es
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Ir al canal en Telegram
803
Suscriptores
+424 horas
+167 días
+4630 días
Archivo de publicaciones
#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၈) akyiphyu ********* ဝမ်းပန်းတနည်းနဲ့ ငိုရှိုက်ရင်းပြောနေတဲ့ သစ်ခက်ရဲ့ စကားတွေကြောင့် ဒေါ်တင်တင်မြိုင်နဲ့ဦးဘိုထွန်းမှာ နေရာမှာမလှုပ်မယှက်နဲ့ ငူငူကြီးတွေရှိနေခဲ့ကြတယ်။ "မ ..မငိုပါနဲ့တော့ မမရယ် ...အားလုံးကိုယ်စား ကျွန်တော် တောင်းပန်ပါတယ်..." ဘုန်းသိင်္ခက သစ်ခက်ဆီကိုလျှောက်သွားလိုက်ပြီး ပွေ့ဖက်ထူမလိုက်ကာ နှစ်သိမ့်လိုက်တယ်။ဘုန်းသိင်္ခပွေ့ထူလိုက်တဲ့နောက်ကို သစ်ခက်လိုက်ပါလာခဲ့ရင်းက ဘုန်းသိင်္ခကိုဖက်တွယ်ကာ တအီအီငိုရှိုက်ရင်းမှ ဘုန်းသိင်္ခရင်ခွင်ထဲမှာပဲ ပျော့ခွေလဲကျသွားခဲ့တော့တယ်။ "ဟာ ..မမ ..မမသစ်ခက်သတိထားအုံးလေ ..ဘွားလေးလုပ်ပါအုံး ..မမသတိလစ်သွားပြီ " ဘုန်းသိင်္ခစိုးရိမ်တကြီး ခေါ်လိုက်ရင်းက အဘွားဖြစ်သူကို လှမ်းပြောလိုက်တယ်။ဒေါ်စောမြိုင်က ဘုန်းသိင်္ခတို့ဆီကို လျှောက်သွားလိုက်ပြီး " မစိုးရိမ်ပါနဲ့ မြေးလေးရယ် ...ကလေးမက စိတ်ပန်းလူပန်း ဖြစ်သွားလို့ပါ ....ဘွားလေး ဆရာဝန်ခေါ်ပေးပါ့မယ် .....ကလေးမကို သူ့အခန်းထဲကိုခေါ်သွားလိုက်ပါမြေးလေး " ဒေါ်စောမြိုင်ကမြေးဖြစ်သူကိုပြောပြီးတော့ ဆရာဝန်ဆီကိုဖုန်းဆက်လိုက်တယ်။ဖုန်းဆက်လို့်အပြီးမှာ ဦးဘိုထွန်းနဲ့ဒေါ်တင်တင်မြိုင်ကိုကြည့်လိုက်ပြီး " ငါနဲ့မြေးလေးအထွန်း... ဘယ်လိုဆက်သွယ်မိသွားကြတာလဲလို့်သိချင်နေကြတယ်မဟုတ်လား.....နင်တို့က..ငါ့ကို ငါ့အစ်မရဲ့ပစ္စည်းတွေကို... မတရားလိုချင်နေကြတယ်လို့်ထင်နေကြတယ်မဟုတ်လား ....နင်တို့အဲ့ဒီလိုထင်ကြတာလဲကောင်းသွားတာပေါ့ ....အေး..ငါကအစကတည်းက သံသယများတတ်သူပဲ ...နင့်သမီးအလွမ်းဆွတ် ...ငါ့တူမပန်းမြိုင်ဆီရောက်လာကတည်းက စိတ်ထဲမကျေနပ်ခဲ့တာ...ဒါကြောင့်လဲ ...နင်တို့တွေ မီးလောင်မှုဖြစ်ပြီးတော့ ...အလုပ်သမားတွေကိုရောအမျိုးတွေကိုပါစွပ်စွဲပြီး.... ဘယ်သူနဲ့မှအတွေ့မခံကြတာကိုလဲ ...မကျေနပ်ခဲ့ဘူး...တကယ်ဆို ငါကပန်းမြိုင်ရဲ့သွေးရင်းသားရင်းလေ...ပန်းမြိုင်မှာ အမျိုးဆိုလို့ငါပဲကျန်ခဲ့တာလေ..ငါ့ကိုအတွေ့မခံခဲ့ဘူးဆိုတော့....သံသယများတတ်တဲ့ငါကလဲအတွေးများခဲ့တာပေါ့.....စိတ်ထဲကလဲ ဘာကိုစိုးရိမ်နေမှန်းမသိခဲ့တော့ .. အလွမ်းဆွတ်ကိုငါစောင့်ရှောက်ပေးထားမယ်လို့ပြောပြီး...နင်ဆေးရုံကဆင်းလာတဲ့အချိန်အထိ... ငါ့အလုပ်သမားတွေလွှတ်ပြီးစောင့်ရှောက်ပေးခဲ့တာကိုမှတ်မိရဲ့လား...နင်တို့ဆေးရုံကပြန်ဆင်းလာကြချိန်မှာလဲ... ဆေးကုနေရတယ်ဆိုတဲ့...ငါ့မြေးလေးကပြန်ပါမလားလို့် သံသယတွေပိုများခဲ့တယ်....ပြီးတော့ မီးလောင်ဒဏ်ရာကြောင့်ခွဲစိတ်လိုက်တဲ့နင်ကလဲ ...ပန်းမြိုင်နဲ့ရော...တင်တင်မြိုင်နဲ့ပါမတူတော့ဘဲ ....ငါ့အစ်မငယ်ငယ်ကမျက်နှာနဲ့ပိုတူသွားလို့ဇဝေဇဝါတွေဖြစ်ခဲ့မိပြီး ....နင်တို့ရဲ့လုပ်ကြံဇာတ်ကိုယုံကြည်မိသွားခဲ့သေးတယ်...ငါ့မြေးလေးပြန်လာချိန်မှာ... အတိတ်ကိုလုံးဝပြန်သတိမရဘဲ ဖြစ်နေခဲ့တာကြောင့် ...ငါ့ရင်ထဲက သံသယတွေ ပြန်ဖြစ်လာခဲ့တယ် ... ဒါကြောင့်လဲ...ငါကိုယ်တိုင်စုံစမ်းဖို့အတွက် ...နင်တို့နားကိုပြောင်းလာခဲ့တာပဲ ....အဲ့ဒီမှာလိုက်စုံစမ်းရင်းနဲ့ ...လွန်ခဲ့တဲ့နှစ်တွေကမှ စံသိန်းနဲ့တွေ့ခဲ့ရပြီး ....အဖြစ်မှန်တွေကိုသိခဲ့တယ်...အဖြစ်မှန်တွေကိုသိခဲ့ပေမဲ့ ...ငါတို့မှာသက်သေမရှိတာရယ်...ငါ့တူမယောင်ဆောင်ထားတဲ့သူက ...အေးပုံလား...နင်လားဆိုတာကို သေချာအတိအကျမသိခဲ့လို့...အချိန်တွေ ဒီလောက်ထိကြာခဲ့ရတာ ....ဪ...ဒါနဲ့ပြောရအုံးမယ်...စိုင်းမြတ်ဆိုတဲ့ကောင်က ... ဘယ်သူလဲနင်တို့ မသိကြဘူးမဟုတ်လား တင်တင်မြိုင်...စိုင်းမြတ်ဆိုတဲ့ကောင်က ...ပန်းရိပ်ရဲ့အမွေတွေကိုလိုချင်လို့ ကသစ်မြိုင်ကိုအကြံနဲ့ရောက်လာခဲ့တဲ့ အချောင်သမားပဲ ...သူ့မှာမိန်းမရောကလေးပါရှိတယ်.....စိုင်းမြတ်ကို ကသစ်မြိုင်ရောက်အောင်ခေါ်ခဲ့တဲ့သူက ဘိုထွန်းရဲ့တူငညိုပဲ ...သူတို့က ပန်းရိပ်ရဲ့အမွေတွေကို ...ခွဲဝေယူဖို့ကြံစည်ထားကြတာလေ...ဒါကြောင့်လဲ ဘွားကြေးဥကိုပိပိရိရိနဲ့လိမ်ညာနိုင်ခဲ့တာပေါ့....ပြီးတေ့စိုင်းမြတ်က ဘယ်သူ့ပယောဂကြောင့်သေသွားခဲ့တာလဲ နင်သိလား....မသိရင်ငါပြောပြမယ်...နင့်ရဲ့သမီးအလွမ်းဆွတ်လုပ်လိုက်တာ တင်တင်မြိုင်ရဲ့....စိုင်းမြတ်ရဲ့ကားကို စက်ချွတ်ယွင်းအောင် လုပ်ခဲ့ရုံမကဘဲ...စိုင်းမြတ်သောက်ဖို့ ...ပို့ပေးခဲ့တဲ့ကော်ဖီထဲမှာလဲ... နင်တို့သုံးနေကြဆေးတွေကိုပါခပ်ခဲ့တာလေ...စိုင်းမြတ်ဆုံးပြီဆိုတဲ့သတင်းကိုကြားတာနဲ့.....ငါတို့ဘက်ကလဲ စစ်ခိုင်းလိုက်တော့ အားလုံးပေါ်တာပဲလေ...အဲ့ဒီတော့ဒီနေ့ဖမ်းဆီးခံရမဲ့သူတွေထဲမှာ... နင့်သမိးလဲပါတယ်ဟဲ့တင်တင်မြိုင်ရဲ့.....စိုင်းမြတ်မယားကြီးက ...နင့်သမီးကို တိုင်ချက်ဖွင့်လိုက်ပြီ ... ငါပြောတာ ဟုတ်လားအလွမ်းဆွတ်...လုပ်ရဲရင်ခံရဲရမှာပေါ့...စိုင်းမြတ်ကိုဘာလို့လုပ်ကြံခဲ့ရတာလဲ ပြောပါအုံး...ဘာလဲ ...စိုင်းမြတ်မှာ သားကြီးမယားကြီးရှိနေတာကို သိလိုက်ရလို့ သ**တ်ပစ်လိုက်တာလား " ဒေါ်စောမြိုင်ရဲ့အမေးကို အလွမ်းဆွတ်က မဖြေဘဲနှုတ်ဆိတ်ကာ အံကိုတင်းတင်းကြိတ်ပြီး ထိုင်နေခဲ့တယ်။ဒေါ်တင်တင်မြိုင်က သမီးဖြစ်သူနဲ့ဒေါ်စောမြိုင်ကိုကြည့်ပြီး ခေါင်းကိုပြုတ်ထွက်သွားမတတ်ခါယမ်းလိုက်ပြီး

" ကျွန်မ...ကျွန်မက ... ကျွန်မအမေရင်းနဲ့ကိုးနှစ်ပဲအတူနေခဲ့ရတာပါ ...အမေတို့နဲ့ (၁၇)နှစ်တောင် အတူနေခဲ့ရတာလေ ...ကျွန်မရင်ထဲမှာ ဘယ်လိုခံစားနေရလဲ တွေးဖူးကြရဲ့လား ... အတိတ်ကိုပြန်မှတ်မိသွားချိန်မှာ ...အမေ့အရင်းကို ဆုံးရှုံးခဲ့ရလို့ ဝမ်းနည်းနာကျင်ရတဲ့ ခံစားမှုထက် ... အဖေအမေအရင်းတွေလို့ ထင်နေခဲ့မိတဲ့ အဖေနဲ့အမေ့ရဲ့ရက်စက်မှုတွေကိုသိလိုက်ရလို့... ပိုပြီးဝမ်းနည်းနာကျင်ခဲ့ရတယ်...ဒါကြောင့်လဲ ကသစ်မြိုင်ကနေ ချက်ချင်းထွက်သွားနိုင်ဖို့ပဲ ကြိုးစားခဲ့မိတာပါ " သစ်ခက်က ဒေါ်တင်တင်မြိုင်ရှေ့မှာဒူးထောက်လျက်ကနေ မျက်ရည်စက်လက်နဲ့ အံလေးကို ကြိတ်ကာပြောနေမိတယ်။ ================================= အပိုင်း(၃၈)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/ ၂၈ https://www.facebook.com/100067151540690/posts/724889516426093/ ၂၉ https://www.facebook.com/100067151540690/posts/725430096372035 ၃ဝ https://www.facebook.com/100067151540690/posts/725989312982780/ ၃၁ https://www.facebook.com/100067151540690/posts/726572929591085/ ၃၂ https://www.facebook.com/100067151540690/posts/727145566200488/ ၃၃ https://www.facebook.com/100067151540690/posts/727218986193146/ ၃၄ https://www.facebook.com/100067151540690/posts/727778939470484/ ၃၅ https://www.facebook.com/100067151540690/posts/728391446075900/ ၃၆ https://www.facebook.com/100067151540690/posts/728973059351072/

