟုတ်ပေမဲ့ ပုံမှန်လေးတော့ ရောင်းနေရတယ်။ဆိုင်မှာ ကလေးတွေဖတ်ဖို့ စာအုပ်ကနေ ပြီး လူကြီးတွေ ဖတ်ဖို့အထိ စာအုပ်တော်တော်စုံစုံရှိတယ်။အဓိက က အနီရင့်က စာဖတ်ဝါသနာပါလို့ ဝါသနာကိုက်ညီတဲ့ အလုပ်ကို ရွေးခဲ့တာ။ စာအုပ်ဆိုင်လုပ်နေရင်းကနေ အနီရင့်စာ စရေးပြီး ဆိုတော့မှ ဆိုင်ကို အရောင်းမန်နေဂျာဆီကိုလွှဲထားလိုက်တာ။ ဒါပေမဲ့ စာအုပ်ဆိုင်နဲ့ အနီရင့်တိုက်ခန်းက သိပ်မဝေးလို့ ဆိုင်ကို အနီရင့် အချိန်မရွေး သွားလို့လာလို့လွယ်တယ်။ခုရက်ပိုင်းတွေမှာ အနီရင့် စိတ်တွေ ရှုပ်ပြီး စာရေးလို့မရတာမို့ အရောင်းထိုင်းတဲ့ စာအုပ်တွေကို ဖုန်သုတ် သန့်ရှင်းရေးလုပ်နေခဲ့တာ။
" မမ ...ကိုမြတ်ဘုန်း ရောက်နေတယ် "
စာရေးမလေးရဲ့ အသံကြောင့် အနီရင့် စာအုပ်စင်ကြားကနေ ခေါင်းပြူကြည့်လိုက်တယ်။ အနီရင့် ကြည့်နေတုန်းမှာပဲ ကိုဘုန်းက အတွင်းခန်းထဲအထိ ၀င်လာတာကို တွေ့လိုက်ရတယ်။ မှတ်မှတ်ရရ ဒီနေ့ အပါဆိုရင် ကိုဘုန်းနဲ့ အနီရင့် မတွေ့တာ ရက်အတန်ကြာခဲ့ပြီလေ။ကိုဘုန်းက ဖုန်းဆက်တဲ့ အခါ အနီရင့် ဖုန်းကိုင်ပေမဲ့ လူချင်း တွေ့ဖို့ချိန်းတဲ့အခါတိုင်း အကြောင်းအမျိုးမျိုးပြပြီး ရှောင်နေခဲ့မိတယ်။ကိုဘုန်းအိမ်ကိုလာရင်လည်း ထွက်မတွေ့။တံခါးဖွင့်မပေးခဲ့။ခုတလော အနီရင့် စဉ်းစားမိနေတာက အနီရင့်က ဇိမ်မယ်တစ်ယောက်များဖြစ်နေပြီးလားဟုပင်။ဇိမ်မယ်မှ ပိုက်ဆံမရတဲ့ ဇိမ်မယ်မျိုးပေါ့။အများအမြင်မှာ အပျိုစင်တစ်ယောက် အဖြစ်တင့််တယ်နေပေမဲ့ တကယ်လက်တွေ့ဘဝက ကိုဘုန်းရဲ့ တိတ်တိတ်ပုန်း အပျော်မယားတစ်ယောက် ပမာ ပါပင်။လက်ထပ်ဖို့ မပြောရဲ။ မပြောထွက်။လက်ထပ်ဖို့ပြောလိုက်ရင် စိတ်များ ညစ်သွားမလားလို့ တွေးပြီး ထိတ်လန့်ခဲ့ရတာလည်း အခါခါ။ ဒီကြားထဲ ချစ်သူရဲ့ အလိုဆန္ဒကို မလိုက်လျောပြန်ရင် ကိုယ့်ကို ထားခဲ့လေမလား ။ကိုယ်နောက်ကွယ်မှာ အပျော်အပါး လိုက်စားနေလေမလား တွေးပြီး အကုန်လိုက်လျောခဲ့မိတာတွေက နောက်ဆုံးတော့ အလေးထားမခံရတဲ့ တန်ဖိုးမဲ့မိန်းမတစ်ယောက် ဘဝကို ရောက်မှန်းမသိရောက်ခဲ့ရတော့တဲ့အထိ ဖြစ်လာခဲ့တယ်။
" နီ ...မင်း ကိုယ်ကို တမင်ရှောင်နေတာလား "
ကိုဘုန်းက မေးရင်း အနီရင့် နားကို လျှောက်လာတယ် ။ဆိုင်ထဲမှာဖြစ်နေမို့ အနီရင့်ကောင်းကောင်းမွန်မွန်ပဲ ပြန်ဖြေလိုက်တယ်။
"မဟုတ်ပါဘူး ... ခုတလော ဆိုင်ကို သေချာ လုပ်နေ လို့ပါ ..."
" အဲ့ဒါဆို အပြင်သွားရအောင်လေ .."
ပြောပြောဆိုဆိုနဲ့ ကိုဘုန်းက အနီရင့်ရဲ့လက်ကို လှမ်းဆွဲတယ်။ ကိုဘုန်းရဲ့အပြုအမူကြောင့် အနီရင့်ရဲ့အမှတ်မရှိတဲ့ နှလုံးသားက ဒိန်းခနဲ ဆောင့်ခုန်သွားရပြန်တယ်။ အနီရင့်လက်ကို မသိမသာပြန်ရုန်းလိုက်တယ်။
*******
" နီ ဘာလိုချင်လဲ ...ကြိုက်တာယူလေ "
ကုန်တိုက်ထဲမှာ လျှောက်နေရင်း ကိုဘုန်းကပြောတယ်။အနီရင့် ခေါင်းကို ခါပြလိုက်မိတယ်။မိန်းမပီပီ ချစ်သူပေးတဲ့ လက်ဆောင်ကို တန်ဖိုးထားတတ်ပေးမဲ့ ဘာဝယ်ပေးပါ။ ညာဝယ်ပေးပါလို့ အနီရင့် ကတောင်းဆိုလေ့မရှိဘူး။ပြီးတော့ အနီရင့်ရဲ့ အကျင့်ကလည်း အလိုချင်ဆုံးဆိုတဲ့ အရာလောက်ကို သာဝယ်တတ်တဲ့ အကျင့်ရှိတာ။တွေ့သမျှ ၊ မြင်သမျှ ၊ အသစ်အဆန်း မှန်သမျှ နှစ်သက်တတ်သူမျိုး မဟုတ်ဘူးလေ။
" ဘုတ် "
" အမေ့ "
အနီရင့် ဟိုငေးဒီငေးနဲ့ တွေးချင်ရာတွေးပြီး လျှောက်လာရင်းနဲ့ ထောင့်ချိုးအကွေ့တစ်ခု ရောက်တော့ တစ်ဖက်ကထွက်လာတဲ့လူနဲ့ "ဘုတ် ခနဲ "မြည်အောင် တိုက်မိပါလေရော။တစ်ဖက်လူရဲ့လက်ထဲက အထုတ်တွေက ပြုတ်ကျလာတယ်။အထုတ်တွေ ပြုတ်ကျသွားတော့ တစ်ဖက်လူကလည်း ခပ်သွက်သွက်ပြန်ကောက်သလို အနီရင့်ကလည်း တောင်းပန်စကားဆိုရင်း ဝိုင်းကူ ကောက်ပေးလိုက်တယ်။
" တောင်း ... တောင်းပန်ပါတယ်နော် ...ဟင် "
အနီရင့် တောင်းပန်စကားဆိုရင် တစ်ဖက်လူကို တွေ့လိုက်ရတော့ အံ့သြသွားမိပြီး နှုတ်ဆက်ဖို့ပြင်လိုက်တယ်။ ဒါပေမဲ့ သူ့က ခေါင်းလေးကို မသိမသာ ယမ်းပြပြီး ခေါင်းငုံ့သွားတာမို့ အနီရင့် ကိုယ့်နှုတ်ခမ်းလေးကို ပြန်ကိုက်လိုက်ရတယ်။သူ့ပုံစံက ရှပ်အင်္ကျီအနက်ရောင်နဲ့ဘောင်းဘီအနက်ရောင်ကို ဝတ်ဆင်ထားပြီး အတော်လေးကြည့်ကောင်းနေတယ်။ပြီးတော့ ထုံးစံအတိုင်း အနက်ရောင် ဦးထုပ်လေးနဲ့ပေါ့။
" နီ ဘာတွေ လုပ်နေတာလဲ သွားမယ် "
ကိုဘုန်းက သူ့အနားမှား ထိုင်ပြီး အထုတ်တွေကူကောက်ပေးတဲ့ အနီရင့်ကို ခေါ်ပြီး လက်ကို ဆွဲယူလိုက်တယ် ။ပြီးတော့ ငုတ်တုတ်ထိုင်ပြီး ကျသွားတဲ့ အထုတ်တွေကို ပြန်ကောက်နေတဲ့ လင်းရိပ်ကို မနှစ်မြို့ သလို တစ်ချက်ကြည့်လိုက်တယ်။
" မောင် ဘာဖြစ်တာလဲ ... မမက မောင် ပါလာတယ်ထင်ပြီး စကားတွေပြောနေတာ "
အနီရင့်ကို ကိုဘုန်းက ဆွဲခေါ်နေတုန်းမှာ အသက်ငါးဆယ်ကျော် အန်တီကြီး တစ်ယောက် အနီရင့်တို့ နားကိုလျှောက်လာပြီး ပြောပြောဆိုဆိုနဲ့ လင်းရိပ် ရဲ့လက်ကို လှမ်းကိုင်လိုက်တယ်။ပြီးတော့ အနီရင့်ကို မျက်စောင်း တစ်ချက် ဒိုင်းခနဲ လှမ်းထိုးတယ်။
လင်းရိပ်က ဖျတ်ခနဲ အနီရင့်ကို တစ်ချက်မော့ကြည့်လိုက်ပြီ အန်တီကြီးရဲ့ခါးကိုဖက်ပြီး ကျောခိုင်း ထွက်သွားတယ်။
