fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
" ဟင့်အင်း ငါ့ကိုတော့ ဘာမှ မပြောဘူး ...ဒါပေမဲ့ ဦးငယ်ကို ကြည့်ရတာ ဒေါသထွက်နေသလိုပဲ " " ဟုတ်လား ...မင်းကို တစ်ခုခု အန္တရာယ်ပေးနေအုံးမယ် ...ဒီရက်ပိုင်း ဦးငယ်နဲ့ဝေးဝေးနေနော် ... ဘာပဲဖြစ်ဖြစ် တစ်ယောက်တည်း စိတ်ထင်ရာတွေ လျှောက် မလုပ်နဲ့နော် ဖြူလေး ..." "အင်းပါဟာ ...နင်လဲ ငါ့ကို ပစ်မထားနဲ့နော် ...မိုးနှဲ ရွာမှာ နင်ရှိလို့ ငါ့မှာ စကားပြောဖော်ရှိနေတာ ...အိမ်က လူတွေက ငါ့ကို အဖက်တောင် လုပ်ကြတာမဟုတ်ဘူး " "ဖြူလေးရယ်... ဒီလောက် စိတ်ညစ်စရာကောင်းတာကို ပြန်ဖို့မတွေးဘူးလားဟင် ... " "မတွေးပါဘူး .. အခုဆို သူခိုးလို့ စွပ်စွဲခံလိုက်ရတော့ ပိုတောင် ဆိုးသွားပြီး ... အဖြစ်မှန်တွေ အားလုံးပေါ်မှ ပြန်တော့မှာ ...ငါ့ပြန်ရင် နင်လဲ လိုက်ခဲ့လေ ...ရန်ကုန်မှာ အလုပ်တွေပေါတယ် ....ဒီရွာမှာ မနေနဲ့တော့ " သလင်းဖြူက စိုင်းလွှမ်းကို ကြည့်ရင်းပြောလိုက်သည်။ "အင်းပါ ...မင်းပြန်ရင် လိုက်ခဲ့မယ် .... အမြန်ဆုံးပြန်ဖို့ လုပ်တော့ " ~~~~~ " တကယ်တွေ့တာလား ...အဲ့ဒီနေရာမှာ တံခါးပေါက် ရှိနေတာလား " ထွဋ်ခေါင်က သလင်းဖြူကို သေချာအောင် ထပ်မံ၍မေးလိုက်သည်။ "ဟုတ်ပါတယ်ဆို ...စာထဲမှာ သေချာ ရှင်းပြထားတယ်လေ ...အပြင်မှာ စကားလာမပြောပါနဲ့ ဆိုမှ " "စကားလေးလာပြောတာ ဘာဖြစ်လို့လဲ ..ဘာတွေ အဖြစ်သည်းနေတာလဲ...." " အဖြစ်သည်းတာ မဟုတ်ဘူး ... ပြဿနာတွေ မရှင်းချင်လို့ သိရဲ့လား" သလင်းဖြူက ထွဋ်ခေါင်ကိုကြည့် စိတ်တိုတိုနှင့် ပြောပစ်လိုက်သည်။ " ကဲပါကွာ ..အဲ့ဒါတွေ ထားလိုက်စမ်းပါ ...မင်းကိုပြောမယ်... ဒီနေ့ကစပြီး အိပ်ရင်တံခါးကို အထဲက သော့ခတ်အိပ် ကြားလား....ပြီးတော့ ဖြစ်နိုင်ရင် ... ညဘက်တွေ အပေါ့အပါးသွားရင်တောင် သတိထားသွား ... ဘယ်သွားသွားဘာလုပ်လုပ်သတိနဲ့နေနော် " "ဘာ ..ဘာဖြစ်လို့လဲဟင် " ထွဋ်ခေါင်၏ စကားများကြောင့် သလင်းဖြူ အတိတ်တလန့်နှင့် မေးလိုက်မိသည်။ "မင်းရဲ့ ဦးလေးသာ တရားခံဆိုရင် ... ဘယ်လိုလုပ်မလဲ ..." " အို ... တော်ပါတော့ ...ဦးငယ်ကတော့ ဒီလိုလုပ်မယ် မထင်ဘူး " "ဒါကတော့ မင်းသဘောပဲ ... တစ်ခုခုဖြစ်ရင် ဖုန်းဆက်လိုက်.....ပြီးတော့ ခြံထဲမှာ တစ်ယောက်တည်းထိုင်မနေနဲ့ အပေါ်တက်တော့ " ~~~~~ "အခြေအနေတွေက မလွယ်တော့ဘူးဝေထွန်း ... ကြားထဲက သူ့ကို ထိခိုက်မှာစိုးတယ် ...." " အဲ့ဒါလဲ ဟုတ်တယ် ... မနက်ဖြန်ကျရင် ငါတို့ ဒေါ်လေးကို ပြန်လိုက်ပို့ရမယ်လေ ... မန္တလေးမှာ သုံးလေးရက်လောက်နေဖို့ကိစ္စ ကရော ဘယ်လိုလုပ်မှာလဲ " " အင်း ..သွားတော့ သွားရမှာပေါ့ ...သွားပြီး သေချာအောင် လုပ်ရမှာပဲလေ ...ဒါပေမဲ့ ...." ထွဋ်ခေါင်က ပြောရင်း မှ စကားကို ရပ်တန့်လိုက်သည်။ " ဒါပေမဲ့ ဘာလဲ ... ဟိုတစ်ယောက်ကို စိုးရိမ်လို့ မသွားနိုင်ဘူးလား " " ကျွတ် ... မဟုတ်တာတွေကွာ ... သူ့ကြောင့် စိတ်ရှုပ်တာတော့ အမှန်ပဲ " ထွဋ်ခေါင်သည် ဝေထွန်းနှင့် စကားပြောနေရင်းမှ စိတ်ရှုပ်လာသဖြင့် ပြတင်းပေါက်နားတွင် ရပ်၍ အပြင်သို့ ငေးမောကြည့်လိုက်မိသည်။ ~~~~ တစ်နေ့လုံး ကြုံခဲ့ရသမျှ ကိစ္စများကြောင့် သလင်းဖြူ အိပ်မပျော်နိုင်ဘဲ ဖြစ်နေမိသည်။စိတ်ထဲတွင် ချောက်ချားနေမိသလိုလို ၊တစ်ခုခုကို စိုးရိမ်ထိတ်လန့်နေမိသလို စိတ်ထဲမှ ပူပန်နေမိသည်။ "ဟင့်အင်း ..ဦးငယ်က တရားခံဖြစ်နေရင်တောင် ငါ့ကို အန္တရာယ်ပေးလောက်မှာ မဟုတ်ပါဘူး " သလင်းဖြူ ကိုယ့်စိတ်ကိုယ် နှစ်သိမ့်ရင်း အိပ်မပျော်နိုင်ဘဲဖြစ်နေမိသည်။ ~~~~~~ "ချောက် " သလင်းဖြူ အိပ်ပျော်နေရာမှ တစ်စုံတစ်ယောက်က လှုပ်နှိုးလိုက်သကဲ့သို့ ခံစားလိုက်ရသောကြောင့် ဖျတ်ခနဲ လန့်နိုးလာမိသည်။နိုးနိုးချင်းပင် မျက်လုံးများကို ဖွင့်ကြည့်လိုက်မိသောအခါ မြင်လိုက်ရသော အရာကြောင့် သွေးပျက်မတတ် ထိတ်လန့်သွားမိလေသည်။ ====================== အပိုင်း ( ၁၆ ) ဆက်ရန် ဧကြည်ဖြူ

တံခါးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် မှောင်မည်းနေပြီး အေးခနဲ စိမ့်ခနဲဖြစ်သွားသောကြောင့် သလင်းဖြူ လန့်ဖျပ်ပြီး အော်လိုက်မိလေ၏။ ပြီးမှ သတိဝင်လာပြီး ပါးစပ်ကို ပိတ်ကာ အခန်းနံရံများကိုလက်နှင့် လိုက်၍ စမ်းကြည့်လိုက်သည်။လက်က မီးခလုတ်ကို စမ်းလိုက်မိသည်နှင့် မီးခလုတ်ကို ဖွင့်လိုက်သည်။ " ချောက် " မီးခလုတ်ဖွင့်သံနှင့့် အတူ အခန်းတစ်ခုလုံး လင်း၍သွားလေသည်။မီးရောင် အောက်တွင် မြင်လိုက်ရသည်မှာ အခန်းကျဉ်းလေးတစ်ခန်းသာဖြစ်လေသည်။အခန်းထဲတွင် တံခါးပေါက်တစ်ခုကို တွေ့လိုက်ရလေသည်။ယခုမှပင် နောက်ဖေး အသက်ကယ်လှေကားရှိရာ တံခါးပေါက်ကို သလင်းဖြူ တွေ့ရှိလိုက်ရခြင်းဖြစ်လေသည်။သလင်းဖြူ အခန်းကျဉ်းလေးထဲတွင် လှည့်ပတ်ကြည့်ရှုနေရင်းမှ ယနေ့ ခေတ်ကြီးထဲတွင် ဤကဲ့သို့ လျှို့ဝှက် တံခါးများသဖွယ် ဆောက်လုပ်ထားခြင်းကို အံ့ဩနေမိလေသည်။ "ဒီလို အခန်းကျဉ်းလေးထဲမှာ ဖွက်ထားစရာနေရာလဲ မရှိပါဘူး " သလင်းဖြူ အခန်းလေးထဲတွင် တစ်စုံတစ်ခုကို တွေ့လိုတွေ့ငြား ကုန်းကုန်းကွကွ ရှာကြည့်နေမိရင်းမှ ကိုယ်ဘာသာ တွေးမိပြန်လေသည်။ " အ " သလင်းဖြူ သမံတလင်းပေါ်သို့ လက်နှင့်ဟိုစမ်းသည် စမ်းလုပ်နေရာမှ လက်ထိပ်တွင် စူးခနဲနာသွားသောကြောင့် ကြည့်လိုက်သောအခါာ ခြယ်နားကပ်ခပ်သေးသေးတစ်ဖက်ကို တွေ့လိုက်ရလေသည်။ "ဟင် ...ဒါ ...ဒါ ဒေါ်လေးနားကပ်များလား " သလင်းဖြူ နားကပ်လေးကို လက်တွင် ဆုပ်ထားမိရင်းမှ အခန်းထောင့်နေရာများသို့ နေရာလပ်မကျန်စေအောင် ရှာဖွေကြည့်လိုက်လေသည်။ "ဟင် ... ဒါ ..ဒါက..ရှပ်အင်္ကျီကြယ်သီးပဲ ...တကယ်ပဲ ဒီအခန်းထဲမှာ တစ်ခုခုဖြစ်ခဲ့တာများလား " နောက်ထပ်တစ်ခုခုကို တွေ့ရလို တွေ့ရငြား အထပ်ထပ်အခါခါ ရှာကြည့်သော်လည်း နံရံတွင် ချိတ်ဆွဲထားသော သော့တွဲမှလွဲ၍ ဘာမှထပ်မတွေ့ရဘဲ ရှိလေသည်။သလင်းဖြူ သော့တွဲကို ယူလိုက်ပြီးလျှင် တံခါးကိုဖွင့်ကြည့်လိုက်သည်။ထိုအခါ သလင်းဖြူ ခန့်မှန်းထားသကဲ့သို့ နောက်ဖေးလှေကားသို့ ထွက်သော တံခါးပေါက်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ "ဟင် ...ဦးငယ် " သလင်းဖြူ တံခါးပေါက်ကို ဖွင့်ပြီး လှမ်းကြည့်လိုက်သော အခါ အောက်တွင် မတ်မတ်ရပ်၍ မိမိရှိရာဆီသို့ မော့ကြည့်နေသော ဦးလေး ဖြစ်သူကို ဖြုန်းခနဲ တွေ့လိုက်ရသောကြောင့် ကြောင် အအနှင့်ပြန်၍ကြည့်နေမိလေသည်။ထိုသို့ ကြည့်နေမိစဉ်မှာပင် ဦးငယ်သည် ကြောင်လိမ်လှေကားအတိုင်းတက်၍ လာသည်ကို တွေ့လိုက်ရလေသည်။ဦးလေးဖြစ်သူ၏ အပြုအမူကြောင့် သလင်းဖြူ ထိတ်လန့်သွားမိသော်လည်း ဟန်မပျက်ပင် တံခါးပေါက်တွင် ရပ်၍နေလိုက်သည်။တကယ်တမ်းမှာမူ သူခိုးလူမိခံလိုက်ရသကဲ့သို့ပင် သလင်းဖြူ၏ ခြေထောက်များမှာ တဆတ်ဆတ်တုန်နေသောကြောင့် မနည်းပင် အားတင်းထားရလေသည်။ယခုလို အချိန်တွင် ထွဋ်ခေါင် ပြောသကဲ့သို့ပင် မည်သူ့ကိုမဆို ယုံကြည်ရန် ခက်ခဲသည် မဟုတ်ပါလား။ "မင်း ဘာလုပ်နေတာလဲ ဖြူလေး ... အန္တရာယ်များကများ မတော် ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ " "ဟို ...မကျပါဘူး ဦးငယ် ...သမီးက ခလေးမှ မဟုတ်တာ " သလင်းဖြူသည် လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်းမှ ဦးလေးဖြစ်သူကို ပြန်ပြောလိုက်မိသည်။ပြီးနောက် သလင်းဖြူ၏ ခေါင်းထဲတွင် စိတ်ကူးတစ်ခု ပေါ်လာပြီးလျှင် ခပ်တင်းတင်းဆုပ်ထားသော လက်ကို ဦးလေးဖြစ်သူ ရှေ့သို့ ဖြန့်ပြလိုက်ပြီးလျှင် "အမှိုက်လှည်းရင်း ဒီအခန်းထဲက ကောက်ရတာ ဦးငယ် ...နားကပ်ပဲ ...ဘယ်သူ့ နားကပ်လဲတော့ မသိဘူး ...ရှပ်အင်္ကျီကြယ်သီးတစ်လုံးလဲ တွေ့တယ် " " ဟင် ...ပြ ...ပြစမ်း....ဒီကို ပြစမ်း " သလင်းဖြူ၏ စကားဆုံးသည်နှင့် ဦးငယ်သည် သလင်းဖြူ လက်ထဲမှ နားကပ်နှင့် ကြယ်သီးကို ဆတ်ခနဲ ဆွဲယူကြည့်လိုက်လေသည်။ " မင်း ...မင်း ...ဒါတွေကို ဒီအခန်းထဲက ရတာ ဟုတ်လား " ဦးလေးဖြစ်သူ၏ အထိတ်တလန့် အမူအရာကိုကြည့်ပြီး သလင်းဖြူ ရင်တွင်းမှ ထိတ်လန့်လာမိသော်လည်း ဟန်မပျက်အောင် ထိန်းပြီး မသိသောဟန်ပန်နှင့်ပင် နေလိုက်လေသည်။ "သွား ...သွားတော့ ဒါတွေ တွေ့တာ ဘယ်သူ့ကို မှ မပြောနဲ့နော် ကြားလား .. သွားတော့ လုပ်စရာရှိတာလုပ်" ပြောပြီးသည်နှင့် လှေကားများအတိုင်း အပြေးဆင်းသွားသော ဦးလေးဖြစ်သူကို ကြည့်ပြီး သလင်းဖြူ တင်းထားသော စိတ်ကို လျှော့ချလိုက်ရာ လူမှာဒူးများ ညွတ်ခနဲ ခွေကျလုမ တတ်ပင်ဖြစ်သွားရလေသည်။ "ဘုရား ...ဘုရား ဦးငယ်က လူသတ်နေတာလား ... မဟုတ်ပါစေနဲ့ ဘုရား " သလင်းဖြူ ကြောက်ကြောက်နှင့် ဘုရားစာများကို ရွတ်ဆိုနေရင်းမှ စိတ်ထဲမှ ဆုတောင်းနေမိလေသည်။ ~~~ "ဘာ ...ဘာပြောတယ် ဖြူလေး ...မင်းကို သူခိုးလို့စွပ်စွဲကြတယ် ဟုတ်လား " စိုင်းလွှမ်းက ဒေါသသံနှင့် သလင်းဖြူကို မေးလိုက်လေသည်။ "ထားလိုက်ပါဟာ ...အဲ့ဒါက အရေးမကြိးပါဘူး ...ငါ ဖြေရှင်းနိုင်ပါတယ် ...အရေးကြီးတာက ငါကောက်ရထားတဲ့ နားကပ်နဲ့ ကြယ်သီးကို ဦးငယ်ယူသွားတယ် ...ပြီးတော့ ဦးငယ်ပုံစံက တစ်မျိုးပဲ စိုင်းလွှမ်း ..." သလင်းဖြူသည် မိမိစိတ်ထဲမှ စိုးရိမ်နေမိသော အကြောင်းအရာကို စိုင်းလွှမ်းအားပြောပြလိုက်သည်။ "အင်း ...အဲ့ဒါတော့ ငါလဲ မပြောတတ်တော့ဘူး ... ကောက်ရထားတွေကို ဘာလို့ ပေးလိုက်ရတာလဲ ...မင်းကိုရော ဦးငယ်က ဘာပြောသွားသေးလဲ "

