fa
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

رفتن به کانال در Telegram
803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
~~~~~ "ဘာပြောတယ် သမီးချယ် .. မြယွန်းမီရဲ့ အစ်ကိုကမုဒိမ်းမှုနဲ့ တရားရင်ဆိုင်ခဲ့ရဖူးတယ်ဟုတ်လား " ဒေါ်ထူးထူးမော် အံ့ဩ ထိတ်လန့်စိတ်နဲ့ ပန်းသွေးချယ်ကို ပြန်မေးလိုက်တယ်။ " ဟုတ်တယ်အန်တီ ...အဲ့ဒီတုန်းက သူ့အမေက အိမ်တွေ ခြံတွေ ရောင်းပြီး တရားလိုမိန်းခလေးကို ဒုက္ခရောက်အောင် ပြန်လုပ်ခဲ့တာတဲ့ ... လုပ်ကြံရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ မိန်းခလေးကို ချောက်ချခဲ့တာတဲ့ " "ဟယ် ဟုတ်လား ... ကြောက်ဖို့ကောင်းလိုက်တာ ..ဒီလိုလူတွေနဲ့တော့ အန့်တီသားကိုသဘောမတူနိုင်ပါဘူး ..ဒီပွဲကိုရအောင်ဖျက်ရမယ် ... ကျေးဇူးတင်ပါတယ် သမီးချယ်ရယ်...သားကလဲ ဒီကောင်မလေးနဲ့တွေ့ပြီးမှ... အန်တီပြောသမျှကို နားမ၀င်တော့ဘူးလေ ... သူ့အဖေကလဲ အားပေးအားမြှောက်လုပ်နေတော့ ပိုဆိုးတယ်..မဖြစ်တော့ပါဘူး သားကို သူ့ဦးလေးတွေရှိတဲ့ နိုင်မခြားကိုပဲ ပို့လိုက်တာကောင်းမယ်ထင်တယ် " ဒေါ်ထူးထူးမော် မျက်စိပျက်မျက်နှာပျက်နဲ့ ပြောနေတာကိုကြည့်ပြီး ပန်းသွေးချယ်စိတ်ထဲက ကျေကျေနပ်နပ်ပြုံးလိုက်တယ်။ "ချယ်ပြန်တော့မယ်နော် အန်တီ...ချယ်က ကိုထူးကိုကိုယ့်မောင်လေးတစ်ယောက်လို သဘောထားလို့ အန့်တီကိုလာပြောပြတာပါ " " ကျေးဇူးပါနော် သမီးချယ်...အန့် တီဆီကိုလဲ မကြာခဏလာလည်ပါနော် " " ဟုတ်ကဲ့ပါ အန်တီ '' ပန်းသွေးချယ်ပြောချင်တာတွေပြောခဲ့ပြီးတော့ ဒေါ်ထူးထူး မော်ရဲ့ဆိုင်ထဲကထွက်လာခဲ့လိုက်တယ်။ ~~~~~ "အမေက ပိတ်ရက်မှာမိုးစက်ကို ခေါ်လာခဲ့ဖို့ ...တို့ကိုပြောလိုက်တယ် " " တ ..တကယ်ပြောတာလားယွန်း...တကယ်လားဟင် " မေမိုးစက် လုပ်လက်စအလုပ်ကို ရပ်တန့်လိုက်ပြီး အံ့ဩဝမ်းသာစိတ်နဲ့ မြယွန်းမီကို ပြန်မေးလိုက်မိတယ်။ မြယွန်းမီကလဲ လုပ်လက်စအလုပ်ကို ရပ်တန့်လိုက်ကာမေမိုး စက်ရဲ့ အနားကိုသွားလိုက်ပြီး "တစ်ခုတော့ရှိတယ်မိုးစက် .... ပွင့်ပွင့်လင်းလင်းပြောရရင် အမေက ယွန်းတို့နဲ့ ပတ်သက်ပြီး စိတ်ခံစားချက်ပြင်းထန်နေတယ်...အထူးသဖြင့် သူ့သားနဲ့ပတ်သက်ပြီး အစိုးရိမ်လွန်နေတယ်...အဲ့ဒါတွေကို မိုးစက်သည်းခံနိုင်ပါ့မလားဟင် ...တို့ကတော့အမေ့ကို ဆရာဝန်နဲ့ ဆွေးနွေးခိုင်းမလားလို့ စဉ်းစားနေတာ ...မိုးစက်အနေနဲ့ ဒါတွေကို လက်ခံနိုင်ရဲ့လားဟင် " မေမိုးစက်ကို မျှော်လင့်တကြီးကြည့်ရင်း မြယွန်းမီမေးလိုက်တယ်။ '"ဘယ်လိုပြောလိုက်တာလဲ ယွန်းရယ် ...ကိုလင်းနဲ့ မတွေ့ခင်ကတည်းက ယွန်းကိုမိုးစက်ကညီမရင်းတစ်ယောက်လိုချစ်တာ သိတယ်မဟုတ်လား ...ယွန်းရဲ့အမေက မိုးစက်ရဲ့အမေပါပဲ ...မိုးစက်လဲ ကူညီပါရစေနော် " "ကျေးဇူးပါပဲ မိုးစက်ရယ် ... တို့လေ အများကြီးမမျှော်လင့်ထားပါဘူး ...အမေနဲ့ ကိုကိုစိတ်ချမ်းချမ်းသာသာနေရရင်ပဲ ကျေနပ်ပါပြီ " ~~~~~~ " ပန်းသွေးချယ် ညည်းဘာတွေ လုပ်နေတာလဲအေ...ကိုမြင့်ခိုင်က သူလာတိုင်းသမီးကို မတွေ့လို့စိတ်မကြည်ဘူးဖြစ်နေတယ်နော် ...." ဒေါ်သင်းသင်းကြူကသမီးဖြစ်သူကိုလဲ ပြောလိုက်ရင်း မျက်နှာကို အကဲခတ်လိုက်တယ်။ပန်းသွေးချယ်က မျက်နှာပုတ်ပုတ်နဲ့ မိခင်ကြီးကို ကြည့်လိုက်ပြီး " သူ့ဘာသာ ကြည်ချင်ကြည် နောက်ချင်နောက် သမီးဂရုမစိုက်ဘူး အမေ ...သူလိုအိုကြီးအိုမနားမှာသမီးမနေနိုင်ဘူး ... သမီး အသက်က အခုမှ (၃၀)ပဲ ရှိသေးတာလေ အမေရဲ့ .. သမီးလဲ ရွယ်တူတန်းတူတွေနဲ့ပဲတွဲချင်တယ်...အမေတို့အတွက်လဲ မကြည့်ပေးနိုင်တော့ဘူး " "ညည်းဘယ်လိုပြောလိုက်တယ် ပန်းသွေးချယ် ...ဒီလိုတွေဖြစ်အောင် ညည်းပဲလုပ်ခဲ့တာလေ... ဒီမအေက ညည်းကိုမပြောပြလို့လားပြောပါအုံး ...လင်းမြတ်ဇင်ဆိုတဲ့ကောင်နဲ့ တွဲတုန်းကလဲ ...တခြားကောင်တွေနဲ့ မပတ်သက်တော့ဖို့ ငါတားခဲ့တယ်လေ ... ညည်းကိုက မတည်မငြိမ်နဲ့တစ်ယောက်ပြီး တစ်ယောက်ပြောင်းနေခဲ့တာလေ ....အဲ့ဒီအမှုကိစ္စအတွက် ငွေတွေဘယ်လောက်ကုန်ခဲ့လဲ ညည်းအသိပါ...ပြီးတော့ ဟိုသင်္ဘောသားနိုင်ဦးနဲ့တွဲတုန်းကလဲ သူနဲ့ပဲတွဲလိုက်ဖို့ညည်းကိုပြောခဲ့တယ်လေ ..ညည်းကိုက အငြိမ်မနေနိုင်ဘဲ ခြံခုန်နေခဲ့တာလေ...ကိုမြင့်ခိုင်နဲ့လဲ ညည်းပဲစိတ်လိုလက်ရတွဲခဲ့တာမဟုတ်လား...အဲ့ဒါကို မိဘတွေကို အပြစ်တင်ချင်သေးတာလား " မိခင်ဖြစ်သူဒေါ်သင်းသင်းကြူရဲ့အချက်ကျကျ ပြောဆိုမှုကြောင့် ပန်းသွေးချယ် ခြေကိုဆောင့်နင်းကာ အခန်းထဲကို၀င်ခဲ့လိုက်တယ်။မိခင်ဖြစ်သူ ပြောတာ မမှားဘူးဆိုပေမဲ့လဲ ပန်းသွေးချယ်ရဲ့စိတ်ထဲမှာ မကျေမနပ် ခံစားနေရတယ်။မိခင်ပြောသလိုပဲ နိုင်ဦးဆိုတဲ့သက်တူရွယ်တူသင်္ဘောသားတစ်ယောက်နဲ့ လက်ထပ်ဖို့အထိစီစဉ်ပြီးကာမှသူမအပေါ်ကျလွန်းတဲ့ ဦးမြင့်ခိုင်နဲ့ တိတ်တိတ်ခိုးတွဲခဲ့မိတယ်။ပြီးတော့ သူမအလှကြောင့် လာအီနေခဲ့တဲ့ သူတွေနဲ့လဲ တစ်ခါတစ်ရံ ခိုးတွဲခဲ့တယ်။လက်ထပ်ခါနီးမှ နိုင်ဦးကဒါတွေကိုသိသွားခဲ့ပြီး သူမကို ထားရစ်ခဲ့ကာ တိတ်တဆိတ်သင်္ဘောတက်သွားခဲ့တာ။အဲ့ဒီအချိန်ကတော့ သူမအနေနဲ့ ဘာမှမခံစားရပေမဲ့ ခုချိန်မှာတော့ ဦးမြင့်ခိုင်လိုသက်ကျားအိုကြီးနဲ့ တွဲချင်စိတ်မရှိတော့ဘဲ ဆုံးရှုံးခဲ့တာတွေကိုပဲ ပြန်လိုချင်နေတော့တယ်။ ~~~~~~~ " ဟန်နေထူး ..မင်းဒီမှာလာထိုင် အုံး...ဦးမင်းဟန်ရှင်လဲလာထိုင်...ရှင့်သားကိစ္စကို ကျွန်မတို့ မျက်နှာစုံညီပြောရမယ်"

'' ဟင် ..မိုးစက် ... ဘယ်အချိန်ကတည်းက ရောက်နေတာလဲ " ဆိုင်ရှေ့နားမှာ မေမိုးစက်ကို တွေ့လိုက်ရသဖြင့်လင်းမြတ်ဇင်အံ့ဩသွားရတယ်။မနက်ဘယ်အချိန်ကတည်းက ထလာမှန်းမသိဘဲ ဆိုင်နဲ့ မလှမ်းမကမ်းမှာ မျက်နှာနွမ်းနွမ်းလေးနဲ့ ရပ်နေတဲ့ ချစ်သူကိုကြည့်ပြီး လင်းမြတ်ဇင်အံ့ဩသွားမိတယ်။ "ဘာလို့ အစောကြီးထလာရတာလဲ မိုးရယ် ...ညက ညီမလေးယွန်းကို ဖုန်းဆက်ခိုင်းလိုက်တယ်လေ .. ညကအစ်ကိုဖုန်းပြောရင်း ချော်လဲလို့...ဖုန်းကပြုတ်ကျပြီး ကွဲသွားလို့ပါ... ဆိုင်တွေဖွင့်မှ အသစ်ဝယ်ရမှာမို့ ကိုယ်တိုင်မဆက်နိုင်တာပါ " လင်းမြတ်ဇင်ရှင်းပြလိုက်ပေမဲ့မေမိုးစက်ကလင်းမြတ်ဇင်ကို စူးစူးစိုက်စိုက်ကြည့်လိုက်ပြီး " " အမှန်တိုင်းပြောပါ အစ်ကို ...မိုးစိတ်ထဲမှာ သိနေတယ် ... မနေ့က ဖုန်းထဲက ကြားလိုက်ရတဲ့အသံရှင်က ဘယ်သူလဲ ...ဟိုအမျိုးသမီးမဟုတ်လား ...ပန်းသွေးချယ်ဆိုတဲ့ အမျိုးသမီးမဟုတ်လား " အတိအကျမေးလိုက်တဲ့ ချစ်သူရဲ့ အမေးကြောင့် လင်းမြတ်ဇင်ဖြေရခက်သွားတယ်။ "ပြောပြပါအစ်ကို...သူနဲ့ ပြန်ဆက်သွယ်နေတာလား ...