fa
Feedback
Educatry International Education Center

Educatry International Education Center

کانال بسته
2 270
مشترکین
-124 ساعت
-87 روز
-3030 روز
آرشیو پست ها
Good afternoon ✨ မောင်လေး၊ ညီမလေးတို့ထဲမှာ Weekday တွေမှာ အလုပ်တွေ၊ ကျောင်းတွေနဲ့ မအားလို့ အတန်းချိန်ညှိမရ ဖြစ်နေတဲ့သူတွေ ရှိ
+1
Good afternoon ✨ မောင်လေး၊ ညီမလေးတို့ထဲမှာ Weekday တွေမှာ အလုပ်တွေ၊ ကျောင်းတွေနဲ့ မအားလို့ အတန်းချိန်ညှိမရ ဖြစ်နေတဲ့သူတွေ ရှိလား🤔 ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ကိုယ့်သူငယ်ချင်းတွေထဲမှာဖြစ်ဖြစ် ဒီလိုအခက်အခဲရှိတဲ့သူတွေ ရှိတယ်ဆိုရင် EIEC ရဲ့ June Intake မှာ စနေ၊ တနင်္ဂနွေ ၂ ရက်ပဲ အချိန်ပေးရမယ့် Weekend GED Class လေးတွေရှိနေပြီနော် 📢 ဒီအတန်းတွေက ⏱️ အချိန်ကုန်သက်သာမယ် 🎯 ထိထိရောက်ရောက်နဲ့ အပိုင်ပြင်ဆင်နိုင်မယ် ကြားရက်မှာ မအားတဲ့သူတွေအတွက် သီးသန့် Weekend အတန်းလေးကို ဒီဇွန်လထဲမှာပဲ စတင်ဖွင့်လှစ်ပေးတာဖြစ်လို့... မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း လက်တို့ပေးပြီး အတူတူ အတန်းလာတက်ဖို့ အကြောင်းကြားလိုက်ပါဦးနော်🥰

သူငယ်ချင်းကောင်းဆိုတာ... ကိုယ်ကိုယ့် စာကူလုပ်ပေးရုံပဲမဟုတ်ဘူး၊ ကိုယ့်ကို မုန့်ဖိုးပါ ရှာပေးနိုင်ရမယ်နော် 😂💡 ဟိုင်း မောင်လေး၊ ညီမလေးတို့ရေ.. လဝက်မှာ မုန့်ဖိုးပြတ်နေတဲ့အချိန် ကျောင်းကနေ မုန့်ဖိုးပြန်ရှာလို့ရတဲ့ Referral cashback အစီစဥ်လေးရှိတာ သိပြီးကြပြီလား။ ဒီ Student Referral Program ကို မသိကြတဲ့သူတွေရှိသေးလို့ ပြန်ပြီး Sharing လုပ်ပေးလိုက်ပါတယ်နော် 💸🤤 အခုလာမယ့် June Intake အတန်းတွေမှာတက်ရောက်ဖို့ သူငယ်ချင်းတစ်ယောက်ကိုညွှန်းပေးတိုင်း အဲဒီသူငယ်ချင်းက အတန်းအပ်နှံပြီးတာနဲ့ Refer ပေးတဲ့ မောင်လေး၊ ညီမလေးတို့ဆီကို အစ်မတို့ကျောင်းဘက်ကနေ Cashback မုန့်ဖိုး ချက်ချင်း ပြန်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘူးနော်... ညွှန်းပေးခံရတဲ့ သူငယ်ချင်းကလည်း နောက်တစ်တန်းအတွက် Special Discount ကို ထပ်ပြီး ရရှိဦးမှာ ဖြစ်ပါတယ် 🤭✨ ဒီအစီစဥ်မှာပါဝင်မယ်ဆိုရင် 🤭 ကိုယ်ကတော့ မုန့်ဖိုးရမယ် 💸 သူငယ်ချင်းကတော့ အတန်းကောင်းကောင်း တက်ရမယ်၊ နောက်တစ်တန်းအတွက်လည်း Special discount ရမယ် 📚 နှစ်ယောက်လုံး စာမေးပွဲလည်း အောင်မယ် ✨ အချင်းချင်း ဝင်းဝင်း (Win-Win-Win) ဖြစ်မယ့် အစီအစဉ်မို့လို့ လက်မလွှတ်တမ်း အသုံးချလိုက်ကြပါဦး။ အတန်းအတူတက်ဖို့ အဖော်မရှိတဲ့သူတွေ၊ စာလေ့လာဖို့ လမ်းပျောက်နေတဲ့ သူငယ်ချင်းတွေကို Educatry အကြောင်း ညွှန်းပေးလိုက်ရုံပဲ။ သူငယ်ချင်း အတန်းအပ်တဲ့အခါ ကိုယ့်ရဲ့ [နာမည်/ဖုန်းနံပါတ်] ကို ကျောင်းက မမတွေကို ပြောခိုင်းလိုက်နော်။ 😉 ကဲ... လက်သွက်တဲ့သူပဲ အရင်ရမှာမို့လို့ ဘယ်သူတွေ မုန့်ဖိုး အရင်ဆုံး လာထုတ်မလဲ🤭🤭