ငါ့ခဲအိုကိုမြူဆွယ်ခဲ့တယ်...ငါ့အစ်မကသူ့မှာကိုယ်ဝန်ရှိနေပြီမို့နောက်ဆုတ်ဖို့ပြောလိုက်တော့ ...သူကပါကိုယ်ဝန်ရဖို့ကြိုးစားခဲ့တယ်လေ...ညည်းကတော့ အမေထက်ပိုသာတာပေါ့အေ ...ငါ့တူမလင်ကို ရဖို့အရေး ..ငါ့အစ်မနဲ့ငါ့တူမကိုပါသ*တ်ပစ်ခဲ့တယ်လေ...ဒါနဲ့ညည်းသမီးအကြောင်းကိုလဲသိတယ်မဟုတ်လား...မောင်စိုင်းမြတ်ကိုရအောင်ဖြားယောင်းခဲ့တာလေ ...အေး...သေချာတယ် ...ညည်းရဲ့သမီးလင်ရလို့ ကလေးမွေးရင်လဲ ... မျိုးရိုးကလိုက်အုံးမှာပဲ ....အကောင်းဆုံးကတော့ နင်အိမ်ထောင်မပြုနဲ့တော့အလွမ်းဆွတ်ရေ...ပြီးတော့ ညည်းကငါ့ကိုများ ဘာပြောတယ် တင်တင်မြိုင်...ညည်းတို့အမေနဲ့ငါ့ခဲအိုကို ငါကအောင်သွယ်ပေးခဲ့တာဟုတ်လား ...ညည်းအဲ့ဒီစကားကိုပြောလိုက်တာက ....ညည်းကိုညည်းပန်းမြိုင်အတုပါလို့်ပြောလိုက်တာပဲလေ...ငါ့တူမပန်းမြိုင်က ပွင့်လင်းတယ်...လူတွေကိုကူညီတတ်တယ်...ညည်းအမေနဲ့သူ့အဖေရဲ့အမှားက ...ညည်းနဲ့မဆိုင်ဘူးလို့တွေးပြီး ...ညည်းကိုအမြဲစောင့်ရှောက်ပေးခဲ့ရှာတယ်...ငါ့တို့က နင်အမေရဲ့ မျိုးရိုးစရိုက်အကြောင်းကိုသိလို့ သူ့ကိုအမြဲသတိပေးတော့... အဒေါ်ဆီကိုမလာတော့ဘူးလေ... အေး..ငါ့ဆီကို မလာပေမဲ့ ...အဒေါ်ဖြစ်တဲ့ငါ့ကို တစ်ခါမှရိုင်းရိုင်းစိုင်းစိုင်းမပြောခဲ့ဖူးဘူး....သူကငွေကိုလဲအရေးစိုက်တဲ့မိန်းမမျိုးမဟုတ်ဘူးဆိုတာ ညည်းသိရဲ့လား....တကယ်လို့်သာ သူ့သားသမီးက... အမွေတွေကြောင့် ရန်သူတွေဝိုင်းနေတယ်ဆိုရင်..အဲ့ဒီအမွေတွေကိုစွန့်လွှတ်ပစ်လိုက်မဲ့လူမျိုးပဲ.....ညည်းတို့က ပန်းမြိုင်တစ်ယောက်မီးလောင်ဒဏ်ရာတွေကြောင့် နိုင်ငံခြာားမှာသွားခွဲစိတ်ခဲ့ရတယ်လို့ ပတ်ဝန်းကျင်ကိုညာတယ် .....ခွဲစိတ်ခဲ့ရလို့ တူမအရင်းကို ငါကမမှတ်မိခဲ့ရင်နေမယ် ...ငါ့တို့အိမ်မှာ ထမင်းချက်လုပ်သွားတဲ့ နင့်အမေရဲ့စရိုက်ပုံစံကိုတော့မမေ့ဘူးလေ...အေး... နင့်ပုံစံနင့်မျက်နှာကို ပြောင်းလဲထားလဲ ...နင့်မှာ နင်တို့အမေရဲ့သွေးအပြည့်ပါတယ်လေ....နင့်ပုံစံက ငါ့ခဲအိုဘက်ကိုပိုတူခဲ့လို့ ...ငါ့တူမနဲ့တူနေခဲ့ပေမဲ့ .. မွေးရာပါဗီဇရိုက်ကကွာတယ်ဟဲ့သိရဲ့လား....ငါ့တူမက မိန်းမယောက်ျားမခွဲခြားဘဲ .. ယောက်ျားတွေနဲ့ပါ ရင်ပေါင်တန်းပြီး သွက်သွက်လက်လက်ရဲရဲရင့်ရင့်နဲ့ အလုပ်တွေလုပ်ခဲ့တာ ..နင်ကတော့ ယောက်ျားတကာကြားမှာ... မြူပြလိုက်မူပြလိုက်နဲ့ အရှုပ်ဇာတ်တွေခင်းခဲ့တာ...သွက်လက်တာနဲ့နန့်ယွတာက မတူဘူးဟဲ့သိရဲ့လား ...နင့်သမီး အလွမ်းဆွတ်က ..ဘိုထွန်းရဲ့သွေးသားဟုတ်မဟုတ်ကိုလဲ ..ငါတို့စစ်ပြီးပြီ...ဘိုထွန်းနဲ့ နင့်သမီးကြားမှာ ဘာတော်စပ်မှုမှ မရှိဘူးဟဲ့ ကျေးဇူးကန်းမရဲ့ ..." " ဒေါ်လေး မဟုတ်တာတွေမပြောနဲ့နော် ... ကျွန်မကပန်းမြိုင်ပါ ဒေါ်လေးရဲ့ ... ဒေါ်လေးက ကျွန်မအမေရဲ့ မြေတွေကိုလိုချင်နေတာလား ... အလွမ်းလေးကလဲ ကိုထွန်းရဲ့သမီးအရင်းပါ ..ရှင်တို့တွေမဟုတ်တာတွေမပြောကြနဲ့ ....ကိုထွန်း ...သူတို့ပြောတာတွေက ညာနေတာပါ... ကလေးတွေကို မြိုင်ဘာမှမလုပ်ခဲ့ဘူးနော် ...ကိုထွန်းကို ချစ်လွန်းလို့ ... ပန်းမြိုင်ကို သxတ်ဖို့ပဲ အကြံပေးခဲ့တာပါ ...တူမလေးနဲ့တူလေးက ကိုထွန်းရဲ့သွေးသားမို့ ...မြိုင်ရဲ့သားသမီးတွေလို ချစ်ခဲ့တာပါ .. " ဒေါ်တင်တင်မြိုင်တစ်ယောက် ကယောင်ချောက်ချားနဲ့ ပြောချင်ရာတွေကို ထပြီးအော်ဟစ်ပြောဆိုလိုက်တယ်။ ဒေါ်တင်တင်မြိုင်ရဲ့ စကားတွေကြောင့် သစ်ခက်ကထိုင်နေရာကနေထလိုက်ပြီး ဒေါ်တင်တင်မြိုင်ရှေ့ကိုသွားကာ နာနာကြည်းကြည်းနဲ့ ကြည့်လိုက်ပြီး အံကိုတင်းတင်းကြိတ်လိုက်မိတယ်။ ဒီအခါမှာတော့ သူမရဲ့ မျက်လုံးအိမ်ထဲကနေ မျက်ရည်တွေ အဆက်မပြတ်စီးကျလာခဲ့ရတယ်။လည်ချောင်းတစ်လျှောက် ဆို့နင့်တက်လာတဲ့နာကျင်ကြေကွဲမှုကို သူမအတင်းမျိုချလိုက်ပြီး အားတင်းကာ စကားစပြောလိုက်တယ်။ "တော်...တော်ပါတော့ရှင် ...လိမ်ညာနေတာတွေကို ...ရပ်...ရပ်လိုက်ပါတော့ ...အဲ့ဒီနေ့ညက ...ကျွန်မရှေ့မှာပဲ ပန်းရိပ်ကို မီးထဲထည့်လိုက်ပြီး ...နင့်နေရာမှာ ငါ့သမီးကို အစားထိုးမှာလေတူမလေးရဲ့လို့...ပြောခဲ့တဲ့စကားတွေကို....ကျွန်မပြန်မှတ်မိနေပါပြီ...တော်လိုက်ပါတော့ ...ကျွန်..ကျွန်မကတော့ ..ကျွန်မရဲ့ အဖေနဲ့အမေထင်လို့ချစ်ခဲ့လိုက်ရတာ...ယုံကြည်လိုက်ရတာ...တစ်လောကလုံးက လူတွေကိုမယုံရင်တောင် ...ငါ့အဖေနဲ့အမေဆိုတဲ့စိတ်နဲ့ယုံကြည်ခဲ့တယ်...ပြောသမျှကို နာခံခဲ့တယ်....ကုန်ကုန်ပြောရရင် ..ကျွန်မအားလုံးကို ပြန်မှတ်မိသွားချိန်မှာ ...အ..အမေတို့ရဲ့ အကြံအစည်တွေကိုသိသွားခဲ့လို့ ...ကျွန်မနဲ့ ဘာမှမသက်ဆိုင်တဲ့..ကသစ်မြိုင်ကနေ ထွက်ပြေးဖို့ပဲကြိုးစားခဲ့တာပါ...အ..အမေတို့ကို ဒုက္ခရောက်အောင်လုပ်ဖို့ မစဉ်းစားခဲ့ဖူးဘူး ...အဖေ. နဲ့အမေ့ကို ကျွန်မကြောက်လန့်သွားခဲ့ပေမဲ့ ...မုန်းလို့မရနိုင်ခဲ့ဘူး......ဒါ...ဒါပေမဲ့ ...အမေတို့ကတော့ ရက်စက်လိုက်ကြတာ ရှင်....ဆယ်နှစ်ကျော်အတူနေလာခဲ့ကြတာတောင် ... ကျွန်မအပေါ် မှာ သံယောဇဉ်မြူတစ်မှုန်စာလေးတောင်မရှိခဲ့ကြဘူးလားဟင် ... အဟင့်..ဟင့် ..အီး .ဟီး ..ဟီး " သစ်ခက်က ပြောရင်းနဲ့ ဘယ်လိုမှ မထိန်းနိုင်တာမို့ ဒေါ်တင်တင်မြိုင်ရှေ့မှာ ဒူးထောက် ထိုင်ချကာ ရှိုက်ကြီးတငင်ငိုချလိုက်မိတယ်။

...ကျုပ်လဲကလေးကိုခေါ်ပြီး...လမ်းမကြီးဆီကိုရောက်အောင်ပြေးခဲ့တယ်...လမ်းမကြီးအတိုင်းပြေးခဲ့ကြရင်းနဲ့ နှစ်ယောက်လုံးသတိလစ်သွားခဲ့ကြတယ်...ကျုပ်တို့သတိပြန်ရလာတော့... နယ်ဘက်ကဆေးရုံလေးတစ်ခုမှာရောက်နေခဲ့တာ ..ကျုပ်တို့နှစ်ယောက်သတိလစ်နေခဲ့ကြတာ သုံးရက်လောက်ရှိနေကြပြီတဲ့ ...ကျုပ်တို့ကို လမ်းမှာသတိလစ်နေတာတွေ့လို့်ခရီးသွားတွေက ကယ်တင်ပေးသွားကြတာတဲ့လေ...ကျုပ်သတိပြန်ရလာတာနဲ့ စခန်းသာကိုပြန်ဖို့ပြင်ခဲ့ပေမဲခရီးကလဲဝေး ...လူကလဲမသက်သာလို့် ...တစ်လနီးပါးလောက်နားခဲ့ကြပြီးမှ စခန်းသာကိုပြန်လာခဲ့တယ်...ဒါပေမဲ့ စခန်းသာကိုကျုပ်ရောက်ချိန်မှာ ကြားရတဲ့သတင်းကမယုံနိုင်စရာကောင်းနေခဲ့တယ်လေ...ဘယ်နှယ့်...ကျုပ်မျက်စီရှေ့မှာတင် ‌‌ေ*သဆုံးနေခဲ့ကြပြီး မီးနဲ့အရှို့ခံခဲ့ရတဲ့ သူဌေးကတော်နဲ့ပန်းရိပ်လေးက အသ*က်မ‌ေ*သဘဲ ...မီးလောက်ဒဏ်ရာတွေ့ပဲရခဲ့လို့် နိုင်ငံခြားမှာခွဲစိတ်ကုသနေရတယ်တဲ့လေ.....အမေကြီးနှင်းမြိုင်နဲ့မအေးပုံပဲ ‌ေ*သဆုံးစာရင်းထဲမှာပါခဲ့သလို ...ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ကျုပ်ကိုလဲ ‌ေ*သဆုံးစာရင်းထဲမှာထည့်ထားခဲ့တယ်...ဒါကဘာအဓိပ္ပါယ်လဲဆိုတော့ ...ကျုပ်ကို မ‌ေ*သ ‌ေ*သအောင် လိုက်သ*တ်မယ်ဆိုတဲ့အဓိပ္ပါယ်ပဲဆိုတာကိုကျုပ်သဘောပေါက်လိုက်တယ်...အဲ့ဒီလိုပဲ...ဒီကိစ္စရဲ့နောက်ကွယ်မှာ ....သူဌေးကိုယ်တိုင်ပါဝင်နေခဲ့ပြီး ... အထွန်လေးမှာလဲ အသ*က်အန္တရာယ်ရှိနိုင်တာကိုသိလို့ ကလေးကိုခေါ်ပြီးတော့ ...စခန်းသာနဲ့အဝေးဆုံးကို ကျုပ်ထွက်ပြေးခဲ့တယ်....သားလေးအထွန်းကိုတော့ ...ဒီကိစ္စတွေကို မေ့မသွားအောင်...အဲ့ဒီအချိန်ကတည်းကနေ့တိုင်း ဒီအကြောင်းတွေကိုပြောပြီး စာအုပ်ထဲမှာစာနဲ့မှတ်ထားခိုင်းခဲ့တယ် ...ကျုပ်ကတော့ သားလေးရဲ့ဘဝ ပညာတတ်ကြီးဖြစ်အောင်..သူများအောက်မကျအောင်ကြိုးစားရင်း....သူဌေးတို့အကြောင်းတွေကိုလဲ လက်လှမ်းမှီသလောက်စုံစမ်းခဲ့တယ်....ဒီလိုစုံစမ်းနေရင်းနဲ့ပဲ ဒီကိစ္စမှာသူဌေးပါပါနေတယ်ဆိုတာကိုသေချာသိခဲ့ရတယ်....ဒီကိစ္စတွေအားလုံးကို ကျုပ်ဖော်ထုတ်ဖို့ကြိုးစားခဲ့ဖူးတယ်...ဘွားကြေးဥက အထွန်းလေးကိုရှုာနေတာကိုသိလို့ ဘွားကြေးဥကိုဆက်သွယ်ခဲ့တယ်...ဒါပေမဲ့အမြဲလွဲချော်ခဲ့တယ်...နောက်ဆုံးမှာသိလိုက်ရတာက စခန်းသာမြို့ကလုပ်ပိုင်ခွင့်ရှိသူတွေကို သူဌေးနဲ့သူဌေးကတော်အတုက အိတ်ထောင်ထဲထည့်ထားတယ်ဆိုတာကိုသိလိုက်ရပြီး ....ဘွားကြေးဥကိုပါစောင့်ကြည့်နေတယ်ဆိုတာကို သိလိုက်ရတယ်....တဆက်တည်းမှာပဲ အပန်းဖြေစခန်းကမြေနေရာတွေကို... ပန်းရိပ်ဖြူအတုရဲ့နှစ်ဆယ့်ခြောက်နှစ်ပြည့်မှာ လွဲပြောင်းရရှိမှာကိုသိခဲ့ရတယ်လေ...အဲ့ဒိလိုသိလိုက်ရပြီးကတည်းက .... သားလေးအထွန်းကို လိုအပ်တာတွေပံ့ပိုးပေးပြီးတော့ ...အဖြစ်မှန်တွေကိုဖော်ထုတ်ခိုင်းဖို့ကို ဆုံးဖြတ်လိုက်တယ်..ဒါကကျုပ်သိသမျှအကုန်ပါပဲ..ကျန်တဲ့ကိစ္စတချို့ကိုတော့ သစ်ခက်ဆိုတဲ့ကလေးမကသိလိမ့်မယ်ထင်တယ် " " တင်တင်မြိုင် ...မိန်းမယုတ်မ ..မင်းပြောတော့ ငါ့သားသမီးတွေကို လက်ဖျားနဲ့တောင်မထိခဲ့ဘူးဆိုကွ ...ငါ့သားသမီးတွေကို ...မင်းရဲ့သားသမီးတွေလိုပဲ စောင့်ရှောက်ပေးမယ်ဆို မြွေဟောက်မရဲ့ .....မင်းကို ငါသ*တ်မယ်....ငါကိုယ်တိုင်သ*တ်မယ်မိန်းမယုတ်မရဲ့ " ဝိုင်းဆွဲထားတဲ့ကြားကနေ ဦးဘိုထွန်းက အတင်းရုန်းကန်ကာ ဒေါ်တင်တင်မြိုင်ဆီကိုပြေးဖို့ကြိုးစားနေတာမို့ အားလုံးအတင်းဝိုင်းဆွဲလိုက်ကြရတယ်။ " ဒေါသမထွက်ပါနဲ့ ဦးဘိုထွန်း...ဒါတွေအားလုံးက ဦးဘိုထွန်းဖန်တီးခဲ့တာပဲလေ.....