Metaphysical Learning Institute (MLI)
رفتن به کانال در Telegram
MLI is a organization that helped to create a more compassionate and spiritually aware world.
نمایش بیشتر697
مشترکین
+124 ساعت
+107 روز
+1830 روز
در حال بارگیری داده...
کانالهای مشابه
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
دسامبر '24
دسامبر '24
+1
در 0 کانالها
نوامبر '24
+2
در 0 کانالها
Get PRO
اکتبر '24
+11
در 0 کانالها
Get PRO
سپتامبر '24
+32
در 0 کانالها
Get PRO
اوت '24
+711
در 0 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 21 دسامبر | 0 | |||
| 20 دسامبر | 0 | |||
| 19 دسامبر | 0 | |||
| 18 دسامبر | 0 | |||
| 17 دسامبر | +1 | |||
| 16 دسامبر | 0 | |||
| 15 دسامبر | 0 | |||
| 14 دسامبر | 0 | |||
| 13 دسامبر | 0 | |||
| 12 دسامبر | 0 | |||
| 11 دسامبر | 0 | |||
| 10 دسامبر | 0 |
پستهای کانال
Heart Chakra Affirmation လေး မျှဝေပေးထားပါတယ်။
ဒီ Affirmations ကို ညအိပ်ခါနီးအချိန် (သို့မဟုတ်) မနက်အိမ်ရာထခါနီးအချိန်တွင်နားထောင်တာ အကောင်းဆုံးပါပဲ။ ✔️✔️✔️
ကားမောင်းနေစဉ်၊ အရေးကြီးကိစ္စများ ဆောင်ရွက်နေစဉ် အတောအတွင်း နားထောင်ခြင်းကိုတော့ ရှောင်ကြဉ်ဖို့လိုပါတယ်။❌❌❌ https://youtu.be/rxRFfU8A9WI
| 2 | Solar Plexus Chakra Affirmation လေး မျှဝေပေးထားပါတယ်။
ဒီ Affirmations ကို ညအိပ်ခါနီးအချိန် (သို့မဟုတ်) မနက်အိမ်ရာထခါနီးအချိန်တွင်နားထောင်တာ အကောင်းဆုံးပါပဲ။ ✔️✔️✔️
ကားမောင်းနေစဉ်၊ အရေးကြီးကိစ္စများ ဆောင်ရွက်နေစဉ် အတောအတွင်း နားထောင်ခြင်းကိုတော့ ရှောင်ကြဉ်ဖို့လိုပါတယ်။❌❌❌
https://youtu.be/IqxgoDgxiyY?si=87gARhB0SRsTZN9p | 297 |
| 3 | Sacral Chakra Affirmation လေး မျှဝေပေးထားပါတယ်။ https://youtu.be/QJRC8HtGC0U
ဒီ Affirmations ကို ကားမောင်းနေစဉ်၊ အရေးကြီးကိစ္စများ ဆောင်ရွက်နေစဉ် အတောအတွင်း နားထောင်ခြင်းကိုတော့ ရှောင်ကြဉ်ဖို့လိုပါတယ်။❌❌❌ | 299 |
| 4 | Root Affirmation လေး မျှဝေပေးထားပါတယ်။
ဒီ Affirmations ကို ညအိပ်ခါနီးအချိန် (သို့မဟုတ်) မနက်အိမ်ရာထခါနီးအချိန်တွင်နားထောင်တာ အကောင်းဆုံးပါပဲ။ ✔️✔️✔️
ကားမောင်းနေစဉ်၊ အရေးကြီးကိစ္စများ ဆောင်ရွက်နေစဉ် အတောအတွင်း နားထောင်ခြင်းကိုတော့ ရှောင်ကြဉ်ဖို့လိုပါတယ်။❌❌❌
https://youtu.be/gwjmGqlnAk4 | 424 |
| 5 | بدون متن... | 583 |
| 6 | ၅။ လည်မျိုချက္က (Throat chakra) နဲ့ သိုင်းရွိုက်ဂလင်း (Thyroid Gland) ချိတ်ဆက်မှု
ပဉ္စမချက္ကရဖြစ်တဲ့ လည်မျိုချက္ကရဟာ လည်ပင်းမှာရှိပြီး ဆက်သွယ်ဖလှယ်မှု၊ ထုတ်ဖော်ပြသမှူ၊ အမှန်တရားတို့နဲ့ ဆက်နွယ်နေပါတယ်။ ဒီချက္ကရက အတွင်းအသံ၊ ပြင်ပကအသံနဲ့ နက်နဲစွာနားလည်သိရှိမှုတို့ကို လွှမ်းမိုးမှုရှိပါတယ်။ လည်မျိုချက္ကက လည်ချောင်းအောက်မှာတည်ရှိနေတဲ့ သိုင်းရွိုက်ဂလင်း (Thyroid Gland) နဲ့ ချိတ်ဆက်နေပါတယ်။ သိုင်းရွိုက်ဂလင်းဟာ စလုတ်ရဲ့ အောက်နားမှာ လိပ်ပြာပုံသဏ္ဍာန်ရှိနေပြီး၊ သွေးကြောများစွာနဲ့ ပတ်လည်ဝိုင်းထားပါတယ်။ ဒီဂလင်းဟာ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဗေဒဖြစ်စဉ်တွေကို ထိန်းကြောင်းပေးသလို ခန္ဓာကိုယ်ကြီးထွားဖွံ့မှုကို ထိန်းချုပ်တဲ့ ဒြပ်တစ်မျိုးကိုလည်း ထုတ်ပေးပါတယ်။ ထိုအရာဟာ ကလေးအရွယ်မှာ ဦးနှောက်နဲ့ အရိုးဖွံ့ဖြိုးမှုအတွက် အထူးအရေးကြီးပါတယ်။ သူတို့ကောင်းမွန်စွာ အလုပ်လုပ်မှသာ လူ့ခန္ဓာဟာ စံချိန်မီ ကြီးထွားဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာ ကလေးဘဝကနေ အရွယ်ရောက်လာချိန်အထိ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ပေးတဲ့အပြင် ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတာ၊ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကို ထိန်းညှိပေးတာ၊ စိတ်ခံစားမှုနဲ့ စိတ်အခြေအနေတွေကို ထိန်းညှိပေးတာတွေလည်း လုပ်ဆောင်ပေးပါတယ်။
Thyroid နည်းလွန်းရင်လည်း အပူချိန်နည်းတာ၊ မကျေမနပ်ဖြစ်တာ၊ စိတ်အလိုမကျတာ၊ စိတ်ကျရောဂါရတာတွေ ခံစားရတတ်ပြီး Thyroid များလွန်းရင်လည်း သွေးပေါင်မြင့်တာ၊ နှလုံးခုန်မြင့်တာ၊ အပူချိန်မြင့်တာ၊ သိုင်းရွိုက်ဂလင်းကြီးလာတာတွေ ဖြစ်တတ်ပါတယ်။ Throat Chakra စွမ်းအင်ညီမျှမှုမရှိရင် အပြောအဆိုနဲ့ပတ်သက်ပြီး အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါတွေ ဖြစ်လာတတ်ပါတယ်။ ဒါက Thyroid Gland ရဲ့လုပ်ငန်းဆောင်တာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ စိတ်ဖိစီးမှုများနေတဲ့အခါမှာ Thyroid Gland ရဲ့ဟော်မုန်းထုတ်လုပ်မှုတွေဟာလည်း ပုံမှန်မဟုတ်တော့တာတွေ ဖြစ်နိုင်ပါတယ်။ Thyroid Gland ရဲ့ ပြဿနာတွေဖြစ်တဲ့ သိုင်းရွိုက်ဂလင်း အလုပ်မလုပ်တာ၊ သိုင်းရွိုက်ဟော်မုန်းတွေ အလွန်ထုတ်လုပ်နေတာ (Hypothyroidism, Hyperthyroidism) တွေဟာ သွေးတိုးရောဂါ၊ စိတ်ကျရောဂါ၊ အလိုမကျတာ၊ မကျေနပ်တာ စတဲ့လက္ခဏာတွေကို ဖြစ်စေပြီး၊ Throat Chakra ပိတ်ဆို့မှုကိုလည်း ဖြစ်စေပါတယ်။
