fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
" ဟင့်အင်း မပြောချင်ဘူး....ဘာမှလာမပြောနဲ့ရှင်နဲ့ဘာမှပြောစရာမရှိဘူး " ငိုချင်စိတ်ကိုအနိုင်နိုင်ထိန်းရင်း မြရွက်ဝါအံကိုကြိတ်ကာပြောလိုက်တယ်။ပြီးတော့ သားလေးကိုတင်းတင်းပွေ့ဖက်ကာ အိမ်ထဲဝင်ပြေးဖို့ပြင်လိုက်တယ်။ ဟန်လင်းသန့်က မြရွက်ဝါရဲ့ရှေ့ကပိတ်ရပ်လိုက်ပြီး " နေ..နေပါအုံးမြရွက်ရယ်...ခဏလေးပါ ...ကိုယ့်ကိုခဏလောက်ပဲ စကားပြောခွင့်ပေးပါ...ကိုယ်တောင်းပန်ပါတယ်ကွာ " မြရွက်ဝါရဲ့ရှေ့မှာဟန်လင်းသန့်ပိတ်ရပ်ပြီးတောင်းပန်နေချိန်မှာပဲ ဒေါ်ခင်မေရီကအိမ်ထဲကထွက်လာခဲ့ပြီးလှမ်းမေးလိုက်တယ်။ " သမီးရေ ..ဘယ်သူလဲ..ဧည့်သည်ရောက်နေတာလား " ဒေါ်ခင်မေရီမှာမြရွက်ဝါကိုလှမ်းမေးလိုက်ရင်း ဆိုင်ရှေ့ကိုထွက်လာခဲ့ရာ ဟန်လင်းသန့်ကိုတွေ့မြင်လိုက်ရတာကြောင့် နေရာမှာတင်ကြောင်ငေးကာရပ်တန့်သွားရတယ်။ ဟန်လင်းသန့်မှာ ဆိုင်တွင်းကထွက်လာတဲ့မိခင်ဖြစ်သူကို မျက်လုံးအကြောင်သားနဲ့ကြည့်နေမိတယ်။ ဒီအခြေအနေမှာ မြရွက်ဝါသားလေးကိုချီပြီး အိမ်ထဲကိုပြေးဝင်လာခဲ့လိုက်တယ်။ ~~~~~~~~~~~~~~ မြရွက်ဝါအိမ်ထဲကိုရောက်တော့ အခန်းထဲဝင်ပြီးအခန်းတံခါးပိတ်ကာ ငိုချလိုက်မိတယ်။မအေငိုတာမြင်တော့ သားလေးကလဲ ငိုမဲ့မဲ့မျက်နှာလေးနဲ့သူမကိုယ်ပေါ်ကိုအတင်းကုပ်တက်ပြီးအတင်းဖက်တွယ်ထားတယ်။ ~~~~~~~~~~~~~~ " ဒီ...ဒီလိုဆိုရင်...ကလးက ကျွန်..ကျွန်တော့်သားလေးပေါ့ " မိခင်ကြီးပြောသမျှကိုနားထောင်ပြီး ဟန်လင်းသန့်ရဲ့ရင်အစုံက လှိုက်ဖို့တုန်ခါကာတုန်တုန်ယင်ယင်နဲ့မေးလိုက်မိတယ်။မေးလိုက်ရင်းက ယောက်ျားတန်မဲ့ ပါးပြင်ပေါ်ကိုမျက်ရည်တွေတပေါက်ပေါက်စီးကျလာခဲ့မိတယ်။ " ကျွန်တော်...ကျွန်တော်သစ္စာဖောက်ခဲ့တာမဟုတ်ပါဘူး....ခရီးကပြန်ရောက်တာနဲ့မြရွက်ကိုတွေ့ဖို့အိမ်ပြန်လာချိန်မှာ ...မြရွက်ကိုတခြားယောက်ျားတစ်ယောက်နဲ့တွေ့လိုက်ရတော့ ...စိတ်ထဲမှာချောက်ချားတုန်လှုပ်သွားခဲ့မိသလိုဒေါသလဲအရမ်းထွက်ခဲ့မိတယ်...သေချာတာက အဲ့ဒီအချိန်မှာ...သူတို့နားကိုကျွန်တော်ရောက်သွားခဲ့မိရင် ...စိတ်မထိန်းနိုင်ဘဲတစ်ခုခုလုပ်မိနိုင်တယ်...ဒါကြောင့်လဲ အဲ့ဒီနေရာကနေထွက်သွားတာနဲ့ ....အားလုံးကိုအဆက်အသွယ်ဖြတ်ပြီး အလုပ်တွေကိုမန်နေဂျာလက်ထဲအပ်ခဲ့ပြီးပြည်ပကိုထွက်သွားခဲ့မိတယ်...ကျွန်တော်ပြည်ပမှာစိတ်ကျန်းမာရေးဆရာဝန်နဲ့ဆွေးနွေးကုသခဲ့ရတယ်....အဲ့ဒီအချိန်အတောအတွင်းမှာ အလုပ်တွေအဆင်ပြေချောမွေ့အောင် ...သူဌေးမနဲ့ တိုင်ပင်ပြီး ပျော်ရွှင်နေတဲ့ပုံတွေဖန်တီးပြီးတင်ခဲ့ရတယ် ...ကျွန်တော်ဘယ်မိန်းမနဲ့မှလဲမရှုပ်ခဲ့ပါဘူး " ဒေါ်ခင်မေရီမှာ သားဖြစ်သူကိုကြည့်ကာစိတ်မကောင်းဖြစ်ရသလိုသနားလဲသနားမိသွားတယ်။သူမပးခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် သားဖြစ်သူခမျာ ချစ်သူအပေါ်ကိုလဲမယုံကြည်နိုင်သလို သူ့ကိုယ်သူပါနှိပ်စက်ပြီးနေထိုင်ခဲ့တဲ့အဖြစ်က ဒေါ်ခင်မေရီအတွက်တော့ နားထောင်နေရင်းနဲ့ရင်တွေနာနေရပါပြီ။ " သမီးလေးမြရွက်က သားကိုသိပ်ချစ်ပါတယ်ကွယ်...သားကိုချစ်လို့လဲ သားရဲ့ကလေးကိုသတ္တိရှိရှိနဲ့မွေးခဲ့တာပေါ့...သမီးဘက်ကဘယ်လောက်ပဲစိတ်ဆိုးနေပါစေ သားဘက်ကအလျှော့ပေးပါ...သူစိတ်ဆိုးပြေတဲ့အထိကြိုးစားပါ....သားကိုသူချစ်နေတာမို့ခွင့်လွှတ်နားလည်ပေးလာပါလာလိမ့်မယ်...သားနဲ့မြေးလေတို့သားအမိပြေလည်သွားပြီဆိုရင် အမေထွက်သွားပါတော့မယ် " မိခင်ကြီးရဲ့စကားကြောင့် ဟန်လင်းသန့်ရင်ထဲလှိုက်ခနဲဝမ်းနည်းသွားမိပြီး မိခင်ကြီးကို အလန့်တကြားမော့ကြည့်လိုက်မိတယ်။သူစကားတွေပြောနေပေမဲ့မိခင်ကြီးကို သူ့စိတ်ကလက်ခံလာနိုင်ပါပြီဆိုတဲ့စကားတွေကို လုံးဝကိုမပြောခဲ့ရသေးဘူးလေ။ " မြရွက်နဲ့သားလေးကို ကျွန်တော့်ကိုယ်စားစောင့်ရှောက်ပေးထားလို့ကျေးဇူးတင်ပါတယ် အ...အမေ " ဟန်လင်းသန့်နှုတ်ကနေ အမေလို့အားယူပြီးခေါ်လိုက်တော့ ဒေါ်ခင်မေရီမှာ မျက်ရည်တွေတားဆီးလို့မရနိုင်အောင် ပါးပြင်ပေါ်ကိုကျဆင်းလာခဲ့တော့တယ်။ " ကျွန်တော့်ကိုနားလည်ပေးပါ အမေ....ကျွန်တော်တို့နဲ့အတူနေပါ...မြရွက်ခွင့်လွှတ်ပေးလာတဲ့အထိ ကျွန်တော်ကြိုးစားမှာပါ....အမေလဲဘယ်ကိုမှထွက်မသွားပါနဲ့နော် ...ကျွန်တော်အမေ့ကိုခွင့်လွှတ်နိုင်ပါပြီ " " ကျေး...ကျေးဇူးတင်ပါတယ်သားရယ်...အမေကျေးဇူးတင်ပါတယ်နော် " ကျေးဇူးတင်စကားအထပ်ထပ်ပြောရင်း ငိုနေတဲ့မိခင်ကြီးကို ဟန်လင်းသန့်လက်အုပ်ချီကာကန်တော့လိုက်မိတယ်။ ~~~~~~~~~~~~~ " မြရွက် ကိုယ်တောင်းပန်ပါတယ်ကွာ...မြရွက်ကိုကိုယ်တကယ်ချစ်တာပါ...မြရွက်နဲ့ချစ်သူတွေဖြစ်သွားပြီးကတည်းက ဘယ်မိန်းမနဲ့မှလဲမပတ်သက်တော့ပါဘူး...ကိုယ်သစ္စာဆိုရဲပါတယ်...ကိုယ့်ကိုခွင့်လွှတ်ပေးပါကွာ...တံခါးဖွင့်ပေးပါမြရွက်ရယ် " အခန်းအပြင်ကနေတတွတ်တွတ်တောင်းပန်နေတဲ့သူ့အသံကိုနားထောင်ပြီး မြရွက်ဝါရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေအဆက်မပြတ်စီးကျနေမိတယ်။တံခါးကိုဖွင့်ပြီး သူ့ရင်ခွင်ထဲကိုပြေးဝင်ကာအားပါးတရငိုကြွေးလိုက်ချင်စိတ်ကိုလဲ မနည်းကိုထိန်းထားရတယ်။

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၃၃) akyiphyu ******** မြရွက်ဝါဆိုင်ရှေ့ထွက်လာချိန်မှာ မြင်လိုက်ရတာက ဒေါ်ခင်မေရီရှေ့က ကွပ်ပျစ်ပေါ်မှာ တည်ငြိမ်ရင့်ကျက်တဲ့ သွင်ပြင်နဲ့ထိုင်နေတဲ့ သီလရှင်ဆရာလေးတစ်ပါးကို တွေ့လိုက်ရတယ်။သီလရှင်ဆရာလေးကို ကြည့်ပြီး မြရွက်ဝါရင်တွေတဒိန်းဒိန်း ဆောင့်ခုန်လာပြီး လူကခွေယိုင်လဲမလိုဖြစ်သွားရတယ်။ "မ ... မညို " မြရွက်ဝါအံ့သြတုန်လှုပ်ကာ ခေါ်လိုက်မိရင်း သားလေးကို သူ့အဘွားလက်ထဲကမ်းပေးလိုက်ပြီး အစ်မဖြစ်သူနားကို ပြေးသွားလိုက်မိတယ်။ '' မ..မညို ... မညို " မြရွက်ဝါနှုတ်က မနားတမ်းခေါ်လိုက်မိရင်း ငိုချလိုက်မိတယ်။ "ဒကာမလေးမြရွက်နေကောင်းတယ်နော် ... အို ...မငိုပါနဲ့ ဒကာမလေးရယ် ... အခုလို ကျန်းကျန်းမာမာနဲ့ ပြန်တွေ့ကြရတာဝမ်းသာစရာပါကွယ် ... " မငိုပါနဲ့လို့ပြောကာမှ မြရွက်ဝါပိုငိုချင်လာမိပြီး အစ်မဖြစ်သူရဲ့ပေါင်းပေါ်မှာ မျက်နှာအပ်ပြီးငိုလိုက်မိတယ်။ ~~~~~~ " ဒကာမလေးတောင် ကလေးရနေပြီဆိုတော့ ...အားလုံးက အတိတ်ကကိုယ်တိုင်လုပ်ခဲ့တာတွေပဲပေါ့....ရေစက်ပါရင်ဆုံကြရပြီး ...ရေစက်ကုန်ရင်ခွဲခွါကြရမှာပါပဲ...ကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ချမ်းသာပျော်ရွှင်အောင်နေပါ ဒကာမလေး ... ဆရာလေးမှာသာသနာ့တာဝန်တွေရှိသေးလို့ ခရီးဆက်ခွင့်ပြုပါအုံး ဒကာမလေး.... နောင် ..ဒီဘက်ကိုရောက်ရင်လဲ ဝင်ခဲ့ပါမယ်ကွယ် ...ဆရာလေးကို ခွင့်ပြုကြပါအုံး " တားမရသလို မတားသင့်မတားအပ်တော့တဲ့ သီလရှင်ဆရာလေးကို မြရွက်ဝါထိုင်ကန်တော့လိုက်တယ်။အစ်မဖြစ်သူကို ပြန်တွေ့လိုက်ရတော့ ရင်ထဲမှာဝမ်းနည်းနာကျင်နေမိသလို တစ်ဖက်ကလဲအစ်မဖြစ်သူအတွက်လဲ စိတ်အေးသွားခဲ့ရတယ်။ ~~~~~ ဟန်လင်းသန့်ကားကို တစ်နေရာမှာရပ်ခဲ့ပြီး လမ်းဆင်းလျှောက်ခဲ့လိုက်တယ်။လူက စိတ်တွေလှုပ်ရှားလွန်းလို့ ခြေလှမ်းတွေတောင် မှန်မှန်မလျှောက်နိုင်ဘဲ ယိမ်းယိုင်နေခဲ့တယ်။ရန်ကုန်နဲ့မန္တလေးဆိုတာ သိပ်အဝေးကြီးမဟုတ်ပေးမဲ့ ဒီနေရာထိကို ပြောင်းရွေ့လာခဲ့လိမ့်မယ်လို့ ဘယ်လိုမှကိုမထင်ထားခဲ့တာ။ ဒါကြောင့်လဲ ဟန်လင်းသန့်ပြန်ရောက်လာပြီး ကတည်းက ကိုယ်တိုင်ကိုယ်ကျရန်ကုန်တစ်မြို့လုံးက ရပ်ကွက်တွေမှာပဲလိုက်ရှာနေခဲ့မိတာ။ အခုတော့ ပြန်ရောက်ပြီး နှစ်လကျော်ကြာမှ ရှာဖွေရေးအဖွဲ့က ရှာတွေ့ခဲ့တာ။လူအတိအကျဟုတ်မဟုတ်ကိုတော့ ဟန်လင်းသန့်ကိုယ်တိုင်လာကြည့်ဖို့ အကြောင်းအကြားလိုက်လို့ သတင်းရတာနဲ့ အားချင်းထလာခဲ့တာ။ ခပ်လှမ်းလှမ်းက လှမ်းမြင်နေရတဲ့ ကုန်စုံဆိုင်ကိုကြည့်ပြီး ဟန်လင်းသန့်ရင်တွေတဒိန်းဒိန်းခုန်နေမိတယ်။ဆိုင်ထဲမှာ ကောင်မလေးနှစ်ယောက်ကိုတွေ့ရပြီး မြရွက်ဝါနဲ့တူတယ်ဆိုတဲ့သူရဲ့ အရိပ်အယောင်ကိုတော့ မတွေ့ရဘူး။ဒီအချိန်မှာပဲ ဆိုင်ရှေ့မှာ ဆိုင်ကယ်တစ်စီးထိုးရပ်လိုက်တာကို ဟန်လင်းသန့်တွေ့လိုက်ရတယ်။ဆိုင်ကယ်ကို ရပ်လိုက်ပြီးနောက် ဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်တဲ့အခါ တွေ့မြင်လိုက်ရတဲ့ မျက်နှာကြောင့် ဟန်လင်းသန့်ရဲ့ နှလုံးသားတွေပေါက်ကွဲလုမတတ် ခုန်လှုပ်သွားရတယ်။ အသားတွေညိုသွားပြီး ပိန်သွယ်သွားတာကလွဲလို့ သူမမျက်နှာလေးက ပြောင်းလဲမှုမရှိသလို ဆံပင်ကောက်ကောက်ကြီးတွေကလဲပြောင်းလဲမှုမရှိဘဲ ကျောထက်မှာဝဲကျနေခဲ့တယ်။ဟန်လင်းသန့်ခြေလှမ်းတွေကိုရှေ့ကိုတိုးလိုက်ချိန်မှာပဲ မမျှော်လင့်ထားတဲ့မြင်ကွင်းကိုတွေ့မြင်လိုက်ရတယ်။ဆိုင်ထဲကကောင်မလေးတစ်ယောက်က ကလေးငယ်လေးတစ်ယောက်ကိုပွေ့ချီလာခဲ့ပြီး ဆိုင်ကယ်နားကိုလျှောက်လာခဲ့တယ်။ဒီအခါသူမက ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီးတော့ ကလေးကိုလှမ်းယူချီလိုက်တယ်။ပြီတော့ ကလေးငယ်လေးကိုအားပါးတရနမ်းရှုံ့မွှေးကြူနေခဲ့တယ်။မြင်ကွင်းကို ဟန်လင်းသန့်ကြောင်ငေးပြီးကြည့်နေမိရင်း သူမတို့ရှိရာဆီကိုခြေလှမ်းတွေတရွေ့ရွေ့တိုးလှမ်းသွားခဲ့မိတယ်။ " မြရွက် " ခေါ်သံကြောင့် အသံလာရာဆီကိုမြရွက်ဝါလှည့်ကြည့်လိုက်မိတယ်။ဒီအခါ သူမတို့ကိုရပ်ကြည့်နေတဲ့ဟန်လင်းသန့်ကိုမြင်လိုက်ရတာမို့ မြရွက်ဝါတစ်ကိုယ်လုံး ဆတ်ခနဲတုန်ခါသွားရတယ်။ " မြ...