ch
Feedback

不要被骗子欺骗!Telemetrio 会找到并标记这些频道 👉 如果想查看标记,请订阅

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ

前往频道在 Telegram
1 033
订阅者
+224 小时
+27 天
-930 天
帖子存档

မယားကြီးဆီကကွာရှင်းခွင့်တောင်းပြီး ...တရားဝင်လက်ထပ်ကြပါလားဗျာ...အခုတော့ ယောက္ခမကိုလဲသ//တ်...မယားကြီးကိုလဲသ///တ်...ပြီးတော့ ကိုယ်မွေးထားတဲ့သားသမီးတွေကိုပါသ///တ်ပြီး ....ဘယ်ကောင်နဲ့မွေးထားမှန်းမသိတဲ့သူကိုတော့ သမီးအဖြစ်အသိအမှတ်ပြုပြီး ဖူးဖူးမှုတ်ထားတယ်...လောကမှာ ဒီလောက်အထိ ဖခင်စိတ်မရှိတဲ့လူကို ခုမှတွေ့ဖူးတယ်" ဦးဘိုထွန်းကိုကြည့်ပြီး ဘုန်းသိင်္ခကနာနာကြည်းကြည်းနဲ့ပြောလိုက်တယ်။ဘုန်းသိင်္ခရဲ့စကားအဆုံးမှာတော့ ဦးဘိုထွန်းက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့မော့ကြည့်လာခဲ့ပြီး " မဟုတ်ဘူး...မဟုတ်ပါဘူး...သားနဲ့ သမီးကို ...အဖေမသ*တ်ခဲ့ဘူး ...အဲ့ဒါအေးပုံဆိုတဲ့အိမ်ဖော်မကြောင့် ....အားလုံး အမှားမှားအယွင်းယွင်းတွေဖြစ်ခဲ့ရတာ...ပြီး...ပြီးတော့ အလွမ်းဆွတ်ကလဲ အဖေ့ရဲ့သမီးပါ ...အဖေတို့မှားသွားခဲ့ကြပြီးမှ မပန်းမြိုင်မသိအောင် ... တင်တင့်ကို မြို့ပေါ်မှာသွားနေခိုင်းခဲ့တာ ပါ ....အားလုံးက အဖေ့တို့ အပြစ်တွေပါ..သမီးလွမ်းမှာ ဘာအပြစ်မှမရှိပါဘူး.... သူကသားရဲ့အစ်မပါ " ဦးဘိုထွန်းက ယောက်ျားတန်မဲ့ ငိုကြီးချက်မနဲ့ပြောလိုက်တယ်။ ဒီအခါ ဒေါ်တင်တင်မြိုင်က ဦးဘိုထွန်းကိုကြည့်လိုက်ပြီး " ရှင်ဘာတွေပြေနေတာလဲ ကိုထွန်း..ဒါတွေအားလုံးက ဒေါ်လေး ဒေါ်စောမြိုင်ဖန်တီးထားတဲ့လုပ်ဇာတ်တွေပဲ ...ဘုန်းသိင်္ခကလဲ သားလေးအထွန်းမဟုတ်ဘူး ..ကျွန်မကပန်းမြိုင်အစစ်ပါ ... ဘာမဟုတ်တာတွေ လာပြောနေကြတာလဲ ..အလွမ်းဆွတ်ကလဲ ကျွန်မတူမပါ " ဒေါ်ပန်းမြိုင်ရဲ့ စကားအဆုံးမှာ အလွမ်းဆွတ်က ထိုင်နေရာကနေ ဝုန်းခနဲထရပ်လိုက်ပြီး ဘုန်းသိင်္ခကိုလက်ညှိုးငေါက်ငေါက်ထိုးကာ ရန်တွေ့လိုက်တယ်။ " ဟုတ်တယ် ... ဘုန်းသိင်္ခလိမ်နေတာ...သူတို့ကအကြံအစည်တွေနဲ့မို့ ..ကသစ်မြိုင်ကိုရောက်ကတည်းက ... အတွင်းရေးတွေကို မေးခဲ့တယ် ..အလွမ်းကလဲ ရိုးရိုးသားသားမေးတယ်ထင်လို့ အားလုံးပြောပြခဲ့မိတာ ..ဘုန်းသိင်္ခကလူလိမ်ပဲ ...ရှင်အားလုံးလိမ်နေတာပဲ .. ရှင်က အထွန်းဆိုတာကို ဘယ်လိုသက်သေပြမှာလဲ ပြောလေ " " သက်သေလိုချင်ရင် ဆေးစစ်ရမှာပေါ့ ...ဪ ..ဆေးစစ်တယ်ဆိုလို့ ..အလွမ်းဆွတ်နဲ့ ဦးဘိုထွန်းကိုလဲ ဆေးစစ်ထားပါတယ် ....ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က မောင်နှမဝမ်းကွဲတော်တယ်ဆိုတော့ စိတ်အေးအေးထားပါ အစ်မ လွမ်း...အစ်မလွမ်းက .... သစ်ခက်ကို လှေကားပေါ်က တွန်းချဖို့ ကြံစည်ခဲ့တဲ့ညမှာပဲ ... အဖြစ်မှန်အားလုံးကိုသိသွားခဲ့ပြီးပြီမဟုတ်လား.....သစ်ခက်ကို လှေကားပေါ်ကတွန်းချလိုက်ချိန်မှာ... မဇာယုက သစ်ခက်ကိုဝင်ဆွဲခဲ့ပြီး ...လူလိမ်ဆေးဆရာက ဆေးထိုးလိုက်တယ်လေ ... ဒေါ်တင်တင်မြိုင်ကတော့ သမီးလေးကို ဆူပူပြီးတော့အဖြစ်မှန်တွေအားလုံးကို ဖွင့်ပြောခဲ့တယ် ...ဒါကြောင့်လဲနောက်နေ့မှာ... အစ်မလွမ်းက အလုပ်သမားတွေနဲ့ပျော်ပွဲစားလုပ်ခဲ့တယ်လေ...ဪ...ပြီးတော့ ရှိသေးတယ်လေ ....ပန်းရိပ်ဖြူဖြစ်နေခဲ့ကိစ္စတွေကလဲ ဦးဘိုထွန်း...ဒေါ်တင်တင်မြိုင်နဲ့ မဇာယုတို့ကလုပ်နေတာကို ခင်ဗျားသိနေခဲ့တယ် အလွမ်းဆွတ်ရဲ့ .... သိနေပေမဲ့လဲ ....ပန်းရိပ်ဖြူကို ကသစ်မြိုင်မှာမရှိစေချင်လို့ အားလုံးကိုမသိချင်ယောင်ဆောင်နေခဲ့တယ်လေ ..ဟုတ်တယ်မဟုတ်လား ...``//အေးအေးဆေးဆေး ထိုင်ပါအုံး အစ်မလွမ်း .. မိတ်ဆက်ပေးစရာဧည့်သည်တစ်ယောက်ကျန်သေးလို့ပါ ..အဲ့ဒီဧည့်သည် ရောက်လာရင် အားလုံးရှင်းပြပါ့မယ် " ဘုန်းသိင်္ခက အလွမ်းဆွတ်ကို နေရာမှာထိုင်ခိုင်းလိုက်ပြီးတော့ အိမ်ရှေ့ကို ထွက်သွားလိုက်တယ်။ ဘုန်းသိင်္ခအိမ်ထဲပြန်ဝင်လာချိန်မှာတော့ ဘုန်းသိင်္ခနဲ့အတူ အသက် (၅၀)ကျော်လူကြီးတစ်ယောက်ပါလာခဲ့တယ်။ ပါလာတဲ့ဧည့်သည်ကို ကြည့်ပြီး ဦးဘိုးထွန်းက ထိတ်လန့်တုန်လှုပ်သွားကာ ထိုင်နေရာကပင် ဝုန်းခနဲထရပ်လိုက်တယ်။ ================================== အပိုင်း(၃၇)ဆက်ရန် မနက်ဖြန်မှာ နှစ်ပိုင်းတင်ပေးပါမယ် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/

" ဒါ....ဒါဆိုရင် ...တို့ကပန်းရိပ်ဖြူမဟုတ်ဘူးဆိုတာကို မင်းကအစကတည်းကသိနေတာပေါ့...ဒီလိုသိရဲ့နဲ့ ...မင်းအဖေက်ိုဘာလို့်မပြောခဲ့တာလဲ ...အဲ့ဒီအချိန်ကတည်းက ဘာလို့်မတားခဲ့တာလဲ... မဖမ်းခဲ့တာလဲ ..တို့်တွေထွက်ပြေးကြရင်းနဲ့ ...မင်းချောက်ထဲကိုပြုတ်ကျသွားခဲ့တယ်လေ....အဲ့ဒီကနေဘယ်ကိုရောက်သွားခဲ့တာလဲ " သစ်ခက်ကအလောတကြီးမေးလိုက်မိတယ်။ " ဖမ်းဖို့ဆိုတာ သက်သေလိုတယ်မမ...သိနေတာနဲ့ပဲဖမ်းလိုမရဘူး...သက်သေပြနိုင်မှဖမ်းလို့်ရမှာ ....အဲ့ဒီသက်သေတွေကိုရဖို့အတွက် မမကိုလိုအပ်တယ်...မမကအတိတ်ကိုပြန်သတိရမှ ....အားလုံးကိုဖမ်းနိုင်မှာ ...ပြီးတော့ မမကိုလဲကယ်နိုင်မှာ ...အဲ့ဒါကြောင့်လဲ မမအတိတ်ကို ပြန်သတိရလိုရငြားအရဲစွန့်ပြီး ...မမကိုချောက်ထဲတွန်းချခဲ့တာပါ .....ပြီးတော့ အမှန်တိုင်းဝန်ခံရရင် ဒေါ်တင်တင်မြိုင်ကိုလဲ ...အမေအေးပုံနဲ့မှားနေခဲ့မိလို့်မသေချာအောင်စုံစမ်းနေခဲ့ရလို့်ပါ... မမကိုလဲဟန်ဆောင်နေတယ်လို့်အထင်လွဲခဲ့မိသေးတယ်...ကျွန်တော့်ကိုခွင့်လွှတ်ပါနော်..ကျန်တာတွေကို အောက်ထပ်ရောက်မှ အားလုံးရှေ့မှာရှင်းပြပါ့မယ်မမ...ကျွန်တော်တို့အောက်ထပ်ကိုဆင်းရအောင်နော်...ကျွန်တော်တို့အတွက် မမရဲ့သက်သေထွက်ချက်တွေလိုအပ်တယ်....ဒါနဲ့မမဘယ်အချိန်ကတည်းက အတိတ်ကိုပြန်သတိရသွားခဲ့တာလဲဟင် " "မင်း...တို့ကိုတွန်းချလိုက်တဲ့အချိန်က ပြန်သတိရသွားခဲ့တာပဲ....ပြီးတာ့.. မင်း...တို့အခန်းထဲကိုဝင်လာပြီး... လက်ကိုဆေးလူးပေးသွားတာကိုလဲသိတယ် " " ဟင်...ဟုတ်လား...မမရယ် ...သိနေတယ်ဆိုရင်လဲ ကျွန်တော့်ကိုပြောပါလား...မမကိုကျွန်တော်မေးခဲ့တယ်လေ... ကျွန်တော့်ကို ယုံကြည်ပါလို့လဲပြောခဲ့တယ်လေ " " မင်းကို အလွမ်းဆွတ်ရဲ့လူလို့်ထင်လိုက်လို့်မပြောခဲ့တာ..မင်းနဲ့အလွမ်းဆွတ်... ပန်းခြံထဲမှာဖက်နေကြတယ်လေ " သစ်ခက်မကျေမနပ်နဲ့ပြောလိုက်တယ်။ " ဪ..မမရယ်...ဖြစ်ရလေ..လာပါ ...အောက်ထပ်ရောက်မှအကုန်ရှင်းပြပါ့မယ် ...သွားကြရအောင်နော်..မမလမ်းလျှောက်နိုင်ရဲ့လား " ဘုန်းသိင်္ခက သစ်ခက်ရဲ့ပခုံးလေးက်ိုဖေးမတွဲပြီးမေးလိုက်တယ်။ " ရပါတယ်...တို့လျှောက်နိုင်တယ်.....ဒီနေ့အတွက် ဆေးမထိုးရသေးဘူးလေ...ဒါနဲ့ ကိုစိုင်းမြတ်ဆုံးသွားပြီဆိုတာဟုတ်လား..တကယ်လား ...ဘာ...ဘာဖြစ်တာလဲ ....သူ...သူ အသ/တ်ခံလိုက်ရတာလားဟင် ....တို့်ကြောင့် အသ/တ်ခံလိုက်ရတာများလား " သစ်ခက်က တုန်တုန်လှုပ်လှုပ်နဲ့မေးလိုက်မိတယ်။ " မ...မဟုတ်ပါဘူးမမရယ်...အောက်ထပ်ရောက်ရင် ကျွန်တော်အကုန်ရှင်းပြပါ့မယ်...ကိုစိုင်းမြတ်ဆုံးသွားတာမှန်ပါတယ်...ချောက်ထဲကိုကားထိုးကျပြီး ဆုံးသွားတာပါ....ဒါပေမဲ့ မမကြောင့်မဟုတ်ပါဘူး ....မဟုတ်တာတွေမတွေးနဲ့နော် " ဘုန်းသိင်္ခကနှစ်သိမ့်စကားပြောလိုက်တာမို့ သစ်ခက် အံ့ဩတုန်လှုပ်နေတဲ့စိတ်ကိုထိန်းချုပ်ပြီး ဘုန်းသိင်္ခနဲ့အတူအောက်ထပ်ကိုလိုက်ပါလာခဲ့တယ်။ ~~~~~~~~~~~~~ ဘုန်းသိင်္ခနဲ့သစ်ခက်တို့အောက်ထပ်ဧည့်ခန်ူးထဲကိုဝင်သွားခဲ့တဲ့အခါမှာတော့ ဦးဘိုထွန်းက ဘုန်းသိင်္ခကိုမျက်လုံးပြူးကြီးတွေနဲ့လိုက်ကြည့်နေခဲ့တယ်။ဘုန်းသိင်္ခကတော့ ဖခင်ဖြစ်သူကိုလုံးဝမကြည့်ဘဲ ဒေါ်တင်တင်မြိုင်ကိုသာ မုန်းတီးစက်ဆုပ်စွာနဲ့ကြည့်လိုက်တယ်။ပြီးတော့မှ သန္တာအောင်ကိုကြည့်လိုက်ပြီး လှမ်းမေးလိုက်တယ်။ " ဧည့်သည်တွေမရောက်သေးဘူးလား မသန္တာ " " ခြံရှေ့ရောက်နေပြီတဲ့ ...မနက်လင်းတာနဲ့ အားလုံးကိုစခန်းခေါ်သွားရမှာ ..ကိုဘုန်းတို့ ရှင်းစရာရှိတာ အမြန်ရှင်းလိုက်ပါ ...သက်သေတွေအားလုံးကိုလဲ အထက်ကိုတင်ထားတာမို့ ကိုဘုန်းဘာမှမစိုးရိမ်ပါနဲ့ ...မသန္တာတို့ဆီမှာ လူသက်သေပဲလိုတော့တာပါ " " ကျေးဇူးတင်ပါတယ်မသန္တာ " ဘုန်းသိင်္ခက သန္တာအောင်ကို ကျေးဇူးတင်စကားပြောနေချိန်မှာပဲ အိမ်ထဲကိုဧည့်သည်အချို့ဝင်လာတာကိုတွေ့လိုက်ရတယ်။ဝင်လာသူတွေကိုကြည့်ပြီး ဦးဘိုထွန်းနဲ့ဒေါ်တင်တင်မြိုင်မှာ တုန်တုန်လှုပ်လှုပ်ဖြစ်သွားကြတယ်။ " ဒေါ်...ဒေါ်လေးစောမြိုင် " ဒေါ်တင်တင်မြိုင်က အထစ်ထစ်အငေါ့ငေါ့နဲ့ခေါ်လိုက်တယ်။ " ဘာဒေါ်လေးလဲ...နင်နဲ့ငါ ဘာအမျိုးမှမတော်ဘူး... ငါ့ကိုဒေါ်လေးလို့မခေါ်နဲ့ မိန်းမယုတ်မရဲ့...နင်တို့တွေငါ့အစ်မနဲ့ငါ့တူမကို သ*တ်ခဲ့ကြတဲ့ဟာတွေ " ဒေါ်စောမြိုင်ကပြောရင်းနဲ့ ‌ဒေါ်တင်တင်မြိုင်ကိုပြေးပြီး ရိုက်လိုက်တယ်။ဘုန်းသိင်္ခက အဘွားဖြစ်သူကိုပြေးဆွဲလိုက်ရတယ်။ " မလုပ်နဲ့ဘွားလေး ...သူတို့ကိုတရားဥပဒေက အပြစ်ပေးလိမ့်မယ်...ကျွန်တော်တို့လက်နဲ့ထိဖို့မတန်ပါဘူး..." ဘုန်းသိင်္ခကဘွားလေးဖြစ်သူကို တားမြစ်လိုက်ရင်း ဖခင်ဖြစ်သူ ဦးဘိုထွန်းကိုမျက်နှာထားတင်းတင်းနဲ့ကြည့်လိုက်ပြီး " ကိုယ့်မိန်းမ...ကိုယ့်သာသမီးတွေကိုသ*တ်ပြီး...မယားငယ်သားအမိကိုဘုရားလိုပကိုးကွယ်ခဲ့တယ်...ဒါနဲတင်အားမရသေးလို့ ...သူများသားသမီးကိုပါ ဖမ်းဆီးချုပ်နှောင်ထားပြီး ...စိတ်ဝေဒနာသည်ဖြစ်အောင် ဖန်တီးဖို့ကြိုးစားခဲ့တယ်...ခင်ဗျားတို့ လူတွေမဟုတ်ကြဘူး...အသက်ရှင်နေသေးတဲ့လူတွေကို မီ//း ရှို့သ//တ်ခဲ့ကြတယ်...မယားငယ်ကိုဒီလောက်သဘောကျနေရင်လဲ ...

