es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Ir al canal en Telegram
1 030
Suscriptores
Sin datos24 horas
Sin datos7 días
-1130 días
Archivo de publicaciones
" လင်းသန့် ... မင်း ဘာတွေ လုပ်နေတာလဲ " လင်းရိပ်က မြေပြပေါ်မှာ ကုန်းကုန်းကွကွနဲ့ ဟိုကြည့် ဒီကြည့်လုပ်နေတဲ့ သုံးနှစ်ကျော်အရွယ်သားဖြစ်သူ လင်းသန့် ကို မေးလိုက်တယ်။ "မမ ပိုက်ချံ ပျောက်သွားတယ်ဆိုလို့ သားက ရှာပေးနေတာ ... ဖေဖေလဲ ကူရှာပေးနော် " လင်းသန့်လေးက ခပ်လှမ်းလှမ်းမှာ ငိုမဲ့မဲ့ မျက်နှာလေးနဲ့ငုတ်တုတ်ထိုင်နေတဲ့ ဆယ်နှစ်အရွယ် ကလေးမလေးကို လက်ညှိုးထိုး ပြပြီး ပြောတယ်။ လင်းရိပ်လည်း သားငယ်ရဲ့ စကားကြောင့် မြေပြင်ပေါ်ဟို ဒီလိုက်ကြည်နေမိပြီးမှ အိမ်ဘက်ကို မသိမသာ လှမ်းကြည်လိုက်တော့အိမ်ဝမှာ အံလေးကြိတ်ပြီး လက်သီးဆုပ်ပြနေတဲ့ ချစ်ဇနီးလေးကို တွေ့လိုက်ရတာမို့ သားငယ်ကို အမြန် ပွေ့ချီလိုက်ပြီး "ဟေ့ကောင်ရေ ...ဟိုမှာ မင်းအမေ ကြည့်နေတယ်ဟ ...လာ... လာ အဖေတို့ သွားကြစို့... အိမ်ထဲမှာပဲ ဘွားဘွားရယ်..တီတီတို့နဲ့ဆော့ရအောင်နော် သားလေး " လင်းရိပ်နဲ့ လင်းသန့်တို့ နှစ်ယောက်သား လက်တွဲကာခြံထဲကို ဝင်လာခဲ့ကြပြီး အနီရင့်နားကိုရောက်တော့ သားအဖနှစ်ယောက်လုံး ရယ်ကျဲကျဲ မျက်နှာလေးတွေနဲ့ အနီရင့်ကို ပြေးဖက်လိုက်ကြတယ်။ အနီရင့်က သားအဖနှစ်ယောက်လုံးကို အလေးကြိတ်ကာလက်သီးဆုပ်ပြလိုက်ပြီး ဆူလိုက်တယ်။ " ဟွန်း ...သားအဖနှစ်ယောက်လုံး သတိထားနေနော် " The end ==================== ဧကြည်ဖြူ အစမှ အဆုံးထိတိုင် စိတ်ရှည်လက်ရှည်နဲ့ သည်းခံဖတ်ရှုပေးခဲ့ကြတဲ့ စာချစ်သူများကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ စာမူ အရေးအသာလိုအပ်ချက်များ၊ အမှားအယွင်းများအတွက်လည်း တောင်းပန်ပါတယ်ရှင်။ နောင်လည်း အသစ်အသစ်တွေကို ကြိုးစားရေးသွားပါအုံးမယ်။ *"ရင်ဘတ်ပေါ်က နှင်းဆီ " စာမူသည် ကျွန်မ ဧကြည်ဖြူ၏ ကိုယ်တိုင်ရေးသားထားသော စာမူ ဖြစ်ပါသည်။စာရေးသူ၏အမည်ကို ပြောင်းလဲသုံးစွဲခွင့်မပြုပါ *

တွေ့ခွင့်ရလိမ့်မယ်လို့ လင်းရိပ် ယုံကြည်နေမိပြန်တယ်။ "မင်းသမီး ရောက်လာပြီ " တစ်ယောက်ယောက်ရဲ့ ပြောလိုက်သံနဲ့အတူ လူတွေက ဝုန်းခနဲ ဝင်းပေါက်လျှောက်လှမ်းနားကို စုပြုံရောက်သွားတယ်။ ဒီအခါလင်းရိပ်မှာ လူကြားထဲညှပ်ပါသွားပြီး မင်းသမီးရှေ့ကို အလိုလို ရောက်သွားရတယ်။ ဒီအချိန်မှာ မင်းသမီးကိုကျော်ပြီး လင်းရိပ် မြင်လိုက်ရတာက မပြောင်းလဲတဲ့ဆင်ယင်ထုံးဖွဲ့မှုတွေနဲ့ အလှကြီးလှနေတဲ့သူမ ။သခွါးရောင်ရှပ်လက်ရှည်နဲ့ စတိုင်ပန်ဘောင်းဘီ အနက်ကိုတွဲဝတ်ထားပြီး ခါးလယ်ကျော်ကျော်လောက်ရှိနေပြီဖြစ်တဲ့ လှိုင်းတွန့် ဆံပင်ရှည်ကြီးတွေကို ဖြန့်ချထားတဲ့ပုံက အားလုံးထဲမှာ ထင်းပြီး သူမက အလှဆုံးမင်းသမီးလေးလို့ လင်းရိပ်ထင်လိုက်မိတယ်။ "ဒီမှာ ...ပန်းစည်းက တို့ကို ပေးဖို့ မဟုတ်လား ပေးလေ" လင်းရိပ်မှာ အနီရင့်ကို သတိလက်လွတ် ငေးကြည့်နေမိရင်း ကိုယ့်ရှေ့မှာ ဘာတွေဖြစ်နေလဲဆိုတာတောင် မမြင်နိုင်တော့အဖြစ်ပါ။တကယ်တော့ လင်းရိပ်မှာ လူတွေ တိုးလိုက်တာကြောင့် မင်းသမီးနဲ့ အနီးကပ်ဆုံးမျက်နှာချင်းဆိုင် အနေအထားနဲ့ရပ်နေမိပြီး ပန်းစည်းကြီးလည်း ကိုင်ထားတာဆိုတော့ မင်းသမီးက သူ့ကို ပန်းစည်းပေးတယ်ထင်ပြီး လက်ကမ်းနေတာ ။လင်းရိပ်မှာ ဒါကို မသိမမြင်နိုင်ဘဲ အနီရင့်ဆီကိုပဲစိတ်က ရောက်နေလေတော့ ရှေ့တည့်တည့် ကမင်းသမီးရဲ့အသံကိုကြားမှ သတိပြန်ဝင်လာမိတယ်။ မင်းသမီးကလည်း သူ့ရှေ့တည့်တည့်မှာ ပန်းစည်းကြီးကိုင်ပြီး ရပ်ငေးနေတဲ့ ကိုလူချောလင်းရိပ်ကိုကြည့်ပြီး ပန်းစည်းကိုယူရန် လက်ကမ်းပေးလိုက်တယ်။ လင်းရိပ်မှာလည်း သတိ၀င်လာပြီး ပန်းစည်းလည်းမပေးချင် ။ မပေးရင်လည်း မင်းသမီး ရှက်သွားမှာကို တွေးပူပြီး ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေမိတယ်။ အနီရင့်မှာ ရုပ်ရှင်အဖွဲ့ထဲက ရင်းနှီးနေတဲ့ အရန်သရုပ်ဆောင်တစ်ယောက်နဲ့ အတူတူ လျှောက်လမ်းအတိုင်းဝင်လာခဲ့ရင်း လူအုပ်ကြားထဲမှာ ရောင်စုံနှင်းဆီပန်းစည်းကို ကိုင်ပြီး ရပ်နေတဲ့လင်းရိပ်ကို မြင်လိုက်ရချိန်မှာ ရင်ခုန်သံတွေ မြန်မြန်ဆန်ဆန်လှုပ်ရှားလာသလို ခြေဖျားလက်ဖျား တွေပါ အေးစက်လာတယ်။အနီရင့်တွေ့သလို လင်းရိပ်ကလဲ တွေ့ပုံရတယ်။ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ငေးကြည့် နေမိကြပြီး တစ်ယောက်ရဲ့အတွင်း စိတ်ကိုပါ တစ်ယောက်ကသိမြင်လိုက်သလို ခံစားလိုက်ကြရတယ်။ ဒီလို တစ်ယောက်ကို တစ်ယောက်ငေးကြည့်နေမိကြတုန်းမှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ မင်းသမီးနဲ့လင်းရိပ်ရဲ့အခြေအနေကို အနီရင့် လှမ်းမြင်လိုက်ရတယ်။ လင်းရိပ်က သူ့လက်ထဲက နှင်းဆီပန်းစည်းကို ကိုင်ပြီး အနီရင့်ကို လှမ်းကြည့်လိုက် မင်းသမီးကို အားနာပြောမထွက်ဟန်နဲ့ ကြည့်လိုက်ဖြစ်နေတာကို အနီရင့်တွေ့လိုက်ရတော့ အခြေအနေကို သဘောပေါက်သလို ရှိသွားတယ်။ပြီးတော့ အနီရင့် စိတ်ထဲမှာ အူကို မိသ လိုဖြစ်သွားပြီး ရုတ်တရက် လင်းရိပ်ကို လှမ်းကြည့်လိုက်ပြီး အံလေးကြိတ်ပြီး လက်သီးကိုဆုပ်ပြလိုက်မိတယ် ။လူအများကြားထဲမှာမို့ အနီရင့်ရဲ့ အပြုအမူကို လင်းရိပ်ကလွဲပြီး ဘယ်သူမှ သတိမထားမိလိုက်ကြဘူး။ လင်းရိပ်မှာ အနီရင့်က သူ့ကို လှမ်းကြည့်နေရင်းက အံကြိတ်ပြီး လက်သီးလေးဆုပ်ပြတာကို မြင်လိုက်ရတော့ မင်းသမီးကို ခေါင်းလေးငုံ့ ခါးလေးညွှတ်ပြီး " ဆောရီး " လို့ တစ်ခွန်းပဲပြောပြီး လူတွေကြား တွန်းတိုက်ပြီး အနီရင့်ဆီကို အပြေးအလွှားလျှောက်သွားလိုက်မိတယ်။ လင်းရိပ်နဲ့ အနီရင့်တို့ နှစ်ယောက်သား မျက်နာချင်းဆိုင်မိတဲ့အချိန်မှာ တစ်ယောက်ကို တစ်ယောက် မမှိတ်မသုန် စိုက်ကြည့်နေမိကြတယ်။ "နေကောင်းလား " လင်းရိပ်ကစတင်ပြီး ခပ်တိုးတိုးမေးလိုက်တယ်။ "အင်း ... ပန်းစည်းက ဘယ်သူ့အတွက်လဲ " အနီရင့်က ခေါင်းလေးငုံ့ပြီး တစ်ခွန်းပဲ ပြန်မေးလိုက်တယ်။ "မင်းအတွက်ပေါ့ ..." လင်းရိပ်က ပန်းစည်းကို အနီရင့်လက်ထဲကို ထည့်ပေးလိုက်ပြီး တိုးတိုးလေးပြန်ဖြေလိုက်တယ်။ "တော်သေးတာပေါ့ ... ပန်းစည်းလေး အန္တရာယ်ကင်းကင်းနဲ့ရောက်လာလို့ " အနီရင့်က လင်းရိပ်ကို မျက်စောင်းလေးထိုးပြီးပြန်ပြောလိုက်တယ်။ ******** "ဘယ်သွားမှာလဲ ဟင် " ရုပ်ရှင်ပွဲကအပြန်မှာ လင်းရိပ်က အနီရင့်လက်ကို မလွှတ်တမ်းဆွဲထားပြီး အငှားကားတစ်စီးပေါ်တက်လိုက်တာမို့ အနီရင့်က လင်းရိပ်ကို မေးလိုက်တယ်။ "အိမ်ကို ပြန်မယ်လေ ...လောလောဆယ် ...အမေတို့ ဆိ အရင်သွားရအောင်လေ ...နီကို မြင်ရင် တအားပျော်သွားကြမှာ " ပြောပြီး လင်းရိပ်က အနီရင့်လက်ဖျားလေးကို ဆုပ်ကိုင်ထားလိုက်ပြီး မျက်နှာလေးကို မလွတ်တမ်း စိုက်ကြည့်နေမိတယ်။ "ပစ္စည်းတွေ ဟော်တယ်မှာလေ ..." " ဒါဆို ...အဲ့ဒါတွေ ဝင်ယူသွားကြမယ်လေ " "ဆံပင်ရှည်ကြီး ထားတာလား ..." အနီရင့်က သူ့ကို စိုက်ကြည့်နေတဲ့ လင်းရိပ်မျက်နှာလေးကို ပြန်ပြီး ငေးကြည့်နေမိရင်းက မေးလိုက်တယ်။ "မင်းပြန်လာမှ ညှပ်မယ်လို့ ဆုံးဖြတ်ထားတာ " ပြောပြီး လင်းရိပ်က အနီရင့် ပခုံးလေးကို ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲကို ညင်ညင်သာသာ ဆွဲယူလိုက်တယ်။ ပြန်ဆုံစည်းရတဲ့ အချိန်မှာ လင်းရိပ်နဲ့ အနီရင့်တို့နှစ်ယောက်လုံး မာနတွေ သံသယတွေကို ခဝါချပြီး အချစ်စစ်ကို လက်ခံယုံကြည်လိုက်ကြပါပြီ။ ********