သလင်းဖြူ ခြံနောက်ဘက်သို့ ထွက်လာခဲ့စဉ်မှာပင် ကြီးတော်ဒေါ်ကြည်အေး၏ စကားကြောင့် ခေါင်းကိုငြိမ့်ပြလိုက်ရလေသည်။ရွှေရည်ဝင်းကမူ သလင်းဖြူကို မျက်နှာထားတင်း တင်းနှင့် တစ်ချက်ကြည့်ပြီး မျက်နှာကို ဆတ်ခနဲ လွှဲလိုက်လေသည်။ သလင်းဖြူသည်လည်း ခပ်တည်တည်နှင့်ပင် မျက်နှာကို လွှဲပစ်လိုက်ပြီး ခြံနောက်ဘက်သို့ လျှောက်လာခဲ့လိုက်သည်။ ~~~~~~ ခြံနောက်မှ အမှိုက်များကို လှည်းနေရင်းမှ သလင်းဖြူ နေရာအနှံ့သို့ စေ့စေ့စပ်စပ် လိုက်ကြည့်မိလေသည်။ဖြစ်နိုင်သည် မဖြစ်နိုင်သည်ထက် မြေပြင်တွင် မို့မောက်ပြီး မြေများ ပွနေသည်ကို တွေ့လျှင် မသိမသာ အနံ့ခံကြည့်ပြီး လက်နှင့်တူဆွမိပြန်သည်။ သလင်းဖြူ အဖြစ်က ကောက်ရိုးပုံထဲတွင် အပ်ပျောက်ကိုရှာနေသကဲ့သို့ပင် ဖြစ်နေလေသည်။ " ဟင် ...ဒါ ..ဒါက လှေကားပဲ ...အပေါ်ထပ်အထိတက်လို့ရတဲ့ လှေကားပဲ ..ဒေါ်လေးချစ်သူရဲ့စာထဲမှာ ပါတဲ့ လှေကားဆိုတာ ဒါဖြစ်တယ် ...ဒါပေမဲ့ အပေါ်ထပ် ဘယ်နေရာကို ရောက်တာလဲ ...ငါလဲ မတွေ့မိပါဘူး " သတင်းဖြူ အမှိုက်လှည်းနေရာမှ တိုက်ကြီး၏နောက်ဘက်တွင် အပေါ်ထပ်သို့တက်သော ကြောင်လိမ်လှေကားကို တွေ့လိုက်ရသောကြောင့် အံ့ဩသွားမိလေသည်။ယခင်က အမှုမဲ့အမှတ်မဲ့နှင့် အုတ်ဂူများရှိရာ ခြံထဲဘက်အခြမ်းကိုသာ စီတ်ဝင်စားခဲ့သောကြောင့် လှေကားများကို သတိမထားမိခဲ့ခြင်းဖြစ်ပေသည်။ သလင်းဖြူ လှေကားအတိုင်း တက်ခဲ့လိုက်သည်။လှေကားမှာအပေါဆုံးထပ်ထိ ရှိနေပြီးလျှင် အဆုံးတွင် တံခါးတစ်ချပ်ကို တွေ့ရလေသည် ။ သို့သော်လည်း ထိုးတံခါးသည် ရေချိုးခန်းများ အနီးတဝှိုက်တွင် ရှိသည်ကိုသာ ခန့်မှန်းနိုင်ပြီး မည်သည့်နေရာတွင် ရှိသည်ကို မသိဘဲဖြစ်နေလေသည်။လှေကား၏ ခပ်လှမ်းလှမ်းတွင် နောက်ဖေးဝရံတာကို မြင်နေရသောကြောင့် နေရာကို မှတ်သားထားလိုက်ပြီး ကြောင်လိမ့်လှေကားမှ သလင်းဖြူပြန်ဆင်းခဲ့လိုက်သည် ။ ကြည့်ရသည်မှာ လှေကားသည် အန္တရာယ်တစ်စုံတစ်ခု ကြုံလျှင် အသက်ကယ်လှေကားအဖြစ် အရန်ထားထားပုံရသည်။ပြီးလျှင် သက်ကြီးရွယ်အိုများရှိသောကြောင့် ထင်သည်။ကြောင်လိမ်လှေကားမှာလည်း မက်စောက်နေခြင်းမျိုးမရှိဘဲ ပြေဖြစ်လေသည် ။ ~~~----- သလင်းဖြူ အပေါ်ထပ်သို့တက်ခဲ့ပြီးနောက်တွင် ရေချိုးခန်းများအနီးတွင် တံခါးပေါက်ကို ရှာကြည့်လိုက်သည်။မနက်ခင်းပင်ရှိသေးသော်ငြား တိုက်ကြီးထဲတွင် မီးဖိုချောင် အလုပ်သမားများမှ လွဲ၍ မရှိသောကြောင့် အသံများမှာ တိတ်ဆိတ်၍နေသည်။ ဒုတိယထပ်တွင်လည်း မည်သူတစ်ဦးတစ်ယောက်မျှ မရှိသလို အပေါ်ဆုံးထပ်တွင်လည်း သလင်းဖြူတစ်ယောက်တည်းသာရှိသောကြောင့် တိတ်ဆိတ်၍နေလေသည်။သလင်းဖြူ အနောက်ဘက်ဆောင် တစ်ခုလုံးကို ရှာကြည့်သော်လည်း ၀ရံတာ တံခါးပေါက်မှ လွဲ၍ အပြင်သို့ထွက်သော တံခါးတစ်ချပ်တစ်လေ ကိုပင် မတွေ့ဘဲ ရှိလေသည်။ " ဟူး ..အပေါက်ကဘယ်မှာလဲဟာ " သလင်းဖြူ စိတ်ညစ်ညစ်နှင့် ကြမ်းပြင်တွင် ထိုင်ချလိုက်မိသည်။ စိတ်ထဲမှလည်း ကိုယ်တစ်ယောက်တည်း သံသယပွားနေသည်လားဟုပင် ထင်လိုက်မိလေသည်။ "ကျွတ် ...ကျွတ် " " အမေ့ " သလင်းဖြူ စိတ်ပျက်လက်ပျက် နှင့် ထိုင်နေစဉ်မှာပင် ရုတ်တရက်အိမ်မြှောင် စုတ်ထိုးသံလိုလို ၊လူတစ်ယောက် ညည်းညူသံလိုလို ကြားလိုက်ရသောကြောင့်အလန့်တကြားနှင့် မတ်တတ်ထရပ်လိုက်မိပြီး အသံကြားရာဆီသို့ မရဲတရဲ လှမ်းသွားမိလေသည်။ထိုအခါ အသံမှာ အမျိုးသမီးရေချိုးခန်းတစ်ခန်းမှ ထွက်ပေါ်နေခြင်းဖြစ်လေသည်။ပြီးလျှင် ထိုအခန်းမှာ မကြာခဏဆိုသလို လူမရှိပါဘဲ အသံဗလံများ ကြားရတတ်သော အခန်းဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ "ဒေါက် ...ဒေါက် ..." "အထဲမှာ လူရှိလား" သလင်းဖြူ မရဲတရဲ မေးလိုက်သောအခါ အသံများမှာပြန်လည်၍ တိတ်ဆိတ်သွားလေသည်။သလင်းဖြူ ခြေတုန်လက်တုန်နှင့်ပင် ရေချိုးခန်: တံခါးကို ဖွင့်ကြည့်လိုက်သည် ။ပွင့်သွားသော ရေချိုးခန်းထဲတွင် ရှင်းလင်း တိတ်ဆိတ်၍နေလေသည်။ဤရေချိုးခန်းကို ယခုအခါမှ သေသေချာချာဝင်ကြည့်ဖူးခြင်းဖြစ်ပေသည်။စရောက်သည်နေ့က ဘေးအခန်းတွင် ရေချိုးနေစဉ် ဤအခန်းထဲမှ အသံအချို့ကို ကြားခဲ့ရပြီးနောက်တွင် ရေ၀င်ချိုးရမည်ကို မသိစိတ်ကတွန့်ဆုတ်နေခဲ့မိသည်။အကြောင်းပြချက်မရှိ ထိတ်လန့်နေသောကြောင့် ဤအခန်းကိုရှောင်ရှားနေခဲ့ခြင်းပင်ဖြစ်သည်။ယခုမှပင် ဤရေချိုးခန်းသည် မိမိရေချိုးနေကျ အခန်းထက် ပို၍ ကျယ်ဝန်းနေသည်ကို တွေ့ရလေသည်။ အခန်းထဲတွင် ရေချိုးဇလားလည်းရှိသည်။ဇလား၏နောက်ဘက်တွင် လိုက်ကာ အရှည်တစ်ခုကို ကိုတွေ့လိုက်ရလေသည်။ သလင်းဖြူ ထိုလိုက်ကာစကို မမှိတ်မသုန်ကြည့်နေစဉ်မှာပင် လိုက်ကာစမှာ လေတိုးလိုက်သကဲ့သို့ လှုပ်ခတ်သွားသည်ကို တွေ့လိုက်ရသောကြောင့် ရင်တွေ ဒိန်းခနဲဆောင့်ခုန်သွားမိလေသည်။ရင်တွေ တဒိန်းဒိန်းခုန်လှုပ်နေပြီးလျှင် စိတ်လှုပ်ရှားလွန်း၍ အသက်ရှုသံ ခပ်ပြင်းပြင်းကို မှုတ်ထုတ်နေမိလေသည်။စိတ်က အလိုလိုနေရင်း ချောက်ချားနေမိသော်လည်း လူမှာ ရေချိုးဇလားနားသို့ကပ်သွားပြီးလျှင် လိုက်ကာစကို ဖျတ်ခနဲ ဆွဲဖယ်ကြည့်လိုက်သည် ။ "ဟင် .. တံခါးပေါက်ပါလား " တွေ့လိုက်ရသော မြင်ကွင်းကြောင့် သလင်းဖြူတအံ့တဩ ရေရွတ်လိုက်မိပြီး အခန်းတံခါးကို ဖွင့်ကြည့်လိုက် သည်။ "အမယ်လေး "

ဧကြည်ဖြူ "အဝါရောင် ရဲတိုက် " အပိုင်း (၁၅) **** တံခါးခေါက်သံကြောင့် သလင်းဖြူ လန့်ဖျပ်သွားမိပြီး စာအုပ်ကို အိပ်ရာအောက်သို့ ကပျာကယာထိုးထည့်လိုက်သည်။ပြီးနောက် တံခါးပေါက်ရှိရာဆီသို့ ထသွားလိုက်ပြီး တံခါးကို ဖွင့်ပေးလိုက်သည်။ "ဟင် ..အစ်ကိုဇော်ထိုက် ...ခိုင်းစရာရှိလို့လား " " မရှိပါဘူး ....မအိပ်သေးဘူးမဟုတ်လား " "ဟုတ်ကဲ့ ... မအိပ်သေးပါဘူး " " အစ်ကို ခဏဝင်ခဲ့မယ်နော် ... ပြောစရာရှိလို့ " ဇော်ထိုက်သည် ပြောပြောဆိုဆိုနှင့် အခန်းထဲသို့ဝင်လိုက်လေသည်။ သလင်းဖြူမှာ အစ်ကိုဖြစ်သူ အခန်းထဲသို့ ဝင်လာသည်နှင့် စာကြည့်စာပွဲမှ ဖင်ထိုင်ခုံကို လျှင်မြန်စွာထုတ်ပေးလိုက်ပြီး ကိုယ်တိုင်ကမူ ခုတင်ပေါ်တွင် ထိုင်လိုက်လေသည်။ "အစ်ကို မေးမယ်.. စိတ်မဆိုးနဲ့နော် ငါ့ညီမ " " ဟုတ် ... ဟုတ်ကဲ့ " စကားပလ္လင်ခံနေသော အစ်ကိုဖြစ်သူကြောင့် သလင်းဖြူ စိတ်တွေ လှုပ်ရှားလာမိလေသည်။ "ငါ့ညီမ တကယ်ပဲ ရွှေရည်ဝင်း လည်ဆွဲကို ယူခဲ့သလား " " မယူပါဘူး အစ်ကို ... မနက်က အခန်းထဲမှာတွေ့တယ်ဆိုမှ အဲ့ဒီ လည်ဆွဲကိုမြင်ဖူးတာ " အစ်ကိုဖြူသူ၏အမေကို သလင်းဖြူ ငြင်းဆန်လိုက်သည်။ " အင်း အစ်ကိုလဲ သေချာအောင် မေးရတာပါ ...ဒါဆို ငါ့ညီမ အခန်းထဲကို လည်ဆွဲက ဘယ်လို ရောက်နေလဲဆိုတာကို စုံစမ်းရမှာပေါ့ ...ဒါနဲ့ ငါ့ညီမနဲ့ ထွဋ်ခေါင်ဆိုတဲ့လူနဲ့ ဘယ်လိုတ်သတ်လဲ " "ရှင် ... ဘာ ...ဘာမှမပတ်သက်ပါဘူး ... ဘာဖြစ်လို့လဲ အစ်ကို '' သလင်းဖြူ အသံကို မတုန်အောင် သတိထားပြောလိုက်ရင်းမှပင် အသံမှာ အနည်းငယ် ထစ်ငေါ့သွားလေသည်။ "အစ်ကို့ အထင် ရွှေရည်ဝင်းက ငါ့ညီမနဲ့ ထွဋ်ခေါင်ကို သဝန်တိုနေတာများလားလို့လေ ...ဟိုတစ်နေ့က ငါ့ညီမတို့ ခြံဝမှာ နီးနီးကပ်ကပ်ရှိနေကြတုန်း ရွှေရည်ဝင်း ဒေါသတကြီးနဲ့ ထွက်သွားတာကို မြင်လိုက်ရလို့ပါ ...တကယ်လို့ ငါ့ညီမ အိမ်မှာ နေရတာ အဆင်မပြေရင် အစ်ကို နဲ့ ခြံထဲကို လိုက်ခဲ့လို့ရတယ်နော် ...ခြံထဲမှာ အလုပ်သမားတွေလဲ ရှိတယ် ပျော်စရာကြီးပါ " အစ်ကိုဖြစ်သူ၏ စကားကြောင့် ဘာရယ်မသိ သလင်းဖြူ ရင်ထဲစိုးထိတ်သွားမိသည်။ အစ်ကိုဇော်ထိုက်နှင့် ဘကြီးဖြစ်သူတို့သည် ရွာနှင့် အနည်းငယ်လှမ်းသောသစ်သီးခြံများကိုနေ့စဉ်သွားနေကြသည်ကို သိသော်လည်း သလင်းဖြူ သင်္ကာမကင်း မဖြစ်မိခဲ့ ။ယခုလို အစ်ကိုဖြစ်သူထံမှ စကားကို ကြားသောအခါမှပင် စိတ်ထဲ စနိုးစနောင့်ဖြစ်မိသွားသည်။လူကိုသတ်ပြီး ခြံထဲတစ်နေရာရာတွင် မြှုပ်ထားလိုက်မည်ဆိုပါလျှင် ။တွေးရင်းနှင့်ပင် သလင်းဖြူ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထလာမိသည်။ "ဘာတွေ တွေးနေတာလဲ ငါ့ညီမရဲ့ ...အစ်ကိုပြောနေတာ ကြားရဲ့လား " " ရှင် ... ဘာပြောတာလဲ အစ်ကို ...မကြားလိုက်လို့ " အစ်ကိုဖြစ်သူထံမှ စိတ်မရှည်သော အသံမျိုး ကြားရသောအခါမှပင် သလင်းဖြူ ယောင်ကန်းကန်းနှင့် ပြန်၍ မေးလိုက်မိလေသည်။ "ဒီအိမ်မှာ နေမယ်ဆိုရင် ကိုယ့်ဘာသာ နေတတ်အောင်နေ ညီမ ... ဘာပဲဖြစ်ဖြစ် နှစ်ယောက်လုံးက အစ်ကို့ ညီမတွေပဲမို့ ပြဿနာဖြစ်တာမျိုးတော့ အစ်ကို သဘောမကျဘူး ကြားလား ... " " ဟုတ်ကဲ့ အစ်ကို " "အေး ..အေး ဒါပဲ ..အစ်ကို သွားတော့မယ် ..အစ်ကိုနဲ့ ခြံထဲလိုက်မယ်ဆိုရင် အချိန်မရွေး လိုက်ခဲ့လို့ ရတယ်နော် " အစ်ကိုဖြစ်သူထွက်သွားသောအခါ သလင်းဖြူ ရင်ထဲ အောင့်သက်သက် နှင့်ကျန်ခဲ့ရသလို မသင်္ကာသူ စာရင်းထဲတွင် လူတစ်ယောက်တိုး၍ လာလေသည်။ အစ်ကိုဖြစ်သူ ထွက်သွားသောအခါမှ သလင်း ဖြူသည် ခေါင်းအုံးအောက်မှ စာအုပ်လေးကို ပြန်၍ထုတ်ကြည့်လိုက်လေသည်။ " မနက်ဖြန်ကျရင် သူလာမယ်တဲ့ " " ဟင် " နောက်ထပ် စာရွက်များမှာ စာရွက်အလွတ်များသာဖြစ်သောကြောင့် သလင်းဖြူ စိတ်ပျက်သွားမိသည်။ ကြည့်ရသည်မှာ ဒေါ်လေးသည် သည်စာကိုရေးပြီး နောက်တစ်နေ့တွင် သူမ၏ ချစ်သူနှင့် လိုက်ပါသွားခဲ့လေသည်လား ။ သို့တည်းမဟုတ် ပျောက်ဆုံးသွားခဲ့လေသည်လားကို ကာယကံရှင်ကသာ သိနိုင်မည့် အခြေအနေမျိုး ဖြစ်လေသည်။ ~~~~ "ဒါက မင်းအခွင့်အရေး ရတာပဲ ...အခွင့်အရေးကို မင်းသေချာ အသုံးချနော် ... အရေးအကြောင်းရှိရင် ကိုယ့်ဆီကို ဖုန်းဆက်လိုက် ...ဟိုနေ့ကလို ခွေးမှန်းမသိလူမှန်းမသိ တံခါးဖွင့်ပေးဖို့ မလုပ်နဲ့ " ခြံထဲတွင် သလင်းဖြူ အမှိုက်များ လှည်းနေစဉ် ထွနုခေါင်က အနားသို့ လျှောက်လာပြီး ပြောလိုက်လေသည်။ " တော်စမ်းပါ ...ရှင်သာ ပြောတော့ကူညီမယ်ဆိုပြီး ဘာကူညီလို့လဲ...ရှင့်ကြောင့် သူခိုးလို့စွပ်စွဲခံရတာပဲ အဖက်တင်တယ် " သလင်းဖြူက ထွဋ်ခေါင်ကိုကြည့်ပြီး ရန်တွေ့ စကားဆိုလိုက်သည်။ " ဟာ ကိုယ်နဲ့ ဘာဆိုင်လို့လဲ...... " "ဆိုင်လား ..မဆိုင်လားတော့ မသိဘူး ...ဟိုမှာ ရှင့်အမေနဲ့ ရွှေရည်ဝင်းတို့ လာနေပြီး သွားတော့ " သလင်းဖြူသည် ထွဋ်ခေါင်ကို ပြောလိုက်ပြီးသည်နှင့် ခြံနောက်ဘက်သို့ သွားရန် ပြင်လိုက်သည်။ "သလင်းဖြူ သမီး နောက်နေ့ကျရင်း .. အမှိုက်ကို စောစောထလှည်းကြားလား ...နေမြင့်တော့ လူပန်း တာပေါ့ကွယ် ...ခြံထဲ အမှိုက်လှည်းပြီးရင် ဒေါ် သုန်တို့နဲ့အတူ အိမ်ထဲကိုပါသန့် ရှင်းရေးကူလုပ်ပေးလိုက်အုံး " "ဟုတ်ကဲ့ ကြီးကြီး "