*****
အပိုင်း ( ၁၀ ) ဆက်ရန်
ဧကြည်ဖြူ
လင်းရိပ်က မျက်နှာပျက်ချင်နေတဲ့ ချစ်သူကို စကားလမ်းကြောင်းလွှဲပစ်လိုက်တယ်။ သူမလည်း စိတ်ပူနေမယ်ဆိုတာ လင်းရိပ် သိပါတယ်။သူမရတဲ့လစာငွေနဲ့ လင်းရိပ်ကို ကူညီမပေးနိုင်လို့ သူမကိုယ့်ကိုယ်ကို အလိုမကျ ဖြစ်နေမှာကို လင်းရိပ် မလိုချင်။ဖြစ်နိုင်ရင် လင်းရိပ်ဘက်ကသာ ယောက်ျားပီပီ သသနဲ့ ကိုယ့်ချစ်သူကို တာဝန်ယူပေးလိုက်ချင်တာ။
" လာလေ ..သွားကြမယ်လေ နှင်း "
လင်းရိပ်က ချစ်သူရဲ့လက်ဖျားလေးကို ဆွဲယူဆုပ်ကိုင်ပြီး ထိုင်ရာ ကနေ ထလိုက်တယ်။အင်းလျား ရေပြင်က ငြိမ်သက်လို့။ကောင်းကင်ကြီးကလဲ ပြာလဲ့လဲ့နဲ့ကြည်လင်တောက်ပလို့။နှင်းသီရိရဲ့ရင်ထဲမှာတော့ စိတ်တွေက အုံ့ဆိုင်းမှိုင်းညို့လို့ ပေါ့။" နှင်းဘာကူညီပေးရမလဲ ...ဆေးရုံကို လာခဲ့ရမလား မောင် ...နှင်းလဲ မောင် အမေ့ကို ဝိုင်းကူပြုစုပေးရမလား " စသဖြင့် ဒီလိုစကားတွေကို နှင်းသီရိဘက်က ပြောသင့်မှန်းသိပါရဲ့နဲ့ နှင်းသီရိရဲ့ ပါးစပ်က ထွက်မလာခဲ့ပါလေ။နှင်းသီရိကချစ်သူလင်းရိပ်ကို အကြောင်သားပဲ ကြည့်နေမီခဲ့တယ်။ လင်းရိပ်ရဲ့မျက်နှာက နွမ်းလျ ပုံပေါ်နေပေမဲ့ ချောမော ကြည့်ကောင်းနေဆဲပါပင်။အဖြူရောင်ရှပ်လက်ရှည်၊အရောင်ဖျော့ဖျော့ ဂျင်းဘောင်းဘီနဲ့ပင် သန့်ပြန့်နေတဲ့ချစ်သူ။ ဘေးကိုသိမ်းထားတဲ့ ဆံပင်တွေက ခေါင်းလိမ်းဆီ မတင်ထား၍ ထင်ပါရဲ့ တစ်ချက်တစ်ချက် နဖူးပြင်ပေါ် ဆံပင်တွေဝဲခနဲကျလာပုံက ကြည့်၍ပင် ကောင်းနေသေးတယ်။အရက်နဲ့ဆေးလိပ် သောက်လေ့မရှိတဲ့ နှုတ်ခမ်းတွေက နီနီထွေးထွေး။စူးရှတောက်ပတဲ့မျက်ဝန်းနက်နက်တွေ မျက်ခုံးထူထူတွေ။ကျစ်လျစ်တဲ့ခန္ဓာကိုယ်နဲ့လိုက်ဖက်လှတဲ့ အရပ်အမောင်းလည်း သူ့မှာရှိနေပြန်တယ်။ ဒီ ယောကျာ်းက အရေပြားအလှအပမှာတော့ မိန်းမလှလေးတွေထက်တောင် ကံကောင်းတဲ့သူလို့ နှင်းသီရိ တွေးလိုက်မိတယ်။ ဒီလို ချောမော ကြည့်ကောင်းနေ့တာကြောင့်ပဲ သူ့ကို နှင်းသီရိရွေးခဲ့မိပါလေသလားမသိတော့။အရင်ကတော့ သူ့ရဲ့လက်ကို တွဲပြီး ဟိုသွား ဒီသွားသွားရတာကို နှင်းသီရိ ပျော်ခဲ့တယ်။သူငယ်ချင်းတွေနဲ့ အခြားသူတွေက အားကျသလို ကြည်ကြတဲ့အခါ နှင်းသီရိ စိတ်ထဲက ကျေနပ်ခဲ့မိတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ နှင်းသီရိအတွက် ငွေကြေးကသာ အဓိကဖြစ်နေခဲ့တယ်လေ။
*****
လင်းရိပ်နဲ့ နှင်းသီရိ မုန့်စားပြီးတော့ အသီးသီး ပြန်ဖို့ပြင်ကြတယ်။ လင်းရိပ်ကချစ်သူကို ကားလမ်း တစ်ဘက်ခြမ်းထိ လိုက်ပို့ရင်း ဒီနေ့ ချစ်သူကို ဘာမှမဝယ်ပေးလိုက်ရလို့ စိတ်မကောင်းဖြစ်နေမိတယ်။နှင်းသီရိရဲ့ မျက်နှာကို ကြည့်ရတာလည်း သိပ်ပြီး ရွှင်ရွှင်လန်းလန်း မရှိလှတာမို့ လင်းရိပ်စိတ်ထဲ ပူပန်နေမိတယ်။ချစ်သူမှာ ဘာအခက်အခဲတွေရှိနေလဲ မမေးထွက်။မေးပြီးရင် ရော လင်းရိပ်ကူညီနိုင်မှာတဲ့လား။ချစ်သူကို သူ့ရဲ့အခက်အခဲတွေကိုပဲ ပြောပြနေမိတဲ့အတွက် လင်းရိပ် ပိုပြီး စိတ်မကောင်းဖြစ်သွားမိတယ်။
နှင်းသီရိ ကားပေါ်တက်သွားပြီး တော့မှ လင်းရိပ်လည်း ကားလမ်းရဲ့တစ်ဘက်ခြမ်းကို ပြန်ကူးလာခဲ့ပြီး ကားစီးဖို့ပြင်လိုက်တယ်။အတူဆုံပြီးတဲ့အခါတိုင်း အမြဲဒီလို လမ်းခွဲနေကြ ဖြစ်ပေမဲ့ ဒီနေ့မှ လင်းရိပ်ရဲ့ရင်ထဲမှာ ပိုပြီး ထိထိခိုက်ခိုက်ခံစားနေရတယ်။ ဘ၀ရယ်မဟုတ်တဲ့ အတွေးတွေက လင်းရိပ်ကို ဖိစိးနေတယ်။နောက်ဆုံးတော့ လင်းရိပ်စိပ်ထဲ မတင်မကျဖြစ်နေတာမို့ နှင်းဆီကို ငွေသုံးသောင်းလွှဲလိုက်တယ်။
ချစ်သူဆီ ငွေလွှဲလိုက်ပြီးတာနဲ့ ကားရောက်လာတာအချိန်ကိုက်ဖြစ်သွားတာမို့ လင်းရိပ်ကားပေါ်ကိုတက်ခဲ့လိုက်တယ်။ လင်းရိပ် ကားပေါ်ရောက်ပြီး မကြာခင်မှာပဲ လင်းရိပ်ရဲ့ဖုန်းသံကမြည်လာတာမို့ ကြည့်လိုက်တော့ ချစ်သူနှင်းသီရိ ဆီက ဖုန်းဖြစ်နေတာကို လင်းရိပ်တွေ့လိုက်ရတယ် ။လင်းရိပ်ဖုန်းကိုကိုင်လိုက်တယ်။
" ဟယ်လို ... ပြောလေ နှင်း "
" နှင်းဆီကို ငွေလွှဲလိုက်တာလား မောင်... နောက်ကို နှင်းကို မပြောဘဲ ငွေမပို့ပါနဲ့....ခု အဲ့ဒီငွေကို မောင့်ဆီ ပြန်လွှဲပေးလိုက်မယ် "
ချစ်သူရဲ့ စကားကြောင့် လင်းရိပ်ရဲ့ရင်ထဲမှာ ဟာခနဲ ခံစားလိုက်ရတယ်။ဆက်ပြောဖို့အတွက်လည်း စကားလုံးတွေ ပျောက်ဆုံးသွားရတယ်။ လူတွေကြားထဲမို့ မေးချင်ပြောချင်စိတ်တွေကို လင်းမျိုချလိုက်ပြီး ဖုန်းကို အိတ်ထဲပြန်ထည့်လိုက်တယ်။
*******
နှင်းသီရိ ကားပေါ်မှာထိုင်လိုက်လာရင်း လင်းရိပ်ဆီကို ငွေပြန်လွှဲပေးလိုက်တယ်။အရင်ကတော့ ဒီလိုမျိုးတွေကို သဘောကျ ကျေနပ်ခဲ့တာပေါ့။ချစ်သူဆီက ရသမျှတွေကို သူငယ်ချင်းတွေကြားထဲမှာကြွားဝါပြောဆိုရင်း သိပ်ကို ဂုဏ်ယူခဲ့တာပေါ့။ ငါ့ချစ်သူဝယ်ပေးတာလေ...ငါ့ချစ်သူက မုန့် ဖိုးပေးတာ"လို့ ကြွားလည်းကြွား ပေါ့။ လူရှေ့သူရှေ့ရောက်ရင် ချစ်သူကိုနိုင်စားပြပြီး နောက်ကွယ်ကျမှ " မောင်ကလဲကွာ " ဆိုပြီး ချွဲချွဲပျစ်ပျစ် ချော့ရတာကို သိပ်ကို ကြည်နူးခဲ့တာလေ။ ခုတော့ ဒီလို ကျေနပ်ကြည်နူးစရာတွေ ထက် ငွေကို ရေလိုသုံး ၊ ဘယ်သွားသွားကိုယ်ပိုင်ကားလေးနဲ့သွားရတာကို နှင်းသီရိ ပိုသဘောကျနေပြီ။ပြီးတော့ မတုန်မလှုပ် ချစ်သူထက် လက်ရဲဇက်ရဲရှိတဲ့ ချစ်သူသစ်ကို နှင်းသီရိ ပိုပြီး မက်မောတွယ်တာနေမိပြီလေ။
