fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
"ဟယ်လို ... " နှစ်ကြိမ် သုံးကြိမ်မျှ ထူးလိုက်သော်လည်း တစ်ဖက်မှ တုံ့ပြန်ခြင်းမရှိသောကြောင့် နွေးနွေး ဖုန်းကို ချလိုက်သည်။ အချိန်အနည်းငယ်ကြာလျှင် ဖုန်းသံထပ်မြည်လာသောကြောင့် နွေးနွေး ဖုန်းကို ကောက်ယူလိုက်သည်။ "ဟယ်လို " " သက်သာတယ် မဟုတ်လား မနွေး " တစ်ဖက်မှ ကျော်ကျော်၏ အသံကို ကြားလိုက်ရသောကြောင့် နွေးနွေး ကောင်းကောင်းမွန်မွန် ပြန်ပြောရန် ဆုံးဖြတ်လိုက်သည်။ " သက်သာပါတယ် မောင်လေး ...မင်းရော အဆင်ပြေတယ် မဟုတ်လား .... မဟုတ်တာတွေကို မတွေးနဲ့ ...ကလေးဆိုတာ မိရင်းဖရင်းနဲ့ပဲ နေသင့်တာ... မင်းစိတ်ထဲမှာ အိမ်ထောင်ရေး ဖောက်ပြန်ဖို့ အကြောင်းတွေကို မတွေးသင့်ဘူး ...ဒါပဲနော် ....နောက်ဆို အစ်မဆီ ဖုန်းမခေါ်ပါနဲ့ ... အစ်မသိက္ခာထိခိုက်တယ်...ကိုယ်ဖောက်ခဲ့တဲ့လမ်းကို အဆင်ပြေအောင် လျှောက်ရမှာ လူတစ်ယောက်ရဲ့ တာဝန်ပဲလေ .... ဒါပဲနော် ....." ကျော်ကျော်ဆီမှ ဘာစကားမျှ ပြန်မပြောနိုင်ခင်မှာပင် နွေးနွေး ဖုန်းကိုချပစ်လိုက်သည်။နွေးနွေး၏ စိတ်သည် ယခင် နှင့်မတူဘဲ အေးချမ်း၍နေသည်။ကျော်ကျော်အနေနှင့် နွေးနွေးကို မည်သို့ ထင်ထင် နွေးနွေးစိတ်ထဲတွင် မည်သို့မျှ မခံစားရတော့ပေ။ယခင်ကကဲ့သို့ စိတ်ဆိုးခြင်း ၊ စိတ်တိုခြင်းများမရှိတော့သည့် အပြင် ကျော်ကျော်နှင့် ပတ်သက်၍ မခံချင်စိတ်နှင့့်လက်တုံ့ပြန်လိုသောစိတ်များသည် လည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေသည်။ကျော်ကျော် ဆိုသည်မှာ လမ်းသွားရင်း အမှတ်မထင်ဆုံခဲ့မိသော လူတစ်ယောက်ကဲ့သို့သာ ရှိပါလေတော့သည်။ နွေးနွေးသည် ပြောင်းလဲသွားသော မိမိစိတ်ကို အံ့ဩ ကျေနပ်နေမိရင်းမှ အထက်တန်းအရွယ်တွင် ဖတ်ခဲ့ဖူးသော စာအုပ်တစ်အုပ်ကို သတိရလိုက်မိလေသည်။စာအုပ်သည် သာမန်အချစ်၀တ္ထုတစ်ပုဒ်သာ ဖြစ်သည်။ သို့သော် "အချစ်မရှိရင် မီးလောင်လွယ်တယ် "ဆိုသော ဝတ္ထုခေါင်းစဉ်၏ အဓိပ္ပါယ်ကို နားမလည်ခဲ့သောကြောင့် ခေါင်းရှုပ်ခဲ့ဖူးသည်။နောက်ဆုံး စာအုပ်အလွန်ဖတ်သော သူငယ်ချင်းတစ်ယောက်ကို မေးကြည့်မိသောအခါမှ သူငယ်ချင်း ရှင်းပြသော အကြောင်းအရာကို နားထောင်ပြီးနွေးနွေး ကျေနပ်သဘောကျခဲ့ဖူးသည်။ "ဒီလိုဟာ ... လွယ်လွယ်ပြောရရင် ... ရင်ထဲမှာ အချစ်မရှိတဲ့ အခါဖြစ်စေ....ပြီးတော့ ...ကိုယ့်မှာချစ်ရမယ့်သူ အချစ်မရှိ ခဲ့ရင် ... စိတ်တိုလွယ် ... ဒေါသထွက်လွယ်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပေါ့ " နွေးနွေးသည် ငယ်သူငယ်ချင်းလေး ပြောပြခဲ့သော စကားများကို ပြန်ကြားယောင်ပြီး ပြုံးလိုက်မိလေသည်။ဤသို့ နွေးနွေး ကြည်ကြည်နူးနူးနှင့်မပြုံးဖြစ်ခဲ့သည်မှာ ကြာခဲ့ပြီမဟုတ်ပါလား။ လူသည် ဆန်းကြယ်သည်ဟု နွေးနွေးထင်ခဲ့ဖူးသည်။ထိုထက်ပို၍ ချစ်စိတ်သည် ပို၍ ဆန်းကြယ်လိမ့်မည်ထင်ပါသည်။ နွေးနွေးသည် သူ့အကြောင်း တွေးရုံနှင့်ပင် စိတ်ထဲ၌ အေးချမ်းနေမိလေသည်။ထိုထက်ပို၍လည်း နွေးနွေးမှာ မျှော်လင့်ခြင်း မျှော်လင့်ချက်များ မထားရှိပါလေ။ ~~~~~~~ နွေးနွေးသည် စဉ်းစားဉာဏ်ရှိသူဖြစ်ပါသည်။ဆေးရုံသို့ ရက်ချိန်းသွားပြစဉ် သူနှင့် မတွေ့အောင် ရှောင်ခဲ့သည်။ပြင်ပလူနာဌာနဆိုသည်မှာ တာဝန်ကျ ဆရာဝန်များနှင့် သူနာပြုများသာ ရှိသော နေရာဖြစ်သည်။ထိုနေ့က သူ့ကို ဖျတ်ခနဲ မြင်လိုက်မိသည်နှင့် နွေးနွေး ပုန်းနေခဲ့မိသည်။အရွယ်ရောက်နေပြီဖြစ်သောတူမလေးကပင် "အန်တီလေးရယ် ... တွေ့လို့ နှုတ်ဆက်တာပဲ ဘာဖြစ်လဲ ...သမီး ဖုန်းနံပတ်သွား တောင်းလိုက်မယ် "ဟု ပြောနေသောကြောင့် မနည်းထားခဲ့ရသေးသည်။ပြင်ပလူနာဌာနသို့ ဂျူတီကုတ် အဖြူလေးနှင့် သူဝင်လာသည်ကို မြင်လျှင် မြင်ချင်း နွေးနွေး၏ ရင်ခုန်သံတွေ မြန်ဆန်လာမိသည်။နွေးနွေး၏ အသက်အရွယ်သည် အပျိုပေါက်လေးမဟုတ်မှန်းကိုလည်း နွေးနွေးသိပါသည်။သို့သော်ငြား နွေးနွေးသည် အပျိုပေါက်အရွယ်ကပင် မခုန်လှုပ်ခဲ့ဖူးသော ရင်ခုန်မှုမျိုးဖြင့် ရင်အစုံက ခုန်လှုပ်နေခဲ့ခြင်းဖြစ်ပါလေသည်။သို့သော်လည်း ကောင်းကင်နှင့် မြေကြီးကဲ့သို့ ဝေးကွာလှသော ဘဝနှစ်ခုအတွက် နွေးနွေး မိုက်မဲရန် စိတ်ကူးမရှိပါလေ။ ~~~~ လူမသိ သူမသိဖြစ်တတည်ခဲ့သော အချစ်သည် ထာ၀၇ သိုလှောင် သိမ်းဆည်းခြင်းကို ခံလိုက်ရပြီဖြစ်လေသည်။ "ကားကို ( ... ....) ဆေးရုံဘက်က ပတ်မောင်းပေးလို့ ရမလား " နွေးနွေး၏ စကားကြောင့် ကားဆရာမှာ အနည်းငယ် စိတ်ညစ်သွားပုံတော့ရသည်။ " ကားတော့ ရှုပ်မယ်ထင် တယ် ....၀ယ်စရာရှိလို့လား..." " ဟုတ်ကဲ့ ...ဆေးရုံရှေ့က ဆေးဆိုင်မှာ ဆေးဝယ်ချင်လို့ " ဆေးရုံရှေ့တွင် ကားရပ်လိုက်သောအခါ နွေးနွေးသည် ဆေးဆိုင်ထဲသို့ ၀င်လိုက်ပြီး ဆေးစာရင်းစာရွက်လေးကို ပေးလိုက်သည်။ဝန်ထမ်းလေး ဆေးတွေယူနေစဉ်မှာ နွေးနွေးသည် ဆေးရုံကြီးကို ငေးမောကြည့်နေမိသည်။ ==================== အပိုင်း ( ၁၁ ) ဆက်ရန် ဧကြည်ဖြူ

နွေးနွေးပြောင်းလာပြီး နှစ်နှစ်ကျော်တွင်ဖြစ်မည်ထင်ပါသည်။တစ်နေ့တွင် နွေးနွေးသည် ဦးထုပ်ညှပ်စများကို လက်မှဆွဲလာပြီးလျှင် အိမ်ပေါ်သို့ စိတ်ဆိုးမာန်ဆိုးနှင့် တက်လာခဲ့လေသည်။ "မမကြီး ...နွေးအိမ်ပြောင်းတော့မယ် " " ဟဲ့ ဘယ်ကို ပြောင်းမှာလဲ ..ဘာဖြစ်လာတာလဲ ....အလန့်တကြား " " အဝေးကြီးကို မပြောင်းပါဘူး ... လမ်းထဲက အမျိုးသမီးတွေကိုပဲ ငှါးတဲ့ အခန်းတွဲမှာသွားပြောင်းနေမလို့ " "ဟဲ့ .. ဟိုက နယ်က လာတဲ့ မိန်းခလေးတွေ ငှားနေတာလေ..နင်က ဒီမှာ အိမ်ရှိနေရဲ့နဲ့ ဘာလို့ ပြောင်းနေမှာလဲ ...ဆွေမျိုးတွေအလယ်မှာ ငါ့ကို ခွေးဖြစ်အောင်လုပ်မလို့လား ပြောအုံး " ထိုစဉ်က မအေးရီသည် စိတ်တိုစိတ်ဆိုးပြီး နွေးနွေးကို ရိုက်ပင်ရိုက်ခဲ့မိသည်။ခေါင်းမာလှသော နွေးနွေးကမူ အသားနာနေသည့်ကြားမှပင် အိမ်ပြောင်းဖို့ရန် တွင်တွင် ပြောခဲ့လေသည်။နောက်မှ မအေးရီ အမျိုးမျိုးချော့မော့မေးကြည့်သောအခါမှ " ဦးစိုးနိုင်ရဲ့သူငယ်ချင်းဦးလေးကြီးက ဦးစိုးနိုင်ကို ပြောနေတာ ... ဟေ့ကောင် ခယ်မဆို တာလိုက်ပွဲကွတဲ့...အဲ့ဒါကို ဦးစိုးနိုင်က တဟဲဟဲနဲ့ ရယ်နေတယ်လေ မမကြီးရဲ့ ...နွေး မနေတော့ဘူး ... မမကြီးတစ်ယောက်တည်း ကလေးတွေကို မထိန်းနိုင်ရင် နွေး ဆီလာပို့ထားပေါ့ " အကြောင်းအရင်းမှာ ထိုမျှသာ ဖြစ်သည်။နွေးနွေးပြောသော ဦးစိုးနိုင်ဆိုသည်မှာ မအေးရီ၏ ယောကျာ်းဖြစ်ပါလေသည်။နွေးနွေးက ငယ်စဉ်ကတည်းကပင် ဦးစိုးနိုင်ဟုခေါ်ခဲ့သောကြောင့် ခဲအိုဖြစ်သူကို ဦးစိုးနိုင်ဟုခေါ်ခဲ့ခြင်းဖြစ်လေသည်။မအေးရီသည် အကြောင်းအရင်းမှန်ကို သိသော် ကိုယ့်ယောကျာ်း လူပြောင်လူနောက် အကြောင်းကိုသိသူပီပီ နွေးနွေးကိုချော့မော့ပြောခဲ့သည်။အသက်ဆယ့်ရှစ်နှစ်သာ ရှိသေးသော နွေးနွေးကို မအေးရီထံမှ ခွဲထွက်မသွားစေချင်သည်မှာ အမှန်ပင်ဖြစ်လေသည်။သို့သော်လည်း အကြောက်အကန် ငြင်းနေသော ညီမဖြစ်သူကြောင့် ယောကျာ်းဖြစ်သူပါ သိသွားပြီး မိသားစုကြား ပြဿနာရှည်မည်စိုးသောကြောင့် မအေးရီမှာ ခွင့်မပြုချင်ဘဲ ခွင့်ပြုခဲ့ရခြင်းဖြစ်လေသည်။ထိုအချိန်မှစ၍ နွေးနွေးသည် သူ့အိုးသူ့အိမ်နှင့်နေနိုင်ရေးအတွက် ကြိုးစားခဲ့သည်။ရပ်ကွက်ထဲမှ ရွယ်တူတန်းထူး လူငယ်လေးများက နွေးနွေးကို လျှောက်ပြန်သံပေးလုပ်ခဲ့ကြသော်လည်း နွေးနွေးက "လူပေါ်ကြော့တွေပါ ... သူတို့ကိုယူရင် နွေးပဲ ရှာကျွေးရမှာပေါ့ "ဟု ဆိုကာ သူ့အားနှစ်သက် စုံမက်သော ရပ်ကွက်ထဲမှ လူငယ်လေးများကို ငြင်းဆန်ခဲ့သည်။ထို့နောက် နယ်မှ အလုပ်လာလုပ်သော မောင်မောင်လတ်ကိုမူလက်ခံခဲ့သည်။ " သူ့က နယ်ကဆိုပေမဲ့ ...အရက်မသောက် ...ဆေးလိပ်မသောက်နဲ့ မမကြီးရဲ့ ...မိန်းမကိစ္စလဲ ကင်းတယ် ...ပြီးတော့ အဓိက က အလုပ်ကို ကြိုးစားတယ်လေ ...ငွေကိုလဲ မဖြုန်းဘူး ...သူသင်ချင်နေတဲ့ စက်ပညာကို သာသင်လိုက်ရင် နွေးတို့ မပူမပင် နေရမှာပါ " အမှန်တကယ်လည်း နွေးနွေးပြောသလိုပါပင် မောမောင်လတ်သည် မယားငယ်မတွေ့ခင်အချိန်အထိ ရိုးသားကြိုးစားသော လူတစ်ယောက် ဖြစ်ခဲ့သည်လေ။ "မမကြီး ဘာတွေ တွေးနေတာလဲ ...နွေးခေါ်နေတာ ကြာလှပြီ " "ဪ ...အေး ..အေး ဘာပြောမလို့လဲ " မအေးရီသည် နွေးနွေး၏အနီးကပ် ခေါ်သံကို ကြားသောအခါမှ စိတ်အစဉ်သည် အတိတ်မှပြန်နိုးထလာပြီး နွေးနွေးကို မေးလိုက်သည်။ "အိမ်ရှင်ကိုတော့ ... အိမ်ရှေ့မှာ ဆိုင်လေး ထုတ်ဖို့ ပြောထားတယ်လို့ ...အဲ့ဒါ မမကြီးက ဦးစိုးနိုင်ကို လက်သမား ရှာပေးခိုင်းအုံးလို့ " " ဪ ...အေး ...အေးပါ ....ဒါပဲမဟုတ်လား ...ငါပြန်တော့မယ် " ~~~~ နွေးနွေးသည် နေ့စဉ်မှတ်တမ်းစာအုပ်လေးထဲတွင် ရေးသားထားသည့် "သွင်ငြိမ်းထက် "ဆိုသော နာမည်လေးကို ငေးငေးရီရီနှင့် ကြည့်နေမိပြီး သူ၏ပုံရိပ်များကို ပြန်၍မြင်ယောင်လာမိလေသည်။ညနေ ဂျူတီချိန်းပြီး အိမ်ပြန်ချိန်တွင် ရှပ်အင်္ကျီအကွက်လေးများကို ပုဆိုး ၊ ဂျင်းဘောင်းဘီ စသည်နှင့် တွဲဝတ်လေ့ရှိပြီး ကျောပိုးအိတ်လေးလွယ်ပြီးပြန်လေ့ရှိသော သူ့ပုံစံသည် ဂျူတီကုတ်ဝတ်ထားသည့် ပုံနှင့်မတူတော့ဘဲ လွတ်လပ်ပေါ့ပါးနေမြဲပင်။ထိုသို့ပြင်ဆင်ပြီး ပြန်တော့မည်ဆိုလျှင် နွေးနွေးစိတ်ထင်ပေပဲလား။ သူသည် နွေးနွေးနေသော အဆောင် ဘေးမှ အနည်းဆုံးနှစ်ခေါက်ခန့် ဖြတ်၍သွားမြဲပင်။ပြီးလျှင် သူသည် နွေးနွေး ခုတင်ရှိရာသို့ငဲ့စောင်း၍ ကြည့်တတ်သည် ။ သူပြန်ချိန်ဆိုလျှင် နွေးနွေးသည်လည်း စင်္ကြန် လမ်းဘက်သို့ မသိမသာ ကြည့်နေမိသောကြောင့် သူနှင့် အကြည့်အမြဲဆုံခဲ့သည်။သူသည် သာမာန် လုပ်ရိုးလုပ်စဉ် တာဝန်ဝတ္တရားအရ နွေးနွေးအပေါ် ကြင်နာ နွေးထွေးခဲ့လေသည်လား ။သို့မဟုတ်လျှင် သည်ထက်ပို၍ များလား ဆိုသည်ကို နွေးနွေး မတွေးရဲ မတွေးဝံ့ပါချေ။နွေးနွေးသည် တစ်သက်တာ ဖျောက်ဖျက်၍မရသော အမည်းစက် စွန်းထင်းနေသူ မဟုတ်လား။ သူလိုလူက နွေးနွေးကို ချစ်သည် ဆိုလာခဲ့လျှင်သော်မှ နွေးနွေး မစွန့်စားရဲပါချေ။ကျော်ကျော်လိုလူမျိုးကပင်လျှင် လက်မတွဲချင်သော နွေးနွေး၏ ဘဝသည် သူလို ဆရာဝန်နှင့့်သာဆိုလျှင် မိုးကို မျှော်ကြည့်နေမိသော ဖားသူငယ်ကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်ထင်ပါလေသည်။ နွေးနွေးတစ်ယောက်တည်း အတွေးများနေစဉ်မှာပင် ဖုန်းသံ မြည်လာသောကြောင့်ဖုန်းကို လှမ်းယူလိုက်သည်။ "ဟယ်လို ...."