မြရွက်..သူ..သူကဘယ်သူလဲ " ဟန်လင်းသန့်ဆီက စကားသံကိုထပ်မံပြီးကြားလိုက်ရတော့မှ မြရွက်ဝါသတိဝင်လာမိပြီးသားလေးကိုခပ်တင်းတင်းပွေ့ဖက်ထားလိုက်မိတယ်။သူ့ကိုပြန်တွေ့ရရင် လုံးဝကိုကျောခိုင်းပစ်လိုက်မယ်လို့ မြရွက်ဝါတွေးထားခဲ့မိပေမဲ့ တကယ်တမ်းရင်ဆိုင်တွေ့လိုက်ရတဲ့အခါမှာတော့ လူကတုန်တုန်ခိုက်ခိုက်ဖြစ်ကာ စကားပြောဖို့တောင် အင်အားတွေမရှိသလိုဖြစ်သွားရတယ်။မတွေ့ရတာကြာပြီဖြစ်တဲ့ ဟန်လင်းသန့်ရဲ့မျက်နှာကိုကြောင်ငေးကြည့်နေမိရင်းက မျက်ရည်မကျအောင် မနည်းထိန်းထားလိုက်ရတယ်။ " မြရွက်...ဒီ..ဒီကလေးကဘယ်သူလဲ...မြရွက်အိမ်တောင်ကျနေပြီလား " ဟန်လင်းသန့်ဆီက အမေးစကားကိုထပ်ပြိးကြားလိုက်ရချိန်မှာ မြရွက်ဝါလှုပ်လှပ်ရှားရှားဖြစ်သွားရပြီး " ရှင်....ရှင် ...ဒီကိုဘယ်လိုရောက်လာခဲ့တာလဲ...." " ကိုယ်...မြန်မာပြည်ပြန်ရောက်ကတည်းက မြရွက်ကိုလိုက်ရှာနေခဲ့တာပါ ...မြဲရွက်ကိုရှင်းပြစရာတွေလဲရှိတယ်...ပြောစရာတွေလဲရှိတယ်....ကိုယ်တို့ခဏလောက်စကားပြောရအောင်နော် "

https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅) https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz အပိုင်း (၁၆) https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz အပိုင်း (၁၇) https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz အပိုင်း (၁၈) https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz အပိုင်း ( ၁၉ ) https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz အပိုင်း (၂၀) https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz အပိုင်း ၂၁ https://www.facebook.com/share/p/wRcCmH4RZ2ddz2tK/?mibextid=oFDknk အပိုင်း ၂၂ https://www.facebook.com/share/p/bxYoDSCkyiBX8tT5/?mibextid=oFDknk အပိုင်း ၂၃ https://www.facebook.com/share/p/UhXBQWJEfsK9iHFW/?mibextid=oFDknk ၂၄ https://www.facebook.com/share/p/imKjmHaB1J3xvrdJ/?mibextid=2JQ9oc ၂၅ https://www.facebook.com/share/p/6C6e36G1acEuacHn/?mibextid=2JQ9oc ၂၆ https://www.facebook.com/share/p/xBxTEsvfxiWurx9W/?mibextid=2JQ9 ၂၇ https://www.facebook.com/share/p/fvy9wKWEqi1seq9i/?mibextid=2JQ9oc ၂၈ https://www.facebook.com/share/p/2BEtre1aoHp1tKgq/?mibextid=Nif5oz ၂၉ https://www.facebook.com/share/p/rFA6FMNTa2MyPQyg/?mibextid=Nif5oz ၃ဝ https://www.facebook.com/share/p/WicWrU2h94Kkx8Uu/?mibextid=oFDknk ၃၁ https://www.facebook.com/share/p/YwBNHv348BjbZpv5/?mibextid=Nif5oz

မင်းဆွေ ထွက်သွားတော့ ဟန်လင်းသန့်မှာ ထိုင်ခုံပေါ် စိတ်ပျက်လက်လျက်နဲ့ကျောမှီချလိုက်မိတယ်။ပြီးတော့ ဖုန်းထဲက မြရွက်ဝါပုံလေးကိုကြည့်ပြီး မျက်ရည်တွေကျလာမိတယ်။မာနတွေနဲ့ သူမနဲ့ဝေးရာကို ဟန်လင်းသန့်ထွက်ပြေးခဲ့ပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ သူမကိုမေ့မရနိုင်အောင် အရူးအမူးချစ်နေခဲ့မိတာကို သိလာခဲ့ရတယ်။ မာနတွေ မခံချင်စိတ်တွေ၊ကြောက်ရွံ့စိတ်တွေနဲ့တင်းခံရင်း သူမကိုသတိရလွမ်းဆွတ်စိတ်တွေကို ကြိုးစားမေ့ဖျောက်ခဲ့ပေမဲ့ သူဘယ်လိုမှမတွန်းလှန်နိုင်ခဲ့ဘူး။နောက်ဆုံး စိတ်ရောဂါဆရာဝန်ဆီမှာ ပြသကုသခဲ့ရတဲ့ အဆင့်အထိပါရောက်ခဲ့ရတယ်။ဆရာဝန်ရဲ့ အကူအညီ၊ဆေးဝါးတွေရဲ့အကူအညီနဲ့ သူ တည်ငြိမ်စွာရပ်တည်လာနိုင်ခဲ့ပေမဲ့ သူမကိုလွမ်းဆွတ်သတိရစိတ်က ပျောက်ပျက်မသွားခဲ့ဘူး။နောက်ဆုံးမှာတော့ သူမက ဒဏ်ရာတွေပေးရင်လဲ သူကျေကျေနပ်နပ်နဲ့ ခံယူလိုက်မယ်လို့ တွေးပြီး အမိမြေကိုပြန်လာခဲ့လိုက်တာ။ဒါပေမဲ့ သူပြန်လာခဲ့တာနောက်ကျခဲ့ပြီထင်ပါရဲ့။ ~~~~~~~~ "ဒီနေ့ အဖိတ်နေ့ဆိုတော့...ရွာဘက်တွေက ဆရာလေးတွေပါ ကြွမယ်ထင်တယ် သမီးရေ... " " ဟုတ်ကဲ့ ...အမေ ....မြရွက် ဆွမ်းဆန်များများထည့်ပေးထားပါတယ် .... ဆွမ်းဆန် အပြင် ...ဆရားလေးတွေအတွက် ၀တ္ထုငွေလှူဖို့ပါ ပြင်ဆင်ထားပါတယ် " မြရွက်ဝါပြောလိုက်ရင်း ဆွမ်းဆန်တောင်းကို ဆိုင်ရှေ့မှာချလိုက်တယ်။အချိန်က မနက်လင်းအားကြီးအချိန်ပဲ ရှိသေးတော့ ဆိုင်မှာဈေးကူရောင်းပေးတဲ့ ကောင်မလေးတွေတောင် မရောက်ကြသေးဘူး ။ ဒီလိုပဲမြရွက်ဝါက မနက်ဆိုရင်သားလေးမနိုးခင်အလုပ်ထလုပ်ရပြီး ညဆိုရင်လဲ ဆိုင်သိမ်းစာရင်းတွေလုပ်ရင်း ညနက်သန်းခေါင်မှ အိပ်ရတာ။ ဘဝကခက်ခဲနေတာမဟုတ်ပေမဲ့ အပျိုဘဝကထက်စာရင် ပင်းပန်ဆင်းရဲတာတော့ အမှန်ပါပဲ။တစ်ခါတလေဆိုရင် မနက်စာကို ညနေစာနဲ့ပေါင်းစားရတာတွေရှိသေးတယ်။ဒါတောင် ဘေးနားကနေ တတွတ်တွတ်လိုက်ပြောပြီး ကူညီပေးနေတဲ့ ဒေါ်ခင်မေရီရှိနေလို့သာ။ မဟုတ်ရင် ကလေးတစ်ယောက်နဲ့ဘဝကို မြရွက်ဝါဘယ်လိုရုန်းကန်ရမယ်မသိပါ။မိန်းမသားတစ်ယောက်က ဘယ်သူ့အကူအညီမှမပါဘဲ ကလေးတစ်ယောက်ကိုမွေးဖွားပြီး ပြုစုပျိုးထောင်နိုင်တယ်ဆိုရင် သိပ်ကိုလေးစားစရာကောင်းနေပြီ။မြရွက်ဝါမှာတော့ ကိုယ်ပိုင်စုဆောင်းထားခဲ့တာတွေနဲ့ ဒေါ်ခင်မေရီပေးတဲ့ အရင်းအနှီးတွေကိုရင်းပြီး မန္တလေးကိုပြောင်းလာခဲ့ကြတာ။ဒီရောက်တော့ ဈေးသိပ်မမြင့်တဲ့ရပ်ကွက်ထဲမှာ ခြံနဲ့အိမ်လေးဝယ်ပြီး ကုန်ခြောက်ဆိုင်လေး အရင်ဖွင့်လိုက်တာ။ရန်ကုန်မှာလုပ်ခဲ့တဲ့ အလုပ်ကိုတော့ လက်ကျန် ပစ္စည်းတွေကို အောက်ဈေးနဲ့ ပြန်သွင်းခဲ့လိုက်ပြီး လူချည်းသက်သက် ထွက်လာခဲ့လိုက်တာ။ဒေါ်ခင်မေရီပြောသလိုပဲ သူမတို့ဘဝကို ဒီရောက်မှပြန်စခဲ့ကြတာလေ။ " သမီးရေး ...မြေးလေးနိုးလာပြီ ....လာခေါ်လိုက်ပါအုံး....အဲ့ဒါတွေထားခဲ့လိုက် ..အမေလုပ်လိုက်မယ် " " ဟုတ်ကဲ့ အမေ....ထားလိုက်ပါ .....ဆရာလေးတွေကို ဆွမ်းဆန်ပဲလောင်းလိုက်ပါ အမေ... " မြရွက်ဝါလုပ်လက်စအလုပ်တွေကို ချခဲ့လိုက်ပြီး သားလေးဆီကိုပြေးသွားလိုက်တယ်။သားလေးက အိပ်ရာနိုးနိုးချင်း ခဏတော့ မြရွက်ဝါကို မတွေ့ရင် ဂျီကျတတ်တယ်။ကျန်တဲ့အချိန်ကတော့ သူ့ဘွားအေနဲ့ ထားမလား၊ဆိုင်က ကောင်မလေးတွေနဲ့ ထားမလားရတယ်။မနက်နိုးနိုးချင်းလေးပဲ ခဏလောက်ဂျီကျ တစ်နေ့လုံးလိုလို မအေအလုပ်လုပ်နေတဲ့နားမှာ စားလိုက်ဆော့လိုက်အိပ်လိုက်နဲ့ ငြိမ်နေတော့တာ။ " မေမေလာပြီနော် သားလေး ..ဘွားဘွားကို စိတ်ကောက်လိုက်သေးတာလား .... ဟုတ်လား သားလေး " " ချီ...ချီ " မအေကိုတွေ့တာနဲ့ သားလေးက မပီကလာပီကလာ လေးပြောရင်း လေးဘက်လေးထောက်ကာ အတင်းကုန်းထတယ်။မြရွက်ရွက်ဝါ သားလေးကိုပွေ့ချီလိုက်ရင်း သားလေးတစ်ကိုယ်လုံးကို ခပ်ဖွဖွလေးနမ်းပစ်လိုက်တယ်။ဒီလိုအချိန်မှာတော့ မြရွက်ဝါရဲ့ခေါင်းထဲမှာ အစ်မဖြစ်သူမှာခဲ့တာတွေရော၊ တူဖြစ်သူမောင်မောင့်အကြောင်းတွေကိုပါ မေ့နေမိသလို၊ လင်မရှိဘဲကလေးမွေးလို့ ပတ်ဝန်းကျင်ကကဲ့ရဲ့မှာ တွေဘာတွေကိုလဲ လုံးဝကိုဂရု မစိုက်တော့ပါဘူး။ သားလေးသာရှိနေရင် တစ်လောကလုံးနဲ့ မြရွက်ဝါရင်ဆိုင်ရဲနေပါပြီ။ "မြ...မြရွက်ရေ ...သမီး ..ဒီကိုလာပါအုံး ...ဒီ...ဒီမှာ ... " "ရှင် ... ဟုတ်... ဟုတ်ကဲ့ အမေ " ဆိုင်ထဲကနေတုန်တုန်ယင်ယင်အသံနဲ့ လှမ်း အော်လိုက်တဲ့ ဒေါ်ခင်မေရီရဲ့အသံကြောင့်မြရွက်ဝါလဲ သားလေးကိုချီပြီး ရင်တုန်ပန်းတုန်နဲ့အိမ်ရှေ့ကို ခပ်မြန်မြန်ထွက်လာခဲ့လိုက်တယ်။ ==================================== အပိုင်း( ၃၃ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆)