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၆) akyiphyu ********* " မင်း...မင်းက....ငါ့ကို ဘာလို့်အဖေလို့ခေါ်ရတာလဲ ဘုန်းသိင်္ခ " ဦးဘိုထွန်းက ဘုန်းသိင်္ခကိုကြည့်ပြီး တုန်တုန်လှုပ်လှုပ်နဲ့မေးလိုက်တယ်။ " ကျွန်တော့်က ဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်တို့ရဲ့သား ထွန်းမြတ်မောင်ပါ " ဘုန်းသိင်္ခရဲ့အဖြေစကားကြောင့် ဦးဘိုထွန်းရဲ့မျက်လုံးအစုံက ပြူးကျယ်သွားခဲ့ပြီး ဘုန်းသိင်္ခကို တုန်လှုပ်ချောက်ချားစွာငေးကြည့်နေခဲ့တယ်။ပန်းရိပ်ဖြူခေါ်သစ်ခက်ကလဲ ထွန်းမြတ်မောင်ဆိုတဲ့နာမည်ကိုကြားလိုက်ရတာမို့ ဘုန်းသိင်္ခကိုမျက်လုံးအပြူးသားနဲ့ငေးကြည့်နေခဲ့မိတယ်။ဘုန်းသိင်္ခရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်ခေါ် ဒေါ်တင်တင်မြိုင်မှာ ရုတ်တရက်တော့ ကြောင်အနေခဲ့ပြီးမှ ဘုန်းသိင်္ခကိုကြည့်ကာ အော်ဟစ်လေတော့တယ်။ " ဘာပြောတယ်...မင်း...မင်းက ထွန်းမြတ်မောင်ဟုတ်လား...လူလိမ်...မဟုတ်တာတွေလာပြောနေတယ်...သူပြောတာကိုမယုံနဲ့ကိုထွန်း ....အလကားလူလိမ်ကောင် ...မြိုင်တို့က သားလေးကိုရှာနေတာသိလို့ လိမ်နေတာ ....လူလိမ်ကောင် " ဒေါ်တင်တင်မြိုင်က အော်ဟစ်ပြောဆိုလိုက်ပေမဲ့ ဘုန်းသိင်္ခက ဘာမှပြန်မပြောဘဲ သစ်ခက်ရှိရာဆီကိုလျှောက်သွားလိုက်တယ်။ဘုန်းသိင်္ခနဲ့အတူ အခန်းထဲကိုဝင်လာခဲ့ကြသူတွေက ဦးဘိုထွန်းအပါအဝင်ကျန်လူတွေကိုပါ ဖမ်းဆီးလိုက်တယ်။ဖမ်းဆီးခံရမှုကြောင့် ဒေါ်တင်တင်မြိုင်က အော်ဟစ်သောင်းကျန်းနေပေမဲ့ ဦးဘိုထွန်းမှာကြက်သေသေကာကြောင်ငေးလျက် ဘုန်းသိင်္ခကိုလိုက်ကြည့်နေခဲ့တယ်။ဘုန်းသိင်္ခခေါ် အထွန်းကတော့ ဖခင်ဖြစ်သူကိုလုံးဝမကြည့်ဘဲ သစ်ခက်ရှိရာကိုလျှောက်သွားလိုက်တယ်။ " အားလုံးကို အောက်ထပ်မှာပဲ လူစုထားလိုက်ပါ ဆရာတို့ ...ကျွန်တော့်သိထားတဲ့အဖြစ်မှန်တွေကို ရှင်းစရာကျန်သေးလို့်ပါ ....ရှင်းပြီးသွားရင်တော့ အားလုံးကို စခန်းကိုခေါ်သွားလို့ရပါပြီ " ဘုန်းသိင်္ခက တာဝန်ရှိသူတွေကိုလှည့်ပြောလိုက်ပြီးတော့ သစ်ခက်ကိုလက်ကမ်းပေးလိုက်တယ်။ " မမ...ကျွန်တော်ကအထွန်းလေ...ကျွန်တော့်ကိုမှတ်မိပြီလား " ဘုန်းသိင်္ခရဲ့အမေးကြောင့် သစ်ခက်ကမျက်လုံးအပြူးသားနဲ့ ဘုန်းသိင်္ခကိုမော့ကြည့်နေခဲ့မိတယ်။ " မမဘာမှမဖြစ်ဘူးမဟုတ်လား ...ကျွန်တော် အချိန်မီရောက်အောင်လာခဲ့ပါတယ်..." ဘုန်းသိင်္ခကတတွတ်တွတ်ပြောနေခဲ့ပေမဲ့ သစ်ခက်မှာဘာမှပြန်မပြောနိုင်ဘဲ ဘုန်းသိင်္ခကိုသာ သတိလက်လွတ်ငေးကြည့်နေခဲ့မိတယ်။အားလုံးကလဲ အခန်းပြင်ကိုထွက်သွားကြပြီမို့ ဘုန်းသိင်္ခက သူ့ကိုငေးကြောင်ကြည့်နေတဲ့ သစ်ခက်ရဲ့ဘေးမှာထိုင်ချလိုက်ပြီး သစ်ခက်ရဲ့လက်ဖဝါးနှစ်ဖက်ကိုခပ်တင်တင်းဆုပ်ကိုင်လိုက်တယ်။ " မမ...ကျွန်တော့်ကိုမမှတ်မိဘူးလား ..ကျွန်တော်ကအထွန်းလေး...မမကယ်တင်ပေးခဲ့တဲ့အထွန်းပါ...မမကယ်ပေးခဲ့လို့ ကျွန်တော်အသက်ရှင်ခဲ့ရတာပါ " ဘုန်းသိင်္ခက သစ်ခက်ရဲ့လက်ကလေးနှစ်ဖက်ကိုသူ့မျက်နှာမှာ ဆွဲကပ်ပြီပြောလိုက်တော့မှ သစ်ခက်မှာ သတိပြန်ဝင်လာခဲ့ပြီး ဘုန်းသိင်္ခရဲ့လက်တွေကိုထွန်းဖယ်ပစ်လိုက်တယ်။ " ရှင်...ရှင်ကအထွန်းဟုတ်လား...ဟုတ်လို့်လား " " ဟုတ်ပါတယ် မမရယ် ...ကျွန်တော်ကအထွန်းပါ...ကျွန်တော် ကသစ်မြိုင်ကိုရောက်ပြီး... သိပ်မကြာခင်မှာပဲ မမက မမသစ်ခက်မှန်း ကျွန်တော်သိခဲ့ပါတယ် " ဘုန်းသိင်္ခရဲ့စကားအဆုံးမှာ သစ်ခက်က အံကိုကြိတ်ကာမျက်ရည်တွေကျလာခဲ့တယ်။ပြီးတော့ ဘုန်းသိင်္ခကိုမော့ကြည့်လိုက်ပြီး " မင်း...မင်းက တကယ်ပဲအထွန်းလား...ဒါ...ဒါဆိုရင် ... တို့ကို ချောက်ထဲဘာလို့်တွန်းချခဲ့တာလဲ...." သစ်ခက်ရဲ့အမေးကြောင့် ဘုန်းသိင်္ခမျက်နှာကွက်ခနဲ့ပျက်သွားခဲ့ပြီးမှ သစ်ခက်ရဲ့လက်ကလေးကို ဖမ်းယူဆုပ်ကိုင်လိုက်တယ်။ " ဟုတ်...ဟုတ်ပါတယ်မမရယ်...မမကိုကျွန်တော်တွန်းချခဲ့ပါတယ်...ဒါပေမဲ့ အဲ့ဒီချောက်တစ်လျှောက်လုံးမှာ သစ်ရွက်ကြွေတွေကို ကြိုတင်ပြီးစုပုံထားခဲ့ပြီးမှ စွန့်စွန့်စားစားလုပ်ခဲ့တာပါ...အဲ့ဒီချောက်က မမနဲ့ ကျွန်တော်လဲကျခဲ့ကြတဲ့ ချောက်ပါ ...မမသတိပြန်ရနိုင်တယ်လို့တွေးမိလို့ အရဲစွန့်လုပ်ခဲ့တာပါ....အဲ့ဒီလိုလုပ်ရတာကလဲ ဒေါ်တင်တင်မြိုင်တို့လက်ထဲကနေ မမကိုကယ်တင်ချင်လို့်ပါ...ကျွန်တော် ကသစ်မြိုင်ကိုစရောက်ကတည်းက ... မမကကျွန်တော့်ရဲ့အစ်မပန်းရိပ်ဖြူမဟုတ်ဘူးဆိုတာကို သိပြီးလာခဲ့တာပါ...ဒါကြောင့်လဲမမကို ပန်းရိပ်ဖြူလို့် ကျွန်တော်တစ်ခါမှမခေါ်ခဲ့ဖူးဘူးလေ ....ခက်တာက မမက ...အစ်မပန်းရိပ်ဖြူမဟုတ်မှန်းသိပေမဲ့ မမသစ်ခက်ဟုတ်လား...မဟုတ်လားကို စစရောက်တုန်းက ဇဝေဇဝါဖြစ်နေခဲ့ရတယ်...ပိုဆိုးသွားတာက မမကအတိတ်ကို လုံးဝသတိမရတာကြောင့် ပိုဆိုးသွားခဲ့တာပဲ ...ဒါပေမဲ့ မမမှတ်မိလားမသိဘူး ...မမပေါ်ကို ဆိုင်ကယ်လဲကျမလိုဖြစ်တုန်းက .... ကျွန်တော်က လှမ်းဆွဲလိုက်ရင်းလဲကျသွားခဲ့တော့... မမကကျွန်တော့်ကိုကြည့်ပြီး ...ရှင်ဘယ်သူလဲလို့်မေးခဲ့တယ်လေ...အဲ့ဒီအချိန်ကစပြီး ...မမကတခြားသူစိမ်းမဟုတ်ဘဲ... မမသစ်ခက်ဆိုတာကိုကျွန်တော်သိသွားခဲ့တာပါ "