သူကလာနှောင့်ယှက်နေတာလား ပြောပြပါ .. ဘာပြသာနာပဲဖြစ်ဖြစ် မိုးစက်တို့အတူဖြေရှင်းမယ်လို့ပြောထားတယ်လေ " "မိုးရယ် ... အထင်တော့မလွဲပါနဲ့နော် ...အစ်ကိုသူနဲ့လုံးဝမပတ်သက်ပါဘူး ... ရှေ့လျှောက်လဲ ပတ်သက်စရာ အကြောင်းမရှိပါဘူး ...." လင်းမြတ်ဇင် ချစ်သူမေမိုးစက်ရဲ့ လက်ကလေးကို ဆုပ်ကိုင်လိုက်ပြီးပြောလိုက်တယ်။ ''မိုးယုံပါတယ်အစ်ကို ... သူရှေ့ဆက်ပြီး နှောင့်ယှက်နေမယ်ဆိုရင် ဒီတိုင်းတော့သတိလက်လွှတ်နေလို့မဖြစ်တော့ဘူး ...မိုးတို့ဘက်ကလဲ ပြင်ဆင်ထားဖို့လိုတယ်...သူကအကြမ်းနည်းနဲ့မရရင် အနုနည်းနဲ့လာလိမ့်မယ်ထင်တယ်... အကြောင်းရှိရင် အစ်ကိုတစ်ယောက်တည်း မဖြေရှင်းပါနဲ့ မိုးတို့နဲ့တိုင်ပင်ပါနော် " မေမိုးစက်ရဲ့ချစ်သူရဲ့ လက်ကို ဖိညှစ်ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်တယ်။ "မိုးပြန်တော့မယ်နော် အစ်ကို ..." "နေပါအုံး မိုးရယ် .. မနက်စာ တစ်ခုခုစားသွားပါအုံး ... ဆိုင်ထဲ လိုက်ခဲ့အုံးနော် " သူပြောလိုက်တဲ့စကားကြောင့် မေမိုးစက်ကိုယ်လုံးလေးတွန့်ခနဲဖြစ်သွားတာကို လင်းမြတ် ဇင် သတိထားလိုက်မိတယ်။ "စိတ်မပူပါနဲ့မိုးရယ် ...အမေမလာပါဘူး ...လာလို့ မိုးကိုတွေ့ရင်လဲ မပြောပါဘူး ..လာပါ ဆိုင်ထဲလိုက်ခဲ့နော် " မေမိုးစက်မဝံ့မရဲနဲ့ဘဲချစ်သူခေါ်ရာနောက်ကို လိုက်သွားခဲ့လိုက်တယ်။ ~~~~ "သူက အဲ့ဒီလောတောင် ကြောက်ဖို့ကောင်းတာလား ...ကိုလင်းတော့ ဒုက္ခပါပဲ ..ကိုလင်းကအားနာတတ်တယ်" " ကိုနေလဲ သတိထားပါ ..သူက ပေါက်ကရတွေ စွပ်စွဲပြောဆိုရင် ..ကိုနေက လူသိများလို့ ပိုပြီး ထိခိုက်လွယ်တယ် " မြယွန်းမီစိတ်ပူစွာ ပြောလိုက်တယ်။ " ကိုယ့်အတွက် စိတ်ချပါ ...ကိုယ်တို့ကြားမှာ ဘာပတ်သက်မှုမှလဲ မရှိပါဘူး...ပြီးတော့ ကိုယ့်အတွက်ကတော့ ကိုယ့်မိသားစုနဲ့ ယွန်းတို့မိသားစုပဲ ယုံကြည်ပေးရင်ရပြီ..." ချစ်သူရဲ့ မျက်နှာလေးကိုကြည့်ပြီးဟန်နေထူး ပြောလိုက်တယ်။ " ပြီးတော့ ကိုနေ့ကိုပြောစရာရှိသေးတယ် ..အခုရက်ပိုင်းထဲမှာ အမေ့ကို ကြည့်ရတစ်မျိုးပဲ ... တစ်ခဏလေးအတွင်းမှာ ကြောက်စရာကောင်းသွားလိုက်... နုညံ့ပျော့ပျောင်းသွားလိုက်နဲ့ ...ယွန်း တို့ ပြန်တွဲနေတာကို အမေ့ကိုမသိစေချင်ဘူးကိုနေ...ညဘက်တွေလဲ ယွန်းတို့ဖုန်းမဆက်ဘဲ...စာတွေပဲ ပို့ကြမယ်လေ " မြယွန်းမီရဲ့စကားကြောင့် ဟန်နေထူး ငြိမ်သက်ကာစဉ်းစားလိုက်မိပြီးမှ ချစ်သူရဲ့လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီး "ကိုယ်တစ်ခုပြောချင်တယ် ...ယွန်းစိတ်မဆိုးရဘူးနော် ... ကိုယ်ကတော့ အန်တီကစိတ်ဖိစီးခဲ့တဲ့ ဒဏ်တွေကြောင့် စိတ်သောကတွေများနေတာထင်ဝယ် .. ပြီးတော့ အန့်တီရဲ့ မသိစိတ်ထဲမှာလဲ ...အဲ့ဒီအမျိုးသမီးကို ကြောက်နေပုံရတယ်....ကိုယ်တော့ အန်တီကို ဆရာဝန်တစ်ယောက်နဲ့ ဆွေးနွေးစေချင်တယ် .....အဲ့ဒီကိစ္စကို ယွန်းတို့လက်ခံရင် ကိုယ်စီစဉ်ပေးမယ် " ဟန်နေထူးပြောသမျှကို မြယွန်းမီနှုတ်ဆိတ်ကာနားထောင်နေမိပြီး "ဒါပေမဲ့ဆရာဝန်နဲ့ ပြဖို့ အမေ့ကို ဘယ်လိုပြောရမလဲဟင် ... အမေက လက်ခံမှာမဟုတ်ဘူး " " အင်း ဒါကတော့ ... တခြားအကြောင်းပြချက်ရှာရမှာပေါ့ ယွန်းရဲ့...ပထမအချက်က စိတ်ကျန်းမာရေးဆရာဝန်ဆိုတာကို မသိစေနဲ့ပေါ့ ..ဒုတိယအချက်ကတော့ ယွန်းပဲဖြစ်ဖြစ်ကိုလင်းပဲဖြစ်ဖြစ်လူနာပုံစံဟန်ဆောင်ရမှာပေါ့ ... ယုံကြည်စိတ်ချရတဲ့ ဆရာဝန်ရဖို့ကတော့ ကိုယ့်တာဝန်ပဲထားပါ ..." "ဒီကိစ္စကို ကိုကိုနဲ့ ယွန်းတိုင်ပင်လိုက်မယ်နော် ..ကျေးဇူးတင်ပါတယ်ကိုနေရယ် ... " မြယွန်းမီချစ်သူကို ကြည့်ပြီး ကျေးဇူးတင်စကားပြောလိုက်မိတယ်။ ဟန်နေထူးက ချစ်သူရဲ့ နွမ်းလျလျမျက်နှာလေးကို အားပေးပြုံးနဲ့ ကြည့်လိုက်ပြီး "ကျေးဇူးတင်စကားက ပြောစရာလားကွာ ...ယွန်းရဲ့မိသားစုကလဲ ကိုယ့်ရဲ့ မိသားစုပဲပေါ့ ... ယွန်းဘေးနားမှာ ကိုယ်အမြဲရှိနေမှာပါ " မြယွန်းမီ ချစ်သူကို ကျေးဇူးတင်စိတ်နဲ့မော့ကြည့်လိုက်မိတယ်။ဟန်နေထူးကလဲ ချစ်သူရဲ့ မျက်နှာလေးကို ချစ်မြတ်နိုးစွာ ကြည့်လိုက်မိတယ်။

လမ်းထောင့်ချိုးအကွေ့တစ်ခုမှာ မောင်နှစ်မနှစ်ယောက်ဘွားခနဲဆုံလိုက်ကြတယ်။လင်းမြတ်ဇင်က ညီမဖြစ်သူကိုမြင်လိုက်ရတော့ စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်။ မြယွန်းမီကလဲ အစ်ကိုဖြစ်သူကိုမြင်လိုက်ရတော့ ခြေလှမ်းတွေတုံ့ခနဲ ရပ်တန့်သွားပြီးအလောတကြီးနဲ့ မေးလိုက်တယ်။ ညီမဖြစ်သူရဲ့ အမေးကြောင့် လင်းမြတ်ဇင်ဘာ ပြန်ဖြေရမှန်းမသိဘဲ နှုတ်ကဆွံ့အနေမိတယ်။ "ဟို..ဟို ...ဖုန်းကကျကွဲသွားလို့ပါ " "ဖုန်းက ဘာလို့ကျကွဲတာလဲ ..ဟိုမိန်းမရောက်လာတာမဟုတ်လား...ကိုကို သူနဲ့ ပြန်ဆက်သွယ်နေတာလား " အစ်ကိုဖြစ်သူရဲ့ မလုံမလဲ အမူအရာကိုကြည့်ပြီးမြယွန်းမီ ဒေါသနဲ့မေးလိုက်မိတယ်။ " ဟို..ကိုကိုပြန်ဆက်သွယ်တာမဟုတ်ပါဘူး ညိမလေး... ဟိုရက်က သူဆိုင်ကိုရောက်လာခဲ့တယ် ..ကိုကို့ဆိုင်မှန်းသိလို့လာတာတော့ ဟုတ်ပုံမရဘူး..ဆိုင်ကြော်ငြာကိုကြည့်ပြီး ရောက်လာခဲ့တာ ...ပြီးတော့ အခုကိုကိုပြန်လာ တုန်းမှာ လမ်းထိပ်ကစောင့်နေပြီး ဖုန်းကိုဝင်လုပြီး ပေါက်ခွဲပစ်လိုက်တာ ... ကိုကိုသူနဲ့ မပတ်သက်ချင်လို့ ဘာမှပြန်မပြောတော့ဘဲ ရှောင်ထွက်လာခဲ့တာ " လင်းမြတ်ဇင် ညီမငယ်ဖြစ်သူကို ခပ်မြန်မြန်ရှင်းပြလိုက်တယ်။ "တောက် " မြယွန်းမီအံကိုကြိတ်ကာ တောက်ခေါက်ပစ်လိုက်တယ်။ပြီးတော့ အစ်ကိုဖြစ်သူကို ကြည့်လိုက်ပြီး.မယုံရဲစွာမေးလိုက်တယ်။ "ကိုကိုရော သူနဲ့ မပတ်သက်တာ သေချာလား ...တကယ်ပဲသူ့ကို ပြတ်နိုင်တာ သေချာလား " " ဘယ်လိုမေးလိုက်တာလဲ ညီမလေးရယ် ... လွန်ခဲ့တဲ့ (၅)နှစ်ကျော်ကတည်းက သူ့ကိုပြတ်နိုင်ခဲ့တာပါ ...ပြန်ပတ်သက်စရာအကြောင်းလဲမရှိဘူး...ကုန်ကုန်ပြောရရင် သူ့အကျင့်စာရိတ္တတွေ ပြောင်းလဲသွားပြီးဆိုရင်တောင်ပတ်သက်စရာအကြောင်းမရှိပါဘူး.." "ဟုတ်ပြီးလေ .. ဒါဆိုလဲသူ့ကို ကြောက်ပြီးဘာမှရှောင်နေစရာမလိုတော့ဘူး...ဒီမိန်းမက အကြောက်တရားမရှိ အရှက်တရားမရှိလုပ်တတ်တဲ့သူဆိုတော့သတိတော့ထားရမယ် ... ဆိုင်မှာစီစီတီဗီတပ်ထားလိုက်ပါ ....ဆိုင်အသွားအပြန်ကိုလဲ သတိထားပါ ...ဒီမိန်းမလိုလူမျိုးက အကြောက်တရားရှိတာမဟုတ်ဘူး " "ဘယ်မိန်းမလဲ .. နင်ဘယ်မိန်းမအကြောင်းကိုပြောနေတာလဲ မြယွန်းမီ အမြန်ပြောစမ်း " " အ ..အမေ " " အမေ " အနားကိုရောက်လာပြီး ဒေါသတကြီးနဲ့ မေးလိုက်တဲ့ မီခင်ရဲ့ အသံကြောင့် လင်းမြတ်ဇင်နဲ့ မြယွန်းမီထိတ်လန့်သွားမိကြတယ်။ "လင်းမြတ်ဇင် မင်းပြောစမ်း.. ဘယ်သူလဲ ... ဟိုဟာမလား ..မင်း..မင်း..အဲ့ဒီဟာမနဲ့ ပြန်ဆက်သွယ်နေတာလား ..