အနီရင့် သိလည်းသိချင် သိလည်းမသိ ဝံ့ပါ။ ******** ဆိုင်မှာလူပါးသွားတာနဲ့ လင်းရိပ် ဖေ့ဘုတ်ကို ဖွင့်ကြည့်လိုက်တယ်။ဟိုအရင်က လင်းရိပ် အနေနဲ့ လူမှုကွန်ရက်ကို သိပ် သုံးလေ့မရှိပေမဲ့ အနီရင့်ထွက်သွားပြီး နောက်ပိုင်းမှာ ပုံမှန် အချိန်မှန်သုံးဖြစ်လာတယ် ။ သုံးဖြစ်တယ်ဆိုတာကလည်း အနုပညာသတင်းတွေကိုလိုက်ကြည့်တာပါ။ အထူးသဖြင့် စာပေသတင်းတွေပေါ့။တစ်နှစ်အတွင်းမှာ အနီရင့်ရဲ့စာအုပ် သုံးအုပ်ထွက်လာခဲ့ပေမဲ့ လက်မှတ်ထိုးပွဲလည်းမလုပ်၊ စာအုပ်တိုက်ကိုလှမ်းမေးတော့လည်း လိပ်စာမပြောနဲ့ ဖုန်းနံပတ်လေးတောင် တောင်းလို့မရခဲ့ဘူး။ သူမရဲ့ အကောင့်ထဲကို သတိရတိုင်း ဝင်ကြည့်ပေမဲ့ မီးလုံးဝမစိမ်းတာကြာခဲ့ပြီလေ။လင်းရိပ် အနုပညာသတင်းတွေကိုလိုက်ဖတ်နေရင်း မျက်စိရှေ့မှာ ပေါ်လာတဲ့သတင်းကို ဖတ်ကြည်လိုက်ရင်း နာမည်တစ်ခုကို အတွေ့မှာ နှလုံးသားက ပေါက်ကွဲလုမတက် ခုန်လှုပ်လာတယ်။သတင်းက "ရုပ်ရှင် အထူးပြပွဲသတင်း "ဒီသတင်းမှာ ဒါရိုက်တာ၊မင်းသား ၊ မင်းသမီးနဲ့ သရုပ်ဆောင်တွေရဲ့နာမည်တွေကို ကျော်ပြီး လင်းရိပ် မြင်လိုက်ရတာက စာရေးဆရာရဲ့နာမည်ပဲ။နာမည်ကို သုံးလေးခေါက်ထက်မက ဖတ်မိပြီးတဲ့အခါ လင်းရိပ် ထိုင်နေရာက ဆတ်ခနဲ ထထိုင်လိုက်မိတယ်။ပြီးတော့ လက်သီးဆုပ်ပြီး လေပေါ်ကို လက်နှစ်ဖက်လုံး ဆန့်တန်းပြီး ဟေးခနဲ တစ်ချက် အော်လိုက်မိတယ်။ဝမ်းသားလွန်းလို့ ဘာလုပ်လို့လုပ်ရမှန်းပင်မသိတော့ ။ဆိုင်ထဲမှာ ဟိုဒီလျှောက်ရင်း ပျာယာခတ်နေမိတယ်။ " အစ်ကို ဘာဖြစ်လို့လဲ " ဆိုင်ဝန်ထမ်းလေးတွေက လင်းရိပ် ဂနာမငြိမ်ဖြစ်နေတာကို ကြည့်ပြီး လှမ်းမေးကြတယ်။ ဆိုင်ဝန်ထမ်းလေးတွေကို ခေါင်း အသာယမ်းပြလိုက်ပေမဲ့ လင်းရိပ်မှာ ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့ မတည်မငြိမ်ဖြစ်နေတာကအမှန်ပါဝင်။ ပွဲက မနက်ဖြန်မှမို့ အချိန်တွေကို လင်းရိပ်စိတ်မရှည်ချင်။ လင်းရိပ် ဟိုလျှောက်ဒီလျှောက်လျှောက်နေရင်းက မှန်ရှေ့ကိုရောက်သွားပြီး မှန်ထဲက ကိုယ့်ပုံရိပ်ကို ပြန်ကြည့်မိတယ်။တစ်နှစ်အတွင်းမှာ အသားတွေပိုဖြူလာတာကလွဲလို့ လင်းရိပ်ပုံစံက ဘာမှ ပြောင်းလဲမသွားဘူး။ လင်းရိပ် မှန်ကို ကြည့်နေရင်းကနေ ဝန်ထမ်းကောင်လေးတွေနားကို ပြန်လျှောက်သွားပြီး မေးလိုက်တယ်။ "ညီတို့ ဆံပင်ညှပ်ဆိုင်ကောင်းတာလေးများ မသိကြဘူးလား " လင်းရိပ် မေးလိုက်တော့ ၀န်ထမ်း ကောင်လေးတွေက အံ့သြသလို ကြည့်ကြတယ်။ဟုတ်တယ်လေ တစ်နှစ်အတွင်းမှာ ဆံပင်ညှပ်ဖို့တောင် သတိမရဘဲ အလုပ်မှ အလုပ်ပဲ ဖြစ်နေတဲ့ သူတို့ဆိုင်ရှင်က လည်ကုပ်ရောက်နေတဲ့ ဆံပင်တွေကိုတောင် ရိုးရိုး ခေါင်းစည်းသားရေကွင်းနဲ့ ပဲစုစည်းထားတတ်တာလေ။တစ်နှစ်ကျောမှာ ဆံပင်ညှပ်ဆိုင်ကို မေးတော့ အံ့ဩသွားကြတာပေါ့။ "ဆံပင်ညှပ်မလို့လား အစ်ကို.... အခုပုံစံနဲ့လဲ အရမ်းမိုက်နေတာကို " "ဟုတ်တယ် အစ်ကိုရ ...ဒီဆံပင်ရှည်နဲ့လဲ အစ်ကိုက ကြည့်ကောင်းနေတာပဲ ...ညှပ်မယ်ဆိုလဲ အစ်ကို ပုံစံနဲဆို ဘာပဲဖြစ်ဖြစ်လိုက်မှာသေချာတယ် " " အေးပါကွာ မင်းတို့ ပြောတာနဲ့ ခြေထောက်နဲ့ မြေကြီး တောင် မထိချင်တော့ဘူး ...ကဲပါကွာ မင်းတို့ကို ဒီညနေ တစ်ဝိုင်းပြုစုမယ် ဟုတ်ပြီးလား ...ဒါပေမဲ့ ပွဲကိုတော့ ကိုယ်မလိုက်ဘူးနော် " ဆိုင်ဝန်ထမ်းလေးများက အူးမြူးနေပုံရတဲ့ လင်းရိပ်ကို ကြည့်ပြီး သူတို့ပါ လိုက်ပြီး ပျော်ရွှင်လာကြတဲ့အထိ လင်းရိပ်မှာ ဟန်မဆောင်နိုင်အောင်ပင် ဝမ်းသာပျော်ရွှင်နေမိတယ်။ ****** မျှော်လင့်မထားခဲ့ပေမဲ့လည်း ဆိုင်ကနေ သူမရဲ့တိုက်ခန်းလေးကို လင်းရိပ် အပြေးရောက်လာခဲ့မိတယ်။ ဒါပေမဲ့လည်း တိုက်ခန်းလေးမှာ သော့ခတ်လျက်သားပင်။ လင်းရိပ် တိုက်ခန်းထဲဝင်ပြီး ဆိုဖာခုံမှာ ထိုင်ကာ သူမထိုင်နေကျ စားရေး စာပွဲခုံလေးကို အတန်ကြာ ငေးကြည်နေမိပြန်တယ်။ ဒီပုံအတိုင်းဆိုရင် လင်းရိပ်အတွက် မနက်ဖြန်ကိုသာ မျှော်ရ ပေလိမ့်မယ်။ ဒီညအဖို့မှာတော့ ဒီတိုက်ခန်းလေးထဲမှာ သူမကို စောင့်မျှော်ရင်း အချိန်ကုန်ဆုံးရန် လင်းရိပ် ဆုံးဖြတ်ထားပြီးသားပင်။ ***** ရောင်စုံနှင်းဆီပန်းစည်းလေးကိုကိုင်ပြီး လင်းရိပ်ရဲ့ရင်ခုန်သံတွေ အဆမတန်မြန်ဆန်နေမိတယ်။ရုပ်ရှင် အထူးပြပွဲမို့ ဖိတ်ကြားထားပုံရတဲ့ အထူးဧည့်သည်တွေနဲ့ ရုပ်ရှင်ချစ်ပရိသက်တွေရောပါ လူတွေကတော်လေး စည်ကားနေတယ်။ မင်းသားနဲ့ မင်းသမီးကလည်း နာမည်ရကာစ မင်းသားမင်းသမီးတွေမို့ ငယ်ရွယ်တဲ့ ကောင်လေးတွေကောင်မလေးတွေ တော်တော်များများကိုလည်း တွေ့ရတယ်။ ဒီလူငယ်လေးတွေကြားမှာ လင်းရိပ်မှာ ထင်ထင်ရှားရှားကြီးကိုဖြစ်လို့နေတယ်။ "ဟိုဆံပင်စည်းထားတဲ့တစ်ယောက်က ချောလိုက်တာ... မင်းသားသစ်များလား " "အေးနော် .. ပုံစံကမိုက်ချက်ပဲ ....ပန်းစည်းကြီးနဲ့ ဆိုတော့ မင်းသားသစ်မဟုတ်ရင်တော့ မင်းသမီးဆီလာတာပဲဖြစ်မယ် " သူ့ကိုကြည့်ပြီး ကွက်ကြည့်ကွက်ကြည့်နဲ့ ပြောနေကြသူတွေကို လင်းရိပ် ဂရုမစိုက်နိုင်အားဘဲ ဝင်ပေါက် ဆီကိုသာ မျက်တောင်မခတ်ဘဲစိုက်ကြည့်နေမိတယ်။ပွဲချိန်နီးလာတာနဲ့ အမျှ ဧည့်ပရိတ်သတ်တွေကလည်း တဖွဲဖွဲ ရောက်လာနေကြတာမို့ လင်းရိပ်ရဲ့ရင်တစ်ခုလုံးမှာ မီးရထားကြီး တစ်စင်းတက်ပြီး ခုတ်မောင်းနေသလို ခံစားနေရတယ်။သူမ လာမှလာပါ့မလားဆိုတဲ့ အတွေးက ခေါင်းထဲကို မကြာခဏ ဝင်ရောက်လာပေမဲ့ စိတ်ထဲမှာ သူမကို ဒီနေ့

ဧကြည်ဖြူ "ရင်ဘတ်ပေါ်က နှင်းဆီ " ဇာတ်သိမ်းပိုင်း ******* အော်ဟစ်ပြောဆိုသံတွေကြား လင်းရိပ် နောက်ဘက်ကို စောင်းငဲ့ကြည့်လိုက်ရာ ကားလမ်းမပေါကို ပြေးဆင်းသွားတဲ့ နှင်းသီရိကိုတွေ့လိုက်ရတယ်။လင်းရိပ် နှင်းသီရိကို တစ်ချက်မျှ စူးစိုက်ကြည်လိုက်ပြီး ခြေလှမ်းများကို ဆေးရုံဝင်းဘက်ကိုသာ ဦးတည်ပြီးလျှောက်လှမ်းခဲ့လိုက်တယ်။ လင်းရိပ်ဆီမှာ နောင်တမရှိ။နောက်ဆံတင်းခြင်း အလျဉ်မရှိပါ။တကယ်တော့ စာနာတတ်ခြင်းနဲ့ နုံအခြင်းက အဓိပ္ပါယ် လုံးဝ ကွဲပြားခြားနားတဲ့အပြုအမူတွေပဲ မဟုတ်လား။တစ်ခါတစ်ရံမှာ လျစ်လျူရှုသင့်တာတွေကို လျစ်လျူရှူခြင်းဖြင့် ကိုယ့်ဘေးနားက မိတ်ဆွေ အစစ်အမှန်တွေကို မဆုံးရှုံးရတော့ဘူးဆိုတာကို လင်းရိပ်နားလည်ခဲ့ပြီလေ။ ဒီထက်ပိုပြီး ကိုယ့်ရဲ့ စာနာတတ်တဲ့စိတ်ကို အခြားသူးတစ်ယောက်က နင်းချေ အသုံးချနေတာတွေကို လင်းရိပ် လက်မခံနိုင်တော့ပါဘူး။ " ကျွီ ......" "တောက်...သေချင်နေရင်လဲ အခြားနေရာမှာ လွတ်လွတ်လပ်လပ်သွားသေ ....ငါတို့ ကားသမားတွေကိုတော့ ထောင်ထဲ မထည့်နဲ့ ...... မ .." အချိန်မိကားဘရိတ်အုပ်လိုက်နိုင်တာကြောင့် ကားဘီးနဲ့ ကတ္တရာလမ်း ပွတ်တိုက်သံကြီးက ကျယ်လောင်စွာထွက်ပေါ်လာပြီးနောက် ကားဆရာရဲ့ ဒေါသတကြီး အော်ဟစ်ဆဲဆိုသံက ထွက်ပေါ်လာတယ်။ နှင်းသီရိလည်း လန့်ဖျပ်ပြီး ပလက်ဖောင်းပေါ်ကို ထိုင်ရက်လဲကျသွားခဲ့တယ်။နှင်းသီရိရဲ့နားထဲမှာ ကားဆရာရဲ့ အော်ဟစ်ဆဲဆိုသံကိုလဲ မကြားမိပါ။ကျောခိုင်းသွားမြဲသွားနေတဲ့ လင်းရိပ်ရဲ့ နောက်ကျောပြင်ကိုသာ ငေးကြည့်နေမိတယ်။ "ဟို တစ်ယောက် အယ်သွားတာလဲ .... ဟိုမှာသွားကူလေ... အကြင်နာတရားကင်းလှချည်လား " "ဟုတ်ပ ဘယ်လိုယောကျာ်းမျိုးလဲ " "ရုပ်နဲ စိတ်ဓါတ်ကတခြားစီးပဲ " ပတ်ဝန်းကျင်ရဲ့ဖြစ်တင်ပြောဆိုသံတွေကို ကျောခိုင်းပြီးလင်းရိပ် လျှောက်မြဲတိုင်း ဆက်လျှောက်ခဲ့တယ်။ပတ်ဝန်းကျင်ဆိုတာ အပေါ်ယံအမြင်နဲ့ပဲ ဝေဖန်သုံးသပ်တတ်ကြတာမို့ လူဆိုတာ တစ်ခါတလေမှာ ပတ်ဝန်းကျင်ကို မေ့ထားပြီး ကိုယ့်လမ်းကိုယ် ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားလျှောက်လှမ်းသွားရမှာပဲ မဟုတ်လား။ ***** အဝတ်အစားတွေကို သိမ်းပြီတဲ့အခါမှာတော့ အခန်းလေးက ရှင်းလင်းခြောက်ကပ်သွားတယ်။ လင်းရိပ် အိတ်ကို ကောက်ဆွဲလိုက်ပြီး တိုက်ခန်းလေးအနှံ့ကို လှည့်ပတ်ကြည့်ရှူလိုက်မိတယ်။တိတ်ဆိတ် ခြောက်ကပ်နေတဲ့ တိုက်ခန်းထဲမှာ သူမရဲ့ပုံရိပ်တွေ။ သူမရဲ့ စကားပြောသံတွကို နေရာအနှဲ့မှာ မြင်နေကြားနေရတယ်လို့ လင်းရိပ်ထင်နေမိတယ်။သူစာရင်းဇယားတွနဲ့အလုပ်များနေမိတဲ့အခါ ရုပ်ရှင်ကြည့်ပြီး တစ်ယောက်တည်း ရယ်လိုက်ငိုလိုက် ရှိနေတတ်တဲ့သူမရဲ့ပုံရိပ်လေးတွေကို မြင်ယောင်လာမိတယ်။ကိုယ်တိုင် မသိလိုက်ပါဘဲ ကျွံဝင်ခဲ့မိတဲ့ နှလုံးသားက သူမပြောသလို အနေနီးစပ်လို့ ဖြစ်ပေါ်လာခဲ့တဲ့ ချစ်ခြင်းမေတ္တာမဟုတ်ဘူးဆိုတာ ထင်ရှားသထက်ထင်ရှားလာခဲ့တယ်။ပြီးတော့ သေချာတာက အတူရှိနေခဲ့စဉ်က သတိမထားခဲ့မိပေမဲ့ သူမ မရှိတော့တဲ့ အခါမှ ဘ၀ကို သူမ မပါဘဲ တစ်ယောက်တည်းဖြတ်သန်းနိုင်ဖို့ သတ္တိအင်အားတွေ လင်းရိပ်မှာမရှိတော့ဘူးဆိုတာပါပဲ။ ******** "မမ ပြန်လာမှာ မဟုတ်လားဟင် ..." မျက်နှာငယ်လေးနဲ့ မေးနေတဲ့ ကောင်မလေးကို အနီရင့်က အသာအယာပြုံးပြလိုက်ပြီး "ပြန်လာမှာပေါ့ ပန်းလေးရဲ့ ..ကိစ္စရှိလို့ ခဏပြန်တာပါ ...သုံးလေးရက်နေရင် မမပြန်လာခဲ့မှာပါကွယ် " အနီရင့်က ပန်းလေးကို ချော့မော့ပြန်လွှတ်လိုက်ပြီး အဝေးပြေးကားပေါ်ကိုတက်ခဲ့လိုက်တယ်။တစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ပန်းလေးဆိုတဲ့ အသက်နှစ်ဆယ်အရွယ် ကလေးမနဲ့အနီရင့်တို့ အရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေဖြစ်ခဲ့ကြတယ်။ အနီရင့် ရန်ကုန်က ထွက်လာခဲ့ပြီး ပန်းလေးတို့ ခြံထဲက အိမ်သေးလေးမှာ ငှားနေဖြစ်ခဲ့တယ်။အနီရင့် ဒီမြို့လေးကို ရောက်လာခဲ့တာကလည်း ပန်းလေးရဲ့ အကူအညီနဲ့ပဲ ရောက်လာခဲ့တာလို့ ပြောရမလား ။အနီရင့်နဲ့ပန်းလေး လူမှုကွန်ရက်ကနေ စတင်သိခဲ့ကြတာ။ ပန်းလေးက အနီရင့်ရဲ့အမာခံ စာဖတ်ပရိတ်သက်တစ်ယောက်ပဲ ဆိုပါတော့။အခုလည်း အနီရင့်ရဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်ထားတဲ့ ရုပ်ရှင်ကား အထူးပြပွဲရှိလို့ အနီရင့်ရန်ကုန်ကို ခဏပြန်မှာကို ပန်းလေးက အနီရင့် မြန်မလာတော့မှာကြောက်ပြီး ကားမထွက်ခင်အထိ တတွတ်တွတ်မှာနေတာလေ။ ****** ရန်ကုန်မြေကို ခြေချမိတာနဲ့ တစ်ပြိုင်နက် အနီရင့်ရဲ့ နှလုံးသားက တဖျပ်ဖျပ် လှုပ်ရှားခုန်လှုပ်လာပြန်တယ်။လူကသာ ရန်ကုန်မြို့လယ်ရဲ့ ဟော်တယ်မှာ တည်းနေရပေမဲ့ စိတ်ကတော့ သူနဲ့သူရှိရာ အရပ်ကို အခေါက်ခေါက်အခါခါ သွားရောက်နေမိတယ်။သူအဆင်ပြေလား ။ သူရော အနီရင့် ဆိုတဲ့ သူမကို သတိတရ ရှိသေးရဲ့လားလို့လည်းစိတ်က သိချင်စိတ်တွေ ပြင်းပြနေမိတယ်။ဖခင်ကြီးဆီက သိရသလောက်တော့ ဆိုင်က တင်ထားတာထက်ပိုပြီး အဆင်ပြေသတဲ့လေ။ပြီးတော့ သူ့မိခင်ရဲ့ ကျန်းမာရေးကလည်း လူကောင်းပကတိနီးပါးကို ကောင်းမွန်နေပြီးတဲ့ ။ဒါက ဖခင်ဆီက တစ်ဆင့် သိရတဲ့ သူ့အကြောင်း အကုန်ပါပဲ။ သူ့အချစ်ရေးကိုတော့ ဖခင်ကမသိတာမို့ အနီရင့်လည်းသိခွင့်မရခဲ့။သူ့မှာချစ်သူရည်စားတွေများရနေလေပြီလား ။ ဒါမှမဟုတ် သူ့ချစ်သူနှင်းသီရိနဲ့များ ပြန်တွဲနေလား ။ သူ့အကြောင်းတွေကို

