အချစ်/အလွမ်း/ လျှို့ဝှက်သဲဖို ရသစုံ ဝတ္ထုများ ဧကြည်ဖြူ
رفتن به کانال در Telegram
نمایش بیشتر
1 034
مشترکین
اطلاعاتی وجود ندارد24 ساعت
اطلاعاتی وجود ندارد7 روز
-1130 روز
آرشیو پست ها
"နားလည်တယ်ဆိုရင် ရေမြန်မြန်သွားချိုးတော့ ..နောက်တစ်နာရီလောက်နေရင်... မိုးမခမြိုင်က အကြိုလွှတ်လိုက်တဲ့ကားကရောက်လာတော့မှာ "
" ရှင်...ဟုတ်...ဟုတ်ကဲ့ပါ..အ..အမေ "
ပုန်းညက်ပွင့် အသားမကျသေးတဲ့ လေယူလေသိမ်းနဲ့ဟုတ်ကဲ့လို့ပြောလိုက်မိရင်းက ရေချိုးခန်းထဲကို အမြန်ဝင်လိုက်ရတယ်။ပုန်းညက်ပွင့်စိတ်ထဲမှာတော့ ဒီတစ်ညတော့ တည်းခိုခန်းမှာ နေရလိမ့်အုံးမယ်လို့တွေးထားခဲ့မိတာလေ။အခုတော့လဲ သူမထင်ထားသလိုမဟုတ်ဘဲ ခရီးစဉ်ရဲ့အဆုံးဖြစ်တဲ့ မိုးမခမြိုင်စံအိမ်ကြီးရှိရာဆီကို ချက်ချင်းကို ခရီးဆက်ရတော့မှာတဲ့လေ။
===a===k====y=====i====p==h==y===u====
အပိုင်း(၂)ဆက်ရန်
A kyi phyu
#ဧကြည်ဖြူ
27.9.2025
" ဒုန်း "
ဝုန်းခနဲ့အသံကြီးနဲ့အတူဝှီးချဲလ်ကစင်္ကြန်အတိုင်းရွေ့လျားသွားခဲ့ပြီး အိမ်ရဲ့လှေကားထစ်တွေအတိုင်း အောက်ထပ်ကို ဝရုန်းသုန်းကားပြုတ်ကျသွားခဲ့တယ်။
" အဖေ "
"ကိုထူးမြတ် "
လင်းဘုန်းမြတ်နဲ့ စံပယ်တို့ရဲ့ထိတ်လန့်ချောက်ချားစွာနဲ့အော်ဟစ်လိုက်တဲ့အသံတွေက အိမ်ကြီးတစ်အိမ်လုံးသိမ့်သိမ့်တုန်သွားမတတ် ထွက်ပေါ်လာခဲ့တယ်။
** a* K**y*i* p**h**y** u*****
.....နှစ်( ၂၀ ) ကြာပြီးနောက် ......
" အစ်မ...အစ်မလေး...ထတော့ဗျ ...ကားကဂိတ်ဆုံးပြီ "
" ရှင်...ဟုတ်..ဟုတ်ကဲ့ "
ကားဆရာရဲ့အသံကျယ်ကျယ်နဲ့ပြောလိုက်သံကြောင့် ပုန်းညက်ပွင့် ကယောင်ကတမ်းပြန်ထူးလိုက်ရင်းက မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်မိတယ်။ဒီအခါမှာတော့ သူမစီးနင်းလိုက်ပါလာခဲ့တဲ့ကားက ရပ်တန့်နေခဲ့တာဖြစ်ပြီး ကားပေါ်မှာလဲခရီးသည်ဆိုလို့ သူမတစ်ယောက်တည်းပဲကျန်တော့တာကို တွေ့လိုက်ရတယ်။ပုန်းညက်ပွင့်ထိုင်နေရာကနေအလျင်အမြန်ထလိုက်ပြီးတော့ သူမရဲ့ခရီးဆောင်အိတ်ကိုယူကာ ကားပေါ်ကဆင်းခဲ့လိုက်တယ်။
" ကျေးဇူးတင်ပါတယ်ရှင် "
ပုန်းညက်ပွင့် ကားပေါ်ကဆင်းလိုက်ရင်းမှ ကားမောင်းသူနဲ့ကားနောက်လိုက်သမားကို ကျေးဇူးတင်စကားပြောလိုက်မိတယ်။ကားဆရာတွေရဲ့ ကားမောင်းကျွမ်းကျင်မှုကြောင့် ဒီလိုမျိုးတောတောင်လမ်းခရီးကိုချောချောမွေ့မွေ့ကျော်ဖြတ်နိုင်ခဲ့တာမဟုတ်ပါလား။
ပုန်ညက်ပွင့် ကားပေါ်ကဆင်းလိုက်ပြီးတော့ ခပ်လှမ်းလှမ်းအထိလျှောက်လာခဲ့လိုက်ပြီး ပတ်ဝန်းကျင်အနှံ့ကိုလှည့်ပတ်ကြည့်လိုက်မိတယ်။
" လှလိုက်တာ "လို့ ပုန်းညက်ပွင့်တိုးတိုးလေးရေရွတ်လိုက်မိရင်းက ရင်ထဲမှာအလိုလိုလွမ်းဆွေးလာသလိုခံစားလိုက်ရတယ်။ခပ်ဝေးဝေးက ညို့ညို့မှိုင်းမှိုင်းတောင်တန်းကြီးတွေရယ်။တောရိုင်းပန်းပင်ပုလေးတွေ အည့်နဲ့လွင်ပြင်ကျယ်ကြီးရယ်။လွင်ပြင်ကျယ်ကြီးနဲ့တောင်တန်းတွေကို နောက်ခံထားပြီးဆောက်လုပ်ထားတဲ့ ညိုမှောင်မှောင်အိမ်လေးတွေရယ်။မြင်လေသမျှအရာရာတိုင်းက ပုန်းညက်ပွင့်အတွက်တော့ စိတ်ကြည်နူးစရာနဲ့လွမ်းမောစရာတွေအပြည့်ပါပဲ။ဒီခရီးကိုသူမရောက်ရှိလာခဲ့ရတဲ့အကြောင်းက အပျော်ခရီးမဟုတ်ပေမဲ့လဲ အရာရာကိုမေ့ထားချင်တာကြောင့် ကျန်တာတွေကို ဘာမှမတွေးချင်တော့။ဖြစ်လာသမျှကို အကောင်းဆုံးရင်ဆိုင်ဖို့သာတွေးထားလိုက်တော့တယ်။
" ကလေးမဘယ်သွားမလဲ ...တည်းခိုခန်းလား...မြို့နောက်ထိပ်လား...ရွာကားဂိတ်လား...မြို့လယ်ဈေးကြီးလား "
ပုန်းညက်ပွင့်နေရာမှာခြေစုံရပ်ကာ ငေးမောတွေးတောနေစဉ်မှာပဲ စူးစူးရှရှထွက်ပေါ်လာခဲ့တဲ့ မေးသံကြောင့် သတိပြန်ဝင်လာခဲ့ရတယ်။
" ပန်းမြို့တော်တည်ခိုးခန်းကို သွားချင်လို့ပါဦးကြီး "
ဆိုင်ကယ်မဟုတ်ဘဲဆိုင်ကယ်နောက်မှာ ခရီးသည်အတွက်နောက်တွဲထိုင်ခုံသီးသန့်လုပ်ပေးထားတဲ့ ဆိုင်ကယ်တစ်စီးကို ပုန်းညက်ပွင့် လှမ်းမေးလိုက်တယ်။
" ပန်းမြို့တော်လား ...ရတယ်..ရတယ် ..တက်လေကလေးမ "
ဆိုင်ကယ်ကယ်ရီသမားရဲ့စကားအဆုံးမှာ ပုန်းညက်ပွင့်လဲနောက်တွဲထိုင်ခုံပေါ်ကို ခရီးဆောင်အိတ်ကိုအရင်တင်လိုက်ပြီး တက်ထိုင်လိုက်တယ်။ဆိုင်ကယ်ပေါ် ပုန်းညက်ပွင့်တက်ထိုင်ပြီးတာနဲ့ ဆိုင်ကယ်ကချက်ချက်းပဲမောင်းထွက်ခဲ့တယ်။
ဆိုင်ကယ်ပေါ်ကနေပြီး လမ်းဘေးတစ်လျှောက်ရှုခင်းတွေကို ပုန်းညက်ပွင့်ငေးမောလာခဲ့မိတယ်။အဝေးကတောင်တန်းကြီးတွေရယ်နဲ့လွင်ပြင်ကျယ်ကြီးတွေကိုကြည့်ရတာ ရင်ထဲကမွန်းကျပ်နေတာတွေပါ လွင့်ပါသွားသလိုခံစားနေခဲ့ရတယ်။မန္တလေးမြို့ကနေထွက်လာစဉ်ကတည်းက မွန်းကျပ်နေခဲ့တဲ့ပုန်းညက်ပွင့်ရဲ့စိတ်တွေက လွတ်လပ်ပေါ့ပါးလာသလိုခံစားနေခဲ့ရတယ်။ဖြစ်နိုင်မယ်ဆိုရင် သူမရှေ့မှာမြင်နေရတဲ့ တောပန်းတွေလေးတွေပြည့်နေတဲ့ လွင်ပြင်ကျယ်ကြီးထဲမှာပုန်းညက်ပွင့်လွတ်လွတ်လပ်လပ်နဲ့လျှောက်ပြေးပစ်လိုက်ချင်တာ။ပြေးရင်းလွှားရင်းနဲ့ သီချင်းတွေတကြော်ကြော်အော်ဟစ်ဆိုပစ်လိုက်ချင်တာ။ကောင်းကင်ပြာပြာကြီးရယ်၊စိမ်းညို့ညို့တောင်တန်းတွေရယ်၊တောပန်းပွင့်တွေအများကြီးပေါက်ရောက်နေတဲ့ လွင်ပြင်ကျယ်ကြီးတွေရယ်။အကွေ့အကောက်တွေများပြားလှတဲ့ ရှည်လျားလှတဲ့လမ်းဖြူဖြူလေးတွေရယ် အရာအားလုံးက ပုန်းညက်ပွင့်ရင်ထဲက အနှောင်အဖွဲ့တွေကို ပေါ့ပါးသွားသယောင်ဖြစ်စေခဲ့တယ်။
ရှေ့ဆက်ပြီး ပုန်းညက်ပွင့်ဘာတွေကြုံရမယ်မှန်းမသိပေမဲ့လဲ လောလာဆယ်မှာတော့ သာယာလှပပြီးလွမ်းမောစရာကောင်းလှတဲ့ ရှုခင်းတွေကြောင့် ပုန်းညက်ပွင့်စိတ်ထဲအနည်းငယ်လန်းဆန်းလာသလိုပါ ခံစားလိုက်ရတယ်။
" ပန်းမြို့တော်ကိုရောက်ပြီ ကလေးမရေ"
" ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်ရှင် "
ဆိုင်ကယ်သမားကြီးကို ကျသင့်ငွေရှင်းပေးပြီးတော့ ပုန်းညက်ပွင့် အိတ်ကိုဆွဲကာ တည်းခိုခန်းထဲကို ဝင်လာခဲ့လိုက်တယ်။
သူမဝင်လာခဲ့တဲ့ တည်းခိုခန်းထဲမှာတော့ သူမရဲ့မိသားစုဝင်အချို့က ရောက်နှင့်နေပြီးသားဖြစ်တယ်။
* a*k**y*i**P*h*y** u****
" အမေတို့ပြောတာတွေကို နားလည်တယ်နော်ပုန်းညက်...အားလုံးကို စိတ်ချပါရစေ "
"ဟုတ်..ဟုတ်ကဲ့ နားလည်ပါတယ် အ..အမေ "
ပုန်းညက်ပွင့်ခေါင်းလေးကိုအသာညိတ်ပြလိုက်တယ်။
"ရှင်...ရှင်တို့ဘာလုပ်တာလဲ...ကလေးကိုမထိနဲ့နော်....ကျွန်မသားနဲ့ကျွန်မယောက်ျားကိုမထိနဲ့နော်...."
စံပယ်က ရှေ့နေနဲ့အခြေအတင်ငြင်းခုံပြောဆိုနေရာကနေ လှမ်းအော်ဟစ်လိုက်ပြီး သားဖြစ်သူရှိရာဆီကို ပြေးလွှားသွားဖို့ရန်ပြင်လိုက်တယ်။
လင်းဘုန်းမြတ်လေးကလဲ အရွယ်နဲ့မလိုက်အောင် သတ္တိအပြည့်နဲ့ အားလုံးကိုရင်ဆိုင်မောင်းထုတ်နေခဲ့တာ။လင်း ဘုန်းမြတ်ဒီလောက်အထိကာကွယ်ချင်နေခဲ့တာကတော့ အခန်းထဲမှာရှိနေခဲ့တဲ့ သူ့ဖခင်ကိုဖြစ်တယ်။သူ့ရဲ့ဖခင်ဖြစ်တဲ့ ကိုထူးမြတ်ဟာ လွန်ခဲ့တဲ့ သုံးလလောက်ကမှ ယာဉ်မတော်တဆမှုဖြစ်ခဲ့တာကြောင့် အောက်ပိုင်းေ(သကာ စကားပါမပြောနိုင်ဖြစ်သွားခဲ့တာဖြစ်တယ်။
သူဟာစကားမပြောနိုင်ပေမဲ့၊အောက်ပိုင်းမလှုပ်ရှားနိုင်ပေမဲ့လဲ အားလုံးကိုကောင်းကောင်းကြားနိုင်သူဖြစ်တယ်။ဒါကြောင့်လဲ သူ့ရဲ့လှုပ်ရှားနိုင်သေးတဲ့လက်တစ်ဖက်နဲ့ဝှီးချဲလ်ကိုတွန်းကာ တံခါးတွေကိုတဒုန်းဒုန်းထုနေခဲ့တယ်။အထဲကနေ တံခါးထုသံကိုကြားပေမဲ့လဲ လင်းဘုန်းမြတ်က တံခါးကိုလုံးဝမဖွင့်ဘဲ တံခါးရှေ့မှ မားမားမတ်မတ်ရပ်ကာ ဖခင်ကြီးကိုကာကွယ်ဖို့အတွက်အသင့်ရှိနေခဲ့တယ်။သူတို့မိသားစုသုံးယောက်မှာ ဖခင်ဖြစ်သူက အားအနည်းဆုံးသူဖြစ်နေတာမို့ ကာကွယ်ပေးရမှာကိုလဲ သူနားလည်နေခဲ့တယ်။သူတို့အိမ်ရဲ့အလုပ်သမားဖြစ်တဲ့သူကလဲ သူတို့ဘက်ကမပါတော့ဘူးဆိုတာကို လင်းဘုန်းမြတ်ကောင်းကောင်းသိနေခဲ့တယ်။
" ငါကွာ...လုပ်လိုက်ရ....ဖယ်စမ်း...."
"လူက လက်တောက်လာက်နဲ့ လုပ်လိုက်ရဟယ်... အမျိုးယု***တ်လေး "
ဇော်ခန့်နဲ့နှင်းမိုးအေးက လင်းဘုန်းမြတ်ကိုတွန်းဖယ်ပြီး တံခါးကိုဖွင့်ဖို့ကြိုးစားလိုက်တယ်။
"မဖယ်ဘူး...မဖယ်ဘူး...ဦးလေးဇော်ခန့်လူယုတ်မာကြီး...အန်တီနှင်းလူဆိုးတွေ...ကျွန်တော့်အဖေ့အခန်းထဲကို မဝင်နဲ့ ...မဝင်ကြနဲ့ "
လင်းဘုန်းမြတ်က သူ့မှာရှိတဲ့ခွန်အားလေးနဲ့အတင်းကို ပိတ်ဆို့ထားပေမဲ့လဲ နှင်းမိုးအေးက တံခါးကို အတင်းဆွဲဖွင့်လိုက်နိုင်တယ်။တံခါးပွင့်သွားတာနဲ့နှင်းမိုးအေးက အခန်းထဲမှာရှိနေတဲ့ ထူးမြတ်ကိုကြည့်လိုက်ပြီး
" ဟဲ့ ...ထူးမြတ်...နင့်မိန်းမနဲ့နင့်သားက ဇမသေးပါလားဟဲ့....နင်တို့မိသားစုတွေ ငါ့တို့ခြံထဲမှာလာကပ်နေတာကို ...နင်ရှင်းပြလိုက်အုံးလေ ဟင်းဟင်း "
နှင်းမိုးအေးက ထူးမြတ်ကိုကြည့်ပြီးလောင်ပြောင်ရယ်မောလိုက်တယ်။
ထူးမြတ်မှာနှင်းမိုးအေးရဲ့ရွံစရာမျက်နှာကြီးကို ကြည့်ရင်း သူ့မှာကြိတ်မနိုင်ခဲမရဖြစ်နေခဲ့ရတယ်။သူလိုဒုက္ခိတက ဘာဆိုဘာမှမပြောနိုင်ဘူးလေ။သူတို့နေနေတဲ့အိမ်နဲ့ခြံက သူတို့မိသားစုအပိုင်ဖြစ်ပြီး ဦးမိုးထွန်းတို့မိသားစုကို သနားသဖြင့်ပေးနေခဲ့တာကိုလဲ သူ့မှာလက်ဆုပ်လက်ကိုင်ပြဖို့ရန်စာချုပ်စာတမ်းတွေကပျောက်ဆုံးနေခဲ့ပြီလေ။သူ့မိဘတွေရဲ့သနားငဲ့ညှာတတ်တဲ့စိတ်က သူတို့မိသားစုကိုဒုက္ခရောက်စေဖို့ ဖြစ်လာခဲ့ပြီလေ။မိဘတွေနဲ့သူ့ရဲ့ ယာဉ်မတော်မဆမှုကလဲ လုပ်ကြံခံရတဲ့ဖြစ်စဉ်ဆိုတာကို သူ့မှာသိသိနဲ့သက်ဆိုင်ရာကို သက်သမပြနိုင်ဖြစ်နေခဲ့ရတယ်။
" ဟွန်းဟွန်း...အူးးဝူး..ဝူး "
" ဟဲ့...ငါ့ကိုဘာတွေပြောနေတာလဲ ထူးမြတ်ရဲ့...ပြောချင်ရင် လူလိုပြောလေဟာ..နင်က တိရစ္ဆာန်လိုပြောနေတော့ ငါကဘယ်နားလည်ပါ့မလဲ "
" ဟွန်းဟွန်း..ဟင်းဟင်း... "
" နှင်းမိုးအေး...နင်တို့လွန်နေပြီနော်....နေမကောင်းတဲ့သူကို ဒုက္ခမပေးနဲ့နော်....ဖယ်စမ်း...ဖယ်...ငါ့ယောက်ျားရှေ့ ကထွက်သွားစမ်း "
စံပယ်ကအော်ဟစ်လိုက်ရင်း နှင်းမိုးအေးကို ပြေးတွန်းလိုက်တယ်။
" ဟာ...ကော*င်မ..နင်ကများ ငါ့ကိုတွန်းရဲတယ်ပေါ့ဟုတ်လား ကဲဟာ "
" ဖြန်း "
နှင်းမိုးအေးက သူ့ကိုတွန်းလွှတ်လိုက်တဲ့ စံပယ့်ကိုဒေါသတကြီးနဲ့ကြိမ်းမောင်းလိုက်ရုံမကဘဲ စံပယ့်ပါးကိုပါ ရို*က်ချပစ်လိုက်တယ်။
မိခင်ဖြစ်သူအရို(က်ခံလိုက်ရတာကိုမြင်တော့ လင်းဘုန်းမြတ်စိတ်မထိန်းနိုင်တော့ပါ။မိခင်ကိုရို*က်တဲ့ နှင်းမိုးအေးကို သူ့လက်ထဲက တုတ်နဲ့ပြေးပြီး ရို*က်ပစ်လိုက်တယ်။
"အမယ်လေးတော့ ေ(သပါပြီး...ကိုဇော်ခန့် ရှင်ဘာလုပ်နေတာလဲ ...အဲ့ဒီေ(သနာလေးကိုလုပ်လေ...မလုပ်ဘူးလား "
နှင်းမိုးအေးမှာ လဲကျသွားခဲ့တာကြောင့် ဒေါသအလွန်ထွက်သွားခဲ့ရပြီး လင်းဘုန်းမြတ်ကိုပြေးရို*က်တယ်။နှင်းမိုးအေးရဲ့အပြုအမူကိုတွေ့လိုက်ရတော့ စံပယ်ကလဲ နှင်းမို့အေးကိုဝင်လုံးတယ်။ဇော်ခန့်ကလဲ မယားဖြစ်သူဘက်ကနေဝင်ပြီးလုံးတယ်။အခြေအနေတွေက အိမ်ကြီးထဲမှာ လုံးဝကိုရုတ်ရုတ်သဲသဲဖြစ်သွားခဲ့တာ။ ဒီအချိန်မှာပဲ ထူးမြတ်မှာလဲ ဇနီးနဲ့သားဇောကြောင့် ဝှီးချဲလ်ကိုအတင်းတွန်းပြီး ရှုပ်ထွေးနေတဲ့ကြားထဲကို ဝင်ရောက်လိုက်တယ်။ဒီအခါမှာပဲ နှင်းမိုးအေးနဲ့ဇော်ထွန်းတို့ရဲ့နောက်လိုက်တွေကပါ ဝင်ရောက်လာခဲ့တယ်။
" ဟွန်း...ဟွန်း...ဝူး...ဝူး "
စကားမပြောနိုင်တဲ့ထူးမြတ်မှာ မယားနဲ့သားကိုစိုးရိမ်လွန်းနေတာကြောင့် သူ့အခြေအနေကိုတောင်မေ့နေခဲ့တယ်။သူဟာဇော်ခန့်နဲ့နှင်းမိုးအေးကို ဝှီးချဲလ်နဲ့အတင်းကိုတို*က်ပစ်လိုက်တယ်။
" ဟာ...ဒီသေ*ာက်ရူး...ဒုက္ခိတကောင်ကတာ့ ..တောက်..."