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း ( ၉ )
****
မြောက်ဥက္ကလာ ဆေးရုံမှာ အမေနဲ့ ညီမလေးကို ထားခဲ့ပြီးတော့ လင်းရိပ် အလုပ်ကို သူပြန်ရောက်ပြီဖြစ်တဲ့ အကြောင်း ဝင်ပြီး အကြောင်းကြားလိုက်တယ်။ပြီးတော့ ထပ်ပြီး ခွင့်ပေးဖို့ ခွင့်တောင်းရပြန်တယ်။ပိုင်ရှင်က သိပ်မကျေနပ်။ ဒါပေမဲ့ လင်းရိပ်အခြေအနေက ခွင့်မပေးရင်လဲ အလုပ်ကထွက်ရမှာဆိုတော့ မျက်နှာပုတ်ပုတ်နဲ့ ပဲပိုင်ရှင်ကခွင့် ပြုပေးလိုက်တယ်။အလုပ်ရှင်ဘက်က စဉ်းစားကြည့်တော့လည်း မလွန်ဘူးဆိုတာလင်းရိပ်နားလည်ပါတယ်။၀န်ထမ်းသိပ်မများတဲ့သူတို့ဆိုင်မှာ ၀န်ထမ်းတစ်ယောက် လျော့သွားတော့ ဘယ်အဆင်ပြေပါ့မလဲ။ သူတို့ဘက်က အပြီးတိုင် အလုပ်ထုတ်ပစ်လိုက်မယ်ဆိုရင်လည်း လင်းရိပ်က ကျေနပ်လက်ခံပြီးသားပါ။ဒါပေမဲ့ လင်းရိပ်ရဲ့ အရောင်းမြှင့်တင်နိုင်စွမ်းအားကို သိနေတဲ့ အလုပ်ရှင်က လင်းရိပ်ကို အလုပ် မထုတ်ဘူး။ တစ်လစာငွေကြို ထုတ်ပေးလိုက်တယ်။
လင်းရိပ် သူ့မှာ ရှိသမျှ ငွေအားလုံးကို တွက်ချက်လိုက်တယ်။ဘဏ်မှာ စုထားတဲ့ငွေနဲ့အကောင့်ထဲရှိသမျှ ငွေရော ယုတ်စွအဆုံး ခေါင်းအုံးအောက်က ငွေပါမကျန် ပေါင်းလိုက်တော့ ဆယ်သိန်းကျော်ကျော်လောက်ရှိတယ်။ကြိုငွေ တစ်လစာနဲ့ဆို ဆေးရုံစရိတ်တော့ ကောင်းကောင်းရတယ်။ခက်တာက ခွဲစိတ်စရိတ်ပဲ။ခွဲစိတ်ဖို့ သိန်းလေးငါးဆယ်ရှိမှ ဖြစ်မှာ။ပြီးရင် အမေတို့ကို ဆေးရုံနဲ့ နီးနီးနားနားဖြစ်အောင် ရန်ကုန်မှာပဲ လင်းရိပ်ထားချင်တော့တာ။အိမ်ငှားခတွေကလဲ ခေါင်းခိုက် နေတာ။ပြီးတော့ အိမ်ငှားခကိုခြောက်လစာ တောင်းတဲ့ အိမ်တွေက ပိုများတယ်။ လင်းရိပ် အဆောင်ခက သုံးသောင်းခွဲ အဲ့ဒါကို ငွေထပ်ဖြည့်ပြီး အိမ်ငှားမယ်ဆိုရင်တော့ မြို့သစ်ဘက်လောက်တော့ ငှားဖို့အဆင်ပြေလောက်တယ်။ ဒါပေမဲ့ အလုပ်သွားအလုပ်ပြန်စရိတ်နဲ့ လင်းရိပ်ရဲ့လူမသိ သူမသိအလုပ်အတွက် အဆင်မပြေနိုင်တော့ဘူး။မတော်လို့ လင်းရိပ်လုပ်နေတာတွေကို အိမ်က ရိပ်စားမိသွားခဲ့ရင် လင်းရိပ် ရှေ့ဆက်မတွေးရဲတော့။တွေးကြည့်လိုက်တော့ လင်းရိပ် ယောက်ျားတန်မဲ့နေရာမှာတင် ချုံးပွဲချ ငိုချပစ်ချင်လိုက် တော့တယ်။ဘ၀က ချောင်ပိတ်အရိုက်ခံနေရသလိုပင် ။ ထွက်ပေါက်က ဘယ်ဆီမှာပါလဲ လင်းရိပ်မတွေးတောတတ်တော့ ။ ဒီဒုက္ခတွေကို လင်းရိပ် ဘယ်လို ကျော်လွှားရမလဲ။ သူ့ပခုံးပေါ်မှာ ပိနေတဲ့ မိသားစုတာဝန်တွေ။လူသားတစ်ယောက်ပီပီ လင်းရိပ် ဒါတွေကို ကျော်လွှားနိုင်အောင် ကြိုးစားရမှာပဲပေါ့။လင်းရိပ် အတွက်တော့ ဒုက္ခဆိုတာ ငယ်ပေါင်းကြီးဖော် အရိပ်တစ်ခုလို အမြဲလိုက်ပါနေတာပဲမဟုတ်ပါလား။ လင်းရိပ် ထူးပြီး တုန်လှုပ်မနေချင်တော့ပါ။
****
လင်းရိပ် လျှို့ဝှက်ဖုန်းကိုထုတ်ပြီး အလုပ်ရှာလိုက်တယ်။အရင်ဆို လင်းရိပ်က နေ့လည်နေ့ခင်း ဒီအလုပ်ကိုလုံးဝ လုပ်လေ့မရှိဘူး။ အခုတော့ နေ့ခင်း ရောညအတွက်ပါ နာရီပိုင်းနဲ့ အလုပ်ရှာလိုက်တယ်။ အားလပ်ချိန်မှာ အမေနဲ့ ညီမလေးရှိတဲ့ ဆေးရုံကို သွားရမယ်။ အချိန်ပြည့် အလုပ်လုပ်နေလို့ မဖြစ်ဘူး ။ အဲ့ဒါကြောင့် အလုပ်ကနေ နားလိုက်ရတာ။ တစ်ပတ် အတွင်းမှာ သိန်းလေးငါးဆယ် ရဖို့တော့ ဖြစ်နိုင်မှာမဟုတ်ပေမဲ့ လောလောဆယ် အမေတို့ကို မြို့သစ်ဘက်မှာ အိမ်ငှားနဲ့ ထား
ထားပြီး ဆေးရုံကို အမြဲမပြတ်သွားပြနေရင်း ခွဲစိတ်ဖို့ အချိန်ည်းနည်း ယူလိုက်ရင်တော့ ငွေများ ပြည်နိုင်မလားပေါ့။ညီလေးလည်း နယ်မှာ ကျောင်းတက်ရင်း ကလေးတွေကို စာပြပေးနေတာ အိမ်စရိတ် နည်းနည်းပါးပါးတော့ ရတယ်တဲ့။မကြာခင် ကျောင်းလည်း ပိတ်တော့မှာပဲမို့ အငယ်ကောင်ကို ရန်ကုန်မှာ အလုပ်သွင်းပေးလိုက်ရင် စားစရိတ်အတွက် အသက်ရှူပေါက်များရလေမလား တွေးလိုက်မိပြန်တယ်။ခက်တာက အငယ်ကောင်က ယောကျာ်ချင်းမို့ လင်းရိပ်ရဲ့ အလုပ်ကို များ ရိပ်မိသွားမလား တွေးပူရပြန်ရော။အစစအရာရာ တွေးတောရင်း လင်းရိပ် ခေါင်းတွေ ပူပြီး ခြောက်လာမိတယ်။လင်းရိပ် ရင်ထဲမှာ မွန်းကြပ်နေတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ချင်မိတယ်။ဒီလို အချိန်မှာ ပထမဆုံး ပြေးမြင်မိတာက ချစ်ရသူနှင်း ဆိုပေမဲ့ ချစ်သူကို အပူတွေ မကူးစက်စေလိုမိ။ လင်းရိပ် ချစ်ရသူအားလုံးကို ပျော်ရွှင်စရာတွေပဲ ခွဲဝေပေးချင်တာလေ။
******
လင်းရိပ်ရဲ့ စကားဆုံးတော့ နှင်းသီရိက ဘာမှပြန်မပြောဘဲ နှုတ်ဆိတ်နေတယ်။ ခဏကြာမှ ပင့်သက်ကိုချပြီး လင်းရိပ်ကို မေးလိုက်တယ်။
" ဒီလိုဆို မောင်မှာ ပိုက်ဆံရောရှိရဲ့လား "
နှင်းသီရိက မေးပြီး လင်းရိပ်မျက်နှာကို ငေးကြည့်နေမိတယ်။သေချာတာက လင်းရိပ်နဲ့ နှင်းသီရိရဲ့ အနာဂတ်ခရီးက ပိုပြီး ဝေးကွာသွားပြီး ဆိုတာကိုလည်း နှင်းသီရိ သိလိုက်တယ်။
" ရှိပါတယ် နှင်းရဲ့ ....အမေကိုခွဲစိတ်ပေးဖို့ စုထားတဲ့ ငွေရှိတယ် ...လောလောဆယ် အဲ့ဒီငွေနဲ့ပဲသုံးရမှာပေါ့ ....."
