ar
Feedback
Educatry International Education Center

Educatry International Education Center

قناة بسيطة

إظهار المزيد
2 208
المشتركون
-124 ساعات
-47 أيام
-2630 أيام
أرشيف المشاركات
ကျောင်းပိတ်ရက် အသိပေးချက် ⚠️ မနက်ဖြန် (30.9.2026) ဗုဒ္ဓဟူးနေ့မှာ EIEC Yangon campus ရဲ့ Rainy Season - Sports Day ကို ကျင်းပပ
ကျောင်းပိတ်ရက် အသိပေးချက် ⚠️ မနက်ဖြန် (30.9.2026) ဗုဒ္ဓဟူးနေ့မှာ EIEC Yangon campus ရဲ့ Rainy Season - Sports Day ကို ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် ပုံမှန်ဖွင့်လှစ်လျက်ရှိသော တန်းခွဲများနှင့် ရုံး၊ စုံစမ်းမေးမြန်းမှုများကို မနက်ဖြန် (၁) ရက်၊ ခေတ္တ ပိတ်ထားမှာဖြစ်ကြောင်း ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများကို ကြိုတင်အသိပေးအပ်ပါတယ်ရှင်။ 

GED Science ဆိုတာ အလွတ်ကျက်ရုံနဲ့ ရမယ်ထင်နေလား? တကယ်တော့ Exam မှာ အချက်အလက်တွေကို ဖတ်ပြီး Hypothesis ကို ခွဲနိုင်လားဆိုတာမျိုးကို မေးတာများပါတယ်နော်။ ဥပမာအနေနဲ့ဆိုရင်- Plant A ကို နေရောင်ထဲထားတယ်။ Plant B ကို အမှောင်ထဲထားတယ်။ ၇ ရက်ကြာတော့ Plant A က ပိုကြီးလာတယ်။ ဒီ Experiment ရဲ့ Hypothesis က ဘာဖြစ်မလဲ? • A. Plant A ပိုကြီးလာတယ်။ • B. နေရောင်ရရင် အပင်ပိုကြီးမယ်။ • C. ၇ ရက်ကြာတယ်။ အဖြေသိတဲ့သူက Comment မှာ A / B / C လို့ ဖြေခဲ့ပေးနော်

GED MATH မှာ Calculator ကို ဘယ်လိုအသုံးချမလဲ? GED Math ဖြေတဲ့အခါ Calculator ရှိတာနဲ့ အားလုံးကို Calculator နဲ့ တွက်လို့ရတယ်လို့ မထင်လိုက်နဲ့နော် တချို့ Question တွေမှာ ဘယ် Formula သုံးရမလဲ၊ ဘာကိုရှာရမလဲ ဆိုတာကို ကိုယ်တိုင်စဉ်းစားနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ဥပမာ Exam Tip အ​နေနဲ့ Question ကိုဖတ်ပြီးတိုင်း “What am I looking for?” “What information do I already have?” “Which formula/operation should I use?” ဆိုပြီး ကိုယ့်ကိုယ်ကို မေးကြည့်ပါ ပြီးရင် Calculator က တွက်ပေးနိုင်ပါတယ်​နော်။ ဒါပေမယ့် ဘာတွက်ရမလဲဆိုတာတော့ ကိုယ်တိုင်သိရမယ်။ Mini Challenge အ​နေနဲ့ A shirt costs $40 and is on sale for 25% off. ❓ Sale price ဘယ်လောက်ဖြစ်မလဲ? A) $10 B) $25 C) $30 D) $35 အဖြေမှန်ကိုသိရဖို့အတွက် ကိုယ်တိုင်တွက်ကြပြီး အဖြရတယ်ဆိုရင် Comment လုပ်ကြည့်ခဲ့ပါ။ 👀