ဧကြည်ဖြူ " တစ်ခုလပ် " အပိုင်း ( ၁၀ ) **** "ဒီအိမ်ကို ပြန်အပ်လိုက်ပြီး အိမ်မှာပဲလာနေပါလား မိနွေးရယ် ... နင့်အတွက် ထွက်ငွေမရှိတော့ဘူးပေါ့ " မအေးရီက ထမင်းချိုင့်ကို ခုံပေါ်တွင် တင်လိုက်ရင်း ပြောလိုက်သည်။ "ရပါတယ် မမကြီး ... နွေးမနေတတ်လို့ပါ ...ဒါနဲ့ ဈေးဖိုး ယူသွားအုံးမမကြီး ....မတတ်သာလို့သာ ချက်ခိုင်းနေရတာ ... နွေးတော့ ငရဲတွေ ရနေတော့မှာပဲ " နွေးနွေးက အစ်မဖြစ်သူကို ဈေးဖိုးပိုက်ဆံလှမ်းပေးလိုက်ရင်း ပြောလိုက်သည်။ "အမလေး ... နေမကောင်းလို့ ဟင်းလေး ချက်ပေးတာကို ဘာငရဲ လဲ ...စျေးဖိုးက ပေးမနေနဲ့ တော့လေ ...ဆေးရုံက ဆင်းလာတုန်းကလဲ ကန်တော့ထားတဲ့ ငွေရှိသေးတယ်လေ ....နင်လဲ ဆေးရုံစရိတ်တွေနဲ့ အတော်လေးကုန်သွားတယ် မဟုတ်လား " " အဲ့ဒါက ဆေးရုံတက်နေရတုန်းက ...မမကြီး အပေါ်မှာ အဖြစ်လုပ်ခဲ့မိမှာစိုးလို့ ကန်တော့တာလေ မမကြီး " "အေးပါ ... မတတ်ပါ့ ရယ် ...ဒါနဲ့ စက်တော့ ချုပ်လို့ မဖြစ်တော့ဘူး ထင်တယ်နော် ...လောလောဆယ်တော့ စလ်ချုပ်နားလိုက်တော့ ..နောက်မှ ဘာလုပ်ရမလဲ စဉ်းစားပေါ့ " မအေးရိက ညီမဖြစ်သူကို ကြည့်ပြီး ပြောလိုက်သည်။ "အလုပ်က စဉ်းစားပြီးပြီ မမကြီး ... မိန်းခလေး အသုံးအဆောင်နဲ့ကလေးကစားစရာဆိုင်လေးဖွင့်မလို့မမကြီး ....သွားနိုင်လာနိုင်တာနဲ့ ဆိုင်စဖွင့်မယ် မမကြီး..." "အေး အဲ့ဒါလဲ မဆိုးပါဘူး... တစ်ပတ်တစ်ခါလောက်မှ ဈေးသွား၀ယ်ရတာပဲ ...စတိုးနဲ့တွဲပြီး ဆေးလိပ်ဘူး ဘာညာနဲ့ .. အချိုရည်ဘူး ..ဘီယာဘူးတွေပါ တင်ပါလား... " " အဲ့ဒါတွေ မရောင်းချင်ပါဘူးမမကြိရယ် ..ဆိုင်ကို မိန်းခလေးတွေနဲ့ ကလေးတွေပဲ လာစေချင်တယ် ....ယောကျာ်းတွေ ဝင်ထွက်နေတာကို မကြိုက်ဘူး " " လူတိုင်း ဒီလိုပဲ ရှာစားနေတာပါပဲ မိနွေးရယ် ..." မအေးရီက ပြောပြီးသက်ပြင်းကို ချလိုက်မိသည်။ပြီးလျှင် နွေးနွေးလို ရည်းစားသန အရှုပ်အရှင်းလည်း မရှိသော မိန်းခလေးက ဒီလိုဘ၀ဖြစ်နေတာကို စိတ်ထဲမကောင်း ဖြစ်မိသည်။ "ဆရာဝန်လေးကို သတိရလိုက်တာဟယ် ...ဆရာဝန်လေးက .... နင့်ကို ဂရုစိုက်တော့ ...ငါ့စိတ်ထဲ လောဘတောင်တက်မိတယ် ... အင်း ...ဆေးရုံမှာစာရင်းသွင်းဖို့ မှတ်တမ်းယူတော့ နင့်အခြေအနေတွေကို အကုန်ပြောပြခဲ့ရတာဆိုတော့ နင့်အကြောင့်ကို သူသိမှာပဲ ထင်တယ် " မအေးရီသည် တစ်ခုလပ်ဆိုသော စကားလုံးကို ထည့်မပြောသော်လည်း ထိုအကြောင်းကို ရည်ညွှန်းမှန်း နွေးနွေး သိလိုက်ပါလေသည်။ " တွေးကြည့်ရုံနဲ့တင် စိတ်မပင်ပန်းဘူးလား မမကြီးရယ် " နွေးနွေးက အစ်မဖြစ်သူ ယူလာသော ထမင်းချိုင့်လေးကို ဖွင့်ပြီး ဟင်းများကို ပန်းကန်များထဲသို့ လှယ်ထည့်နေရင်းမှ ပြောလိုက်မိသည်။ " ငါမွေးထားတာကလည်း မိန်းခလေးတစ်ယောက်တည်းပါတယ်... အကြီးကောင်နဲ့ အငယ်ကောင်ကရော ဘာအားကိုးရမှာလဲ ...နင့်တူမသာ မသိတတ်ရင် နင် အသက်ကြီးလာရင် ဘယ်လိုလုပ်မလဲပဲ ငါတွေးနေမီတာ " အစ်မဖြစ်သူ၏ အပူပင်ကြီးလှသော အတွေးကြောင့် နွေးနွေးပြုံးလိုက်မိသည်။ "နွေး အသက် နှစ်ဆယ့် ရှစ်နှစ်ပဲ ရှိပါသေးတယ်မမကြီးရယ် ...လူသက်တမ်း ရှစ်ဆယ် တစ်ရာ အရဆို နှစ်ဝက်မကျိုး သေးပါဘူး ... အိုစာမင်းစာအတွက် ငွေအများကြီး ရှာနိုင်ပါသေးတယ် ...ပူမနေနဲ့ ...ပြီးတော့ ဟိုလူဒီလူနဲ့လဲ အိမ်ထောင်ချပေးဖို့ မတွေးနဲ့တော့ ... နွေးတစ်ယောက်တည်းပဲနေမှာ ... တစ်ယောက်တည်း နေမယ်ဆိုလို့ မောင်မောင်လတ်ကို သံယောစဉ်ကျန်နေတာလားဆိုပြီးလဲ တွေးမနေနဲ့အုံး ...နွေးက အရင်ကတည်းက သူ့အပေါ် ယုံကြည်တာပ ရှိခဲ့တာ ... ချစ်ခဲ့တာ မဟုတ်ဘူး " မအေးရီသည် စိကာ ပတ်ကုံးရှင်းပြပြောပြနေသော ညီမဖြစ်သူကို ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိလေသည်။ယခင်ကဆိုလျှင် မောင်မောင်လတ် အကြောင်းများ ပြောမိလျှင် ရွံရှာစက်ဆုပ်သည့် ပုံစံနှင့် ပြန်ပြောတတ်သော ညီမဖြစ်သူမှာ ယနေ့တွင် ဘာမှမဖြစ်သလို အေးဆေးဆေးဆေးပင် ရှိနေသည် မဟုတ်ပါလား။နွေးနွေး အထက်တန်းတက်သောနှစ်တွင် မိဘများ ဆုံးသွားသောကြောင့် မအေးရီက ခေါ်ယူပြုစုစောင့်ရှောက်ခဲ့ရလေသည်။ထို့ကြောင့် ညီမဖြစ်သူ့အကြောင်းကို မအေးရီ ကောင်းကောင်းသိပါလေသည်။နွေးနွေးသည် အေးသည်ဟု ထင်ရသော်လည်း မာနကြီးသည်။လူများနှင့် သိပ်ရောရောနှောနှော နေလေ့မရှိဘဲ လူကြောက်ပုံရသော် ပြောရဲဆိုရဲသောသတ္တိရှိသည်။မအေးရီတို့မိဘများက ရိုးအကြသောကြောင့် မီဘဘိုးဘွားအမွေ ဟူ၍ နေစရာ အိမ်ပိုင်ပင်မရှိခဲ့ချေ။ထို့ကြောင့် မိဘနှစ်ပါးလုံး ရှေ့ဆင့် နောက်ဆင့် ဆုံးပါးသွားကြသည့်အခါ နွေးနွေးမှာ နေထိုင်စရာ အခက်တွေ့ခဲ့ရသည်။ထိုအခါ အသက်နှစ်ဆယ်အရွယ်တွင် အိမ်ထောင်ကျနေခဲ့ပြီး ယောကျာ်းဖြစ်သူ၏ မိဘများထံမှ အမွေရသော အိမ်နှင့် နေရသည့် မအေးရီက ညီမဖြစ်သူကို အိမ်မှာခေါ်ထားခဲ့သည်။နွေးနွေးသည် မအေးရီတို့အိမ်သို့ ရောက်လာသောအခါ အထက်တန်းကျောင်းသူ အရွယ်ပင်ဖြစ်လင့် ကစား အပျော်အပါး မက်ခဲ့သူမဟုတ်ပါချေ။မအေးရီ၏ မီးဖိုချောင်တာဝန်များကို ကူခဲ့သည်။ပြီးလျှင် မအေးရီတို့ ကြီးတော်ကြီးအိမ်တွင် စက်ချုပ်သင်ပြီး ကလေးဦးထုပ်များ ချုပ်ခဲ့သည်။သူ့ဝင်ငွေနှင့် သူစားစရိတ်မှာ ပိုလျှံနေ၍ မအေးရီကပင် ချေးငှားသုံးခဲ့မိသေးသည်။ နွေးနွေးသည် သူ့ထက်ဆယ်နှစ်ငယ်သော တူမလေး နှင့် တူလေးများကို ချစ်ခင်ထိန်းကျောင်းပေးခဲ့သည်။သည်သို့နှင့်

~~~~~ ဆရာဝန်လေးသည် နွေးနွေးကို ဆေးသောက်ချိန် ၊ ပိုးသတ်ဆေးသွင်းချိန်မှ အစ/အထူးဂရုစိုက်လှပါလေသည်။ဆရာဝန်လေးအနေနှင့် တာဝန်ခံဆရာဝန်တစ်ယောက်၏ တာဝန်ကြောင့်လည်း ဂရုစိုက်တာ ဖြစ်ချင်ဖြစ်လိမ့်မည် ထင်ပါလေသည်။ ဒါကို နွေးနွေးသည် ကိုယ်လိုရာဆွဲတွေး၍ သာယာနေခဲ့မိခြင်းဟု နွေးနွေးကိုယ့်ကိုယ်ကို ထင်လာမိလေသည်။ပြီးလျှင် တစ်ခုလပ် ဖြစ်နေခြင်းအတွက် ယခင်ကမူ ရှက်ခြင်း သိမ်ငယ်ခြင်းများကို မခံစားခဲ့ရသော်လည်း ယခုအချိန်၌ တစ်ခုလပ် ဖြစ်နေရခြင်းကို ရှက်ရွံ့အားငယ်စိတ်တွေ ဝင်နေမိလေသည်။သည်ကြားထဲ၌ ကျော်ကျော်နှင့် တွဲခဲ့မိသည်ကိုလည်း နောင်တရနေမိပြန်လေသည်။အဆုံးမှာတော့ နွေးနွေးသည် ကိုယ့်ဘဝကိုယ် တွေးမိပြီးလျှင် ဆရာဝန်လေးနှင့် အဝေးဆုံးသို့သာ ထွက်ပြေးချင်နေမိလေသည်။ ~~~~ "ဒီနေ့ ဟိုဆရာလေး ဂျူတီ မဟုတ်ဘူးလား ... ဆရာလေးကို နှုတ်ဆက်ချင်လို့ " မအေးရီသည် နွေးနွေး ဆေးရုံက ဆင်းရန်အတွက် ပြင်ဆင်နေရင်းမှ ဆရာဝန်လေးကို မတွေ့သောကြောင့် မေးလိုက်လေသည် ။ နွေးနွေးမှာ ငိုချင်ရဲ့ လက်တို့ ဆိုသကဲ့သို့ အစ်မကြီး၏ မေးသံကြောင့် လှိုက်ခနဲဝမ်းနည်းမိသွားလေသည်။ " ဆရာဝန်တွေ အကုန် အစည်းအဝေး တက်နေကြတာအမေရဲ့ ..." "ဟုတ်လား ....ဆရာဝန်လေးကို နူတ်ဆက်ချင်လို့ပါဆို .. ခဏနေမှ ပြန်ကြမလား " အစ်မဖြစ်သူ၏ စကားကြောင့် နွေးနွေးစိတ်ထဲမှ ပျော်သွားမိပြန်သည်။ဘာပဲဖြစ်ဖြစ် နောက်ဆုံးအနေနှင့် နှုတ်ဆက်ခွင့်လေး ရချင်မိပါလေသည်။ "ဟော ... ဟိုမှာ ဆရာလေးလာပြီ..." မမကြီး၏ ဝမ်းသာအားရ ပြောသံအဆုံးတွင် နွေးနွေးသည် ခြေလက်များ တုန်ယင်လာသောကြောင့် ခုတင်ပေါ်သို့, ပြန်၍ ထိုင်ချလိုက်ရလေသည်။ ထို့အတူ ရင်အစုံသည်လည်း မီးရထားကြီးတစ်စင်း ခုတ်မောင်းနေသကဲ့သို့ ဆူညံလှုပ်ရှားနေလေသည်။ " ဆရာ့ကို နှုတ်ဆက်ချင်လို့ စောင့်နေတာ ဆရာ " "ဟုတ်လား ..အားနာစရာဗျာ ...ဒါနဲ့ .... မနွေးနွေး ဂရုစိုက်ပါနော် ...အလေးအပင်တွေ မလို့ မရဘူးနော် .." "ဟုတ် ..ဟုတ်ကဲ့ပါ ဆရာ " ဆရာဝန်လေး၏ မျက်နှာကို မော့မကြည့်ဘဲ နွေးနွေးအဖြေပြန်ပေးလိုက်သည် ။ နွေးနွေး၏ ဖြေသံလေးများသည် လှိုက်ဖို့ တုန်ခါနေမှန်း နွေးနွေးသာသိလေသည်။ "ဒါနဲ့ ဆရာ့နာမည်လေး ပြောလို့ရရင် ပြောပါအုံးဆရာ...ဆရာ့ကို ကျေးဇူးတင်လွန်းလို့ပါ ဆရာရယ် " မမကြီးသည် ရိုးရိုးသားသား မေးခြင်းသာဖြစ်ပါလေသည်။ နွေးနွေးသည်သာ မရိုးမသားစိတ်နှင့် နားထောင်နေမိခြင်း ဖြစ်လိမ့်မည်ထင်ပါလေသည်။ "ရပါတယ် အစ်မ ...ကျွန်တော့်နာမည် သွင်ငြိမ်းထက်ပါ " ~~~~ နွေးနွေးတို့ စီးလာသော အငှားကားလေးသည် ဆေးရုံ၏ ဆင်ဝင်ပေါက်မှ ထွက်ခွါလာခဲ့ပြီးနောက် ထွက်ပေါက်ရှိရာဘက်သို့ မောင်းထွက်ခဲ့လေသည်။နွေးနွေးသည် ကားပေါ်မှ နေ၍ ဆေးရုံကြီးကို လည်ပြန်လှည့်ငေးကြည့်မိလေသည် ။ ဆေးရုံသည် ဝေး၍ကျန်ခဲ့လေသည်။နွေးနွေးသည် ပါးပြင်ပေါ်သို့ စီးကျလာသော မျက်ရည်စများကို အစ်မကြီးနှင့်တူမလေးမမြင်အောင် သုတ်ပစ်လိုက်ရလေသည်။ ====================== အပိုင်း (၁၀ ) ဆက်ရန် ဧကြည်ဖြူ