" အင်း ... တော်သေးတာပေါ့ "
"အဆင်ပြေရဲ့လား "လို့ နှင်းသီရိမမေးချင်။ မမေးမိပါလေတော့ ။ချစ်သူဘ၀မှာပင် ဒီလို ဒုက္ခတွေကို နှင်းသီရိ မခံစားချင်ပါ။ ဘ၀ကို လှလှပပ ပျော်ပျော်ရွှင်ရွှင်နဲ့ ပေါ့ပေါ့ပါးပါးလေးပဲ ဖြတ်သန်းချင်မိတာ နှင်းသီရိရဲ့ အပြစ်လား။
"ကဲပါ နှင်းရယ် ... နောက်ဆို နှင်းဆီကို မောင်သိပ်လာဖြစ်မှာ မဟုတ်လို့ လာပြောပြတာ ...မောင်တို့ မုန့်သွားစားရအောင်လေ "
" ဟုတ်ကဲ့ မကေဇင် ... တွေ့လို့ လာနှုတ်ဆက်တာပါ ...ကိုဘုန်းက အနီရင့် ဖုန်းဆက်တော့ အလုပ်မအားဘူးဆို ...ဘာလဲ မကေဇင်နဲ့ စျေးဝယ်ထွက်ရမှာမို့ မအားတာလား ...ဈေးဆက် ဝယ်ကြပါ ...အနီရင့် မနှောက်ယှက်ပါဘူး သွားတော့မယ်နော် "
ပြောပြီးတာနဲ့ အနီရင့် ချာခနဲ ကျောခိုင်းထွက်ခဲ့လိုက်တယ်။ တစ်ယောက်ကချစ်ရသူ။ တစ်ယောက်က အစ်မတစ်ဝမ်းကွဲ။အနီရင့် စိတ်ထဲ ဒေါသထွက်လွန်းတာမို့ အသားတွေပါ တဆတ်ဆတ် တုန်လာမိတယ်။
" နီ ခဏနေအုံး ... "
" ဘာလဲ ... ဘာလုပ်ဖို့ နေရမှာလဲ..."
မြတ်ဘုန်းက အနီရင့်နောက်ကို အပြေးတစ်ပိုင်းလိုက်လာရင်း အနီရင့်လက်ကို လှမ်းဆွဲပြီး ခေါ်လိုက်တယ်။ အနီရင့် ကလဲ စိတ်တိုနေတုန်းမို့ လက်ကိုဆတ်ခနဲ ဆောင့် ရုန်းလိုက်ပြီး အသံခပ်မာမာနဲ့ ပြန်ပြောလိုက်တယ်။ အနီရင့်ရဲ့ ပုံစံကိုကြည့်ပြီး မြတ်ဘုန်းလည်း ရုတ်တရက်တော့ အံ့သြကြောင် အသွားတယ်။
" နီ မင်းဘာဖြစ်နေတာလဲ "
" ဘာလဲ ..ဘာမှမဖြစ်ဘူး"
"ဘာမှ မဖြစ်ရင် မင်းရဲ့အစ်မကို ဘယ်လိုပြောသွားတာလဲ ... အသက်လဲ မငယ်တော့ဘူး ခုထိ ကလေးဆန်တုန်းလား "
မြတ်ဘုန်းစကားကြောင့် အနီရင့် မြတ်ဘုန်းကို စိတ်တိုတိုနဲ့ မော့ကြည့်လိုက်မိတယ်။
"ကလေး ဆန်တယ် ဟုတ်လား ... ဘယ်သူက ကလေးဆန်တာလဲ ...ကိုဘုန်းတို့သာ လူကြီး ဆန်ဆန် ပြုမူနေထိုင်သင့်ကြတာသိရဲ့လား "
" နီ မင်းစကားပြောပုံတွေ မဟုတ်သေးဘူး ...ကိုယ်စိတ်တိုလာပီ ... အေးပါ ...ကိုယ်မင်းနဲ့ စကားမများချင်ဘူး... မင်းဆီကို ညမှ ကိုလာခဲ့မယ် ... ခု ကေဇင့်ကိုလိုက် ပို့လိုက်အုံးမယ် ..."
ပြောပြီးတာနဲ့ ပြန်လှည့်ထွက်သွားတဲ့ ကိုဘုန်းကို ကြည့်ပြီး အနီရင့် ရင်ထဲစူးခနဲဖြစ်သွားပြီးအောင့််တက်လာတယ်။ကိုဘုန်းလုပ်သွားပုံက မယုံကြည်နိုင်လောက်အောင်ပါ ပင် ။ကျောခိုင်းထွက်သွားပြီး အနီရင့်ကို တစ်ချက်လေးတောင် လှည့်ကြည့်မသွားခဲ့။အနီရင့် အံကိုတင်းတင်းကြိတ်ပြီး ကျောခိုင်းထွက်ခဲ့လိုက်တယ်။
****
ခပ်သွက်သွက် ခြေလှမ်းတွေနဲ့ လျှောက်လာတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ် ဖျတ်ခနဲ အခြားဘက်ကို မျက်နှာလွှဲလိုက်တယ်။ခပ်စောစောက အနီရင့်တို့ အခြေအနေကို လင်းရိပ် အစအဆုံး မြင်လိုက်ရတာမို့ မသိချင်ယောင်ဆောင်လိုက်ရတာ။ အံကိုတင်းတင်းကြိတ်ထားပြီး ငိုတော့မယောင် သူမကို ကြည့်ပြီး လင်းရိပ် သနားသွားမိတယ်။ဟိုဘက်က လူကလဲ ထွက်သွားလိုက်တာ လှည့်တောင်ကြည့်မသွားဘူး။ လင်းရိပ်က သူမဘ၀ကို ပြည့်စုံသူတစ်ယောက်လို့ ထင်ခဲ့မိတာလေ။ ခုလိုမြင်လိုက်ရတော့ သူမအတွက် လင်းရိပ် အတော်လေး စိတ်မကောင်းဖြစ်သွားမိတယ်။
****
လင်းရိပ် ဆိုင်ထဲမှာ ပစ္စည်းသစ်တွေ နေရာချနေတုန်း ဖုန်းသံ မြည်လာတာမို့ ဖုန်းကို ယူကြည့်လိုက်တော့ အိမ်က ဆက်တဲ့ ဖုန်းဖြစ်နေတာမို့ ထုတ်ကိုင်လိုက်တယ်။
" ဟယ်လို့ ....အလတ်မ ပြောလေ...အမေသက်သာရဲ့လား "
လင်းရိပ်မေးလိုက်တော့ တစ်ဖက်က ညီမဖြစ်သူရဲ့ အသံက တိတ်သွားတာမို့ လင်းရိပ်ရင်ထဲ ထိတ်ခနဲခုန်လှုပ်သွားမိတယ်။
" အမေ့ကို ဆေးရုံတင်လိုက်ရတယ် အစ်ကို ... အလုပ်က ခွင့်ယူလို့ရရင် အစ်ကို ပြန်လာခဲ့ပါနော် ... ခုတလော အမေ အရမ်း မော မောနေတယ် .. ရန်ကုန် ဆေးရုံပြောင်းရမယ်လို့ပြောတယ် အစ်ကို .. ဘယ်လိုလုပ်ကြမ်မလဲဟင် ..."
လင်းရိပ် ဖုန်းကို ကိုင်ပြီး ဒူတွေ ညွှတ်ခနဲ ခွေကျ ချင်သလို ဖြစ်သွားမိတယ် ။
###############
အပိုင်း (၉) ဆက်ရန်
ဧကြည်ဖြူ
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်က နှင်းဆီ "
အပိုင်း (၈)
*******
"ကိုထက်က ချမ်းသာတယ် သဲရဲ့ ...မောင်က နှင်းကို ချစ်တာပဲရှိတာ ချမ်းသာဖို့နေနေသာသာ အိပိုင် တောင်ရှိတာမဟုတ်...မောင်နဲ့ လက်ထပ်ရင် နှုတ်ခမ်းပဲ့ချင်း မီးမှုတ်သလိုပဲဖြစ်မှာလေ "
နှင်းသီရိ အချစ်သူယေးချင်းကို ရင်ထဲရှိတာကို ပြောပြလိုက်တယ်။
"အဲ့ဒါတော့ ဟုတ်တယ် နှင်း ... အချစ်က အရေးမပါပါဘူးကွာ ... ကိုယ့်ဘ၀နောင်ရေး စိတ်ချရဖို့အဓိကပဲ ...သဲဆိုရင်လဲ ကိုထက်ကိုပဲ ရွေးမှာ..."