...ဟင်း..ဟင်း " ဒေါ်ပန်းမြိုင်ကပြောရင်းနဲ့သဘောကျစွာရယ်မောပစ်လိုက်တယ်။ " ကဲ..အမြန်ထိုးတော့ဆရာ..အိမ်မှာကလူစိမ်းနှစ်ယောက်ရှိနေလို့် သိပ်စိတ်ချလို့်မရဘူး " ဦးဘိုထွန်းကပြောလိုက်တော့ ဆရာကပန်းရိပ်ဖြူနားကိုတိုးကပ်သွားလိုက်တယ်။ပန်းရိပ်ဖြူကချုပ်နှောက်ခံထားရတဲ့ကြားကနေအတင်းရုန်းကန်ပစ်လိုက်ပြီးတော့ သူမကိုဆေးထိုးဖို့ပြင်နေတဲ့ ဆရာဆိုသူရဲ့မျက်နှာကိုခေါင်းနဲ့ခပ်ပြင်းပြင်းတိုက်ပစ်လိုက်တယ်။တိုက်လိုက်တဲ့အရှိန်ပြင်းလွန်းတာကြောင့် ဆရာနှာခေါင်းကနေ‌ေ*သွးတွေရဲခနဲထွက်လာခဲ့ပြီးဆေးထိုးအပ်မှာလဲအောက်ကိုပြုတ်ကျသွားခဲ့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီး ဦးဘိုထွန်းဒေါသထွက်သွားတာမို့ ပြုတ်ကျသွားတဲ့ဆေးထိုးအပ်ကိုကောက်ယူလိုက်ပြီး ကိုယ်တိုင် ဆေးထိုးပေးဖို့ပြင်လိုက်တယ်။ " ဟာ...သူ..သူဌေး မ...မလုပ်နဲ့....မထိုးတတ်ရင် အသက်အန္တရာယ်ရှိတယ်" ဆရာဆိုသူကတားလိုက်ပေမဲ့ ဦးဘိုထွန်းကဒေါသမထိန်းနိုင်တော့ဘဲ ဆေးထိုးဖို့ကိုသာ အတင်းအားထုတ်ကြိုးစားလိုက်တယ်။တခြားသူတွေလဲ ဦးဘိုထွန်းကိုမတားရဲဘဲရှိကြတယ်။ " ကိုထွန်းမလုပ်နဲ့လေ..အကုန်အလွဲလွဲအချော်ချော်တွေဖြစ်ကုန်မယ် " ဒေါ်ပန်းမြိုင်ကလဲ လှမ်းတားလိုက်ပေမဲ့ ဦးဘိုထွန်းကိုတားမရဖြစ်နေခဲ့တယ်။ " မင်းတို့ဘာလုပ်နေကြတာလဲ ...ဒီကောင့်မကိုမလှုပ်နိုင်အောင်ချုပ်ထားကြစမ်း " ဦးဘိုထွန်းကဒေါသတကြီးနဲ့ကြိမ်းမောင်းပြောဆိုလိုက်တယ်။ဒီအချိန်မှာပဲ အခန်းတံခါးရုတ်တရက်ပွင့်လာခဲ့ပြီးတော့ တစ်စုံတစ်ခုကလေထဲဝဲပျံလာကာ ဦးဘိုတွန်းရဲ့လက်ကိုထိမှန်သွားခဲ့တယ်။ " အား ..ဘယ်ကောင်ပစ်တာလဲ ....အဲ့ဒီကောင်ကိုဖမ်းစမ်း...." ဦးဘိုထွန်းမှာနာကျင်သွားတာကြောင့် ဒေါသတကြီးနဲ့ဆဲဆိုကြိမ်မောင်းလိုက်တယ်။ကျန်တဲ့သူတွေကတော့ အခန်းထဲကိုရုတ်တရက်ဝင်ရောက်လာတဲ့ လူတွေကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်ကာကြောင့်ငေးကြည့်နေမိကြတယ်။ " တော်လိုက်ပါတော့အဖေ...ရှေ့ဆက်ဖို့ကြိုးစားမယ်ဆိုရင်...ကျွန်တော်လဲညှာနေမှာမဟုတ်ပါဘူး...အားလုံးငြိမ်ငြိမ်လေးနေကြပါ....ခင်ဗျားတို့အားလုံးကိုဖမ်းဆီးဖို့အတွက်သက်ဆိုင်ရာလဲရောက်နေပါပြီ ... လုံခြုံရေးဂိတ်က အုပ်စုကိုလဲ ...ဖမ်းဆီးထားပြီးသွားပါပြီ " " ဘာ...မင်းဘာပြောလိုက်တယ်...မင်း...မင်းက ...ငါ့ယောက်ျားကို ဘာလို့ အဖေလို့ခေါ်ရတာလဲ." ဒေါ်ပန်းမြိုင်မှာ တုန်လှုပ်ချောက်ချားစွာနဲ့မေးလိုက်တယ်။ဦးဘိုထွန်းကတော့ အဖေလို့ အခေါ်ခံလိုက်ရတာမို့ ထိတ်လန့်တုန်လှုပ်ကာ ကြည့်နေခဲ့မိတယ်။ " သိပ်လဲအံ့ဩမသွားပါနဲ့ဒေါ်တင်တင်မြိုင် .... ဒေါ်တင်တင်မြိုင် အံ့သြရမဲ့ကိစ္စတွေ ကျန်နေသေးလို့ပါ " ================================== အပိုင်း(၃၆)ဆက်ရန် ဒီနေ့ စာလုံးရေ .ကိုးထောင်ကျော်ပဲရှိပါတယ် နောက်ရက် (၂) ပိုင်းတင်ပေးနိုင်အောင် ကြိုးစားပါမယ်ရှင် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇

" အမေဟုတ်လား...ဘာအမေလဲ...မခေါ်နဲ့ နင်ကငါတို့သမီးမဟုတ်တာကို နင်လဲသိသွားပြီးမဟုတ်လား ...ပြောလေ...ဘာတွေလိမ်ညာအုံးမလို့်လဲ...ဇာယု...အဲ့ဒီကောင်မကို ခုတင်ပေါ်တက်ခိုင်းပြီး ဆေးထိုးခိုင်းလိုက်တော့....ဟဲ့...ကျွန်မသမီးရဲ့ နင့်လင်ကိုလဲမျှော်မနေနဲ့...စိုင်းမြတ်ဆိုတဲ့ကောင် ...မနေ့ကကားမှောက်လို့် 6သသွားပြီ သိရဲ့လား " ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ပန်းရိပ်ဖြူရင်ထဲမှာခံစားနေရတဲ့ တုန်လှုပ်ချောက်ချားနေတဲ့စိတ်ကဒေါသအဖြစ်ကိုကူးပြောင်းသွားခဲ့တယ်။ " ဪ...ကိုစိုင်းမြတ်ဆုံးပြီလား ...အဲ့ဒါဆိုရင်တော့ အလွမ်းဆွတ်တစ်ယောက်အတော်လေးကြေကွဲနေရှာမှာပဲ...သူ့မှာစိုင်းမြတ်နဲ့ရတဲ့ကိုယ်ဝန်တွေဘာတွေများ ကျန်ခဲ့သေးလားစစ်ခိုင်းလိုက်ပါအုံး...တော်ကြာအဖေမပေါ်ဘဲဗိုက်ကျန်နေခဲ့အုံးမယ် " " ဘာ...ဘာပြောတယ် ...နင်ကများ ငါ့သမီးကိုပြောရဲတယ်ပေါ့ဟုတ်လား " " ဖြန်း " ပန်းရိပ်ဖြူရဲ့စကားမဆုံးခင်မှာဘဲ ဒေါသတကြီးနဲ့ထအော်လိုက်ပြီး ပန်းရိပ်ဖြူရဲ့ပါးကိုရိုက်လိုက်တဲ့သူက ဦးဘိုထွန်းဖြစ်နေခဲ့တယ်။အရှိန်ပြင်းပြင်းနဲ့အရိုက်ခံလိုက်ရတာမို့ ပန်းရိပ်ဖြူခမျာခွေခနဲလဲကျသွားခဲ့ရတယ်။ဒါက်ိုမကျေနပ်နိုင်သေးဘဲ ဦးဘိုထွန်းကထပ်ရိုက်ဖို့ရန်လက်ကိုရွယ်လိုက်တယ်။ " တော်တော့ ကိုထွန်း....တော်ကြာကိုထွန်းအမေပြန်လာလို့် သူ့ဆီမှာ ဒဏ်ရာတွေတွေ့ရင် ..ရှင်းရခက်လိမ့်မယ် " ဒေါ်ပန်းမြိုင်က ယောက်ျားဖြစ်သူကိုတားလိုက်ချိန်မှာပဲ ပန်းရိပ်ဖြူကလဲကျနေရာက အားယူထလိုက်ပြီး ဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်ကို မုန်းတီးစက်ဆုပ်စွားကြည့်လိုက်ပြီး "ဪ ...အလွမ်းဆွတ်က ဦးလေးသမီးပေါ့ဟုတ်လား..ဒါဆိုရင် အမေပန်းမြိုင်ယောင်ဆောင်ထားတဲ့ ဒီမိန်းမက ဦးလေးရဲ့ မယားငယ်ပေါ့လေ.... ဟုတ်ပါတယ်...ကျွန်မအားလုံကိုမှတ်မိနေပြီး လူယုတ်မာတွေရဲ့....ကျွန်မကို အခုသ*တ်လိုက်...မသ*တ်ရင် ရှင့်တို့အကြောင်းတွေကို ဖော်ထုတ်ပစ်မှာ ...ရှင်တို့တွေ ကျွန်မအမေနဲ့အမေပန်းမြိုင်တို့သားအမိတွေကိုသ*တ်ခဲ့ကြတာ " "ဘာ...နင်ဘာပြောလိုက်တယ် ..ကျွန်မသမီးရဲ့ " ဒေါ်ပန်းမြိုင်က ပန်းရိပ်ဖြူနားကိုပြေးသွားကာဆောင့်တွန်းပစ်လိုက်တယ်။ " ဟုတ်တယ်..ကျွန်မက ဒေါ်အေးပုံရဲ့သမီးသစ်ခက်နွယ်ပဲ ....ရှင်က အမေပန်းမြိုင်မဟုတ်ဘူးဆိုတာကိုလဲ ကျွန်မသိသွားပြီ သိရဲ့လား...သ*တ်လေ...ကျွန်မကိုသ*တ်လိုက်တော့ ...ရှင်တို့တွေ အမွေတွေကိုမရစေရဘူးသိရဲ့လားလူယုတ်မာလူသ*တ်သမားတွေရဲ့...ကိုယ့်မိန်းမကိုသ/တ်ခဲ့တဲ့ လူကို ...ကိုယ့်မိန်းမလိုပုံစံပြောင်းပြီးပေါင်းသင်းနေတာဆိုတော့ ဒီကိစ္စတွေရဲ့တရားခံကသူတော်ကောင်းယောင်ဆောင်ထားတဲ့ဦးဘိုးထွန်းဆိုတဲ့လူယုတ်မာကြီးမှန်း ကျွန်မမှတ်မိသွားပြီးသိရဲ့လား ... " " ဘာ...မင်းဘာပြောလိုက်တယ်...မင်းကိုငါသ/တ်မယ် " ဦးဘိုထွန်းကဒေါသတကြီးကြိမ်းမောင်းလိုက်ရင် ပန်းရိပ်ဖြူကို လက်သီးနဲထိုးဖို့ပြင်လိုက်တယ်။သို့ပေမဲ့ ဒေါ်ပန်းမြိုင်က ဦးဘိုထွန်းကိုအမြန်လှမ်းဆွဲပြီးတားဖြစ်လိုက်တယ်။ " တော်တော့ကိုထွန်း...ဒီကောင်မလိုချင်နေတာက သူ့ကို ဒဏ်ရာရအောင်နှိပ်စက်တာရယ်...သူ့ကိုသ/တ်ပစ်လိုက်တာကို လိုချင်နေတာ...စိတ်ချ...နင့်ကို ငါတို့မသ/တ်ပါဘူးဟဲ့ကျွန်မသမီးရဲ့ ...ဒဏ်ရာရအောာင်လဲမနှိပ်စက်ပါဘူး ....နင့်ကိုသွပ်သွပ်ခါအောင်ရူးသွားအောင်ပဲလုပ်မှာသိလား...မွေးနေ့ပွဲပြီးသွားလို့် အမွေတွေလွဲပြောင်းပြီးသွားရင် ....နင့်ကိုအရူးတစ်ယောက်လိုနှစ်တွေအကြာချည်းပိတ်လှောင်ထားအုံးမှာ သိရဲ့လား...ငါတို့်က နင့်ကိုသူဌေးသမီးလိုထားရင်လဲ ..နင်ကသူဌေးသမီလိုဟန်မပျက်နေပါလားဟဲ့အရူးမရဲ့...နင်ကများရာရာစစထွက်ပြေးဖို့ကြိုးစားတယ်ပေါ့ဟုတ်လား...နင့်အတွက် ကသစ်မြိုင်ကနင့်ရဲ့သင်္ချိုင်းပဲဆိုတာကိုမှတ်ထားလိုက်စမ်း ကျွန်မသမီး " " ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ပန်းရိပ်ဖြူက ရယ်မောပစ်လိုက်ပြီး "ကိုယ့်ကိုယ်ကိုယ်လဲ သိပ်အထင်ကြိးမနေကြနဲ့အုံး ..ရှင်တို့အကြောင်းတွေကို ဘွားကြေဥဆီကို ကျွန်မစာတွေအားလုံးပို့လိုက်ပြီ သိရဲ့လား " " ဪ ဟုတ်လား...ဘာစာလဲ ....ဒီစာတွေကိုပြောတာလား " ဦးဘိုထွန်းကပြောပြောဆိုဆိုနဲ့ဖုန်းကိုသူမရဲ့မျက်နှာရှေ့ကိုထိုးပြလိုက်တယ်။ " နင်ကများ မလောက်လေးမလောက်စားနဲ့ ဘိုထွန်းကိုလာယှဉ်နေသေးတယ် ...ကဲ ..စကားတွေမပြောကြနဲ့တော့ အချိန်တွေကုန်တယ်...မနက်ဖြန် ဟိုကောင့်အသုဘကိုသတင်းမေးသူတွေရောက်လားအုံးမှာဆိုတော့ ...ဒီနေ့တော့ ဆေးပြင်းပြင်းလေးထိုးမယ်ဆရာ...တစ်ခါတည်းအာလုံးကိုမေ့သွားအောင်သာထိုးပစ်လိုက်ပါ.." ဦးဘိုထွန်းကပြောလိုက်တော့ ခပ်စောစောက အခန်းထဲမှာရှိနေခဲ့တဲ့သူက ဆေးထိုးဖို့အတွက်ပြင်ဆင်လိုက်တယ်။ " မထိနဲ့...ငါ့အသားကိုမထိနဲ့ ...လူယုတ်မာတွေ ..." ပန်းရိပ်ဖြူကအော်ဟစ်ရင်းနဲ့အတင်းရုန်းကန်လိုက်တာမို့် မဇာယုနဲ့လူနှစ်ယောက်က အတင်းဝင်ပြီးချုပ်ထားလိုက်ကြတယ်။ " အော်စမ်း ...နင်ကြိုက်သလောက်အော်...ဒီအခန်းကအသံလုံအခန်းသိရဲ့လား..ဒီဆေးထိုးလိုက်ပြိးရင် တစ်နေ့လုံးတစ်ညလုံးနင်အိပ်ပျော်သွားမယ်..ပြန်နိုးလာရင် အရူးလိုမျိုးကယောင်ကတမ်းတွေပြောနေလိမ့်မယ်...အဲ့ဒီအခါကျရင်...နင့်ရည်းစားစိုင်းမြတ်ဆုံးသွားတာမို့ ....နင့်ရဲ့စိတ်တွေပိုဆိုးသွားတယ်လို သတင်းလွှင့်လိုက်ရုံပဲပေါ့...6သဖို့တော့မစဉ်းစားနဲ့အုံးအရူးမရဲ့