Thyroid Gland နဲ့ Throat Chakra နှစ်ခုစလုံးဟာ စိတ်ချမ်းသာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် အရေးကြီးတာကြောင့် သေချာစွာထိန်းသိမ်း စောင့်ရှောက်ဖို့လိုတယ်။ မှန်ကန်စွာ အိပ်စက်အနားယူတာ၊ အာဟာရမျှတာစွာ စားသောက်တာ၊ စိတ်ဖိစီးမှုတွေကို လျှော့ချတာတွေဟာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ လည်မျိုချက္ကရကို စွမ်းအင်ညီမျှအောင်ထားနိုင်ပါက Thyroid Gland နဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားနှုန်းကိုလည်း လျော့နည်းစေမှာပဲ ဖြစ်ပါတယ်။
ဝိသုဒ္ဓိစက္ကရ အကြောင်းပိုမိုသိရှိလိုပါက - https://www.facebook.com/share/p/3dkqNXVFjq4zPx7n/?mibextid=xfxF2i
ဝိသုဒ္ဓိစက္ကရ အကြောင်းပိုမိုလေ့လာလိုပါက -
https://youtu.be/L_YF-Zt6McA?si=Wmd9VaLjMwPrBx2u
ဝိသုဒ္ဓိစက္ကရ ဟန်ချက်ညီမျှတဖို့ တရားထိုင်လိုပါက (Throat Chakra Guided Meditation) : https://youtu.be/Zh2mKNqAjKA
အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။... 💚💚💚
ထိုးထွင်းသိတဲ့ ဉာဏ်အလင်း၊ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ…။
Lucas - လူးကပ်စ်
Metaphysical Learning Institute (MLI)
Join Our Community by
Telegram : https://t.me/metaphysicallearninginstitute
Viber : https://invite.viber.com/?g2=AQAk%2FIdvJ9Iu6FG0KTxji1USHnrUkhz2GOGKIqpVZQ4g0BYcfmzsa4Ru6jOCknFe
Youtube : https://www.youtube.com/@MetaphysicalLearningInstitute
Linkedin : https://www.linkedin.com/company/metaphysical-learning-institute-mli/
Facebook : https://www.facebook.com/profile.php?id=100093227089982
(P.S - Metaphysical Learning Institute (MLI) page ကနေ ရေးသားမျှဝေထားတဲ့စာတွေကို တစ်ဦးချင်း personal အတွက် သုံးနိုင်ပါတယ်။ Post တွေကို ကူးယူပြီး post ပြန်တင်သုံးစွဲခွင့်တော့ ပေးမထားပါဘူး။ လုပ်ငန်း၊ အဖွဲ့အစည်း၊ Personal blog သို့မဟုတ် Page တွေမှာ အသုံးပြုချင်တယ်ဆိုရင် ခွင့်ပြုချက်လေး ကြိုတင်တောင်းပေးပါနော်။) | 575 |
| 7 | ချက္ကရအကြောင်း အနည်းငယ်မိတ်ဆက်ရမယ်ဆိုရင် Chakra ဆိုတာကတော့ လည်ပတ်နေတဲ့ အဝန်းအဝိုင်းလို့ အဓိပ္ပါယ်ရတဲ့ သက္ကတဘာသာစကားလုံးပဲဖြစ်ပါတယ်။ ချက္ကရတွေဟာ ပရာဏဓာတ်မှုန်တွေနဲ့ တည်ဆောက်ထားတဲ့ ပရာဏခန္ဓာမှာ တည်ရှိတဲ့ ပရာဏရုပ်ဓာတ်ပဲဖြစ်ပါတယ်။ ပရာဏခန္ဓာဟာ ရုပ်ခန္ဓာကိုယ် အသက်ရှင်သန်နိုင်ဖို့ အသက်ဓာတ်တွေကို အတွင်းဘက်က ပေးနေတဲ့ ခန္ဓာပဲဖြစ်ပါတယ်။ ပရာဏခန္ဓာရှင်သန်နိုင်ဖို့အတွက် ပြင်ပကနေ ပရာဏဓါတ်တွေကို သွင်းယူပြီး စွမ်းအင်လမ်းကြောင်းတွေကတဆင့် ထိုဓာတ်တွေကို ပရာဏခန္ဓာကိုယ်အနှံ့ ဖြန့်ချိရပါတယ်။ ထိုစွမ်းအင်လမ်းကြောင်းတွေကို သက္ကတဘာသာနဲ့ နာဍီ (nadi) လို့ခေါ်ပြီး ထိုနာဍီ (ခေါ်) နဒီတွေ ပေါင်းဆုံမိတဲ့နေရာတွေမှာ ချက္ကရတွေ ဖြစ်ပေါ်လာပါတယ်။ ထိုစွမ်းအင်ဗဟိုချက်တစ်ခုစီဟာ သီးခြားကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ၊ ဟော်မုန်းစနစ်တွေ၊ အဓိက ဂလင်းကြီး(၇)ခုတွေနဲ့ ဆက်စပ်နေပြီး စိတ်ခံစားမှုဆိုင်ရာတွေနဲ့လည်း ချိတ်ဆက်နေတယ်။ အဆိုပါစွမ်းအင်ဌာနများရဲ့ ဟန်ချက်ညီမှုဟာ တစ်ဦးချင်းစီအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ဝိညာဉ်ရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေရှိပါတယ်။ ချက္ကရများ ဟန်ချက်ညီခြင်းဟာ တစ်ဦးချင်းစီအတွက်သာမက အခြားသူတွေနဲ့ ဆက်ဆံရေးအဆင်ပြေစေရန်အတွက်လည်း အရေးကြီးပါတယ်။
ချက္ကရနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံလေး လေ့လာချင်လို့ပါဆိုပြီး သင်တန်းဖွင့်ပေးဖို့ တောင်းဆိုထားတဲ့သူတွေအတွက် Chakras အတန်းလေးဖွင့်ပေးတာပဲဖြစ်ပါတယ်။ ချက္ကရနဲ့ပတ်သက်ပြီး အပေါ်ယံသိထားကြတာများကြတဲ့အတွက် မလိုအပ်တဲ့သူတွေ မတက်ကြပါနဲ့နော်။ အချို့သူတွေအတွက်က ကျွန်တော်ရေးထားတဲ့ post တွေနဲ့ video တွေရှိရုံနဲ့ လုံလောက်နိုင်ပါတယ်။ ဒီ့ထက်ပိုသိဖို့ လိုအပ်တဲ့သူတွေပဲ join ပေးပါနော်။
ဒီအတန်းလေးမှာ Chakra ရဲ့ သမိုင်းကြောင်းကစပြီး ကျင့်စဉ်တွေအထိ သိပ္ပံနဲ့ ဝဇ္ဇာရှု့ထောင့်အစုံကနေ အသေးစိတ်လေ့လာနိုင်မှာဖြစ်ပြီး ဟန်ချက်ညီစေဖို့အတွက် လုပ်ဆောင်ရမယ့် လေ့ကျင့်စဉ်တွေနဲ့ healing practice တွေကိုပါ မျှဝေရင်း တခါတည်းလေ့ကျင့်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းကတော့ ထုံးစံအတိုင်း အမျိုးအစား နှစ်မျိုးရှိပြီး Premium class ကတော့ အနည်းဆုံး Energy Healing ပိုင်းကို Level 2 အထိ တက်ရောက်ပြီးထားတဲ့သူတွေကိုသာ ရွေးချယ်လက်ခံသွားပေးပါမယ်။ Standard class ကတော့ ကန့်သတ်ထားတာမရှိပါဘူး။ ချက္ကရအကြောင်း ထဲထဲဝင်ဝင် သိချင်တဲ့သူတွေ တက်ရောက်လို့ရပါတယ်။