ဒေါ်ကြည်အေးသည် သလင်းဖြူကို ကြည့်၍ ပြတ်သားစွာ မေးလိုက်သည်။ကျန်လူများမှာလည်း သလင်းဖြူ၏ အဖြေကို စောင့်မျှော်နေကြလေသည်။ သလင်းဖြူသည် အံကိုတင်းတင်းကြိတ်လိုက်ပြီး မတ်တတ်ထရပ်လိုက်သည်။ ပြီးလျှင် အားလုံးကြားအောင် ပြောလိုက်သည်။ " အားလုံးကို သမီး ပြောပါ့မယ် ...ဒီလည်ဆွဲကို သမီး မယူပါဘူး ...အဲ့ဒီအတွက် အဖြစ်မှန်တွေ မပေါ်မချင်း ရန်ကုန်ကို မပြန်ပါဘူး ... သမီးကို လည်ဆွဲသူခိုး ဖြစ်အောင် လုပ်ကြံတဲ့ သူ့ကို ရအောင် ဖော်ထုတ်ပြီးမှ ပြန်မှာပါ ....ကြီးကြီးတို့ ဘကြီးတို့ စိတ်ထဲက မယုံကြည်နိုင်ရင် ကြိုက်တဲ့အဖြစ်ဒဏ်ကို ပေးပါ " "ဖြောင်း ... ဖြောင်း ... ဖြောင်း " "ငါ့ ညီမကတော့ အာဂပဲဟေ့ ... လုပ် ..လုပ် ...ဒီလိုသတ္တိမျိုးကို အားပေးတယ် ... ဟုတ်တယ်မဟုတ်လား ဦးငယ် " ဇော်ထိုက်သည် လက်ခုပ်တဖြောင်းဖြောင်းတီး၍ သလင်းဖြူကို လှမ်းပြောလိုက်သည်။ "မင်း ငြိမ်ငြိမ်နေစမ်း သားကြီး " ဒေါ်ခင်အေးက သားဖြစ်သူကို လေသံခပ်မာမာနှင့် ပြောလိုက်လေသည်။ "ကဲ .. အားလုံး တိတ်ကြ ...မနက်ဖြန်ကစပြီး သလင်းဖြူက ဒေါ်သုန် တို့နဲ့ အတူ အိမ်ရဲ့ အောက်ခြေသိမ်းအလုပ်တွေကို သုံးလတိတိလုပ်ရမယ် ... သုံးလပြည့်ရင် သူလိုချင်တဲ့ငွေကို ငါတို့ ထုတ်ပေးလိုက်မယ် ...ဒါမှ မဟုတ် သူပြောသလိုပဲ ... လည်ဆွဲကို သူမယူဘဲ လုပ်ကြံခံရတယ်ဆိုတဲ့ အဖြစ်မှန် ပေါ်ခဲ့ရင်လဲ သူလိုအပ်တဲ့ငွေကို ချက်ချင်းထုတ်ပေး လိုက်မယ် ...ဘယ်လိုလဲ အားလုံး သဘောတူကြလား " ဒေါ်ကြည်အေး၏ စကားကြောင့် အားလုံးတအံ့တသြနှင့် ခေါင်းငြိမ့် လက်ခံကြလေသည်။ ~~~~~~~ " တူမကြီးရယ် ..ဘာလို့ ဒီလိုလုပ်ရတာလဲ... ငွေလိုတယ်ဆိုပေမဲ့ သူများပစ္စည်းကိုယူတာ မကောင်းဘူးလေ " ဦးရန်နောင်ထွေးက တူမဖြစ်သူကို ကရုဏာဒေါသောနှင့် ပြောလိုက်လေသည်။ " ဦးငယ် ပြောပုံက ..မသိရင် သမီးကို သူခိုးလို့ စွပ်စွဲနေသလိုပဲ ...အဲ့ဒီလည်ဆွဲကို သမီးမယူဘူး ဦးငယ် ...စိတ်ချ ဦးငယ် ....မကြာခင် အဖြစ်မှန်တွေပေါ်အောင် သမီးဖော်ထုတ်မှာပါ " ဦးရန်နောင်ထွေးသည် သလင်းဖြူကို ကြည့်၍ သက်ပြင်းရှည်ကြီးကို ချလိုက်လေသည်။ "ဒါနဲ့ ဦးငယ် ....ဒေါ်လေးရဲ့သတင်းရော ဘာမှ မကြားဘူးလား " ရုတ်တရက် သလင်းဖြူ၏ မေးခွန်းကြောင့် ဦးရန်နောင်ထွေး အံ့သြသွားရပြီး " သမီးက မမငယ်အကြောင်းကို စိတ်ဝင်စားနေတာလား ...တကယ်တော့ ဦးငယ်လဲ စုံးစမ်းနေပေမဲ့ သတင်းက အတိအကျ မရဘူးဖြစ်နေတယ် ...တစ် ချို့လဲ ... အထက်ပိုင်းမှာ တွေ့သလိုလို ပြောကြတယ် ...ပြီးတော့လဲ ...ထားဝယ်ဘက်မှာ တွေ့တယ်ဆိုပြီး သတင်းရပြန်ရော ...တကယ်တမ်းလိုက်သွားကြည့် တော့လဲ မဟုတ်ပြန်ဘူး " သလင်းဖြူသည် ဦးလေးဖြစ်သူ၏ စကားများကို ဂရုတစိုက် နားထောင်နေပြီး သိချင်တာကို မေးလိုက်သည်။ "ဒါနဲ့ ဒေါ်လေးရဲ့ချစ်သူက ဘယ်လိုလူမျိုးမို့ ကြီးကြီးတို့က သဘောမတူကြတာလဲ ...တကယ်ဆို ဒေါ်လေးအသက်လဲ လေးဆယ်ကျော်နေပြီလေ ... ကိုယ့်လမ်းကိုယ်လျှောက်တဲ့ အရွယ်ကို တောင်ကျော်နေပြီပဲဟာ " "ဟုတ်တယ် သမီးပြောတာမှန်တယ် ...ဒါပေမဲ့ သမီး ဒေါ်လေးနဲ့တွဲနေတဲ့သူက ရုပ်ရည်ချောမော ကြည့်ကောင်းပြီး လူရှုပ်လူပွေတစ်ယောက် ဆိုတဲ့ သတင်းကြောင့် သမီးရဲ့ ကြီးတော်တွေက သဘောမတူခဲ့ကြဘူးလေ ...သမီးဒေါ်လေးက သိုသိုသိပ်သိပ်နေခဲ့တော့ အဲ့ဒီလူ အကြောင်းကို ဒီထက်ပိုပြီး မသိခဲ့ဘူးလေ... မန္တလေးသားဆိုတာကလွဲလို့ လိပ်စာလဲမသိ ...မျိုးရိုးလဲ မသိခဲ့ဘူးလေ ... ပြီးတော့ မန္တလေးသားဆိုတာလဲ ဟုတ်ချင်မှဟုတ်မှာလေအဲ့ဒါကြောင့် စုံစမ်းရခက်နေတာပေါ့ ..." "အင်း တစ်နေ့တော့ တွေ့မှာပါ ဦးငယ် ...သမီးယုံကြည်တယ် " သလင်းဖြူ ကိုယ့်အဓိပ္ပါယ်နှင့်ကိုယ်ပြောလိုက်လေသည်။ ~~~~~~~ သလင်းဖြူ အခန်းတံခါးရော ၊ပြတင်းပေါက်တံခါးကိုပါ အသေအချာ ပိတ်လိုက်သည်။ ပြီးနောက် လက်တစ်ဝါးစာအရွယ် စာအုပ်ကလေးကို ဖွင့်ဖတ်လိုက်သည်။ " ညတုန်းက ဒေါ်သီနဲ့အတူ ခြံထဲမှာ ဝတ်ရုံနက် ခြုံထားတဲ့သူကို တွေ့ခဲ့တယ် ..... ဘယ်သူလဲဆိုတာ သေချာမမြင်ရဘူး " ဒေါ်သီက ငါ့တို့ ခြံထဲကို ဘာလာလုပ်တာလဲ ... ဘယ်သူက ဘာအစီအရင်တွေ လုပ်နေတာလဲ .... စာရွက်လေးများကို တစ်ရွက်စီလှန်ရင်း သလင်းဖြူ အသက်ပင် မှန်မှန် မရှုမိဘဲ ဖတ်နေမိသည်။ "ဗေဒင်မေးဟန် ဆောင်ပြီး ဒေါ်သီအိမ်ကို သွားကြည့်ရမယ် " သလင်းဖြူသည် စာဖတ်နေရင်းမှ ဒေါ်လေး၏ မျက်နှာကိုပါ မြင်ယောင်လာမိလေသည်။ " ငါမယုံနိုင်ဘူး .... ဒေါ်သီက မလတ်နဲ့ ကိုထွန်းကို သူတတ်တဲ့ အောက်လမ်းပညာနဲ့ ဖြည်းဖြည်းချင်းသေအောင်သတ်လိုက်တာတဲ့ ... သူ့ကို ဘယ်သူခိုင်းတာလဲ ဆိုတာကို ငါ စုံစမ်းရမယ် " မြင်လိုက်ရသော စာကြောင်းများကြောင့် သလင်းဖြူခေါင်းထဲ မိုက်ခနဲ ဖြစ်သွားမိသည်။အစ်ကိုဖြစ်သူ စိုင်းရန်နိုင် ပြောစဉ်အခါက သလင်းဖြူ မယုံကြည်နိုင်ဖြစ်ခဲ့မိသည်။ယခုလို သိလိုက်ရသောအခါ သလင်းဖြူကိုယ်ထဲရှိသွေးများ ဆူပွက်လာလေသည်။ " ဒေါက် ...ဒေါက် ....ဒေါက် " " အမယ်လေး " နောက်ထပ်စာရွက်ကို လှန်လိုက်သော အချိန်မှာပင် ရုတ်တရက် တံခါးခေါက်သံထွက်ပေါ်လာသောကြောင့် သလင်းဖြူလန့်ပြီး အော်လိုက်မိလေသည်။ ====================== အပိုင်း (၁၅) ဆက်ရန် ဧကြည်ဖြူ

ကြီးတော်နှစ်ယောက်နှင့် ဒေါ်သုန် တို့ သလင်းဖြူ၏ အခန်းထဲသို့ ၀င်ရှာနေချိန်တွင် သလင်းဖြူမှာ အခန်းဝတွင် ရပ်စောင့်နေရလေသည်။သလင်းဖြူအနေနှင့် မိမိ မယူထားသော ပစ္စည်းဖြစ်သောကြောင့် အခန်းပေါက်ဝတွင် စိတ်အေးလက်အေးနှင့် မတ်တတ်ရပ်နေမိလေသည်။ "ဒါ ...ဒါက ဘာလဲ သလင်းဖြူ..." ဒေါ်ကြည်အေးသည် နံရံတွင် ချိတ်ထားသော ဦးထုပ်ထဲမှ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်ပြီးလျှင် သလင်းဖြူကို လှမ်းကြည့်ပြိး အလန့်တကြားနှင့် မေးလိုက်လေသည်။ " ဟင် ... အဲ့...အဲ့ဒါ ..သမီးရဲ့ လည်ဆွဲပဲ ကြီးကြီး " " ဟင် ...ဟုတ်သားပဲ ...အဲ့ဒါက ရွှေရည်ဝင်းရဲ့ လည်ဆဲပဲ ... မင်း ...မင်း... လည်ဆွဲကို တကယ်ယူခဲ့တာလား သလင်းဖြူ " သလင်းဖြူသည် အခန်းထဲမှ အသံများကြောင့် အထိတ်တလန့်နှင့် အခန်းထဲသို့လှမ်းကြည့်လိုက်မိလေသည်။ "ဒါ ...ဒါက ... ဘယ် ...ဘယ်လို ရောက်နေတာလဲ ....သမီးမယူဘူးနော် ...သမီးယူတာ မဟုတ်ဘူး " သလင်းဖြူ အထိတ်တလန့်နှင့် အော်ဟစ်ငြင်းဆန်လိုက်သည်။ "တိတ်စမ်း သလင်းဖြူ ..ခိုးတုန်းကခိုးပြီး...ဘာအခုမှ မျက်နှာပြောင်တိုက်ပြီး ငြင်းနေတာလဲ ...ငါတို့ မျိုးရိုးမှာ သူခိုးမရှိဘူး ...နင်က နင့်အဖေလိုပဲအကျင့်စရိုက်မကောင်းဘူးပဲ " "ကြီးကြီး မဟုတ်တာတွေ မပြောပါနဲ့ ... အဲ့ဒီလည်ဆွဲကို သမီးယူတာမဟုတ်ဘူး ..." ကြီးတော်ဖြစ်သူ ဒေါ်ခင်အေးသည် ဖခင်ဖြစ်သူကို ထိခိုက်၍ ပြောလာသောကြောင့် သလင်းဖြူ ဒေါသတကြီးနှင့် အော်ပစ်လိုက်မိ၏။ "ကဲ တော်ကြစမ်း ... ခင်အေး နင်လဲတော် .. အားလုံးသွားကြတော့ ...သလင်းဖြူ လာ ...ငါနဲ့လိုက်ခဲ့ " ဒေါ်ကြည်အေးသည် အသံမာမာနှင့် အော်လိုက်ပြီးနောက် သလင်းဖြူကို သူ့နောက်ကို လိုက်ခံ့ဖို့ ခေါ်လိုက်ပြီး ဒုတိယထပ်သို့ သွားလေသည်။ ~~~ ~~~~ "တွေ့လား ...သမီး " ဒေါ်ကြူကြူ၀င်းသည် အပေါ်ထပ်မှ ဆင်းလာသော သမီးဖြစ်သူရွှေရည်ဝင်းနှင့် ကျန်လူများကို တွေ့သည်နှင့် အလောတကြီးနှင့် မေးလိုက်လေသည်။ " တွေ့တယ် အမေ .... သလင်းဖြူ အခန်းထဲက တွေ့တာ " ရွှေရည်ဝင်းက မိခင်ဖြစ်သူ၏ အမေးကိုခပ်တိုးတိုးဖြေလိုက်လေသည်။ "ဟင် ဟုတ်လား.. တွေ့လို့ တော်သေးတာပေါ့ ...ကြည့်စမ်း ဒီကောင်မလေးနှယ် ...ငွေလိုလဲ ပြောတာမဟုတ်ဘူး " ဒေါ်ကြူကြူဝင်းသည် ရင်ဘတ်ကို လက်ဖြင့် အသာဖိ၍ ပြောလိုက်လေသည်။ "တွေ့လို့ တော်သေးတာပေါ့ရှင် ... မဟုတ်ရင် ကျွန်မတို့မှာ နေရခက်နေတာ " ထိုအခါ ထွဋ်ခေါင်၏ မိခင်သည် စိတ်အေးသွားဟန်ဖြင့် ဝင်၍ ပြောလိုက်လေသည်။ " ပြန်တွေ့လို့ တော်သေးတာပေါ့ ရွှေရည် ... အမေ လာတဲ့နေ့မှ ဒီလိုဖြစ်တော့ ကျွန်တော်တို့မှာ အနေရခက်မိတယ် ..." ထွဋ်ခေါင်သည် ရွှေရည်ဝင်း၏ မျက်လုံးများကို စူးစူးစိုက်စိုက်ကြည့်ရင်း ပြောလိုက်လေသည်။ "အို ...မဟုတ်တာရှင် ...ကိုထွဋ်ခေါင်ကိုရော ...ဒေါ်ဒေါ့ကိုပါ တောင်းပန်ပါတယ်ရှင် " ရွှေရည်ဝင်းသည် ထွဋ်ခေါင်၏ အကြည့်စူစူးကို ရှောင်လွှဲလိုက်ပြီး ထွဋ်ခေါင်၏ မိခင်ကိုပဲကြည့်ကာ တောင်းပန်စကားဆိုလိုက်လေသည်။ ~~~~~~~ "ကြီးကြီးကို အမှန်တိုင်း ပြောစမ်း ...မင်းတကယ်ပဲ လည်ဆွဲကို ယူခဲ့သလား သလင်းဖြူ " ဒေါ်ကြည်အေးက သလင်းဖြူကို မေးလိုက်သည်။ "မယူဘူး ကြီးကြီး ... သမီး မယူဘူး ...