Eduworldwide Academic Services က ကလေးတွေကို study abroad နဲ့ပါတ်သတ်တဲ့ service တွေကို တီချယ်ကိုယ်တိုင်ဦးဆောင်ပြီး အဓိကဆောင်ရွက်ပေးတဲ့ EIEC ရဲ့ လုပ်ငန်းခွဲဖြစ်ပါတယ်ရှင်။ Academic Year 2026 အတွက် ကျန်ရှိနေတဲ့ Intake တွေမှာ တီချယ်တိုြနဲ့ကျောင်းလျှောက်မယ်ဆိုရင် Process အစအဆုံး Free of Charge ဆောင်ရွက်ပေးရုံမက Air Ticket (One way) လက်ဆောင်ပေးမည့်အပြင် တီချယ့် Birth Month ရှိတာဖြစ်တဲ့အတွက် Partnership ချိတ်ထားတဲ့ကျောင်းတွေမှာအပ်ရင် Cash Back (up to Baht 10,000 ) ကို မွေးနေ့အထိမ်းအမှတ်အနေနဲ့ပေးသွားဦးမှာဖြစ်ပါတယ်ရှင် 🥰 #eduworldwideacademicservices #studyabroad #visarunpackage #thailand

🎓 နိုင်ငံတကာမှာ ကျောင်းတက်နိုင်ဖို့က ဘဝရဲ့ အကြီးမားဆုံးအိပ်မက်ဆိုရင်… သင့်အိပ်မက်တွေနဲ့အနီးဆုံးမှာ EduWorldWide Academic Ser
+1
🎓 နိုင်ငံတကာမှာ ကျောင်းတက်နိုင်ဖို့က ဘဝရဲ့ အကြီးမားဆုံးအိပ်မက်ဆိုရင်… သင့်အိပ်မက်တွေနဲ့အနီးဆုံးမှာ EduWorldWide Academic Services ရှိနေပါပြီနော်။ 💁 လစဉ် မြန်မာကျောင်းသားကျောင်းသူများစွာကို သူတို့ရဲ့ Dream Country တွေဆီ အောင်မြင်စွာပို့ဆောင်ပေးနေတဲ့ EduWorldWide မှာ ✅ Study Abroad နဲ့ပတ်သက်ပြီး free Consultation လုပ်ပေးခြင်း ✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio) ✅ Academic Record များ Notary ပြန်ပေးခြင်း ✅ Scholarship Counselling ✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း) ✅ Air-Ticket Services ✅ Student Visa Process ✅ Accommodation Services တွေထိ တစ်နေရာတည်းမှာ A to Z တာဝန်ယူတာဝန်ခံမှုအပြည့် အာမခံချက်အပြည့်နဲ့ ဝန်ဆောင်မှုပေးနေတဲ့အပြင် ထိုင်း၊ စင်ကာပူအပါအဝင် ကမ္ဘာတဝှမ်းက အဆင့်မြင့်တက္ကသိုလ်ကြီးများစွာနဲ့လည်း Partnership အဖြစ် လက်တွဲချိတ်ဆက်ထားပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ကျောင်းတက်နိုင်ဖို့က ဘဝရဲ့ အကြီးမားဆုံးအိပ်မက်ဆိုရင် အိပ်မက်တွေကို လက်တွေ့ပုံဖော်ဖို့ အခုပဲ EduWorldWide Academic Services နဲ့ လာရောက်လက်တွဲဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 😉✨ 📌လိပ်စာ - စံရိပ်ငြိမ်ဂမုန်းပွင့် (၅)လွှာ၊ အင်းစိန်လမ်းမ၊ (လှည်းတန်းအနီး) ၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔 #EduWorldWide_Academic_Services #Admissions #education #consultation #StudyAbroad Page link 🔗 https://www.facebook.com/share/1H2S3a25st/?mibextid=wwXIfr