သင်တန်းနဲ့ပတ်သက်ပြီးပြောပြရရင်တော့
- ၇ရက်၊ ၇လ မှာ သင်တန်းစပါမယ်။
- တပတ်ကို ၂ ရက်နဲ့ စနေ၊ တနင်္ဂနွေနေ့တိုင်း ည ၈နာရီကနေ ၉ နာရီအထိ စုစုပေါင်း ၇ ပါတ် လေ့လာရပါမယ်။
- Standard class ကတော့ သင်ခန်းစာတွေကို Recorded video တွေကို Google classroom ကနေတဆင့် လေ့လာနိုင်မှာဖြစ်ပြီး Healing ပိုင်းကိုတော့ live video တွေကနေ သင်ယူနိုင်မှာဖြစ်ပါတယ်။
- Premium class ကတော့ Zoom ကနေ face to face သင်ယူရမှာဖြစ်ပြီး symbol တွေပါအသုံးပြုမှာဖြစ်တဲ့အတွက် healing ပိုင်း level 2 ပြီးပြီးတဲ့သူကိုသာ ရွေးချယ်လက်ခံမှာဖြစ်ပါတယ်။
- သင်တန်းကြေးအနေနဲ့ Standard Class ကို 36,900 ကျပ်သတ်မှတ်ထားပြီး Premium class ကတော့ 369,000 ကျပ်ကျသင်မှာဖြစ်ပါတယ်။
- သင်ယူရမယ့်အကြောင်းအရာတွေကတော့
1. Chakra Overview
2. Chakra History
3. Energy Channels
4. Anatomy of the Chakra
a. Root Chakra
b. Sacral Chakra
c. Solar Plexus Chakra
d. Heart Chakra
e. Throat Chakra
f. Third Eye Chakra
g. Crown Chakra
h. Chakras and major glands connection
5. Beyond the Seven Chakra
6. Practical: Palm Chakra
7. The Basis of Healing
8. Practical: Color Light Meditation
9. Practical: Chakra Healing
- သင်တန်းအပ်ချင်တဲ့သူတွေအနေနဲ့ private message box. t.me/Metaphysical_Learning ကနေ application link လေးတောင်းပြီး စာရင်သွင်းထားလို့ရပါတယ်။ | 580 |
| 8 | بدون متن... | 473 |
| 9 | ဂန္ဓာရီအလွှာမှ_မှတ်တမ်းများ_သက်လုံ_1.pdf | 540 |
| 10 | သက်လုံ ~ ဂန္ဓာရီအလွှာမှ မှတ်တမ်းများ စာအုပ် မဖတ်ဖူးတဲ့လူတွေဖတ်လို့ရအောင်ပြန်မျှဝေပေးတာပါ။ | 550 |
| 11 | بدون متن... | 738 |
| 12 | ၄။ နှလုံးချက္ကရ (Heart chakra) နဲ့ သိုင်းမတ်ဂလင်း (Thymus Gland) ချိတ်ဆက်မှု
Heart Chakra ဟာ ရင်ဘတ်ရဲ့ အလယ်ဗဟို၊ နှလုံးသား အနီးမှာ တည်ရှိပါတယ်။ နှလုံးချက္ကရဟာ စိတ်ရင်းစေတနာကောင်းတွေ၊ ချစ်ခြင်းမေတ္တာတွေ၊ ကရုဏာတရားတွေနဲ့ စိတ်ချမ်းမြေ့တာတွေရှိတဲ့နေရာပဲ ဖြစ်တယ်။ ဒီနေရာမှာ သိုင်းမတ်ဂလင်း (Thymus gland) ရှိပြီး နှလုံးချက္ကရနဲ့ ချိတ်ဆက်မှုရှိနေပါတယ်။ Thymus gland ဟာ ရင်သားရိုးနောက်ဘက်မှာရှိနေတဲ့ ဂလင်းဖြစ်ပြီး နှလုံးအနီးမှာ ရှိနေပါတယ်။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်းအား ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာပဲဖြစ်ပါတယ်။ သိုင်းမတ်ဂလင်းက ကိုယ်ခံအားစနစ်ရဲ့ ဆဲလ်တွေဖြစ်တဲ့ T lymphocytes တွေ ပြုစုပျိုးထောင်ပေးပြီး၊ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကို ထမ်းဆောင်ပေးပါတယ်။ T-Cells တွေက ကိုယ့်ရဲ့ဆဲလ်တွေကို ကာကွယ်ပေးပြီး ပြင်ပကဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်တဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ပါတယ်။ ဒါကြောင့် သိုင်းမတ်ဂလင်းကထွက်တဲ့ ဟော်မုန်းဟာ ကိုယ့်မှာ ရှိနေတဲ့ ဆဲလ်တွေနဲ့ ရောဂါဖြစ်စေတဲ့ သူစိမ်းဆဲလ်တွေကို ခွဲခြားသိနိုင်ပါတယ်။
နှလုံးချက္ကရဟာ မေတ္တာ၊ စေတနာ၊ ဂရုဏာတွေနဲ့ သက်ဆိုင်တဲ့နေရာဖြစ်တယ်လို့ ရှေးကျမ်းဂန်တွေက ဆိုပါတယ်။ တရားဘာဝနာပွားကြတဲ့ သူတော်စင်တွေဟာ မေတ္တာတရားကြီးမားကြသလို့ ကိုယ်ခံအားစနစ်လည်း ကောင်းမွန်တဲ့အတွက် ကျန်းမာကြတာကို ကြုံတွေ့ဖူးပါလိမ့်မယ်။ ငြိမ်းချမ်းရေး နိုဗဲလ်ဆုရှင်တဦးဖြစ်တဲ့ မာသာထရီဆာဆိုရင်လည်း အနာကြီးရော ဂါသည်တွေနဲ့ အဆိုးဝါးဆုံး ရောဂါသင့်နေသူတွေကို တဘဝလုံးပေး ဆပ်ကာ အလုပ်အကျွေး ပြုခဲ့ပေမယ့် ရောဂါကူးဆက်ခံရမှုမရှိတာဟာ အံ့ဩဖို့ကောင်းတယ်မဟုတ်ပါလား။ အချို့ဘုန်းတော်ကြီးတွေ၊ မေတ္တာတရား အားကောင်းတဲ့ ပုဂ္ဂိုလ်တွေဆိုရင်လည်း မေတ္တာစွမ်းအား ကြီးမားလွန်းတဲ့အတွက် ရောဂါဝေဒနာသည်တွေကို သူတို့လက်နဲ့ထိလိုက်တာနဲ့ သက်သာပျောက်ကင်းသွားစေတယ်ဆိုတာ ကြားဖူးကြပါလိမ့်မယ်။ ဒါတွေဟာ နှလုံးချက္ကရစွမ်းအင်ညီမျှတဲ့အတွက် သိုင်းမတ်ဂလင်းကထွက်တဲ့ ဟော်မုန်းတွေက ခုခံအားစနစ်ကို ထိန်းချုပ်ပေးပြီး အနာရောဂါကင်းစင်စေဖို့ ကူညီပေးတာကြောင့်ဖြစ်ပါတယ်။
အောက်ပိုင်း ချက္ကရသုံးခုဟာ မိမိအတ္တနဲ့ ကိုယ့်အကျိုးဖြစ်ထွန်းဖို့ကိုသာ ကျေးဇူးပြုသော်လည်း ဒီနှလုံး ချက္ကရကတော့ သူတစ်ပါးကောင်းစားရေးကို ဦးတည်လာတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် နှလုံးချက္ကရ စွမ်းအင်မညီမျှတဲ့သူတွေဟာ မေတ္တာတရားခေါင်းပါးတာ၊ သူတပါးကို ဒုက္ခပေးတာ၊ ဖျက်လိုဖျက်ဆီးလုပ်တာ၊ ရက်စက်တတ်တာတွေကြောင့် အသည်းနှလုံးမရှိတဲ့သူလို့ ခေါ်ခံရမှာ ဖြစ်ပါတယ်။ Heart Chakra ကို စွမ်းအင်ညီညွတ်မျှတစေခြင်းက ကျွန်တော်တို့ရဲ့ စိတ်နဲ့ ခန္ဓာကိုယ် နှစ်ခုစလုံးရဲ့ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။