photo content

EIEC’s Sports Day Announcement မောင်လေး၊ ညီမလေးတို့ အားလုံး မင်္ဂလာပါ။ မကြာခင်မှာ EIEC ရန်ကုန်ကျောင်းရဲ့ Sports Day ကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Sport Day နေ့မှာ အချင်းချင်း ပိုမို ရင်းနှီးချစ်ခင်ကြစေဖို့နဲ့ ပျော်ပျော်ပါးပါး ပူးပေါင်းပါဝင်နိုင်ဖို့အတွက် Group Games (အသင်းလိုက် ကစားနည်းများ) ကို ကျင်းပသွားမှာ ဖြစ်ပါတယ်။ 🥤 ပျော်ပျော်ရွှင်ရွှင် ဆော့ကစားရမယ့် Game တွေအပြင် ကစားရင်း ချွေးထွက်ပြီး မောပန်းသမျှ ပြေပျောက်သွားအောင် ပွဲနေ့မှာ မုန့်နဲ့ အအေးတွေကိုလည်း ပြင်ဆင်ဧည့်ခံပေးသွားဦးမှာပါ။ 🏆 ပွဲမှာ အနိုင်ရရှိတဲ့ အသင်းအတွက်လည်း ထိုက်ထိုက်တန်တန် ဆုလက်ဆောင်တွေကို ပေးအပ်သွားမှာ ဖြစ်တာမို့ ဆုတွေကို အတူတူ သိမ်းပိုက်လိုက်ကြရအောင်။ ဒါ့အပြင် အားကစား စိတ်ဓာတ်ကို မြှင့်တင်ဖို့နဲ့ ညီညီညွတ်ညွတ်နဲ့ တစ်သွေးတည်း တစ်သားတည်း ရှိစေဖို့အတွက် အားလုံး ဆင်တူ ဝတ်ဆင်နိုင်မယ့် ဆင်တူ Team T-Shirt လေးတွေကို ရောင်းချပေးသွားဖို့ရှိပါတယ်။ 👕 T-shirt information M - 100 lb - 18000 MMK L - 120 lb - 19000 MMK XL - 160 lb - 20000 MMK ကျောင်းစာတွေကို ခဏဘေးချိတ်ပြီး အသင်းလိုက် ညီညွတ်မှုနဲ့အတူ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရင်း ပျော်ရွှင်စရာ အမှတ်တရတွေ ဖန်တီးဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်နော် 🏆🔥 📅 Date: 30.9.2026 ⏰ Time: 9:30 AM to 12:30 PM 📍 Location: To Be announced Registration deadline - 21.9.26 (4:30 PM)  Remark - Registrion Form ဖြည့်ပြီးပါက Team T-shirt ရယူဖို့အတွက် Deposit - 5000 MMK သွင်းပေးဖို့ လိုအပ်ပါမယ်။ Payment method -  ✅ K pay/ Wave / AYA  09779604148 (Nadi Win) Registration form - https://forms.gle/TdYbF64sFPhU7rNK9

Get ready for the BIGGEST day of the year🔥 ဒီဇင်ဘာလရဲ့ အေးချမ်းတဲ့ ရာသီဥတုမှာ အနွေးထွေးဆုံးနဲ့ အလှပဆုံးဖြစ်လာမယ့် Special Day တစ်ခုကို EIEC က ဖန်တီးပေးတော့မှာပါ။ Hint ပေးမယ်ရမယ်ဆိုရင် အဲ့ဒီနေ့မှာ EIEC က မောင်လေး၊ ညီမလေးတွေက “ဒီဇိုင်းဆန်းဆန်း၊ အပြုံးလှလှလေးတွေနဲ့ အမိုက်စား Outfit တွေအပေါ်မှာ ဂုဏ်ယူစရာ ခြုံလွှာတစ်ခုဝတ်ဆင်ပြီး Stage ပေါ်မှာ အလင်းလက်ဆုံး တောက်ပရမယ့်အချိန်✨” ကဲ​ ဒီလောက်ဆိုရင် ဘယ်လိုအရာတွေက စောင့်ကြိုနေမလဲ သိပြီဟုတ်။ အသေးစိတ်ကို ထပ်ပြီး ကြေညာပေးတော့မှာမို့လို့ သူငယ်ချင်းတွေကို လက်တို့ထားပြီး Stay Tuned နော် 🤭🤭