ဟုတ်လား ... " ဒေါ်မြစန္ဒာက ဒေါသတကြီးနဲ့ပြောရင်း သားဖြစ်သူရဲ့ ကျောပြင်ကို ထုရိုက်လိုက်တယ်။လင်းမြတ်ဇင်က တုတ်တုတ်မလှုပ်ဘဲ မအေလုပ်သမျှကိုငြိမ်ခံနေတယ်။မြယွန်းမီမှာ ဆက်ပြီး ကြည့်မနေနိုင်တော့ဘဲ မိခင်ကို၀င်ဆွဲလိုက်ရတယ်။ "တော်..တော်ပါတော့ အမေရယ် .. လမ်းမကြီးမှာ ရှက်ဖို့ကောင်းပါတယ် ..ကိုကိုလဲ အဲ့ဒီမိန်းမနဲ့ မပတ်သက်ပါဘူး...အမေဘာမှစိတ်ပူစရာမလိုပါဘူး ...အမေ့သားလဲကလေးမှမဟုတ်တော့တာ .." "ကလေးမဟုတ်လို့ ပူနေရတာပေါ့ ဟဲ့ သိရဲ့လား ...သူက ဘယ်လောက်လည်လဲ သိလား ....သူ့ဗီဒီယိုတွေ ရုံးမှာသက်သေအဖြစ်တင်သွင်းတော့ လုပ်ကြံ ဗီဒီယိုတွေပါဆိုပြီးပြန်ပြီးစွပ်စွဲခဲ့တာ ... ပြဿနာတွေမရှည်ချင်လို့ သွာညှိနှိုင်းတော့ ...ရှင့်သားကို ထောင်မကျစေချင်ရင် အိမ်နဲ့ ခြံကိုပေးလို့တောင်းရဲ့ခဲ့တဲ့သူ..ပြီးတော့ ဒီလောက်အမှုတွေ ဖြစ်နေတဲ့ကြားကတောင်.. ကောင်လေးတွေတရုန်းရုန်းနဲ့ရှိခဲ့တာ နင်တို့သိကြလား...အဲ့ဒီအချိန်က သူတို့လိုချင်တာက မင်းမဟုတ်ဘူးလင်းမြတ်ဇင်ရဲ့ ငွေပဲ..ငွေကို လိုချင်ခဲ့တာ ..ငွေမှမရရင် မင်းကို ထောင်ကျအောင်လုပ်ဖို့ပဲ တွေးနေခဲ့ကြတာသိရဲ့လား ...ဒါကိုမှမင်းပြန်ဆက်မယ်ဆိုရင် နွားလုံးလုံးဖြစ်ပြီဟဲ့ " " ကဲ... တော်ပါပြီအမေ...အိမ်ပြန်ကြမယ် ...အိမ်ရောက်မှဆက်ပြောပါ ... လူတွေလဲကြည့်ကုန်ကြပြီ အမေ " မြယွန်းမီမိခင်ကို အတင်းဆွဲခေါ် ခဲ့လိုက်တယ်။လင်းမြတ်ဇင်ကတော့ မိခင်ရဲ့နောက်နားကနေ တိတ်တိတ်ဆိတ်ဆိတ်လိုက်ပါလာခဲ့တယ်။ ~~~~ "အဲ့ဒီဟာမ ဘယ်မှာနေတာလဲ ... အရင်အိမ်မှာပဲလား ... မင်းသိလားလင်းမြတ်ဇင် " "မ ..မသိပါဘူးအမေ...အဆက်အသွယ်လဲမရှိပါဘူး " "ဒီဟာမက ငါ့သားသမီးတွေကို ဒုက္ခလိုက်ပေးနေတာပဲ ....ဒင်းက ရှင်သန်မနေသင့်တော့ဘူး " " အမေ ...အမေဘာတွေပြောနေတာလဲ ... သမီးတို့က သူ့ကိုဘာကြောက်စရာရှိလို့လဲအမေ...သူကဘာတွေလုပ်နိုင်မှာမို့လို့လဲ....အမေစိတ်မပူပါနဲ့ " မြယွန်းမီ မိခင်ကိုချော့မော့လိုက်ပြီး အစ်ကိုဖြစ်သူကိုလှမ်းကြည့်လိုက်တယ်။လင်းမြတ်ဇင်က တစ်ချိန်လုံးနှုတ်ဆိတ်နေရာမှ မိခင်ရဲ့ခြေထောက်နားမှာ၀င်ထိုင်လိုက်ပြီး မိခင်ကိုတောင်းပန်လိုက်တယ်။ "ကျွန်တော့်အတွက် စိတ်မပူပါနဲ့ အမေ ... ကျွန်တော်သူနဲ့ လုံးဝမပတ်သက်ပါဘူး စိတ်ချပါ...အမေ နေစေချင်သလိုနေပါမယ် " " မိယွန်း .. ဒီတစ်ခါပိတ်ရက်မှာ ဟိုကောင်မလေးကို အိမ်ကိုခေါ်လာခဲ့ကြားလား " "ရှင် " မြယွန်းမီအံ့ဩပြီး မိခင်ကို မော့ကြည့်လိုက်မိတယ်။လင်းမြတ်ဇင်မှာလဲ အံ့ဩလျက်မိခင်ကိုကြည့်နေမိတယ်။ ~~~~~~ "အစ်ကို ''

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း (၁၉) ****** "နင့်ကြောင့် ငါ့ဘ၀ပျက်စီးခဲ့ရတာ ကို နင်ကတော့ပျော်ရွှင်နေတယ်ပေါ့ဟုတ်လား လင်းမြတ်ဇင် ... ဒီလိုလုပ်လို့ဘယ်ရမလဲ " ပန်းသွေးချယ်က လင်းမြတ်ဇင်ရဲ့မျက်နှာနားကိုကပ်ပြီးခနိုးခနဲ့ လေသံနဲ့ပြောလိုက်တယ်။ လင်းမြတ်ဇင် နောက်ကို ချက်ချင်းဆုတ်ပစ်လိုက်ပြီး ဒေါသကိုထိန်းချုပ်လိုက်ရတယ်။ "မင်းရူးနေတာလား ..မင်းနဲ့ငါဘာမှမပတ်သက်တော့လို့ ငါ့ကိုလိုက်မနှောက်ယှက်ပါနဲ့ ..ငါတို့ကိုယ့်လမ်းကိုယ်အေးအေးဆေးဆေးလျှောက်ကြပါစို့..." "ပြောတာလွယ်လှချည်လား လင်းမြတ်ဇင်ရဲ့ ... ငါ့ဘ၀ကို နင်ဖျက်ဆီးပြီး ငါ့ကိုလက်မထပ်ဘဲရှောင်ပြေးခဲ့တာကို မှတ်မိသေးရဲ့လား ... နင့်အမေမိန်းမယုတ်ကြီးကလဲ သားသမီးချင်းကိုယ်ချင်းမစာဘဲ ယုတ်မာပြီးလုပ်ကြံဇာတ်တွေဖန်တီးခဲ့တယ်လေ " လင်းမြတ်ဇင် လက်သီးကို မသိမသာဆုပ်လိုက်မိပြီး ပန်းသွေးချယ်ကို ကြည့်လိုက်တယ်။ " လုပ်ကြံဇာတ်တွေလား တကယ်လားဆိုတာ မင်းအသိဆုံးပဲနေမှာပေါ့ ...မင်းဘာအဓိပ္ပါယ်နဲ့ ဒီစကားတွေကိုလာပြောနေလဲမသိပေမဲ့....ငါတို့ဘက်က အမှန်တရားတွေကိုပဲချပြခဲ့တာ ... မင်းသိထားဖို့က ဘယ်သူပဲဖြစ်ဖြစ် ...တစ်ကြိမ်တစ်ခါမှားတာကို သည်းခံခွင့်လွှတ်လို့ရတယ် ...ဒါပေမဲ့မင်းကမှားနေတာကိုတောင် မှားမှန်သိသိနဲ့ ဇွတ်အတင်းတိုးနေတဲ့သူပဲ ..မြင်သမျှယောကျာ်းကို မင်းရဲ့သားကောင်လို့သက်မှတ်ပြီး အတူလိုက်အိပ်ဖို့ကို ဝန်မလေးတဲ့သူ ..... ဘေးနားမှာ ယောကျာ်းလေးတစ်ယောက်မဟုတ်တစ်ယောက်ရှိနေမှနေတတ်တာမဟုတ်လား ..မင်းကကိုယ်ကျင့်သိက္ခာဆိုတာဘာမှန်းမသိတဲ့သူမျိုးပဲ ...အဲ့ဒီလိုလူမျိုးကို ငါလက်ထပ်ဖို့အထိတွေးခဲ့ဖူးတယ် ...ဒါပေမဲ့ ယောကျာ်းတိုင်းကိုအလွှတ်မပေးချင်တဲ့ မင်းရဲ့စိတ်ကို သိသွားလို့ ငါနောက်ဆုတ်ခဲ့တာ... ယောကျာ်းဆိုရင်ပျိုပျိုအိုအို မင်းကိုလာကြိုက်တာနဲ့ ငါလှလို့လာကြိုက်တာဆိုပြီး မဟုတ်တဲ့နေရာမှာဂုဏ်ယူနေတဲ့စိတ်ဓါတ်ကိုလဲရွံတယ် ....အိမ်ထောင်သည်မှန်းသိလဲ ဘယ်သူ့ကိုမှမငဲ့ဘဲမင်းရဲ့ ကာမဂုဏ်စိတ်ကိုပဲ ဦးစားပေးခဲ့တာမဟုတ်လား ... " " ဘာ ..နင်... နင် မိုက်ရိုင်းလှချည်လားဟဲ့ ..ကဲဟာ ရိုင်းအုံး" " ဖြန်း " လင်းမြတ်ဇင်ရဲ့ စကားတွေကြောင့်ပန်းသွေးချယ်ဒေါသအကြီးအကျယ်ထွက်သွားပြီး လင်းမြတ်ဇင်ရဲ့ ပါးပြင်ကိုရိုက်ချပစ်လိုက်တယ်။ပြီးတော့ လက်ထဲက ဖုန်းကိုပါလမ်းပေါ်ကိုလွှင့်ပစ်လိုက်တယ်။ ပန်းသွေးချယ်ရဲ့ အပြုအမူကြောင့်လင်းမြတ်ဇင်စိတ်ထဲ ထောင်းခနဲ ဒေါသဖြစ်သွားမိပေမဲ့ စိတ်ကို ထိန်းချုပ်လိုက်ရတယ်။တစ်ခုခုမို့လူတွေအုံလာရင် သူ့ဘက်ကအလိုလိုရှုံးနိမ့်ပြီးသားပဲလေ။မိန်းခလေးတွေ ယုတ်မာကောက်ကျစ်ပြီဆိုရင် ယောကျာ်းလေးတွေထွက်ပေါက်မရှိနိုင်တာကို တွေ့ကြုံခဲ့ဖူးပြီးပြီမို့ သူ့စိတ်ကိုထိန်းချုပ်လိုက်ရတယ်။သူမတို့ရဲ့ ကောက်ကျစ်မှုတွေကြောင့် သူတို့ ဘ၀တွေပျက်စီးနိုင်တယ်လို့ ပြောရင် လူ့လောကအသိုင်းအဝိုင်းကြီးက မယုံကြည်နိုင်ကြဘူး။ အားနည်းသူနဲ့ အားကြီးသူလို့ သက်မှတ်ထားတဲ့ ရှေးရိုးစွဲ အစဉ်အလာတွေအရ အဖြစ်မှန်ကို မလေ့လာမသုံးသပ်ဘဲ အားနည်းသူဘက်ကသာ မှန်ကန်ကြောင်း လူတွေကထောက်ခံကြလိမ့်မယ်။ ဒီလိုနေရာမှာတော့ သူတို့တွေဘက်က အလိုလိုရှုံးနိမ့်ပြီးသားပဲမဟုတ်လား ။မြေပြင်ပေါ်ကျနေတဲ့ ဖုန်းကိုလင်းမြတ်ဇင် ကောက်ယူလိုက်ပြီး တောက်တစ်ချက်ကိုခေါက်ကာလှည့်ထွက်ခဲ့လိုက်တယ်။ ~~~~ မေမိုးစက်ဖုန်းကိုကိုင်ထားရင်းမှ စိတ်ပူပြီးဆောက်တည်ရာမရဖြစ်နေမိတယ်။မိန်းမအသံတစ်သံကြားပြီး ရုတ်တရက်ဖုန်းကျသွားတော့ ရင်ထဲပူပန်စိတ်ကထိန်းမရတော့။စိတ်ပူနေမိတာမို့မြယွန်းမီကိုဆီကိုဖုန်းဆက်ကြည့်လိုက်တယ်။ "ဟယ်လို ... မိုးစက်ပြောလေ " "ဟို...ဟိုလေယွန်း...ကိုလင်းခုနတစ်ခုခုဖြစ်တယ်ထင်တယ်...သူပြန်လာပြီလား " "ဘယ်..ဘယ်လိုမိုးစက် ... ဘာဖြစ်လို့လဲ " မြယွန်းမီအထိတ်တလန့် မေးလိုက်မိရင်း ခုတင်ပေါ်ကဆင်းလိုက်မိတယ်။ "မိုးစက်လဲ သေချာမသိဘူးယွန်း...