အနာဟတစက္ကရ အကြောင်းပိုမိုသိရှိလိုပါက -
https://www.facebook.com/share/p/FJfkTey3kHpBmLhj/?mibextid=xfxF2i
အနာဟတစက္ကရ အကြောင်းပိုမိုလေ့လာလိုပါက -
https://youtu.be/MMzCaXcpvtg?si=HJd_VzTrEJbJ1tVQ
အနာဟတစက္ကရ ဟန်ချက်ညီမျှတဖို့ တရားထိုင်လိုပါက (Heart Chakra Guided Meditation) : https://youtu.be/wu7kZ9V8z9k
အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်လေးက ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် share လုပ်ပြီး မျှဝေနိုင်ပါတယ်... 💚💚💚 အလားတူပို့စ်လေးတွေကို ဆက်လက်ဖတ်ချင်တယ်ဆိုရင် Page ကို “Like & Follow” လေးလုပ်ထားနိုင်သလို page ကို support လုပ်ချင်တယ်ဆိုရင် Review/Recommendation လေး ရေးပြီး ကူညီပေးသွားနိုင်ပါတယ်။
ထိုးထွင်းသိတဲ့ ဉာဏ်အလင်း၊ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ…။
Lucas - လူးကပ်စ်
Metaphysical Learning Institute (MLI)
Join Our Community by
Telegram : https://t.me/metaphysicallearninginstitute
Viber : https://invite.viber.com/?g2=AQAk%2FIdvJ9Iu6FG0KTxji1USHnrUkhz2GOGKIqpVZQ4g0BYcfmzsa4Ru6jOCknFe
Youtube : https://www.youtube.com/@MetaphysicalLearningInstitute
Linkedin : https://www.linkedin.com/company/metaphysical-learning-institute-mli/
Facebook : https://www.facebook.com/profile.php?id=100093227089982
(P.S - Metaphysical Learning Institute (MLI) page ကနေ ရေးသားမျှဝေထားတဲ့စာတွေကို တစ်ဦးချင်း personal အတွက် သုံးနိုင်ပါတယ်။ Post တွေကို ကူးယူပြီး post ပြန်တင်သုံးစွဲခွင့်တော့ ပေးမထားပါဘူး။ လုပ်ငန်း၊ အဖွဲ့အစည်း၊ Personal blog သို့မဟုတ် Page တွေမှာ အသုံးပြုချင်တယ်ဆိုရင် ခွင့်ပြုချက်လေး ကြိုတင်တောင်းပေးပါနော်။) | 733 |
| 13 | ခုခံမှုအနည်းဆုံး နိယာမတရား (The Law of Least Resistance)
ကျွန်တော်တို့တတွေဟာ ကိုယ်လိုချင်တဲ့အရာတွေရဖို့ ကြိုးစားရုန်းကန်မှရမယ်ဆိုတဲ့အသိကို ယုံကြည်ဖို့ ပုံသွင်းခံခဲ့ရတယ်။ ကျွန်တော်တို့အများစုဟာ “ဘဝဆိုတာ တိုက်ပွဲ” လို့ယူဆကြပြီး “ဘဝဟာ မတ်စောက်တဲ့ တောင်ကုန်းတစ်ခု” လို့ ယုံကြည်ကြတယ်။ ဒီလိုတွေးနေတာဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ကျောင်းမှာ “အပြင်းအထန် ကြိုးစားအားထုတ်” ဖို့နဲ့ “အောင်မြင်မှုလှေခါးကိုတက်” ဖို့ သင်ကြားခံခဲ့ရတာကိုး။
ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေဟာ စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ နိုးထမှုမရှိဘဲ မျက်လုံးကာတပ်ထားခံရတဲ့ အခြေအနေမှာ ခက်ခဲမှုတွေနဲ့ ရုန်းကန်ရဘဝတွေကို တွေ့ကြုံခံစားခဲ့ရပြီး ထိုအရာတွေဟာ ကျွန်တော်တို့ရဲ့ DNA ထဲမှာရှိနေဆဲဖြစ်သလို ကိုယ့်အတွင်းမှာ Program တွေအနေနဲ့ လည်ပတ်အလုပ်လုပ်နေပါတယ်။ ဒီ program တွေဟာ ကျွန်တော်တို့ နိုးထနိုင်လာပြီး အစွမ်းထက်တဲ့ စကြာဝဠာရဲ့ နိယာမတရားတွေကို လက်ခံကျင့်သုံးနိုင်လာတဲ့အချိန်ရောက်ရှိလာမှသာ တဖြည်းဖြည်း ရပ်တန့်လာမှာဖြစ်ပါတယ်။
မြက်ပင်တွေ ကြီးထွားလာတာကိုကြည့်မယ်ဆိုရင် သူတို့ဟာ ကြီးထွားဖို့ မကြိုးစားကြပါဘူး။ သူတို့ ကြီးထွားလာကြပါတယ်။ ရေဟာလည်း စီးဆင်းဖို့ မကြိုးစားပါဘူး။ စီးဆင်းနေကြပါတယ်။ ဒီအရာဟာ ကျွန်တော်တို့လုပ်ဆောင်ရမယ့်နည်းလမ်းဖြစ်ပါတယ်၊ ဒါကြောင့် အကောင်အထည်ဖော် လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ အတင်းအကြပ်လုပ်ဖို့၊ တွန်းအားပေးဖို့၊ အပြင်းအထန်ကြိုးပမ်းဖို့ မလိုအပ်ပါဘူး။ နေ့တိုင်း လုပ်စရာရှိတာကို ရိုးရိုးရှင်းရှင်းပဲ လုပ်ဖို့လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြဿနာတစ်ခုခုကြုံလာရရင် အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ အနားယူတာ၊ ဖြေရှင်းဖို့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်းကို ရှာဖွေတာတွေ လုပ်ဖို့လိုပါတယ်။ တခါတရံမှာ ကျွန်တော်တို့ မဖြေရှင်းနိုင်တာတွေ ရှိနိုင်ပါတယ်။ တစ်ခါတစ်ရံမှာ ကျွန်တော်တို့အနေနဲ့ အခြားအရာတစ်ခုခုကို ခဏလောက် အာရုံစိုက်ပြီးတဲ့အခါ ထိုပြဿနာဟာ သူ့အလိုလို ပြေလည်သွားတာတွေ ဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့ဟာ စကြာဝဠာရဲ့ နိယာမတရားတွေကို ကိုအသုံးပြုပြီး လက်လျှော့ထားတာ၊ မြင့်မြတ်တဲ့ဉာဏ်ရည်ဉာဏ်သွေးကို စီမံအုပ်စိုးခွင့်ပြုတာတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။
ကျွန်တော်တို့အနေနဲ့ ခုခံမှုအနည်းဆုံးနိယာမကို လက်တွေ့လုပ်ဆောင်ခြင်း နိယာမတရားနဲ့ တွဲပြီးအသုံးချဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ မြင့်မားတဲ့ ရည်ရွယ်ချက်တွေနဲ့ မြင့်မြတ်မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို ကိုက်ညီမှုရှိစေပြီး ထိုနေရာကို ရောက်ရှိဖို့ ခုခံမှုအနည်းဆုံး လမ်းကြောင်းကို ရွေးချယ်နိုင်ဖို့လိုပါတယ်။
အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်လေးက ကိုယ့်အတွက် အကျိုးရှိပြီး အလားတူပို့စ်လေးတွေကို ဆက်လက်ရေးသားစေချင်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် share လုပ်ပြီး မျှဝေပေးပါဦးနော်... 💚💚💚
ထိုးထွင်းသိတဲ့ ဉာဏ်အလင်း၊ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ…။
Lucas - လူးကပ်စ်
Metaphysical Learning Institute (MLI)
Subscribe us: https://t.me/metaphysicallearninginstitute
Subscribe us: https://www.youtube.com/@MetaphysicalLearningInstitute
Follow us : https://www.facebook.com/profile.php?id=100093227089982
(P.S - Metaphysical Learning Institute (MLI) page ကနေ ရေးသားမျှဝေထားတဲ့စာတွေကို တစ်ဦးချင်း personal အတွက် သုံးနိုင်ပါတယ်။ Post တွေကို ကူးယူပြီး post ပြန်တင်သုံးစွဲခွင့်တော့ ပေးမထားပါဘူး။ လွတ်လပ်စွာ မျှဝေ (Share) နိုင်ပါတယ်။
လုပ်ငန်း၊ အဖွဲ့အစည်း၊ Personal blog သို့မဟုတ် Page တွေမှာ အသုံးပြုချင်တယ်ဆိုရင် ခွင့်ပြုချက်လေး ကြိုတင်တောင်းပေးပါနော်။) | 577 |
| 14 | ဆန့်ကျင်ဘက်တွေရှိခြင်း နိယာမတရား (The Law of Polarity)
အရာရာတိုင်းမှာ အကောင်း အဆိုး ဆန့်ကျင့်ဘက် လက္ခဏာနှစ်ရပ် ဒွန်တွဲ တည်ရှိနေပါတယ်။ Polarity က တူညီတဲ့ အရာတစ်ခုရဲ့ အစွန်းနှစ်ဖက်ကို ကိုယ်စားပြုပါတယ်။ ဥပမာအနေနဲ့ အပူချိန်ဒီဂရီကိုကြည့်မယ်ဆိုရင် အစွန်းတစ်ဖက်က အပူဖြစ်နေပြီး အခြားအစွန်းတစ်ဖက်က အအေးပဲ ဖြစ်ပါတယ်။ အပူချိန်ဆိုတဲ့ တူညီတဲ့ အရာတစ်ခုအပေါ် ဆန့်ကျင့်ဘက်ဖြစ်တဲ့ ပူခြင်းနဲ့ အေးခြင်းတွေဟာ အစွန်းနှစ်ဘက်မှာ တည်ရှိနေပါတယ်။ ထိုတူညီတဲ့ အရာတစ်ခုရဲ့ အပူချိန်ဒီဂရီတစ်လျှောက်မှာ အပူနဲ့ အအေးအပေါ် အယူအဆနဲ့ စိတ်နေသဘောထားတွေက လူအမျိုးမျိုးအတွက် မတူညီနိုင်ပါဘူး။ ထိုနည်းအတူ ချမ်းသာတာနဲ့ ဆင်းရဲတာ၊ ချစ်တာနဲ့ မုန်းတာ၊ အကောင်းနဲ့ အဆိုး စတဲ့အရာတွေမှာလည်း အမျိုးမျိုးကွဲပြားတတ်ပါတယ်။
Polarity က အသွင်ပြောင်းနိုင်တဲ့ စွမ်းအားကို နားလည်နိုင်တာဖြစ်တဲ့အတွက် ဆန့်ကျင်ဘက်တွေရှိခြင်း နိယာမတရားကို နားလည်ဖို့ အရေးကြီးပါတယ်။ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးအပေါ် ကိုယ့်ရဲ့ အမြင်နဲ့ စိတ်နေသဘောထားတွေကို ပြောင်းလဲလိုက်တာနဲ့ "အဆိုး" ကနေ "အကောင်း" ကို ပြောင်းလဲလာနိုင်ပါတယ်။ ထို့အရာဟာ ကိုယ့်ရဲ့ အမှန်တရား အသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ အခြေအနေဆိုးတွေထဲမှာတောင်မှ အကောင်းကို မြင်အောင်ကြည့်နိုင်တာဟာ ကိုယ့်စွမ်းအင်ရဲ့ တုန်ခါနှုန်းကို မြှင့်တင်လိုက်တာပဲဖြစ်ပါတယ်။ Low vibration ကနေ high vibration ဖြစ်အောင် ပြောင်းလဲလိုက်နိုင်တာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့စွမ်းအင်တုန်ခါမှုနှုန်းမြင့်မားတာကို ရှာဖွေပြီး စွမ်းအင်တုန်ခါမှုနှုန်း နိမ့်တဲ့နေရာကို အစားထိုးလိုက်တာဟာ အသွင်ပြောင်းတဲ့ လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ အရာရာဟာ ကောင်းဖို့ဖြစ်လာတယ်ဆိုတာကို လက်ခံနိုင်လာတဲ့အခါ တဖြည်းဖြည်းနဲ့ "အဆိုး" တွေဟာ "အကောင်း" တွေအဖြစ် ပြောင်းလာနိုင်ပါတယ်။ အကြောင်းတရားနဲ့ အကျိုးသက်ရောက်မှု နိယာမအတိုင်း ကိုယ့်ရဲ့ရွေးချယ်မှုတွေ၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေနဲ့ အကောင်အထည်ဖော်မှုတွေရဲ့ အကျိုးဆက်ဟာ ကိုယ်ပဲရရှိမှာ ဖြစ်ပါတယ်။ ကိုယ်က အကောင်းနဲ့ တုံ့ပြန်မလား၊ အဆိုးနဲ့ ပြန်တုံ့ပြန်မလား၊ ကိုယ်ရဲ့ ပြန်လည်တုံ့ပြန်တဲ့ တုံ့ပြန်မှုအပေါ်မူတည်ပြီး ကိုယ်စိုက်ပျိုးထားတဲ့အရာကို ပြန်ရိတ်သိမ်းရမှာပါပဲ။ ကိုယ့်ရဲ့ တုန်ခါမှုနှုန်းကိုသာ မြှင့်တင်နိုင်မယ်ဆိုရင် အခြားသူတွေကို အပြုသဘောနဲ့ ပြောင်းလဲနိုင်ပါတယ်။
အခြားသူတစ်ဦးဦး သို့မဟုတ် အရာဝတ္တုတစ်ခုအပေါ် ကျွန်တော်တို့ရဲ့ အမြင်နဲ့ သဘောထားတွေကို ပြောင်းလဲနိုင်လိုက်တာဟာ ကိုယ့်ကိုယ်ကို ကုစားတာ၊ တိုးတက်စေတာနဲ့ အဆင့်မြှင့်တင်နိုင်တာတွေကို ဖြစ်ပေါ်စေပြီး၊ အခြားသူတွေနဲ့ ဆက်ဆံရာမှာ အကျိုးအမြတ် ရလဒ်အပေါ် အာရုံမစိုက်ဘဲ မျှတစွာ အလေးထားအာရုံစိုက် ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီပြောင်းလဲမှုလုပ်ငန်းစဉ်တစ်ခုကို စတင်လိုက်တာနဲ့ ခွင့်လွှတ်ခြင်းတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ သနားကြင်နာမှုတွေကို ပိုင်ဆိုင်နိုင်လာမှာဖြစ်ပြီး ကိုယ့်ရဲ ဘဝခရီးလမ်းမှာ အတူလျှောက်လှမ်းမယ့် ခင်မင်ရင်းနှီးသူတွေကို ရရှိလာမှာ ဖြစ်ပါတယ်။
အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်လေးက ကိုယ့်အတွက် အကျိုးရှိတယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် share လုပ်ပြီး မျှဝေနိုင်ပါတယ်... အလားတူပို့စ်လေးတွေကို ဆက်လက်ဖတ်ချင်တယ်ဆိုရင် Page ကို “Like & Follow” လေးလုပ်ထားနိုင်သလို page ကို support လုပ်ချင်တယ်ဆိုရင် Review/Recommendation လေး ရေးပြီး ကူညီပေးသွားနိုင်ပါတယ်။
ထိုးထွင်းသိတဲ့ ဉာဏ်အလင်း၊ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ…။
Lucas - လူးကပ်စ်
Metaphysical Learning Institute (MLI)
Subscribe us: https://t.me/metaphysicallearninginstitute
Subscribe us: https://www.youtube.com/@MetaphysicalLearningInstitute
Follow us : https://www.facebook.com/profile.php?id=100093227089982
(P.S - Metaphysical Learning Institute (MLI) page ကနေ ရေးသားမျှဝေထားတဲ့စာတွေကို တစ်ဦးချင်း personal အတွက် သုံးနိုင်ပါတယ်။ Post တွေကို ကူးယူပြီး post ပြန်တင်သုံးစွဲခွင့်တော့ ပေးမထားပါဘူး။ လွတ်လပ်စွာ မျှဝေ (Share) နိုင်ပါတယ်။
လုပ်ငန်း၊ အဖွဲ့အစည်း၊ Personal blog သို့မဟုတ် Page တွေမှာ အသုံးပြုချင်တယ်ဆိုရင် ခွင့်ပြုချက်လေး ကြိုတင်တောင်းပေးပါနော်။) | 422 |
| 15 | လက္ခဏာနှစ်ရပ်ဒွန်တွဲနေခြင်း နိယာမတရား (The Law of Duality)
"အဆိုး"ကိုသာ မသိခဲ့ရင် "အကောင်း"ကိုလည်း သိလို့ မရနိုင်ပါဘူး။ "အမှောင်" ဆိုတာ ဘာလဲဆိုတာ မသိမချင်း "အလင်း" မှာ နေရတဲ့ ခံစားမှုကို သိခွင့်ရရှိမှာ မဟုတ်ပါဘူး။ Yin and Yang၊ အလင်းနဲ့အမှောင်၊ အဖိုဓါတ်နဲ့ အမဓါတ် အစရှိတဲ့လက္ခဏာရပ်တွေဟာ နှစ်ခုဒွန်တွဲရှိနေကြပြီး အတူတကွ ညီညီမျှမျှရှိဖို့ လိုအပ်ပါတယ်။
ဆန့်ကျင်ဘက်နှစ်ခုက ဖန်တီးထားတဲ့ အားပြိုင်မှုဟာ ဘဝမှာ ဆီးဆောစီးသလိုပါပဲ၊ ချိန်ခွင်လျှာညီမျှနေမှ အောင်မြင်မှု ရရှိမှာဖြစ်ပါတယ်။ အမှောင်ထဲမှာ ကြာရှည်စွာနေခဲ့ဖူးမှသာ အလင်းရဲ့တန်ဖိုးကို ကောင်းစွားသိရှိ နားလည်ခံစားနိုင်မှာ ဖြစ်ပါတယ်။
ဆီးဆောရဲ့ ချိန်ခွင်လျှာ မျှချေဟာ ကျွန်တော်တို့ သိရှိ၊ထားရှိရမယ့် ရည်ညွှန်းချက်ပါပဲ။ ကိုယ့်အနေနဲ့ အောက်ဆင်းသွားလေလေ၊ ဟန်ချက်ညီဖို့အတွက် နောက်ထပ်ပြန်တက်ဖို့ လိုလေလေပါပဲ။ ဆန့်ကျင်ဘက်နှစ်ခုရဲ့ လက္ခဏာနှစ်ရပ်ဒွန်တွဲနေခြင်းဟာ ကျွန်တော်တို့ရဲ့ ချိန်ခွင်လျှာကို ရှာဖွေနိုင်ဖို့နဲ့ ဟန်ချက်ညီအောင်ထိန်းထားနိုင်ဖို့အတွက် အမြဲလိုအပ်နေမှာပဲ ဖြစ်ပါတယ်။
အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်လေးက ကိုယ့်အတွက် အကျိုးရှိပြီး အလားတူပို့စ်လေးတွေကို ဆက်လက်ရေးသားစေချင်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် share လုပ်ပြီး မျှဝေပေးပါဦးနော်... 💚💚💚
ထိုးထွင်းသိတဲ့ ဉာဏ်အလင်း၊ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ…။
Lucas - လူးကပ်စ်
Metaphysical Learning Institute (MLI)
Subscribe us: https://t.me/metaphysicallearninginstitute
Subscribe us: https://www.youtube.com/@MetaphysicalLearningInstitute
Follow us : https://www.facebook.com/profile.php?id=100093227089982
(P.S - Metaphysical Learning Institute (MLI) page ကနေ ရေးသားမျှဝေထားတဲ့စာတွေကို တစ်ဦးချင်း personal အတွက် သုံးနိုင်ပါတယ်။ Post တွေကို ကူးယူပြီး post ပြန်တင်သုံးစွဲခွင့်တော့ ပေးမထားပါဘူး။ လွတ်လပ်စွာ မျှဝေ (Share) နိုင်ပါတယ်။
လုပ်ငန်း၊ အဖွဲ့အစည်း၊ Personal blog သို့မဟုတ် Page တွေမှာ အသုံးပြုချင်တယ်ဆိုရင် ခွင့်ပြုချက်လေး ကြိုတင်တောင်းပေးပါနော်။) | 417 |
| 16 | စိတ်လျှော့ထားနိုင်/အရှုံးပေးတတ်ခြင်း နိယာမတရား (The Law of Surrender)
Surrender ကို မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် လက်နက်ချတယ်၊ အညံ့ခံတယ်ဆိုတဲ့ အဓိပ္ပါယ်ရပေမဲ့ ဒီမှာဆိုလိုချင်တာက လက်ကို လေထဲမြှောက်ပြီး အလံဖြူပြတာ၊ ရှုံးနိမ့်တာ၊ စွန့်လွှတ်လိုက်တာ၊ ကျရှုံးတာဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ တခါတလေမှာ ကိုယ့်ဖက်က အကောင်းဆုံးလုပ်ခဲ့ပေမယ့် ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာသေးတဲ့အခါ၊ လက်ရှိအခြေနေဟာ ကိုယ်လိုချင်တဲ့ ရလဒ်နဲ့ ဆန့်ကျင်နေတဲ့အခါ Divine Source ရဲ့ ဆန္ဒကို စိတ်လျော့ပြီးလက်ခံနိုင်ဖို့ဟာ ခက်ခဲလှပါတယ်။ ဒါကြောင့် ဒီမှာ Surrender စကားလုံးကို စိတ်လျှော့ထားနိုင်/အရှုံးပေးတတ်တယ်ဆိုတဲ့ အသုံးနှူန်းကိုသုံးပါရစေ။
စိတ်လျှော့ထားနိုင်/အရှုံးပေးတတ်ခြင်းဟာ ဘယ်အခြေအနေမှာမဆို ရွေးချယ်သင့်တဲ့ အစွမ်းထက်ဆုံး နည်းလမ်းတစ်ခုပါပဲ။ တစ်ခုခုကို ကိုယ့်ဘဝထဲ ဆွဲငင်ချင်တဲ့အခါဖြစ်စေ ကိုယ်မဖြေရှင်းနိုင်တဲ့ ပြဿနာတစ်ခုခုရှိတဲ့အခါဖြစ်စေ၊ အဖြေလိုအပ်နေတဲ့ မေးခွန်းတစ်ခုကို ထုတ်ဖော်ပြသလိုတဲ့အခါမှာဖြစ်စေ စိတ်လျှော့ထားနိုင်/အရှုံးပေးတတ်ခြင်းဟာ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေအပေါ် ဆန့်ကျင်တွန်းလှန်တာထက် စိတ်လျှော့ထားပြီး ကိုယ်လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို ဆက်လုပ်နေခြင်းဟာ ဘဝရဲ့စွမ်းအင်စီးဆင်းမှုကို ပညာရှိရှိလက်ခံရာရောက်ပါတယ်။