နှင်းမိုးအေးနဲ့ဇော်ခန့်ရဲ့နှုတ်ကနေ စိတ်တိုကာဆဲရေးတိုင်းထွာသံများနဲ့တူ သူတို့ရဲလက်ကြမ်းကြီးတွေနဲ့ထူးမြတ်ရဲ့ဝှီးချဲလ်ကိုအားပါးတရဆောင့်တွန်းပစ်လိုက်ကြတယ်။
" ဝုန်း "
အပိုင်းသစ်လေးမို့ စောစောလေးတင်ပေးလိုက်ပါတယ်ရှင်
#အမုန်းနယ်နိမိတ်
(အခန်းဆက်ဝတ္ထု)
အပိုင်း(၁)
စာရေးသူ...ဧကြည်ဖြူ
akyiphyu
*a*k*y*i*p*h*y** u*
မိုးကသည်းထန်စွာရွာသွန်းနေခဲ့တယ်။ဆိုးဝါးလွန်းတဲ့ ရာသီဥတုကြောင့် နေ့ခင်းကြီးဖြစ်ပေမဲ့ အရပ်ရှစ်မျက်နှာတစ်ခွင်လုံးက ညကြီးပမာ မှောင်မိုက်တိတ်ဆိတ်နေခဲ့တယ်။
အိမ်ခြေကျဲပါးလှတဲ့ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်လွန်းနေခဲ့ပေမဲ့ ခမ်းနားထည်ဝါလွန်းတဲ့အိမ်ကြီးတစ်လုံးအတွင်းမှာတော့ အပြင်လောကမှ မိုးသံလေသံတွေနဲ့အပြိုင် တစ်အိမ်လုံးပွက်လောရို(က်ကာ မုန်တိုင်းထန်နေခဲ့တယ်။
" ဇော်ခန့် ...နှင်းမိုးအေး... နင်တို့လူပါးမဝနဲ့နော် ...ဒီအိမ်ဒီခြံတွေအားလုံးက ....ငါ့ယောက္ခမတွေပိုင်ခဲ့တာ....နင်တို့တွေမဟုတ်တာမပြောနဲ့...ငါ့ယောက္ခမတွေကလဲ ... ငါ့ယောက်ျားနာမည်နဲ့လွှဲပေးထားခဲ့တာ ...လူလိမ်တွေ...နင်တို့တွေ...ငါတို့ပစ္စည်းတွေကိုမထိနဲ့ "
စံပယ်က မိုးသံလေသံများကို ဖုံးလွှမ်းသွားလုမတတ် ဒေါသတကြီးနဲ့အော်ဟစ်လိုက်တယ်။
" ဟဲ့ ...စံပယ်...နင်အော်ဟစ်မနေနဲ့....ငါတို့ကလဲ နင်တို့ကို မတရားပြောနေတာမဟုတ်ဘူး...နင်မယုံရင် ... ငါ့အဖေနဲ့ ရှေ့နေတွေကို မေးကြည့်လေ ...ဒါမှမယုံနိုင်သေးရင်လဲ ... ေ*သရွာကိုရောက်သွားပြီဖြစ်တဲ့... နင့်ယောက္ခမတွေကိုလိုက်မေးကြည့်....ဒီအိမ်ဒီခြံက ငါ့မိဘတွေပိုင်တာဟဲ့...နင့်ယောက္ခမမိသားစုကို သနားလို့ပေးနေခဲ့တာ...ဒါမှမယုံသေးရင်လဲ နင့်လင်ဒု *က္ခိတကို သွားမေးကြည့်လိုက်လေ...နင်တို့တွေက မလွန်လွန်းဘူးလား...လွန်ခဲ့တဲ့တစ်လကျော်ကတည်းက ....နင်တို့ကို အိမ်ပေါ်ကဆင်းခိုင်းထားတာလေ....အခုချိန်ထိအထုပ်အပိုးမပြင်ရသေးဘူးပေါ့ဟုတ်လား..."
နှင်းမိုးအေးရဲ့အသံက ဟိန်းခနဲထွက်လာခဲ့တယ်။
" နှင်းမိုးအေး...နင်...နင်လူ(လိမ်မ...နင်တို့မိသားစုက လူလိ*မ်တွေ....ငါ့ယောက္ခမကပြောခဲ့ပြီးသား... နင်တို့မိသားစုကို သနားလို့ခြံထဲမှာပေးနေခဲ့တာတဲ့...နင်ကငါ့ယောက်ျားကိုမြူဆွယ်လို့မရလို့ ... မကျေမနပ်ဖြစ်နေခဲ့တာမဟုတ်လား "
စံပယ်ကလဲ ဒေါသတကြီးနဲ့ခွန်းတုံ့ပြန်လိုက်တယ်။ဒီအခါမှာ နှင်းမိုးအေးရဲ့မျက်နှာကပိုမိုတင်းမာခက်ထန်သွားခဲ့တယ်။
" အဖေ...အမေ ...ဒီဟာမကို ဒီတိုင်းကြည့်နေမှာလား....ကျွန်ဝယ်ရာ အဆစ်ပါလာတဲ့ဟာမမျိုးက သမီးကိုစော်ကားပြောနေတာကို တွေ့တယ်မဟုတ်လား...သူတို့ကိုခုချက်ချင်းနှင်ထုတ်ပေးပါအဖေ ...အဖေတို့သက်ဆိုင်ရာကိုတိုင်ထားပြီးသားမဟုတ်လား "
နှင်းမိုးအေးက သူ့မိဘများကိုပါ ဒေါသတကြီးနဲ့ လှမ်းပြောလိုက်တယ်။ဒီအခါမှာ နှင်းမိုးအေးရဲ့ဖခင်ဖြစ်သူ ဦးမိုးထွန်းမှာလဲ စံပယ့်ကို မုန်းတီးစွာနဲ့ကြည့်လိုက်ပြီး
"ဟေ့ စံပယ်..ငါက နင့်ယောက္ခမတွေမျက်နှာကိုထောက်ထားပြီး ...နင်တို့မိသားစုကို ငဲ့ညှာပေးနေတာကို...နင်ကကန်းတက်နေတာပဲ ...ဒီလောက်ဖြစ်လှတာ...ခုချက်ချင်းပဲပြောင်းကြတော့ ...ကဲ .,..ဆရာသမားတို့ ..သူတို့မိသားစုကတော့ ....ကျုပ်တို့ရဲ့အိမ်ပေါ်မှာလဲတက်နေသေးတယ်...လူပါးဝပြီး ဘယ်လိုမှနှင်မရတဲ့သူတွေပါ...ဒါကြောင့် ဆရာသမားတို့ကို အကူအညီတောင်းပါတယ် "
ဦးမိုးထွန်းရဲ့စကားဆုံးမှာပဲ ဦးမိုးထွန်းနဲ့ပါလာကြတဲ့ အဖွဲ့က စံပယ်တို့မိသားစုကိုအိမ်ထဲကနေ မောင်းထုတ်ဖို့ပြင်ဆင်ကြတော့တယ်။
" ဦးမိုးထွန်း....ရှင်တို့တွေ မတရားမလုပ်ကြနဲ့နော်...ဒါကကျွန်မယောက္ခမတွေအိမ်...ကျွန်မယောက္ခမတွေပိုင်တာ "
" ဟ...နင့်ယောက္ခမတွေပိုင်တာဆိုရင်လဲ ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေပြလေ....ဟော့ဒီမှာ...ဟော့ဒီမှာတွေ့လား...ဒီအိမ်နဲ့ခြံရဲ့စာချုပ်စာတမ်းတွေ...ပိုင်ရှင်နာမည်တွေကိုလဲ ဖတ်ကြည့်လိုက်အုံး ...ကဲပါ...ရှေ့နေကြီးရယ်...စာချုပ်စာတမ်းတွေနဲ့ပတ်သက်ပြီး ရှင်းပြပေးလိုက်ပါအုံး "
ဦးမိုးထွန်းရဲ့စကားအဆုံးမှာ ရှေ့နေဆိုသူက စံပယ့်ကို အကျိုးအကြောင်းရှင်းပြလိုက်တယ်။ရှေ့နေကြီးရှင်းပြတဲ့အကြောင်းက စပယ်တို့နေတဲ့ ခြံနဲ့အိမ်မှာ စံပယ့်ယောက္ခမတွေ ပိုင်ခဲ့တာမဟုတ်ဘဲ ဦးမိုးထွန်းတို့ပိုင်ဆိုင်တာဆိုတာကို စာချုပ်စာတမ်းတွေနဲ့ ရှင်းပြခဲ့တယ်။သို့ပေမဲ့လဲ စံပယ်လက်မခံနိုင်ပါ။ဘာကြောင့်လဲဆိုတော့ လက်ရှိ သူမတို့နေတဲ့ခြံနဲ့အိမ်က ယောက္ခမတွေအပိုင်ဖြစ်တာကို လုံးဝကိုသိရှိနေခဲ့တာကြာင့်ဖြစ်တယ်။ ဒီထက်ပိုပြီး စံပယ်သိထားတာက သူမရဲ့ယောက္ခမတွေက ဦးမိုးထွန်းတို့မိသားစုကို သနားတာမို့ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ခြံကျယ်ကြီးရဲ့ဘေးက ခြံလေးထဲမှာ ပေးနေခဲ့တယ်ဆိုတာပဲ။
"မထိနဲ့....အဲ့ဒါတွေကို မထိနဲ့နော်....သွားကြ..အားလုံးထွက်သွားကြ...မလာနဲ့ ....မလာကြနဲ့နော် "
စံပယ်နဲ့ရှေ့နေဖြစ်သူစကားပြောနေချိန်မှာပဲ အိမ်အပေါ်ထပ်ကနေ ဒေါသတကြီးနဲ့အော်ဟစ်လိုက်တဲ့ အသံလေးထွက်ပေါ်လာခဲ့တယ်။အော်လိုက်သူက စံပယ်နဲ့ကိုထူးမြတ်တို့ရဲ့တစ်ဦးတည်းသောသားလေးဖြစ်တဲ့ ဆယ်နှစ်သားအရွယ်လင်းဘုန်းမြတ်။
လင်းဘုန်းမြတ်က လှေကားထိပ်နဲ့သိပ်မဝေးတဲ့ အခန်းတစ်ခန်းရှေ့ကနေ သူနိုင်တဲ့အရွယ် တု(တ်တစ်ချောင်းကိုကိုင်ပြီးစောင့်နေခဲ့တာ။အခန်းရှေ့ကို ဦးမိုးထွန်းတို့ရဲ့လူတွေရောက်လာခဲ့ချိန်မှာတော့ လင်းဘုန်းမြတ်က ဒေါသတကြီးနဲ့အော်ဟစ်မောင်းထုတ်လိုက်တယ်။
ချစ်ကြိုးလိမ် စာမူလေး ဆက်ပြီး ဖတ်ချင်တယ်ဆိုရင်
Paid gp မှာ မန်ဘာဝင်လို့ရပါတယ်ရှင်
Gp မှာ အပိုင်း ၃၅ ထိရနေပါပြီရှင်
မန်ဘာကြေးလေးက ၃၀၀၀ ကျပ်ပါရှင်
" အဲ့ဒါတော့ အစ်ကိုလဲ မသိဘူးမူမူ .....အလတ်ကောင်နဲ့ဆိုရင် အစ်ကိုက ပိုပြီးတော့တောင်သဘောတူသေးတယ်...သားကြီးကိုတော့နှမြောတာအမှန်ပဲ ..သားကြီးရဲ့အရည်အချင်းနဲ့ဒီထက်မကအခြေအနေမြင့်မားတဲ့ မိန်းကလေးမျိုးနဲ့ပဲဖြစ်သင့်တာလေ...ဒါပေမဲ့ ဘယ်တတ်နိုင်ပါ့မလဲ.... သားကြီးကသဘောကျပါတယ်ဆိုမှတော့လဲ သားကြီးစိတ်ချမ်းသာဖို့ကအဓိကပဲလေ...အလတ်ကောင်ကတော့ ခံစားရလဲနည်းနည်းပါးပါးပါ ....ဒီကောင်က ဘာကိုများအလေးအနက်ထားတတ်လို့လဲ ....အချိန်တန်ရင် သူ့ဘာသာပျော်ပါးနေပြီး ဒီကိစ္စကိုမေ့သွားမှာပဲ ...ပြီးတော့ ရှိသေးတယ်...သမီးပိုးနဲ့အလတ်ကောင်ကို သဘောတူတယ်ဆိုပေမဲ့လဲ တကယ်လို့ ...အလတ်ကောင်နဲ့သမီးပိုးသာ ဖူးစာဆုံခဲ့ရင်ဖြင့်လည်း ပွဲရုံကိစ္စကို ... သမီးပိုးဆီကိုစိတ်ချရဖို့ကခက်သွားမယ်ထင်တယ်....အလတ်ကောင်ကသူလုပ်ချင်ရာကိုလုပ်တော..ကြီးပွားတိုးတက်ဖို့လမ်းကြောင်းကိုလဲ တွေးတာသိတာမဟုတ်ဘူး..သူ့လက်ထဲကိုပွဲရုံရောက်သွားလို့ကတော့ တစ်နှစ်မပြည့်ဘူးပွဲရုံပြုတ်မှာ ..ဒါကြောင့် သူတို့နှစ်ယောက် ဖူးစာကံမပါတာလဲ ခပ်ကောင်းကောင်းပါပဲမူမူရယ်...အစ်ကိုတို့အဖြစ်က သူစိမ်းကို ယုံကြည်ရပြီး သားအရင်းကို မယုံရဲဖြစ်နေရတဲ့ဘဝမဟုတ်လား "
" ဟင်း ..စိတ်မောပါတယ်အစ်ကိုရယ်...သမီးပိုးဘက်ကရော အခြေအနေကဘယ်လိုလဲ ...သမီးပိုးက အလတ်ကောင်နဲ့မေတ္တာမျှနေကြတာတော့မဟုတ်ဘူးမဟုတ်လား ..အစ်ကိုအကဲခတ်မိလား "
" ဒီလောက်တော့ အစ်ကိုလဲ မသိဘူးလေမူမူ...ကလေးတွေကိစ္စလေ....သမီးပိုးကလဲ အနေအထိုင်ပိရိတော့အစ်ကိုလဲ မသိပါဘူးကွာ ..သားကြီးက မူမူကို အခုဘယ်လိုပြောလဲ "
" အင်း..သားကြီးကတော့ သူ့အနေနဲ့ သမီးပိုးအပေါ်မှာမေတ္တာရှိနေတာမို့ နှစ်ဖက်မိဘတွေရှေ့မှာလူကြီးချင်းစကားပြောပြီး စေ့စပ်ထားချင်တာတဲ့လေ..ကြည့်ရတာ သားကြီးက ...သမီးပိုးနဲ့အလတ်ကောင်ကို ငြိစွန်းသွားမှာကို စိတ်ပူနေလို့ထင်တယ် "
" ဒါဆိုလဲ သားကြီးတောင်းဆိုတဲ့အတိုင်းလုပ်ပေးလိုက်ကြတာပေါ့....မူမူပဲ မူမူ့သူငယ်ချင်းနဲ့စကားပြောကြည့်ပေါ့...သမီးပိုးနဲ့လဲ စကားပြောကြည့်ပေါ့...အလတ်ကောင်ကို အစ်ကိုတာဝန်ယူလိုက်မယ် ..သူ့ကိုငွေနည်းနည်းပါးပါးထုတ်ပေးပြီး သူ့အဘွားဆီခဏလွှတ်လိုက်မယ်ကွာ ဘယ်လိုလဲ "
ဦးကျော်သာသည် တစ်ထိုင်တည်းမှာပင် သူ့အစီအစဉ်ကို ဇနီးသည်အားပြောပြလိုက်လေသည်။
'" အစ်ကိုပြောတာအဆင်ပြေတယ်..အဲ့ဒီလိုပဲလုပ်ကြတာပေါ့...အလတ်ကောင်က ဝင်မရှုပ်ဖို့ပဲ အရေးကြီးတယ်....မူတို့အစီအစဉ် မစခင် အလတ်ကောင်ကို သူ့အဘွားဆီအရင်ပို့ဖို့စီစဉ်ကြတာပေါ့အစ်ကို "
" အစ်ကိုလဲ အဲ့ဒီလိုတွေးထားပြီးသားပါ ...အလတ်ကောင်ကို သူလိုချင်နေတဲ့ ဆိုင်ကယ်တစ်စီးလောက်ဖြစ်ဖြစ်ဝယ်ပေးလိုက်ပြီး ...သူ့အဘွားဆီကို လွှတ်လိုက်ကြတာပေါ့... သူ့အဘွားဆီကိုလဲ ဖုန်းဆက်ပြီးကြိုပြောထားလိုက်လေမူ.....နေမကောင်းလို့ သူနဲ့ခဏလာနေပေးပါလို့ ပြောရင် ..အလတ်ကောင်ကသွားမှာသေချာတယ် "
" ဟုတ်ကဲ့ပါ အစ်ကို .... သားကြီးဘက်က သမီးပိုးနဲ့ ကိစ္စ သေချာပြီဆိုတာနဲ့ ...အမေ့ဆီကို အကျိုးအကြောင်းဖုန်းဆက်ပြောပြီး မူစီစဉ်လိုက်ပါ့မယ် "
ဒေါ်ခင်မူနှင့်ဦးကျော်သာတို့သည် သားနှစ်ယောက်ကြား ပြဿနာမဖြစ်ရေးအတွက် အစီအစဉ်များကို အစီအစဉ်တကျဖြစ်ဖို့ရန် သေချာလေးတိုင်ပင်နေကြလေသည်။