" ဆောရီးပါပန်းနု...ကျွန်တော်ထမင်းစားဖို့အချိန်မရတော့လို့ပါ...ခွင့်ပြုပါအုံး " ဟန်လင်းသန့်ပြောပြီးတာနဲ့အပြင်ကိုအပြေးတစ်ပိုင်းနဲ့ထွက်လာခဲ့မိတယ်။ကြားလိုက်ရတဲ့သတင်းစကားတွေကြောင့် နှလုံးသားကပေါက်ကွဲလုမတတ်ခုန်လှုပ်နေခဲ့တယ်။ချစ်သူကို ရေမြေအဆုံးလိုက်ရှာဖို့ ဟန်လင်းသန့်ဆုံးဖြတ်လိုက်တယ်။ ~~~~~~~~~~~~~ " သမီးရယ် အဲ့ဒီလောက်အလုပ်တွေလုပ်မနေပါနဲ့ကွယ်...တော်ရုံအလုပ်ကိုကောင်မလေးတွေကိုပဲ ခိုင်းပါကွယ်....ကလေကတစ်ဖက်နဲ့တော်ကြာသမီးလဲသွားမှဖြင့် " ဒေါ်ခင်မေရီက မြရွက်ဝါကိုကြည့်ပြီး စိုးရိမ်ပူပန်စွာပြောလိုက်တယ်။ " ရပါတယ်အမေ...ကောင်မလေးတွေက စာရင်းပိုင်းလဲသိပ်မကျွမ်းလို့ပါ ....မြရွက်ဒီလောက်တော့ခံနိုင်ရည်ရှိပါတယ်...ဒီအချိန်ကကြိုးစားထားမှ သားလေးကြီးလာရင်ပြည့်ပြည့်စုံစုံထားနိုင်မှာမဟုတ်လားအမေရဲ့ " " သမီးရယ်...မြေးလေးအဖေကဒီလောက်ချမ်းသာနေတာပဲကွယ်...သူ့တို့ရုံးကိုဖုန်းဆက်ပြီးသူနဲ့ဆက်သွယ်ခိုင်းပြိး အားလုံးပြောပြလိုက်ရင်ရနေတာပဲ ...သမီးပင်ပင်ပန်းပန်းနဲ့ဈေးတွေရောင်းနေရတာကို အမေမကြည့်ရက်လို့ပါကွယ် " ဒေါ်ခင်မေရီရဲ့စကားကြောင့်မြရွက်ဝါရဲ့မျက်နှာလေးတည်တင်းသွားခဲ့ရပြီး " မြရွက်ဘေးမှာအမေရှိနေပေးရုံနဲ့ပဲ မြရွက်အတွက်ပြည့်စုံနေပါပြီ ...သူကအစကတည့်းက ...မြရွက်ကိုလက်ထပ်ဖို့ရည်ရွယ်ချက်ရှိခဲ့တာမဟုတ်ဘူးအမေ...မြရွက်အညှာလွယ်ခဲ့လို့သူအပျော်တွဲခဲ့တာလေ...လိုင်းပေါ်မှာ သူ့သူဌေမနဲ့ပျော်မြူးနေတဲ့သတင်းတွေ အမေတွေ့တယ်မဟုတ်လား...အဲ့ဒီလိုလူကို လွမ်းလွန်းလို့မြရွက်‌ေ*သသွားမယ်ဆိုရင်တောင် အ‌ေသပဲခံလိုက်မှာပါ...သူ့အကြောင်းကိုမြရွက်နှလုံးသားထဲကရောဦးနှောက်ထဲကပါထုတ်လိုက်ပြီအမေ...မြရွက်ဘဝမှာ သားလေးနဲ့အမေရှိနေရင်ရပါပြီး ....အလုပ်တွေဘယ်လောက်ပင်ပင်ပန်းပန်းမြရွက်လုပ်နိုင်တယ်အမေ " " ဟုတ်ပါတယ်သမီးရယ်....ဒါပေမဲ့သားလေးက ဒီနေ့အချိန်ထိ တရားဝင်မှလက်မထပ်သေးတာကွယ်" "သူကတရားဝင်လက်မထပ်ရသေးပေမဲ့ ...တရားမဝင်တွေတော့ လက်ချိုးလို့မရေနိုင်အောင်ရှိနေမှာပါ အမေ ....မြရွက်တောင်းပန်ပါတယ်အမေ....သူ့အကြောင်းကိုမြရွက်မကြားချင်ဘူး..သိလဲမသိချင်ဘူး ...အဲ့ဒါကြောင့်မြရွက်အွန်လိုင်းတောင်မသုံးတာအမေလဲသိပါတယ်....သူ့အကြောင်းတွေကိုမပြောပါနဲ့တော့အမေရယ် ...သားလေးနိုးလာပြီထင်တယ်အမေ " မြရွက်ဝါပြောပြောဆိုဆိုနဲ့သားလေးအိပ်နေတဲ့နားကိုအမြန်လျှောက်သွားလိုက်တယ်။သားလေးက အိပ်ရာကနိုးတာနဲ့အတင်းကုန်းရုန်းပြီးထလာတော့တာ။သားလေးငြိမ်တဲ့အချိန်ဆိုလို့လဲ အိပ်နေတဲ့အချိန်ပဲရှိတာ။မျက်လုံးနှစ်လုံးပွင့်တာနဲ့အငြိမ်မနေဘဲတောက်တဲ့တောက်တဲ့နဲ့ဆော့တော့တာ။မြရွက်ဝါမှာကုန်ခြောက်ဆိုင်နဲ့စတိုးဆိုင်လေးတွဲဖွင့်ထားတော့လူက မိုးလင်းမိုးချုပ်ပင်းပန်ပေမဲ့သားလေးကိုပဲကြည့်ပြီး အမောဖြေနေရတာလေ။ " သားလေး...နိုးပြီးလားကွ ...မေမေ့ဆီကိုလာပါအုံးချစ်တုံးလေးရဲ့ " မြရွက်ဝါ သားလေးကိုကောက်ချီပြီးနမ်းလိုက်တော့ သားလေးကတခစ်ခစ်ရယ်တယ်။ရယ်မောနေတဲ့သားလေးရဲ့မျက်နှာလေးကို မြရွက်ဝါသတိလက်လွတ်နဲ့ ငေးမောကြည့်နေမိတယ်။သားလေးကတစ်နှစ်ကျော်စပဲရှိသေးပေမဲ့ မျက်နှာပေါက်မျက်နှာကျက သူ့အဖေနဲ့ချွပ်စွပ်ဖြစ်နေခဲ့တာ။သားလေးရယ်လိုက်ပြုံးလိုက်ရင်များ မြရွက်ဝါငေးကြောင်ပြီးကြည့်နေမိတဲ့အထိပါပဲ။ " ပေ..ပေ့ ..." သားလေးရဲ့ မပီကလာပီကလာအသံလေးကြားလိုက်ရတော့မှ မြရွက်ဝါသတိဝင်လာမိပြီး သားလေးရဲ့ပါးဖောင်းဖောက်းလေးတွေကိုငုံ့နမ်းလိုက်မိတယ်။ ~~~~~~~~~~~~~~~ " ဘယ်လိုလဲ မင်းဆွေ ....ဘာသတင်းအစအနလေးတောင်မှစုံစမ်းလို့မရသေးဘူးလား " ဟန်လင်းသန့်စိတ်မရှည်နိုင်စွာအော်ဟစ်မေးလိုက်မိတယ်။တကယ်တော့ မင်းဆွေမရှာနိုင်တာက အပြစ်တော့လဲမဟုတ်ပါဘူး။ဟန်လင်းသန့်ကိုယ်တိုင် အလုပ်တွေကိုမန်နေဂျာကိုထွန်းနဲ့အကုန်လွဲထားပြီး ရန်ကုန်မြို့အနှံ့လိုက်ရှာနေတာတောင် သတင်းအစအနလေးတောင်မကြားခဲ့ရဘူးလေ။ " ဟို ...ကျွန်တော်အကြံပေးပါရစေဆရာ...ဒီအတိုင်း ရှာလို့မရဘူးဆိုရင် ... ဆရာ့ပေ့ချ်ကနေ လူပျောက်ကြေငြာကြည့်ပါလားဆရာ ... အဲ့ဒါက ပိုထိရောက်မယ်ထင်တယ် " " အေး....မင်းပြောတာက ဖြစ်နိုင်ပါတယ်......ဒီလိုတင်လိုက်ရင် ...တစ်ယောက်မဟုတ်တစ်ယောက်ဆီက သတင်းရနိုင်တာကိုငါသိတယ် မင်းဆွေ...ဒါပေမဲ့ ဒီနည်းကိုမသုံးချင်ဘူး...တကယ်လို့များ သူအိမ်ထောင်ကျနေခဲ့ပြီဆိုရင် ..ငါ့ကြောင့်နဲ့သူ့အိမ်ထောင်ရေးမှာ ပြဿနားဖြစ်သွားမှာကိုမလိုလားဘူး.... ဒါမှမဟုတ် သူအိမ်ထောင်ကျတာမဟုတ်ဘဲ တမင်ရှောင်ပုန်းနေတာဆိုရင်...ပိုပြီးဝေးတဲ့နေရာကို ထွက်ပြေးသွားမှာကြောက်ရတယ်...အဲ့ဒါကြောင့် ဒီနည်းလမ်းကိုသုံးလို့မဖြစ်ဘူး ...ငွေကုန်ချင်သလောက် ကုန်ပါစေ မင်းဆွေ....လူရှာပေးတဲ့ အဖွဲ့တွေကို ရှာခိုင်းပါ .... " "ဟုတ်ကဲပါ ဆရာ ..." "အေး ... ပြီးတော့ ဒေါ်ခင်မေရီကိုပါ ရအောင်ရှာခိုင်းလိုက်ပါ ...." " ဟုတ်ကဲ့ပါ ဆရာ "

အဘွားဆုံးသွားပြီဆိုတာကြောင့် ဟန်လင်းသန့်ရင်ထဲတစ်စုံတစ်ခုကိုတွေးမိလိုက်ကာ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားမိတယ်။နောက်ဆက်တွဲ မေးခွန်းကို မေးဖို့ပြင်လိုက်ချိန်မှာပဲ ပန်းနုထွေးရဲ့အမျိုးသားပြန်ရောက်လာခဲ့တယ်။ " ကိုကိုထိုင်ပါအုံး...ဒီမှာ ပန်းနုတို့သူဌေးလေ ...ကိုကိုသိမှာပါ " " သိတာပေါ့ပန်းနုရယ်....နာမည်ကြီးပဲဟာ....တွေ့ရတာဝမ်းသာပါတယ် ကိုဟန်လင်းသန့်...ကျွန်တော်ကမြတ်သူရပါ " လက်ကမ်းပေးပြီးနှုတ်ဆက်လာတဲ့ ပန်းနုထွေးရဲ့ခင်ပွန်းကိုကြည့်ပြီး ဟန်လင်းသန့်ကြက်သေသေသွားမိတယ် ။ " ကိုလင်းကိုဧည့်ခံပေးထားပါအုံးကိုကို...ထမင်းပွဲပြင်နေတာကို ပန်းနုသွာကူပေးလိုက်အုံးမယ် " ပြောပြောဆိုဆိုနဲ့ပန်းနုထွေးကထိုင်နေရာက ထထွက်သွားခဲ့တယ်။ပန်းနုထွေးထွက်သွားတာနဲ့ ဟန်လင်းသန့်မျက်နှာထားကိုတင်းလိုက်ပြီး မြတ်သူရဆိုသူကိုကြည့်လိုက်မိတယ်။ " ခင် ....ခင်ဗျားက ....မြရွက်နဲ့ လူကြီးချင်းလဲသဘာတူထားကြတဲ့သူ မဟုတ်လား...ပြီးတော့....ခင်ဗျားနဲ့ မြရွက်ကြားမှာ ပတ်သက်မှုတွေရှိခဲ့တယ်.....အခုဒါကဘယ်လိုဖြစ်ရတာလဲ " " ဗျာ ...ကိုဟန်လင်းသန့်က ... ကျွန်တော်တို့ကိစ္စတွေကို ဘယ်လိုသိတာလဲ " မြတ်သူရကအံ့ဩတကြီးနဲ့မေးလိုက်တယ်။ " ကျွန်တော်ဘယ်လိုသိသိ ...ကိုမြတ်သူရအတွက်အရေးမကြီးပါဘူး...ခင်ဗျာဘာလို့ မြရွက်ဝါကိုလက်မထပ်ဘဲ ပန်းနုနဲ့လက်ထပ်တာလဲပြောစမ်းပါ....မြရွက် ထွက်သွားခဲ့တယ်ဆိုတာ ...ခင်ဗျားတို့ကြောင့်လား " ဟန်လင်းသန့်စိတ်မထိန်းနိုင်ဘဲ ဒေါသသံနဲ့မေးလိုက်တယ်။ ဟန်လင်းသန့်ရဲ့အပြုအမူကြောင့် မြတ်သူရမှာအံ့ဩနေမိပြီး ခေါင်းကိုခါယမ်းလိုက်မိတယ်။၊ " ကျွန်တော်တို့ကိစ္စတွေကို ဘယ်လိုသိနေလဲမသိပေမဲ့...ကိုဟန်လင်းသန့်အထင်မှားနေတာပါ...ကျွန်တော်နဲ့မြရွက်ကိုလူကြီးတွေသဘောတူထားခဲ့တာမှန်ပါတယ်...အနေတည်တဲ့မြရွက်ကို ကျွန်တော်လဲ သဘောကျခဲ့ပါတယ်...ဒါပေမဲ့မြရွက်ဘက်ကလက်မခံခဲ့ဘူးလေ...ကျွန်တော့်ကိုဆွေမျိုးသားချင်းတစ်ယောက်လိုပဲ ခင်မင်ပါရစေဆိုပြီးငြင်းခဲ့တယ်လေ ...မနှစ်က မြရွက်အိမ်ကထွက်သွားခဲ့တာလဲ ဘာကိစ္စကြောင့်မှန်းမသိပေမဲ့ ...ကျွန်တော့်နဲ့ မဆိုင်ပါဘူး...မြရွက် အိမ်ကထွက်မသွားခင်နှစ်ပတ်လောက်လောက်တုန်းက ... မြရွက်သူ့အစ်မကိုလိုက်ရှာနေရင်းနဲ့ လမ်းမှာ ကျွန်တော်နဲ့ ဆုံလို့တောင် အိမ်ပြန်လိုက်ပို့ခဲ့သေးတယ်....အဲ့ဒီအချိန်တုန်းက မြရွက်သိပ်နေမကောင်းတာတော့ သတိထားမိတယ်....တမ်းလမ်းလုံး သူခေါင်းတွေမူးနေတာလေ .. ကားပေါ်က အဆင်းမှာ မူးလဲ မလိုဖြစ်သေးတယ်...အဲ့ဒီနေ့က ကျွန်တော်လဲ ပန်းနုတို့အိမ်ဝင်လည်မှ မြရွက်က သူ့အစ်မကို လိုက်ရှာနေမှန်းသိလိုက်ရတာလေ ... အဲ့ဒီနောက်ပိုင်း မြရွက်နဲ့ထပ်မဆုံဖြစ်တော့ဘူးလေ " " ဗျာ ...ဒါ..ဒါဆို ...ကိုမြတ်သူရနဲ့မြရွက်ဝါဘာမှမပတ်သက်ခဲ့ကြဘူးပေါ့ " " ဟာဗျာ ...မပတ်သက်ခဲ့ပါဘူးဗျာ....ကျွန်တော့်မိန်းမကြားရင် အထင်တွေလွဲကုန်ပါအုံးမယ်ဗျာ....မြရွက်ကကျွန်တော်ကိုငြင်းခဲ့တာ ပန်းနုတို့တစ်မျိုးလုံးအသိလေ " မြတ်သူရရဲ့စကားအဆုံးမှာ ဟန်လင်းသန့်ဟန်မဆောင်နိုင်လောက်အောင်တုန်လှုပ်သွားမိပြီး အလန့်တကြားမေးလိုက်ကာ ထိုင်နေကထလိုက်မိတယ်။ " ဘာ...ဘာများဖြစ်လို့လဲ ကိုဟန်လင်းသန့်...မြရွက်သတင်းတစ်ခုခုများကြားမိလို့လားဗျာ ...သူပျောက်သွားတယ်သတင်းကြားတော့ ကျွန်တော်လဲစုံစမ်းကြည့်ပါသေးတယ် ...သတင်းအစအနတောင်မကြားရဘဲ လုံးဝကိုပျောက်သွားခဲ့တာလေ....ဈေးရောင်းတဲ့ပေ့ချ်ကိုပါဖျက်သွားတာ‌ဗျ ...." မြတ်သူရမေးတာကို ဟန်လင်းသန့်ဘာမှပြန်မဖြေနိုင်ဘဲ နေရာမှာ အရုပ်ကြိုးပြတ် ပြန်ထိုင်လိုက်မိတယ်။တကယ်တော့ အားလုံးဟာ သူစိတ်ရူးပေါက်နေခဲ့လို့၊ချစ်သူကို မယုံကြည်နိုင်ခဲ့လို့ ဒီလိုတွေဖြစ်ခဲ့ရတာ။ အမြင်တစ်ခုကို သူ့ဘက်က တစ်ဖက်သတ်ဆုံးဖြတ်ခဲ့ပြီး အဝေးကိုထွက်ပြေးမိခဲ့တာ ။ကျန်နေခဲ့တဲ့ချစ်သူက ဘာတွေဖြစ်သွားခဲ့တာလဲ။ သူ့ကို ဘယ် လောက်ထိများစိတ်နာသွားခဲ့လို့ ရုံးဖုန်းကိုတောင် မဆက်သွယ်ဘဲ ပျောက်သွားခဲ့ရတာလဲ။ရင်ထဲမှာ မေးခွန်းပေါင်းများစွာကိုတွေးရင်း လဲကျမသွားအောင် ဟန်လင်းသန့် မနည်းအားတင်းထားလိုက်ရတယ်။ ~~~~~~~~~~~~~ "ကျွန်တော်နဲ့ မြရွက်ချစ်သူတွေဖြစ်နေကြတာကို ပန်းနုတို့ သိပါတယ်...ကျွန်တော့်ဘက်က မြရွက်ကို အထင်လွဲမှားပြီး ပြည်ပကို ထွက်သွားခဲ့မိတာပါ ...ကြားထဲမှာ မြရွက်ကလဲ ကျွန်တော့်ကို လုံးဝမဆက်သွယ်ခဲ့ဘူး ... မြရွက်ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ပန်းနု သိသလောက်ပြောပြပေးပါ " ဟန်လင်းသန့်မေးလိုက်တော့ ပန်းနုထွေးရဲ့မျက်နှာ မသိမသာပျက်ယွင်းသွားတာကို ဟန်လင်းသန့်သတိထားလိုက်မိတယ်။ " ပြော...ပြောရရင်တော့ စိတ်မကောင်းစရာပါပဲ ကိုလင်း...အရင်ဆုံးမခွါညိုကထွက်သွားခဲ့တာပါ...မခွါညိုထွက်သွားတာကတော့ သူ့သားမောင်မောင့်ကြောင့်ထင်ပါတယ်....သိပ်မကြာဘူး မြရွက်လဲဘယ်သူ့ကိုမှမပြောမဆိုနဲ့အိမ်ကထွက်သွားခဲ့တယ်...မြရွက်တို့ ညီအစ်မနှစ်ယောက်ဘယ်ကို ထွက်သွားကြတာလဲဆိုတာကို ပန်းနုတို့ တကယ်မသိပါဘူး.....ပြီးတော့စိတ်မကောင်းစရာက မောင်မောင်က သူ့မိန်းမကိုသ****တ်မှုနဲ့ထောင်ကျသွားတယ်လေ..." ပန်းနုထွေးရဲ့စကားအဆုံးမှာဟန်လင်းသန့်ထိုင်နေရာက ဝုန်းခနဲထရပ်လိုက်ပြီး