ဦးဘိုထွန်းသိရမဲ့ အမှန်တရာတစ်ခုကျန်နေသေးလို့်ပြောပြပါအုံးမယ်...အဲ့ဒါကတော့ အလွမ်းဆွတ်က ဦးဘိုထွန်းနဲ့ရတဲ့ကလေးမဟုတ်ပါဘူး ....ဘယ်သူနဲ့ရတဲ့ကလေးလဲဆိုတာကိုဒေါ်တင်တင်မြိုင်ကပဲ သိပါလိမ့်မယ်...." ဘုန်းသိင်္ခကဖခင်ဖြစ်သူကို ဦးဘိုထွန်းလို့နာမည်တပ်ခေါ်ကာ အလွမ်းဆွတ်အကြောင်းကိုပြောပြလိုက်တယ်။ဦးဘိုထွန်းမှာ မယုံကြည်နိုင်သောအကြည့်တွေနဲ့ ဒေါ်တင်တင်မြိုင်ကို ကြည့်နေခဲ့တော့တယ်။ " တင်တင်မြိုင်...မင်း...မင်းက လူမဟုတ်ဘူး...မြွေဟောက်မ....ကြောက်စရာကောင်းတဲ့မိန်းမယုတ် ...ငါ့ကိုညာခဲ့တယ်ပေါ့ ..... မင်းပြောတော့ အလွမ်းဆွတ်က ငါ့သမီးဆို...မိန်းမယုတ်မရဲ့ " ' မ...မဟုတ်ဘူးကိုထွန်း..မဟုတ်ပါဘူး...သူတို့ညာပြောနေကြတာပါ...သမီးလေးက ကိုထွန်းရဲ့သမီးပါ..သမီးလေးကိုမွေးတော့ ....ကိုထွန်းကိုလွမ်းရလွန်းလို့် ....သမီးလေးနာမည်ကိုတောင် အလွမ်းဆွတ်လို့ပေးခဲ့တာပါ ကိုထွန်းရယ်....ကိုထွန်းကလွဲပြီး ဘယ်သူနဲ့မှရှုပ်ရှုပ်ယှက်ယှက်မလုပ်ခဲ့ပါဘူး...သူတိုတွေလိမ်နေကြတာပါ ကိုထွန်း....အားလုံးကဒေါ်စောမြိုင်လုပ်ကြံထားတာတွေပါ " " ဘာပြောလိုက်တယ် တင်တင်မြိုင် ...အားလုံးကို ငါကလုပ်ကြံထားတာပေါ့လေဟုတ်လား...ပြောရဲလားချည်လား မိန်းမလည်မိန်းမယုတ်မရဲ့...မျိုးရိုးဆိုတာက မတိမ်ကောဘူးဆိုတာ သိပ်ကိုမှန်တာပဲ...ညည်းတို့အမေက လူကြည့်တော့ရိုးပုံရိုးလတ်နဲ့ ...ငါတို့မှာတော့ သနားလို့အိမ်မှာခေါ်ထားခဲ့တာ.....ကုပ်ကမြင်းမက အိမ်ထောင်သည်ဖြစ်တဲ့...

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၇) akyiphyu ********* ဘုန်းသိင်္ခနဲ့အတူပါလာတဲ့ဧည့်သည်ကိုကြည့်ပြီး ဦးဘိုထွန်းတစ်ယောက် ထိတ်လန့်တုန်လှုပ်သွားကာ ထိုင်နေရာက ဝုန်းခနဲထရပ်လိုက်တယ်။ "မင်း ...မင်းက...စံသိန်း ...စံသိန်း မဟုတ်လား " " ဟုတ်ပါတယ်သူဌေး ... ကျုပ်က အပန်းဖြေစခန်းက ခြံစောင့်စံသိန်းပါ ...." စံသိန်းဆိုတဲ့နာမည်ကြောင့် ဒေါ်တင်တင်မြိုင်မှာ ခန္ဓာကိုယ်ထဲက သွေးတွေ ခြောက်ခန်းသွားသလိုဖြစ်သွားခဲ့ရပြီး တိုင်နေရာကနေဝုန်းခနဲပါလဲကျသွားရတယ်။ " အမေ ..အမေပန်းမြိုင်သတိထားလေ ..သတိထားပါအုံး " အလွမ်းဆွတ်က မိခင်ဖြစ်သူကို ပြေးပွေ့လိုက်တယ်။ဒေါ်တင်တင်မြိုင်က အလွမ်းဆွတ်ရဲ့လက်ကိုဆုပ်ကိုင်ထားပြီး ဦးစံသိန်းကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်တယ်။ " စံသိန်း ..မင်း...မင်းက ငါ့သား ကို ခိုးသွားခဲ့တာလား ...ဟုတ်လား ..ဘုန်းသိင်္ခက ငါသားအထွန်းလား ...လူယုတ်မာကောင်ရဲ့ " ဦးဘိုထွန်းက ဦးစံသိန်းကို ဆဲဆိုကြိမ်မောင်းပြီး မေးလိုက်တယ်။ "ဟုတ်တယ်...ဘုန်းသိင်္ခက အထွန်းလေးပဲ...မယုံဘူးဆိုရင်လဲ ဆေးစစ်ကြည့်ပေါ့ ...ပြီးတော့ ...စကားကိုပြောင်းပြန်မပြောပါနဲ့သူဌေး ... သူဌေးဘာမှမလုပ်ထားခဲ့သလိုမျိုး မပြောပါနဲ့ ....သားလေးအထွန်းကို ....ကျုပ်ခေါ်သွားခဲ့လို့ပေါ့ ..မဟုတ်ရင် ..... သားလေးအထွန်းလဲ ... သမီးလေးပန်းရိပ်ဖြူလို့ပဲ.... လူမသိသူမသိ tသဆုံးခဲ့ရမှာလေ ..သူဌေးမို့လို့ကိုယ့်သားသမီးတွေကို လုပ်ရပ်တယ်ဗျာ...သမီးရင်းက tသဆုံးခဲ့တာကို သိသိနဲ့ .....အမွေတွေ မရမှာကြောက်လို့ ....သမီးရဲ့အလောင်းကို ဖျောက်ဖျက်ပစ်ခဲ့တယ် ...သမီးဖြစ်သူအတွက် ဆွမ်းသွပ်တရားနာလေးတောင် လုပ်မပေးခဲ့ဘူး ..... သူတို့အားလုံးကိုသူဌေးသ*တ်လိုက်တာဗျ " " တော် ..တော်စမ်း ...မင်း ပါးစပ်ကို ပိတ်ထားစမ်းဟေ့ကောင် ...ငါ့သားသမီးတွေကို ငါမသ*တ်ခဲ့ဘူး ...ငါ့ကလေးတွေကို အိမ်ဖော်မအေးပုံခေါ်သွားခဲ့လို့..... အားလုံးအလွဲလွဲ အချော်ချော်ဖြစ်ခဲ့ရတာ .." ဦးဘိုထွန်းက 6သွးရူး6သွတန်းနဲ့ထအော်လိုက်တယ်။ ဦးဘိုထွန်းရဲ့စကားကြောင့် ဦးစံသိန်းကဒေါ်တင်တင်မြိုင်ကို စူးစူးဝါးဝါးကြည့်လိုက်ပြီး " ကလေးတွေကို သူဌေးကမသ/တ်ခိုင်းခဲ့ဘူးဆိုရင်...ကလေးတွေကို သ//တ်ဖို့....အမိန့်ပေးခဲ့တဲ့သူက ဒေါ်တင်တင်မြိုင်ပေါ့ ဟုတ်လား " ဦးစံသိန်းရဲ့စကားကြောင့် ဦးဘိုထွန်းက ဒေါ်တင်တင်မြိုင်ကိုကြည့်လိုက်ပြီး "တင်တင်မြိုင်...မင်း...မင်းတကယ်ပဲလုပ်ခဲ့တာလား...ငါ့သားသမီးတွေကို...မင်းသ*တ်ခဲ့တာလား ဟုတ်လား.....အမှန်တိုင်းပြောစမ်း...မင်းပြောတော့ အေးပုံက... သူ့သမီးလွတ်ဖို့အတွက် ငါ့သမီးကိုရှေ့ကကာလိုက်တာဆို ...ဖြေလေ...ဖြေစမ်း " ဦးဘိုထွန်းက သူ့ကိုတာဝန်ရှိသူနှစ်ယောက်က ဘေးမှထိန်းထားတဲ့ကြားကနေအတင်းရုန်းကန်ထလိုက်ရင်း ဒေါ်တင်တင်မြိုင်ကို ဒေါသတကြီးနဲ့မေးလိုက်တယ်။ " မ...မဟုတ်ပါဘူးကိုထွန်း..မဟုတ်ရပါဘူး....သူဘာမှ မသိဘဲညာပြောနေတာပါ ..." ဒေါ်တင်တင်မြိုင်က 6သွးရူး6သွးတန်းနဲ့ငြင်းဆိုလိုက်တယ်။ " ခင်ဗျားပါးစပ်ကို ခဏလောက်ပိတ်ထားပေးပါ ဒေါ်တင်တင်မြိုင် ...သူဌေးနားလည်အောင် ကျုပ်ရှင်းပြပါ့မယ်......အဲ့ဒီညက သူတို့ရောက်လာတာနဲ့ ....ကားဆရာကို အပန်းဖြေအိမ်ဆီကိုအကြောင်းကြားခိုင်းလိုက်ပြီး ....သူဌေးကတော်တို့ကို ထွက်ပြေးခိုင်းလိုက်တာပါ...ဒါပေမဲ့ အမေကြီးဒေါ်နှင်းမြိုင်က မပြေးနိုင်တာရယ်...သူဌေးကတော်က သူပါပြေးခဲ့ရင်... ကလေးတွေ ထိခိုက်မှာစိုးလို့် ကလေးတွေကိုပဲပြေးခိုင်းခဲ့တယ်....သူတို့တွေက ...ကျုပ်ကို ခြံဝမှာရို**က်နှက်ထားခဲ့ပြီးတော့... ‌ေ*သပြီထင်ပြီးထားခဲ့တာ...ကျုပ်လဲခြံရှေ့မှာ သတိလစ်လဲကျနေခဲ့ပြီး ....သတိရတာနဲ့အိမ်ကြီဆီကိုပြေးသွားခဲ့တယ်... ကျုပ်ပြေးသွားတဲ့အချိန်မှာပဲ ...အိမ်ပြင်ကိုပြေးထွက်လာတဲ့ ပန်းရိပ်လေးကိုနောက်ကနေ ...DAR နဲ့ပစ်ပေါက်လိုက်တာကိုတွေ့လိုက်ရတယ်..ကလေးဆီကို ကျုပ်ပြေးသွားဖို့ပြင်လိုက်တော့.... အထဲကနေလူတွေထွက်လာပြီး ...ပန်းရိပ်လေးကို ပြန်ပြီးဖမ်းခေါ်သွားကြတယ်....ကလေးကို DAR နဲ့ပစ်လိုက်တာက မိန်းမတစ်ယောက်ဆိုတာကို မီးရောင်နဲ့လှမ်းမြင်လိုက်ရတယ် ....ပြီးတော့ ကြမ်းပြင်ပေါ်မှာလဲကျ ‌‌ေ*သဆုံးနေပြီဖြစ်တဲ့ သူဌေးကတော်ရယ်...အသ*က်ရှင်နေသေးတဲ့ အမေကြီးဒေါ်နှင်းမြိုင်ကိုလဲတွေ့ရတယ်...ကျုပ်ဝင်ကယ်ဖို့ကြိုးစားခဲ့ပေမဲ့.... ကျုပ်တစ်ကိုယ်လုံးမှာဒဏ်ရာတွေပြည့်နေတာမို့ အားမတန်လို့မာန်လျှောခဲ့ရတယ်...နောက်တော့ သူတို့တွေအိမ်ကိုမီးနဲ့ရှို့ကြတယ်...မီးရှို့နေချိန်မှာပဲ .....ကျန်တဲ့ကလေးတစ်ယောက်ကိုပါရှာပြီး အပြတ်ရှင်းလိုက်လို့် အမိန့်ပေးလိုက်တဲ့ မိန်းမသံကိုသေသေချာချာကြားလိုက်ရပေမဲ့ ...သူ့မျက်နှာကိုမျက်နှာဖုံးနဲ့ကွယ်ထာတာမို့သေချာမမြင်ခဲ့ရဘူး....ကျုပ်လဲအခြေအနေကိုရိပ်စားမိတာမို့ နေရာကနေအသက်လုပြီးထွက်ပြေးခဲ့တယ်...ကံကောင်းတာက ကျုပ်ကအပန်းဖြေစခန်းမှာနေတဲ့သူဆိုတော့ လမ်းကျွမ်းနေတာပဲ....ပြေးရင်းကနေ လမ်းမကြီးနဲ့ဆက်နေတဲ့ချောက်ထဲကအပြေးမှာ အထွန်းလေးကိုတွေ့ခဲ့ရတာ ...အထွန်းလေးကိုတွေ့တော့