စံရိပ်ငြိမ်မှာကျောင်းတက်ရလို့ မုန့်ဖိုးပိုကုန်နေတဲ့သူရှိလား
Anonymous voting

GED ဖြေဖို့ ပြင်ဆင်​နေရင်း ဒီအမှားတွေကို လုပ်မိနေပြီလား 🤔🤔 ​ညီ​လေး/ညီမ​လေးတိုအ​နေနဲ့ GED အတွက် စာလုပ်ရ​​​င်းနဲ့ ကျောင်းသူ/​ကျောင်းသား ​တော်​တော်များများ သတိမထားမိဘဲ ပြုလုပ်မိတတ်ကြတဲ့ ဒီအမှား (၃) ချက်ကို ကိုယ်ကိုတိုင်က​ရော ပြုလုပ်​နေမိပြီလားဆိုတာကို ဆန်းစစ်ကြည့်ကြရ​အောင်။ ကိုယ်တိုင်ကGED​ဖြေဖိုကိုပြင်ဆင်နေတာပဲဖြစ်ဖြစ်၊ အခုမှ စပြီး GEDကိုလေ့လာချင်တာလိုပဲဖြစ်ဖြစ် ဒီအမှားတွေကို ကြိုသိထားမယ်ဆိုရင် အချိန်ကုန်၊ ငွေကုန် သက်သာ​စေ​ပြီးတစ်ခါတည်းနဲ့ အမှတ်ကောင်းကောင်းရရှိနိုင်မှာဖြစ်ပါတယ်​ခင်ဗျ။ အများစုပြုလုပ်မိတက်ကြတဲ့အမှားက​တော့- ​(၁) - အလွတ်ကျက်တဲ့စနစ် (Memorization) ကိုပဲ အားကိုးခြင်း ​ကျောင်းသူ/​ကျောင်းသား အများစုက စာတွေကို အလွတ်ကျက်ပြီး ဖြေဖို ကြိုးစားတတ်ကြပါတယ်။  တကယ်တော့ GED ရဲ့ ဘာသာရပ်တိုင်း (RLA, Social Studies, Science, Math) မှာ ပေးထားတဲ့ (Passage) တွေ၊ Graphicတွေ၊ ဇယားတွေကို ကြည့်ပြီး Critical Thinking နဲ့ Problem Solving ကိုပဲ အဓိက စစ်ဆေးတာပဲဖြစ်ပါတယ်ခင်ဗျ။ ဒါ​ကြောင့်မို ​ကျောင်းသူ/​ကျောင်းသား​တွေအ​နေနဲ့ GED ​ကို အမှတ်​ကောင်း​ကောင်းနဲ့ ​အောင်မြင်ချင်တယ်ဆိုရင် စာတွေကို အလွတ်ကျက်မယ့်အစား မေးခွန်းရဲ့ Concept ကို နားလည်အောင် လုပ်ရမှာပဲဖြစ်ပါတယ်ခင်ဗျ။ ​ (၂) - အင်္ဂလိပ်စာ အရည်အချင်း (English Proficiency) ကို လျှော့တွက်ခြင်း ​ Math တစ်ဘာသာတည်းကလွဲရင် ကျန်တဲ့ ဘာသာရပ် ၃ ခုလုံးဟာ Reading ပေါ်မှာ အများကြီး မူတည်နေတာပဲဖြစ်ပါတယ်ခင်ဗျ။ Math မှာတောင် Word Problems ပါတာမို အင်္ဂလိပ်စာ အားနည်းရင် မေးခွန်းကို နားလည်ဖိုခတ်ခဲနိုင်တာမျိုးဖြစ်တက်ပါတယ်ခင်ဗျ။ ဒါ​ကြောင့် GED ကို မလေ့လာခင် သိုမဟုတ် လေ့လာနေစဉ်အတွင်းမှာ Reading Skill တက်လာအောင် သတင်းတွေ၊ ဆောင်းပါးတွေ ပုံမှန်ဖတ်ပေးဖိုလိုအပ်ပါတယ်ခင်ဗျ။ Vocabulary  ကြွယ်ဝအောင် လည်း​လေ့လာထားရပါမယ်​နော်။ ​(၃) - Time Management မလုပ်တတ်ခြင်း ​GED စာမေးပွဲဟာ အချိန်အကန့်အသတ်နဲ့ ဖြေရတာဖြစ်ပြီး ကျောင်းသူ/​ကျောင်းသား တော်တော်များများက မေးခွန်းတစ်ခုတည်းမှာပဲ အချိန်အကြာကြီး ပိတ်မိနေတတ်ပြီး နောက်ဆုံးက ပုစ္ဆာတွေကို မဖတ်လိုက်ရဘဲ အချိန်ပြည့်သွားတတ်ပါတယ်ခင်ဗျ။ ဒါ​ကြောင့် Official မဖြေခင် GED Ready (Mock Test) ကို အချိန်ကိုက်ပြီး အိမ်မှာ အခေါက်ခေါက်အခါခါ ​လေ့ကျင့်ထားဖိုလိုအပ်ပါတယ်ခင်ဗျ။ မရတဲ့ မေးခွန်းရှိရင် ကျော်လိုက်ဖို (Flag for review လုပ်ဖို) ဝန်မလေးပါနဲ့​နော်။