အဲ့ဒီလည်ဆွဲကိုလဲ ခုနတုန်းကမှ မြင်ဖူးတာ " သလင်းဖြူသည် အံကိုတင်တင်းကြိတ်၍ ကြီးတော်ဖြစ်သူ၏ အမေးကို ဖြေလိုက်သည်။ " ဟုတ်ပြီ ...ဒါဆို မင်းမယူဘဲ ...အဲ့ဒီဆွဲကြိုက မင်းအခန်းထဲကို ဘယ်လို ရောက်နေသလဲ ပြော " "သမီး မသိဘူး ကြီးကြီး ... သေချာတာက တစ်ယောက်ယောက်က လည်ဆွဲကို သမီး အခန်းထဲမှာ လာထားသွားတာပဲ " "ဟုတ်ပြီ ... မင်းက မယူဘူးပြောပေမဲ့ ... လည်ဆွဲကို မင်းအခန်းထဲမှာ တွေ့တာ ဖြစ်တဲ့ အတွက် မင်းကို အပြစ်ပေးရမှာပဲ .. အေး မင်းအတွက် အပြစ်ဒဏ်ကို ညနေ လူစုံမှ ပြောမယ် " ~~~~ ဒုတိယ ထပ်၏ ဧည့်ခန်းထဲတွင် ထွဋ်ခေါင်တို့ သုံးယောက်နှင့် အလုပ်သမားများမှလွဲ၍ မိသားစုကုန် ရောက်ရှိနေကြလေသည်။ "ကဲပါ ...ကြီးကြီးရယ် ... ပစ္စည်းလဲ ပြန်ရတာပဲဟာ .. ဒီတစ်ခါတော့ ခွင့်လွှတ်ပေးလိုက်ပါ " ဇော်ထိုက်သည် လူကြီးများကို ကြည့်၍ ပြောလိုက်လေသည်။ "တိတ်စမ်း သားကြီး ...မင်း ဝင်မပါစမ်းနဲ့... ပစွည်းက ပြန်ရပေမဲ့ နောက်မလုပ်ရဲအောင် ဆုံးမမှ ရမှာပေါ့ ..." ဒေါ်ခင်အေးသည် သားဖြစ်သူကို မာန်မဲလိုက်လေသည်။ "သားကြီး ပြောတာ မှန်ပါတယ် ... ပစ္စည်းလဲ ပြန်ရနေပြီပဲဟာ..ဒီကိစ္စကို ဒီနေရာမှာပဲ တော်ကြရအောင် မမကြည် ....နောက်တစ်ခါဆို ...သမီးရွှေရည်လဲ ကိုယ့်ပစ္စည်းကို သေသေချာချာ သိမ်းပါ " ဦးမြင့်အေးသည် ပြေရာပြေပြေကြောင်း ဝင်ပြောလိုက်ပြီး သမီးဖြစ်သူကို သတိပေးစကားပြောလိုက်လေသည်။ အားလုံး၏ အလယ်တွင် သလင်းဖြူသည် အံကို တင်းတင်းကြိတ်၍ ထိုင်နေမိသည်။ "ကဲ ...ဒီလိုလုပ်မယ် ... ပစ္စည်းပြန်ရတယ်ဆိုပေမဲ့ ...ဒီကိစ္စက ဒီတိုင်းကျော်သွားလို့ မရဘူး ....အပြစ်တော့ ပေးမှရမယ် ...အဲ့ဒီတော့ သလင်းဖြူ အနေနဲ့ ကြီးကြီးတို့ ပေးတဲ့ အပြစ်ဒဏ်ကို ခံယူမလား ....ရန်ကုန်ကို ပြန်မလား ရွေးချယ်ပါ "

ဧကြည်ဖြူ " အဝါရောင် ရဲတိုက် " အပိုင်း ( ၁၄ ) ****** "ရှင် ...ကြီးကြီး.... ဘာ..ဘာကို ပြောတာလဲ ...သမီး နားမလည်ဘူး " "ကဲ မင်းသမီးလိုအမူအရာကောင်းမနေနဲ့ မမ....ရွှေရည်ဝင်းရဲ့ လည်ဆွဲကို ယူလာတယ် မဟုတ်လား ... မနက်က ရွှေရည်ဝင်းက လည်ဆွဲကို ယူသွားပြီး ရုံးခန်းအံဆွဲထဲမှာ သိမ်းထားတာတဲ့ ... ဧည့်သည်တွေရောက်လာလို့ ထုတ်ဝတ်ဖို့လုပ်တော့ မရှိတော့ဘူးတဲ့လေ.... တစ်မနက်လုံးလည်း ရုံးခန်းထဲ၀င်ထွက်နေတဲ့သူက မမကြီးရယ် ...မကြူ နဲ့ ရွှေရည်ဝင်းရယ် ...မင်းပဲရှိတာဆို ...ကဲ အမှန်းတိုင်းပြောပြီး လည်ဆွဲကို ပြန်ပေးလိုက် ...." ကြီးတော်ဖြစ်သူ ဒေါ်ခင်အေး၏ စကားကြောင့် သလင်းဖြူ မျက်လုံးအစုံ ပြူးကျယ်သွားရပြီးလျှင် ငြင်းဆန်လိုက်မိသည်။ "ဘာ ...ဘာတွေ ပြောနေကြတာလဲ ... သမီးမယူပါဘူး ... ဘာလည်ဆွဲလဲ မြင်တောင် မမြင်ဖူးဘူး " " အမှန်တိုင်း ဝန်ခံလိုက်ပါ တူမရယ် ... ကြီးကြီးတို့က နားလည်ပါတယ် ... ငါ့တူမလည်း နိုင်ငံခြားထွက်ဖို့ ငွေလိုနေလို့ ယူမီတာမဟုတ်လား ...ကြီးကြီးက နားလည်ပါတယ် ...မမကြည်တို ....မမခင်တို့လည်း မဆူကြမပြောကြပါနဲ့တော့ရှင် ...ဧည့်သည်တွေရှေ့မှာ မကောင်းပါဘူး ... ကျွန်မကပဲ ချော့ပြီး ပြန်တောင်းလိုက်ပါ့မယ် " ဒေါ်ကြူကြူ၀င်း၏ စကားသည် သလင်းဖြူအား ဧကန်မုချပင် တရားခံဟု စွပ်စွဲလိုက်သော စကားမျိုးပင်ဖြစ်ပါလေသည်။ရွှေရည်ဝင်းကမူ နေရာတွင်ထိုင်လျက် မျက်ရည် အဝဲသားဟန်နှင့် ရှိလေသည်။ ထွဋ်ခေါင်၏ မိခင်မှာမူ သလင်းဖြူကို အထင်အမြင်သေးသော အကြည့်များဖြင့် ကြည့်၍နေလေသည်။ ထွဋ်ခေါင်သည်လည်း မိခင်ကို သွားကြိုပြီးနောက် ရွှေရည်ဝင်း၏ ရုံးခန်းထဲသို့ နောက်ဆုံး ဝင်ခဲ့သူဖြစ်သောကြောင့် ဧည့်ခန်းထဲတွင် စိတ်ရှုပ်ထွေးစွာ ထိုင်နေရလေသည်။ "ရွှေရည် တောင်းပန်ပါတယ်နော် သလင်းဖြူ ...အဲ့ဒီလည်ဆွဲလေးက အဖေနဲ့ အမေ လက်ဆောင်ပေးထားတာမို့ တန်ဖိုးထားရတဲ့ ပစ္စည်းလေးမို့ ပြန်ပေးပါနော် " ရွှေရည်ဝင်းက ငိုသံပါနှင့် ပြောလေသည်။ " ငါမယူဘူး ရွှေရည်း ...ရုံးခန်းထဲကို ၀င်လိုက်ထွက်လိုက်လုပ်ခဲ့ပေမဲ့ အံဆွဲကိုလဲဖွင့်မကြည့်ဘူး ...ယူလဲ မယူဘူး ...မယုံရင် ရှာကြည့်လို့ရတယ် " " ကဲ .. ဒေါ်သုန် .. သူ့ကို စတိုခန်းထဲခေါ်သွားပြီး သူ့ကိုယ်မှာ ရှာကြည့်စမ်း " "ဟုတ်ကဲ့ပါ ..မခင်အေး .. ကျွန်မ ရှာကြည့်လိုက်ပါ့မယ် " " ဟင့်အင်း ..မရှာနဲ့ ...ရှာတယ်ဆိုတာ သမီးကို သူခိုးလို့ စွပ်စွဲတာပဲ ...သမီး မယူဘူး ကြီးကြီးကြည်အေး .." သလင်းဖြူသည် မိမိကိုယ်တွင် ရှာကြည့်ရန် ပြောပြီးဘောအခါမှ ခါးကြားတွင် ဖွက်ထားသော စာအုပ်ကို သတိရလိုက်သောကြောင့် ကမန်းကတန်း ငြင်းဆန်လိုက်မိလေသည်။ ထိုသို့ သလင်းဖြူ၏ အပြုအမူကြောင့် ထွဋ်ခေါင် အပါအဝင် ကျန်လူများသည် သလင်းဖြူကို မသင်္ကာသော မျက်ဝန်းများဖြင့် မော့၍ ကြည့်လာကြလေသည်။ သလင်းဖြူသည် ထိုအခြေအနေကို ရိပ်မိလိုက်ပြီး ဖြေရှင်းနိုင်ရန်နည်းလမ်းကို အမြန်ဆုံးစဉ်းစားလိုက်သည်။ "ဟုတ်ပြီးလေ ... ရှာချင် တယ်ဆိုရင်လဲ ... ပူစူးကို ရှာခိုင်းပါ ...." "ဟဲ့ ပူစူး သူ့နဲ့လိုက်သွားပြီး ရှာကြည်စမ်း.... ဒေါ်သုန်က အခန်းပြင်ကစောင့်နေလိုက် " ဒေါ်ခင်အေး၏ စကားဆုံးသည်နှင့် သလင်းဖြူသည် ဆယ့်သုံးလေးနှစ်အရွယ် ပူစူးနှင့်အတူ စတိုခန်းရှိရာကို သွားလိုက်သည်။စိတ်ထဲမှ ဒေါသနှင့်ဝမ်းနည်းမှု များကို ခံစားနေရသော်လည်း မျက်ရည်မကျအောင်ထိန်းရင်း အံကိုကြိတ်ထားမိလေသည်။ ပူစူးကို အဝတ်အစားများကို သေချာ ခါပြလိုက်ပြီး စာအုပ်လေးကိုပါ ခါချပြလိုက်တယ်။ ပူစူး ကတော့ ကလေးပီပီ စာအုပ်ကို စိတ်၀င်စားဟန် မပြသောကြောင့် သလင်းဖြူ သက်ပြင်းကို မသိမသာ ချလိုက်မိလေသည်။ ~~~~ " မတွေ့ပါဘူး ကြီးကြီး " ပူစူး၏ စကားကြောင့် အခန်းထဲရှိ လူများမှာ သလင်းဖြူထံသို့ အကြည့်များ ရောက်ရှိ လာကြပြန်လေသည်။ "သမီး ရွှေရည် အထားများမှားသလားကွယ် ... သမီး အခန်းထဲမှာ သွားကြည့်ပါအုံး " ဒေါ်ကြည်အေးသည် အခြေအနေကို ကြည့်ပြီး ဝင်၍ ပြောလိုက်လေသည်။ " သမီး စစ်ပြီးပါပြီး ကြီးကြီး ... မနက်က သေသေချာချာကို ထည့်သွားခဲ့တာပါ " " ကဲ ...ဒါဆိုလဲ သေချာအောင် သမီးရွှေရည်ရဲ့ အခန်းထဲမှာရော ... သလင်းဖြူ ရဲ့ အခန်းထဲမှာပါ ရှာကြ ကြည့်ကြမလား မမကြည် ..." "အေး ဟုတ်တယ် .. ယောင်းမပြောသလို ရှာကြတာကောင်းမယ်ထင်တယ် ...ကဲပါ ...မမကြည်ရယ်...ညီမတို့ သွားရှာကြတာပေါ့ " ဒေါ်ကြူကြူ၀င်း၏ အပြောကို ဒေါ်ခင်အေးက ထောက်ခံပြီး အပေါ်ထပ်သို့ တက်ရန်ပြင်ကြလေသည်။ သလင်းဖြူလည်း စိတ်ပျက်လက်ပျက်နှင့် အပေါ်ထပ်သို့ လိုက် တက်ခဲ့ရလေသည်။ အောက်ထပ် ဧည့်ခန်းထဲမှာတော့ ထွဋ်ခေါင်တို့ သားအမိနှင့် ဒေါ်ကြူကြူဝင်းသာ ကျန်ရစ်ခဲ့လေသည်။ ~~~~~ ရွှေရည်ဝင်း၏ အခန်းကို ရှာဖွေနေကြစဉ်မှာ သလင်းဖြူလည်း အခန်းပေါက်ဝနားတွင် ရပ်၍နေရလေသည်။ "ကဲ ....ဒီမှာတော့ မရှိဘူး...သလင်းဖြူ အခန်းကို သွားရှာကြည့်ရအောင် မမကြည် " ~~~

ဗီရို၏အောက်ခြေပြား အလယ်လောက်တွင် တိတ်နှင့်ကပ်ထားပုံရသော စာအုပ်လိုလို ၊ စာအိပ်လိုလို အရာတစ်ခုကိုစမ်းမိလိုက်သောကြောင့် သလင်းဖြူ လက်ကို ဆန့်တန်း၍ အားနှင့်ဆွဲယူလိုက်သည်။သို့သော်လည်း ထိုအရာမှာ တော်တော်နှင့် ပါမလာဘဲ သလင်းဖြူ၏ လက်တစ်ခုလုံး နာကျင်သွားရလေသည်။ခန္ဓာကိုယ်မှာလည်း ကြမ်းပြင်ပေါ်တွင် ပြားပြားဝပ်အောင်မှောက်ထားရသောကြောင့် မတော် ဗီရိုကြီးများလဲကျလျှင်ဟု တွေးမိပြီး ရင်ခုန်သံတွေ တဒိန်းဒိန်းမြည်အောင်ပင် ခုန်လှုပ်၍ နေလေသည်။အတန်ကြာအောင် ကြိုးစားအားထုတ်ပြီးချိန်မှာတော့ ဗီရိုအောက်ခြေမှ အရာသည် သလင်းဖြူလက်ထဲသို့ ပါ့လာလေသည်။သလင်း ဖြူ မျှော်လင့်တကြီးနှင့် ကြည့်လိုက် မိသောအခါ သာရေး အဖုံးလေးနှင့် သေသပ်စွာချုပ် လုပ်ထားသော လက်တစ်ဝါးစာ အရွယ် ခပ်ပြားပြား စအုပ်လေးတစ်အုပ်ကို တွေ့လိုက်ရလေသည်။ "ဟင် ... စာအုပ်လေးပဲ " သလင်းဖြူ နှုတ်မှ ရေရွတ်လိုက်မိပြီး စာအုပ်လေးကို လှန်လော ကြည့်လိုက်လေသည်။ထိုအခါ စာအုပ်ကြားထဲမှ စာရွက်ခေါက်လေးတစ်ရွက် ညှပ်ထားသည်ကို တွေ့လိုက်ရလေသည်။ သလင်း ဖြူလည်း စာရွက်ခေါက်လေးကို ခပ်မြန်မြန်ပင် ဖွင့်၍ဖတ်ကြည့်လိုက်သည်။ " သို့ .... အေးရေ ... လဆန်းတစ်ရက်နေ့ အစ်ကို လာခဲ့မယ် ... နေ့ခင်းလောက်မှာ အိမ်ကိုပဲ အစ်ကိုလာခဲ့မယ်နော် ... ခြံနောက်ဖက်က ပဲဝင်ပြီး နောက်ဖေးလှေကားကပဲ တက်လာခဲ့မယ်လေ ....အဲ့ဒီနေ့ကျရင် အေးက နေမကောင်းဘူးလို့ အကြောင်းပြပြီး ရက်ကန်းရုံကို လိုက်မသွားနဲ့နော် .. ချစ်တဲ့ အစ်ကို " သလင်းဖြူ စာကို ဖတ်ပြီး စဉ်းစားနေမိသည် ။စာက လွန်ခဲ့သော သုံးလခန့်က ရေးထားခဲ့သော စာဖြစ်သည်။စာအရဆိုလျှင် ထိုနေ့က ဒေါ်လေးသည် အိမ်ကြီးထဲမှာပင် ချစ်သူနှင့် ချိန်းတွေ့ခဲ့သည်မှာ သေချာသည် ။ သည်သို့ဆိုလျှင် ဒေါ်လေးသည် အမှန်တကယ်ပင် ချစ်သူနှင့် လိုက်ပြေးသွားခဲ့လေ သည်လား။စဉ်းစားရင်းနှင့်ပင် သလင်းဖြူ ခေါင်းထဲမူနောက်လာမိသည်။စာရွက်ကလေးကို ပြန်ခေါက်လိုက်ပြီး စာအုပ်ကြားထဲသို့ ညှပ်လိုက်သည်။ထို့သို့ စာရွက်ကို ညှပ်လိုက်စဉ်မှာပင် မြင်လိုက်ရသော စာကြောင်းလေးကြောင့် သလင်းဖြူ မင်သက် အံ့ဩမိသွားလေသည်။ထိုစာကြောင်းလေးမှာတော့ " ဒေါ်သီက ငါတို့အိမ်ကို ဘာလာလုပ်တာလဲ ... အဝတ်နက်ကြီးခြုံပြီး ဒေါ်သီနဲ့ စကားပြောနေတာ ဘယ်သူလဲ " စာကြောင်းများကို ဖတ်နေရင်းမှ သလင်းဖြူ၏ လက်တွေ တဆတ်ဆတ် တုန်ယင်လာမိလေသည်။ "သလင်းဖြူ ..