မယားကြီးဆီကကွာရှင်းခွင့်တောင်းပြီး ...တရားဝင်လက်ထပ်ကြပါလားဗျာ...အခုတော့ ယောက္ခမကိုလဲသ//တ်...မယားကြီးကိုလဲသ///တ်...ပြီးတော့ ကိုယ်မွေးထားတဲ့သားသမီးတွေကိုပါသ///တ်ပြီး ....ဘယ်ကောင်နဲ့မွေးထားမှန်းမသိတဲ့သူကိုတော့ သမီးအဖြစ်အသိအမှတ်ပြုပြီး ဖူးဖူးမှုတ်ထားတယ်...လောကမှာ ဒီလောက်အထိ ဖခင်စိတ်မရှိတဲ့လူကို ခုမှတွေ့ဖူးတယ်" ဦးဘိုထွန်းကိုကြည့်ပြီး ဘုန်းသိင်္ခကနာနာကြည်းကြည်းနဲ့ပြောလိုက်တယ်။ဘုန်းသိင်္ခရဲ့စကားအဆုံးမှာတော့ ဦးဘိုထွန်းက မျက်လုံးပြူးမျက်ဆန်ပြူးနဲ့မော့ကြည့်လာခဲ့ပြီး " မဟုတ်ဘူး...မဟုတ်ပါဘူး...သားနဲ့ သမီးကို ...အဖေမသ*တ်ခဲ့ဘူး ...အဲ့ဒါအေးပုံဆိုတဲ့အိမ်ဖော်မကြောင့် ....အားလုံး အမှားမှားအယွင်းယွင်းတွေဖြစ်ခဲ့ရတာ...ပြီး...ပြီးတော့ အလွမ်းဆွတ်ကလဲ အဖေ့ရဲ့သမီးပါ ...အဖေတို့မှားသွားခဲ့ကြပြီးမှ မပန်းမြိုင်မသိအောင် ... တင်တင့်ကို မြို့ပေါ်မှာသွားနေခိုင်းခဲ့တာ ပါ ....အားလုံးက အဖေ့တို့ အပြစ်တွေပါ..သမီးလွမ်းမှာ ဘာအပြစ်မှမရှိပါဘူး.... သူကသားရဲ့အစ်မပါ " ဦးဘိုထွန်းက ယောက်ျားတန်မဲ့ ငိုကြီးချက်မနဲ့ပြောလိုက်တယ်။ ဒီအခါ ဒေါ်တင်တင်မြိုင်က ဦးဘိုထွန်းကိုကြည့်လိုက်ပြီး " ရှင်ဘာတွေပြေနေတာလဲ ကိုထွန်း..ဒါတွေအားလုံးက ဒေါ်လေး ဒေါ်စောမြိုင်ဖန်တီးထားတဲ့လုပ်ဇာတ်တွေပဲ ...ဘုန်းသိင်္ခကလဲ သားလေးအထွန်းမဟုတ်ဘူး ..ကျွန်မကပန်းမြိုင်အစစ်ပါ ... ဘာမဟုတ်တာတွေ လာပြောနေကြတာလဲ ..အလွမ်းဆွတ်ကလဲ ကျွန်မတူမပါ " ဒေါ်ပန်းမြိုင်ရဲ့ စကားအဆုံးမှာ အလွမ်းဆွတ်က ထိုင်နေရာကနေ ဝုန်းခနဲထရပ်လိုက်ပြီး ဘုန်းသိင်္ခကိုလက်ညှိုးငေါက်ငေါက်ထိုးကာ ရန်တွေ့လိုက်တယ်။ " ဟုတ်တယ် ... ဘုန်းသိင်္ခလိမ်နေတာ...သူတို့ကအကြံအစည်တွေနဲ့မို့ ..ကသစ်မြိုင်ကိုရောက်ကတည်းက ... အတွင်းရေးတွေကို မေးခဲ့တယ် ..အလွမ်းကလဲ ရိုးရိုးသားသားမေးတယ်ထင်လို့ အားလုံးပြောပြခဲ့မိတာ ..ဘုန်းသိင်္ခကလူလိမ်ပဲ ...ရှင်အားလုံးလိမ်နေတာပဲ .. ရှင်က အထွန်းဆိုတာကို ဘယ်လိုသက်သေပြမှာလဲ ပြောလေ " " သက်သေလိုချင်ရင် ဆေးစစ်ရမှာပေါ့ ...ဪ ..ဆေးစစ်တယ်ဆိုလို့ ..အလွမ်းဆွတ်နဲ့ ဦးဘိုထွန်းကိုလဲ ဆေးစစ်ထားပါတယ် ....ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က မောင်နှမဝမ်းကွဲတော်တယ်ဆိုတော့ စိတ်အေးအေးထားပါ အစ်မ လွမ်း...အစ်မလွမ်းက .... သစ်ခက်ကို လှေကားပေါ်က တွန်းချဖို့ ကြံစည်ခဲ့တဲ့ညမှာပဲ ... အဖြစ်မှန်အားလုံးကိုသိသွားခဲ့ပြီးပြီမဟုတ်လား.....သစ်ခက်ကို လှေကားပေါ်ကတွန်းချလိုက်ချိန်မှာ... မဇာယုက သစ်ခက်ကိုဝင်ဆွဲခဲ့ပြီး ...လူလိမ်ဆေးဆရာက ဆေးထိုးလိုက်တယ်လေ ... ဒေါ်တင်တင်မြိုင်ကတော့ သမီးလေးကို ဆူပူပြီးတော့အဖြစ်မှန်တွေအားလုံးကို ဖွင့်ပြောခဲ့တယ် ...ဒါကြောင့်လဲနောက်နေ့မှာ... အစ်မလွမ်းက အလုပ်သမားတွေနဲ့ပျော်ပွဲစားလုပ်ခဲ့တယ်လေ...ဪ...ပြီးတော့ ရှိသေးတယ်လေ ....ပန်းရိပ်ဖြူဖြစ်နေခဲ့ကိစ္စတွေကလဲ ဦးဘိုထွန်း...ဒေါ်တင်တင်မြိုင်နဲ့ မဇာယုတို့ကလုပ်နေတာကို ခင်ဗျားသိနေခဲ့တယ် အလွမ်းဆွတ်ရဲ့ .... သိနေပေမဲ့လဲ ....ပန်းရိပ်ဖြူကို ကသစ်မြိုင်မှာမရှိစေချင်လို့ အားလုံးကိုမသိချင်ယောင်ဆောင်နေခဲ့တယ်လေ ..ဟုတ်တယ်မဟုတ်လား ...``//အေးအေးဆေးဆေး ထိုင်ပါအုံး အစ်မလွမ်း .. မိတ်ဆက်ပေးစရာဧည့်သည်တစ်ယောက်ကျန်သေးလို့ပါ ..အဲ့ဒီဧည့်သည် ရောက်လာရင် အားလုံးရှင်းပြပါ့မယ် " ဘုန်းသိင်္ခက အလွမ်းဆွတ်ကို နေရာမှာထိုင်ခိုင်းလိုက်ပြီးတော့ အိမ်ရှေ့ကို ထွက်သွားလိုက်တယ်။ ဘုန်းသိင်္ခအိမ်ထဲပြန်ဝင်လာချိန်မှာတော့ ဘုန်းသိင်္ခနဲ့အတူ အသက် (၅၀)ကျော်လူကြီးတစ်ယောက်ပါလာခဲ့တယ်။ ပါလာတဲ့ဧည့်သည်ကို ကြည့်ပြီး ဦးဘိုးထွန်းက ထိတ်လန့်တုန်လှုပ်သွားကာ ထိုင်နေရာကပင် ဝုန်းခနဲထရပ်လိုက်တယ်။ ================================== အပိုင်း(၃၇)ဆက်ရန် မနက်ဖြန်မှာ နှစ်ပိုင်းတင်ပေးပါမယ် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/

" ဒါ....ဒါဆိုရင် ...တို့ကပန်းရိပ်ဖြူမဟုတ်ဘူးဆိုတာကို မင်းကအစကတည်းကသိနေတာပေါ့...ဒီလိုသိရဲ့နဲ့ ...မင်းအဖေက်ိုဘာလို့်မပြောခဲ့တာလဲ ...အဲ့ဒီအချိန်ကတည်းက ဘာလို့်မတားခဲ့တာလဲ... မဖမ်းခဲ့တာလဲ ..တို့်တွေထွက်ပြေးကြရင်းနဲ့ ...မင်းချောက်ထဲကိုပြုတ်ကျသွားခဲ့တယ်လေ....အဲ့ဒီကနေဘယ်ကိုရောက်သွားခဲ့တာလဲ " သစ်ခက်ကအလောတကြီးမေးလိုက်မိတယ်။ " ဖမ်းဖို့ဆိုတာ သက်သေလိုတယ်မမ...သိနေတာနဲ့ပဲဖမ်းလိုမရဘူး...သက်သေပြနိုင်မှဖမ်းလို့်ရမှာ ....အဲ့ဒီသက်သေတွေကိုရဖို့အတွက် မမကိုလိုအပ်တယ်...မမကအတိတ်ကိုပြန်သတိရမှ ....အားလုံးကိုဖမ်းနိုင်မှာ ...ပြီးတော့ မမကိုလဲကယ်နိုင်မှာ ...အဲ့ဒါကြောင့်လဲ မမအတိတ်ကို ပြန်သတိရလိုရငြားအရဲစွန့်ပြီး ...မမကိုချောက်ထဲတွန်းချခဲ့တာပါ .....ပြီးတော့ အမှန်တိုင်းဝန်ခံရရင် ဒေါ်တင်တင်မြိုင်ကိုလဲ ...အမေအေးပုံနဲ့မှားနေခဲ့မိလို့်မသေချာအောင်စုံစမ်းနေခဲ့ရလို့်ပါ... မမကိုလဲဟန်ဆောင်နေတယ်လို့်အထင်လွဲခဲ့မိသေးတယ်...ကျွန်တော့်ကိုခွင့်လွှတ်ပါနော်..ကျန်တာတွေကို အောက်ထပ်ရောက်မှ အားလုံးရှေ့မှာရှင်းပြပါ့မယ်မမ...ကျွန်တော်တို့အောက်ထပ်ကိုဆင်းရအောင်နော်...ကျွန်တော်တို့အတွက် မမရဲ့သက်သေထွက်ချက်တွေလိုအပ်တယ်....ဒါနဲ့မမဘယ်အချိန်ကတည်းက အတိတ်ကိုပြန်သတိရသွားခဲ့တာလဲဟင် " "မင်း...တို့ကိုတွန်းချလိုက်တဲ့အချိန်က ပြန်သတိရသွားခဲ့တာပဲ....ပြီးတာ့.. မင်း...တို့အခန်းထဲကိုဝင်လာပြီး... လက်ကိုဆေးလူးပေးသွားတာကိုလဲသိတယ် " " ဟင်...ဟုတ်လား...မမရယ် ...သိနေတယ်ဆိုရင်လဲ ကျွန်တော့်ကိုပြောပါလား...မမကိုကျွန်တော်မေးခဲ့တယ်လေ... ကျွန်တော့်ကို ယုံကြည်ပါလို့လဲပြောခဲ့တယ်လေ " " မင်းကို အလွမ်းဆွတ်ရဲ့လူလို့်ထင်လိုက်လို့်မပြောခဲ့တာ..မင်းနဲ့အလွမ်းဆွတ်... ပန်းခြံထဲမှာဖက်နေကြတယ်လေ " သစ်ခက်မကျေမနပ်နဲ့ပြောလိုက်တယ်။ " ဪ..မမရယ်...ဖြစ်ရလေ..လာပါ ...အောက်ထပ်ရောက်မှအကုန်ရှင်းပြပါ့မယ် ...သွားကြရအောင်နော်..မမလမ်းလျှောက်နိုင်ရဲ့လား " ဘုန်းသိင်္ခက သစ်ခက်ရဲ့ပခုံးလေးက်ိုဖေးမတွဲပြီးမေးလိုက်တယ်။ " ရပါတယ်...တို့လျှောက်နိုင်တယ်.....ဒီနေ့အတွက် ဆေးမထိုးရသေးဘူးလေ...ဒါနဲ့ ကိုစိုင်းမြတ်ဆုံးသွားပြီဆိုတာဟုတ်လား..တကယ်လား ...ဘာ...ဘာဖြစ်တာလဲ ....သူ...သူ အသ/တ်ခံလိုက်ရတာလားဟင် ....တို့်ကြောင့် အသ/တ်ခံလိုက်ရတာများလား " သစ်ခက်က တုန်တုန်လှုပ်လှုပ်နဲ့မေးလိုက်မိတယ်။ " မ...မဟုတ်ပါဘူးမမရယ်...အောက်ထပ်ရောက်ရင် ကျွန်တော်အကုန်ရှင်းပြပါ့မယ်...ကိုစိုင်းမြတ်ဆုံးသွားတာမှန်ပါတယ်...ချောက်ထဲကိုကားထိုးကျပြီး ဆုံးသွားတာပါ....ဒါပေမဲ့ မမကြောင့်မဟုတ်ပါဘူး ....မဟုတ်တာတွေမတွေးနဲ့နော် " ဘုန်းသိင်္ခကနှစ်သိမ့်စကားပြောလိုက်တာမို့ သစ်ခက် အံ့ဩတုန်လှုပ်နေတဲ့စိတ်ကိုထိန်းချုပ်ပြီး ဘုန်းသိင်္ခနဲ့အတူအောက်ထပ်ကိုလိုက်ပါလာခဲ့တယ်။ ~~~~~~~~~~~~~ ဘုန်းသိင်္ခနဲ့သစ်ခက်တို့အောက်ထပ်ဧည့်ခန်ူးထဲကိုဝင်သွားခဲ့တဲ့အခါမှာတော့ ဦးဘိုထွန်းက ဘုန်းသိင်္ခကိုမျက်လုံးပြူးကြီးတွေနဲ့လိုက်ကြည့်နေခဲ့တယ်။ဘုန်းသိင်္ခကတော့ ဖခင်ဖြစ်သူကိုလုံးဝမကြည့်ဘဲ ဒေါ်တင်တင်မြိုင်ကိုသာ မုန်းတီးစက်ဆုပ်စွာနဲ့ကြည့်လိုက်တယ်။ပြီးတော့မှ သန္တာအောင်ကိုကြည့်လိုက်ပြီး လှမ်းမေးလိုက်တယ်။ " ဧည့်သည်တွေမရောက်သေးဘူးလား မသန္တာ " " ခြံရှေ့ရောက်နေပြီတဲ့ ...မနက်လင်းတာနဲ့ အားလုံးကိုစခန်းခေါ်သွားရမှာ ..ကိုဘုန်းတို့ ရှင်းစရာရှိတာ အမြန်ရှင်းလိုက်ပါ ...သက်သေတွေအားလုံးကိုလဲ အထက်ကိုတင်ထားတာမို့ ကိုဘုန်းဘာမှမစိုးရိမ်ပါနဲ့ ...မသန္တာတို့ဆီမှာ လူသက်သေပဲလိုတော့တာပါ " " ကျေးဇူးတင်ပါတယ်မသန္တာ " ဘုန်းသိင်္ခက သန္တာအောင်ကို ကျေးဇူးတင်စကားပြောနေချိန်မှာပဲ အိမ်ထဲကိုဧည့်သည်အချို့ဝင်လာတာကိုတွေ့လိုက်ရတယ်။ဝင်လာသူတွေကိုကြည့်ပြီး ဦးဘိုထွန်းနဲ့ဒေါ်တင်တင်မြိုင်မှာ တုန်တုန်လှုပ်လှုပ်ဖြစ်သွားကြတယ်။ " ဒေါ်...ဒေါ်လေးစောမြိုင် " ဒေါ်တင်တင်မြိုင်က အထစ်ထစ်အငေါ့ငေါ့နဲ့ခေါ်လိုက်တယ်။ " ဘာဒေါ်လေးလဲ...နင်နဲ့ငါ ဘာအမျိုးမှမတော်ဘူး... ငါ့ကိုဒေါ်လေးလို့မခေါ်နဲ့ မိန်းမယုတ်မရဲ့...နင်တို့တွေငါ့အစ်မနဲ့ငါ့တူမကို သ*တ်ခဲ့ကြတဲ့ဟာတွေ " ဒေါ်စောမြိုင်ကပြောရင်းနဲ့ ‌ဒေါ်တင်တင်မြိုင်ကိုပြေးပြီး ရိုက်လိုက်တယ်။ဘုန်းသိင်္ခက အဘွားဖြစ်သူကိုပြေးဆွဲလိုက်ရတယ်။ " မလုပ်နဲ့ဘွားလေး ...သူတို့ကိုတရားဥပဒေက အပြစ်ပေးလိမ့်မယ်...ကျွန်တော်တို့လက်နဲ့ထိဖို့မတန်ပါဘူး..." ဘုန်းသိင်္ခကဘွားလေးဖြစ်သူကို တားမြစ်လိုက်ရင်း ဖခင်ဖြစ်သူ ဦးဘိုထွန်းကိုမျက်နှာထားတင်းတင်းနဲ့ကြည့်လိုက်ပြီး " ကိုယ့်မိန်းမ...ကိုယ့်သာသမီးတွေကိုသ*တ်ပြီး...မယားငယ်သားအမိကိုဘုရားလိုပကိုးကွယ်ခဲ့တယ်...ဒါနဲတင်အားမရသေးလို့ ...သူများသားသမီးကိုပါ ဖမ်းဆီးချုပ်နှောင်ထားပြီး ...စိတ်ဝေဒနာသည်ဖြစ်အောင် ဖန်တီးဖို့ကြိုးစားခဲ့တယ်...ခင်ဗျားတို့ လူတွေမဟုတ်ကြဘူး...အသက်ရှင်နေသေးတဲ့လူတွေကို မီ//း ရှို့သ//တ်ခဲ့ကြတယ်...မယားငယ်ကိုဒီလောက်သဘောကျနေရင်လဲ ...