စိတ်လျှော့ထားနိုင်/အရှုံးပေးတတ်ခြင်းဟာ "ယခု ဖြစ်နေတဲ့အရာ" ကို ခြွင်းချက်မရှိ လက်ခံပြီး ဘယ်အရာကိုမျှ စောဒကမတက်ဘဲ၊ အတွင်းစိတ်က ဘာကိုမှခုခံမှုမရှိဘဲ "ယခုလက်ရှိ ဖြစ်နေတဲ့အရာ" အပေါ် အသိအမှတ်ပြုပေးတာပဲဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့အတိုင်း ဖြစ်မလာခဲ့ရင်လည်း စိတ်ဓါတ်မကျဘဲ ဒီထက် ပိုကောင်းတဲ့ လမ်းကြောင်းတစ်ခုရှိနေနိုင်တယ်။ ပိုကောင်းတာတစ်ခုကို စကြာဝဠာက ပို့ပေးနေတာလည်းဖြစ်နိုင်တယ်ဆိုတာကို သဘောပေါက်ဖို့လိုပါတယ်။
ယခုလက်ရှိ ပစ္စုပ္ပန်အခိုက်အတန့်တိုင်းဟာ ဖြစ်သင့်တဲ့အတိုင်း ဖြစ်နေတယ်ဆိုတာကို အပြည့်အဝလက်ခံလိုက်ပြီး သတိလေးနဲ့ ဂရုစိုက်ရွေးချယ်မှုပြုလုပ်ရပါမယ်။ စိတ်ကလေးလျော့ လက်လွှတ်ထားလိုက်နိုင်လာတဲ့အခါ မိမိကိုယ်မိမိ ယုံကြည်ထားတာထက် ပိုပြီး ကိုယ်ဟာ စွမ်းအားကြီးမားတယ်ဆိုတာကို တွေ့ရှိလာမှာပါ။ ယခုလက်ရှိအခိုက်အတန့်ကို အကောင်း၊ အဆိုး မစီရင်ဘဲ လက်ခံနိုင်ဖို့လိုပါတယ်။ မငြင်းဆန်ခြင်းဟာ စကြာဝဠာနဲ့ အခြားမမြင်နိုင်တဲ့ အရာတွေကို ပြည့်ပြည့်ဝဝ ယုံကြည်တယ်ဆိုတာကို ပြသရာရောက်ပါတယ်။ အကြောင်း၊ အကျိုးကို အသိမှတ်ပြုရာကျပါတယ်။ ထိုအရာက ကျွန်တော်တို့ကို ညက်ညောမှု၊ လွယ်ကူစွာ စီးမျောစေမှုနဲ့ ဉာဏ်အလင်းရရှိမှုတို့ကို ဖြစ်ပေါ်စေမယ့် အခြေအနေတွင် ရှိနေစေပါတယ်။
အရာဝတ္ထုတွေကို "ကောင်းတယ်" သို့မဟုတ် "ဆိုးတယ်" လို့ မှတ်ယူလိုက်တဲ့အခါ တင့်တယ်ပြီး ကျက်သရေရှိတဲ့ အခြေအနေဟာ မရှိတော့ပါဘူး။ ဘာတွေပဲဖြစ်နေပါစေ နောက်ဆုံးမှာ အရာအားလုံးက အကောင်းဆုံးဖြစ်လာမှာပါ။ ကျွန်တော်တို့ဟာ အမှန်တကယ်လွှတ်ချပြီး စိတ်လျှော့ထားနိုင်/အရှုံးပေးတာ ပြုလုပ်နိုင်ပါတယ်။ “ယခုဖြစ်တဲ့အရာ”ကို စိတ်ကလေးလျော့ကာ လက်ခံပေးနိုင်တဲ့ အခြေအနေကို ရောက်လာတဲ့အခါ ဘယ်အရာကို လုပ်ဆောင်ဖို့လိုတယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိမြင်နိုင်လာမှာပါ။ အဲ့ဒီ့အချိန် ကိုယ်လုပ်နိုင်တာကို တစ်ကြိမ်မှာ တစ်ခုလုပ်ခြင်းနဲ့ တစ်ဆင့်ပြီးတစ်ဆင့် တစ်လက်မချင်းစီ တဖြည်းဖြည်းတိုးပြီး ဖြစ်စဉ်တွေရဲ့နိယာမအတိုင်း ပုံပေါ်လာစေကာ ကိုယ်စိတ်ကလေးလျော့ထားတဲ့ အခြေအနေမှာပဲ ကိုယ်လုပ်ဆောင်ရမယ့်အရာတွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်လာပါလိမ့်မယ်။
စိတ်လျှော့ထား/အရှုံးပေးထားတဲ့ အခြေအနေမှာ ထုတ်ပေးတဲ့ စွမ်းအင်ဟာ အစွမ်းထက်ပြီး ကုစားနိုင်တဲ့ စွမ်းအင်ပဲဖြစ်ပါတယ်။ ထိုစွမ်းအင်ဟာ ကျွန်တော်တို့ရဲ့ ဒါဏ်ရာတွေကို အနာကျက်စေတာ၊ ကိုယ့်ကိုကြီးထွားစေတာ၊ တစ်စတစ်စပြောင်းလဲတိုးတက်စေတာတွေ ဖြစ်လာဖို့ တွန်းအားပေးပါတယ်။ ကျွန်တော်တို့ဟာ ဘယ်လောက်ထိ အစွမ်းထက်တယ်ဆိုတာကို သိရှိဖို့ စိတ်ကလေးကို လျော့ထား/အရှုံးပေးတတ်တဲ့ အလေ့အကျင့်လေး လုပ်ထားကြည့်တာဟာ ထွက်ပေါက်ပိတ်နေတဲ့အချိန်ခါအတွက် နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။
အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်လေးက ကိုယ့်အတွက် အကျိုးရှိပြီး အလားတူပို့စ်လေးတွေကို ဆက်လက်ရေးသားစေချင်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် share လုပ်ပြီး မျှဝေပေးပါဦးနော်... 💚💚💚
ထိုးထွင်းသိတဲ့ ဉာဏ်အလင်း၊ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ…။
Lucas - လူးကပ်စ်
Metaphysical Learning Institute (MLI)
Subscribe us: https://t.me/metaphysicallearninginstitute
Subscribe us: https://www.youtube.com/@MetaphysicalLearningInstitute
Follow us : https://www.facebook.com/profile.php?id=100093227089982 | 444 |
| 17 | بدون متن... | 336 |
| 18 | ၃။ ဆိုလာချက္ကရ (Solar Plexus chakra) နဲ့ ပန်ကရိယဂလင်း (Pancreas) ချိတ်ဆက်မှု
တတိယချက္ကရဟာ ချက်တိုင်အပေါ်နားမှာ တည်ရှိပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှု၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု၊ စိတ်တန်ခိုးစွမ်းအားနဲ့ ဇီဝစွမ်းအင်တို့နဲ့ ဆက်နွှယ်နေတယ်။ ဒါဒီချက္ကရဟာ ဇီဝစွမ်းအင်တွေကို စုဆောင်းသိုလှောင်ထားပြီး ဒီဇီဝစွမ်းအင်တွေကို ပြန်လည်ဖြန့်ဖြူးတဲ့ ဂမ္ဘီရတာဝန်တွေကို ဆောင်ရွက်နေတယ်လို့ ယူဆကြတဲ့အတွက် ဒီချက္ကရဟာ စိတ်တန်ခိုးဖြစ်ပေါ်စေတဲ့နေရာလို့ လက်ခံထားကြတယ်။ Solar Plexus Chakra (Manipura) ဟာ အထူးသဖြင့် ပန်ကရိယဂလင်း (Pancreas) နဲ့ ချိတ်ဆက်နေပါတယ်။ ပန်ကရိယက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပြီး အင်ဆူလင်ကို ထုတ်ပေးသလို အစာအိမ် အက်ဆစ်ပမာဏကို ထိန်းညှိပေးဖို့ပါ တာဝန်ယူထားတဲ့ အရေးပါတဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းလေး တစ်ခုပါ။ ပင်ကရိယာဂလင်းဟာ Insulin နဲ့ Glucagon ဟော်မုန်းတွေ ထုတ်လွှတ်ပေးပြီး သွေးထဲက Glucose ပမာဏကို ထိန်းချုပ်တယ်။ Insulin က သွေးတွင်း သကြားဓာတ်ကို ဆဲလ်တွေဆီ ရောက်ဖို့ ကူညီပေးတယ်။ Glucagon က သွေးထဲက Glucose ပမာဏ နည်းနေချိန်မှာ အသည်းက Glucose ထုတ်ပေးဖို့ လှုံ့ဆော်ပေးပါတယ်။ ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတယ်။