မိုးရိပ်မာန်သည် မိဘနှစ်ပါး၏အခန်းရှေ့တွင် ခြေစုံရပ်လျက်မှ ခန္ဓာကိုယ်ကြီးတစ်ခုလုံး မလှုပ်နိုင်မယှက်နိုင်လောက်အောင်ပင် တောင့်တောင့်ကြီးဖြစ်နေခဲ့ရလေသည်။လူကငြိမ်သက်နေခဲ့သော်လည်း မိုးရိပ်မာန်ရင်ထဲတွင် မိုးတိုင်ထန်နေခဲ့လေ၏။သူချစ်ခင်ရပါသော၊မြတ်နိုးတွယ်တာရပါသော သူ့ရင်ထဲမှတစ်ပွင့်ပန်းကို ဆွဲနှုတ်ချိုးယူဖို့ရန်ကြိုးစာနေသူများမှာ သူ၏ချစ်လှစွာသော မိဘနှစ်ပါးဖြစ်နေသည်ကို သိလိုက်ရသည့်အခါ သူသည်အသက်ရှူရပ်မတတ်ပင်ခံစားလိုက်ရလေသည်။မိဘနှစ်ပါး၏ စနက်ကြောင့် သူ့အပေါ်တွင် ချစ်ရသူပိုးနဒီဘက်မှစိမ်းကားရက်စက်ပစ်ခွါနေသည်ကို သိလိုက်ရသည်။သူ့အတွက်တစ်ခုတည်းသောတစ်ယောက်တည်းသော ကံကောင်းခြင်းလက်ဆောင်ကိုမှ အစ်ကိုဖြစ်သူအောင်ကျော်သာက လိုချင်ပါသည်တဲ့လား။အနှစ်နှစ်ဆယ်ကျော်လုံးလုံး ပိုးနဒီကို အဖက်ပင်မလုပ်ခဲ့သော သူက လပိုင်းလေးအတွင်းမှာ သူတစ်ယောက်တည်းအပိုင်ရအောာင်ကြံဆောင်နိုင်သည်တဲ့လား။လောကကြီးသည် နောက်ဆုံးအချိန်ထိပင်လျှင် မိုးရိပ်မာန်ဘက်မှရပ်တည်ခြင်းမရှိခဲ့သည်မှာ ရင်နာစရာကောင်းလှပေသည်။ဤအခြေအနေမှာ မိုးရိပ်မာန်ချစ်ရပါသော ပိုးနဒီမည်သို့ ဆုံးဖြတ်မည်ကို မိုးရိပ်မာန်သိချင်လှပါလေသည်။မိဘနှစ်ပါး ပြောပုံအရဆိုလျှင်ဖြင့် ပိုးနဒီ၏အဖြေသည်သာကျန်ပေတာ့သည်။မိုးရိပ်မာန်၏ နှလုံးသားကိုရပ်တန့်စေမည်။ရှေ့ဆက်ရှင်သန်စေမည့်အဖြေသည် ပိုးနဒီထံတွင်သာနောက်ဆုံးကျန်ရှိပေလိမ့်မည်။
=====k=====y=====i====*=p=====h=====y=====u=====
အပိုင်း(၈)ဆက်ရန်
A kyi phyu
#ဧကြည်ဖြူ
သွားနှင့်သည်မှာများလေသည်။တစ်ခါမှနှစ်ခါ။နှစ်ခါမှသည်လေးငါးဆယ်ခါမကဖြစ်လာသောအခါမှာတော့ မိုးရိပ်မာန်မှာ တစ်ခုခုကိုပို၍ပင်စိတ်ပူပန်လာရလေတာ့သည်။ပိုးနဒီတစ်ယောက် သူ့ကိုမသိမသာနှင့် ရှောင်နေမှန်းလည်း သဘောပေါက်လာခဲ့လေသည်။ပိုးနဒီဘက်မှ ဤသို့ရှောင်နေသည်ကို ရိပ်စားလိုက်မိသည့်အခါ မိုးရိပ်မာန်ရင်ထဲမှနှလုံးသားများ တစ်စစီပဲ့ကြွေသွားသလိုခံစားနာကျင်ရသည်။သို့ပါသော်လည်း သူတို့နှစ်ဦးကြားတွင် ပွင့်လင်းသောအချစ်ရေးနှင့် ဆက်ဆံရေးမရှိခဲ့သောကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ မိုးရိပ်မာန်ဘက်မှမည်သို့မျှ ပေါက်ကွဲခွင့်မရှိသလို၊ပွင့်လင်းစွာနှင့်လည်း ငိုကြွေးခွင့်မရှိခဲ့ပါလေ။မိုးရိပ်မာန်လုပ်နိုင်သည်မှာ အခြေအနေကိုစောင့်ကြည့်၍ ပိုးနဒီဆီမှ တစ်စုံတစ်ခုကိုမျှော်လင့်စောင့်စားနေရုံသာရှိခဲ့ပါလေသည်။ယခုလိုမျိုး ပိုးနဒီတစ်ယောက် မပြောမဆိုနှင့် မန္တလေးသို့သွားသည်ဆိုသော သတင်းသည် မိုးရိပ်မာန်အတွက်တော့ ချစ်ရသူပိုးနဒီ၏သိုဝှက်ထားသော စိတ်သဘောထားအမှန်ကို သိလိုက်ရခြင်းဖြစ်ပါလေသည်။ငယ်သူငယ်ချင်းမလေးပိုးနဒီ။မိုးရိပ်မာန်ချစ်ခင်မြတ်နိုးရပါသော ငယ်ကျွမ်းဆွေမလေးပိုးနဒီသည် မိုးရိပ်မာန်ကို ပြတ်သားစွာနှင့်ပင် သံယောဇဉ်ဖြတ်တောက်ပစ်ရန်ကြိုးစားနေသည်ကို မိုးရိပ်မာန်ရှင်းရှင်းကြီးသဘောပေါက်သွားခဲ့ပြီဖြစ်ပါလေ၏။ပိုးနဒီသည် အဘယ်အတွက်ကြောင့် ၊ဘယ်သူ့အတွက်ကြောင့်နှင့် သူ့အပေါ်မှာဤမျှလောက်စိမ်းကားနိုင်သည်ကိုတော့ မိုးရိပ်မာန်တွေးပင်မတွေးရဲတော့ပါလေ။
***a*k*y*i* p*h*y u***
ပိုး "
မိုးရိပ်မာန်သည် ဆိုင်ကယ်ကို ပိုးနဒီ၏ရှေ့တွင်ထိုးရပ်လိုက်ပြီး ပိုးနဒီကိုခေါ်လိုက်သည်။သူ့ထံသို့မော့ကြည့်လာခဲ့သော ပိုးနဒီ၏အကြည့်များသည် ယခင်ကလိုမျိုး မဟုတ်တော့မှန်းကို မိုးရိပ်မာန်ချက်ချင်းကိုသဘောပေါက်နားလည်လိုက်လေ၏။ ပိုးနဒီသည် သူနှင့်မျက်လုံးချင်းဆုံကြည့်ရမည်ကို မဝံ့မရဲဖြစ်နေခဲ့ဟန်ရှိသည်။ယခင်တုန်းဆီက အစဉ်အမြဲချိုမြနေခဲ့သော အပြုံးများသည် ယခုအခါအစအနပင်ရမရအောင်ဖြစ်နေခဲ့သည်။ဖူးဖူးငုံနှုတ်ခမ်းလေးများသည် တင်းတင်းစေ့ထားလျက်မှ အေးခဲနေသယောင်ဖြစ်နေခဲ့လေသည်။
" ပိုး....ပိုးဘာဖြစ်နေတာလဲ ကိုယ့်ကိုရှောင်နေတာလား "
မိုးရိပ်မာန်သည် သွယ်ဝိုက်မနေတော့ဘဲ တဲ့တိုးပင်မေးချပစ်လိုက်သည်။
" ဟို...ပိုးက မိုးရိပ်ကိုဘာလို့ရှောင်ရမှာလဲ မရှောင်ပါဘူး "
သူ့မျက်လုံးများကိုတည့်တည့် မကြည့်ဘဲ စကားကိုပြောနေခဲ့သော ပိုးနဒီကို မိုးရိပ်မာန်ခပ်စူးစူးလေးစိုက်ကြည့်ပစ်လိုက်သည်။
" ပိုးနဲ့ကိုယ် ခင်မင်လာခဲ့ကြတာ မနေ့တစ်နေ့ကမှမဟုတ်ဘူးပိုး...မူလတန်းကျောင်းသားအရွယ်ကတည်းက သိလာခဲ့ကြတာ....ပိုးရဲမျက်နှာကို တစ်ချက်လေးကြည့်လိုက်တာနဲ့ ပိုး ဘာဖြစ်နေလဲဆိုတာကို ကိုယ်အကုန်သိပြီးသားပါ ...ပိုးတစ်ခုခုဖြစ်နေတာကို ကိုယ်သိပါတယ်....ပိုးမဖြေချင်ရင်လဲ ကိုယ်ဇွတ်မမေးတော့ပါဘူး...ဒါပေမဲ့ ဒီတစ်ခုတော့ ပိုးအမှတ်ရပေးပါကွာ ..ဒီလောကကြီးမှာ ... ကိုယ့်အတွက်ပိုးနဒီဆိုတဲ့ ပိုးတစ်ယောက်တည်းပဲရှိတာပါ...ပိုးရှိနေခဲ့လို့ ကိုယ်ဒီလိုမျိုးပျော်ရွှင်နေနိုင်တာ..အရာရာကိုတောင့်ခံထားနိုင်တာ..... ကိုယ်လဲ ဒီတိုင်းကြီးပဲ ဘဝကိုရှေ့ဆက်သွားမှာမဟုတ်ပါဘူး....ပိုးရင်ထဲမှာဘာတွေဖြစ်နေတာလဲ..ဘာတွေရှိနေတာလဲဆိုတာကို ကိုယ့်ကိုအားလုံးပွင့်ပွင့်လင်းလင်းပြောပြလို့ရပါတယ်.....ကိုယ်စောင့်နေမယ်ပိုး...ကိုယ့်ကို ပိုးတစ်ခုခုပြတ်ပြတ်သားသားပြောနိုင်မဲ့နေ့ကို ကိုယ်စောင့်နေမယ် ...အခု ပိုးရဲ့နောက်ကို မလိုက်စေချင်ဘူးမဟုတ်လား ..ကိုယ်လိုက်မပို့တော့ဘူးနော် ...ကိုယ်သွားတော့မယ် "
မိုးရိပ်မာန်သည် ပိုးနဒီကိုပြောပြီးသည်နှင့် ဆိုင်ကယ်ကိုစက်နှိုးကာ မောင်းထွက်ခဲ့လိုက်လေသည်။
**a*k*y*i* p*h*y u***
" ဒါတော့ မဟုတ်သေးဘူးလေအစ်ကိုရယ် ...သားကြီးနဲ့ကတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး...သားကြီးကို နှမြောလွန်းလို့ပါ "
ဒေါ်ခင်မူသည် အလွန်အမင်းကို စိတ်ပျက်စိတ်ရှုပ်စွာနှင့်ညည်းညူပြောဆိုလိုက်လေသည်။
" အစ်ကိုလဲ စိတ်ထဲတော့ဘယ်ကောင်းပါ့မလဲမူမူရယ်...ဒါပေမဲ့ သားကြီးကသဘောကျနေတော့ဘယ်လိုလုပ်မလဲ ...သမီးပိုးကလဲ မိဘတွေ မချမ်းသာတာကလွဲလို့ လိမ္မာတယ်...တော်တယ်..အစ်ကိုတို့အလုပ်အတွက်လဲ အစစအရာရာအားလုံးအားကိုးရတယ်...စိတ်ချရတယ်...ဒီလိုကြည့်ပြန်တော့လဲ ဖိတ်ချင်ဖိတ်ကိုယ့်အိတ်ထဲဖိတ်ရမှာဆိုတော့ မဆိုးဘူးလားလို့လေ ..သားကြီးကိုတားမရရင်လဲ ....အစ်ကိုတို့ဘက်ကပဲ နည်းနည်းလောက်လျှော့ပေးရမယ်ထင်တယ် "
" ဒါဆိုရင်ဖြင့် ...အလတ်ကောင်ကို ဘယ်လိုလုပ်မလဲ အစ်ကို ...သူက သမီးပိုးကသိပ်ပြီးသံယောဇဉ်ကြီးတာ အစ်ကိုလဲသိတယ်မဟုတ်လား "
ဒေါ်ခင်မူသည် ဤတစ်ကြိမ်မှာတော့ သားအလတ်ကောင်မိုးရိပ်မာန်အကြောင်းကို သတိတရနှင့်ပြောလိုက်၏။
#ချစ်ကြိုးလိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၇)
စာရေးသူ...ကြည်ဖြူ
akyiphyu
*a*k*y*i* p*h*y** u***
မိုးရိပ်မာန်ချစ်ရသောပိုးနဒီနှင့် အစ်ကိုဖြစ်သူတို့အောင်ကျော်သာတို့ မည့်သည့်အချိန်တုန်းးကများ ဤမျှလောက်ခင်မင်ရင်းနှီးသွားကြသည်ကို မိုးရိပ်မာန်နားမလည်နိုင်ဘဲ ဖြစ်နေခဲ့သည်။နှစ်ယောက်သားကြည့်ရသည်မှာ ရင်းနှီးခင်မင်နေသည့်ဟန်ပန်မျိုးကို တွေ့ရလေ၏။ပိုးနဒီသည် နံ့သာရောင်ရင်ဖုံးအင်္ကျီဝမ်းဆက်လေးနှင့် သိပ်ကိုလှပလွန်းနေခဲ့သည်။တစ်လွှာသိမ်းလျက်စည်းနှောင်ထားခဲ့သော ဆံပင်ရှည်ကြီးများသည်လည်း ကျောပေါ်တွင်ဝဲဖြာကျနေပုံမှာ သိပ်ကိုလှပလွန်းသည့် နတ်သမီးလေးတစ်ပါးပမာပါပင်။အောင်ကျော်သာသည်လည်း ယောပုဆိုးနှင့်အင်္ကျီအဖြူနှင့် ခန့်သန့်ပြီးကြည့်ကောင်းလွန်းနေခဲ့သည်။နှစ်ယောက်သားကိုကြည့်ရသည်မှာ လိုက်ဖက်လွန်းလှသော ချစ်သူစုံတွဲများနှင့်ပင်တူ၍နေလေ၏။ထိုထက်ပို၍ ပိုးနဒီကိုကြည့်နေခဲ့သော အောင်ကျော်သာ၏ အကြည့်များနှင့် ပိုးနဒီ၏ရှက်ရွံ့နေသည့် ဟန်ပန်းလေးများသည် မိုးရိပ်မာန်၏အတွေးထဲအထိ နက်နက်ရှိုင်းရှိုင်းကြီးကိုဝင်ရောက်သွားသလို ခံစားလိုက်ရလေသည်။မိုးရိပ်မာန်သည် စားလက်စကြက်ဆီထမင်းကိုပင်လျှင် ဆက်၍မစားနိုင်တော့ဘဲ မြင်ကွင်းကို မမှိတ်မသုန်နှင့်ကြည့်နေခဲ့မိလေ၏။ထို့အတူ သူ့ရင်ထဲတွင်လည်း တစ်စုံတစ်ရာသော ဆူးတစ်ချောင်း မသိမသာထိုးစိုက်ခံလိုက်ရသကဲ့သို့ခံစားလိုက်ရလေသည်။ချစ်ရသူကို ယုံကြည်ပါသော်လည်းပဲ စိတ်ထဲတွင် စိုးရိပ်ပူပန်စိတ်လေးများဝင်ရောက်လာခဲ့လေသည်။သူ့အပါ်တွင် ငယ်နိုင်လိုဖြစ်နေခဲ့သော အစ်ကိုဖြစ်သူကြောင့် တစ်စုံတစ်ရာကိုပြင်းပြင်းထန်ထန်နှင့်ပင် စိတ်ထင့်သွားခဲ့ရလေသည်။မိုးရိပ်မာန်အတွက် ပိုးနဒီဆိုသည့်မိန်းကလေးသည် လောကကြီးမှပေးသည့် အကောင်းဆုံးလက်ဆောင်ဟု မိုးရိပ်မာန်သည်သတ်မှတ်ယုံကြည်ထားခဲ့သည်။ထိုလက်ဆောင်လေးကို မိုးရိပ်မာန်အနေနှင့်အလွန်ပင်မြတ်နိုးချစ်ခင်ရပါလေသည်။မိုးရိပ်မာန် ဤမျှမြတ်နိုးချစ်ခင်ရပါလေသော လက်ဆောင်ကို မည်သူ့ထံကိုမျှတော့ ခွဲဝေ၍မပေးချင်ပါလေ။မိုးရိပ်မာန် စားလက်စ အစားကိုပင် ဆက်၍မစားနိုင်တော့ဘဲနေရာတွင်သာ ငူငူချည်းထိုင်နေမိလေတော့သည်။
**a*k*y*i* p*h*y u***
မိုးရိပ်မာန်သည် ဆိုင်ကယ်ကိုခြံတွင်းသို့ မောင်းဝင်လာခဲ့ပြီးနောက်တွင် အိမ်ရှေ့၌ထိုးရပ်လိုက်သည်။မိုးရိပ်မာန်၏ဆိုင်ကယ်သံကြောင့် ခြံထဲရှိအိမ်လေးထဲမှ ဒေါ်နွဲ့ပိုထွက်လာခဲ့လေသည်။
" မိုးရိပ်လူလေး ....လာလေ ထိုင်အုံး "
" ဟုတ်ကဲ့
အန်တီနွဲ့ ပိုးရောဟင်...ခုတလော ပိုးကိုမတွေတာကြာပြီ ...ဒီနေ့ပွဲရုံနားရက်လေ ..အိမ်မှာမရှိဘူးလား "
" ဟော...သမီးက မနက်အစောကပဲ မန္တလေးသွားတယ်လေ...လူလေးမသိဘူးလား..သင်တန်းကိစ္စတွေလဲရှိတယ်ပြောတယ် "
" ဗျာ..ဟုတ်လား..ကျွန်တော်မသိဘူးအန်တီနွဲ့...အဖေခိုင်းထားတာလားမသိဘူး...ဘယ်သူနဲ့သွားတာလဲမသိဘူး "
" အန်တီနွဲ့လဲ သေချာမသိဘူးလူလေးရေ....လူလေးတို့အဖေပွဲရုံကားနဲ့သွားတာမဟုတ်ဘူးလား "
" မသိတော့ပါဘူး အန်တီနွဲ့ရယ်...ကျွန်တော်အမေတို့ကိုပြန်မေးကြည့်လိုက်အုံးမယ်...ဒါနဲ့ ဒီညနေပြန်လာမှာလား..မနက်မှပြန်လာမှာလားအန်တီနွဲ့..ဘာပြောသွားသေးလဲဟင် "
" မနက်ဖြန်မှပြန်လာမလားမသိဘူးသားရေ ...ညနေဖုန်းဆက်မယ်လို့တော့ပြောသွားတယ် "
"ဟုတ်လား ..ဒါဆိုလဲ ကျွန်တော်ပြန်လိုက်အုံးမယ်နော် အန်တီနွဲ့ "
" ကွယ်..မြန်လှချည်လား ..ထမင်းစားသွားအုံးလေး "
"မစားတော့ပါဘူးအန်တီနွဲ့ "