https://www.facebook.com/share/19beViHeVC/?mibextid=wwXIfr 2026 မကုန်ခင်လျှောက်ထားနိုင်မည့်ထိုင်နိုင်ငံကတက္ကသိုလ်တွေကိုဖော်ပြလိုက်ပါတယ်ရှင်။ တချို့ကျောင်းတွေက October/November Intake တက်လို့ရမှာဖြစ်ပြီး တချို့ကတော့ 2027 January Intake (Early Admission) အတွက်ကြိုတင်လျှောက်ထားလို့ရနေပြီဖြစ်ပါတယ်ရှင် ✅ အသေးစိတ်စုံစမ်းမေးမြန်းလိုရင် တီချယ့်ဆီကို တိုက်ရိုက်မေးလို့ရပါတယ်ရှင်🥰

မင်္ဂလာပါ တီချယ်ချောပါရှင် ☺️ တီချယ့်ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ EduWorldwide Academic Services ကနေ လျှောက်ထားလို့ရမယ့် Malay
မင်္ဂလာပါ တီချယ်ချောပါရှင် ☺️ တီချယ့်ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ EduWorldwide Academic Services ကနေ လျှောက်ထားလို့ရမယ့် Malaysia နိုင်ငံရှိ တက္ကသိုလ်များကိုဖော်ပြပေးလိုက်ပါတယ်ရှင် 🇲🇾 1️⃣ INTI International University 🎓 Major: Business, IT, Engineering, Computing, Hospitality 📅 Intake: Programme အလိုက် Jan–Sep အတွင်း 💰 Tuition: Programme အလိုက် ခန့်မှန်း RM 60,000+ 2️⃣ Newcastle University Medicine Malaysia 🎓 Major: Medicine (MBBS), Biomedical Sciences 📅 Intake: September 💰 Tuition: Biomedical RM58,512/year MBBS RM139,920/year 3️⃣ Taylor’s University 🎓 Major: Business, Computing, Engineering, Architecture, Hospitality, Design, Communication 📅 Intake: February / April / September 💰 Tuition: RM100,000–170,000+ / programme (programme အလိုက်) 4️⃣ Asia Pacific University (APU) 🎓 Major: IT, Software Engineering, AI, Cyber Security, Data Science, Business, Accounting, Psychology, Architecture, Engineering 📅 Intake: Programme အလိုက် 💰 Tuition: RM100,000+ / programme 5️⃣ City University Malaysia 🎓 Major: Business, IT, Engineering, Architecture, Creative Arts, Health Sciences 📅 Intake: Jan/Feb • May/June • Sep/Oct (programme အလိုက်) 💰 Tuition: RM50,000+ 6️⃣ Raffles University 🎓 Major: Business, Design, Architecture & Built Environment 📅 Intake: Programme အလိုက် 💰 Tuition: RM80,000+ / programme 7️⃣ Methodist College Kuala Lumpur (MCKL) 🎓 Foundation, Pre-University, Diploma programmes 📅 Intake: Programme အလိုက် 💰 Tuition: RM15,000+ 8️⃣ UNITAR International University 🎓 Major: Business, Accounting, HR, IT, Education, Mass Communication, Hospitality 📅 Intake: Multiple Intakes 💰 Tuition: RM40,000+ / programme (programme အလိုက်) 9️⃣ Sunway University 🎓 Major: Business, IT, Computing, Engineering, Psychology, Communication, Arts 📅 Intake: Programme အလိုက် 💰 Tuition: RM80,000–130,000+ / programme 🔟 Swinburne University of Technology Sarawak 🎓 Major: Computer Science, Software Engineering, Engineering, Business, Design 📅 Intake: March / September 💰 Tuition: RM40,000–55,000+ / year 1️⃣1️⃣ IMU University 🎓 Major: Medicine, Dentistry, Pharmacy, Biomedical Science, Nursing, Psychology, Business 📅 Intake: Programme အလိုက် 💰 Tuition: Programme အလိုက် — Health/Medical programmes များမှာ ပိုမြင့်နိုင် 1️⃣2️⃣ SEGi University 🎓 Major: Business, IT, Engineering, Architecture, Health Sciences, Hospitality 📅 Intake: Multiple Intakes 💰 Tuition: RM50,000+ / programme 1️⃣3️⃣ MILA University 🎓 Major: Business, Management, IT နှင့် related programmes 📅 Intake: Multiple Intakes 💰 Tuition: RM60,000+ / programme 1️⃣4️⃣ Lincoln University College 🎓 Major: Business, IT, Hospitality, Health Sciences စသည် 📅 Intake: Programme အလိုက် Multiple Intakes 💰 Tuition: RM50,000+ / programme ကုန်ကျစရိတ်တွေကInternational Students အတွက် ခန့်မှန်း Tuition Fee ဖြစ်ပြီး programme, duration, intake, SST, registration/visa fees စသည်တို့အပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်ရှင်။ Final quotation ကို University ကနေ confirm လုပ်ပေးမှာဖြစ်ပါတယ်ရှင်✅ အသေးစိတ်ထပ်မံသိချင်တာရှိရင် တီချယ့် messenger သို့မဟုတ် Eduworldwide page messenger မှာ စုံစမ်းမေး မြန်းနိုင်ပါတယ်ရှင် 🎓✨ https://www.facebook.com/share/1JHjP19UEi/?mibextid=wwXIfr Eduworldwide Academic Services page လေးပါရှင့် ✅