နှင်းသီရိက ဘာမှ ဖြေရှင်းချက် မပေးဘဲ တိတ်ဆိတ်နေပြီးမှ သူပြောချင်တာကို ထပြောလိုက်တယ်။ "သူက မောင့်ကို မချစ်လို့ ထားခဲ့တာလေ ... မောင်က ဘာတွေ အတွေးချော်နေတာလဲ ... မောင်နဲ့ ပတ်သက်ပြီး သူဘာပြောလဲ သိလား ... မောင်တို့မိသားစုက သူ့အတွက် ဝန်ထုပ်၀န်ပိုးတွေတဲ့လေ... " အဖြစ်မှန်တွေကို ဘာမှမသိဘဲ သူလိုရာကို ဆွဲပြောနေတဲ့ နှင်းသီရိကို လင်းရိပ် ဆက်ပြောချင်စိတ်မရှိတော့တာမို့ ကျသင့်ငွေကို စားပွဲပေါ်မှာ တင်ခဲ့ပြီး ဆိုင်ထဲကထွက်လာခဲ့တယ်။ ****** "မောင် နေအုံး ...ဒီလို ထားသွားလို့မရဘူးနော် ...နှင်း လက်မခံနိုင်ဘူး" လင်းရိပ် ဆိုင်အပြင်ကို ရောက်လာတော့ နောက်က ပြေးလိုက်လာတဲ့ နှင်းသီရိရဲ့အသံကိုကြားလိုက်ရတယ်။ "မောင် ....နှင်း ကိုယ့်ကိုယ်ကို သတ်သေလိုက်မှာနော် ...နှင်း တကယ် မလုပ်ဘူး ထင်နေတာလား " နေ့ခင်းနေ့လယ်မို့ လမ်းပေါ်မှာ လူရှင်း နေပေမဲ့ လမ်းသွားလမ်းလာ အချို့က လင်းရိပ်တို့ကို စိတ်ဝင်တစားနဲ့ မသိမသာရော ၊ သိသိသာသာပါ ရပ်ကြည့်နေကြတယ်။ လင်းရိပ်က ဒါတွေကို ဂရုမစိုက်ဘဲအရှေ့ကိုပဲ ဆက်လျှောက်သွားခဲ့လိုက်တယ်။ နှင်းသီရိကလည်း လိုချင်တာ ဖြစ်ချင်တာကို ဇွတ်တရွတ်လုပ်တတ်သူမို့ လူကြားထဲမှာ မရှက်မကြောက် ပြောပြီး ကားလမ်းမပေါ်ကို ပြေးတက်သွားလိုက်တယ်။ "ရတယ် မောင် ...ဒီလောက်တောင် ဖြစ်လှမှ တော့ နှင်း ဒီလောကကြီးမှာ မနေတော့ဘူး " " တီ ...တီ...တီ " " ဟဲ့ ..ဟဲ့ မလုပ်နဲ့ လေ " " ဟာ " "ဟယ် " "အမလေး " နှင်းသီရိရဲ့ အော်ပြောလိုက်သံအဆုံးတွင် ပတ်ဝန်းကျင်ရှိ လူတွေဆီမှ အထိတ်တလန့် အော်ဟစ်သံများကို လင်းရိပ်ကြားလိုက်ရတယ်။ ==================== ဇာတ်သိမ်းပိုင်းဆက်ရန် ဧကြည်ဖြူ * ဒီနေရာမှာ စာဖတ်သူတို့သာ လင်းရိပ်ဆိုရင် ဘာလုပ်မှာလဲ *

"အမေက သိပ်သတ္တိရှိတာပဲ လင်းရိပ်ရဲ့ ...နှင်းကိုတောင် ပြန်အားပေးနေတယ်လေ " နှင်းသီရိရဲ့ "အမေ"ဆိုတဲ့ အခေါ်အဝေါ်ကို မိခင်ကြီးက မနှစ်မြို့သလိုပုံစံဖြစ်နေတာကို လင်းရိပ် သတိထာလိုက်မိတယ်။ ဒါပေမဲ့ နှင်းသီရိကတော့ သူ့ထုံးစံအတိုင်း မသိဟန်ဆောင်နေတာလား ။တကယ်ပဲမရိပ်မိတာလားမသိဘဲ အမေချင်းထပ်အောင် ခေါ်ပြီး စကားတွေပြောနေတယ်။ "အမေ ဘာစားချင်လဲ ...နှင်းချက်ခဲ့မယ်လေ ..လင်းရိပ်တို့အတွက်လဲ နှင်းပဲ ချက်ပေးခဲ့ပါ့မယ် ....ဆိုင်က ထမင်းဟင်းတွေက ဆီသန့်တာမဟုတ်ဘူးလေ " "ရပါတယ်ကွယ် ... ဒုက္ခမရှာပါနဲ့ ...သမီးနဲ့သားတလှည့်စီ အိမ်မှာပြန်ချက်နေကြလို့ အစားအသောက် အဆင်ပြေပါတယ်ကွယ် " နှင်းသီရိ တစ်ယောက် လင်းရိပ်မိခင်ရဲ့နားမှာ ဟိုလုပ်ဒီလုပ်နဲ့ လုပ်နေရင်း ဧည့်ချိန် ပြည့်သွားတာမို့ ပြန်ဖို့ ပြင်လိုက်တယ်။ "နှင်းပြန်တော့မယ်နော် အမေ " နှင်းသီရိက လင်းရိပ်မိခင်ကို နှုတ်ဆက်လိုက်တယ်။ " ခဏလေးနှင်း ...ကိုယ်လိုက်ပို့ပေးမယ်လေ ...ဟိုမှာ ညီမလေး သန်းစင်ခန်းဘက်သွားလို့ ခဏလေးစောင့်ပေးနော် " လင်းရိပ်ရဲ့ စကားကြောင့်နှင်းသီရိရဲ့ မျက်နှာက မဖုံးနိုင်မဖိနိုင်အောင် ဝမ်းသာပျော်ရွှသွားပုံရပေမဲ့ မိခင်ဖြစ်သူက မျက်နှာကွက်ခနဲပျက်သွားကို လင်းရိပ်သတိထားလိုက်မိတယ်။ ဒါပေမဲ့လည်း လင်းရိပ် မသိချင်ယောင်ဆောင်နေလိုက်တယ်။ ******* ဆေးရုံကနေ နှစ်ယောက်သားထွက်လာပြီးတဲ့နောက်မှာ လင်းရိပ်က လူရှင်းတဲ့ ကော်ဖီဆိုင်တစ်ဆိုင်ထဲကို ၀င်လာခဲ့ပြီး ဆိုင်ရှေ့ပန်းခြံထောင့်နားက စားပွဲဝိုင်းဆီကို လျှောက်လာခဲ့တယ် ။ "ထိုင်လေ " လင်းရိပ်က ပြောပြီး စားပွဲဝိုင်းအောက်က ဖင်ထိုင်ခုံကို ဆွဲထုတ်လိုက်ပြီး အရင်ထိုင်လိုက်တယ်။ သူ့အတွက် ခုံကို ထုတ်ပေးတယ်လို့ ထင်နေမိတဲ့နှင်းသီရိမှာ လင်းရိပ်ရဲ့ အပြုအမူကြောင့် အောင့်သီးအောင့်သက်နဲ့ ခုံတစ်လုံးကိုဆွဲယူထုတ်ပြီး ထိုင်ချလိုက်ရတယ်။ "နှင်း ကြိုက်တာမှာနော်..." နှင်းသီရိခုံမှာ ၀င်ထိုင်လိုက်တာနဲ့ လင်းရိပ်က ပြောလိုက်ပြိ စားပွဲထိုးလေးကို သူ့အတွက် ကော်ဖီတစ်ခွက်ပဲ မှာလိုက်တယ်။ လင်းရိပ်ရဲ့ အပြုအမူတွေကိုကြည့်ပြီး နှင်းသီရိ ရင်ထဲမှာ စိုးရိမ်စိတ်ကလေးဝင်လာမိတယ်။ " ကဲ နှင်း ....ကိုယ်တို့ ပွင့် ပွင့်လင်းလင်းပဲပြောကြစို့ ....မင်းအခုလို ကိုယ့် အမေ့ကို လာကြည့်ပေးတာကျေးဇူးတင်ပါတယ် ...ဒါပေမဲ့ မင်းနဲ့ ကိုယ်က မိတ်ဆွေတွေပဲမို့ လိုတာထက် မပိုပါနဲ့.... ပြီးတော့ ရှင်းရှင်းပဲပြောမယ် .. မင်းဆီကို ကိုယ်ဘယ်တော့မှပြန်လာမှာ မဟုတ်ဘူး ..မင်းကို ကူညီခဲ့တယ် ဆိုတာလဲ နှမချင်း ကိုယ်ချင်းစာမိလို့ ကူညီလိုက်လျောပေးခဲ့တာပဲရှိတာ...ကိုယ့် အနီရင့်ကိုချစ်မိနေပြီ....ဘယ်တုန်းကတည်းက ချစ်ခဲ့တာလဲ မသိပေမဲ့ သက်ဆုံးတိုင် သူ့ကိုပဲ ချစ်သွားမိတော့မယ်ဆိုတာတော့ သေချာတယ် ...အမေကျန်းမာရေး ကောင်းရင် သူ့ကို လိုက်ရှာမှာ ...တကယ်လို့ မတွေ့ခဲ့ရင်လဲ သူပြန်လာတဲ့အထိ စောင့်နေမှာပါ .." "ဘယ် ....ဘယ်လို မောင် ... မောင်မှားနေပြီ ...မောင်က အနီရင့်နဲ့ အနေနိုးစပ်ခဲ့လို့ သူ့ကို့ချစ်မိတယ် ထင်နေတာပါ...ကြာရင် သူ့ကို မောင်မေ့သွားမှာပါ မောင် ....နှင်းပြောရဲပါတယ် မောင်ရယ် ..." နှင်းသီရိက တုန်တုန် ယင်ယင် အထစ်ထစ် အငေါ့ငေါ့ နဲ့ ပြောလိုက်တော့ လင်းရိပ်ကခေါင်းကို ခါယမ်းလိုက်တယ်။ "ရှေ့လျှောက် ကိုယ့်တို့ဆီကို မလာပါနဲ့တော့ ... မိတ်ဆွေတွေပါဆိုပြီး ချစ်သူရည်းစားဟောင်းတွေ အချင်းချင်း မပြီးနိုင်မစီးနိုင် သာယာမှု ရှာနေကြတာတွေကို ကိုယ်ရွံတယ် ... မင်းနဲ့ ပတ်သက်ခဲ့မိတယ်ဆိုတယ်ဆိုတာလဲ ... မင်းဘ၀ပျက်စီးသွားမှာ စိုးလို့ ကူညီ ထိန်းပေးရုံပဲ ဘာစိတ်မှ မရှိဘူး ... ဒါပေမဲ့ အနီရင့်ရဲ့ စာထဲမှာ ချစ်သူဟောင်းနဲ့ သူ့ကြားမှာ ဗျာများနေတဲ့ လင်းရိပ်ကို သနားတယ်ဆိုတဲ့ စာကြောင်းကို ဖတ်မိလိုက်တော့မှ ကိုယ့်ရဲ့ ကိုယ်ချင်းစာနာစိတ်က ကိုယ်ချစ်တဲ့သူတွေကို စိတ်သောကဖြစ်နေစေမိမှန်းကို သာအမြင်မှန်ရခဲ့တာပဲ ... ဒီက ရှေ့လျှောက်တော့ ကိုယ်တို့ မသိသူတွေလိုပဲ နေကြရအောင် ..." လင်းရိပ်ရဲ့စကားကြောင့် နှင်းသိရိဆတ်ခနဲ ခေါင်းကို ခါယမ်းလိုက်ပြီး "ပြောရက်လိုက်တာ မောင်ရယ် ...နှင်းတော့ မလိုက်နာနိုင်ပါဘူး ... နှင်းတို့ မိတ်ဆွေတွေအဖြစ် ခင်မင်နေတာက ဘယ်သူ့ကိုထိခိုက်နေလို့လဲ .." " ပြန်တော့မယ် ... ပိုက်ဆံ ကိုယ်ရှင်းခဲ့လိုက်မယ် " လင်းရိပ်က ဘာမှ ထပ်ပြောချင်စိတ် မရှိတာမို့ ပြန်ဖို့ စကားပြောလိုက်တယ်။ "မရဘူး ...ဒီလိုလုပ်လို့မရဘူး ....တကယ်လို့ မောင်သာ နှင်းကို အဆက်အသွယ်မလုပ်ဘူးဆိုရင်...မောင်အရင်က ဘာအလုပ်လုပ်ခဲ့လဲဆိုတာကို မောင့် မိသားစုကို နှင်း ပြောပြလိုက်မှာ " နှင်းသီရိရဲ့ ခြိမ်းခြောက်စကားကို ကြားတော့ လင်းရိပ် ဒေါသထောင်းခနဲ ထွက်သွားမိသလို စိတ်ထဲမှာ တစ်စုံတစ်ခုကို ဖျတ်ခနဲ တွေးလိုက်မိတယ်။ "မင်း ....မင်း ဒီလိုပုံစံမျိုးနဲ့ ...အနီရင့်ကိုရော ပြောခဲ့တာလား ဟုတ်တယ်မဟုတ်လား ....ရွံစရာကောင်းတဲ့ မိန်းမ..." လင်းရိပ် နှင်းသီရိ မျက်နှာကို ရွံရှာစက်ဆုပ်တဲ့ အကြည့်န့် ကြည့်လိုက်ပြီး အသံမာမာနဲ့ မေးလိုက်တယ်။