"မကြောက်နဲ့နော် ... ဘာမှမဖြစ်ဘူး ....ထုံဆေးနဲ့ခွဲမှာ ...သွေးလှူရှင်တွေလဲ အဆင်သင့်ရှိတယ်....ကျွန်တော်ကတော့ ခွဲခန်းထဲလိုက်လို့မရဘူး ..." ဆရာဝန်လေးက မည်သည့်အဓိပ္ပါယ်နှင့် ပြောသည် မသိသော်လည်း နွေးနွေးမှာမူ ထိုစကားအတွက် ကျေနပ်ပျော်ရွှင်သွားမိလေသည်။နွေးနွေးသည် အဘယ်ကြောင့်ရယ်မသိဘဲ ဆရာဝန်လေးကို အထူးတလည် ရှက်ရွံ့နေမိလေသည်။ ~~~~~~~ ခွဲစိတ်ခန်းထဲသို့ ဝင်ခါနီးတွင် ဝတ်ထားသော အင်္ကျီအဝတ်အစားကို ချွတ်လိုက်ရပြီးလျှင် တဆက်တည်းကျောကွဲ အင်္ကျီကို ဝတ်ဆင်ရလေသည်။ထို့နောက်တွင် ထိုဝတ်စုံကို ချွတ်ပြီးလျှင် ခွဲစိတ်ခန်းထဲသို့သွားရန် လူနာတင်တွန်းလှည်းပေါ်သို့ တက်ရသည်။ ထိုနေရာတွင် နွေးနွေးသည် ဝတ်စုံကို အချွတ်မခံဘဲ ခုတင်တွန်းလှည်းပေါ်သို့ တက်လိုက်ပြီးမှ နွေးနွေး ကိုယ်ပေါ်မှ အုပ်သွားမည့်အဝတ်စိမ်းဖြင့် ကာရံခိုင်းလိုက်ပြီးနောက်ကွဲ ဝတ်စုံကို ချွတ်လိုက်ပြီးလျှင် အဝတ်စိမ်းကို အမြန် အုပ်ခိုင်းလိုက်လေသည်။ သည့်အတွက်ပင် နွေးနွေးမှာ ရှက်၍ မဆုံးဖြစ်နေမိလေသည်။သို့သော်လည်း ခွဲစိတ်ခန်းထဲသို့ ရောက်သောအခါ၌မူ ထုံဆေးထိုးခံလိုက်ရပြီးသည့်နောက်တွင် အသက်သည် အရေးကြီးသွားလေတော့သည်။ခန္ဓာကိုယ်သည် ပုတ်လွယ် ပွလွယ် ပျက်စီးလွယ်သော အရေပြားတစ်ခုသာဖြစ်သည်။ တပ်မက်စရာ ၊ ရှက်ရွံ့စရာမရှိဟု နှလုံးသွင်းလျက် သရဏဂုံတည်၍ ဂုဏ်တော်ကိုးပါးကို ရွတ်ပွားနေမိလေသည်။ ~~~~~~ ခွဲစိတ်ခန်းထဲတွင် နာရီအတန်ကြာ ခွဲစိတ်ပြီးနောက် ခွဲစိတ်မှုမှာ ပြီးဆုံးခဲ့လေသည်။ခွဲစိတ်မှုလုပ်ရာတွင် အတော်အတန် ကြီးသော သွေးလုံးကိုခွဲထုတ်ခဲ့ရသည့်ဟု သိရလေသည်။ ခွဲစိတ်ပြီးသွားသည်နှင့်နွေးနွေးကိုပိုးသတ်ခန်းထဲသို့ ပြောင်းပေးခဲ့လေသည်။နွေးနွေးမှာ ခွဲစိတ်ခန်းထဲမှာပင် အသက်ရှူ အနည်းငယ်ကြပ်သွားသောကြောင့် အောက်စီဂျင်ပိုက်တပ်ထားရလေသည်။ နွေးနွေးပိုးသတ်ခန်းထဲသို့ ရောက်ပြီး မကြာမီမှာပင် ဆရာဝန်လေးရောက်လာပြီးလျှင် နွေးနွေးကိုကြည့်ရှု လေသည်။ အမှန်တကယ်ပြောရလျှင်မူ ဆရာဝန်လေးကို တွေ့လိုက်ရသည်နှင့် နွေးနွေးမှာ အားတက်၍သွားမိပါလေသည်။ " တကယ်လို့ ခွဲစိတ်ထားတဲ့နေရာက ...ကိုက်ခဲရင် ဂြိုလ်တုဆေးတောင့်ကို စအိုဝကနေ ထည့်ပေးနော် " ထိုစကားကို ဆရာဝန်လေးက ခပ်တိုးတိုးပြောသော်လည်း နွေးနွေးက ကြားနေရသည်။ "အကြောင်းရှိရင် ကျွန်တော့် အချိန်မရွေး လာခေါ်နော် ... ကျွန်တော်က ညနေမှ ဂျူတီချိန်းမှာ " " ကျေးဇူးတင်ပါတယ် ဆရာရယ် " အစ်မဖြစ်သူ မအေးရီနှင့် ဆရာဝန်လေးတို့၏ အသများကို နွေးနွေး ကြားနေရလေသည်။ ~~~~ " အကြောင်းရှိရင် လာခေါ်ပါဆို ... လူနာက ခွဲစိတ်ထားတာလေ ...မစိုးရိမ်ဘူးလား ..." အကြောင်းရှိလျှင် လာခေါ်ပါဟု ပြောသွားသော်လည်း ဆရာဝန်လေးသည် သွားမခေါ်ရပါဘဲနှင့် မကြာခဏဆိုသလို ပိုးသတ်ခန်းထဲသို့ ဝင်လာတတ်လေသည်။ပြီးလျှင် နွေးနွေး၏ တူမလေးကို ဆူသလိုလိုပင် ပြောနေသံကို နွေးနွေး ကြားနေရလေသည်။ ~~~~~ " ကျွန်တော့် ဂျူတီချိန်ပြီးသွားပြီမို့ ပြန်ရတော့မယ် ....အကြောင်းရှိရင် တာဝန်ကျ ဆရာဝန်ကို သွားခေါ်နော် အစ်မ .." တူမလေးနဲ့ အစ်မကြီးကို မှာကြားနေသော ဆရာဝန်လေး၏ အသံကို ကြားရသောအခါ နွေးနွေးလှိုက်ခနဲ ဝမ်းနည်းသွားမိသည်။ယခင်နေ့များကလည်း သည်သို့ ပါပင်။ဆရာဝန်လေး ဂျူတီချိန်း၍ ပြန်သွားပြီဆိုလျှင် နွေးနွေးစိတ်ထဲမှ ဝမ်းနည်း၍ကျန်ခဲ့ရလေသည်။သည်သို့နှင့်ပင်နွေးနွေးသည် မဖြစ်နိုင်သော အချစ်ကို ရင်ခုန်နေမိပြီးမှန်း ကိုယ့်ကိုယ်ကို သိခဲ့လေသည်။ ~~~~~~~ " ခန္ဓာကိုယ်ကို လှုပ်ရှားပေးနော် ... ပက်လက် မအိပ်နိုင်ရင် ခုတင်ကို အတင်အချလုပ်လို့ရတယ်နော် ... ကလေးမ ဒီမှာကြည့်ထား " ဆရာဝန်လေးသည် ထုံးစံအတိုင်း လူနာစောင့် တာဝန်ကျသော တူမလေးကို ခုတင် အတင်အချကို သင်ပြနေလေသည်။ပြီးလျှင် နွေးနွေး၏ လက်ကောက်ဝတ်ကို စမ်းခြင်း ပိုသတ်ဆေးသွင်းခြင်းများကို ဂရုတစိုက် ပြုလုပ်ပေးနေပြန်လေသည်။နွေးနွေးမှာမူ တစ်စစရစ်ပတ်လာမိသော သံယောစဉ်ကြောင့်ဆေးရုံမှ အမြန်ဆုံး ဆင်းသွားချင်စိတ်များသာ ဖြစ်နေမိလေသည်။ ~~~~ "သွေးအားတအားနည်းနေတယ် ... သွေးသွင်းရမယ် ....ညကျရင် ဟိုဘက် အဆောင်ကို ခဏ ပြောင်းရမယ်နော် ..." ညဘက်ရောက်လျှင် တူမဖြစ်သူ ပြန်သွားပြီး အစ်မဖြစ် သူမအေးရီ ရောက်လာနေကြဖြစ်သောကြောင့် သွေးသွင်းရန်အတွက် အခြားအဆောင်ဘက်သို့ အစ်မဖြစ်သူ မအေးရီက ဝှီးချဲကိုတွန်းပေးလာလေသည်။ "အစ်မ ..ပေး ... ပေး ... ကျွန်တော်တွန်းလိုက်မယ် " ကြားလိုက်ရသော အသံကြောင့် နွေးနွေးသည် ဝှီးချဲပေါ်တွင် ထိုင်နေရင်းမှ ခန္ဓာကိုယ်လေးမှာ ဆတ်ခနဲတုန်လှုပ်သွားမိလေသည်။ " ဟင် ဆရာ ဂျူတီချိန်းသွားပြီထင်တာ ..... " ဒီနေ့ လူနာတွေ များနေလို့ ညဂျူတီဆက်ဝင်ရတာပါ အစ်မ " "ဖယ်ပါ ဆရာရယ် ....ရပါတယ် ......ကျွန်မတွန်းခဲ့ပါ့မယ်....." "ရတယ် အစ်မ ... ကျွန်တော်လဲ ...အဲ့ဒီမှာ ...လူနာ သွားကြည့်ရမှာမို့ပါ " ထိုတစ်ညလုံး၌ ဆရာဝန်လေးသည် နွေး နွေး သွေးသွင်းနေသော အခန်းထဲသို့ မကြာခဏ လာဝင်ကြည့်လေသည်။သွေးမှာ နှစ်အိတ်သွင်းရသောကြောင့် ညလယ်ကျော်အထိပင် မပြီးနိုင်ဘဲရှိလေသည်။

" အဲ့ဒါတွေ မတွေးပါနဲ့မမကြီးရယ် .. အခုက နွေးပေါ့ဆခဲ့လို့ ဖြစ်တာပါ..." ~~~~ ဆေးရုံးတက်ပြီး သုံးရက်မြောက်သည့်နေ့အထိ နွေးနွေးမှာ ခွဲစိတ်ဖို့ရက်မရရှိသေးဘဲ သွေးစစ် ၊ ဆီးစစ်နှင့် အချိန်ကုန် ဆုံးခဲ့ရလေသည်။ " မနွေးနွေးက ခွဲစိတ်ဖို့လုပ်ရမှာလေ ... ဒိတ်ရပြီလား " "ဗျာ ..ဟိုမရသေးဘူးဆရာ ...." ဆရာဝန်များ ဆေးရုံအတွင်း လှည့်လည်စစ်ဆေးနေရင်းမှ ဆေးရုံအုပ်ကြီးက တာဝန်ကျ ဆရာဝန်ကို မေးလိုက်ခြင်း ဖြစ်လေသည်။ထိုအခါ နွေးနွေးကို စစ်ဆေးကုသပေးနေသော ဆရာဝန်က ၀င်ရောက်ဖြေဆိုလိုက်ခြင်းဖြစ်ပါလေသည်။ " အမြန်ဆုံးခွဲစိတ်ဖို့လုပ်လေ ... စစ်ဆေးစရာရှိတာတွေ မြန်မြန်လုပ်မှပေါ့ " . ဆေးရုံအုပ်ကြီးက ပြောပြီး ထွက်သွားသည့်အခါ လက်ထောက်ဆရာဝန်ဖြစ်ပုံရသော ဆရာဝန်မကြီးသည် သူမ၏ နောက်တွင် ပါလာကြသော ဆရာဝန် ဆရာမများဘက်သို့လှည့်လိုက်ပြီးလျှင် "ကဲ ... မနွေးနွေး ခွဲစိတ်ဖို့အတွက် တစ်ယောက်က ကူညီပေးမှရမယ် ...