Are you ready for movie day? ✨ တီချယ်နဲ့ကျောင်းအဖွဲ့ကတော့ မနက်ဖြန် EIEC (Yangon Branch) ရဲ့ Movie Day မှာ register လုပ်ထားတဲ့
Are you ready for movie day? ✨ တီချယ်နဲ့ကျောင်းအဖွဲ့ကတော့ မနက်ဖြန် EIEC (Yangon Branch) ရဲ့ Movie Day မှာ register လုပ်ထားတဲ့ ကလေးအယောက်(၄၀) အတွက် Ready ဖြစ်နေပါပြီရှင့် 🥰 ကျောင်းမှာ သူငယ်ချင်းတွေနဲ့ Movie Date ရင်း Social Studies နဲပါတ်သတ်တဲ့ အကြောင်းအရာလေးတွေပါသင်ယူလေ့လာခွင့်ရမှာဖြစ်လို့ အားလုံးအတွက်ပျော်ရွှင်စရာကောင်းပြီးအကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ရှင့် ☺️

August Intake တန်းခွဲတွေက ဒီအပတ် စဖွင့်မှာနော် August intake တန်းခွဲတွေ တက်ချင်တဲ့သူတွေက အမြန်ဆုံး အတန်းအပ်ထားဖို့ မမေ့နဲ့နော
August Intake တန်းခွဲတွေက ဒီအပတ် စဖွင့်မှာနော် August intake တန်းခွဲတွေ တက်ချင်တဲ့သူတွေက အမြန်ဆုံး အတန်းအပ်ထားဖို့ မမေ့နဲ့နော် ♥️ August intake တန်းခွဲများ ✅ GED Foundation (Online/In-person) ✅ GED Preparation (Online/In-person) ✅ GED intensive (In-person) ✅ SAT (Online) ✅ Pre-intermediate (Online) Group class တွေမတက်ပဲ တစ်ယောက်တည်းသင်ချင်တဲ့ကျောင်းသားတွေအတွက်လည်း One on One အတန်းတွေ စီစဉ်ပေးပါတယ်ရှင့်။

https://www.facebook.com/share/1EijD5Cb42/?mibextid=wwXIfr Dear Youth Organization က ကျင်းပပြုလုပ်တဲ့ Webinar လေးမှာ တီချယ်က
https://www.facebook.com/share/1EijD5Cb42/?mibextid=wwXIfr Dear Youth Organization က ကျင်းပပြုလုပ်တဲ့ Webinar လေးမှာ တီချယ်က guest speaker အဖြစ်ပါဝင်သွားမှာဖြစ်လို့ ပညာရေးလမ်းကြောင်းနဲ့ Career ပိုင်းမှာဘယ်လိုရွေးချယ်သင့်လဲသေချာမသိဘူး ဝေခွဲမရဖြစ်နေတယ်ဆိုရင် ဒီ webinar လေးကို Register လုပ်လိုက်တော့နော် 🥰