မနှင်းသီရိ အကြောင်းကို လင်းရိပ် ကို လုံးဝမပြောပြခဲ့ပါဘူး...ဘာလို့လဲဆိုတော့ လင်းရိပ်လိုလူမျိုးက လူတစ်ယောက်ကို အဆိုးအကောင်းကြည့်ပြီး ချစ်တတ် မုန်းတတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာ ကျွန်မသိနေလို့ပဲ ...တကယ်လို့ များ ...လင်းရိပ်က မနှင်းသီရိကို ချစ်နေတယ်ဆိုရင် မနှင်းသီရိ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သူ ချစ်နေအုံးမှာပါပဲ.. ... ပြီးတော့ တစ်ခါတစ်ရံမှာ လူသာဆန်ဆန်စာနာတတ်တာနဲ့ အချစ်က ရောထွေး နေတတ်တယ် ....ကျွန်မကတော့ လူသားဆန်မှုရယ် တဏှာရယ်မပါတဲ့ အချစ်စစ်ကိုပဲ လိုချင်တာမို့ အဝေးကို ထွက်သွားခဲ့တာပါ.....ကံကောင်းပါစေ မနှင်းသီရိ ..." ဖုန်းကနေ ပေးပို့ထားတဲ့ စာကိုဖတ်ရင်း နှင်းသီရိ စိတ်ထဲမှာ ပထမတော့ လှိုက်ခနဲ ပျော်ရွှင်သွားမိတယ်။နောက်တော့ စာကို အကြိမ်ကြိမ် အခါခါ ပြန်ဖတ်မိရင်း စိုရိမ်ကြောင့်ကြစိတ်လေး နည်းနည်း၀င်လာမိတယ်။ချစ်သူလင်းရိပ်က နှင်းသီရိကိုချစ်နေသေးလား ။ အရင်ကရောတကယ်ချစ်ခဲ့တာလား ဆိုတာကို နှင်းသီရိ သေချာမသိပါ။ ဒါပေမဲ့လည်း ကိစ္စတော့ မရှိပါဘူး ။လင်းရိပ်နဲ့ အနီရင့်တို့ လမ်းခွဲလိုက်ကြပြီ ဆိုရင် နှင်းသီရိရဲ့ ကနဦးအကြံအစည် အောင်မြင်တာပဲမဟုတ်လား။ ****** "ဘယ်လို သား ...သမီးနီက ခရီးထွက်သွားတယ် ဟုတ်လား ...နေပြန်ကောင်းခါစမှာ ဘယ်ကို ခရီးထွက်တာလဲ ... ငါ့သားကရော ဘာလို့ လွတ်လိုက်တာလဲ ...ဒီအချိန် သူ့ကို ဂရုစိုက်ရမယ်ဆိုတာ ...မသိဘူးလား ..." လင်းရိပ် ခေါင်းငိုက်စိုက်ချပြီး မိခင်ကြီး ပြောသမျှကို နားထောင်နေမိတယ်။ "မမနိက ဘယ်ကို သွားတာလဲ အစ်ကို .." ညိမဖြစ်သူက လင်းရိပ်ကိုကြည့်ပြီး မေးလာတယ်။ လင်းရိပ်လည်း စိတ်ထဲပေါ်လာတာကို ဖြေလိုက်တယ်။ " သူ့ သူငယ်ချင်းရှိတဲ့ နယ်ဘက်ပါ ...စိတ်ပြေလက်ပျောက်လဲဖြစ် ...စာလဲရေးရအောင် လွတ်လိုက်တာပါ ...ပြီးတော့ အမေ့ကို ခွဲစိတ်ကုသနေတဲ့ အချိန်အတွင်းမှာ သူ့ကိုလဲ ဂရုစိုက်အားမှာ မဟုတ်လို့ ခရီးထွက်ခိုင်းလိုက်တာ ...." " ရှင် အစ်ကို ... ဘယ်လို အမေ့ကို ခွဲစိတ်ကုသပေးတော့မယ် ဟုတ်လား ... ငွေ ... ငွေက ဘယ်ကရလဲ " "အမေ့ကို ခွဲစိတ်ကုသမယ် ဟုတ်လား သား .. နင့် ညီမ ပြောသလိုပဲ ငွေက ဘယ်ကရလဲ ... ဟို ... ဟို .. ဆိုင်အတွက် မင်းယောက္ခမ ထုတ်ပေးထားတဲ့ ငွေထဲကများ ယူတာလားဟင် ...မဟုတ်ဘူး မဟုတ်လား သားကြီး " ငွေအတွက် စိုးရိမ်တကြီး မေးလာကြတဲ့ မိခင်ဖြစ်သူ ညီမဖြစ်သူကို လင်းရိပ်မှာ မနည်းပင်ရှင်းပြပြောပြလိုက်ရတယ် ။ "သားပြောတာ အမှန်တွေပါ အမေရဲ့ ...အမေခွဲစိတ်ဖို့ သားတို့ နှစ်ယောက်စုထားတဲ့ငွေတွေပါ ...ကဲပါ ဒီနေ့ သား ဆရာဝန်ကြီးနဲ့ သွားတွေ့ပြီး ခွဲစိတ်ဖို့ဆွေးနွေးလိုက်မယ်နော် " ****** "မြတ်ဘုန်း ဆုံးသွားပြီ '' "ရှင် .. ဘာ ... ဘာပြောတယ်" ဒေါ်ဌေးဌေးမူက ယောကျန်းဖြစ်သူကို အလန့်တကြား မေးလိုက်မိတယ်။ "ဟုတ်တယ် ... လေဆိပ်ကို အသွားမှာ ကားတိုက်မှုဖြစ်ခဲ့တာတဲ့ ... သူ့အိမ်က သတင်းရလို့ လိုက်သွားတော့ အသက်မမီတော့ဘူးတဲ့ " "အမလေး ... ဒုက္ခပါပဲ ...ကျွန်မသမီးလေးတော့ ဒုက္ခပါပဲရှင် ... ဘယ်လိုလုပ်ကြမလဲတော် " ဒေါ်ဌေးဌေးမူက ပြောရင်းနဲ့ ငိုချလိုက်တယ်။ "ဟေ့ ...မင်းငိုမနေနဲ့ ...ဒီကိစ္စကို သမီး မသိစေနဲ့ အုံး ....သမီး ဆေးရုံကမဆင်းခင် ငါတို့လည်း အိမ်ပြောင်းဖို့ လုပ်နေတယ် ....မင်းသာ ဟန်မပျက်နေ...ဒီတစ်ခါ သမီးတစ်ခုခုဖြစ်လို့ကတော့ မင်းကို ခွင့်မလွှတ်ဘူးနော် ...ဌေးဌေး " "ဒီလို ဆုံးဖြတ်လို့ ဖြစ်ပါ့မလား ...ဘာပဲဖြစ်ဖြစ် သူ့ယောကျာ်းရဲ့နောက်ဆုံး ခရီးကို သမီးလေးကို ပြောပြသင့်တယ် ထင်တယ် ယောက်ျား " " တော်တော့ ဌေးဌေး မင်းဘာမှ မရှည်နဲ့ ... သေတဲ့သူက သေပြီး ...ငါ့သမီးကို ထပ်ပြီး စိတ်ဆင်းရဲရအောင် မလုပ်နဲ့ " ******* "ဟင် " လင်းရိပ် သတင်းစာကို ဖတ်နေရင်း အံ့သြမင်သက်မိသွားတယ်။ပြီးတော့ အနီရင့် ဒီသတင်းကို တွေ့ရင် ထိတ်လန့်တုန်လှုပ်နေမလားလို့ပါ စိုးရိမ်သွားမိတယ်။ " ဘာဖြစ်လို့လဲ အစ်ကို ..." သတင်းစာကိုကိုင်ပြီး မျက်လုံး အပြူးသားနဲ့ အံ့ဩတကြီးဖြစ်နေတဲ့လင်းရိပ်ကို ညီမဖြစ်သူက မေးလိုက်တယ်။ " ဪ ...အင်း ..ဘာမှ မဟုတ်ပါဘူး ...အသိတစ်ယောက်ရဲ့နာရေးသတင်း ပါလာလို့ပါ " " ဘာများလဲလို့လန့်သွားတာပဲ ...အမေ့ ခွဲစိတ်ဖို့ရက် နီးလာလေ စိတ်တွေ လှုပ်ရှားလေ ဖြစ်နေမိတယ် အစ်ကိုရာ " " ဘာမှ စိတ်မပူပါနဲ့ ...အမေ့ ပြန်ကောင်းမှာပါ .." လင်းရိပ် ညီမဖြစ်သူကို အားပေးစကားပြောလိုက်ရင်း မိခင်ကြီးရှိရာအခန်းထဲကို ၀င်လာခဲ့လိုက်တယ်။မိခင်ကြီးကို ခွဲစိတ်နိုင်ဖို့အတွက် ဆေးရုံတက်နေချိန်ကစပြီး လင်းရိပ်မှာ အလုပ်များနေတာမို့ ဆိုင်ကိုလဲ ညီဖြစ်သူနဲ့ တလှည့်စီထိုင်နေခဲရတယ်။ မိခင်ဖြစ်သူရဲ့အခန်းထဲကို ၀င်လိုက်ချိန်မှာ နှင်းသီရိ ရောက်နေတာကို တွေ့လိုက်ရတာမို့ လင်းရိပ်တစ်ချက် တွေခနဲဖြစ်သွားမိတယ်။အနီရင့် အိမ်က ထွက်သွားပြီးကတည်းက နှင်းသီရိနဲ့ မဆက်သွယ်ဖြစ်ခဲ့ပါ။နှင်းသီရိဆီက ဖုန်း ဆက်ပေမဲ့ လင်းရိပ်ဖုန်းမကိုင်ဖြစ်ခဲ့။ဒါပေမဲ့ လင်းရိပ် ဘာလုပ်လုပ်သိနေတတ်တဲ့ နှင်းသီရိက အခုလည်းဆေးရုံကို ရောက်လာပြန်တာကို လင်းရိပ် မအံ့သြမိတော့ပါလေ။

ဧကြည်ဖြူ "ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း ( ၂၅) ******* လင်းရိပ် နှေးကွေးလေးလံတဲ့ခြေလှမ်းတွေနဲ့ ဆိုဖာခုံရိုရာကို လျှောက်လှမ်းလာခဲ့မိတယ်။အဝတ်အစားအချို့နဲ့ သူမ သုံးနေတဲ့ လက်တော့ရယ် ဖုန်းပဲယူပြီး သူမဘယ်ကို ထွက်သွားပါသလဲ။အကြိမ်အရေအတွက် ပေါင်းများစွာဖုန်းတွေ ခေါ်ခဲ့ပေမဲ့ "တပ်ဆင်ထားခြင်း မရှိပါ "ဆိုတဲ့ ဖြေသံတွေပဲ ထပ်တလဲလဲကြားခဲ့ရတယ်။တီးတိုးစကားပြောသံတွေ ကင်းမဲ့သွားပြီး တိတ်ဆိတ်ခြောက်ကပ်နေတဲ့ အခန်းထဲမှာ လင်းရိပ် အသက်ကင်းမဲ့သူလို ထိုင်နေမိတယ်။လည်းချောင်းတစ်လျှောက်မှာ မီးစနဲ့ အထိုးခံထားရသလို စူးရှနာကျင်နေပေမဲ့ မျက်ရည်ဆိုတဲ့အရာက ကျမလာခဲဘူး။ယောကျာ်းဆိုတာ မျက်ရည် သိပ်ခိုင်တယ်ဆိုတာထက် မျက်ရည်ကျလိုက်လို့ ခံစားရတာတွေ လျော့ပါးသွားမှာကို လင်းရိပ်မလိုလားဘူး။ပြီးတော့ အရိပ်အယောင်လေးတောင် မပြဘဲ ထွက်သွားခဲ့တဲ့သူမကို စိတ်ထဲက အနည်းငယ်နာကျင်နေမိတယ်။ လင်းရိပ် ဆိုဖာခုံထက်မှာ ထိုင်ချလိုက်ပြီး စားပွဲခုံပေါ်က အပြာရောင်အိတ်ကို မဝံ့မရဲနဲ့ယူကြည့်လိုက်မိတယ်။ အိတ်ထဲကို နှိုက်ကြည်လိုက်တဲ့အခါ ပထမဆုံးထွက်လာတာက စာအိတ်လေးတစ်အိတ်။ပြီးတော့ စာချုပ်လေးတစ်စောင် ။လင်းရိပ် စာချုပ်ကို တုန်ယင်နေတဲ့ လက်တွေနဲ့ ကိုင်ယူ ဖတ်ကြည့်လိုက်တဲ့အခါ လင်းရိပ်တွက်ဆထားမိသလို ကွာရှင်းစာချုပ် ဖြစ်နေတာကို တွေ့လိုက်ရတာမို့ လင်းရိပ်ရင်ထဲမှာ လှိုက်ဖို ဆို့နင့်သွားမိတယ်။ပြီးတော့ တဆတ်ဆတ် တုန်ယင်နေသေးတဲ့လက်အစုံနဲ့ပဲ စာအိတ်ကလေးကို ဖောက်ဖတ်လိုက်တယ်။ " သို့ လင်းရိပ်ရေ .....ဒီစာကို ဖတ်နေရတဲ့အချိန်မှာ အနီရင့်ရန်ကုန်မြို့ကြီးရဲ့ အဝေးတစ်နေရာကို ရောက်ရှိနေလောက်ပါပြီ...ဒီလိုပုံစံနဲ့ နှုတ်ဆက်ခဲ့ရလို့ စိတ်မကောင်းပါဘူး လင်းရိပ်ရယ် ...ဒါပမဲ့လည်း ခဲမှန်ဖူးတဲ့စာသူငယ်မို့ အနေနီးစပ်မှုကြောင့်ဖြစ်ပေါ်လာတဲ့ ထင်ယောင်ထင်မှား အချစ်တွေရဲ့ အောက်မှာ တို့နှစ်ယောက် သာယာမိတာမျိုး မဖြစ်ချင်ဘူး ... ပြီးတော့ လင်းရိပ်ရဲ့ချစ်သူနဲ့ အနီရင့်ရဲ့ကြားမှာ ဗျာများနေတဲ့ လင်းရိပ်ကိုလဲ သနားမိတယ်....လင်းရိပ်ကိုလဲပျော်ရွှင်စေချင်လို့လွတ်လပ်ခွင့်တွေပြန်ပေးလိုက်ပါတယ်...လင်းရိပ်ရဲ့ဘဝကို အနှောင်အဖွဲ့ကင်းကင်းနဲ့ ရှင်သန် ပါ.... အချစ်ကို နှလုံးသားနဲ့တင်မဟုတ်ဘဲ အသိဉာဏ်နဲ့ပါ ချစ်ပါ .လင်းရိပ်ကို ယုံကြည်ပါတယ်... အနီရင့်တို့လမ်းခွဲလိုက်ကြပေမဲ့ စီးပွားရေးကစီးပွားရေးပဲမို့ စိတ်သန့်သန့်နဲ့လုပ်ပါ ...အရင်ကပြောထားသလိုပဲ ဆိုင်ရဲ့ အကျိုးအမြတ်ကို ခွဲယူကြမှာမို အဖေ့ကို ဘာမှမပြောပါနဲ့နော် ...အချိန်တန်ရင် အနီရင့်ဘာသာ ရှင်းပြလိုက်ပါ့မယ် .. ပြီးတော့ အနီရင့်ကရန်ကုန်ကိုတော်တော်နဲ့ ပြန်မလာသေးတာမို့ စာအုပ်ဆိုင်နဲ့ တိုက်ခန်းကိုလည်း ကြည့်ရှုစောင့်ရှောက်ပေးထားပါနော် ....လင်းရိပ် တို့မိသားစုလဲ စာအုပ်ဆိုင်မှာပဲ ဆက်နေချင်နေလို့ရပါတယ်...လင်းရိပ် အတွက် မွေးနေ့လက်ဆောင်ကို လင်းရိပ်ရဲ့ အခန်းထဲမှာ ထားခဲ့တယ်...လက်ဆောင်ကို အသုံးပြုပါလို့ တောင်းဆိုပါရစေ...တကယ်တော့ ဒီလက်ဆောင်ကို ပေးချင်ခဲ့တာကြာပါပြီ...လင်းရိပ် အနေနဲ့ နားလည်မှုလွဲသွားမှာစိုးလို့ အချိန်တစ်ခုထိစောင့်နေခဲ့ရင်း ဒီအချိန်မှပေးလိုက်ရလို့ စိတ်မကောင်းပါဘူး..နောက်တစ်ခါပြန်ဆုံဖြစ်ကြရင် အန်တီ ကျန်းမာပျော်ရွှင်နေတာကို မြင်ချင်ပါတယ်...လင်းရိပ်လဲ ပျော်ရွှင်နေလိမ့်မယ်လို့ ယုံကြည်ပါတယ်... အနီရင့် " စာကို သုံးလေးခေါက်မျှ ဖတ်ပြီးသွားတော့ လင်းရိပ် ငူငူငေါင်ငေါင်နဲ့ ဆိုဖာခုံမှာဆက်ထိုင်နေမိတယ် ။ပြီးတော့ စာထဲက စာကြောင်း တစ်ကြောင်းကို စိတ်ထဲက မကျေမနပ်နဲ့အထပ်ထပ်အခါခါ ရွတ်ဆိုနေမိတယ်။" ဪ ... အနေနီးစပ်လိုဖြစ်ပေါ်လာတဲ့အချစ်ကို သာယာမိတာတဲ့လား ...မင်းဘယ်လိုများ တွေးရက်ရတာလဲ အနီရင့်ရယ် ..." လင်းရိပ် အိပ်ခန်းထဲကို ဝင်လာခဲ့လိုက်တယ်။ဝင်ဝင်ချင်းမှာပဲ အိပ်ရာပေါ်မှာ တင်ထားတဲ့ အထုတ်တစ်ထုတ်ကိုတွေ့လိုက်ရတယ်။ လင်းရိပ်အထုတ်ကို ကောက်ယူကြည်လိုက်တော့ အထုတ်ပေါ်မှာ "အန်တီ့ကို ခွဲစိတ်ကုသပါ ...ဒီငွေက လင်းရိပ် အသုံးစရိတ်ပေးခဲ့တဲ့ ငွေနဲ့ အနီရင့်ကိုယ်ပိုင် ရှာဖွေခဲ့တဲ့ငွေတွေပါ ..ကျေးဇူးပြုပြီး လက်ခံပေးပါ ..."ဆိုတဲ့ စာကြောင်းလေးတွေကို တွေ့လိုက်ရတယ်။ အထုတ်ထဲမှာတော့ တစ်သောင်းတန် ငွေစက္ကူအထပ်လိုက်ကရှိနေတယ်။ လင်းရိပ် ငွေထုတ်ကိုကြည့်ရင်း အံကိုတင်းတင်းကြိတ်ထားမိတယ်။ မျက်ရည်တစ်စက်က ပါးပြင်ပေါ်ကို ပေါက်ခနဲ စီးကျလာတယ်။ ဒါပေမဲ့ တင်းကြပ်နေတဲ့ ခံစားချက်တွေက နည်းနည်းလေးမှ လျော့ပါးမသွားခဲ့ပါဘူး။ လင်းရိပ် မိမိအခန်းထဲက ပြန်ထွက်လာခဲ့ပြီး ဧည့်ခန်းဆိုဖာခုံမှာ အရုပ်ကြိုးပြတ် ထိုင်ချလိုက်ရင် သူမ စာထိုင်ရေးနေကျ စားပွဲခုံလေးကို ငေးကြည့်နေမိရင်း သူမနဲ့ ပထမဆုံး စတွေ့တဲ့အချိန်ကို အမှတ်ရနေမိတယ်။ ******** "မနှင်းသီရိ ...ကျွန်မ ခရီးထွက်သွားပါပြီ...ဒါပေမဲ့ မနှင်းသီရိကြောင့် ထွက်သွားတာမဟုတ်လို့ ယောင်လို့ တောင် စိတ်မကောင်းမဖြစ်လိုက်ပါနဲ့ ...မနှင်းသီရိ ဘယ်လိုမိန်းခလေးလဲဆိုတာကို ကျွန်မ သိပါတယ်... မနှင်းသီရိ ကိုယ်ဝန်ဖျက်ချခဲ့တာလဲ ကျွန်မသိတယ် ...ဒါပေမဲ့ စိတ်မပူပါနဲ့ ...