🤫 Shhh... A Secret Mission is Loading! 🚀 ဟယ်လို... ညီလေး၊ ညီမလေးတိုရေ 📢 မကြာခင်မှာ EIEC ကနေ လက်ရှိတက်ရောက်နေတဲ့ ကျောင်းသားတွေအားလုံးအတွက် အရမ်းကို စိတ်လှုပ်ရှားဖိုကောင်းမယ့် "Secret Mission" တစ်ခုကို ယူဆောင်လာတော့မှာပါ။ ဒီအစီအစဉ်က ပျော်ရွှင်စရာတွေတင်မကဘဲ ဗဟုသုတနဲ့ အတွေ့အကြုံသစ်တွေကိုပါ တစ်ဝကြီး ရရှိစေမှာမို... အားလုံးပဲ အသင့်ပြင်ထားကြတော့နော် 😉 ဘာတွေဖြစ်မလဲဆိုတာ သိချင်နေပြီလား? ဒါက ဘာလဲဆိုတာကိုတော့ အခုလောလောဆယ် "Secret Mission" အနေနဲ့ပဲ လျှိဝှက်ထားလိုက်ပါဦးမယ်။ ဒီ Mission က ဘာဖြစ်မယ်လို ထင်လဲ? ခန့်မှန်းမိတဲ့သူရှိရင်လည်း အားမနာတမ်း Comment မှာ ရေးသွားကြဦးနော်။ စိတ်လှုပ်ရှားဖိုကောင်းတဲ့ အသေးစိတ်အချက်အလက်တွေကို မကြာခင်မှာ ထပ်မံကြေညာပေးသွားမှာမို Stay Tuned ပါ! ✨

အားလုံးသတိပြုဆင်ခြင်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်ရှင့်။ Tr Chaw