သလင်းဖြူရှိလား " ထိုသို့ရှိစဉ်မှာပင် လှေကားထစ်များမှ သလင်းဖြူ၏ နာမည်ကို အော်ဟစ်ခေါ်လိုက်သော အသံကြောင့် သလင်းဖြူမှာ ဆတ်ခနဲ တုန်လှုပ်သွားမိပြီးလျှင် စာအုပ်ကို ခါးကြားထဲသို့ထိုးထည့်လိုက်ပြီး အခန်းထဲမှ ထွက်ကာ အိမ်သာခန်းဘက်သို့ ခပ်သုတ်သုတ် လျှောက်သွားလိုက်လေသည်။ "သလင်းဖြူ ...သလင်းဖြူ ဘယ်မှာလဲ ...အခန်းထဲမှာလဲ မရှိဘူးမမကြီး " " ကျွန်မ အိမ်သာတက်မှာပါ ဒေါ်ကြီးသုန် ...ဘာကိစ္စရှိလို့လဲ " ဒေါ်သုန်၏ တကြော်ကြော် အော်ဟစ်ခေါ်သကို သလင်းဖြူက ခပ်တည်တည်နှင့်ပင် လှမ်း၍ ထူးလိုက်လေသည်။ "မင်းကို ...မမကြီးတို့ခေါ် နေတယ် ...အောက်ထပ်ကို မြန်မြန်ဆင်းလာခဲ့ " မာမာထန်ထန်နှင့် ပြောလာသော ဒေါ်သုန်၏ စကားကြောင့် သလင်းဖြူ ရင်တထိတ်ထိတ်နှင့်ပင် အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ ~~~~ "သလင်းဖြူ လာအုံး ...ဒီမှာလာထိုင်စမ်း ... ပြီးရင် မှန်မှန်ပြောနော် ...လိမ်ဖို့ မစဉ်းစားနဲ့ ... ကြီးကြီးက လိမ်တာကို အမုန်းဆုံးပဲနော် " "ဟုတ် ...ဟုတ်ကဲ့ ကြီးကြီး " သလင်းဖြူ အောက်ထပ် ဧည့်ခန်းထဲသို့ ရောက်သောအခါ ဧည့်ခန်းထဲတွင် ကြီးကြီးကြည်အေး၊ ကြီးကြီးခင်အေးနှင့် ရွှေရည်ဝင်းတို့ သားအမိကို တွေ့ရလေသည်။ပြီးလျှင် ထွဋ်ခေါင်နှင့် အတူထိုင်နေသော ခန့်ခန့် ချောချော အမျိုးသမီးကြီး တစ်ယောက်ကိုလည်း တွေ့ရလေသည်။သလင်းဖြူမှာ ဧည့်ခန်းထဲသို့ ရောက်သည်နှင့် ကြီးတော်ဖြစ်သူ၏ ဒေါသသံနှင့် ပြောလိုက်ခြင်းကို ခံလိုက်ရသောကြောင့် ဘုမသိဘမသိနှင့် ခေါင်းငြိမ့် အဖြေပေးလိုက်ရလေသည်။ " သေချာလဲ ရှာကြပါအုံးရှင်.... သူစိမ်းဆိုလို့ ကျွန်မတို့ သားအမိပဲရှိတော့ နေရခက်လို့ပါရှင် " မျက်နှာစိမ်းအမျိုးသမီးကြီးက သလင်းဖြူကို မသိမသာ အကဲခတ်၍ ပြောလိုက်လေသည်။ " အို ..မဟုတ်တာရှင် ... ဒီလိုမပြောပါနဲ့ ...တရားခံကို သိပြီးသားပါ ...ဒါကြောင့်မို့လဲ အစ်မကြီးတို့ စိတ်ရှင်းသွားအောင် အားလုံးရှေ့မှာ မေးမလို့ပါ " ဒေါ်ကြူကြူဝင်းသည် မျက်နှာစိမ်း အမျိုးသမီးကို ကြည့်၍ ပျာပျာသလဲပင် ပြောဆိုလိုက်လေသည်။ " သလင်းဖြူ ..မင်း ဘယ်သူ့ကိုမှ မပြောဘဲ ဘာလို့ ရက်ကန်းရုံက ပြန်လာတာလဲ ... မဟုတ်မှ ရုံးခန်း အံဆွဲထဲက ရွှေရည်ဝင်းရဲ့ ဘယက်ကို ယူလာတာလား ... ဒီတစ်မနက်လုံး ရုံခန်းထဲကို ကြီးကြီးတို့ လေးယောက်ကလွဲပြီး ဘယ်သူ့ကိုမှ အဝင်ခံခဲ့တာ မဟုတ်ဘူးနော် ..အဲဒါကြောင့် မှန်မှန်ပြော " "ရှင် " ကြီးတော်ဖြစ်သူ၏ အမေးကြောင့် သလင်းဖြူ ကြောင်အမ်းအမ်းနှင့်ကြီးတော်ဖြစ်သူကို မော့ကြည့်လိုက်မိလေသည်။ ==================== အပိုင်း ( ၁၄ ) ဆက်ရန် ဧကြည်ဖြူ

သလင်းဖြူ ပြောပြီးသည်နှင့် စက်ဘီးကို တွန်း၍ ပြန်ရန် ပြင်လိုက်သည်။ထိုအခါ စိုင်းလွှမ်းသည် သလင်းဖြူကို လှမ်း၍ မေးလိုက်သည်။ "သူတို့တွေနဲ့ ပတ်သက်ပြီး မင်းရင်ထဲက သံသယတွေရော ရှင်းသွားပြီလား " "ဟင့်အင်း ...အခုမှ စရှာတုန်းလေ ... သံသယရှင်းတဲ့နေ့က မိုးနှဲကနေ ပြန်တဲ့နေ့ပဲ " ~~~~ နေ့ခင်း နှစ်ချက်တီးဆိုသည်မှာ လူတွေသွားလာလှုပ်ရှားနေကြသောအချိန်ပင်။သို့သော်လည်း သလင်းဖြူတို့၏ ဆွေးမျိုးတစ်စုပိုင် အဝါရောင်တိုက်ကြီးထဲမှာတော့ လူသူလေးပါး ကင်းရှင်းပြီး တိတ်ဆိတ်၍နေလေသည်။သည်လို အချိန်ဆို ခြံကြီးထဲမှာရော တိုက်ကြီးထဲမှာပါ ဒေါ်သုန် နှင့်အတူ ထမင်းချက် အမျိုးသမီးနှင့် ပူစူးမတို့သာရှိသည်။သည်လိုအချိန်သည် ညဘက်များထက်ပင် ပို၍ ရှာလို့ အဆင်ပြသောအချိန်ဖြစ်သည်။သည်နေ့အဖို့တွင် ဦးငယ်အပါအဝင် ကျန်လူများ၏ အသွားအလာကို သိထားသောကြောင့် သလင်းဖြူ အိမ်ထဲတွင်ရှာဖွေရန် ရက်ကန်းရုံမှ အသာလစ်ထွက်လာခဲ့ခြင်းဖြစ်လေသည်။ ~~~~~~~ နေ့ခင်ကြီးမှာပင် ဒေါ်လေး၏ အခန်းထဲသို့ဝင်လိုက်သည်နှင့် သလင်းဖြူ တစ်ကိုယ်လုံး စိမ့်ခနဲဖြစ်သွားပြီးလျှင် ချမ်းစိမ့်စိမ့်ဖြစ်သွားသလိုပင် ခံစားလို က်ရလေသည်။သည်ကြားထဲ နံရံတွင် ချိတ်ထားသော ဒေါ်လေး၏ ဓါတ်ပုံကိုကြည့်ရင်း သလင်းဖြူ ကျောချမ်းမိသောကြောင့် မနည်းပင် အားတင်းထားရလေသည်။ " ဒေါ်လေးသေပြီလို့ ဘယ်သူက ပြောလို့ ငါက ကြောက်နေရမှာလဲ ... ဒီနေ့ တော့ ဒီအခန်းထဲကနေ သဲလွန်စတစ်ခုခုရအောင် ရှာရမယ် ..." သလင်းဖြူ ဒေါ်လေး အခန်းထဲ အနှံ့ ရှာကြည့်လိုက်သည်။ စင်ပေါ်တွင် တင်ထားသော စာအုပ်များကိုလည်းလှန်လှောရှာကြည့်လိုက်သည်။မတွေ့ ။ဘာဆိုဘာမျှမတွေ့ပါချေ။မိနစ် အတော်ကြာ အခန်းထဲတွင် ရှာပြီးသည့်နောက်တွင် သလင်းဖြူ စိတ်ပျက်လက်ပျက်နှင့် ခုတင်ပေါ်ထိုင်ချလိုက်သည်။ထိုအခါ ဒေါ်လေး ၏ ဓါတ်ပုံနှင့် မျက်နှာချင်းဆိုင် ထိုင်ကြည့်နေကြသလို ဖြစ်သွားလေရာ သလင်းဖြူ တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းခနဲ ထလာသည်။အာခေါင်တွေ ခြောက်ပြီး ရေပါငတ်သလိုဖြစ်လာသည်။သလင်းဖြူ ထိုင်နေရာမှ ဆတ်ခနဲ ထလိုက်ပြီး ဓါတ်ပုံကို ဖြုတ်ကြည့်လိုက်သည် ။ရုပ်ရှင်တွေ စာအုပ်တွေထဲမှာတော့ ပစ္စည်းတစ်ခုခုဖွက်ချင်လျှင် ဓါတ်ပုံ၏ နောက်ကျောတွင် ဖွက်ထားတတ်ကြသည်ကို မြင်ဖူးသည်ပင်။ သလင်း ဖြူ မျှော်လင့်တကြီးနှင့် ဓါတ်ပုံကို ဖြုတ်ကြည့်လိုက်သော်လည်း မျှော်လင့်ချက် များပျက်စီးသွားရလေသည်။ဟိုရှာ သည်ရှာ ရှာနေရင်းရင်းမှ သလင်းဖြူ ကိုယ့်အဖြစ်ကိုယ်တွေးမိပြီ စိတ်ပျက်လာမိသည်။ သလင်းဖြူ အဖြစ်က ရန်ကုန်ပြန်ဖို့လည်း အဆင်မပြေ ။ သည်မှာ ဆက်နေတော့လည်း လိုအပ်သည့် ငွေမရရှိခြင်းကြောင့် လူမှာ ရူးသလိုနှမ်းသလိုနှင့် သံသယ၀င်သောရောဂါများ ရနေပြီလေလားဟု ထင်လာမိလေသည်။ယခုလည်း သလင်းဖြူသည် အဒေါ်ဖြစ်သူ၏ အခန်းထဲသို့ဝင်ကာ ဘာကို ရှာလို့ရှာနေမိမှန်း မသိဖြစ်လာသည်။ကျယ်ဝန်းလှသော ဤခြံကြီးနှင့် ကြီးမားသော ဤတိုက်ကြီးထဲတွင် သလင်းဖြူ ဘာကို ရှာနေမိမှန်း ကိုယ့်ကိုယ်ကိုပင် မသိတော့လောက် အောင် ဖြစ်လာမိလေသည်။ သလင်းဖြူ စိတ်ဓါတ်ကျကျနှင့် ဒေါ်လေး အိပ်ရာပေါ်သို့ ခန္ဓာကိုယ်ကို လှဲချလိုက်မိလေ သည်။ " ထလေ...ထလို့ ..." အိပ်ချင်လွန်းသောစိတ်ကြောင့် မျက်လုံးများမဖွင့်နိုင်လောက်အောင် ကျိန်းစက်ဖန်တွ နေသည့်ကြားမှပင် အမိန့်ပေးသံလိုလို အသံကြောင့် သလင်းဖြူ အိပ်ချင်မူးတူးနှင့် အသံပိုင်ရှင်ကို မော့ကြည့်မိလိုက်သည်။ "ဟင် ....ဒေါ်...ဒေါ်လေး ... ဒေါ်လေး မသေဘူးနော် " သလင်းဖြူက ဝမ်းသာအားရပြောလိုက်သော်လည်း ဒေါ်လေးသည် စကားတစ်ခွန်းမျှ ပြန်မပြောဘဲ သလင်းဖြူကို စူးစူးရဲရဲ တစ်ချက်ကြည့်ပြီးနောက် ချာခနဲ ကျောခိုင်းသွားပြီးလျှင် နံရံဘေးတွင် ကပ်ထားသော ဗီရိုကို တွန်းလှဲပစ်လိုက်လေသည်။ "မ ....မလုပ်နဲ့ ဒေါ်လေး " "ဝုန်း " "အား " သလင်းဖြူအော်ဟစ် တားမြစ်နေသည့်ကြားမှပင် ဗီရိုကြီးသည် ဝုန်းခနဲ ပြိုလဲကျလာသောကြောင့် သလင်းဖြူ အထိတ်တလန့် အော်ဟစ်လိုက်မိလေသည်။ထို့နောက် အသံများ ပြန်လည် တိတ်ဆိတ်၍သွားသည်။ " ကျွီ....ကျွီ " တိတ်ဆိ ငြိမ်သက်သွားသော အချိန်တွင် သလင်းဖြူ၏ နားထဲတွင် တံခါးဖွင့်သံလိုလို ခပ်တိုးတိုး အသံတစ်သံကို ကြားလိုက်ရသောကြောင့် သလင်းဖြင့် ငေါက်ခနဲ ထထိုင်လိုက်မိသည်။ ထိုအခါမှပင် သလင်းဖြူ အိပ်ပျော်သွားပြီးနောက် အိပ်မက်မက်နေမှန်း သိလိုက်ရလေသည်။အိပ်မက်ဟု ဆိုသော်လည်း တကယ်ဖြစ်နေသကဲ့သို့ပင် ခံစားနေရလေသည်။သလင်းဖြူ မဝံ့မရဲနှင့် ဗီရိုကို လှမ်း၍ ကြည့်လိုက်မိလေသည်။ထိုအခါ ခပ်ဟဟ ပွင့်နေသော ဗီရိုတံခါးကို တွေ့လိုက်ရသောကြောင့် သလင်းဖြူ ကြောင်ငေးငေးနှင့် ကြည့်နေမိသည်။ သေချာသည်မှာ ခပ်စောစောတုန်းက သလင်းဖြူ ဗီရိုတံခါးကို သေသေချာချာပင် ပြန်ပိတ်ထားခဲ့သည်လေ။သလင်းဖြူ တုန်တုန်ယင်ယင်နှင့် ဗီရိုနားသို့ လျှောက်သွားလိုက်သည် ။ပြီးလျှင် ဗီရို၏နေရာအနှံ့သို့ လက်နှင့် အသေအချာ စမ်း၍ရှာကြည့်လိုက်မိသည်။ " ဟင် ... ဒါဘာလဲ "

ပြောနေစဉ်မှာပင် သော့မှာ မှန်သွားသောကြောင့် သော့ခလောက်မှာ ချောက်ခနဲ ပွင့်သွားလေသည်။သော့ပွင့်သွားသည်နှင့် သလင်းဖြူ သံပန်းတံခါးကိုဖွင့်ရန် ပြင်လိုက်စဉ်မှာပင် နောက်မှ လုတစ်ယောက်၏ ဖမ်းဆွဲချုပ်နှောင်ခြင်းကိုခံလိုက်ရလေသည်။ " ဟေ့ ...ဒီမှာ မင်းဘာလုပ်နေတာလဲ ...မင်းရူးနေတာလား ... မင်းသေချင်လို့လား ပြောလေ " " ကိုထွဋ်ခေါင် ရှင် .. ရှင် ....ဒါဘာလုပ်တာလဲ ... လွှတ် .. အခုချက်ချင်းလွှတ်....ဟိုမှာ ကျွန်မသူငယ်ချင်းဆီ သွားမလို့ " သလင်းဖြူသည် မိမိအား ဖမ်းဆွဲချုပ်နှောင်ထားသူမှာ ထွဋ်ခေါင်မှန်းသိလိုက်ရသောအခါ အတင်းဆောင့်ရုန်း၍ ရန်တွေ့လိုက်လေသည်။ "ဒီမှာ ... မင်း ဘာတွေ ပြောနေတာလဲ ..ဘယ်မှာလဲ မင်းသူငယ်ချင်း ... ခုနကတည်းက အပေါ်က လှမ်းကြည့်နေတာ ခွေးနက်ကြီးတစ်ကောင်ပဲ တွေ့တယ် ...ဟိုမှာ တွေ့လား ခွေးကို ...ခွေးရဲ့မျက်လုံးတွေကို ကြည်စမ်း..ခွေးကရူးနေတာလား မသိဘူး ...ခုချိန်သာ မင်းအပြင်ကို ရောက်သွားကြည့်ပါလား ... မင်း ခန္ဓာကိုယ်က အရိုးတစ်ခြား အသား တစ်ခြားဖြစ်သွားမယ်သိရဲ့လား " "ဘာလဲ ..ဘာတွေ ပြောနေတာလဲ ..ဘယ်မှာလဲခွေးနက်ကြီး ... ဟင် " သလင်းဖြူ ထွဋ်ခေါင်ကို တွန်းတိုက်ရန်တွေ့လိုက်ပြီး ခြံဝရှိ ခိုင်လွှမ်း ရပ်နေသော နေရာသို့ လှမ်းကြည့်လိုက်သောအခါ သလင်းဖြူ အံ့သြလွန်း၍ ကြက်သေသေသွားမိလေသည်။ထွဋ်ခေါင် ပြောသလိုပင် ။ခပ်စောစောက စိုင်းလွှမ်း ရပ်နေသော နေရာတွင် ခွေးနက်ကြီးတစ်ကောင် ရှိနေသည်ကိုတွေ့လိုက်ရလေသည်။သလင်းဖြူ ထိတ်လန့် တုန်လှုပ်လျက် စိုင်းလွှမ်းကို လိုက်လံ ရှာကြည့်လိုက်မိလေသည်။ထိုသို့ သလင်းဖြူ စိုင်းလွှမ်းကို ရှာဖွေနေစဉ်မှာပင် ခွေးနက်ကြီးသည် ရွာထိပ်ဘက်သို့ တစ်ဟုန်ထိုးပြေးထွက်ပျောက်ကွယ်သွားလေသည်။သလင်းဖြူ နားမလည်နိုင်စွာပင် ထွဋ်ခေါင်ကို ပြောလိုက်သည်။ " ခုန ပိတောက်ပင်အောက်မှာ ကျွန်မသူငယ်ချင်း ရပ်နေတာရှင့် ... ကျွန်မ အကြည့် မှားတာ မဟုတ်ဘူး သေချာတယ် ..