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၅) akyiphyu ********* စင်္ကြန်လမ်းတစ်လျှောက်ဖြည်းညင်းစွာလျှောက်လာတဲ့အရိပ်မည်းက အခန်းတစ်ခန်းရှေ့အရောက်မှာတော့ အခန်းထဲကိုလျင်လျင်မြန်မြန်ဝင်သွားခဲ့တယ်။ ~~~~~~~~~~~~~~~~ ပန်းရိပ်ဖြုူသတိဖျတ်ခနဲဝင်လာချိန်မှာ မှောင်မည်းတိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကိုတွေ့လ်ုက်ရတာမို့လူကတုန်လှုပ်ချောက်ချားသွားမိပြီး ထထိုင်လိုက်မိတယ်။သို့ပေမဲ့သူမခန္ဓာကိုယ်က သူမဆွဲခေါ်ရာနောက်ကိုပါမလာခဲ့ဘဲ နှေးကွေးလေးလံနေခဲ့တယ်။ဒုတိယအကြိမ်မြောက်ကြိုးစားပြီးထလိုက်တဲ့အခါမှာတော့ လူကအနည်းငယ်လှုပ်ရှားသွားခဲ့တယ်။လှုပ်ရှားလို့်ရတာနဲ့အတင်းကုန်းထလိုက်ပြီး ခုတင်ဘေးကစားပွဲကိုလက်နဲ့အသာစမ်းကြည့်လိုက်မိတယ်။သို့ပေမဲ့ စာပွဲကိုမစမ်းမိဘဲ လေဟာနယ်ကိုသာစမ်းမိတာကြောင့် လူတစ်ကိုယ်းအေးစက်သွားကာရင်တွေတလှပ်လှပ်တုန်လာမိတယ်။မှောင်မှောင်မည်းမည်းထဲမှာ မီးရောင်မရှိ။ပြတင်းပေါက်ကနေမြင်ရတတ်တဲ့ ပြင်ပအလင်းရောင်ကိုလဲမတွေ့ရ။သေချာတာက သူမရောက်ရှိတဲ့အခန်းက သူမရဲ့အခန်းမဟုတ်ဘူးဆိုတာပါပဲ။သူမဘယ်ကိုများရောက်နေတာလဲ။မနေ့က စားသောက်ဆိုင်ထဲမှာလဲကျသွားခဲ့တာကိုပဲ သေသေချာချာမှတ်မိနေခဲ့တယ်။နောက်ပိုင်းအကြောင့်အရာတွေကို လုံးဝမမှတ်မိတော့။ စားပွဲကိုမစမ်းမိတော့ ခုတင်ပေါ်ကထလိုက်ပြီး လက်နှစ်ဖက်ကိုဆန့်ကာလျှောက်စမ်းကြည့်လိုက်တယ်။ဒီအခါနံရံတစ်ဖက်ကိုစမ်းမိသွာတာမို့ နံရံတစ်လျှောက်လိုက်စမ်းကြည့်လိုက်တယ်။နံရံကိုလိုက်စမ်းနေရင်းနဲ့ မီးခလုတ်တွေကိုစမ်းလိုက်မိတာမို့ အမြန်ဖွင့်လိုက်တယ်။ " ထောက် " မီးတွေလင်းထိန်သွားတာနဲ့တစ်ပြိုင်နက် အခန်းထဲအနှံ့ကို သူမလိုက်ကြည့်မိလိုက်တယ်။ " အမယ်လေး " မီးဖွင့်ပြီးတာနဲ့နောက်ကျောဘက်ကို သူမလှည့်ကြည့်လိုက်တဲ့အခါမှာ သူမကိုစိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့ လူတစ်ယော်ကိုတွေ့လိုက်ရတာမို့ထိတ်လန့်ချောက်ချားကာအော်ဟစ်လိုက်မိတော့တယ်။ " ရှင်...ရှင်ဘယ်သူလဲ...ဒါကဘယ်နေရာလဲ.." ပန်းရိပ်ဖြူတုန်လှုပ်ချောက်ချားစွာမေးလိုက်မိတယ်။ " မင်းပါးစပ်ကိုပိတ်ထားပြီး ...ခုတင်ပေါ်မှာသွားလှဲနေစမ်း " လူစိမ်းဆီက အေးစက်စက်အမိန့်ပေးသံထွက်ပေါ်လာခဲ့တာမို့ သူမဒေါသထွက်သွာကာအော်ဟစ်လိုက်မိတယ်။ " ဘာလို့်ပိတ်ရမှာလဲ...ရှင်ဘယ်သူလဲ..ကျွန်မကိုဖမ်းထားတာလား..ဘယ်သူကဖမ်းခိုင်းတာလဲ " " ပါးစပ်ကို ပိတ်ထားလို့်ပြောနေတာကို တော်တော်လျှာရှည်နေတယ်.....ဒီလောက်သိချင်နေရင်ပြောပြရမှာပေါ့ " ပြောပြောဆိုဆိုနဲ့လူစိမ်းက သူမကိုပြေးပြီးကန်လိုက်တာမို့ ပန်းရိပ်ဖြူအမြန်ရှောင်တိမ်းလိုက်ပြီး လူစိမ်းရဲ့ရင်ဘတ်ကို ခေါင်းနဲ့ပြေးတိုက်ပစ်လိုက်တယ်။ခေါင်းတိုက်အားအရှိန်ပြင်းလွန်းတာကြောင့် လူစိမ်းမှာနောက်ကိုလဲကျသွာပြီး နံရံနဲ့ဆောင့်မိသွားတယ်။ပန်းရိပ်ဖြူအချိန်ဆွဲမနေတော့ပါ။အခန်းထဲမှာရှိတဲ့ထိုင်ခုံကိုကောက်ယူလိုက်ပြိး လူစိမ်းကိုခုံနဲ့ ရိုက်ချပစ်လိုက်ဖို့လက်ကိုရွယ်မြှောက်လိုက်တယ်။ဒီအချိန်မှာပဲ အခန်းတံခါးပွင့်လာခဲ့ပြီး အခန်းထဲကို မိခင်ဖြစ်သူနဲ့မဇာယုအပါအဝင်လူသုံးယောက်ဝင်လာတာကိုတွေ့လိုက်ရတယ်။ဝင်လာသူတွေကိုကြည့်ပြီး ပန်းရိပ်ဖြူဝမ်းသာအားရနဲ့ခေါ်လိုက်မိတယ်။ " အမေ...အမေ...ဘာ...ဘာတွေဖြစ်နေတာလဲဟင်...သမီကစားသောက်ဆိုင်ကနေပြီး ဒီကိုဘယ်လိုရောက်လာတာလဲ...ဒါ...ဒါကဘယ်နေရာလဲအမေ " ပန်းရိပ်ဖြူအလောတကြီးမေးလိုက်ပြီးတော့ မိခင်နားကိုပြေးသွားလိုက်မိတယ်။ဒီအခါ မိခင်ဖြစ်သူဒေါ်ပန်းမြိုင်က သူမကို အနားနားကိုအကပ်မခံဘဲ ပြန်တွန်းထုတ်ပစ်လိုက်ရင်း အသံမာမာနဲ့အော်ပစ်လိုက်တယ်။ " ငါ့အသားကို လာမထိစမ်းနဲ့အရူးမရဲ့....နင်ဘာမှ ဟန်ဆောင်မနေနဲ့ခုချက်ချင်းခုတင်ပေါ်တက်စမ်း " မိခင်ဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူထိတ်လန့်အံ့ဩသွားရပြီး အလန့်တကြားနဲ့မော့ကြည့်လိုက်မိတယ်။ " အ ...အမေ...အမေဘာလို့လဲဟင် ...သမီးဘာလုပ်မိလို့လဲ " ပန်းရိပ်ဖြူမိခင်ကိုထိတ်လန့်တုန်လှုပ်စွာနဲမေးလိုက်မိချိန်မှာပဲ အခန်းထဲကို ဖခင်ဖြစ်သူဝင်ရောက်လာတာမို့ အားကိုးတကြီးနဲ့လှမ်းပြောလိုက်မိတယ်။ " အဖေ..အမေဘာဖြစ်နေတာလဲ ...သမီးကိုစိတ်ဆိုးနေတာလားဟင်...သ..သမီးက ကိုစိုင်းကိုစိတ်မချလို့် ....သူနဲ့မခွဲရအောင်ကြံစည်မိတာပါ အဖေ " ပန်းရိပ်ဖြူရဲ့စကားသံကြောင့် ဖခင်ဖြစ်သူဦးဘိုထွန်းက ပန်းရိပ်ဖြူကိုခပ်စူးစူးစိုက်ကြည့်လိုက်ပြီး "မင်းကဟန်ဆောာင်သိပ်ကောင်းနေပါလားကွ...ငါတို့ကို မင်းလိမ်သမျှယုံနေတဲ့ငတုံးငအတွေလို့်များထင်နေတာလား ...မင်းကိုယ်မင်းသိပ်လည်နေပြီပေါ့လေဟုတ်လား " " အ...အဖေ..ဘာ...ဘာတွေပြောနေတာလဲ...သမီးဘာမှနားမလည်တော့လိုပါ...အမေ...အဖေဘာတွေပြောနေတာလဲ ..." ပန်းရိပ်ဖြူထိတ်လန့်တုန်လှုပ်စွာနဲ့ မိဘတွေကိုပြန်မေးလိုက်မိတယ်။