August intake is calling ❣️ အားလုံးစောင့်နေတဲ့ August intake အတွက် အတန်းချိန်လေးတွေ ထွက်ရှိလာပြီမို့လို့ အခုပဲ တန်းခွဲတွေကို စုံစမ်းအပ်နှံနိုင်ပါပြီနော်

photo content
+4

photo content

🎯 မိမိကိုယ်ကို အကောင်းဆုံးဦးဆောင်နိုင်ဖို့ "Future-Ready Leadership: Designing Your Next Chapter" Free Workshop ကလေးတို့ရဲ့ ဘဝမှာ ဒီလိုအခြေအနေမျိုးတွေကို ကြုံဖူးကြလား? 💢ကိုယ်တကယ် ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲဆိုတဲ့ ပန်းတိုင်ရေရေရာရာ မရှိ‌ဘဲ ပတ်ဝန်းကျင်ရဲ့ ရေစီးကြောင်းထဲမှာ လိုက်ပါမျောပါးရင်း အချိန်တွေ ကုန်ဆုံးသွားတတ်တာမျိုး… 💢ပြီးမှလုပ်မယ်၊မနက်ဖြန်မှ လုပ်မယ် ဆိုပြီး အလုပ်တွေကို အမြဲအချိန်ဆွဲနေတတ်ပြီး Deadline ကပ်ခါမှ ဖိအားတွေအများကြီးနဲ့ ရင်ဆိုင်ရတာမျိုး… 💢အခက်အခဲ၊ အတားအဆီး သေးသေးလေးကြုံလာရင်တောင် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ဘဲ အလွယ်တကူ စိတ်ဓာတ်ကျသွားတတ်တာမျိုး… 💢တိုးတက်မှုရပ်တန့်နေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တဖြည်းဖြည်း လျော့ကျလာတာမျိုး... နေ့စဉ်ဘဝမှာ ဒီအချက်တွေထဲက တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အားလုံးကိုဖြစ်စေ ကြုံတွေ့နေရပြီဆိုရင်တော့ သင်က မိမိကိုယ်ကို ဦးဆောင်နိုင်စွမ်းလို့ခေါ်တဲ့ Self-Leadership အားနည်းတဲ့ပြဿနာကို စိန်ခေါ်နေရပါပြီ။ ❗️ Self-Leadership ဆိုတာ ကိုယ့်ရဲ့ အတွေး၊ ခံစားချက်နဲ့ လုပ်ရပ်တွေကို ကိုယ်တိုင် သတိပြုမိပြီး လိုရာပန်းတိုင်ရောက်အောင် ထိန်းကျောင်းနိုင်တဲ့ စွမ်းရည်ဖြစ်ပြီး ကျောင်းသားလူငယ်များအတွက်လည် တက္ကသိုလ်ကောင်းတွေဆီ လျှောက်လှမ်းရာမှာရော၊ အနာဂတ်လုပ်ငန်းခွင်မှာ အောင်မြင်ဖို့အတွက်ပါ အရေးကြီးဆုံးသော့ချက်တစ်ခုဖြစ်ပါတယ်။ 🔓 ဒါကြောင့် ကိုယ်မလိုချင်တော့တဲ့ အလေ့အကျင့်ဆိုးတွေကြားက ရုန်းထွက်ပြီး မိမိကိုယ်ကို အကောင်းဆုံးဦးဆောင်နိုင်ချင်တဲ့ ကျောင်းသားလူငယ်များအတွက် EIEC ကျောင်းကနေ အခမဲ့တက်ရောက်နိုင်မယ့် "Future-Ready Leadership: Designing Your Next Chapter" Free Workshop လေးကို စီစဉ်ပေးထားပါတယ်။ ဒီသင်တန်းပွဲလေးကို ဦးဆောင်ဆွေးနွေးပေးသွားမှာကတော့… 👨‍🏫 Ms. Rachel (Edu