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၃၂) akyiphyu ******** " မိ*န်းမယု*တ်မ...အပျ*က်မ...နင်တို့ကိုသ**တ်ပစ်မယ် " ရဲမြတ်မောင်အော်ဟစ်ဆဲဆိုရင်းထိုးကြိတ်က *န်ကျောက်လိုက်တော့ မိုးရတနာနဲ့ဖြစ်နေတဲ့ကောင်က အတင်းရုန်းကန်ကာထွက်ပြေးသွားခဲ့တယ်။ကျန်ခဲ့တဲ့မိုးရတနာကလဲ ရဲမြတ်မောင့်ကိုမတောင်းပန်ဘဲအော်ဟစ်ဆဲဆိုလိုက်တယ်။ " ဟဲ့ကောင်..ငါ့ကိုလာမထိနဲ့...နင်နဲ့ငါလက်ထပ်စာချုပ်နဲ့လက်ထပ်ထားတာမဟုတ်ဘူး ..ငါ့ဘာသာဘယ်ကောင်နဲ့ဘာဖြစ်ဖြစ်နင်ပြောစရာမလိုဘူး...ငါ့အိမ်ပေါ်လာနေပြီး လူပါးမဝနဲ့...မအေ**...လူယုတ်မာကောင်ရဲ့ " မိုးရတနာက မအေနဲ့ကိုင်ကာမိုက်မိုက်ရိုင်းရိုင်းတွေအော်ဟစ်ဆဲဆိုလေတော့ ရဲမြတ်မောင်တစ်ယောက်ဒေါသစိတ်ကိုမထိန်းနိုင်တော့ဘဲ မိုးရတနာကိုစိတ်ရှိလက်ရှိထို**းကြိတ်ကန်ကျောက်ပစ်လိုက်တယ်။ပြီးတော့မကျေနပ်နိုင်သေးဘဲ မီးဖိုခန်းထဲက (...)သွားယူပြီး ရင်ဝကိုစို//က်ချပစ်လိုက်တယ်။မိုးရတနာမှာနာကျ//င်စွာညည်းညူရင်းငြိမ်သက်သွားခဲ့တော့တယ်။ဒီအခါမှ ရဲမြတ်မောင်လဲသတိဝင်လာခဲ့ပြီး အပြင်ကိုပြေးထွက်လာခဲ့တယ်။ရဲမြတ်မောင်ဖိနပ်တောင်မစီးနိုင်ဘဲ မနားတမ်းပြေးထွက်လာခဲ့တယ်။ ~~~~~~~~~~~~ "အမေ...အမေ " " ဒုန်း..ဒုန်း " သော့ခတ်ထားတဲ့တိုက်ခန်းတံခါးကိုတဒုန်းဒုန်းထုလိုက်ရင်း ရဲမြတ်မောင်မိခင်ကိုအော်ဟစ်ခေါ်လိုက်မိတယ်။ခေါ်ရင်းနဲ့ပါးပြင်ပေါ်ကိုမျက်ရည်တွေလဲ အဆီးအတားမဲ့စွာကျဆင်းလာခဲ့တယ်။ " အမေ...အမေ " " ဟဲ့...ဘယ်သူလဲလို့မောင်မောင်ပါလား...မင်းဘာဖြစ်လာတာလဲ...မင်းအဘွားနေမကောင်းဘူး ...တိုးတိုးသက်သာလုပ်ပါဟဲ့...အခုမှ အမေလို့လာခေါ်နေမနေနဲ့...မင်းအမေရောမင်းအဒေါ်ရော အိမ်ကထွက်သွားကြတာကြာလှနေပြီ...မင်းအမေကမင်းထွက်သွားပြီးနောက်ရက်ထွက်သွားတာပဲ...မင်းအဒေါ်လဲ သိပ်မကြာဘူးထွက်သွားတာပဲ...ဘယ်သွားလို့သွားမယ်လဲပြောသွားရမှန်းမသိကြဘူး...နင်တို့ကြောင့်အမေခမျာ အိပ်ရာထဲလဲနေပြီသိရဲ့လား " ကြားလိုက်ရတဲ့စကားတွေကြောင့် ရဲမြတ်မောင်မှာဒူးတွေညွှတ်ခွေကာကျသွားရပြီး သံပန်းတံခါးကိုကိုင်လှုပ်ပြီး အံကိုတင်းတင်းကြိတ်ကာ ငိုနေမိတယ်။ရဲမြတ်မောင်ငိုနေချိန်မှာပဲ တိုက်ပေါ်ကိုတက်လာကြတဲ့ခြေသံတွေကိုကြားလိုက်ရတယ်။ပြီးတော့စက္ကန့်ပိုင်းအတွင်းမှာပဲ ခြေသံတွေက ရဲမြတ်မောင်နားကိုရောက်လာခဲ့တယ်။ " ရဲမြတ်မောင် အေးအေးဆေးဆေးအဖမ်းခံပါ...." " မောင်မောင် ...မင်း...မင်းဘာတွေလုပ်ခဲ့လို့လဲ...ဘာတွေလုပ်ခဲ့တာလဲ " ဘွားလေးရဲမေးသံအဆုံးမှာရဲမြတ်မောင်ရဲ့လက်တွေက လက်ထိပ်ခတ်ခံလိုက်ရတော့တယ်။ ~~~~~~~~~~~~~~ နှစ်နှစ်နီးပါးခွဲခွါခဲ့ရတဲ့အမိမြေပေါ်ကို ခြေချလိုက်တာနဲ့ဟန်လင်းသန့်ရဲ့ နှလုံးသားတွေ ထိန်းချုပ်လို့မရနိုင်အောင် ခုန်လှုပ်လာခဲ့တယ်။ " အလုပ်တွေအဆင်ပြေရဲ့လား မင်းဆွေ " " ပြေပါတယ် ဆရာ " " အင်း ...ဒါနဲ့ ...စုံစမ်းခိုင်းထားတဲ့ သတင်းတွေက ဘာမှမထူးခြားဘူးလား....တစ်ယောက်ယောက်ရဲ့ သတင်းကိုတောင်စုံစမ်းလို့မရဘူးလား " " ဟုတ်..ဟုတ်ကဲ့ ဆရာ ....ရန်ကုန်...ပဲခူးအနှံ့ လိုက်စုံစမ်းပေမဲ့...ဘာသတင်းမှကိုမရဘူးဆရာ... " " ဒါနဲ့ ... သူ့ကြီးတော်တွေနဲ့နဲ့ သူ့အဒေါ်တွေရော ဘာပြောလဲ ...ပန်းနုကရောတကယ်ပဲ မသိတာလား " " သူတို့လဲ သေချာသိကြပုံမရဘူး ဆရာ.." မင်းဆွေရဲ့စကားကြောင့် ဟန်လင်းသန့်ရင်ထဲဆို့နင့်သွားမိတယ်။ရင်ထဲတင်းကျပ်လာတဲ့ခံစားချက်ကြီးကို ထိန်းရင်းဟန်လင်းသန့် မင်းဆွေကို မေးလိုက်တယ်။ " ဒါနဲ့ ...ပန်းနုရဲ့မင်္ဂလာပွဲကပြီးသွားပြီမဟုတ်လား ...ဟန်နီးမွန်းခရီးကပြန်ရောက်ပြီတဲ့လား " " ဟုတ်ကဲ့ ဆရာ...ပြန်ရောက်နေပါပြီ " " အင်း...သူတို့ဘယ်မှာနေတာတဲ့လဲ...မင်္ဂလာလက်ဖွဲ့ပေးရအောင် လှမ်းချိန်းပေးထားကွာ...ပန်းနုနဲ့ တွေ့ ပြီး သေချာစုံစမ်းကြည့်မယ် " " ဟုတ်ကဲ့ပါ ဆရာ ..." မင်းဆွေကခေါင်းငြိမ့်ပြပြီးကားကိုဆက်မောင်းလာခဲ့တယ်။ကားထဲမှာစကားသံတွေတိတ်ဆိတ်သွားတဲ့အခါ ဟန်လင်းမျက်လုံးကိုစုံမှိတ်ထားလိုက်မိတယ်။မျက်လုံးအစုံကိုမှိတ်ထားပေမဲ့ ဟန်လင်းသန့်ရင်ထဲမှာတဆစ်ဆစ်နာကျင်နေခဲ့တယ်။ခြေရာဖျောက်သွားတဲ့ ချစ်ရသူကို ရှာဖွေဖို့အတွက် အမိမြေကို ဟန်လင်းသန့်ပြန်လခဲ့တာ။ ဘာအကြောင်းတွေပဲရှိရှိ ချစ်သူကို ချစ်သူကို တွေ့အောင်ရှာဖို့အတွက် ဟန်လင်းသန့်ဆုံးဖြတ်ပြီး ပြန်လာခဲ့တာလေ။ ~~~~~~~~~~~~~~ " ထိုင်ပါအုံး ကိုလင်း....ဟိုမှာအလုပ်တွေအဆင်ပြေတယ်မဟုတ်လား " ပန်းနုထွေးက ဟန်လင်းသန့်ကိုနှုတ်ဆက်လိုက်တယ်။ " ပြေပါတယ်ပန်းနု...ဒီကအလုပ်တွေလဲ ပန်းနုတို့အကျိုးဆောင်ရုံးကြောင့် အားလုံးအဆင်ပြေလို့ ကျေးဇူးတင်ပါတယ် " ဟန်လင်းသန့်အလိုက်သင့်ပြန်ဖြေလိုက်ရင်း ရင်ထဲကသိချင်နေတဲ့မေးခွန်းကို မေးဖို့အတွက် အစပျိုးလိုက်တယ်။ " အဘွားနဲ့ကြီးကြီးတို့ရောနေကောင်းလားပန်းနု " " ကိုလင်းမသိသေးဘူးပဲ....အဘွားဆုံးသွားပြီလေ...မေမေကတော့နေကောင်းပါတယ် " " ဗျာ အဘွားဆုံးသွားပြီလား ...စိတ်မကောင်းလိုက်တာဗျာ "

~~~~~~~~~~~~~ စေ့ထားတဲ့အိမ်တံခါးကိုကြည့်ပြီး ရဲမြတ်မောင်ခြေကိုဖော့နင်းကာအိမ်ပေါ်တက်လာခဲ့လိုက်တယ်။အိမ်ဦးခန်းမှာအရက်မူးပြီးအိပ်ပျော်နေတဲ့ယောက္ခထီးကြီးကိုပဲတွေ့လိုက်ရတာမို့ ရဲမြတ်မောင်သက်ပြင်းချလိုက်မိတယ်။ဒီအချိန်လောက်ဆို ယောက္ခမကြီးလဲပွဲစားတစ်သိုက်နဲ့လျှောက်သွားနေလိမ့်မယ်ထင်တယ်။မိန်းမဖြစ်တဲ့မိုးရတနာလဲ အိပ်ခန်းထဲမှာဂိမ်းဆော့နေတာမဟုတ်ရင် အိမ်လည်နေလိမ့်ထင်တယ်။ဒါကသူတို့အလုပ်ပဲမဟုတ်လား။ရဲမြတ်မောင်ခြေကိုဖွဖွနင်းပြီး သူတို့အိပ်ခန်းရှိရာဆီကိုလျှောက်လာလိုက်တယ်။ " ဟင် " ရဲမြတ်မောင်အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လူကမင်သက်ကြောင်ငေးကာကြည့်နေမိတယ်။ပြီးမှ အသိစိတ်ပြန်ဝင်လာမိပြီး အခန်းတံခါးကိုဝုန်းခနဲဆောင့်ကန်ပစ်လိုက်ပြီး အိပ်ရာပေါ်မှာဖြစ်ချင်တိုင်းဖြစ်နေကြတဲ့ မိန်းမဖြစ်သူမိုးရတနာနဲ့သူ့ကောင်ကို ပြေးပြီးထိုးကြိ***တ်ပစ်လိုက်တယ်။ .==================================== အပိုင်း( ၃၂) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃) https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅) https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz အပိုင်း (၁၆) https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz အပိုင်း (၁၇) https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz အပိုင်း (၁၈) https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz အပိုင်း ( ၁၉ ) https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz အပိုင်း (၂၀) https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz အပိုင်း ၂၁ https://www.facebook.com/share/p/wRcCmH4RZ2ddz2tK/?mibextid=oFDknk အပိုင်း ၂၂ https://www.facebook.com/share/p/bxYoDSCkyiBX8tT5/?mibextid=oFDknk အပိုင်း ၂၃ https://www.facebook.com/share/p/UhXBQWJEfsK9iHFW/?mibextid=oFDknk ၂၄ https://www.facebook.com/share/p/imKjmHaB1J3xvrdJ/?mibextid=2JQ9oc ၂၅ https://www.facebook.com/share/p/6C6e36G1acEuacHn/?mibextid=2JQ9oc ၂၆ https://www.facebook.com/share/p/xBxTEsvfxiWurx9W/?mibextid=2JQ9 ၂၇ https://www.facebook.com/share/p/fvy9wKWEqi1seq9i/?mibextid=2JQ9oc ၂၈ https://www.facebook.com/share/p/2BEtre1aoHp1tKgq/?mibextid=Nif5oz ၂၉ https://www.facebook.com/share/p/rFA6FMNTa2MyPQyg/?mibextid=Nif5oz ၃ဝ https://www.facebook.com/share/p/WicWrU2h94Kkx8Uu/?mibextid=oFDknk