"နှင်းလဲ အဲ့လိုပဲ တွေးထားတယ် ... ကိုထက်က တရားဝင်လက်ထပ်ခွင့် တောင်းလာရင်တော့ မောင်နဲ့ လမ်းခွဲရမှာပေါ့ "
နှင်းသီရိနဲ့ သဲသဲတို့ စကားပြောနေကြတုန်း နှင်းသီရိ ဖုန်းက ထမြည်လာတာမို့ နှင်းသီရိက ကောက်ကိုင်လိုက်တယ်။
"ဟယ်လို "
" နှင်း ..ဒီရက်ပိုင်းဆိုင်မှာ အလုပ်များနေတာလား ... ဖုန်းခေါ်လို့လဲ မရဘူး...မောင့် ဆီလဲ ဖုန်းမဆက်ပါလား ..."
" အရောင်းတွေတက်ပြီး အချိန်ပိုတွေပါ ဆင်းနေရလို့ ပါမောင် ... ဒီကြာထဲ မာကတ်တင်း ဆင်းရရင် အပြန်ပါ နောက်ကျနေလို့လေ ... မတွေ့ရပေမဲ့ အချိန်ပြည့်မောင့််ကို သတိရနေတာပါ..."
နှင်းသီရိက အသံချိုချိုလေးနဲ့ ချွဲချွဲပျစ်ပျစ်လေး ပြောလိုက်တယ်။
" မောင်လဲ သတိရ နေတာပါကွာ ...ဒီပိတ်ရက်တွေ့ကြမယ်လေ ... ဒါနဲ့ ဒီလ ရော အိမ်ကိုပေးဖို့ ငွေပြည့်ရဲ့လား နှင်း ..."
လင်းရိပ်ရဲ့ အမေးကြောင့် နှင်းသီရိက နှုတ်ခမ်းကို ခပ်ဖွဖွလေး ကိုက်လိုက်ပြီး ပြန်ဖြေလိုက်တယ်။
" ပြည့်အောင် အသုံး စရိတ်လျှော့ရမှာပေါ့ မောင် ...ခုဆို လက်သည်းနီတွေ ကုန်နေတာတောင် ဝယ်ဖို့ စိတ်မကူးရဲသေးဘူး ...အစားအသောက်တန်းဘက်ဆို မရောက်ဖြစ်တာကြာပေါ့ ... ဒါပဲနော် မောင် ....ဆိုင်မှာ လူပါးမှ နှင်းပြန် ဆက်လိုက်မယ် ..."
လင်းရိပ်နဲ့ ဖုန်းပြောနေရင်း ကိုတ်ဆီက ဖုန်းဝင်လာတာမို့ နှင်းသီရိ လင်းရိပ်ဖုန်းကို ချလိုက်တယ်။
" ဟယ်လို ...ကိုထက် "
"နှင်းလေး ... ညနေ အလုပ်ဆင်းရင်း ကိုယ့်ကို စောင့်နေနော် ...ကိုယ်လာကြိုမယ် ....''
****
လင်းရိပ်မှာ ချစ်သူဆီမှ ဖုန်းချသွားတော့ ချစ်သူပြောတဲ့ စကားတွေကို ပြန်ကြားယောင်ပြီး စိတ်မကောင်း ဖြစ်သွားမိတယ်။ ဒီလထဲမှာ နှင်းအတွက်ရယ်လို့ လင်းရိပ် မယ်မယ်ရရ ဘာမှမလုပ်ပေးနိုင်ခဲ့တာကိုလည်း တွေးလိုက်မိ၏။ အျိန်ပြည့် အိမ့်အတွက်ပဲပူပင်ပြီး ချစ်သူကိုပင် ဂရုမစိုက်မိခဲ့။လင်းရိပ် သူ့မှာရှိတဲ့ငွေကို စိတ်မှန်းနဲ့ တွက်ကြည့်လိုက်တယ်။မိခင်ကြီး ခွဲစိတ်ဖို့အတွက် စုငွေရယ်၊အိမ်ကို ပေးဖို့စရိတ် ဖယ်လိုက်တော့ လင်းရိပ်အသုံးအတွက် အသုံးစရိတ် နည်းနည်းပါးပါး ကျန်တယ်။ မဖြစ်မနေ ဖိနပ်တစ်ရံနဲ့ အဝတ်တစ်စုံလောက်လည်း ဝယ်ရပေးလိမ့်မယ်။ညဘက် အလုပ်ရတဲ့အခါ လူပုံစံက မသားမနားဖြစ်နေရင် ဖောက်သည်တွေက သိပ်သဘောကျကြတာမဟုတ်ဘူး။ ဒါက သူတို့ အလွန်တော့လည်း မဟုတ်ဘူး ။ သူတို့လည်း ငွေရော ခန္ဓာကိုယ်ကိုပါရင်းပြီး စိတ်ဆန္ဒတွေကို ရဲဆေးတင်ပြီး ဖြည့်နေကြရတာမို့ အကောင်းဆုံးဆိုတာမျိုးကို လိုချင်လိမ့်မှာပင်။ဖောက်သည်
တွေ အမျိုးမျိုးအထွေထွေရှိကြပေမဲ့ အားလုံးကတော့ အပေါ်ယံ အလှအပနဲ့ ဝတ်စားဆင်ယင်ပုံကို အရင်ဆုံး ကြည့်ကြမြပင် ။
လင်းရိပ် အကောင့်ထဲက လက်ကျန်ငွေ တစ်ဝက်ကို ချစ်သူနှင်းရဲ့ အကောင့်ထဲကို လွှဲလိုက်တယ်။ သူ့ သုံးဖို့ အတွက်ကတော့ ဖောက်သည် တစ်ယောက်ထပ်ရှာရမှာပဲပေါ့ ။
****
ပလာဇာထဲမှာ အနီရင့် တစ်ယောက်တည်း ဟိုငေးဒီငေးနဲ့ လျှောက်လာခဲ့တယ်။ခုတလော အနီရင့် စာရေးဖို့လည်း စိတ်မပါ ဖြစ်နေသလို့ 'ဝယ်စရာလည်ရှိနေတာမို့ ဈေးဝယ်ထွက်လာခဲ့တာ။ကိုဘုန်းဆီဖုန်းဆက်တော့လည်း အလုပ်များ နေသတဲ့လေ။ဒီနေ့ စာအုပ်ဆိုင်လည်း သွားရမှာမို့ အနီရင့် တလက်စတည်း ထွက်လာခဲ့လိုက်တာ။
အနီရင့် ရှပ်အင်္ကျဆိုင်မှာ ရွေးနေရင်း ခပ်လှမ်းလှမ်းက အမျိုးသမီးဝတ် အင်္ကျီဆိုင်မှာ အဝတ်အစားရွေးနေတဲ့ စုံတွဲကို ကြည့်ပြီး ရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွားတယ်။နှစ်ယောက်လုံးရဲ့ ပြုံးရွှင်ရယ်မောနေတဲ့ ပုံကို ကြည့်ရတာ ကြည့်လိုက်တာနဲ့ ချစ်သူစုံတွဲတွေမှန်း သိသာလှတယ်။အနီရင့်ကတော့ သူတို့နှစ်ယောက်ကို ထိတ်လန့်တုန်လှုပ်စွာနဲ့ကြည့်နေမိတယ်။ပြီးတော့ အနီရင့်ရဲ့ ခြေထောက်တွေက သူတို့ရှိအကို အလိုလို လျှောက်လှမ်းသွားမိတယ်။
"ကိုဘုန်း ... မကေဇင် "
အနီရင့်ခေါ်လိုက်တော့ နှစ်ယောက်လုံး အထိတ်တလန့်နဲ့ အနီရင့်ကို လှမ်းကြည့်လာကြတယ်။ကိုဘုန်းမျက်နှာက ကွက်ခနဲပျက်ယွင်းသွားသလို မကေဇင်လည်း မျက်နှာ အကြီးအကျယ် ပျက်သွားတယ်။ ခဏကြာမှ ကိုဘုန်းက ဟန်မပျက်အောင် ထိန်းပြီး အနီရင့်ကို လှမ်းနှုတ်ဆက်တယ်။
" နီ ဈေးဝယ်လာတာလား ..."