ဆရာမကို ဘယ်သူကူညီမလဲ " "ကျွန်တော် ကူညီပါ့မယ် ဆရာမ " ဆရာဝန်မကြီး စကားအဆုံးတွင် အသံတစ်သံ ထွက်ပေါ်လာပြီး ဆရာဝန်တစ်ယောက် ရှေ့သို့ထွက်လာလေသည်။နွေးနွေးသည် နဂိုကမှ ရှက်ကြောက်တတ်သူဖြစ်ရသည့်ကြားထဲ ဖြစ်သည့် ရောဂါမှာလည်း အမျိုးသမီးရောဂါဖြစ်နေပြီး တာဝန်ကျ ဆရာဝန်များမှာလည်း အမျိုးသားဆရာဝန်များဖြစ်နေခြင်းကြောင့် စိတ်ညစ်စိတ်ရှုပ်ထွေးနေမိလေသည်။သို့သော်လည်း နွေးနွေးမှာသာ အရှက်သည်းနေမိသော်လည်း သူတို့အတွက် နေ့စဉ်တာဝန်ဝတ္တရား ဖြစ်နေ၍ မထူးဆန်းသော အရာများဖြစ်ကြောင်း နွေးနွေး သေချာ သိနေပြီမို့ ရှက်ရွံ့စိတ်ကို ဖျောက်ဖျက်ထားရလေသည်။ ~~~~ "ဗိုက်ထဲက အောင့်သေးလား " ချိုသာသော အသံနှင့်အတူ ဆရာဝန်လေး၏ လက်အစုံက နွေးနွေး၏ လက်ဖျံကို ထိကိုင်လိုက်သော အခါ နွေးနွေးတစ်ကိုယ်လုံး လျှပ်စစ်ဓါတ်လိုက်ခံရသကဲ့သို့ ခံစားလိုက်ရလေသည်။နွေးနွေးသည် ဆရာဝန်လေး ကို မရဲတရဲ ကြည့်လိုက်မိသည်။ပိန်ပိန်သွယ်သွယ် အသားဖြူဖြူနှင့် ဆရာဝန်လေးမှာ ကြည်ပြာရောင်အင်္ကျီနှင့်ဘောင်းဘီဆေးရုံဝတ်စုံကို ဝတ်ဆင်ထားပြီးလျှင် အပေါ်မှ ဂျူတီကုတ် အဖြူရောင်လေးကို ဝတ်ဆင်ထားသည်မှာ လိုက်ဖက် ကြည့်ကောင်းလှလေသည်။ဆံပင်ကို သေသေသပ်သပ်ဖြီးသင်ထားလေ၏။သွယ်သွယ်လျလျ သူ၏ မျက်နှာပေါ်တွင် ပါဝါမျက်မှန် ခပ်ပါးပါးကိုတပ်ဆင်ထားလေသည်။ဆေးမကူပါဘဲနှင့်ခပ်ရဲရဲ နှုတ်ခမ်းလေးများကိုပိုဆိုင်ထားသော ဆရာ၀န်လေးကို နွေးနွေး သတိလက်လွတ် ငေးမောကြည့်နေမိလေသည်။ "နာရင်ပြောနော် " ဆရာ၀န်လေးသည် နွေးနွေး၏ လက်ကို ကိုင်လျက် လက်ဖျံ၏ အထက်ဆီမှ ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးလျှင် သွေးနမူနာယူရန် အတွက် လုပ်ဆောင်နေရင်းမှ နွေးနွေး၏မျက်နှာကို ကြည့်ပြီးမေးလာသောကြောင့် နွေးနွေးမှာ ရှက်အမ်းအမ်းဖြစ်သွားရပြီးလျှင် မျက်နှာကို ဆက်ခနဲ အောက်သို့ ငုံ့ချလိုက်မိလေသည်။သည်သို့ကြားမှပင် ဆရာဝန်လေး လှစ်ခနဲ ပြုံးလိုက်သည်ကို နွေးနွေး တွေ့ဖြစ်အောင်တွေ့လိုက်မိလေသည်။ ဆရာ၀န်လေးသည် နွေးနွေး၏ လက်ကို ညင်ညင်သာသာပင် ကိုင်တွယ်ရင်း သွေးကို ထုတ်ယူနေလေသည်။ပြီးလျှင် သွေးပုလင်းလေးများကို သူကိုယ်တိုင်ပင် ယူ၍သွား ပြီးလျှင် ထွက်သွားလေသည်။ "ဆရာဝန်က အချောပဲနော် အန်တီလေး .. အန်တီလေးမျက်နှာကို သေချာကိုစိုက်ကြည့်နေတာ သိလား " ဆယ့်ရှစ်နှစ်အရွယ်တူမလေးက ဆရာဝန်လေးထွက်သွားသည်နှင့် လူနာစောင့်ခုံတွင် ဝင်ထိုင်လိုက်ပြီးလျှင် နွေးနွေးကို ခပ်တိုးတိုးပြောလာသောကြောင့် နွေးနွေးစိတ်ထဲရှက်အမ်းအမ်းဖြစ်သွားမိလေသည်။ပြီးလျှင် ဘဝတွင် မဖြစ်စဖူး ခြေးဖျားလက်ဖျားလေးများပါ အေးလာ၍ ရင်သည်လည်းတသိမ့်သိမ့်ခုန်လှုပ်နေသည်ကို သတိထားလိုက်မိလေသည်။ ~~~~~~ " အီးစီဂျီဆွဲရမယ် " ဆိုသော စကားကြောင့် နွေးနွေးသည် လူနာဆောင်မှ ဆရာဝန်စမ်းသပ်ခန်းထဲသို့ ရောက်နေခြင်းဖြစ်လေသည်။ "ဟို ... ခွင့်ပြုပါနော် " ဆရာဝန်လေသည် နွေးနွေး၏ ခုတင်နားတွင် ရပ်နေပြီးလျှင် အီးစီဂျီဆွဲရန် အတွက် နွေး နွေး၏ အက်ျီကြယ်သီးများကို ဖြုတ်ရန် ပြင်လိုက်သောကြောင့် နွေးနွေးသည် ရှက်လန့်တကြားနှင့်တားမြစ်လိုက် မိသလို ဆရာဝန်လေးသည်လည်း မျက်နှာနီမြန်းသွားပြီးလျှင် ရှက်သွားပုံရသည်ကို တွေ့လိုက်ရလေသည်။ "ဟို ...ဟို ...ဆရာမကို လုပ်ခိုင်းလိုက်မယ်နော် " ဆရာ၀န်လေးသည် နွေးနွေး မျက်နှာကို မရဲတရဲ လှမ်းကြည့်ပြီးလျှင် အခန်းအပြင်သို့ လျင်မြန်စွာ ထွက်သွားလေသည်။ ~~------------ ဆရာ၀န်လေးမှ နွေးနွေးကို တာ၀န်ခံပြီး နှစ်ရက်မြောက်နေ့တွင် နွေးနွေးသည် ခွဲစိတ်ခန်းဝင်ရလေသည်။ခွဲစိတ်ခန်းမဝင်ရမီစပ်ကြား၌ ဆရာဝန်လေးသည် နွေးနွေးကို အထူးတလည်ပင် ဂရုစိုက်လေသည်။မည်မျှအထိ ဂရုစိုက်နေသည် ဆိုသော် နွေးနွေးသည် စိုးရိမ်ရသောလူနာ မဟုတ်ပါဘဲနှင့် နွေးနွေးဆီသို့ သွားလိုက်လာလိုက်နှင့်ဖြစ်နေသော ဆရာဝန်လေးကို အခြား ခုတင်မှ လူနာများနှင့်လူနာရှင်များကပါ သတိပြုမိကုန်ကြသည်အထိပင် ဖြစ်ပါလေသည်။ထို့ကြောင့် အခြားသူတွေ၏ စိတ်ထဲ၌ နွေးနွေးကို ပိုက်ဆံတတ်နိုင်သူ တစ်ယောက်ဟုပင် ထင်ကုန်ကြလေသည်။

ဧကြည်ဖြူ " တစ်ခုလပ် " အပိုင်း (၉ ) ******* ဆရာ၀န်မ၏ ပြောစကားနှင့် သူနာပြုဆရာမ၏ အပြုအမူကြောင့် နွေးနွေးမှာ ယခုမှပင် အစ်မဖြစ်သူ၏ ထိတ်လန့်တုန်လှုပ်နေသော အကြောင်းအရင်းကို တွေးမိသွားပြီးလျှင် စိတ်ထဲမှ မကျေမချမ်းဖြစ်သွားမိပြီးလျှင် သူနာပြုဆရာမလေးကို ခပ်ဆတ်ဆတ်လေး ပြောလိုက်မိသည်။ " ဆရာမရှင့် .. ကျွန်မမှာ ကိုယ်ဝန်ရှိစရာအကြောင်း မရှိဘူး .. အိမ်ထောင်လဲမရှိဘူး ...ရည်းစားလဲမရှိဘူး " " ဟို ..စိတ်မရှိပါနဲ့ရှင် ...တာဝန်အရ သေချာအောင်လုပ်ရတာမို့ပါ ....တချို့ဆိုရင် ကလေး ဖျက်ချလာတာကိုတောင် ပွင့်ပွင့်လင်းလင်း မပြောတဲ့သူတွေရှိလို့ပါ " သူနာပြု ဆရာမလေးက တောင်းပန်သလိုပြောရှာသည်။ နွေးနွေးလည်း ဘာမျှ မပြောဖြစ်တော့ဘဲ ဆရာမပေးသော ဆီးခွက်နှင့် ဆီးစစ်တံကို ယူလိုက်သည်။ ~~~~~~ " ကိုယ်ဝန်လည်း မဟုတ်ဘူး " " ဒီရက်အတွင်းမှာ စိတ်ဖိစီးစရာတွေ ခံစားနေရလား " "ရှင် ... ဟုတ်ကဲ့ " " ဒါနဲ့ ဓမ္မတာ ရောမှန်လား " " မမှန်ဘူး ဆရာမ ... လတိုင်းပုံမှန် လာလေ့ မရှိဘူး ...တစ်ခါတလေလဲ သုံးလေးလမှ တစ်ခါလာတာရှိတယ် .... အပျိုစဖြစ်ကတည်းက အဲ့လိုပဲမမှန်ဘူးဆရာမ" ဆရာ၀န်မ၏ အမေးကို နွေးနွေး ရှက်ရွံ့ရွံ့နှင့့်ဖြေလိုက်သည်။ " ဟုတ်လား ...ဒါဆိုကြာပြီးပေါ့ ....ဘာလို့ ဆေးခန်းမပြခဲ့တာလဲ " ဆရာဝန်မက နွေးနွေးကို အံ့ဩထူးဆန်းဟန်ဖြင့် ကြည့်၍မေးလာသည်။ "ပြတယ် ဆရာမ ...အမျိုးသမီးရောဂါကုဆေးခန်းမှာ ပြခဲ့ဖူးတယ် ....သူတို့က အိမ်ထောင်လဲမရှိဘဲ ဓမ္မတာ မလာတော့ သွေးအား မနည်းတော့ဘူးလို့ တောင် ပြောလိုက်ပါသေးတယ် " နွေးနွေးက ကြုံခဲ့ရသည့်အတိုင်း ပြောလိုက်သောအခါ ဆရာဝန်မက သက်ပြင်းတစ်ချက်ချလိုက်လေသည်။ "အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ပေါက်ရမယ့်ကိန်း ဖြစ်နေပြီပဲ ....ကဲပါ ...အမ်ထရာဆောင်း ရိုက်ကြည့်တာပေါ့ ...ဗိုက်ထဲမှာအလုံးလိုလို ဘာလိုလို စမ်းမိနေတယ် " ~~~~~~ နွေးနွေးသည် အမ်ထရာဆောင်းရိုက်ပြီးသည့်နောက်တွင် နားနေခန်းထဲ၌ အနားယူရင်း အမ်ထရာဆောင်း အဖြေကို စောင့်နေလိုက်သည်။ အချိန်အတန်ကြာလျှင် သူနာပြုဆရာမလေးရောက်လာပြီး နွေးနွေးတို့ညီအစ်မကို လာခေါ်လေသည်။နွေးနွေးတို့ ညီအစ်မလည်း သူနာပြုဆရာမနှင့်အတူ ဆရာဝန် အခန်းထဲသို့လိုက်ဝင်ခဲ့လိုက်သည်။ " အလုံးက တော်တော်ကြီးနေပြီး ... သွေးလုံးဖြစ်ဖို့များပါတယ် .. ခွဲထုတ်မှ ရမယ် ... ဒီမှာပဲခွဲမလား ...ဆေးရုံကို လွှဲပေးရမလား ... ဆေးရုံကို လွှဲပေးရမယ်ဆိုရင် ဆရာမ တာဝန်ကျနေတဲ့ ဆေးရုံကို လွှဲစာရေးပေးလိုက်မယ် ...ဟိုမှာ ဆေးရုံတန်းတက်ရုံပဲ " လူခွဲလည်း မရှိတစ်ယောက်တည်း သမားလည်းဖြစ်သော နွေးနွေးမှာ မိမိဆေးရုံတက်လျှင် အစ်မကြီးဖြစ်သူပါ ကရိကထများတော့မည်ကို တွေးမိလိုက်သောကြောင့် အထူးကုဆေးခန်းတွင် ခွဲစိတ်လျှင် ကုန်ကျမည် စရိတ်ကို မေးမြန်းလိုက်မိသည်။ "ဒီဆေးခန်းမှာ ခွဲရင် ခန့်မှန်းချေ ဘယ်လောက်ကုန်မလဲရှင် ဆရာမ " " ဒီမှာတော့ ... ရှစ်သိန်းကနေ ဆယ်သိန်းကြားရှိမယ် ...ပြည့် သူဆေးရုံမှာတော့ အလှူငွေ နဲ့ ပြင်ပ စမ်းသပ်တာတွေရယ် ဆေးဖိုးပဲကုန်မှာပေါ့ ..လူနာရှင် စိတ်ကြိုက်ရွေးချယ်လို့ရပါတယ် " နွေးနွေးသည် ကုန်ကျ စရိတ်ကို စိတ်တွက်တွက်ကြည့်၍ အစ်မကြီးဖြစ်သူကို မော့ကြည့်လိုက်မိသည်။အစ်မဖြစ်သူ မအေးရီသည်လည်း နွေးနွေးကို ကြည့်နေလေသောကြောင့် ညီအစ်မနှစ်ယောက် အကြည့်ချင်းဆုံသွားမိကြလေသည်။ နောက်ဆုံးမှာတော့ နွေးနွေးတို့ညီအစ်မနှစ်ယောက် ဆရာဝန်မကြီးဆီမှ လွှဲစာကို ယူခဲ့ပြီးလျှင် ဆေးရုံသို့သာ လာခဲ့ကြပါလေသည်။ ~~~~ " နေသာရဲ့လား မိနွေး ... ခိုင်းစရာရှိတာ နင့်တူမကို ခိုင်း ကြားလား ..." မအေးရိက ထမင်းချိုင့်ကို လူနာခုတင်ဘေးက ဆေးဗီဒိုပုလေးပေါ် တင်လိုက်ပြီး လူကပါ ခုံပေါ်သို့ထိုင်ချလိုက်လေသည်။ "ဒါနဲ့ ... ဆရာနဲ့ သွားတွေ့ခဲ့သေးတယ် ...ဆရာက ယတြာလုပ်ခိုင်းတာနဲ့ နင့် အိမ်က ဘုရားစင်မှာပဲ လှူထားခဲ့တယ် ...