Important Announcement from GED Official Test Center ‼️‼️‼️ ဆရာ/ဆရာမတို့ရှင့် GED ဖြေဆိုတဲ့အခါ ကျောင်းသားတွေကိုသတိထားသင့်တာလေးပြောပြပေးလို့ရအောင် မျှဝေပေးတာပါရှင့်။ အခုနောက်ပိုင်း Testing room ထဲမှာရှိတဲ့ CCTV များမှာ AI system တွေပါ ပါလာပြီဖြစ်ပါတယ်။ Pearson ဘက်မှ Security ပိုင်းကို Update မြှင့်တင်ထားတာဖြစ်ပြီး Testing room အတွင်းမသင်္ကာဖွယ်အပြုအမူတစုံ တရာရှိရုံနဲ့ချက်ချင်းတွေ့ရှိနိုင်မှာဖြစ်ပါတယ်ရှင်။ ထိုကဲ့သို့တွေ့ရှိပါက Testing room ထဲမှထုတ်ပယ်ခံရမည့် အပြင် GED ဘက်မှ Officially Banned ခံရမှာဖြစ်ပါတယ်ရှင်။ ‌ကျောင်းသားတွေကိုစာမေးပွဲခန်းထဲမဝင်ခင် Security check လုပ်တဲ့အခါပူးပေါင်းပါဝင်ဖို့တိုက်တွန်းပေး‌စေလို ပါတယ်ရှင်။ ID card မှလွဲ၍မည်သည့်စာရွက်စာတမ်းမျှ (notes, tissue, ပိုက်ဆံ) စသည်များ၊ ပစ္စည်းမျှ ယူဆောင်ခြင်းမပြုဖို့၊ ခန္ဓာကိုယ်ပေါ်တွင် စာများရေးသားထားခြင်း ကိုမလုပ်ဖို့မှာကြားနိုင်ပါတယ်ရှင်။ Exam room ထဲတွင်မသမာသည့်အပြုအမူများပြုလုပ်ခြင်း၊ ဖြေဆိုသူအချင်းချင်းစကားပြောဆိုခြင်း၊ ကိုယ်ဟန်အမူအရာသုံး၍ဆက်သွယ်ခြင်း၊ အခြားသူများ၏ screen ကိုကြည့်ခြင်း၊ စာရွက်စာတမ်းနှင့် အခြားသောပစ္စည်းများကိုအသုံးပြု၍မသမာမှုပြုလုပ်ခြင်းများမပြုလုပ်ဖို့မှာကြားနိုင်ပါတယ်ရှင်။ (*ယခုရက်ပိုင်း Testing room အတွင်းမသမာမှုပြုလုပ်သောကျောင်းသားများကို Admin များကိုယ်တိုင်သော်လည်းကောင်း၊ CCTV မှသော်လည်းကောင်း တွေ့ရှိရနေပါတယ်ရှင်။ နေ့စဥ်ရက်ဆက်ဆိုသလိုဖြစ်နေပြီးထိုကဲ့သို့တွေ့ရှိရပါက စာမေးပွဲခန်းထဲတွင်လုံးဝဆက်ဖြေခွင့်မရှိခြင်း သို့မဟုတ် GED ဘက်မှ Officially banned ခံရခြင်းများမလွဲမသွေခံရမည်ဖြစ်ပါတယ်ရှင်*)

⚠️ အရင် Campus အဟောင်းကိုတော့ လုံးဝ ပိတ်သိမ်းလိုက်ပြီမလို့ နေရာမှားမသွားကြနဲ့ဦးနော်