Strategic Consultant) CEO & Founder of Rachel's Creative Studio ပဲဖြစ်ပါတယ်။ တီချယ် Ms. Rachel ဟာဆိုရင် ပညာရေးနယ်ပယ်ကို အဓိကဦးစားပေး ဆောင်ရွက်လျက်ရှိသော Edu Strategic Consultant တစ်ဦးဖြစ်ပြီး Rachel's Creative Studio ရဲ့ တည်ထောင်သူလည်းဖြစ်ကာ လုပ်ငန်းသက်တမ်း (၃ နှစ်ခွဲ) အတွင်း Creative Team အဖွဲ့သားများနှင့်အတူ လုပ်ငန်းပေါင်း ၁၀၀ ကျော်နှင့် လက်တွဲကာ ထိရောက်ထင်ရှားသော Marketing & Branding ရလဒ်ကောင်းများကို အောင်မြင်စွာ ဖော်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ “Future-Ready Leadership” Special Workshop မှာ ဘာတွေမျှဝေဆွေးနွေးပေးသွားမှာလဲ? သင်ခန်းစာတွေချည်း ပျင်းစရာကောင်းအောင်သင်ကြားပေးမှာမဟုတ်ဘဲ ပျော်စရာကောင်းတဲ့ ဂိမ်းတွေကို အတူတူကစားရင်း - ✅ ကိုယ့်ဘဝရဲ့ ရွေးချယ်မှုတွေကို ကိုယ်တိုင်တာဝန်ယူတတ်စေရန် (Be Proactive) ✅ စာမေးပွဲနှင့် ဘဝရည်မှန်းချက်တွေကို စနစ်တကျ ချမှတ်တတ်စေရန် (Begin with the End in Mind) ✅ ဖိအားတွေကြားထဲက အရေးကြီးတဲ့အလုပ်ကို ဦးစားပေးလုပ်တတ်စေရန် (Put First Things First) ✅ အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် (Synergize) စတဲ့ ခေါင်းဆောင်မှုအလေ့အကျင့်ကောင်းတွေကို လက်တွေ့ကျကျ ဆွေးနွေးမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။ ဒီ Workshop က ဘာတွေအာမခံပေးနိုင်လဲဆို သေချာတာတစ်ခုကတော့ Workshop ထဲကို ဝင်လာတဲ့သူနဲ့ ပြန်ထွက်သွားတဲ့သူ လုံးဝတူမှာမဟုတ်ပါဘူး။ Free Workshop ဖြစ်တဲ့အပြင် လူဦးရေ ၂၀ ထိသာ လက်ခံသွားမှာဖြစ်လို့ အနာဂတ်ရဲ့ အခန်းကဏ္ဍသစ်ကို အတူတူယုံကြည်ချက်ရှိရှိပုံဖော်နိုင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် လူမပြည့်ခင် အမြန်ဆုံးစာရင်းပေးသွင်းထားဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ ! 🎓✨ Workshop title - "Future-Ready Leadership: Designing Your Next Chapter" 📅 Date: 14.8.2026 (Fri) ⏰ Time: 9:00 AM to 12:00 PM 📍 Location: EIEC Yangon campus (5th floor, San Yeik Nyein Gamone pwint) Registration form - https://forms.gle/RUWLr6KYG44xu1kS8 Registration Deadline - 7.8.2026