သူ့အသံကိုပါ ကျွန်မကြားလိုက်ရတာ " " မဖြစ်နိုင်တာကွာ အပေါ်ကနေ လှမ်းမြင်နေရတာပဲ ...ကိုယ်တော့ ခွေးတစ်ကောင်ကလွဲရင် ဘာကိုမှ မမြင်ဘူး ....မင်းက တံခါးဖွင့်ပြီး အဲ့ဒီခွေးဆီသွားဖို့ လုပ်နေတာမြင်လို့ ကိုယ်ပြေးဆင်းလာခဲ့တာပဲ ...ခွေးကိုကြည့်ရတာလဲ ခွေးကောင်းပုံစံမဟုတ်ဘူး " သလင်းဖြူ စိတ်ရှုပ်ထွေးစွာ တံခါး၀ဆီမှ ခွါလိုက်ပြီးလျှင် ကွပ်ပျစ်ပေါ်တွင် အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိသည်။ ထွဋ်ခေါင်သည် ခြံတံခါးကို သော့ပြန်ခတ်နေရင်းမှ စိတ်ရှုပ်ထွေးစွာ ခေါင်းကို ခါယမ်းလိုက်မိလေသည်။ "ဘာဖြစ်နေကြတာလဲ " ထိုစဉ်မှာပင် တိုက်ကြီးထဲမှ ရွှေရည်ဝင်းထွက်လာပြီး လှမ်းမေးလေသည်။ "ဘာမှ မဟုတ်ပါဘူး ရွှေရည် ....ခွေးရူးတစ်ကောင် တွေ့လို့ပါ '' ထွဋ်ခေါင်က ရွှေရည်ဝင်း၏ အမေးကို ဖြေလိုက်သည်။ "ဪ ... ဟုတ်လား ..... ဘာများဖြစ်တာလဲလို့ ရွှေရည်က စိုးရိမ်သွားမိတာ ...ကိုထွဋ်ခေါင် အပေါ်တက်ချင် တက်တော့လေ ...ရွှေရည်တို့ ညီအစ်မ လေးညှင်းခံးရင်းစကားပြောလိုက်အုံးမယ် " " ဒါဆို ...ကိုယ့်ကို ခွင့်ပြုပါအုံး ရွှေရည် " ထွဋ်ခေါင်နှင့် ဝေထွန်းတိုက်ကြီးထဲသို့ ဝင်သွားကြသည်နှင့် ရွှေရည်ဝင်းက သလင်းဖြူကို ကြည့်လိုက်ပြီး ခပ်ထေ့ထေ့ ပြောလိုက်သည်။ " ဘာဇာတ်လမ်းတွေ ထွင် ပြန်ပြီလဲ သလင်းဖြူ ..." "ဘာဇာတ်လမ်းထွင်ရမှာလဲ ...မဟုတ်တာတွေ စွပ်စွဲအုံးမလို့လား " " မဟုတ်တာတွေ ဟုတ်လား ... နှစ်ယောက်သား တံခါးနားမှာ ပူးကပ်ပြီး လူမြင်လို့ မကောင်းဖြစ်နေတာလေ ... " " နင်မှားနေပြီ ရွှေရည် ...အဲ့ဒါ မတော်တဆ ဖြစ်တာ ... နင်စိတ်ထင်တာ လျှောက်ပြောမနေနဲ့ " " ဒါဆိုလဲ ပြီးတာပဲလေ ... လာမဲ့ တစ်ရက်နှစ်ရက်အတွင်းမှာ ကိုထွဋ်ခေါင်ရဲ့ အမေလာလိမ့်မယ် ..အဲ့ဒီကျရင် ငါနဲ့ ကိုထွဋ်ခေါင် ကိစ္စကို လူကြီးတွေ ဆွေးနွေးကြမှာ ..နင့်ကြောင့် တော့ အပျက်စီး မခံနိုင်ဘူးနော် ...သတိပေးပြီးပြီမို့ ထပ်မပြောတော့ဘူး " ပြောချင်ရာပြောပြီး ထွက်သွားသော ရွှေရည်ဝင်းကို ကြည့်ပြီး သလင်းဖြူ သက်ပြင်းကိုချရင်း ခေါင်းကို ခါယမ်းလိုက်မိသည်။ ~~~~~~ "ဟင် ... မင်းဆီကို ငါမလာပါဘူး ဖြူလေးရယ် .ဘာဖြစ်လို့လဲဟင် " စိုင်းလွှမ်းက သလင်းဖြူ အမေးကို ပြန်ဖြေလိုက်ရင်း နားမလည်နိုင်စွာ မေးလိုက်လေသည်။ သလင်းဖြူမှာ စိုင်းလွှမ်း၏ အမေးကြောင့် ဘာမျှ ပြန်မပြောနိုင်ဘဲ သက်ပြင်းကို အခါခါ ချလိုက်မိလေသည်။ "ငါတော့ တစ်ခုခုဖြစ်နေပြီထင်တယ်ဟာ ...မကြာခဏဆိုသလို နင့်အသံနဲ့ နင့်ကို မြင်နေမိတယ်...ငါဘာများ ဖြစ်နေတာလဲ မသိပါဘူး စိုင်းလွှမ်းရယ် " သလင်းဖြူ ပြောလိုက်သောအခါ စိုင်းလွှမ်းလည်း မြေပြင်ပေါ်မှ သဲများကို လက်နှင့် ထိုးဖွလိုက်ပြီး ခပ်တိုးတိုးပြောလိုက်လေသည်။ "ငါလည်း မင်းကို အမြဲသတိရပြီး ...မြင်ယောင်နေမိတာ " စိုင်းလွှမ်း၏ စကားကြောင့် သလင်းဖြူမျက်လွှာကိုချပြီး ခဏတာမျှငြိမ်သက်နေမိသည်။အတန်ကြာမှ သလင်းဖြူ ထိုင်နေရာမှ ထရပ်လိုက်ပြီး စိုင်းလွှမ်းကို နှုတ်ဆက်လိုက်သည်။ "ငါပြန်လိုက်အုံးမယ် ...ခုချိန်လောက်ဆို ကြီးကြီးတို့ ထမင်းစားလို့ ပြီး လောက်ပြီ ...တော်ကြာခိုင်းစရာရှိလို့ ငါ့ကို ရှာနေမှာစိုးလို့ "

ဧကြည်ဖြူ '' အဝါရောင် ရဲတိုက် " အပိုင်း (၁၃ ) **** "ဦး...ဦးငယ် " "မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ" " ဟို .... ဟို ....ဓါတ်ပုံရိုက်ပြီး ဖေ့ ...ဖေ့ဘုတ်ပေါ်တင်မလို့ပါ ဦးငယ်" ဒေါသတကြီးနှင့် မေးလာသော ဦးလေးဖြစ်သူကြောင့် သလင်းဖြူ တုန်တုန်ယင်ယင်နှင့် ဖြေလိုက်မိသည်။ "ဓါတ်ပုံ ရိုက်စရာနေရာ ဒီလောက်ပဲ ရှားနေတာလား ... တစ်ခြံလုံး ကြိုက်တဲ့နေရာ ရိုက်ပါလား ... နေရာတွေ ဒီလောက်ပေါ်နေတာကို...ဒါက အဘိုးအဘွားတွေရဲ့ နေရာလေ ....မင်းဒါလေးတောင် နားမလည်ဘူးလား " "ဟို ... ဟို ...သ...သမီးက ... အဘိုးနဲ့ အဘွားရဲ့ အုတ်ဂူကို ...သူ ... သူငယ်ချင်းကို ပြချင်လို့ပါ " မကြုံစဖူး ဒေါသအကြိအကျယ်ထွက်နေသော ဦးလေးဖြစ်သူ ကြောင့် သလင်းဖြူ အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်မိသည်။ " ကဲ ...ကဲ တော်ပြီ ...နောက်ဆို ဒီနေရာကို မလာပါနဲ့ ကြားလား ... မြွေပါးကင်းပါးနဲ့ ...မတော် တစ်ခုခုဖြစ်ရင် ဘယ်သူမှ သိမှာမဟုတ်ဘူး " သလင်းဖြူ၏ အသံမှာ တုန်ယင်၍ ငိုသံများပါ ပါနေသောကြောင့်ထင်သည်။ ဦးမျိုးအောင်က လေသံကို လျှော့၍ ပြောလိုက်လေသည်။ သလင်းဖြူလည်း ဦးလေးဖြစ်သူ၏ မယုံကြည်နိုင်ဖွယ် အပြုအမူများကြောင့် အထိတ်ထိတ် အလန့်လန့်နှင့် ပင် နေရာမှ ထွက်ခွါရန်ပြင်လိုက်သောအခါ ဦးလေးဖြစ်သူ၏ စကားသံကို ကြားလိုက်ရလေသည်။ "တူမကြီး နိုင်ငံခြားသွားဖို့ ငွေလိုလို့ ဆို ..မမကြီး ပြောတာပဲ ဟုတ်လား " "ဟုတ် ...ဟုတ်ကဲ့ ဦးငယ် " ဦးလေးဖြစ်သူ၏ အမေးကြောင့် သလင်းဖြူ မရဲတရဲနှင့် ခေါင်းငြိမ့်ပြရင်း ပြန်ဖြေလိုက်သည်။ "ဘယ်လောက်လိုတာလဲ " " ကုန်ကျစရိတ်တင် လေးငါးခြောက်ဆယ်လောက်ကုန်မယ် ...ဒါပေမဲ့ အဲ့ဒီငွေက သုံးလေးလအတွင်း ပြန်ရမှာပါ ဦးငယ် " သလင်းဖြူ၏ အဖြေကြောင့် ဦးရန်နောင်ထွေး တစ်ယောက် သက်ပြင်းကို ချလိုက်သည်။ "အင်း နည်းတော့မနည်းဘူးပဲ ...ဦးငယ်လဲ ပြောကြည့်ပေးပါ့မယ် ဟုတ်ပြီလား " "ဟုတ် ... ဟုတ်ကဲ့ပါ ဦးငယ် " သလင်းဖြူသည် ဦးလေးဖြစ်သူ၏ ပြောင်းလဲသွားသော အမူအရာနှင့် စကားများကြောင့် ခပ်စောစောက ဦးလေးဖြစ်သူအပေါ် သံသယဝင်မိသောစိတ်များမှာ တစ်မုဟုတ်ချင်း ပျောက်ကွယ်သွားရလေသည်။ ~~~~ "မင်းပြောသလိုဆိုရင် ... မင်းရဲ့ဦးငယ်ကိုလဲ မသင်္ကာတဲ့ စာရင်းထဲမှာ ထည့်ရမှာပဲ " "ဘာပြောတယ် ရှင်ရူးနေတာလား ..တစ်လောကလုံးကလူတွေ အကုန် လူသတ်သမားတွေ ဖြစ်ချင်ဖြစ်မယ် ...ဦးငယ်ကတော့ အဲ့ဒီလိုလူမျိုး မဟုတ်ဘူး သိရဲ့လား ...တစ်မျိုးလုံးက ကျွန်မတို့ မိသားစုကို အဖက်မတန်သလို ဆက်ဆံခဲ့ပေမဲ့ ဦးငယ်တစ်ယောက်ပဲ ကျွန်မတို့မိသားကို အဖက်လုပ်ခဲ့တာ သိရဲ့လား " " ဒီမှာ ...မင်းနဲ့ငါက မသင်္ကာစရာလူကို ရှာနေတာနော်.....ဒီလို အချိန်မှာ ကိုယ်နဲ့အဆင်ပြေတဲ့သူက လူကောင်း ...အဆင်မပြေတဲ့သူက လူဆိုးလို သက်မှတ်လို့မရဘူးနော် " " ဖြူလေး ... ဖြူလေး " " ဟင် ...စိုင်းလွှမ်း ..စိုင်းလွှမ်းလား " သလင်းဖြူသည် အိမ်ရှေ့ခြံတံခါးအနီးမှ သစ်ပင်ကြီးကို ဝိုင်းပတ်ခွေပြီးဆောက်လုပ်ထားသော ကွပ်ပျစ်ပေါ်တွင်ထိုင်လျက် ထွဋ်ခေါင်နှင့် မက်ဆင်ဂျာမှ စကားပြောနေခြင်းဖြစ်ပါလေသည်။ထိုစဉ်မှာပင် ခြံဝမှ သလင်းဖြူ၏နာမည်ကို ခေါ်သံကြားလိုက်ရသောကြောင့် သလင်းဖြူ ကွပ်ပျစ်ပေါ်တွင် ထိုင်နေရာမှ ခြံတံခါးနားဆီသို့ လျှောက်သွားကြည့်လိုက်သည်။ အချိန်က ညခုနစ်နာရီခန့်ရှိပြီဖြစ်သောကြောင့် လမ်းပေါ်တွင် လူရှင်း၍နေသလို ခြံထဲမှာလဲ သလင်းဖြူတစ်ယောက်သာရှိလေသည်။ခြံစောင့်အလုပ်သမားများ၏ ထမင်းစားချိန် ဖြစ်သောကြောင့် ခြံထဲမှာ သလင်းဖြူတစ်ယောက်သာ ရှိခြင်း ဖြစ်လေသည်။သည်အချိန်ဆိုလျှင် သလင်းဖြူက ရန်ကုန်မှ သူငယ်ချင်းဖြစ်သူနှင့် ဖုန်းပြောလေ့ရှိသလို တစ်ခါတစ်ရံ ဖခင်ကြီးဆီ ဖုန်းဆက်နေကြဖြစ်သောကြောင့် ဤသို့ ခြံထဲသို့ ဆင်းနေကြပင်ဖြစ်လေသည်။ သလင်းဖြူသည် စိုင်းလွှမ်း၏အသံကို ကြားလိုက်ရသောကြောင့် ခြံပြင်သို့ ထွက်ရန်အတွက် တံခါးသော့ထားရာနေရာသို့ သွား၍သော့ကိုယူလိုက်လေသည်။ ~~~~--------- ထွဋ်ခေါင်သည် အပေါ်ထပ် ၀ရံတာတွင် ရပ်လျက်မှ သလင်းဖြူနှင့် မက်ဆင်ဂျာတွင် စကားပြောနေရာမှ ခြံဝမှ သလင်းဖြူ၏ အဖြစ်အပျက်များကို လှမ်းမြင်လိုက်သောကြောင့် အထိတ်တလန့်နှင့် အောက်ထပ်သို့လျှင်မြန်စွာ ပြေးဆင်းခဲ့လိုက်လေသည်။ "ဟာ ...ဒီအရူးမလေး ဘာတွေ အရူးထပြန်တာလဲ မသိဘူး .... သေတော့မှာပဲ " " ဟာ ...ဘာ ဘာဖြစ်တာလဲ " ဝေထွန်းသည် ဝရုန်းသုန်းကားနှင့် ပြေးဆင်းသွားသော ထွဋ်ခေါင်ကို အလန့်တကြား လှမ်းမေးရင်း သူပါ နောက်မှ ပြေး၍လိုက်ခဲ့လေသည်။ ~~~~~~ "စိုင်းလွှမ်း...မိုးချုပ်မှ ဘာလို့လဲ ...ဘာအရေးကြီးလို့လဲ " သလင်းဖြူသည် သော့ကို ပြေးသွားယူလာခဲ့ပြီးနောက် ခြံတံခါးကို ဖွင့်ဖို့ လုပ်နေရင်းမှ ခြံရှေ့ ပိတောက်ပင်ရိပ်အောက်တွင် ရပ်နေသော စိုင်းလွှမ်းကို လှမ်းမေးလိုက်သည်။ "နင့်ကို ပြန်ခိုင်းနေတာ ဘာလို့ မပြန်သေးတာပဲ ဖြူလေး " " နင့်အသံကတစ်မျိုး ကြီးပဲ စိုင်းလွှမ်း ... နင်နေမကောင်းဘူးလား ..ခဏနော် ...ငါအပြင်ထွက်ခဲ့မယ် ... ဒီမှာ သော့တွေက အများကြီးမို့ သော့ရှာမရဘူးဖြစ်နေ့တာ" " ချောက် " " ဟော ..ရပြီးဟ ...မှန်သွားပြီး "