မိုးရိပ်မာန်သည် ပိုးနဒီ၏မိခင်ကြီးဖြစ်သော ဒေါ်နွဲ့ပိုကိုနှုတ်ဆက်လိုက်ပြီးနောက်တွင် ဆိုင်ကယ်ပေါ်တက်ကာ မောင်းထွက်ခဲ့လိုက်လေသည်။
မိုးရိပ်မာန်ဆိုင်ကယ်ကိုမောင်းနေရသော်လည်း စိတ်ထဲတွင် ညစ်ထွေးလျက် မတင်မကျဖြစ်နေခဲ့သည်။မိခင်ကြီး၏မွေးနေ့ပွဲပြီးသွားသည့်နောက်ပိုင်းရက်များမှစ၍ မိုးရိပ်မာန်စိတ်ထဲတွင် သူချစ်ရသော ပိုးနဒီတစ်ယောက် မသိမသာပင် အမူအရာလေးများ၊အနေအထိုင်လေးများပြောင်းလဲလာသလိုခံစားခဲ့ရသည်။စစချင်းမှာတုန်းကတော့ မွေးနေ့ပွဲနေ့မှ မြင်ကွင်းကြောင့် စိတ်ထဲတစ်ခုခုထင့်နေမိသည်ဟုသာ မိုးရိပ်မာန် ကိုယ့်ကိုယ်ကိုထင်ခဲ့သည်။သို့သော်လည်းသုံးလးငါးလကြာလာသည့်အခါတွင်မူ မိုးရိပ်မာန်၏ အထင်နှင့်အမြင်သည် စိတ်ထင်၍မဟုတ်ဘဲအမှန်စစ်စစ်ဖြစ်နေခဲ့သည်ကို မသိမသာနှင့်ပင် သိလာခဲ့ရသည်။သေချာသည်မှာ ချစ်ရသူပိုးနဒီသည် ယခင်နှင့်မတူဘဲ မိုးရိပ်မာန်အပေါ်တွင် တစ်ခုခုစည်းခြားလိုက်သကဲ့သို့ ဝေးကွာသွားခဲ့သည်ကို မိုးရိပ်မာန်ပိုသိလာခဲ့သည်။ပွဲရုံသို့သွားလေ့မရှိသောမိုးရိပ်မာန်မှာ ပိုးနဒီအိမ်ပြန်ချိန်တွင် ကြိုပို့လုပ်ရန်ကြိုးစားသည်။စက်ပြင်နေရင်းလက်စဖြစ်နေလျှင်တောင်မှ ထူးမောင်တို့ကိုတောင်းပန်ပြီး ပိုးနဒီဆီကိုရအောင်သွားသည်။သို့သော်လည်း ပိုးနဒီကိုတွေ့ရဖို့ရန်မှာ အခွင့်အရေးနည်းပါးခဲ့လေသည်။ဆယ်ခါသွားကြိုမှ နှစ်ခါလောက်သာတွေ့ဆုံရသည်။မနက်ဆိုလျှင်လည်း ထို့အတူပင်ဖြစ်သည်။မိုးရိပ်မာန်မှာ ပိုးနဒီကိုပွဲရုံသို့လိုက်ပို့ရန် အချိန်မီသွားခဲ့သော်လည်း ပိုးနဒီသည် သူမ၏ကိုယ်ပိုင်ဆိုင်ကယ်လေးနှင့်
" အမေ...ပိုးနဒီက မိုးရိပ်မာန်ကို စာရင်းတွေသင်ပေးနေတာကို မလုပ်ခိုင်းနဲ့တော့နော် ...သူတို့ကအရွယ်ရောက်နေပြီးသားတွေနော်အမေ...တော်ကြာကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်မယ် "
သားကြီးဖြစ်သူအောင်ကျော်သာ၏ စကားကြောင့် ဒေါ်ခင်မူသည် သားဖြစ်သူကို တအံ့တသြနှင့်ပင် မော့ကြည့်လိုက်လေသည်။
=====k=====y=====i====*=p=====h=====y=====u=====
အပိုင်း(၆)ဆက်ရန်
A kyi phyu
#ဧကြည်ဖြူ
စာလုံးပေါင်းအမှား အယွင်း/ လို/ပိုများကို သည်းခံဖတ်ရှုပေးကြပါရှင်
Telegram paid gp ဝင်လို့ရပါပြီရှင်
မန်ဘာကြေး 3000 Ks ပါရှင်
စ/ဆုံးမရသေးပါဘူးရှင်
အပိုင်း ၃၂ အထိပဲ ရပါသေးတယ်ရှင်
မိုးရိပ်မာန် သည် ထမင်းချက်ဒေါ်ကြီးပုကို ဘာမှမဖြစ်သလိုပုံစံနှင့်ပြောလိုက်လေသည်။ဒေါ်ကြီးပုစိတ်မကောင်းဖြစ်နေသည်မှာက မိုးရိပ်မာန်သည် မိသားစုနှင့်ထမင်းအတူလာမစားဘဲ မိသားစုများအားလုံးထမင်းစားပြီးသောအခါမှ တစ်ယောက်တည်းလာစားသည်ကို စိတ်မကောင်းဖြစ်နေခဲ့တာဖြစ်လေသည်။ဒေါ်ကြီးပု စိတ်မကောင်းဖြစ်နေမှန်းသိ၍ မိုးရိပ်မာန်ကလည်း ဘာမှမဖြစ်သလိုပုံစံနှင့်ပြန်ပြောလိုက်ခြင်းဖြစ်ပါလေသည်။ယနေ့အဖို့ မိသားစုထမင်းဝိုင်းတွင် မိဘနှစ်ပါးနှင့်အတူ အစ်ကိုဖြစ်သူရော၊ညီမဖြစ်သူပါ အပါအဝင် မိုးရိပ်မာန်ချစ်ရသော ပိုးနဒီပါပါဝင်နေခဲ့လေသည်။သို့သော်လည်း မိုးရိပ်မာန်သည် မိသားစုထမင်းဝိုင်းကို ကိုယ်တိုင်ပင်လျှင် ရှောင်ရှားခဲ့ခြင်းဖြစ်ပါလေသည်။သူ့ကိုမြင်သည်နှင့် အထင်အမြင်သေးစွာနှင့်ကြည့်တတ်သော၊ပြောတတ်သော အစ်ကိုဖြစ်သူ၊ညီမငယ်တို့နှင့်ထမင်းဝိုင်းမှာ အတူထိုင်စားဖြစ်သည်ဆိုတာကလည်း ဘဝတွင် ရှိမှမရှိခဲ့ဘဲလေ။မိဘနှစ်ပါးနှင့်ပင် ထမင်းအတူစားဖူးသည့်ရက်များသည် အကြိမ်ရေဆယ်ကြိမ်ပင်ပြည့်လိမ့်မည်မထင်ပေ။မိုးရိပ်မာန်အရွယ်ရောက်လာခဲ့သည်နှင့် မိဘနှစ်ပါး၏ စိတ်နှင့်မောင်နှမများ၏ စိတ်သဘောကိုသဘောပေါက်နားလည်လာသည်ဖြစ်၍ ကိုယ်တိုင်ပင်လျှင် မိသားစုများကို မသိမသာရှောင်ဖယ်နေလိုက်သည်။အဝေးကြီးကိုထွက်သွားဖို့မူ မိဘနှစ်ပါးကိုမထားခဲ့နိုင်သောကြောင့်သာ မိဘအိမ်တွင် ခိုကပ်၍နေထိုင်နေခြင်းဖြစ်ပါလေသည်။ယနေ့လိုမျိုး မိသားစုထမင်းဝိုင်းတွင် ပါဝင်ခွင့်မရရုံနှင့်တော့ မိုးရိပ်မာန်မည်သို့မျှမခံစားရပါချေ။ဤအနေအထားလောက်ကိုလည်း မိုးရိပ်မာန်ထူးထွေပြီးခံစားမနေခဲ့ပါလေ။မိဘနှစ်ပါးလုံးက သူ့အတွက် ဘာဆိုဘာမျှ ကောင်းခြင်းဆိုးခြင်းများကို ပြောခြင်းမရှိသလို သူ့ကိုမရှိသလိုမျိုး ဘောထားကြသည်ကိုလည်း မိုးရိပ်မာန်ကောင်းကောင်းသဘောပေါက်နားလည်ပြီးသားဖြစ်ပါလေသည်။
**a*k*y*i* p*h*y** u***
" ပိုးက မိုးရိပ်မာန်ကိုစာရင်းအကြောင်းတွေသင်ပေးနေတာဆိုဟုတ်လား "
" ရှင်..ဟုတ်..ဟုတ်ကဲ့ပါ ကိုကိုကြီး "
ပိုးနဒီသည် သူမကိုစကားအရင် လာစပြောသော အောင်ကျော်သာကြောင့် အသံတုန်တုန်လေးနှင့်ပြန်လည်ဖြေဆိုလိုက်ပါလေသည်။အောင်ကျော်သာနှင့်ပိုးနဒီတို့ သိကြသည်မှာ ယခုမှမဟုတ်။လွန်ခဲ့သောနှစ်ပေါင်းများစွာ ငယ်စဉ်ကတည်းပါပင်။သို့သော်လည်း အောင်ကျော်သာသည် ပိုးနဒီကိုမေးထူးခေါ်ပြောပင် သိပ်ပြီးလုပ်လေ့ရှိသူမဟုတ်ပါချေ။ဒေါ်ခင်မူမူတို့အိမ်ကြီးတွင် ပိုးနဒီကိုအမှန်တကယ်ပင် ခင်မင်သူဟူ၍ မိုးရိပ်မာန်တစ်ယောက်သာရှိခဲ့သည်။ခင်ချိုသာသည်လည်း ပိုးနဒီထက်ငယ်သလို သူ့အပေါင်းအသင်းများနှင့်သာ ခင်မင်တတ်သူဖြစ်သည်။မိုးရိပ်မာန်ုတို့အိမ်ဆီသို့ ပိုးနဒီအလည်ရောက်လာခဲ့ခြင်းများသည် မိုးရိပ်မာန်ထံသို့လာလည်သည်ကများသလို မိခင်ဖြစ်သူနှင့်အတူ ဒေါ်ခင်မူမူထံသို့လာလည်ခြင်းဖြစ်ပါလေသည်။ထိုမှ ပိုးနဒီအရွယ်ရောက်၍ တက္ကသိုလ်တက်ခဲ့သည့်အချိန်မှာလည်း အောင်ကျော်သာသည် မန္တလေးတွင် ဆေးကျောင်းသားကြီးဖြစ်နေပြီဖြစ်၍ ပိုးနဒီကိုအဖက်ပင် မလုပ်ခဲ့ပါလေ။၊တစ်ခါတလေ အောင်ကျော်သာအိမ်သို့ပြန်လာခိုက်၌ ပိုးနဒီနှင့်မတော်မဆဆုံမိလျှင်သော်မှ ရယ်ပြပြုံးပြခဲလှသူဖြစ်လေသည်။ယခုအခါမှာမူ အောင်ကျော်သာသည် သူမအပေါ်တွင် ထူးထူးခြားခြားအနေနှင့် စကားပြောဆိုခေါ်ပြောလာသည်ကို ကြုံရခြင်းဖြစ်လေသည်။
" ကျောင်းကတောင် မသင်ပေးနိုင်တဲ့သူ့ကို သင်ပေးရမယ်ဆိုတာက ... တွေးကြည့်ရုံနဲ့တင် စိတ်ပင်ပန်းစရာပဲ....ကိုယ်တော့မထင်ဘူး...မိုးရိပ်မာန်က ငယ်ငယ်ကတည်းကိုက ပညာရေးပိုင်းကို လုံးဝကိုစိတ်ဝင်စားတာမှမဟုတ်တာ..အိမ်ရဲ့စီးပွားရေးဆိုတာကိုလဲ သူစိတ်မဝင်စားဘူး....မိဘတွေငွေကုန်ရကျိုးနပ်အောင် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပညာရေးလေးကိုကြိုးစားမယ်လို့ကို ...တစ်ခါမှကိုသူတွေးပုံမရဘူးလေ..သူတွေးတာ သူသိတာက အချိန်တန်ရင်စားမယ်....မိဘဆီကနေလက်ဝါးဖြန့်တောင်းမယ်.....မရရင် အစ်ကိုနဲ့ညီမဆီက ရတာကိုမသိအောင်ယူမယ်....ဒါပဲသိတာလေ....ကိုယ့်သွေးသာမို့သာသည်းခံနေရတာ....ကိုယ်ကတော့ ပိုးအနေနဲ့ ...ဒီလိုလူမျိုးအတွက်အချိန်မဖြုန်းစေချင်ဘူး..အခုပိုးလဲ ဖေဖေ့ပွဲရုံမှာအလုပ်လုပ်နေတာမဟုတ်လား....မိုးရိပ်မာန်ကို ပညာပြန်သင်ပေးမဲ့အချိန်မှာ ပိုးအတွက်အကျိုးရှိမဲ့ပညာတစ်ခုခုကိုသာသင်ယူပါလား....ကွန်ပျူတာကိုကျွမ်းကျင်အောင်သင်ပါ...စာရင်းကိုင်သင်တန်းတွေတက်သင့်ရင်တက်ပါ...လိုအပ်တဲ့အကူအညီကိုပြောပါ ကိုယ်ကူညီပေးမယ်..ကွန်ပျူတာလိုရင်အဖေတို့ကို ဝယ်ခိုင်းလိုက်မယ် "
" ဟို ..ရပါတယ်ကိုကိုကြီး မလိုပါဘူးရှင် ...ပွဲရုံမှာရှိပါတယ်ရှင် "
" ပွဲရုံမှာရှိတာက ရှိတာပဲလေ...အိမ်မှာသုံးဖို့အတွက် ပိုးအတွက်သုံးဖို့အတွက်က လက်တော့လိုတယ်လေ...ထားပါ အဖေ့ကို ကိုယ်ပြောလိုက်မယ် "
" ဟို.....ရ...ရပါတယ်ကိုကိုကြီး "
ပိုးနဒီသည် ဘာပြန်မပြောရမှန်းမသိဘဲ တုံ့အအနှင့်သာ ပြန်ပြောလိုက်ရလေသည်။
***a*k*y*i* p*h*y** u***
" မိုးရိပ်မာန်..မင်းဘာလုပ်နေတာလဲ ..ငါတို့အထုပ်တွေကားပေါ်ကယူချပေးအုံးလေ "
အောင်ကျော်သာသည် ညီဖြစ်သူမိုးရိပ်မာန်ကိုကြည့်ပြီးလျှင် လေသံမာမာနှင့်ပြောလိုက်လေသည်။
" ဟုတ်သားပဲ ..မိုးရိပ်မာန် သားကြီးတို့အထုပ်တွေကို သွားသယ်ပေးလိုက်အုံးလေ..ဘာထိုင်လုပ်နေတာလဲ ,...သွားမြန်မြန်သွားသယ်လိုက်အုံး "
အောင်ကျော်သာသည် ညီဖြစ်သူကိုအထင်မြင်သေးနှိမ်ချစွာဆက်ဆံလိုက်သလို မိခင်ဖြစ်သူကလည်း ဝင်ရောက်ပြောဆိုလိုက်လေသည်။
" မမပိုးက သိပ်ကိုလှလာပါလားဟင် ..ခင်ချိုတောင်မမှတ်မိချင်ဘူးရယ် "
ခင်ချိုသာသည် ပိုးနဒီကိုနှုတ်ဆက်လိုက်ပြီးနောက်တွင် မိခင်ဖြစ်သူကိုဖက်လျက်မှ ချွဲနွဲ့နေခဲ့လေသည်။အောင်ကျော်သာမှာမူ မိုးရိပ်မာန်ကားဆီသို့သွားသည်ကို လှမ်းကြည့်လိုက်ပြီးနောက်တွင် သူ၏အကြည့်များကို ပိုးနဒီထံသို့ခပ်ရဲရဲပင်ပစ်လွှတ်လိုက်လေသည်။ပိုးနဒီသည် ယခင့်ယခင်ကထက်များစွာပို၍ လှလာကြောင်းကိုလည်း အောင်ကျော်သာအထူးပင် သတိထားလိုက်မိလေသည်။ရင်စေ့အင်္ကျီလက်စကနှင့်ချည်ထဘီလေးကိုတွဲဖက်ဝတ်ဆင်လျက်မှဆံပင်ရှည်လေးများကိုခပ်ရိုးရိုးပင်စည်းနှောင်ထားလျက်မှ မျက်နှာတွင်လည်း သနပ်ခါးလေနှင့်ကျော့ရှင်းလှပနေခဲ့သောပိုးနဒီ၊။ပိုးနဒီ၏ရိုးရှင်းလှပသောမျက်နှာလေးနှင့် စွဲမယ်ဖွယ်ကောက်ကြောင်းလေးများပေါ်နေသည့် ကိုယ်ဟန်မူရာကိုကြည့်ရင်းမှ အောင်ကျော်သာတစ်ယောက်ရင်တွေပင် မသိမသာခုန်လှုပ်နေခဲ့လေ၏။ဆေးကျောင်းတွင် အောင်ကျော်သာအမြဲလိုလိုတွေ့မြင်နေခဲ့ရသည့် ဆေးဆိုးပန်းရိုက်မျက်နှာများထက် အပုံကြီးသာလျက်အေးချမ်းစွဲမက်ဖွယ်လှပနေခဲ့သော ပိုးနဒီကိုကြည့်ပြီးလျှင် အောင်ကျော်သာမှာ အမှန်တကယ်ပင်လျှင် ရင်၌တဆတ်ဆတ်ခုန်နေခဲ့သည်ကို ကိုယ်တိုင်သတိထားလိုက်မိလေ၏။အောင်ကျော်သာ၏ မျက်လုံးများသည် ပိုးနဒီထံမှအကြည့်မခွါနိုင်ဘဲဖြစ်နေခဲ့ရလေသည်။
" ကိုကိုကြီး နေကောင်းတယ်နော်..မတွေ့တာကြာပြီပဲ "
ပိုးနဒီသည် သူမထံသို့ ခပ်စူစူးလေးစိုက်ကြည့်နေခဲ့သော အောင်ကျော်သာ၏အကြည့်များကို သတိပြုလိုက်မိပြီးလျှင် မဝံ့မရဲလေးနှင့်ပင်ပြန်လည်နှုတ်ဆက်လိုက်ပါလေသည်။
*a*k*y*i* p*h*y u***