အထဲက တုံ့ပြန်သံမကြားရတာမို့ လင်းရိပ်က တံခါးကို အသာဖွင့်ကြည့်လိုက်တော့ တံခါးက အလွယ်တကူ ဖွင့်သွားတယ်။ "နီ ...မင်း နေမကောင်းဘူးလား ..." တံခါးပွင့်သွားတာနဲ့ လင်းရိပ် အခန်းထဲကိုဝင်လိုက်ပြီး အလောတကြီး မေးလိုက်ချိန်မှာ ဟာလာဟင်းလင်း ဖြစ်နေတဲ့ အခန်းကို တွေ့လိုက်ရတာမို့ လင်းရိပ် ကြက်သေသေသွားမိတယ်။ အိပ်ရာခင်းတွေကအစသိမ်းဆည်းထားတဲ့ အခန်းကို ကြည့်ပြီး လင်းရိပ်ရင်ထဲမှာ နင့်ခနဲ ဆို့တက်လာတယ်။ သေချာအောင် လင်ရိပ် တုန်တုန်ယင်ယင်နဲ့ ဗီဒိုတံခါးတွေကို သွားဖွင့်ကြည့်လိုက်မိတယ်။ "ဟင် " အဝတ်ဟောင်း တစ်ချို့ပဲ ကျန်ခဲ့တဲ့ဗီဒိုရှေ့မှာ လင်းရိပ် ဒူးထောက် ထိုင်ချလိုက်မိတယ်။ ===================== အပိုင်း (၂၅ ) ဆက်ရန် ဧကြည်ဖြူ

**** "ကျွီ " အနီရင့် ထိုင်နေတုန်းမှာပဲ အိမ်ရှေ့သံပန်းတံခါးကို ဆွဲဖွင့်သံကြားလိုက်ရတယ်။သစ်သားတံခါးကိုလည်း မပိတ်ထားတာမို့ အနီရင့်တိုင်ခုံမှာပဲ ဆက်ထိုင်နေလိုက်တယ်။ နာရီကို မသိမသာ လှမ်းကြည်လိုက်တော့ ညကိုးနာရီတိတိ။ လင်းရိပ် တိုက်ခန်းထဲကို ၀င်လာပြီးတဲ့နောက် အနီရင့်ရှေ့မှာ မဝံ့မရဲ၀င် ထိုင်လိုက်တယ်။စိတ်က အပြစ်ကျူးလွန်ထားသလို ခံစားနေရတာမို့ လင်းရိပ် စိတ်ထဲ နေရတာ အဆင်မပြေဖြစ်နေမိတယ် ။ သူ့အနေနဲ့ နှင်းသီရိဆီကို သွားခဲ့မိတာကို အနီရင့်ကို ပြောသင့် မပြောသင့် စဉ်းစားနေမိတယ်။ "ထမင်းစားပြီးပြီးလား နီ.. ကိုယ် ..." " ကိုဘုန်းက နိုင်ငံခြားကို ထွက်သွားတော့မယ်တဲ့ လင်းရိပ် .." လင်းရိပ် စကားစလိုက်တာနဲ့ ရုတ်တရက် ထပြောလိုက်တဲ့ အနီရင့်ကြောင့် လင်းရိပ်စကားကို ရပ်တန့်လိုက်ရတယ်။ " စိတ်ရှုပ်တယ် လင်းရိပ်ရယ် ...အနီရင့် သွားအိပ်တော့မယ်နော် ...လင်းရိပ် တမင်း မစားရသေးရင် စားလိုက်လေ ... ထမင်းပွဲ ပြင်ပေးထားတယ် " ပြောပြီး ထထွက်သွားတဲ့ အနီရင့်ကို လင်းရိပ် မတားလိုက်မိဘူး။တိတ်ဆိတ်သွားတဲ့ ဧည့်ခန်းထဲမှာ လင်းရိပ်တစ်ယောက်တည်း ထိုင်နေမိရင်း အရင်နေ့က ကျင်းပခဲ့တဲ့ မွေးနေ့ပွဲလေးကိုပဲ ပြန်မြင်ယောင်နေမိတယ်။ ******* " မြတ်ဘုန်းက နိုင်ငံခြားကိုထွက်သွားမယ်ဆိုတဲ့ သတင်းပဲကြားရတယ်... ဘယ်မှာနေလဲဆိုတာကို သူတို့လဲ မသိကြဘူးတဲ့ ... ဒီမှာ သမီး သုံးဖို့အတွက်တဲ့ ...မကေသီတို့ ပို့ပေးလိုက်တာ ... သမီးက လက်ခံရင် ...သူတို့ လာတွေ့ပါမယ်တဲ့ .." ဒေါ်ဌေးဌေး မူက ပြောရင်း ငွေထုတ်ကို သမီးဖြစ်သူ ကေဇင်ကျော်ရဲ့ လက်ထဲကိုထည့်ပေးလိုက်တယ်။ ငွေထုတ် လက်ထဲ ရောက်လာတော့ ကေဇင်ကျော်က မိခင်ဖြစ်သူကို စူးစူးဝါးဝါးကြည့်လိုက်ပြီး လက်ထဲက ငွေထုတ်ကို နံရံဘက်ကို ပစ်ပေါက် ထုတ်လိုက်ရင်း မိခင်ဖြစ်သူကို မကျေမနပ်ပြောဆိုလိုက်တယ်။ "အမေက သားသမီးထက် ငွေကို ပိုမက်တာလား ...အမေ့အတွက် ငွေကလွဲရင် ဘာမှ အရေးမပါဘူးလား ပြော ... သမီး သေပေးရမလား ပြော ..." ကေဇင်ကျော်ရဲ့ အပြုအမူကြောင့် ဒေါ်ဌေးဌေးမူက ပါးပြင်ပေါ်ကို မျက်ရည်တွေ တစ်ပေါက်ပေါက်စီးကျလာတယ်။ သမီးဖြစ်သူကိုတော့ ဒေါ်ဌေးဌေးမူ ဘာမှပြန်မပြောမိ။ကြမ်းပြင်ပေါ်မှာ ပျံ့ကျဲနေတဲ့ ငွေစက္ကူတွေကို တစ်ရွက် ချင်းလိုက်ကောက်နေမိတယ်။တစ်ပေါက်ပေါက် စီးကျနေတဲ့ မျက်ရည်စက်တွေက ငွေစက္ကူတွေကို စွန်းပေသွားတယ်။ သမီးဖြစ်သူကို သနားလွန်း၍ ဒေါ်ဌေးဌေးမူ ဘာမှ ပြောချင်ဆိုချင်စိတ်လည်းမရှိတော့။ သမီးဖြစ်သူက မြတ်ဘုန်းအပေါ် ထားတဲ့ သံယောစဉ်ကို ဒေါ်ဌေးဌေး မူ အသိဆုံး မဟုတ်လား။နောက်ဆုံးတော့ မြတ်ဘုန်းလိုလူနဲ့ သမီးဖြစ်သူကို ရအောင် ကြံဆောင်ပေးခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုပဲ ဒေါ်ဌေးဌေးမူ မုန်းတီးနေမိတော့တယ်။ "သမီး သူ့ကို တွေ့ချင်ရင် အမေ ရအောင် ရှာပေးပါ့မယ်ကွယ် ... အခုတော့ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပါ သမီးရယ် " ဒေါ်ဌေးဌေးမူက ပြောနေပေမဲ့ ကေဇင်ကျော်က စောင်ကို ခေါင်းမြီးခြုံပြီး ငြိမ်သက်တိတ်ဆိတ်နေတယ်။ ******** ရှေ့တည့်တည့်မှာ ဒူးတောက်ထိုင်ချလိုက်တဲ့ ဒေါ်ဌေးဌေးမူကို ကြည့်ပြီး အနီရင့် စိတ်ထဲရှုပ်ထွေးသွားမိတယ်။ " အနီရင့်က ဘယ်လိုသိမှာလဲ အန်တီဌေး ..." " သမီး မသိတာ အန်တီ သိပါတယ်ကွယ် ...ဒါပေမဲ့ သူ့အပေါင်းအသင်းနဲ့ သူသွားတတ်တဲ့ နေရာတွေကို သမီးသိတယ် မဟုတ်လား ...အန်တီ ဌေးကို ပြောပြပါနော် ...ကြာရင် ...သမီးလေး ကေဇင်က လုံးပါးပါးတော့မဲ့အခြေအနေမို့ပါ " ရှိုက်ကြီးတငင် ငိုနေတဲ့ ဒေါ်ဌေးဌေးမူကို ကြည့်ပြီး အနီရင့်သက်ပြင်းမောကို ချလိုက်မိတယ်။ ကိုလ့်အပူထက် သူ့အပူကပိုကြီးလေသလား။ သူ့အပူထက် ကိုယ့်အပူက ပိုကြီးလေသလား ပင်မသိတော့။အနီရင့် သိသမျှ လိပ်စာနဲ့ ဖုန်းနံပတ်တွေကို စာရွက်ပေါ်မှာ ကူးရေးပေးလိုက်မိတယ်။ ဒီထက်လဲ အနီရင့်ဘက်က ဘာမှ မကူနိုင်ပါလေတော့။ ***** လင်းရိပ် လှေကား ထစ်တွေအတိုင်း တက်လာခဲ့ရင်း ရင်က တလှပ်လှပ်ခုန်နေမိတယ်။ မွေးနေ့ပွဲ လုပ်ပြီးသွားကတည်းက သူနဲ့ အနီရင့် ကောင်းစွာစကားမပြောဖြစ်ခဲ့ကြဘူး။အနီရင့်ကို ကြည့်လိုက်ရင် တစ်ခုခုကို စဉ်းစားနေပုံရတာမို့ လင်းရိပ်လဲ စကားသိပ်မပြောရဲ ။ မပြောဖြစ်။ဒီနေ့မှာတော့ လင်းရိပ် မနက်က အလုပ်လာခါနီးမှာ အနီရင့်က "ညနေကျရင် မွေးနေ့လက်ဆောင်ပေးမယ်" ဆိုတဲ့ စကားကြောင့် လင်းရိပ် တစ်နေကုန် စိတ်တွေ လှုပ်ရှားနေခဲ့မိတယ်။ တိုက်ခန်းရှေ့ကို ရောက်တော့ လင်းရိပ် သော့ဖွင့်ပြီး တိုက်ခန်းထဲကို ၀င်လိုက်ချိန်မှာ မီးတွေ အကုန်ထွန်းထားတာမို့ အခန်းတစ်ခုလုံးလင်းထိန်နေတယ်။ ဒါပေမဲ့ အနီရင့်ရဲ့အရိပ်အယောင်ကိုမတွေ့ရဘူး။ လင်းရိပ် ကျောပိုးအိတ်ကို စားပွဲပေါ်တင်လိုက်တဲ့အချိန်မှာ အပြာရောင် အိမ်ရှည်ရှည်တစ် အိတ်ချထားတာ တွေ့လိုက်ရတယ် ။လင်းရိပ် ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားမိတယ်။အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တော့ ပစ္စည်းတွေက နေရာမပျက်ပင် ရှိနေတယ်။ ဒါပေမဲ့ အိမ်က လိုတာထက်ပိုပြီး တိတ်ဆိတ်နေတာမို့ လင်းရိပ် ရင်တထိတ်ထိတ်နဲ့ အနီရင့်ရဲ့အခန်းတံကို ခေါက်လိုက်ပြီး အနီရင့်ကို ခေါ်ကြည့်လိုက်တယ်။ " ဒေါက် ...ဒေါက် " " နီ ...နီ ...မင်းအိပ်နေတာလား "

အသံနဲ့အတူ ပြေးလာတဲ့ ချစ်သူ လင်းရိပဲရဲ့ ခြေသံကို ကြားလိုက်ရတော့ နင်းသီရ လက်တဖက်ကို မြေပြင်ပေါ်က ခဲ့သေးလေးတွေနဲ့ ဖိပြီး ပွတ်တိုက်ပစ်လိုက်တယ်။ဆစ်ခနဲ နာကျင်သွားတာ့ နှင်းသီရိ ပြုံးလိုက်မိတယ်။ပြီးတော့ အားယူပြီး ထတဲ့ဟန် ပြင်နေလိုက်တယ်။ "နှင်း ...မင်းဘာဖြစ်တာလဲ ...နေမကောင်းသေးဘူးလားဟင် ...ဆေးရုံကို ထယ်သွားမပြဘူးလား ...လက်မှာ သွေးထွက်သွားပြီပဲ လာ...လာ" အနားကို ရောက်လာပြီး ပွေ့ထူလိုက်တဲ့ လင်းရိပ်ကို နှင်းသီရိက ခေါင်းကို အသာခါပြလိုက်ပြီး လေသံမျှနဲ့ ပြန်ဖြေလိုက်တယ်။ "ဆေးခန်းတော့ သွားပြဖြစ်ပါတယ် မောင်ရယ် ... လူက အားမရှိတာရော သွေးအားနည်းနေတာကြောင့်ပါ ဖြစ်နေတာပါ " "အိမ်ကို မပြန်ဘူးလား ... မိဘတွေနဲ့နေရင် ပိုအဆင်ပြေမယ် မဟုတ်လား " လင်းရိပ်က နှင်းသီရိရဲ့ ခန္ဓာကိုယ်လေးကို အိမ်ထဲကို တွဲခေါ်လာရင်းနဲ့ ပြောလိုက်တယ်။ "အဖေ့ကို ကြောက်တယ် ....တော်ကြာ နှင်း အိပ်ဆေးတွေ သောက်တဲ့အကြောင်းကို အဖေတို့သာ သိသွားရင် ဘယ်လိုလုပ်မလဲ ...အဲ့ဒါကြောင့် အိမ်မပြန်ရဲသေးဘူး " "ဒီမှာ ခဏထိုင်အုံး ... လက်ကို ဆေးထည့်ရမယ် ...ပြီးရင် ကိုယ် စားစရာတွေ ပြင်ပေးခဲ့မယ် ...ဒါနဲ့ မင်းသူငယ်ချင်းက ဘယ်အချိန်ပြန်လာမှာလဲ ..." လင်းရိပ်က နှင်းသီရိကို ဧည့်ခန်းက ထိုင်ခုံပေါ်မှာ အသာထိုင်ခိုင်းလိုလ်ပြီး သူဝယ်လာတဲ့ စားစရာ အထုတ်တွေကို ယူပြီး မီးဖိုခန်းဘက်ကို လျှောက်လာခဲ့တယ်။ ****** ပန်းကန်ထဲက ထမင်းပေါင်းတွေကို ဇွန်းနဲ့ ခပ်ဖြည်းဖြည်း ခပ်စားနေတဲ့နှင်းသီရိကို ကြည့်ပြီး လင်းရိပ် စိတ်ထဲမကောင်းဖြစ်နေမိတယ်။ဘာပဲဖြစ်ဖြစ် ကိုယ်ချစ်ခဲ့ရသူမို့ အဆင်ပြေပြေ ပဲရှိစေချင်မိတာက လင်းရိပ်ရဲ့စိတ်ရင်းအမှန်ပါ။ "အဟွတ် ....အဟွတ် " " ဖြည်းဖြည်း စားလေး ... ဒီမှာ ရေသောက်လိုက်အုံး " ထမင်းစားနေရင်း နှင်းသီရိ ချောင်းဆိုးပြလိုက်တော့ ပျာပျာသလဲ ရေထယူပေးတဲ့ လင်းရိပ်ကိုကြည့်ပြီး နှင်းသီရိစိတ်ထဲမှာ ကြည်နူးသွားမိတယ်။ နှင်းသီရိ စားလို့ ပြီးသွားတော့ လင်းရိပ်က ပန်းကန်တွေကို ပြန်သိမ်းလိုက်ပြီး နှင်းသီရိ နားကို ပြန်လျှောက်လာတယ်။ "ဆေးရော ရှိလား ...ဆေးသောက်ပြီး အိပ်တော့လေ ...ကိုယ်လဲပြန်တော့မယ် " လင်းရိပ်ပြန်တော့မယ်ဆိုတော့ နှင်းသီရိစိတ်ထဲမကျေနပ်။ လင်းရိပ်ကို မပြန်စေချင်မိ။ဒါကြောင့်ပင် ခေါင်းထဲက ထိုးသလိုလို ဟန်လုပ်လိုက်တယ်။ "အား ...ကျွတ် ...ကျွတ် .." " ဘာ ...ဘာဖြစ်လို့လဲ " နှင်းသီရိကိုကြည့်ပြီး လင်းရိပ်က အလန့်ကြားနဲ့မေးလိုက်မိတယ်။ "ဟို ... ဟို ....ဘာမှ မဖြစ်ပါဘူး မောင် ...ခေါင်းထဲက ထိုးလာလို့ပါ...မောင်ပြန်ချင်ရင် ပြန်တော့လေ " နှင်းသီရိက ဘာမှမဖြစ်တဲ့ပုံစံနဲ့ လင်းရိပ်ကို ပြန်ဖို့ လှည့်ပြောသလိုလိုနဲ့ လင်းရိပ်ဘက်ကို လှည့်ကြည့်ပြီး နှုတ်ကလည်း ညည်းညည်းညူညူလုပ်ရင်း ခပ်နွဲ့နွဲ့မှီချလိုက်တယ်။ " ကျွတ် ...ကျွတ် ...ခေါင်းထဲက ထိုးလိုက်တာမောင်ရယ်...." နှင်းသီရိရဲ့ ပုံစံကြောင့် လင်းရိပ်လည်း ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး သူ့ကိုမှီတွယ်လာတဲ့ နှင်းသီရိကိုယ်လုံးလေးကို လက်နဲ့ အသာထိန်း ဖက်လိုက်ရတယ်။ ဒီလိုပုံစံနဲ့အတော်ကြာ ငြိမ်သက်နေကြပြီးတဲ့နောက်မှာ လင်းရိပက ခပ်တိုးတိုးပြောလိုက်တယ်။ "ဆေးသောက်ပြီး အခန်းထဲမှာ သွားနားလိုက်ပါလား ...ကိုယ်ပြန်တော့မယ် အတော်လေး နောက်ကျနေပြီ " ပြောပြီး လင်းရိပ်က နှင်းသီရိကို တွဲထူပြီး အခန်းထဲကို လိုက်ပို့လိုက်တယ်။ အခန်းထဲရောက်တော့ နှင်းသီရိကို ခုတင်ပေါ် တွဲတင်ပေးလိုက်ပြီး လင်းရိပ်ပြန်ဖို့ ပြင်လိုက်တယ်။ နှင်းသီရိက ပြန်ဖို့ပြင်နေတဲ့ လင်းရိပ်လက်ကို လှမ်းဆွဲလိုက်ပြီး "ကျေး ....ကျေးဇူးပါ မောင် ...နှင်းဆီကို လာပေးလို့ ကျေးဇူးပါနော် ... ရှေ့လျှောက် မောင့်ကို သူငယ်ချင်းတစ်ယောက်လို သဘောထားနိုင်အောင် နှင်းကြိုးစားမှာပါ ...မောင်လဲ နှင်းကို သူငယ်ချင်းတစ်ယောက်အနေနဲ့ ခင်မင်ပေးပါနော် " ****** အနီရင့် နံရံပေါ်က နာရီကို လှမ်းကြည်လိုက်တော့ ည ( ၉ ) နာရီပင် ထိုးတော့မယ်။ လင်းရိပ် ပြန်မရောက်လာသေးဘူး။။အနီရင့် တိုင်ကပ်နာရီကို လှမ်းကြည့်လိုက် ဖုန်းထဲက ပုံတွေကို ကြည့်လိုက်နဲ့ စိတ်တွေရှုပ်ထွေးနေမိတယ်။ ပို့လိုက်တဲ့ ပုံတွေကလည်း မနည်းမနော ။လင်းရိပ် နှင်းသီရိရဲ့အိမ်ခြံဝကို ရောက်တဲ့ ပုံကနေ ထမင်းပြင်ဆင်ကျွေးတဲ့ပုံနဲ့ နှင်းသီရိနဲ့ အတူတွဲပြီး အိပ်ခန်းထဲဝင်သွားတဲ့ ပုံတွေအထိပင်။အနီရင့် ပုံတွေကို အထပ်ထပ်အခါခါ ကြည့်နေမိတယ်။ ပုံတွေကို ကြည့်ရင်း ရင်ထဲမှာ တဆစ်ဆစ်နာကျင်လာမိတယ်။ဒီလိုခံစားချက် ။ ဒီလိုခံစားရတာတွေကို အနီရင့်မုန်းလှပြီ။ ဒီအချိန်မှာ အနီရင့် တစ်ယောက်ယောက်ကို အော်ကြီးဟစ်ကျယ်နဲ့ရန်တွေ့လိုက်တာပဲဖြစ်ဖြစ် ။တစ်စုံတစ်ခုကို အားပါးတရ ပေါက်ခွဲဖျက်ဆီးလိုက်တာပဲဖြစ်ဖြစ် လုပ်ချင်နေမိတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အနီရင့် ဆိုဖာခုံထက်မှာ ငြိမ်ငြိမ်းလေးပဲ ထိုင်နေမိတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အနီရင့်မှာ ဒေါသ ထွက်ခွင့်ရှိလား ၊ မရှိဘူးလားဆိုတာကိုလည်း အနီရင့်သေချာမသိဘူး။ ဘာလုပ်ရမလဲ ။ရှေ့ဆက်ဘာလုပ်သင့်လဲ ဆိုတာကိုလဲ အနီရင့်သေချာမဝေခွဲနိုင်သေးဘူး။