ရွှေရည်၀င်းက ကြီးတော်ဖြစ်သူနှင့် မိခင်ကြီးကို မပွင့်တပွင့် ပြန်ဖြေလိုက်သည်။ " အလုပ်တော့ အလုပ်ပေါ့ကွယ် ...ကြီးကြီး စုံစမ်းရသလောက်တော့ ... မောင်ထွဋ်ခေါင်က မျိုးကောင်းရိုးကောင်း ပညာတတ် အသိုင်းအဝိုင်းထဲကပဲ .. လက်မလွတ်စေနဲ့ပေါ့ " "ဟုတ် ...ဟုတ်ကဲ့ပါ ကြီးကြီး " ရွှေရည်ဝင်းသည် ကြီးတော်ဖြစ်သူကို ပြန်ဖြေလိုက်ရင်းမှ မိခင်ဖြစ်သူကို လှမ်းကြည့်လိုက်လေသည်။ ဒေါ်ကြူကြူဝင်းသည် သမီးဖြစ်သူ၏ မျက်နှာကို ကြည့်လိုက်ပြီးလျှင် ယောင်းမဖြစ်သူ ဒေါ်ကြည်အေးကို လှမ်း၍ ပြောလိုက်လေသည်။ "စိတ်တိုင်းကျတော့ ဘယ်ဖြစ်မလဲ မမကြီးရယ် ... အနှောက်အယှက်တွေကလဲ ရှိသေးတယ်လေ " "ဟဲ့ ... ဘာအနှောက်အယှက်တုန်း " ဒေါ်ကြည်အေးက နားမလည်ဟန်ဖြင့် မေးလိုက်လေသည်။ "မမကြီးရဲ့ တူမ သလင်းဖြူပေါ့ ... အကြောင်း မရှိ အကြောင်းရှာပြီး... မောင်ထွဋ်ခေါင်ကို လိုက်ကပ်နေတာလေ...ကြာရင် မောင်ထွဋ်ခေါင် အနေနဲ့ သမီးလေးရွှေ ရည်ကိုပါ အထင်သေးသွားမှာစိုးရတယ် " "ဟုတ်လား ...ဒီကောင်မလေးတော့ ဒုက္ခပါပဲ ... ဒီတိုင်းတော့ လွှတ်ထားလို့မဖြစ်တော့ဘူးထင်တယ် " ~~~~ မဖြစ်မနေ ဖြစ်၍သာ သလင်းဖြူ လုပ်နေရသော်လည်း ကြောက်စိတ်ကြောင့် လူတစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေမိသည်။ရောက်စ ကတည်းကပင် ထိတ်လန့်နေမိသောအုတ်ဂူများကြား၌ ယခုလို လူသူ တိတ်ဆိတ်နေသော အချိန်တွင် တစ်ယောက်တည်း ရှိနေရခြင်းမှာ ချောက်ချားစရာတော့ ကောင်းလှပေသည်။အဘိုးနှင့် အဘွား၏ အုတ်ဂူများဟု စိတ်ထဲသွင်းလျက် လုပ်စရာရှိသည်များကို ခပ်မြန်မြန်ပင် လုပ်ဆောင်လိုက်လေသည်။ နေ့ခင်းကြောင် တောင်ကြီး ဖြစ်သော်လည်း တိတ်ဆိတ်နေသော ခြံဝန်းကျယ်ကြီးထဲတွင် သလင်းဖြူတစ်ယောက်တည်းရှိနေသည်ကဲ့သို့ပင် ထင်ရလေသည်။သစ်ပင်များကြားမှာ သစ်ရွက်များ၏ တရှဲရှဲမြည်နေသော လေတိုးသံများကြောင့် နှလုံးခုန်သံများမှာ ပို၍မြန်ဆန်လာလေသည်။ "အုတ်ဂူတွေနောက်က ... ဆူးချုံးတောထဲကို နေရာလွတ်မကျန်အောင် ဓါတ်ပုံရိုက်ခဲ့ ...ပြီးရင် အလှဓါတ်ပုံ ရိုက်နေတယ်ထင်အောင် .. အလှဓါတ်ပုံလေးဘာလေးလဲရိုက် ...တစ်ယောက်ယောက်က တစ်နေရာရာက ကြည့်ချင်ကြည်နေနိုင်တယ် '' ဟု ထွဋ်ခေါင် ပြောစဉ်က သလင်းဖြူ ငြင်းဆန်ခဲ့ပါသေးသည်။ "ရှင်ရူးနေတာလား ...ဘယ်သူက အုတ်ဂူတွေကြားမှာ အလှဓါတ်ပုံရိုက်မှာလဲ " "ဘယ်သူ ရိုက်ရိုက် မရိုက်ရိုက် မင်းရိုက်လေ ... မင်းပြောတော့ အဖြစ် မှန်တွေကို စုံစမ်းမှာဆို ...အဲ့ဒီနေရာကို ကိုယ်သွားလို့ အဆင်မပြေလို့ မင်းကို သွားခိုင်းတာကွ " သလင်းဖြူသည် ထွဋ်ခေါင်၏ စကားများကို ပြန်ကြားယောင်လျက် အုတ်ဂူ နှစ်လုံး အနီးတွင် ခြေတုန်လက်တုန်နှင့် ဓါတ်ပုံရိုက်နေမိလေသည်။နေပြောက် ပင်မထိုးနိုင်လောက်အောင် သစ်ပင်ကြီးများဖြင့် အုံဆိုင်းနေသော ပတ်ဝန်းကျင်တွင် သစ်ရွက် လေတိုးသံများနင့်အတူ တစ်ချက်တစ်ချက် တွင် မည်သည့်အသံမှန်း မခွဲခြားနိုင်သည့် ချိုးချိုး ချွတ်ချွတ် မြည်သံများကိုလည်း ကြားရလေသည်။ "ဘယ်လိုပဲဖြစ်ဖြစ် လူကို သတ်ထားရင်တောင် ... ဒီနေမှာတော့ ဘယ်သူကလာထားမှာလဲ ... မသင်္ကာမှုနဲ့ ရှာမယ်ဆိုရင် ဒီနေရာကပဲ စရှာကြမှာကို မသိဘဲ နေပါ့မလား " သလင်းဖြူ စိတ်ထဲမှရေရွတ်ပြောဆိုလိုက်မိရင်း ဓါတ်ပုံများကို တစ်ပုံပြီး တစ်ပုံ ရိုက်နေမိသည်။ "မင်း ဒီမှာ ဘာလုပ်နေတာလဲ သလင်းဖြူ " "အမယ်လေး " သလင်းဖြူ ဓါတ်ပုံရိုက်နေစဉ်မှာပင် ဒေါသတကြီး မေးလိုက်သံနှင့်အတူ ရုတ်တရက် အနားသို့ ရောက်လာသူကြောင့် သလင်းဖြူလန့်ဖျပ်ပြီး အော်လိုက်မိလေသည်။ ================== အပိုင်း (၁၃ ) ဆက်ရန် ဧကြည်ဖြူ

"အင်း ညဘက်ကတော့ အဆင်မပြေဘူး ... ခြံထဲမှာရှာဖို့တော့ နေ့ဘက်ပဲ အဆင်ပြေမှာ ...မင်းက အဲ့ဒီအိမ်ရဲ့သွေးသားရင်းပဲဟာ ခြံထဲကို ရှာဖို့တော့ မင်းပဲ တာဝန်ယူလိုက် ...ကိုယ်က တိုက်ကြီးနဲ့ ဂိုထောင်ကိုရှာဖို့ ကြိုးစားမယ် " သလင်းဖြူသည် ထွဋ်ခေါင် ပြောသမျှကို နားထောင်နေရင်းမှာ နားမလည်နိုင်စွာထမေးလိုက်မိသည်။ "ဒီမှာ နေပါအုံး ... ကျွန်မတို့က ဘာကို ရှာရမှာလဲ ..ရှင်ကရော ဘာလိုချင်လို့ ကျွန်မကို ကူညီနေတာလဲ " " ဟာ ... မင်းကွာ ဒီလောက် ပြောနေရဲ့နဲ့ နားဝေးလိုက်တာ ... သက်သေရှာရမှာလေ ...မင်း ဒေါ်လေးပျောက်နေတာကိုလဲ သေချာတဲ့သက်သေရှာရမယ် ...ပြီးတော့ မင်းကို အခုမပြောနိုင်သေးပေမဲ့ ကိုယ့်မှာလဲ အကြောင်း ရှိလို့ပေါ့ အဲ့ဒီအကြောင်းကလဲ ...မင်းနဲ့တူညီနေတာမို့ မင်းနဲ့ ပူးပေါင်းရုံပဲ .." "ဒါဆို ရှင်က စုံထောက်လား ....ဒါမှမဟုတ် ရွှေရည်ဝင်းက ကျွန်မကို စုံစမ်းဖို့ ရှင့်ကို ခိုင်းထားတာလား " " ဘာ မင်းရူးနေတာလား ... ဘာလို့ ပေါ့ပြတ်ပြတ်ပြောနေရတာလဲ ...ဒီကိစ္စတွေက မင်းထင်ထားတာထက် အန္တရာယ်ပိုများနိုင်တာ သိရဲ့လား ...မင်းဒီလို စိတ်ထင်ရာပြောနေတွေးနေမယ်ဆိုရင် ငါတို့ ပူပေါင်းလို့ဖြစ်မှာမဟုတ်ဘူး " ထွဋ်ခေါင်းက လေသံမာမာနှင့် ပြောလိုက်လေသည်။ "အို ..ဒါလေး ပြောတာကို ဘာဖြစ်တာလဲ ...ကျွန်မသူငယ်ချင်းက ပြောတယ် ... ကျွန်မတို့ စိတ်ထဲကထင်နေတာလဲ ဖြစ်နိုင်တယ်တဲ့ ..အားလုံးက မတော်တဆ တိုက်ဆိုင်နေတာလဲ ဖြစ်နိုင်တယ်တဲ့ " "ဘာ ...ဘာပြောတယ် အမိ ...မင်းသူငယ်ချင်းဟုတ်လား .ဘယ်က သူငယ်ချင်းလဲ ...သူ့ကို ဘာတွေ လျှောက် ပြောထားတာလဲ " ထွဋ်ခေါင်သည် သလင်းဖြူ၏ ပခုံးနှစ်ဘက်ကို ခပ်တင်းတင်းဆုပ်ကိုင်၍မေးလိုက်လေသည်။ "အို ဘာဖြစ်နေတာလဲ ...ဘယ်က သူငယ်ချင်းဖြစ်ဖြစ် ရှင်နဲ့ ဘာဆိုင်လို့လဲ ....ရှင့်အကြောင်းကိုလဲ ဘာမှမပြောထားပါဘူး ...ရှင့်သာ ကြီးကြီးတို့ကို မျက်နှာလုပ်ပြီး....ကျွန်မက တစ်အိမ်လုံးကို သံသယဝင်နေတယ်ဆိုတာကို မပြောမိစေနဲ့ " " ဆရာ .. ဆရာ့ကို မရွှေရည်ဝင်းရှာနေတယ် ဆရာ " ထွဋ်ခေါင်နှင့် သလင်းဖြူတို့ တစ်ယောက်တစ်ခွန်း စကားများနေကြစဉ်မှာပင် ထွဋ်ခေါင်၏ မန်နေဂျာ အနားသို့ ရောက်လာသောကြောင့် နှစ်ယောက်သား တိတ်ဆိသွားကြပြီး ထွဋ်ခေါင်က သလင်းဖြူကို ကြည့်ပြီး ခပ်တိုးတိုး သတိပေး၍ထွက်ခဲ့လေသည်။ "မင်း သတိထားနေနော် " သလင်းဖြူသည် အံကိုကြိတ်လိုက်ပြီး ထွဋ်ခေါင်ကို မျက်စောင်းဖြင့် လှမ်းထိုးလိုက်သည်။ ~~~~~~ "မင်းဟာမလေးက အဆင်ပြေပါ့မလား ထွဋ်ခေါင် ...တော်ကြာ အစီအစဉ်တွေ တလွဲဖြစ်ကုန်မယ်နော် ...ငါတို့တွေ အချိန်တွေရော ... ငွေတွေရော ရင်းထားရတာနော် " နှစ်ယောက်တည်း ဖြစ်သွားသည်နှင့့် တစ်ပြိုင်နက် မန်နေဂျာ တစ်ဖြစ်လဲဝေထွန်းက ထွဋ်ခေါင်ကို ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ကွာ.... ငွေတွေ ရင်းထားရတယ်ဆိုပေမဲ့ ...အထည်တွေက ဆိုင်ပေါ်တင်ရောင်းရင် အရှုံးမရှိပါဘူး .... ဒီမိန်းခလေးကလဲ သိပ်ယုံလို့မရပေမဲ့ ဇွဲကြီးတဲ့သူ့အကျင့်က ငါတို့အတွက် အကူအညီ ဖြစ်လာနိုင်တယ်ကွ ... သူ့နေရာမှာ အခြားမိန်းခလေးတစ်ယောက်ဆိုရင် ပြန်ပြေးလောက်ပြီ.. သူ့မို့လို့ ဒုံပေးကက်သပ်နဲ့နေ နေတာ ...ဒါက ငါတို့အတွက် အထောက်အကူရနိုင်တယ် .. ပြီးတော့ သူ့သူငယ်ချင်းဆိုလား ပြောလိုက်တယ် ..အဲ့ဒီလူ အကြောင်းကို သေချာအောင် စုံစမ်းကြည့်ပေးအုံးကွာ" "အေးပါကွာ ...မင်းလဲ သတိနဲ့ နေအုံး ..ရွှေရည်ဝင်းဆိုတဲ့ မိန်းခလေးကလဲ မင်းကို မျက်စိအောက်ကကို အပျောက်မခံဘူးနော် ..တော်ကြာ အထည်တွေပြီးသွားတဲ့ အထိ ... မအောင်မြင်ဘဲ နေမယ်....ဘာပဲဖြစ်ဖြစ် ကွာ ကိစ္စတွေက ငါတို့ထင်သလို မဟုတ်ရင်တော့ မင်းလဲ တောသူဌေးသားမက်လုပ်လိုက်ပေါ့ကွာ " ဝေထွန်းက ရယ်ကျဲကျဲနှင့် ပြောလိုက်သောအခါ ထွဋ်ခေါင်က ခွန်းတုံ့ပြန်ခြင်းမရှိဘဲ ပြုံး၍သာ နေလေသည်။ ~~~~~~ ရွှေရည်ဝင်းသည် ရင်တွင်းမှ ဒေါသများကို လူမမြင်အောင် ဖုံးကွယ်ထားရင်းမှ ဟန်ဆောင်ပြုံးထားရလေသည်။ထွဋ်ခေါင်သည် မိမိအပေါ် ဆက်ဆံနေပုံမှာ လုပ်ဖော်ကိုင်ဖက် အဆင့် ထက်ပိုချင်နေသည်ဟုထင်နေမိသော်လည်း ညီမ၀မ်းကွဲဖြစ်သူ သလင်းဖြူနှင့် ပတ်သက်ချင်နေသောစိတ်ကိုမူ ရွှေရည်ဝင်းမုန်းတီးလှပါလေသည်။ စိတ်ရှိတိုင်းသားဆိုလျှင် သလင်းဖြူကို အိမ်မှ အမြန်ဆုံး ထွက်သွားအောင် လုပ်ပစ်လိုက်ချင်သော်လည်း စိတ်ကို အတတ်နင်ဆုံး ထိန်းချုပ်ထားရလေသည်။မည်သို့ပင်ဖြစ်စေ ထွဋ်ခေါင်လို သူဋ္ဌေးက မိမိလို ဥစ္စာပေါရုပ်ချောသူဌေးသမီးကို လျစ်လျူရှုပြီး အလုပ်အကိုင်လဲမရှိ ရုပ်ရည်အားဖြင့်လဲ မိမိကို မမှီသော သလင်းဖြူလို လူမျိုးကိုတော့ သဘောမကျတန်ရာဟု တွေး၍ ကိုယ့်စိတ်ကိုယ် ဖြေသိမ့်တွေးဖြင့် တွေးနေရလေသည်။ "သမီးနဲ့ မောင်ထွဋ်ခေါင်တို့ အခြေအနေက ဘယ်လိုလဲကွယ် ...ခင်မင်တာထက်မပိုသေးဘူးလားကွဲ့ " ဒေါ်ကြည်အေးက တူမဖြစ်သူကို မေးလိုက် လေသည်။ထိုအခါ ရွှေရည်ဝင်း၏ မိခင်ဖြစ်သူ ဒေါ်ကြူကြူ၀င်းကလဲ သမီးဖြစ်သူ၏ အဖြေကို စိတ်ဝင်စာစားနှင့် စောင့်စား နားထောင်နေလေသည်။ "အို ...သမီးတို့က ...ရိုးရိုးသားသားပါ ကြီးကြီးရယ် ...သူရောသမီးပါ အလုပ်ထဲမှာပဲ စိတ်နှစ်ထားကြတာပါ "