ထမင်းစားခန်းကျယ်ကြီးထဲတွင် ဟင်းအမျိုးပေါင်းစုံနှင့်စုံစုံလင်လင်ပြင်ဆင်ထားခဲ့သည်မှာ မြင်ရုံနှင့်ပင် စားချင်စဖွယ်ဖြစ်နေခဲ့လေသည်။တစ်ခဏအတွင်းမှာပင် ထိုထမင်းစားခန်းကျယ်ကြီးထဲသို့ ဦးကျော်သာတို့မိသားစုများဝင်ရောက်လာခဲ့ကြလေသည်။
ယနေ့အဖို့မှာတော့ ဦးကျော်သာနှင့်ဒေါ်ခင်မူမူတို့၏ မိသားစုထမင်းဝိုင်းတွင် ပိုးနဒီသည်လည်းပါဝင်နေခဲ့လေသည်။သို့သော်ငြားလည်း သားအလတ်ဖြစ်သော မိုးရိပ်မာန်မှာမူ ထုံးစံအတိုင်းပါပင် မိသားစုထမင်းဝိုင်းတွင်ပါဝင်ခြင်းမရှိခဲ့ပါလေ။
ပိုးနဒီသည် ထမင်းကိုငုံ့၍စားနေရသော်လည်း စိတ်ထဲတွင် မလုံမလဲဖြစ်၍နေခဲ့လသည်။အဘယ်ကြောင့်ဆိုသော် အောင်ကျော်သာသည် သူမနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်လျက် သူမထံသို့မကြာခဏဆိုသလိုပင် ကြည့်ရှုအကဲခတ်နေသည်ကို ပိုးနဒီသိနေခဲ့သောကြောင့်ပင်ဖြစ်ပါလေသည်။ထိုအချိန်တွင် ပိုးနဒီစိတ်ထဲ မိုးရိပ်မာန်ကိုမြင်ယောင်လျက် စိတ်မကောင်းဖြစ်ခဲ့ရပြန်လေသည်။ပိုးနဒီစိတ်မကောင်းဖြစ်နေခဲ့သော်လည်း ဦးကျော်သာနှင့်ဒေါ်ခင်မူတို့မှာမူ သူတို့၏မိသားစုထမင်းဝိုင်းတွင် သားအလတ်ဖြစ်သောမိုးရိပ်မာန်မပါသည်ကိုပင် သတိထားမိပုံမရပေ။သူတို့၏ သားကြီးနှင့်သမီးငယ်ကိုကြည့်လျက် ပြုံးပျော်ကြည်နူးပျော်ရွှင်နေခဲ့ကြလေသည်။
**a*k*y*i* p*h*y** u***
ထမင်းစားခန်းကြီးထဲတွင် လူခြေတိတ်သွားသည့်အချိန်တွင် မိုးရိပ်မာန်သည် တိုက်ကြီးထဲသို့ဝင်ခဲ့ပြီးလျှင် ထမင်းစားခန်းဆီသို့ ဝင်လာခဲ့လိုက်သည်။
" လူလေးမိုးရိပ် ထမင်းစားမလို့လား "
" ဟုတ်ကဲ့ ဒေါ်ကြီးပု "
" ဒါဆိုရင်ခဏလေးစောင့်နော်လူလေး ..ဒေါ်ကြီးဟင်ရည်အိုးပြန်နွေးပေးမယ် "
" ရပါတယ်ဒေါ်ကြီးရယ်...ဒီတိုင်းပဲစားတော့မယ်...အေးတော့လဲသောက်ရအဆင်ပြေတာပေါ့...ဒေါ်ကြီးနဲ့မမလုံးရောစားပြီးပြီလား....မစားရသေးရင်တစ်ခါတည်းဝင်စားလိုက်လေ... "
မိုးရိပ်မာန်သည်ဒေါ်ကြီးပုလက်ထဲမှ ဟင်းပန်းကန်များကိုလှမ်းယူလိုက်ပြီး စားပွဲပေါ်တွင်ချလျက် ပြီး ပြောလိုက်လေသည်။
" ဒီနေ့တော့ ဟင်းတွေစုံလို့ပါလားဒေါ်ကြီးပု...ဒေါ်ကြိးတို့လဲစားလေ "
" စားပါလူလေးရယ်..လူလေးဘာသာစားပါ....ဒေါ်ကြီးပုတို့က မနက်စာထမင်းအများကြီးစားထားတာ..လူလေးကကော်ဖီနဲ့မုန့်ပဲစားထားတာမဟုတ်လား....ဒီရက်ပိုင်း အိမ်ကြီးထဲမှာလူလေးထမင်းလာမစားချင်ရင် ... လူလေးရဲ့ မမလုံးကိုပဲ ထမင်းလာပို့ခိုင်းလိုက်မယ်လေ "
" မဟုတ်တာဒေါ်ကြီးပုကလဲ ...အမေသိသွားမှဖြင့်မိုးမီးလောင်နေအုံးမယ်..ကျွန်တော့်ဘာသာလာစားပါ့မယ်.....ဒီနေ့လဲဗိုက်မဆာလို့ လာမစားသေးတာပါဒေါ်ကြီးပုရဲ့ "
#ချစ်ကြိုးလိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၅)
စာရေးသူ...ဧကြည်ဖြူ
akyiphyu
*a*k*y*i* p*h*y** u***
" မူမူရေ...အလတ်ကောင်ကတော့ မလွယ်ဘူးကွာ ...ကားပြင်ဆိုင်မှာ အလုပ်လုပ်နေတာတဲ့လေ....သမီးပိုးပြောလို့ အစ်ကိုလဲသိတာ "
" ဟင်..ဟုတ်လား..ဒီကောင်လေးဟာလေ..မိဘကိုသက်သက်လိုက်ပြီး အရှက်ခွဲနေတာပဲကိုး ...အိမ်မှာထမင်းအဆင်သင့်စားပြီးအေးဆေးကိုမနေနိုင်ဘူး....အမေ့ဆီမှာသွားနေဆိုတော့လဲ မနေဘူး .... ပွဲရုံမှာ ကားမောင်းတာပဲဖြစ်ဖြစ်ခေါ်ခိုင်းလိုက်ပါလားအစ်ကို "
" မူမူရယ်..အစ်ကိုလဲခိုင်းချင်တာပေါ့....သူ့ကိုပွဲရုံမှာခေါ်ထားပါပြီတဲ့ အစ်ကို့မိတ်ဆွေသူဌေးတွေနဲ့ဘယ်လိုမိတ်ဆက်ပေးရမှာလဲ.....မြို့ကကျဉ်းကျဉ်းလေး သူဘယ်သူလဲဆိုတာကို... လူတိုင်းသိနေတာလေ...သူ့ကြောင့် သားကြီးနဲ့သမီးငယ်သိက္ခာကျမှာကို အစ်ကိုစိတ်ပူနေတာ ...မမြင်ကွယ်ရာ သူ့အဘွားဆီမှာသွားနေရင်လဲကောင်းသားကွာ "
ဦးကျော်သာသည် စိတ်လက်ညစ်နွမ်းစွာနှင့်ပင် ဇနီးဖြစ်သူကို ရှင်းပြလိုက်လေသည်။
"အဲ့ဒါတော့ဟုတ်တယ်နော် ....မိုးရိပ်မာန်ဟာလေ..ဘယ်လောက်ပြောပြော ပြောင်ပြောင်ယောင်ယောင်လဲမနေဘူး....သူ့ကြည့်လိုက်ရင် အဝတ်အစားကအစအရောင်မပေါ်တာအမှန်ပဲ ..သားကြီးဝတ်တဲ့အင်္ကျီတွေဆိုတာ နာမည်ကြီးတံဆိပ်တွေချည်းပဲ ..ဒါပေမဲ့သားကြီးဝတ်နေတုန်းသာ အဲ့ဒီအဝတ်တွေက အရောင်ပေါ်တာ....သူ့ကိုယ်ပေါ်ရောက်သွားရင် အရောင်ကိုမထွက်တော့ဘူး ...မူမူလဲ သူ့ကိုဘယ်လိုလုပ်ရမှန်းကိုမသိဘူးအစ်ကိုရယ်...အသက်ကလဲကြီးလာပြီ...ရပ်ကွက်ထဲမှာလေလွင့်နေတုန်းပဲ ...ဘယ်တော့များအိမ်ထောင်ပြုချင်တယ်လို့ ပူဆာအုံးမလဲမသိဘူးအစ်ကို .,..တစ်ခုခုတော့လုပ်မှဖြစ်မယ်..အမေ့ဆီကိုသွားခိုင်းမယ်ဆိုရင်လဲ ပြတ်ပြတ်သားသားပြောပြီးသွားခိုင်းလိုက်ကြရအောင်နော် ..ကြာရင်မိသားစုသိက္ခာပါကျမယ် ...အစ်ကိုရောဘယ်လိုစဉ်းစားထားလဲဟင် ပြောပါအုံး "
ခေါ်ခင်မူသည် ခင်ပွန်းဖြစ်သူကိုကြည့်လိုက်ပြီးလျှင် အားကိုးတကြီးနှင့်မေးလိုက်လေသည်။
"အင်း ..အစ်ကိုလဲ ဘာမှတော့မစဉ်းစားတတ်ဘူးမူမူရယ်...သမီးပိုးကတော့ပြောတယ်...သူ့ကိုပွဲရုံမှာစာရင်းအင်းပဲဖြစ်ဖြစ်လုပ်ခိုင်းလို့ရအောင် ကူညီပေးမယ်တဲ့လေ...သမီးပိုးက သင်ပေးမယ်လိုပြောတယ်..ဘာပဲဖြစ်ဖြစ် အစ်ကိုတို့တွေမွေးထားမိမှတော့ တစ်ခုခုတော့လုပ်ပေးမှဖြစ်မယ်ထင်တယ်..မဟုတ်ရင် ရပ်ရွာထဲက သူခိုးဂျပိုးတွေနဲ့ပေါင်းပြီးပျက်စီးခြင်းငါးပါးနဲ့ပျက်စီးသွားမှာကြောက်ရတယ် "
" ဒါဆိုရင်လဲ အစ်ကို့သဘောပဲလေ..သင်ခိုင်းကြည့်လိုက်ပေါ့....မရတဲ့အဆုံးမှ တစ်ခုခုတော့စီစဉ်ကြတာပေါ့ ..တစ်နေ့တစ်နေ့လဲ သူ့အတွက်ပဲ စိတ်ညစ်စိတ်ရှုပ်နေရတယ် ...သားကြီးနှင့်သမီးငယ်အကြောင်းတွေးမှပဲ စိတ်ကချမ်းသာတယ် "
ဒေါ်ခင်မူသည် စိတ်ပျက်လက်ပျက်နှင့်ပင် ညည်းညည်းညူညူပြောဆိုလိုက်လေသည်။
**a*k*y*i* p*h*y u***
" မိုးရိပ်ရာ သေချာကြည့်လေဟာ....ဒီစာရင်းလောက်ကိုမှမတတ်ရင် ပွဲရုံမှာမိုးရိပ်ဘယ်လိုအလုပ်ဝင်မလဲလို့ ..ပိုးမှာ မိုးရိပ်အတွက်အန်ကယ်ကျော်ကို သေချာပြောထားရတာနော် ..မိုးရိပ်ဘက်က ကြိုးစားမှဖြစ်မှာသိရဲ့လား "
" ပိုးရယ်...ဒီစာရင်းတွေကို ကိုယ်မလုပ်နိုင်ဘူးဆိုတာထက် ..မလုပ်ချင်တာ..စိတ်မပါဘူးကွာ...ပျင်းတယ်...ဂဏန်းတွေကိုကြည့်ရင် ... ကုန်အဝင်အတွက်စာရင်းတွေကိုကြည့်ရင်း ခေါင်းတွေမူးလာလို့ပါ ..ကိုယ်တောင်းပန်ပါတယ်နော်ပိုးရယ် "
မိုးရိပ်မာန်သည် ချစ်ရသူပိုးနဒီ၏မျက်နှာလေးကို မျက်နှာငယ်လေးနှင့်ကြည့်ရင်းမှ တောင်းပန်စကားပြောလိုက်လေသည်။
" ဒီလိုဆိုရင်ဖြင့် ရှေ့ဆက်ပြီးဘယ်လိုလုပ်ကြမလဲဟင် မိုးရိပ်ရယ်..ပိုးတော့လေ စိတ်သာညစ်တော့တာပဲ ..ငိုချင်လာပြီ "
" ဟာ...ပိုးရယ်..ငိုတော့မငိုပါနဲ့နော် ..ကိုယ်စိတ်မပါလဲကြိုးစားသင်ယူပါ့မယ်ကွာ..နော်..နော် "
ပိုးနဒီ၏မျက်နှာလေးငိုမဲ့မဲ့လေးဖြစ်သွားသောအခါမှာတော့ မိုးရိပ်မာန်သည်ပျာယာခပ်လျက်ပင်ဖြစ်သွားရလေသည်။
*a*k*y*i* p*h*y u***
" ပွမ်..ပွမ် ..ပွမ် "
" ဟော....သားကြီးတို့လာကြပြီ အစ်ကိုရေ "
တိုက်ကြီးရှေ့မှ ကားဟွန်းသံထွက်ပေါ်လာသည်နှင့် ဒေါ်ခင်မူနှင့် ဦးကျော်သာတို့သည် သားနှင့်သမီးကိုမျှော်နေသူများပီပီ အပြေးထွက်၍ကြိုဆိုကြလေသည်။ထိုအချိန်တွင် အိမ်တွင် ပိုးနဒီနှင့်မိုးရိပ်မာန်ပါရှိနေကြသည်ဖြစ်၍ သူတို့နှစ်ယောက်သည်လည်း ဧည့်ခန်းဆီမှ လှမ်းမျှော်၍ကြည့်လိုက်ကြလေသည်။
" ကြည့်ပါအုံး...အမေ့သားကြီးပိန်သွားလိုက်တာကွယ်...ပင်ပန်းနေပြီလားဟင် ..တို့သမီးငယ်ကတော့အလှမပျက် ပိုလှလာတာပါလားလို့ဟင် "
" သားကြီးရေ...အဖေတို့ကမျှော်နေတာကြာပြီ ...သူငယ်ချင်းတွေပါလာမယ်ဆိုတာ မပါလာဘူးလားသားကြီး "
" ဟုတ်ကဲ့ သူတို့လဲနားရက်ရတုန်း အိမ်ပြန်ကြတော့မလိုက်လာကြတာပါဖေဖေ "
အောင်ကျော်သာသည် မိဘနှစ်ပါးကိုနှုတ်ဆက်လိုက်ရင်းမှ ဧည့်ခန်းဆီသို့အကြည့်ရောက်သွားခဲ့လေသည်။ထိုအခါဧည့်ခန်းတွင် ရှိနေကြသော မိုးရိပ်မာန်နှင့်ပိုးနဒီကိုကြည့်ပြီးလျှင် မျက်မှောင်ကိုမသိမသာပင်ကြုတ်လိုက်လေသည်။
ခပ်စူးစူးလေးနာကျင်နေခဲ့ရလေသည်။အသက်နှစ်ဆယ့်သုံးနှစ်ထဲသို့ရောက်လာခဲ့ပြီဖြစ်သော သူ့မှာအလုပ်အကိုင်ရယ်လို့ ဘာမျှမရှိသေးသော်လည်း သူ့ရင်ထဲမှခင်မင်တွယ်တာမြတ်နိုးနေရသူလေး ငယ်သူငယ်ချင်းမလေးပိုးနဒီသည် ကျောင်းပြိးသည်နှင့် မိုးရိပ်မာန်တို့၏ဖခင်ကြိးဦးစီးလုပ်ကိုင်သော ပွဲရုံမှာပင် အလုပ်ဝင်လုပ်နေပြီမို့ မိုးရိပ်မာန်မှာပို၍ပင် နေရခက်သွားရလေသည်။မိုးရိပ်မာန်၏ အစ်ကို၊ညီမနှင့်ချစ်ရသူပိုးနဒီတို့အားလုံးသည် တာဝန်ကိုယ်စီနှင့်ဖြစ်နေကြချိန်တွင် မိုးရိပ်မာန်မှာ ကိုယ့်ကိုယ်ကိုလူပိုကြီးဟုထင်မြင်လာခဲ့မိသည်အထိပင် စိတ်များရှုပ်ထွေးမွန်းကြပ်နေခဲ့ရလေသည်။ကြာလာသောအခါတွင် သူချစ်ခင်တွယ်တာရသော ပိုးနဒီနှင့်မျက်နှာချင်းဆိုင်ရမည်ကိုပင်လျှင် မျက်နှာပူသလိုလို၊ရှက်သလိုလိုခံစားလာခဲ့ရလေသည်။ထို့ကြောင့်လည်း သူဖြစ်ချင်သူလုပ်ချင်မိသောစိတ်ကူးလေးကိုအကောင်အထည်ဖော်ကြည့်ရန် မိခင်ဖြစ်သူကို ပထမဆုံးအကြိမ်အဖြစ်တောင်းဆိုမိခြင်းဖြစ်ပါလေသည်။ပထမဆုံးအကြိမ်မှာပင်လျှင် ထုံးစံအတိုင်းပါပင် မရိုးအိနိုင်သောအငြင်းခံရခြင်းမျိုးနှင့်အငြင်းခံလိုက်ရပြီဖြစ်ပါလေသည်။
**a*k*y*i* p*h*y u***
" မိုးရိပ်ရေ...ဟိုမှာ ပိုးနဒီလာနေတယ်ကွ "
" ဟင် ..ဟုတ်လား "
သူငယ်ချင်းဖြစ်သူထူးမောင်၏ စကားကြောင့် မိုးရိပ်မာန်လုပ်လက်စအလုပ်ကို ချထားပစ်ခဲ့ပြီးလျှင် ဆိုင်ရှေ့သို့ပြေးထွက်ခဲ့လိုက်လေသည်။
" ပိုး ... ကိုယ့်ဆီကိုလာတာလား "
" အင်းလေ..မိုးရိပ်ဆီကို မလာလို့ ..ပိုးကဒီကိုဘာလာလုပ်ရမှာလဲ ...မိုးရိပ်ဒီမှာဘာလုပ်နေတာလဲ "
ပိုးနဒီသည် အသံမာဆတ်ဆတ်လေးနှင့် မကျေနပ်သလိုမေးလိုက်လေသည်။
'" ဟို ...ကိုယ်ဒီမှာ ထူးမောင်တို့နဲအလုပ်လုပ်နေတာပိုး..ကိုယ့်မှာအလုပ်မရှိဘူးလေ..."