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၆) akyiphyu ********* " မင်း...မင်းက....ငါ့ကို ဘာလို့်အဖေလို့ခေါ်ရတာလဲ ဘုန်းသိင်္ခ " ဦးဘိုထွန်းက ဘုန်းသိင်္ခကိုကြည့်ပြီး တုန်တုန်လှုပ်လှုပ်နဲ့မေးလိုက်တယ်။ " ကျွန်တော့်က ဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်တို့ရဲ့သား ထွန်းမြတ်မောင်ပါ " ဘုန်းသိင်္ခရဲ့အဖြေစကားကြောင့် ဦးဘိုထွန်းရဲ့မျက်လုံးအစုံက ပြူးကျယ်သွားခဲ့ပြီး ဘုန်းသိင်္ခကို တုန်လှုပ်ချောက်ချားစွာငေးကြည့်နေခဲ့တယ်။ပန်းရိပ်ဖြူခေါ်သစ်ခက်ကလဲ ထွန်းမြတ်မောင်ဆိုတဲ့နာမည်ကိုကြားလိုက်ရတာမို့ ဘုန်းသိင်္ခကိုမျက်လုံးအပြူးသားနဲ့ငေးကြည့်နေခဲ့မိတယ်။ဘုန်းသိင်္ခရဲ့စကားကြောင့် ဒေါ်ပန်းမြိုင်ခေါ် ဒေါ်တင်တင်မြိုင်မှာ ရုတ်တရက်တော့ ကြောင်အနေခဲ့ပြီးမှ ဘုန်းသိင်္ခကိုကြည့်ကာ အော်ဟစ်လေတော့တယ်။ " ဘာပြောတယ်...မင်း...မင်းက ထွန်းမြတ်မောင်ဟုတ်လား...လူလိမ်...မဟုတ်တာတွေလာပြောနေတယ်...သူပြောတာကိုမယုံနဲ့ကိုထွန်း ....အလကားလူလိမ်ကောင် ...မြိုင်တို့က သားလေးကိုရှာနေတာသိလို့ လိမ်နေတာ ....လူလိမ်ကောင် " ဒေါ်တင်တင်မြိုင်က အော်ဟစ်ပြောဆိုလိုက်ပေမဲ့ ဘုန်းသိင်္ခက ဘာမှပြန်မပြောဘဲ သစ်ခက်ရှိရာဆီကိုလျှောက်သွားလိုက်တယ်။ဘုန်းသိင်္ခနဲ့အတူ အခန်းထဲကိုဝင်လာခဲ့ကြသူတွေက ဦးဘိုထွန်းအပါအဝင်ကျန်လူတွေကိုပါ ဖမ်းဆီးလိုက်တယ်။ဖမ်းဆီးခံရမှုကြောင့် ဒေါ်တင်တင်မြိုင်က အော်ဟစ်သောင်းကျန်းနေပေမဲ့ ဦးဘိုထွန်းမှာကြက်သေသေကာကြောင်ငေးလျက် ဘုန်းသိင်္ခကိုလိုက်ကြည့်နေခဲ့တယ်။ဘုန်းသိင်္ခခေါ် အထွန်းကတော့ ဖခင်ဖြစ်သူကိုလုံးဝမကြည့်ဘဲ သစ်ခက်ရှိရာကိုလျှောက်သွားလိုက်တယ်။ " အားလုံးကို အောက်ထပ်မှာပဲ လူစုထားလိုက်ပါ ဆရာတို့ ...ကျွန်တော့်သိထားတဲ့အဖြစ်မှန်တွေကို ရှင်းစရာကျန်သေးလို့်ပါ ....ရှင်းပြီးသွားရင်တော့ အားလုံးကို စခန်းကိုခေါ်သွားလို့ရပါပြီ " ဘုန်းသိင်္ခက တာဝန်ရှိသူတွေကိုလှည့်ပြောလိုက်ပြီးတော့ သစ်ခက်ကိုလက်ကမ်းပေးလိုက်တယ်။ " မမ...ကျွန်တော်ကအထွန်းလေ...ကျွန်တော့်ကိုမှတ်မိပြီလား " ဘုန်းသိင်္ခရဲ့အမေးကြောင့် သစ်ခက်ကမျက်လုံးအပြူးသားနဲ့ ဘုန်းသိင်္ခကိုမော့ကြည့်နေခဲ့မိတယ်။ " မမဘာမှမဖြစ်ဘူးမဟုတ်လား ...ကျွန်တော် အချိန်မီရောက်အောင်လာခဲ့ပါတယ်..." ဘုန်းသိင်္ခကတတွတ်တွတ်ပြောနေခဲ့ပေမဲ့ သစ်ခက်မှာဘာမှပြန်မပြောနိုင်ဘဲ ဘုန်းသိင်္ခကိုသာ သတိလက်လွတ်ငေးကြည့်နေခဲ့မိတယ်။အားလုံးကလဲ အခန်းပြင်ကိုထွက်သွားကြပြီမို့ ဘုန်းသိင်္ခက သူ့ကိုငေးကြောင်ကြည့်နေတဲ့ သစ်ခက်ရဲ့ဘေးမှာထိုင်ချလိုက်ပြီး သစ်ခက်ရဲ့လက်ဖဝါးနှစ်ဖက်ကိုခပ်တင်တင်းဆုပ်ကိုင်လိုက်တယ်။ " မမ...ကျွန်တော့်ကိုမမှတ်မိဘူးလား ..ကျွန်တော်ကအထွန်းလေး...မမကယ်တင်ပေးခဲ့တဲ့အထွန်းပါ...မမကယ်ပေးခဲ့လို့ ကျွန်တော်အသက်ရှင်ခဲ့ရတာပါ " ဘုန်းသိင်္ခက သစ်ခက်ရဲ့လက်ကလေးနှစ်ဖက်ကိုသူ့မျက်နှာမှာ ဆွဲကပ်ပြီပြောလိုက်တော့မှ သစ်ခက်မှာ သတိပြန်ဝင်လာခဲ့ပြီး ဘုန်းသိင်္ခရဲ့လက်တွေကိုထွန်းဖယ်ပစ်လိုက်တယ်။ " ရှင်...ရှင်ကအထွန်းဟုတ်လား...ဟုတ်လို့်လား " " ဟုတ်ပါတယ် မမရယ် ...ကျွန်တော်ကအထွန်းပါ...ကျွန်တော် ကသစ်မြိုင်ကိုရောက်ပြီး... သိပ်မကြာခင်မှာပဲ မမက မမသစ်ခက်မှန်း ကျွန်တော်သိခဲ့ပါတယ် " ဘုန်းသိင်္ခရဲ့စကားအဆုံးမှာ သစ်ခက်က အံကိုကြိတ်ကာမျက်ရည်တွေကျလာခဲ့တယ်။ပြီးတော့ ဘုန်းသိင်္ခကိုမော့ကြည့်လိုက်ပြီး " မင်း...မင်းက တကယ်ပဲအထွန်းလား...ဒါ...ဒါဆိုရင် ... တို့ကို ချောက်ထဲဘာလို့်တွန်းချခဲ့တာလဲ...." သစ်ခက်ရဲ့အမေးကြောင့် ဘုန်းသိင်္ခမျက်နှာကွက်ခနဲ့ပျက်သွားခဲ့ပြီးမှ သစ်ခက်ရဲ့လက်ကလေးကို ဖမ်းယူဆုပ်ကိုင်လိုက်တယ်။ " ဟုတ်...ဟုတ်ပါတယ်မမရယ်...မမကိုကျွန်တော်တွန်းချခဲ့ပါတယ်...ဒါပေမဲ့ အဲ့ဒီချောက်တစ်လျှောက်လုံးမှာ သစ်ရွက်ကြွေတွေကို ကြိုတင်ပြီးစုပုံထားခဲ့ပြီးမှ စွန့်စွန့်စားစားလုပ်ခဲ့တာပါ...အဲ့ဒီချောက်က မမနဲ့ ကျွန်တော်လဲကျခဲ့ကြတဲ့ ချောက်ပါ ...မမသတိပြန်ရနိုင်တယ်လို့တွေးမိလို့ အရဲစွန့်လုပ်ခဲ့တာပါ....အဲ့ဒီလိုလုပ်ရတာကလဲ ဒေါ်တင်တင်မြိုင်တို့လက်ထဲကနေ မမကိုကယ်တင်ချင်လို့်ပါ...ကျွန်တော် ကသစ်မြိုင်ကိုစရောက်ကတည်းက ... မမကကျွန်တော့်ရဲ့အစ်မပန်းရိပ်ဖြူမဟုတ်ဘူးဆိုတာကို သိပြီးလာခဲ့တာပါ...ဒါကြောင့်လဲမမကို ပန်းရိပ်ဖြူလို့် ကျွန်တော်တစ်ခါမှမခေါ်ခဲ့ဖူးဘူးလေ ....ခက်တာက မမက ...အစ်မပန်းရိပ်ဖြူမဟုတ်မှန်းသိပေမဲ့ မမသစ်ခက်ဟုတ်လား...မဟုတ်လားကို စစရောက်တုန်းက ဇဝေဇဝါဖြစ်နေခဲ့ရတယ်...ပိုဆိုးသွားတာက မမကအတိတ်ကို လုံးဝသတိမရတာကြောင့် ပိုဆိုးသွားခဲ့တာပဲ ...ဒါပေမဲ့ မမမှတ်မိလားမသိဘူး ...မမပေါ်ကို ဆိုင်ကယ်လဲကျမလိုဖြစ်တုန်းက .... ကျွန်တော်က လှမ်းဆွဲလိုက်ရင်းလဲကျသွားခဲ့တော့... မမကကျွန်တော့်ကိုကြည့်ပြီး ...ရှင်ဘယ်သူလဲလို့်မေးခဲ့တယ်လေ...အဲ့ဒီအချိန်ကစပြီး ...မမကတခြားသူစိမ်းမဟုတ်ဘဲ... မမသစ်ခက်ဆိုတာကိုကျွန်တော်သိသွားခဲ့တာပါ "

...ဟင်း..ဟင်း " ဒေါ်ပန်းမြိုင်ကပြောရင်းနဲ့သဘောကျစွာရယ်မောပစ်လိုက်တယ်။ " ကဲ..အမြန်ထိုးတော့ဆရာ..အိမ်မှာကလူစိမ်းနှစ်ယောက်ရှိနေလို့် သိပ်စိတ်ချလို့်မရဘူး " ဦးဘိုထွန်းကပြောလိုက်တော့ ဆရာကပန်းရိပ်ဖြူနားကိုတိုးကပ်သွားလိုက်တယ်။ပန်းရိပ်ဖြူကချုပ်နှောက်ခံထားရတဲ့ကြားကနေအတင်းရုန်းကန်ပစ်လိုက်ပြီးတော့ သူမကိုဆေးထိုးဖို့ပြင်နေတဲ့ ဆရာဆိုသူရဲ့မျက်နှာကိုခေါင်းနဲ့ခပ်ပြင်းပြင်းတိုက်ပစ်လိုက်တယ်။တိုက်လိုက်တဲ့အရှိန်ပြင်းလွန်းတာကြောင့် ဆရာနှာခေါင်းကနေ‌ေ*သွးတွေရဲခနဲထွက်လာခဲ့ပြီးဆေးထိုးအပ်မှာလဲအောက်ကိုပြုတ်ကျသွားခဲ့တယ်။ဒီမြင်ကွင်းကိုကြည့်ပြီး ဦးဘိုထွန်းဒေါသထွက်သွားတာမို့ ပြုတ်ကျသွားတဲ့ဆေးထိုးအပ်ကိုကောက်ယူလိုက်ပြီး ကိုယ်တိုင် ဆေးထိုးပေးဖို့ပြင်လိုက်တယ်။ " ဟာ...သူ..သူဌေး မ...မလုပ်နဲ့....မထိုးတတ်ရင် အသက်အန္တရာယ်ရှိတယ်" ဆရာဆိုသူကတားလိုက်ပေမဲ့ ဦးဘိုထွန်းကဒေါသမထိန်းနိုင်တော့ဘဲ ဆေးထိုးဖို့ကိုသာ အတင်းအားထုတ်ကြိုးစားလိုက်တယ်။တခြားသူတွေလဲ ဦးဘိုထွန်းကိုမတားရဲဘဲရှိကြတယ်။ " ကိုထွန်းမလုပ်နဲ့လေ..အကုန်အလွဲလွဲအချော်ချော်တွေဖြစ်ကုန်မယ် " ဒေါ်ပန်းမြိုင်ကလဲ လှမ်းတားလိုက်ပေမဲ့ ဦးဘိုထွန်းကိုတားမရဖြစ်နေခဲ့တယ်။ " မင်းတို့ဘာလုပ်နေကြတာလဲ ...ဒီကောင့်မကိုမလှုပ်နိုင်အောင်ချုပ်ထားကြစမ်း " ဦးဘိုထွန်းကဒေါသတကြီးနဲ့ကြိမ်းမောင်းပြောဆိုလိုက်တယ်။ဒီအချိန်မှာပဲ အခန်းတံခါးရုတ်တရက်ပွင့်လာခဲ့ပြီးတော့ တစ်စုံတစ်ခုကလေထဲဝဲပျံလာကာ ဦးဘိုတွန်းရဲ့လက်ကိုထိမှန်သွားခဲ့တယ်။ " အား ..ဘယ်ကောင်ပစ်တာလဲ ....အဲ့ဒီကောင်ကိုဖမ်းစမ်း...." ဦးဘိုထွန်းမှာနာကျင်သွားတာကြောင့် ဒေါသတကြီးနဲ့ဆဲဆိုကြိမ်မောင်းလိုက်တယ်။ကျန်တဲ့သူတွေကတော့ အခန်းထဲကိုရုတ်တရက်ဝင်ရောက်လာတဲ့ လူတွေကိုကြည့်ပြီး ထိတ်လန့်တုန်လှုပ်ကာကြောင့်ငေးကြည့်နေမိကြတယ်။ " တော်လိုက်ပါတော့အဖေ...ရှေ့ဆက်ဖို့ကြိုးစားမယ်ဆိုရင်...ကျွန်တော်လဲညှာနေမှာမဟုတ်ပါဘူး...အားလုံးငြိမ်ငြိမ်လေးနေကြပါ....ခင်ဗျားတို့အားလုံးကိုဖမ်းဆီးဖို့အတွက်သက်ဆိုင်ရာလဲရောက်နေပါပြီ ... လုံခြုံရေးဂိတ်က အုပ်စုကိုလဲ ...ဖမ်းဆီးထားပြီးသွားပါပြီ " " ဘာ...မင်းဘာပြောလိုက်တယ်...မင်း...မင်းက ...ငါ့ယောက်ျားကို ဘာလို့ အဖေလို့ခေါ်ရတာလဲ." ဒေါ်ပန်းမြိုင်မှာ တုန်လှုပ်ချောက်ချားစွာနဲ့မေးလိုက်တယ်။ဦးဘိုထွန်းကတော့ အဖေလို့ အခေါ်ခံလိုက်ရတာမို့ ထိတ်လန့်တုန်လှုပ်ကာ ကြည့်နေခဲ့မိတယ်။ " သိပ်လဲအံ့ဩမသွားပါနဲ့ဒေါ်တင်တင်မြိုင် .... ဒေါ်တင်တင်မြိုင် အံ့သြရမဲ့ကိစ္စတွေ ကျန်နေသေးလို့ပါ " ================================== အပိုင်း(၃၆)ဆက်ရန် ဒီနေ့ စာလုံးရေ .ကိုးထောင်ကျော်ပဲရှိပါတယ် နောက်ရက် (၂) ပိုင်းတင်ပေးနိုင်အောင် ကြိုးစားပါမယ်ရှင် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇

" အမေဟုတ်လား...ဘာအမေလဲ...မခေါ်နဲ့ နင်ကငါတို့သမီးမဟုတ်တာကို နင်လဲသိသွားပြီးမဟုတ်လား ...ပြောလေ...ဘာတွေလိမ်ညာအုံးမလို့်လဲ...ဇာယု...အဲ့ဒီကောင်မကို ခုတင်ပေါ်တက်ခိုင်းပြီး ဆေးထိုးခိုင်းလိုက်တော့....ဟဲ့...ကျွန်မသမီးရဲ့ နင့်လင်ကိုလဲမျှော်မနေနဲ့...စိုင်းမြတ်ဆိုတဲ့ကောင် ...မနေ့ကကားမှောက်လို့် 6သသွားပြီ သိရဲ့လား " ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ပန်းရိပ်ဖြူရင်ထဲမှာခံစားနေရတဲ့ တုန်လှုပ်ချောက်ချားနေတဲ့စိတ်ကဒေါသအဖြစ်ကိုကူးပြောင်းသွားခဲ့တယ်။ " ဪ...ကိုစိုင်းမြတ်ဆုံးပြီလား ...အဲ့ဒါဆိုရင်တော့ အလွမ်းဆွတ်တစ်ယောက်အတော်လေးကြေကွဲနေရှာမှာပဲ...သူ့မှာစိုင်းမြတ်နဲ့ရတဲ့ကိုယ်ဝန်တွေဘာတွေများ ကျန်ခဲ့သေးလားစစ်ခိုင်းလိုက်ပါအုံး...တော်ကြာအဖေမပေါ်ဘဲဗိုက်ကျန်နေခဲ့အုံးမယ် " " ဘာ...ဘာပြောတယ် ...နင်ကများ ငါ့သမီးကိုပြောရဲတယ်ပေါ့ဟုတ်လား " " ဖြန်း " ပန်းရိပ်ဖြူရဲ့စကားမဆုံးခင်မှာဘဲ ဒေါသတကြီးနဲ့ထအော်လိုက်ပြီး ပန်းရိပ်ဖြူရဲ့ပါးကိုရိုက်လိုက်တဲ့သူက ဦးဘိုထွန်းဖြစ်နေခဲ့တယ်။အရှိန်ပြင်းပြင်းနဲ့အရိုက်ခံလိုက်ရတာမို့ ပန်းရိပ်ဖြူခမျာခွေခနဲလဲကျသွားခဲ့ရတယ်။ဒါက်ိုမကျေနပ်နိုင်သေးဘဲ ဦးဘိုထွန်းကထပ်ရိုက်ဖို့ရန်လက်ကိုရွယ်လိုက်တယ်။ " တော်တော့ ကိုထွန်း....တော်ကြာကိုထွန်းအမေပြန်လာလို့် သူ့ဆီမှာ ဒဏ်ရာတွေတွေ့ရင် ..ရှင်းရခက်လိမ့်မယ် " ဒေါ်ပန်းမြိုင်က ယောက်ျားဖြစ်သူကိုတားလိုက်ချိန်မှာပဲ ပန်းရိပ်ဖြူကလဲကျနေရာက အားယူထလိုက်ပြီး ဦးဘိုထွန်းနဲ့ဒေါ်ပန်းမြိုင်ကို မုန်းတီးစက်ဆုပ်စွားကြည့်လိုက်ပြီး "ဪ ...အလွမ်းဆွတ်က ဦးလေးသမီးပေါ့ဟုတ်လား..ဒါဆိုရင် အမေပန်းမြိုင်ယောင်ဆောင်ထားတဲ့ ဒီမိန်းမက ဦးလေးရဲ့ မယားငယ်ပေါ့လေ.... ဟုတ်ပါတယ်...ကျွန်မအားလုံကိုမှတ်မိနေပြီး လူယုတ်မာတွေရဲ့....ကျွန်မကို အခုသ*တ်လိုက်...မသ*တ်ရင် ရှင့်တို့အကြောင်းတွေကို ဖော်ထုတ်ပစ်မှာ ...ရှင်တို့တွေ ကျွန်မအမေနဲ့အမေပန်းမြိုင်တို့သားအမိတွေကိုသ*တ်ခဲ့ကြတာ " "ဘာ...နင်ဘာပြောလိုက်တယ် ..ကျွန်မသမီးရဲ့ " ဒေါ်ပန်းမြိုင်က ပန်းရိပ်ဖြူနားကိုပြေးသွားကာဆောင့်တွန်းပစ်လိုက်တယ်။ " ဟုတ်တယ်..ကျွန်မက ဒေါ်အေးပုံရဲ့သမီးသစ်ခက်နွယ်ပဲ ....ရှင်က အမေပန်းမြိုင်မဟုတ်ဘူးဆိုတာကိုလဲ ကျွန်မသိသွားပြီ သိရဲ့လား...သ*တ်လေ...ကျွန်မကိုသ*တ်လိုက်တော့ ...ရှင်တို့တွေ အမွေတွေကိုမရစေရဘူးသိရဲ့လားလူယုတ်မာလူသ*တ်သမားတွေရဲ့...ကိုယ့်မိန်းမကိုသ/တ်ခဲ့တဲ့ လူကို ...ကိုယ့်မိန်းမလိုပုံစံပြောင်းပြီးပေါင်းသင်းနေတာဆိုတော့ ဒီကိစ္စတွေရဲ့တရားခံကသူတော်ကောင်းယောင်ဆောင်ထားတဲ့ဦးဘိုးထွန်းဆိုတဲ့လူယုတ်မာကြီးမှန်း ကျွန်မမှတ်မိသွားပြီးသိရဲ့လား ... " " ဘာ...မင်းဘာပြောလိုက်တယ်...မင်းကိုငါသ/တ်မယ် " ဦးဘိုထွန်းကဒေါသတကြီးကြိမ်းမောင်းလိုက်ရင် ပန်းရိပ်ဖြူကို လက်သီးနဲထိုးဖို့ပြင်လိုက်တယ်။သို့ပေမဲ့ ဒေါ်ပန်းမြိုင်က ဦးဘိုထွန်းကိုအမြန်လှမ်းဆွဲပြီးတားဖြစ်လိုက်တယ်။ " တော်တော့ကိုထွန်း...ဒီကောင်မလိုချင်နေတာက သူ့ကို ဒဏ်ရာရအောင်နှိပ်စက်တာရယ်...သူ့ကိုသ/တ်ပစ်လိုက်တာကို လိုချင်နေတာ...စိတ်ချ...နင့်ကို ငါတို့မသ/တ်ပါဘူးဟဲ့ကျွန်မသမီးရဲ့ ...ဒဏ်ရာရအောာင်လဲမနှိပ်စက်ပါဘူး ....နင့်ကိုသွပ်သွပ်ခါအောင်ရူးသွားအောင်ပဲလုပ်မှာသိလား...မွေးနေ့ပွဲပြီးသွားလို့် အမွေတွေလွဲပြောင်းပြီးသွားရင် ....နင့်ကိုအရူးတစ်ယောက်လိုနှစ်တွေအကြာချည်းပိတ်လှောင်ထားအုံးမှာ သိရဲ့လား...ငါတို့်က နင့်ကိုသူဌေးသမီးလိုထားရင်လဲ ..နင်ကသူဌေးသမီလိုဟန်မပျက်နေပါလားဟဲ့အရူးမရဲ့...နင်ကများရာရာစစထွက်ပြေးဖို့ကြိုးစားတယ်ပေါ့ဟုတ်လား...နင့်အတွက် ကသစ်မြိုင်ကနင့်ရဲ့သင်္ချိုင်းပဲဆိုတာကိုမှတ်ထားလိုက်စမ်း ကျွန်မသမီး " " ဒေါ်ပန်းမြိုင်ရဲ့စကားကြောင့် ပန်းရိပ်ဖြူက ရယ်မောပစ်လိုက်ပြီး "ကိုယ့်ကိုယ်ကိုယ်လဲ သိပ်အထင်ကြိးမနေကြနဲ့အုံး ..ရှင်တို့အကြောင်းတွေကို ဘွားကြေဥဆီကို ကျွန်မစာတွေအားလုံးပို့လိုက်ပြီ သိရဲ့လား " " ဪ ဟုတ်လား...ဘာစာလဲ ....ဒီစာတွေကိုပြောတာလား " ဦးဘိုထွန်းကပြောပြောဆိုဆိုနဲ့ဖုန်းကိုသူမရဲ့မျက်နှာရှေ့ကိုထိုးပြလိုက်တယ်။ " နင်ကများ မလောက်လေးမလောက်စားနဲ့ ဘိုထွန်းကိုလာယှဉ်နေသေးတယ် ...ကဲ ..စကားတွေမပြောကြနဲ့တော့ အချိန်တွေကုန်တယ်...မနက်ဖြန် ဟိုကောင့်အသုဘကိုသတင်းမေးသူတွေရောက်လားအုံးမှာဆိုတော့ ...ဒီနေ့တော့ ဆေးပြင်းပြင်းလေးထိုးမယ်ဆရာ...တစ်ခါတည်းအာလုံးကိုမေ့သွားအောင်သာထိုးပစ်လိုက်ပါ.." ဦးဘိုထွန်းကပြောလိုက်တော့ ခပ်စောစောက အခန်းထဲမှာရှိနေခဲ့တဲ့သူက ဆေးထိုးဖို့အတွက်ပြင်ဆင်လိုက်တယ်။ " မထိနဲ့...ငါ့အသားကိုမထိနဲ့ ...လူယုတ်မာတွေ ..." ပန်းရိပ်ဖြူကအော်ဟစ်ရင်းနဲ့အတင်းရုန်းကန်လိုက်တာမို့် မဇာယုနဲ့လူနှစ်ယောက်က အတင်းဝင်ပြီးချုပ်ထားလိုက်ကြတယ်။ " အော်စမ်း ...နင်ကြိုက်သလောက်အော်...ဒီအခန်းကအသံလုံအခန်းသိရဲ့လား..ဒီဆေးထိုးလိုက်ပြိးရင် တစ်နေ့လုံးတစ်ညလုံးနင်အိပ်ပျော်သွားမယ်..ပြန်နိုးလာရင် အရူးလိုမျိုးကယောင်ကတမ်းတွေပြောနေလိမ့်မယ်...အဲ့ဒီအခါကျရင်...နင့်ရည်းစားစိုင်းမြတ်ဆုံးသွားတာမို့ ....နင့်ရဲ့စိတ်တွေပိုဆိုးသွားတယ်လို သတင်းလွှင့်လိုက်ရုံပဲပေါ့...6သဖို့တော့မစဉ်းစားနဲ့အုံးအရူးမရဲ့