" အို ...သူက ....ကသစ်မြိုင်က သူဌေးသမီးလေးမဟုတ်လား " " ဟုတ်လား ..သူက သိပ်ပြီးကျန်းမာရေးမကောင်းဘူးဆို ..အဖော်မပါဘူးလား " ~~~~~~~~ ကသစ်မြိုင်စံအိမ်ကြီးရဲ့ ညစာထမင်းစားပွဲမှာ ပန်းရိပ်ဖြူတစ်ယောက်ကလွဲလို့ လူစုံရှိနေခဲ့တယ်။ ဘုန်းသိင်္ခက ထမင်းစားနေရင်းက ဦးဘိုထွန်းနဲ့ ဒေါ်ပန်းမြိုင်ကိုကြည့်လိုက်ပြီး " မမလေးမသက်သာဘူးလား အန်တီမြိုင် ....ဒီနေ့ အပန်းဖြေစခန်းကို လာမယ်ပြောပြီး မလာဘူး " ဘုန်းသိင်္ခရဲ့ အမေးကြောင့် ဒေါ်ပန်းမြိုင်နဲ့ ဦးဘိုထွန်းက သက်ပြင်းကိုယ်စီ ချလိုက်ကြပြီး " အင်း ..မောင်းဘုန်းသိင်္ခ မပြောရသေးဘူးပဲ ....သမီးက နေ့လယ်တုန်းက မြို့ထဲမှာ မုန့်သွားစားရင် မေ့လဲလို့လေကွယ်....ဆရာဝန်ကြီး ဆေးလာထိုးပေးထားလို့ သက်တော့ သက်သာပါတယ် ..ဒါပေမဲ့ နေ့လယ်ကတည်းအိပ်နေတာ ခုထိမနိုးသေးဘူး ....အန်တီ ထမင်းစားနေတုန်း မဇာယုကို အခန်းပြင်မှာ စောင့်ခိုင်းထားရတယ်လေ .....ဒီနေ့မသက်သာရင်တော့ မနက်ဖြန် မန္တ‌လေးဆင်းရမှာပဲပေါ့ ... " ဒေါ်ပန်းမြိုင်က မျက်နှာညှိုးညှိုးနဲ့ပြောရင်း ထမင်းစားတာကို ရပ်လိုက်ပြီး သောက်ရေဖန်ခွက်ကို ယူသောက်လိုက်တယ်။ဒီအချိန်မှာပဲ ထမင်းစားခန်းထဲကို အလုပ်သမားလေးတစ်ယောက်ပြေးဝင်လာခဲ့ပြီးနဲ့ အထိတ်တလန့် အသံနဲ့ ပြောလိုက်တယ်။ "ဟို ..ဟို ...သူ...သူဌေး ရှင်....ဆေးရုံက ဖုန်းဆက်ပါတယ်ရှင် ... ကိုစိုင်းမြတ်ကားမှောက်ပြီး ဆေးရုံရောက်နေပါတယ်တဲ့..ဟို..ပြီး....ပြီးတော့ ကိုခိုင်းမြတ်ဆုံးသွားပြီလို့ ပြောပါတယ် " " ဘာ " " ဘယ်လို ..စိုင်းမြတ်ဆုံး ... ဆုံးသွားပြီ " အလုပ်သမားလေးရဲ့ စကားကြောင့် ထမင်းစားပွဲဝိုင်းမှာ ရှိနေကြသူတွေအားလုံး ကြက်သေသေကာ ဆွံ့အသွားခဲ့ကြတယ်။ ~~~~~~~~ ညသန်းခေါင်သို့ရောက်လာတာနဲ့အမျှ စံအိမ်ကြီးရဲ့အောက်ထပ်အဝင်ဝက နာရီစက္ကန်တံရွေ့လျားနေတဲ့အသံက ပိုပိုပြီးကျယ်လောင်လာခဲ့တယ်။ညသန်းခေါင်အချိန်ကိုရောက်နေပြီဆိုတော့ ကသစ်မြိုင်စံအိမ်ကြီးကလဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီ။ခြံတခါးဝနားကလုံခြုံရေးဂိတ်တဲနဲ့ လောလောလတ်လတ် နာရေးအိမ်လိုဖြစ်နေတဲ့ ကားဂိုထောင်တိုက်မှာတော့ မီးတွေလင်းထိန်နေခဲ့တယ်။ "အူး ...ဝူး...ဝူး " ကသစ်မြိုင်စံအိမ်ကြီးတစ်ခုလုံးအိပ်မောကျနေမှာ မြို့ပြင် စပ်ကနေ ဆွဲဆွဲငင်င်အူလိုက်တဲ့ခွေအူးသံတွေထွက်ပေါ်လာခဲ့တယ်။ခွေးအူးသံတွေပေါ်ထွက်လာပြီး သိပ်မကြာခင်မှာပဲ စံအိမ်ကြီးရဲ့အပေါ်ထပ်စင်္ကြန်မှာ လှုပ်ရှားသွားလာနေတဲ့ အရိပ်မည်းတစ်ခုပေါ်ထွက်လာခဲ့တယ်။ ================================== အပိုင်း(၃၅)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/

ဘုန်းသိင်္ခကိုတွေ့လိုက်ရတယ်။ " ရှင်...ရှင်ဘာလုပ်တာလဲ...အခုချက်ချင်း ကျွန်မလက်ကိုလွှတ်နော် " " လွှတ်ပေးပါ့မယ်ဗျာ...ဘာလို့အဖြစ်သည်းနေတာလဲ ...နေပါအုံး...ယောက်ျားလေးနှစ်ယောက်တည်းနေတဲ့တိုက်ကို ညဘက်ကြီးဘာလာလုပ်တာလဲ ပြောစမ်းပါအုံး " ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူမှာရင်တွေတလှပ်လှပ်တုန်သွားရပြီး ခြေဖျားလက်ဖျားတွေပါအေးစက်သွားရတယ်။ " အခုမှ ညကိုးနာရီကျော်ရုံပဲရှိသေးတယ်..ဘာကိုညဘက်ကြီးလဲ ..ပြီးတော့ ကျွန်မရည်းစားဆီကို...ကျွန်မလာတာလေ ဘာဖြစ်လဲ " ပန်းရိပ်ဖြူကမာဆတ်ဆတ်အသံနဲ့ပြန်ဖြေလိုက်တော့ ဘုန်းသိင်္ခစိတ်တိုသလိုဖြစ်သွားရပြီး " ဪ...တော်တော်လေးချစ်နေတာလား ဟုတ်လား....ကိုယ့်အန္တရာယ်လဲကိုယ်ကြည့်အုံး...ဒီညစောစောအိပ်...မနက်ဖြန်ကျရင် အပန်းဖြေစခန်းကိုလိုက်ခဲ့ပါ " "အို...ခုရက်ပိုင်း ကျွန်မနေမကောင်းဖြစ်နေလိူ့် ...မလိုက်သေးဘူး " ပန်းရီပ်ဖြူရဲ့အဖြေစကားကြောင့် ဘုန်းသိင်္ခမျက်နှာတင်းခနဲ့ဖြစ်သွားရပြီး " မမလေးဘာဖြစ်နေတာလဲ ...ဖြစ်နိုင်ရင်စိုင်းမြတ်နဲ့မပတ်သက်ပါနဲ့ဗျာ " " ဘာပြောတယ်..ရှင့်စကားကို ကျွန်မကဘာကိစ္စနားထောင်ရမှာလဲ ...ရှင်ပဲပြောတာလေ...ကိုစိုင်းမန္တလေးသွားတဲ့နေ့ကျရင် ....အလွမ်းးဆွတ်နဲ့တိတ်တိတ်လေးလက်ထပ်ကြဖို့စီစဉ်ထားတယ်ဆို....အိမ်မှာအလုပ်သမားလိုဖြစ်နေတဲ့သူက ...ကျွန်မရည်းစားကိုလုတာမျိုးကိုတော့ သည်းမခံနိုင်ဘူး...အဲ့ဒါကြောင့် ကျွန်မလဲကိုယ့်ဘက်ပါအောင်ဆွဲဆောင်ရမယ်,,,ဖယ်စမ်းပါ.....လွှတ်စမ်းပါ " ပန်းရိပ်ဖြူကပြောပြောဆိုဆိုနဲ့ ဘုန်းသိင်္ခရဲ့လက်ထဲကသူမရဲ့လက်ကိုအတင်းပဲဆောင့်ရုန်းပစ်လိုက်တယ်၊။နောက်ဆုံးတော့ ဘုန်းသိင်္ခလဲစိတ်ပျက်လက်ပျက်နဲ့ပဲ ပန်းရိပ်ဖြူရဲ့လက်ကိုလွှတ်ပေးလိုက်ရတယ်။ ~~~~~~~~~~~~~~~~~~ " အင်း...ဟီး....ဟီး " ငိုသံလိုလိုနားထဲမှာကြားနေရတာမို့ ပန်းရိပ်ဖြူရဲ့မျက်လုံးတွေဆတ်ခနဲပွင့်လာမိတယ်။မျက်လုံးဖွင့်ဖွင့်ချင်းမှာသိလိုက်ရတာက အခန်းထောင့်ကလှုပ်ရှားမှုတစ်ခု။လှုပ်ရှားမှ က သ*က်ရှိလား၊ သ*က်မဲ့လားဆိုတာကိုတော့ ပန်းရိပ်ဖြူသေချာမခွဲနိုင်ဘူး။ သေချာတာက သူမခပ်စောစောက ကြားလိုက်ရတဲ့ငိုသံက အခန်းထောင့်အရိပ်မည်းဆီက ထွက်လာတာမဟုတ်။သူမနားထဲမှာ ပြတ်ပြတ်ဝင်ထင် ကြားခဲ့ရတသေချာတယ်။ဘာပဲဖြစ်ဖြစ် မမြင်မသိချင်ယောင်ဆောင်ပြီး မျက်လုံးတွေ မှိတ်ကာပြန်အိပ်နေလိုက်တယ်။ဒီအခါ အရိပ်မည်းက သူမနားကို လျှောက်လာပြီး လက်တစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်တယ်။ပြီးတော့ သူမရဲ့ခါးဆီကို ဖြည်းဖြည်း ထိကိုင်လိုက်တယ်။ဒီအချိန်မှာ ဆစ်ခနဲ တစ်ချက်သာ ခံစားလိုက်ရတယ်။ ပန်းရိပ်ဖြူ သူမရဲ့စိတ်တွေကို တင်းထားတဲ့ကြားကနေ သိစိတ်မသိစိတ်ကရောထွေး ဝေဝါးလာခဲ့တယ်။တိုးတိတ်စွာ လှုပ်ရှားနေတဲ့အသံကို ကြားနေရသလို ခံစားနေရပြီး အတင်းရုန်းကန်လှုပ်ရှားနေမိပေးမဲ့ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ဘဲ ဖြစ်နေခဲ့တယ်။ ~~~~~~~~ စိုင်းမြတ်တစ်ယောက် ကသစ်မြိုင်ခြံထဲကနေ အစောကြီးထထွက်သွားတာကို အလွမ်းဆွတ်တစ်ယောက်မြင်လိုက်သလို ဘုန်းသိင်္ခလဲ မြင်လိုက်တယ်။မနက် (၆)နာရီတောင် မထိုးသေးတာမို့ ခြံထိပ်လုံခြုံရေးဂိတ်က လူတွေပါအံ့သြနေကြတယ်။ အစောကြီးထွက်သွားခဲ့တဲ့ စိုင်းမြတ်ရဲ့ ကားလေးကို အလွမ်းဆွတ် မျက်စိတစ်ဆုံးလိုက်ကြည့်နေခဲ့မိတယ်။နှစ်ယောက်သား ဖုန်းလဲမဆက်ခဲ့ကြသလို၊အဆက်အသွယ်လဲ မလုပ်ခဲ့ကြတာ သုံးရက်ရှိသွားခဲ့ပြီ။ဘွားကြေးဥတို့ မန္တလေးကို သွားနှင့်ကြပြီး သုံးလေးရက်နေရင် စိုင်းမြတ်လဲ မန္တလေးလိုက် ဆင်းမယ်ဆိုတဲ့ သတင်းကို အလွမ်းဆွတ်သိခဲ့ရပေမဲ့ စိုင်းမြတ်ဘက်က မဆက်သွယ်သေးတာမို့ အခြေအနေကို စောင့်ကြည့်နေခဲ့တာ။တကယ်လို့ မန္တလေးသွားဖြစ်လို့မှ သူမကို အသိမပေးရင်တော့ ပြဿနာအကြီးအကျယ်ရှာဖို့ အလွမ်းဆွတ်ဘက်ကဆုံးဖြတ်ခဲ့ပြီးပြီ။ ~~~~~~~~~~~ ပန်းရိပ်ဖြူမှာလက်ကနာရီကိုမကြာခဏကြည့်နေမိရင်း စိတ်တွေအရမ်းကိုလှုပ်ရှားနေခဲ့တယ်။မနက်ဆယ့်တစ်နာရီက ထိုးပြီးသွားပြီ။ဆိုင်ရှေ့မှာ စိုင်းမြတ်ရဲ့အရိပ်အယောင်ကို မှ မတွေ့မြင်ရသလို ၊သူနဲ့ ခပ်ဆင်ဆင်တူသောသူကိုပင် မတွေ့ရပါ။ဆိုင်ကလဲ နေ့လယ်စာစားချိန်ဆိုတော့ လူတွေ ပိုပြီးများလာကာနေရာတွေပါ ပြည့်လုနီးပါဖြစ်လာခဲ့ပြီ။ သူမကိုယ်တိုင်က လူရှုပ်ချိန်ကို တမင်ရွေးချိန်လိုက်တာ။ နာရီလက်တံကတဖြည်းဖြည်း ရွေ့လာတာနဲ့အမျှ သူမရင်တွေတလှပ်လှပ်တုန်ကာ ချွေးစေးတွေပါထွက်လာခဲ့တယ်။ဆိုင်ထဲမှာလူတွေကလဲ ပိုရှုပ်လာတာမို့ ခေါင်းတွေပါမူးချင်သလိုဖြစ်လာတယ်။ဆယ့်တစ်နာရီခွဲပြီးချိန်မှာတော့ ရင်ထဲမှာဝမ်းနည်းနာကျင်မှုနဲ့အတူ ဒေါသတွေပါထွက်လာခဲ့တယ်။ပေတေကာဆက်ပြီးထိုင်စောင့်နေခဲ့ပေမဲ့လူအများရဲ့ တွန်းထိုး တိုးတိုက်လှုပ်ရှားမှုတွေကြားမှာ နောက်ကျောဆီကဆစ်ခနဲလိုလိုခံစားလိုက်ရတာကြောင့် နောက်ကို အထိတ်တလန့်နဲ့ လှည့်ကြည့်လိုက်မိချိန်မှာတော့ ခေါင်းထဲမှာ တရိပ်ရိပ်နဲ့မူးဝေလာခဲ့တယ်။မျက်လုံးတွေပါ မှေးစင်းလာတာကြောင့် လဲ မကျအောင် သတိထားနေတဲ့ကြားကနေ လဲကျသွားခဲ့ရတော့တာတယ်။ " ဟာ ..ဒီမှာ လူတစ်ယောက်လဲကျသွားပြီ "