" ဘာပြောတယ်မိုးရိပ် ...မိုးရိပ်က ဒီလိုအလုပ်မျိုးကိုလုပ်စရာလား ..အန်တီမူတို့ရောသိလား ...မိုးရိပ်အလုပ်လုပ်ချင်ရင်မိုးရိပ်အဖေရဲ့ပွဲရုံမှာလုပ်
လို့ရတယ် မဟုတ်လား ..ဘာလို့ဒီလိုမျိုးကားပြင်ဆိုင်ကယ်ပြင်ရုံမှာလာလုပ်နေရတာလဲပြောအုံး "
" ပိုးရယ် ..အဖေ့ပွဲရုံမှာလုပ်ဖို့ဆိုတာက ကိုယ်နဲ့အဖေက အဆင် မှ မပြေတာ ....အဖေတို့မျက်စိရှေ့မှာ ကိုယ့်ကိုမမြင်ရမှ ...အဖေတို့အတွက်ပိုပြီးအဆင်ပြေမယ်ထင်တယ်...ဒီမှာလဲအလုပ်လုပ်ရတာ အဆင်ပြေပါတယ် ပိုးရယ်...ထူးမောင်တို့မိသားစုကလဲသဘောကောင်းပါတယ်....မိသားစုလိုပဲလုပ်ကိုင်နေကြတာပါ....ပညာလဲရတယ်လေ....ဒါကြောင့်လာလုပ်နေတာပါ ..ဘာအလုပ်မှမရှိတာထက်စာရင် ... ဒီမှာအလုပ်လုပ်နေတာက ပိုပြီးအဆင်ပြေမယ်ထင်လို့ "
" မိုးရိပ်ရယ်....မိုးရိပ်ကြောင့်တော့ ပိုးလဲစိတ်ညစ်ရပါတယ်...မိုးရိပ်ကလေ ဘာလို့များ အန်တီမူတို့နဲ့အဆင်မပြေနိုင်ရတာလဲဟင် ...မိဘတွေနဲ့အဆင်ပြေအောင်နေပါလားမိုးရိပ်ရယ်....မိုးရိပ်အနေနဲ့ ကိုကိုကြိးလောက်တော်စရာမလိုပါဘူး...မိဘတွေအလိုကျ ဘာမဆိုခေါင်းသာညိတ်ပေးလိုက်ပေါ့...ပြီးရင် အန်ကယ်ကျော်ရဲ့ပွဲရုံမှာ တစ်နေရာလောက်ရအောင် အလုပ်ဝင်လိုက် ...ကိုကိုကြီးရောခင်ချိုပါ ..သူတို့ကတစ်ချိန်မှာ ဆရာဝန်ဖြစ်လာမဲ့သူတွေဆိုတော့ .....ပွဲရုံကိုစိတ်ဝင်စားကြမှာမဟုတ်ဘူးလေ..ပွဲရုံကိစ္စက အချိန်တန်ရင် မိုးရီပ်ပဲကူညီရမှာလေ...ဒါကြောင့်မို့စာရင်းအင်းပိုင်းကို မိုးရိပ်စိတ်မဝင်စားလဲ ဝင်စားမှဖြစ်မှာ...တခြားသူဆီမှာမသင်ချင်ရင်နေ ...ပိုးသင်ပေးပါ့မယ်မိုးရိပ်ရယ်...ဒီလိုမျိုးအလုပ်တွေကိုမလုပ်ပါနဲ့နော် ..မိုးရိပ်ဒီလိုလုပ်နေရတာကို ပိုးမကြည့်ရက်ဘူးသိရဲ့လား ...ပိုးတကယ်ဝမ်းနည်းတယ်....စိတ်မကောင်းဖြစ်တယ်..မိုးရိပ်ဘက်ကသာပွဲရုံမှာလုပ်မယ်ဆိုရင် ..အန်တီမူတို့ကို ပိုးပြောပေးမယ်...မိုးရိပ်ကို ပိုးကူညိမယ် "
" အင်း..အင်းပါ ပိုးရယ်..ကိုယ်ကြိုးစားကြည့်ပါမယ်ကွာ...ပိုးအိမ်ပြန်မှာမဟုတ်လား ..ကိုယ်လိုက်ပို့ပေးမယ်နော် "
" လိုက်ပို့ပေးရမှာမဟုတ်ဘူး ...တစ်ခါတည်းပြန်လိုက်ခဲ့ရမှာသိရဲ့လား ....ပိုးကိုအိမ်ကိုလိုက်ပို့ပြီးရင် အိမ်မှာပဲထမင်းစား..ပြီးရင်အိမ်ကိုတန်းပြန်ရမယ် "
" ဟာ..အလုပ်ကိုပြန်မလာရတော့ဘူးလား "
"မလာရတော့ဘူး..ထူးမောင်ကိုပြောခဲ့လိုက်လေ...မိုးရိပ်နော် အချိန်ဆွဲနေတာမျိုးကို ပိုးမကြိုက်ဘူးနော် "
"ဟုတ်ကဲ့ပါ မမပိုးရယ်,..မမပိုးရဲ့အမိန့်အတိုင်းပါပဲခင်ဗျာ "
" မိုးရိပ်နော် မျက်နှာမပြောင်နဲ့ "
ပိုးနဒီသည် နှုတ်ခမ်းလေးစူကာပြောလိုက်ပြီးနောက် မိုးရိပ်မာန်၏ဗိုက်ခေါက်လေးကို အသာအယာဆွဲလိမ်လိုက်လေသည်။
ပိုးနဒီ၏အပြုအမူကြောင့် မိုးရိပ်မာန်၏မျက်နှာထက်တွင် ကြည်နူးပြုံးများဝေစည်သွားရလေသည်။
=====k=====y=====i====*=p=====h=====y=====u=====
အပိုင်း(၅)ဆက်ရန်
A kyi phyu
#ဧကြည်ဖြူ
စာလုံးပေါင်းအမှား အယွင်း/ လို/ပိုများကို သည်းခံဖတ်ရှုပေးကြပါရှင်
Telegram paid gp ဝင်လို့ရပါပြီရှင်
မန်ဘာကြေး 3000 Ks ပါရှင်
စ/ဆုံးမရသေးပါဘူးရှင်
အပိုင်း ၃၂ အထိပဲ ရပါသေးတယ်ရှင်
" အိမ်မှာဘာမှမဖြစ်ပါဘူးပိုးရယ်...ကိုကိုကြီး အိမ်ကိုအလည်ပြန်လာလို့လေ ..အဲ့ဒါကြောင့်ပါ "
" မိုးရိပ်ရယ်...ထင်တော့ထင်ပါတယ်...အိမ်ကိုအကြာကြီးမခွဲနိုင်တဲ့ ကိုမိုးရိပ်မာန်တို့ ယောင်လည်လည်နဲ့ရောက်လာပြီဆိုကတည်းက တစ်ခုခုဆိုတာ ..မိပိုးတို့ကသိပြီးသားပါ "
ပိုးနဒီသည် မိုးရိပ်မာန်ကိုကြည့်ပြီး သက်ပြင်းလေးကိုချလျက် ပြောလိုက်လေသည်။မိုးရိပ်မာန်သည် အစ်ကိုဖြစ်သူအောင်ကျော်သာကိုလည်း ချစ်ခင်ပါသည်။အစ်ကိုဖြစ်သူကျောင်းပိတ်ရက်များတွင် အိမ်သို့ခဏတစ်ဖြုတ်အလည်ပြန်လာသည်ကိုလည်း ပျော်ပါသည်။သို့သော်လည်း အရွယ်လေးရောက်လာခဲ့ပြီဖြစ်သောကြောင့် အစ်ကိုဖြစ်သူနှင့် သူ့ကြားမှ ကွဲပြားမှုနှင့်မိဘနှစ်ပါး၏ အလေးပေးဆက်ဆံမှုနှင့်ခွဲခြားဆက်ဆံမှုများကိုမူ နှလုံးသားမှ မခံစားနိုင်သောကြောင့် အစ်ကိုဖြစ်သူအိမ်သို့ပြနလာလျှင် လုပ်ပေးစရာရှိသည်များကို လုပ်ပေးပြီးလျှင် ဤသို့ပင် မသိမသာရှောင်ထွက်လာလေ့ရှိပါသည်။ထိုရက်မျိုးဆိုလျှင် ညသို့ရောက်သောအခါမှသာလျှင် သူနေထိုင်သောကားဂိုထောင်၏ အပေါ်ထပ်ဆီသို့ ပြန်လေ့ရှိပါသည်။
**a*k*y*i* p*h*y u***
" အမေ...ကျွန်တော့်ကိုပိုက်ဆံနည်းနည်းလောက်ပေးပါလား....ကျွန်တော့်သူငယ်ချင်းတွေနဲ့အလုပ်တူတူလုပ်ချင်လို့ပါ "
မိုးရိပ်မာန်သည် မိခင်ဖြစ်သူကို မဝံ့မရဲကြည့်လျက်မှ ပြောလိုက်လေသည်။ထိုအခါ ဒေါ်ခင်မူသည် တင်းမာသောမျက်နှာထားနှင့်မော့ကြည့်လိုက်ပြီးလျှင်
" ဘာပြောတယ် မိုးရိပ်မာန်...သူငယ်ချင်းတွေနဲ့အလုပ်လုပ်မလို့ဟုတ်လား...ဖြစ်နိုင်တာကိုလဲ ပြောစမ်းပါအုံး..ဘာအလုပ်လုပ်မှာလဲ အလေလိုက်ပေတေနေတဲ့အလုပ်လား ....မင်းအလုပ်လုပ်ချင်ရင် အိမ်မှာလဲ အလုပ်တွေအများကြီး....ပွဲရုံမှာလဲအလုပ်တွေများပုံလို့ ...ပိုက်ဆံတောင်းကောင်းအောင်လို့ အလုပ်ကိုအကြောင်းမပြနဲ့....မင်းသာ တကယ်အလုပ်လုပ်ချင်စိတ်ရှိရင် ဘာတစ်ပြားမှမလိုဘူး..မိဘပိုက်ဆံကို ထိုင်ဖြုန်းဖို့စဉ်းစားမနေနဲ့....ကိုယ့်အသက်ကိုလဲပြန်ကြည့်အုံး...အသက်နှစ်ဆယ်ကျော်နေပြီ..ဘာအသုံးကျလဲ...အိမ်မှာဘာသုံးစားရလဲ ...မိဘတွေကမပူမပင်ကျွေးမွေးထားတာကိုပဲ ကျေးဇူးတင်အုံး ..မိဘတွေငွေအဆင်ပြေလားမသိ..မပြေလားမသိတောင်းဖို့ပဲ သိတယ်..မင်းနော် မိုးရိပ်မာ....မင်းအဘွားဆီမှာသွားနေဆိုလဲ မနေဘူး..အိမ်ကမိသားစုကို တစ်နေ့တစ်နေ့ဘယ်လိုဒုက္ခပေးရမလဲဆိုတာပဲ လမ်းစရှာနေပါလား..သွားစမ်...မင်းအခုချက်ချင်းငါ့မျက်စီရှေ့ကထွက်သွားစမ်း "
ဒေါ်ခင်မူသည် မိုးရိပ်မာန်ကိုကြည့်ပြီးလျှင် ဒေါသတကြီးနှင့်ပြောဆိုလိုက်လေသည်။
မိုးရိပ်မာန်မှာ မိခင်ဖြစ်သူ၏တုံ့ပြန်မှုများကြောင့် စိတ်လေးလံစွာနှင့် နေရာမှာထထွက်ခဲ့ရလေသည်။ထိုစဉ်မှာပင် မိခင်ဖြစ်သူ၏လက်ထဲတွင်ကိုင်ဆောင်ထားခဲ့သောအဖိုးတန်လက်ကိုင်ဖုန်းကြီးမှာတတီတီမြည်လာခဲ့လေသည်။
" ဟယ်လို ...သားကြီးလား ..ဘာအရေးကြီးလို့လဲ...ဟင်..ငွေအရေးတကြီးလိုနေတာလား...ဪ...ပေးမှာပေါ့သားကြီးရယ်....လောလောဆယ်မင်းကြီးကြီးတို့ဆီမှာသွားယူလိုက်နော် ..အမေတို့ဖုန်းဆက်ထားလိုက်မယ် ...အေးပါသားကြီးရယ်...ရှင်းပြဖို့မလိုပါဘူး..သားကြီးလိုသလောက်သာယူ...ငွေအတွက်မပူနဲ့သိလား ..ဒါနဲ့ သားညီမလေးကိုလဲ ဂရုစိုက်လိုက်အုံးနော် ....သူလဲငွေလိုတယ်ဆိုရင် ယူခိုင်းလိုက်သိလား ..အေးပါ..အေးပါ သားကြီးရယ်...သားအဖေကိုလဲအမေပဲပြောလိုက်ပါ့မယ် ...သားကျန်းမာရေးကိုဂရုစိုက်နော် ငွေအတွက်မပူနဲ့သိလား "
ဖုန်းပြောနေသော မိခင်ကြီး၏ ချိုသာကြည်ရွှင်သော အသံကို မိုးရိပ်မာန်သည်ငေးမောနားထောင်နေမိပြီးနောက်တွင် တိုက်ကြီးထဲမှ ခပ်ကုပ်ကုပ်ကလေးပြန်ထွက်လာခဲ့ရပါလေသည်။ယခုဆိုလျှင် မိုးရိပ်မာန်၏အသက်သည်နှစ်ဆယ့်သုံးနှစ်ထဲသို့ရောက်လာခဲ့လေပြီ။အလုပ်လည်းမရှိ၊ပညာလည်းမသင်နှင့် လူမှာယောင်လည်လည်ဖြစ်နေခဲ့သောကြောင့် အိမ်အလုပ်များပြီးလျှင် သူငယ်ချင်းတစ်ယောက်၏ဆိုင်ကယ်၊ကားပြုပြင်ရေးဆိုင်တွင်သာ အချိန်ဖြုန်းဖြစ်နေတော့သည်။မိခင်ဖြစ်သူပြောသလို ဖခင်ဖြစ်သူ၏ပွဲရုံတွင်လည်း ဝင်မလုပ်ချင်ပါ။မိုရိပ်မာန် စာရင်းဇယားများတွက်ချက်ရသည်ကို စိတ်မဝင်စားသလို။အလေးအပင်ထမ်းပိုးခြင်းကိုလည်း မလုပ်နိုင်။တခြားသူကို ဆရာလုပ်ခိုင်းစေသောအလုပ်မျိုးကိုလည်း မလုပ်နိုင်ပါ။ထိုကြောင့်မိုးရိပ်မာန်မှာ ယခုအချိန်အထိပင်လျှင် ယောင်လည်လည်ယောင်ဝါးဝါးနှင့်ဖြစ်နေခဲ့ရလေသည်။ဒါကြောင့်လည်းပဲ ငွေအရင်းအနှီးလေးနည်းနည်းရှာပြီး ဆိုင်ကယ်ဝယ်ရောင်းလိုမျိုးအလုပ်ကို လုပ်ကြည့်ရန်စိတ်ကူးမိခဲ့၍ မိခင်ဖြစ်သူထံမှငွေနည်းနည်းပါးပါးတောင်းကြည့်ခြင်းသာဖြစ်ပါလေသည်။ငွေကြေးနှင့်ပတ်သက်၍ မိဘထံမှလက်ဝါးဖြန့်တောင်းမိသည်မှာ မိုးရိပ်မာန်အတွက်တော့ ဤသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်ပါလေသည်။ငယ်စဉ်မှစ၍ ယနေ့အချိန်အထိပင်လျှင် မိဘပေးသောမုန့်ဖိုးငွေကိုသာ လက်ခံယူခဲ့ပြိး နည်းသည်များသည်လည်းမပြောခဲ့သလို ၊လိုအပ်လို့ထပ်တာင်းသည်မျိုးကိုလည်းမလုပ်ခဲ့ပါလေ။ယခုလိုမျိုးပထမဆုံးအကြိမ်တောင်းမိသည့်အချိန်မှာ အငြင်းခံအဆူခံလိုက်ရသည့် ခံစားချက်သည်မိုးရိပ်မာန်ရင်ထဲကို ဆူးတစ်ချောင်းနှင့်ခပ်စွစွလေးထိုးလိုက်သကဲ့သို့ပင်
#ချစ်ကြိုးလိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၄)
စာရေးသူ...ဧကြည်ဖြူ
akyiphyu
*a*k*y*i* p*h*y** u***
ရွာဘက်မှာ မိုးရိပ်မာန် သွားမနေချင်သည်မှာလည်း အဘွားဒေါ်ခင်မြကိုမချစ်၍ မဟုတ်ပါ။ချစ်ပါသည်။အဘွားဒေါ်ခင်မြ သူတို့အိမ်သို့လာနေလျှင် အပျော်ဆုံးလူသားမှာ မိုးရိပ်မာန်ပင်ဖြစ်ပါလေသည်။အစ်ကိုဖြစ်သူအောင်ကျော်သာနှင့်ညီမငယ်ခင်ချိုသာမှာမူ အဘွားဒေါ်ခင်မြကို မချစ်။သံယောဇဉ်မရှိကြပါ။သူတို့မောင်နှမအတွက်တော့ အဘွားဒေါ်ခင်မြလို တောင်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သော တောသူအဘွားထက် ဖခင်ဘက်မှဆွေမျိုးမျာကိုသာ ပိုမိုခင်တွယ်အလေးထားဆက်ဆံကြပါသည်။ဆွေမျိုးဟုထင်မှတ်ကြသည်။မိုးရိပ်မာန်အတွက်မူ အဘွားဒေါ်ခင်မြသည်သာ ဆွေမျိုးရင်းချာကဲ့သို့ဖြစ်နေပါလေ၏။အဘွားဖြစ်သူကို မိုးရိပ်မာန်ဤသို့ချစ်ခင်သံယောဇဉ်ရှိသည်မှာ မှန်သော်လည်း သူ့ကိုကိုယ်တိုင်မွေးထုတ်ပေးထားခဲ့သော မိခင်ထက်တော့ သံယောဇဉ်မပိုနိုင်တာမို့ အဘွားနှင့်အတူလိုက်မနေနိုင်ခြင်းဟုဆိုရပေလိမ့်မည်။မိုးရိပ်မာန်သည် မိခင်ဖြစ်သူကိုသိပ်ချစ်သကဲ့သို့ ဖခင်ကြီးကိုလည်းချစ်ခင်သည်။ထို့အတူ အစ်ကိုဖြစ်သူအောင်ကျော်သာနှင့်ညီမငယ်လေး ခင်ချိုသာကိုလည်း ချစ်သည်။ထို့ကြောင့်လည်း မိသားစုအိမ်မှထွက်ခွါရမည်ကို မိုးရိပ်မာန်မှာေ)သလုမတတ်ပင်ကြောက်လှပါလေသည်။မိဘနှစ်ပါးမှ မည်သို့ပင်မိုးရိပ်မာန်အပေါ်မှာ နှိမ်ချပြောဆိုဆက်ဆံနေပါစေ မိုးရိပ်မာန်စိတ်ထဲမှာတော့ ပန်းနှင့်ပေါက်နေသကဲ့သိုပင် သဘောထားခဲ့ပြီးလျှင် ပေါ့ပေါ့ပါးပါးတွေးလျက်သာနေထိုင်ခဲ့ပါသည်။မိုးရိပ်မာန်အတွက်တော့ မိဘနှစ်ပါးနှင့်အတူမိသားစုနှင့်အတူ နေထိုင်ရသောဘဝသည် ဆူလိုက်ပူလိုက်အေးလိုက်နွေးလိုက်နှင့်လုံခြုံနွေးထွေးပျော်ရွှင်ရသောဘဝမျိုးပင်ဖြစ်ပါလေသည်။