အနီရင့်ရဲ့ အသံကိုကြားလိုက်ရမှ လင်းရိပ် အသိစိတ် ပြန်ဝင်လာမိတယ်။အနီရင့်က မီးခလုတ်ကို သွားပြန်ဖွင့်တယ် ။ပြီးတော့ လင်းရိပ်ရှိရာကို ပြန်လျှောက်လာတယ်။ " ကိတ်မုန့်ခွဲတော့လေ လင်းရိပ်ရဲ့ .....ဗိုက်ဆာလှပြီ ...မခွဲဘူးပေါ့လေ ဟုတ်လား ... ကဲ...ကဲ မခွဲချင်အုံး " ပြောပြောဆိုဆိုနဲ့ အနီရင့်က ကိတ်မုန့်ထဲကို လက်ညှိုးနဲ့ အသာထိုးလိုက်ပြီး ကိတ်မုန့်စတွေနဲ့ လင်းရိပ်မျက်နှာကို လှမ်းတို့လိုက်တယ်။ လင်းရိပ် ရှောင်ချိန်ပင် မရလိုက်။ပြီးတော့ ကိတ်မုန့်စတွေ ပေသွားတဲ့ လင်းရိပ်မျက်နှာကိုကြည့်ပြီး အနီရင့်က အားပါတရ ရယ်မောနေတယ်။ရယ်မောနေတဲ့ အနီရင့်မျက်နှာလေးကို ကြည့်ပြီး သူမ အမြဲ ဒီလို အပူအပင်ကင်းကင်းနဲ့ရယ်မောပျော်ရွှင်နေတာကို လင်းရိပ်မြင်ချင်နေမိတယ်။ " မွေးနေ့ကိတ်ပြင်ပေးတာရော ...မွေးနေ့လက်ဆောင်ပေးတာအတွက်ပါ ကျေးဇူးတင်ပါတယ်ကွာ .... " " ရပါတယ် လင်းရိပ်ရယ် .. အနီရင့် လုပ်ပေးနိုင်တာတွေက လင်းရိပ်နဲ့ယှဉ်ရင် ဘာမှ ပြောပလောက်စရာမရှိပါဘူး ... ပြီးတော့ တကယ့်မွေးနေ့လက်ဆောင်က မပေးရသေးဘူး လင်းရိပ်ရဲ့ ...." " ဟင် ... ဘာကျန်သေးလို့လဲ " လင်းရိပ်မေးလိုက်တော့ အနီရင့်က မဖြေဘဲခပ်ပြုံးပြုံးလုပ်နေတယ်။ "ဘာကျန်သေးတာလဲဆိုတော့ နောက်တစ်ရက် နှစ်ရက်နေရင် သိရမယ် ...ခုတော့ မသီချင်နဲ့အုံးနော် " ပြုံးစစနဲ့ ပြောနေတဲ့ အနီရင့် ပုံစံလေးကို ကြည့်ပြီး လင်းရိပ်မချင့်မရဲဖြစ်သွားမိတယ်။ "ကဲ ...ထမင်းစားကြစို့ လင်းရိပ် ... အနီရင့်ကိုယ်တိုင် သေချာချက်ထားတယ်..." အမှန်တကယ်ဆိုရင် နှစ် လင်းရိပ် ဗိုက်မဆာတော့ပါဘူး။အနီရင့် မျက်နာကို တွေ့လိုက်ရပြီးကတည်းက လင်းရိပ် ဗိုက်ထဲ အလိုလိုပြည့်သွားခဲ့တယ်လေ။ဒီကြားထဲ ကိတ်မုန့် နည်းနည်း စားလိုက်တာမို့ ဘာမှကို စားချင်စိတ်မရှိတော့။ဒါပေမဲ့လည်း အနီရင့်က သေချာချက်ပြုတ်ထားတာဆိုတော့ အနီရင့် ကျေနပ်အောင် လင်းရိပ် ထမင်းစားခန့်ဘက်ကို လျှောက်လာခဲ့လိုက်တယ်။ "လင်းရိပ် ခုံမှာပဲထိုင်နေနော် ... ဒီနေ့တော့ အနီရင့်ပဲ ထမင်းပွဲပြင်ပေးပါရစေနော် " လင်းရိပ် အနီရင့်သဘောကျ ထမင်းစားပွဲခုံမှာ ထိုင်နေလိုက်တယ်။ အနီရင့်ကို ကြည့်ရတာ မှိုင်တွေ ငေးမောနေတဲ့ပုံ၊ စိတ်ပျက်အားငယ်နေတဲ့ပုံ မတွေ့ရတာမို့ လင်းရိပ်စိတ်ထဲက ဝမ်းသာနေမိသလို ဖုန်းထဲကပုံကို မြင်ယောင်ပြီးစိုးရိမ်ပူပန်နေမိပြန်တယ်။ "စားရအောင် လင်းရိပ် ... ဟင်းတွေအကုန်ထည့်စားနော် ...." ****** နှင်းသီရိ ဖုန်းကို လက်ထဲကိုင်ထားရင်းလက်သီကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။ ဒါပေမဲ့လည်း ဒေါသစိတ်ကို မျိုသိပ်ပြီး ဖုန်းကို ထပ်ခေါ်လိုက်တယ်။ဒီတစ်ခါ တစ်ဖက်က ဖုန်းကိုင်လိုက်တာမို့နှင်းသိရိ ကျေနပ်သွားမိတယ်။ "ဟယ်လို ....နှင်း...ကိုယ်မအားဘူး ...မင်း ဘာကိစ္စရှိလို့လဲ " " မောင်ရယ် ...ကိစ္စရှိမှ ဆက်ရမှာလား ...နှင်းကို သူငယ်ချင်းအဖြစ် တောင် သဘောမထားနိုင်တော့ဘူးလားဟင် ... နှင်း အကူအညီလေးတစ်ခုလောက်တောင်းမို့ပါ ...အခု နှင်းဗိုက် အရမ်းဆာနေလို့ပါ မောင်ရယ်.... စားစရာလဲဘာမှ မရှိဘူး ... သူငယ်ချင်းကလဲ ဒီည အိုဒီဆင်းရမယ်တဲ့လေ ...အဲ့ ..အဲ့ဒါ မောင် အလုပ်ပြန်ရင် နှင်းအတွက် စားစရာတစ်ခုခုဝယ်လာခဲ့ပေးလို့ရမလားဟင် ...တောင်းပန်ပါတယ်နော် " ဖုန်းချပြီးတာနဲ့ နှင်းသီရီမီးဖိုခန်းထဲကို ပြေးဝင်ခဲ့လိုက်တယ်။ ဝင်သာဝင်လာရတယ် တကယ်လည်း ဘာစားစရာမှမရှိတာမို့ အထူးအထွေ ဖွက်သိမ်းစရာလည်းမရှိပါ။ အခန်းထဲမှာ ရှုပ်ပွနေတာကို ရှင်းသင့်သလောက်ရှင်းပြီး ခပ်နွမ်းနွမ်း ဝတ်စုံတစ်စုံကို ထုတ်ထားလိုက်တယ်။ "မိုးမိုး ... နင်လဲ လုပ်စရာရှိတာလုပ်ပြီး အခန်းထဲဝင်နေနော်...မောင်ရောက်လာတာနဲ့ တစ်ပုံမှ အလွတ် မပေးဘဲ ဓါတ်ပုံရိုက်နော် " " အင်း ...အင်းပါ နှင်းရယ် ...စိတ်ချပါ ...ငါသေချာ ရိုက်ပေးပါ့မယ် " ***** "တီ ....တီ ...တီ " ခြံ၀ဆီမှ ကားဟွန်းသံကြောင့် နှင်းသီရိအိမ်ထဲက လှမ်းကြည့်လိုက်တော့ တက္ကစီကားပေါ်က ဆင်းလာတဲ့ ချစ်သူ လင်းရိပ်ကို တွေ့လိုက်ရတာမို့ အားမရှိတဲ့ပုံနဲ့ လမ်းကို ခပ်ဖြည်းဖြည်းလျှောက်ပြီး ခြံရှေ့ကို ထွက်လာခဲ့လိုက်တယ်။ ဝတ်ထားတဲ့အဝတ်အစားက ခပ်နွမ်းနွမ်းနဲ့မလန်းမဆန်းပုံ ပေါက်အောင် ပြင်ထားတဲ့နှင်းသီရိရဲ့ပုံကို ကြည့်ပြီး လင်းရိပ်ရဲ့မျက်နှာကွက်ခနဲ ပျက်သွားတာကို နှင်းသီရိမြင်လိုက်ရတော့ မသိမသာလေးကြိတ်ပြုံးလိုက်မိတယ်။ "ကျေး ..ကျေးဇူးပါနော် ... အိမ်မှာ တစ်ယောက်တည်း ရှိနေတာမို့ မှာလဲမစားရဲလို့သာ မောင့်ကို အကူအညီလှမ်းတောင်းလိုက်ရတာ ...တကယ် အားနားပါတယ် ..." နှင်းသီရိက ပါးစပ်က ပြောရင်း လက်က လင်းရိပ်လက်ထဲက အထုတ်တွေကို လှမ်းယူလိုက်တယ်။ပြီးတော့ ခြံတံခါးကို ပြန်ပိတ်မယ့် ဟန်ပြင်လိုက်တယ်။နှင်းသီရိ ပါးစပ်ကနေ လင်းရိပ်ကိုအိမ်ထဲဝင်ဖို့ တစ်ခွန်းမှ မခေါ်ဘဲ ပြန်လှည့်ထွက်လာခဲ့လိုက်တယ်။ တစ်လှမ်း ။နှစ်လှမ်း။သုံးလေးလှမ်း လှမ်းပြီးချိန်မှာ နှင်းသီရိ မြေပြင်ပေါ်ကို ခွေခနဲ လှဲချပစ်လိုက်တယ်။ "နှင်း ...နှင်းသီရိ "