မိုးစက်တို့ဖုန်းပြောနေချိန်မှာ မိန်းမတစ်ယောက်အသံကြားလိုက်ရပြီး ဖုန်းကျသွားတာ..ပြန်ခေါ်လို့လဲမရတော့ဘူး " "ဟင် ... ဟုတ်လား ...ဒါဆိုခဏနော်မိုးစက် ....တို့ခေါ်ကြည့်လိုက်အုံးမယ် " မေမိုးစက်ရဲ့ဖုန်းကိုချလိုက်ပြီး အစ်ကိုဖြစ်သူဆီကို မြယွန်းမီ ဖုန်းခေါ် ကြည့်လိုက်တယ်။ဖုန်းထဲက ကြားလိုက်ရတဲ့ စက်ပိတ်ထားပါတယ် " ဆိုတဲ့အသံကြောင့် မြ ယွန်းမီရင်ထဲထိတ်ခနဲဖြစ်သွားရတယ်။ စိတ်ထဲပူလောင်သွားရပြီး အိမ်သော့ကိုယူကာ အခန်းတံခါးကို အသာဖွင့်ကြည့်လိုက်တယ် ။အပြင်မှာ မိခင်ရဲ့အရိပ်အယောင်ကို မမြင်ရတာမို့ ခြေကိုဖွနင်းပြီး ထွက်ခဲ့လိုက်တယ်။ ~~~~~ ည (၉)နာရီကျော်စပဲရှိသေးတာမို့ လမ်းပေါ်မှာ လူသွားလူလာတော့ မပြတ်ရှိနေတယ်။အစ်ကိုဖြစ်သူရဲ့ဆိုင်က လမ်းမကြီးပေါ်မှာမို့ လမ်းသွယ်တွေကိုကျော်ဖြတ်ပြီး မြယွန်းမီ ခပ်သွက်သွက် လျှောက်ခဲ့မိတယ်၊၊ ဘာရယ်မှန်းမသိပေမဲ့ ရင်ထဲမှာပူလောင်ပြီး ပန်းသွေးချယ်ဆိုတဲ့အမျိုးသမီးကိုပဲ မြင်ယောင် နေမိတယ်။ "ယွန်း ...ညီမလေးဘယ်သွားမလို့လဲ " " ခုနဘာဖြစ်တာလဲ ..ဖုန်းကဘာလို့ဆက်လို့မရတာလဲ "

ပန်းသွေးချယ်ရဲ့ နှုတ်ကနေ ထွက်ပေါ်လာတဲ့ ခြိမ်းခြောက်တဲ့ စကားကြောင့် လင်းမြတ်ဇင် ကြောင်အသွားရတယ်။ @@@@@@@@@@@@@@@@@@@ အပိုင်း (၁၉) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

" ဪ အမေကအဲ့ဒီလိုဆုံးဖြတ်တာလား ...လူတွေဆိုတာအသားအရောင်ကိုကြည့်ပြီးတောင် အတွင်းစိတ်ကို မသိနိုင်တာ ... အပေါ်ယံအဝတ်အစားကို ကြည့်ပြီးဆုံးဖြတ်မလို့လား ပြောပါအုံး ...သူနဲ့မနေ့တစ်နေ့ကမှသိပြီး သူ့အကြောင်းရောအမေသိလို့လား.... ကျွန်တော်သူများ အကြောင်းတွေမပြောချင်ဘူး ....အမေသိထားဖို့က ကျွန်တော်က လောကကြီးအကြောင်းကို မသိတဲ့ကောင်မဟုတ်ဘူး...ကျွန်တော့်ချစ်သူမိန်းခလေးကလဲ ...မရှုပ်မပွေတဲ့ ပညာတတ်မိန်းခလေးပါ ...အမေဘာကိုစိတ်တိုင်းမကျနိုင်တာလဲပြောပါအုံး....အပေါ် ယံ အဝတ်အစားတွေကိုကြည့်ပြီး မဆုံးဖြတ်ပါနဲ့အမေရယ်...အမေစိတ်ဆင်းရဲအောင် ကျွန်တော် ဘယ်တုန်းကလုပ်ဖူးလို့လဲပြောပါ အုံး " သားဖြစ်သူရဲ့စကားတွေကြောင့် ဒေါ်ထူးထူးမော်နှုတ်ဆိတ်ကာ ငြိမ်သက်နေပြီးမှ သားဖြစ်သူကို ပြန်မေးလိုက်တယ်။ "မင်းအခု သဘောကျနေတာ...မင်းနဲ့ သတင်းထွက်ခဲ့တဲ့ မိန်းခလေးမဟုတ်လား .. သူ့ကို တကယ်ပဲ ရွေးချယ်တော့မှလား " "ဟုတ်ကဲ့ အမေ ....အချိန်တန်ရင် အဖေနဲ့အမေ့ကိုပြောပြဖို့ စီစဉ်ထားပြီးသားပါ ...အခုလောလောဆယ်တော့ ပန်းသွေး ချယ်ကြောင့်ပြဿနာလေးနည်းနည်းဖြစ်နေလို့ပါ ..အေးဆေးသွားရင် အမေတို့နဲ့ လူချင်းမိတ်ဆက်ပေးပါ့မယ် " ~~~~ "မောင်ချစ်ဦးကိုဘာဖြစ်လို့ အပြတ်ငြင်းပစ်လိုက်ရတာလဲ မြယွန်းမီ ...ဘာလဲဟိုကောင်နဲ့ ပြန်တွဲမလို့လား..ဟိုမိန်းမလည်မနဲ့ပတ်သက်နေတဲ့ကောင်ကို ညည်းကမမေ့နိုင်ဖြစ်နေတာလား ...ညည်းအစ်ကိုတစ်ယောက်နဲ့တင် မမှတ်သေးဘူးလား " စကားအကောင်းပြောနေရင်းကနေ ဒေါသတကြီးထအော်လိုက်တဲ့ မိခင်ကိုကြည့်ပြီး မြယွန်းမီလန့်သွားမိတယ်။ "ဟို .. ဟို...အမေရယ် .... ကိုယ်လဲ လက်မခံနိုင်တာသေချာနေတာမို့ အပြတ်ငြင်လိုက်တာပါ ...တစ်ဖက်သားကို မျှော်လင့်ချက်တွေပေးထားတာမျိုးလဲ မဖြစ်စေချင်လို့ပါ " " တော်စမ်းပါအေ... ညည်းတို့အချိုးကို မသိဘူးထင်နေလား ...ဟိုကောင်နဲ့ မပြတ်နိုင်ဖြစ်နေတာမဟုတ်လား ... နင်တို့မောင်နှမမတွေ ငါ့ကိုတော်တော်ဒုက္ခပေးကြပါလား ...အဲ့ဒီဟာမနဲ့ ပတ်သက်နေတဲ့ကောင်နဲ့မှ ကြိုက်ရအောင်...ညည်းမှာ အဲ့ဒီလောက်ကြိုက်စရာ ယောကျာ်းရှားနေလို့လား .... " " တော် ..တော်ပါတော့ အမေရယ် ... ဘေးအိမ်တွေက ကြားရင်ရှက်စရာကြီး ... ပြီးတော့သူနဲ့အဲ့ဒီမိန်းမနဲ့ကလဲ ဘာမှမပတ်သက်ပါဘူး ... အထည်ဆိုင်ကြော်ငြာရိုက်လို့ ဆုံဖြစ်တာပါ .. " " ဘာ ..ဘာပြောတယ် ... ညည်းက ဒါတွေကိုရှင်းပြနေရအောင် အဲ့ဒီကောင်နဲ့ ပြန်ဆက်နေတာလား .. နင့်ကိုဘာလုပ်ပစ်ရမလဲ မြယွန်းမီရဲ့ ....နင့်ကို အိမ်ထဲမှာပဲသော့ခတ်ထားပြီး မောင်ချစ်ဦးနဲ့ ပေးစားရမလား " "တော်ပါတော့... အမေစိတ်ထင်တာတွေနဲ့ တွေးပူမနေပါနဲ့တော့ .... ပြီးတော့ ပန်းသွေးချယ်ဆိုတဲ့ မိန်းမကို အမေဘာလို့ကြောက်နေရတာလဲ...ကြောက်ရမှာက သူမဟုတ်ဘူးလား ...ဘာလဲ အဲ့ဒီမိန်းမဆီကို အမေ့သားပြန်ပါးသွားမှာကို ကြောက်နေတာလား ....အဲ့ဒီလောက်မှအမေ့သားမိုက်မဲနေရင် လွှတ်ပေးလိုက်စမ်းပါ " " မြယွန်းမီ...ညည်း...ညည်းပါးစပ်ကို ပိတ်ထားလိုက်စမ်း " မိခင်ဖြစ်သူဒေါသတကြီးနဲ့ ထအော်လိုက်ချိန်မှာ မြယွန်းမီ ကိုယ့်အခန်းထဲကို ဝင်ခဲ့လိုက်တော့တယ်။တဖြည်းဖြည်း အခြေအနေ ပိုဆိုးလာတဲ့ မိခင်ကို ကြည့်ပြီး မြ ယွန်းမီလဲ မွန်းကြပ်လာမိတယ်။ ~~~~~ "အစ်ကိုက အခုလမ်းမှာလေမိုးရဲ့... ဒီရက်ပိုင်းဆိုင်စောစောသိမ်းပြီးပြန်နေတာ ...အစ်ကိုအိမ်ပြန်နောက်ကျရင် အမေကစိတ်ပူနေတတ်လို့လေ ... အိမ်ရောက်ရင် လိုင်းပေါ်ကပဲ စကားပြောကြမယ်နော် " လင်းမြတ်ဇင်ကဖုန်းထဲကနေခပ်တိုးတိုးပြောလိုက်တယ်။ "ဟုတ်ကဲ့ပါ အစ်ကို ... အန်တီ့ကို ဂရုစိုက်လိုက်ပါနော်....မိုးနားလည်ပါတယ်...အန်တီလက်ခံတဲ့အထိ မိုးတို့ကြိုးစားမယ်လေ .. အစ်ကိုလဲ အန့်တီကိုရောယွန်းကိုပါ ဂရုစိုက်လိုက်ပါ ..." "မိုးရယ် ... မိုးက အဲ့ဒီလိုပြောတော့ အစ်ကိုအရမ်းအားနာမိတယ် ... အစ်ကိုလိုလူက မိုးနဲ့မတန်ပါဘူး..." လင်းမြတ်ဇင်ရဲ့ နွမ်းလျအားငယ်တဲ့စကားကြောင့် မေမိုးစက်မှာ ဖုန်းထဲကနေ ချစ်သူကိုကမန်းကတန်းတားမြစ်လိုက်တယ်။ "ဘယ်လိုပြောလိုက်တာလဲ အစ်ကို ...ချစ်သူတွေကြားမှာ ဒီလို မပြောပါနဲ့...ဒီလောကကြီးမှာ မိုးအတွက်တော့ အစ်ကိုကတန်ဖိုးအရှိဆုံးယောကျာ်းပဲ...မဟုတ်တာတွေလျှောက်တွေးမနေနဲ့နော် ... အဓိကကအန်တီကျေနပ်အောင် နေဖို့ပဲ ...အန်တီနဲ့ အဆင်ပြေရင် မိုးရဲ့မိသားစုကို ဖွင့်ပြောကြမယ်လေ " " စိတ်ချပါမိုးရယ် ... မိုးရဲ့ မိဘတွေဆီမှာ မျက်နှာကောင်းရအောင် အစ်ကိုကြိုးစားပါ့မယ် .." "ကျေး ... ကျေးဇူးပါနော် အစ်ကို " " မိုး ...မိုးကိုချစ်တယ်နော် " '' ဘယ့်သူ့ကိုချစ်တာလဲ လင်းမြတ်ဇင်ရဲ့ ... တို့ကိုလဲ မင်းဒီလိုပြောခဲ့တာပဲလေ " " မင်း ...မင်းဒါဘာလုပ်တာလဲ '' ရုတ်တရက်ဖုန်းကိုဆွဲလုပြီး ဝင်ပြောလိုက်တဲ့ ပန်းသွေးချယ်ကြောင့် လင်းမြတ်ဇင်ထိတ်လန့်သွားမိပြီး ဖုန်းကိုအတင်းပြန်လုပစ်လိုက်တယ်။ "ငြိမ်ငြိမ်နေနော် ... မဟုတ်ရင်တို့ ကို နှောင့်ယှက်နေပါတယ်လို့အော်ပစ်လိုက်ရမလား " " မင်း ... မင်း ..."

