es
Feedback

¡No caigas en manos de tramposos! Telemetrio encuentra y marca estos canales 👉 Si quieres ver la etiqueta, suscríbete

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

Ir al canal en Telegram
1 032
Suscriptores
+124 horas
-17 días
-1230 días
Archivo de publicaciones
ယွန်းသေတ္တာကိုဆွဲယူလိုက်ကာ အံဆွဲထဲကို ခပ်မြန်မြန်ပြန်ထည့်လိုက်တယ်။လျင်မြန်လှတဲ့ ခက်ဝေလ တ်ရဲ့လှုပ်ရှားမှုတွေကြောင့် ဖူးငုံ ပွင့်မတုန်မလှုပ်နဲ့ နေရာမှာ ရပ်နေမိတယ်။ အားလုံးပြီးသွားတော့ ခက်ဝေလတ်ရဲ့လက်တစ်ဖက်က ဖူးငုံပွင့်ရဲ့လက်ကို ခပ်ကြမ်းကြမ်းဆွဲယူလိုက်ပြီး မမညိုရဲ့အခန်းထဲကနေအလျင်အမြန်ထွက်လိုက်တယ်။ပြီးတော့ နီးစပ်ရာအခန်းလွတ်တစ်ခုကိုဝင်ချသွားတယ်။ခက်ဝေလတ်ရဲ့ အပြုအမူတွေကိုဖူးငုံပွင့်နားမလည်နိုင်ဘဲ သူ့လက်ထဲက အတင်းရုန်းထွက်ဖို့ပြင်လိုက်တော့ ခက်ဝေလတ်က တိတ်တိတ်နေဖို့ အချက်ပြလိုက်တာမို့ ဖူးငုံပွင့်မလှုပ်ရဲဘဲငြိမ်နေမိတယ်။ထိုအချိန်မှာပဲ အခန်းပြင်ဘက်က ခြေသံနဲ့ စကားပြောသံကို ကြားလိုက်ကြရတယ်။ " သူတို့သားအမိလောက်ကိုတော့ .. ဂရုမစိုက်ပါဘူး....သူတို့တွေ မိညိုကိုကလန်ကဆန်မလုပ်ရဲကြပါဘူး ... တို့ပါးစပ်ဟလိုက်ရင် သူတို့ဘ၀တွေ ဘာဖြစ်သွားမလဲဆိုတာ သူတို့အသိဆုံးပါ ...အဘိုးကြီးလဲ အချိန်သိပ်မကျန်တော့ပါဘူး...ခုချိန်ရသင့်ရထိုက်တာကိုယူပြီး ထွက်လာလို့ရတယ် ... ဒါပေမဲ့အရည်အသွေးကောင်းတဲ့ ပစ္စည်းတချို့ ပျောက်နေတယ်ကွ ...အဲ့ဒီပစ္စည်းတွေက ဒီအိမ်ထဲက တစ်ယောက်ယောက်ဆီမှာရှိလိမ့်မယ် ....အဲ့ဒီပစ္စည်းကိုရမှ တို့ ဒီအိမ်ကထွက်မှာ...တို့ကို တစ်ခုခု မကောင်းကြံလို့ကတော့ ပိတောက်စုရွာကိုသွားလိုက်မှာပေါ့ " အိမ်ပေါ်ထပ်မှာ ဘယ်သူမှမရှိဘူးအထင်နဲ့ ဖုန်းပြောနေတဲ့ မမ ညိုရဲ့အသံကို ဖူးငုံပွင့်တို့နှစ်ယောက်အတိုင်းသားကြားနေရတယ်။ပိတောက်စုဆိုတဲ့ နာမည်ကိုကြားလိုက်ရချိန်မှာ ဖူးငုံပွင့်ကိုယ်လေး ဆတ်ခနဲတုန်သွားပြီး လှုပ်လှုပ်ရှားရှားဖြစ်သွားတာမို့ ခက်ဝေလတ်က ခပ်မြန်မြန်ဖမ်းဆွဲလိုက်တယ်။ @@@@@@@@@@@@@@@@@@@@ အပိုင်း (၁၂ ) ဆက်ရန် #ဧကြည်ဖြူ [ ]

'"ဪ ..ဒါနဲ့ ကိုနေလင်းပြောတော့ ... ဘကြီးမိုးတို့အကြောင်း စုံစမ်းဖူးတယ်ဆို ... အဲ့ဒါ ဘာသတင်းမှမကြားရတာလား..." "အင်း ...ရန်ကုန်မှာနေတဲ့သူ့သားသမီးတွေဆီကို ပြောင်းသွားတယ်လိုသတင်းကြားလို့....လိုက်စုံစမ်းကြည့်တော့... ဘာသတင်းမှ မရတော့တာ ... သားတစ်ယောက် သမီးတစ်ယောက်ရှိတယ်တဲ့ ... သူ့သားနဲ့သမီးက ခပ်ငယ်ငယ်ကတည်းက ရွာကထွက်သွားကြတော့ဘယ်သူမှမမှတ်မိကြဘူး ... ပြီးတော့ သူ့တို့လင်မယားကလဲ ရွာက ပြောင်းသွားပြီး ကတည်းက... ရွာကိုတစ်ခေါက်မှ ပြန်မလာကြဘူးတဲ့လေ ...." "အင်း ဟုတ်တယ် ... ကျွန်မရွာမှာရှိတုန်းကတော့ ပြန်မလာကြဘူး ...ဘွားကြည်ဆုံးတော့ရောမလာဘူးတဲ့လား " နေလင်းနဲ့ ဖုန်းပြောနေစဉ်မှာပင် အနောက်ဘက်ဆီက ခြေသံလိုလိုကြားလိုက်တာမို့ ဖူးငုံပွင့်လန့်ပြီးလှည့်ကြည့်လိုက်မိတော့ ခက်ဝေလတ်ကို တွေ့လိုက်ရတာမို့ လန့်ဖျပ်သွားမိတယ်။ "ဟင် .. ကို ...ကိုခက်ဝေလတ် " "ဖုန်းပြောလို့ ပြီးပြီလား " "ဟုတ်..ဟုတ်ကဲ့ " ဖူးငုံပွင့်ထိတ်ထိတ်လန့်လန့်နဲ့ ဖုန်းကိုပိတ်ပြီး ခေါင်းကိုငြိမ်ပြလိုက်မိတယ်။ "ဟို .. ဟို..ဘာခိုင်းစရာရှိလို့လဲဟင် " ဖူးငုံပွင့် အသံတုန်တုန်နဲ့ မေးလိုက်မိတယ်။ " ခိုင်းစရာမရှိပါဘူး ... အေးနေတာကို အနွေးထည်ဘာလို့ မဝတ်တာလဲ " "ဟို ... ဟို နှမြောလို့ပါ " ခက်ဝေလတ်ရဲ့ အမေးကို ဖူးငုံပွင့် အမြီးအမောက်မတည့်ပြန်ဖြေလိုက်မိတယ်။ "အေးနေလို့ ....ဝတ်ဖို့ဝယ်ပေးလိုက်တာလေ ..ဘာကို နှမြောနေတာလဲ " ခက်ဝေလတ်ကပြောရင်းနဲ့ ၀ရံတာဆီကို ထွက်လာတာမို့ ဖူးငုံပွင့်မှာ ခန္ဓာကိုယ်ကိုတိမ်းရှောင်လိုက်ရင်း မျက်လုံးအပြူးသားနဲ့ ကြည့်လိုက်မိတယ်။ "မင်း ဘာလို့.... ဒီမှာအလုပ်လာလုပ်နေတာလဲ " ခက်ဝေလတ်ရဲ့ အမေးကြောင့် ဖူးငုံပွင့်ဖြုန်းခနဲ ဘာပြောရမှန်းမသိဖြစ်သွားမိတယ်။ " မင်းကို ...ဒီအိမ်မှာ အလုပ်မလုပ်စေချင်ဘူး." ခက်ဝေလတ်ရဲ့အသံက အရင်နဲ့မတူဘဲ လေးလေးပင်ပင်ရှိနေခဲ့တယ်။ ''ကျွန်မလဲ ကြာရှည်လုပ်ဖို့ စိတ်ကူးမရှိပါဘူး .... မကြာခင်ရန်ကုန်ပြန်တော့မှာပါ " ဖူးငုံပွင့် ပြန်ဖြေလိုက်တော့ ခက်ဝေလတ်ရဲ့အသံတိတ်ဆိတ်သွားပြီး သက်ပြင်းရှည်ကို ချလိုက်တယ်။ "ကိုယ်သွားတော့မယ် ..မင်းလဲသွားအိပ်တော့ ....အေးနေပြီ ..အနွေးထည်ဝတ်ထားအုံး..နေမကောင်းဖြစ်နေအုံးမယ် " ပြောချင်ရာပြောပြီးထွက်သွားတဲ့ ခက်ဝေလတ်ကို ကြည့်ပြီး ဖူးငုံပွင့်သက်ပြင်းမောကိုချလိုက်မိတယ်။ ~~~~ ဖူးငုံပွင့်ခြံတံခါးကိုကိုင်ထားရင်း ကားထဲကိုမသိမသာလှမ်းကြည့်လိုက်မိတော့ ထုံးစံအတိုင်း သက်ဝေလတ်ရဲ့ မျက်နှာကတင်းမာခက်ထန်နေတယ်။ငုဝါက ဖူးငုံပွင့်ရှိရာကိုဖျတ်ခနဲ မော့ကြည့်လာပြီး ခေါင်းကိုပြန်ငုံ့သွားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ငုဝါရဲ့မျက်နှာမှာ ဒဏ်ရာတွေမတွေ့ရတာမို့ဖူးငုံပွင့်စိတ်အေးသွားရတယ်။ ~~~~ နေ့လယ်ခင်းဆယ့်နှစ်နာရီကျော်။သူခမြိုင်စံအိမ်ရဲ့ အပေါ်ထပ်တစ်ထပ်လုံးတိတ်ဆိတ်နေတယ်။အိမ်ကြီးရှင်မိသားစုတွေ အကုန်အပြင်သွားနေကြပြီး အဘိုးအိုကြီးဦးအောင်ဒင်တစ်ယောက်သာ အိမ်မှာကျန်ခဲ့တယ်။ဒေါ်ခိုင်နဲ့ ပိန်သေးတို့တွေလဲ နေ့ခင်းဆိုရင်အပေါ်ထပ်ကို မတက်ကြတော့ဘဲ အောက်ထပ်မှာပဲ နေလေ့ရှိကြတော့တယ်။ဖူးငုံပွင့်ခြေကိုခပ်ဖွဖွ နင်းပြီးအပေါ်ထပ်ကို တက်ခဲ့လိုက်တယ်။ ခြေတစ်လှမ်းလှမ်းလိုက်တိုင်းမှာ ဖူးငုံပွင့်ရင်တွေတုန်နေမိပေမဲ့ စိတ်ကိုတင်းပြီးတက်လာခဲ့လိုက်တယ်။ ~~~~~ သော့ခတ်ထားတဲ့ ဗီရိုတစ်လုံးကလွဲပြီး အခန်းထဲမှာရှိသမျှ မှန်တင်ခုံပါမကျန်အောင် ဖူးငုံပွင့်မွှေနှောက်ရှာနေမိတယ်။မမညိုရဲ့ ပါးစပ်ကပြောတဲ့ ထိပ်တန်းလျှို့ဝှက်ချက်ဆိုတာကို ဖူးငုံပွင့် အရမ်းသိချင်နေမိတယ်။ဒီကိစ္စ သာ တကယ့်ကိုထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ခဲ့ရင် မမညိုဆီမှာ သဲလွန်စတစ်ခုခုတော့ရှိမယ်လို့ ဖူးငုံပွင့်ယုံကြည်နေတယ်။သော့ခတ်ထားတဲ့ဗီရိုကို ဖူးငုံပွင့်မချင့်မရဲနဲ့ကြည့်လိုက်မိတယ်။ဒီဗီရိုထဲမှာ ဖူးငုံပွင့်လိုချင်တဲ့အရာများရှိနေမလားလို့ စိတ်ကတွေးနေမိတယ်။ မှန်တင်ခုံဘေးကဗီရိုအံဆွဲတွေကိုတစ်ခုပြီးတစ်ခုလိုက်ဖွင့်ကြည့်လိုက်ရင်း ယွန်းသေတ္တာလေးတစ်လုံးကိုတွေ့လိုက်ရတာမို့ ဖူးငုံပွင့်အမှတ်တမဲ့ ယူကြည့်လိုက်မိတယ်။ယွန်းသေတ္တာလေးက အဖုံးပေါ်မှာကနုပ်ပန်းပုံတွေပါပြီး ရှေးခေတ်ပုံစံမျိုးလေး။ ဖူးငုံပွင့် ယွန်းသေတ္တာလေးကိုကိုင်ကြည့်နေရင်းက လက်တွေတဆတ်ဆတ်တုန်လာသလို ရင်တွေလဲတထိတ်ထိတ်ခုန်လာခဲ့တယ်။ဒီလိုယွန်းသေတ္တာမျိုးကို ဖူးငုံပွင့်တွေ့ခဲ့ဖူးတယ်။မှတ်မှတ်ရရပြောရမယ်ဆိုရင် ဘွားကြည်ဆီမှာတွေ့ဖူးခဲ့တာ။ဖူးငုံပွင့်ခြေတုန်လက်တုန်နဲ့ ယွန်းသေတ္တာကို ဖွင့်ကြည့်လိုက်မိတယ်။အရေးထဲ စိတ်ကလှုပ်ရှားနေတာမို့ ယွန်းသေတ္တာက လက်ထဲက ပြုတ်ကျသွားခဲ့တယ်။ကမန်းကတန်းပြန်ကောက်နေချိန်မှာပဲ အခန်းတံခါးကဖြုန်းခနဲပွင့်လာတာမို့ ဖူးငုံပွင့်ထိတ်လန့်တုန်လှုပ်စွာအခန်းတံခါးဝကိုကြည့်လိုက်မိတော့ အခန်းဝမှာမားမားကြီးရပ်နေသူကခက်ဝေလတ်။ သူလဲ ဖူးငုံပွင့်ကိုတွေ့လိုက်တော့ အံ့သြသွားပုံရပြီး တစ်ခဏလောက် ခပ်ကြောင်ကြောင်ရပ်ကြည့်နေခဲ့တယ်။ပြီးတော့မှ အခန်းထဲကိုဝင် လာခဲ့ပြီဖူးငုံပွင့်လက်ထဲက

~~~~ "ဒီနေ့ မမညိုပြန်မလာဘူးနော် မနွေ ..မမညိုအတွက် နွားနို့မဖျော်နဲ့ " "ဟုတ်လား " သုခမြိုင်စံအိမ်က မိသားစုတွေက ညအိပ်ခါနီးရင် နွားနို့ တစ်ခွက်စီသောက်နေကြမို့ ညဆိုရင် ဖူးငုံပွင့်မှာနွားနို့တစ်ခွက်စီဖျော်ပေးရစမြဲ။ "အစ်ကိုလေးခက်ဝေလတ်နဲ့ အဘိုးအတွက်ကို ...ပိန်သေးပဲသွားပို့လိုက်ပါနော် " ခက်ဝေလတ်နဲ့ရင်မဆိုင်ရဲသလိုဖြစ်နေတာမို့ ပိန်သေးကို ချော့ပြီးခိုင်းလိုက်ရတယ်။ပိန်သေးကတော့ ဘာမှမသိတာမို့ နွားနို့ ပန်းကန်တွေကိုင်ပြီးထွက်သွားခဲ့တယ်။ ~~~~ နွားနို့ခွက်ဗန်းကိုကိုင်ပြီး သက်ဝေလတ်တို့အခန်းရှေ့မှာ ဖူးငုံပွင့် အတန်ကြာရပ်နေမိတယ်။စိတ်ကမလုံမလဲဖြစ်နေတာမို့ တံခါးခေါက်ဖို့ ရွယ်နေတဲ့လက်တွေက တုန်ယင်နေတယ်။အခန်းထဲမှာတော့ တိတ်ဆိတ်ကာ အသံမကြားရဘဲရှိတယ်။စိုင်းနော်ပေးလိုက်တဲ့စာရွက်ခေါက်လေးကို ဗန်းအောက်က လက်ထဲမှာဆုပ်ကိုင်ထားလိုက်တယ်။စာရွက်ကိုအခွင့်အရေးရင် ပေးလိုက်ဖို့ အသင့်ပြင်ထားလိုက်တယ်။ "ဒေါက် ... ဒေါက် " "နွားနို့ လာပို့တာပါ " တံခါးကို ခေါက်လိုက်ပြီး အသံပေးလိုက်တော့အထဲက လမ်းလျှောက်လာသံတိုးတိုးဖွဖွကိုကြားလိုက်ရတာမို့ ဖူးငုံပွင့် စိတ်လှုပ်ရှားပြီး အသက်ကိုခပ်ပြင်းပြင်းရှူလိုက်မိတယ်။ဒီလိုလမ်းလျှောက်သံကငုဝါရဲ့ ခြေသံ ဆိုတာကို ဖူးငုံပွင့်ခန့်မှန်းလိုက်မိတယ်။ ဖျတ်ခနဲတံခါးပွင့်လာချိန်မှာ တံခါးဝမှာ ငုဝါရဲ့မျက်နှာနွမ်းနွမ်းလေးကို တွေ့လိုက်ရတယ်။ အထဲကို မသိမသာလှမ်းပြီးအကဲခတ်လိုက်တော့ ခုတင်ပေါ်မှာ လှဲနေတဲ့ သက်ဝေလတ်ရဲ့ ခြေထောက်တွေကို တွေ့လိုက်ရတာမို့ ဖူးငုံပွင့် မျက်နှာရိပ်မျက်နှာကဲပြပြီး နွားနို့ ခွက်တွေထည့်ထားတဲ့ဗန်းကို ငုဝါ လက်ထဲကိုထည့်ပေးလိုက်တယ်။ဗန်းကိုအပေးမှာ ဗန်းအောက်ကနေ စာရွက်ကလေးကိုလက်ချင်းထပ်ပြီးပေးလိုက်တယ်။ ငုဝါတို့ရဲ့ အခန်းတံခါးပိတ်သွားတဲ့အထိအခန်းရှေ့မှာ ဖူးငုံပွင့်ရင်တထိတ်ထိတ်နဲ့ရပ်နေမိတယ်။စာကို သက်ဝေလတ်တွေ့သွားပြီး ငုဝါကိုရိုက်နှက်နေမှာကို စိတ်ထဲစိုးရိမ်နေမိတယ်။ ~~~~~ မနီလာတို့အခန်းရှေ့ကို အရောက်မှာ တခါးခေါက်ဖို့ပြင် လိုက်ချိန်မှာပဲ အခန်းထဲကအသံတချို့ကိုဖူးငုံပွင့်ကြားလိုက်ရတာ မို့ တံခါးမခေါက်ဖြစ်ဘဲငြိမ်ပြီး နားထောင်လိုက်မိတယ်။ "အဲ့ဒီမိန်းမက ဆရာကြီးလုပ်နေတာ အမေရဲ့ ....သူနဲ့ဘာဆိုင်လို့ ဒီအိမ်မှာနေနေရတာလဲ...ဘာလဲ သူနဲ့ အဘိုးကတိတ်တိတ်ပုန်းဖြစ်နေတာလား " ခင်နီလာရဲ့ စကားသံကြောင့် ဖူးငုံပွင့်အံ့ဩသွားမိတယ်။ " တော်စမ်းနီလာရယ် ... သူ့ကို အမေလဲ ကြည့်မရပါဘူး ....ဒါပေမဲ့ အမေတို့မှာ အကြောင်းတွေရှိလို့ပေါ့ ..ဒီလိုပဲ သည်းခံနေရတာပဲ ....မင်းခိုင်ဆိုတဲ့ကောင်နဲ့ ညားသွားရင်လဲ ကောင်းသား ..အိမ်ကနေထွက်ခိုင်းဖို့ ကောင်းသွားတာပေါ့ " "နေပါအုံး ...အမေတို့ ပြောနေတဲ့ အကြောင်းဆိုတာကဘာလဲ ...မသိရင်အဘိုးတို့အမွေရတာက သူ့ကြောင့်ရတာကျနေတာပဲ....အဘိုးတို့ ဒုက္ခရောက်လာတုန်းကတော့ အဲ့ဒီမိန်းမပဲ အဘိုးတို့ကို စောင်းမြောင်းပြောဆိုခဲ့တာလေ ..သမီးတော့ အဲ့ဒီတုန်းက အကြောင်းတွေကို အခုချိန်ထိ မမေ့ပါဘူး " " ကဲ ..တော်ပါတော့ နီလာရယ် ...ပြီးခဲ့တဲ့ အကြောင်းတွေကို ပြန်မပြောပါနဲ့တော့လို့ ပြောထားတယ်လေ .... ဖြစ်နိုင်ရင်လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က အမေတို့နေခဲ့ရတဲ့ ဘဝကိုမေ့လိုက်တော့ ..အဲ့ဒါတွေအားလုံးကို မေ့စေချင်လို့ ..ဒီအထိပြောင်းလာခဲ့တာလေ ....သမီးတို့အဘိုးမရှိတော့ရင် ပြတ်ပြတ်သားသားရှင်းကြမှာပါ ....အဲ့ဒီအချိန်ကျရင် ဒင်းတို့ မျက်နှာတွေကို မြင်ချင်ပါတယ်ဆိုရင်တောင် မမြင်ရလောက်တော့ပါဘူး " မကျေမနပ်ပြောဆိုနေသံတွေ ထွက်ပေါ်လာပြီးနောက်မှာ အခန်းထဲမှာ ပြန်လည်တိတ်ဆိတ်သွားတာကြောင့် ဖူးငုံပွင့်တံခါးကို ခေါက်လိုက်ရင်း အသံပေးလိုက်တယ်။ ~~~~ လှေကားထစ်တွေကနေတစ်ထစ်ချင်းဆင်းလာခဲ့ရင်း မမညိုအကြောင်းကို ဖူးငုံပွင့်စဉ်းစားလာမိတယ်။မမညိုက ယောကျာ်းတွေနဲ့ ရှုပ်ရှပ်ထွေးထွေးနေတတ်သူဆိုတော့ ဖခင်ကြီးနဲ့လဲတကယ်ပဲ ရှုပ်ရှုပ်ထွေးထွေးပတ်သက်ခဲ့လေသလား။ အဲ့ဒီရှုပ်ထွေးမှုနောက်က ထိပ်တန်းလျှို့ဝှက်ချက်ဆိုတာရော ဘာများဖြစ်လေမလဲ။ပြီးတော့ ဖူးငုံပွင့်တို့မိသားစုဆီမှာ မမညိုလို့လူမျိုးမက်မောစရာငွေကြေးလဲမရှိခဲ့ပါ။ဖူးငုံပွင့် ခေါင်းကို ခါယမ်းလိုက်မိတယ်။ ~~~~~ အတွေးပေါင်းများစွာနဲ့ ဖူးငုံပွင့်မှာ တော်တော်နဲ့အိပ်မပျော်နိုင်တာမို့ အနောက်ဘက်ဝရံတာဆီကို ထွက်လာခဲ့လိုက်တယ်။. ဝရံတာရောက်ပြီးမကြာခင်မှာပဲ အသံပိတ်ထားတဲ့ဖုန်းက တုန်ခါလာတာမို့ ဖုန်းကိုကြည့်လိုက်တော့နေလင်းရဲ့ဖုန်းဖြစ်နေတယ်။ဖူးငုံပွင့်ဖုန်းကိုဖွင့်လိုက်ပြီး စိတ်လှုပ်ရှားစွာမေးလိုက်မိတယ်။ "ဟယ်လို ကိုနေလင်းလား ..ဘာအကြောင်းထူးလို့လဲဟင် " " အင်း ... အကြောင်းထူးတော့ မရှိပါဘူး ..မင်းအဆင်ရဲ့ပြေလားလို့ပါ ...." ဖူးငုံပွင့် မျှော်လင့်တကြီး မေးလိုက်မိပေမဲ့ နေလင်းရဲ့ အဖြေစကားကြောင့် စိတ်အားလျှော့သွားရတော့တယ်။

#တိမ်ခိုးဝေတဲ့နွေ အပိုင်း(၁၁) ****** "လည်လို့ ပြီးပြီလား " ဆိုင်ကယ်ပေါ်က မဆင်းဘဲ မေးလိုက်တဲ့အသံ။ ဖြုန်းခနဲမို့ ဖူးငုံပွင့်ဘာပြန်ဖြေရမှန်းမသိဘဲ ဖြစ်သွားမိတယ်။သူ့ကိုခပ်ကြောင်ကြောင်ငေးကြည့်နေမိရင်း ကိုနေလင်းလိုက်ပို့တာကိုများတွေသွားသေးလားလို့ စိတ်ထဲပူသွားမိတယ်။သူက ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီး "ဆိုင်ကယ်ခဏကြည့်ထားပေး " ပြောပြီးတာနဲ့အထည်ဆိုင်ထဲကိုဝင်သွားတဲ့ ခက်ဝေ လတ်ကို ဖူးငုံပွင့်ငေးကြည့်နေမိတယ်။ခက်ဝေလတ် သူမကို ပြောဆိုဆက်ဆံပုံက တစ်ခါတစ်ရံမှာအလုပ်ရှင်နဲ့အလုပ်သမားပုံစံဖြစ်ပြီး၊ တစ်ခါတလေတော့ နားလည်ရခက်တဲ့ပုံစံမျိုးဖြစ်နေခဲ့ပြန်တယ်။သူစိတ်မထင်ရင် အသံခပ်မာမာနဲ့ အော်တတ်ပြီး သူ လွန်သွားတယ်ထင်ရင်လဲ တောင်းပန်းဖို့ ဝန်မလေတတ်ပြန်။ သေချာတာက ခက်ဝေလတ်ကလဲ နားလည်ရခက်တဲ့လူတစ်ယောက်ဆိုတာပါပင်။ဆိုင်ကယ်နားမှာ ဖူးငုံပွင့်တစ်ခဏကြာရပ်နေခဲ့ပြီးချိန်မှာ ခက်ဝေလတ်တစ်ယောက်အထုပ်တစ်ထုပ်ကိုဆွဲပြီး ဆိုင်ထဲကပြန်ထွက်လာတာတွေ့လိုက်ရတယ်။ အနားကိုရောက်တော့ သူ့လက်ထဲကအထုပ်ကို လှမ်းပေးတာမို့ ဖူးငုံပွင့်အယောင်ယောင်အမှားမှားနဲ့ လှမ်းယူလိုက်မိတယ်။ " တစ်နေကုန် ဘယ်တွေသွားနေတာလဲ ..ပြောတော့ ဒီကိုရောက်တာတစ်လမပြည့်သေးဘူးဆို.... လည်ပတ်စရာလူက ရှိနေပြီလား..ဘာလဲ အန်တီညိုပြောတာ အမှန်ပဲလား " " ရှင် မ...မဟုတ်ပါဘူး ....ဦးမင်းခိုင်နဲ့သိလဲမသိပါဘူး...ကျွန်မတစ်ယောက်တည်းသွားတာပါ " သူမမျက်နှာကိုကြည့်ပြီး ခက်လတ်က ရုပ်တည်ကြီးနဲ့ပြောလာတာမို့ ဖူးငုံပွင့်ပျာပျာသလဲရှင်းပြလိုက်မိပြီးမှ စိတ်ထဲရှက်သလိုဖြစ်သွားမိတယ်။သူကတော ခပ်တည်တည်နဲ့စိုက်ကြည့်နေပြီးမှ "ကိုယ်လဲ ဦးမင်းခိုင်အကြောင်း မပြောပါဘူး ..အန်တီညိုနဲ့ အဲ့ဒီလူမန္တလေးဆင်းသွားတယ်လေ ..." ခက်ဝေလတ်က ဘာမှမဖြစ်သလိုပြောနေပေမဲ့ ဖူးငုံးပွင့်မှာ သူမဘက်က အမူအရာပိုသလိုဖြစ်သွားမိတဲ့အဖြစ်ကိုပဲ ရှက်သွားမိတယ်။ " မင်းကိုတစ်ခါတည်း ပြောထားမယ် .... အဲ့ဒီလူနဲ့ မပတ်သက်နဲ့ ...အန်တီညိုက စကားပြောရင် ရှေ့နောက်ကြည့်တာမဟုတ်ဘူး...ပြီးတော့ ဦးမင်းခိုင်းဆိုတဲ့လူရဲ့ပုံစံကလဲ အချိုးမပြေဘူး ... သွားမပတ်သက်နဲ့ ကြားလား " "ဟုတ်..ဟုတ်ကဲ့ " ခက်ဝေလတ်ပြောတာကို ဖူးငုံ ပွင့် အလိုက်သင့်ခေါင်းငြိမ့်ပြလိုက်မိတယ်။ "ဟုတ်ကဲ့ဆို ..ဆိုင်ကယ်ပေါ်တက် လေ ... ဘာလဲ မပြန်သေးဘူးလား ... ရော့ ... ဒီမှာဦးထုပ် " ပြောပြောဆိုဆိုနဲ့ ဆိုင်ကယ်ဦးထုပ်ကို လက်ထဲလှမ်းပေးလိုက်တဲ့ ခက်ဝေလတ်ကြောင့် ဖူးငုံပွင့်နောက်ကို ဖျတ်ခနဲဆုတ်လိုက်မိပြီး "မ ...မရဘူးထင်တယ်...အိမ်ကလူတွေသိသွားရင် ကျွန်မအပြောခံရလိမ့်မယ် ....ကျွန်မကယ်ရီငှားပြီးပြန်ပါ့မယ် " " ဟာကွာ ..စကားများလိုက်တာ...တက်စမ်းပါ ...ဒီလောက်တော့နားလည်ပါတယ် .. မင်းကို အိမ်အထိခေါ်မသွားပါဘူး တက် " ဆိုင်ကယ်လေးက လမ်းပေါ်မှာ တရိပ်ရိပ်ပြေးနေတယ်။ဖူးငုံ ပွင့်ခါးကိုမတ်မတ်တောင့်ထားပြီး ဆိုင်းကယ်နောက်ကတန်းကို တင်းနေအောင်ဆုပ်ကိုင်ထားပေမဲ့ ဆိုင်ကယ်အရှိန်ပြင်းသွားတိုင်း ယောင်ယမ်းပြီးသူ့ခါးကိုသွားသွားကိုင်မိသေးတယ်။ဘယ်လိုပင် လူချင်းမထိအောင်ထိန်းကာ ထိုင်နေပေမဲ့ဆိုင်းကယ်အရှိန်ကြောင့် ဖူးငုံပွင့်ခန္ဓာကိုယ်က ခက်ဝေလတ်ရဲ့ကျောပြင်ကိုသွားသွားထိကပ်မိပြန်တယ်။လူချင်းကပ်လိုက်တိုင်းမှာ ဖူးငုံပွင့်ရင်တွေမယုံကြည်နိုင်လောက်အောင် တဒိန်းဒိန်းခုန်လှုပ်နေခဲ့တယ်။ ~~~~~ ဆိုင်ကယ်ကျွီခနဲထိုးရပ်သွားချိန်မှာ ဖူးငုံပွင့်တုန်တုန်ယင်ယင်နဲ့ ပဲဆိုင်ကယ်ပေါ်က ဆင်းလိုက်တယ်။ ''မင်းပြန်လိုက်တော့ .... ကိုယ် မြို့ထဲဘက် ပြန်သွားလိုက်အုံးမယ် " "ဟုတ်ကဲ့ ...ဒီမှာ ရှင့်အထုပ်လေ " ဆိုင်ကယ်ကို မောင်းထွက်သွားဖို့ပြင်နေတဲ့ ခက်ဝေလတ်ထံကို လက်ထဲကအထုပ်ကို ဖူးငုံပွင့် အမြန်လှမ်းပေးလိုက်တယ်။ "အဲ့ဒါ မင်းအတွက်ပဲ ..မင်းယူထားလိုက် " "ရှင် " ပြောပြီးတာနဲ့ ဆိုင်ကယ်ကို ဝေါခနဲ မောင်းထွက်သွားတဲ့ ခက်ဝေလတ်ကိုလှမ်းကြည့်ရင်း လက်ထဲကအထုပ်ကို ဖူးငုံပွင့်ပြန်ကြည့်လိုက်မိတယ်။ ~~~~~~ "မနွေ ပြန်လာပြီလား ..ဘယ်တွေသွားခဲ့တာလဲဟင် ..မနွေအလုပ်ထွက်မလို့လား " ပြန်ရောက်ကတည်းက နောက်က တကောက်ကောက်ကပ်လိုက်ပြီးမေးနေတဲ့ ပိန်သေးကြောင့် ဖူးငုံပွင့်မှာဝယ်လာတဲ့ မုန့်ထုပ်ကို ပိန်သေးလက်ထဲအမြန်ထည့်ပေးလိုက်ပြီး ''ကဲပါ ပိန်သေးရယ် ... ဘယ်တွေရောက်ခဲ့လဲဆိုတာကို ညကျရင် ပြောပြပါ့မယ် .. အခုတော့ အစ်မ အဝတ်အစားလဲချင်လို့ပါ ..တော်ကြာ ...အိမ်ရှင်တွေမြင်သွားရင် မကြိုက်မှာစိုးလို့ပါ " မနည်းပြောလိုက်မှပင် ပိန်သေးက မုန့်ထုပ်ကိုယူပြီး ပြန်ထွက်သွားတော့တယ်။ပိန်သေးထွက်သွားမှ ခက်ဝေလတ်ပေးတဲ့ အထုပ်ကို ဖောက်ကြည့်လိုက်တယ်။ "အို " အိတ်ထဲက ထွက်လာတဲ့ ပန်းရောင်ခေါင်းစွပ်အနွေးထည်လေးကိုကြည့်ပြီး ဖူးငုံပွင့်ရင်ထဲ လှိုက်ခနဲခုန်လှုပ်သွားမိတယ်။အမှန်တိုင်းပြောရရင် ပန်းရောင်ကိုဖူးငုံပွင့်မကြိုက်ပါ ။ဒါပေမဲ့ ဒီပန်းရောင်အနွေးထည်လေးကတော့ သိပ်ကိုလှပနေတယ်လို့ ဖူးငုံပွင့်စိတ်ထဲကထင်လိုက်မိတယ်။

~~~~ "ကဲ .. ဒီလောက်ဆိုရလောက်တယ် မဟုတ်လား ..မင်းဘာတွေ လုပ်နေလဲဆိုတာ ကိုယ်မသိပေမဲ့ ..အကူအညီလိုရင် အချိန်မရွေး ဖုန်းဆက်နော် ... ကိုယ်လဲ ကိစ္စတစ်ခုကြောင့် ဒီကိုရောက်နေတာ တော်တော်နဲ့မပြန်ဖြစ်သေးဘူး " "ဟုတ်ကဲ့...ကျေးဇူးပါ ကိုနေလင်း ... တစ်ခုခုအကြောင်းထူးရင် ပြောပါနော် " ~~~~ နေလင်းနဲ့နှုတ်ဆက်လမ်းခွဲပြီးတော့ အနီးအနားမှာတွေ့တဲ့ မုန့်ဈေးတန်းလေးမှာ ဖူးငုံပွင့်မုန့်ဝင်စားလိုက်ပြီး ပိန်သေးနဲ့ညှပ်စိအတွက်ပါ မုန့် နည်းနည်းဝယ်လိုက်တယ်။မုန့်ဝယ်ပြီးတော့ ရှေ့ဆက်လမ်းလျှောက်လာခဲ့ရင်း အဝတ်အစားဆိုင်တန်းတွေကို တွေ့တာမို့ ငေးမောကြည့်နေမိတယ်။ ဖြစ်နိုင်ရင် အဝတ်အစားသုံးလေးစုံလောက်ဝယ်လိုက်ချင်ပေမဲ့ အိမ်ကြီရှင်တွေမသင်္ကာဖြစ်မှာစိုးလို့ မဝယ်ဖြစ်တော့ပါ။ ဖူးငုံပွင့်လိုချင်စိတ်ကိုထိန်းလိုက်ပြီး ခေါင်းကိုခါယမ်းကာ ဆိုင်ရှေ့မှပြန်လှည့်ထွက်လိုက်ချိန်တွင် ကျယ်လောင်စူးရှတဲ့ ဟွန်းတီးသံနဲ့အတူ ဆိုင်ကယ်တစ်စီးက ဖူးငုံပွင့်ဘေးနားမှာကပ်ပြီးထိုးပြီးရပ်လိုက်တာမို့ အလန့်တကြားနဲ့မော့ကြည့်လိုက်မိတယ်။ အဲ့ဒီအခါ ဆိုင်ကယ်ဦးထုပ်ကိုချွတ်လိုက်ပြီး စူးစူးရဲရဲစိုက်ကြည့်လာတဲ့ အကြည့်စူးစူးတွေကြောင့် ဖူးငုံပွင့်ရင်တွေတဒိန်းဒိန်းခုန်လှုပ်သွားရတယ်။ @@@@@@@@@@@@@@@@ အပိုင်း (၁၁) ဆက်ရန် #ဧကြည်ဖြူ

" ဘာ ..ဘာပြောတယ် " နေလင်းရဲ့ စကားကြောင့် ဖူးငုံပွင့်ထိုင်နေရာမှ ဆတ်ခနဲထရပ်လိုက်မိပြီး နေလင်းကိုပြန်မေးလိုက်မိတယ်။ တစ်ချိန်လုံး သူမစိတ်ထဲမှာလဲ ဒီလိုထင်နေခဲ့မိပေမဲ့ တကယ်တမ်းကြားလိုက်ရတော့ လူတစ်ကိုယ်လုံးတုန်ယင်ကာ ထိတ်လန့်တုန်လှုပ်သွားမိတယ်။ "ဘာလို့ ကိုယ်ဒီလိုပြောရတာလဲဆိုတော့ ...အဘွားမှာ သိမ်းထားတဲ့ရတနာပစ္စည်းတွေအများကြီးရှိနေတာကို သိလိုက်ရလို့ပဲ ... ကိုယ်တို့မိသားစုတွေ ပိတောက်စုရွာကို မကြာခဏသွားပြီး အဘွားလေးရဲ့ရတနာတွေကို အိမ်ထဲရောခြံထဲမှာပါရှာခဲ့ပေမဲ့ မတွေ့ခဲ့ကြဘူး ..ဒါပေမဲ့လွန်ခဲ့တဲ့ သုံးနှစ်ကတော့ ... အဘွားလေးတို့အိမ်ပေါ်ထပ်က ...ခုတင်ဟောင်းကြီးရဲ့ခြေထောက်တွေမှာအခေါင်းပေါက်တွေလုပ်ထားပြီးအံဝှက်တံခါးပေါက်တွေ တပ်ဆင်ထားတာကိုတွေ့ခဲ့တယ်...ဖွင့်ကြည့်လိုက်တော့ အံဝှက်တွေထဲမှာဘာမှ မရှိတော့ဘူး ....တစ်ယောက်ယောက်က ယူသွားခဲ့တာ သေချာတယ် ..." "ဘာပြောတယ် ..ရတနာတွေ ဟုတ်လား .. ဘယ်လောက်တောင်များနိုင်လို့လဲ " ဖူးငုံပွင့်အံ့ဩတကြီးမေးလိုက်မိတယ်။ "အဘွားပြောပြတာတော့ ..ဘွားလေးတို့က သိပ်ချမ်းသားကြတယ်တဲ့ .... ဘွားလေးတို့မိသားစုက နှမြောလဲနှမြောတတ်ကြပြီး သူ့တို့မှာပစွည်းတွေရှိတာကို လူတွေမသိအောင်သိုသိုသိပ်သိပ်နေခဲ့ကြတယ်တဲ့ ... ဒါပေမဲ့ ဒီအကြောင်းကိုသိတဲ့သူရှိပုံရတယ်... ပြီးတော့ သူကပဲ ဘွားကြည်ကိုသတ်ပြီး ဒီရတနာတွေကို ယူသွားခဲ့ပုံပဲ " နေလင်းရဲ့စကားကို ဖူးငုံပွင့်ပါးစပ်အဟောင်းသားနဲ့ နားထောင်နေမိတယ်။ဖူးငုံပွင်းမှတ်မိသလောက်တော့ ဘွားကြည်ဟာ ငွေကိုခြစ်ခြစ်ခြုတ်ခြုတ်နဲ့ စားသောက်နေထိုင်သူဖြစ်တယ်ဆိုတာပဲ။ ဖူးငုံပွင့်တို့ မိသားစုကပဲဘွားကြည်ကို တတ်နိုင်သလောက် ကျွေးမွေးပြုစုခဲ့ရတာမဟုတ်လား ။ "ဒီမှာ ....ရှင့်စကားတွေက သေချာလို့လား ...တကယ်လိုဘွားကြည်က အဲ့ဒီလိုဖြစ်တယ်ထားပါအုံး... ကျွန်မ မိသားစုနဲ့ဘာဆိုင်လို့လဲ " ဖူးငုံပွင့်ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်မိတယ်။ " မဆိုင်ဘူးမဟုတ်ဘူး ဆိုင်နေတယ် ..ကိုယ်တွက်ချက်ရသလောက်တော့ ဒီအဖြစ်အပျက်တွကို... မင်းမိသားစုကသိသွားလို့ နှုတ်ပိတ်ခံလိုက်ရတာဖြစ်နိုင်တယ်" " ဘယ် ...ဘယ်လို ....ဒါ ..ဒါဆို တရားခံက ဘယ်သူဖြစ်နိုင်လဲ ..ရွာထဲကပဲလား ...." ဖူးငုံပွင့်တုန်တုန်လှုပ်လှုပ်နဲ့ မေးလိုက်မိတယ်။ "ဟုတ်တယ် ....ရွာထဲကဟုတ်ရင် ဟုတ် ..မဟုတ်ရင် ဘွားလေးနဲ့ အနီးကပ်နေခဲ့တဲ့သူပဲ ..ကိုယ် စုံစမ်းလို့ရသလောက်တော့ ..ဘွားလေးအိမ်မှာအလုပ်လုပ်ပြီးထွက်သွားတဲ့ မိသားစုတစ်စုအကြောင်းကို လုံး၀စုံးစမ်းလိုမရဘူးဖြစ်နေခဲ့တယ် .. အဲ့ဒီမှာအလုပ်လုပ်ခဲ့တဲ့ မိသားစုကို မင်းရောမှတ်မိလား...စုံစမ်းလို့ရသလောက်တော့ အဲ့ဒီမိသားစုက ...ဘွားလေးထက် ဆယ်နှစ်ကျော်လောက်ပဲငယ်တဲ့အဘိုးကြီးအဘွားကြီးလင်မယားဖြစ်ပြီး ..ဘွားလေးမဆုံးခင် သုံလေးငါးနှစ်အလိုကတည်းက မြို့ကသူ့သားသမီးတွေဆီကို ပြောင်းသွားခဲ့တာတဲ့ .. ကိုယ်လဲ လိုလိုမယ်မယ် လိုက်စုံစမ်းကြည့်ခဲ့သေးတယ် ...မင်းရောမှတ်မိတာများ မရှိဘူးလား " နေလင်းရဲ့အမေးကြောင့် ဖူးငုံပွင့်အတန်ကြာအောင်စဉ်းစားနေမိတယ်။ဘွားကြည်တို့အိမ်မှာအလုပ်လုပ်ခဲ့တဲ့ အဘိုးကြီးအဘွားကြီးဆိုတဲ့စကားကို အကြိမ်ကြိမ်အခါခါ စဉ်းစားကြည့်လိုက်တော့ ပုံရိပ်အချို့ကို ခပ်ဝါးဝါးမြင်ယောင်လာခဲ့တယ်။ဦးမိုးတဲ့။ အဖေတို့ အမေတို့ခေါ်သလို့ ဖူးငုံပွင့်တို့မောင်နှမလိုက်ခေါ်ခဲ့တဲ့ ဦးမိုးခေါ် ဘကြီးမိုး ။ ပြီးတော့ကြီးကြီးလှ။ " ဟုတ်ပြီ ..ကျွန်မမှတ်မိပြီး ..ဘွားကြည်ခြံနောက်မှာနေခဲ့တဲ့ဘကြီးမိုးနဲ့ ကြီးကြီးလှပဲ...ဒါ ..ဒါပေမဲ့ .. သူ့တို့က အသက်ကြီးနေပြီပဲ ..မဖြစ်နိုင်ပါဘူး " " ကိုယ်လဲ ...သူတို့လို့ ပြောတာမဟုတ်ဘူးလေ ... ဘွားကြည်နဲ့ ပတ်သက်ခဲ့တဲ့ ရင်းနှီးသူတွေ အကြောင်းကို လိုက်စုံစမ်းလိုက်တော့ သူ့တို့နှစ်ယောက် အကြောင်းပဲစုံစမ်းလို့မရဖြစ်ခဲ့တာ ...ဖြစ်နိုင်တာက သူတို့တွေ သေးဆုံးသွားတာလဲ ဖြစ်နိုင်ပါတယ် " နေလင်းရဲ့ မတင်မကျ စကားကြောင့် ဖူးငုံပွင့်ရှေ့ဆက်မတွေးနိုင်ဖြစ်နေမိပြီး မမညို အကြောင်းကို ပြောပြလိုက်ရင် ကောင်းမလားလို့ စဉ်းစားလိုက်မိသေးတယ်။ပြီးတော့မှ နေလင်းကိုလဲ ဖူးငုံပွင့်မယုံကြည်နိုင်သေးတာမို့ မပြောတော့ဘဲ ထားလိုက်တယ်။ "ဒီမှာ ရှင့်ဖုန်းနံပတ်ပေး... ရှင့် ဘက်ကအကြောင်းထူးရင်လဲ ဖုန်းဆက်ပေးပါ .. ကျွန်မသိရတာတွ ရှိရင်လဲ ဖုန်းဆက်မယ် " " ဟုတ်ပြီလေ ..ဒါနဲ့ မင်းနာမည်က နွေ ဖြစ်သွားပြီနော် ဟုတ်လား ..နွေက ဘယ်မှာနေတာလဲ " " ကျွန်မနေတဲ့ နေရာကို ..ကိုစိုင်းနော်သိတယ် ..ဒါပေမဲ့ ရှင်လာလည်လို့မရဘူးနော် .. ကျွန်မက အဲ့ဒီအိမ်က အလုပ်သမားပဲ " "ဘယ်လို ..မင်းကရန်ကုန်မှာ အလုပ်မလုပ်တော့ဘူးလား " နေလင်းရဲ့အမေးကို ဖူးငုံ ပွင့်ရှင်းပြမနေတော့ဘဲ စိုင်းနော်ပြန်ပေးလိုက်တဲ့ စာတိုလေးကိုယူကာပြန်ဖို့ပြင်လိုက်တယ်။ "ညီမကို လမ်းတစ်ဝက်လောက်ထိ... နေလင်းလိုက်ပြန်ပို့ပေးလိုက်မယ် .. လိုက်သွားလိုက်ပါနော် ..ဒီနားက ကယ်ရီတွေငှားမစီးစေချင်လို့ပါ " စိုင်းနော်ရဲ့စကားကြောင့် ဖူးငုံပွင့်စိတ်ရှုပ်ရှုပ်နဲ့ပဲ နေလင်းမောင်းတဲ့ ဆိုင်ကယ်နောက်ကလိုက်စီးခဲ့ရတော့တယ်။

"အင်း ..ငုဝါစာထဲမှာ ရေးပေးလိုက်တာကတော့ ...သူနှိပ်စက်ခံနေရတာကိုသက်သေပြနိုင်ဖို့... ဖုန်းဖြစ်ဖြစ်ကင်မရာပဲဖြစ်ဖြစ် တစ်ခုခုရှာပေးလိုက်ဖို့နဲ့ သူကိုကူညီပေးဖို့ ကျွန်တော်ဆီကို စာရေးလိုက်တာပါ ...အဲ့ဒီပစ္စည်းကို ဒီကညီမနဲ့ထည့်ပေးလိုက်ဖို့ အကူအညီတောင်းထားပါတယ် ..ညီမဆီကနေ လူလစ်တဲ့အချိန်မှသူယူမယ်လို့ပြောတယ်.." ကိုစိုင်းနော်ရဲ့စကားကြောင့် ဖူးငုံပွင့်ရဲ့တာဝန်တွေ မပြီးသေးမှန်းသိလိုက်ရသလို စိတ်ထဲမှာလဲရှုပ်ထွေးသွားမိတယ်။ "ဒါနဲ့ ကိုစိုင်းနော်ပြောတဲ့သူ့မုန်းတဲ့သူနဲ့လက်ထပ်လိုက်တယ်ဆိုတာကို ကျွန်မသေချာသိချင်လို့ပါ ..မငုဝါရဲ့ခင်ပွန်းနဲ့သူ့မိသားစုအကြောင်းတွေကို ကျွန်မသိချင်ပါတယ် ...အထူးသဖြင့် မငုဝါရဲ့ ခင်ပွန်းနဲ့ပိုပြီးနီးနီးကပ်ကပ်နေတဲ့ သူတို့အဒေါ်အပျိုကြီးအကြောင်းကို ပိုသိချင်ပါတယ်...ကိုစိုင်းနော်သိသလောက် ပြောပြပေးပါနော် ..အကြောင်းစုံကိုသိရမှ ကျွန်မအနေနဲ့ကူညီပေးနိုင်မှာပါ " အခွင့်အရေးရတုန်းမှာ ဖူးငုံ ပွင့်သိချင်တာကိုပါမေးလိုက်တယ်။ ''အမှန်တိုင်းပြောရရင် သက်ဝေလတ်တို့မိသားစုအကြောင်းကို ကျွန်တော်သိပ်မသိဘူး...သူတို့မိသားစုက ဒီနယ်သားတွေမဟုတ်ကြဘူး...လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ မြို့ကိုပြောင်းလာခဲ့ကြပြီး .. မြို့စွန်က အိမ်ဟောင်းကြီးကိုဝယ်လိုက်ကြတာပဲ .. အရမ်းချမ်းသာပုံတော့ရကြတယ်... သက်ဝေလတ်က ကျွန်တော်တို့ထက် အသက်တစ်နှစ်ပဲကြီးတာဆိုတော့ သူဒီကိုရောက်တော့ သူ့အသက်က(၁၈)နှစ်လောက်ပဲရှိမယ်ထင်တယ် ... သူက အဲ့ဒီအချိန်ကတည်းက အသက်နဲ့မလိုက်အောင်သိပ်ပွေတယ်လေ .... တက္ကသိုလ်တူတူတက်ခဲ့ရတော့ သူ့အကြောင်းတွေအကုန်သိတယ်လေ ... အဲ့ဒါကြောင့် ငုဝါကသူ့ကိုမုန်းတယ်... သိရသလောက် သူကလဲ ငုဝါလိုရိုးရိုးအအမိန်းခလေးမျိုးကိုမကြိုက်ပါဘူး...ကြားထဲမှာ ဘယ်လိုတွေဖြစ်ကုန်တာလဲဆိုတာကိုတော့ ကျွန်တော်လဲမသိဘူး " စိုင်းနော်ကပြောနေရင်းမှ သက်ပြင်းရှည်ကြီးကိုချလိုက်တယ်။ဖူးငုံပွင့်က သေချာအောင် ထပ်မေးလိုက်တယ်။ "ဒါဆို ကိုသက်ဝေလတ်တို့တစ်မိသားစုလုံး ဒီဇာတိမဟုတ်ဘူးပေါ့ " "ဟုတ်ပါတယ် ... ရန်ကုန်ဘက်ကနေ ပြောင်းလာတယ်လို့ပြောကြတာပဲ ...မြို့ကိုရောက်ပြီးမကြာဘူး လုပ်ငန်းတွေလုပ်ကြတာပဲ ... ဒီမြို့ရဲ့တည်းခိုခန်းအချို့နဲ့ ပွဲရုံလုပ်ငန်းအချို့ကိုလဲ သုခမြိုင်က ပိုင်တယ်လေ ...ငါ့ညီမပြောတဲ့ ဒေါ်ညိုညိုမာဆိုတာကလဲ သိပ်လှသလိုရှုပ်လဲရှုပ်တဲ့ အမျိုးသမီးပဲ .. ကျွန်တော်သိသလောက်ကတော့ ဒါပါပဲ ...ကျွန်တော်တို့ ငုဝါကိုကူညီပေးဖို့ ကျွန်တော့် သူငယ်ချင်းနေလင်းနဲ့တိုင်ပင်လိုက်မယ် ... ငါ့ညီမကိုဘယ်လိုဆက်သွယ်ရမလဲ...ငုဝါမှာတဲ့ပစ္စည်းတွေကို မန္တလေးမှာဖြစ်ဖြစ် ..တောင်ကြီးမှာဖြစ်ဖြစ်သွားရှာရမယ် " ကိုစိုင်းနော်ရဲ့စကားကြောင့် ငုဝါက ဖုန်းကိုထုတ်လိုက်ပြီး "ကျွန်မကို ဖုန်းကဆက်သွယ်ပါ ... ကျွန်မနောက်တစ်ကြိမ်အပြင်ထွက်ခွင့်ရဖို့က မသေချာပါဘူး " ကိစ္စတွေအားလုံးပြီးသွားတော့ ဖူးငုံပွင့်ပြန်မယ်အလုပ်မှာ နေလင်းက အနားကိုရောက်လာပြီး "ကိုယ်တို့ ရေစက်ပါလို့ ပြန်တွေ့ရတာပဲ ..ထပ်တွေ့ဖို့အခွင့်အရေးရအုံးမလား ....မင်းနဲ့ ပြောစရာလေးတွေလဲ နည်းနည်းရှိတယ် " နေလင်းကစကားစလိုက်တော့ စိုင်းနော်တို့မောင်နှမတွေက ရှောင်ထွက်သွားကြပြန်တယ်။ နေလင်းရဲ့စကားအဆန်းကြောင့် ဖူးငုံပွင့်က ပြန်ဖို့ပြင်နေရာက ခုံမှာပြန်ထိုင်လိုက်ပြီး နေလင်းကို ကြည့်ပြီးမေးလိုက်မိတယ်။ "ရှင်ပြောမယ်ဆိုတာကဘာများလဲ .. မဟုတ်မှ ရှင့်အဘွားကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့မိသားစုကို မသင်္ကာဖြစ်နေတဲ့အကြောင်းများလား " ဖူးငုံပွင့် ခပ်ရွှဲ့ရွှဲ့နဲ့မေးလိုက်တော့ နေလင်းကမျက်နှာထား တည်တည်နဲ့ ကြည့်လာပြီး " မင်းကို အတည်ပြောနေတာကွ ... ဒါနဲ့မင်းနာမည်က ဖူးဖူး နော် " နေလင်းရဲ့ အမေးကြောင့် ဖူးငုံပွင့်မှာ မျက်လုံးပြူးသွားရပြီး "ဒီမှာ အခုကျွန်မနာမည်က နွေပိတောက်တဲ့ ..လူတိုင်းက မိနွေတို့ မနွေတို့ခေါ်ကြတယ် ...ရှင်က ကျွန်မထက်အသက်ကြီးတော့ မိနွေလို့ခေါ်လို့ရပါတယ် ... ဒါနဲ့ ရှင်ကျွန်မကို ပြောချင်တာဘာအကြောင်းများပါလဲကိုနေလင်း " " ဪ ..မင်းက ကိုယ့်နာမည်ကို မှတ်မိသားပဲ .." နေလင်းရဲ့အပြောကြောင့် ဖူးငုံပွင့် ခပ်မဲ့မဲ့ပြုံးလိုက်မိတယ်။စိတ်ထဲကတော့ ရှင့်ကိုလဲမသင်္ကာတဲ့ စာရင်းထဲထည့်တာမို့ ဘယ်မေ့ပါ့မလဲ" လို့ ပြောလိုက်မိတယ်။ "မင်းကိုအခုပြောမဲ့ ကိစ္စက အရေးကြီးတယ် ..မှန်တာပြောရရင် မင်းဘယ်မှာနေလဲဆိုတာကို ကိုယ်သိပါတယ်..ဒါပေမဲ့အခုက လောကိုမင်းရောက်နေတာကိုတော့ ဒီနေ့မှ သိတာပါ " "ရှင်..ဘာပြောတယ် .. ရှင်က ကျွန်မတို့ကို မယုံလို့လိုက်စုံစမ်းနေတာလား ..ဟုတ်လား " ဖူးငုံပွင့် ဒေါသတကြီးနဲ့မေးလိုက်မိတယ်။ဖူးငုံပွင့်ရဲ့ အမူအရာကြောင့် နေလင်းကပျာပျာသလဲ ငြင်းဆန်လိုက်ပြီး "နေပါအုံးကွာ ... ပြောတာကိုနားထောင်ပါအုံး ... မင်းကို ကိုယ်ပြောချင်တာက .. ကိုယ်တို့ရဲ့ အဘွားလေး သေဆုံးရတာ မတော်တဆမှုကြောင့် သေဆုံးတာမဖြစ်နိုင်သလို့ ....မင်းရဲ့မိသားစုတွေသေဆုံးရတာကလဲ ... ရွာကလူတွေထင်နေကြသလို မဟုတ်ဘူး ..ဖြစ်နိုင်တာက သူတို့အားလုံးက အသတ်ခံလိုက်ရတာဖြစ်နိုင်တယ် "

"ကျွန်မက အလုပ်လာလုပ်နေတာ " ဖူးငုံပွင့်တို့ စကားပြောနေချိန်မှာပဲ စိုင်းနော်ဆိုသူရောက်လာခဲ့တယ်။ "ဟုတ်ကဲ့ ..ကျွန်တော်က စိုင်းနော် ပါခင်ဗျား ..ဘာကိစ္စများလဲ မသိဘူးခင်ဗျ " ရည်ရည်မွန်မွန်နဲ့ ယောကျာ်းပီပီသသကြည့်ကောင်းတဲ့ စိုင်းနော်ကိုကြည့်ပြီး ဖူးငုံပွင့်စိတ်ထဲမှာ ဘာရယ်မဟုတ် စိတ်အေးသလိုတော့ဖြစ်သွားရတယ်။ "ဟုတ်ကဲ့ ... ကျွန်မကို လူတစ်ယောက်ကလွှတ်လိုက်လို့ပါ ..ဖြစ်နိုင်ရင် ကိုစိုင်းနော်နဲ့နှစ်ယောက်တည်းစကားပြောချင်ပါတယ် ..." "ကဲပါ .. ဟုတ်ပါပြီဗျာ .... ပြောကြပါ ...ကိုယ်တို့ ရှောင်ပေးပါ့မယ် " ဖူးငုံပွင့်စကားအဆုံးမှာ နေလင်းက ခပ်ပြုံးပြုံးပြောပြီးထိုင်နေရာကထထွက်သွားသလို ဖူးငုံ ပွင့်ကိုခေါ်လာတဲ့ ကောင်မလေးကလဲ အဝေးကိုထွက်သွားခဲ့တယ်။ဖူးငုံပွင့်က ငုဝါပေးလိုက်တဲ့ စာရွက်ခေါက်လေးကို ကိုစိုင်းနော် ဆီကိုပေးလိုက်တယ်။ "ဒီစာကို ကိုစိုင်းနော်ဆီကို ..မငုဝါကပေးခိုင်းလိုက်တာပါ ..ကိုစိုင်းနော်ဖတ်ကြည့်ပါ ... ဒီစာကို ကျွန်မ မဖတ်ထားတာမို့ ... ဒီထဲမှာ ဘာတွေရေးထားမှန်းမသိပါဘူး ..ကိုစိုင်းနော်စာကိုဖတ်ပြီးမှ ကျွန်မတို့ သိချင်တာကိုမေးကြည့်ကြတာပေါ့ " "ဗျာ .. ငု ..ငုဝါက စာပေးခိုင်းလိုက်တယ် ဟုတ်လား .. ကျွန်တော်နဲ့ငုဝါအဆက်အသွယ်မရတာ... ငုဝါရဲ့မင်္ဂလာပွဲပြီးသွားကတည်းကပဲ " ဖူးငုံပွင့်ရဲ့စကားအဆုံးမှာ စိုင်းနော်က စိတ်လှုပ်ရှားစွာပြောလိုက်ပြီး စာကိုတုန်တုန်ယင်ယင်နဲ့ လှမ်းယူလိုက်တယ်။ ဖူးငုံပွင့်ကစာကို လှမ်းပေး လိုက်ပြီး စိုင်းနော်စာဖတ်လို့ ပြီးတဲ့အထိတိတ်ဆိတ်စွာစောင့်နေလိုက်တယ်။ စာကိုဖတ်နေတဲ့ စိုင်းနော်ကို ဖူးငုံပွင့်မသိမသာ အကဲခတ်ကြည့်လိုက်တော့ စိုင်းနော်ရဲ့မျက်နှာကတင်းမာနေပြီး အံကိုတင်းတင်းကြိတ်ထားတာ တွေ့လိုက်ရတယ်။ "တောက် " စာဆုံးသွားတဲ့အခါမှာ စိုင်းနော်ဆီက တောက်ခေါက်သံထွက်ပေါ်လာတာမို့ ဖူးငုံပွင့် စိုးထိတ်စွာမော့ကြည့်လိုက်မိတယ်။ စိုင်းနော်ရဲ့မျက်နှာက တင်းမာခက်ထန်နေတဲ့ကြားကနေ မျက်ဝန်းအိမ်မှာ မျက်ရည်တွေ ရစ်ဝဲနေတာကို သတိထားလိုက်မိတယ်။ "ဒါ ..ဒါနဲ့ ....တကယ်ပဲ ... ငုဝါက အဲ့ဒီအိမ်မှာ ပိတ်လှောင်ခံထားရသလိုနေနေရတာလား..ညီမတို့နဲ့ရော စကားပြောခွင့်မရဘူးလား " စိုင်းနော်ရဲ့အမေးကြောင့် ဖူးငုံပွင့်ခေါင်းကို ငြိမ့်ပြလိုက်ပြီး "ဟုတ်ကဲ့ ..ကျွန်မ အဲ့ဒီကိုရောက်တာတော့ မကြာသေးပါဘူး ...မငုဝါမှာ ဘာအခက်အခဲတွေဖြစ်နေလဲဆိုတာကို ကျွန်မသေချာမသိပေမဲ့ .. သူ့အမျိုးသားက သူကို မျက်စိအောက်က အပျောက်မခံတာတော့ ရိပ်စားမိတယ်..ဒါနဲ့ ကျွန်မပွင့်ပွင့်လင်းလင်းပဲ မေးပါရစေ ..ကျွန်မစကားထဲမှာ အမှားပါတယ်ဆိုရင်လဲ ခွင့်လွှတ်ပါရှင် ... ကျွန်မသိချင်တာက ...ကိုစိုင်းနော်နဲ့မငုဝါက ဘယ်လိုပတ်သက်ကြတာလဲဆိုတာရယ်..ပြီးတော့ ကျွန်မက ဘာကိုကူညီရမှာလဲဆိုတာရယ်ပါ...မငုဝါရဲ့အကြောင်းကိုလဲ သိချင်ပါတယ် .. တကယ်လို့ များ သူများအိမ်ထောင်ရေးမှာဝင်ရှုပ်မိမှာစိုးလို့ပါ " ဖူးငုံပွင့်က အားနာမနေဘဲ သူမသိချင်တာကို ပွင့်ပွင်လင်းလင်းပဲမေးလိုက်တယ်။ "ဟုတ်ကဲ့ ကျွန်တော်နာလည်းပါတယ် ...ငုဝါကလဲ သူ့အကြောင်း တွေကို ပြေပြလိုက်ဖိုရေးထားပါတယ် " စိုင်းနော်က မျက်နှာညှိုးညှိုးနဲ့ ဖူးငုံပွင့်ကို သူသိထားသမျှကို ပြောပြလေတယ်။ "ကျွန်တော်နဲ့ ငုဝါက ငယ်သူငယ်ချင်းတွေပါ ...ပြောရရင် ငုဝါက တစ်ဦးတည်းသော သမီးဖြစ်ပြီး ချမ်းသာတယ် ... ကျွန်တော်တို့ကဆင်းရဲတယ် ... ကျွန်တော်မှာအမေနဲညီမလေးကိုလဲ စောင့်ရှောက်ပေးနေရလို့ ငုဝါကို သူငယ်ချင်းလိုပဲ ခင်မင်ဖို့ဆုံးဖြတ်ခဲ့တယ်...ဒါပေမဲ့ ကျွန်တော်တို့နှစ်ယောက်ရင်ထဲမှာတော့ သံယောဇဉ်တွေကိုယ်စီရှိကြပါတယ် ....ဒီလိုနဲ့ လွန်ခဲ့တဲ့သုံးနှစ်က ကျွန်တော်ရန်ကုန်မှာ အလုပ်သွားလုပ်ခဲ့တယ် .. အဲ့ဒီအချိန်ထိ ကျွန်တော်နဲ့ငုဝါ အဆက်အသွယ်မပြတ်ခဲ့ကြဘူး ...လွန်ခဲ့တဲ့တစ်နှစ်ကတော့... ငုဝါရဲ့မိဘတွေဆုံးသွားလို့ ကျွန်တော်မြို့ကိုပြန်လာခဲ့သေးတယ်..နာရေးကိစ္စအပြီးမှာ ငုဝါကိုချစ်ရေးမဆိုခဲ့ပေမဲ့ ...ရန်ကုန်မှာတစ်နှစ်ပဲနေပြီး အပြီးပြန်လာမှာလို့ကတိပေးခဲ့တယ် ... ဒါပေမဲ့ လွန်ခဲ့တဲ့သုံးလကျော်က ငုဝါက သူလက်ထပ်တော့မယ်လို့ ကျွန်တော့်ဆီဖုန်းဆက်ခဲ့တယ် .. မှန်တာပြောရရင် သူလက်ထပ်မယ်ဆိုတော့ ကျွန်တော့်အလူးအလဲခံစားရသလို ယုံလဲမယုံနိုင်ခဲ့ဘူး...မယုံရတဲ့အကြောင်းအရင်းက သူလက်ထပ်မယ်ဆိုတဲ့သူက.. သူ မုန်းတဲ့ ယောကျာ်းတစ်ယောက်ဖြစ်နေလို့ပဲ ..သူဘာလို အဲ့ဒီလူကို လက်ထပ်တာလဲဆိုတာကို မပြောပြခဲ့ဘူး ..ဒါပေမဲ့ ကျွန်တော်သူ့ မင်္ဂလာပွဲကို တက်ခဲ့ပါတယ်...အဲ့ဒီနောက်ပိုင်း ... သူနဲ့ အဆက်အသွယ်လုံးဝမရှိတော့တာ ဒီနေ့အထိပဲဆိုပါတော့ " "မငုဝါမှာ ဦးလေးတစ်ယောက်ရှိတာကိုရော ကိုစိုင်းနော်သိလား " ဖူးငုံပွင့်မေးလိုက်တော့ စိုင်းနော်က ခေါင်းငြိမ့်ပြတယ်။ "ဟုတ်ကဲ့ သိပါတယ် ..ငုဝါတို့အဖေရဲ့ညီပါ ... ငုဝါတို့အိမ်ကလဲ အဲ့ဒီဦးလေးနဲ့ အမွေဆိုင်လို့ သတင်းကြားပါတယ် " " ဪ ..ဟုတ်လား .... ဒါနဲ့ မငုဝါကို ကျွန်မကဘယ်လိုအကူအ ညီပေးရမှာလဲ ..."

#တိမ်ခိုးဝေတဲ့နွေ အပိုင်း (၁၀ ) ****** သုခမြိုင်နဲ့ခပ်ဝေးဝေးရောက်တဲ့အထိ ဖူးငုံပွင့်လမ်းလျှောက်လာခဲ့ပြီး ဆိုင်ကယ်ကယ်ရီဂိတ်တစ်ခုကိုရောက်တော့ မြန်မာအစားအသောက်အစုံရတဲ့ ဆိုင်တစ်ဆိုင်ကို လိုက်ပို့ခိုင်းလိုက်တယ်။ဖူးငုံပွင့်က အစားအသောက်မက်စက်သူတစ်ယောက်မဟုတ်ပေမဲ့ သုခမြိုင်ကို ရောက်ကတည်းက ဖူးငုံပွင့်ကြိုက်နှစ်သက်တဲ့ အစားအသောက်တွေကိုမစားခဲ့ရတာကြာခဲ့ပြီးမို့ ဗိုက်ကိုအရင်ဖြည့်တင်းပြီး အချိန်ဖြုန်းလိုက်တယ်။တကယ်လို့ တစ်ယောက်ယောက်များအနောက်က နောက်ယောင်ခံလိုက်လာခဲ့ရင်လဲ အချိန်ကုန်အောင် အချိန်ဖင့်အောင် အချိန်ဖြုန်းလိုက်တယ်။စားပြီးတော့ ကော်ဖီတစ်ခွက်ကို ဇိမ်ဆွဲသောက်ရင်း နာရီဝက်ကျော်ကျော်အချိန်ဖြုန်းပစ်လိုက်တယ်။ " ဘယ်သွားမလဲ အစ်မလေး ....." "ဒီမြို့ရဲ့ အလှဆုံးနေရာတွေကို လိုက်ပို့ပေး ..အချိန်နှစ်နာရီလောက်ကုန်အောင်လျှောက်မောင်းပေးနော်..." ဆိုင်ကယ်ကယ်ရီကို သူမထက်ငယ်ပုံရတဲ့ ကယ်ရီသမားလေးကို ငှါးလိုက်ပြီး စိတ်ပြေလက်ပျောက်ဖြစ်အောင် ဆိုင်ကယ်လျှောက်စီးဖို့ပါ ဆုံးဖြတ်လိုက်တယ်။ရှေ့ဆက်ပြီးဘာတွေ ကြုံရအုံးမယ်မသီတဲ့ အခြေအနေမှာ အမှန်တရားကဘာမှန်းလဲ မသိတော့။ အကယ်၍ မမညိုနဲ့ ဖခင်ကြီး ငြိစွန်းခဲ့တာ မှန်နေခဲ့တယ် ထားအုံး မမညိုအနေနဲ့ လူသတ်စရာအကြောင်းမရှိ။ဖခင်ဖြစ်သူနဲ့ မိခင်ကြီးရဲ့ကြားမှာ ဒီကိစ္စကြောင့် စကားများခဲ့ရင်တောင် ဖခင်ကဒီလောက်ရက်စက်မဲ့သူမဟုတ်တာ ဖူးငုံပွင့် သိပြီးသားပင်။မိခင်ဖြစ်သူကို ဖခင်ဖြစ်သူက ဘယ်လောက်ထိ ချစ်ခင်မြတ်နိုးခဲ့သလဲဆိုတာကိုလဲ ဖူးငုံပွင့်အရွယ်ရောက်လာမှ ပိုပြီးတွေးတတ်စဉ်းစားတတ်လာတာ။ဒါကြောင့်မို့လဲ သိလေလေမဖြစ်နိုင်လေမှန်းဖူးငုံပွင့်ပိုသိလာခဲ့တယ်။စဉ်းစားကြည့်လေလေ ဒီကိစ္စတွေ ကြားမှာ လျှို့ဝှက်ချက်တစ်ခုရှိနေခဲ့တာကို ပိုပြီးယုံကြည်လာလေလေဖြစ်ခဲ့ရတယ်။ နှစ်နှစ်ရီလောက် အချိန်ဖြုန်းပြီးတော့ ကယ်ရီသမားလေးကို ပြန်လွှတ်လိုက်ပြီး နောက်ထပ် ကယ်ရီတစ်စီးကိုငှါးကာ ငုဝါပေးထားတဲ့လိပ်စာဆီကို လိုက်ပို့ခိုင်းလိုက်တယ်။ ~~~~~~~ "အစ်မပြောတဲ့လိပ်စာက ဒီခြံပဲ '' ဆိုင်ကယ်ရပ်သွားတော့ ဖူးငုံပွင့်ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီး မြင်နေရတဲ့ခြံကျယ်ကြီးကို လှမ်းကြည့်လိုက်တယ်။ခြံက စိုက်ပျိုးရေးခြံဖြစ်ပုံရပြီး ခြံထဲမှာပန်းပင်တွေနဲ့ အပင်ပေါင်းစုံကို တွေ့နေရတယ်။ "ပန်းဝယ်ချင်လို့လား အစ်မလေး " ခြံထဲကိုဖူးငုံပွင့် လှမ်းကြည့်နေချိန်မှာပဲ ခြံထဲကနေပိန်သေးတို့ အရွယ်ကောင်မလေးတစ်ယောက်ထွက်လာပြီးမေးလိုက်တာမို့ ဖူးငုံပွင့် ခေါင်းငြိမ့်ပြလိုက်ပြီး ရှေ့နောက်ဝဲယာကို လှည့်ပတ်ကြည့်လိုက်မိတယ်။သေချာပြီးဆိုမှ ခြံထဲကို ဝင်ခဲ့လိုက်ပြီး "ဒီမှာ ကိုစိုင်းနော်ဆိုတာများရှိလားညီမ " " ဟုတ်ကဲ့ ... အစ်မက အစ်ကို့ ဧည့်သည်လား ..လာပါရှင်...ခြံနောက်မှာ အစ်ကိုရှိပါတယ် " ကောင်မလေးခေါ်ရာနောက်ကို ဖူးငုံပွင် အသာလိုက်လာခဲ့လိုက်တယ်။ခြံနောက်ကို ရောက်တော့ အမိုးသာမိုးထားပြီးအကာမရှိတဲ့ တဲလေးအတွင်းမှာ သစ်သားစားပွဲရှည်တစ်ခုနဲ့ ထိုင်ခုံတွေ ချထားတာကိုတွေ့လိုက်ရပြီး ယောကျာ်းတစ်ယောက် ထိုင်နေတာကိုလဲတွေ့လိုက်ရတယ်။ "အစ်မ ဒီမှာခဏထိုင်ပါအုံးနော် ..အစ်ကို့ကို သွားခေါ်ပေးပါ့မယ် " ကောင်မလေးက ဖူးငုံပွင့် ကို တဲထဲကခုံမှာထိုင်စေပြီး ခြံနောက်ကစိုက်ခင်းတွေရှိရာဆီကို ထွက်သွားခဲ့တယ်။ဖူးငုံပွင့်ခုံမှာထိုင်လိုက်တော့ အရင် ထိုင်နေတဲ့လူက ဖူးငုံပွင့်ကို မော့ကြည့်ပြီးပြုံးပြလာတယ်။ဖူးငုံပွင့်လဲ ခေါင်းကိုညွှတ်လိုက်ပြီး ပြုံးပြနှုတ်ဆက်လိုက်တယ်။အဲ့ဒီအခါ ထိုလူကဖူးငုံပွင့်ကို ပြူးတူးပြဲတဲ့သေချာကြည့်နေပြီး "မင်း ..မင်း ... မင်းကို ငါသိနေတယ်... ဟုတ်တယ်သေသေချာချာကို သိနေတယ် ..." သူပြောမှ ဖူးငုံပွင့်လဲ သူ့မျက်နှာကိုသေချာကြည့်လိုက်မိပြီး မှတ်မိသလိုလိုဖြစ်လာတယ်။သူကတော့ ဖူးငုံပွင့်ကိုသေချာစူးစိုက်ကြည့်နေရာမှ "သိပြီး ....မင်းကိုမှတ်မိပြီး...မင်းက ငါ့ခေါင်းကိုပေါက်အောင်လုပ်ခဲ့တဲ့စွာတေးလန်မလေးမဟုတ်လား...မင်းကနည်းနည်းလေး ချောလာတော့ ဖြုန်းခနဲမမှတ်မိဘူးဖြစ်သွားတယ် ..ဒါနဲ့ တို့နှစ်ယောက်ရေစက်ပါလို့ ပြန်တွေ့ကြတာပဲကွ ...ဒါနဲ့ မင်းနာမည်က ဘယ်သူ " သူပြောတဲ့ရေစက်ဆိုတာကြီးကို ဖူးငုံပွင့်စိတ်တိုသွားမိတယ်။ဘယ်နှယ့်ခိုးကြောင်ခိုးဝှက်လာနေပါတယ်ဆိုမှ အသိနဲ့မှလာတွေ့နေရတဲ့အဖြစ်။ အခုချိန်မှ မသိပါဘူးလို့ ဇွတ်ငြင်းလို့လဲရမဲ့ပုံမပေါ်ပေ။မျက်နှာတင်းတင်းနဲ့ပဲ ဖူးငုံပွင့်ပြန်နှုတ်ဆက်လိုက်ရတော့တယ်။ " မတွေ့တာကြာပြီးနော် ...ရှင်က ဒီမြို့မှာနေတာလား.....ဒါနဲ့ ရှင့် အဘွားရဲ့ ပျောက်ဆုံနေတဲ့စည်းစိမ့်တွေကိုရော ပြန်ရှာတွေ့လား...ကျွန်မကတော့ အဒေါ် အမွေရတဲ့ တိုက်ခန်းလေးမှာနေပြီး.... အရောင်းဆိုင်ကြီးတစ်ခုမှာ အရောင်း၀န်ထမ်းလုပ်နေပါတယ်ရှင် ... " ဖူးငုံပွင့်ခပ်ရွဲ့ရွဲ့နဲ့မေးလိုက်တော့ သူကပြုံးရယ်လိုက်ပြီး "မင်းကလဲ အမှတ်ကြီးလိုက်တာကွာ ... အဲ့ဒီတုန်းက မင်းကိုစချင်လို့ နောက်လိုက်တာပါ ..ဒါနဲ့ မင်းက ဒီမြို့မှာနေတာလား ..အလည်လာတာလား ..ကိုယ်က သူငယ်ချင်းဆီ လာလည်တာ ..."

အလုပ်သမားတစ်ယောက်ဖြစ်ပြီး သူတို့မှာလဲ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဆိုတာကို အချို့သူဋ္ဌေး တွေကလက်မခံနိုင်ဖြစ်တတ်ကြတယ်။အိမ်အကူတစ်ယောက်ကို ငွေဝယ်ကျွန်တစ်ယောက်လို သဘောထားပြီး တစ်ရက်မှာ (၂၄)နာရီလုံးခိုင်းချင်တဲ့အချိန် ခိုင်းလို့ရတယ်လို့ သက်မှတ်ထားတဲ့ မမညိုတို့လို ဘ၀င်မြင့်မောက်မာတတ်သူတွေရဲ့ပုံစံလို့ပဲ ဆိုရမလား။ဖူးငုံပွင့် ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ ရန်ကုန်ကပါလာခဲ့တဲ့ကျောပိုးအိတ်အဟောင်းလေးကိုပဲ လွယ်ပြီး ထွက်လာခဲ့လိုက်တယ်။ @@@@@@@@@@@@@@@@@@@@ အပိုင်း(၁၀ ) ဆက်ရန် #ဧကြည်ဖြူ

ခက်ဝေလတ်ရဲ့အသံမာမာကြောင့် ဖူးငုံပွင့်ပါးစပ်ထဲရှိရာကို အမြန်ပြန်ဖြေလိုက်ရတယ်။ပြီးတော့ သူ့ဆုပ်ကိုင်ထားတဲ့လက်ကတင်းကျပ်လွန်းတာမို့ ဖူးငုံပွင့်မျက်နှာလေးမဲ့ပြီး လက်ကို ပြန်ရုန်းလိုက်တယ်။အဲ့ဒီအခါမှ ခက်ဝေလတ်ကသူ့လက်ကို သူပြန်သတိထားမိသွားပြီး သူမလက်ကို ချက်ချင်းလွှတ်ပေးလိုက်တယ်။ "ဆောရီး ... မင်းကို အနိုင်ကျင့်တာမဟုတ်ဘူး...အဘိုးနိုးသွားမှာ စိုးလို့ပါ ...နောက်ဆို အဲ့ဒီပြာခွက်ကိုမကိုင်နဲ့ ကြားလား...အဲ့ဒီပြာခွက်က အဘိုးအတွက် တန်ဖိုးဖြတ်လို့မရတဲ့ အမှတ်တရပစ္စည်းတဲ့...ကိုယ့်အထင်တော့ အဘွားရဲ့ လက်ဆောင်မို့ ထင်ပါတယ်ကွာ ..." "ဟုတ်..ဟုတ်ကဲ့ပါ " ခက်ဝေလတ်ရဲ့အသံက ရုတ်တရက် နုညံ့ချိုသာသွားတာမို့ ဖူးငုံပွင့်မှာ အံ့ဩတကြီးနဲ့ မော့ကြည့်လိုက်မိတယ်။သူကတော့ ဖူးငုံပွင့်ကို မကြည့်ဘဲ ကျောခိုင်းလိုက်ပြီး သူ့ ဘိုးအေ အခန်းထဲကို ပြန်ဝင်သွားခဲ့တယ်။ ~~~~~~ "မိနွေ လာအုံး ...မင်းပုံစံက မထင်ရဘူးနော် " ရုတ်တရက်ဘာအဓိပ္ပါယ်မှန်းမသိပြောလိုက်တဲ့ မမညိုရဲ့ စကားကြောင့် ဖူးငုံပွင့်ကြောင်သွားမိတယ်။ "ဟုတ်..ဟုတ်ကဲ့ ..ဘာကိုပြောတာလဲ မမညို " "အမယ် ....ညည်းက အခုတော့ ရိုးသားတဲ့ မျက်နှာပေးနဲ့ပါလား ...စောစောကတော့ ကိုမင်းခိုင်ကို ဘာတွေများလုပ်ပြလိုက်လို့ ဟိုကနင့်အကြောင်းတွေ မေးသွားရတာလဲ ..မိနွေ ကောင်မနော်....အေးအေးဆေးဆေးနေ ..မရွနဲ့ ကြားလား ..ချမ်းသာချင်တာနဲ့ သူဌေးမြင်တိုင်းလိုက်ကပ်ဖို့တွေးမနေနဲ့ ..ဟိုက ခြေတော်တင်သွားမှ ... ဗိုက်တစ်လုံးနဲ့ကျန်နေခဲ့မယ် " မမညိုရဲ့ ယုတ်ညံ့ကြမ်းတမ်းတဲ့ စကားလုံးတွေကြောင့် ဖူငုံပွင့်ရှက်စိတ်ဖြင့်မွန်ထူသွားမိတယ်။ တစ်သက်နဲ့တစ်ကိုယ် ဒီလိုမျိုးအပြောခံရလိမ့်မယ်လို့ ဖူးငုံပွင့်အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ ယောကျာ်းလေးကိစ္စနဲ့ ပတ်သက်လို့ နာမည်ပျက်လဲမရှိခဲ့သလို အရှုပ်အရှင်းလဲမရှိခဲ့။ခုချိန်ထိလဲဖူးငုံပွင့်မှာ ချစ်သူရည်းစားပင်မထားဖူးသေးဘဲ ချိုးချိုးဖဲ့ဖဲ့ အပြောခံလိုက်ရခြင်းပါပင်။ခွင့် တစ်ရက်လောက်တောင်းဖို့ကိစွပင်ဘယ်ဆီရောက်သွားမှန်းမသိပါလေတော့။ပြောတော့လဲ နှစ်ယောက်တည်းရှိနေချိန်ပြောတာမဟုတ်ပေ။စကားဝိုင်းမှာ ဒေါ်ဝေဝေမာတင်မဟုတ်ဘဲ ခက်ဝေလတ်ပါရှိနေခဲ့တယ်။ '"မိနွေနဲ့မောင်မင်းခိုင်ဘာဖြစ်လို့လဲ ညိုညို " ဒေါ်ဝေဝေမာက ညီမဖြစ်သူကို မေးလိုက်တယ်။ခက်ဝေလတ်ရဲ့ ခပ်စူးစူးအကြည့်တွေက ဖူးငုံ ပွင့်ဆီမှာ ရောက်ရှိနေခဲ့တယ်။ "ဘာဖြစ်ရမှာလဲ မမရယ် ... သူက ကိုမင်းခိုင်ကို မူပြမြူပြလိုက်တယ်လေ .." "ဟင် ဟုတ်လား မိနွေ ...အဲ့ဒီလိုလူမျိုးဆိုရင်တော့ အိမ်မှာရေရှည်ထားလို့ မဖြစ်ဘူးနော် ညိုညို...လူသစ်ရရင်ပြန်လွှတ်လိုက်တော့ " အဖြစ်မှန်းကို မသိဘဲ ရမ်းသန်းပြောနေတဲ့ ဒေါ်ညိုညိုမာရဲ့ စကားမဆုံးဆင်မှာဘဲ ဒေါ်ဝေဝေမာကပါ အထင်တသေးဝင် ပြောလိုက်တယ်။ဖူးငုံပွင့် အံကိုတင်းတင်းကြိတ်ထားလိုက်မိတယ်။ ~~~~. ''ညည်းက အလုပ်ဆင်းတာတစ်လတောင်မပြည့်သေးဘူး.. ခွင့်တစ်ရက်လောက်ယူချင်တယ်ပေါ့လေ ဟုတ်လား ...ဘာလဲကိုမင်းခိုင်နဲ့ သွားတွေ့မလို့လား " မမညို့ရဲ့အသံက ခနဲ့ သံရွှဲ့ သံတွေပါနေခဲ့တယ်။ဖူးငုံပွင့်မှာ စိတ်ကိုလျှော့ချထားရပြီး တောင်းပန်သံနဲ့ ပြောလိုက်ရတယ်။ "မဟုတ်ပါဘူး မမညို ....ဒီမြို့မှာ ကျွန်မလိုပဲ အိမ်အကူလာလုပ်နေ တဲ့သူငယ်ချင်းနဲ့ တွေ့ဖို့ပါ ... ကျွန်မလို အနေအထားနဲ့ ဦးမင်းခိုင်လိုလူမျိုးကိုလဲ မမှန်းရဲပါဘူး...အဲ့ဒီအတွက် စိတ်ချပါ ....တကယ်လို့ မမညို လက်မခံနိုင်လို့ အလုပ်ထွက်ဆိုရင်လဲ ကျွန်မအလုပ်ထွက်ပါ့မယ် " ဖူးငုံပွင့်သည်းခံနိုင်စွမ်းကုန်သွားပြီမို့ စကားကုန်ပြောပစ်လိုက်တယ်။အလုပ်ထွက်ဆိုရင်လဲ အလုပ်ကထွက်ပြီး ဒေါ်ညိုညိုမာ့အကြောင်းကို အပြင်ကပဲစုံစမ်းဖို့ ဆုံးဖြတ်လိုက်တယ်။အလုပ်မထွက်ခင် နောက်ဆုံးအနေနဲ့ ငုဝါကို ကူညီခဲ့ဖို့ပဲ ဖူးငုံပွင့်ဆုံးဖြတ်လိုက်တယ်။ "ဘာအေ့ .. ဘာပြောတယ် ..ညည်းပြောပုံက ...ခွင့်ရက်မပေးရင် အလုပ်ထွက်မယ်ပေါ့လေ ဟုတ်လား ...ဘာလဲ ကိုမင်းခိုင်အားကိုးနဲ့ အလုပ်ထွက်မှာလား ...ညည်းဒီကအလုပ်ထွက်သွားရင် သူကခေါ်မှာတဲ့လား ဟုတ်လား ... အေး စိတ်ကူးယဉ်မနေနဲ့ ..ညည်းဟော့ဒီကသုခမြိုင်မှာပဲ အလုပ်လုပ်ရမှာသိရဲ့လား....ခွင့်ကိုလဲ ငါပေးတဲ့ရက်မှ သွားရမယ် " ~~~~~~ မနက်စောစောကတည်းက သုခမြိုင်စံအိမ်ကနေ ဖူးငုံပွင့်ထွက်လာခဲ့လိုက်တယ်။သူမအပြင်ထွက်လာတော့ မမညိုဆီကို အကြောင်းသွားကြားရသေးတယ်။သူမရဲ့ ပုံစံကိုကြည့်ပြီး မမညိုက မဲ့ကာရွဲ့ကာနဲ့ပြောလိုက်သေးတယ်။ "သွားတာတော့သွားပေါ့အေ... လမ်းဘေးဂျင်းထည်ဝတ်ပြီး အမြင့်တော့မမှန်းနဲ့အေ...အကျနာတတ်တယ် " ဖူးပုံပွင့်က တစ်စုံတည်းပါလာတဲ့ ဂျင်းဘောင်းဘီနဲ့ရှပ်လက်ရှည်ကိုဝတ်ပြီး ခေါင်းစွပ်အင်္ကျီအပါးလေးကို ဝတ်ထားတာကို အထင်သေးသလို ကြည့်ပြီး ပြောလိုက်ခြင်းဖြစ်တယ်။ ဒါက အိမ်အကူအလုပ်သမားဆိုရင် လစာနည်းနည်းပေပြီး လူတစ်ယောက်ရဲ့တစ်ဘ၀လုံးသူတို့ပိုင်သလို ထင်နေကြတဲ့အိမ်ရှင်အချို့ရဲ့ စိတ်ဓါတ်မျိုးသာဖြစ်တယ်။အိမ်အကူပဲဖြစ်ဖြစ်၊ ခြံစောင့်မာလီပဲဖြစ်ဖြစ် သူ့တို့လဲတခြားအလုပ်သမားတွေလို

ကားဟွန်းသံခပ်ကျယ်ကျယ်ကြောင့် အပေါ်ထပ်ကိုတက်ဖို့ ချောင်းနေတဲ့ ဖူးငုံပွင့်ရဲ့ခြေထောက်တွေက ခြံဝဆီကို အပြေးထွက်ခဲ့ရတော့တယ်။ ခြံ၀ကိုရောက်တော့ ကားတစ်စီးရပ်ထားတာကိုတွေ့လိုက်ရတယ်။ ကားပေါ်မှာ အသက်လေးဆယ်ကျော်အရွယ်မျက်နှာစိမ်း ယောကျာ်းကြီးတစ်ယောက်ကို တွေ့လိုက်ရတာမို့ ဖူးငုံပွင့်လူကြည့်ပေါက်ကနေ လှမ်းမေးလိုက်တယ်။ "ဘယ်သူနဲ့တွေ့ချင်လို့ပါလဲရှင် " " မင်းက အလုပ်သမားအသစ်ဆိုတာထင်တယ် ...ညိုညိုရှိလား ...ကိုမင်းခိုင်ရောက်နေတယ်လို့ ပြောလိုက်ပါ... " "ဟုတ်ကဲ့ပါရှင် ... ခဏလောက် စောင့်ပါနော် " ဧည့်သည်ကိုထားခဲ့ပြီး ဖူးငုံပွင့် အိမ်ထဲကို ပြန်ဝင်ခဲ့လိုက်တယ်။ ~~~~~~ "မင်းလဲနော် ...တကယ်ပဲနုံလွန်းအလွန်းပါလား မိနွေရယ် .. ငါလဲ ရှိနေတာပဲ ..ငါ့ဧည်သည်ဆိုရင် တစ်ခါတည်း ခေါ်ခဲ့လိုက်ပါလား....အခုတော့ အခေါက်ခေါက်အခါခါနဲ့ ..နောက် ဆိုရင် ကိုမင်းခိုင်ကို မှတ်ထား..ကိုမင်းခိုင်က ငုဝါရဲ့ဦးလေးလဲဟုတ်တယ် .. ငါ့ရဲ့သူငယ်ချင်းလဲ ဟုတ်တယ် .. သူလာရင် တံခါးသာဖွင့်ပေးလိုက်ကြားလား ..." "ဟုတ်ကဲ့ပါ မမညို " မမညိုရဲ့ စကားဆုံးတော့ ဖူးငုံပွင့်မှာ ခြံဝဆီကို ပြေးရပြန်တယ်။အရေးထဲ အောက်ထပ် ဧည့်ခန်းထဲမှာ ခက်ဝေလတ်က လက်တော့တစ်လုံးနဲ့ အလုပ်ရှုပ်နေရင်းကနေ လှမ်းကြည့်နေတာမို့ ဖူးငုံပွင့်မှာခြေလှမ်းတွေပင် မှားမလိုဖြစ်ရတယ်။ ~~~~~~~ "ဟေ့ မင်းနာမည် ဘယ်လိုခေါ်လဲ " "ရှင် .. ဟို ..ဟို ..မိ..မိနွေပါရှင် " ကားပေါ်ကနေလှမ်းမေးလိုက်တဲ့အသံကြောင့် ဖူးငုံပွင့်မှာ နာမည်ကို မမှားအောင် မနည်းထိန်းပြောလိုက်ရတယ်။ပြီးတော့ ဦးမင်းခိုင်က ငုဝါရဲ့ ဦးလေးဆိုတော့ ဖူးငုံပွင့် မသိမသာ အကဲခတ်လိုက်တယ်။ "မင်းက ရန်ကုန်သူလားကွ ... မင်းရုပ်လေးက မင်းအလုပ်နဲ့တောင် မလိုက်ဖက်ဘူး...ကိုယ့်နာမည်လဲ မှတ်ထားနော် ..ကိုမင်းခိုင်တဲ့...ဒီကိုရောက်တာ မကြာသေးဘူးမဟုတ်လား ... အလုပ်ပိတ်ရက်မြို့ထဲလျှောက်လည်ချင်ရင် ပြောနော် ... ရော့ဒီမှာ ကိုယ့်လိပ်စာကတ် " ပြောပြောဆိုဆိုနဲ့ ဦးမင်းခိုင်က လိပ်စာကတ်လှမ်းပေးနေတာမို့ ဖူးငုံပွင့်ကြောင်ကြောင်အအနဲ့ လှမ်းယူလိုက်ရတယ်။ . ခြံတံခါးကိုပြန်ပိတ်ပြီး ဖူးငုံပွင့် အိမ်ထဲပြန်ဝင်ခဲ့ချိန်မှာ သူမကို မျက်နှာထားတင်းတင်းနဲ့ လှမ်းကြည့်နေတဲ့ ခက်ဝေလတ်ကိုတွေ့လိုက်ရတာမို့ ခြေလှမ်းတွေပင်တုံ့ခနဲဖြစ်သွားရတယ်။ "ဟေ့ ..မင်း ဒီကိုလာအုံး '' ခေါင်းကိုငုံ့ပြီး နောက်ဖေးဘက်ကိုသွားဖို့ပြင်နေတဲ့ဖူးငုံပွင့်ခြေလှမ်းတွေက သူ့အသံကြောင့် တုန်ခနဲပင်ဖြစ်သွားရတယ်။ "ဧည့်သည်လာတာကို တံခါးဖွင့်ပေးလိုက်ရင်ပြီးရောမဟုတ်လား..ဘာတွပျာယာခတ်နေတာလဲ ....ပြီးတော့ ဘာစကားတွေပြောနေကြတာလဲ ... အဘိုးကို သွားကြည့်ပေးအုံး...