ဧကြည်ဖြူ " ရင်ဘတ်ပေါ်က နှင်းဆီ " အပိုင်း (၂၄ ) ******* ကြောက်စရာကောင်းလောက်အောင် မှောင်မိုက်တိတ်ဆိတ်နေတဲ့ အခန်းကို ကြည့်ပြီး နှလုံးခုန်သံတွေ ရပ်တန့်သွားမတတ် လင်းရိပ်ဆွံ့အ ထိတ်လန့်နေမိတယ်။အရင်နေ့တွေက လင်းရိပ် ပြန်လာချိန်တိုင်း ဆိုဖာခုံမှာဖြစ်စေ၊ စာရေးစာပွဲခုံမှာ ဖြစ်စေ ရှိနေတတ်တဲ့ အနီရင့်။လင်းရိပ် နေရာမှာပဲရပ်တန့်နေမိတယ်။မီးခလုတ် ရှိရာကို သွားဖို့ရာ ခြေထောက်တွေကခဲဆွဲထားသလို လေးလံနေမိတယ်။မီးဖွင့်လိုက်တဲ့အခါ ပစ္စည်းတွေ မရှိတော့ဘဲဟာလာ ဟင်းလင်း ဖြစ်နေတဲ့ အခန်းကို မြင်ရလေမလား ။ ဒါမှမဟုတ် လင်းရိပ်ပစ္စည်းတွေကို အသင့် ထုတ်ပိုးထားတာမြင်ရလေမလားလို့ စိုးတထိတ်ထိတ်နဲ့ တွေးပြီး ပူပန်နေမိတယ်။ ဒါပေမဲ့လည်း ဒီလိုချည်းပဲ ရပ်နေဖို့ရာမဖြစ်နိုင်တာမို့ မီးခလုတ် ရှိရာကို မှန်းဆပြီး ခပ်ဖြည်းဖြည်းချင်းသွားလိုက်တယ်။ လင်းရိပ် မီးခလုတ်ရှိရာကို ရောက်လာတဲ့အခါ မီးခလုတ်ကို စမ်းပြီး လက်နဲ့ အသာဖွင့်လိုက်တယ်။ " မွေးနေ့ကို ဂုဏ်ပြုပါတယ် လင်းရိပ် " " ဟာ " မီးလင်းလာတာနဲ့ တစ်ပြိုင်နက် မြင်လိုက်ရတဲ့ မြင်ကွင်းနဲ့ကြားလိုက်ရတဲ့အသံကြောင့် လင်းရိပ် အသက်ရှူမှားမတတ်အံ့ဩသွားရပြီး အေးစက် ငြိမ်သက်နေတဲ့ နှလုံးသားက ဝုန်းဒိုင်းကြဲအောင်းဆူညံလှုပ်ရှားသွားမိတယ်။ပြီးတော့ သူတစ်ခါမှ မမြင်ဖူးတဲ့ပုံစံနဲ့ ရှိနေတဲ့ အနီရင့်ကို ငေးကြည့်နေမိတယ်။မြန်မာဆန်ဆန်ပန်းခရမ်းရောင်ဝမ်းဆက်လေးကို လှပချပ်ရပ်စွာဝတ်ထားတဲ့သူမ။ အမြဲလိုလို ဖြစ်သလို စည်းထားတတ်တဲ့ဆံပင်ရှည်ရှည်ကောက်ကောက်တွေကို လှပသေသပ်စွာ ထုံးဖွဲ့ထားပြီး နဖူးပြင်ထက်မှာ ဆံနွယ်ပါးပါးလေး ချထားပုံက သူမရဲ့ မျက်နှာလေးနဲ့လိုက်ဖက်လှတယ်။ကိတ်မုန့်ဗန်းကိုကိုင်ထားတဲ့လက်နှစ်ဖက်ကကန်းစွန်းပွင့်လက်အင်္ကျီစလေးတွေ တဖျပ်ဖျပ် လှုပ်ရှားနေပုံက လင်းရိပ်ကို မင်သက်နေစေမိတယ်။ "ဘာကြည့်နေတာလဲ လင်းရိပ် ... လာလေ ကိတ်မုန့်ပေါ်မှာ ဖယောင်းတိုင်ထွန်းရအောင် " အနီရင့်ရဲ့ လှမ်းခေါ်သံကို ကြားလိုက်ရမှ လင်းရိပ်သတိဝင်လာမိပြီး အနီရင့်ဆီကို လျှောက်သွားလိုက်မိတယ်။ဒီလို လမ်းလျှောက်နေတဲ့အချိန်မှာ လင်းရိပ်ရဲ့ ခြေထောက်တွေဟာ ကြမ်းပြင်နဲ့ မထိသလိုခံစားနေရတယ်။အရာရာကို လင်းရိပ်နားမလည်နိုင်သေးပါ။သို့ပေမဲ့ သေချာတာက အနီရင့်ကို တွေ့လိုက်ရတဲ့ အချိန်မှာ လင်းရိပ် ရင်ထဲမှာ အတိုင်း မသိ ဝမ်းသာပျော်ရွှင်သွားမိတယ်ဆိုတာပါပဲ။ "ဒီနေ့ လင်းရိပ်ရဲ့ မွေးနေ့လေ ... လင်းရိပ်ကို ကျေးဇူးတင်တဲ့အနေနဲ့ အမှတ်တရ လုပ်ပေးတာ ...မွေးနေ့ရှင်က ကိုယ့်မွေးနေ့ကိုတောင် မမှတ်မိတော့ ရှက်လိုက်တာ " ရှက်ဝဲဝဲ မျက်နှာလေးနဲ့ ပြောလာတဲ့ အနီရင့်ကို ကြည့်ပြီး လင်းရိပ်ကြည်ကြည်နူးနူးပြုံးလိုက်မိတယ်။အမှန်တကယ် ပြောရရင် လင်းရိပ် အတွက် မွေးနေ့ဆိုတာဘာမှန်းပင်မသိ။အမြဲမိသားစုအတွက် ရုန်းကန် နေခဲ့ရတာမို့ မွေးနေ့ကို တစ်ခါမှ အမှတ်ပင်မရခဲ့။ချစ်သူရည်းစားရပြန်တော့လည်း ချစ်သူနှင်းသီရိရဲ့ မွေးနေ့ကို အမှတ်ရရရှိခဲ့ပြီး လက်ဆောင်ပစ္စည်းလေးတွေပေးခဲ့ပေမဲ့ ကိုယ့်မွေးနေ့ကို အမှတ်မထားမိခဲ့ဘူး။ ဒါက လင်းရိပ် အတွက် ပထမဆုံး မွေးနေ့အမှတ်တရပါ ပင်။အသက် နှစ်ဆယ့်ခွန်ပြည့်မှ ပထမဆုံးမွေးနေ့ကိတ်ခွဲရမှာ ရှက်တော့ရှက်မိသလိုပင်။ "လာပါဆို ... ဘာတွေတွေးနေတာလဲ .. ဒီမှာ ဖယောင်းတိုင်တွေ ထွန်းလိုက်နော် " အနီရင့် ကမ်းပေးတဲ့ မီးခြစ်ကို ယူပြီး လင်းရိပ် ဖယောင်းတိုင်တွေကို မီးထွန်းညှိနေချိန်မှာ အနီရင့်က လင်းရိပ်နားက ထသွားပြီး မိခလုတ်တွေကို သွားပိတ်လိုက်တယ်။ပြီးတော့ လင်းရိပ် အနားကို ပြန်လျောက်လာပြီး လင်းရိပ်ဘေးနားမှာထိုင်လိုက်တယ်။ အခန်းထဲမှာ တော့ ကိတ်မုန့်ပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်တွေရဲ့ မီးအလင်းရောင်လေးက ခပ်မှိန်မှန်လင်းနေတယ်။ "happy birthday to You ..... မွေးနေ့မှစပြီး ထာဝရပျော်ရွှင်ပါစေနော် လင်းရိပ် ..." ဖယောင်းတိုင်မီးရောင်လဲ့လဲ့အောက်မှာ ဆုတောင်းစကား ပြောပေးနေတဲ့ အနီရင့်ရဲ့မျက်နှာလေးကို လင်းရိပ် အမှတ်တမဲ့ငေးကြည့်လိုက်မိတယ်။ မီးရောင်လဲ့လဲ့နဲ့အပြိုင် စူးစူးတောက်တောက် မျက်ဝန်းလေးတွေ။ပန်းရောင်ဖျော့ဖျော့ဆိုးထားတဲ့ နှုတ်ခမ်းဖူးဖူးလေးကို လင်းရိပ် သတိလက်လွတ် ငေးကြည့်နေမိတုန်းမှာ "ဆုတောင်းပြီးရင် မီးတွေ မှုတ်လိုက်လေ လင်းရိပ်ရဲ့ " အနီရင့်ရဲ့ အသံချိုချိုလေးကို ကြားမှ လင်းရိပ် လည်းရှက်ကိုးရှက်ကန်းနဲ့ ဖယောင်းတိုင်မီးတွေကို မှုတ်လိုက်တယ်။မီးမှောင်သွားတာနဲ့တပြိုင်နက် စာကြည့် မီးအိမ်လေးက ဖျတ်ခနဲ လင်းလာပြီးတဲ့နောက်မှာ အနီရင့်ရဲ့လက်ကလေးတွေက လင်းရိပ်ရဲ့လက်တစ်ဖက်ကို ဆွဲကိုင်ယူလိုက်ပြီး တစ်စုံတစ်ခုကို လင်းရိပ် လက်မှာ ဝတ်ပေးလာတယ်။ အနီရင့်ရဲ့ အပြုအမူကြောင့် လင်းရိပ် ရင်ခုန်သံတွေ မြန်လာတယ်။အနီရင့်က ခေါင်းလေးငုံ့ပြီး လင်းရိပ်ကိုနာရီ ဝတ်ပေးနေတယ်။နှစ်ယောက်သားနီးနီးကပ်ကပ်အနေ အထားကြောင့် လင်းရိပ်မနေတတ် မထိုင်တတ်သလို ဖြစ်လာမိတယ်။ခေါင်းငုံ့နေတဲ့ အနီရင့်ရဲ့နဖူးပြင်လေးကို ခပ်ဖွဖွနမ်းရှိုက်ပစ်ချင်စိတ်တွေ ဖြစ်ပေါ်လာမိတယ်။ "လင်းရိပ်နဲ့ အရမ်းလိုက်တာပဲ "

အနီရင့် ထပ်မေးလိုက်တော့ နှင်းသီရိဘက်က တိတ်ဆိတ်သွားတယ်။ နှင်းသီရိရဲ့စိတ်ထဲမှာ လင်းရိပ်ရဲ့ မိသားစုနဲ့ ခြိမ်းခြောက်လိုက်ရင် အနီရင့်အလွယ်တကူလက်ခံလိုက်မယ်လို့ထင်နေခဲ့တယ် ။ "ကဲပါ ... ဒီမှာ မနှင်းသီရိ ...ကျွန်မ ရှင်းရှင်းပဲပြောမယ် ...ရှင်နဲ့ လင်းရိပ် အကြောင်းကို ကျွန်မ စိတ်မ၀င်စားဘူး ...လင်းရိပ်က မနှင်းသီရိကို အိမ်ပဲ ငှားပေးပေး ... မနှင်းသီရိ တို့နှစ်ယောက် အတူတူပဲနေနေ ကျွန်မ ဂရုမစိုက်ဘူး ... ပြီးတော့ ကျွန်မ ဆေးရုံက ဆင်းလာတာ သုံးရက်တောင်မပြည့်သေးဘူး ချက်ချင်းကြီး အိမ်ထောင်ကွဲတာဖြစ်ဖြစ် ... ကျွန်မယောက်ျားကို အိမ်ပေါ်က ဆင်းခိုင်းတာရော မလုပ်နိုင်သေးဘူးရှင့်...ကျွန်မရဲ့ သိက္ခာနဲ့ ကျန်းမာရေးထက် ဘယ်သူ့ကိုမှ ပိုပြီး ဂရုမစိုက်နိုင်ပါဘူး ... မနှင်းသီရိ အနေနဲ့ အခုလက်ရှိ ကျွန်မရဲ့ တရားဝင်လင်ယောကျာ်းဖြစ်တဲ့ လင်းရိပ်ကို လိုချင်သပဆိုရင် စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါရှင် ...ဒါမှ စိတ်မရှည်လို့ ကျွန်မအကြောင်းတွေကို ပတ်ဝန်းကျင်မှာ အရှက်ခွဲ ချင်သပဆိုရင်လဲခွဲပါ ... အခြားလူတစ်ယောက်ရဲ့ စိတ်ဓါတ်ရေးရာကို တားဆီးနိုင်စွမ်း ကျွန်မမှာ မရှိပါဘူး ... ဒီထက်ပိုပြီးလဲ ကျွန်မမှာပြောစရာမရှိတော့ပါဘူး ...မနှင်းသီရိ ပြောချင်တာရှိရင် ပြောပြီး ပြန်ပါတော့နော် ... ကျွန်မနားချင်နေပြီ ...မနှင်းသီရိလဲ နားသင့်တယ် ....မနှင်းသီရိကို ကြည့်ရတာ စိတ်တွေ အရမ်းပူလောင်နေပုံရလို့ပါ " အနီရင့်ရဲ့ စကားအဆုံးမှာ နှင်းသီရိ အံကိုတင်းတင်းကြိတ်လိုက်မိတယ်။အနီရင့် ဆက်ဆံပုံက သူမထင်ထားသလို ဖြစ်မလာတာမို့ ရင်ထဲ အောင့်သီးအောင့်သက်ဖြစ်နေမိတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် အနီရင့်ပြောပုံအရ လင်းရိပ်နဲ့ လမ်းခွဲမယ့် သဘောရှိတာမို့ နှင်းသီရိ ကျေနပ်မိတယ်။ ****** "တွီ.... တွီ....တွီ " ဖုန်းဘိုက်ဘာကနေ စာရောက်သံကြောင့် လင်းရိပ်ဖုန်းကို ကောက်ကြည့်လိုက်တယ် ။ဆိုင်က အမှာစာတွေ အမြဲရောက်တတ်တာမို့ လင်းရိပ်မှာ ဖုန်းထဲ မက်ဆေ့ ၀င်သံကြားတာနဲ့ ဖုန်းကို ချက်ချင်းယူကြည့်ရတယ်။အမှာစာကို စာရင်းသွင်းပြီး ပစ္စည်းတွေ တစ်ရက် နှစ်ရက်အတွင်း အမြန်ဆုံးပို့ဖို့ ပြင်ဆင်ရတယ်။ လင်းရိပ် ဖုန်းကို ဖွင့့်ကြည့်လိုက်တဲ့အခါ မြင့် လိုက်ရတဲ့ ပုံတွေကြောင့် လူက ဒေါသထွက်သလိုလို ဝမ်းနည်းသလိုလို ခံစားလိုက်ရတယ်။ပုံတွေက မြတ်ဘုန်းနဲ့ အနီရင့်ရဲ့ပုံတွေ။ မြတ်ဘုန်း လှေကားကနေ တက်သွားတဲ့ပုံ၊ တိုက်ခန်းထဲဝင်သွားတဲ့ပုံတွေ။ ပို့လာတဲ့ ဖုန်းနံပတ်ကို လင်းရိပ် မသိပါ။ မြတ်ဘုန်း ကိုယ်တိုင်ပဲ ပို့လေသလား မတွေးတတ်။ဆွေးမျိုးသားချင်းတွေကိုပင် တွေ့ဖို့ ငြင်းဆန်ခဲ့တဲ့ အနီရင့်က မြတ်ဘုန်းကို ဘာလို့ တွေ့တာလဲ ။တွေးရင်းမှ လင်းရိပ်ရဲ့ ရင်ထဲ ပူလောင်လာမိသလို စိုးရိမ်စိတ်တွေနဲ့ အလုပ်လုပ်ရတာ စိတ်မဖြောင့်နိုင်တော့ဘူး။ဖြစ်နိုင်ရင် အိမ်ကို ချက်ချင်းပြန်ပြေးသွားပြီး အနီရင့်ကို မေးလိုက်ချင်မိတယ်။ "အစ်ကို .. စာရင်းတွေမှားနေတယ်..." အလုပ်သမားကောင်လေးက အနားကပ်ပြီး ခပ်တိုးတိုးပြောလိုက်မှ လင်းရိပ် ပစ္စုပ္ပန်ကို ပြန်သတိရမိသွားတယ်။လက်ထဲကိုင်ထားတဲ့ ဘောင်ချာကို ပြန်ကြည့်လိုက်မိတော့ စာရင်းတွေက အလွဲလွဲအချော်ချော်ဖြစ်လို့။ လင်းရိပ် စိတ်ကို တည်ငြိမ်အောင် ကြိုးစားထိန်းလိုက်တယ်။ သို့ပေမဲ့လည်း စိတ်က ဖုန်းထဲက ပုံတွေကိုပဲ မြင်ယောင်နေမိတယ်။ ***** လင်းရိပ် နှေးကွေးလေးလံတဲ့ ခြေလှမ်းတွေနဲ့ လှေကားထစ်တွေကို နင်းတက်လာခဲ့မိတယ်။ဒီနေ့အဖို့မှာ လင်းရိပ်အနေနဲ့ အခန်းကို အမြန်ပြန်ရောက်ချင်နေသလို ပြန်လည်းမပြန်ဝံ့ဖြစ်နေမိတယ်။အိမ်ကို ရောက်တဲ့အခါ အနီးရင့်ကလမ်းခွဲစကားများ ပြောလေမလားလို့ တွေးနေမိတယ်။တကယ်ဆို လင်းရိပ်တို့ နှစ်ဦးသဘောတူထားချက်က ကလေးမရှိတော့ရင် ပျက်ပျယ်ခဲ့ပြီလေ။ကိုယ့်လမ်းကိုယ်လျှောက်ကြရုံပင်။ဒီအခြေအနေကို လင်းရိပ် ဘာကြောင့် ကြောက်ရွံ့နေမိတာလဲ ကိုယ်တိုင် မဆန်းဆစ်ချင် မဆန်းဆစ်ရဲပါ။တကယ်တော့ လင်းရိပ်က မကောင်းတဲ့ ကောင်/ မဟုတ်လား။အနီရင့်လို မိန်းခလေးနဲ့ မထိုက်တန်တဲ့သူလေ။ ***** လင်းရိပ် တိုက်ခန်းရှေ့ကို ရောက်တဲ့အခါ တိုက်ခန်း၀ဟာ အရင်နေ့တွေလို မီးမဖွင့်ထားဘဲ မှောင်မိုက်နေတယ်။ လင်းရိပ် သံပန်းတံခါးသော့ကို ဖွင့်လိုက်တယ်။ပြီးတော့ အတွင်း သစ်သားတံခါးကို လက်နဲ့ အသာတွန်းကြည့်လိုက်တော့ တံခါးက ခပ်ဟဟ ပွင့်သွားတယ်။ လင်းရိပ် သစ်သားတံခါးကို ဖွင့်လိုက်တဲ့အခါ တိုက်ခန်းထဲမှာ ချောက်ချားစရာကောင်းလောက်အောင် မှောင်မည်း တိတ်ဆိတ်နေတယ်။ ==================== အပိုင်း (၂၄ ) ဆက်ရန် ဧကြည်ဖြူ