#စံအိမ်ခေါ်သံ (အခန်းဆက်ဝတ္ထု ) အပိုင်း(၃၅) akyiphyu ********* စင်္ကြန်လမ်းတစ်လျှောက်ဖြည်းညင်းစွာလျှောက်လာတဲ့အရိပ်မည်းက အခန်းတစ်ခန်းရှေ့အရောက်မှာတော့ အခန်းထဲကိုလျင်လျင်မြန်မြန်ဝင်သွားခဲ့တယ်။ ~~~~~~~~~~~~~~~~ ပန်းရိပ်ဖြုူသတိဖျတ်ခနဲဝင်လာချိန်မှာ မှောင်မည်းတိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကိုတွေ့လ်ုက်ရတာမို့လူကတုန်လှုပ်ချောက်ချားသွားမိပြီး ထထိုင်လိုက်မိတယ်။သို့ပေမဲ့သူမခန္ဓာကိုယ်က သူမဆွဲခေါ်ရာနောက်ကိုပါမလာခဲ့ဘဲ နှေးကွေးလေးလံနေခဲ့တယ်။ဒုတိယအကြိမ်မြောက်ကြိုးစားပြီးထလိုက်တဲ့အခါမှာတော့ လူကအနည်းငယ်လှုပ်ရှားသွားခဲ့တယ်။လှုပ်ရှားလို့်ရတာနဲ့အတင်းကုန်းထလိုက်ပြီး ခုတင်ဘေးကစားပွဲကိုလက်နဲ့အသာစမ်းကြည့်လိုက်မိတယ်။သို့ပေမဲ့ စာပွဲကိုမစမ်းမိဘဲ လေဟာနယ်ကိုသာစမ်းမိတာကြောင့် လူတစ်ကိုယ်းအေးစက်သွားကာရင်တွေတလှပ်လှပ်တုန်လာမိတယ်။မှောင်မှောင်မည်းမည်းထဲမှာ မီးရောင်မရှိ။ပြတင်းပေါက်ကနေမြင်ရတတ်တဲ့ ပြင်ပအလင်းရောင်ကိုလဲမတွေ့ရ။သေချာတာက သူမရောက်ရှိတဲ့အခန်းက သူမရဲ့အခန်းမဟုတ်ဘူးဆိုတာပါပဲ။သူမဘယ်ကိုများရောက်နေတာလဲ။မနေ့က စားသောက်ဆိုင်ထဲမှာလဲကျသွားခဲ့တာကိုပဲ သေသေချာချာမှတ်မိနေခဲ့တယ်။နောက်ပိုင်းအကြောင့်အရာတွေကို လုံးဝမမှတ်မိတော့။ စားပွဲကိုမစမ်းမိတော့ ခုတင်ပေါ်ကထလိုက်ပြီး လက်နှစ်ဖက်ကိုဆန့်ကာလျှောက်စမ်းကြည့်လိုက်တယ်။ဒီအခါနံရံတစ်ဖက်ကိုစမ်းမိသွာတာမို့ နံရံတစ်လျှောက်လိုက်စမ်းကြည့်လိုက်တယ်။နံရံကိုလိုက်စမ်းနေရင်းနဲ့ မီးခလုတ်တွေကိုစမ်းလိုက်မိတာမို့ အမြန်ဖွင့်လိုက်တယ်။ " ထောက် " မီးတွေလင်းထိန်သွားတာနဲ့တစ်ပြိုင်နက် အခန်းထဲအနှံ့ကို သူမလိုက်ကြည့်မိလိုက်တယ်။ " အမယ်လေး " မီးဖွင့်ပြီးတာနဲ့နောက်ကျောဘက်ကို သူမလှည့်ကြည့်လိုက်တဲ့အခါမှာ သူမကိုစိမ်းစိမ်းကြီးစိုက်ကြည့်နေတဲ့ လူတစ်ယော်ကိုတွေ့လိုက်ရတာမို့ထိတ်လန့်ချောက်ချားကာအော်ဟစ်လိုက်မိတော့တယ်။ " ရှင်...ရှင်ဘယ်သူလဲ...ဒါကဘယ်နေရာလဲ.." ပန်းရိပ်ဖြူတုန်လှုပ်ချောက်ချားစွာမေးလိုက်မိတယ်။ " မင်းပါးစပ်ကိုပိတ်ထားပြီး ...ခုတင်ပေါ်မှာသွားလှဲနေစမ်း " လူစိမ်းဆီက အေးစက်စက်အမိန့်ပေးသံထွက်ပေါ်လာခဲ့တာမို့ သူမဒေါသထွက်သွာကာအော်ဟစ်လိုက်မိတယ်။ " ဘာလို့်ပိတ်ရမှာလဲ...ရှင်ဘယ်သူလဲ..ကျွန်မကိုဖမ်းထားတာလား..ဘယ်သူကဖမ်းခိုင်းတာလဲ " " ပါးစပ်ကို ပိတ်ထားလို့်ပြောနေတာကို တော်တော်လျှာရှည်နေတယ်.....ဒီလောက်သိချင်နေရင်ပြောပြရမှာပေါ့ " ပြောပြောဆိုဆိုနဲ့လူစိမ်းက သူမကိုပြေးပြီးကန်လိုက်တာမို့ ပန်းရိပ်ဖြူအမြန်ရှောင်တိမ်းလိုက်ပြီး လူစိမ်းရဲ့ရင်ဘတ်ကို ခေါင်းနဲ့ပြေးတိုက်ပစ်လိုက်တယ်။ခေါင်းတိုက်အားအရှိန်ပြင်းလွန်းတာကြောင့် လူစိမ်းမှာနောက်ကိုလဲကျသွာပြီး နံရံနဲ့ဆောင့်မိသွားတယ်။ပန်းရိပ်ဖြူအချိန်ဆွဲမနေတော့ပါ။အခန်းထဲမှာရှိတဲ့ထိုင်ခုံကိုကောက်ယူလိုက်ပြိး လူစိမ်းကိုခုံနဲ့ ရိုက်ချပစ်လိုက်ဖို့လက်ကိုရွယ်မြှောက်လိုက်တယ်။ဒီအချိန်မှာပဲ အခန်းတံခါးပွင့်လာခဲ့ပြီး အခန်းထဲကို မိခင်ဖြစ်သူနဲ့မဇာယုအပါအဝင်လူသုံးယောက်ဝင်လာတာကိုတွေ့လိုက်ရတယ်။ဝင်လာသူတွေကိုကြည့်ပြီး ပန်းရိပ်ဖြူဝမ်းသာအားရနဲ့ခေါ်လိုက်မိတယ်။ " အမေ...အမေ...ဘာ...ဘာတွေဖြစ်နေတာလဲဟင်...သမီကစားသောက်ဆိုင်ကနေပြီး ဒီကိုဘယ်လိုရောက်လာတာလဲ...ဒါ...ဒါကဘယ်နေရာလဲအမေ " ပန်းရိပ်ဖြူအလောတကြီးမေးလိုက်ပြီးတော့ မိခင်နားကိုပြေးသွားလိုက်မိတယ်။ဒီအခါ မိခင်ဖြစ်သူဒေါ်ပန်းမြိုင်က သူမကို အနားနားကိုအကပ်မခံဘဲ ပြန်တွန်းထုတ်ပစ်လိုက်ရင်း အသံမာမာနဲ့အော်ပစ်လိုက်တယ်။ " ငါ့အသားကို လာမထိစမ်းနဲ့အရူးမရဲ့....နင်ဘာမှ ဟန်ဆောင်မနေနဲ့ခုချက်ချင်းခုတင်ပေါ်တက်စမ်း " မိခင်ဖြစ်သူရဲ့စကားကြောင့် ပန်းရိပ်ဖြူထိတ်လန့်အံ့ဩသွားရပြီး အလန့်တကြားနဲ့မော့ကြည့်လိုက်မိတယ်။ " အ ...အမေ...အမေဘာလို့လဲဟင် ...သမီးဘာလုပ်မိလို့လဲ " ပန်းရိပ်ဖြူမိခင်ကိုထိတ်လန့်တုန်လှုပ်စွာနဲမေးလိုက်မိချိန်မှာပဲ အခန်းထဲကို ဖခင်ဖြစ်သူဝင်ရောက်လာတာမို့ အားကိုးတကြီးနဲ့လှမ်းပြောလိုက်မိတယ်။ " အဖေ..အမေဘာဖြစ်နေတာလဲ ...သမီးကိုစိတ်ဆိုးနေတာလားဟင်...သ..သမီးက ကိုစိုင်းကိုစိတ်မချလို့် ....သူနဲ့မခွဲရအောင်ကြံစည်မိတာပါ အဖေ " ပန်းရိပ်ဖြူရဲ့စကားသံကြောင့် ဖခင်ဖြစ်သူဦးဘိုထွန်းက ပန်းရိပ်ဖြူကိုခပ်စူးစူးစိုက်ကြည့်လိုက်ပြီး "မင်းကဟန်ဆောာင်သိပ်ကောင်းနေပါလားကွ...ငါတို့ကို မင်းလိမ်သမျှယုံနေတဲ့ငတုံးငအတွေလို့်များထင်နေတာလား ...မင်းကိုယ်မင်းသိပ်လည်နေပြီပေါ့လေဟုတ်လား " " အ...အဖေ..ဘာ...ဘာတွေပြောနေတာလဲ...သမီးဘာမှနားမလည်တော့လိုပါ...အမေ...အဖေဘာတွေပြောနေတာလဲ ..." ပန်းရိပ်ဖြူထိတ်လန့်တုန်လှုပ်စွာနဲ့ မိဘတွေကိုပြန်မေးလိုက်မိတယ်။

" အို ...သူက ....ကသစ်မြိုင်က သူဌေးသမီးလေးမဟုတ်လား " " ဟုတ်လား ..သူက သိပ်ပြီးကျန်းမာရေးမကောင်းဘူးဆို ..အဖော်မပါဘူးလား " ~~~~~~~~ ကသစ်မြိုင်စံအိမ်ကြီးရဲ့ ညစာထမင်းစားပွဲမှာ ပန်းရိပ်ဖြူတစ်ယောက်ကလွဲလို့ လူစုံရှိနေခဲ့တယ်။ ဘုန်းသိင်္ခက ထမင်းစားနေရင်းက ဦးဘိုထွန်းနဲ့ ဒေါ်ပန်းမြိုင်ကိုကြည့်လိုက်ပြီး " မမလေးမသက်သာဘူးလား အန်တီမြိုင် ....ဒီနေ့ အပန်းဖြေစခန်းကို လာမယ်ပြောပြီး မလာဘူး " ဘုန်းသိင်္ခရဲ့ အမေးကြောင့် ဒေါ်ပန်းမြိုင်နဲ့ ဦးဘိုထွန်းက သက်ပြင်းကိုယ်စီ ချလိုက်ကြပြီး " အင်း ..မောင်းဘုန်းသိင်္ခ မပြောရသေးဘူးပဲ ....သမီးက နေ့လယ်တုန်းက မြို့ထဲမှာ မုန့်သွားစားရင် မေ့လဲလို့လေကွယ်....ဆရာဝန်ကြီး ဆေးလာထိုးပေးထားလို့ သက်တော့ သက်သာပါတယ် ..ဒါပေမဲ့ နေ့လယ်ကတည်းအိပ်နေတာ ခုထိမနိုးသေးဘူး ....အန်တီ ထမင်းစားနေတုန်း မဇာယုကို အခန်းပြင်မှာ စောင့်ခိုင်းထားရတယ်လေ .....ဒီနေ့မသက်သာရင်တော့ မနက်ဖြန် မန္တ‌လေးဆင်းရမှာပဲပေါ့ ... " ဒေါ်ပန်းမြိုင်က မျက်နှာညှိုးညှိုးနဲ့ပြောရင်း ထမင်းစားတာကို ရပ်လိုက်ပြီး သောက်ရေဖန်ခွက်ကို ယူသောက်လိုက်တယ်။ဒီအချိန်မှာပဲ ထမင်းစားခန်းထဲကို အလုပ်သမားလေးတစ်ယောက်ပြေးဝင်လာခဲ့ပြီးနဲ့ အထိတ်တလန့် အသံနဲ့ ပြောလိုက်တယ်။ "ဟို ..ဟို ...သူ...သူဌေး ရှင်....ဆေးရုံက ဖုန်းဆက်ပါတယ်ရှင် ... ကိုစိုင်းမြတ်ကားမှောက်ပြီး ဆေးရုံရောက်နေပါတယ်တဲ့..ဟို..ပြီး....ပြီးတော့ ကိုခိုင်းမြတ်ဆုံးသွားပြီလို့ ပြောပါတယ် " " ဘာ " " ဘယ်လို ..စိုင်းမြတ်ဆုံး ... ဆုံးသွားပြီ " အလုပ်သမားလေးရဲ့ စကားကြောင့် ထမင်းစားပွဲဝိုင်းမှာ ရှိနေကြသူတွေအားလုံး ကြက်သေသေကာ ဆွံ့အသွားခဲ့ကြတယ်။ ~~~~~~~~ ညသန်းခေါင်သို့ရောက်လာတာနဲ့အမျှ စံအိမ်ကြီးရဲ့အောက်ထပ်အဝင်ဝက နာရီစက္ကန်တံရွေ့လျားနေတဲ့အသံက ပိုပိုပြီးကျယ်လောင်လာခဲ့တယ်။ညသန်းခေါင်အချိန်ကိုရောက်နေပြီဆိုတော့ ကသစ်မြိုင်စံအိမ်ကြီးကလဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီ။ခြံတခါးဝနားကလုံခြုံရေးဂိတ်တဲနဲ့ လောလောလတ်လတ် နာရေးအိမ်လိုဖြစ်နေတဲ့ ကားဂိုထောင်တိုက်မှာတော့ မီးတွေလင်းထိန်နေခဲ့တယ်။ "အူး ...ဝူး...