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၄) akyiphyu ********* ပန်းရိပ်ဖြူ အံလေးကိုတင်းတင်းကြိတ်ကာ အဘွားဖြစ်သူရဲ့တိုက်ဘက်ကနေပြန်လာခဲ့လိုက်တယ်။ပြန်လာနေရင်းနဲ့ ကသစ်မြိုင်တိုက်ကြီးထဲကို မဝင်သေးဘဲ ကားဂိုထောင်ဘက်ဆီကို သွားဖို့ပြင်လိုက်တာမို့ ပန်းခြံဘက်ကို ကွေ့ချလိုက်တယ်။ဒီအချိန်မှာပဲ ပန်းခြံနဲ့ မနီးမဝေးက ခုံတန်းလျားမှာ စကားပြောနေကြတဲ့ ဘုန်းသိင်္ခ နဲ့ သန္တာအောင်ကို မြင်လိုက်ရတာမို့ သစ်ပင်နောက်ကို ဖျတ်ခနဲဝင်ပုန်းလိုက်ပြီး ခုံတန်းနဲ့နီးသထက်နီးအောင် တိုးရွေ့သွားလိုက်တယ်။အနားကို နီးလာတာနဲ့အမျှ သန္တာအောင်ရဲ့ အသံကို လေအဝှေ့မှာမသဲမကွဲ ကြားရတယ် " " မင်းလုပ်ပုံတွေ အချိုးမပြေဘူးနော် ကိုဘုန်း....(..........) အနေအထိုင်ဆင်ခြင်ပါ.....(....) အားလုံးအလကားဖြစ်သွားမယ် " " သူသိနေ ...(........) ဒီတိုင်းကြည့်နေရမှာလား " " မင်းပါးစပ်ကို ( .....)..." စကားတွေကပြတ်တောင်းပြတ်တောင်းနဲ့ ကြားလိုက်ရတာမို့ ဘာတွေ ပြောနေမှန်းတော့ ပန်းရိပ်ဖြူ သိပ်နားမလည်ပါ။သူတို့နှစ်ယောက်က သမီးရည်းစားတွေ မဟုတ်ပါဘူးလို့လိမ်ညာထားခဲ့ကြပြီးမှ သမီးရည်းစားကြားက ပြဿနာလား။သို့မဟုတ်ပါက ဒီထက်နက်နဲတဲ့ အကြောင်းအရာရှိနိုင်မလားဆိုတာက သူတို့နှစ်ယောက်ပဲသိလိမ့်မယ်ထင်ပါတယ်။ပန်းရိပ်ဖြူ ကြည့်နေချိန်မှာပဲ သန္တာအောင်က ပြန်ထွက်သွားခဲ့ပြီး နေရာမှာဘုန်းသိင်္ခတစ်ယောက်ပဲ ကျန်နေခဲ့တယ်။သူမလဲ ရှေ့ဆက်မဲ့ ခြေလှမ်းတွေကို နောက်ကို ပြန်ဆုတ်ခဲ့ပြီး ကစ်မြိုင်စံအိမ်ကြီးဆီကိုပဲ ပြန်လာခဲ့လိုက်တယ်။ ~~~~~~~~~~~ "ဒေါက် ...ဒေါက် " တံခါးခေါက်သံခပ်တိုးတိုးကြောင့် စိုင်းမြတ်တံခါးကို ထဖွင့်လိုက်တယ်။တံခါးပွင့်သွားတဲ့အခါ တံခါးဝမှာရပ်နေသူက ပန်းရိပ်ဖြူဖြစ်နေတာမို့ စိုင်းမြတ်အံ့ဩသွားရတယ်။ " ပန်းရိပ် " စိုင်းမြတ်အံ့သြနေချိန်မှာပဲ ပန်းရိပ်ဖြူက အခန်းထဲကို အမြန်ဝင်လိုက်ပြီး " ကိုစိုင်း ..မနက်ဖြန်မန္တလေး သွားကြရအောင်.....အဖေတို့က ...ကိုစိုင်းနဲ့ပန်းရိပ်ကို သဘောတူမှာ မဟုတ်ဘူး ...ပန်းရိပ်တို့က အသက်ပြည့်နေပြီပဲ ... မန္တလေးရောက်ရင် ပန်းရိပ်တို့လက်ထပ်ကြမယ် " "ဘယ် ..ဘယ်လိုပန်းရိပ် ..ဖြစ်..ဖြစ်ပါ့မလားကွာ..." "ဖြစ်ပါတယ် ကိုစိုင်းရယ် ... အဘွားက ပန်းရိပ်တို့ကို သဘောတူတာပဲလေ.... ဘာလဲဟင်... ကိုစိုင်းကပန်းရိပ်နဲ့ လက်မထပ်ချင်လို့လား " " မ..မဟုတ်ပါဘူး ပန်းရိပ်ရယ် ... ကိုယ်က ဘာလို့လက်မထပ်ချင်ရမှာလဲ ..." " ဒါဆိုပြီးရောလေ ... ညကိုးနာရီကျော်နေပြီ ... ပန်းရိပ်သွားတော့မယ် ..... မနက်ဖြန်ရုံးကို သွားမဲ့ပုံစံအတိုင်းပဲ ကိုစိုင်းက ထွက်သွားပါ ....ပန်းရိပ်စောင့်နေမဲ့နေရာကို စာပို့လိုက်မယ်..." " ဟာ ...နေ..နေအုံးလေ ..ပန်းရိပ် ..ကိုယ်ပြောအုံးမယ် " စိုင်းမြတ်မှာ နားမလည်နိုင်ဘဲ ထပ်ပြီးမေးလိုက်တယ်။ " ဘာပြောမလို့လဲ ကိုစိုင်း...မနက်ဖြန်ကျရင် ...ပန်းရိပ်သွားနေကျ ...မြို့လယ်စားသောက်ဆိုင်ကစောင့်နေမယ် ...မနက်ဆယ့်တစ်နာရီမကျော်ခင်အရောက်လာခဲ့ပါ ...မလာဘူးဆိုလဲ ကိုစိုင်းသဘောပါ...ရုံးကိုလိုက်မလာပါဘူး..အဲ့ဒါကတော့ ကိုစိုင်းရွေးချယ်ရမဲ့အပိုင်းပဲလေ...ဪ...ဒါနဲ့ပန်းရိပ်မှာမှတ်ပုံတင်မရှိဘူးနော်.... မှတ်ပုံတင်က အမေတို့ဆီမှာ.,..အခု ပန်းရိပ်နောက်ကို လိုက်မလာနဲ့နော်...အမေတို့ရိပ်မိသွားလိမ့်မယ် " ပန်းရိပ်ဖြူပြောပြီးတာနဲ့ လှစ်ခနဲပြန်ထွက်သွားခဲ့တာမို့ စိုင်းမြတ်မှာမတားလိုက်နိင်ဘဲဖြစ်သွားခဲ့ရတယ်။ ~~~~~~~~~~~~~~ စိုင်းမြတ်ရဲ့အခန်းထဲက ထွက်လာခဲ့ပြီးတော့ တောင်မြောက်အရပ်လေးမျက်နှာကို ပန်းရိပ်ဖြူ လိုက်ကြည့်ကာ စံအိမ်ကြီဆီကိုပြန်သွားဖို့ ပြင်လိုက်တယ်၊။ရင်ထဲမှာတော့ တထိတ်ထိတ်ခုန်လှုပ်နေတာမို့ ခြေလှမ်းတွေလဲ ယိမ်းယိုင်နေခဲ့တယ်။ညကိုးနာရီကျော်ပဲရှိသေးတာဆိုတော့ ခုချိန်လောက်ဆိုရင် မိဘနှစ်ပါးက အလုပ်ကြောင်းတွေပြောနေကြလိမ့်မယ်။ပြီးတော့ သူတို့ရဲ့ဘေးနားမှာ အလွမ်းဆွတ်လဲရှိကောင်းရှိနေနိုင်တယ်။သေချာတာကတော့ ညဆယ်နာရီထိုးခါနိးမှာ ကသစ်မြိုင်စံအိမ်ကြီးထဲမှာ သူမရှိနေလား၊မရှိဘူးလားဆိုတာကိုလိုက်စစ်ဆေးကြလိမ့်မယ်။ဒါကနေ့စဉ်လုပ်နေကြထုံးစံဖြစ်ပြီး ဒီအတွက်လဲ ပန်းရိပ်ဖြူတစ်ခါမှ စိတ်အနှောက်အယှက်မဖြစ်ခဲ့ဖူးဘူးလေ။ပြောရရင်သူမကိုယ်တိုင်က ညရှစ်နာရီလောက်ဆိုရင် အပြင်ထွက်တတ်တဲ့သူမဟုတ်ဘူးလေ။သွားစရာနေရာလဲမရှိသလို အိမ်နီးနားချင်းအမျိုးတွေအိမ်ကိုသွားတော့လဲ အဘွားကအစစိတ်မချခဲ့ဘူး။ပြောမဲ့သာပြောရတာ ပန်းရီပ်ဖြူသွားမယ်ဆိုရင်တောင် ဘယ်အမျိုးအိမ်ကမှအဖက်မလုပ်ကြပါဘူး။ သူမကိုမြင်ရင် စိတ်မနှံ့သူကသူတို့ကိုတစ်ခုခုထလုပ်လိုက်မှာကိုကြောက်နေတဲ့ပုံစံမျိုးတွေ ဖြစ်နေကြတာလေ။ တိုက်ပေါ်ကဆင်းလာခဲ့ပြီးလှေကားဘေးကနေ အရှေ့ကိုပြန်ထွက်ဖို့ ပန်းရီပ်ဖြူခြေလှမ်းတွေ စလှမ်းလိုက်ချိန်မှာပဲ သူမဘေးနားကိုလူတစ်ယောက်ရောက်လာပြီး သူမလက်ကိုဆွဲကိုင်လိုက်တာမို့ ထိတ်လန့်တုန်လှုပ်သွားရတယ်။ထိတ်ထိတ်လန့်လန့်နဲ့ လက်ကိုအတင်းဆောင့်ရုန်းလိုက်ပြီးတော့ လှည့်ကြည့်လိုက်မိတဲ့အခါမှာတော့

၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/ ၂၈ https://www.facebook.com/100067151540690/posts/724889516426093/ ၂၉ https://www.facebook.com/100067151540690/posts/725430096372035 ၃ဝ https://www.facebook.com/100067151540690/posts/725989312982780/ ၃၁ https://www.facebook.com/100067151540690/posts/726572929591085/ ၃၂ https://www.facebook.com/100067151540690/posts/727145566200488/