🎓 EIEC - July Intake Online Orientation 🌟 ​Educatry International Education Center (EIEC) ရဲ့ July Intake ​ကျောင်းသား/​ကျော
+2
🎓 EIEC - July Intake Online Orientation 🌟 ​Educatry International Education Center (EIEC) ရဲ့ July Intake ​ကျောင်းသား/​ကျောင်းသူ အသစ်များအတွက် Online Orientation Session ကို ပြုလုပ်ပေးခဲ့ပါပြီ။ EIEC နဲ့အတူ နိုင်ငံတကာပညာရေးလမ်း​ကြောင်းအပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ တာထွက်ကြမယ့် ကျောင်းသား/ ကျောင်းသူတွေကတော့ အခုလိုမျိုး Ready ဖြစ်နေပါပြီ။

📢 Welcome Back! EIEC မှ GED ကျောင်းသားဟောင်းများအတွက် Special Discount 💥 EIEC ရဲ့ GED Preparation အတန်းတစ်ခုလုံးကို တက်ရောက်ပြီးစီးခဲ့ပြီး အကြောင်းကြောင်းကြောင့် Exam မဖြေရသေးတဲ့ ကျောင်းသား/သူတွေရှိကြလားနော်။ ဒီလိုမျိုး အတန်းနဲ့ Exam ကြားမှာ Gap တစ်ခုရှိနေပြီး စာပြန်လေ့လာဖို့ လိုအပ်နေတဲ့ ကျောင်းသားဟောင်းတွေအတွက် အထူးသက်သာမယ့် အစီအစဉ်လေးတစ်ခုကို EIEC က ပြင်ဆင်ပေးထားပါတယ်။ 📌📌 စာတွေကို အစအဆုံး ပြန်နွှေးပြီး Target Score မိမိရရ ထိန်းနိုင်ဖို့ Preparation တန်းခွဲကို ဒုတိယအကြိမ် ပြန်လည်တက်ရောက်လိုပါက ပုံမှန် သင်တန်းကြေးရဲ့ ထက်ဝက်သာ ပေးသွင်းပြီးတက်ရောက်နိုင်မှာဖြစ်ပါတယ်။ EIEC ရဲ့ ကျောင်းသားဟောင်းများအနေနဲ့ 1️⃣ Preparation Online ကို တက်ရောက်ထားပြီး Preparation In-Person (or) Online ပြန်လည်တက်ရောက်ပါက သင်တန်းကြေးရဲ့ 50% 2️⃣ Preparation In-person ကို တက်ရောက်ထားပြီး Preparation In-Person ပြန်လည်တက်ရောက်ပါက သင်တန်းကြေးရဲ့ 50% 3️⃣ Preparation In-person ကို တက်ရောက်ထားပြီး Preparation Online ပြန်လည်တက်ရောက်ပါက သင်တန်းကြေးရဲ့ 60% ကို သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ EIEC ရဲ့ကျောင်းသားတွေအနေနဲ့ သက်သက်သာသာနဲ့ သင်ခန်းစာတွေကို သေချာပြန်နွှေးပြီး Score ကောင်းကောင်းတွေ ထပ်ယူဖို့ အထူးစီစဥ်ပေးထားတာဖြစ်ပါတယ်။ 🥰 အတန်းချိန် အသေးစိတ်သိလိုပါက Page Messenger မှာ လာရောက်စုံစမ်းဆက်သွယ်နိုင်ပါတယ်နော် 💬

သူငယ်ချင်းနဲ့အတူတူအတန်းအပ်ပြီးပြီလား❓❓
+3
သူငယ်ချင်းနဲ့အတူတူအတန်းအပ်ပြီးပြီလား❓❓

Capture the beautiful moments of our Floral Therapy 🌸🌿 မနေ့က Workshop လေးမှာ အားလုံးရဲ့ တက်ကြွတဲ့ ပါဝင်မှုတွေကြောင့် အရမ်းက
Capture the beautiful moments of our Floral Therapy 🌸🌿 မနေ့က Workshop လေးမှာ အားလုံးရဲ့ တက်ကြွတဲ့ ပါဝင်မှုတွေကြောင့် အရမ်းကို အောင်မြင်ပြီး အဓိပ္ပာယ်ရှိတဲ့ Floral Therapy Day လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ လာရောက်ပေးခဲ့ကြသူ အားလုံးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ လှပတဲ့ ပန်းလေးတွေကြားထဲက ပျော်ရွှင်စရာ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်သိမ်းဆည်းထားနိုင်ဖို့ အစ်မတို့ကျောင်းဘက်က ရိုက်ကူးပေးထားတဲ့ ဓာတ်ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် 📸 Photo drive link >> https://drive.google.com/drive/folders/1isCAAO4aXP7W9T6KLDo3UPLznurPbL0I

photo content