*a*k*y*i* p*h*y u***
" မိုးရိပ်ရယ်... မိုးရိပ်ဒီလိုပဲ ပေါ့ပေါ့နေပေါ့ပေါ့စားပုံစံဖြစ်နေလို့ ...အန်တီမူနဲ့အန်ကယ်ကျော်က မိုးရိပ်ကိုမျက်နှာသာ မပေးတာလေဟာ .... မိုးရိပ်ဘက်ကတစ်ခုခုတော့ကြိုးစားပြမှပေါ့...ကျောင်းပညာမှာမလိုက်နိုင်ရင်တောင်မှ အန်ကယ်ကျော်ရဲ့ပွဲရုံမှာပဲဖြစ်ဖြစ်ဝင်ကူညီပေါ့....အခုပဲ မိုးရိပ်ရဲ့အသက်နှစ်ဆယ်ပြည့်ပြီးနေပြီလေ ...ဒီတိုင်းနေရင် ရှေ့ဆက်ပြီး ဘာလုပ်မှာလဲပြော "
ပိုးနဒီသည် မိုးရိပ်မာန်ကိုကြည့်ပြီး ညည်းညည်းညူညူနှင့်ပြောလိုက်လေသည်။ပိုးနဒီအတွက်တော့ မိုးရိပ်မာန်သည် ပြောမနာဆိုမနာ ငယ်သူငယ်ချင်းများဖြစ်သလို ငယ်ကျွမ်းဆွေများဟုလည်း ပြောရမယောင်ဖြစ်လေသည်။နှစ်ယောက်သားကြားတွင် ငယ်ရွယ်သေးကြသူများဖြစ်ကြသောကြောင့်သာလျှင် သံယောဇဉ်ခင်မင်ခြင်းမှ အရောင်ဆိုးသောချစ်ခြင်းမေတ္တာဘက်သို့ မပြောင်းလဲသေးခြင်းမျိုးသာ ဖြစ်ပါလေသည်။နှစ်ဦးသားကြားတွင်မူ မည်သူမျှဖြတ်၍ မရနိုင်သောသံယောဇဉ်ကြိုးလေးများသည် မသိမသာရစ်ပတ်ဖွဲ့နှောင်နေကြပြီးသာဖြစ်ပါလေသည်။
" ဒါနဲ့ ... ပိုးရဲ့ကျောင်းကိစ္စကရော အဆင်ပြေရဲ့လားဟင် ... ကိုယ်ဘာကူညီရမလဲ ကူညီရမယ်ဆိုရင်ပြောပါ "
'' ရပါတယ်မိုးရိပ်ရယ်...ပိုးကရိုးရိုးမေဂျာပဲဟာ....အဖေတို့လဲ အလုပ်တွေအဆင်ပြေလာတာမို့ ငွေလဲအဆင်ပြေပါတယ်....ကျောင်းပြီးတာနဲ့အန်ကယ်ကျော်ရဲ့ပွဲရုံမှာပဲ အလုပ်ဝင်ဖို့အတွက် အန်တီမူကလဲပြောထားတော့ ..ပိုးအတွက်ကအဆင်ပြေပြီးသားပါ ....မိုးရိပ်သာ အိမ်နဲ့အဆင်ပြေအောင်နေပါနော် "
" အင်းပါပိုးရဲ့..... ကိုယ်လဲ အိမ်နဲ့အဆင်ပြေအောင်နေပါတယ် "
" တော်ပါ..လူကိုလာညာနေပြန်ပြီ ...ဟိုရက်က ခင်ချို့ကိစ္စနဲ့အိမ်မှာပြဿနာဖြစ်တယ်ဆို ..ပိုးသိပါတယ်နော် လာညာမနေနဲ့ "
" အင်းပါပိုးရယ်...ပိုးကိုတော့ညာလို့မရဘူးဆိုတာသိပါတယ်....အဲ့ဒီကိုသက်ဆိုတဲ့ကောင်က သူ့ဘာသာဘယ်သူ့သားပဲဖြစ်ဖြစ်..ပညာဘယ်လောက်ပဲတတ်တတ် ..ကိုယ့်ညီမကို နိုင်လိုမင်းထက်လုပ်နေတဲ့ပုံစံမျိုးကိုတော့ ကိုယ်လုံးဝသည်းမခံနိုင်ဘူးပိုးရယ်...ခင်ချိုက ကိုယ့်အပေါ်မှာဘယ်လိုပဲသဘောထားနေပါစေ....ကိုယ့်အတွက်တော့ ခင်ချိုသာက ကိုယ့်ရဲ့အချစ်ဆုံးညီမလေးလေ..တစ်ခြားသူတွေက ... ကိုယ့်ညီမကိုမတစ်ခုခုရန်မူလို့ကတော့ တစ်ဖက်လူကဘာကောင်ကြီးပဲဖြစ်နေနေလုံးဝကို သည်းခံနေမှာမဟုတ်ဘူး ...နောက်တစ်ခါ ဒီလိုမျိုးထပ်ကြုံရင်လဲ အခုလိုမျိုးထပ်လုပ်အုံးမှာပဲပိုး..ကိုယ့်အတွက်တော့ ကိုယ့်မိသားစုနဲ့ပိုးကို မထီမဲ့မြင်ဆက်ဆံသူမှန်သမျှက ကိုယ့်ရဲ့ရန်သူတွေချည်းပဲ "
" ဟင်း..မိုးရိပ်နော်...မဟုတ်တာတွေမပြောစမ်းနဲ့..ကိုယ့်ဘာသာနေတတ်သလိုအေးအေးနေပါလားလို့ ....မိုးရိပ်ကို အန်တီမူတို့က ဒီလောက်မျက်နှာသာမပေးတာကို မသိလိုက်ဘာသာနေပါမိုးရိပ်ရယ်...ပိုးအတွက်လဲ ဘာမှပူမနေနဲ့ပိုးမှာက ရန်သူလဲမရှိဘူး.....ပိုးဘာသာအေးဆေးနေနေတာ သိရဲ့လား "
'အင်းပါ ...ပိုးမှာရန်သူမရှိဘဲ ချစ်ခင်သူတွေပဲဝိုင်းနေတယ်ဆိုတာကို ကိုယ်သိပါတယ်နော် ...ဒါကြောင့်လဲ ကြိုပြောထားတာ ..ပိုးကိုထိတဲ့သူက ကိုယ့်ရန်သူပဲ .."
" ဟွန်း..မိုးရိပ်နော် ပြောလေကဲလေပါလား ..ကဲ..လာ ..အိမ်မှာထမင်းစားသွားတော့ ...ဒီနေ့အိမ်မှာ တစ်ခုခုဖြစ်နေလို့ ပိုးတိုအိမ်မှာအချိန်ဖြုန်းဖို့ရောက်လာတာမဟုတ်လား "
ပိုးနဒီသည် မျက်စောင်းလေးထိုးလျက်မှ ပြောလိုက်လေသည်။
မိုးရိပ်မာန်မှာ ဝမ်းသာပျော်ရွှင်စိတ်နှင့်နှုတ်ဆက်လိုက်သော်ငြားလည်း အစ်ကိုဖြစ်သူအောင်ကျော်သာသည် မိုးရိပ်မာန်ကိုဂရုပင်မစိုက်ပါချေ။အိမ်တွင် အလုပ်လုပ်နေသော အလုပ်သမားတစ်ယောက်ကိုကြည့်သည့်ပုံစံနှင့် ခပ်စိမ်းစိမ်းပင် လှမ်း၍ကြည့်လေသည်။ဤအိမ်ကြီးတွင် ဖခင်ဖြစ်သူဦးကျော်သာနှင့်မခင်မူမူတို့သည် သားလတ်ဖြစ်သူမိုးရိပ်မာန်အပေါ်တွင် မေတ္တာမပေးနိုင်သကဲ့သို့ မောင်နှမများဖြစ်ကြသော အောင်ကျော်သာနှင့်ခင်ချိုသာတို့သည်လည်း မိုးရိပ်မာန်ကိုမောင်နှမဟုပင် သဘောမထားကြဘဲရှိလေသည်။သူတို့၏စိတ်ထဲတွင် မိုးရိပ်မာန်ကို မိဘများကလည်း အလေးမပေး၊မကြင်နာသည်ကိုတွေ့မြင်နေရသောကြောင့် သူတိုစိတ်ထဲတွင်လည်း မိုးရိပ်မာန်ကိုအိမ်စေတစ်ယောက်၊အလုပ်သမားတစ်ယောက်ပမာသာ သဘောထားကြလေသည်။သူတို့ခိုင်းစရာဥရှိလျှင် ခိုင်းတတ်ကြပြီး ခိုင်းစရာမရှိလျှင် အဖက်မလုပ်ကြပေ။ဤသည်မှာ မိုးရိပ်မာန်၏ မိသားစုနေ့စဉ်ဘဝပင်ဖြစ်ပါလေ၏ ။
" ဟေ့ကောင် ...မင်းဘာအလုပ်မှမရှိရင် ငါ့ကားကိုဆေးပေးထားစမ်း "
အောင်ကျော်သာသည် တိုက်ကြီးထဲသို့ဝင်မည်ပြုပြီးသောအခါမှ မိုးရိပ်မာန်ထံသို့လှမ်းကြည့်လျက်ပြောလိုက်လေသည်။
" ဗျာ..ဟုတ်ကဲ့ကိုကိုကြီး "
အစ်ကိုဖြစ်သူ၏ ခိုင်းစေမှုကိုကြားလိုက်ရသည့်အခါတွင် မိုးရိပ်မာန်သည် ပျာပျာသလဲပင်ခေါင်းညိတ်ပြလိုက်ပြီးလျှင် ကားကိုရေးဆေးသန့်ရှင်းရေးလုပ်ရန်အတွက် ချက်ချင်းပင်ပြင်ဆင်လေတော့သည်။ကျောင်းပညာကို ကြိုးစားသင်ယူနိုင်ခြင်းမရှိသော မိုးရိပ်မာန်အတွက်တော့ မိသားစုများ၏တောက်တိုမယ်ရအလုပ်လေးများကို လုပ်ကိုင်ပေးရင်းမှ ပျော်ရွှင်နေခဲ့သည်။အားလပ်သည့်အချိန်များတွင်မူ သူငယ်ချင်းများထံအလည်အပတ်သွားရင် နည်းနည်းပါးပါးအချိန်ဖြုန်းသည်။ထိုမှအားလပ်ချိန်ဆိုလျှင်တော့ မိခင်ဖြစ်သူ၏ငယ်သူငယ်ချင်းဖြစ်သော ဒေါ်နွဲ့ပိုတို့အိမ်သိုသွားပြီးလျှင် သူငယ်ချင်းမလေးပိုးနဒီထံသို့ မယောင်မလည်နှင့်အလည်အပတ်သွားသည်။ဤသည်မှာ မိုးရိပ်မာန်၏တစ်နေ့တာအချိန်ဇယားဟုပင်ပြောရလေမည်။သေချာသည်မှာ ခြံစောင့်မရှိသော၊ကားဒရိုင်ဘာမငှားထားသော သူတို့မိသားစုအိမ်ကြီးတွင် အိမ်၏သန့်ရှင်းရေး၊လုံခြုံရေးနှင့် တောက်တိုမယ်ရအလုပ်မှန်သမျှကို မိုးရိပ်မာန်တစ်ယောက်တည်းသာ ဒိုင်ခံလုပ်နေခြင်းဖြစ်လေသည်။အိမ်၏ချက်ရေးပြုတ်ရေးနှင့်လျှော်ဖွပ်သန့်ရှင်းရေးမှလွဲ၍ အိမ်၏အလုပ်တော်တော်များတွင် မိုးရိပ်မာန်၏လုပ်အား မပါသည်ဟူ၍မရှိပါချေ။သို့သော်လည်း မိသားစုများအတွက်မူ မိုးရိပ်မာန်သည် အိမ်၏လူပိုတစ်ယောက်အဖြစ်သာ ထင်မြင်ခံနေခဲ့ရလေသည်။ထိုသို့ မိသားစုများ၏ထင်မြင်ချက်များအတွက်လည်း မိုးရိပ်မာန်အနေနှင့် ဘာကိုမှထွေထွေထူးထူးခံစားရတာမျိုးပြောဆိုတာမျိုးများကိုလည်း မလုပ်ခဲ့ပါလေ။ငွေရှိပညာတတ်အသိုင်းအဝိုင်းမိသားစုကြီးတွင် မိုးရိပ်မာန်မှာ တစ်မိပေါက်တစ်ယောက်ထွန်းသိုးမည်းတစ်ယာက်လိုမျိုးဖြစ်နေသည်ကိုလည်း မိုးရိပ်မာန်မှာကိုယ့်ကိုယ်ကိုနားလည်းနေခဲ့သည်လေ။ငယ်စဉ်ကတည်းကိုက အစ်ကိုဖြစ်သူနှင့်ညီမဖြစ်သူကို အမီမလိုက်နိုင်သော မိုးရိပ်မာန်အတွက်တော့ မိဘနှစ်ပါးဆီမှချစ်ခြင်းမေတ္တာကို ရရှိဖို့ရန်အတွက် ခက်ခဲသည်ကိုလည်း နားလည်သဘောပေါက်ထားခဲ့ပြီးသားဖြစ်လေသည်။ထို့အတွက်ကြောင့်လည်း မိဘများကျေနပ်စေဖို့ရန်အတတ်နိုင်ဆုံးကြိုးစားနေထိုင်ခဲ့လေသည်။ပညာရေးမှာ ကံမပါသောသူ့ကို မိဘများက ရပ်ကွက်ကျောင်းမှာထားပေး၍ ပညာသင်ပေးခဲ့သည်ကိုပင် မိုးရိပ်မာန်မှာကျေနပ်ခဲ့ရသည်။အစ်ကိုနှင့်ညီမငယ်လို ထူချွန်ခဲ့လျှင်ဖြင့်သူလည်းပဲ ကိုယ်ပိုင်ဆရာနှင့်ကိုယ်ပိုင်အထက်တန်းကျောင်းလိုမျိုးတွင် ပညာများဆည်းပူးသင်ကြားခွင့်ရမည်ဟုသာတွေးခဲ့သည်။ကိုယ်တိုင်မှာ မထူးချွန်၍သာ မိဘများမှ သူ့ကိုရပ်ကွက်ကျောင်းတွင်သာ ထားပေးခဲ့သည်ဟုပဲထင်မြင်ယုံကြည့်ခဲ့ပါသည်။ထူးချွန်မည့်သူမှန်လျှင် မည်သို့ကျောင်းမျိုးမှာထားစေ ထူးချွန်မည်ဟုကိုယ်တိုင်ယုံကြည်လက်ခံခဲ့သည်။ထို့အတွက်ကြောင့်လည်း သူ့ကိုကျန်မောင်နှမနှစ်ယောက်နှင့် ခွဲခြားထားသည်ကို မိုးရိပ်မာန်သိပ်ပြီးခံစားနေတာမျိုးမရှိခဲ့ပါလေ။မိုးရိပ်မာန်အတွက်တော့ အရေးကြီးဆုံးမှာ မိဘမိသားစုနှင့်ခွဲခွါပြီး အဘွားနှင့်အတူရွာဘက်တွင်သွားမနေရရေးသာလျှင် အဓိကဖြစ်ပါလေသည်။
=====k=====y=====i====*=p=====h=====y=====u=====
အပိုင်း(၄)ဆက်ရန်
A kyi phyu
#ဧကြည်ဖြူ
စာလုံးပေါင်းအမှား အယွင်း/ လို/ပိုများကို သည်းခံဖတ်ရှုပေးကြပါရှင်
Telegram paid gp ဝင်လို့ရပါပြီရှင်
မန်ဘာကြေး 3000 Ks ပါရှင်
စ/ဆုံးမရသေးပါဘူးရှင်
အပိုင်း ၃၂ အထိပဲ ရပါသေးတယ်ရှင်
ကိုသက်တစ်ယောက် စကားပင် ဆုံးအောင်မပြောလိုက်ရခင်မှာဘဲ မိုးရိပ်မာန်သည် ကိုသက်ကို လက်သီးနှင့်ထိုးချလိုက်တာကြောင့် အခြေနေကချက်ချင်းပင် ရှုပ်ထွေးသွားရလေသည်။ ခင်ချိုသာသည်လည်း အစ်ကိုဖြစ်သူ မိုးရိပ်မာန်ကိုကြည့်လျက်စိတ်ဆိုးဒေါသထွက်သွားရပြီးလျှင် အစ်ကိုဖြစ်သူကို ဒေါသတကြီးအော်ဟစ်ပြီး နေရာမှအပြေးလေးထွက်ခွာသွားခဲ့လေသည်။
*a*k*y*i* p*h*y** u***
" ခွပ် "
" အ "
ဖခင်ဖြစ်သူကိုကျော်သာ၏ လက်သီးနှင့်ထိုးနှက်ချက်ကြောင့် မိုးရိပ်မာန်၏ခန္ဓာကိုယ်သည် ယိုင်ခနဲဖြစ်သွားခဲ့ရသကဲ့သို့ မျက်နှာပြင်သည်လည်းတစ်ဖက်သို့စောင်းကျသွားခဲ့ရလေသည်။