New Campus, New Vibes! EIEC ကို Campus အသစ်စက်စက်ဆီမှာ တရားဝင်ဖွင့်လှစ်လိုက်ပြီနော်... 🌱 Hello ညီလေး/ညီမလေးတို့ရေ... အားလုံး
New Campus, New Vibes! EIEC ကို Campus အသစ်စက်စက်ဆီမှာ တရားဝင်ဖွင့်လှစ်လိုက်ပြီနော်... 🌱 Hello ညီလေး/ညီမလေးတို့ရေ... အားလုံးပဲ မင်္ဂလာပါခင်ဗျာ EIEC ရဲ့ ကလေးလေးတွေကို ပိုပြီး Smart ကျကျ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာသင်ယူနိုင်စေဖို့အတွက် EIEC Yangon Campus ကို စံရိပ်ငြိမ် ဂမုန်းပွင့်၊ (၅) လွှာ မှာ ပိုမိုကောင်းမွန်တဲ့ Facilities တွေနဲ့ ပြောင်းရွှေ့ဖွင့်လှစ်လိုက်ပါပြီနော် 🥳✨ ဒီနေ့ကစပြီး... ✅ New Campus မှာ သင်တန်းအသစ်တွေကို စုံစမ်း/ကျောင်းအပ်နိုင်ပြီ! ✅ အတန်းတွေကိုအားလုံးကိုလည်း Campus အသစ်မှာ တက်ရပါမယ်! ပိုလန်းတဲ့ Vibes တွေ၊ ပိုမိုက်တဲ့ စာသင်ခန်းတွေနဲ့အတူ တွေ့ရတော့မှာမလို့ အားလုံးပဲ ရင်ခုန်နေကြပြီလား? ကဲ... ကိုယ့်ရဲ့ Student Life ကို Campus အသစ်ကြီးမှာ အတူတူ စတင်လိုက်ရအောင်။ အချိန်ရရင် Campus အသစ်ကြီးကို အပြေးလေး လာလည်ကြဖို့လည်း ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ EIEC New campus လိပ်စာ - လိပ်စာ - အခန်းအမှတ် (၅၁၁)၊ စံရိပ်ငြိမ်ဂမုန်းပွင့် (၅) လွှာ၊ အင်းစိန်လမ်းမ (လှည်းတန်းအနီး)၊ ရန်ကုန်မြို့။

Reminder Alert! 🚨 ဒီနေ့ နေ့လည် (၂) နာရီ ဆုံကြမယ်နော်! ✨ Business Major တွေနဲ့ ပတ်သက်ပြီး အစဉ်အလာကြီးမားပြီး Reputation ကောင်
Reminder Alert! 🚨 ဒီနေ့ နေ့လည် (၂) နာရီ ဆုံကြမယ်နော်! ✨ Business Major တွေနဲ့ ပတ်သက်ပြီး အစဉ်အလာကြီးမားပြီး Reputation ကောင်းတဲ့ UTCC မှာ ကျောင်းဝင်ခွင့်အကြောင်းတွေအပြင်... အထူးခြားဆုံး 3+1 Program (ထိုင်း + ပြင်သစ်) အကြောင်းကိုပါ တစ်ဝကြီးမေးမြန်းဖို့ အဆင်သင့်ပဲလား? 😍 UTCC က တာဝန်ရှိသူတွေကိုယ်တိုင် EIEC Yangon Campus မှာ စောင့်ကြိုနေမှာဆိုတော့ ဒီနေ့ သေချာပြင်ဆင်ပြီး ထွက်လာခဲ့တော့နော်! 🏃‍♂️💨 📍 Location: EIEC Yangon Campus 📅 Date: 11. May. 2026 (Today!) ⏰ Time: 2:00 PM - 3:30 PM