နင်စိတ်ထဲကနေ မှန်းပြီး ကန်တော့နော် ... ခေါင်းဖြူအဘွားကြီးတစ်ယောက်လုပ်ထားတာတဲ့ ... ငါတော့ ဟို အဘွားကြီးလို့ပဲ ထင်တယ်.... ဒါပေမဲ့ မကြာဘူးတဲ့ တစ်လကျော်တာနဲ့ လုံးဝပြန်ကောင်း စေရမယ်လို့ ဆရာကပြောလိုက်တယ် " မမကြီး မအေးရိ၏ စကားကြောင့် နွေးနွေး မျက်လုံးထဲတွင် မောင်မောင်လတ်၏ ယောကွမကြီးမျက်နှာကို မြင်ယောင်မိလိုက်လေသည်။မောင်မောင်လတ်၏ ယောကွမကြီးသည် ရပ်ကွက်ထဲတွင် ပညာသည်ဟု လူသိများသူဖြစ်လေသည်။သူမတွင် တိတိပပ ကိုးကွယ်သောဘာသာ မရှိဟုလည်း ကြားသိခဲ့ရသည်။ဟိုယခင်ကတည်းက နွေးနွေးသည် မောင်မောင်လတ်၏ မိန်းမကို မသိမမြင်ဖူးသော်လည်း အဘွားကြီးကိုမူ သိမြင်ဖူးခဲ့လေသည်။အစ်မဖြစ်သူ၏ စကားကို ကြားပြီးနောက် နွေးနွေးစိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မိသွားသလိုပင် ဖြစ်သွားသေးသည် ။ ပြီးသောအခါမှ ကျိုးကြောင်းမှန်ကို ပြန်၍ ဆင်ခြင်သုံးသပ်လိုက်မိပြီး နွေးနွေး အမြဲရွတ်ပွားနေကြ ဘုရားဂုဏ်တော်ကိုးပါးကို ရွတ်ပွားနေလိုက်ပြီးလျှင် စိတ်ထဲမှ စိတ်ရိုင်းစိတ်ညစ်များကို မောင်းထုတ်ပစ်လိုက်သည်။ပြီးလျှင် မိမိအတွက် ပူပန်သောကများ နေရှာသောအစ်မကြီး ဖြစ်သူကိုပါ နှစ်သိမ့် ဖျောင့်ဖျလိုက်မိသည်။

" ကရိယာစုံလင်တဲ့ ဆေးရုံး ဖြစ်ဖြစ် ...အထူးကု ဆေးရုံကို ဖြစ်ဖြစ်သွားလိုက်ပါ ...အခုတော့ နာတာ သက်သာအောင် ဆေးတစ်လုံး ထိုးပေးလိုက်မယ် ... ဒီကနေ ဆေးရုံကိုပဲ တန်းသွားလိုက်ပါ " " ဟုတ် ... ဟုတ်ကဲ့ပါ ဆရာ " ~~~~~~ မအေးရိသည် ဆေးခန်းက ထွက်လာခဲ့ပြီးသည့်နောက်တွင် အထူးကု ဆေးရုံတစ်ရုံသို့ ကားကို မောင်းခိုင်းလိုက်လေသည်။ "စူးပြီးအောင့်နေတာလား " "ဟုတ်ကဲ့ " "ဗိုက်က ဘာလို့ပူနေတာလဲ " " ရှင် ... မသိဘူး ...ပူလာတာ တစ်ပတ်လောက်တော့ရှိပြီး ...အစားများလို့ပူလာတယ် ထင်တာ " "အိမ်ထောင်ရှိလား " "မရှိပါဘူးရှင်း " သည် အခါ ဆရာဝန်မ၏ မေးခွန်းများကို ဗိုက်အောင့််တာသက်သာနေပြီဖြစ်သော နွေးနွေးကိုယ်တိုင် ဖြေလိုက်လေသည်။ "ရည်းစားရော ရှိလား " "မရှိပါဘူး ရှင် " နွေးနွေး၏ အဖြေကို ဆရာဝန်မက စိတ်ကျေနပ်ဟန်မတူဘဲ မျက်မှောင်ကြုတ်လိုက်ပြီးလျှင် သူနာပြု ဆရာမ တစ်ယောက်ကို လှမ်းခေါ်လိုက်လေသည်။ " သူ့ကို ဆီးစစ်တံနဲ့ စစ်ခိုင်းကြည့်လိုက်ပါ " ဆရာဝန်မ၏ စကားကြောင့် နွေးနွေးသည်တစ်ကိုယ်လုံး ထူပူသွားလျက် ရှက်ရွံ့ထိတ်လန့်သွားမိလေသည်။ ================== အပိုင်း ( ၉ ) ဆက်ရန် ဧကြည်ဖြူ

နွေးနွေးသည် ကိုယ့်နာမည် တရားဝင်ပါလာသောကြောင့် အမျိုးသမီးကို လှမ်းကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောလိုက်သည်။ " နွေးကို သူတို့နဲ့ နှိုင်းယှဉ် ပြောတာကို မကြိုက်ပါဘူးရှင် ....နွေးက ထွေးပြီးသားတံတွေး ဆိုရင်တောင် ရွံလွန်းလို့ ပြန်မကြည့်ပါဘူး ....ဘ၀မှာ နွေး နောင်တ အရဆုံးက ...အဲ့လိုလူကို ယူခဲ့မိတာကိုပဲ ... နောက်နောင် သူတို့ အကြောင်း တွေ နွေးကို လာမပြောပါနဲ့နော် " နွေးနွေးသည် ပြောပြီးသည်နှင့် ဆိုင်ထဲမှ ထွက်ခဲ့လေသည်။ ထိုအခါ ဆိုင်၏ မျက်စောင်းထိုး ဆိုင်တွင် ထိုင်နေသော အသားမည်းမည်းပိန်ပိန်နှင့် လူတစ်ယောက်သည် နွေးနွေးကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ပထမသော် နွေးနွေးစိတ်ထဲမှ အမှုမဲ့အမှတ်မဲ့မျက်နှာလွှဲလိုက်မိလေသည်။ပြီးသော အခါမှ ထိုသူသည် မောင်မောင်လတ် ဖြစ်နေမှန်း နွေးနွေး မှတ်မိလိုက်လေသည်။ ဖြစ်နိုင်မည်ဆိုလျှင် နွေးနွေးသည် မောင်မောင်လတ်နှင့်ကျော်ကျော့်ကို ပတ်သက်ခဲ့မိသည့် အတိတ်ကို ဖျက်ဆီးဖျောက်ဖျက်ပစ်လိုက်ချင်လှပါလေသည်။နွေးနွေးသည် တစ်ခုလပ် ဖြစ်ရခြင်းအတွက် မသိမ်ငယ်ပါ။မရှက်ပါ။နွေးနွေးသည် ကိုယ့်ကိုယ်ကို တန်ဖိုးထားသူဖြစ်ပါလေ၏။သို့သော်လည်း တစ်ခါတစ်ရံ၌မူ ချစ်သည်လည်းမဟုတ်ဘဲ သည်လိုလူမျိုးများနှင့် လက်တွဲခဲ့မိသည်ကိုတွေးမိလေသည့်အခါတိုင်း ကိုယ့်ကိုယ်ကို ခွင့်မလွှတ်နိုင်အောင် စိတ်ဆိုးဒေါသထွက်နေမိလေသည်။ ~~~~~~ ဗိုက်ထဲမှ စူးစူးဝါးဝါး ထိုးအောင့်နေသောကြောင့် နွေးနွေး စက်ခုံပေါ်မှ ထလိုက်ပြီးလျှင် ဆေးများ ထည့်ထားသော ဘူးထဲမှ အစာကြေဆေးကို ယူသောက်လိုက်ပြီးနောက် တတ်သလောက် မှတ်သလောက် အိမ်တွင်း ကုထုံးနည်းအတိုင်း သွားတိုက်ဆေးနှင့် အုန်းဆီကို ရောနယ်၍ ဗိုက်မှာ လူးလိုက်သည်။ ဆေးလူးပြီး အတန်ကြာသည်အထိသက်သာလာခြင်းမရှိသောကြောင့် နွေးနွေးစက်ချပ်တာကို ရပ်နားလိုက်ပြီး ဖျားကိုခင်း၍ အိပ်ရာပေါ်လှဲအိပ်လိုက်သည်။သို့သော်လည်း ဗိုက်ထဲမှ စူးအောင့်နေသော ဝေဒနာမှာ ပို၍ ဆိုးဝါးလာသလို ခံစားနေရသောကြောင့် ဆေးခန်းသို့သွားရန် လှဲနေရာမှ ပြန်ထကြည့်လိုက်သည်။ ညာဘက်ခါးစပ်လောက်မှ မခံမရပ်နိုင်အောင်စူးခနဲစူးခနဲထိုးအောင့်လာသောကြောင့် နွေးနွေးပါးပြင်ပေါ်သို့ မျက်ရည်များပါ စီးကျလာည့်အထိ နာကျင်မှုက ဆိုးဝါးလှလေသည်။နွေးနွေးသည် ဖုန်းကို မမီမကမ်းလှမ်းယူလိုက်ပြီး အစ်မဖြစ်သူဆီသို့ ဖုန်းလှမ်းခေါ်လိုက်လေသည်။ ---~~~~~~ "မိနွေး ....ဘာဖြစ်တာလဲ အတော်နာနေတာလား " "ဟုတ် ...ဟုတ်ကဲ့ မမကြီး..မနေ့ကတည်းက ဗိုက်ကြီးကယ်ပြီး နေရခက်နေတာတော့ သိတယ် ....မနက်ကမှ အောင့်သလိုလို ဖြစ်ပြီး အခုတော့ မနေနိုင်တော့အောင် အောင့်လာတယ် " နွေးနွေးသည် အစ်မဖြစ်သူ ရောက်လာသည်နှင့် အားကိုးတကြီး ပြောဆိုလိုက်မိသည်။ " ဒုက္ခပဲ ... နင်က အစားကို မှန်မှန်မှ မစားတာကို မိနွေးရဲ့ ....ဟင် ..ဒါနဲ့ ..နင့် ဗိုက်ကပူနေသလိုပဲ ... ဘာ..ဘာ ..ဖြစ်တာလဲ မိနွေး ... နင်.....နင် ...'' မအေးရိက ညီမဖြစ်သူနွေးနွေး၏ အနည်းငယ် စူထွက်နေသော ဗိုက်ကို ကြည့်၍အလန့်တကြား ပြောလိုက်မိလေသည်။ " မ ...မသိပါဘူး မမကြီးရယ် ...ဒီတစ်ပတ်အတွင်းမှာ ပူလာသလိုပဲ ... ဘာဖြစ်မှန်းလဲ မသိဘူး ... နွေးနွေးကို ဆေးခန်းပို့ပေးပါနော် " နွေးနွေးသည် အစ်မဖြစ်သူ၏ ထိတ်လန့်တုန်လှုပ်နေသော ပုံစံကို သတိမထားမိဘဲ နားကျင်မှုကို မခံနိုင်လွန်းသောကြောင့် ထပ်မံ၍ ပြောလိုက်မိလေသည်။ မအေးရီသည်လည်း ညီမဖြစ်သူ၏ပုံစံကိုကြည့်၍ ထူပူနေမိသလို အတွေးပေါင်းစုံကိုလည်း တွေးနေမိလေသည်။ " နာ ...နာတယ် ...မမကြီး ..နွေးကို ဆေးခန်းလိုက်ပို့ပေးပါနော် ....." " ဪ ... အေး ....အေး ... ခ..ခဏလေး ....ကားသွားခေါ်လိုက်အုံးမယ် ...." မအေးရီသည် နွေးနွေး၏ ငိုသံနှင့် ပြောသောအသံကို ကြားလိုက်ရသော အခါမှ လမ်းထိပ်ရှိ ကားတစ်စီးကို ထွက်ငှားဖို့သတိရလိုက်မိလေသည်။ ~~~~~~ " ကားနဲ့ သွားမှာလား မမကြီး ... ရပ်ကွက်ထဲက ဆေးခန်းမသွားဘူးလား " နွေးနွေးသည် အစ်မဖြစ်သူဖွင့်ပေးသော တံခါးပေါက်မှ ကားထဲသို့ ဝင်ထိုင်လိုက်ပြီးလျှင် နာကျင်နေသည့်ကြားမှ အစ်မဖြစ်သူကို မေးလိုက်မိသည်။ မအေးရီသည် နွေးနွေးကို ဘာမျှ ပြန်မဖြေဘဲ ကားသမားကို ရပ်ကွက်၏ ခပ်ဝေးဝေး ရပ်ကွက်တစ်ခုမှ ဆေးခန်းဆီသို့ မောင်းခိုင်းလိုက်လေသည်။ ~~~~~ "နာမည် " " မနွေးနွေး ပါရှင် " " အသက် " " နှစ်ဆယ့်ရှစ်ပါ " ဆေးခန်းမှ အကူစာရေး၏ အမေးကို မအေးရီ ဖြေနေရသော်လည်း စိတ်ထဲ၌ စိုးရိမ်ပူလောင်၍နေမိလေသည် ။ ~~~~ " အိမ်ထောင် ရှိလား " " မ ...မရှိပါဘူးရှင် ... ဟို ... ဟို ...လွန်ခဲ့တဲ့ နှစ်နှစ်ကျော်တုန်းတုန်းကတော့ အိမ်ထောင်ကျခဲ့ဖူးပါတယ် ဆရာ " ဆရာဝန် အခန်းထဲသို့ ရောက်ရောက်ခြင်းပဲ အမေးခံလိုက်ရသောမေးခွန်းကြောင့် မအေးရီသည် နှလုံးခုန်သံများမြန်ဆန်လာပြီးလျှင် နှုတ်မှ အထစ်ထစ်အငေါ့ငေါ့နှင့် ဖြေလိုက်မိလေသည်။ နွေးနွေးမှာ အစ်မဖြစ်သူ၏ စိတ်ဒုက္ခကို မသိဘဲ လူနာခုတင်ပေါ်သို့ လှဲချလိုက်ပြီး နာကျင်မှုကြောင့် အသံလေးထွက်၍ ညည်းညူနေမိလေသည်။ ဆရာဝန်သည် နွေးနွေးကိုစမ်းသပ်လိုက်ပြီးသည့်နောက်