သူ ဒေါ်ဒေါ့်ကိုမု*န်းတီးနေတာတွေအတွက်လဲ ဒေါ်ဒေါ်နားလည်ပါတယ်...ဒေါ်ဒေါ်လုပ်ခဲ့တဲ့အမှားတွေအတွက်....ဒီထက်မကတောင်ပြစ်ဒဏ်ခံရသင့်တာပဲမဟုတ်လား...ဒါပေမဲ့သားလေးကဒေါ်ဒေါ့်အပေါ်အဲ့ဒီလောက်မရက်စက်ခဲ့ပါဘူးကွယ်...ဒေါ်ဒေါ့်ရဲ့လက်ကျန်အချိန်တွေမှာ ...ငွေကြေးအတွက်ဒုက္ခမရောက်ရအောင်စီမံပေးထားပါတယ်... ဒါပေမဲ့ ဒေါ်ဒေါ်မျှော်လင့်ထားတဲ့ သူ့ဆီကမေတ္တာတရားကိုတော့ပေးဖို့ တွန့်ဆုတ်နေခဲ့တာပေါ့ကွယ် " အမျိုးသမီးကြီးရဲ့စကားကြောင့် မြရွက်ဝါနာနာကျင်ကျင်ပြုံးလိုက်မိတယ်။ " သမီးတို့ဘာလို့လမ်းခွဲလိုက်ကြတာလဲကွယ်...သူဘာတွေပြောခဲ့လဲ...သမီးဆီကိုပြန်လာမှာတဲ့လား " အမျိုးသမီးကြီးရဲ့အမေးကိုမြရွက်ဝါလေးတွဲစွာခေါင်းခါယမ်းပြလိုက်မိပြီး " ဘာ...ဘာမှမပြောသွားပါဘူးဒေါ်ဒေါ်...လမ်းခွဲခဲ့တယ်ဆိုတာထက် ..သူ့ဘက်ကဘာမှဖြေရှင်းချက်မပေးဘဲပျောက်သွားခဲ့တာပါ....မြရွက်ကလက်ထပ်ကြဖို့ပြောလိုက်မိလို့... မပြောမဆိုနဲ့ထားခဲ့ခံလိုက်ရတာပါ...သူနိုင်ငံခြားထွက်သွားတာ ကိုလဲ ...သူ့ရုံးကိုဖုန်းဆက်ကြည့်လိုက်တော့မှ မြရွက်သိလိုက်ရတာပါ " မြရွက်ဝါပြောရင်းနဲ့ငိုချလိုက်မိတယ်။ဘေးမှာအဖော်ကင်းမဲ့ခဲ့လို့ မကျနိုင်ခဲ့တဲ့မျက်ရည်တွေက အခုချိန်မှာတော့တားဆီးလို့မရတော့ဘဲအဆက်မပြတ်စီးကျလာခဲ့တယ်။အမျိုးသမီးကြီးက ချစ်ရသူရဲ့မိခင်ဆိုတဲ့အသိစိတ်ကြောင့် မြရွက်ဝါမှာပိုပိုပြီးဝမ်းနည်းလာကာထိန်းမရနိုင်တာ့ဘဲ ငိုချလိုက်မိတော့တယ်။ ဒေါ်ခင်မေရီကငိုနေတဲ့မြရွက်ဝါကို အသာဖက်ရင်း မြရွက်ဝါရဲ့ကျောပြင်ကိုခပ်ဖွဖွပုတ်ကာနှစ်သိမ့်ပေးနေလိုက်တယ်။မြရွက်ဝါအတော်ကြာအောင်ငိုပြီးသွားတဲ့အခါမှ ဒေါ်ခင်မေရီကမြရွက်ဝါကိုကရုဏာသက်စွာကြည့်လိုက်ပြီး " သမီးကိုမေးမယ်...ဒေါ်ဒေါ့်ကိုအမှန်တိုင်းဖြေပါကွယ် " ဒေါ်ခင်မေရီရဲ့အမေးကြောင့် မြရွက်ဝါကပါးပြင်ပေါ်ကလက်ကျန်မျက်ရည်စတွေကိုလက်ဖဝါးနဲ့ပွတ်သုတ်လိုက်ပြီး ဒေါ်ခင်မေရီကိုခေါင်းငြိမ့်ပြလိုက်တယ်။ " အမေပွင့်ပွင့်လင်းလင်းပဲမေးမယ်....သမီးမှာကိုယ်ဝန်ရှိနေပြီမဟုတ်လား...အဲ့ဒီကိုယ်ဝန်ကသားနဲ့ရတဲ့ကိုယ်ဝန်မဟုတ်လား " " ရှင် " မြရွက်ဝါ ရှင်တစ်လုံးသာပြောနိုင်ပြီး နှုတ်ဆိတ်နေမိတယ်။ " ပြောပါသမီး ...မရှက်ပါနဲ့ကွယ်... ဒါက ရှက်ရမဲ့ကိစ္စမဟုတ်ဘူး..ဒီကိစ္စကို သားသိလား...သူမသိအမေကိုယ်တိုင် သူတို့ရုံးကို လိုက်သွားပြီး ...သားနဲ့ အဆက်အသွယ်ရအောင် ကြိုးစားမယ်...သမီးအကြောင်းကို ပြောမယ် " "မ...မပြောပါနဲ့တော့ရှင် ....ပြောလဲ အရှက်ကွဲရုံအပြင် အကျိုးရှိမှာမဟုတ်ပါဘူး...သူနဲ့သူ့ရဲ့ တွဲဖက်သူဌေးမ နိုင်ငံခြားမှာ သွားလက်ထပ်ကြတာတဲ့ " " ဘာ ...ဘာပြောတယ် သမီး .. ဟုတ်.... ဟုတ်လို့လားကွယ် ... ဒီသတင်းကို သမီးဘယ်ကြသိတာလဲ " " သူတို့ရှေ့နေရုံးက ရှေ့နေ ပြောပြတာပါ ဒေါ်ဒေါ် " " ဒါ..ဒါဆိုရင် ...ဒီ...ဒီကလေးကို သမီးဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ ...မွေးဖို့စဉ်းစားထားတာလား...သမီးအနေနဲ့မွေးဖို့စဉ်းစားထားရင်တော့ ပတ်ဝန်းကျင်ရဲ့ဒဏ်ကိုအတော်ခံရမှာသေချာတယ်...ဒါပေမဲ့ဒီကလေးကိုမွေးဖို့ သမီးဆုံးဖြတ်ထားတယ်ဆိုရင်မွေးပါကွယ်....သမီးကိုရောကလေးကိုရော ..အမေတာဝန်ယူစောင့်ရှောက်ပေးပါ့မယ်....သားသမီးတွေအတွက်လို့ ရည်ရွယ်ထားပြီးစုဆောင်းထားတဲ့လက်ဝတ်ရတနာတွေ အမေ့ဆီမှာရှိပါတယ်...အခုတော့သားသမီးတွေကိုလဲ ပေးစရာမလိုတော့ဘူးလေ...အဲ့ဒီတော့.သားကိုယ်စားမြေးလေးကိုအမေစောင့်ရှောက်ပေးမယ်...အမေနဲ့လိုက်ခဲ့ပါသမီး ...ဒီအရပ်မှာဆက်နေရင်တော့ သမီးရောမွေးလာမဲ့ကလေးပါမျက်နှာငယ်ရလိမ့်မယ်....ဘယ်သူမှမသိတဲ့နေရာမှာ အမေတို့ဘဝသစ်ကိုစကြမယ် " ဒေါ်ခင်မေရီရဲ့စကားကြောင့် မြရွက်ဝါရင်ထဲတထိတ်ထိတ်လှုပ်ရှားသွားကာ ဒေါ်ခင်မေရီကိုမော့ကြည့်လိုက်မိတယ်။ ~~~~~~~~~~~~~~~~~ " မင်းကိုကြည့်ရတာမလန်းပါလားမောင်မောင်....ဘာလဲတစ်ညလုံးဂိမ်းတွေဆော့နေတာလား,....ကားသမားဆိုတာအိပ်ရေးပျက်လို့မရဘူးကွ...ဒီနေ့တော့ မင်းအိမ်ပြန်နားလိုက်ကွာ...နောက်နေ့တွေဒီလိုမဖြစ်စေနဲ့ကွာ " " ဟုတ်...ဟုတ်ကဲ့ပါဆရာ " အထက်လူကြီးကပြန်ခိုင်းတော့လဲ ရဲမြတ်မောင်အိမ်ပြန်လာခဲ့လိုက်ရတယ်။အမေ့အိမ်ကထွက်လာခဲ့ပြီး ခြောက်လကျော်အတွင်းမှာ သူ့ဘဝကသူထင်ထားခဲ့သလိုပျော်ရွှင်စရာသုခဘုံမဟုတ်မှန်းသိလာခဲ့ရတယ်။မိခင်ကြီးဆီကတောင်းလာခဲ့တဲ့ငွေတွေကို မိုးရတနာတို့မိသားစုနဲ့အတူတူဖြုန်းပြီးပျော်ပါးခဲ့ကြတယ်။ဘာမင်္ဂလာမှလဲမဆောင်ဖြစ်ပါဘူး။ဒီတိုင်းပဲနေလိုက်ကြတယ်။သူ့မှာပါလာတဲ့ငွေကို ကုန်အောင်သုံးခွင့်တောင်မရလိုက်ပါဘူး မိန်းမနဲ့ယောက္ခမကြီးကနေ့တိုင်းငြူစူစောင်းမြောင်းနေပြောဆိုနေတော့တာလေ။အရင်က ဂိမ်းဆော့နေရင်းနဲ့ ချစ်သူဆီကဆဲသံကြားရင် ကျေနပ်သဘောကျခဲ့တဲ့ခံစားချက်ကြီးကနေ အခုချိန်မှာတော့ ကြောက်စရာခံစားချက်ကြီးဖြစ်နေခဲ့ပါပြီ။ ယောက္ခမနဲ့မိန်းမက ရဲမြတ်မောင်စားရင်လဲစားပြန်ပြီ။အိပ်ရင်လဲအိပ်ပြန်ပြီ။အပြင်ထွက်ရင်လဲထွက်ပြန်ပြီနဲ့ အချိန်ပြည့် ပြစ်တင်ပြောဆိုနေကြတာလေ။အမေ့အိမ်မှာနေတုန်းက အိပ်လိုက်စားလိုက်လည်လိုက်ပတ်လိုက်ဘဝကို ရဲမြတ်မောင်သတိရတမ်းတမိပေမဲ့ မပြန်ရဲလို့ လုံးဝမဆက်သွယ်ဘဲနေလာခဲ့တာခြောက်လတောင်ကျော်လာခဲ့လေပြီ။

ဆွေမျိုးသားချင်းတစ်ယောက်လောက်တော့ရှိမှဖြစ်မယ်မဟုတ်ပါလား။ဒါမှမဟုတ်အရှက်သိက္ခာတွေခဝါချပြီး ဟန်လင်းသန့်ရဲ့ရုံးကလူတွေကိုပဲပြောပြရမှာလားလို့ တွေးမိပြန်တယ်။လက်ထပ်ဖို့ပြောလိုက်ကာမှ ရှောင်ပြေးသွားတဲ့ချစ်သူက မြရွက်ဝါမှာကိုယ်ဝန်ရှိနေပါပြီလို့ ပြောလိုက်ရုံနဲ့ပြန်လာပါ့မလား။ပြန်မလာခဲ့ရင်ဘာတွေဆက်ဖြစ်ကြမလဲ။သူမတို့ချစ်သူတွေဖြစ်နေကြတာကိုသိတဲ့သူတွေကလဲ သူမတို့ညီအစ်မနဲ့ကြီးကြီးတို့မိသားစုပဲရှိတာ။လောလောဆယ် အစ်မကဘယ်ဆီရောက်နေမှန်းမသိရဘူး။ဒီလိုဆိုရင်ဖြင့် ကြီးကြီးတို့မိသားစုက သူမဘက်ကနေသက်သေလိုက်ပေးမှာလား။ပြီးတော့ ဟန်လင်းသန့်က ပန်းနုထွေးပြောသလိုပဲ သူဌေးမနဲ့ လက်ထပ်လိုက်ပြီဆိုရင်ရော ။မြရွက်ဝါဘာဆက်လုပ်ရမှာလဲ။ဦးခေါင်းကိုပြင်းပြင်းထန်ထန်ခါယမ်းလိုက်မိတယ်။မနာလိုမရှုစိမ့်တဲ့ မစ္ဆေရစိတ်ဆိုတာဆွေမျိုးသားချင်းတွေကြားမှာဖြစ်ပေါ်လာခဲ့ရင် သူစိမ်းတွေထက်တောင်ကြောက်ဖို့ကောင်းတယ်ဆိုတာကို မြရွက်ဝါအတော်အသင့်နားလည်နေခဲ့ပါပြီ။တကယ်လို့ မြရွက်ဝါရဲ့အကြောင်းကိုသာ ကြီးကြီးတို့မိသားစုသိသွားခဲ့ရင်ဆိုတဲ့ အတွေးကို တွေးလိုက်မိတော့ ရင်ထဲမှာတုန်လှုပ်ချောက်ချားသွားမိတယ်။ဖြစ်နိုင်ရင် သူမ ကိစ္စကို တစ်လောကလုံးက လူတွေသိသွားခဲ့ရင်တောင် ကြီးကြီးတို့မိသားစုကို မသိစေချင်မိဘူး။ ဒါက သူမရဲ့ကိုယ်ကျင့်သိက္ခာအတွက် နောက်ဆုံးလက်ကျန်မာလေးပါပဲ။ ~~~~~~~~~~~~ အလုပ်တွေကိုစက်ရုပ်တစ်ရုပ်လိုလုပ်ကိုင်နေရင်း မြရွက်ဝါရှင်သန်နေမိတယ်။မ‌ေ***သနိုင်တဲ့ဘဝမှာ ရှင်သန်နိုင်ဖို့အတွက်ကြိုးစားရမယ်မဟုတ်ပါလား။ပြီးတော့မြရွက်ဝါရဲ့သိက္ခာတွေကို အဖက်ဆယ်ဖို့အတွက် ဒီအရပ်ကနေအဝေးဆုံးကိုပြေးရမယ်ဆိုတာကိုလဲ မြရွက်ဝါတွက်ဆတွေးထားမိတယ်။ဒါပေမဲ့ သူမမှာပြေးဖို့အင်းအားသတ္တိတွေပျောက်ဆုံးနေမိတယ်။လင်ကောင်မပေါ်တဲ့ဗိုက်တစ်လုံးနဲ့မြရွက်ဝါဘယ်လိုရှင်သန်ရမှာလဲ။ခေတ်ကြီးက ဘယ်လောက်ပဲပွင့်လင်းလာပါတယ်ပြောပြော ကာယကံရှင်အနေနဲ့ဘယ်လောက်ထိကြောက်ရွံ့နေမိတယ်ဆိုတာ ကိုယ်တိုင်ကြုံဖူးမှ ဒီကြောက်ရွံ့စိတ်ကိုသိမှာပါ။တစ်ဖက်သားကို လွယ်လွယ်အပြစ်တင်တတ်ကြတဲ့လူတွေကြားမှာ ဘာကိုမှဂရုမစိုက်ဘဲရှင်သန်နေထိုင်နိုင်ဖို့ဆိုတာ တော်ရုံသတ္တိနဲ့တော့ဖြစ်နိုင်မှာမဟုတ်ဘူးဆိုတာကို မြရွက်ဝါကိုယ်တိုင်ကြုံလာရတော့မှသိလာခဲ့ရတယ်။ " ဒေါက်...ဒေါက် " နေ့စဉ်အချိန်မှန်လာတတ်တဲ့ ပစ္စည်းပို့သမားကလွဲလို့ တံခါးခေါက်သံတိတ်ဆိတ်နေခဲ့တာကြာပြီဖြစ်တဲ့ အခန်းတံခါးခေါက်သံ။မြရွက်ဝါရင်တွေတလှပ်လှပ်ခုန်ကာ တံခါးဝဆီကိုမျှော်လင့်ချက်ကြီးစွာနဲ့ထလာခဲ့မိတယ်။အတွင်းသစ်သားတံခါးကိုဖွင့်နေချိန်မှာလဲ လက်တွေကတဆတ်ဆတ်တုန်ယင်နေခဲလေတယ်။တံခါးခပ်ဟဟပွင့်သွားချိန်မှာတော့ မြင်လိုက်ရတဲ့မျက်နှာကြောင့် မြရွက်ဝါရဲ့ရင်ခုန်သံတွေအေးစက်သွားခဲ့ရတယ်။ " ဒေါ်ဒေါ် " " ဒေါ်ဒေါ့်ကို တံခါးခဏလောက်ဖွင့်ပေးပါကွယ်...ဒေါ်ဒေါ့်မှာပြောစရာစကားတွေရှိလို့ပါ" အမျိုးသမီးကြီးရဲ့စကားကြောင့်မြရွက်ဝါ တံခါးကိုဖွင့်ပေးလိုက်တယ်။ " ထိုင်ပါ ဒေါ်ဒေါ် " မြရွက်ဝါအမျိုးသမီးကြီးကို နေရာပေးလိုက်ရင်အအေးဘူးနဲ့စားစရာအချို့ကိုသွားယူလိုက်တယ်။ " စားစရာတွေထားလိုက်ပါ သမီးရယ်...ဒေါ်ဒေါ့်မေးစရာရှိလို့လာခဲ့တာပါ ...ထိုင်ပါအုံးကွယ် " အမျိုးသမီးကြီးရဲ့စကားကြောင့် မြရွက်ဝါအမျိုးသမီးကြီးရှေ့မှာ ဖျော့တော့စွာထိုင်ချလိုက်တယ်။ " သမီးကိုကြည့်ရတာ...အရင်ခေါက်တွေကနဲ့တခြားစီပဲကွယ်...အတော်လေးလဲပိန်သွားတယ်...မှန်စမ်း " အမျိုးသမီးကြီးကပြောပြောဆိုဆိုနဲ့ မြရွက်ဝါရဲ့မျက်နှာကိုလက်နဲ့ကိုင်တွယ်စမ်းသပ်ရင်း သေချာစူးစိုက်ကြည့်တယ်။ပြီးတော့သက်ပြင်းရှည်ကြီးကိုချလိုက်တယ်။ " သမီးနဲ့မောင်ဟန်လင်းသန့်ဘယ်လိုဖြစ်သွားကြတာလဲကွယ်....မနေ့ကသူတို့ရုံးကိုဖုန်းဆက်လိုက်တော့ ...မောင်ဟန်လင်းသန့်ပြည်ပထွက်သွားတယ်...ကြာမယ်လို့ပြောတယ်...သမီးနဲ့လမ်းခွဲလိုက်ကြတာလား ' မြရွက်ဝါအမျိုးသမီးကြီးရဲ့အမေးကိုမဖြေဘဲ နှုတ်ဆိတ်နေမိတယ်။ " အင်း...သမီးမဖြေချင်ဘူးဆိုလဲ... ဒေါ်ဒေါ့်အကြောင်းတွေကို သမီးကိုအရင်ပြောပြပါ့မယ်ကွယ်...ဒေါ်ဒေါ်ကဟန်လင်းသန့်ရဲ့အမေပါကွယ် " " ရှင် " အမျိုးသမီးကြီးရဲ့စကားကြောင့် မြရွက်ဝါအံ့ဩတုန်လှုပ်သွာရတယ်။ " ဟုတ်ပါတယ်ကွယ်...ဒေါ်ဒေါ်တို့မိသားစုအကြောင်းကို အားလုံးပြောပြပါ့မယ် ...သမီးသည်းခံပြီးနားထောင်ပေးပါကွယ် " " ဟုတ်..ဟုတ်ကဲ့ " မြရွက်ဝါခေါင်းငြိမ့်ပြလိုက်ပြီး အမျိုးသမီးကြီးပြောသမျှကိုငြိမ်သက်စွားနားထောင်နေမိတယ်။အမျိုးသမီးကြီးက သူတို့မိသားစုဇာတ်ကြောင်းကိုပြောပြနေရင်း မျက်ရည်တွေတွေကျနေခဲ့သလို မြရွက်ဝါလဲနားထောင်နေရင်းက ချစ်ရသူကိုသနားလွန်းတာကြောင့်မျက်ရည်တွေကျလာခဲ့မိတယ်။ " အားလုံးဟာ ဒေါ်ဒေါ်လုပ်ခဲ့တဲ့အပြစ်တွေပါကွယ်.....ဒေါ်ဒေါ်ရက်စက်ခဲ့လို့ မိုက်လုံးကြီးခဲ့လို့...သားလေးမှာ စိတ်ဒဏ်ရာတွေအများကြီးရခဲ့တယ်...