"ဟုတ်ကဲ့ " အနီရင့် ယောင်ယောင်မှားမှားနဲ့ ခေါင်းငြိမ့်ပြလိုက်မိပြီး မကေဇင်ကို ကြည့်နေမိတယ်။မကေဇင် မျက်နှာက ခပ်တင်းတင်းပဲ ။အနီရင့်ကို တစ်ချက် မော့ကြည့်ပြီး ခပ်ဆတ်ဆတ် အသနဲ့ လှမ်းပြောတယ်။
" ကိုဘုန်း ကားနဲ့ လမ်းကြုံလိုက်လာတာ "
မြတ်ဘုန်းပြောလိုက်တော့ တစ်ဖက်က အနီရင့်ရဲ့အသံလေး တိတ်ဆိတ်သွားတာကို မြတ်ဘုန်း သတိထားလိုက်မိတယ်။ ဒါပေမဲ့လည်း မြတ်ဘုန်းမသိဟန်ဆောင်ပြီး ဖုန်းကိုချပစ်လိုက်တယ်။ နောက်မှ ချော့လိုက်ရင်လည်းရင်လည်း ရတာမို့ မြတ်ဘုန်း အထူးအထွေလုပ်မနေတော့။ တွဲလာတဲ့နှစ်သက်တမ်း ကြာလာပြီမို့ ချစ်သူရဲ့ အကျင့် စရိုက်အားလုံးကို မြတ်ဘုန်း သိနေပြီးသားပင်။အနီရင့်က စိတ်တိုစိတ်ကောက်လည်း ခဏတာပင်။ ပြီးရင် မုန့်လေးဘာလေးလိုက်ကျွေးပြီး ချော့လိုက်တ နဲ့ စိတ်ဆိုးပြေလွယ်သူမျိုးပင်။
********
ဖုန်းကို ခုံပေါ်ကို ပြန်တင်လိုက်ရင်း အနိုရင့် အံလေးကိုကြိတ်ထားမိတယ်။ကိုဘုန်းရဲ့စကားတွေ ကတိတွေ မတည်တော့မှန်း သိသိနဲ့ မျှော်နေခဲ့မိတာကိုကအနီရင့်ရဲ့အမှားပေပဲလား။ အခု အဖြစ်ကိုပဲ ကြည့်လေ။မလာဖြစ်ဘူးဆိုလဲ ဖုန်းမဆက်။ပြီးတော့ ညကပြသနာကိုလည်း ဖြေရှင်းရမှန်းမသိ။
အနီရင့်ပါးပြင်းပေါ် စီးကျလာတဲ့မျက်ရည်ပူတွေကို လက်ခုံနဲ့ သုက်ဖယ်လိုက်ပြီး ကြက်ဥပြုတ်အိုးကိုမီးပိတ်လိုက်တယ်။ကြက်ဥပြုတ်တွေကို ဆယ်ယူလိုက်ပြီး ကျန်တဲ့ ရေနွေးတွေကို ဘေစင်မှာ သွန်ပစ်ဖို့အတွက် ရေပိုက်ခေါင်းကို ဖွင့်ချလိုက်တယ်။ရေပိုက်ခေါင်းက ရေတွေ တဝေါဝေါကျလာတယ်။အနီရင့် လက်ထဲကိုင်ထားတဲ့ ကြက်ဥပြုတ်ထားတဲ့ အိုးကို ဘေစင်ပေါ်စောင်းချလိုက်တယ်။ ရေနွေးပူအချို့က ရေအေးတွေနဲ့အပြိုင်စီးကျသွားတယ်။ အနီရင့်မှာတော့ မမြင်ရ မြင်ရတဲ့ သတ္တဝါလေးတွေထိခိုက်မှာစိုးလို့ ရေနွေးပူလို ပူတဲ့အရာမှန်သမျှကို ဘယ်တော့မှ ပစ်စလက်ခတ်ပစ်လေ့ရှိတဲ့ လူမျိုး မဟုတ်ဘူး ။ ဒါပေမဲ့ အနီရင့်ချစ်ခင်ရတဲ့သူတွေကတော့ ဖခင်ဖြစ်သူအပါအဝင် အားလုံးက အနီရင့် ရင်ထဲကို ရေနွေးပူ အခါခါလောင်းကြတဲ့သူတွေချည်းပါဘဲ။
********
"ရေပိုက်ခေါင်းက ဈေးအစားစားရှိပါတယ်ခင်ဗျာ....ဆယ်သိန်းကျော်ကနေ သုံးသောင်းခွဲအထိရှိပါတယ်.... လူကြီးမင်းတို့ စိတ်တိုင်းကျ ရွေးချယ်လို့ရပါတယ် ..."
လင်းရိပ် ၀ယ်သူကို ရှင်းပြနေရပေမဲ့ စိတ်က ငွေအတွက်ပဲပူပင်နေမိတယ်။ဝယ်သူရှင်းတာနဲ့ မန်နေဂျာဆီက ကြိုငွေထုတ်ပေးဖို့ ပြောရန် သတ္တိမွေးနေမိတယ်။ ဒါပေမဲ့ ရဖို့မသေချာတာ လင်းရိပ်စိတ်က သိနေတယ်။ မန်နေဂျာက ရတယ် ထားအုံး သူဌေးက ခွင့်ပြုပေးအုံးမှလေ။ မဖြစ်မနေ ဆိုရင်တော့ မိခင်ကြီး ခွဲစိတ်ဖို့ စုထားတဲ့ စုငွေကိုပဲဖောက်ရတော့မယ့်အနေအထားပင်။ဒါပေမဲ့ ဒီငွေကိုတော့လင်းရိပ် မထိချင် ။မိခင်ကြီးခွဲစိတ်မူကို အချိန်အရမ်းကြာသွားမှာ စိုးကြောက်မိ၏။အခုမှ အသက်ငါးဆယ် စွန်းစ မိခင်ကို မဆုံးရှုံးချင်သလို လောကကြီးမှာ ပျော်ပျော်ရွှင်ရွှင်နေသွားစေချင်တာက လင်းရိပ်ရဲ့အကြီးမားဆုံးဆန္ဒပင်။
လင်းရိပ် ဘိုထိုင်အိမ် အိမ်သာအိုးတွေပြသထားသော နေရာတွင် ရပ်ပြီး ကျောပိုးအိတ်ထဲမှ လျှို့ဝှက် ဖုန်းလေးကို ထုတ်ယူလိုက်တယ်။ ညာအဖြစ်အပျက်ကြောင့် လင်းရိပ်ထိတ်ထိတ်လန့် တုန်လှုပ်နေတုန်း ဖြစ်ပေမဲ့ မဖြစ်မနေ ညအတွက် ဖောက်သည်ရှာဖို့ တွေးလိုက်တယ်။ လင်းရိပ် ကျောပိုးအိတ်ထဲကိုလက်နှိုက်ရင်း အတွင်းဘက်ထဲမှာ အထုပ်တစ်ထုပ်ကို စမ်းလိုက် မိတာမို့ ထုတ်ယူကြည့်လိုက်တယ်။ သူ့ကျောပိုးအိတ်ထဲမှာ စာအုပ်တွေကလွဲလို့ သူ့ဘာမှ မထည့်ခဲ့။လင်းရိပ် အထုပ်ကို နှိုက်ယူထုတ်ပြီး ကြည့်လိုက်တော့ မြင်လိုက်ရတဲ့ အရာကြောင့် ရင်တွေပင် ကဒိန်းဒိန်းဆောင့်ခုန်သွားတယ်။ငွေစက္ကူ တစ်ထပ်။ငွေစက္ကူထပ်ပေါ်မှာ စာရွက်ခေါက်လေးတစ်ရွက်အုပ်လို့။လင်းရိပ် စာရွက်ကို ဖြန့်ကြည့်လိုက်တယ်။
" ရှင် အသုံးလိုမှာစိုးလို့ ငွေထည့်ပေးလိုက်တယ်၊ ချေးတယ်လို့သဘောထားပါ။ ရှင် အဆင်ပြေတဲ့အချိန်မှ ပြန်ဆပ်ပါ......အနီရင့် '
စာဆုံးတော့ လင်းရိပ် ရင်ထဲ ဝမ်းသာလွန်း၍ တလှိုက်လှိုက်ဖြစ်လာမိတယ်။သူမက လင်းရိပ်ကို ထပ်မံပြီး ကယ်တင်လိုက်ပြန်ပါပြီ။
******
ခပ်ပြင်းပြင်း ရေမွှေးနံ့၊ မိတ်ကပ်နဲ့နဲ့နဲ့ သူ့စိတ်ထင် မသတီစရာ အနံ့တွေထွက်ချင်နေတဲ့ အခန်းကျဉ်းလေးထဲကနေထွက်ဖို့ လင်းရိပ်ပြင်ဆင်လိုက်တယ်။ မမခေါ် အန်တီမမကြီးက ပိုက်ဆံတစ်ထပ်ကို ဘုတ်ခနဲ အိပ်ရာပေါ်ပစ်ချပေးတယ်။ လင်းရိပ် ငွေထုပ်ကို ကောက်ယူလိုက်တယ်။ပြီးတော့ ဦးထုပ်ကို ခပ်ငိုက်ငိုက်ဖြစ်အောင် ဆောင်းလိုက်ပြီး အန်တီမမကမ်းပေးတဲ့လက်ကို လှမ်းဆွဲလိုက်ရတယ်။ ဒါက ပွဲပြီးတဲ့အခါ တည်းခိုးခန်း၀အထိ ဝန်ဆောင်မှုလို့ပဲ ခေါ်ရမလား။ပိတ်ထားတဲ့ အခန်းတွေကို ကျော်ဖြတ်ပြီး လျှောက်လာခဲ့ ကြတယ်။
****
အပိုင်း (၈ )ဆက်ရန်
ဧကြည်ဖြူ
" အဖေ့ရဲ့ နောက်မိန်းမက နိုင်ငံခြားသူလေ...ကျွန်မက အဖေဆီလိုက်သွားပြီး ဘာလုပ်ရမလဲ .. ပြီးတော့ ထမင်းစားတာက အစ သူများမျက်နှာကိုကြည့်ပြီးစားရတဲ့ ဘ၀မျိုးကို မနေချင်တော့ဘူး...အဲ့ဒါကြောင့် ဘွဲ့ရပြီးတာနဲ့ ကျွန်မအဖေဆီက ရတဲ့ငွေနဲ့ စာအုပ်ဆိုလေးဖွင့်ခဲ့တယ်။ပြီးတော့ ဆိုင်ကို အရောင်းစာရေးမလေးတွေ ဆီးအပ်ထားလိုက်ပြီး ကျွန်မကတော့ စာပဲရေးတယ်...တစ်ယောက်တည်း နေရတဲ့ ကျွန်မအတွက် စာအုပ်တွေက အဖော်ပဲ ... ကျွန်မ ဖြစ်ချင်တဲ့ဘ၀တွေ ...ပြီးတော့ မြင်နေရတဲ့ ဘတ်တွကို စာလုံးတွေနဲ့ ပုံဖော်တယ်...ဒါကို ကျွန်မချစ်သူက သဘောမကျဘူးလေ...