ခပ်ပေါပေါယောက်ျားပဲ...ဒါပေမဲ့မင်းကိုတာဝန်ယူဖို့အတွက်တွေးထားပြီးသားပါ....အခုမမျှော်လင့်ထားတဲ့အခြေအနေတွေကြောင့် ကိုယ်လဲအရမ်းစိတ်ညစ်နေပြီ ...မင်းပြန်တော့အလွမ်း...နောက်ရက်တွေလဲမလာနဲ့တော့ ...ကိုယ်လဲပန်းရိပ်ဖြူနဲ့ကိစ္စကိုအပြတ်ငြင်းလိုက်ပြိးတော့ ...မင်းနဲ့ကိစ္စကိုသေချာစဉ်းစားပါ့မယ် ...ဒီရက်ထဲမှာတော့ ကိုယ့်ဆီကိုမလားပါနဲ့ " စိုင်းမြတ်ရဲ့စကားကြောင့် အလွမ်းဆွတ်တစ်ယောက် စိုင်းမြတ်ကိုစူးစူးဝါးဝါးစိုက်ကြည့်ပြီး ချာခနဲလှည့်ထွက်ခဲ့တယ်။ကျန်ခဲ့တဲ့စိုင်းမြတ်မှာတော့ သက်ပြင်းတွေအကြိမ်ကြိမ်ချရင်း ခေါင်းငိုက်စိုက်ချကာငြိမ်သက်နေမိတော့တယ်။ ~~~~~~~~~~~~~~~~~ " အဘွားတို့မန္တလေးသွားမလို့ ဟုတ်လား...သမီးလဲလိုက်မယ်လေအဘွား..မန္တလေးမရောက်တာကြာလှနေပြီ " ပန်းရိပ်ဖြူက ဘွားအေကြီကို ကပ်ချွဲပြီးပြောလိုက်တယ်။ " သမီးလိုက်ချင်ရင် အဘွားကခေါ်ပါတယ်ကွယ်...သမီးအဖေဆီမှာ ခွင့်တောင်းရမှာပေါ့ " အဘွားဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူစိတ်ညစ်သွားမိတယ်။ " စောရီရေ...ဘိုထွန်းဆီကိုဖုန်းခေါ်စမ်း..." ဘွားကြေးဥရဲ့ခိုင်းစေမှုကြောင့် ဒေါ်စောရီက ဦးဘိုထွန်းဆီကို ဖုန်းခေါ်လိုက်တယ်။ ဖုန်းခေါ်ပြီး သိပ်မကြာခင်အချိန်မှာပဲ ဒေါ်ပန်းမြိုင်ကရှေ့က ဦးဆောင်ကာနောက်မှဦးဘိုထွန်းပါလိုက်ပါလာခဲ့တယ်။ " အမေတို့က ဘယ်နှစ်ရက်ကြာမှာလဲ " ဦးဘိုထွန်းက မိခင်ကိုမေးလိုက်တယ်။ " ထုံးစံအတိုင်းတစ်ပတ်ပေါ့ ဘိုထွန်းရဲ့ ....ဆေးစစ်တာတွေလုပ်ပြီးရင်...လုပ်ငန်းကိစ္စတွေလဲပြောရအုံးမယ်...ဒီမှာ မောင်စိုင်းမြတ်ကိုထားခဲ့မယ်...ငါတို့ပြန်လာမဲ့ရက်နီးမှမောင်စိုင်းမြတ်ကို မန္တလေးလိုက်ခဲ့ခိုင််းမှာ ...အခုကမောင်စိုင်းမြတ်နဲ့လဲအတူသွားမှာမဟုတ်ပါဘူးဟဲ့ " မိခင်ဖြစ်သူရဲ့စကားကြာင့် ဦးဘိုထွန်းက ဇနီးဖြစ်သူကိုကြည့်လိုက်တယ်။ဒေါ်ပန်းမြိုင်ကတော့မျက်နှာသိပ်မကြည်ပါ။ " သမီးကလိုက်ချင်လို့်လားကွယ်...ဒီတလောကျန်းမာရေးလဲ သိပ်မကောင်းဘဲနဲ့...ဟိုရောက်မှဒုက္ခများနေပါအုံးမယ်...ဖျားတာပြုတာလောက်ကအရေးမကြီးပေမဲ့ ...တော်ကြာ ညဘက်တွေဘယ်လိုလုပ်မလဲအမေ...ကျွန်မကလဲ ရွှေဆိုင်ကအလုပ်များနေလို့်လိုက်လိုမရဘူး..." ဒေါ်ပန်းမြိုင်ကတွေးတွေးဆဆနဲ့ပြောလိုက်တယ်။ဦးဘိုထွန်းကတော့ဘာမှဝင်မပြောဘဲ သမီးဖြစ်သူကိုသာကြည့်နေတယ်။ " ဒီလကုန်မှ သွားမယ်လေသမီးရယ်...ဒီလထဲမှာ သမီးမွေးနေ့အတွက် ပြင်ဆင်နေတာတွေကို ပြီးအောင်ပြင်ဆင်ပါအုံး...သမီးဘက်ကစိတ်ကြိုက်ပုံစံရမှ ...ဆောက်လုပ်ရေးသမားတွေက လုပ်ငန်းစရမှာလေ " မိခင်ဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူနှုတ်ခမ်းကိုစူထော်ကာ နေရာကထခဲ့လိုက်တယ်။ ပန်းရိပ်ဖြူထွက်သွားတာကိုကြည့်ပြီး ဘွားကြေးဥကသက်ပြင်းကိုချလိုက်တယ်။ " နင်တို့ကလဲ..အလုပ်ကိုပဲအာရုံစိုက်မနေကြနဲ့...ကိုယ့်သားသမီးကိုလဲ ဂရုစိုက်ကြအုံး...တကယ်ဆို သူခရီးထွက်ချင်နေတာကိုလိုက်ပို့သင့်တယ်...တစ်နေ့ကလဲ ညည်းတူမကိုပါးရိုက်ပစ်လိုက်တယ်ဆို...ကုန်းထိပ်ဘက်ကိုခိုးသွားဖို့လဲလုပ်တယ်ဆို....နင်တို့ ငါ့ကိုဖုံးထားပေမဲ့ငါအကုန်သိတယ်...အဲ့ဒါတွေက သူခရီးအရမ်းသွားချင်နေလို့်ဆိုတာ နင်တိုမသိကြတာလား...အလုပ်ကိုနည်းနည်းပါးပါးလျှော့ပြီး သားသမိးကိုလဲဂရုစိုက်ကြပါအုံး...နင်တို့ပြောလိုက်ရင်တော့ သားသမီးကိုနင်တို့လောက်ဂရုစိုက်တဲ့သူမရှိဘူး...ဒါပေမဲ့ ငါ့မြေးကအသက်သာ (၂၆)ပြည့်မှာ ကလေးစိတ်ပဲရှိတယ်ဆိုတာကိုသတိပြုကြအုံး..ဒါတွေကြောင့်လဲ စိတ်ချရတဲ့မောင်စိုင်းမြတ်နဲ့လက်ထပ်ပေးချင်တယ်လို့်ပြောတာ " "တော်ပါတော့အမေရာ .....ကျွန်တော်တို့ကလဲ ကိုယ့်သားသမီးအခြေအနေကိုသိလို့် တားနေရတာပါ...မောင်စိုင်းမြတ်အကြောင်းကို ကျွန်တော်သေချာစုံစမ်းနေပါတယ်.....သူကအမေ့မိတ်ဆွေရဲ့မြေးဆိုတာနဲ့ပဲ ကျွန်တော်မယုံကြည်နိုင်ဘူးအမေ... သမီးတစ်ဘဝလုံးအတွက်ကို သေချာလေ့လာရပါမယ် ...ကျွန်တော်သွားတော့မယ် အမေ " ဦးဘိုထွန်းကပြောပြီးတာနဲ့နေရာကထလိုက်တယ်။ဘွားကြေးဥမှာတော့ ကိုယ့်မြေးအခြေအနေကိုလဲ ကိုယ်တိုင်သိတာမို့ စောဒကမတက်ရဲဘဲရေငုံနှုတ်ပိတ်ကျန်နေခဲ့ရတယ်။ ================================== အပိုင်း(၃၄)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/ ၃ https://www.facebook.com/100067151540690/posts/714519084129803/ ၄ https://www.facebook.com/100067151540690/posts/714519330796445/ ၅ https://www.facebook.com/100067151540690/posts/714519684129743/ ၆ https://www.facebook.com/100067151540690/posts/714519970796381/ ၇ https://www.facebook.com/100067151540690/posts/714520240796354/ ၈ https://www.facebook.com/100067151540690/posts/714520624129649/ ၉ https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/

" သမီးရယ်....သမီးကဘယ်သူလဲ...ကသစ်မြိုင်ရဲ့သူဌေသမီးလေ...ဘယ်သူ့ကိုများ သမီးကငွေပေးပြီး မိတ်ဆွေဖွဲ့နေရမှာလဲ....ကိုယ့်အဆင့်အတန်းနဲ့ကိုယ့်ဘာသာနေပါသမီးရယ် ...ဘယ်သူ့ကိုအောက်ကျို့ပေါင်းနေစရာမလိုဘူး.." " ဟုတ်ကဲ့ပါအမေ.....သမီးကလဲ ဘယ်သူ့ကိုမှအောက်ကျမခံပါဘူး...ဒါနဲ့ ...ဒီနေ့ည ကိုစိုင်းနဲ့စကားပြောမှာလားအမေ...ခဏလောက်ပြောကြည့်ပါအုံး ...သူကပြောတယ်အမေ...သမီးတို့လက်ထပ်ပြီးရင်...အမွေတွေကို အမေတို့ကိုပြန်အပ်ထားခဲ့ပြီး ...သူ့အလုပ်နဲ့အေးအေးဆေးဆေးပဲနေမယ်တဲ့လေ ...သမီးတော့သူ့ကိုယုံတယ်အမေ " သမီးဖြစ်သူရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်မျက်မှောင်ကိုမသိမသာကြုတ်လိုက်မိပြီး " သမီးက မောင်စိုင်းမြတ်ပြောတာတွေကို ယုံနေတာလား......သူက စကားအပိုတွေပြောနေတာပါကွယ်....ဒါနဲ့ ...အမေကြားတာတော့ သမီးနဲ့မောင်ဘုန်းသိင်္ခက သိပ်ကိုရင်နှီးကြတယ်ဆို...မောင်ဘုန်းသိင်္ခနဲ့စကားပြောရင် ...သမီးမျက်နှာလေးကပြုံးနေတာပဲတဲ့လေ...သမီးတကယ်ပဲ မောင်စိုင်းမြတ်နဲ့ပတ်သက်ပြီး ...စိတ်လှုပ်ရှားရဲ့လားကွယ်...ကိုယ့်ကိုယ်ပြန်မေးကြည့်ပါအုံး " " အို...အမေကလဲ ဘာတွေပြောနေမှန်းမသိတော့ဘူး ...သွားပါတော့...သူ့ထက်စာရင် ကိုစိုင်းမြတ်ကမှယုံရအုံးမယ်...သူက ရန်ကုန်သားပီပီ မျက်နှာများတဲ့သူ ...အမေမသိပါဘူး.....အမေသွားပါတော့ သမီးအိပ်တော့မယ် " ပန်းရိပ်ဖြူရှက်ပြီးတော့ မိခင်ကိုအခန်းပြင်ကိုထွက်သွားခိုင်းလိုက်တယ်။မိခင်းဖြစ်သူပြန်ထွက်သွားတော့မှ ပန်းရိပ်ဖြူသက်ပြင်းကိုအသာချရင်း မှန်တင်ခုံရှေ့မှာထိုင်ချလိုက်မိတယ်။၊မှန်ထဲမှာပေါ်နေတဲ့ကိုယ့်မျက်နှာကိုယ်ကြည့်ပြီး ပန်းရိပ်ဖြူခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။ရင်ခုန်သံတဲ့။အချစ်တဲ့။ဒါတွေက သူမအတွက် ဘာအရေးကြီးလို့်လဲ။ခုချိန်မှာသူမအတွက်အရေးကြီးဆုံးက ရှင်သန်နိုင်ဖို့ပဲမဟုတ်လား။ရန်သူကဘယ်သူမှန်းမသိ၊မိတ်ဆွေကဘယ်သူမှန်းမသိတဲ့အခြေအနေမှာ သူမအတွက်အရေးကြီးဆုံးကဘာလဲ၊ဘယ်သူလဲဆိုတာကို သူမကိုယ်တိုင်လဲမသိတော့ဘူးလေ။ ~~~~~~~~~~~~~~~~ " အစ်ကို ..အလွမ်းကိုညာနေတာလားဟင် ..အစ်ကိုပြောတော့... မနက်ဖြန်မနက်သွားမှာဆို " "အလွမ်းရယ် အစ်ကိုမလိမ်ပါဘူးကွာ...ခရီးသွားရမဲ့ကိစ္စက ဘွားကြေးဥခိုင်းထားတဲ့ကိစ္စဆိုတော့ ...ဘွားကြေးဥကသွားခိုင်းမှသွားရမှာပါ...အခုက လုပ်ငန်းကိစ္စစာချုပ်သွားချုပ်ရမှာကို ...တစ်ဖက်က အားရက်မရဖြစ်နေလို့ပါ ...မနက်ဖြန်သေချာသိရမှာပါ" စိုင်းမြတ်ကချော့မော့ပြောလိုက်တော့ အလွမ်းဆွတ်ကျေနပ်သွားတယ်။အလွမ်းဆွတ်ရဲ့ပုံစံက အနည်းငယ်ထူးခြားနေတာမို့ စိုင်းမြတ်လန့်သလိုတော့ ဖြစ်နေမိတယ်။ " အစ်ကိုကို့ အလွမ်ပြောမယ်...တကယ်လို့်များ ....ဒီကြားထဲမှာ ...အစ်ကိုနဲ့ပန်းရိပ်ရဲ့ကိစ္စကို ဘာမှမလှုပ်ရှားဘူးဆိုရင်...အလွမ်းတို့လဲ ချက်ချင်းကြိးလက်ထပ်ဖို့မလိုပါဘူး ....ပန်းရိပ်ဖြူရဲ့မွေးနေ့ပွဲပြီးမှ ...အလွမ်းတို့ကိစ္စကိုထပ်ပြောကြမယ်လေ " အလွမ်းကပြောလိုက်ရင်းနဲ့ စိုင်းမြတ်ရဲ့မျက်လုံးတွေကို ခပ်ပြုံးပြုံးစိုက်ကြည့်လိုက်တယ်။အလွမ်းဆွတ်ရဲ့ အပြုံးတွေကြောင့် စိုင်းမြတ်လန့်သလိုတောင် ဖြစ်သွားမိတယ်။ " အစ်ကို့ကိုစိတ်ချပါ အလွမ်းရယ်...အန်ကယ်ထွန်းတို့ကလဲ....ပန်းရိပ်နဲ့ အစ်ကို့ကိုသဘောမတူနိုင်လို့ လက်ထပ်ဖို့နေနေသာ...စေစပ်ဖို့ကိုတောင်ညှိမရဘူးဖြစ်နေတယ် " စိုင်းမြတ်ရဲ့စကားကြောင့် အလွမ်းဆွတခပ်မဲ့မဲ့ပြုံးလိုက်ပြီး စိုင်းမြတ်ကိုခပ်တိုးတိုလှမ်းပြောလိုက်တယ်။ " ဪ...အစ်ကိုက အမေမြိုင်တို့ခွင့်မပြုလို့်သာပေါ့...ဒါဆိုရင် ..အလွမ်းကပန်းရိပ်ရဲ့အစားထိုးခံသဘောလား ...ပြောပါအုံး " ဒီနေ့မှဇွတ်တရွတ်ဆန်နေတဲ့ အလွမ်းဆွတ်ကြောင့် စိုင်းမြတ်အတော်လေးစိတ်ညစ်မိသွားတယ်။ " တော်ပြီ..အလွမ်း..ကိုယ်ဘာမှမပြောချင်တော့ဘူး...တော်ကြာဘုန်းသိင်္ခကြားသွားလိမ့်မယ်..." " မကြားပါဘူး...ဒီနေ့သူသောက်မဲ့ကော်ဖီထဲမှာအိပ်ဆေးထည့်ထားတယ်...အစ်ကိုဘက်က ပွင့်ပွင့်လင်းလင်းပြောစမ်းပါ ...အလွမ်းကိုလက်ထပ်ဖို့အတွက် ..တစ်ခါမှမတွေးထားခဲ့ဖူးဘူးလား " အလွမ်းဆွတ်က စိုင်းမြတ်နဲ့မျက်နှာချင်းဆိုင်ပြီး ဇွတ်မေးလိုက်တယ်။ " ဟာကွာ...အလွမ်း ...မင်းဘာဖြစ်နေတာလဲ ....လက်ထပ်ဖို့စိတ်ကူးမရှိဘဲ တရားရုံးမှာချိန်းမလား " " ဟင်း...ဟင်း...တော်ပါအစ်ကိုရယ်...အစ်ကို့စိတ်ကို အလွမ်းမသိဘူးထင်နေတာလား ...အစ်ကိုနဲ့အလွမ်းတို့အကြောင်းကို ပန်းရိပ်ဖြူကိုသွားပြောမှာစိုးလို့ အလွမ်းကိုနှစ်သိမ့်နေတာမသိဘူးထင်နေထာလား ...အလွမ်းကအဲ့ဒီလောက် မတုံးအပါဘူးအစ်ကို...အလွမ်းပြောချင်တယ်ဆိုရင် ...အချိန်မရွေးပြောလို့်ရတယ်ဆိုတာကိုမမေ့ပါနဲ့ " အလွမ်းဆွတ်ရဲ့စကားကြောင့် စိုင်းမြတ်မျက်နှာကတင်းမာသွားရတယ်။ " တော်တော့အလွမ်း..မင်းပြောနေတာတွေကလွန်နေပြီ...တကယ်ဆိုရင် ကိုယ်တို့်ဖြစ်ခဲ့တဲ့ကိစ္စက မင်းဘက်ကစခဲ့တာနော်....အပန်းဖြေစခန်းမှာအိပ်တဲ့ညက ...မင်းကကိုယ့်အခန်းဘက်ကဝရန်တာမှာလာထိုင်နေခဲ့တာ...ဂါဝန်ပါးပါးလေးဝတ်ပြီး ...မင်းကိုယ့်ပေါ်ကိုလဲကျဟန်ဆောင်ခဲ့သေးတယ်..ဟုတ်ကယ်..ကိုယ်ကအထိအတွေ့ကိုတောင်မရှောင်နိုင်တဲ့