ထိုင်းနိုင်ငံအထိ သွားစရာမလိုဘဲ UTCC တက္ကသိုလ်နဲ့ ရန်ကုန်မှာတင် တိုက်ရိုက်တွေ့ဆုံကြမယ်! 🇹🇭✈️ ​ စီးပွား​ရေး Major နဲ့ပတ်သက်ပြီး ​နာမည်ကြီးတဲ့ UTCC မှာ​ကျောင်းတက်ချင်တဲ့သူ​တွေအတွက် ​ - ကျောင်းဝင်ခွင့်အတွက် ဘာတွေပြင်ဆင်ရမ လဲ? ​- ကျောင်းလခနဲ့ နေထိုင်စရိတ်တွေကရော ဘယ်လောက်ရှိမလဲ? ​- UTCC က​နေမှ ထပ်မံအသစ်ဖွင့်လှစ်လိုက်တယ့် New Program ထိုင်းမှာ ၃နှစ် ပြင်သစ်မှာ ၁နှစ် တက်​ရောက်နိုင်မယ့် အ​ကြောင်းကိုဘယ်လို​တွေမိတ်ဆက်​ပေးသွားမလဲ? - ဒီလိုအချက်အလက်တွေကို သိဖို့အတွက် ထိုင်းနိုင်ငံအထိ လေယာဉ်စီးပြီး သွားရောက်စုံစမ်းစရာ မလိုတော့ပါဘူး။ ❌✈️ ​ - အခုဆိုရင် ထိုင်းနိုင်ငံရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍမှာ နာမည်ကျော်ကြားတဲ့ UTCC တက္ကသိုလ် က တာဝန်ရှိသူကိုယ်တိုင် EIEC Yangon Campus သို့ လူကိုယ်တိုင် လာရောက်ပြီး ဆွေးနွေးပေးသွားမယ့် အထူးပွဲလေးရှိနေပါတယ်။ ​ - ဒီပွဲတက်ပြီး ဘာ​တွေရသွားမလဲ ?🤔 ✅ Direct Consultation: UTCC တက္ကသိုလ်ကတာဝန်ရှိသူတွေနဲ့ တစ်ဦးချင်း (Face-to-Face) တိုင်ပင်ဆွေးနွေးခွင့်ရရှိခြင်း။ ✅ Accurate Info: ကျောင်းဝင်ခွင့်၊ ပညာသင်ဆု (Scholarships) နှင့် Career အခွင့်အလမ်းများကို တိကျခိုင်မာစွာ သိရှိခွင့်ရခြင်း။ ✅ Save Time & Cost: ထိုင်းနိုင်ငံအထိ သွားရောက်ရမည့် အချိန်နှင့် ကုန်ကျစရိတ်များကို သက်သာစေခြင်း။ ​ - ကျောင်းသူ၊ ကျောင်းသားများသာမက မိဘကိုယ်တိုင်ပါ တက်ရောက်ပြီး သားသမီးတို့ရဲ့ ပညာရေးရှေ့ရေးအတွက် စိတ်ချလက်ချ မေးမြန်းဆွေးနွေးနိုင်မယ့် အခွင့်အရေးဖြစ်လို့ အခုပဲ စာရင်းပေးသွင်းလိုက်တော့နော်။ ​ 📍 Location : EIEC Yangon Campus 📅 Date : 11. May. 2026 ⏰ အချိန်: 2:00 pm to 3: 30 pm

https://www.facebook.com/100052695144947/posts/pfbid09JHfsMihBvX89Q9qTqxFUfTV5DymdBmDbFvkG8KWqQBXuuQQhMK7zVDFvNGyLEZNl/?mibextid=wwXIfr KMITL Final Round စခေါ်နေပါပြီ။ လျှောက်ချင်တဲ့သူများရှိရင် တီချယ့်ဆီမှာ သိချင်တာမေးလို့ရပါတယ်ရှင်။ Guideline လိုအပ်ရင်လဲ ချပေးပါမယ်ရှင့်။ Tr Chaw

မင်္ဂလာပါရှင်။ တီချယ်တို့နဲ့အတူ အနီးစပ်ဆုံး intake တွေမှာလျှောက်ထားလို့ရမယ့် Private University 3 ကျောင်းကိုဖော်ပြပေးလိုက်ပါတ
+2
မင်္ဂလာပါရှင်။ တီချယ်တို့နဲ့အတူ အနီးစပ်ဆုံး intake တွေမှာလျှောက်ထားလို့ရမယ့် Private University 3 ကျောင်းကိုဖော်ပြပေးလိုက်ပါတယ်ရှင်။ Study Abroad နဲ့ပတ်သက်ပြီး free Consultation လုပ်ပေးတာကစလို့ ✅ လိုအပ်သော စာရွက်စာတမ်းများ ကူညီပြင်ဆင်ပေးခြင်း (Proofreading, Personal statement, Statement of Purpose, Portfolio) ✅ Academic Record များ Notary ပြန်ပေးခြင်း ✅ Scholarship Counselling ✅𝐒𝐭𝐮𝐝𝐞𝐧𝐭 𝐕𝐢𝐬𝐚 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 𝐩𝐫𝐨𝐜𝐞𝐬𝐬 ✅ ကျောင်းအပ်ပေးခြင်း (Application Process အစအဆုံးကို တာဝန်ယူဆောင်ရွက်ပေးခြင်း) ✅ Air-Ticket Services ✅ ထိုင်းနိုင်ငံမှာ ကျောင်းတက်ရင်း နေထိုင်ရန် နေရာထိုင်ခင်း ရှာဖွေစီစဉ်ပေးခြင်း ( Accommodation Services) တိုကို တစ်နေရာတည်းမှာ စုံလင်စွာဖြင့် ဝန်ဆောင်မှုပေးနေပါတယ်ရှင်။ 📌လိပ်စာ - အမှတ် ၃၃, သီရိမင်္ဂလာလမ်း၊ ၈ ရပ်ကွက်၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်မြို့ ဖုန်းနံပါတ် - 𝟎𝟗𝟒𝟎𝟓𝟑𝟑𝟕𝟕𝟔𝟔