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၃၁) akyiphyu ******** မကိုင််တဲ့ဖုန်တွေက်ို အကြိမ်ကြိမ်ခေါ်ရင်း မြရွက်ဝါမှာလူမသိသူမသိရူးသွပ်တော့မလိုဖြစ်နေခဲ့ရတယ်။အစ်မဖြစ်သူဆီကို လုံးဝဆက်သွယ်လို့မရသလို ချစ်သူဟန်လင်းသန့်ဆီကိုလဲ ဆက်သွယ်လို့မရခဲ့ဘူး။ အရင်ရက်တွေကတော့ ချစ်သူကို စိတ်ဆိုးပြီး မြရွက်ဝါဘက်က ဖုန်းပိတ်ထားခဲမိတာ။ ခုရက်ပိုင်းတော့ မြရွက်ဝါဘက်က ဆက်သွယ်တာတာတောင် ဖုန်းလုံးဝမကိုင်တော့တာ။နောက်ဆုံးမှာတော့ဖြစ်ချင်ရာဖြစ်ဆိုပြီး ဟန်လင်းသန့်ရဲ့ရုံးခန်းလိပ်စာကဖုန်းနံပတ်ကိုဆက်ကြည့်လိုက်တယ်။၊ " ဟယ်လို ...ကိုဟန်လင်းသန့်နဲ့စကားပြောချင်လို့ပါရှင် " " ဟုတ်ကဲ့ ...မင်္ဂလာပါရှင် သူဌေးပြည်ပခရီးစဉ်ထွက်သွားပါတယ်ရှင်.." " ရှင်.." ကြားလိုက်ရတဲ့စကားကြောင့် မြရွက်ဝါအသက်ရှူရပ်မလိုဖြစ်သွားရတယ်။ " ဟုတ်ကဲ့ ...ကျွန်မတို့ဘက်ကဘာများကူညီပေးရမလဲရှင်...သူဌေးမရှိပေမဲ့...သူ့ရဲ့လက်ထောက်မန်နေဂျာရှိပါတယ်ရှင် " တစ်ဖက်မိန်းကလေးရဲ့အသံက မြရွက်ဝါနားထဲကို သံရည်ပူတွေလောင်းချလိုက်သလိုစီးဝင်လာခဲ့တယ်။မြရွက်ဝါအားတင်းပြီးတော့ သိချင်တာကိုမေးလိုက်တယ်။ " ဟို..ဟို...ကိုဟန်လင်းသန့် ဘယ်တော့လောက်ပြန်ရောက်မလဲရှင် " " ဟုတ်ကဲ့ ....သူဌေးပြန်လာမဲ့ရက်ကို အတိအကျပြောလို့မရပေမဲ့...အနည်းဆုံးသုံးလကနေတစ်နှစ်လောက်ကြာနိုင်ပါတယ်ရှင် " " ရှင် " " ဟုတ်ကဲ့ ...ကျွန်မတို့ဘာများကူညီပေးရမလဲရှင် " တစ်ဖက်က မိန်းကလေးရဲ့အမေးကို မြရွက်ဝါမဖြေနိုင်တော့ဘဲ လက်ထဲကဖုန်းကဘုတ်ခနဲအောက်ကိုပြုတ်ကျသွားခဲ့ရသလို လူကလဲမိုက်ခနဲဖြစ်သွားကာလဲကျသွားခဲ့တယ်။ ~~~~~~~~~~~~~~~ " ဒေါက်..ဒေါက် " တံခါးခေါက်သံကြောင့် မြရွက်ဝါ တစ်ကိုယ်လုံးဆတ်ခနဲတုန်သွားရပြီး ကုလားထိုင်ပေါ်က အားယူကာထလိုက်မိတယ်။ပြီးတော့စိတ်ထဲလှုပ်ရှားတုန်လှုပ်ကာ တံခါးပေါက်ဆီကိုထလာခဲ့မိတယ်။တံခါးကိုဖွင့်လိုက်ချိန်မှာ မြဲရွက်ဝါမြင်လိုက်ရတာက သူမမမျှော်လင့်ထားသောပန်းနုထွေးဖြစ်နေခဲ့တယ်။ " ငါ အထဲဝင်လို့ရလား မြရွက်ဝါ...." ပန်းနုထွေးရဲ့အသံက ပေါ့ပါးပြီးရွှင်မြူူးသွက်လက်နေတယ်လို့ မြရွက်ဝါစိတ်ထဲခံစားလိုက်ရတယ်။ " အဘွားဘာခိုင်းလိုက်လို့လဲ ပန်းနု...အိမ်ထဲမှာဈေးရောင်းပစ္စည်းတွေနဲ့ရှုပ်ပွနေလို့ပါ " " ဪ ...ဟုတ်လား...ဒါဆိုလဲ ဒီကပဲပြောတော့မယ်...နင့်အတွက်စေတနာနဲ့လာပြောပြတာနော်...ငါ့ကိုတော့ တစ်မျိုးမထင်စေချင်ဘူး...ညီအစ်မချင်းမို့ပြောပြတာ...နင့်ကို ...ဟန်လင်းသန့်ကဘာတွေပြောသွားသေးလဲ...သူနိုင်ငံခြားကိုချက်ချင်းကြီးထွက်သွားတာက သူနဲ့အလုပ်တွဲလုပ်နေတဲ့သူဌေးမနဲ့လက်ထပ်ကြဖို့လို့ အတွင်းသတင်းရတယ်....ဟိုရက်ပိုင်းခရီးသွားတုန်းကလဲ ... အဲ့ဒီသူဌေးမပါပါသွားတယ်လေ....နင်အဲ့ဒါတွေဘာမှမသိဘဲ ..သူပြောသမျှကိုယုံနေတာမဟုတ်လား ...အခုရောနင့်ကိုဆက်သွယ်နေသေးလား ....နင်မသိချင်ယောင်ဆောင်ပြီးမေးကြည့်ပေါ့ဟယ် " မြရွက်ဝါက ပန်းနုထွေးကို မင်သက်ငေးမောကာကြည့်နေမိတယ်။နားထဲမှာတော့ ပန်းနုထွေးရဲ့အသံတွေကတိုးသွားလိုက်ကျယ်သွားလိုက်နဲ့ဖြစ်နေခဲ့တယ်။ " နင်ပြောနေတာက အမှန်တွေပဲလားပန်းနု...နင့်မှာသက်သေရှိလို့လား ' " သက်သေဟုတ်လား...နင့်ကများ ရှေ့နေဆီကသက်သေလာတောင်းနေသေးတယ်....သက်သေကဘာသက်သေကိုပြောတာလဲ....သူတို့အတူနေတဲ့သက်သေလား...အဲ့ဒီသက်သေကတော့ငါလဲ မပြပေးနိုင်ဘူး...ယုံတာမယုံတာနင့်သဘောပါ.....ဒါပေမဲ့သူတို့နှစ်ယောက်...နိုင်ငံခြားကိုအတူထွက်သွားကြတဲ့သက်သေတော့ ပြနိုင်တယ်...ဓါတ်ပုံတွေလဲရှိတယ်....နင်က...အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ...သူ့ကိုယုံကြည်နေတယ်ဆိုရင်လဲ နင့်သဘောပါပဲ ...ငါကတော့ သွေးသားချင်းမို့ပြောပြတာ ....သွားပြီ " ပန်းနုထွေး အောက်ထပ်ကိုပြန်ဆင်းသွားခဲ့တော့ မြရွက်ဝါအခန်းတံခါးကိုပိတ်လိုက်ပြီး တံခါးရှေ့မှာကျောက်ရုပ်ကြီးတစ်ရုပ်လိုရပ်နေခဲ့မိတယ်။ကြားလိုက်ရတဲ့သတင်းစကားတွေကြောင့် ရင်ထဲမှာမီးတွေဟုန်းဟုန်းတောက်သလိုခံစားနေရပေမဲ့ မြရွက်ဝါငိုဖို့တောင်မေ့လျော့နေခဲ့မိတယ်။ ~~~~~~~~~~~~~~~~ " မမြရွက်ဝါ ...ကိုယ်ဝန်ရှိနေတာကိုမသိဘူးလား...ဒါကသားဦးကိုယ်ဝန်နော် ဂရုစိုက်ရမယ်...လူကလဲအားအရမ်းနည်းနေတယ်...နောက်တစ်ခါလာရင်အဖော်ခေါ်လာခဲ့ပါ... တစ်ယောက်တည်းမလာပါနဲ့ " ဆရာဝန်မရဲ့စကားတွေက မြရွက်ဝါရဲ့နားစည်ထိ ရိုက်ခတ်လာခဲ့တယ်။ဒီလိုအဖြစ်မျိုး ကြုံရနိုင်တာကို ကြိုတင်တွက်ဆထားခဲ့ပေမဲ့ တကယ်တမ်းကြုံဆုံလာရတဲ့အခါမှာတော့ မြရွက်ဝါ‌ေ***သွးပျက်ကာချောက်ချားလာမိတယ်။အရင်ကတော့ ချစ်သူကတာဝန်ယူမှာပဲလို့ တွေးထင်ထားခဲ့မိတာလေ။ ခုအချိန်မှာတော့ မြရွက်ဝါဘေးမှာ အားကိုးစရာဘယ်သူမှမရှိဘူး။အပြစ်ပြောမဲ့သူတွေနဲ့ သူမဘဝကို ရှင်သန်ချင်စိတ်ကင်းမဲ့သွားအောင်ထိုးနှက်ကြမဲ့သူတွေပဲရှိတော့တယ်။အချစ်ကြောင့်ဖြစ်ခဲ့ရတဲ့အမှားက မြရွက်ဝါစိုးရိမ်နေခဲ့မိသလိုမြရွက်ဝါဘဝကို သ...*တ်ခဲ့လေပြီ။အပျိုတစ်ယောက် ကလေးမွေးဖို့ဆိုတာ တော်ရုံသတ္တိရှိရုံနဲ့ဖြစ်နိုင်ပါ့မလား။ဘေးနားကနေဖေးမအားပေးနေမဲ့

https://m.facebook.com/story.php?story_fbid=692743796307332&id=100067151540690&mibextid=Nif5oz အပိုင်း (၁၄) https://m.facebook.com/story.php?story_fbid=693330792915299&id=100067151540690&mibextid=Nif5oz အပိုင်း (၁၅) https://m.facebook.com/story.php?story_fbid=693878499527195&id=100067151540690&mibextid=Nif5oz အပိုင်း (၁၆) https://m.facebook.com/story.php?story_fbid=694465072801871&id=100067151540690&mibextid=Nif5oz အပိုင်း (၁၇) https://m.facebook.com/story.php?story_fbid=695033399411705&id=100067151540690&mibextid=Nif5oz အပိုင်း (၁၈) https://m.facebook.com/story.php?story_fbid=695585566023155&id=100067151540690&mibextid=Nif5oz အပိုင်း ( ၁၉ ) https://m.facebook.com/story.php?story_fbid=696094872638891&id=100067151540690&mibextid=Nif5oz အပိုင်း (၂၀) https://m.facebook.com/story.php?story_fbid=696684312579947&id=100067151540690&mibextid=Nif5oz အပိုင်း ၂၁ https://www.facebook.com/share/p/wRcCmH4RZ2ddz2tK/?mibextid=oFDknk အပိုင်း ၂၂ https://www.facebook.com/share/p/bxYoDSCkyiBX8tT5/?mibextid=oFDknk အပိုင်း ၂၃ https://www.facebook.com/share/p/UhXBQWJEfsK9iHFW/?mibextid=oFDknk ၂၄ https://www.facebook.com/share/p/imKjmHaB1J3xvrdJ/?mibextid=2JQ9oc ၂၅ https://www.facebook.com/share/p/6C6e36G1acEuacHn/?mibextid=2JQ9oc ၂၆ https://www.facebook.com/share/p/xBxTEsvfxiWurx9W/?mibextid=2JQ9 ၂၇ https://www.facebook.com/share/p/fvy9wKWEqi1seq9i/?mibextid=2JQ9oc ၂၈ https://www.facebook.com/share/p/2BEtre1aoHp1tKgq/?mibextid=Nif5oz ၂၉ https://www.facebook.com/share/p/rFA6FMNTa2MyPQyg/?mibextid=Nif5oz

" ဟုတ်...ဟုတ်ကဲ့ ကိုမြတ်သူ....ဒီဘက်မှာ အလုပ်ကိစ္စလေးရှိလို့ပါရှင်....ထိုင်ပါအုံး " မြရွက်ဝါက ပြန် နှုတ်ဆက်လိုက်တော့ ကိုမြတ်သူလဲ ခုံမှာဝင်ထိုင်လိုက်ပြီး နှစ်ယောက်သား သာကြောင်းမာကြောင်းမေးမိကြတယ်။ကိုမြက်သူကို အိမ်ထောင်ဖက်အဖြစ် လက်မခံနိုင်ပေမဲ့ မိတ်ဆွေတစ်ယောက်အဖြစ်လက်ခံနိုင်တာမို့ မြရွက်ဝါ ဖော်ဖော်ရွေရွေနဲ့ပဲ နှုတ်ဆက်လိုက်တာ။ " စကားပြောလို့လဲ ကောင်းပါတယ်ကိုမြတ်သူ ...မြရွက်ပြန်တော့မယ်နော် " " ဟုတ်ကဲ့ မြရွက်....ကားငှားမှာလား ..ကျွန်တော်လိုက်ပို့ပေးပါ့မယ် " " အို .... မဟုတ်တာ ရပါတယ် ကိုမြတ်သူ ....ကျေးဇူးတင်ပါတယ် ... မြရွက်ကားငှားပြီးပြန်မှာပါ ... အမေ့ " ကိုမြတ်သူကို အငြင်းစကားပြောပြီး ထလိုက်ချိန်မှာ မြရွက်ဝါခေါင်းထဲမိုက်ခနဲဖြစ်သွားပြီး လူကယိုင်ခနဲလဲကျမလိုဖြစ်သွားတယ်။ " ဟာ မြရွက်ရရဲ့လား.....နေတွေတအားပူလို့ မြရွက်မောနေတာဖြစ်မယ် ....လာပါ မြရွက်ရယ် .....ကျွန်တော်ပြန်လိုက်ပို့ပေးပါမယ် .....ကျွန်တော်တို့ မိတ်ဆွေတွေပဲ အားနာဖို့မလိုပါဘူး " ကိုမြတ်သူကအားမနာနဲ့ပြောပေမဲ့ မြရွက်ဝါအားနာမိသလိုမျက်နှာလဲပူနေမိတယ်။သို့ပေမဲ့ မြရွက်ဝါမှာစိတ်သာရှိပြီး လူကခေါင်းတွေတရိပ်ရိပ်မူးကာအားမရှိသလိုဖြစ်နေတာမို့ မငြင်းနိုင်တော့ဘဲ ကားပေါ်တက်ထိုင်လိုက်ရတော့တယ်။တစ်နေကုန်ပင်ပန်းထားလို့ ထင်ပါရဲ့။ဒီနေ့ကျမှ မဟန်နိုင်လောက်အောင်ခေါင်းကလဲတရိပ်ရိပ်မူးဝေနေခဲ့တယ်။ ~~~~~~~~~~~~ " ရရဲ့လားမြရွက် ...ကျွန်တော်တွဲပေးရမလား " ကိုမြတ်သူကကားကို တိုက်ရှေ့မှာထိုးရပ်လိုက်ပြီး မေးလိုက်တယ်။ " ရတယ် ကိုမြတ်သူ ...,မြရွက်သက်သာပါတယ်....