~~~~~~~ "သူနဲ့ ကိုယ်က ဘာမှမပတ်သက်ဘူး ..မိတ်ဆွေတွေလဲ မဟုတ်ဘူး...ကြော်ငြာရိုက်ဖြစ်တာကလဲ အမေ့ကသူ့ဆိုင်အတွက်ရိုက်ခိုင်းလို့ ရိုက်လိုက်မိတာ ...ယွန်းမကြိုက်ဘူးဆိုလို့ အဲ့ဒီကြောငြာကိုလဲ မဖြန့်ဖို့လုပ်ပြီးသွားပြီ.... နောက်ထပ်လဲ သူနဲ့ ပတ်သက်စရာမရှိဘူး ...ရှင်းရှင်းပြောရရင် ဆိုရှယ်မီဒီယာပေါ်မှာ ဘာအလုပ်မှ လက်မခံတော့ဘူး ... ဒါတောင် ယွန်းမယုံသေးဘူးဆိုရင် ... ကားထဲက စီစီတီဗီကိုကြည့်လိုက်ပါ " ဟန်နေထူးရှင်းပြပြောပြရင်း မှတ်တမ်းကို ဖွင့်ပြလိုက်တယ်။ မြယွန်းမီက ဟန်နေထူးလုပ်နေတာတွေကို တိတ်တိတ်ဆိတ်ဆိတ်ကြည့်နေခဲ့လိုက်တယ်။ "ကိုယ်ဘာတွေဆက်လုပ်ရမလဲ ပြော...ယွန်းနဲ့လမ်းခွဲဖို့ကလွဲရင် အကုန်ပြော...လမ်းခွဲဖို့တော့မပြောပါနဲ့ ယွန်းရယ် ...ကိုယ်လက်မခံနိုင်ဘူး.... ယွန်းမကျေနပ်တာတွေကို အကုန်ဖြေရှင်းပေးမယ် " ဟန်နေထူးကိုမြယွန်းမီခပ်ငေးငေးလေးကြည့်နေမိပြီးမှ "ဒီလိုမျိုးတွေထပ်ဖြစ်မှာကို ကြောက်တယ် ...အထူးသဖြင့် အဲ့ဒီမိန်းမနဲ့ မပတ်သက်ချင်ဘူး .. ပြီးတော့ အခုတလောအမေကိုကြည့်ရတာတစ်မျိုးဖြစ်နေတယ်လို့ ခံစားနေရတယ် .... သူတို့နဲ့ထိပ်တိုက်မတွေ့စေချင်လို့... အေးအေးဆေးဆေးပဲနေချင်တော့တယ် " "ယွန်းရယ် ...ဘာပြဿနာဖြစ်စရာရှိလို့လဲ ....ကိုယ်လဲသူနဲ့ ပတ်သက်ခဲ့ဖူးတာမရှိပါဘူး " မြယွန်းမီခေါင်းကို ငုံ့ပြီး ငြိမ်သက်နေမိတယ်။ "ယွန်းရဲ့အမေကျေနပ်တဲ့အထိ ကိုယ်ကြိုးစားပါမယ် ... ယွန်းကိုစပြီးချစ်ခဲ့ကတည်းက ရာသက်ပန်ရိုးမြေကျချစ်ဖို့ဆုံးဖြတ်ခဲ့တာ .. ဘယ်လို အခက်အခဲတွေရှိရှိကိုယ်နောက်မဆုတ်ဘူး ...ပြီးတော့ ဒီလို ဘာမှမသက်ဆိုင်တဲ့မိန်းမတစ်ယောက်ကြောင့် ... ယွန်းကိုအဆုံးရှုံးမခံနိုင်ဘူး ...ယွန်းနဲ့ မတွေ့ရတဲ့ ဒီတစ်ပတ်အတွင်းမှာ ကိုယ်ဘယ်လိုခံစားနေရလဲယွန်းသိရဲ့လား ...ယွန်းတို့အိမ်နားကိုလဲ ညတိုင်းရောက်တယ် ... အလုပ်တွေလဲ မလုပ်ဖြစ်ဘူး ...ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲပဲအချိန်တိုင်းတွေးနေမိတာ ...ယွန်းရော ကိုယ့်ကိုသတိမရဘူးလားဟင် " ဟန်နေထူး ချစ်သူမြယွန်းမီရဲ့ မျက်နှာလေးကို စူးစိုက်ကြည့်ပြီး တိုးလျလျမေးလိုက်တယ်။ မြယွန်းမီစိတ်ကိုတင်းထားတဲ့ကြားက အင့်ခနဲတစ်ချက်ရှိုက်လိုက်ပြီး မျက်ရည်တွေနဲ့ ဟန်နေထူးကို မော့ကြည့်လိုက်မိတယ်။ ပြီးတော့နှုတ်ကဗလုံးဗထွေးနဲ့ ပြောလိုက်မိတယ်။ "လွမ်း..လွမ်းတာပေါ့ ..ဒါပေမဲ့ ကိုကို့တုန်းကလို ကြုံရမှာကိုကြောက်တယ် ... အဲ့ဒီလိုမျိုးတွေ ခံစားရမဲ့အစား...အဝေးကပဲလွမ်းနေချင်တယ် " "ယွန်းရယ် ." ငိုသံလေးနဲ့ ပြောနေတဲ့ ချစ်သူမြယွန်းမီကို ဟန်နေထူးခပ်တင်းတင်းလေးပွေ့ဖက်လိုက်မိတယ်။ ဟန်နေထူးပွေ့ဖက်လိုက်တာကို မြယွန်းမီကလဲမရုန်းဖယ်ဘဲ လွမ်းခဲ့ရသမျှကို ဟန်နေထူးရင်ခွင်ထဲမှာရငိုချလိုက်မိတယ်။ "နောက်ကို ဒီလိုမျိုးထပ်မဖြစ်စေရပါဘူး ယွန်းရယ် ... ယွန်းမကြိုက်တာတွေကို... ကိုယ်အကုန်မှတ်ထားပါ့မယ် ..ဘာပြဿနာတွေပဲရှိရှိ ...ယွန်းကလဲကိုယ်ကိုမေးလို့ရတယ်နော် ...ကိုယ်အကုန်ဖြေရှင်းပေးမယ်" မြယွန်းမီရဲ့ မျက်နှာလေးကို ဟန်နေထူးဆွဲမော့လိုက်ရင်း ပါးပြင်ပေါ်က မျက်ရည်တွေကိုလက်နဲ့ခပ်ဖွဖွသုတ်ပေးလိုက်တယ်။ပြီး တော့နဖူးပြင်လေးနဲ့ ပါးပြင်မို့မို့လေးနှစ်ဖက်ကို မြတ်မြတ်နိုးနိုးနဲ့နမ်းလိုက်ပြီး " ရှေ့လျှောက် ကိုယ့်ကြောင့် ... ယွန်းမျက်ရည်မကျစေရပါဘူး ... ကိုယ်ကြိုးစားမယ် ....ယွန်းရဲ့အမေကျေနပ်အောင်လဲ ကိုယ်နေပါ့မယ်အချစ်ရယ်...ကိုယ်တို့ရှေ့လျှောက် ဘယ်ပြဿနာမဆို အတူတူဖြေရှင်းကြမယ်နော် " ဟန်နေထူးပြောသမျှကို နားထောင်ပြီး မြယွန်းမီဘာမှပြန်မပြောဘဲ ဟန်နေထူးရဲ့ရင်ခွင်ထဲမှာ ငြိမ်သက်နေမိတယ်။တစ်ပတ်လုံးလုံးစိတ်ကိုတင်းထားပြီး နေခဲ့သမျှက ချစ်သူနဲ့မျက်နှာချင်းဆိုင်ဆုံရချိန်မှာတော့ ရေခဲတုံးမလေးလဲအရည်ပျော်ခဲ့ရပါလေပြီ။ ~~~~ "အမေကလဲ ..သားနဲ့တွေ့ချင်နေတာ ...သားကဘာသဘောနဲ့ အမေ့ဆိုင်ကြော်ငြာကို ပိတ်ရတာလဲ ပြောပါအုံး " ဒေါ်ထူးထူးမော်ဒေါသမထွက်စဖူးထွက်နေပြီးသားဖြစ်သူကို မေးလိုက်တယ်။ " ကျွန်တော်လဲ အမေနဲ့အဲ့ဒီကိစ္စ ပြောမလို့ နေ့လယ်ကဆိုင်ကိုလာခဲ့တာ....အဲ့ဒီကြော်ငြာကြောင့် ကျွန်တော့်မှာ ပြဿနာတွေလဲဖြေရှင်းနေရတယ် " " ဒါကတော့ အနုပညာလောကပဲဒီလောက်တော့ရှိမှာပေါ့...သားလဲမသိတာကျလို့...နည်းနည်းဆိုများများပွဲဆူတတ်တာ သဘာဝပဲလေ " ဟန်နေထူးသက်ပြင်းမောကို ချလိုက်ပြီး မိခင်ကိုကြည့်လိုက်မိတယ်။ " နေပါအုံး အမေ ....သူ့ကိုအမေ ဘာတွေ သဘောကျနေတာလဲ....သားဖြစ်သူရဲ့ နာမည်ပျက်နေရတာကိုတောင် ဘာတွေ သဘောကျနေတာလဲ ပြောပြပါအုံး " ဟန်နေထူးရဲ့အမေးကြောင့် ဒေါ်ထူးထူးမော် တစ်ချက်တွေဝေသွားပြီးမှ "ဒီခေတ်ကြီးထဲမှာ သူ့လိုမြန်မာဆန်ဆန်ယဉ်ယဉ်ကျေးကျေးမိန်းခလေးမရှိတော့ဘူး မင်းသိရဲ့လား....အားလုံးလိုလိုကမိန်းမလည်သိန်းကြွယ်တွေချည်းပဲ "

#ရူးနေတဲ့ကြယ် ( အခန်းဆက်ဝတ္ထု ) အပိုင်း (၁၈) ******** "ကောင်မလေးတွေ... သမီးချယ်ကိုကားပေါ်လိုက်တင်ပေးလိုက်ကြပါအုံး " ဒေါ်ထူးထူးမော်ရဲ့ စကားကြောင့် အလုပ်သမားကောင်မလေးနှစ်ယောက်က ပန်းသွေးချယ်ကိုတွဲပြီး ဟန်နေထူးရဲ့ကားပေါ်လိုက်တင်ပေးလိုက်ကြတယ်။ ဒီမြင်ကွင်းကို ဟန်နေထူးတစ်ချက်လှမ်းကြည့်လိုက်ပြီး ဘာမှမပြောဘဲ ကားရှိဆီကိုသွားလိုက်တယ်။ဟန်နေထူးကားနားရောက်တော့ ပန်းသွေးချယ်ကားခေါင်းခန်းထဲမှာထိုင်နေတာကိုတွေ့လိုက်ရတယ်။ဟန်နေထူးကားထဲဝင်ထိုင်လိုက်ချိန်မှာ ပန်းသွေးချက်က မပွင့်တပွင့်ပြုံးရင်း စကားစလိုက်တယ်။ "အားနာလိုက်တာ မောင်လေးရယ်...မချယ်ခြေထောက်က အကြောတွေ သိပ်မကောင်းလို့ ခဏခဏခြေချော်တတ်တယ် " ပန်းသွေးချယ်ကမူနွဲ့နွဲ့နဲ့ အသံနဲ့ပြောရင်း လက်တစ်ဖက်နဲ့ ဆံပင်ရှည်တွေကို သပ်တင်လိုက်တယ်။သူမရဲ့ဟန်ပန်ပုံစံက တကယ့်ကို မိန်းမပီသသော မိန်းခလေးပုံစံမျိုးလေးပေါ့။ ဟန်နေထူးကားကိုခပ်ဖြည်းဖြည်းမောင်းနေရင်းမှ ပန်းသွေးချယ်ကို ကြည့်လိုက်ပြီး "ကြော်ငြာဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး သတင်းထောက်ကို မပန်း သွေးချယ်ပေးလိုက်တာလား ... ပြီးတော့ ခေါင်းစဉ်စာသားကရော ဘယ်သူ့အတွေးလဲ .." မမျှော်လင့်ထားတဲ့ မေးခွန်းကြောင့်ပန်းသွေးချယ် မျက်လုံးပြူးသွားရတယ်။ "မပန်းသွေးချယ် မဖြေနိုင်လဲရပါတယ် ... အဲ့ဒီပုံတွေ ..