သူမက ပြောရင်း သက်ပြင်းချိလိုက်တယ်။ပြီးတော့ လင်းရိပ်ကို ဆက်မေးတယ်။
"ရှင့်မှာ ရော ချစ်သူရှိလား "
လင်းရိပ် ခေါင်းကို ဆတ်ခနဲ ငြိမ့်ပြလိုက်တယ်။
"ဒါနဲ့ ရှင့် အသက်ကရော ကျွန်မက နောက်သုံးလဆို နှစ်ဆယ့်ခွန် ပြည့်ပြီလေ ..."
" ကျွန်တော်က နောက်လ ပြည့်မှာ "
" ဟုတ်လား ....ဒါဆို ကျွန်မတို့ အသက်တူတူပဲပေါ့ ..."
******
လင်းရိပ် အိပ်ရာကလန့်နိုးနိုးခြင်းနာရီကိုကြည့်လိုက်တော့ မနက်လေးနာရီကျော်နေပြီ။ လင်းရိပ် ကမန်းကတန်းထလိုက်ပြီး ပြန်ဖို့ ပြင်တယ်။သူမကို ထိုင်နေကျ စာရေးစာပွဲခုံမှာ မတွေ့ ရဘူး။ ဒီညတော့ သူမလည်း အိပ်သွားပုံရတယ်။ ညက သူမနဲ့ လင်းရိပ် စကားတွေပြောဖြစ်ကြတယ်။ သူမဘ၀အကြောင်း တစ်စွန်းတစ် စရယ် ၊ စာအုပ်တွေ ၊ ရုပ်ရှင်ဇာတ်ကား အကြောင်းတွေကိုပဲ ပြောဖြစ်ကြတာ။ သူမက အရင်တစ်ခါလို လင်းရိပ် အကြောင်းကို ဇွတ်မမေးတဲ့ လင်းရိပ် စိတ်ထဲကနေ ကျေးဇူးတင်လိုက်မိတယ်။ပြီးတော့ လင်းရိပ်ကို ပိုက်ဆံတစ်ထပ်ထုတ်ပေးသေးတယ်။ လင်းရိပ်ငြင်းလိုက်မိတယ်။အမေ့အတွက် ဆေးဝယ်ဖို့ ငွေလိုတာမှန်ပေမဲ့ ဒီနေ့မှာ သူမက လင်းရိပ်ရံ့ကျေးဇူးရှင် တစ်ယောက်မဟုတ်လား။
လင်းရိပ် ခြေသံကို ခပ်ဖွဖွနင်းပြီး တိုက်ခန်းတံခါးကို ဖွင့်လိုက်တယ်။ သူနဲ့ ဒိတ်တဲ့သူမှန်သမျှ ဟော်တယ်၊တည်းခိုခန်းကို မချိန်းဘဲ အိမ်ကို ချိန်းတဲ့သူဆိုရင် လင်းရိပ် ရေထသောက်တာက အစ ပြန်တဲ့ အချိန်အထိ မယုံသင်္ကာ အကြည့်တွေ နဲ့ အမြဲစောင့်ကြည့်နေခဲ့ကြတာ။ သူမကို ကြည့်ရတာတော့ တကယ့်ကို အပူအပင်ကင်းကင်းပါပင် ။
****
ဒေါ် ကေသီ တစ်ယောက် မနက်လင်းခါနီးမှ ပြန်လာတဲ့ သားတော်မောင်ကို ကြည့်ပြီး ခေါင်းကို ခါယမ်းလိုက်မိတယ်။မိုးမလင်းခင်ပြန်လာတာဆိုတော့ အနီရင့်ရဲ့တိုက်ခန်းမှာ သွားအိပ်တာမဟုတ်မှန်း ဒေါ်ကေသီသိလိုက်တယ်။ အနီရင့်ရဲ့ တိုက်ခန်းမှာ သွားအိပ်တဲ့နေ့ဆိုရင် မနက်စာမုန့်တွေ ဘာတွေစားပြီးမှ ပြန်လာတတ်တာလေ။ဒေါ်ကေသီ သက်ပြင်းချလိုက်မိပြီး မီးဖိုခန်းဘက်ကို ဝင်ခဲ့လိုက်တယ်။
******
မြတ်ဘုန်းအိမ်ရောက်တာနဲ့ ရေမိုးချိုးအ၀တ်အစားလဲပြီးတော့ အောက်ထပ်ကို ပြန်ဆင်းလာခဲ့တယ်။
အောက်ထပ် ရောက်တော့ မိခင်ကြီးက ကော်ဖီနဲ့မုန့်ပြင်ထားတာကို တွေ့လိုက်ရတယ်။
"သား မုန့်စားပြီး ပြန်အိပ်မှာလား....အပြင်သွားတော့မှာလား "
မိခင်ဖြစ်သူ ဒေါ်ကေသီက မေးလိုက်တော့ မြတ်ဘုန်းခေါင်းကို ငြိမ့်ပြလိုက် ငြီး
"မအိပ်တော့ဘူး အမေ...ဒီနေ့ဆိုင်မှာ ပစ္စည်း အသစ်တွေရောက်မှာမို့ ... စာရင်း ခဏလုပ်ပြီးတာနဲ့ ဆိုင်ကို သွားတော့မှာ "
" သား အမေ မင်းကို ပြောစရာရှိတယ် ... မနက်စောစောစီးစီး မပြောချင်ပေမဲ့ ညနေပိုင်းဆို မင်းအဖေက လစ်တာမဟုတ်ဘူးလေ "
" ဟုတ်ကဲ့ အမေ ပြောလေ..."
" သားနဲ့ အနီရင့်ကိစ္စကို ဘယ်လိုစီစဉ်ထားလဲ ... သား အနီရင့်ကို လက်ထပ်မှာလား ...ဒါမှမဟုတ် အမေတို့ သဘောကျပေးစားတဲ့သူကို ယူမှာလား "
"အမေကလဲ ရှေးဆန်လိုက်တာ " မြတ်ဘုန်း မိခင်ဖြစ်သူကို ပြောရင်း ကေဇင်ကျော်ရဲ့ ပုံစံကို မျက်စိထဲမြင်ယောင်လိုက်မိတယ်။ချစ်သူအနီရင့်နဲ့ ကေဇင်ကျော်တို့က ညီမတစ်ဝမ်းကွဲ ဆိုပေမဲ့ ခန္ဓာကိုယ်အနေအထားနဲ့ ဝတ်ပုံစားပုံက အစကွာခြားကြတယ်။ အနီရင့်ကသေးသေးလုံးလုံး မျက်နှာဝိုင်းလေးနဲ့ မလိုက်ဖက်အောင် အမြဲလိုလို ရှပ်အင်္ကျီ တဖားဖားနဲ့နေတတ်ပေမဲ့ ကေဇင်ကျော်ကတော့ လုံးကြီးပေါက်လှအနေအထားမျိုးလို့ ဆိုရလေမလား။အသက်အရွယ်ရလာလေလေ မြန်မာဆန်ဆန်ဝတ်စုံတွေနဲ့ ကြည့်ကောင်းလာတာကတော့ အမှန်ပင်။ဟိုအရင်တုန်းက မြတ်ဘုန်း ကေဇင်ကျော်ကို လုံးဝစိတ်မ၀င်စားမိတာတော့ အမှန်။အခုနှစ်ပိုင်းမှ မိခင်ဖြစ်သူပြောလွန်းလို့သတိထားမိလာခြင်းပင်။ဒါပေမဲ့ ငယ်စဉ်ကတည်းက ချစ်ခဲ့ရတဲ့ ချစ်သူကို စွန့်လွှတ်ပြီး ချစ်သူရဲ့ အစ်မတစ်ဝမ်းကွဲကို လက်ထပ်ဖို့အထိ တော့ မြတ်ဘုန်းမတွေးမိသေး။ဘ၀ကို ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နဲ့ပဲ ဖြတ်သန်းချင်သေးတယ်။ မြတ်ဘုန်း ထမင်းစားနေတုန်း ဖုန်းဝင်လာတာမို့ ဖုန်းကို ကောက်ယူလိုက်ပြီး ထမင်းစားခန်းအပြင်ဘက်ကို ထွက်ခဲ့လိုက်တယ်။
" ဟယ်လို နိုးနေပြီလား ... ကိုယ်လည်းခုပဲ ဖုန်းဆက်မလို့လေ ... နီ အိပ်နေမှာစိုးလို့ မဆက်တာ ...ကိုယ် ညနေမှ လာခဲ့တော့မယ်နော်...ဒီနေ့ဆိုင်ကို ပစ္စည်းအသစ်တွေ ရောက်မှာမလို့ လေ "
ဧကြည်ဖြူ
"ရင်ဘတ်ပေါ်ကနှင်းဆီ "
အပိုင်း ( ၇ )
*******
"ဟယ်လို "
အနီရင့် ဖုန်းကို ကိုင်ပြီး ခပ်ဆတ်ဆတ် အသံနဲ့ ထူးလိုက်မိတယ်။
"နီ မင်းဖုန်းဆက်တာလား... ကိုယ်က သူငယ်ချင်းတွေနဲ့ အပြင်ရောက်နေတာ...ခုန ကိုယ့်သူငယ်ချင်းဖုန်းကိုင်တာကို ချပစ်လိုက်တယ်ဆို စိတ်တိုနေတာလား ..."