ကျေးဇူးတင်ပါတယ်ကိုမြတ်သူ " မြရွက်ဝါကိုမြတ်သူကို ကျေးဇူးတင်စကားပြောလိုက်ပြီးကားပေါ်ကဆင်းလိုက်တယ်။ " ကျွန်တော်လဲ အဘွားတို့ကိုနှုတ်ဆက်လိုက်အုံးမယ်...." ကိုမြတ်သူက ပြောပြောဆိုဆိုနဲ့ကားပေါ်ကဆင်းလိုက်တယ်။မြရွက်ဝါလဲကားပေါ်ကဆင်းလိုက်ပြီးတိုက်ထဲဝင်ဖို့ပြင်လိုက်တယ်။ " ကျေးဇူးပါနော် ကိုမြတ်သူ ....အို " ကိုမြတ်သူကိုနှုတ်ဆက်ပြီးလှည့်ထွက်ချိန်မှာ မြရွက်ဝါမဟန်နိုင်ဘဲယိုင်လဲကျသွားခဲ့ရတာမို့ ကိုမြတ်သူကလှမ်းထိန်းလိုက်ရတယ််။ " ရရဲ့လားမြရွက်....အစ်မကိုလှမ်းခေါ်လိုက်မလား...ကျွန်တော်လိုက်ပို့ပေးရမလား " " ကျေး....ကျေးဇူးတင်ပါတယ် ကိုမြတ်သူ....ဖြုန်းခနဲမို့မူးသွားတာပါ....မြရွက်ကိုခွင့်ပြုပါအုံးရှင် " မြရွက်ဝါ ကိုမြတ်သူကိုနှုတ်ဆက်ပြီးတော့ တိုက်ထဲကိုဝင်လာခဲ့လိုက်တယ်။ကိုမြတ်သူက မြရွက်ဝါကိုတစ်ခဏစောင့်ကြည့်နေပြီးမှ စတိုးဆိုင်ရှိရာဘက်ကိုလျှောက်သွားလိုက်တယ်။ ~~~~~~~~~~~~~~~ ဟန်လင်းသန့်ကားကိုအရှိန်ပြင်းပြင်းနဲ့မေင်းထွက်လာခဲ့ပြီးနာနာကြည်းကြည်းနဲ့တောက်တစ်ချက်ခေါက်လိုက်မိတယ်။မျက်လုံးထဲမှာတော့ ကားပေါ်ကဆင်းလားကြပြီး နှစ်ယောက်သားပူးပူးကပ်ကပ်နဲ့စကားပြောနေကြတဲ့ မြရွက်ဝါတို့ကိုမြင်ယောင်နေမိတယ်။မြင်ကွင်းကို မျက်စိထဲမှာမြင်ယောင်ရင်း ဟန်လင်းသန့်အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။လူကအညာခံအလှည့်စားခံလိုက်ရတယ်ဆိုတဲ့အသိစိတ်ကြောင့်လူသ...***တ်ချင်စိတ်ပေါက်အောင် ဒေါသတွေထွက်နေမိတယ်။ ==================================== အပိုင်း( ၃၁) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ မနက်ဖြန် (၂)ပိုင်းတင်ပေးပါမယ်ရှင် အပိုင်း( ၁ ) Link https://m.facebook.com/story.php?story_fbid=684737547107957&id=100067151540690&mibextid=Nif5oz အပိုင်း (၂) Link https://m.facebook.com/story.php?story_fbid=685298803718498&id=100067151540690&mibextid=Nif5oz အပိုင်း(၃)Link https://m.facebook.com/story.php?story_fbid=685838313664547&id=100067151540690&mibextid=Nif5oz အပိုင်း (၄) https://m.facebook.com/story.php?story_fbid=686373200277725&id=100067151540690&mibextid=Nif5oz အပိုင်း (၅) https://m.facebook.com/story.php?story_fbid=686924473555931&id=100067151540690&mibextid=Nif5oz အပိုင်း (၆) https://m.facebook.com/story.php?story_fbid=687482310166814&id=100067151540690&mibextid=Nif5oz အပိုင်း ၇ https://m.facebook.com/story.php?story_fbid=688061703442208&id=100067151540690&mibextid=Nif5oz အပိုင်း ၈ https://m.facebook.com/story.php?story_fbid=688653883382990&id=100067151540690&mibextid=Nif5oz အပိုင်း (၉) https://m.facebook.com/story.php?story_fbid=689874746594237&id=100067151540690&mibextid=Nif5oz အပိုင်း ၁ဝ https://m.facebook.com/story.php?story_fbid=690450173203361&id=100067151540690&mibextid=Nif5oz အပိုင်း ၁၁ https://m.facebook.com/story.php?story_fbid=691015849813460&id=100067151540690&mibextid=Nif5oz အပိုင်း ၁၂ https://fb.watch/pQw62cSEjV/?mibextid=Nif5oz အပိုင်း (၁၃)

မညိုကိုပြောပြီးတော့ မြရွက်ဝါအခန်းထဲဝင်လာခဲ့လိုက်တယ်။အခန်းထဲရောက်တော့ ဖုန်းကိုယူကြည့်လိုက်တယ်။ဖုန်းမှာဟန်လင်းသန့်ဖုန်းခါခေါ်ထားပြီး စာပို့ထားတာကို တွေ့လိုက်ရတယ်။ " မြရွက်.... ကိုယ်အရေးတကြီးကိစ္စနဲ့ နယ်ဘက်ခဏသွားရမယ် ..... ဟိုမှာသုံးလေးရက်တော့ကြာမယ် ... ညကျရင်ဖုန်းခေါ်မယ် ...ဖုန်းကိုင်ပေးပါ " ဖုန်းထဲကစာကိုဖတ်ပြီးတော့ မြရွက်ဝါဖုန်းကို ခေါင်းအုံးပေါ် ပစ်ချလိုက်တယ်။ဒီခရီးစဉ်မှာရော ဘယ်မိန်းမတွေပါသွားသေးလဲလို့ နာနာကျင်ကျင်နဲ့တွေးလိုက်မိတယ်။ ~~~~~~~~~ ဒီနှစ်ရက်အတွင်းမှာ မညိုတစ်ယောက်မျက်နှာမကောင်းမှန်းသိပေမဲ့မြရွက်ဝါလဲ ကိုယ့်အပူနဲ့ကိုယ်မို့ အစ်မဖြစ်သူကိုဘာမှမမေးဘဲနေလိုက်မိတယ်။တစ်ညလုံးလိုလိုမြရွက်ဝါအိပ်မပျော်နိုင်ခဲ့ပေမဲ့မိုးလင်းခါနီးအချိန်မှာ မှေးခနဲအိပ်ပျော်သွားခဲ့တယ်။ မြရွက်ဝါနိုးလာချန်မှာမနက်ခုနစ်နာရီထိုးတော့မယ်။တစ်အိမ်လုံးကတိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။အရင်ရက်တွေက ဒီလိုအချိန်ဆိုရင် နောက်ဖေးမီးဖိုချောင်ကနေချက်သံပြုတ်သံတွေကိုကြားနေကြမို့ မြရွက်ဝါရင်ထဲထိတ်ခနဲဖြစ်သွားကာ အစ်မဖြစ်သူရဲ့အခန်းကိုပြေးကြည့်လိုက်မိတယ်။ " မညို..မညို " အခန်းတံခါးကိုဖွင့်လိုက်ချိန်မှာ မညိုကိုမတွေ့ရဘဲအခန်းကရှင်းလင်းတိတ်ဆိတ်နေခဲ့တယ်။မြရွက်ဝါရင်တွေတဒီန်းဒိန်းဆောင့်ခုန်သွားပြီး အဝတ်ဗီရိုတွေကိုအမြန်ဖွင့်ကြည့်လိုက်မိတယ်။အဝတ်အစားတွေက ပုံမပျက်ရှိနေတာမြင်လိုက်ရတော့မှ မြရွက်ဝါရင်ထဲကအပူလုံးကြီးကျသွားရတော့တယ်။စိတ်အေးလက်အေးနဲ့လူက အပြင်ကိုပြန်ထွက်ဖို့ပြင်လိုက်တော့မှ ခေါင်းအုံးတွေပေါ်မှာတင်ထားတဲ့ စာခေါက်လေးကိုတွေ့လိုက်မိတယ်။မြရွက်ဝါစာရွက်လေးကို ခြေတုန်လက်တုန်နဲ့ယူဖတ်ကြည့်လိုက်မိတယ်။ " မြရွက်....ငါထွက်သွားပြီ...ငါ့အတွက်စိတ်အေးချမ်းမှုပေးနိုင်တဲ့နေရာကိုထွက်သွားတာမို့ ...ငါ့အတွက်စိတ်မပူပါနဲ့ ...နင့်ကိုယ်နင်ဂရုစိုက်ပါ... ငါ့ကိုလိုက်မရှာနဲ့ ...အလုပ်ကိုဆက်လုပ်ပါ...." စာဆုံးသွားချိန်အထိ မြရွက်ဝါစာရွက်ခေါက်လေးကိုကိုင်ပြီးကြောင်ငေးကာရပ်နေမိတယ်။ရုတ်တရက်ကြီးရင်ထဲမှာလစ်ဟာသွားပြီး ဆို့နင့်သွားတဲ့ခံစားချက်ကြီးကြောင့်လူကကြမ်းပြင်ပေါ်ခွေယိုင်ကာလဲကျသွားရတယ်။စာထဲမှာက စိတ်မပူနဲ့လို့ရေးထားခဲ့ပေမဲ့ မြရွက်ဝါရဲ့ပါးပြင်ပေါ်ကို မျက်ရည်တွေတပေါက်ပေါက်လိမ့်ဆင်းစီးကျလာခဲ့တယ်။ ~~~~~~~~~~~ " ညည်းအေ အတူတူနေကြပြီးတော့ ..ကိုယ့်အစ်မရဲ့အရိပ်အခြည်ကိုတောင်မရိပ်မိဘူးလား ...အေးလေ...ညည်းလဲတစ်နေ့တစ်နေ့ပျော်ပါးနေရတော့ ကိုယ်အစ်မအခြေအနေကိုဘယ်သိနိုင့်ပါ့မလဲ..." ကြီးကြီးကပြစ်တင်ပြောဆိုသံနဲ့ပြောလာခဲ့တယ်။ " စိတ်မပူပါနဲ့ မမမြရွက်...ဖူးဖူးလဲမမခွါညိုကိုဝိုင်းရှာပေးပါ့မယ် ..." ညီမဝမ်းကွဲလေးဖူးဖုးကအားပေးစကားပြောတယ်။ဒေါ်လေးကတော့ စာကိုဖတ်ပြီးတော့ ငြိမ်သက်နေရာမှ " သူကစိတ်မပူနဲ့လိုပြောသွားတာပဲ ....စိတ်ပူမနေနဲ့တော့မြရွက်....ကြည့်ရတာခွါညိုက ကြိုတင်စီစဉ်ထားတာဖြစ်ပုံရတယ်...." အားလုံးပြောဆိုနေကြချိန်မှာ မြရွက်ဝါမျက်ရည်ပဲကျနေမိတယ်။သွေးသားဆိုလို့ ဒီညီအစ်မနှစ်ယောက်ပဲ ရှိတော့တဲဘဝမှာ တစ်ခုခုလုပ်မယ်ဆိုရင်တောင် ညီမချင်းတိုင်ပင်သင့်တယ်မဟုတ်ပါလား။မြရွက်ဝါက တစ်ကိုယ်တော်လွတ်လွတ်ကျွတ်ကျွတ်လို့နေလို့ရခဲ့ပေမဲ့ အစ်မဖြစ်သူနဲ့တူလေးအပေါ်ကိုသံယောဇဉ်ရှိလို့သာ ဒီဒုက္ခတွေကိုခံပြီးနေခဲ့တာကိုသိသိနဲ့ ဒီလိုလုပ်သွားရပ်တာကို ရင်ထဲနာသွားမိတယ်။မညိုရဲ့လုပ်ရပ်အတွက် မြရွက်ဝါရင်ထဲသိရှိနားလည်လိုက်တာက မြရွက်ဝါသံယောဇဉ်တွယ်တာမိတဲ့သူတွေကပဲ မြရွက်ဝါအပေါ်ပိုပြီးရက်စက်စိမ်းကားနိုင်ကြတယ်ဆိုတာကို သိရှိလိုက်တယ်။ ~~~~~~~~~~~ မရှာနဲ့ဆိုပေမဲ့ မြရွက်ဝါ အိမ်မှာထိုင်မနေနိုင်တာမို့ အစ်မဖြစ်သူရဲ့ သူငယ်ချင်းတွေဆီမှာလိုက်စုံစမ်းကြည့်တယ်။အွန်လိုင်းပေါ်က အသိမိတ်ဆွေတွေကိုပါမချန်လိုက်မေးမိတယ်။အသိမိတ်ဆွေ သီလရှင်ကျောင်းတွေပါမကျန် လိုက်ရှာနေမိတာ။လူကတစ်နေကုန် သွားရလွန်းလို့ မောဟိုက်နေခဲ့ပြီ။အရင်က ဒီလောက်ကို ခံနိုင်ရည်ရှိပေမဲ့ ခုရက်ပိုင်းထဲ နေရတာမောပန်းသလိုလိုဖြစ်နေမိတယ်။သောကတွေ ဒီလောက်ခံစားနေရတော့မှလဲ မြရွက်ဝါလဲ ခံနိုင်ရည်မရှိတော့ပါဘူး ။ သူမအပေါ် ရက်စက်နိုင်လွန်းကြတဲ့သူတွေကိုလဲ ရင်ထဲနာကြည်းမိသလိုပါဖြစ်လာမိတယ်။ချစ်သူက နားလည်ရခက်လို့ အစ်မဖြစ်သူကိုတိုင်ပင်ရမလား တွေးနေမိချိန် အစ်မဖြစ်သူက မပြောမဆိုနဲ့ ထားသွားခဲ့တယ်။အစ်မဖြစ်သူ ထွက်သွားလို့ ချစ် သူကို အားကိုအကူအညီတောင်းဖို့ တွေးမိပြန်တော့လဲ ချစ်သူကလဲ စာတစ်ကြောင်းနဲ့ထားခဲ့ပြန်တယ်။ တကယ်တော့အားလုံးဟာ တစ်ကိုယ်ကောင်းဆန်ကြသူတွေချည်းပါပဲ။ " မြရွက် " မြရွက်ဝါ မောလွန်းလို့ လူရှင်းတဲ့ လမ်းဘေးအအေးဆိုင်တစ်ဆိုင်မှာထိုင်သောက်နေခဲ့တာ။ ဘေးကခေါ် သံကြားလို့ မြရွက်ဝါလှည့်ကြည့်လိုက်မိတော့ မမျှော်လင့်ထားသူကို တွေ့လိုက်ရတယ်။ " ကိုမြတ်သူ " " မြရွက်နဲ့တူတယ်ဆိုပြီး ကြည့်နေတာ ....ဒီဘက်ကို ကိစ္စရှိလို့လား "