တစ်ခုလပ် " အပိုင်း (၈) **** ကျော်ကျော်သည် သူ၏ အဖြစ်မှန်များကို ပြောပြီးသည့်နောက်တွင် သုံးလေးရက်တစ်ခါ ဖုန်းဆက်တတ်လေသည်။နွေးနွေးသည် ကျော်ကျော် ဖုန်းဆက်လျှင် တစ်ခါတရံ၌ဖုန်းကိုင်ပြီးလျှင် သူဘ၀ဒုက္ခတွေကို နားအရသာခံ၍နားထောင်မိပါလေသည်။သို့သော်လည်းကျော်ကျော် ဖုန်းဆက်သည့်အခါတိုင်း၌မူ နွေးနွေး ဖုန်းမကိုင်ခဲ့ပါချေ။ဖုန်းကိုင်ချင်စိတ်လည်းမရှိသလို ကျော်ကျော်နှင့် ပတ်သက်လိုခြင်းစိတ်လည်း မရှိသည်မှာ အမှန်ပင်ဖြစ်ပါလေသည်။သို့သော်လည်း ကျော်ကျော်၏ အပြုအမှုနှင့် စကားအသွားအလာကို နားထောင်၍ နွေးနွေး၏ မသိစိတ်အတွင်းမှ မာနနှင့် လက်တုံ့ပြန်ချင်စိတ်များ ဖြစ်ပေါ်ခဲ့မိလေသည်။ကျော်ကျော်၏ အပြုအမူများသည် နွေးနွေးကို အထင်သေးသည့်အပြင် အပိုင်တွက်ထားဟန်ရှိသည်ကို ခန့်မှန်းသိရလေသည်။ ဥပမာ နွေးနွေးချစ်သူရည်းစားမထားသည်မှာ သူ့ကို ချစ်နေသေးသောကြောင့်ဟု ထင်နေပုံရလေသည်။ ထိုမျှမက နွေးနွေးကို မည်မျှ အထင်သေးသည်ဆိုသော် သူ့အိမ်ထောင်ကွဲသွားခဲ့လျှင် နွေးနွေးက သူ့ကို ကျိန်းသေပေါက် ပြန်လည် လက်ခံမည်ဟု ယုံကြည်ထားပုံလည်း ရလေသည်။ " ကျွန်တော် သူ့ကို ငွေပုံမှန်ရှာပေးတယ်ဗျာ ...ဒါကို မလောက်ဘူး ...သူက လူနားကို အမြဲကပ်နေချင်တာလေ ... သူ့နားကိုကပ်နေချင်စိတ်မရှိပါဘူးဗျာ... မကျေနပ်လို့ လမ်းခွဲမယ်ဆိုရင် အဆင်သင့်ပဲ ...အဲ့ဒီအချိန် ကျရင် ကျွန်တော်တို့သားအဖကို လက်ခံပေးနော် ...အားကိုးစရာမနွေးပဲရှိတာ ... " ကျော်ကျော့်ထံမှ ထိုသို့သော စကားမျိုး ကြားရလျှင် နွေးနွေးသည် ကျော်ကျော့်ပါးပြင်ကို စိတ်ရှိလက်ရှိရိုက်ပစ်ချင်စိတ်များ ပေါ်ပေါက်မိလေသည်။ထိုမျှမကသေး ကျော်ကျော်သည် တစ်ခါတစ်ရံ၌ နွေးနွေးတို့ ချစ်သူ့ရည်းစားဘဝက အကြောင်းတွေကို မသိမသာ ထည့်ပြောတတ်လေသည်။ " မှတ်မိသေလား ... ကျွန်တော်တို့ လျှောက်လည်ကြတာလေ ... " စသည်ဖြင့် စကားစခေါ် တတ်ပြန်လေသည်။ ထိုအခါမျိုးတွင် နွေးနွေး၏ စိတ်တွင်းမှ ဒေါသည် မီးဟုန်းဟုန်းတောက်လောင်နေသည်ကဲ့သို့ ခံစားရလေသည်။ သို့ပါလျက် နွေးနွေးသည် ကျော်ကျော် ဖုန်းဆက်လျှင် တစ်ခါတစ်ရံ ဖုန်းကိုင်နေမိခြင်းမှာ နွေးနွေး၏မသိစိတ်မှ ကျော်ကျော့််ကို အနိုင်ယူပြောဆိုခြင်စိတ်များကြောင့်ပင်ဖြစ်လေသည်။ပြီးလျှင် နွေးနွေးကို အထင်သေးနေသော ကျော်ကျော့်ကို လက်တုံ့ပြန်ချင်စိတ်များလည်းဖြစ်ပေါ်နေမိလေသည်။ " အိမ်က ဘာပြောလဲဆိုတော့ ... မနွေးကိုသာယူခဲ့ရင် ကျွန်တော့် အခုလို ဒုက္ခရောက်မှာ မဟုတ်ဘူးတဲ့ " ထိုသို့သော စကားကို သူမို့ပြောရဲပေသည်။နားထောင်နေရသည့် နွေးနွေးမှာ အရှက်ကင်းမဲ့လှသော သူ၏ရင် ၀သို့ ဓါးနှင့်သာ အခါခါထိုးပစ်ချင်စိတ်များ ဖြစ်ပေါ်နေမိလေ၏။ နွေးနွေးသည် ကျော်ကျော့််အကြောင်းကို တွေးမိသည့်အခါတိုင်း တစိမ့်စိမ့် ဒေါသဖြစ်မိလေသည်။ "ကျွန်တော်က ရိုးရိုးသားသားစိတ်နဲ့ ဆက်တာပါ ... ဘာအတွေး မှမပါပါဘူးဗျာ " ကျော်ကျော်သည် ထိုစကားကို တွင်တွင် သုံးလျက် နွေးနွေးထံသို့ ဖုန်းမကြာခဏဆက်လေသည်။ကြာသောအခါနွေးနွေး ဖုန်းပြောချင်စိတ် လုံးဝ မရှိတော့လောက်အောင်ပင်ဖြစ်လာခဲ့လေသည်။ " မင်းဘာသာ ရိုးသား မရိုးသားသား ...အိမ်ထောင်သည် နဲ့ စကားပြောရတာ နွေးသိက္ခာကျတယ် ..ပြီးတော့ တစ်ဖက်က မင်းမိန်းမကိုလဲ ကိုယ်ချင်းစာတယ် .... ဘယ်မိန်းမ မဆို ကိုယ့်ယောကျာ်း အခြားမိန်းမနဲ့ အကြောင်း မရှိ ဖုန်းပြောနေတာကို ကြိုက်မှာ မဟုတ်ဘူး .....ဘာပဲဖြစ်ဖြစ် နွေးတော့ အဲ့အစ်မကို ကျေးဇူးတင်မိတယ် မဟုတ်ရင် အခုလောက်ဆို သူ့အစား နွေးဒုက္ခခံနေရမှာလေ ... အခုမှသေချာသိတာ ကျော်ကျော့်ကို သနားခဲ့မိရုံကလွဲပြီး ချစ်စိတ် မရှိခဲ့တာ သေချာတယ် .." ထိုသို့ ပြောပြီးနောက်ပိုင်းတွင် နွေးနွေးအနေနှင့်ကျော်ကျော့််ထံမှ ဆက်သော ဖုန်းများကို လုံးမမကိုင်ခဲ့ပါချေ။ပြီးလျှင် နွေးနွေးစိတ်ထဲမှ ညီမ၀မ်းကွဲလေးကဲ့သို့ပင် ကျော်ကျော့်၏ ဇနီးအသက်ရှည်ပါစေရန်နှင့် သူတို့နှစ်ဦးသက်ဆုံးတိုင် အိမ်ထောင်ခိုင်မြဲပါစေရန် ဆုတောင်းနေမိလေသည်။ ~~~~~~~ "သူတို့တွေ ရည်းစားဘ၀က ညဘက်တွေချိန်းတွေ့ကြတာ ...အလုပ်ပိတ်ရက်မှာ လျှောက်လည်ကြတာတဲ့လေ ... " ပြောသူသည် နွေးနွေးကို ကြည့်၍ ပြောနေခြင်းဖြစ်သည်။ချုပ်ထည်ပြီး၍ လာပို့ရာ သည်အမျိုးသမီးနှင့် တည်တည့်ဆုံခြင်း ဖြစ်လေသည်။ သူမသည် မောင်မောင်လတ်၏ ဆိုင်နားတွင် အထည်ဆိုင်ဖွင့်ထားသူပင် ဖြစ်လေသည်။နွေးနွေးမကြားကြားအောင် တမင်ပြောနေမှန်း သိသာလှလေသည်။ "အဲ့ဒါ ကိုယ်နဲ့မဆိုင်ပေမဲ့...မခံနိုင်လို့ ပြောပစ်လိုက်တယ် .. အိမ်ထောင်သည်နဲ့ ...လျှောက်လည်တာ ကြွားစရာလားဟဲ့လို့ ပြောပစ်ခဲ့တယ်လေ ...မောင်မောင်လတ်ဆိုတဲ့ ကောင်က မိန်းမရှိတာ နင်မသိဘူးလားလို့ အမြင်ကပ်ကပ်နဲ့ မေးပစ်လိုက်တာ " သူမ၏ မျက်လုံးများသည် နွေးနွေးကို မသိမသိသာလှမ်း၍ ကြည့်နေပြန်လေသည်။ " မောင်မောင်လတ်ဆိုတာလဲ လူမွေးလူရောင် မပြောင်ပါဘူး... ဟိုနေ့က ... ဒီရှေ့က မျက်စောင်းထိုး ဆိုင်မှာ ထိုင်ပြီး နွေးနွေးလာတာကို မြင်တော့ မျက်လုံးကျွတ်ကျမတတ် ကြည့်နေတာလေ ... အဲ့ဒါကို သူ့မယားက ဘယ်လိုသိသွားလဲမသိဘူး ...အခုဆို မောင်မောင်လတ်ကို မျက်စိအောက်က အပျောက်မခံဘူးလေ ... ဆိုင်ချင်း ကပ်နေတော့ အကုန်သိ အကုန်ကြားနေရတယ်လေ "

" အဒေါ်ရယ် .. ကျွန်မ၀မ်းကျွန်မ ကျောင်းနိုင်ရဲ့နဲ့ ဒီလိုအရူးကို ဘာလို့ ယူရမှာလဲ ....အဒေါ်က သားသမီးတွေရှိတော့ အဲ့လိုလူကို သားမက်ကောင်းလို့ မြင်ချင်မြင်မှာပေါ့ ...ကျွန်မလိုမျိုး ဘယ်သူ့အထောက်အပဲ့မှမယူဘဲ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့သူက အဲ့လို အရူးကို မပြောနဲ့ ဟော့ဒီရပ်ကွက်က ယောကျာ်းတွေ အားလုံးကို ဦးနှောက်ထဲကို မထည့်ဘူး အဒေါ် ရေ ... ထဘီနားခိုစားမဲ့သူတွေကို ကျွန်မရူးနေရင်တောင် စဉ်းစားမှာမဟုတ်ဘူးရှင့်် " နွေးနွေးစကားဆုံးသောအခါ အမျိုးသမီးကြီးသည် စိတ်ဆိုးမာန်ဆိုးနှင့် အိမ်ပေါ်မှ ဆင်းသွားလေသည်။ဒါသည် နွေးနွေးဘဝတွင် အခြားသူများအား ချိုးချိုးနှိမ်နှိမ်နှင့် ပထမဦးဆုံး စပြောဖူးခြင်းဖြစ်ပေသည်။နွေးနွေး သိချင်သည်မှာ နွေးနွေးသည် တစ်ခုလပ် ဖြစ်နေသောကြောင့် အခြားသူများကို ထိခိုက်မှုများဖြစ်စေလေသလား စဉ်းစား၍မရပါချေ။သူတို့သည် အကြောင်းမဲ့သက်သက် နွေးနွေးကို ဘာကြောင့်များ နှိမ်ချင် အထင်သေးချင်နေကြပါသနည်း။နွေးနွေးသည် သူတို့၏ ယောက်ျားများနှင့် သားများကို မြူဆွယ်ရန်ဝေးလေစွ အိမ်ထဲကအိမ်ပြင်ပင် သိပ်ထွက်လေ့ မရှိပါပေ။သို့ပါလျက် ပြဿနာသည် ခြေထောက်ပေါက်၍ အိမ်ပေါ်သို့ ရောက်ရောက်လာခဲ့ခြင်းဖြစ်ပါလေသည်။ ~~~~~~ "ဟဲ့ ...မိနွေး ဟိုကောင် မောင်မောင်လတ်က မြေကွက် ဝယ်ထားတဲ့ သီလား ..... သူ့မယားငယ်မက အရှက်မရှိ လူတကာကို လိုက်ကြွားနေတာ " ခပ်ကျယ်ကျယ်ပြောလိုက်သော ပန်းသည် မခင်ရွှေ၏အသံကြောင့် နွေးနွေးမှာ တစ်ကိုယ်လုံးထူပူပြီး ရှက်သွားမိလေသည်။ "ဒီမှာ အစ်မ သူတို့ အကြောင်းကို နွေးက ဘာကိစ္စ သိရမှာလဲ ... နွေးနဲ့မဆိုင်ဘူးလေ .. နောက်တစ်ခါ နွေးကို လာမပြောပါနဲ့ ... လူတွေလဲ ဒီကောင့်အကြောင်းကို တော်တော် စိတ်ဝင်စားနေကြတာ ထင်တယ် ....." နွေးနွေးသည် စိတ်တိုတိုနှင့် ပြောဆို၍ ထွက်ခဲ့လိုက်သည်။ နွေးနွေး၏ စကားကြောင့် ပန်းသည် မခင်ရွှေ၏ မျက်နှာသည် သပြေသီးမှည့်ကဲ့သို့ ညိုပုပ်၍ သွားလေသည်။ပြီးနောက် သူ့ဘေးမှ ဈေးသည်ကို ပွစိပွစိနှင့ပြော၍ ကျန်ခဲ့လေသည်။နွေးနွေး ခပ်တည်တည်နှင့်ပင် ထွက်လာခဲ့လိုက်သည်။မှန်တာပြောရလျှင် နွေးနွေးသည် ယနေ့အချိန်ထိ မောင်မောင်လတ်၏ ဇနီးကို မမြင်ဖူးပါချေ။နွေးနွေးအနေနှင့် မြင်ဖူးရန် အကြောင်းလည်း မရှိဟု ထင်မိသည် ။နွေးနွေး၏ စိတ်သည် အခြားသူများထက်မာန ပိုကြီး၏။ကိုယ့်ကိုယ် စွန့်ပစ်ချင်သူကို ကိုယ်က ဦးအောင် စွန့်ပစ်ချင်သူမျိုး ဖြစ်သည်။ထို့ကြောင့် အစ်မဖြစ်သူ မအေးရီက မောင်မောင်လတ် ကိစ္စနှင့်ပတ်သက်၍ ယတြာများချေခိုင်းစဉ်အခါက " အခြားသူတစ်ယောက်နဲ့ လုယူ ရလောက်အောင် သူက ရွှေထွက်နေလို့လား မမကြီးရယ် ...