ဗီဒီယိုတွေနဲ့ ပတ်သက်ပြီး ဘယ်မီဒီယာမှာမှ မတင်ဖို့ တင်ရင်တရားစွဲဖို့အတွက် လုပ်ဆောင်နေပါပြီ ...မပန်းသွေး ချယ်အနေနဲ့လဲ မပန်းသွေးချယ်ရဲ့အကောင့်မှာဖြစ်စေ ကျွန်တော့်ပုံတွေကိုတင်ခဲ့ရင် ဥပဒေအတိုင်းလုပ်ဆောင်မှာပါ ..ရှေ့နေ့ကတဆင့်ဆက်သွယ်လာပါလိမ့်မယ် ..." ကြားလိုက်ရတဲ့ စကားတွေကြောင့် ပန်းသွေးချယ်အံ့ဩနေမိသလို မခံချင်စိတ်တွေလဲဖြစ်သွားရတယ်။ " နေပါအုံးမောင်လေး....အဲ့ဒီပုံတွေကစီးပွားရေးအရရိုက်တဲ့ပုံတွေ လေ ....ပြီးတော့မောင်လေးက အနုပညာရှင်တစ်ယောက်လေ ... ပုံတွေက အစ်မ မတင်လဲတခြားသူတွေတင်နေတာပဲလေ " ဟန်နေထူး.ပန်းသွေးချယ်ကိုကြည့်လိုက်ပြီး " အဲ့ဒီကြော်ငြာရှင်က ကျွန်တော့်အမေပါ ...အားလုံးကိုကျွန်တားမြစ်မှာပါ ... မပန်းသွေးချယ်ဘက်က ကျွန်တော်နဲ့ ပတ်သက်ပြီး ..... မဟုတ်မမှန်တဲ့ စကားတွေကို မပြောဖို့မေတ္တာရပ်ခံတာပါ ... ပြောတဲ့ကြားက မလိုက်နာရင် တော့ တရားဥပဒေအရပဲစကားပြောပါတော့မယ် ... ဒီစကားတွေပြောချင်လို့ မပန်းသွေးချယ်ကို ကားနဲ့ခေါ်လာတာပါ...အမေ့ဆိုင်မှာ တစ်ခါတည်း ပြောလိုက်လို့ရပေမဲ့ ...ဆိုင်မှာလူတွေ များလို့ အခုလိုပြောရတာပါ... အခုတက္ကစီကားငှါးပေးလိုက်ပါမယ်ခင်ဗျာ '' ဟန်နေထူးပြောရင်း ကားကိုတက္ကစီတွေရပ်ထားတဲ့နေရာမှာ ရပ်ပေးလိုက်တယ်။ ပန်းသွေးချယ်အံကိုတင်းတင်းကြိတ်လိုက်ပြီး ကားပေါ်ကဆင်းလိုက်တယ်။ ဟန်နေထူးကားပေါ်က ဆင်းလိုက်ပြီး တက္ကစီတစ်စီးငှါးပေးလိုက်ရင်း ကားပေါ်ကဆင်းနေတဲ့ ပန်းသွေးချယ်ကိုရပ်ကြည့်နေလိုက်တယ်။အများအမြင်မှာ သူက အကြင်နာတရားကင်းမဲ့တဲ့ ယောကျာ်းတစ်ယောက်ဖြစ်ချင်လဲဖြစ်နေပါလိမ့်မယ်။ဒါပေမဲ့ သေရေးရှင်ရေးကိစ္စမျိုးမှမဟုတ်ရင် တခြားသူကို ကိုယ့်ချစ်သူထက်ပိုပြီးဦးစားပေးစရာအကြောင်းမှမရှိတာ။ပန်းသွေးချယ်ကားပေါ်က ဆင်းသွားချိန်မှာ ဟန်နေထူးကားပေါ်တက်ပြီးမောင်းထွက်ခဲ့လိုက်တယ်။ ~~~~~~ "ကိုယ်ဒီညနေ ယွန်းနဲ့သေချာစကားပြောချင်တယ် ... ယွန်း အမေလာကြိုမယ်ဆိုရင်လဲ အလုပ်မဆင်းခင်ခဏလောက်တွေ့ရအောင် .... ကိုယ်တောင်းဆိုတာကို ယွန်းလက်မခံဘူးဆိုရင် ယွန်းတို့အိမ်အထိလာခဲ့မှာ " ရေးထားတဲ့စာကို ပို့ပြီးတာနဲ့ သေချာအောင်ဟန်နေထူးဖုန်း ခေါ်လိုက်တယ်။ကိုယ့်နံပတ်ကို မြင်ရင် ဖုန်းမကိုင်မှန်းသိပေမဲ့ ဖုန်းကိုကြည့်အောင်ခေါ် ပစ်လိုက်တာ ။လေးငါးရက်တစ်ပတ်လောက် သူမစိတ်တိုင်းကျ လွှတ်ထားပေးပြီးပြီမို့ ဒီထက်ပိုပြီး လွှတ်မထားနိုင်တော့ပါဘူး ။ ကိုယ့်ကို အထင်လွှဲနေတဲ့ ချစ်သူကို .ကျေနပ်အောင်ချော့ဖို့က ချစ်ရသူတစ်ယောက်ရဲ့ အလုပ်ပဲမဟုတ်လား ။ ကိုယ့်ချစ်သူကလဲ ကိုယ့်အပေါ် တကယ်ချစ်မှန်းသိနေတာမို့ မာနတွေထားဖို့လဲ ဟန်နေထူးသတိမရပါဘူး။ တစ်သက်တာအတွက်ရည်ရွယ်ပြီး ချစ်ခဲ့ရသူမို့ အလျှော့ပေးစရာရှိရင် ယောကျာ်းပီပီကိုယ့်ဘက်ကပဲ အလျှော့ပေးလိုက်ဖို့ ဟန်နေထူးအစကတည်းကဆုံးဖြတ်ပြီးသားပါပဲ။ စပြီးချစ်မိပြီဆိုကတည်းက ဒါတွေကိုပါလက်ခံနိုင်လို့ စတင်ခဲ့တဲ့အချစ်ပဲလေ။ ~~~~ မြယွန်းမီအလုပ်ကနေ နာရီဝက်စောသိမ်းပြီး ထွက်လာခဲ့လိုက်တော့ တိုက်ရှေ့မှာဟန်နေထူးရဲ့ကားကရောက်နေခဲ့ပြီ။ မြယွန်းမီကားနားရောက်တာနဲ့ ဟန်နေထူးက ကားတံခါးကိုဆင်းပြီးဖွင့်ပေးလိုက်တယ်။ "ဗိုက်ဆာလား ယွန်း...တစ်ခုခုစားမလား " ချစ်သူရဲ့ အေးစက်စက်မျက်နှာလေးကိုကြည့်ပြီး ဟန်နေထူး မေးလိုက်တယ်။ '"မစားပါဘူး...စကားပြောလို့ရမဲ့ အနီးဆုံးနေရာကိုပဲမောင်းပါ ...အမေက မထင်ရင်မထင်သလို အလုပ်ကို ရောက်လာတတ်လို့ပါ " မြယွန်းမီ ပြောပြီးတာနဲ့ မျက်နှာကို တစ်ဖက်ကိုလွှဲပစ်လိုက်တယ်။ ချစ်သူရဲ့ အပြုအမူကြောင့် ဟန်နေထူးရင်ထဲမှာကျင်ခနဲ ဖြစ်သွားရတယ်။

A Kyi Phyu #ဧကြည်ဖြူ

လင်းမြတ်ဇင်ရဲ့နွမ်းဖျော့ဖျော့အသံကိုကြားလိုက်ရတော့ မေမိုးစက်စိတ်ထဲမှာ ငိုချင်သွားမိတယ်။နေ့တိုင်း တွေ့နေကြကနေ မတွေ့တာကြာနေတော့ ရင်ထဲမှာနာကျင်နေမိတယ်။ဒီလိုနွမ်းဖျော့ဖျော့ အသံလေးကိုကြားလိုက်ရတော့ချက်ချင်းပင် ပြေးတွေ့ချင်စိတ်ဖြစ်လာမိတယ်။ " ကိုလင်းလာစေချင်ရင် လာပါ့မယ် ..မိုးစက်ကြောင့် အန်တီစိတ်ညစ်မှာစိုးလို့မလာတာပါ " "လွမ်းလိုက်တာကွာ " ဖုန်းထဲကတဆင့် ကြားလိုက်ရတဲ့ အသံလေးကြောင့် မေမိုးစက်ရင်ထဲလှိုက်ခနဲ ခုန်လှုပ်သွားရတယ်။ ''ဒီညနေလာခဲ့ရမလားဟင် " မေမိုးစက်မေးလိုက်တော့ လင်းမြတ်ဇင်မဖြေနိုင်ပါ။ သူ့စိတ်ထဲမှာ မေမိုးစက်ကို တမ်းတလွမ်းဆွတ်နေမိပေမဲ့ မိခင်ဖြစ်သူနဲ့ ထပ်ဆုံမှာကိုလဲ စိုးရိမ်နေမိတယ်။သူမလေးဆီကို ဖုန်းဆက်တာတောင် ဒီလိုအလုပ်သွားချိန်မှ ဆက်ရဲတဲ့အဖြစ်။မိခင်ကြီးက တစ်ခုခုထပြီး သောင်းကျန်းလိုက်မှာကိုပဲ စိတ်ထဲမှာပူပင်နေမိတယ်။ " ဒီနေ့တော့ မလာနဲ့အုံးနော် ...အိမ်မှာ ညီမလေးကိစ္စလဲရှိလို့ ..အမေစိတ်သိပ်မကြည်သေးဘူး မိုးစက်ရယ် " "ဟုတ်ကဲ့ပါ ကိုလင်း...အဆင်ပြေတဲ့ ရက်မှ တွေ့မယ်လေနော် " ~~~~~~~ "ပိုးအိက အဲ့ဒီလိုပြေတာလား ..အန်တီဆီကိုလဲ သမီးအကြောင်း တွေ ဘာတွေလာပြောသွားမှန်း ကိုမသိဘူး '' ဒေါ်ထူးထူးမော်က ပန်းသွေးချယ်ကို ကြည့်ပြီး အံ့အားတသင့်နဲ့ ပြောလိုက်တယ်။ " ဟုတ်လား အန်တီ ... ချယ့်ကိုလဲ လာပြောသွားတာစုံနေတာပဲ ...သူနဲ့ကိုထူးကို အန်တီကသဘောတူထားလို့ ဝင်မရှုပ်နဲ့ဆိုတာတွေရော..ပြီးတော့ပြောသွားသေးတယ် .. ကိုထူးနဲ့ အန်တီမော်တို့ ပေါ်မှာ သူတို့ကျေးဇူးတွေရှိလို့ .အန်တီတို့က မလွန်ဆန်နိုင်တာတွေရောပဲ '' ပန်းသွေးချယ် မျက်နှားအမူအရာကို သေချာဂရုစိုက်ပြီး မုသားစကားတွေဆိုလိုက်တယ်။ "ဟုတ်လား.....ဒီအကြောင်းတွေသာ သူ့အဖေသိသွားရင် စိတ်ဆိုးတော့မှာပဲ .. နဂိုကတည်းကမှ သူ့အဖေက အန်တီသဘောတူထားတာကို ကြည်တာမဟုတ်ဘူး ...သူက သူ့သားကြီးကို စိတ်တိုင်းကျလွတ်လွတ်လပ်လပ် ရွေးချယ်စေချင်တာလေ ...အန်တီကတော့ သားကိုမိန်းမလည်တွေနဲ့တွေ့မှာစိုးရိမ်မိလို့ အကြောင်းသိတဲ့သူတွေဖြစ်တဲ့ ...သူငယ်ချင်းရဲ့သမီးဆိုပြီး သဘောတူထားမိတာ '' "ပိုးအိလေးက ဘယ်လိုဖြစ်သွားတာလဲ မသိပါဘူးအန်တီရယ်...ချယ်လဲအန်တီ့ကိုချစ်ခင်လို့သာ ကြောငြာရိုက်လိုက်တာပါ ..ပိုးအိက ချယ့်ကိုပြောသွားတာစုံနေတာပဲ....ဟိုလူဒီလူတွေနဲ့လဲ စွပ်စွဲသွားသေးတယ် " " အန်တီတော့ ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူးကွယ် ... သူဒီလောက်ရိုင်းစိုင်းမယ်လို့ အန်တီမထင်ထားခဲ့မိတာ...အဲ့ဒါကြောင့်လဲ သားကပြောတာ...