အနီရင့် မြတ်ဘုန်းကို ငေးကြည့်နေမိတယ်။လွန်ခဲ့တဲ့ ဆယ်နှစ်မတိုင်ခင်က ခင်မင် နှစ်လိုဖွယ်ကောင်းလှတဲ့ လူသားတစ်ယောက်ဟာ ခုချိန်မှာ အပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပြီဆိုတာကို အနီရင့် သိခဲ့တာကြာခဲ့ပြီလေ။ "သိပါတယ် ...ကိုဘုန်း မကေဇင်ကို မချစ်ဘူးဆိုတာကို သိပါတယ် ...ပြီးတော့ ကျွန်မကိုရော ဘယ်မိန်းခလေးကိုမှလဲ ကိုဘုန်း တကယ်မချစ်ဘူးဆိုတာကိုလဲ သိတယ်...တကယ်တော့ ကိုဘုန်းက ကိုယ့်ကိုယ်ကိုပဲချစ်တဲ့လူမျိုးလေ ...တစ်ယောက်ယောက်ကို ကိုယ့်ဘက်ကပေးဆပ်ရတော့မယ်ဆိုရင် ကိုဘုန်း အမြဲထွက်ပြေးခဲ့တာပဲလေ... ရှေ့လျှောက်လဲ ကိုဘုန်း ဒီလိုပဲ လုပ်နေအုံးမှာပါပဲ ... သေချာတာကတော့ ကိုဘုန်းကြောင့် မိန်းခလေးတွေ ဘ၀တွေပျက်စိတ်ဆင်းရဲ သောကဖြစ်ရသလိုပဲ ကိုဘုန်း ဘ၀လဲ ဘယ်တော့မှ ပျော်ရွှင်ရမှာ မဟုတ်ဘူး သိရဲ့လား ...အခုချိန်က အချိန်မီသေးတာမို့ ကိုယ့်ကိုယ်ကို ပြုပြင်ပြောင်းလဲနိုင်ဖို့ကြိုးစားပါ ...ကဲ ...ကိုဘုန်းပြန်ပါတော့...နောက်နောင် ဘယ်တော့မှ လာမပတ်သက်ပါနဲ့တော့ရှင် ...." အနီရင့်ရဲ့ စကားအဆုံးမှာ မြတ်ဘုန်း ခေါင်းကြီး ငိုက်စိုက်ချလို့။ပြီးတော့ အနီရင့်ကို ပြန်မော့ကြည့်လိုက်ပြီး နှုတ်ဆက်စကားဆိုလိုက်တယ်။ "မင်းပြောတာမှန်ပါတယ် ... ဒါပေမဲ့ ကိုယ်သူ့ဆီကိုတော့ ပြန်မသွားနိုင်တော့ဘူး ..ဒီနိုင်ငံရဲ့ အဝေးဆုံးကို ထွက်သွားတော့မယ် အဲ့ဒါ နီ့ကို လာနှုတ်ဆက်တာပါ ...ကိုယ်သွားတော့မယ်နော် " ****** မြတ်ဘုန်းပြန်ထွက်သွားလို့ အနီရင့် တံခါးပိတ်နေတုန်းမှာပဲ အခန်းရှေ့ကို ရုတ်တရက်ရောက်လာတဲ့ နှင်းသီရိကို ကြည့်ပြီး အနီရင့်ရတွေ ဒိန်းခနဲ ဆောင့်ခုန်သွားမိတယ်။သော့ခတ်လုဆဲဆဲလက်တွေက ရပ်တန့်သွားရတယ်။ အနီရင့် မျက်နှာမပျက်အောင် ထိန်းလိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်တယ်။ အနီရင့် ကြုံဖူးခဲ့သူတွေထဲမှာ ဒီမိန်းခလေးက ကြောက်ဖို့အကောင်းဆုံးလို့ ထင်လိုက်မိတယ်။ဘာလို့လဲဆိုတော့ သူမဆီမှာ အစစ်အမှန်ဆိုလို့ဘာကို မှ မတွေ့ရဘူးလေ။အပြုံးတွေရော၊ စကားလုံးတွေရော ၊ သူမရဲ့ အပြုအမူမှန်သမျှက ဘယ်အရာမှ အစစ်အမှန်မဟုတ်ဘူးဆိုတာကို အနီရင့်သိနေတယ်။ ဒီလို မိန်းခလေးရဲ့လက်ထဲကို လင်းရိပ်ကို ပြန်ထည့်ပေးလိုက်ဖို့ ဆိုတာ စဉ်းထောင် မစဉ်းစားချင်တဲ့ကိစ္စမျိုးလို့ပဲပြောရမလား။ " ထိုင်ပါ ...မနှင်းသီရိ ...ရေအေးအေးလေးပဲ သောက်မလား ... နှစ်ယောက်လုံး နေပြန်ကောင်းစဆိုတော့ ရေပဲသင့်တော်မယ် ထင်တယ် ..." ပြောပြီးတာနဲ့ ရေခဲသေတ္တာထဲက ဖန်ရေတကောင်းနဲ့ ဖန်ရေခွက်ကို စားပွဲခုံပေါ်ကို အနီရင့်တင်လိုက်တယ်။ပြီးတော့ နှင်းသီရိရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။ " သက်သာသွားပြီလာ မနှင်းသီရိ " အနီရင့် လေသံခပ်အေးအေးနဲ့ ပဲ မေးလိုက်တယ်။ တုန်လှုပ်နေစရာ အကြောင်းတွေလဲ မရှိတော့ဘူး မဟုတ်လား ။ " သက်သာပါတယ် ...ဒါနဲ့ ... အစ်မရော အဆင်ပြေလား ... ကလေးမရှိတော့ဘူးလို့ ကြားတယ် နှင်း တကယ်စိတ်မကောင်းပါဘူး " နှင်းသီရိက ဝမ်းနည်းသံလေးနဲ့ ပြောလိုက်တယ်။ " အဆင်ပြေပါတယ်ရှင် ... တစ်ချို့အရာတွေက ကိုယ်နဲ့မဆုံထိုက်ရင် ဒီလိုပဲ ဝေးကွာသွားရတာပဲလေ ...ဒီပေါ်မှာလိုက်ပြီး ခံစားနေရလောက်အောင် ကျွန်မ အတ္တမကြီးပါဘူးရှင် ...ဒါနဲ့ ...မနှင်းသီရိ လာတဲ့ ကိစ္စလေးကို ပြောပါအုံး " အနီရင့်ရဲ့ တုံ့ပြန် စကားကြောင့် နှင်းသီရိက ပျက်သွားတဲ့မျက်နာကို ထိန်းပြီး ပြန်ဖြေလိုက်တယ် ။ "ဟုတ်ကဲ့ ...နှင်း လိုရင်းပဲပြောပါမယ်ရှင် ..နှင်းဘက်က ပြောမှားဆိုမှားရှိခဲ့ရင် ကြိုပြီး တောင်းပန်ပါတယ်နော် " " ဟုတ်ကဲ့ ...ရပါတယ် ပြောပါ " အနီရင့်က ခပ်အေးအေးပြန်ပြောလိုက်တယ်။ "ဒီလိုပါ နှင်းနဲ့ မောင့် အကြောင်းကို အစ်မလဲ သိပြီးသားပဲလေ ... မောင်က သနားတတ်တဲ့အကျင့်ရှိတော့ အစ်မကို သနားခဲ့ တာပါ ...အခု အစ်မမှာ ကိုယ်ဝန်လဲ မရှိတော့ဘူးဆိုတော့ မောင့်ကို လက်လွှတ်ပေးပါတော့နော် ... အစ်မရဲ့ ဆိုင်ကိုလဲ စာရင်းအတိအကျနဲ့ပြန်အပ်ခိုင်းပါ့မယ် .. ပြီးတော့ မောင့် ရဲ့မိသားစုကိုလဲ အခု နှင်းအတွက် ငှါးပေးထားတဲ့ အိမ်ကို ပြောင်းဖို့စီစဉ်ထားကြပါတယ် ...အဲ့ဒါ မောင်က ပြောမထွက်ဘူးဖြစ်နေလို့ နှင်းလာပြောရတာပါ " နှင်းသီရိက စကားကို တစ်လုံးချင်းပြောပြီး အနီရင့်မျက်နှာကို ကြည့်လိုက်တယ်။ အနိုင့်က ခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။ပြီးတော့ နှင်းသီရိရဲ့မျက်နှာကိုစိုက်ကြည့်ပြီး ပြောလိုက်တယ်။ "တကယ်လို့ ...ကျွန်မဘက်က လက်မလွှတ်ဘူးဆိုရင်ရော " အနီရင့်ရဲ့ မေးခွန်းကြောင့် နှင်းသီရိ သိသိသာသာ မျက်နှာပျက်သွားတယ်။ပြီးတော့ နှုတ်ခမ်းကိုကိုက်တယ်" မျက်လုံးစူးစူးတွေနဲ့ အနီရင့်ကို ကြည့်တယ်။လက်သီးကို မသိမသာ ဆုပ်လိုက်တယ်။ " တောင်းပန်လို့ မရရင်တော့ ဒီကိစ္စတွေကို မောင့် မိသားစုကို ပြောပြမှာပါ ... အနီရင့်က အခြားသူနဲ့ ရတဲ့ ကိုယ်ဝန်ကို မောင့်ကို တာဝန်ယူခိုင်းခဲ့တာတွေ.... ပြီးတော့ မောင့်က မိသားစုအတွက် ငွေရဖို့ ဟန်ဆောင် လက်ထပ်ခဲ့တာတွေကို ပြောပြလိုက်မှာပါ " နှင်းသီရိက ခပ်တင်းတင်းပြန်ပြောတယ်။ "အဲ့ဒီလို ပြောတာကို လင်းရိပ်က လက်ခံမှာတဲ့လား "

အလတ်မရဲ့ စကားကြောင့် လင်းရိပ်အားရှိသွားမိတာတော့အမှန်ပါ။ " ကျေးဇူးတင်ပါတယ်ကွာ .. အစ်ကို့ ညီနဲ့ညီမကို ပဲအားကိုးရမှာပါပဲ...အစ်ကို ဆေးရုံမှာ ရှိနေတဲ့ အတောအတွင်း ဆိုင်ကို ကြည့်ပေးထားတာ ကျေးဇူးပါ ညီလေးရာ " " အစ်ကိုကလဲဗျာ ... ညီကိုမောင်နှမတွေကြား ကျေးဇူးတင်စကား ပြောဖို့ မလိုပါဘူး...အစ်ကို့ဆိုင်ကို ကူရတာ ဘာပင်ပန်းလို့လဲ ...ဒီနေ့တော့ ကျွန်တော့်အလုပ်ကိုသွားပြန်ဆင်းတော့မယ်နော် အစ်ကို " လင်းရိပ် ညီမဖြစ်သူနဲ့ညီငယ်လေးကို ကြည်နူး ကျေးဇူးတင်စွာ ကြည့်လိုက်မိတယ်။ ***** "ကေသီ ...မင်းလုပ်ပုံတွေ ...မဟုတ်သေးဘူးနော်...ငါနေရတာ မျက်နာပူလှပြီး ..အမေရီကလဲ မင်းသားကြီးကို ပြန်ခေါ်ပေးဖို့ ငါ့ကို လာတောင်းပန်နေတယ်...ကိုမျိုးအောင်ကတော့ ငါ့မျက်နှာကိုတောင် မကြည့်ပါဘူး ...အေးဒါပေမဲ့ မဌေးမူကတော့ တရားစွဲဖို့ လုပ်မယ်တဲ့ " ဒေါ်ကေသီက စိတ်ညစ်စိတ်ရှုပ်ထွေးတဲ့ ပုံစံနဲ့ ပြောနေတဲ့ ခင်ပွန်းဖြစ်သူကို တစ်ချက်မော့ကြည့်လိုက်ပြီး လေသံအေးအေးနဲ့ပြန်ပြောလိုက်တယ်။ "ကျွန်မကရော ဒီလိုတွေ ဖြစ်စေချင်မလားရှင် ...ရှင့်သားက မပေါင်းချင်တော့ပါဘူးဆို ကျွန်မက ဘာတတ်နိုင်မှာလဲ ...သူတို့လဲ ကလေးမဟုတ်ကြတော့ဘူးလေ .... သူတို့စိတ်နဲ့သူတို့ကိုယ်လေတော် ...." " အေး ...အေးပါကွာ ...ငါပြောတာက ..သားကြီးနေတဲ့ နေရာကို မင်းသိရင် ငါ့ကို ပြောပြဖို့ပါ ...ငါ သားနဲ့ စကားကြည့်ချင်တယ် ....သူ့ ဘာဖြစ်ချင်တာလဲ သိချင်တယ်...ပြီးရင် နှစ်ဦးနှစ်ဘက် ရန်မီးမပွားဘဲ ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းချင်တာ ..." "အင်းပါရှင် ... ဒီတစ်ခါ သားဖုန်းဆက်ရင် ကျွန်မ ချော့ပြော ကြည့်ပါ့မယ် " ****** "ဖြစ်ပါ့မလား နှင်းရယ် ကောင်းကောင်းကျန်းမာသေးတာလဲ မဟုတ်ဘဲနဲ့ သွားလို့ ဖြစ်ပါ့မလား ....." နှင်းသီရိရဲ့ သူချင်းဖြစ်သူ မိုးမိုးသန်းက ဝတ်စား ပြင်ဆင်နေတဲ့ နှင်းသိရိကို မဝံ့မရဲနဲ့ ပြောလိုက်တယ်။မိုးမိုးသန်းမှာ နှင်းသီရိလုပ်နေတာတွေကို မသင့်တော်မှန်း သိနေပေမဲ့ အခုချိန်မှာအလုပ်မရှိသေးတဲ့သူမကို နေစရာရော စားစရာ ပါပေးထားတဲ့ နှင်းသီရိကို မပြောရဲ။ မပြောဝံ့။ မတားဆီး ရဲဖြစ်နေခြင်းပင် ။တကယ်ဆို ခုလိုချိန်မှာ နှင်းသီရိ ရော တစ်ဖက်က အနီရင့်ပါ ကောင်းကောင်း အနားယူရမယ့်အချိန် ဖြစ်တာကို မိုးမိုးသန်း သိတယ် ။ဒါပေမဲ့လည်း မိုးမိုးသန်း ဘ၀က သူ့ဆန်စားနေမှတော့ ရဲရမယ့် ဘ၀အခြေအနေပင်မဟုတ်ပါလား။ ******* မိုးမိုးသန်းက နှင်းသီရိရဲ့နောက်ကနေ တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါခဲ့တယ်။မိုးမိုးသန်းတို့ အငှားကား တက္ကစီပေါ်က ဆင်းလာကြပြီတဲ့နောက် နှင်းသီရိက အနီရင့်ရဲ့ တိုက်ခန်းရှိရာဘက်ကို လျှောက်သွားတယ်။ ဒီအခြေအနေမှာ မိုးမိုးသန်းက တိုက်အောက်ကနေပြီးတော့ လူဝင်လူထွက်နဲ့ အနီရင့်ဆီကို လာမဲ့ လူတွေကို စောင့်ကြည့်ပေးရမှာ။ဒါက မပင်ပန်းပါ။ သို့ပေမဲ့ တိုက်ပေါ်မှာ နှင်းသီရိနဲ့ အနီရင့်တို့ မတော်တဆ တစ်စုံတစ်ခုများဖြစ်ခဲ့ရင်ရော ။မိုးမိုးသန်းဆက်မတွေးရဲပါတော့ ။နှစ်ယောက်လုံး ဘေးကင်းကြစေရန်သာ စိတ်ထဲကနေ တဖွဖွဆု တောင်းနေမိတယ်။ ***** နှင်းသီရိ လှေကားထစ်တွေကို နင်းတက်လာရင်းကနေ မိမိရှေ့ကအရင် လှေကားအတိုင်း ဖြည်း ရေးစွာတက်သွားတဲ့သူရဲ့ ကျောပြင်ကို မသိမသာ ဓါတ်ပုံတွေရိုက်ထားလိုက်တယ်။ ******* "ဒေါက် ...ဒေါက် ...ဒေါက် " "ဒေါက် ...ဒေါက် ...နီ တံခါး ခဏဖွင့်ပါအုံး...ကိုယ်ခဏလေးစကားပြောချင်လို့ပါ " အပြင်က တံခါးသံနဲ့ ခေါ်သံကြောင့် အနီရင့် ခုတင်ထက်ကနေ အသာထလိုက်တယ်။ ဒီပြဿနာတွေဟာ ပြတ်ပြတ်သားသားမရှင်းသ၍ မပြီးနိုင်တာမို့ အနီရင့် အိပ်ရာထက်က အသာထလိုက်တယ်။ တံခါးဖွင့်ပေးလိုက်တော့ ပိန်လှီဖျော့တော့ပြီးညောင်နာနာပုံစံနဲ့ မြတ်ဘုန်းကိုတွေ့လိုက်ရတယ်။ "လာလေ ...ထိုင် " အနီရင့်ပြောလိုက်တော့ မြတ်ဘုန်းက ခုံမှာ ခပ်ကုပ်ကုပ် ဝင်ထိုင်လိုက်တယ်။ "နေသာရဲ့လား ...ကိုယ်ကို အရမ်းမုန်းနေလားဟင် " မြတ်ဘုန်းက ခုံမှာဝင်ထိုင်ပြီးတာနဲ့ အလာတကြီးမေးလိုက်တယ်။ " သက်သာပါတယ်ကိုဘုန်း...လင်းရိပ်က ဂရုစိုက်တယ်လေ ...ကိုဘုန်းကိုလဲ မမုန်းပါဘူး ...ကိုဘုန်းနဲ့ ပတ်သက်ပြီး ကျွန်မဆီမှာ ချစ်တာရော မုန်းတာရော ဘာခံစားချက်မှမရှိပါဘူး ...ရှေ့လျှောက်လဲ ပတ်သက်စရာအကြောင်း လုံးဝ မရှိပါဘူး.... အဲ့ဒါကို ပြောချင်လို့ ကိုဘုန်းကို တံခါးဖွင့်ပေးလိုက်တာပါ ...တကယ်တော့ ကိုဘုန်းသာ အသိစိတ် ရှိမယ်ဆိုရင် ခုချိန်မှာ ဘာကို လုပ်သင့်တယ်ဆိုတာ အခြားသူက ပြောစရာမလိုဘူး မဟုတ်လား " အနီရင့် ပြောလိုက်တော့ မြတ်ဘုန်း ငိုင်ကျသွားတယ်။ပြီးတော့ အနီရင့်ကိုတောင်းပန်တိုးလျှိုးတဲ့ မျက်နာနဲ့ ကြည့်လိုက်ပြီး "ကိုယသိပါတယ် နီ ...ဒါပေမဲ့ ကိုယ့်ဘဝကို အန်တီဌေးတို့ သားအမိဆီမှာ ထပ်ပြီး အချုပ်အနှောင် မခံချင်တော့ဘူး ...ကိုယ် ကေဇင်ကျော်ကို လုံးဝမချစ်ဘူး ...နောက်လဲဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး "