803
مشترکین
+424 ساعت
+167 روز
+4630 روز
آرشیو پست ها
၅
https://www.facebook.com/100067151540690/posts/714519684129743/
၆
https://www.facebook.com/100067151540690/posts/714519970796381/
၇
https://www.facebook.com/100067151540690/posts/714520240796354/
၈
https://www.facebook.com/100067151540690/posts/714520624129649/
၉
https://www.facebook.com/100067151540690/posts/714520907462954/
၁ဝ
https://www.facebook.com/100067151540690/posts/714692707445774/
၁၁
https://www.facebook.com/100067151540690/posts/715256760722702/
၁၂
https://www.facebook.com/100067151540690/posts/715786084003103/
၁၃
https://www.facebook.com/100067151540690/posts/716328087282236/
၁၄
https://www.facebook.com/100067151540690/posts/716803847234660/
၁၅
https://www.facebook.com/100067151540690/posts/717847167130328/
၁၆
https://www.facebook.com/100067151540690/posts/718315917083453/
၁၇
https://www.facebook.com/100067151540690/posts/718868757028169/
၁၈
https://www.facebook.com/100067151540690/posts/719410156974029/
၁၉
https://www.facebook.com/100067151540690/posts/719932463588465/
၂ဝ
https://www.facebook.com/100067151540690/posts/720499773531734/
၂၁
https://www.facebook.com/100067151540690/posts/721022723479439/
နေရာမှာဖျတ်ခနဲ တွေ့လိုက်ရတာဆို အမြင်မှားတာလား မြင်ယောင်နေမိတာလားလို့ မဝေခွဲနိုင်ဖြစ်သွားမိတယ်။ကားဂိုထောင်က အရှေ့တစ်ခြမ်းလုံးမီးတွေလင်းထိန်နေပေမဲ့ အနောက်ဘက်ခြမ်းနဲ့ ဘေးဘက်ခြမ်းမှာက သစ်ပင်တွေနဲ့ အမှောင်ရိပ်ကျနေခဲ့တာ။ တိုက်ပေါ်တက်တဲ့လှေကားက ဘေးဘက်ခြမ်းမှာရှိတာ။ လှေကားရှိတဲ့ဘက်ခြမ်းကိုတော့ ပန်းရိပ်ဖြူအခန်းက မမြင်ရဘူး။ပန်းရိပ်ဖြူ မှန်ပြတင်းကို ခပ်ဖြည်းဖြည်းတွန်းလိုက်ပြီး သေချာအောင်လှမ်းကြည့်လိုက်တယ်။
ခပ်စောစောကမြင်လိုက်ရတာ သေချာပေမဲ့ ထပ်ပြီးကြည့်လိုက်တဲ့အခါမှာတော့ မည်းမည်းအရိပ်သဏ္ဉာန်ကိုလုံးဝမတွေ့ရတော့ဘူး။ပန်းရိပ်ဖြူသူမမြင်လိုက်တာက အိပ်မက်လား။တကယ်လားသေချာအောင် ကိုယ့်အသားကိုယ်ဆွဲဆိတ်ကြည့်လိုက်မိတယ်။နာကျင်သွားတဲ့ခံစားမှုကြောင့် အိပ်မက်မဟုတ်တာသေချာသွားပြီမို့ မှန်ပြတင်းကိုပြန်ပိတ်လိုက်ပြီး ညအိပ်မီးအိမ်ကိုဖွင့်လိုက်တယ်။ပြီးတော ဖုန်းကိုကောက်ယူလိုက်ပြီး ခြေကိုဖော့နင်းကာ အပြင်ကိုထွက်ခဲ့လိုက်တယ်။
~~~~~~~~~~~~~
တစ်အိမ်လုံးအပ်ကျသံကြားရလောက်တိတ်ဆိတ်ငြိမ်သက်နေတဲ့ပုံက ကြက်သီးထစရာတော့ကောင့်လှတယ်။အထူးသဖြင့် အသိစိတ်ပျောက်နေတာမဟုတ်ဘဲ ပင်ကိုယ်အသိစိတ်နဲ့သွားနေခဲ့တဲ့ ပန်းရိပ်ဖြူအတွက် ပိုပြီးချောက်ချားစရာကောင်းနေခဲ့တယ်။အခန်းထောင့်တွေ အချို့အကွေ့နေရာတွေကနေ မျက်နှာမည်းနဲ့အမျိုးသမီးများထွက်လာလေမလားလို့တွေ့ပြီး လူကတုန်တုန်ယင်ယင်ဖြစ်နေခဲ့မိတယ်။ကြီးမားလှတဲ့လှေကားထစ်တွေကိုကျော်ဖြတ်နေချိန်မှာတော့ ခြေလှမ်းတွေမမှားအောင် သေချာလေးဂရုစိုက်ပြီးနင်းသွားနေရတယ်။ကသစ်မြိုင်စံအိမ်ကြီးထဲမှာက ရှည်လျားလှတဲ့စင်္ကြန်လျှောက်လမ်းကြီးတစ်ခုလုံးမှာမှ ခပ်မှန်မှန်မီးလုံးတစ်လုံးပဲထွန်းထားတာ။ဒါကြောင့်လဲထောင့်ကွေ့တိုင်းကမှောင်မည်းနေခဲ့တယ်။ လှေကားရဲ့ထိပ်ဘက်မှာ ဝါဖျော့ဖျော့မီးလုံးတစ်လုံးကိုထွန်းထားခဲ့ပေမဲ့ လှေကားထစ်တွေရဲ့အဆုံးမှာတော့ မှောင်ရိပ်ကျနေခဲ့တယ်။အောက်ထပ်မှာကလဲ အိမ်ဝင်တံခါးနားမှာပဲ မိးတစ်လုံးထွန်းထားတာဆိုတော့ အလင်းရောင်ကလှေကားနားထိမရောက်ဘူးဖြစ်နေတယ်။ပန်းရိပ်ဖြူ လှေကားအရဲ့အဆုံးကိုလှမ်းကြည့်လိုက်မိတယ်။
" အမယ်လေး..."
လှေကားရင်းမှာ မည်းမည်းအရိပ်ကြီးတစ်ခုရှိနေတာကို တွေ့လိုက်ရတာမို့ ပန်းရိပ်ဖြူလန့်အော်မိမတတ်ဖြစ်သွားရပြီး အရိပ်မည်းကြီးကိုကြက်သေသေကာကြည့်နေမိတာ။
" ဘယ်....ဘယ်သူလဲ "
ပန်းရိပ်ဖြူတုန်တုန်လှုပ်လှုပ်နဲ့လှမ်းမေးလိုက်မိပေမဲ့ အရိပ်မည်းကြီးက မလှုပ်မယှပ်နဲ့ရပ်မြဲရပ်နေခဲ့တယ်။
" ဘယ်....ဘယ်..သူလဲ "
ပန်းရိပ်ဖြူုဒုတိယအကြိမ်မြောက်ထပ်မေးလိုက်ချိန်မှာတော့ အရိပ်မည်းကြီးက လှေကားခြေရင်းကနေ တဖြည်းဖြည်းရွေ့လျားသွားခဲ့ပြီး စာကြည့်ခန်းဘက်ဆီကိုလျှောက်သွားတာကိုတွေ့လိုက်ရတယ်။ပန်းရိပ်ဖြူလဲကြောက်ကြောက်လန့်လန့်နဲ့ လှေကားတွေအတိုင်းပြေးဆင်းကာလိူက်သွားလိုက်တယ်။ မီးရောင်မှိန်မှိန်လင်းနေတဲ့ စင်္ကြန်တစ်လျှောက်မှာ အရိပ်မည်းနောက်ကို ပန်းရိပ်ဖြူအပြေးလိုက်သွားလိုက်မိတယ်။အရိပ်မည်းကစားကြည့်ခန်းထဲကိုရွေ့လျားဝင်ရောက်သွားကိုမြင်လိုက်ရတော့ ပန်းရိပ်ဖြူလဲလိုက်ဝင်သွားဖို့ အရဲ့စွန့်ဆုံးဖြတ်လိုက်တယ်။၏
" ရှပ် ...ရှပ် ...ရှပ် "
ပန်းရိပ်ဖြူရှေ့ကိုအာရုံစိုက်နေမိချိန်မှာပဲ နောက်ကျောဘက်ဆီက ခြေသံလိုလိုကြားလိုက်ရတာမို့ အနောက်ကိုပြန်လှည့်ကြည့်လိုက်မိတယ်။နောက်ကိုလှည့်ကြည့်လိုက်မိစဉ်မှာပဲ သူမနောက်ကျောမှာရပ်နေတဲ့ မည်းမည်းအရိပ်သဏ္ဍာန်ကြီးကိုအနီးကပ်တွေ့လိုက်ရတာမို့ တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရကာ ကြောင်ငေးပြီးကြည့်နေမိတယ်။
~~~~~~~~~~~~~~
ပန်းရိပ်ဖြူဖျတ်ခနဲအသိဝင်လာချိန်မှာ မျက်လုံးဖွင့်လိုက်ပြီး အတင်းကုန်းရုန်ထလိုက်တယ်။ဒီအခါပြတင်းပေါက်ကတိုးဝင်လာတဲ့ မနက်ခင်းအလင်းးရောင်ကိုမြင်နေရပြီးမိုးစင်စင်လင်းနေတာကိုတွေ့လိုက်ရတယ်။အံ့ဩတကြီးနဲ့ အခန်းထဲအနှံကိုလှည့်ပတ်ကြည့်လိုက်မိတယ်။ဒီအခါ သူမရောက်နေတာက သူမအခန်းပဲဆိုတာကိုသိလိုက်ရတာကြောင့် ပန်းရိပ်ဖြူခုတင်ပေါ်ကဝုန်းခနဲပြေးဆင်းခဲ့ပြီး အခန်းပြင်ကိုပြေးထွက်လာခဲ့မိတယ်။
" အမေ...အမေ "
" အဖေ...အဖေ "
မိဘတွေကိုတကြော်ကြော်အော်ခေါ်ရင်း ပန်းရိပ်ဖြူအရူးတစ်ယောက်လိုပြေးထွက်လာခဲ့မိတယ်။
"သမီး...သမီးဘာဖြစ်တာလဲကွယ် ....မထိတ်သာမလန့်သာရှိလိုက်တာ "
ဒေါ်ပန်းမြိုင်တစ်ယောက် သမီးဖြစ်သူရဲ့အော်သံကြောင့် အပေါ်ထပ်ကိုအပြေးတစ်ပိုင်းနဲ့တက်လာပြီး မေးလိုက်တယ်။အခန်းထဲမှာအိပ်နေခဲ့တဲ့ ဖခင်ဖြစ်သူဦးဘိုထွန်းလဲ အခန်းထဲကနေ အိပ်ချင်မူးတူးနဲ့ထွက်လာခဲ့တယ်။
" အမေ...ပန်း...ပန်းရိပ်...ညကလမ်းထလျှောက်သေးလား...ပန်းရိပ်ကိုညကဘယ်သူတွေ့သေးလဲ .."
သမီးဖြစ်သူရဲ့အမေးကြောင့် ဒေါ်ပန်းမြိုင်မှာ ထိတ်လန့်သွားရပြီး
" ဘာ....ဘာဖြစ်လို့်လဲသမီး ...ဘာဖြစ်ပြန်ပြီလဲကွယ် ....လာ...လာ ...အလုပ်သမားတွေကြားသွားမယ်...သမီးအခန်းထဲမှာသွားပြောမယ် "
ဒေါ်ပန်းမြိုင်ကသမီးဖြစ်သူရဲ့လက်ကိုဆွဲပြီး သမီးဖြစ်သူရဲ့အခန်းဆီကိုပြန်ခေါ်သွားလိုက်တယ်။
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၂၂ )
akyiphyu
*********
ဘုန်းသိင်္ခက သူပြောချင်တာကိုခပ်ပြုံးပြုံးပဲပြောပြီးတော့ စိုင်းမြတ်ရဲ့အနားကနေလှည့်ထွက်လာခဲ့လိုက်တယ်။
စိုင်းမြတ်တစ်ယောက် နေရာမှာမျက်နှာထားတင်းတင်းနဲ့ကျန်နေခဲ့ရင်း ဘုန်းသိင်္ခရဲ့အမူအရာတွေကို မကျေမနပ်ဖြစ်နေမိတယ်။
~~~~~~~~~~~~~~~
ဒီနေ့ညမှာတော့ ကသစ်မြိုင်စံအိမ်ကြီးရောကသစ်မြိုင်ခြံဝန်းကျယ်ကြီးထဲမှာပါ ချောက်ချားစရာကောင်းလောက်အောင်တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။ခြံကြီးထဲမှာရောအိမ်ကြီးထဲမှာပါ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပေမဲ့ အိပ်မပျော်နိုင်သူအချို့ကတော့ ရှိနေခဲ့တယ်။
အလွမ်းဆွတ်ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး ကားဂိုထောင်တိုက်ဘက်ကိုလှမ်းကြည့်နေမိတယ်။ကားဂိုထောင်တိုက်က အလွမ်းဆွတ်ရဲ့အခန်းကနေလှမ်းကြည့်မယ်ဆိုရင် တိုက်ရဲ့နောက်ဘက်ကိုပဲမြင်ရတယ်။ဒါပေမဲ့ အလွမ်းဆွတ်အချိန်ရတိုင်း လှမ်းကြည့်နေမိတယ်။အဲ့ဒီတိုက်ပေါ်မှာ ကိုယ်ချစ်တဲ့သူရှိနေတယ်ဆိုတဲ့အသိလေးနဲ့ လှမ်းကြည့်နေခဲ့မိတာ။အချစ်ဆိုတာက ထူးဆန်းတယ်။စိုင်းမြတ်ကိုချစ်မိကတည်းက အလွမ်းဆွတ်သတ္တိတွေပိုရှိလာခဲ့တာလေ။ညနေတုန်းက ပန်းရိပ်ဖြူရဲ့အကြည့်တွေအပြောတွေက နည်းနည်းလေးထူးဆန်းနေတာကို စဉ်းစားမိပြီး အလွမ်းဆွတ်အိပ်မပျော်နိုင်သေးဘဲဖြစ်နေမိတယ်။သူမနဲ့စိုင်းမြတ်အကြောင်းကို အချိန်မတန်သေးဘဲ လူတွေသိသွားခဲ့ရင် ပြဿနာတွေတက်နိုင်တယ်။ပြီးတော့ ကသစ်မြိုင်မှာ ပန်းရိပ်ဖြူထက်ပိုပြီးကြောက်စရာကောင်းတဲ့ ဘွားကြေးဥရှိနေတယ်။ဘွားကြေးဥဆိုတဲ့အဘွားကြီးက အလွမ်းဆွတ်ကိုမြင်တိုင်း မျိုးရိုးဗီဇမကောင်းတဲ့သူဆိုပြီး အမြဲပြစ်တင်ပြောဆိုနေတတ်တဲ့သူ။ဒီအဘွားကြီးက အလွမ်းဆွတ်ဘက်က ဘယ်လောက်အလျှော့ပေးပေး ပေါင်းလို့သင်းလို့်မရတဲ့အဘွားကြီးတစ်ယောက်။တကယ်လို့များ စိုင်းမြတ်နဲ့အလွမ်းဆွတ်တို့အကြောင်းကို အဘွားကြိးသိသွားခဲ့ရင် အလွမ်းဆွတ် ကသစ်မြိုင်က နှင်ထုတ်ခံရမှာသေချာတယ်။ကသစ်မြိုင်မှာကလဲ အဘွားကြီးကိုလွန်ဆန်နိုင်တဲ့သူမရှိဘူးမဟုတ်လား။အလွမ်းဆွတ်နှင်ထုတ်ခံရပြီးဆိုရင် စိုင်းမြတ်က အလွမ်းဆွတ်နောက်ကိုပါလာမှာတဲ့လား ။မထင်ပါဘူး။အလွမ်းဆွတ်တစ်ယောက်တည်းထိုင်တွေးရင်း မျက်ရည်တွေပါကျလာမိတယ်။ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်အတွက် အလွမ်းဆွတ်အရမ်းကိုပင်ပန်းနေရပါပြီလေ။
~~~~~~~~~~~~~~
စားပွဲပေါ်မှာတင်ထားတဲ့ အားဆေးဖျော်ရည်ခွက်ကို ပန်းရိပ်ဖြူငေးကြည့်နေမိတယ်။ဒီအားဆေးဖျော်ရည်ကို သူမသောက်လာခဲ့တာ လေးငါးနှစ်မကရှိတော့မယ်။ဆရာဝန်ရဲ့ခွင့်ပြုချက်နဲ့သောက်ခဲ့တာ ။ဖျော်ရည်ရဲ့အစွမ်းက လူတစ်ယောက်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေသလို အိပ်ရာကနိုးလာခဲ့ရင်လဲ အားအင်တွေပြည့်နေစေတဲ့အစွမ်းရှိတယ်။အိပ်ဆေးတွေကို စွဲပြီးမသုံးစေချင်လို့ ဆရာဝန်က ဒီဖျော်ရည်ကိုပဲသောက်ခိုင်းခဲ့တာ။ အခုတော့ ပန်းရိပ်ဖြူ ကြုံနေရတဲ့ အဖြစ်အပျက်တွေအရ အမြဲသောက်နေရတဲ့ ဒီဖျော်ရည်ကို တောင် သောက်ဖို့မရဲတော့သလိုဖြစ်နေမိတယ်။သက်သာလာပြီလို့ထင်ရတဲ့ သူမရဲ့အခြေအနေက တကယ်တမ်းမှာပိုဆိုးလာခဲ့တာ။ ပြီးတော့ အိပ်မက်လိုလိုတကယ်လိုလိုနဲ့ တွေ့မြင်နေရတဲ့ အမျိုးသမီးတစ်ယောက်ကရောဘယ်သူလဲ။ ရေတံခွန်တောင်မှာ ဆုံးပါးသွားခဲ့တဲ့ အိမ်အကူအမျိုးသမီးဆိုတာလား။အိမ်အကူအမျိုးသမီးဆိုရင် သူက သူမကိုပဲဘာလို့ ခြောက်လှန့်နေရတာလဲ။ ပန်းရိပ်ဖြူဆိုတဲ့သူမက အိမ်အလုပ်သမားတွေ တိုးတိုးတိတ်တိတ်ပြောနေကြသလို တကယ်ပဲရူးနေခဲ့တာလား။ဒီလိုပုံစံမျိုးဖြစ်နေတဲ့သူမကို စိုင်းမြတ်ကရောရေရှည်လက်တွဲနိုင်ပါ့မလား။ပြီးတော့ ပန်းရိပ်ဖြူစိတ်ထဲ ရှုပ်ထွေးနေမိတာတစ်ခုက အလွမ်းဆွတ်ပဲ ။အလွမ်းဆွတ်ကိုကြည့်ရတာ စိတ်ထဲမှာ ဘဝင်မကျဖြစ်နေမိတယ်။စိုင်းမြတ်ကိုကြည့်တတ်တဲ့ အလွမ်းဆွတ်ရဲ့အကြည့်တွေကို ပန်းရိပ်ဖြူစိတ်ထဲ ဘဝင်မကျဖြစ်နေမိတယ်။ပန်းရိပ်ဖြူရဲ့စိတ်က သံသယများတတ်သူမို့ အတွေးလွန်နေတာလဲဖြစ်နိုင်ပေမဲ့ သူမကြည့်ဖူးနေတဲ့ ရုပ်ရှင်တွေထဲမှာတော့ လူတွေ အမူအရာပျက်နေကြပြီဆိုရင် အပြစ်တစ်ခုခုကိုလုပ်ထားပြီဆိုတာ သေချာနေပြီ။ ခုလဲပဲ အလွမ်းဆွတ်ကိုကြည့်ပြီး သူမစိတ်ထဲမှာ တစ်စုံတစ်ရာကို သံသရာဖြစ်နေမိတယ်။
ပန်းရိပ်ဖြူထိုင်နေရာက အသာထလိုက်ပြီး ဖျော်ရည်တွေကို လက်ဆေးဘေစင်ထဲ သွန်ချပစ်လိုက်တယ်။ပြီးတော့ ဖန်ခွက်ကို စားပွဲပေါ်မှာပြန်တင်ထားလိုက်ပြီး အခန်းမီးတွေကို ပိတ်လိုက်ကာ ပြတင်းပေါက်နားကို လျှောက်သွားလိုက်တယ်။ တစ်ခန်းလုံး အမှောင်ချထားပြီး ပြတင်းပေါက်မှန်တွေကိုမဖွင့်ဘဲ ခြံထဲကိုလှမ်းကြည့်လိုက်မိတယ်။တိုင်ကပ်နာရီရဲ့စက္ကန့်တံတစ်ချပ်ချပ်သွားနေတဲ့အသံက မှောင်မိုက်နေတဲ့အခန်းထဲမှာ ထွက်ပေါ်နေခဲ့တယ်။အချိန်ကမစောတော့ဘူး။ညတစ်နာရီကျော်နေပြီ။ပန်းရိပ်ဖြူရဲ့မျက်လုံးတွေလဲစင်းနေပြီဖြစ်တယ်။အိပ်မပျော်အောင်နေမယ်လို့ တွေးထားပေမဲ့ ဘယ်လိုမှကိုမနေနိုင်ဘဲဖြစ်နေမိတာ။ပြတင်းပေါက်လိုက်ကာစကို လက်နဲ့အသာဖယ်ရှားလိုက်ပြီး ခုတင်ရှိရာဆီကို လှမ်းသွားဖို့ပြင်လိုက်ချိန်မှာပဲ ကားဂိုထောင်ဘက်ဆီကို တရွေ့ရွေ့သွားနေတဲ့ မည်းမည်းသဏ္ဍာတစ်ခုကို ပန်းရိပ်ဖြူတွေ့လိုက်ရတယ်။မီးရောင်ကွက်ကြားလင်းနေတဲ့
" ဪ...ဘာကိစ္စများလဲကိုစိုင်းမြတ်ပြောပါ "
" ဒီလိုပါ ဘုန်းသိင်္ခ..ကိုယ်က ပွင့်ပွင့်လင်းလင်းပဲပြောတတ်လို့် ပြောမယ်...မင်း...ကိုယ့်ကောင်မလေးနဲ့မပတ်သက်ဘဲကင်းကင်းရှင်းရှင်းနေပေးပါ "
စိုင်းမြတ်ရဲ့စကားကြောင့် ဘုန်းသိင်္ခ နဖူးကြောတွေကို တွန့်ကွေးလိုက်မိပြီး
" ဟုတ်ကဲ့ ...ဒါနဲ့ကိုစိုင်းမြတ်ရဲ့ကောင်မလေးကဘယ်သူလဲမသိဘူးဗျ "
ဘုန်းသိင်္ခရဲ့အမေးကြောင့် စိုင်းမြတ်ရဲ့မျက်နှာတင်းခနဲဖြစ်သွားခဲ့ရတယ်။
" ကိုယ့်ကောင်မလေးက ပန်းရိပ်ဖြူပဲ...မနက်တုန်းကလဲ ....ကိုယ်တားနေတဲ့ကြားက မောင်ရင်အတင်းပွေ့ချီသွားခဲ့တာ ..နောက်တစ်ခါ အဲ့ဒီလိုမျိုးစည်းမကျော်ပါနဲ့ ...ပန်းရိပ်နဲ့ကိုယ့်ကချစ်သူတွေပဲ....မောင်ရင် သူ့အသားကိုထိတာကို ကိုယ်မကြိုက်ဘူး....နောက်ကိုဆင်ခြင်ပါ "
" ဪ...ကိုစိုင်းမြတ်နဲ့သူနဲ့ကချစ်သူတွေလား....မသိလို့ပါဗျာ ...ဆောရီးပါ....နှစ်ယောက်သားချစ်သူတွေဆိုတော့ သူ့အကြောင်းကိုပိုသိမှာပေါ့ ..ရှင်းရှင်းပြောရရင်...ကသစ်မြိုင်မှာတစ်ခုခုပြဿနာဖြစ်ရင်...သူပဲဖြစ်နိုင်တယ်ဆိုတာကိုတော့ တွေးထားမိမှာပေါ့ ..ဒီလိုသာတွေးထားခဲ့ရင်..ကသစ်မြိုင်မှာအော်သံဆူသံကြားတာနဲ့ အရင်ဆုံးပြေးသင့်တာပေါ့ဗျာ ....မနက်တုန်းက သူ့ကိုဘယ်သူမှမထိရဲလို့ ကျွန်တော်ကဝင်လိုက်ရတာဗျ.. တကယ်ဆိုဆူသံပူသံကြားကတည်းက အဲ့ဒီနေရာကို ...ကိုစိုင်းမြတ်ချက်ချင်းရောက်လာသင့်တာမဟုတ်ဘူးလား "
" မှန်ပါတယ်....မနက်ကအိပ်ရာထနောက်ကျသွားလို့ဖြစ်သွားရတာပါ...ဒါပေမဲ့ မင်းသူ့ကိုပွေ့ချိထားတဲ့အချိန်မှာ ...ကိုယ် အဲ့ဒီကိုချက်ချင်းရောက်လာခဲ့တာပဲ...မင်းသိအောင်ထပ်ပြောလိုက်အုံးမယ်် ....ပန်းရိပ်နဲ့ကိုယ်ကချစ်သူတွေ ဖြစ်နေကြသလို ..ကိုယ်တို့ကို ..ဘွားကြေးဥကလဲ သဘောတူထားပြီးသား...ဒီလကုန်ရင်ကိုယ်တို့နှစ်ယောက်ကစေ့စပ်တော့မှာ "
စိုင်းမြတ်က အသံမာမာနဲ့ဘုန်းသိင်္ခကို ထပ်ပြောလိုက်တယ်။
စိုင်းမြတ်ကိုကြည့်ပြီး ဘုန်းသိင်္ခသဘောကျစွာပြုံးလိုက်မိပြီး
" ဟုတ်ကဲ့ ...ကျွန်တော့်ဘက်ကအလိုက်မသိသလိုဖြစ်ပြီး စည်းကျော်သွားမိရင်တောင်းပန်းပါတယ်ဗျာ...ဒါနဲ့အရင်ရက်တွေကတော့ ကိုစိုင်းမြတ်ကစောစောထပြီး အလုပ်သွားဖို့ပြင်ဆင်တတ်တဲ့သူပါ...ဒီမနက်မှ အိပ်ရာထနောက်ကျတယ်ဆိုတော့ ..ကြည့်ရတာ ညကအလုပ်တွေအများကြီးလုပ်လိုက်ပုံပဲနော် ...ကိုစိုင်းမြတ်ပြောချင်တာဒါပဲထင်တယ် ...ကျွန်တော့်ကိုသွားခွင့်ပြုပါအုံးဗျာ ....ကသစ်မြိုင်စံအိမ်ကြီးမှာ ထမင်းသွားစားမလို့်ပါ...ကျွန်တော့်ကိုအလွမ်းဆွတ်တို့က ထမင်းစားစောင့်နေမှာမို့ပါ ...ခွင့်ပြုပါအုံးဗျာ "
==================================
အပိုင်း(၂၂)ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
စာရေးသူ A Kyi Pnyu
#စံအိမ်ခေါ်သံ
( စ/ဆုံး )Links
၁
https://www.facebook.com/100067151540690/posts/714518460796532/
J
https://www.facebook.com/100067151540690/posts/714518804129831/
၃
https://www.facebook.com/100067151540690/posts/714519084129803/
၄
https://www.facebook.com/100067151540690/posts/714519330796445/
၅
https://www.facebook.com/100067151540690/posts/714519684129743/
၆
https://www.facebook.com/100067151540690/posts/714519970796381/
၇
https://www.facebook.com/100067151540690/posts/714520240796354/
၈
https://www.facebook.com/100067151540690/posts/714520624129649/
၉
၉
https://www.facebook.com/100067151540690/posts/714520907462954/
၁ဝ
https://www.facebook.com/100067151540690/posts/714692707445774/
၁၁
https://www.facebook.com/100067151540690/posts/715256760722702/
၁၂
https://www.facebook.com/100067151540690/posts/715786084003103/
၁၃
https://www.facebook.com/100067151540690/posts/716328087282236/
၁၄
https://www.facebook.com/100067151540690/posts/716803847234660/
၁၅
https://www.facebook.com/100067151540690/posts/717847167130328/
၁၆
https://www.facebook.com/100067151540690/posts/718315917083453/
၁၇
https://www.facebook.com/100067151540690/posts/718868757028169/
၁၈
https://www.facebook.com/100067151540690/posts/719410156974029/
၁၉
https://www.facebook.com/100067151540690/posts/719932463588465/
၂ဝ
https://www.facebook.com/100067151540690/posts/720499773531734/
အလွမ်းဆွတ်ရဲ့အိပ်ခန်းကလဲ ကသစ်မြိုင်စံအိမ်ကြီးရဲ့အပေါ်ထပ်မှာပဲတည်ရှိတာမို့ အလွမ်းဆွတ်တစ်ယောက် သူမနောက်ကို ပန်းရိပ်ဖြူလိုက်လာမှန်းမသိဘဲ လှေကားထစ်တွေအတိုင်းအပေါ်ထပ်ကို တက်သွားခဲ့တယ်။
~~~~~~~~~~~~~~~~~
အလွမ်းဆွတ် အခန်းထဲကိုရောက်တာနဲ့ ခုတင်ပေါ်မှာထိုင်ချလိုက်ပြီး အံကိုတင်းတင်းကြိတ်ကာငိုချပစ်လိုက်တယ်။တောင့်ခံထားဖို့အတွက် အကြိမ်ကြိမ်ပြင်ဆင်ထားခဲ့ပေမဲ့ စိုင်းမြတ်နဲ့ပန်းရိပ်ဖြူရဲ့မင်္ဂလာသတင်းကို ကြားလိုက်ရချိန်မှာ လူကရင်တွေတလှပ်လှပ်ခုန်ပြီး ခန္ဂာကိုယ်ထဲမှာ စီးနေတဲ့6သွးတွေပါ ရပ်တန့်သွားသိလိုခံစားလိုက်ရတာလေ။အချစ်ကလူကိုဒီလောက်ထိ ရှူးသွပ်စေခဲ့တာလား။အစကတည်းက စိုင်းမြတ်ရဲ့အခြေအနေကိုသိနေခဲ့ပေမဲ့ နှလုံးသားရဲ့အလိုဆန္ဒကို အလွမ်းဆွတ်မလွန်ဆန်နိုင်တာမို့ စိုင်းမြတ်နဲ့ရအောင်ပတ်သက်ခဲ့မိတာ။တကယ်တော့ သူမအဖြစ်က မပြိုင်ခင်ကတည်းက ရှုံးနိမ့်ပြီးသားဆိုတာကို သိနေခဲ့ပြီးသားလေ။ကံတရားက သူမဘက်မှာဘယ်တော့မှ မရပ်တည်ခဲ့ဘူးလေ။တကယ်ဆိုသူမကလဲ ဒေါ်ပန်းမြိုင်ရဲ့တူမအရင်းပဲမဟုတ်လား။ကံကောင်းခြင်းတွေကို ဘာလို့်များပန်းရိပ်ဖြူတစ်ယောက်တည်းပဲပိုင်ဆိုင်နေရတာလဲ။တကယ်ဆိုရင် ပန်းရိပ်ဖြူက စိုင်းမြတ်ကိုအနားကပ်မခံဘဲ ရိုင်းရိုင်းစိုင်းစိုင်းတုံ့ပြန်ဆက်ဆံနေကတည်းက စိုင်းမြတ်ကိုအလွမ်းဆွတ်ချစ်နေခဲ့ရတာလေ။ပန်းရိပ်ဖြူဆိုတာက ဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်တို့ရဲ့သမီးဖြစ်နေတာနဲ့ပဲ ကံကောင်းခြင်းတွေနဲ့ပြည့်စုံနေပြီလေ။စိုင်းမြတ်ဆိုတဲ့လူသားတစ်ယောက်ကတော့ အလွမ်းဆွတ်ဆိုတဲ့သူမအတွက် မဖြစ်သင့်ဘူးလား။ကံတရားကို မကျေမနပ်တွေးရင်း အလွမ်းဆွတ် ခန္ဓာကိုယ်လေးပါ သိမ့်သိမ့်ခါအောင် အားပါးတရငိုချလိုက်မိတယ်။
" ဒေါက်,,,,ဒေါက် "
တံခါးခေါက်သံကြောင့် အလွမ်းဆွတ်ကိုယ်လေးဆတ်ခနဲတုန်ခါသွားရပြီး ပါးပြင်ပေါ်ကမျက်ရည်စတွေက်ို လက်နဲ့သုတ်ပစ်လိုက်ပြီး တံခါးကိုဖွင့်လိုက်ရင်းက မေးလိုက်မိတယ်။
" မဇာယုလား ...အလွမ်းဘာမှမ ...မဖြစ် "
" မဇာယုမဟုတ်ဘူး..ငါ "
အခန်းတံခါးဝမှာရပ်နေတဲ့သူကို တွေ့လိုက်ရတဲ့အခါ အလွမ်းဆွတ်မှာပြောလက်စ စကားပါဆွံ့အသွားရပြီး ကြောင်အအရပ်ကြည့်နေမိတယ်။တံခါးဝမှာရပ်နေသူက အလွမ်းဆွတ်လုံးဝမမျှော်လင့်ထားတဲ့ ပန်းရိပ်ဖြူဖြစ်နေခဲ့တာလေ။
" နင်ငိုနေတာလား အလွမ်းဆွတ် "
ပန်းရိပ်ဖြူက အလွမ်းဆွတ်ကိုကြည့်ပြီး သံပြတ်နဲ့မေးလိုက်တယ်။အလွမ်းဆွတ်က ပန်းရိပ်ဖြူရဲ့အမေးကိုမဖြေဘဲ ခေါင်းငုံ့ကာငြိမ်သက်နေခဲ့မိတယ်။
" နင်ဘာလို့ ငိုတာလဲအလွမ်းဆွတ် "
ပန်းရိပ်ဖြူကလေသံအေးအေးနဲ့ထပ်ပြီးမေးလိုက်တယ်။ပန်းရိပ်ဖြူဆီက လေသံခပ်အေးအေးနဲ့မေးလာတာမို့ အလွမ်းဆွတ်နည်းနည်းတော့အံ့ဩသွားခဲ့ရတယ်။ပန်းရိပ်ဖြူဆိုတာက သူသိချင်တာရှိရင် တစ်ဖက်လူကဘယ်သူပဲဖြစ်ဖြစ် အတင်းအော်ငေါက်ပြီး ဇွတ်မေးတတ်တဲ့သူလေ။အခုတော့ မျက်နှာထားတည်တည်လေသံအေးအေးနဲ့မေးနေပုံက တွေ့မြင်နေကျ ပန်းရိပ်ဖြူရဲ့ပုံစံနဲ့တော့ အနည်းငယ်ကွာခြားနေခဲ့တယ်။
" ငါ့ဘာသာငိုတာတောင် ...ငိုခွင့်မရှိဘူးလားပန်းရိပ် "
အလွမ်းဆွတ် အသံကိုတည်ငြိမ်အောင်ထိန်းပြီးပြန်ပြောလိုက်တယ်။
" ရတယ်လေ..နင့်ဘာသာငိုငို ...ရယ်ရယ်...နောက်ဆုံးမကျေနပ်ရင်အော်လို့်လဲရတယ်...ဒါပေမဲ့ အဲ့ဒီလိုလုပ်ရတဲ့အကြောင်းပြချက်တော့ရှိရမယ်...နင်ဘာလို့ငိုတာလဲ...ငါမေးတဲ့မေးခွန်းကဖြေရခက်လို့လား ...မဖြေချင်လို့်လား "
" နင်...နင်တော်တော့ ပန်းရိပ်...ဒါကငါ့ကိုယ်ရေးကိုယ်တာ..နင့်အဘွား ငါ့ကိုဘယ်လိုပြောလိုက်တာလဲဆိုတာကို နင်လဲကြားတာပဲ "
" ဪ ...ဒါဆို အဘွားပြောလိုက်လို့် ငိုတာပေါ့...ကောင်းပြီလေ...ဒါဆိုငါမေးခွန်းပြောင်းမေးမယ်...ငါညတိုင်းသောက်နေတဲ့ဖျော်ရည်ကို ဘယ်သူဖျော်တာလဲ နင်လား "
ပန်းရိပ်ဖြူရဲ့မေးခွန်းကြောင့် အလွမ်းဆွတ်မျက်လုံးလေးပြူးကာ ပန်းရိပ်ဖြူကိုကြည့်လိုက်မိတယ်။
" ငါအားရင်ငါဖျော်တယ်...ငါမအားရင်မဇာယုဖျော်တယ်...တစ်ခါတလေလဲ အမေပန်းမြိုင်ဖျော်တယ်...ဘာဖြစ်လို့်မေးတာလဲ...."
" ဘာဖြစ်လို့လဲဆိုတော့ ,,,နင်တို့ ဆေးထုပ်တွေက ရက်တွေဘာတွေများ ကျော်နေလားကြည့်အုံး....သောက်ပြီးအားနိသင်မရှိရင်တော့... သောက်ရတာအလုပ်ရှုပ်ရုံပဲရှိတယ် "
" အင်း..တစ်လစာတစ်ခါဝယ်တာပါ ...ဒိတ်လွန်နေတာတော့မဟုတ်ပါဘူး ..ငါအခုပဲအထုပ်ကိုသွားစစ်လိုက်ပါမယ် "
" ရတယ်...ထားလိုက်တော့ .....ဖျော်ခါနီးမှကြည့်လိုက်တော့ "
ပန်းရိပ်ဖြူပြောပြီးတာနဲ့ အလွမ်းဆွတ်ရဲ့အခန်းရှေ့က ပြန်ထွက်လာခဲ့လိုက်တယ်။
~~~~~~~~~~~~~~
" ဘုန်းသိင်္ခ ခဏလောက်အချိန်ရမလားမသိဘူး....မင်းနဲ့စကားခဏလောက်ပြောချင်လို့ကွာ "
ရှေ့ကနေပိတ်ရပ်ပြီး ပြောလိုက်တဲ့ စိုင်းမြတ်ကိုကြည့်ပြီး ဘုန်းသိင်္ခရဲ့ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။စိုင်းမြတ်နဲ့ဘုန်းသိင်္ခက တစ်တိုက်တည်းမှာနေကြပေမဲ့ သိပ်ပြီးမတွေ့ဖြစ်ကြဘူး။နေကြတော့လဲ တစ်ယောက်ကတိုက်ရဲ့တောင်ခြမ်းတစ်ယောက်ကမြောက်ခြမ်းမှာလို့နေကြတာ။အလုပ်လုပ်ကြတော့လဲ တစ်နေရာစီ။ထမင်းစားကြတော့လဲ စိုင်းမြတ်ကဘွားကြေးဥရဲ့တိုက်မှာစားတာ။ဘုန်းသိင်္ခက ကသစ်မြိုင်စံအိမ်ကြီးမှာစားတာ။
" ဟာကွာ..ပန်းရိပ်ရယ်ဘယ်လိုပြောလိုက်တာလဲ...လူတွေကပန်းရိပ်ကိုမနာလိုလို့်ပြောနေကြတဲ့ စကားတွေပါ..ပန်းရိပ်ကလွဲရင် ကိုယ်ဘယ်သူ့ကိုမှဂရုမစိုက်ပါဘူး...နောက်ဆုံးပြောမယ်ကွာ....ပန်းရိပ်ဘာပဲဖြစ်နေနေပန်းရိပ်ကို ကိုယ်ချစ်တယ်.....ဖြစ်နိုင်ရင်...ပန်းရိပ်ရဲ့အမွေတွေကိုစွန့်လွတ်ခိုင်းပြီး ပန်းရိပ်ကို ကိုယ်ခေါ်သွားချင်တာ ....ပန်းရိပ်သာလိုက်မယ်ဆိုရင် ကိုယ်ခေါ်သွားမယ် "
စိုင်းမြတ်ရဲ့စကားတွေကြောင့် ပန်းရိပ်ဖြူရဲ့ကြည်နူးသွားမိတယ်။မိသားစုကလွဲရင် လူတကာမျက်မုန်းကျိုးနေတဲ့သူမကို ချစ်တယ်လို့ပြောလာတော့ ရင်ထဲကြည်နူးမိသလိုလို ဝမ်းသာမိသလိုလိုခံစားနေရတယ်။သူမအတွက်ယုံကြည်ရမဲ့သူမျိုးကို အိမ်ထောင်ဖက်အဖြစ်လက်တွဲရမယ်ဆိုရင်လဲ သူမမှာငြင်းစရာအကြောင်းလဲမရှိပါဘူး။အမွေတွေကို စွန့်လွှတ်လိုက်ဖို့ကျတော့ မိဘတွေငွေကုန်ကြေးကျခံပြီးတည်ဆောက်နေတဲ့ အပန်းဖြေစခန်းကြီးကို မပျက်စီးစေချင်ပြန်ဘူး။ဒီအပန်းဖြေစခန်းကိုမှီခိုပြီး မိသားစုအတွက်စီးပွားရှာနေကြတဲ့သူတွေအများကြီးရှိနေတာကိုလဲ သူမသိနေတယ်လေ။
"ပန်း...ပန်းရိပ်ကလေ..ကိုစိုင်းမြတ်ကိုယုံပါတယ်..အမေတို့သဘောတူရင် ပန်းရိပ်လဲမငြင်းပါဘူးရှင် "
" ဟာ...ဝမ်းသာလိုက်တာကွာ...ဒါဆိုရင်ပန်းရိပ်က ကိုယ့်ကိုလက်ခံတယ်ဆိုတဲ့သဘောပေါ့နော် "
စိုင်းမြတ်ဝမ်းသာအားရမေးလိုက်ရင်းနဲ့ ပန်းရိပ်ရဲ့လက်ကလေးကို ဆွဲယူဖျစ်ညှစ်ဆုပ်ကိုင်လိုက်တယ်။စိုင်းမြတ်ရဲ့အမေးကို ပန်းရိပ်ဖြူကခေါင်းလေးအသာငြိမ့်ပြလိုက်တယ်။
" ဟာ..ဝမ်းသာလိုက်တာကွာ ...ကိုယ်အရမ်းပျော်တာပဲကွာ "
စိုင်းမြတ်ပျော်ရွှင်ကြည်နူးစွာပြောလိုက်ရင်းနဲ့ ပန်းရိပ်ဖြူရဲ့ကိုယ်လုံးလေးကို ဆွဲယူပွေ့ဖက်လိုက်တယ်။
" အို မလုပ်ပါနဲ့ ..ပန်းရိပ်သွားတော့မယ်နော် ကိုစိုင်းမြတ် "
ရုတ်တရက်စိုင်းမြတ်ရဲ့အပြုအမူကြောင့် ပန်းရိပ်ဖြူရှက်သွားမိသလို လန့်သွားမိပြီး နေရာကထရပ်လိုက်ပြီး ကသစ်မြိင်စံအိမ်ကြီးဆီကိုပြန်ပြေးလာခဲ့မိတယ်။
~~~~~~~~~~~~~~
" ဒီလကုန်ပြီးရင် ...မောင်စိုင်းမြတ်နဲ့မြေးလေးကို စေ့စပ်ပေးချင်တယ် "
" ခွမ်း "
" အို..သတိထားလေ သမီးလွမ်း...ဖယ်..ဖယ်...မဇာယုရေ...လာပါအုံး ဒီမှာပန်းကန်ကွဲတွေရှင်းလိုက်ပါအုံး.."
ဘွားကြေးဥရဲ့စကားမဆုံးလိုက်ခင်မှာပဲ မုန့်ပန်းကန်မယူလာခဲ့တဲ့ အလွမ်းဆွတ်မှာ လက်ထဲက ပန်းကန်ကျကွဲသွားတာကြောင့် အခြေနေကနည်းနည်းရှုပ်ထွေးသွားခဲ့တယ်။ဒေါ်ပန်းမြိင်က ပျာပျာသလဲနဲ့ထပြီး တူမဖြစ်သူဆီကိုသွားလိုက်တယ်။ဦးဘိုထွန်းကလဲ အလွမ်းဆွတ်ကိုလှမ်းကြည့်လိုက်တယ်။ဘွားကြေးဥက အလွမ်းဆွတ်ကို မကျေမနပ်လှမ်းကြည့်လိုက်ပြီး
" စကားပြောရတာ အရှိန်ပျက်လိုက်တာအေ...ပင်ပန်းနေရင်လဲသွားနားလေ...ညည်းတို့အိမ်မှာလဲ ...အလုပ်သမားဒီလောက်တောင်ရှားနေလားအေ....ကဲ...ကဲ...သွားတော့ စကားပြောပျက်တယ်...ဘာမှန်းကိုမသိဘူး..ပင်ပန်းရင်လဲနားနေပေါ့...အလကားမြုံစိစိနဲ့ဘာမှန်းကိုမသိဘူး "
ဘွားကြေးဥက မကျေမချမ်းနဲ့ပြောလိုက်တယ်။
" ကဲပါ အမေရာ..တော်ပါတော့ ..သူ့ခမျာ ကျွန်တော်တို့မျက်နှာကိုကြည့်နေရတာမို့ ...အလိုက်တသိနဲ့လုပ်ပေးရှာတာပါ "
" အို...တော်စမ်းပါ ...ဘာအလိုက်တသိလဲ...ငါတို့ဘာပြောပြောသိချင်လို့် အပိုတွေလုပ်နေတာများ ...ဟဲ့..ပန်းမြိုင် ...ညည်းတူမကိုနေတတ်ထိုင်တတ်အောင်ပြောထားအုံး ကြားရဲ့လား "
ဘွားကြေးဥရဲ့ ရင့်ရင့်သီးသီးပြောဟန်ကြောင့် ဒေါ်ပန်းမြိုင်မျက်နှာပျက်သွားရတယ်။ဘယ်လိုပဲဖြစ်ဖြစ် မိမိတို့အိမ်ပေါ်ကိုတက်ပြီး တူမဖြစ်သူကို ယောက္ခမဖြစ်သူက နှိမ်နှိမ်ချချပြောနေတာမျိုးကိုတော့ ဒေါ်ပန်းမြိုင်လုံးဝကိုမကြိုက်ပါ။ရှင်းရှင်းပြောရရင် အလွမ်းလိုတူမကိုမပြောနဲ့မဇာယုတို့လို အလုပ်သမားတွေကိုတောင်ပြောတာမကြိုက်ဘူးလေ။
" အမေရယ်...အဲ့ဒီလို ချိုးချိုးနှိမ်နှိမ်မပြောပါနဲ့...သူက ကျွန်မရဲ့တူမလေးပါ...သူစိမ်းလဲမဟုတ်ပါဘူး....အမေအခုလာတာက... သမီးနဲ့မောင်စိုင်းမြတ်ကိစ္စကိုပြောမလို့်မဟုတ်လား....ဒါဆိုရင်တော့ ကျွန်မသဘောကိုလဲပြောပါ့မယ် ...အခုချိန်ကတော့ ဒီကိစ္စကိုလက်မခံနိုင်ပါဘူးအမေ....မောင်စိုင်းမြတ်ကဘယ်လိုပဲရိုးသားတယ်ပြောပြော ကျွန်မတော့မယုံန်ိုင်ပါဘူး....ဒါကြောင့်တစ်နှစ်တန်သည် ... အခြေအနေစောင့်ကြည့်ပါအုံးမယ်...သဘောမတူဘူးလို့် ပြောတာမဟုတ်ပါဘူး "
" ဘာ...ညည်းကငါစီစဉ်တာကို ဖျက်ဆီးချင်တဲ့သဘောလား ပန်းမြိုင်...ဘိုထွန်း မင်းလဲပြောလေ...ဘာလဲမင်းက မိန်းမပြောသမျှထောက်ခံနေတာလား ...."
ဘွားကြေးဥက သူ့ကိုဆန့်ကျင်ဘက်လုပ်တဲ့ ချွေးမဖြစ်သူကို စိတ်ဆိုးဆိုးနဲ့ သားဖြစ်သူကိုပါဒေါသတကြီးနဲ့ထအော်လိုက်တယ်။အခြေအနေက ခပ်စောစောကထက်ပိုပြီး ရှုပ်ထွေးသွားခဲ့တယ်။ဒါတွေအားလုံးကို ပန်းရိပ်ဖြူက ဧည့်ခန်းတံခါးဝအပြင် ခပ်လှမ်းလှမ်းကနေ ရပ်ကြည့်နေတာမို့ အခြေအနေတွေအားလုံးကို မြင်နေခဲ့ရတယ်။အထူးသဖြင့် မျက်နှာလေးပျက်ကာ မျက်ရည်စက်လက်နဲ့အပြင်ကိုထွက်လာခဲ့တဲ့ အလွမ်းဆွတ်ကို ပန်းရိပ်ဖြူသေချာစိုက်ကြည့်နေခဲ့မိတယ်။အလွမ်းဆွတ်က အခန်းထဲကထွက်ပြီး အပေါ်ထပ်ကိုတက်သွားချိန်မှာ အလွမ်းဆွတ်ရဲ့နောက်ကနေ ပန်းရိပ်ဖြူလိုက်သွားခဲ့လိုက်တယ်။
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၂၁ )
akyiphyu
*********
"မင်းသိချင်တာကို ဦးတည်ပြီးမေးမှ...ကျွန်တော်သေချာစဉ်းစားပြီးဖြေနိုင်မှာပေါ့ "
ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူနှုတ်ခမ်းလေးကို တစ်ချက်ကိုက်လိုက်မိပြီး
" ဒီလိုရှင်...ကျွန်မပုံစံက ကြောက်ကြောက်လန့်လန့်နဲ့ပြေးထားတဲ့ပုံစံပေါ်နေလား...အဝတ်အစားတွေကို ဟိုပေါ်ဒီပေါ်ဖြစ်နေလား...ဒါမှမဟုတ် အေးအေးဆေးဆေးလမ်းလျှောက်လာပြီး အိပ်နေတဲ့ပုံစံမျိုးလားမေးတာ "
ပန်းရိပ်ဖြူရဲ့စကားကြောင့် ဘုန်းသိင်္ခ မနက်ကအဖြစ်ကိုပြန်စဉ်းစားလိုက်မိပြီး
" ပြေးထားတဲ့ပုံစံမျိုးတော့ မဟုတ်ဘူး...ခက်တာက ကသစ်မြိုင်ခြံထဲမှာက မြက်ခင်းပြင်ကြီးဖြစ်နေတော့ ခင်ဗျားခြေထောက်ကိုကြည့်ပြီးတော့လဲ မှန်းပြောလို့မရဘူးဖြစ််နေတယ် ...သေချာတာကခင်ဗျားအ6သကောင်ကြီးလိုအိပ်ပျော်နေတာဗျ ...ဘယ်လောက်ပဲအိပ်ရေးကြီးတဲ့လူဖြစ်ပါစေဗျာ....ဒီလိုအခြေအနေမှာနိုးလာမှာပဲသေချာတယ်....ကျွန်တော်ခင်ဗျားကိုပွေ့ချီလိုက်တော့ သတိတောင်လစ်နေပြီ ...ဟိုဗျာ..ခင်ဗျား ဆေးတွေဘာတွေသုံးလား...ညဘက်တွေအိပ်မပျော်လို့ဆေးတွေဘာတွေချပြီးများအိပ်တာလား "
" ဘာ...ဘာရှင့်..ဘာဆေးလဲ...ဘာဆေးချရမှာလဲ..လူကကိုယ့်ဘာသာတောင်ကြောင်တောင်တောင်ဖြစ်နေပါတယ်ဆို ...ရှင့်ပါးစပ်က စကားအကောင်းမပြောတတ်ဘူးလား "
ဘုန်းသိင်္ခရဲ့စကားကြောင့် ပန်းရိပ်ဖြူစိတ်တိုသွားပြီး ထအော်လိုက်တယ်။
" ဟာဗျာ...ခင်ဗျားအော်ပြန်ပြီလား...မဟုတ်ရင်မဟုတ်ဘူးလို့ အေးအေးဆေးဆေးပြောလေ...ဘာလို့အသံပြဲကြီးနဲ့ထထအော်နေတာလဲ..ခင်ဗျားလေ ...အဲ့ဒီအသံကြီးကြောင့် ဒုက္ခရောက်လိမ့်မယ်...စကားပြောရင်သတိထားပြီးပြောစမ့်ပါဗျာ....ခင်ဗျာအဲ့ဒီလိုပြောနေရင် ကျွန်တော်ဘာမှမပြောတော့ဘူး...သွားတော့မယ် "
ဘုန်းသိင်္ခကပြောပြီး နေရာကလှည့်ထွက်ဖို့ပြင်လိုက်တယ်။ဒီအခါမှ ပန်းရိပ်ဖြူလဲကမန်းကတန်း လိုက်တားလိုက်တယ်။
" ခဏနေပါအုံး...ကျွန်မက ဒီလိုပဲပြောတတ်လို့ပါ...ကျွန်မမူးယစ်ဆေးမသုံးပါဘူး .. ကိုယ့်ဘာသာတောင်အလိုလိုနေရင် မူးလိုက်မေ့လိုက်နဲ့ ...ဘာတွေလုပ်လို့လုပ်မိမှန်းမသိဖြစ်နေတာကို ...ရှင်ပြောသလို တကယ်ပဲ ကျွန်မပုံကဆေးသုံးထားတဲ့ပုံပေါက်နေတာလား...ရှင်ကဆေးသုံးဖူးလို့လား "
" ဪ...ယောက်ျားပဲဗျာအနည်းနဲ့အများစမ်းသပ်ဖူးတာပေါ့...ဒါပေမဲ့တကယ်တမ်းကြည့်တော့လဲ ... မင်းပုံစံကဆေးသုံးထားတဲ့ပုံမဟုတ်ပြန်ဘူး...အဲ့ဒီတော့ မင်းကိုပြန်မေးအုံးမယ်...မင်းအိပ်ခါနီးရင်ဘာတွေလုပ်လေ့ရှီလဲ ...ဘာတွေစားတတ်သောက်တတ်လဲ. "
ဘုန်းသိင်္ခရဲ့အမေးကို ပန်းရိပ်ဖြူဖြေဖို့ စဉ်းစားကြည့်လိုက်စဉ်မှာပဲ သူတို့အနားကိုလျှောက်လာတဲ့ စိုင်းမြတ်ကိုတွေ့လိုက်ရတယ်။စိုင်းမြတ်က ဘုန်းသိင်္ခကိုခပ်စူးစူးတစ်ချက်ကြည့်လိုက်ပြီး ပန်းရိပ်ဖြူကိုလှမ်းနှုတ်ဆက်လိုက်တယ်။
" ပန်းရိပ်နေလို့်အဆင်ပြေရဲ့လား...မနက်တုန်းက ကိုယ်လဲ ..အလုပ်ကိစ္စအရေးကြီးတာနဲ့ကမန်းကတန်းထွက်သွားရတယ်..ဖျားသေးလား "
စိုင်းမြတ်ကပြောပြောဆိုဆိုနဲ့ ပန်းရိပ်ဖြူရဲ့နဖူးလေးကိုလှမ်းပြီးစမ်းလိုက်တယ်။စိုင်းမြတ်ရဲ့အပြုအမူကြောင့် ဘုန်းသိင်္ခကို ပန်းရိပ်ဖြူကြည့်လိုက်မိတယ်။ဒီအခါသူမတို့နားကနေ ကျောခိုင်းထွက်သွားတဲ့ဘုန်းသိင်္ခကိုတွေ့လိုက်ရတယ်။
" ပန်းရိပ်ရယ်...ကိုယ်အရမ်းကိုစိတ်ပူသွားတာကွာ...ရှေ့ဆက်ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး....ကိုယ်တော့ ပန်းရိပ်ကိုလုံးဝစိတ်မချတော့ဘူး...မနက်ကဘွားကြေးဥ ရုံးခန်းကိုလာတယ်...ပန်းရိပ်ကိုအနီးကပ်စောင့်ရှောက်ပေးနိုင်မလားလို့်မေးတယ်...စောင့်ရှောက်ပေးနိုင်တယ်လို့်ပြောလိုက်တော့ ...ကိုယ်တို့ကိုစေ့စပ်ပေးထားမယ်လို့် ဘွားကြေးဥကပြောတယ်..."
" ရှင်...အဘွားက ပန်းရိပ်ကို ဘာမှလဲ မပြောဘူး "
ပန်းရိပ်ဖြူအံ့ဩသွားမိကာပြောလိုက်တယ်။
" အင်း ....ဒီညမှပြောမယ်ထင်တယ်....ပန်းရိပ်က သဘောမတူလို့်လား ... ကိုယ့်ကိုပြောပါအုံး...ကိုယ်ကတော့ ကိုယ်တို့စေ့စပ်လိုက်ရင် ပန်းရိပ်ကိုပိုပြီးစောင့်ရှောက်ပေးလို့ရတာမို့ သဘောတူလိုက်တယ်....လက်ထပ်တာကတော့ ပန်းရိပ်ဘက်ကလက်ထပ်ချင်တဲ့နေ့မှ ကိုယ်တို့လက်ထပ်ကြမယ်လေ ....ဘယ်လိုလဲ ပန်းရိပ်သဘောတူရဲ့လားကွာ...ပန်းရိပ်သဘောတူမှရှေ့ဆက်ချင်တယ် "
စိုင်းမြတ်ကပန်းရိပ်ဖြူရဲ့မျက်နှာလေးကို တည့်တည့်စိုက်ကြည့်ပြီးပြောလိုက်တယ်။
စိုင်းမြတ်ရဲ့အမေးကို ပန်းရိပ်ဖြူဖြုန်းခနဲမဖြေနိုင်ဘဲ တွေဝေနေမိပြီးမှ စိုင်းမြတ်ကိုမော့ကြည့်လိုက်မိတယ်။ဒီအခါ သူမမျက်နှာကိုရွှန်းရွှန်းစားစားစိုက်ကြည့်နေတဲ့ စိုင်းမြတ်ရဲ့အကြည့်တွေနဲ့ဆုံသွားရတာမို့ ရှက်ပြီးခေါင်းလေးကိုပြန်ငုံ့ထားလိုက်မိတယ်။
" ပြောပါအုံး ပန်းရိပ်ရယ်...ကိုယ်ဝမ်းသာရမှာလားဟင်...ကိုယ်တော့ ပန်းရိပ်နားမှာနေပြီး ...ပန်းရိပ်ကိုစောင့်ရှောက်ပေးချင်တယ်ကွာ "
" ဟို...ဟိုလေ..ပန်းရိပ်ကိုရူးနေတယ်လို့် လူတွေကထင်နေကြတာလေ...ပန်းရိပ်ကိုလက်ထပ်ရမှာကိုမရှက်ဘူးလားဟင်... "
အဘွားဖြစ်သူရဲ့စကားအဆုံးမှာ မီးဖိုခန်းဘက်ဆီကို ပန်းရိပ်ဖြူ လျှောက်လာခဲ့လိုက်တယ်။
~~~~~~~~
" ကျွန်မကိုစတွေ့တော့ ဘယ်လိုပုံစံမျိုးဖြစ်နေတာလဲ ...အဝတ်အစားတွေ ဖရိုဖရဲဖြစ်နေလား ..."
ပန်းရိပ်ဖြူက သူမသိချင်တာကိုမေးလိုက်တယ်။
" ဟို...ဖြုန်းခနဲဆိုတော့ လန့်သွားပြီးတော့ သေချာမကြည့်လိုက်မိပါဘူးမမလေး...ဟို....ဟို...မမလေးကို ရန်ကုန်ကဧည့်သည်ကောင်လေးက ....ပွေ့ချီသွားတာဆိုတော့သူကပိုသိမလားမသိဘူး "
" ဘယ်လို ...ကျွန်မကိုအိမ်ထဲကိုပွေ့ချီခဲ့တဲ့သူက.... ကားဂိုထောင်အပေါ်ထပ်မှာနေတဲ့ ဧည့်သည်လား...ဟုတ်လား...အဲ့ဒီအချိန်မှာ ကိုစိုင်းမြတ်မလာဘူးလား "
ပန်းရိပ်ဖြူအလိုမကျစွာနဲ့ထပ်မေးလိုက်မိတယ်။
" မောင်စိုင်းမြတ်က လာတော့လာပါတယ်...ဒါပေမဲ့သူကနောက်ကျမှာရောက်လာလို့ပါ "
ထမင်းချက်ကြီးကို သူမသိချင်တာကိုမေးပြီးတော့ ပန်းရိပ်ဖြူထမင်းစားခန်းမှာဝင်ထိုင်နေလိုက်တယ်။တစ်နေ့တစ်နေ့ သူမကိုယ်တိုင်မလုပ်မိပါဘဲ ဖြစ်နေတဲ့ကိစ္စတွေအတွက် စိတ်ထဲရှုပ်ထွေးနေမိတယ်။
~~~~~~~~~~~~
" ကိုဘုန်းသိင်္ခ "
ရုတ်တရက်ထွက်ပေါ်လာတဲ့ ခေါ်သံကြောင့် ဘုန်းသိင်္ခလှည့်ကြည့်လိုက်မိတော့ ကားဂိုထောင်နဲ့မလှမ်းမကမ်းမှာထိုင်နေတဲ့ ပန်းရိပ်ဖြူကိုတွေ့လိုက်ရတယ်။
" မမလေးပါလား...ဘယ်လိုလဲအခြေအနေကောင်းသွားပြီလား "
ဘုန်းသိင်္ခ သူမနားကိုလျှောက်သွားရင်းနဲ့မေးလိုက်တယ်။
" အင်း ..အဆင်ပြေပါတယ်.....ရှင့်ကိုမေးစရာရှိလို့် "
" မေးလေ...ဘာမေးမှာလဲ...ကျွန်တော်သိတာဆိုရင်တော့ ဖြေပေးမှာပေါ့ "
" ရှင် မနက်တုန်းက ကျွန်မကိုအိမ်ထဲခေါ်သွားပေးတာဆို.....အဲ့ဒီတုန်းက ကျွန်မပုံစံကဘယ်လိုဖြစ်နေလဲ..."
" မင်းပုံစံဟုတ်လား...ဘာပုံစံကိုပြောတာလဲ...မင်းကဘာကိုသိချင်တာလဲ "
ဘုန်းသိင်္ခမေးလိုက်ရင်းနဲ့ ပန်းရိပ်ဖြူရဲ့မျက်နှာကိုအကဲခတ်လိုက်တယ်။
==================================
အပိုင်း(၂၁ )ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
စာရေးသူ A Kyi Pnyu
#စံအိမ်ခေါ်သံ
( စ/ဆုံး )Links
၁
https://www.facebook.com/100067151540690/posts/714518460796532/
J
https://www.facebook.com/100067151540690/posts/714518804129831/
၃
https://www.facebook.com/100067151540690/posts/714519084129803/
၄
https://www.facebook.com/100067151540690/posts/714519330796445/
၅
https://www.facebook.com/100067151540690/posts/714519684129743/
၆
https://www.facebook.com/100067151540690/posts/714519970796381/
၇
https://www.facebook.com/100067151540690/posts/714520240796354/
၈
https://www.facebook.com/100067151540690/posts/714520624129649/
၉
https://www.facebook.com/100067151540690/posts/714520907462954/
၁ဝ
https://www.facebook.com/100067151540690/posts/714692707445774/
၁၁
https://www.facebook.com/100067151540690/posts/715256760722702/
၁၂
https://www.facebook.com/100067151540690/posts/715786084003103/
၁၃
https://www.facebook.com/100067151540690/posts/716328087282236/
၁၄
https://www.facebook.com/100067151540690/posts/716803847234660/
၁၅
https://www.facebook.com/100067151540690/posts/717847167130328/
၁၆
https://www.facebook.com/100067151540690/posts/718315917083453/
၁၇
https://www.facebook.com/100067151540690/posts/718868757028169/
၁၈
https://www.facebook.com/100067151540690/posts/719410156974029/
၁၉
https://www.facebook.com/100067151540690/posts/719932463588465/
" ဟုတ်လား ...အလွမ်းမသိဘူး ကိုဘုန်းရဲ့...အင်းလေ..အလွမ်းကအလုပ်သမားတစ်ယောက်ပဲဟာ...နေရာတကာတိုင်း အလွမ်းကိုဘယ််လာပြီး ပြောပြနေမှာလဲလေ...ဒါပဲနော်ကိုဘုန်း ...အလွမ်း စာရင်းလေးစစ်စရာရှိလို့် သွားလိုက်အုံးမယ်နော် ...."
ဘုန်းသိင်္ခကို နှုတ်ဆက်ပြီးတော့ အလွမ်းဆွတ်ထွက်လာခဲ့လိုက်တယ်။စိတ်ထဲမှာတော့ ဘုန်းသိင်္ခပြောလိုက်တဲ့စကားတွေကို ထပ်တလဲလဲကြားယောင်နေမိပြီး စိတ်ထဲမှာဝမ်းနည်းသလိုလိုနာကျင်နေမိသလိုလိုခံစားနေရတယ်။တကယ်ဆိုရင် သူမဘွဲ့ရပြီးကတည်းက ကြီးတော်ဖြစ်သူရဲ့လုပ်ငန်းတွေမှာ ကူညီလုပ်ကိုင်ပေးခဲ့ရတာလေ။ရေတံခွန်တောင်မှာ အပန်းဖြေစခန်းဖွင့်နိုင်ဖို့အတွက်လဲ သူမပဲအစစအရာရာ ဦးဆောင်ကြိုးစားခဲ့ရတာလေ။တကယ်တမ်း ဒီနေရာကိုအမွေဆက်ခံရမဲ့ ပန်းရိပ်ဖြူကအပန်းဖြေစခန်းကို အပျော်သဘောနဲ့ပဲအလည်အပတ်လာခဲ့တာပဲရှိခဲ့တာ။နေမအားညမအိပ်ကြိုးစားခဲ့ရတဲ့သူက အလွမ်းဆွတ်ဆိုတဲ့သူမပဲလေ။အခုတော့ အာလုံးပြင်ဆင်လို့ပြီးခါနီးမှပဲ သုမကိုဘေးဖယ်ပြီး ဘာမှမလုပ်တတ်မကိုင်တတ်တဲ့သူကို လက်လွှဲပေးမယ်ဆိုတော့ အလွမ်းဆွတ်ရင်ထဲမှာ မခံချင်စိတ်နဲ့အတူ ရင်ထဲဆို့နင့်သွားမိတယ်။
~~~~~~~~~~~
ပန်းရိပ်ဖြူသတိဝင်လာတာနဲ့ဖျတ်ခနဲထထိုင်လိုက်မိတယ်။
" သမီး...ပန်းရိပ်နိုးပြီးလား ...သက်သာရဲ့လား "
ပန်းရိပ်ဖြူထထိုင်လိုက်ချိန်မှာပဲ အသံနဲ့အတူ ခုတင်ဘေးကိုရောက်လာတဲ့ မိခင်ကြီးတွေ့လိုက်ရတယ်။မိခင်ကြီးကို ကြည့်လိုက်မိရင်း နေရာအနှံ့ကို ပန်းရိပ်ဖြူလိုက်ကြည့်မိလိုက်ပြီး
" အမေ...ပန်းရိပ်ဘာဖြစ်တာလဲ ...ဒီ...ဒီနေရာကအဘွားရဲ့ အိမ်မဟုတ်လား ...အဘွားရဲ့တိုက်ကိုပန်းရိပ်ဘယ်လိုရောက်လာတာလဲ...အခုဘယ်နှစ်နာရီထိုးပြီလဲ အမေ "
ပန်းရိပ်ဖြူမှာ သူမရောက်နေတဲ့ အခန်းထဲကိုလှည့်ပတ်ကြည့်လိုက်ပြီး ထိတ်ထိတ်လန့်လန့်နဲ့မေးလိုက်မိတယ်။
" သမီးညတုန်းက ယောင်ပြီးလမ်းထလျှောက်လို့ အဘွားရဲ့တိုက်ကိုရောက်နေတာလေ...ညတုန်းက အလုပ်သမားတွေက နောက်ဖေးတံခါးကို သော့မခတ်မိကြဘူးးလေ...ဘာမှမဖြစ်လို့တော်သေးတာပေါ့ကွယ် ...အအေးပက်သွားတော့ ဖျားမှာစိုးတာနဲ့ဆရာကြီးကိုပင့်ပြီး ဆေးတော့ထိုးလိုက်ရတယ်...အခုနေသာရဲ့လားသမီး ...ခေါင်းတွေဘာတွေကိုက်နေသေးလား "
" ရှင်...အဘွားရဲ့တိုက်နားကိုတောင်ရောက်နေတာလားအမေ...သမီးကိုဘယ်သူအရင်တွေ့တာလဲ "
" သမီးအဘွားရဲ့ထမင်းချက်ကအရင်တွေ့တာလေ....သမီးအခုခေါင်းတွေဘာတွေကိုက်နေလားပြောပါအုံး ..ညတုန်းက မဇာယုကို အားဆေးဖျော်ပြီးပို့ခိုင်းလိုက်တာကို ပို့ပေးရဲ့လားကွယ်...အဲ့ဒီအားဆေးသောက်မှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှာ...နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှလဲ ယောင်ပြီးလမ်းထလျှောက်တာမျိုးကိုမလုပ်မိမှာလေသမီးရယ်."
" ဟုတ်ကဲ့ လာတိုက်ပါတယ်အမေ...ပန်းရိပ်လဲသောက်လိုက်ပါတယ်အမေရယ်...ပြီးတော့ ခေါင်းလဲမကိုက်ပါဘူးအမေ..နည်းနည်းတော့နုံးသလိုဖြစ်နေတယ်..အခုဘယ်အချိန်ရှိပြီလဲဟင် အမေ "
" အင်း ..နေ့လယ်တစ်နာရီထိုးပြီးလေ...သမီးသက်သာရင် အမေရွှေဆိုင်တန်းဘက်ခဏသွားလိုက်အုံးမယ်...အခုဘယ်လိုနေသေးလဲပြောပါအုံး...ပြီးတော့ လမ်းထလျှောက်တာကိုရောမှတ်မိလားသမီး "
ဒေါ်ပန်းမြိုင်က သမီးဖြစ်သူရဲ့မျက်နှာကို သေချာစူးစိုက်ကြည့်ပြီး ထပ်မေးလိုက်တယ်။
"အခုသက်သာပါတယ်အမေ...လမ်းထလျှောက်တာကိုတော့မမှတ်မိဘူးအမေ...ညတုန်းကသမီးအိပ်မက်မက်တယ်...အိပ်မက်ထဲမှာ ဟိုအမျိုးသမီးကိုတွေ့တယ်...သူကသမိးကိုမောင်းထုတ်နေတာအမေရဲ့...သူမောင်းထုတ်တော့ သမီးလဲကြောက်ပြီး ထွက်ပြေးခဲ့တာလေ ...အိပ်မက်မက်ရင်းနဲ့အပြင်ကိုပြေးလာမိတာထင်ပါတယ်အမေရယ်...သမီးကဘာလို့အဲ့ဒီအမျိုးသမီးကိုအိပ်မက်မက်နေရတာလဲ မသိဘူးနော်....သူ့ကဘာလို့သမီးကိုလိုက်ခြောက်နေရတာလဲ...မသိရင် သူ့ကိုသမီးကပဲ သ**တ်လိုက်တာကျနေတာပဲ "
" အို...သမီးဘယ်လိုပြောလိုက်တာလဲကွယ်...သမီးဒီလိုတွေအိပ်မက်မက်နေတယ်ဆိုတာကလေ..သရဲစာအုပ်တွေဖတ်ပြီး သရဲကားတွေကြည့်နေတော့စိတ်စွဲပြီး မက်တာပါကွယ်...အဲ့ဒါတွေမတွေးနဲ့တော့ ကြားလား...သမီးရဲ့မွေးနေ့ကိုအပန်းဖြေစခန်းမှာကျင်းပဖို့ သမီးအဖေကခွင့်ပြုပေးလိုက်ပြီ... အပန်းဖြေစခန်းမှာသမီးစိတ်ကြိုက်ပြင်ဆင်လို့ရတယ်တဲ့...သမိးကိုကူညီဖို့အတွက် မောင်ဘုန်းသိင်္ခကိုပြောပြီးပြီ .. ဒါပေမဲ့ အပန်းဖြေစခန်းကိုတစ်ယောက်တည်းတော့မသွားရဘူးနော်..ပြီးတော့ သမီးရဲ့လုံခြုံရေးအတွက် အောင်မောင်းတို့အဖွဲ့ကလဲ အပန်းဖြေစခန်းမှာရှီမယ်နော် "
" အမေရယ် ...အောင်မောင်းတို့ပါလဲ ဘာမှတော့မထူးပါဘူး ...အမေသွားစရာရှိရင်သွားပါ...သမီးအဘွားတို့ဆီမှာပဲ ထမင်းစားလိုက်မယ်နော်...အဘွားရှိတယ်မဟုတ်လား "
" မနက်ကအပြင်ထွက်သွားတာ...ခုနပြန်ရောက်ပြီထင်တယ်....အသံကြားတယ်...အမေသွားတော့မယ်နော် "
" ဟုတ်ကဲ့ပါ ...အမေ "
မိခင်ဖြစ်သူထွက်သွားတာနဲ့ ပန်းရိပ်ဖြူလဲအခန်းထဲကထွက်လာခဲ့လိုက်တယ်။
" မြေးလေးပန်းရိပ် ...နိုးပြီးလား...သက်သာရဲ့လား...ခေါင်းတွေဘာတွေကိုက်နေသေးလားကွယ် "
ဘွားကြေးဥက မြေးဖြစ်သူထွက်လာတာကိုမြင်တော့ လှမ်းပြီးမေးလိုက်တယ်။
" သက်သာပါတယ် အဘွား...ဒါနဲ့ သမီးကို ဘယ်သူအရင်တွေ့တာလဲဟင် ..."
"ထမင်းချက်က အရင်တွေ့တာလေ သမီးရဲ့ ..."
မပြောကောင်းမဆိုကောင်းသမီးလေးတစ်ခုခုဖြစ်သွားရင်လဲ ...သူတို့တွေ ဘာတစ်ခုမှမရနိုင်မှန်းသိသိနဲ့ဘာလို့ဒီလိုတွေလုပ်နေတာလဲဆိုတာကိုအမေသိလား....ဘာလို့လဲဆိုတော့ ယောက္ခကြီးရဲ့အမွေတွေကို ကျွန်တော်တို့ကိုမရစေချင်လို့်လေ...ဟိုနေ့ကပဲ ဒေါ်လေးဒေါ်စောမြိုင် ...ကသစ်မြိုင်ကိုလာသွားတယ်တဲ့...ကျွန်တော်ထင်တယ်... ဒီပုံအတိုင်းဆိုရင် မကြာခင်မှာ အမေ့တူနဲ့တူမလဲ အမွေစကားကိုပြောလာကြလိမ့်မယ် ...အမေလဲသူတို့အတွက်ခွဲဝေပေးတာပဲဖြစ်ဖြဖြစ်တစ်ခုခုစီစဉ်ပါတော့ ..ကြာရင် ကျွန်တော်တို့သမီးမှာပဲ... ရန်သူတွေများလာလိမ့်မယ် "
" အိုကွယ် ...မဖြစ်နိုင်တာပဲ..လှထွန်းနဲ့ကြာဖြူတို့က ဒီလိုစိတ်မရှိပါဘူး...သူတို့အတွက်လဲထိုက်သင့်သလောက်တော့ပေးရမှာပေါ့...ဒါပေမဲ့ အတွင်းပစ္စည်းတွေနဲ့ လုပ်ငန်းတွေကိုတော့ မြေးနှစ်ယောက်အတွက်ပဲ ...အားလုံးကိုလဲ စီစဉ်ထားပြီးသားပဲ...တစ်ခုတော့ကြိုပြောထားလိုက်မယ်...ငါမရှိတော့တဲ့အခါ....ငါ့မြေးအငယ်လေးအတွက်တော့ စိတ်ချရတဲ့နေရာမှာ အပ်ထားခဲ့မယ်...."
မိခင်ကြီးရဲ့စကားကြောင့် ဦးဘိုထွန်းသက်ပြင်းကို ချလိုက်မိတယ်။
" အမေ့သဘောပါပဲ အမေ...ကျွန်တော်ပွဲရုံဘက်သွားလိုက်အုံးမယ်...မြိုင်ကတော့ သမီးသတိရတဲ့အထိနေလိုက်ပါအုံး...."
" ဟုတ်ကဲ့ပါ ကိုထွန်း...အမေလဲသွားစရာရှိရင်သွားပါ ...ကျွန်မဒီနေ့အပြင်မသွားတော့ပါဘူး...သမီးလေးနားမှာပဲနေလိုက်ပါမယ် "
ဒေါ်ပန်းမြိုင်က ပြောပြီးတာနဲ့သမီးဖြစ်သူ အိပ်နေတဲ့အခန်းဆီကို ဝင်လာခဲ့လိုက်တယ်။ဧည့်ခန်းထဲမှာတော့ ဘွားကြေးဥနဲ့ဒေါ်စောရီတို့ပဲကျန်ခဲ့တော့တယ်။
" စောရီ ...ငါ့တို့ရုံးခန်းသွားကြရအောင်...ပြီးတော့ မောင်စိုင်းမြတ်ဆီကိုဖုန်းဆက်ထားလိုက်..."
" ဟုတ်ကဲ့ပါ မေမေကြီး "
ဒေါ်စောရီက ဘွားကြေးဥရဲ့စကားကိုရိုရိုသေသေပြန်ဖြေလိုက်တယ်။
~~~~~~~~~~~~~~~
" ကြည့်ရတာ ...ညတုန်းကအလွမ်းတို့ တိုက်ကြီးမှာ တံခါးသော့မခတ်မိတာလား....ဒါမှမဟုတ်... တခြားအကြောင်းတစ်ခုခုများရှိနေတာလား "
ဘုန်းသိင်္ခကအလွမ်းဆွတ်ကိုကြည့်ပြီးပြောလိုက်တယ်။
" ဟုတ်တယ် ကိုဘုန်သိင်္ခ....ညတုန်းက နောက်ဖေးတံခါးကိုသော့မခတ်မိတာလေ...မနက်တုန်းကနောက်ဖေးတံခါးတွေပွင့်နေတယ်လေ...ဘာမှမဖြစ်လို့်တော်သေးတာပေါ့ရှင်....အလွမ်းလဲ အရင်ညတွေတုန်းကတော့ အိပ်ခါနီးတိုင်းတံခါးတွေကိုလိုက်စစ်နေကြပါ...ညတုန်းကမှအလုပ်လုပ်နေရင်းနဲ့အိပ်ပျော်သွားလို့လေ "
" ဒါကတော့ဖြစ်တတ်ပါတယ်လေ...အလွမ်းလဲပင်ပန်းတယ်လေ...ဒါက တကယ်ဆိုရင်အိမ်ကအလုပ်သမားတွေသတိထားရမှာလေ ...ဒါနဲ့အလွမ်းတို့သခင်မလေးက ဆေးထိုးဆေးသောက်နေရဲ့သားနဲ့ မသက်သာဘူးလား ....အရင်ကလဲဒီလိုအမြဲဖြစ်နေကြလား "
ဘုန်းသိင်္ခက အလွမ်းဆွတ်ကို မေးကြည့်လိုက်တယ်။
" အင်း...အခုလပိုင်းထဲပိုပြီးသက်သာလာတယ်လို့ပြောရမှာပါကိုဘုန်း...အရင်ကဆိုရင် သူ့အခန်းထဲကို ဘယ်သူမှဝင်တာလဲမကြိုက်ဘူး...အပြင်သွားရင်လဲ..သူနဲ့ပြဿနာဖြစ်တဲ့သူမှန်သမျှကို... ဆိုင်ကယ်နဲ့တို-က်တာ ..ကားနဲ့တို*က်တာတွေလုပ်တတ်လို့ ...အိမ်မှာမကြာခဏအခန်းပိတ်ထားရတာလေ...ကိုဘုန်းတို့ရောက်လာပြီးနောက်ပိုင်းမှ ငြိမ်သွားတယ်ပြောရမှာ ....အိမ်မှာလဲအရင်လိုသိပ်ပြီးမသောင်းကျန်တော့ဘူးလေ..."
" ဪ..ဟုတ်လား ...ဒါဆိုသက်သာလာတာပေါ့ ..ငယ်ငယ်ရွယ်ရွယ်နဲ့အခုလိုဖြစ်နေတာစိတ်မကောင်းစရာပဲဗျာ...တကယ်လို့များအိမ်ထောင်ပြုလို့ အိမ်ထောင်ဖက်ကောင်းနဲ့တွေ့ရင်တော့ တော်သေးတာပေါ့ဗျာ...မဟုတ်ဘဲ လူလိမ်လူညာနဲ့တွေ့ရင်တော့ ...သူ့ဘဝကသနားစရာပဲ...ဒီလိုဆိုတော့လဲ သူ့ဘဝက ကျွန်တော်တို့လိုဆင်းရဲသားငမွဲအလုပ်သမားတွေလောက်တောင် ပျော်စရာမကောင်းပါလားဗျာ...သူ့ဘတဝကလဲသူဌေးသမီးတစ်ယောက်ဖြစ်ပြီး လူဖြစ်ရတာလဲမတန်ပါလား ..."
ဘုန်းသိင်္ခက စိတ်ပျက်လက်ပျက်နဲ့ညည်းညူပြောဆိုလိုက်တော့ အလွမ်းဆွတ်က ဘုန်းသိင်္ခကို ကြည့်လိုက်ပြီး
" အရာအားလုံးကိုတော့ အလွမ်းတို့မသိနိုင်ပါဘူးကိုဘုန်း...အထူးသဖြင့် လူ့စိတ်ပေါ့...ပန်းရိပ်ဖြူမှာ ရန်သူတွေဘယ်လောက်ပဲများများ ...လူတွေကိုလက်ညှိုးထိုးပြီးခိုင်းနေရတာကို သူပျော်နေတယ်လေ...ခုနေများတစ်ယောက်ယောက်က ...သူ့ဘဝကိုသနားလို့... နေရာချင်းလဲပေးမယ်လို့်ပြောကြည့်ရင် သူလက်ခံမယ်လို့ ကိုဘုန်းထင်လား ...အလွမ်းတော့မထင်ပါဘူး...တကယ်လို့သာ သူဒီဘဝကြီးကိုမနှစ်သက်ရင် ...အဝေးဆုံးကိုပြေးလို့ရတာပဲလေ...ကိုဘုန်းကသာ သူ့ကိုသနားနေပေမဲ့သူကသူ့ဘဝကို ကျေနပ်နှစ်သက်နေတဲ့သူလေ...သူ့မှာချမ်းသာတဲ့ဘိုးဘွားမိဘတွေရှိတဲ့အတွက် သူလိုချင်တာကိုရနေနိုင်တဲ့သူလေ "
" ဪ...ဒီလိုလား...မသိပါဘူးဗျာ ...ဒါနဲ့ကျွန်တော့်ကို မမလေးရဲ့မွေးနေ့ပွဲအတွက်... ပြင်ဆင်ခိုင်းမယ်လို့ပြောတယ်...အဲ့ဒီကိစ္စကိုအလွမ်းသိလား "
ဘုန်းသိင်္ခရဲ့စကားကြောင့် အလွမ်းဆွတ်အံ့ဩသွားရပြီး
" ဟင့်အင်း မသိဘူးလေ...ဘာမှမပြောဘူး...ဒါနဲ့မွေးနေ့ပွဲကိုဘယ်မှာလုပ်မှာတဲ့လဲ ကိုဘုန်း "
" ဟင်...အလွမ်းလုံးဝမသိတာလား...ဒီအပန်းဖြေစခန်းမှာလုပ်မှာတဲ့လေ ...ဧည့်သည်တွေများလို့ ကသစ်မြိုင်မှာက နေရာကျဉ်းလို့်တဲ့လေ "
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၂၀ )
akyiphyu
*********
ဒေါ်စောရီမှာ မျက်စိရှေ့ကမြင်ကွင်းကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်ကာ တိုက်ပုလေးထဲကို ပြန်ပြေးဝင်လာခဲ့တယ်။
" ဟာ "
မြက်ခင်းပြင်ပေါ်မှာလဲကျနေတဲ့ ပန်းရိပ်ဖြူကိုကြည့်ပြီး ဘုန်းသိင်္ခရဲ့မျက်လုံးအစုံကပြူးကျယ်သွားခဲ့ရတယ်။ဘုန်းသိင်္ခတုန်တုန်လှုပ်လှုပ်နဲ့မြက်ခင်းပြင်ပေါ်ထိုင်ချလိုက်ပြီး ပန်းရိပ်ဖြူရဲ့နှာခေါင်းဝက်ိုလက်နဲ့အသာတေ့ကြည့်လိုက်တယ်။နှာသီးဖျားဝက အသက်ရှူထုတ်လိုက်တဲ့ အသက်ရှူငွေ့က ဘုန်းသိင်္ခရဲ့လက်ကိုလာရောက်ထိတွေ့လိုက်တဲ့အငွေ့အသက်ကိုခံစားလိုက်ရတော့မှ ဘုန်းသိင်္ခရင်ထဲကအပူလုံးကြိးကျသွားရပြီး ပန်းရိပ်ဖြူကိုပွေ့ချီလိုက်တယ်။၊ဒီအချိန်မှာပဲ အခင်းဖြစ်တဲ့နေရာကို စိုင်းမြတ်ရောက်ရှိလာခဲ့ပြီး
" ဟာ..ပန်းရိပ် ...ပန်းရိပ်ဘာဖြစ်တာလဲ "
စိုင်းမြတ်ကပြောပြောဆိုဆိုနဲ့ ဘုန်းသိင်္ခကိုတွန်းဖယ်ပြီး ပန်းရိပ်ဖြူကိုပွေ့ချီဖို့ကြိုးစားလိုက်တယ်။သို့ပေမဲ့ ဘုန်းသိင်္ခက စိုင်းမြတ်ကို ပြန်တွန်းဖယ်လိုက်ပြီး ပန်းရိပ်ဖြူကိုပွေ့ချီကာ ဘွားကြေးဥရဲ့တိုက်ပုလေးထဲကိုဝင်သွားလိုက်တယ်။ဒီအချိန်မှာပဲ ဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်တို့အနားကိုရောက်ရှိလာခဲ့ကြတယ်။
" သမီး...သမီးပန်းရိပ်..ဘာဖြစ်တာလဲ ...."
ဒေါ်ပန်းမြိုင်မှာ အထိတ်တလန့်အော်ဟစ်ပြောဆိုရင်းနဲ့ တိုက်ထဲကိုပြေးလိုက်ဝင်သွားခဲ့တယ်။
~~~~~~~~~~~~~~~~
" မြေးလေး...မြေးလေးဘာဖြစ်တာလဲ...ငါ့မြေးလေးဘာဖြစ်တာလဲ..သတိမရဘူးလား "
ဘွားကြေးဥကအထိတ်တလန့်မေးလိုက်ရင်းနဲ့မြေးဖြစ်သူနားကို ဝှီးချဲလ်ကိုတွန်းခိုင်းလိုက်တယ်။
" အအေးပက်သွားတာပါ....မကြာခင်သတိပြန်ရလာမှာပါ..အခုတော့ သူ့ကိုနွေးသွားအောင်အရင်လုပ်ပေးရမယ်....သူ့အဝတ်အစားတွေကို အရင်လဲပေးရမယ်..အဝတ်အစားတွေထုတ်လာခဲ့ပါ "
" သမီး..သမီးပန်းရိပ်...မဇာယု..အောင်မောင်း..နင်တိုဘာလုပ်နေကြတာလဲ...သမီးကိုလာခေါ်ကြလေ..ကိုထွန်းဆရာဝန်ကြီးဆီဖုန်းဆက်ပါအုံး..."
ဒေါ်ပန်ူးမြိုင်ကအူယားဖားယားပြောရင်းနဲ့ သမီးဖြစ်သူရှိရာကို ပြေးဝင်လာခဲ့တယ်။ကျန်တဲ့အလုပ်သမားတွေကတော့ ဘွားကြေးဥရဲ့တိုက်ထဲကို ဖြုန်းခနဲမဝင်ရဲဘဲဖြစ်နေခဲ့ကြတယ်။
" မောင်ဘုန်းသိင်္ခ မင်းဘာလုပ်နေတာလဲ..မင်းဖယ်ပေးပါ..သမီးကို ကသစ်မြိုင်တိုက်ထဲကိုခေါ်သွားရမယ်....ဟိုမှာဆရာဝန်လဲခေါ်ထားတယ်...သမီး..သမိးလေးအဆင်ပြေရဲ့လားကွယ် "
ဒေါ်ပန်းမြိုင်က 6သွးရူး6သွးတန်းနဲ့ပြောရင်း သမီးဖြစ်သူကိုအတင်းပွေ့ချီလိုက်တယ်။
" အန်တီ...စိတ်ကိုထိန်းပါအုံး...သူဘာမှမဖြစ်ပါဘူး...အအေးပက်သွားတာပါ..ပြီးတော့ခုကအိပ်ပျော်နေတာပါ ..မကြာခင်ပြန်နိုးလာပါလိမ့်မယ်..သူနိုးမှပဲကသစ်မြိုင်တိုက်ကြီးပေါ်ကိုခေါ်သွားလိုက်ပါ...အခုတော့သူအိပ်ပျော်နေတာက ပိုကောင်းပါတယ်..သူ့ကိုအဝတ်အစားတွေတော့ အမြန်လဲပေးလိုက်ပါအုံး "
ဘုန်းသိင်္ခပြောပြီးတာနဲ့အပြင်ကိုပြန်ထွက်လာခဲ့လိုက်တယ်။အခန်းပြင်ကိုရောက်တော့ ဦးဘိုထွန်းနဲ့တည့်တည့်တိုးသွားခဲ့တယ်။
" ဟေ့ မောင်ရင်...သမီးဘာဖြစ်တာလဲ "
ဦးဘိုထွန်းက လက်ထဲကဖုန်းကိုချလိုက်ပြီး ဘုန်းသိင်္ခကိုမေးလိုက်တယ်။
" အိပ်ပျော်နေတာပါအန်ကယ်....အိပ်ရာကနိုးလာရင်တော့ အအေးပက်ပက်တဲ့အရှိန်ကြောင့် ဖျားလိမ့်မယ်ထင်တယ်...ကျွန်တော်လဲအော်သံကြားလို့ အားကစားလုပ်နေရာက ပြေးလာလိုက်တာ...သူဘယ်လိုဖြစ်ပြီး ခြံထဲမှာလာအိပ်နေတာလဲဆိုတကိုတော့ ကျွန်တော်လဲမသိပါဘူး "
" ဪ ...အေး...အေး...ကျေးဇူးပါပဲမောင်ရင်..."
ဦးဘိုထွန်းက ဘုန်းသိင်္ခကိုကျေးဇူးတင်စကားပြောပြီးတော့ သမီးဖြစ်သူရှိရာအခန်းထဲကို အမြန်ဝင််သွားလိုက်တယ်။
~~~~~~~~~~~~
" ဘယ်လိုဖြစ်ရတာလဲ ပန်းမြိုင်.,..ညည်းတို့ တိုက်တံခါးကိုမပိတ်ထားဘူးလား ... အောင်မောင်းတို့မောင်မြတို့ကရော ခြံထဲကို မစစ်ဆေးဘူးလား...ဘာလဲ မင်းတို့ကခြံလုံခြုံရေးဆိုပြီး ခြံဝကနေအိပ်ပြီး ကင်းစောင့်နေကြတာလား ပြောကြစမ်း....ကံကောင်းလို့ဘာမှမဖြစ်တာ...ဒီပုံအတိုင်းဆိုရင် လူဟောင်းတွေကိုအလုပ်ဖြုတ်ပြီး ...လူသစ်တွေပဲခန့်ရမှာပဲ ..ဘိုထွန်း မင်းတို့လဲ မြေးလေးကိုတာဝန်မယူနိုင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်းပြော...ငါ့မြေးကိုငါ့တိုက်မှာပဲခေါ်ထားလိုက်မယ်...လိုအပ်တဲ့အလုပ်သမားတွေလဲထပ်ခန့်မယ် "
မိခင်ကြီးရဲ့စကားကြောင့် ဦးဘိုထွန်းကသက်ပြင်းကိုချလိုက်ပြီး အလုပ်သမားတွေအားလုံးကို သူ့နေရာသူပြန်ခိုင်းလိုက်တယ်။ပြီးတော့မှ မိခင်ဖြစ်သူကိုကြည့်လိုက်ပြီး
" ကသစ်မြိုင်ကို သမီးပြန်ရောက်လာတာ ရှစ်နှစ်ရှိပါပြီအမေ...ညက တစ်ညပဲတိုက်တံခါးကိုသော့မပိတ်မိတာပါ....သမီးကိုအမေ့အိမ်မှာထားပြီး အလုပ်သမားအသစ်ခန့်တာက လွယ်ပါတယ်အမေ....ဒါပေမဲ့ ဘွားကြေးဥရဲ့မြေး...ဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်တို့ရဲ့သမီးကစိတ်ကျန်းမာရေးသိပ်မကောင်းဘူးဆိုပြီး သတင်းတွေပျံ့ချင်လို့လား အမေ...ပြီးတော့ ဒီအချိန်မှာသမီးကိုအကောက်ကြံချင်နေတဲ့သူတွေကဝိုင်းနေတာပါ.....မကောင်းကြံချင်နေသူတွေက ...