အဲ့ဒီမှာလျှော်ရမဲ့အဝတ်တွေကိုယူသွားလိုက် " " ရှင် .. ဟုတ်ကဲ့ " ဘာမဆိုင်ညာမဆိုင် အဆူအငေါက်ခံလိုက်ရလို့ စိတ်တိုသွားမိသလို အပေါ်ထပ် ဧည့်သည်ဆီကို အပူလေးအအေးလေး ပို့ပေးရင်း အကဲခတ်ဖို့ အစီအစဉ်ပါ ပျက်သွားရတာမို့ စိတ်ထဲတိုသွားမိတယ်။သူကလဲ ရုပ်တည်ကြီးနဲ့ ဖူးငုံပွင့်ကို မော့ကြည့်နေပြီး ဘာလုပ်နေတာလဲ သွားလေဆိုတဲ့ သဘောနဲ့ မေးငေါ့ပြတယ်။ဖူးငုံ ပွင့်ရင်ထဲက မကျေနပ်နိုင်ပေမဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး ဦးအောင်ဒင်အခန်းရှိရာဆီကို လျှောက် သွားလိုက်ရတယ်။တကယ်ဆိုရင် ငုဝါရဲ့ ဦးလေးဆိုသူကို ဖူးငုံပွင့်အကဲခတ်ကြည့်ချင်သေးတာလေ။ ~~~~~~~ ဖူးငုံပွင့် အခန်းထဲရောက်တော့ ဦးအောင်ဒင်အိပ်ပျော်နေတာကိုတွေ့ရတယ်။ခက်ဝေလတ်ရောက်လာပြီးကတည်းက ဦးအောင်ဒင်ရဲ့အခြေအနေက အရင်ထက်ပိုပြီး ကျန်းမာရေးပိုကောင်းလာတာကိုတော့ ဖူးငုံပွင့်မျက်မြင်ကိုယ်တွေ့ပါပဲ။ သူမကို တွေ့တိုင်း မျက်နှာကြောတင်းတင်းနဲ့ပြောတတ်ဆိုတတ်တဲ့သူက သူ့သွေးသားကိုတော့ သိတတ်ချစ်တတ်လိုက်တာ ။ ဖူးငုံပွင့်ခြေကိုခပ်ဖွဖွနင်းပြီး လျှော်ရမဲ့အဝတ်တွေကို ခြင်းတောင်းထဲစုထည့်လိုက်တယ်။ခက်ဝေလတ်ပြန်ရောက်တည်းက ဦးအောင်ဒင်အသုံးပြုတဲ့ မျက်နှာသုတ်ပဝါနဲ့ တဘက်တွေကိုလဲ တစ်ရက်ခြားလျှော်ရတာမို့ အဝတ်တွေကို ခြင်းထဲစုထည့်လိုက်တယ်။ဆေးဗီရိုပေါ်မှာတင်ထားတဲ့ မျက်နှာသုတ်ပဝါကို လှမ်းယူလိုက်ချိန်မှာ ဆေးလိပ်ပြာခွက်လေးကို တွေ့လိုက်ရတာမို့ ကောက်ယူကြည့်လိုက်မိတယ်၊၊ပြာခွက်ကိုကြည့်ရင်း ဖူးငုံပွင့်စိတ်ထဲမှာ မြင်ဖူးတွေ့ဖူးသလိုခံစားနေရပေမဲ့ သေချာစဉ်းစားလို့မရဘူးဖြစ်နေတယ်။ဖူးငုံပွင့်ပြာခွက်လေးကို ဖင်တစ်ပြန်ခေါင်းတစ်ပြန်ထောင်ကြည့်မိလိုက်ချိန်မှာပဲ လက်ထဲကပြာခွက်ကို ရုတ်တရက်ဆွဲလုယူခံလိုက်ရတာမို့ လန့်ပြီးမော့ကြည့်လိုက်မိတော့ ခက်ဝေလတ်ကိုတွေ့လိုက်ရတယ်။ခက်ဝေလတ်က ပြာခွက်ကို ဆွဲယူလိုက်ပြီး ခုံပေါ်ကို ပြန်တင်လိုက်တယ်။ ပြီးတော့ သူမလက်ကို ဆောင့်ဆွဲကာ လသာဆောင်ဝရံတာဘက်ကိုဆွဲခေါ်သွားခဲ့တယ်။ "မင်းဘာလုပ်နေတာလဲ ... ဘာလို့ အဲ့ဒီပြာခွက်ကိုပဲကြည့်နေရတာလဲ...အဲ့ဒီပြာခွက်ကို တခြားသူကိုင်တာ အဘိုးမကြိုက်ဘူးကွ သိရဲ့လား .." "ဟုတ်..ဟုတ်ကဲ့ပါ ..နောက် မကိုင်တော့ပါဘူး....လှလို့ကိုင်ကြည့်မိတာပါ "

"မင်း ဘာလုပ်နေတာလဲ " မာကျောကျောမေးသံနဲ့အတူခက်ဝေလတ်ကို တွေ့လိုက်ရတာမို့ ဖူးငုံပွင့်ရင်ထဲထိတ်ခနဲတုန်လှုပ်သွားရတယ်။ညအိပ်ဝတ်စုံပေါ်မှာ ခေါင်းစွပ်အင်္ကျီကို ဝတ်ထားတဲ့ပုံက မျက်နှာလေးပဲမြင်နေရတယ်။သူက ဖူးငုံပွင့်ကို သေချာကြည့်နေပြီး "မင်းဘာလုပ်နေတာလဲ ...မအေးဘူးလား ..မင်းမှာ အနွေထည် ရောမရှိဘူးလား " ခက်ဝေလတ်မေးမှပင် ဖူးငုံ ပွင့်မှာ အပေါ်ကထပ်ဝတ်ထားတဲ့ အင်္ကျီလက်ရှည်အပါးလေးကို ငုံကြည့်လိုက်မိတယ်။အပြင်မှာအေးနေတယ်ဆိုပေမဲ့ ဖူးငုံပွင့်ရင်ထဲမှာ ပူလောင်နေတာမို့ အပြင်က အအေးဒဏ်ကိုပင် မေ့လျော့နေသလို ဖြစ်နေမိတယ်။ "မင်းဒီမှာ ရပ်နေတယ်ဆိုရင်လဲ ... ဝရံတာမီးလေးဘာလေးဖွင့်ထားလေကွာ .. မှောင်ကြီးထဲလှမ်းကြည့်လိုက်တာ သူခိုးလိုလိုဘာလိုလိုနဲ့ ..တစ်ယောက်ယောက်က လူမှာပြီး ရိုက်လိုက်ရင် ဘယ်လိုလုပ်လဲ " အပြစ်ပြောတာလား ဘာလားမသိပေမဲ့ ဝံရံတာမီးကိုဖွင့်လိုက်ပြီး သူမကိုခပ်တည်တည် စိုက်ကြည့်ကာပြောနေတဲ့သူ့ပုံစံကြောင့် ဖူးငုံပွင့်ခေါင်းကိုငုံ့လိုက်ပြီး တိုးလျလျနဲ့ပြန်ပြောလိုက်ရတယ်။ "ကျွန်မ ဒီမှာညတိုင်းထွက်ရပ်နေကျပါ ... " " ဪ ..ဟုတ်လား .... မှောင်ကြီးထဲရပ်နေ့တော့ တစ်ယောက်ယောက်ကတွေ့သွားပြီး.. အထင်လွဲပြီးရိုက်တာဖြစ်ဖြစ်လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ " အရစ်ရှည်လိုက်တဲ့လူသားလို့ ဖူးငုံပွင့်စိတ်ထဲက ပြောလိုက်မိတယ်။မကျေနပ်စိတ်ကို မျိုသိပ်လိုက်ရပြီးခေါင်းကိုငုံကာ မပြောချင်ပြောချင်နဲ့ပဲ ပြောလိုက်ရတယ်။ " ဟုတ်ကဲ့ ...နောက်ဆိုဆင်ခြင်ပါမယ် အစ်ကိုလေး ... ကျွန်မသွားအိပ်ပါတော့မယ် " ဖူးငုံပွင့်ပြောလိုက်တော့ သူက ဘာမှမပြောတော့ဘဲ ကိုယ်ကိုတိမ်းကာ လမ်းဖယ်ပေးလေတယ်။ "အစ်ကိုလေး ဒီမှာဆက်နေအုံးမလို့လားရှင့် ..မနေဘူးဆိုရင် တံခါးပိတ်မလို့ပါ " "ဪ ..မနေပါဘူး ပိတ်လိုက်တော့ " ~~~~. ဖူးငုံပွင့် အခန်းထဲပြန်ရောက် တော့ ပိန်သေးကအိပ်ပျော်နေခဲ့ပြီ။ ဖူးပုံပွင့် အခန်းတံခါးကိုချက်ချကာပိတ်လိုက်တယ်။ အခန်းက နှစ်ယောက်နေဖို့အတွက် သိပ်မကျယ်လှပေမဲ့ ဖူးငုံပွင့်နဲ့ ပိန်သေး မှာက အိတ်တစ်လုံးဆီသာ ရှိကြတာမို့အခန်းက ကျဉ်းကျဉ်းကျဉ်းကျုတ်ကျုတ်တော့ ဖြစ်မနေခဲ့။ဖူးငုံပွင့် သူမနေတဲ့အခြမ်းဘက်မှာထိုင်ချလိုက်ပြီး ပိန်သေးကို လှည့်ကြည့်လိုက်တယ်။ ပိန်သေးက ဟောက်သံများပင် ထွက်ကာ အိပ်ပျော်နေပြီမို့ ဝှက်ထားတဲ့အထုပ်လေးကို ထုတ်ယူကြည့်လိုက်တယ်။ အထုပ်ကကတ္တီပါရှုံ့အိတ်နဲ့ ဖြစ်ပြီး အထဲကိုဖွင့်ကြည့်လိုက်တဲ့အခါ စာနှစ်စောင်နဲ့ တစ်သောင်းတန်ငွေစက္ကူတစ်ချို့ကို တွေ့လိုက်ရတယ်။စာရွက်တွေကိုဖူးငုံပွင့်ကြည့်လိုက်တော့ တစ်ရွက်ပေါ်မှာ "မနွေ " ဆိုတဲ့ စာလုံးကို တွေ့လိုက်ရတာမို့ ဖွင့်ပြီးဖတ်ကြည့်လိုက်တယ်။ " မနွေကို အကူအညီတောင်းပါရစေရှင် ... ပထမဆုံး ပြောချင်တာက ဒီအိမ်မှာ ကျွန်မယုံကြည်ရတဲ့သူ တစ်ယောက်မှမရှိလို့ တခြားသူတွေကို ဒီအကြောင်းတွေကို မပြောပြဖို့ တောင်းဆိုပါရစေ ..တကယ်လို့ မနွေသာ ကျွန်မကို ကူညီမယ်ဆိုရင် မနွေအတွက်ထိုက်သင့်တဲ့ ငွေကြေးပေးမှာပါ ..အခုလဲ ငွေငါးသောင်းထည့်ပေးလိုက်ပါတယ် ....တကယ်လို့ ကျွန်မကို ကူညီမယ်ဆိုရင် မနွေ အားတဲ့ရက်မှာ လှုတစ်ယောက်ကို သွားတွေပေးပါ..တကယ်လို့မကူညီနိုင်ဘူးဆိုရင်လဲ .. ငွေကိုယူပြီး စာတွေကိုဖျောက်ဖျက်ပေးပါ နော် " ပထမစာတစ်ပိုဒ်ကိုဖတ်ပြီးတော့ ဖူးငုံပွင့်သက်ပြင်းကို ချလိုက်မိတယ်။ ကျွန်မ သူနဲ့ လက်ထပ်ပြီး ကတည်းက ဖုန်းလဲမကိုင်ရသလို အိမ်ကအလုပ်သမားတွေနဲ့လဲ ဆက်သွယ်ခွင့်မရခဲ့ပါဘူး...ဦးလေးက ကျွန်မဆီကို လာပေမဲ့ ကျွန်မပြောတာတွေကို မယုံတဲ့ပုံပါပဲ ..ကျွန်မ သူ့ဆီကနေ ကွာရှင်းခွင့်တောင်းလို့ အရိုက်အနှက်ခံရပါတယ် ..မနွေလဲကျွန်မအရိုက်ခံရတာ သိတယ်မဟုတ်လား....ဒီကိစ္စကို သူ့မိသားစုဝင်တွေလဲသိကြပေမဲ့ မသိဟန်ဆောင်ပြီး နေနေကြတယ်...သူက ကျွန်မကို တစ်ချက်မှ အလစ်မပေးဘဲ စောင့်ကြည့်နေခဲ့တယ်...ရှင်းရှင်းပြောရရင် ဒီအိမ်ထဲမှာတောင် အခန်းပြင်ကို ကျွန်မတစ်ယောက်တည်း ထွက်ခွင့်မရပါဘူး..ကျွန်မသူ့ဆီကလွတ်မြောက်ချင်နေပါပြီ ကျွန်မကိုကူညီပေးပါရှင် .. ကျွန်မဦးလေးကိုလဲ မယုံပါကြည်နိုင်တော့လို့ပါ ... အောက်မှာရေးထားတဲ့ လိပ်စာဆီကို ပေးလိုက်တဲ့စာလေးကိုပို့ပေးပါရှင် .. ကျွန်မအကြောင်း အပြည့်အစုံသိချင်ရင် ..စာလက်ခံမဲ့သူကို မေးလို့လဲရပါတယ် ...။ စာဆုံးသွားတော့ ပိန်သေးရှိရာကို ဖူးငုံပွင့်မလုံမလဲနဲ့လှည့်ကြည့်လိုက်မိတယ်။ အဖြစ်က ကိုယ့်အပူထက် သူ့အပူကပိုဆိုးနေသလိုဖြစ်နေခဲ့ပြီ။ ~~~~~ ဒီနေ့မနက်တော့ ဦးမင်းလတ်နဲ့ သက်ဝေလတ်တို့ဇနီးမောင်နှံရယ် ခင်နီလာတို့မိသားစုကလွဲရင် ကျန်တဲ့ မိသားစုတွေအားလုံး အိမ်မှာရှိနေကြတယ်။ဖူးငုံပွင့်စိတ်ထဲမှာ ဒေါ်ညိုညိုမာက သူမကိုခေါ်ပါစေလို့စိတ်ထဲကဆုတောင်းနေမိရင်း အပေါ်ထပ်ကို တက်ဖို့အခွင့်အရေးကို ချောင်းနေမိတယ်။ "တီ ...တီ..တီ ''

#တိမ်ခိုးဝေတဲ့နွေ အပိုင်း (၉ ) ****** "မ ..မငုဝါ...." ဖူးငုံပွင့်ရဲ့ နှုတ်ဖျားကနေအလန့်တကြားခေါ်လိုက်မိတဲ့ အသံမဆုံးခင်မှာပဲ ငုဝါကဖူးငုံပွင့်ရဲ့ ပါးစပ်ကိုသူ့လက်ဖဝါးနဲ့ ဖိပိတ်လိုက်ပြီး "အသံမထွက်ပါနဲ့နော် မနွေ...ငုဝါ အရမ်းဒုက္ခရောက်နေလို့ပါ .. ငုဝါကို ကူညီပါနော် ...မနွေကို ယုံကြည်ပါရစေ .. ဒါလေးကို ဘယ်သူမှ မမြင်အောင်ယူသွားလိုက်ပါနော် .." ငုဝါကပြောပြောဆိုဆိုနဲ့ ဖူးငုံ ပွင့်လက်ထဲကို အထုပ်တစ်ထုပ်ကိုထည့်လိုက်ပြီး ချာခနဲပြန်လှည့်ထွက်သွားခဲ့တယ်။ဖူးငုံပွင့်မှာ ငုဝါပေးသွားတဲ့ အထုပ်ကို ခါးကြားထဲထည့်လိုက်ပြီး ရင်တုန်ပန်းတုန်နဲ့ အောက်ထပ်ကို မပြေးရုံတစ်မယ်ဆင်းခဲ့လိုက်တယ်။ ~~~~~~ "မနွေရဲ့လက် အပူလောင်သွားသေးလားဟင် " အိပ်ရာထဲ၀င်ချိန်မှာ ပိန်သေးကမေးလိုက်တာမို့ ဖူးငုံပွင့် ခေါင်းကို ခါယမ်းပြလိုက်ပြီး "လက်ကသိပ်မထိသွားလို့ မပူပါဘူးပိန်သေးရယ်...ဒါပေမဲ့ ဖင်ထိုင်ရက်လဲကျသွားလိုနာတာရယ်..ရှက်တာရယ်က ပိုဆိုးတယ် '' "ဟုတ်တယ်နော် ... အစ်ကိုလေးကိုသက်ကလဲ သူ့မိန်းမကိုဆိုရင် အထိမခံရွှေပန်းကန်ပဲ ... လွန်လွန်မင်းမင်းကိုချစ်နေတယ် " " အင်း ... ငါကလဲ တမင်လုပ်တာမဟုတ်ပါဘူး ပိန်သေးရယ် မတော်တဆဖြစ်သွားတာပါ " ဖူးငုံပွင့်ကပိန်သေးရဲ့ စကားကို အလိုက်သင့်လိုက်ပြောလိုက်တယ်။ပိန်သေးကဖူးငုံပွင့်နားမှာ အမြဲရှိနေသူဖြစ်ပြီး စကားပြောဖော်စကားပြောဖက်ဆိုပေမဲ့ ပိန်သေးရဲ့စိတ်ရင်းအမှန်ကလိမ်ညာပြောတတ်ပုံမရတာမို့ ဖူးငုံပွင့်မှာ ကိုယ့်အခြေအနေကို ပိန်သေးမသိအောင် ဆင်ဆင်ခြင်ခြင်နေနေရတယ်။ ဒိကြားထဲဘာမှန်းမသိတဲ့ မငုဝါရဲ့ အကြောင်းကိုတွေးမိတော့ ဖူးငုံပွင့်စိတ်ထဲပိုပြီးရှုပ်ထွေးရပြန်တယ်။ဒီညမှပဲ ပိန်သေးက တော်တော်နဲ့မအိပ်နိုင်ဘဲ စကားတွေပြောနေပြန်တယ်။ပိန်သေးနဲ့ စကားပြောနေရပေမဲ့ဖူးငုံပွင့်ရဲ့စိတ်အစဉ်က ငုဝါပေးလိုက်တဲ့ အထုပ်ဆီကိုရောက်နေမိတယ်။ အထုပ်ကို ဖောက်ကြည့်ချင်စိတ်တွေများနေပေမဲ့လဲ ပိန်သေးက မအိပ်သေးတာ့ ဘာမှလုပ်မရဖြစ်နေရတယ်။ " အစ်ကိုလေး ခက်ဝေလတ်က ချောတယ်နော် မနွေ.... " " အင်း ချောတော့ချောပါတယ် .. စိတ်တိုတတ်တာလဲ ထည့်ပြောအုံးလေ ..