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၃) akyiphyu ********* ပန်းရိပ်ဖြူက အေးစက်စက်အသံနဲ့ ပြောလိုက်တာကြောင့် ဘုန်းသိင်္ခကလဲ ပခုံးကိုတွန့်ကာ ပြုံးလိုက်ပြီး " ဪ...အဲ့ဒီလိုမျိုးလား ....ဒါပေမဲ့စစ်ဆေးပြီးသွားပြီဆိုတော့ ...သိချင်နေမယ်ထင်လို့ပြောပြပါ့မယ်...တစ်အချက် ခင်ဗျားသောက်တဲ့ဆေးတွေကအိပ်ဆေးတွေနဲ့အားဆေးတွေပဲတဲ့ ...ဘာပဲဖြစ်ဖြစ် ဘယ်ဆေးမဆို ကြာရှည်သောက်ရင်မကောင်းဘူးပေါ့ဗျာ ...သတိလေးနဲချင့်ချိန်သောက်ရမှာလေ...အိပ်မပျော်တိုင်းသောက်နေရင်....ကြာရင် ဆေးလဲတိုးမှာမဟုတ်သလို အန္တရာယ်လဲဖြစ်နိုင်တယ်.....အဲ့ဒီတော့ မိဘတွေက စိုးရိမ်လို့သောက်ခိုင်းရင်လဲ ခင်ဗျားကချင့်ချိန်ပြီးသောက်....ရှင်းရှင်းပြောရရင် ဒီဆေးတွေသောက်နေရုံနဲ့ခင်ဗျားအခြေအနေကပြန်ကောင်းလာမှာ မဟုတ်ဘူးဆိုတာပဲ...ဆရာဝန်ကြီးကိုလဲချင့်ချိန်ပြီး ယုံရမှာပေါ့ " ဘုန်းသိင်္ခကပြောနေရင်းနဲ့ ပန်းရိပ်ဖြူကိုအကဲခတ်လိုက်တယ်။ပန်းရိပ်ဖြူကမျက်နှာ‌‌ေ*သ နဲ့ထိုင်နေပြီး ငြိမ်နေတော့ ဘုန်းသိင်္ခသက်ပြင်းချလိုက်မိတယ်။ " ပြန်မယ်ဆိုလဲထတော့..ပြန်လိုက်ပို့ပေးမယ် " ဘုန်းသိင်္ခရဲ့စကားအဆုံးမှာ ပန်းရိပ်ဖြူကထိုင်နေရာကထလိုက်ပြီး ဘုန်းသိင်္ခကိုသေချာစိုက်ကြည့်လိုက်တယ်။ " ငွေကအဲ့ဒီလောက် အရေးကြီးတာလား..." " ဗျာ...မမလေးဘာပြောလိုက်တာလဲ " ဘုန်းသိင်္ခကနားမလည်နိုင်ဘဲ ပြန်မေးလိုက်တယ်။ " မဟုတ်ပါဘူး..ကိုစိုင်းမြတ်ကိုပြောတာပါ...အလွမ်းဆွတ်ကိုလဲမစွန့်လွှတ်နိုင်ဘူး..ကျွန်မကိုလဲငွေအတွက်လက်ထပ်ချင်နေလို့လေ...ရှင်ကရော အလွမ်းဆွတ်ကိုတစ်ဖက်သတ်ချစ်နေရတာ မပင်ပန်းဘူးလားလို့်မေးချင်လို့ပါ " " ဟာဗျာ...အကောင်းမှတ်လို့်နားထောင်နေတာ...ဘာတွေပြောနေတာလဲ ....‌ခင်ဗျားပြောသလိုပဲငွေကတော့ အရေးကြီးတယ်ဗျ ...ကဲပါ သွားမယ် " ဘုန်းသိင်္ခက ဦးဘိုထွန်းကို ကတိပေးလိုက်ရတာမို့ ပန်းရိပ်ဖြူကို အချိန်မီပြန်ပို့နိုင်ဖို့အတွက် ပြန်ဖို့ပြင်လိုက်ကြတယ်။ " ကျွန်မဘာသာ တစ်စီးစိးလို့မရဘူးလား " " အင်း...မရဘူး...ကျွန်တော်လိုက်မပို့ရင်... အောင်မောင်းနဲ့ပြန်ရမှာ ခင်ဗျားသဘောပဲလေ " ပန်းရိပ်ဖြူဘာမှဆက်မပြောတော့ပါ ဘုန်းသိင်္ခရဲ့ဆိုင်ကယ်နောက်ကတက်စီးလိုက်တယ်။ တစ်လမ်းလုံးပန်းရိပ်ဖြူငြိမ်သက်စွာနဲ့ပါလာခဲ့တယ်။ ~~~~~~~~~~~~~~~~~~~ ကသစ်မြိုင်ခြံကြီးထဲကို ဘုန်းသိင်္ခတို့အရောက်မှာ ကြီးမားလှတဲ့ခြံတံခါးကိုလဲပိတ်ပြီးသွားပြီမို့ အလုပ်သမားတွေက ပန်းရိပ်ဖြူကို စောင့်ကြည့်မနေတော့ဘဲ လုံခြုံရေးဂိတ်တဲဝမှာပဲရှီနေခဲ့ကြတယ်။ ပန်းရိပ်ဖြူက ဆိုင်ကယ်ပေါ်ကဆင်းလိုက်ပြီးတော့ ဘုန်းသိင်္ခကိုကြည့်လိုက်ပြီး " ကျေးဇူးတင်ပါတယ် ဘုန်းသိင်္ခ...ရှင်နဲ့အလွမ်းဆွတ်ကို ရိုက်သင့်လို့ ကျွန်မရိုက်ခဲ့တယ်...နောက်ထပ်ရိုက်ရမဲ့သူရှိသေးတယ်....စိုင်းမြတ်ဆိုတဲ့တစ်ယောက်ကိုလဲကျွန်မရိုက်ရအုံးမယ်....ကျွန်မသိပ်ရိုင်းခဲ့ပေမဲ့ ဘယ်သူ့အပေါ်ကိုမှမယုတ်မာခဲ့ဘူး...ကျွန်မဘာအပြစ်တွေမှမလုပ်ခဲ့ဘူး " ပြောပြီးတာနဲ့ ပန်းရိပ်ဖြူချာခနဲလှည့်ထွက်ခဲ့တယ်။ဘုန်းသိင်္ခတစ်ယောက်တည်းနေရာမှာငူငူကြီးကျန်နေခဲ့တယ်။ ~~~~~~~~~~~~~ " သမီးရယ်...ဒီလိုအချိန်မျိုးမှာ ..အဝေးကို သွားတယ်ဆိုတာ ဘယ်လောက် အန္တရာယ်များ လိုက်သလဲ .....ခုချိန်မှာ သမီးကို စောင့်ကြည့်နေကြသူတွေ အများကြီးရှိနေတာ သမီးသိရဲ့လား " ဒေါ်ပန်းမြိုင်က ကရုဏာဒေါသနဲ့ သမီးဖြစ်သူကို ပြောလိုက်တယ်။ " အမေရယ် ... သမီးလဲ သိပါတယ်...အဝေးကြီးကိုလဲ မသွားပါဘူး ...စိတ်ညစ်ညစ်နဲ့ ဆိုင်ကယ် လျှောက်စီးတာပါ " " စိတ်ညစ်လို့ ဟုတ်လား သမီး ...ဘာတွေ စိတ်ညစ်နေတာလဲ သမီးရယ် " မိခင်ဖြစ်သူဒေါ်ပန်းမြိုင်ရဲ့ စကားကြောင့် ပန်းရိပ်ဖြူ မျက်နှာလေးကို မဲ့ပစ်လိုက်ပြီး " ဘာဖြစ်ရမှာလဲ အမေရယ် ... အကျင့်မကောင်းတဲ့ ယော**က်ျားတွေကြောင့်ပေါ့ ... သူတို့တွေက လှတာမြင်ရင် ဖောက်ပြန်ချင်နေကြတာ ...အမေ့တူမကလဲ ခုတလောပိုလှလာတယ်နော် " " အမယ်လေး သမီးရယ် ..ဘာများဖြစ်လို့များလဲလို့ ..နောက် တစ်ခါ ..စခန်းသာကိုကျော်ပြီး မသွားနဲ့နော်....သမီးအတွက် အန္တရာယ်များလို့ပြောနေတာ " " ဟုတ်ကဲ့ပါ အမေ " " ဒါနဲ့ ..အဘွားဆီက သိန်းသုံးဆယ်တောင်းတယ်ဆို သမီး...အဲ့ဒီလောက်အများကြီးကို ဘာလုပ်မလို့တောင်းရတာလဲ သမီးရယ် " မိခင်ဖြစ်သူရဲ့ အမေးစကားကြောင့် ပန်းရိပ်ဖြူထင်တဲ့အတိုင်းပဲဆိုတာကို တွေးလိုက်မိတယ်။ပြောတော့သာ ယောက္ခမနဲ့ချွေးမကမတည့်ကြဘူးဆိုပေမဲ့ သတင်းကအချင်းချင်းပို့ပြီးသွားကြပြီလေ။ " အမေကလဲ ...ဒီခေတ်မှာ သိန်းသုံးဆယ်ကဘာများလို့လဲ...အလွမ်းဆွတ်မှာဆိုရင် ပိုက်ဆံတွေအများကြီးရှိတယ်....သမီးမှာတော့ လေးငါးသောင်းကလွဲပြီး ဘယ်မှာရှိလို့လဲ...အလုပ်သမားတွေနဲ့အတူတူသွားရင်တောင် သူတို့ကို မုန့်ဝယ်ကျွေးဖို့ပိုက်ဆံမရှိဘူး..အဲ့ဒါကြောင့်လဲ အလုပ်သမားတွေက သမီးကိုအထင်သေးနေကြတာပေါ့ "