ဘကြီးဖြစ်သူ၏ စကားကြောင့် သလင်းဖြူစိတ်ညစ်သွားမိသည်။ငွေဆယ်သိန်းလောက်နှင့် ရန်ကုန်တွင် မည်သို့ဆိုင်မျိုး ဖွင့်ရပါ မည်နည်း ။သလင်းဖြူ သက်ပြင်းကို ချလိုက်မိပြီး ခေါင်းကိုငုံ့ထားမိလေသည်။ဘကြီးဦးမြင်အေး၏စကားများသည် သလင်းဖြူနားထဲသို့မဝင်တစ်ချက် ဝင်တစ်ချက်ပါပင်။ ~~~~~~~ "ဘယ်လိုလဲ စိုင်းလွှမ်း ....နင်သွားကြည့်ပြီးပြီလားဟင် .. အစ်ကို စိုင်းရန်နိုင်ဆိုင်ကယ်မှောက်တာက တကယ်ပဲ မတော်တဆလား " သလင်းဖြူသည် စိုင်းလွှမ်းကို မျှော်လင့်တကြီးနှင့် မေးလိုက်သည်။ " ကြည့်ရသလောက်တော့ ... မသင်္ကာစရာ သိပ်မတွေ့ဘူး ဖြူလေး ... ဖြစ်ပြီးပြီးချင်း ကြည့်ရရင်တော့ ပိုသေချာတာပေါ့ ...ခုက ရက်နည်းနည်း ကြာသွားပြီ မဟုတ်လား ...ဒါနဲ့ ကိုစိုင်းရန်နိုင် သေဆုံးသွားရုံနဲ့ အမွေကိစ္စက ပြီးသွားတာမဟုတ်ဘူး မဟုတ်လား ... သူ့မှာ ညီမတစ်ယောက် ရှိတယ်မဟုတ်လား...ဘာပဲဖြစ်ဖြစ်အမွေက ခွဲပေးရမှာပဲလေ .. ဒါကိုသိသိနဲ့ လုပ်ကြံတာ ဖြစ်ပါ့မလား ဖြူလေးရယ် ...မင်းတို့ စိတ်ထဲက သံသဝင်နေမိတာနဲ့ ကိစ္စတွေက မတော်တဆ တိုက်ဆိုင်နေတာရော မဖြစ်နိုင်ဘူးလား ..." စိုင်းလွှမ်းက သူ့အထင်အား သလင်းဖြူကို ပြောပြလိုက်သည်။ "နင်ပြောတာလဲ မှန်ပါတယ် စိုင်းလွှမ်း ... ဒါပေမဲ့ အမွေပေးရမှာမို့ လုပ်ကြံတာမဟုတ်ဘဲ .. သူတို့ မသိစေချင်တဲ့ အကြောင်းကို အစ်ကိုစိုင်းရန်နိုင်က သိသွားလို့ မသတ်ချင်ဘဲ သတ်လိုက်ကြတာဆိုရင်ရော " "ဟာ ...ဖြူလေးရာ ပြောပုံက ကြောက်စရာကြီး ...ဒီလိုဆိုပါအုံးတော့ ကိုယ့်တူကိုယ့်သားကို လုပ်ကြံဖို့ က လွယ်တဲ့ကိစ္စ မဟုတ်ဘူး ထင်တယ် ...ဘာပဲဖြစ်ဖြစ် မင်းကို စိတ်ပူတယ် ဖြူလေး ... ဖြစ်နိုင်ရင် ရန်ကုန်ကိုပဲ ပြန်ပါတော့ လားကွာ " စိုင်းလွှမ်းသည် စိတ်ပူပန် စွာပင် သလင်းဖြူကို ပြောလိုက်သည်။ "ခုလို သံသယတွေနဲ့ တော့ မပြန်ချင်ဘူးဟာ ...အနည်းဆုံးတော့ ဒေါ်လေးရဲ့သတင်းကိုသိရပြီးမှ ပြန်မယ် " "ဒုက္ခပါပဲ ဖြူလေးရာ ... ငါဘယ်လို ကူညီပေးရမှန်းတောင် မသိတော့ဘူး ... ဒါနဲ့ ဖြူလေး မင်းနဲ့ ဟိုခပ်ချောချော ဧည့်သည်နဲ့ ရင်းနှီးနေကြတာလား ဆုတောင်းပြည့် ဘုရားကိုတောင် သွားကြတယ်ဆိုတော့ " စိုင်းလွှမ်း၏ အမေးကြောင့် သလင်းဖြူ အံ့သြစွာပင် စိုင်းလွှမ်းကို မော့ကြည့်လိုက်ပြီး မေးလိုက်လေးသည်။ "ဟင် ...နင်ဘယ်လိုသိတာလဲ စိုင်းလွှမ်း ...အဲ့ဒီနေ့က ..လမ်းမှာလဲ ဘယ်သူနဲ့မှ မတွေ့ခဲ့ပါဘူး " " သီတာပေါ့ဟာ မိုးနှဲရွာက ကျဉ်းကျဉ်းလေးပဲ လေကွာ ..ဒါနဲ့ သူနဲ့ ဘယ်လို ပတ်သက်နေတာလဲဟင် ဖြူလေး.." သလင်းဖြူ စိတ်အထင် စိုင်းလွှမ်း၏ မေးသံသည် အနည်းငယ်မျှ ဝမ်းနည်းအားငယ်သံပါနေသည်ဟု ထင်မိသောကြောင့် စိုင်းလွှမ်းကို သလင်းဖြူစောင်းငဲ့ကြည့်လိုက် မီလေသည်။ထိုအခါ စိုင်းလွှမ်း၏ ညို့မှိုင်းနေသော မျက်နှာကို တွေ့လိုက်သောကြောင့် သင့်တော်ရာ အကြောင်းကို စဉ်းစား၍ ဖြေရှင်းလိုက်ရလေသည်။ "ဘာမှမဟုတ်ပါဘူးဟာ ...သူနဲ့လဲ မရင်းနှီးပါဘူး ... ဒီလိုပဲ အထင်လွှဲစရာကိစ္စလေးရှိလို့ ဖြေရှင်းကြဖို့ ခဏတွေ့ကြတာပါ ... တော်ကြာ ရွာထဲမှာ တွေ့ရင် လူတွေ အထင်လွှဲမှာစိုးလို့ပါဟာ ...အထူးသဖြင့် ရွှေရည်ဝင်းသိမှာစိုးလို့ လူသွားလူလာ ပါးတဲ့ နေရာမှာ ချိန်းမိတာပါ " သလင်းဖြူ ဘာရယ်မဟုတ် အမှန်တိုင်း မပြောဘဲ အဆင်ပြေသလို လွှဲ ပြောလိုက်သည်။ စိုင်းလွှမ်းထံမှ စိတ်ပူပြီး တားမြစ်မည်စိုးသောကြောင့် အဆင်ပြေသလို ပြောလိုက်ခြင်းဖြစ်လေသည်။ "အင်းပါ... ကြည့်ရတာ သူနဲ့ ရွှေရည်ဝင်းရဲ့ ဆက်ဆံရေးက ထူးခြားတုံ့ပုံပေါ်နေလို့ မင်းအတွက် စိုးရိမ်လို့ ပြောတာပါ .." "တော်ပါ စိုင်းလွှမ်းရယ် ...ပေါက်ကရတွေ မပြောပါနဲ့ ...ဒါနဲ့ လေ နင့်ကို ပြောစရာရှိတယ် ..တကယ်လို့များ ....ငါတစ်ခုခုဖြစ်ခဲ့ရင် အဖေ့ကို ဒီကိစ္စ ထဲ၀င်မပါအောင်ဘဲ ကူညီပါနော် " " ဟာ ...ဖြူလေး ...မင်းဘာတွေ ပြောနေတာလဲ ..ဒီလိုတွေ စိတ်က ထင်နေရင်လဲ ...ရန်ကုန်ကို ပြန်တော့လေ ... မဟုတ်တာတွေမပြောနဲ့...မင်းရဲ့ အသက်ကို ဘယ်သူမှရန်ရှာလို့မရစေရဘူး သိလား " စိုင်းလွှမ်းသည် သလင်းဖြူ၏ပခုံးနှစ်ဖက်ကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးလျှင် ဒေါသတကြီးနှင့် ပြောလိုက်လေသည်။ "မ ...မဟုတ်ပါဘူး ....သဘောပြောပြတာပါ စိုင်းလွှမ်းရယ် ... စိတ်မတိုပါနဲ့နော် " သလင်းဖြူသည် စိတ်တိုသွားဟန်ရှိသော စိုင်းလွှမ်းကို မနည်းပင် ပြန်၍ချော့မော့ပြောဆိုလိုက်ရလေသည်။ သလင်းဖြူ ကုက္ကို စုကွင်းမှ ပြန်သည်အထိ မျက်နှာညိုညိုနှင့် ရှိနေသော စိုင်းလွှမ်းကို ကြည့်ပြီး သလင်းဖြူ ရင်ထဲ၌လည်း ရှုပ်ထွေး၍နေမိလေသည်။ ~~~~~~ "ဒီမှာ ...မင်း အရမ်းလွယ်လွယ်ပြောတာပဲနော် .. ညနက်တာနဲ့ ဟိုခွေးကြီးနှစ်ကောင်ကို ခြံထဲကို လွှတ်ထားတာကွ ... မင်းရော အဲ့ဒီအချိန် ခြံထဲဆင်းရဲလား ပြော ....." "ရှင်ကလဲ ယောကျာ်းတန်မဲ့ ကြောက်တတ်လိုက်တာ ...အဲ့ဒါဆို ဘယ်အချိန်ဘယ်နေရာမှာ ရှာရမလဲပြော " ထွဋ်ခေါင်နှင့် သလင်းဖြူတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငြင်းခုံနေကြသည်။

ဧကြည်ဖြူ " အဝါရောင် ရဲတိုက် " အပိုင်း ( ၁၂) ******* အပေါ်ဆုံးထပ်ရှိ အခန်းများထက် ပို၍ကျယ်ဝန်းပြီးအသံလုံခန်းများအဖြစ် တည်ဆောက်ထားခြင်းကြောင့် ဒုတိယထပ်တစ်တပ်လုံးတိတ်ဆိတ်၍နေလေသည် ။ဒုတိယထပ်သို့ ပထမဆုံးအကြိမ် ရောက်ရိုခြင်းဖြစ်သောကြောင့် မြင်မြင်သမျှသည် သလင်းဖြူအတွက် အံ့သြစရာအတိဖြစ်နေလေသည်။မနက်ခင်းကြီးမှာပင် တိတ်ဆိတ်နေပုံက တော်ရုံလူတစ်ယောက်ကို သတ်နေလျှင်ပင် မည်သူမျှ သိနိုင်ကြားနိုင်မည်မထင်ပေ။မနက်အဆာပြောစာစားပြီးသည်နှင့်အိမ်သားများသည်လည်း အလုပ်ကိုယ်စီ သွားနေကြသလို ဒေါ်သုန်တို့ ထမင်းချက်များမှာလည်း အိမ်ကြီး၏ မီးဖိုဆောင်တွင် အလုပ်များနေကြသောကြောင့် အိမ်၏ အပေါ်ထပ်အခန်းများတွင်တစ်စုံတစ်ရာ ဖြစ်နေလျှင်လည်း သိနိုင်ကြမည်မဟုတ်ပေ။ခြံဝန်းတံခါးကို အဖွင့်အပိတ်လုပ်ပေးသူ ခြံစောင့်ဖိုးထူးသည် လည်း အိမ်ကြီးရှင်များ၏ အလုပ်ဌာနများဆီသို့ ထမင်းချိုင့်ပို့ ဘာညာ အလုပ်များနေသောကြောင့် ခြံထဲတွင် အမြဲရှိမနေသည်မဟုတ်ပါလား ။ သလင်းဖြူသည် တွေးမိတွေးရာ တွေးနေမိပြီး ကျောထဲ၌ စိမ့်၍အေးလာသလိုပင် ခံစားလာရလေသည်။ အခန်း၏ဖွဲ့စည်းပုံ များကို ကြည့်၍ ချမ်းသာကြွယ်ဝမှုကိုသလင်းဖြူ အံ့သြပြီးရင်း အံ့ဩနေမိသည်။သလင်းဖြူ၏ မိခင် အသက်ရှင်စဉ်ကလည်း အမွေကိစ္စနှင့် ပတ်သက်ရန်တစ်လုံးတစ်ပါဒမျှ ပြောဆိုခြင်းမပြုခဲ့သလို အဘိုးဆိုးပြီးသည့်နောက်တွင် သူမ၏ မွေးချင်းများ အကြောင်းကိုလည်း ` ပြောဆိုခြင်းမရှိခဲ့ပါလေ။ မမာမကျန်းဖြစ်နေသည်ကိုပင် ဖခင်ကြီးမှ အကြောင်းကြားပေးလိုက်သောကြောင့် ဆေးကုသစရိတ် ငွေအနည်းအပါးရရှိခဲ့သည်။အမွေခွဲပေးရန်ကိစ္စကိုလည်း ကြီးကြီးတို့ဘက်မှပင် ဦးစွာ ပြောခဲ့ပြီး ခြံ မြေများ ဈေးကျနေသည်ဆိုပြီးလျှင် အမွေကိစ္စကို ပြောဆိုခြင်းမပြုကြတော့ပေ။မိခင်ကြီး ဆုံးပါးသွားသောအခါ၌မူ ကူငွေ အဖြစ် မပြောပလောက်သော ငွေကိုသာ ရရှိခဲ့သည်။သလင်းဖြူ၏ ဖခင်ကြီးမှာမူ ထိုကိစ္စအတွက် ကောင်းသည်ဆိုးသည် ပြောဆိုခြင်းမရှိခဲ့ပါချေ။နဂိုကမှ ဖခင်ဖြစ်သူသည် အနေအေးသူဖြစ်သောကြောင့် မာန်မာနကြီးကြသော မိခင်၏ဆွေမျိုးများနှင့် အတူမနေဘဲ သူ၏ ဇာတိရပ်ရွာဖြစ်သော ရန်ကုန် မြို့သို့ ပြောင်းလာခဲ့ခြင်းဖြစ်သည်။ သလင်းဖြူမှတ်မိသလောက်တော့ ဖခင်ကြီး ရန်ကုန်သို့ပြောင်းရွှေ့ရခြင်းမှာ သလင်းဖြူကြောင့်ဟုပင် ဆိုရပေမည်လား ။စည်းကမ်းတင်းကြပ်လှသော ကြီးတော်များနှင့်အတူနေခဲ့ရစဉ်က သလင်းဖြူမှာ ကလေးဘဝ၏ လွတ်လပ်ခွင့်ကို အပြည့်အဝမရရှိခဲ့ပေ။မောင်နှမဝမ်းကွဲ များနှင့်လည်း အဆင်ပြေခြင်းမရှိခဲ့ချေ။ အထူးသဖြင့် ရွယ်တူများဖြစ်သော ဘကြီးဖြစ်သူ၏ သမီး ရွှေရည်ဝင်းနှင့် ကြီးတော်ခင်အေး ၏သမီး အငယ်မနှင့် မျက်နှာချင်းဆိုင်သည်နှင့်ရန်ဖြစ်ကြသည်သာ။ ထိုသို့ရန်ဖြစ်သောအခါ တိုင်း အဘို့နှင့်အဘွားအပါအဝင် မိခင်ကြီး၏ မောင်နှမများသည် ငွေကြေးလည်း မပြည်စုံ တစ်နယ်သားလည်းဖြစ်သော သလင်းဖြူ၏ ဖခင်ကို အမည်တပ်၍ရွဲ့စောင်းပြောတတ်ကြသည်။ချိုးနှိမ်ပြောခဲ့ကြသည်။ကြာလာသောအခါ ဖခင်ကြီးသည်ထိုဒဏ်ကိုတွေ ခံနိုင်တော့ဟန် မတူဘဲ ဇနီးနှင့် သမီး၏ လက်ကိုဆွဲ၍ မိုးနှဲ့ ရွာကို ကျောခိုင်းခဲ့ခြင်းဖြစ်သည်။ "သလင်းဖြူ " "အမေ့ " သလင်းဖြူ အတွေးလွန်နေရာမှ ရုတ်တရက်ခေါ်လိုက်သံကြောင့် လန်းဖျပ်သွားမိလေသည်။အသံလာရာသို့ သလင်းဖြူ ကြည့်လိုက်သောအခါ အခန်းတစ်ခန်း၏ရှေ့တွင် မားမားကြီးရပ်နေသော ဘကြီးဖြစ်သူကို တွေ့မြင်လိုက်ရလေသည်။ " ဒုတိယထပ်ကို ...တူမကြီး မရောက်ဖူးဘူးလား " " ဟုတ်ကဲ့ ဘကြီး ... သမီး ခုမှ ပထမဆုံး ရောက်ဖူးတာပါ " ဦးမြင့်အေး၏အမေးကို သလင်းဖြူက ဖြေလိုက်သည်။ "အင်း ခက်တယ်ကွယ် ...မမကြီးနဲ့တော့ ခက်ပါတယ် ...မလိုအပ်ဘဲ စည်းကမ်းတွေ တယ်များတာကို ... ဘကြီးတို့လည်း အပြော မလွတ်ပါဘူးကွယ် ...လာ...လာ သမီး ... သမီးကို ဘကြီး ပြောစရာရှိလို့ ခေါ်ခိုင်းလိုက်တာ " "ဟုတ်ကဲ့ ဘကြီး ပြောပါ ရှင် " သလင်းဖြူက ဘကြီးဖြစ်သူ ညွှန်ပြသော နေရာတွင် ထိုင်ရင်းတရိုတသေပင် ပြန်ပြောလိုက်လေသည်။ "ဒီလိုကွဲ့ သမီးရဲ့ ..ပြောရမယ်ဆိုရင် ဘကြီးက ငါ့တူမ နိုင်းငံခြားသွားဖို့လို တံ့ငွေကို ထုတ်ပေးချင်တာ ...ဒါပေမဲ့ ခုချိန် ဘကြီးလက်ထဲမှာ အဲ့ဒီလောက်ငွေမရှိဘူးကွယ် ... ကျန်တဲ့သူတွေကို ပြောတော့လဲ ငွေတွေက အိမ်ဆောက်တဲ့အထဲမှာ ပါသွားလို့ ခြံတွေကို ရောင်းမှ ရမှာတဲ့ ... အင်း ..ခြံတွေကို ရောင်းရမယ်ဆိုရင်တော့ အားလုံးသဘောတူမှ ရမှာသမီး ... ဖြစ်နိုင်ရင် ဘကြီးလဲ အားလုံးကို ခွဲခြမ်းပြီး ပေးလိုက်ချင်ပြီ ...ဒါပေမဲ့ ခက်တာက မမကြီးပေါ့ ..အားလုံးခေါင်းကွဲသွားလိမ့်မယ်ဆိုပြီး ပြောလို့မရဘူးလေကွယ် " " ဟုတ် ...ဟုတ်ကဲ့ ဘကြီး " သလင်းဖြူ ဘကြီးဖြစ်သူကို မော့ကြည့်နေမိပြီး ယောင်ဝါးဝါးနဲ့ ခေါင်းကို ငြိမ့်ပြလိုက်မိလေသည်။ "အဲ့ဒါ အကြီးက ...ငါ့တူမအတွက် ဘကြီးစုထားတဲ့ငွေဆယ်သိန်းကို ထုတ်ပေးလိုက်မယ် ... ငွေဆယ်သိန်းက နိုင်ငံခြားသွားဖို့ မလုံလောက်ပေမဲ့ ရန်ကုန်မှာ အလုပ်ကောင်း တစ်ခုရှာတာပဲဖြစ်ဖြစ် ဆိုင်သေးသေးလေးဖွင့်တာပဲဖြစ်ဖြစ် အဆင်ပြေတယ် မဟုတ်လား "