မင်္ဂလာရှိတဲ့ နှစ်သစ် (၁၃၈၈ ခုနှစ်) ဖြစ်ပါစေရှင်။ ခုနှစ်ရက်သားသမီးများနှင့် ကျောင်းသား/သူများ မိသားစုဝင်များအားလုံးပျော်ရွှင်ကျန်းမာကြပြီး စီးပွားဥစ္စာဒီရေအလားတိုးတက်ပါစေရှင့် 🍀🙏 Tr Chaw 🤍

မြန်မာနှစ်သစ်ကူး အချိန်ခါသမယမှာ ဆရာ/ဆရာမများ၊ ကျောင်းသူ/သားများ၊ မိဘများအားလုံးနှင့် ခုနှစ်ရက်သားသမီးများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘများတိုးတက်ပါစေ ရည်မှန်းထားသည်များအောင်မြင်ပါစေလို့ တီချယ်က ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင် 🙏 ပျော်ရွှင်စရာ သင်္ကြန်ရက်လေးတွေဖြစ်ပါစေရှင် 💦

မင်္ဂလာပါ EIEC ​ကျောင်းသူ/​ကျောင်းသားများခင်ဗျာ... ​ လာမည့် မြန်မာ့ရိုးရာ အတာသကြ်န်ပွဲတော်အတွက် ​EIEC ​မှပြုလုပ်ကျင်းပ​ပေးမည့
မင်္ဂလာပါ EIEC ​ကျောင်းသူ/​ကျောင်းသားများခင်ဗျာ... ​ လာမည့် မြန်မာ့ရိုးရာ အတာသကြ်န်ပွဲတော်အတွက် ​EIEC ​မှပြုလုပ်ကျင်းပ​ပေးမည့် ​ကျောင်းသကြ်န် အစီအစဉ်များတွင် ပါဝင်လိုသည့် ​ကျောင်းသူ/​ကျောင်းသားများအနေဖြင့် စာရင်းပေးသွင်းနိုင်ရန် အသိပေးအပ်ပါသည်။ 📍စာရင်းပေးသွင်းခြင်းကို ဒီ​နေ့အထိ Register ဖွင့်​ပေးထားမည်ဖြစ်ပြီး နောက်ဆုံးရက်ဖြစ်သောကြောင့် သတ်မှတ်ထားသည့် အချိန်အတွင်း အမြန်ဆုံး စာရင်းပေးသွင်းကြပါရန် တိုက်တွန်းလိုပါသည်။📍 • ​Deadline : [2nd, April, 2026] (Today) • ​Register Link : https://docs.google.com/spreadsheets/d/1zglPYgW3-TNH5m2IV8RsxSXLOnmnP2GIWn1rf_qzP_U/edit?usp=sharing ​ EIEC Thingyan Water Festival Location Date : 3rd, April, 2026 Time : 10:00am to 5:00pm Location : The White Cottage Restaurant & Lounge No. (6) Kanbawza Street, Yangon မေ့နေလို့ စာရင်းမသွင်းရသေးတဲ့သူတွေရှိရင် အခုပဲ အမြန်လေး စာရင်းသွင်းလိုက်ကြစို့။ လက်လွတ်မခံဘဲ အတူတူ ပျော်ကြရအောင်နော်!