မည်းမည်းသဏ္ဌာန်ကြီးဆီက6သွးပျက်ချောက်ချားစရာအသံကြီးကိုကြားလိုက်ရတော့ ပန်းရိပ်ဖြူရှိသမျှအင်းအားတွေကိုစုစည်းပြီးတော့ အတင်းကုန်းရုန်းထကာပြေးထွက်လာခဲ့မိတယ်။
~~~~~~~~~~~~~~
" အမယ်လေး "
မနက်အရုဏ်ဦးအလင်းရောင် ပေါ်ထွက်လာကာစအချိန်မှာပဲ ကသစ်မြိုင်ခြံကြီးရဲ့တစ်နေရာမှ အထိတ်တလန့်နဲ့အော်ဟစ်လိုက်တဲ့ အော်သံနက်ကြီးထွက်ပေါ်လာခဲ့တယ်။
အော်သံကြီးကြောင့် ကသစ်မြိုင်ခြံဝန်းထဲကလူအားလုံးလိုလို အော်သံထွက်ပေါ်လာရာဆီကိုအပြေးရောက်ရှိသွားကြတယ်။အော်သံထွက်ပေါ်လာရာနေရာက သူဌေးမကြီးဘွားကြေးဥနဲ့သူ့အလုပ်သမားများနေထိုင်ရာတိုက်ပုလေးရဲ့နောက်ဖေးခြံဝန်းဆီကထွက်ပေါ်လာခဲ့ခြင်းဖြစ်တယ်။
" စောရီ...စောရီရေ...ဘာဖြစ်တာလဲကွယ်...အော်သံကြားလိုက်တယ် "
" ဟုတ်တယ်မေမေကြီး ..ကျွန်မအရင်သွားကြည့်လိုက်ပါမယ် "
ဒေါ်စောရီက ဘွားကြေးဥရဲ့အမေးကိုဖြေလိုက်ပြီး အသံကြားရာဆီကိုပြေးထွက်သွားခဲ့တယ်။
အော်တဲ့သူက ဘွားကြေးဥရဲ့တိုက်အနောက်ဘက်ကနေအော်တာဖြစ်ပြီး အော်သူအလုပ်သမားအမျိုးသမီးရဲ့ရှေ့မှာတော့ မြေပြင်ပေါ်မှာမလှုပ်မယှက်နဲ့ငြိမ်သက်စွာ လဲကျနေခဲ့တဲ့ လူတစ်ယောက်ရှိနေခဲ့တယ်။ကသစ်မြိုင်ခြံကြီးထဲက လူတော်တော်များများလဲ အော်ဟစ်လိုက်တဲ့အမျိုးသမီးနားကိုရောက်ရှိလာခဲ့ကြပြီး လဲကျနေတဲ့သူကို တွေ့လိုက်ကြတဲ့အခါ ထိတ်လန့်တုန်လှုပ်သွားကြပြီး အနားကိုမကပ်ရဲဘဲ ဖြစ်နေခဲ့ကြတယ်။
==================================
အပိုင်း(၂၀)ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
စာရေးသူ A Kyi Pnyu
#စံအိမ်ခေါ်သံ
( စ/ဆုံး )Links
၁
https://www.facebook.com/100067151540690/posts/714518460796532/
J
https://www.facebook.com/100067151540690/posts/714518804129831/
၃
https://www.facebook.com/100067151540690/posts/714519084129803/
၄
https://www.facebook.com/100067151540690/posts/714519330796445/
၅
https://www.facebook.com/100067151540690/posts/714519684129743/
၆
https://www.facebook.com/100067151540690/posts/714519970796381/
၇
https://www.facebook.com/100067151540690/posts/714520240796354/
၈
https://www.facebook.com/100067151540690/posts/714520624129649/
၉
https://www.facebook.com/100067151540690/posts/714520907462954/
၁ဝ
https://www.facebook.com/100067151540690/posts/714692707445774/
၁၁
https://www.facebook.com/100067151540690/posts/715256760722702/
၁၂
https://www.facebook.com/100067151540690/posts/715786084003103/
၁၃
https://www.facebook.com/100067151540690/posts/716328087282236/
၁၄
https://www.facebook.com/100067151540690/posts/716803847234660/
၁၅
https://www.facebook.com/100067151540690/posts/717847167130328/
၁၆
https://www.facebook.com/100067151540690/posts/718315917083453/
၁၇
https://www.facebook.com/100067151540690/posts/718868757028169/
၁၈
https://www.facebook.com/100067151540690/posts/719410156974029/
" အင်းပါကွာ...ကိုထွန်းလဲသတိထားနေပါ့မယ်...သမီးကိုလဲဂရုစိုက်အုံးနော်မြိုင်...ဖြစ်နိုင်ရင် မောင်စိုင်းမြတ်နဲ့မပတ်သက်စေချင်ဘူး...ဒါမှမဟုတ်သမီးကိုတခြားနေရာကိုပို့ထားလိုက်ရင်ကောင်းမလား"
" အို...မဖြစ်ပါဘူးကိုထွန်းရယ်.....မွေးနေ့ပွဲကနီးနေပြီလေ...ဒီပွဲမှာသမီးကမရှိမဖြစ်ရှိနေရမှာလေ "
ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ဦးဘိုထွန်းဘာမှမပြောတော့ဘဲခေါင်းသာငြိမ့်ပြလိုက်တော့တယ်။
~~~~~~~~~~~~~~~~
" ဒေါက် "
ပြတင်းပေါက်မှန်တံခါးကိုတစ်ခုခုလာရောက်ထိခတ်သံလိုကြားလိုက်ရတာကြောင့် ဒေါ်ပန်းမြိုင် ခုတင်ပေါ်ကအသာထလိုက်ပြီး မှန်ပြတင်းရှိရာဆီကိုလျှောက်သွားလိုက်တယ်။ပြတင်းပေါက်နားကိုရောက်တော့ မှန်ပြတင်းတစ်ချပ်ကိုဖွင့်လိုက်ပြီး ခြံထဲကိုလှမ်းကြည့်လိုက်တယ်။
" ဟင် "
ဒေါ်ပန်းမြိုင်လှမ်းကြည့်လိုက်ချိန်မှာပဲ သူမရှိရာပြတင်းပေါက်ဆီကို လှမ်းကြည့်နေတဲ့လူရိပ်တစ်ခုကိုလှမ်းတွေ့လိုက်ရတာမို့ ဒေါ်ပန်းမြိုင်တစ်ကိုယ်လုံးကြက်သီးတွေဖြန်းခနဲထသွားရတယ်။လူကဖြုန်းခနဲဆိုတော့ကြောက်စိတ်ဝင်သွားပေမဲ့ ဒေါ်ပန်းမြိုင်အံကိုကြိတ်ပြီး ခြံထဲကိုပြန်ကြည့်လိုက်တယ်။ခြံထဲမှာမီးရောင်တွေရှိနေပေမဲ့ အရိပ်မည်းရှိနေတဲ့နေရာမှာက မှောင်ရိပ်ကျနေခဲ့တယ်။အရိပ်မည်းက မလှုပ်မယှက်ရပ်နေခဲ့ပြီးဒေါ်ပန်းမြိုင်ကိုကြည့်နေခဲ့တာ။ဒေါ်ပန်းမြိုင်အကြည့်ကိုလွှဲလိုက်ပြီး ခုတင်ရှိရာဆီကိုပြန်လျှောက်လာခဲ့လိုက်တယ်။
" ရှပ်....ရှပ်....ရှပ် "
ဒေါ်ပန်းမြိုင်ခုတင်ပေါ်မှာထိုင်ချလိုက်ချိန်မှာပဲ အခန်းပြင်ကနေလျှောက်သွားတဲ့ခြေသံကိုကြားလိုက်ရပြန်တယ်။ခြေသံက ဒေါ်ပန်းမြိုင်တို့ရဲ့အခန်းရှေ့တည့်တည့်မှာရပ်တန့်သွားတယ်။ဒေါ်ပန်းမြိုင်ယောက်ျားဖြစ်သူကို ကြည့်လိုက်မိတယ်။ဒီအခါယောက်ျားဖြစ်သူက အရက်တွေသောက်ပြီးအိပ်တာမို့ မူးပြီးတော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာကိုတွေ့လိုက်ရတယ်။
" ဂျစ်...ဂျစ် "
တံခါးဝဆီကနေကုတ်ခြစ်သံလိုလိုထွက်ပေါ်လာတာမို့ အခန်းမီးတွေကိုထဖွင့်လိုက်ပြီး ခုတင်ပေါ်ဆီကို ဒေါ်ပန်းမြိုင်ပြန်လျှောက်လာလိုက်တယ်။မီးတွေလင်းထိန်သွားတော့ စောစောကကုတ်ခြစ်သံလိုလိုကြားနေရတဲ့အသံလဲပျောက်ကွယ်သွားပြီး ချောက်ချားစရာကောင်းလောက်အောင်အခန်းတစ်ခုလုံးတိတ်ဆိတ်သွားပြန်တယ်။
~~~~~~~~~~~~
" ရပါတယ်အစ်ကို ...အလွမ်းနားလည်ပေးပါတယ်...အစ်ကို့မိဘတွေနဲ့ ဘွားကြေးဥတို့ကြားမှာ ကျေးဇူးတွေရှိနေတာကို အလွမ်းနားလည်ပါတယ် ... အလွမ်းအတွက်လဲ အမေပန်းမြိုင်တို့က ကျေးဇူးရှင်တွေပါပဲ အစ်ကိုရယ် ..ဒါကြောင့်မို့ ဒီလိုအခြေအနေမျိုးနဲ့ပဲ အစ်ကိုနဲ့ တွေ့နေရတာကိုကျေနပ်ပါတယ် ... တ..တကယ်လို့များ ..အစ်ကို့ဘက်ကသာ အလွမ်းကိုလိုအပ်လာပြီဆိုရင် အချိန်မရွေးအလွမ်းဆီကိုလာခဲ့ပါ ..အလွမ်းစောင့်နေပါ့မယ် "
" အလွမ်းရယ်... အစ်ကိုလေ တစ်နေ့ထက်တစ်နေ့ အလွမ်းကိုပိုချစ်လာပြီကွာ .... "
စိုင်းမြတ်ကပြောရင်းနဲ့ သူ့ရင်ခွင်ထဲမှာ ငြိမ်သက်နေတဲ့ အလွမ်းဆွတ်ရဲ့ ကိုယ်လုံးလေးကို မချင့်မရဲနဲ့ဖျစ်ညှစ်ပြီး ခပ်တင်းတင်းပွေ့ဖက်လိုက်တယ်။
" အလွမ်းကိုချစ်တယ်ဆိုလို့ ကျေးဇူးတင်ပါတယ်အစ်ကိုရယ် ...အလွမ်းလေ အစ်ကိုကို့ချစ်လွန်းလို့ ဒီလောက်ထိမိုက်မဲနေခဲ့မိတာပါ...အလွမ်းအပေါ်မှာ ပန်းရိပ်ဖြူကမောက်မာခဲ့တယ်ဆိုပေမဲ့... အမေပန်းမြိုင်နဲ့ အဖေဘိုက အလွမ်းပေါ်သိပ်ပြီးကောင်းကြပါတယ် ..အလွမ်း ...အလွမ်းက ကျေးဇူးရှင်တွေကို ကျေးဇူးမသိတတ်တဲ့သူ ဖြစ်နေပါပြီ ..."
"အလွမ်းရယ် ... ဒါတွေမပြောပါနဲ့ကွာ .... အစ်ကိုလဲ ပန်းရိပ်ဖြူနဲ့ကိစ္စကို အပြတ်ဖြတ်ပြီးတော့ အလွမ်းဆီကိုလာနိုင်အောင် ကြိုးစားပါ့မယ်...မငိုနဲ့တော့နော်အလွမ်း "
အလွမ်းဆွတ်ရဲ့ပါးပြင်ပေါ်က မျက်ရည်စတွေကို စိုင်းမြတ်က ခပ်ဖွဖွသုတ်ပေးလိုက်ပြီးတော့ သိပ်ကိုလှနေတဲ့အလွမ်းဆွတ်ရဲ့ မျက်နှာပြင်အနှံ့ကို တရှိုက်မက်မက်နမ်းရှိုက်ပစ်လိုက်တယ်။
~~~~~~~~~~~
ပန်းရိပ်ဖြူအိပ်ပျော်နေချိန်မှာ သူမလက်ကိုတစ်ယောက်ယောက်ကလာဆွဲသလိုခံစားလိုက်ရတာကြောင့် ဖျတ်ခနဲလန့်နိုးလာခဲ့ရပြီး မျက်လုံးတွေကိုဖွင့်ကြည့်လိုက်မိတယ်။ဒီအခါ သူမခုတင်ဘေးမှာလူတစ်ယောရပ်နေတာကိုတွေ့လိုက်ရတာမို့ ကြောက်လန့်တကြားနဲ့ကုန်းရုန်းထလိုက်မိတယ်။သူမထလိုက်ပေမဲ့ ခန္ဓာကိုယ်ကြီးက လုံးဝရွေ့လျားခြင်းမရှိဘဲတောင့်တောင့်ကြီးဖြစ်နေခဲ့တယ်။နှုတ်ကနေ မိခင်ဖြစ်သူကိုအော်ခေါ်လိုက်ပေမဲ့လဲ အသံကထွက်မလာခဲ့ဘူး ။အရိပ်မည်းကြီးက သူမကိုယ်ပေါ်ကိုစီးမိုးပြီးကြည့်နေတာကြောင့် ပန်းရိပ်ဖြူအတင်းကိုကုန်းရုန်းထနေမိတယ်။သို့ပေမဲ့သူမရဲ့တစ်ကိုယ်လုံးကျောက်ရုပ်ကြီးတစ်ရုပ်လိုမလှုပ်နိုင်မယှက်နိုင်ဖြစ်နေခဲ့တယ်။
" သွား...သွား ....မလာနဲ့ ...မထိနဲ့ "
ပန်းရိပ်ဖြူကြောက်လန့်တကြားနဲ့အော်နေမိပေမဲ့ အသံကလုံးဝထွက်မလာခဲ့သလို လူကလဲအားအင်တွေချည်နဲ့လာသလိုခံစားနေရတယ်။သူမအတင်းကိုရုန်းကန်နေချိန်မှာပဲ အရိပ်မည်းကြီးက သူမရဲ့မျက်နှာနားကိုတိုးကပ်လာခဲ့ပြီး ခြောက်သွေ့ကွဲအက်နေတဲ့အေးစက်စက်အသံကြီးနဲ့အော်လိုက်တာကိုကြားလိုက်ရတယ်။
" ထွက်သွား "
"ဪ ..မြန်လှချည်လားအေ ...ဒါနဲ့ ငါ့အစ်မထားခဲ့တဲ့မြေတွေက ...ပန်းရိပ်ရဲ့နှစ်ဆယ့်ခြောက်နှစ်ပြည့်မှ ..တရားဝင်ရမှာမဟုတ်လား...အခုကတည်းက အပိုင်တွက်ပြီးတော့.... မြေပေါ်မှာ အဆောက်အဦးတွေဆောက်နေပြီပေါ့လား ...ညည်းတို့နဲ့မြန်လှပါလားအေ "
အဒေါ်ဖြစ်သူရဲ့ ခပ်ငေါ့ငေါ့စကားကြောင့် ဒေါ်ပန်းမြိုင် စိတ်ထဲဒေါသထောင်းခနဲ ထွက်သွားမိတယ်။မပြောဘူးလို့ စိတ်ကတင်းထားပေမဲ့ မခံနိုင်တော့တဲ့အဆုံးမှာတော့ အဒေါ်ဖြစ်သူရဲ့ မျက်နှာကို တည့်တည့်ပြန်စိုက်ကြည့်လိုက်ပြီး ပြောပစ်လိုက်တယ်။
'' အမေထားခဲ့တဲ့မြေတွေအားလုံးက သမီးလေးပဲအမွေဆက်ခံရမှာသေချာနေတာပဲလေ ဒေါ်လေးရယ်...ဘာတွေကို အချိန်ဆွဲနေရအုံးမှာလဲ....တကယ်ဆိုရင် ဒီအမွေတွေက သမီးရင်းဖြစ်တဲ့ မြိုင်ကဆက်ခံရမှာပဲလေ ..... ဒါပေမဲ့ အမေ့စိတ်တိုင်းကျ အမေထားခဲ့တဲ့ 6သတမ်းစာအတိုင်းလိုက်နာတာကလဲ ....သွားလေးသူအမေ့ကိုစိတ်ဖြောင့်ဖြောင့်သွားစေချင်လို့လိုက်နာပေးတာပါ ...ပြောရရင် ဒေါ်လေးလဲရသင့်ရထိုက်တာတွေရပြီးပြီပဲ ...ဘာလို့များ မြိုင်တို့ရဲ့ပိုင်ဆိုင်မှုတွေကို ဝင်ပြီးစွက်ဖက်ချင်နေရတာလဲ ..အခုဆိုရင်မြိုင့်အသက်လဲ ငါးဆယ်ကျော်လာသလို .... ဒေါ်လေးအသက်လဲ (၇၀) နားနီးနေပါပြီ ... လိုချင်လောဘတွေများနေတုန်းပဲလား ဒေါ်လေးရယ်...အသက်တွေလဲကြီးလှပါပြီ "
" ဘာ ....ညည်းဘာပြောလိုက်တယ် ပန်းမြိုင်.....အေးပေါ့လေ...ညည်းတို့ကပြောအားရှိတာပေါ့လေ....ညည်းတို့အမေက လူပုံကကြည့်တော့ရိုးသလိုလိုအေးသလိုလိုနဲ့ အမွေခွဲတော့ကောင်းတာမှန်သမျှသူပဲအကုန်ယူသွားခဲ့တာလေ...ငါ့မှာတော့ အစ်မကြီးဆိုပြီးသူ့စကားကိုနားထောင်ခဲ့ရတာ..."