ဝူး " ကသစ်မြိုင်စံအိမ်ကြီးတစ်ခုလုံးအိပ်မောကျနေမှာ မြို့ပြင် စပ်ကနေ ဆွဲဆွဲငင်င်အူလိုက်တဲ့ခွေအူးသံတွေထွက်ပေါ်လာခဲ့တယ်။ခွေးအူးသံတွေပေါ်ထွက်လာပြီး သိပ်မကြာခင်မှာပဲ စံအိမ်ကြီးရဲ့အပေါ်ထပ်စင်္ကြန်မှာ လှုပ်ရှားသွားလာနေတဲ့ အရိပ်မည်းတစ်ခုပေါ်ထွက်လာခဲ့တယ်။ ================================== အပိုင်း(၃၅)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ စာရေးသူ A Kyi Pnyu #စံအိမ်ခေါ်သံ ( စ/ဆုံး )Links ၁ https://www.facebook.com/100067151540690/posts/714518460796532/ J https://www.facebook.com/100067151540690/posts/714518804129831/https://www.facebook.com/100067151540690/posts/714519084129803/https://www.facebook.com/100067151540690/posts/714519330796445/https://www.facebook.com/100067151540690/posts/714519684129743/https://www.facebook.com/100067151540690/posts/714519970796381/https://www.facebook.com/100067151540690/posts/714520240796354/https://www.facebook.com/100067151540690/posts/714520624129649/https://www.facebook.com/100067151540690/posts/714520907462954/ ၁ဝ https://www.facebook.com/100067151540690/posts/714692707445774/ ၁၁ https://www.facebook.com/100067151540690/posts/715256760722702/ ၁၂ https://www.facebook.com/100067151540690/posts/715786084003103/ ၁၃ https://www.facebook.com/100067151540690/posts/716328087282236/ ၁၄ https://www.facebook.com/100067151540690/posts/716803847234660/ ၁၅ https://www.facebook.com/100067151540690/posts/717847167130328/ ၁၆ https://www.facebook.com/100067151540690/posts/718315917083453/ ၁၇ https://www.facebook.com/100067151540690/posts/718868757028169/ ၁၈ https://www.facebook.com/100067151540690/posts/719410156974029/ ၁၉ https://www.facebook.com/100067151540690/posts/719932463588465/ ၂၀ https://www.facebook.com/100067151540690/posts/720499773531734/ ၂၁ https://www.facebook.com/100067151540690/posts/721022723479439/ ၂၂ https://www.facebook.com/100067151540690/posts/721549736760071/ ၂၃ https://www.facebook.com/100067151540690/posts/722060446709000/ ၂၄ https://www.facebook.com/100067151540690/posts/722610463320665/ ၂၅ https://www.facebook.com/100067151540690/posts/723211539927224/ ၂၆ https://www.facebook.com/100067151540690/posts/723791976535847/ ၂၇ https://www.facebook.com/100067151540690/posts/724353766479668/

ဘုန်းသိင်္ခကိုတွေ့လိုက်ရတယ်။ " ရှင်...ရှင်ဘာလုပ်တာလဲ...အခုချက်ချင်း ကျွန်မလက်ကိုလွှတ်နော် " " လွှတ်ပေးပါ့မယ်ဗျာ...ဘာလို့အဖြစ်သည်းနေတာလဲ ...နေပါအုံး...ယောက်ျားလေးနှစ်ယောက်တည်းနေတဲ့တိုက်ကို ညဘက်ကြီးဘာလာလုပ်တာလဲ ပြောစမ်းပါအုံး " ဘုန်းသိင်္ခရဲ့အမေးကြောင့် ပန်းရိပ်ဖြူမှာရင်တွေတလှပ်လှပ်တုန်သွားရပြီး ခြေဖျားလက်ဖျားတွေပါအေးစက်သွားရတယ်။ " အခုမှ ညကိုးနာရီကျော်ရုံပဲရှိသေးတယ်..ဘာကိုညဘက်ကြီးလဲ ..ပြီးတော့ ကျွန်မရည်းစားဆီကို...ကျွန်မလာတာလေ ဘာဖြစ်လဲ " ပန်းရိပ်ဖြူကမာဆတ်ဆတ်အသံနဲ့ပြန်ဖြေလိုက်တော့ ဘုန်းသိင်္ခစိတ်တိုသလိုဖြစ်သွားရပြီး " ဪ...တော်တော်လေးချစ်နေတာလား ဟုတ်လား....ကိုယ့်အန္တရာယ်လဲကိုယ်ကြည့်အုံး...ဒီညစောစောအိပ်...မနက်ဖြန်ကျရင် အပန်းဖြေစခန်းကိုလိုက်ခဲ့ပါ " "အို...ခုရက်ပိုင်း ကျွန်မနေမကောင်းဖြစ်နေလိူ့် ...မလိုက်သေးဘူး " ပန်းရီပ်ဖြူရဲ့အဖြေစကားကြောင့် ဘုန်းသိင်္ခမျက်နှာတင်းခနဲ့ဖြစ်သွားရပြီး " မမလေးဘာဖြစ်နေတာလဲ ...ဖြစ်နိုင်ရင်စိုင်းမြတ်နဲ့မပတ်သက်ပါနဲ့ဗျာ " " ဘာပြောတယ်..ရှင့်စကားကို ကျွန်မကဘာကိစ္စနားထောင်ရမှာလဲ ...ရှင်ပဲပြောတာလေ...ကိုစိုင်းမန္တလေးသွားတဲ့နေ့ကျရင် ....အလွမ်းးဆွတ်နဲ့တိတ်တိတ်လေးလက်ထပ်ကြဖို့စီစဉ်ထားတယ်ဆို....အိမ်မှာအလုပ်သမားလိုဖြစ်နေတဲ့သူက ...ကျွန်မရည်းစားကိုလုတာမျိုးကိုတော့ သည်းမခံနိုင်ဘူး...အဲ့ဒါကြောင့် ကျွန်မလဲကိုယ့်ဘက်ပါအောင်ဆွဲဆောင်ရမယ်,,,ဖယ်စမ်းပါ.....လွှတ်စမ်းပါ " ပန်းရိပ်ဖြူကပြောပြောဆိုဆိုနဲ့ ဘုန်းသိင်္ခရဲ့လက်ထဲကသူမရဲ့လက်ကိုအတင်းပဲဆောင့်ရုန်းပစ်လိုက်တယ်၊။နောက်ဆုံးတော့ ဘုန်းသိင်္ခလဲစိတ်ပျက်လက်ပျက်နဲ့ပဲ ပန်းရိပ်ဖြူရဲ့လက်ကိုလွှတ်ပေးလိုက်ရတယ်။ ~~~~~~~~~~~~~~~~~~ " အင်း...ဟီး....ဟီး " ငိုသံလိုလိုနားထဲမှာကြားနေရတာမို့ ပန်းရိပ်ဖြူရဲ့မျက်လုံးတွေဆတ်ခနဲပွင့်လာမိတယ်။မျက်လုံးဖွင့်ဖွင့်ချင်းမှာသိလိုက်ရတာက အခန်းထောင့်ကလှုပ်ရှားမှုတစ်ခု။လှုပ်ရှားမှ က သ*က်ရှိလား၊ သ*က်မဲ့လားဆိုတာကိုတော့ ပန်းရိပ်ဖြူသေချာမခွဲနိုင်ဘူး။ သေချာတာက သူမခပ်စောစောက ကြားလိုက်ရတဲ့ငိုသံက အခန်းထောင့်အရိပ်မည်းဆီက ထွက်လာတာမဟုတ်။သူမနားထဲမှာ ပြတ်ပြတ်ဝင်ထင် ကြားခဲ့ရတသေချာတယ်။ဘာပဲဖြစ်ဖြစ် မမြင်မသိချင်ယောင်ဆောင်ပြီး မျက်လုံးတွေ မှိတ်ကာပြန်အိပ်နေလိုက်တယ်။ဒီအခါ အရိပ်မည်းက သူမနားကို လျှောက်လာပြီး လက်တစ်ဖက်ကို ခပ်ဖွဖွဆုပ်ကိုင်လိုက်တယ်။ပြီးတော့ သူမရဲ့ခါးဆီကို ဖြည်းဖြည်း ထိကိုင်လိုက်တယ်။ဒီအချိန်မှာ ဆစ်ခနဲ တစ်ချက်သာ ခံစားလိုက်ရတယ်။ ပန်းရိပ်ဖြူ သူမရဲ့စိတ်တွေကို တင်းထားတဲ့ကြားကနေ သိစိတ်မသိစိတ်ကရောထွေး ဝေဝါးလာခဲ့တယ်။တိုးတိတ်စွာ လှုပ်ရှားနေတဲ့အသံကို ကြားနေရသလို ခံစားနေရပြီး အတင်းရုန်းကန်လှုပ်ရှားနေမိပေးမဲ့ ခန္ဓာကိုယ်က မလှုပ်ရှားနိုင်ဘဲ ဖြစ်နေခဲ့တယ်။ ~~~~~~~~ စိုင်းမြတ်တစ်ယောက် ကသစ်မြိုင်ခြံထဲကနေ အစောကြီးထထွက်သွားတာကို အလွမ်းဆွတ်တစ်ယောက်မြင်လိုက်သလို ဘုန်းသိင်္ခလဲ မြင်လိုက်တယ်။မနက် (၆)နာရီတောင် မထိုးသေးတာမို့ ခြံထိပ်လုံခြုံရေးဂိတ်က လူတွေပါအံ့သြနေကြတယ်။ အစောကြီးထွက်သွားခဲ့တဲ့ စိုင်းမြတ်ရဲ့ ကားလေးကို အလွမ်းဆွတ် မျက်စိတစ်ဆုံးလိုက်ကြည့်နေခဲ့မိတယ်။နှစ်ယောက်သား ဖုန်းလဲမဆက်ခဲ့ကြသလို၊အဆက်အသွယ်လဲ မလုပ်ခဲ့ကြတာ သုံးရက်ရှိသွားခဲ့ပြီ။ဘွားကြေးဥတို့ မန္တလေးကို သွားနှင့်ကြပြီး သုံးလေးရက်နေရင် စိုင်းမြတ်လဲ မန္တလေးလိုက် ဆင်းမယ်ဆိုတဲ့ သတင်းကို အလွမ်းဆွတ်သိခဲ့ရပေမဲ့ စိုင်းမြတ်ဘက်က မဆက်သွယ်သေးတာမို့ အခြေအနေကို စောင့်ကြည့်နေခဲ့တာ။တကယ်လို့ မန္တလေးသွားဖြစ်လို့မှ သူမကို အသိမပေးရင်တော့ ပြဿနာအကြီးအကျယ်ရှာဖို့ အလွမ်းဆွတ်ဘက်ကဆုံးဖြတ်ခဲ့ပြီးပြီ။ ~~~~~~~~~~~ ပန်းရိပ်ဖြူမှာလက်ကနာရီကိုမကြာခဏကြည့်နေမိရင်း စိတ်တွေအရမ်းကိုလှုပ်ရှားနေခဲ့တယ်။မနက်ဆယ့်တစ်နာရီက ထိုးပြီးသွားပြီ။ဆိုင်ရှေ့မှာ စိုင်းမြတ်ရဲ့အရိပ်အယောင်ကို မှ မတွေ့မြင်ရသလို ၊သူနဲ့ ခပ်ဆင်ဆင်တူသောသူကိုပင် မတွေ့ရပါ။ဆိုင်ကလဲ နေ့လယ်စာစားချိန်ဆိုတော့ လူတွေ ပိုပြီးများလာကာနေရာတွေပါ ပြည့်လုနီးပါဖြစ်လာခဲ့ပြီ။ သူမကိုယ်တိုင်က လူရှုပ်ချိန်ကို တမင်ရွေးချိန်လိုက်တာ။ နာရီလက်တံကတဖြည်းဖြည်း ရွေ့လာတာနဲ့အမျှ သူမရင်တွေတလှပ်လှပ်တုန်ကာ ချွေးစေးတွေပါထွက်လာခဲ့တယ်။ဆိုင်ထဲမှာလူတွေကလဲ ပိုရှုပ်လာတာမို့ ခေါင်းတွေပါမူးချင်သလိုဖြစ်လာတယ်။ဆယ့်တစ်နာရီခွဲပြီးချိန်မှာတော့ ရင်ထဲမှာဝမ်းနည်းနာကျင်မှုနဲ့အတူ ဒေါသတွေပါထွက်လာခဲ့တယ်။ပေတေကာဆက်ပြီးထိုင်စောင့်နေခဲ့ပေမဲ့လူအများရဲ့ တွန်းထိုး တိုးတိုက်လှုပ်ရှားမှုတွေကြားမှာ နောက်ကျောဆီကဆစ်ခနဲလိုလိုခံစားလိုက်ရတာကြောင့် နောက်ကို အထိတ်တလန့်နဲ့ လှည့်ကြည့်လိုက်မိချိန်မှာတော့ ခေါင်းထဲမှာ တရိပ်ရိပ်နဲ့မူးဝေလာခဲ့တယ်။မျက်လုံးတွေပါ မှေးစင်းလာတာကြောင့် လဲ မကျအောင် သတိထားနေတဲ့ကြားကနေ လဲကျသွားခဲ့ရတော့တာတယ်။ " ဟာ ..ဒီမှာ လူတစ်ယောက်လဲကျသွားပြီ "