#ပန်းတွေပွင့်ချိန် (အခန်းဆက်ဝတ္ထု) အပိုင်း (၃၀ ) akyiphyu ******** တံခါးဝနားမှာ မြရွက်ဝါအတော်ကြာကြာစောင့်နေတဲ့အထိ ဖုန်းသံလဲမကြားရသလို တံခါးခေါက်သံကိုလဲ မကြားခဲ့ရပါဘူး။မြရွက်ဝါနေရာမှာဆက်ပြီးရပ်နေနိုင်စွမ်းမရှိတော့တာမို့ အခန်းထဲကပိုက်ဆံအိတ်သွားယူလိုက်ပြီး ဖုန်းကိုအခန်းထဲမှာ ထားခဲ့လိုက်တယ်။ မြရွက်ဝါအံကိုကြိတ်လို့ တိုက်အောက်ကို ဆင်းလာခဲ့လိုက်တယ်။တိုက်အောက်ကိုရောက်ချိန်မှာ ကြီးကြီးတို့အခန်းဘက်ကို နာနာကြည်းကြည်းနဲ့တစ်ချက်စောင်းငဲ့ကြည့်လိုက်မိပြီး ချာခနဲကျောခိုင်းလှည့်ထွက်ခဲ့လိုက်တယ်။ ~~~~~ သားဖြစ်သူရဲမြတ်မောင် ရုတ်တရက် အိမ်ပြန်ရောက်လာလို့ မြခွါညိုမှာရင်ထဲစိုးထိတ်နေမိချိန်မှာပဲ သားဖြစ်သူက သူအိမ်ပြန်လာခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောလာခဲ့လေပြီ။ " ဘာ...ဘာပြောလိုက်တယ်မောင်မောင်....မင်းဘာပြောလိုက်တယ် " မြခွါညို သားဖြစ်သူကိုကြည့်ပြီး မယုံကြည်နိုင်စွာမေးလိုက်မိတယ်။ " ကျွန်တော်နိုင်ငံခြားသွားဖို့အတွက် ငွေသွင်းဖို့ကျန်တဲ့ငွေကို... ကျွန်တော့်ကိုပေးလိုက်ပါ ....အဲ့ဒီငွေရပြီးရင် ကျွန်တာ် ဒီအိမ်ကိုလုံးဝပြန်မလာတော့ပါဘူး...ကျွန်တော့်ကိုလဲပြန်မလာစေချင်ဘူးမဟုတ်လား " " ဒီငွေကိုတောင်းတယ်ဆိုတော့ ...မင်းကဘာလုပ်မလို့လဲ နိုင်ငံခြားမသွားတော့ဘူးလား...ဘာအဓိပ္ပါယ်နဲ့ပြောတာလား ရှင်းရှင်းပြောစမ်းပါ...မင်းတို့ဘာတွေကြံစည်ထားကြတာလဲ...ငါမပေးနိုင်ဘူး " မြခွါညိုအသံမာမာနဲ့ပြောပစ်လိုက်တယ်။ " ဘာလို့မပေးနိုင်ရတာလဲ အမေ...အဲ့ဒီငွေကကျွန်တော့်အတွက်ပဲမဟုတ်လား...ကျွန်တော်နိုင်ငံခြားမသွားတော့ဘူး...ဒီမှာပဲအလုပ်လုပ်တော့မယ်...အဲ့ဒီငွေကကျွန်တော်အတွက် ရည်ရွယ်ထားတဲ့ငွေဆိုတော့ ကျွန်တော့်ကိုပေးပါ ...ကျွန်တော်မိန်းမယူတော့မယ်....အမေကကျွန်တော့်ချစ်သူကို အသိအမှတ်မပြုဘူးမဟုတ်လား...စိတ်ချပါ... ဒီငွေရပြီးတာနဲ့ အမေတို့နဲ့လုံးလာမပတ်သက်တော့ဘူး....မိဘရဲ့တာဝန်အရဒီငွေတွေကိုတော့ ကျွန်တော့်ကိုပေးပါ..." သားဖြစ်သူရဲ့စကားကြောင့် မြခွါညိုရဲ့နှလုံးသားတွေ တစ််စစီကြေမွသွားသလိုခံစားလိုက်ရတယ်။ခံစားချက်မဲ့တဲ့မျက်နှာနဲ့ ကြည့်နေတဲ့သားဖြစ်သူကို ထိတ်လန့်တုန်လှုပ်ကာကြည့်နေမိရင်း " မင်း...မင်းမို့ပြောထွက်တယ်...ဒီငွေတွေကိုငါမပေးနိုင်ဘူးဆိုရင်ရော မင်းဘာလုပ်မလဲ " မိခင်ဖြစ်သူရဲ့စကားကြောင့် ရဲမြတ်မောင်ရဲ့မျက်နှာပျက်သွားခဲ့ပြိး " မပေးလဲ ရအောင်တောင်းမှာပါ...ကျွန်တော့်အတွက် အမေ့ဒီလောက်တော့တာဝန်ယူရမှာပဲ .....ဒါကမိဘတာဝန်ပဲ.....ဒီတာဝန်တွေကိုမယူနိုင်ဘဲနဲ့ဘာလို့မွေးထားသေးတာလဲ....ကျွန်တော့်ကိုပိုက်ဆံပေးပါ...မပေးရင် ကျွန်တော့်ဘာသာရှာမှာနော် " ရဲမြတ်မောင်က ပြောပြီးတာနဲ့နေရာကထလိုက်တယ်။ပြီးတော့ မိခင်ဖြစ်သူရဲ့အခန်းထဲကိုဝင်သွားဖို့ခြေလှမ်းပြင်လိုက်တယ်။ " ရဲမြတ်မောင် နေအုံး...ငါယူပေးမယ်" မြခွါညိုနေရာကထလိုက်ပြီးအခန်းထဲကို ဝင်ခဲ့လိုက်တယ်။ အခန်းထဲကငွေထုပ်ကိုယူလာပြီးတော့ ငွေထုပ်နဲ့အတူဖိုင်တစ်ချို့ကိုပါထုတ်ယူလာခဲ့လိုက်ပြီး အားလုံးကိုရဲမြတ်မောင်ရှေ့မှာပုံချပေးလိုက်တယ်။၏ " ဒီမှာငွေ..ဒါတွေကနိုင်ငံခြားသွားဖို့လုပ်ထားတဲ့စာရွက်စာတမ်းတွေ...ဒီမှာမှတ်ပုံတင်နဲ့သန်းခေါင်စာရင်းမိတ္တူလဲပါတယ် ...ယူသွားလိုက်ပါ..." မြခွါညိုက သားဖြစ်သူရဲ့မျက်နှာကိုလုံးဝမကြည့်တော့ဘဲ အေးဆေးစွာပြောလိုက်ပြီး သူမအခန်းထဲကို ပြန်ဝင်လာခဲ့လိုက်တယ်။ သူ့စကားကြားရင် မိခင်ဖြစ်သူထပြီးသောင်းကျန်းနိုင်တာမို့ ငွေကိုမရရတဲ့နည်းနဲ့တောင်းမယ်လို့ ဆုံးဖြတ်လာခဲ့တဲ့ ရဲမြတ်မောင်မှာ မိခင်ဖြစ်သူရဲ့အေးစက်တည်ငြိမ်သွားတဲ့ အပြုအမူကြောင့် အံ့ဩကာနေမိတော့တယ်။ ~~~~~~~~~~~~~~~ မြရွက်ဝါတစ်နေကုန်နီးပါး အပြင်မှာနေခဲ့ပြီး မိုးချုပ်မှောင်တော့မှ အိမ်ကိုပြန်လာခဲ့လိုက်တယ်။အိမ်ထဲဝင်လိုက်ချိန်မှာ အိမ်က မီးလာရက်ဖြစ်ပါရဲ့နဲ့ မှောင်နေတာမို့ ရင်ထဲထိတ်ခနဲ ဖြစ်သွားမိတယ်။ "မညို ...မညို " " ချောက် " မြရွက်ဝါမီးခလုတ်တွေကို စမ်းဖွင့်လိုက်ရင်း အစ်မဖြစ်သူကိုခေါ်လိုက်မိတယ်။ " ငါရှိတယ် " "အမေ့ " အသံနဲ့အတူ ကုလားထိုင်ပေါ်မှာ ထိုင်နေတဲ့အစ်မဖြစ်သူကိုတွေ့လိုက်ရတယ်။ " လန့်သွားတာပဲ မညိုရယ် ...နေမကောင်းလို့လား ...ဘာဖြစ်လို့လဲ " မြရွက်ဝါစိုးရိမ်ပြီး မေးလိုက်မိတယ်။ " ဘာမှမဖြစ်ပါဘူး ..နေ့လယ်က မောင်မောင်ပိုက်ဆံလာတောင်းလို့ ပိုက်ဆံတွေပေးလိုက်ပြီ ...." "ဘယ်လို ပိုက်ဆံတွေပေးလိုက်ပြီဟုတ်လား ... နိုင်ငံခြားက တကယ်မသွားဖြစ်တော့တာလား " " အင်း ...လကုန်ကတည်းက ငွေသွင်းရမှာလေ ... ငါ့ဘက်က တာဝန်ကျေသင့်သလောက် ကျေပြီလို့ ထင်တယ် ...ဒီညတော့ နင်ပဲအလုပ်ဆက်လုပ်လိုက်ပါ ....ငါအိပ်တော့မယ် " " ဟုတ် ... ဟုတ်ကဲ့ မညို...ရတယ် သွားအိပ်လေ ...မြရွက်ရေချိုးပြီးတာနဲ့လုပ်လိုက်ပါ့မယ် "

ညရှစ်နာကျော်မှာတံခါးခေါက်သံကြောင့် မြရွက်ဝါကိုယ်လေးဆတ်ခနဲတုန်သွားမိတယ်။ဒီနေ့ပြန်မလာဘူးပြောပြီး သူများပြန်လာတာလားဆိုတဲ့ အတွေးဝင်လာပြီး လူကအသားတွေပါတဆတ်ဆတ်တုန်လာတယ်။ " မြရွက်တံခါးခေါက်နေတယ်...ဒီအချိန်ကြီးဘယ်သူလဲမသိဘူး...ဟန်လင်းသန့်နဲ့ချိန်းထားလို့လား.." " ဟင့်အင်းမချိန်းပါဘူး....သူဒီနေ့အလုပ်ကိစ္စရှိလို့ပြန်မလာဘူးတဲ့...မြရွက်သွားဖွင့်လိုက်ပါ့မယ် " မြရွက်ဝါပြောပြီးတော့ တံခါးနားကိုထလာခဲ့လိုက်တယ်။တံခါးကိုဖွင့်လိုက်ချိန်မှာ မြရွက်ဝါတွေ့လိုက်ရတာက ကြီးကြီးဖြစ်နေခဲ့တယ်။ " ကြီးကြီး... ဘာခိုင်းစရာရှိလို့လဲ " " အေးဟယ်...သမီးတို့အဘွားကိုနည်းနည်းလောက်လာနှိပ်ပေးပါလားကွယ်....ခါတိုင်းဆိုရင် ပန်းနုနဲ့နှိပ်ပေးနေကြလေ ...ဒိနေ့မှပန်းနုကမောင်ဟန်လင်းသန့်တို့နဲ့ခရီးထွက်သွားလို့လေ...မနက်ဖြန်တော့ပြန်ရောက်မယ်ပြောတယ်...သမီးအားရဲ့လား....မအားရင်လဲနေပါတော့ကွယ် " " ရှင် " ကြီးကြီးရဲ့စကားကြောင့် မြရွက်ဝါအသက်မဲ့သွားသူလိုကြောင်ငေးငေးကြီးဖြစ်သွားမိတယ်။ဒီအချိန်မှာပဲ မြရွက်ဝါတို့နားကို ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့ မညိုကမြရွက်ဝါကိုတွန်းဖယ်လိုက်ပြီး " ခွါညိုလိုက်ခဲ့မယ်ကြီးကြီး...မြရွက်ကဝယ်သူကိုစားရင်းလုပ်ပေးနေရတာမို့ပါ " " အေး...အေး ...ပြီးရော..လာလေသွားကြမယ် " မညိုနဲ့ကြီးကြီးတို့အောက်ထပ်ကိုပြန်ဆင်သွားတဲ့အချိန်ထိ မြရွက်ဝါနေရာမှာအသက်မဲ့သူလိုရပ်နေခဲ့မိတယ်။ရင်ထဲမှာဟာဆင်းသွားခဲ့တဲ့ခံစားချက်ကြီးက မြရွက်ဝါတစ်သက်မှာအဆိုးဝါးဆုံးခံးစားချက်ကြီးပါပဲ။ရင်ထဲက ကလီစာတွေအကုန်လုံးဆွဲနှုA*တ်ယူခံလိုက်ရသလိုခံစားလိုက်ရပြီး လူကသတိကင်းလွတ်သူလိုဖြစ်သွားခဲ့မိတယ်။တစ်နေ့တစ်မနက်တည်းနဲ့ချက်ချင်းကြီးပြောင်းလဲသွားတဲ့ကံကြမ္မာကိုလဲ မယုံနိုင်လောက်အောင်ဖြစ်နေမိတယ်။ချစ်သူကသူမရဲ့ဘဝကိုပိုင်ဆိုင်လိုက်ရပြီမို့ သူမကိုစွန့်ပစ်လိုက်လေပြီလားလို့ အတွေးဝင်လာမိတော့ လူကပိုပြီးချောက်ချားသွားမိတယ်။သူမတကယ်ပဲ ကြီးကြီးပြောသလို အရှက်တကွဲအကျိုးနည်းဖြစ်ရတော့မှာလားလို့ပါ ထိတ်လန့်တုန့်လှုပ်စွာတွေးလိုက်မိတယ်။ကြားလိုက်ရတဲ့စကားတွေအတွက် မြရွက်ဝါငိုဖို့မေ့လျော့နေတဲအထိပါ.ချောက်ချားတုန်လှုပ်နေမိတယ်။ ~~~~~~~~~~~ တစ်ညလုံးတလူးလူးတလိမ့်လိမ့်နဲ့မြရွက်ဝါအိပ်မပျော်နိုင်ခဲ့တာမို့ မနက်မလင်းခင်ကတည်းက အလုပ်တွေထလုပ်နေမိတယ်။မညိုကတော့ မြရွက်ကိုဘာမှမပြောဘဲ ဒီတိုင်းပဲလွှတ်ထားပေးတာမို့ မြရွက်စိတ်ထဲကနေကျေးဇူးတင်လိုက်မိတယ်။အခုလဲမညိုဈေးသွားတာမို့ မြရွက်ဝါတစ်ယောက်တည်းအိမ်မှာရှိနေခဲ့တယ်။မြရွက်ဝါအလုပ်လုပ်နေရင်းနဲ့ တိုက်ရှေ့ကားလမ်းမပေါ်က ကားသံကြားတိုင်း ခေါင်းထောင်ကြည့်မိတယ်။လူကဝရန်တာမှာထိုင်နေတာမို့ တ်ိုက်ရှေ့လမ်းမကိုလဲ ရှင်းရှင်းလင်းလင်းမြင်နေရတယ်။စိတ်ထဲနာကျင်နေမိတယ်ဆိုပေမဲ့ မြရွက်ဝါချစ်သူကိုမျှော်နေမိတာပါ။ ~~~~~~~~~~~~~~~~ မြင်ဖူးနေကြကားလေးတစ်စီး အိမ်ရှေ့မှာထိုးရပ်သွားတာမို့ မြရွက်ဝါလည်ပင်းလေးမော့ပြီး ဝရန်တာကနေ အသာချောင်းကြည့်လိုက်မိတယ်။မြရွက်ဝါကြည့်နေစဉ်မှာပဲ ကားပေါ်ကနေဆင်းလာကြတဲ့ ဟန်လင်းသန့်နဲ့ပန်းနုထွေးကိုတွေ့လိုက်ရတာမို မြရွက်ဝါသံပန်းအကွယ်ကိုဖျတ်ခနဲခြေလှမ်းတွေဆုတ်လိုက်ပြီး မမြင်ကွယ်ရာကနေကြည့်လိုက်မိတယ်။နှစ်ယောက်သား ကားပေါ်ကဆင်းလာကြပြီးတော့ စကားတွေရပ်ပြီးပြောနေကြသေးတယ်။ဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို ပန်းနုထွေးက ဟန်လင်းသန့်ဘက်ကိုယိမ်းယိုင်သွားပြီး ဟန်လင်းသန့်က အမြန်လှမ်းထိန်းဖက်လိုက်တာကို မြရွက်ဝါတွေ့လိုက်ရတယ်။မြင်ကွင်းကိုကြည့်ပြီး မြရွက်ဝါရင်ထဲမှာမီးတွေဟုန်းဟုန်းတောက်လောင်သွားသလိုခံစားလိုက်ရတယ်။ဟန်လင်းသန့်က လက်ဆွဲအိတ်ကိုဆွဲပြီးတော့ ပန်းနုထွေးနဲ့ဘေးချင်းယှဉ်လျှောက်သွားပြီး စတိုးဆိုင်ထဲကိုဝင်သွားတာကိုမြင်လိုက်ရချိန်မှာတော့ မြရွက်ဝါရဲ့ခြေထောက်တွေညွှတ်ခွေကာကျသွားရတယ်။ရင်ဘတ်တစ်ခုလုံးလဲဆို့နင့်ကာ ပါးပြင်ပေါ်ကို မျက်ရည်တွေပိုးပိုးပေါက်ပေါက်စီးကျလာခဲတယ်။မြရွက်ဝါခြေကိုတရွတ်ဆွဲပြီး အိမ်ထဲကိုပြန်ဝင်လာခဲ့လိုက်တယ်။ ==================================== အပိုင်း( ၃၀ ) ဆက်ရန် A KYI PHYU #ဧကြည်ဖြူ