ပြောရရင် နွေးကြောင့် လူမွေးလူရောင် ပြောင်လာတဲ့သူပါ ... ဘာမှ နှမျောနေစရာမရှိဘူး ... နွေးအရည်အချင်းနဲ့ ကိုယ့်ဘ၀ကို လှလှပပနေနိုင်ပါ တယ် မမကြီး"ဟု ပြောပစ်ခဲ့သည်ပင်။ ~~~~~ အချိန်သည် တရွေ့ရွေ့ကုန်ဆုံးနေခဲ့သောကြောင့် နွေးနွေးရပ်ကွက်ထဲသို့ပြန်ရောက်လာခဲ့သည်မှာ တစ်နှစ်ကျော် နှစ်နှစ်နီးပါး အချိန်သို့ ရောက်လာခဲ့လေသည်။ နွေးနွေးသည် စက်ချုပ်နေရာမှ ဖုန်းသံကြောင့် ဖုန်းကို လှမ်းယူလိုက်လေသည်။ "ဟယ်လို ...." " ဟယ်လို ..." တစ်ဖက်မှ ထူးသံကို မကြားရသဖြင့် နွေးနွေးစိတ်မရှည်စွာ ခပ်ကျယ်ကျယ်ထူးပစ်လိုက်သည်။ " ကျွန်တော်ပါ မနွေး ...ဖုန်းမချလိုက်ပါနဲ့နော် ...မောင်နှမ စိတ်နဲ့ ရိုးရိုးသားသား ဆက်တာ ပါ ..." "ဘယ်က ကျွန်တော်လဲ ..." နွေးနွေးသည် ချုပ်ထည် အရေအတွက်မပြည့်မည်စိုးသောကြောင့် ခပ်ဆတ်ဆတ်လေသံနှင့် ပြန်မေးလိုက်မိသည်။ " ကျော်ကျော်ပါ မနွေး " ===================== အပိုင်း ( ၇ ) ဆက်ရန် ဧကြည်ဖြူ

နွေးနွေးသည် ရပ်ကွက်ထဲသို့ ပြန်၍ ပြောင်းရွေ့ခဲ့လိုက်ပြီး အစ်မဖြစ်သူ၏ အိမ်နားတွင် အခန်းတစ်ခန်းကို ငှါးလိုက်ပြီးလျှင် ဈေးချုပ်ထည်လေးများကို ယူ၍ချုပ်ခဲ့သည်။ ကိုယ့်ရပ်ကိုယ့်ရွာဖြစ်သောကြောင့် နေထိုင်ရေးမှာ လုံခြုံသလို ခံစားခဲ့ရသလို နွေးနွေးစိတ်လည်း အေးချမ်းခဲ့ပါသည်။ရပ်ကွက်ထဲမှ လူများသည်လည်း နွေးနွေးအဖြစ်ကို မေ့လျော့နေကြပြီဖြစ်လေသည်။တစ်ချို့သော လူအနည်းငယ်ကတော့ နွေးနွေးကို မြင်လျှင် အဖြစ်ဟောင်းတွေကို ပြန်အစဖော်ချင်ကြသည်။သူတို့စိတ်ထဲ၌ နွေးနွေးသည် မောင်မောင်လတ်ကြောင့် ရင်တွေ ကွဲကြေကာ အဝေးသို့ ထွက်သွားခဲ့ရသည်။ယခုအခါ အဆက်ဟောင်း ရှိရာသို့ ပြန်လာခဲ့ပြီး ရင်ထဲ၌ ခံစားနေရသည်ဟုထင်နေကြလေသည်။ နွေးနွေး အနေနှင့် လူများ၏ ထိုအထင်ကို ရွံရှာမုန်းတီးမိလေသည်။ တစ်ခါတစ်ရံတွင် "ဟိုကောင်ကလေ နင်နဲ့ကွဲတာက တစ်နှစ်ကျော်နော် ... ကလေးက အခု တစ်နှစ်ပြည့်တော့မယ်လေ .ဘယ်အချိန်ကတည်းက ဖောက်ပြန်နေကြတာလဲမသိဘူး ...နင့်အစား မခံနိုင်လွန်းလို့ ပါတယ် " ဟုပြောသူနှင့် " သူ့မယားငယ်မဆိုတာ ... ပြိတ္တာမကြီးအတိုင်းပါပဲ ဟယ် ...အဲ့ဒီကောင်ရုပ်လည်း ဘာထူးလဲ ကျွန်စုပ်တဲ့သရက်စေ့ကမှ ပြောင်ရောင် အုံးမယ် ... နင်နဲ့မှ အပုံကြီး ကွာတာပါ အေ ... နင်က နည်းနည်းပိန်သွားတာကလွဲပြီး အရင်ထက်တောင် လှလာသေးတယ် ...မိန်းမတွေ အသည်းကွဲရင် ပိုလှလာတယ်ဆိုတာ နင့်ကို ပြောတာဖြစ်မယ် "ဟု၍ ပြော သော သူများကို မောင်မောင်လတ်နှင့် ပြောဆို ပေးစား၍ အော်ဟစ်ဆဲဆို ပစ်လိုက်ချင်သော စိတ်ရိုင်းများပင်ဝင်လာမိလေသည်။လူများသည် နားလည်ရခက်သော သူများဟုပင် ဆိုရလေမည်လား။သူတို့သည် သူတို့၏ ချစ်သူ အိမ်ထောင်ဖက်များ သစ္စာဖောက်နေသည်ကို သိသိနှင့် မသိဟန် ဆောင်နေကြပြီးလျှင် ဘာမဆိုင်ညာမဆိုင် နွေးနွေးကိုတွေ့လျှင် နွေးနွေးဘက်မှ မခံမရပ်နိုင်ဖြစ်ကြသည့် သဘောနင့် သူတို့၏ စိတ်ကို အာသာဖြေကြသည်ဟု နွေးနွေးထင်မိလေသည်။နွေးနွေး၏ အကြောင်းသည် သူတို့အတွက် ပြော၍ မရိုးနိုင်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပါလေသည်။ ~~~~ နွေးနွေးရပ်ကွက်ထဲသို့ ပြန်ရောက်လာခဲ့ပြီးနောက် အပြင်သို့ သိပ်မထွက်ဖြစ်ဘဲ သုံးလေးရက်မှ တစ်ခါဈေးသွားပြီး အိမ်တွင်းအောင်း၍ စက်သာ ချုပ်နေခဲ့လေသည်။ထိုသို့ နွေးနွေး နေထိုင်ခြင်းကို နောက်ကွယ်တွင် အမျိုးမျိုး ပြောဆိုနေကြသူများကိုလည်း နွေးနွေး ဥပေက္ခာပြုထားခဲ့လိုက်ပါလေသည်။ ~~~~ ညနေခြောက်နာရီထိုး၍ စက်ချုပ်နားသောအခါ နွေးနွေး ဖုန်းကိုထုတ်၍ ဖေ့ဘုတ်ကို ကြည်လိုက်မိသည်။ ထိုစဉ်မှာပင် မက်ဆင်ဂျာမှ စာရောက်လာလေသည်။နွေးနွေးသည် မက်ဆင်ဂျာကို ကြည့်လိုက်သော အခါ နေခြည့်ထံမှ ပုံ တစ်ပုံနှင့်အတူ စာတစ်စောင်ပို့ထားသည်ကို တွေ့လိုက်ရလေသည်။နွေးနွေးသည် နေခြည် ပို့ပေးထားသော ပုံကိုကြည့်၍ ခံစားချက်ကင်းမဲ့လှပါလေသည်။ပုံက မင်္ဂလာ ဆောင်ဖိတ်စာပုံဖြစ်ပြီး ကျော်ကျော်၏ မင်္ဂလာဆောင်ဖိတ်စာပင် ဖြစ်ပါလေသည်။ ~~~~~~ "အပျိုကြိုး ... ယောကျာ်းမယူသေးဘူးလား " စကားသံသည် အကြောင်းမသိသူများအဖို့ ရိုးရိုးတန်းတန်းစနောက် မေးခြင်းဟု ထင်စရာဖြစ်သော်လည်း အကြောင်း သိများဖို့မူ လှောင်ပြောင်သော သဘော သက်ရောက်နေလေသည်။နွေးနွေး မေးသူကို ဘာစကားမှခွန်းတုံ့ မပြန်တော့ဘဲ ထွက်ခဲ့လိုက်သည်။သေချာသည်မှာ နောက်ရက်များတွင် ဆန်ဝယ်ဖို့ရာ ဆိုင်သစ်ကို နွေးနွေး ရှာရအုံးမည်ဖြစ်လေသည်။နွေးနွေးစိတ်၌ လုံခြုံသည်ဟု ထင်ခဲ့မိသော အရပ်သည် နွေးနွေးကို သိမ်ငယ်စေ လှပါသည်။လူတို့၏ အပြောများနှင့် အကြည့်များ ရပ်တန့်သွားရန်မှာ နွေးနွေးမှာ လုပ်ဆောင်စရာ တစ်ခုသာရှိတော့လေသည် အလား ဖြစ်လာခဲ့ပြန်သည်။ ထိုအရာမှာ နွေးနွေးအိမ်ထောင်ပြုရန်သာ ဖြစ်ပါလေသည်။ နွေးနွေး အနေနှင့် အိမ်ထောင်ပြုချင်စိတ် မရှိလေသောအခါ နွေးနွေး၏စိတ်သည် နွေးနွေးကိုယ်တိုင် မသိလိုက်ခင်မှာပင် စိတ်ရိုင်းစိတ်ညစ်များ ဝင်ရောက်လာခဲ့လေသည်။ ~~~ --- " ညည်းက ဘာနာစရာရှိလို့လဲအေ... ဟိုက အသက်ငါးဆယ်ကျော် ဆိုပေမဲ့ လူပျိုကြီးလေ ... သူ့အစ်မတွေကလဲ သူ့မောင်လူပျိုကြီးကို ယူရင် အိမ် နဲ့ ခြံ လက်ဖွဲ့မှာတံ့ " ထိုစကားကို ပြောလာသူမှာ ရပ်ကွက်ထဲမှ နွေးနွေးကို စိတ်ဝင်စားနေဟန်ပြနေသော လူတစ်ယောက်၏ မိခင်မှ ပြောလာခြင်းဖြစ်ပေသည်။ထိုးစကားကိုကြားကြားခြင်း၌ နွေးနွေးသည် အသားတွေ တဆတ်ဆတ်တုန်အောင် ဒေါသထွက်မိလေသည် ။စိတ်ရှိတိုင်းသာ ဆိုလျှင် ထိုမိန်းမကြီးကို ရိုက်နှက် ထုတ်ပစ်လိုက်ချင်ပေသည်။ထိုအမျိုးသမီးကြီးပြောသော လူပျိုကြီးဆိုသည်မှာ အရက်သမားဖြစ်သည့်အပြင် စိတ်ကလည်း မူမမှန်သူဖြစ်ပါလေသည်။ထိုသို့ သိသိနှင့်လာပြောရခြင်းမှာ သူ၏ သားနှင့် နွေးနွေး ငြိစွန်းသွားမည်ကို စိုးရိမ်နေသောကြောင့်ပင် ဖြစ်လိမ့်မည်ထင်ပါသည်။ နွေးနွေးစိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်၍ ဒေါသကို ဖြေချလိုက်မိသည်။

ဧကြည်ဖြူ " တစ်ခုလပ် " အပိုင်း ( ၆ ) ***** နွေးနွေးသည် ကျော်ကျော့်် စကားကြောင့် ရုတ်တရက်ကြောင်အ၍သွားမိသည်။ " မနွေး စိတ်မကောင်းဖြစ်မှာစိုးလို့ ပြောမထွက်ခဲ့တာ ...အိမ်က မနွေးနဲ့ သဘောမတူနိုင်ဘူးတဲ့ ....ကျွန်တော် အမျိုးမျိုးပြောကြည့်ပေမဲ့ လက်မခံကြဘူး ...." နွေးနွေးသည် ကျော်ကျော်၏စကားကြောင့် အံကိုတင်းတင်းကြိတ်၍ ပြန်မေးလိုက်မိသည်။ "ဘာဖြစ်လို့ သဘောမတူတာလဲ " " ဟို ....အိမ်ထောင်ကျခဲ့ဖူးလို့တဲ့ ....အပျိုဆို ဘယ်လောက် ဆင်းရဲပါစေ လက်ခံပေးနိုင်တယ်တဲ့ " ကျော်ကျော်သည် နွေးနွေး၏မျက်နှာကို မဝံ့မရဲကြည့်၍ပြန်ဖြေလိုက်သည်။ ကျော်ကျော်၏ အဖြေစကားကြောင့် နွေးနွေးသည် အံကိုကြိတ်လျက် ကျော်ကျော်မျက်နှာကို ကြည့်၍ အသံခပ်မာမာနှင့်ပြောလိုက်သည်။ " ဪ ... တစ်ခုလပ်မို့ သဘောမတူဘူးတဲ့လား ... ငါက မင်းကို အပျိုလို့ မပြောခဲ့ဖူးဘူးနော် ...မင်းကိုလည်း မမြူဆွယ်ခဲ့သလို မင်းဆီက ကပ်ရပ် စားခဲ့တာလဲ မရှိဘူး ... မင်းတို့မိသားစုရဲ့ စိတ်ကို ခုလို စောစောစီးစီးသိရလို့ ကျေးဇူးတင်ပါတယ် ... မင်းသိထားဖို့က တစ်ခုလပ်ဆိုတာ အကျင့် ပျက်နေတဲ့သူတွေမဟုတ်ဘူး.... အိမ်ထောင်ဖက်နဲ့ စိတ်သဘောချင်း မတိုက်ဆိုင်လို လောကကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ သတ္တိရှိရှိဆုံးဖြတ်လိုက်တဲ့သူတွေပဲ ...