"မဆိုင်တဲ့ကိစ္စတွေမှာ ဝင်မပါဖို့ ....မင်းကိုဘယ်နှစ်ခါပြောထားရမလဲ မိုးရိပ်မာန် ..သားကြီးနဲ့သမီးငယ်ရဲ့ကိစ္စတွေမှာ မင်းဘာမှဝင်ပြီးစွက်ဖက်စရာမလိုဘူး..ဆရာဝင်လုပ်စရာမလိုဘူး....မင်းလိုဆယ်တန်းတောင်မအောင်တဲ့ကောင်က ...ဘာများအသုံးကျလို့လဲ ...ဒီနေ့မင်းလုပ်လိုက်တာအပြုအမူက ငါတို့စီးပွားရေးကိုပါထိခိုက်နိုင်တယ်ဆိုတာ သိရဲ့လား ...မင်းပြဿနာရှာခဲ့တဲ့အဲ့ဒီကောင်လေးက မင်းထက်အသက်ငယ်ပေမဲ့ပညာမှာရော..အဆင့်အတန်းမှာပါ မင်းထက်အများကြီးသာတယ်သိရဲ့လားကွ ...မင်းးကိုတော့ ဘယ်မှာထားရမလဲကိုတောင် မသိတော့ဘူး...မူမူ...မင်းသားကို မင်းလဲကြည့်ထိန်းပါအုံးကွာ..,..စိတ်ရှိတိုင်းသာလုပ်ရရင် လက်လွန်ခြေလွန်တွေဖြစ်ကုန်တော့မယ်နော် "
ကိုကျော်သာသည် သူ့စိတ်ကိုအတန်တန်ထိန်းလိုက်ပြီးသည်နှင့် သားဖြစ်သူမိုးရိပ်မာန်၏ ရှေ့မှထွက်သွားခဲ့လေသည်။ကိုကျော်သာထွက်သွားခဲ့သည်နှင့် မခင်မူသည် မိုးရိပ်မာန်ကိုဒေါသမျက်နှာနှင့်ကြည့်လိုက်လေသည်။
" ကိုသက်က ဂုဏ်သရေရှိလူကြီးလူကောင်းရဲ့သား...မိဘတွေကအရာရှိတွေ...ရွှေဆိုင်တွေပွဲရုံတွေအများကြီးပိုင်တာ...ဒီလိုလူမျိုးနဲ့ပတ်သက်ပြီး သမီးငယ်အတွက် ..ဘာမှထိခိုက်စရာကိစ္စမရှိဘူး...မင်းက ဘာများအသုံးကျလို့ ပါဝါပြချင်နေရတာလဲ ....မင်းဘာသာမင်းနေ...သားကြီးနဲ့သမီးငယ်ကိုမရှုပ်ဖို့ပြောထားပြီးသားလေ...မင်းဘာဖြစ်နေတာလဲ မိုးရိပ်မာန် ....ဆယ်တန်းလဲမအောင် ..အိမ်မှာလဲ ကောင်းကောင်းမနေဘဲ ...အစ်ကိုနဲ့ညီမကိုနှောက်ယှက်နေတာလား ...အိမ်မှာလဲ ပြဿနာရှာရုံကလွဲလို့ ဘာအသုံးကျလဲ ...မင်းဒီလိုနေနေမဲ့အစား မင်းအဘွားနဲ့သွားနေပါလား...ဘာလို့ ငါ့တို့ကိုသက်သက်အရွှဲ့တိုက်နေတာလဲပြောစမ်း "
မိခင်၏ဒေါသတကြီးဆူပူကြိမ်းမောင်းမှုများကို နာခံနေရာမှ မိုးရိပ်မာန်ဦးခေါင်းကိုမော့ကြည့်လိုက်ပြီးမှ
"ကျွန်တော့်ညီမကို လူပုံအလယ်မှာ ငေါက်ငမ်းနေတာကို ကျွန်တော်က လက်ပိုက်ပြီးဒီတိုင်းကြည့်မနေနိုင်ဘူးအမေ...အဲ့ဒီကောင်က ဘာပဲဖြစ်နေနေ...သူ့ပုံစံသူ့အချိုးကမပြေဘူးထောင့်မကျိုးဘူး...ရိုင်းစိုင်းတဲ့ကောင်ပါ...ဒီလိုကောင်မျိုးကို ခင်ချိုနဲ့မပတ်သက်စေချင်တာမှားလားအမေ "
" မိုးရိပ်မာန် ...ဒီလောက်ပြောနေတာတောင် မင်းကဘာလဲ .. မိဘကိုဂရုမစိုက်တာလား ...သူကလူငယ်လေးလေ..လူငယ်တွေဆိုတာဒီလိုပဲလေ....မင်းးလိုလူမျိုးကများ ပြောရသေးတယ်.....မင်းလုပ်လိုက်တဲ့ပုံက ဘယ်လာက်အောက်တန်းကျလဲသိရဲ့လား..ပြဿနာဖြစ်ရင် ငါတို့လူကြီးတွေရှိတယ် ..လူကြီးတွေရှင်းမယ်...မင်းရဲ့လမ်းဘေးစရိုက်ပုံစံနဲ့ရှင်းပြီး မိဘတွေကိုအရှက်လိုက်ခွဲနေတာလား ...မင်းဒီလိုနေနေမဲ့အစား ...မင်းအဘွားနဲ့ရွာမှာသွားနေဖို့ပြင်ဆင်တော့ "
မိခင်ဖြစ်သူ၏ စကားကြောင့် မိုးရိပ်မာန်မှာ မျက်နှာလေးချက်ချင်းပျက်ယွင်းသွားခဲ့ရပြီးလျှင်
" ကျွန်တော်အမေတို့နဲ့ပဲနေမှာ ..အဘွားကိုချစ်ပေမဲ့ အမေတို့နဲ့ပဲနေမှာ ...ဘယ်ကိုမှမသွားဘူး "
" ကြည့်စမ်း....ကြည့်စမ်း...မိဘကိုပြန်ခံပြောနေပြန်ပြီ .....ဒီမှာနေမယ်ဆိုရင် ကောင်းကောင်းနေလေ...မင်းလွတ်လွတ်လပ်လပ်နေနိုင်ဖို့အတွက် အခန်းလဲသီးသန့်ဆောက်ပေးထားတာကို မင်းဘာလို့အေးဆေအးဆေးဆေးမနေနိုင်ရတာလဲ ...မင်းအစ်ကိုကဆေးကျောင်းသား..မင်းညီမကလဲ မကြာခင်မှာဆေးကျောင်းတက်တော့မှာလေ...မင်းကဘာအသုံးကျလဲမိုးရိပ်မာန် ...မင်းလုပ်နိုင်တာအိမ်မှာရှိတဲ့အိမ်သန့်ရှင်းရေးပဲရှိတာလေ....မင်းဘာမှမလုပ်နိုင်ဘူးဆိုရင်လဲ ထမင်းအေးအေးဆေးဆေးစားပြီအေးအေးဆေးဆေးနေပါလား..ဘာလို့ ငါတို့ကိုစိတ်ဒုက္ခပေးနေရတာလဲ ..မင်းဘာသာမရှိတဲ့လူတစ်ယောက်လို အေးဆေးနေစမ်းပါ မိုရိပ်မာန်ရယ်...သွားစမ်း..သွားတော့ မင်းအခန်းမင်းပြန်တော့ ...မိဘကိုစိတ်ဒုက္ခပေးတဲ့ကောင် ....သွား..မင်းမျက်နှာကို မကြည့်ချင်တော့ဘူး "
မိခင်ဖြစ်သူထံမှ တစ်ချက်လွတ်အမိန့်ထွက်လာသည်နှင့်တစ်ပြိုင်နက် မိုးရိပ်မာန်သည် သူနေထိုင်ခွင့်ရထားသော အိမ်ဘေးရှိကားဂိုထောင်၏အပေါ်ထပ်ရှိ သူ့အခန်းဆီသို့ ပြန်ခဲ့လေသည်။
*a*k*y*i* p*h*y** u***
မိုးရိပ်မာန်သည် အိမ်မကြီးထဲမှအထွက်တွင် မန္တလေးမြို့မှပြန်ရောက်လာခဲ့သော အစ်ကိုဖြစ်သူအောင်ကျော်သာနှင့်တည့်တည့်တိုးလေသည်။မိုးရိပ်မာန်သည် အစ်ကိုဖြစ်သူကိုမြင်တွေ့လိုက်ရသည့်အခါတွင် ချက်ချင်းပင် ဝမ်းသာပျော်ရွှင်စွာနှင့်နှုတ်ဆက်လိုက်လေသည်။
'" ကိုကိုကြီးအလည်ပြန်လာတာလား "
#ချစ်ကြိုးလိမ်
(အခန်းဆက်ဝတ္ထု)
အပိုင်း (၃)
စာရေးသူ...ဧကြည်ဖြူ
akyiphyu
*a*k*y*i* p*h*y** u***
မိုးရိပ်မာန်မှာ ကျောပိုးအိတ် အဟောင်းလေးကိုလွယ်လျက် ကျူရှင်သို့သွားရန် သူတို့၏ခြံကြီးထဲမှ ထွက်ခဲ့လေသည်။ထိုအချိန်မှာ အစ်ကိုဖြစ်သူအောင်ကျော်သာကို အိမ်တိုင်ရာရောက် စာလာသင်ပေးသော ဂိုက်ဆရာမနှင့် ခြံဝတွင်ဆုံလေသည်။မိုးရိပ်မာန်သည် အစ်ကိုဖြစ်သူ၏ ဆရာမကိုမြင်လျှင် ပြုံးရယ်ပြလိုက်ပါလေသည်။သို့သော်လည်း ဆရာမသည် မိုးရိပ်မာန်််၏ နွမ်းဖက်ဖက်ပုံစံကိုကြည့်ပြီးလျှင် ပြုံးရယ်ပြခြင်းမရှိဘဲ မျက်နှာလွှဲသွားခဲ့လေသည်။မိုးရိပ်မာန်သည် အသားအရည်နှင့်မျက်နှာပုံဟန် သွင်ပြင်မှာ လူရည်သန့်ရုပ်လေးနှင့်ချစ်စရာဟန်ပန်ရှိသော်ငြားလည်း အဝတ်အစားများမှာမူ နွမ်းဖက်ဖက်ရှိသောကြောင့် လူပုံဟန်မှာလည်းမှေးမှိန်ဖျော့တော့နေခဲ့လေသည်။ဤသို့ဖြစ်ရသည်မှာ မိုးရိပ်မာန်ဝတ်ဆင်ရသော အဝတ်အစားများသည် အသစ် ဟူ၍မရှိဘဲ အစ်ကိုဖြစ်သူအောင်ကျော်သာမှ မဝတ်ချင်၊ မလိုချင်သည့် အဝတ်အစားဟောင်းများကိုသာ ဝတ်ဆင်ရခြင်းကြောင့်ဖြစ်ပါလေ၏။အဝတ်စားဟောင်းများကိုပဲ ဝတ်ရသည့်ကြားထဲမှ မိုးရိပ် မာန်၏အဝတ်အစားများကို တာဝန်ယူလျှော်ဖွပ်ပေးသူမှာ ဉာဏ်ရည်မပြည့်ဝသော မိလုံး ဖြစ်နေသောကြောင့် အဝတ်အစားများသည် ချေးမပြောင်ဘဲရှိလေ၏။ မိုးရိပ်မာန်ကလည်း သန်စွမ်းသော၊ ကစားမက်သော၊ ကစားဖော်သူငယ်ချင်းများသော အရွယ် ဖြစ်လေရာ မိုးရိပ်မာန်၏ အဝတ်အစားများသည် အရောင်အဆင်းမထွက်သည်က များလေသည်။ မခင်မူတို့သည်လည်း မိုးရိပ်မာန်၏အလုပ်အပြင်အဆင်မှန်သမျှကို မိလုံးထံသို့သာလျှင် ဝကွပ်အပ်ထားပြီးလျှင် လှည့်ကိုမကြည့်ခဲ့ကြပါချေ။အဝတ်အစားများ ညစ်ပတ်နေလျှင် မိုးရိပ်မာန် တစ်ယောက် အဆော့မက်လွန်းသည်ဟုသာ ပြစ်တင်ဆူပူကြိမ်းမောင်းကြလေ၏၊ သားသမီးများအတွက် ဈေးဝယ်ထွက်လျှင်လည်း သား အလတ်မိုးရိပ်မာန်အတွက်ဟူ၍ သတိတရနှင့်ဝယ်ပေးခြင်းမျိုး မရှိခဲ့ဘူးကြပါချေ။
မိုးရိပ်မာန်သည် သူ့ကိုမျက်နှာလွှဲသွားသော အစ်ကိုဖြစ်သူ၏ဆရာမကို အပြုံးလေးနှင့်ပင် ကြည့်လိုက်ပြီးနောက် ခြံရှေ့တစ်လျှောက် ခုန်ပေါက်ပြေးလွှားလျက် ထွက်ခဲ့လေသည်။
*a*k*y*i* p*h*y** u***
"အငယ်မ ဘာလုပ်နေတာလဲ ...အိမ်ပြန်မှာမဟုတ်လား ...လာ..ပြန်ကြမယ် "
မိုးရိပ်မာန်သည် ညီမဖြစ်သူခင်ချိုသာနှင့်ကောင်တစ်ကောင်စကားပြောနေသည့်ပုံစံကို ကြည့်ပြီး စိတ်ထဲ ဘ၀င်မကျလှသဖြင့် ညီမငယ်ထံသို့ချက်ချင်းသွားရောက်ခေါ်ငင်လိုက်လေသည်။မိုးရိပ်မာန်၏စိတ်အသိထဲတွင် ညီမဖြစ်သူနှင့်စကားပြောနေခဲ့သောကောင်သည် ခပ်ပေပေခပ်တေတေလူရှုပ်တစ်ယောက်ဖြစ်နေသည်ကို သတိထားမိသောကြောင့် ဤကဲ့သို့ ညီမငယ်ထံသို့အပြေးအလွှားခေါ်ငင်လိုက်ခြင်းဖြစ်ပါလေသည်။သို့သော်လည်းအခြေအနေမှာ သူထင်ထားသကဲ့သို့ဖြစ်မလာခဲ့ပေ။အကြောင်းမှာ ညီမဖြစ်သူခင်ချိုသာသည် မိုးရိပ်မာန်ခေါ်ရာနောက်သို့ အသာတကြည်လိုက်လာခြင်းမပြုသည့်အပြင် မိုးရိပ်မာန်ကိုသူစိမ်းတစ်ယောက်ကဲ့သို့အထင်မြင်သေးစွာနှင့်ပြောဆိုဆက်ဆံပါလေတော့သည်။
"ဘာလဲ ..ဘာတွေလာရှုပ်နေတာလဲ ကိုမိုး...ဒီမှာချိုတို့စကားပြောနေတယ်လေ...ကိုသက်ကလူကြီးလူကောင်းသားသမီးနော်...ကိုမိုးလိုလူမျိုးနဲ့ ဘာမှဆိုင်တဲ့သူမဟုတ်ဘူး....ကိုယ်နေရာကိုယ်နေ ကိုယ့်လမ်းကိုယ်သွားလိုက်ပါ...ချိုနဲ့ကိုသက်ခင်မင်နေကြတာကို ဖေဖေတို့မေမေတို့လဲသိကြတယ်...ကိုမိုးဘာမှဆရာကြီးလာမလုပ်နဲ့.. "
"ဘာ...ဘာပြောလိုက်တယ်ခင်ချိုသာ...နင် တော်တော်ရိုင်းပါလားဟင် ...နင်ကများ ငါ့ကိုဘာကောင်ထင်နေလဲ ..နင့်ကိုအဖေနဲ့အမေကအလိုလိုက်တယ်ဆိုပြီး ဟုတ်လှပြီထင်မနေနဲ့...လာ....ခုချက်ချင်းအိမ်ကိုပြန်လိုက်ခဲ့စမ်း "
မိုးရိပ်မာန်သည် ညီမဖြစ်သူ၏အထင်သေးစကားကြောင့်ပို၍ပင် ဒေါသထွက်စိတ်တိုသွားရပြီးလျှင် သူ၏သန်မာလှသောလက်များနှင့် ညီမဖြစ်သူ၏လက်ကိုဆောင့်ဆွဲ၍ခေါ်လိုက်လေသည်။ထိုအခါ ခပ်စောစောကတည်းက ထောင့်မကျိုးပုံစံနှင့်ရှိနေခဲ့ပြီးလျှင် ခင်ချိုသာကို အနိုင်ယူလျက်ဆူပူပြောဆိုနေခဲ့သော ကိုသက်သည် မိုးရိပ်မာန်ကို ဘုကြည့်ကြည့်လျက်မှ ရန်စလေတော့၏။
'' မင်းကိုယ့်လမ်းကိုယ်သွားစမ်း မိုးရိပ်မာန် ...ငါနဲ့ ခင်ချို စကားပြောနေတာ မင်းမမြင်ဘူးလား...မင်းက ဘာကောင်မို့ ဆရာကြီးလာလုပ်နေရတာလဲ...ငါဘယ်သူလဲဆိုတာကို ရော မင်းသိရဲ့လား "
" ဘာကွ ငါကဘာကောင်လဲ ဟုတ်လား...ငါက မိုးရိပ်မာန် ...ခင်ချိုသာရဲ့အစ်ကိုဆိုတာ မင်းသိတယ်မဟုတ်လား...စကားပြောရင် အေး ဆေးပြောလေ...မင်းက ခြေပါ လက်ပါနဲ့ ပြောနေလို့လာပြောရတာ ...မင်းဘာသာ ဘယ်သူဖြစ်ဖြစ် ဂရုမစိုက်ဘူး....ငါ့ညီမနဲ့ လာမပတ်သက်နဲ့ ... "
" ဟားဟား... ရယ်ရတယ်ကွာ....ငါကပတ်သက်ချင်နေတယ်ထင်လား ....မင်းညီမက ငါ့နောက်ကို လိုက်နေတာဟ ငတုံးရ....ကိုယ့်ညီမကို အရင် ထိန်းဟ... ငါက....
''
'' တောက် ''
'' ခွပ် "
'' ကိုမိုး ဘာလုပ်တာလဲ ကိုသက်ကို ဘာလို့ထိုးရတာလဲ ...ကိုမိုးက ခင်ချို့ကိုအရှက်လိုက်ခွဲနေတာပဲ "
Link ကို မနှိပ်ချင်သူများ
@Akyiphyu1343 လို့ မှန်ဘီလူးလေးမှာ ရိုက်ရှာလိုက်ပါရှင်