အဒေါ်ဖြစ်သူရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်ကခပ်မဲ့မဲ့ပြုံးလိုက်ပြီး
" ဪ...ဒေါ်လေးရယ်...လွန်ခဲ့တဲ့နှစ်သုံးဆယ်ကျော်တုန်းကတော့ ထင်းရှူးမြိုင်ကမြေတွေကပိုပြီးဈေးကောင်း ရခဲ့တယ်မဟုတ်လား...မြိုင်အကုန်မှတ်မိပါတယ်ရှင် ...အဲ့ဒီအချိန်တုန်းကဆိုရင် ရေတံခွန်တောင်ကြားကမြေတွေကဘယ်လောက်များအဖိုးတန်ခဲ့လို့လဲ.......အဲ့ဒီအချိန်တုန်းက အဖိုးမတန်တဲ့မြေတွေကို အမေ့ကိုပေးလိုက်ပြီး ..ဒေါ်လေးကတော့ ထင်းရှူးမြိုင်ကမြေတွေရောအိမ်နဲ့ခြံကိုပါသိမ်းခဲ့တာလေ...အားလုံးကိုဒေါ်လေးစိတ်တိုင်းကျလုပ်ခဲ့ပြီးမှ ...ဘာလို့်မဟုတ်တာတွေလာပြောနေရတာလဲ...ရေတံခွန်တောင်ကြားကမြေတွေက ..မြိုင်တို့ပဲပိုင်ဆိုင်တဲ့မြေတွေမို့ မျက်စောင်းတောင်မထိုးပါနဲ့ဒေါ်လေး...ဒေါ်လေးလဲအသက်ကြီးလှပါပြီ ...ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမပြောချင်တော့ပါဘူး....ပြီးတော့ ပြောစရာအကြောင်းလဲလုံးဝမရှိဘူးလေ "
ဒေါ်ပန်းမြိုင်ကလေသံခပ်မာမာနဲ့ပြောလိုက်တော့ အဒေါ်ဖြစ်သူ ဒေါ်စောမြိုင်တစ်ယောက်မျက်နှာကြီးတစ်ခုလုံးနီရဲခက်ထန်သွားပြီး ထိုင်နေရာကချက်ချင်းထရပ်လိုက်တယ်။ပြီးတော့ စကားတစ်ခွန်းမှမပြောဘဲလှည့်ထွက်သွားခဲ့ပြီးမှ ဒေါ်ပန်းမြိုင်ဘက်ကို လှည့်ကြည့်လာခဲ့ပြီး
" ပန်းမြိုင် ညည်းသိပ်ရိုင်းပါလားအေ ... ညည်းက ဖအေတူသမီးပဲ ...ငါတို့က ညည်းတို့သားအမိပေါ်ကို အမြဲ စေတနာထားခဲ့တယ် ..ညည်းတို့သားအမိကတော့ သွေးရင်းသားရင်းထက်....ညည်းတို့ဖအေလူယုတ်မာကိုပဲ ပိုပြီးယုံကြည်ခဲ့ကြတာ မဟုတ်လား ...ဒါကြောင့်လဲ ညည်းတို့မအေ အသက်ငါးဆယ်ကျော်လေးနဲ့ မကျန်းမမာဖြစ်ခဲ့ရတာပေါ့ ....အေး ညည်းလဲ အသက်ငါးဆယ်ကျော်လာပြီဆိုတော့ သတိထားပေါ့အေ ... လူဆိုတာ စေတနာမွဲရင် ကံနည်းတယ်ဆိုတာကိုလဲ မမေ့နဲ့အုံး ....ဒါကြောင့်လဲ ညည်းတို့ဖအေက ညည်းတို့မိထွေးကို ပိုကျသွားတာပေါ့ "
" ဟုတ်ပါတယ် ဒေါ်လေး....အဖေကအမေ့ပေါ်မှာ မေတ္တာစစ်မရှိတာကိုသိပြီးသားပါရှင် ...ဒါနဲ့အဲ့ဒီလိုမျိုး ဖြစ်အောင်ပဲ ... ဒေါ်ခင်ထားကို အဖေနဲ့ ဆုံရအောင် ဒေါ်လေးကိုယ်တိုင်ပဲ ဖန်တီးခဲ့တာပဲ မဟုတ်လား ... ဒါတွေကြောင့်လဲ စခန်းသာကနေ မိုင်ငါးဆယ်တောင်မဝေးတဲ့ထင်းရှူးမြိုင်ကို အမေက မလာခဲ့တာပေါ့ ..."
ဒေါ်ပန်းမြိုင်နှုတ်ကနေ အရင်ကအကြောင်းတွေကို ထုတ်ဖော်ပြောလိုက်တဲ့အခါမှ ဒေါ်စောမြိုင်တစ်ယောက် မကျေမချမ်းမျက်နှာနဲ့ အပြင်ကို ပြန်ထွက်သွားခဲ့တယ်။ဒေါ်စောမြိုင်ထွက်သွားတဲ့အခါမှ ဒေါ်ပန်းမြိုင်တစ်ယောက်လဲ အသက်ကိုဝဝရှူရဲတော့တယ်။
~~~~~~~~~~
" ဒေါ်စောမြိုင်က ဘာကိစ္စလာရတာလဲ....သူကအတော်လေးလောဘကြီးပါလားကွ "
" ဟုတ်တယ်ကိုထွန်း....မွေးနေ့ပွဲမှာတစ်ခုခုနှောက်ယှက်မှာပဲကြောက်တယ် "
" အင်း...သူ့အသက်ကြည့်တော့လဲမငယ်တော့ဘူး ...သူ့သားနဲ့သမီးတွေလဲ စီးပွားရေးကောင်းနေရဲ့သားနဲ့ကွာ...လူတွေဟာအသက်ကြိးလာလေ လောဘပိုကြိးလာလေဆိုတာအမှန်ပဲ...လုံခြုံရေးကိုပိုပြီးတင်းကြပ်ထားပါမြိုင်...ပြိးတော့ပန်းရိပ်ရဲ့အသွားအလာကိုလဲ အလစ်မပေးပါနဲ့တော့ ...ဒီပုံအတိုင်းဆိုရင် ရန်သူကတိုးလာပြီ... အောင်မောင်းတစ်ယောက်တည်းနဲ့စိတ်ချထားလို့ဖြစ်ပါ့မလား "
ဦးဘိုထွန်းက သမီးဖြစ်သူရဲ့လုံခြုံရေးအတွက် စိုးရိမ်ပြီးပြောလိုက်တယ်။
" အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့ကိုထွန်း...လူသစ်တွေထပ်တိုးထားပါတယ်...မောင်စိုင်းမြတ်ကိုလဲ စောင့်ကြည့်သင့်တယ်လို့ထင်တယ်....ကိုထွန်းလဲသတိထားပါ ...အပြင်မှာလဲသိပ်မသောက်ပါနဲ့ ...ဘာမှန်းမသိတဲ့အန္တရာယ်တွေရှိနေသလိုမျီူးကြီး ...ခုတလောမှာခံစားနေရတယ် "
#စံအိမ်ခေါ်သံ
(အခန်းဆက်ဝတ္ထု )
အပိုင်း(၁၉ )
akyiphyu
*********
ပန်းရိပ်ဖြူက ဘုန်းသိင်္ခမေးတာကိုဂရုမစိုက်ဘဲ ဘုန်းသိင်္ခရဲ့ လက်ကို အတော်ကြာအောင် တင်းတင်းဆုပ်ကိုင်ထားလိုက်တယ်။
ပန်းရိပ်ဖြူက ဘုန်းသိင်္ခရဲ့ လက်ကိုတင်းတင်းဆုပ်ကိုင်ထားရင်းက ဘုန်းသင်္ခရဲ့ မျက်နှာကို သေချာစူးစိုက်ကြည့်လိုက်တယ်။နှစ်ယောက်သား နီးကပ်လွန်းတဲ့အနေအထားကြောင့် တစ်ယောက်အသက်ရှူသံကို တစ်ယောက်ကြားနေခဲ့ရတယ်။ပန်းရိပ်ဖြူမှာ ဘုန်းသိင်္ခရဲ့မျက်လုံးတွေကိုစူးစိုက်ကြည့်နေရင်းကနေ ဘုန်းသိင်္ခရဲ့လက်ကို ချက်ချင်းလွှတ်ပေးလိုက်ပြီး သူမမျက်လုံးတွေကို တည့်တည့်ပြန်စိုက်ကြည့်နေတဲ့ ဘုန်းသိင်္ခကို အတင်းတွန်းလွှတ်ပစ်လိုက်တယ်။
" အို ..ရှင်က ဘာလို့လာကြည့်နေရတာလဲ ...အလကားအရူး...ဘာမှလဲမဟုတ်ဘူး "
ပြောချင်ရာတွေပြောပြီး ကားဂိုထောင်ထဲက ပြေးထွက်သွားခဲ့တဲ့ ပန်းရိပ်ဖြူကိုဘုန်းသိင်္ခနေရာကနေရပ်ပြီး ငေးကြည့်နေခဲ့မိတယ်။သူ့စိတ်ကိုတင်းထားတဲ့ကြားကနေ သွေးခုန်နှုန်းတွေမြန်လာတာကြောင့် ဘုန်းသိင်္ခကိုယ့်ကိုယ်ကိုလဲ စိတ်ပျက်သွားရတယ်။
~~~~~~~
" ဘာပြောတယ် ဘိုထွန်း...ရန်ကုန်ကရောက်လာတဲ့ .... ဟိုအလုပ်သမားကောင်နဲ့ ငါ့မြေးကိုတွဲပြီး အလုပ်လုပ်ခိုင်းမလို့ ဟုတ်လား "
ဘွားကြေးဉက သားဖြစ်သူကို ဒေါသတကြီးနဲ့ထမေးလိုက်တယ်။
" အတူအလုပ်လုပ်ခိုင်းတာမဟုတ်ပါဘူး အမေ....မွေးနေ့အတွက်သမီးစိတ်တိုင်းကျ ပြင်ဆင်ခိုင်းတာပါ ...မောင်ဘုန်းသိင်္ခက ယုံကြည်လို့ရတဲ့လူငယ်လေးပါ အမေ ..သမီးရဲ့အသက်ကိုလဲ ကယ်ထားပေးဖူးတယ်လို့ အမေ့ကိုပြောပြီးသားလေ ... ဘယ်လိုပဲဖြစ်ဖြစ်... သမီးကသူ့မွေးနေ့အတွက် သူ့ဘာသာပြင်ဆင်နေတာကို... နှစ်ဖက်လုံးကအမျိုးတွေကို သိစေချင်တယ် ..မဟုတ်ရင် သူတို့ကသမီးလေးကို စိတ်ကျန်းမာရေးမကောင်းဘူးလို့ပဲ သက်မှတ်နေကြတာလေ ... အဲ့ဒါကြောင့် ခွင့်ပြုပေးပါအမေ "
သားဖြစ်သူရဲ့ စကားကြောင့် ဘွားကြေးဥတွေခနဲ တစ်ချက်ဖြစ်သွားပြီးမှ
" အိုကွယ်...ကြိုးချင်းထားကြိုးချင်းငြိတဲ့...သက်တူရွယ်တူတွေ အတူထားလို့မဖြစ်ပါဘူး...တော်ကြာမောင်စိုင်းမြတ်က အထင်အမြင်လွဲနေပါအုံးမယ်....ခိုင်းချင်တယ်ဆိုရင်လဲ မောင်စိုင်းမြတ်နဲ့ ခိုင်းပါ "
" မဟုတ်တာပဲ အမေရာ ..ရှေ့နေကို ဒီဇိုင်းဆွဲခိုင်းရမှာလား ...မဖြစ်နိုင်တာဗျာ...ပြီးတော့ ကျွန်တော်က သမီးကို
မချုပ်ချယ်ထားဘူးအမေ...သမီးစိတ်ချမ်းသာဖို့သာ အဓိကပါ ... နောက်တစ်ပတ်ကစပြီး ...သမီးနဲ့မောင်ဘုန်းသိင်္ခကို အလုပ်အတူတွဲလုပ်ခိုင်းတော့မှာပါ....` "
" ဘာ...မင်းဘာပြောလိုက်တယ် ဘိုထွန်း ... ဒါတွေကို မင်းမိန်းမက ခိုင်းလိုက်တာမဟုတ်လား....မြေးလေးကိုမောင်စိုင်းမြတ်နဲ့ သဘောမတူလို့ မဟုတ်လား ...နေကြပါအုံး မောင်စိုင်းမြတ်လိုလူနဲ့ မြေးလေးကို ဘာလို့ သဘောမတူရတာလဲ ...ပြောကြည့်စမ်းပါအုံး "
ဘွားကြေးဥက မကျေမနပ်နဲ့ မေးလိုက်တယ်။
"မဟုတ်တာ အမေရာ ....ကျွန်တော်တို့က သမီးစိတ်ချမ်းသာဖို့ပဲ အဓိကပါ...ဟိုလူနဲ့ သဘောမတူဘူး ဒီလူးနဲ့ သဘောမတူဘူးလို့မပြောပါဘူး...ကျွန်တော်သွားတော့မယ် အမေ....ဧည့်သည်တွေနဲ့ ချိန်းထားလို့ "
ဦးဘိုထွန်းက မိခင်ဖြစ်သူကို အနိူင်ပိုင်ကာပြောခဲ့လိုက်ပြီး နေရာကအမြန်ထထွက်ခဲ့လိုက်တယ်။
~~~~~~~~~~~~~
" ဘယ်...ဘယ်သူ.....ဒေါ်လေးစောမြိုင်လာတယ် ဟုတ်လား မဇာယု "
ဒေါ်ပန်းမြိုင်အပြင်သွားဖို့အတွက် ပြင်ဆင်နေချိန်မှာ အခန်းတံခါးကိုလာခေါက်ပြီး ပြောလိုက်တဲ့ မဇာယုရဲ့စကားကြောင့် စိတ်ထဲရှုပ်သွားရတယ်။
" အင်း...မလာစဖူးဘာတွေပြောမလို့လဲမသိဘူး...သမီးပန်းရိပ်
ဘယ်မှာလဲ ..အိမ်မှာရှိတာလား "
" ဟုတ်ကဲ့ မမကြီး...ပန်းရိပ်သူ့အခန်းထဲမှာရှိပါတယ် ... ဒီနေ့ အပြင်မထွက်ပါဘူး "
" ဟုတ်လား ....အဲ့ဒါဆို သမီးကိုကြည့်ထားလိုက်နော် မဇာယု "
" ဟုတ်ကဲ့ပါ မမကြီး "
မဇာယုအခန်းထဲက ထွက်သွားတော့ ဒေါ်ပန်းမြိုင်လဲ လက်ကိုင်အိတ်ကိုကောက်ယူလိုက်ပြီး ကားသော့ကိုယူကာ အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်။
~~~~~
" ဒေါ်လေးရောက်နေတယ်ဆိုတာနဲ့ ...မြိုင်လဲအံ့သြပြီး အမြန်ဆင်းလာခဲ့လိုက်တာ...ဒေါ်လေးနေကောင်းတယ်နော်... "
" ကောင်းပအေ ... တူမဖြစ်သူက စိမ်းကားနေတော့... အဒေါ်ဖြစ်တဲ့သူကပဲ လာခဲ့ရတာပေါ့အေ...ဒါနဲ့ဘယ်မှာလဲညည်းတို့ သမီး ... "
" သူ့အခန်းထဲမှာ ရှိပါတယ်ဒေါ်လေး... "
" အေး ..ရှိရင် ခဏခေါ်လိုက်စမ်းပါအုံး....ဘာလဲ ညည်းက အပြင်သွားမလို့လား "
" ဟုတ်ကဲ့ ဒေါ်လေး...သမီးကအိပ်နေတယ်လေ ... မြိုင်လဲ အလုပ်ကိစ္စနဲ့ အခုပဲမြို့ထဲသွားမလို့လေ... မြို့ထဲမှာ ရတနာဆိုင်ဖွင့်ဖို့အတွက်စီစဉ်နေရလို့ ဒီတစ်လော မြိုင်အလုပ်များနေလို့ပါ .... ဒေါ်လေးတို့လဲအားတဲ့အခါ ... ရေတံခွန်တောင်ကြား အပန်းဖြေစခန်းဘက်လာလည်ကြပါအုံး ...အဲ့ဒီဘက်မှာ ပြင်ဆင်ရေးတွေလုပ်နေတာမို့ သမီးရဲ့မွေးနေ့ပွဲပြီးရင်တော့ ...အပန်းဖြေစခန်းကို စပြီးဖွင့်နိုင်တော့မှာပါ "