မင်းတို့လို့ စိတ်ထားညံ့တဲ့သူတွေကြောင့် မသိရင်ပဲ တစ်ခုလပ်တွေက အကျင့်ပျက်တွေလိုလို အထင်သေးခံနေရတာပဲ ...မင်းကို ဆုတောင်းပေးလိုက်ပါတယ် အပျိုစစ်စစ်နဲ့ပဲ ဆုံပါစေလို့ " နွေးနွေး လေသံခပ်မာမာနှင့်ပြော၍ ထွက်ခဲ့သည်။ ကျော်ကျော့်ကို ရန်လည်း မတွေ့ဖြစ်သလို လမ်းခွဲခြင်းမှာ မျက်ရည်ကျစရာလည်း မရှိခဲ့ပါ။ တစ်ခုပဲရှိသည် မိမိကို အထင်သေးခဲ့သော ယောကျာ်းတစ်ယောက်ကို မေတ္တာသက်ဝင်ယုံကြည်ခဲ့မိသည့်အတွက် နောင်တရမိသည်။ယောကျာ်းတစ်ယောက် အကျင့်မကောင်းတိုင်း ဝါးလုံးရှည်နှင့် သိမ်းမရမ်းချင်သောကြောင့် ကျော်ကျော့််ကို ယုံကြည်ခဲ့မိသည်။ သို့သော်လည်း ကျော်ကျော်သည်လည်း သည်ပုတ်ထဲမှ သည်ပဲ သာဖြစ်ခဲ့သည်။ ~~~~~~~ "မနွေး အလုပ်ထွက်မို့လား " နေခြည့် အမေးကို နွေးနွေးက ခေါင်းငြိမ့်ပြ၍ အဖြေပြန်ပေးလိုက်သည်။ "ဘာလို့ ထွက်မှာလဲ မနွေးရယ် ...သူကြင်မှ ကိုယ်ကြင်ပေါ့ ... ကိုယ်အလုပ်ကိုယ်လုပ်နေတာပဲ ...သူ့ကို ဘာဂရုစိုက်စရာလိုလဲ ... သူလို ကောင် အတွက် ဘာမှ ခံစားမနေနဲ့ " "မဟုတ်ဘူး နေခြည် အစကတည်းက အလုပ်ထွက်ဖို့ နွေးက ပြင်ဆင်ထားပြီးသား ....နွေးကကိုယ်ပိုင်အလုပ်လေးပဲ လုပ်ချင်တာလေ .. အလုပ်ထွက်တာ သူနဲ့မဆိုင်ပါဘူး " နွေးနွေးက ငြင်းလိုက်သော်လည်း နေခြည်သည် နွေးနွေးကို သနားသည့်ဟန် မျက်ဝန်းများဖြင့် ကြည့်နေသည်ကို နွေးနွေး တွေ့လိုက်ရသည်။ ထိုအခါ ရပ်ကွက်ထဲမှ လူများ နွေးနွေးကို ကြည့်သော အကြည့်ကို သတိရလိုက်မိလေသည်။အမှန်ဆိုရလျှင် ချစ်သူ၏ သစ္စာဖောက်ခြင်းထက် ထိုသို့ အကြည့်များကို နွေးနွေးပို၍ကြောက်မိလေသည်။ သူတို့၏ အကြည့်များသည် နွေးနွေးအား " ညံ့ဖျင်းတဲ့ မိန်းမ .. ယောကျာ်းတစ်ယောက်အတွက် ကျရှုံးနေတဲ့မိန်းမ "ဟု ပြောင်လှောင်ပြောဆိုနေသလို ခံစားရစေသည်။နွေးနွေးသည် ထိုသို့အကြည့်များကို ကြောက်ရွံ့စက်ဆုပ်မိသောကြောင့် ထိုအရပ်မှ ထွက်ပြေးခဲ့သည်။ယခုလည်း ထိုဒုက္ခကို နွေးနွေး ရင်ဆိုင်ရပေအုံးမည်။ သည့်အတွက် နွေးနွေး မည်သူ့ကိုမျှ အပြစ်မတင်ချင်ပါလေ နွေးနွေး၏ သနားကြင်နာတတ်သော နှလုံးသားကိုသာ အပြစ်တင်ရပေလိမ့်မည် ထင်ပါသည် ။ ~~~~~~~ နွေးနွေးနှင့် ကျော်ကျော် လမ်းခွဲလိုက်သည့် အချိန်မှ စ၍ နွေးနွေးသည် ဖုန်းထဲမှ ကျော်ကျော်နှင့် ပတ်သက်သမျှကို ဖျက်ပစ်လိုက်သလို ကျော်ကျော် ဖုန်းနံပတ်ကိုလည်း ဆက်လို့မရအောင် လုပ်ထားလိုက်သည်။ ရှေ့လျှောက် နွေးနွေးအေးအေးချမ်းချမ်းပဲနေချင်ပါသည်။ပူပင်သောကတွေကို နွေးနွေးမလိုချင်တော့ပါလေ။ ~~~~~~~ "မနွေးရေ ပြောစရာရှိတယ် ... မနွေး စိတ်ခိုင်ခိုင်ထားနော် " နေခြည့်် စကားကြောင့် နွေးနွေးရင်ထဲမှာ ထိတ်ခနဲပူပင်သွားမိသည်။ "ဘာ ...ဘာကိုလဲ နေခြည် " " ဟိုကောင် ကျော်ကျော်လေ ... ဘောစိမတစ်ယောက်နဲ့တွဲနေတာတဲ့ မနွေးရဲ့ .... သူ့ထက် အသက်နှစ်ဆယ်လောက်ကြီးတယ်တဲ့ အပျိုကြီးတဲ့လေ ... သူ့အတွက် လက်တော့တွေဖုန်းတွေ ဝယ်ပို့လိုက်တယ်တဲ့ ...ပြီးတော့ ကားပါ၀ယ်ပေးမတဲ့လေ ... အရှက်မရှိ လိုက်ကြွားနေတာလေ ... ကိုယ့်အမေအရွယ်ကြီးနဲ့များ သူမို့မရှက်တယ် " နေခြည့် စကားကို နွေးနွေး ဘာမျှ ပြန်မပြောမိပါချေ။နှုတ်ခမ်းလေးမဲ့၍ ပြုံးလိုက်မိပြီး ရင်ထဲမှ နာကျည်းနာကျင်မှုများကို မျိချပစ်လိုက်သည်။သည်လိုလူမျိုးအတွက် နွေးနွေးခံစားနေစရာမလိုပါလေ။ခလုတ်တိုက်မီလျှင်တောင် အသားနာတတ်သည်မို့ နွေးနွေး၏ နှလုံးသားသည်လည်း နာကျင်ခဲ့ရပါသည်။သည့် ထက် ပို၍ ရွံရှာမုန်းတီးစိတ်များလည်း ဖြစ်ပေါ်မိပါလေသည်။သို့သော်လည်း သူလိုလူမျိုးနှင့် စောစီးစွာ လမ်းခွဲလိုက်ရခြင်းအတွက်လည်း ဝမ်းမြောက်ရပြန်လေသည်။ ~~~~~~~

နွေးနွေး အဆောင်ထဲမှ ထွက်လိုက်သည်နှင့် အဆောင် ရှေ့ရှိ ဗာဒံပင်အောက်တွင်ရပ်နေသော ကျော်ကျော့်ကိုတွေ့လိုက်ရသည်။နွေးနွေးသည် ကျော်ကျော့်ကို ကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ ကျော်ကျော်သည် နွေး နွေးကို မြင်သည်နှင့် အပြုံးနှင့်ဆီးကြို လိုက်သလို နွေးနွေး၏ လက်ထဲမှ ထမင်းချိုင်းခြင်းကို လှမ်း၍ဆွဲယူလေသည်။ နွေးနွေးမှာ ငြင်းဆန်ရန် လုပ်လိုက်သော်လည်း ကျော်ကျော်က ခြင်းကို ဆွဲယူပြီးသည်နှင့် ခြေလှမ်းကျဲများဖြင့် ရှေ့မှ ထွက်သွားသောကြောင့် နွေးနွေးမှာမှီအောင် မနည်းလိုက်ရလေသည်။ ~~~~~~~ "တက်လေ မနွေး " နွေးနွေးသည် အရောင်း ကားပေါ်သို့တက်ရန်ပြင်လိုက်ပြီးမှ ကားခေါင်းခန်းတွင် ကျော်ကျော့်ကို တွေ့လိုက်ရသောကြောင့် စိတ်ထဲတွင် ထိတ်ခနဲ လှုပ်ရှားသွားမိသလို စိတ်လည်း ရှုပ်သွားမိလေသည်။ "ဦးလှဦးက ဘယ်သွားလို့လဲ " နွေးနွေးသည် ယခင်မောင်းနေကျ ကားဆရာကို မေးလိုက်မိသည်။ "ဦးလှဦးက နယ်ဘက်သွားလို့ မနွေးရံ့ ...ဒီကားကို ကျွန်တော်ပဲမောင်းတော့မှာလေ .. စိတ်ချပါ မနွေးရယ် ကျွန်တော်လည်း ကားမောင်း ကျွမ်းပါတယ် " နွေးနွေးသည် စိတ်ညစ်စိတ်ရှုပ်ထွေးစွာပင် ကားထဲဝင်ထိုင်လိုက်ရသည်။ ပစ္စည်း အတင်အချ အတွက် အကူပါလာသော ကောင်မလေးက မူးတတ်သည်ဟု ဆိုကာ ဘေးမှာ အမြဲထိုင်သော ကြောင့် နွေးနွေးမှာ အလယ်မှာအမြဲပင် ထိုင်ခဲ့ရသည်။ ယခင် ကားဆရာဦးလှဦးနှင့် သွားစဉ်က ထိုကိစ္စက ပြဿနာ မဟုတ်သော်လည်း ယခုအခါတွင် ကျော်ကျော့််ကြောင့် နွေးနွေးမှာ အနေရအထိုင်ရ ကြပ်နေလေသည်။ကျော်ကျော်သည် အသက်နှစ်ဆယ့် တစ်နှစ်ဟု ဆိုသော်လည်း လူကောင်ထွားလှသောကြောင့် ပိန်ပိန်သွယ်သွယ်နွေးနွေး နှင့်ယှဉ်လျှင် သက်တူရွယ်တူကဲ့သို့ ဖြစ်နေလေသည်။ ဆံပင်ရှည်ရှည်ကို ခပ်မြင့်မြင့်စည်းထားပြီးလျှင် အလုပ်ဝတ်စုံဖြစ်သော အနက်ရောင် ခပ်ပွပွ ဘောင်းဘီနှင့် အပြာရောင်စပို့ရှပ်ကို ဝတ်ဆင်ထားသော်လည်း ကျော့ရှင်းလှပနေသော နွေးနွေး၏အလှကို ကျော်ကျော် တစ်ယောက် သတိလက်လွတ် ငေးမောကြည့်နေမိသည်။ အသက်နှစ်ဆယ့်ခြောက်နှစ်ဟုဆိုသောလည်း နှစ်ဆယ်ကျော်စလေးလို နုပျိုလှပနေသော နွေးနွေး၏ အလှကြောင့် ကျော်ကျော်သည် ရင်ခုန်သံတွေ မြန်လျက်ရှိလေသည်။ ~~~~~~~ "ကျွန်တော့် ဘာတွေ ပြုပြင်ရမလဲ ပြောပါ .... မနွေး စိတ်တိုင်း ကျနေပေးပါ့မယ် ...တကယ်ပြောတာပါ ..." ကျော်ကျော်သည် နွေးနွေးကို မျက်နှာငယ်လေးနှင့် ပြောလိုက်သည်။ " ကျော်ကျော်က ဘာမှပြုပြင်စရာမလိုပါဘူး .....နွေးအကြောင်းကို ကျော်ကျော် ဘာသိလို့လဲ ... ကျော်ကျော်နဲ့ သင့်တော်တဲ့သူကိုသာရှာပါ " " ဘယ်သူ့ကိုမှ မရှာဘူး...မနွေး ကျွန်တော်ကို ပြန်ချစ်မယ့်နေ့ကိုပဲ စောင့်နေမှာ " " မဖြစ်နိုင်တာတွေ မပြောစမ်းပါနဲ့ ကျော်ကျော်ရယ် ... နွေး အဲ့ဒါတွေကို စိတ်မဝင်စားဘူး " နွေးနွေးအပြတ်ငြင်းလိုက်ပါသည်။ပြီးလျှင် အရောင်းထွက်သော အခါ၌လည်း ခပ်တည်တည်ပင် နေလိုက်သည်။အကြောင်း မရှိဘဲ စကားမပြောဖြစ်တော့ပေ။အလုပ်ပြန်ချိန်နှင့် အလုပ် လာချိန်များတွင်လည်း ကျော်ကျော်နှင့်မတိုးမိအောင် ရှောင်ကွင်း ၍သွားမိသည်။ ~~~~~~ "ကျော်ကျော် နေမကောင်းဖြစ်နေတယ်တဲ့ ...မနွေး သိလား " ကျော်ကျော်နှင့် ခင်မင်ရင်းနှီးပုံရသော အလုပ်ထဲမှ ကောင်လေး၏ စကားကြောင့် နွေးနွေး ခေါင်းကိုခါယမ်းပြ၍ ပြန်ဖြေလိုက်သည်။ "မသိဘူးလေ ... မနေ့က အလုပ်မလာတာတော့ သိတယ် " "ဟုတ်တယ် ... ကျွန်တော့်ဆီကို ဖုန်းဆက်တယ် ... ဒီကောင်ကြီး အခြေအနေက မလွယ်ဘူး ... မနွေး သူ့ကို ပစ်မထားပါနဲ့နော် " =================== အပိုင်း ( ၅ ) ဆက်ရန် ဧကြည်ဖြူ နေမကောင်း ဖြစ်နေလို့ စာမူလေးတိုသွားတာကို သည်းခံပေးကြပါရှင်🙏