ပိုးအိက သားရဲ့ ကော်ဖီဆိုင်က ဝန်ထမ်းလေးတွေကို သူ့အလုပ်သမားတွေလို့ ထင်ရအောင် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတာတဲ့လေ ...တကယ်အဲ့လောက်ထိဖြစ်လိမ့်မယ်လို့ မထင်ခဲ့မိတာ " ဒေါ်ထူးထူးမော်က မကျေမချမ်းနဲ့ ပြောနေတာကိုကြည့်ပြီး ပန်းသွေးချယ် မသိမသာလေး ကြိတ်ပြုံးလိုက်မိတယ်။ပြီးတော့ သူမကိုချောက်ချဖို့အတွက် ဦးအောင်ကြိုတင်လာပြောသွားတဲ့ ညီမဖြစ်သူကိုလဲစိတ်ထဲက လှောင်လိုက်မိတယ်။ "ချယ်ပြန်တော့မယ်နော် အန်တီ..." "ဪ ..ခဏလေးနေပါအုံးသမီးရဲ့ ... ခဏနေရင် သားကအန်တီဆိုင်ကို လာလိမ့်မယ် ...သားပြန်မှ သမီးလိုက်သွားပေါ့ " ဒေါ်ထူးထူးမော် ပြောနေချိန်မှာပဲ ဟန်နေထူးကဆိုင်ထဲကို ၀င်လာခဲ့တယ်။ " အမေ ဒီမှာထမင်းချိုင့်...သားတော့မစားတော့ဘူးနော် .. တေဇ တို့နဲ့ ချိန်းထားလို့ပါ " ဟန်နေထူးက အိမ်ကထမင်းချက်အဒေါ်ကြီးထည့်ပေးလိုက်တဲ့ ထမင်းချိုင့်ကိုဆွဲကာ ဝင်လာခဲ့ရင်း ပန်းသွေးချယ်ကို မြင်လိုက်ရတာမို့ မျက်နှာကွက်ခနဲ ပျက်သွားမိတယ်၊၊ ဟန်နေထူး မျက်နှာပျက်သွားတာကိုလဲ ပန်းသွေးချယ်က မြင်ဖြစ်အောင်မြင်လိုက်တယ်၊၊ "ဪ ....သားပြန်မယ်ဆိုရင် ..သမီးချယ်ကိုလမ်းကြုံခေါ်သွားလိုက်ပါအုံး " "ဗျာ ..ဟို ..." ဟန်နေထူးနှုတ်ဖျားက ငြင်းဆန်ဖို့ပြင်လိုက်ချိန်မှာပဲ ပန်းသွေးချယ်က ခပ်သွက်သွက် ၀င်ဖြေလိုက်တယ်။ "ချယ်မလိုက်တော့ပါဘူး အန်တီ...အလုပ်ကိစ္စလေးလဲရှိလို့ ၀င်စရာလေးရှိလို့ပါ " ပြောပြောဆိုဆိုနဲ့ ပန်းသွေး ချယ်ကမန်းကတန်းထပြီး ပြန်ဖို့ပြင်လိုက်ရာက " အား " ကမန်းကတန်းထလိုက်တာမို့ ခြေချင်းဝတ်ခေါက်ပြီး လဲကျသွားတဲ့နောက်မှာ ပန်းသွေးချယ် အသံထွက်အောင်ပင်ညည်းညူလိုက်တယ်။လူကလဲ ချော်လဲတဲ့နေရာကနေ လုံးဝမထနိုင်တဲ့ ပုံမျိုးလုပ်ပစ်လိုက်တယ်။. "ဟယ် သမီး....ခြေခေါက်သွားတာလား ထနိုင်ရဲ့လား ..ဟဲ့ကောင်မလေးတွေ ထူပေးကြပါအုံး.." ဒေါ်ထူးထူးမော်စိုးရိမ်တကြီးနဲ့ ပြောလိုက်ရင်းပြေးထူလိုက်တယ်။ "ကံကောင်းလို့ပေါ့ သမီးရယ် ... ခြေထောက်က မထောက်နိုင်တော့ဘူး မဟုတ်လား ....ကဲပါ သားရယ် မင်းအစ်မကိုလိုက်ပို့ပေးလိုက်ပါအုံး ..." "ရ..ရပါတယ်အန်တီ ...ချယ်ကားငှားပြီးပြန်မှာပါ " ပန်းသွေးချယ်က ဟန်ဆောင်ပြုံးနဲ့ ငြင်းဆန်လိုက်တယ်။ ဒေါ်ထူးထူမော်က ပန်းသွေး ချယ်ကို စိုးရိမ်တကြီးနဲ့ကြည့်လိုက်ပြီး "တစ်ယောက်တည်းမပြန်ရပါဘူးကွယ် ... သားလိုက်ပို့ပေးပါလိမ့်မယ်...သားရေးမင်းအစ်မကို အိမ်အထိလိုက်ပို့ပေးလိုက်ပါအုံး " @@@@@@@@@@@@@@@. အပိုင်း( ၁၈ ) ဆက်ရန်

" အင်း ..ဟုတ်တယ် ...ဒီနားမှာ တိုက်ခန်းတစ်ခန်းလိုက်ပြရင်း လမ်းကြုံနေလို့ပါ ... အိမ်တန်းပြန်မှာလား ..ရုံးသွားအုံးမှာလား ` ထူးထူးခြားခြား မိခင်ကြီးရဲ့ အသံကနုညံ့ပျော့ပြောင်းနေတာကို မြယွန်းမီသတိထားလိုက်မိတယ်။ "တို့သွားတော့မယ်နော် မိုးစက် ' မြယွန်းမီက မေမိုးစက်ကို နှုတ်ဆက်လိုက်တော့ ဒေါ်မြစန္ဒာ ခပ်စူးစူးတစ်ချက်လှမ်းကြည့်ပြီး တစ်ဖက်ကို မျက်နှာလွှဲလိုက်တယ်။ ~~~~~~ မောင်းထွက်သွားတဲ့ ကားနောက်ကနေ ဟန်နေထူးကားကို မောင်းပြီးလိုက်ခဲ့လိုက်တယ်။ဖုန်းဆက်လဲမကိုင်၊ စာပို့လဲ စာမပြန်တဲ့ ချစ်သူကိုဟန်နေထူး စာတွေပို့ပြီး အမျိုးမျိုးရှင်းပြခဲ့ပြီးပြီ။ ဘာတုံ့ပြန်မှုမှမလာတော့ဟန်နေထူးရင်ထဲနေမထိထိုင်မသာဖြစ်နေမိတယ်။အလုပ်မှာလဲ စိတ်ကမပါ။ လိုင်းပေါ်ကကြောငြာပုံတွေမှာ ရေးထားတဲ့ "အချစ်နဲ့တခ်နေ့တာ " ဆိုတဲ့စာသားအတွက်လဲ ဖြေရှင်းဖို့ အချိန်မပေးနိုင်သေးဘူး။နှလုံးသားက မီးတွေလောင်မြှိုက်နေသလိုခံစားနေရပြီး ပူလောင်နေမိတယ်။ ~~~~~~~ "ကိုလင်း .." လင်းမြတ်ဇင်ဆိုင်တံခါးပိတ်နေချိန်မှာ မျက်နှာငယ်လေးနဲ့ ရောက်လာတဲ့ဟန်နေထူးကို ကြည့်ပြီး အံ့ဩသွားရတယ်။ "ကိုလင်းနဲ့ စကားခဏလောက် ပြောချင်လို့ ...အချိန်ရမလာမသိဘူး " ဟန်နေထူးရဲ့အမေးကို လင်း မြတ်ဇင်ခေါင်းငြိမ့်ပြလိုက်ပြီး နှစ်ယောက်သား ကားပေါ်တက်ကာ ဆိုင်တစ်ခုဆီသို့ ထွက်ခဲ့လိုက်ကြတယ်။ ~~~~~~ "နေ့ခင်းကပဲဆိုင်ကို ပန်းသွေးချယ်ဆိုတဲ့အမျိုးသမီးလာသွားသေးတယ် ... ကြည့်ရတာ အစ်ကို့ဆိုင်မှန်းတော့သိပုံမရဘူး...ငါ့ညီကညွှန်လို့လာတာလို့ ပြောသွားတယ်... ပြီးတော့ ငါ့ညီကိုသူ့ကောင်လေးလို့ ပြောသွားတာပဲ " "ဗျာ ..မဟုတ်ပါဘူး ကိုလင်းရယ် ...ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူး...မေးထူးခေါ် ပြောရုံ အဆင့်ထက်မပိုပါဘူး " လင်းမြတ်ဇင်ရဲ့ စကားကို ဟန်နေထူးပျာပျာသလဲရှင်းပြလိုက်မိတယ်။သူ့ဘက်က ပေါ့ပေါ့ဆဆတွေးထားမိတဲ့ကိစ္စက ဒီလောက်ထိပြဿနာကြီးမားလာရတာကိုလဲ စိတ်တိုသွားမိတယ်။ "သူ့အကြောင်းကိုသိနေတော့ ငါ့ညီပြောတာကို ယုံပါတယ်... ဒါပေမဲ့ အမေနဲ့ ညီမလေးကတော့ သူနဲ့ပတ်သက်ပြီး နည်းနည်းအကဲဆတ်ကြတယ် ... အဲ့ဒီလိုဖြစ်အောင်လဲ အစ်ကိုကလုပ်ခဲ့မိတယ်လေ.... သူ့အကြောင်းတွေကိုတော့ သိပ်မပြောချင်ဘူး ... ငါ့ညီလဲ သေချာစဉ်းစားဆုံးဖြတ်ပါ " " ဟာ....သူနဲ့ကျွန်တော်ပတ်သက်စရာအကြောင်းလဲမရှိပါဘူးကိုလင်းရာ ... ကျွန်တော်တောင်းပန်ပါတယ်ကိုလင်း ... ကျွတော်ဘာလုပ်ရမလဲဗျာ....ကိုလင်းညီမက ဖုန်းတောင်မကိုင်ဘူး " ဟန်နေထူးမျက်နှာပူပူနဲ့ပဲ လင်းမြတ်ဇင်ကိုပြောလိုက်မိတယ်။သူ့မှာ လောလောဆယ်အားကိုးနိုင်တာကလဲ လင်းမြတ်ဇင်တစ်ယောက်ပဲရှိတယ်လေ။ မေမိုးစက်နဲ့ ရင်းနှီးနေတယ်ဆိုပေမဲ့ သူစိမ်းမိန်းမတစ်ယောက်ကြောင့် ပြဿနာဖြစ်နေချိန်မှာ တခြားမိန်းခလေးတစ်ယောက်နဲ့ရောနှော ပတ်သက်နေတာမျိုးလို့ မမြင်စေချင်မိတာလဲ ပါတယ်။ " အချိန်ခဏစောင့်ပါအုံး ...လောလောဆယ်တော့စိတ်ဆိုးနေလို့ပါ ..အဓိကကတော့ အဲ့ဒီ အမျိုးသမီးနဲ့ပြန်ပတ်သက်ရမှာကို ကြောက်နေလိုဖြစ်နေတာပါ ...ငါ့ညီဘက်ကသာ ကင်းကင်းရှင်းရှင်းနေပြနိုင်ရင် ပြန်အဆင်ပြေမှာပါ " "ဟုတ်... ဟုတ်ကဲ့ပါ ကိုလင်း ..." ~~~~~ "အမေပြောသလို သမီးလက်ခံပါတယ် ..သူနဲ့လဲမဆက်သွယ်ပါဘူး ...အမေ့ဘက်ကလဲ သမီးအိမ်ထောင်ရေးကိုမလောပါနဲ့နော်...အဲ့ဒါလေးတော့ သမီးတောင်းဆိုပါရစေ " မြယွန်းမီ မိခင်နဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီး သူမဆန္ဒကို ပြောလိုက်တယ်။ "အမေကလဲ ဇွတ်မလုပ်ပါဘူး သမီးရယ် ... မောင်ချစ်ဦးက အရက်မသောက်ဆေးလိပ်မသောက်နဲ့ ရိုးသားတဲ့လူငယ်လေးတစ်ယောက်မို့ လေ့လာကြည့်စေချင်တာပါ...နည်းနည်းပါးပါး လေ့လာကြည့်တော့ မမှားဘူးပေါ့ ... သမီးကို ဟိုဟာတွေနဲ့ ပြိုင်ဘက် လိုမဖြစ်စေချင်ဘူး...