ပြီးတော့ အိမ်ကိုပြန်မရောက်သေးဘူး ..ဟိုပြောင်းဒီရွေ့နဲ့ ..စိတ်တိုင်းမကျနိုင်ဘူးဖြစ်နေတယ်လေ " ဖူးငုံပွင့် မကျေမနပ်နဲ့ ပြောလိုက်မိတယ်။ဘာပဲဖြစ်ဖြစ် ဦးအောင်ဒင်အပေါ်မှာနေတော့ ဦးအောင်ဒင်ကို သွားကြည့်ပေးရင် ဒေါ်ညိုညိုမာကို လေ့လာအကဲခတ်လို့ရတယ်လေ။အခုတော့ သန့်ရှင်းရေးလုပ်ချိန်ကလွဲရင် အပေါ်ထပ်တက်ဖို့ရာ အကြောင်းသိပ်မရှိတော့။ သန့်ရှင်းရေးလုပ်ချိန်ကျတော့လဲ ပိန်သေးက တောက်တဲ့လိုလိုက်ကပ်နေတော့ မမညိုရဲ့အခန်းထဲမှာ ရှာဖို့ဖွေဖို့ အခွင့်အရေးကမရပြန်။ဖူးငုံပွင့်ဒီအိမ်မှာ ဘယ်လောက်ကြာကြာ သောင်တင်နေရမှန်းမသိသလို ကြာရှည်နေဖို့ကလဲ မဖြစ်နိုင်။ အခုတောင် အလုပ်ကတောင်းပန်လို့မရတော့ ပြုတ်ဖို့သေချာသလောက် ဖြစ်နေပြီ။ ဖူးငုံပွင့် ပိန်သေးကိုမသိမသာစောင်းငဲ့ကြည့်လိုက်တယ်။ပိန်သေးက မအိပ်သေးဘဲ ဖူးငုံပွင့်ကို ငေးကြည့်နေပြီး "မနွေရဲ့ မျက်နှာလေးက သနပ်ခါးတွေ မလူးထားရင် ..မမငုဝါမျက်နှာလေးလို ဝင်းနေတာပဲနော် .. သူဌေးသမီးလေးကျနေတာပဲ " အရေးထဲ ကိုယ့်ထက်ဆိုးတဲ့ စုံထောက်မနဲ့တွေ့နေရတဲ့အဖြစ်။ "အင်း .. သူဌေးတွေအိမ်မှာပဲနေခဲ့ရတော့... နေမထိလေမထိမို့ အသားတွေကဖြူဝင်းနေတာပါ ပိန်သေးရယ် ...အစ်မအပြင်ထွက်ပြီး လေညှင်းခံလိုက်အုံးမယ် " "ဟင် ...ဒီလောက်အေးနေတာကို မနွေကလဲ ...ပိန်သေးတော့အိပ်တော့မယ် ' ကိုယ်ထိုင်နေသ၍ စကားပြောနေမဲ့ပုံရတဲ့ ပိန်သေးကို ရှောင်ရှာဖို့ အခန်းပြင်ကို ဖူးငုံပွင့်ထွက်လာခဲ့လိုက်တယ်။ဖူးငုံပွင့်တို့နေတဲ့အခန်းတွေက အိမ်မကြီးရဲ့ အနောက်ဘက်ဆောင်မှာရှိပြီး ခြံ ထဲကိုဆင်းတဲ့တံခါးလဲရှိသလို ဝရံတာလဲရှိတယ်။ ၀ရံတာရှိရာကို ဖူးငုံပွင့်ထွက်ခဲ့လိုက်တယ်။ ဝရံတာမှာရပ်လိုက်မိချိန်မှာ အအေးဓါတ်ကြောင့် ခန္ဓာကိုယ်ထဲမှာစိမ့်ခနဲအေးသွားသလို လူကလဲလန်းဆန်းသွားသလို ခံစားလိုက်ရတယ်။တစ်နေကုန် ဒေါ်လေးရဲ့မိန်းမဆန်ဆန် အဝတ်အစားတွေကို မတော်တရော်ဝတ်ထားရပြီး မျက်နှာမှာသနပ်ခါးအထူကြီးတွေကိုလိမ်းထားရတော့ အသက်ရှူကြပ်ချင်စရာကောင်းလှတယ်။ပြီးတော့ ကျောလယ်လောက်ရှိတဲ့ဆံပင်ရှည်တွေကိုလဲကျစ်ဆံမြီးကျစ်ထားရသေးတာ။ ဒီလိုညဘက်ရောက်မှ အိမ်မှာနေခဲ့တဲ့အတိုင်း ညအိပ်ဝတ်စုံဘောင်းဘီရှည်နဲ့ပေါ့ပေါ့ပါးပါးနေခွင့်ရတာ။ဒီတော့မှ ဆံပင်ရှည်ကိုလဲ ဖြည်ချဖြန့်ချခွင့်ရတာ။ဆံပင်ရှည်တွေက အချိန်ပြည့်ကျစ်ဆံမြီးကျစ်ထားရတော့ ညအိပ်ရာဝင်ချိန်ဖြန့်ချထားလိုက်ရင်လဲ ဆံပင်တွေက တွန့်လိမ်ကာမလှမပဖြစ်နေခဲ့ပြီ။ သုခမြိုင်စံအိမ်ကြီးမှာ နေနေသ၍တော့ အလှအပဆိုတာကို ဖူးငုံပွင့်မေ့ထားရမှာဖြစ်လေတယ်။ညရဲ့လေပြေအေးတွေက ဖူးငုံပွင့်ရဲ့ ခန္ဓာကိုယ်ကို ခပ်ဖြည်းဖြည်း တိုးဝှေ့တိုက်ခတ်နေခဲ့တယ်။လူက ချမ်းစိမ့်စိမ့်ဖြစ်လာပေမဲ့ အခန်းထဲကို ၀င်ချင်စိတ်မရှိသေးဘဲ ဖြစ်နေတယ်။ "ရှပ် ..ရှပ် ..ရှပ် " တိတ်ဆိတ်နေတဲ့ ညမှာ နောက်ကျောဘက်ဆီကခြေသံကြားလိုက်ရတာမို့ ဖူးငုံပွင့်အထိတ်တလန့် လှည့်ကြည့်လိုက်မိတော့

~~~~~~~ ဖူးငုံပွင့်အံလေးကို ကြိတ်ရင်း ဧည့်ခန်းထဲမှထွက်လာခဲ့ပြီး စင်္ကြန်လမ်းအတိုင်း လှေကားရှိရာဆီကိုလျှောက်လာခဲ့လိုက်တယ်။လှေကားထိပ်ကို ရောက်ခါနီး ထောင့်ချိုးကွေ့အရောက်မှာ ရုတ်တရက်အခန်းရဲ့ ထောင့်ကွေ့ ကနေ မည်းမည်းသဏ္ဍာန်တစ်ခု ထွက်ပေါ်လာတာမို့ ဖူးငုံပွင့်လန့်ဖျပ်ပြီး အော်မိမလိုပင်ဖြစ်သွားရတယ်။ @@@@@@@@@@@@@@@@@@@@@ အပိုင်း (၉ ) ဆက်ရန် #ဧကြည်ဖြူ "

ဝှီးချဲလ်ကိုလဲအသုံးမပြုဘဲ ပစ်ထားကြလို့ ကျွန်တော်သန့်ရှင်းပေးထားပါတယ် ...အဘိုးနေမဲ့ အခန်းဘေးမှာလဲ ... အခန်းပိုတွေ ရှိသေးတာမို့ ဒေါ်လေးတို့နေချင်လဲ နေလို့ရပါတယ် " ခက်ဝေလတ်ရဲ့ စကားအဆုံးမှာ ဒေါ်ခင်မိုးက ထိုင်နေရာကနေ ဆတ်ခနဲ ထထွက်သွားခဲ့တယ်။ဒေါ်ညိုညိုမာနဲ့ အစ်ကိုဖြစ်သူသက်ဝေလတ်အပါအဝင် ဝမ်းကွဲအစ်မဖြစ်သူခင်နီလာတို့ဇနီးမောင်နှံက ခက်ဝေလတ်ကို ခပ်စူးစူးစိုက်ကြည့်နေခဲ့ကြတယ်။ "ငါ့မောင်လုပ်ပုံက .... အစ်မတို့ကပဲ အဘိုးကို ပစ်ထားသလိုဖြစ်နေပါလား ...တကယ်တမ်း အဘိုးကိုပစ်ထားပြီး ထွက်သွားတာက ငါ့မောင့်မဟုတ်လား ...အခုလို နောက်ဆုံးချိန်ကိုရောက်နေတယ် ဆိုမှ အသည်းအသန်ပြန်လာခဲ့တာက ဘာသဘောလဲ ... နေ့တိုင်းပြုစုလုပ်ကိုင်ပေးနေတဲ့သူတွေကို အပြစ်ပြောပြီး မျက်နှာကောင်း ဝင်ယူတာက သိသာလွန်းနေတယ် " "နီလာမင်းဘယ်လိုပြောလိုက်တာလဲ ....သားငယ်က အဲ့ဒီလိုလူမဟုတ်ဘူးဆိုတာ မင်းလဲသိသားပဲ " ခင်နီလာရဲ့အပြောကို ဒေါ်ဝေဝေမာက အသံမာမာနဲ့ထပြောလိုက်တယ်။ "ကဲ ဝေဝေမင်းလဲတော်တော့.. နီလာသမီးလဲ စကားကို လက်လွတ်စပယ်မပြောနဲ့....ဒီကိစ္စကို အဖေကျေနပ်တယ်ဆိုရင် ဘကြီးတို့ခွင့်ပြုပေးရမှာပဲ ...ပြီးတော့ သားငယ်ကလဲ အဝေးကြီးကိုခေါ်သွားတာမဟုတ်ဘူးလေ .. ဒီအိမ်ထဲမှာပဲ ရှိတာလေ ...ပြီးတော့အောက်ထပ်မှာက အလုပ်သမားတွေလဲရှိတော့ ညရေးညတာဆိုရင်လဲ အလွယ်တကူ ခေါ်ခိုင်းလို့ရတာပဲ .. အေး သားငယ်ကလဲ ဘာမဆို မင်းစိတ်တိုင်းကျမလုပ်နဲ့ ... မြေးလေးနှစ်ယောက်မပါရင်...မိသားစုတွေထဲမှာသားက အငယ်ဆုံးဆိုတာ မမေ့နဲ့ " ဦးမင်းလတ်က ထပြောလိုက်တော့ စကားဝိုင်းက တစ်ခဏတော့ တိတ်ဆိတ်သွားတယ်။ ~~~~~~~ မိသားစုစကားဝိုင်းမပြီးမချင်း ဖူးငုံပွင့်တို့မှာ အနားမရနိုင်သေး။မိသားစုတွေ စကားပြောနေချိန်မှာ အသီးအနှံတွေတစ်မျိုးပြီးတစ်မျိုး ပြင်ဆင်ပေးနေရတယ်။စကားပြောကြတော့လဲ အပေါ်ထပ်ကဧည့်ခန်းမှာပဲပြောကြတာ။ဒေါ်ခိုင်နဲ့ညှပ်စိက နောက်ဖေးခန်းထဲကနေ အသီးအနှံတွေကို စားဖို့ အဆင်သင့်ဖြစ်ပြင်ဆင်ပေးကြပြီး ဖူးငုံပွင့်နဲ့ ပိန်သေးက အပေါ်ထပ်နဲ့ အောက်ထပ်ကို အခေါက်ခေါက်အခါခါ တက်ဆင်းနေရတယ်။ပြီးတော့ ဆွေမျိုး မိသားစုစကားဝိုင်းဆိုပေမဲ့ ရယ်သံမောသံအစား တင်းမာအေးစက်နေတဲ့မျက်နှာထားတွေကိုသာတွေ့နေရတယ်။နာမည်ကသာသုခမြိုင်စံအိမ်။အိမ်ထဲမှာတော့ ဒေါသအိုးတွေ စုနေတာမို့ ဒေါသမြိုင်စံအိမ်လို့ပင် ခေါ်ရမလို။ .ဖူးငုံပွင့်ကိုယ်ကို ယို့ကာနွားနို့ပန်းကန်တွေကို တစ်ယောက်ချင်းစီရှေ့ကိုလိုက်ချပေးနေချိန်မှာပဲ မထင်မှတ်ထားတဲ့ အခြေအနေဖြစ်ပွားသွားခဲ့ရတယ်။ဖြစ်ပုံက ငုဝါတို့လင်မယားထိုင်တဲ့ရှေ့ကို ဖူးငုံပွင့်အရောက်မှာ ဖူးငုံပွင့်ကငုဝါအတွက်နွားနို့ခွက်ကို ခုံပေါ်ကို လှမ်းအတင် တိုက်တိုက်ဆိုင်ဆိုင် ငုဝါကလဲ သစ်သီးပန်းကန်ဆီ လက်အလှမ်းမို့ ဖူးငုံပွင့်ရဲ့လက်နဲ့ ငုဝါရဲ့လက်တိုက်မိသွားပြီး နွားနို့ဖန်ခွက်က ငုဝါပေါ်ကို မှောက်ကျသွားခဲ့တယ်။ "ဟာ ..မင်းဘယ်လိုလုပ်လိုက်တာလဲ ..မင်းလက်က ဒီပန်းကန်လေးကိုတောင် မနိုင်ဘူးလားကွ...ကဲဟာ " " အ " သက်ဝေလတ်က ဇနီးဖြစ်သူရဲ့အဖြစ်ကိုမြင်ပြီး ဒေါသတကြီးနဲ့ပြောဆိုလိုက်ရင်း ဖူးငုံပွင့်ကို ဆောင့်တွန်းလိုက်တာမို့ ဖူးငုံပွင့်မှာ ကြမ်းပြင်ပေါ် ဖင်ထိုင်ရက်လဲ ကျသွားရတယ်။ အားလုံးက အဖြစ်အပျက်တွေကြောင်အအနဲ့ ငေးကြည့်နေခဲ့ကြတယ်။ ''အို ဘယ်လိုလုပ်လိုက်တာလဲ ကို သက်ရယ် ... မနွေကြောင့်ဖြစ်တာမဟုတ်ပါဘူး ... ငုဝါလက်လှမ်းလိုက်မိလို့ ဖြစ်တာပါ " ငုဝါက ပြောပြာဆိုဆိုနဲ့ သူ့လက်မှာပူသွားတာကို ဂရုမစိုက်ဘဲ ဖူးငုံပွင့်ကိုလှမ်းထူပေးလိုက်တယ်။ဖူးငုံပွင့်မှာ သက်ဝေလတ်ရဲ့ ရိုင်းစိုင်းတဲ့အပြုအမူနဲ့ အိမ်သားတွေရဲ့ နေစိမ့်နိုင်တဲ့စိတ်ကို အံ့ဩမိရင်း အံလေးကို မသိမသာကြိတ်လိုက်မိတယ်။ပြီးတော့ သူမရဲ့လက်ကိုတမင်လိုလိုတိုက်ချပစ်လိုက်တဲ့ ငုဝါကို နားမလည်နိုင်စွာမော့ကြည့်လိုက်မိပြီး "ရပါတယ် မမလေးငုဝါ ... ကျွန်မ ဘာမှမဖြစ်ပါဘူး ...ကျွန်မတောင်းပန်ပါတယ်ရှင် " "အို ..ရပါတယ် ငုဝါကလက်ရှည် ဝတ်ထားလို့ မပူပါဘူး ....ငုဝါ တောင်းပန်ပါတယ်နော် ....ငု ဝါအ၀တ်အစားသွားလဲလိုက်အုံးမယ်ရှင် " ငုဝါက ဖူးငုံပွင့်ကိုလဲ တောင်းပန်လိုက်ရင်း အားလုံးကို ခွင့်တောင်းကာ သူမတို့အိပ်ခန်းရှိ ရာဆီကို ထွက်သွားခဲ့တယ်။ ဖူးငုံပွင့်လဲ နွားနို့ပန်းကန်ကို ကောက်ယူလိုက်ပြီး ဖိတ်ကျသွားတဲ့နွားနို့တွေကို တစ်ရှူးစတွေနဲ့ ခပ်မြန်မြန်သုတ်ပစ်လိုက်တယ်။နွားနို့ စက်တွေကို သုတ်နေတဲ့ဖူးငုံပွင့်ရဲ့ လက်တွေက ဒေါသကြောင့်တဆ တ်ဆတ်တုန်ယင်နေလေတယ်။ဖူးငုံပွင့်ရဲ့ဒီမြင်ကွင်းကိုသာ ဒေါ်လေးတစ်ယောက်မြင်ခဲ့ရင်တော့ ရင်ကွဲပက်လက်ဖြစ်ရှာမယ်ထင်၏။နွားနို့စက်တွေကို ပြောင်အောင်သုတ်ပြီးသွားတာနဲ့ ဘယ့် သူ့မျက်နှာကိုမှမကြည့်ဘဲ နေရာကနေဖူးငုံပွင့်ထွက်လာခဲ့လိုက်တယ်။