"မဟုတ်ပါဘူး "
"ဆောရီးပါကွာ ...ဒီည သူငယ်ချင်းတစ်ယောက်ရဲ့ ပွဲလေးရှိလို့ပါ...ပွဲက အပြန် နီ.ဆီဝင်ခဲ့မယ်လေ"
ကိုဘုန်းရဲ့ စကားကြောင့် အနီရင့် မဲ့ပြုံးတစ်ချက်ပြုံးလိုက်မိတယ်။ ပွဲတဲ့ ။ ဘာပွဲလဲ အချစ်ပွဲလားလို့ စိတ်ထဲကပဲ မေးလိုက်မိတယ်။ရုံး ရိုးသားသားပွဲဆိုရင် အနီရင့်ကို ဘာလို့ မခေါ်နိုင်ရတာလဲ။ အဲ့ဒီလိုပွဲတွေကိုခေါ် ဖို့အတွက် အနီရင့်က အရေးမပါဘူးလား။
"ဟင့်အင်း ... မလာပါနဲ့ ...သတိရလို့ဆက်ကြည့်လိုက်တာပါ...ဒီညဝတ္ထုကို အဆုံးသတ်ရေးရမှာမို့ နောက်ရက်မှ လာခဲ့လို့ရပါတယ်"
"ဒါဆို ...အိုကေလေ
... မနက်မှ စောစော လာခဲ့မယ် ...''
အနီရင့်လက်ထဲကဖုန်းကို ချလိုက်ပြီး သူ့ကို ကြည့်လိုက်တယ်။ တုန်တုန်ရီရီပုံစံနဲ့ အနီရင့်ကို ကြည့်နေတဲ့ သူ့ကို မြင်တော့ အနီရင့် အတော်လေးစိတ်မကောင်းဖြစ်သွားမိတယ်။သူမထိုင်ရာက ဖျတ်ခနဲ ထလိုက်ပြီး မီဖိုးခန်းဘက်ကို ဝင်ခဲ့လိုက်တယ်။ပြီးတော့ ပန်းကန်လုံးတစ်လုံးကိုယူပြီ ရေခဲသေတ္တာထဲက ရေခဲတုံးလေးတွေကို ယူထည့်လိုက်ပြီး အိမ်ရှေ့ကို ပြန်ထွက်ခဲ့လိုက်တယ်။မျက်နှာသုတ်ပဝါ တစ်ထည်ကိုပါယူပြီး သူ့အနားကို လျှောက်သွားလိုက်တယ်။
"ဒီမှာ ...ရှင့်မျက်နှာကို ရေခဲနည်းနည်းကပ်လိုက်ပါလား..."
လင်းရိပ် သူမကို မော့ကြည့်လိုက်မိတယ်။သူမပုံစံက အရင်တစ်ခေါက်ကနဲ့ ခြားနားလှစွာ မျက်နှာက နုညံ့ညင်သာနေတယ်။ ဒါပေမဲ့ သူမရဲ့မျက်နှာပေါ်က ဝမ်းနည်းကြေကွဲရိပ်တွေကို မြင်နေရတယ်။
"ရှင် အဆင်ပြေရဲ့လား...ကျွန်မကူညီပေးရမလား "
အနီရင့် ပြောပြောဆိုဆိုနဲ့ ခုံမှာဝင်ထိုင်လိုက်တယ်။ပြီးတော့ ရေခဲတုံးလေးတွေထည့်ထုပ်ထားတဲ့ ရေခဲဝတ်ကို ယူလိုက်ပြီး လင်းရိပ်မျက်နှာပေါ်က ဒဏ်ရာတွေကို ရေခဲအုပ်ပေးလိုက်တယ်။
"ရှင့် နာမည် ဘယ်လိုခေါ်လဲ...ကျွန်မနာမည်က အနီရင့်ပါ...ရှင်နဲ့ ကျွန်မ မိတ်ဆွေဖွဲ့ကြမလား "
သူမရဲ့ စကားကြောင့် လင်းရိပ်သူမမျက်နှာကို ကြည့်လိုက်မိတယ်။အနီးကပ် မြင်နေရတဲ့သူမရဲ့ မျက်လုံးတွေထဲမှာ ရှိသားတဲ့အရိပ်အယောင် တွေကို လင်းရိမမြင်လိုက်ရတယ်။ ဒါက လင်းရိပ် ဘဝမှာ ရှားရှားပါးပါး ကြုံတွေ့ရတာပဲ။ လင်းရိပ်အကြောင်းကိုသိတဲ့သူတွေ မှန်သမျှ လင်းရိပ် သူတို့ အိပ်ခန်းထဲက ထွက်သွားပြီဆိုတာနဲ့ လင်းရိပ်ကို ရှောင်ဖယ်သွားကြတာချည်းပင်။သူမကတော့ ထူးထူးဆန်းဆန်းတွေကို လုပ်တတ်ပြောတတ်သောသူမျိုး ဖြစ်လေမလား။
"ကျွန်တော့် နာမည် လင်းရိပ် .... ကျွန်တော်နဲ့တော့ မခင်ချင်ပါနဲ့ ...ကျွန်တော်က ကောင်းတဲ့ကောင်မှ မဟုတ်တာ ..."
လင်းရိပ် သူမရဲ့ မျက်နှာကနေ အကြည့်ကို လွှဲပြီး ပြောလိုက်တယ်။
" လူကောင်းယောင်ဆောင်ပြီး နောက်ကွယ်မှာ ယုတ်မာနေတဲ့သူတွေထက် ရှင်က အဆပေါင်းများစွာ သာပါတယ်..ကျွန်မတို့ တယောက်နဲ့တစ်ယောက် ကူညီရိုင်းပင်းကြရင်းရိုးရိုးသားသား မိတ်ဆွေဖွဲ့ကြတာပေါ့..."
သူမရဲ့ စကားကြောင့် လင်းရိပ်ပြုံးလိုက်မိတယ်။မိသားစုနဲ့ ချစ်သူက လွဲလို့ မိန်းမတွေကို ငွေတွင်းလို့ပဲ မြင်မိတဲ့ သူလိုလူကို မိတ်ဆွေ ဖွဲ့ချင်နေတဲ့ သူမကို သူတကယ် ခင်မင်နိုင်ရဲ့လား လင်းရိပ်တွေးကြည့်လိုက်မိတယ်။
"ကျွန်တော် ပြန်တော့မယ် ..."
လင်းရိပ် ကျောပိုးအိတ်လေးကိုလွယ်ပြီးပြန်ဖို့ ပြင်လိုက်တော့ အနီရင့် လင်းရိပ်ရဲ့ မျက်နှာကို ငေးကြည့်တယ်။ပြီးတော့ ခပ်တိုးတိုး မေးလိုက်တယ်တယ်။
"ကျွန်မ ဒီည ရှင်နဲ့ ဒိတ်ချင်လို့ မရဘူးလား "
"ဗျား "
လင်းရိပ် အလန့်တကြားနဲ့ အနီရင့်ကိုကြည့်လိုက်မိတယ်။ လင်းရိပ်ရဲ့ အကြည့်ကြောင့် အနီရင့်ရှက်ရွံ့သွားမိပြီး လင်းရိပ်ကို ခပ်ဆတ်ဆတ် လေးပြန် အော်လိုက်မိတယ်။
" ကျွန်မက ရိုးရိုးသားသား စကားပြောရအောင်ပြောတာ ...ဒီနေ့ ကျွန်မမှာ စိတ်ညစ်စရာရှိနေလို့ "
လင်းရိပ် လှမ်းလက်စ ခြေလှမ်းတွေကို ရပ်တန့်ပြီး ဆိုဖာမှာ ပြန်ထိုင်လိုက်မိတယ်။ သူ့ကို ကယ်ထုတ်လာပေးတဲ့သူမကို အကြွေး ပြန်ဆပ်တဲ့အနေနဲ့ ဒီနေ့ည အဖော်ပြု ပေးဖို့လင်းရိပ်ဆုံးဖြတ်လိုက်တယ်။
" ရှင် ဘာစားပြီးပြီးလဲ ... အိမ်မှာ ထမင်း တော့မရှိဘူး .... အသင့်စားမုန်တွေတော့ ရှိတယ် ရှင်ဗိုက်ဆာရင် စားလို့ရတယ်နော် "
******
သူမစကားဆုံးသွားတော့ လင်းရိပ် သူမမျက်နှာကိုငေးကြည့်နေမိတယ်။ဒီမိန်းခလေး မိဘတွေနဲ့ စောစောစီးစီးခွဲ ခွါပြီး သတ္တိတွေ အပြည့်ရှိနေတာကို စိတ်ထဲကနေ အံ့သြချီးကျူးလိုက်မိတယ်။
" မင်းဘာလို့ မင်းအဖေဆီလိုက် မသွားတာလဲ "
လင်းရိပ်မေးလိုက်တော့ သူမဖျတ်ခနဲ မော့ကြည့်လာတယ်။ သူမရဲ့ မျက်၀န်းမှာ မျက်ရည်စအချို့ကို လင်းရိပ်တွေ့လိုက်ရတယ်။