သမီးလဲသူတို့အကြောင်းသိတာပဲ ..သူတို့သမီးနာမည်ကိုဖျက်မှာကို အမေအကြောက်ဆုံးပဲ " ခါတိုင်းနဲ့မတူဘဲ လေသံအေးလေးနဲ့ပြောနေတဲ့ မိခင်ဖြစ်သူကို မြယွန်းမီသနားကြင်နာစွာငေးကြည့်နေမိတယ်။မိခင်ကြီးမှာ တစ်ရက်နှစ်ရက်အတွင်းမှာ မျက်တွင်းတွေ ချောင်ကျပြီး နွမ်းလျနေပုံက ရှိရင်းစွဲအသက်ထက်ပို၍အိုစာနေ ပုံပင်။ "အမေလေ့လာစေချင်ရင် လေ့လာကြည့်ပါ့မယ် အမေ ...ဒါနဲ့ အမေညဘက်တွေရော အိပ်ရဲ့လားဟင် " " အင်း အိပ်ပါတယ်အေ...ဒါနဲ့ ညည်းအစ်ကိုနောက်ကျနေသလိုပဲ ဖုန်းဆက်ကြည့်အုံးမှပါ " ပြောပြောဆိုဆိုနဲ့ ဖုန်းကိုကိုင်ကာ ဝရတာဘက်ကိုလျှောက်သွားတဲ့ မိခင်ကိုကြည့်ပြီး မြယွန်းမီ လေးလေးပင်ပင်နဲ့ သက်ပြင်းချလိုက်မိတယ်။သူမတို့အပေါ်စိုးရိမိစိတ်တွေပုံမှန်ထက်ပိုပြီးလွန်ကဲနေတဲ့ မိခင်ကြီးကို ကြည့်ပြီး မြယွန်းမီရင်ထဲမှာလဲ စိုးရိမ်စိတ်တွေ ဝင်နေမိတယ်။ ~~~~~~~ "ကိုယ်တောင်းပန်ပါတယ် မိုးစက်ရယ် ..ညဘက်တွေ ဖုန်းဆက်ချင်ပေမဲ့ ... အခုဆိုအမေက ညဘက်တွေသိပ်မအိပ်လို့ပါ " "ရပါတယ် ကိုလင်းရယ် ...မိုးစက်နားလည်ပါတယ် ... အန်တီ့စကားကိုနားထောင်ပြီး... ခဏလောက်မတွေ့ဘဲနေကြမယ်လေ... မိုးစက်စောင့်နေပါ့မယ် .. ဖုန်းလဲကိုလင်းအားတဲ့အချိန်မှဆက်ပါ ...." "ဒီတလောဆိုင်ကို မလာဖြစ်တော့ဘူးပေါ့နော်"

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း(၁၇) ******** "ဒီဆိုင်ကနင့်ဆိုင်လား ...ကိုထူးက ညွှန်းထားလို့ လာစားကြည့်တာ .. အခုတော့ ရောက်လက်စနဲ့ စားသွားကြည့်ရမှာပေါ့ ... ငါ့မိတ်ဆွေတွေကို အကောင်းဆုံးလုပ်ပေး...ကောင်လေးကညွှန်းလို့သာလာလိုက်ရတာ ဆိုင်ကတော့လမ်းဘေးဆိုင်သာသာပါပဲ " အနားကိုကပ်ပြီး ခပ်တိုးတိုးပြောလိုက်တဲ့ ပန်းသွေးချယ်ရဲ့ စကားကို လင်းမြတ်ဇင်ဘာမှပြန်မပြောဘဲ ခါးကိုညွှတ်လျက်ကြိုဆို ဟန်ပြလိုက်ပြီး ချက်ပြုတ်ခန်းဆီကိုဝင်ခဲ့လိုက်တယ်။လင်းမြတ်ဇင် ဝင်သွားပြီးတဲ့အခါ စားပွဲထိုးကောင်လေးတစ်ယောက် ပန်းသွေးချယ်တို့ရှိရာ ဝိုင်းဆီကို လျှောက်သွားလိုက်တယ်။လင်းမြတ်ဇင်ကတော့ စားသုံးသူတွေကိုလဲ လှမ်းမကြည့်တော့ဘဲ သူ့အလုပ်သူအေးဆေးတည်ငြိမ်စွာ လုပ်နေလိုက်တယ်။ ပန်းသွေးချယ်မှာ ရောက်လာတဲ့ အစားအသောက်ကိုစားနေရင်းနဲ့ မျက်လုံးတွေကလင်းမြတ်ဇင်ရှိရာကို လှမ်းကြည့်နေလိုက်တယ်။ အရင်ထက်ပိုပြီးကြည့်ကောင်းနေတဲ့ လင်းမြတ်ဇင်ကိုကြည့်ပြီး ပန်းသွေးချယ်ရင်ထဲမကျေမနပ်ဖြစ်နေမိတယ်။ "ပန်း ငေးလှချည်းလား ... စားဖိုမှူးလေးက အလန်းလေးနော် " အဖော်ပါလာတဲ့ သူငယ်ချင်းရဲ့ စကားကြောင့် ပန်းသွေးချယ် တစ်ချက်ပြုံးလိုက်ပြီး "သူက တို့ရဲ့ရည်းစားဟောင်းလေ ... အဲ့ဒီတုန်းကဆို တို့ဘာပြောပြောတစ်ခွန်းပဲ ခိုင်းလို့အရမ်းကောင်းတာပေါ့ ..." "ဟယ် ဟုတ်လား... အဲ့ဒါကိုဘာလို့ လမ်းခွဲလိုက်ကြတာလဲ " အတူပါလာတဲ့ နှစ်ယောက်က နှမြောတသဟန်နဲ့ တအံ့တဩ မေးလိုက်ကြတယ်။ " အဲ့ဒီတုန်းကသူကအလုပ်မှမရှိတာ ...သင်တန်းတွေတက်ရင်း အလုပ်ရှာနေတုန်းမို့ လမ်းခွဲလိုက်တာပေါ့ ..သူလဲ အဲ့ဒီကနေ စိတ်ညစ်ပြီး နိုင်ငံခြားထွက်သွားတာပဲ'' ဟုတ်တာရောမဟုတ်တာတွေကို ပါးစပ်အရသာခံပြီးပန်းသွေးချယ်ပြောလိုက်တယ်။ သူမတို့လို အသက်အရွယ်မှာ အပေါင်းအသင်းတွေကြားရည်းစားဘယ်လောက်ထားနိုင်လဲဆိုတာက ဂုဏ်ယူဝံ့ကြွားစရာ ဖြစ်နေခဲ့တာလေ။ "ဒါဆိုလဲ အခုချိန်ပြန်ချိတ်လိုက်ပါလား ပန်းရဲ့ ...မဆိုးဘူးနော် " " နေပါကွာ ...သူကတို့အခုပြန်အီရင်ပြန်ပါလာလိမ့်မယ် ..ဒါပေမဲ့ သိတယ်မဟုတ်လား ... တို့က မီးဖိုချောင်ဝင်ရတာကို သိပ်မုန်းတာလေ .. " ပန်းသွေးချယ်ရယ်သွမ်းသွေးကာ ပြောလိုက်ပြီး လင်းမြတ်ဇင်ရှိရာကိုလှမ်းကြည့်လိုက်တယ်။ လင်းမြတ်ဇင်ကတော့ ပန်းသွေးချယ်ရှိရာဆီကို ယောင်လိုမှလှမ်းမကြည့်ဘဲ ကိုယ့်အလုပ်ကိုယ်လုပ်နေခဲ့တယ်။ ~~~~~~ "အဲ့ဒီလိုတွေ ဖြစ်ခဲ့တာလား ... ကျွန်တော်လဲ သူနဲ့ မျက်မှန်းတန်းမိရုံပါမိုးစက်ရယ် ...ကြော်ငြာရိုက်ဖြစ်တာကလဲ အမေကအကူအညီတောင်းနေတာနဲ့ ရိုက်ဖြစ်လိုက်တာပါ " မေမိုးစက် သက်ပြင်းကိုချလိုက်မိပြီး " မိုးစက်လဲ အခုပြဿနာဖြစ်နေတယ်ကိုထူး...ယွန်းတို့အမေက အဲဒီတစ်ယောက်ကြောင့် စိတ်ဒဏ်ရာဖြစ်နေပုံရတယ်....ကိုထူးလဲ သူ့ကိုရှောင်ပါ ..မဟုတ်ရင်တော့ ယွန်းနဲ့ဝေးသွားလိမ့်မယ် ..ယွန်းက အပေါ် ယံကြည့်ရင်အေးတိအေးစက်နိုင်ပေမဲ့ အရမ်းခံစားလွယ်တယ် ..ပြီးတော့ နောက်တစ်ချက်က ယွန်းကသူ့အမေကို သနားပြီးချစ်နေတာ ...ဘာပဲဖြစ်ဖြစ် သူ့အမေစိတ်ဆင်းရဲအောင်လုပ်မှာ မဟုတ်ဘူး " " ဟုတ်ကဲ့ ..ကျေးဇူးပါမိုးစက်ရယ် " ~~~~~~ "ဟင် ..ပိုးအိပါလား ... မချယ်ဆီလာလည်တာလား " ပိုးအိရဲ့ ဒေါသမျက်နှာကို မြင်ရဲ့သားနဲ့ ပန်းသွေးချယ်အပြုံးနဲ့ မေးလိုက်တယ်။ " ဒါဘာသဘောလဲမချယ် .... ဘယ်အချိန်တုန်းက ကိုထူးတို့အန်တီမော်တို့နဲ့ရင်းနှီးသွားရတာလဲ ..." ပိုးအိက ဖုန်းကိုကိုင်လှုပ်ရင်းမေးလိုက်တယ်။ "ဖြည်းဖြည်းပြောပါ ပိုးအိရယ် ..မချယ်လဲ တမင်တကာသွားရောတာမဟုတ်ပါဘူးနော် ..အန်တီမော်က အရင်ကမ်းလှမ်းတာပါကွယ် ..ပြီးတော့ ကိုထူးကပြောတယ် ...ပိုးအိနဲ့သူနဲ့ က ဘာမှမပတ်သက်ပါဘူးတဲ့လေ " ပန်းသွေးချယ်က ခပ်လောင်လောင်အမူအရာနဲ့ ပြောလိုက်တာမို့ ပိုးအိတစ်ယောက် ဒေါသထွက် သွားရပြီး "မချယ်က တကယ်ကိုအရှက်မရှိတဲ့ မိန်းမပဲနော် ..သိပ်လှတဲ့ ခန္ဓာကိုယ်ရှိတာနဲ့ ယောကျာ်းတိုင်းက မချယ်ကိုကြိုက်မယ်လို့ထင်မနေနဲ့ ...တဏှာရူးတဲ့သူတွေသာ မချယ်လိုမိန်းမမျိုးကိုကြိုက်မှာသိရဲ့လား.... လက်ရှိခိုးတွဲနေတဲ့အဘိုးကြီးနဲ့လူမသိအောင်လဲ သိုသိုသိပ်သိပ်နေပါအုံး ..တော်ကြာမယားကြီးရှိနေလို့ ကျော်မကောင်းကြားမကောင်းတွေဖြစ်နေအုံးမယ် ...ကိုယ့်အဆင့်ကိုယ်သိပြီးနေပါ ..နောက်ဆို အိမ်ကို့လဲလာစရာမလိုဘူး " ပိုးအိစိတ်ဆိုးမာန်ဆိုးနဲ့ပြောပြီးပြန်ထွက်ခဲ့လိုက်တယ်။ပန်းသွေး ချယ်ကတော့ ခပ်ရွှဲ့ရွဲ့ပြုံးကာ ကျန်နေခဲ့တယ်။ ~~~~~ မြယွန်းမီးနဲ့ မေမို့စက်တို့ အလုပ်ပြီးလို့ ထွက်လာကြချိန်မှာ တိုက်ရှေ့မှာ အငှါးကားတစ်စီးရပ်ထားပြီး ကားပေါ်မှာဒေါ်မြစန္ဒာကိုတွေ့လိုက်ရတာမို့ နှစ်ယောက်သား ထိတ်လန့်သွားမိကြတယ်။ မေမိုးစက်မှာ ခန္ဓာကိုယ်လေးပါ ဆတ်ခနဲတုန်သွားရပြီးနောက်သို့ တွန့်သွားရတယ်။ခပ်လှမ်းလှမ်းမှာလဲ ဟန်နေထူးရဲ့ကားကိုတွေ့လိုက်တာမို့ မိခင်ကြီးရှိရာဆီကို မြယွန်းမီ ခပ်မြန်မြန်လျှောက်သွားလိုက်ရတယ်။ "အမေ သမီးကိုလာကြိုတာလား "