ပင်ကရိယာဂလင်းဟာ ခန္ဓာကိုယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စွမ်းအင်ထုတ်လုပ်ရေးစနစ်တွေအတွက် အရေးကြီးတဲ့ ဂလင်းတစ်ခုပဲဖြစ်တယ်။ Glucose ကိုထိန်းချုပ်တာနဲ့ အစာခြေစနစ်ကို ကူညီပေးတာတွေကြောင့် ကျန်းမာရေးအတွက် အထူးအရေးကြီးတဲ့ ဂလင်းပဲဖြစ်တယ်။ ဒီဂလင်းကနေပြီး ဇီဝဓာတုစွမ်းအင်တွေကိုလည်း ထုတ်လုပ်ပေးပါသေးတယ်။ ဇီဝဓာတ်ဟာ သဘာဝအားဖြင့် စိတ်တန်ခိုးကို လွှမ်းမိုး၊ ပြုပြင်နိုင်သလို ရုပ်ခန္ဓာကိုယ်ကိုလည်း များစွာလွှမ်းမိုး ပြုပြင်နိုင်ပါတယ်။ ဒါကြောင့် ဆိုလာချက္ကရ နဲ့ ပန်ကရိယဂလင်းဟာ ရုပ်ခန္ဓာကျန်းမာသန်စွမ်းဖို့သာမက စိတ်တန်ခိုးစွမ်းအားရရှိဖို့အတွက်ပါ အရေးကြီးတဲ့နေရာဆိုပြီး ရှေးယခင်ကတည်းက အလေးထားကြတာပဲ ဖြစ်ပါတယ်။
မဏိပူရ စက္ကရ အကြောင်းပိုမိုသိရှိလိုပါက -
https://www.facebook.com/share/p/F2NUtJo4DxDcLNgJ/?mibextid=xfxF2i
မဏိပူရ စက္ကရ အကြောင်းပိုမိုလေ့လာလိုပါက -
https://youtu.be/rHiebVPvlwE?si=PnZ4GuXq5IA5C4WS
မဏိပူရ စက္ကရ ဟန်ချက်ညီမျှတဖို့ တရားထိုင်လိုပါက (Solar Chakra Guided Meditation) : https://youtu.be/2nbRB1qyXnU
အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ထိုးထွင်းသိတဲ့ ဉာဏ်အလင်း၊ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ…။
Lucas - လူးကပ်စ်
Metaphysical Learning Institute (MLI)
Join Our Community by
Telegram : https://t.me/metaphysicallearninginstitute
Viber : https://invite.viber.com/?g2=AQAk%2FIdvJ9Iu6FG0KTxji1USHnrUkhz2GOGKIqpVZQ4g0BYcfmzsa4Ru6jOCknFe
Youtube : https://www.youtube.com/@MetaphysicalLearningInstitute
Linkedin : https://www.linkedin.com/company/metaphysical-learning-institute-mli/
Facebook : https://www.facebook.com/profile.php?id=100093227089982
(P.S - Metaphysical Learning Institute (MLI) page ကနေ ရေးသားမျှဝေထားတဲ့စာတွေကို တစ်ဦးချင်း personal အတွက် သုံးနိုင်ပါတယ်။ Post တွေကို ကူးယူပြီး post ပြန်တင်သုံးစွဲခွင့်တော့ ပေးမထားပါဘူး။ လုပ်ငန်း၊ အဖွဲ့အစည်း၊ Personal blog သို့မဟုတ် Page တွေမှာ အသုံးပြုချင်တယ်ဆိုရင် ခွင့်ပြုချက်လေး ကြိုတင်တောင်းပေးပါနော်။) | 389 |
| 19 | နစ်နာကြေးပေးလျော်ခြင်း နိယာမတရား (The Law of Compensation)
ကျွန်တော်တို့တွေဟာ ကိုယ်အသုံးပြုခဲ့ရတဲ့ စွမ်းအင်တွေအတွက် အစားထိုးအကျိုးကျေးဇူးခံစားပိုင်ခွင့် ရှိကြပါတယ်။ ကိုယ်ဟာ စွမ်းအင်ပေးခဲ့ရတယ်ဆိုရင် နစ်နာကြေးအနေနဲ့ စွမ်းအင်ပြန်လည်ရရှိခွင့်ရှိပါတယ်။ ကိုယ်ပေးလိုက်ရတဲ့စွမ်းအင်ဟာ နည်းလမ်းမျိုးစုံ၊ ပုံစံအမျိုးမျိုးနဲ့ သူ့ဖာသာသူ ပြန်လည်ဆွဲခေါ်လာပေးပါတယ်။ ငွေကြေး၊ မိတ်ဆွေ၊ ချစ်ခြင်းမေတ္တာ၊ ကောင်းချီးမင်္ဂလာတွေနဲ့ ကျန်းမာမှုတွေ စတဲ့အရာတွေကို ကိုယ့်ဘဝထဲကို ဆွဲခေါ်လာပေးပါတယ်။ ကိုယ်ပေးလိုက်တဲ့အရာနဲ့ ထိုက်တန်တဲ့အရာတွေဟာ ကိုယ့်ဆီ ပြန်ရောက်လာမယ်ဆိုတာကိုသာ သဘောမပေါက်ခဲ့ရင် စစ်မှန်တဲ့ ပေးကမ်းမှုနဲ့ လက်ခံမှုတွေ မဖြစ်ပေါ်လာနိုင်ပါဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိလို့ ခံစားရတာ၊ မိမိကိုယ်ကိုယ် မချစ်တတ်တာ၊ လောကကြီးဟာ ပေါများကြွယ်ဝမှု မရှိလို့ ခံယူထားတာတွေကြောင့် လဲလှယ်မှုတွေဟာ ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ စကြာဝဠာမှာ မလောက်ငှတာ မရှိတဲ့အတွက်ကြောင့် ကိုယ်ပေးလိုက်တဲ့အရာတွေအတွက် လျော်ကြေးပြန်မရမှာ ဘယ့်တော့မှ စိတ်ပူစရာမလိုပါဘူး။
ကျွန်တော်ကိုယ်တိုင်လည်း ဒီနိယာမတရားကို သဘောမပေါက်ခင်အချိန်အထိ ဆက်ဆံရေးတွေ၊ လုပ်ငန်းဆောင်တာတွေမှာ ပေးတာနဲ့ ပြန်ရတာတွေကို ဈေးတွက် တွက်ချက်မိခဲ့တယ်။ ကိုယ်ကပေးတိုင်း ဘာမှပြန်မလာသူတွေ၊ ကိုယ်ကတန်ဖိုးထားပေမယ့် ကိုယ့်ကိုစွန့်ပစ်ကြသူတွေ၊ ကိုယ့်က သံယောဇဉ်ထားပေမယ့် တစက်ကလေးမှ ပြန်မငဲ့တွက်တဲ့သူတွေ၊ ကိုယ့်လုပ်အားကိုယူပြီး ထိုက်သင့်တဲ့အကျိုးပြန်မပေးတဲ့သူတွေ၊ ပေးသော်လည်း ပေးတိုင်းပြန်မရတာ… အချစ်လို့ခေါ်သလား ဆိုသူတွေ 😁 စတဲ့အရာတွေနဲ့ ကြုံတွေ့ရမှာကြောက်တဲ့အတွက် အစကတည်းက တွက်ချက်ပေးခဲ့ဖူးတယ်။ အမှန်တကယ်တော့ ကိုယ်ပေးတဲ့အရာကသာ ကိုယ်နဲ့ဆိုင်ပြီး သူပေးခြင်းမပေးခြင်းဟာ သူ့နဲ့ပဲပတ်သက်တာပါ။ ကိုယ်လိုချင်တဲ့အရာတွေအတွက် ကိုယ့်ဖက်ကသာ စစ်မှန်စွာပေးတတ်ခဲ့မယ်ဆိုရင် ကိုယ်နဲ့ထိုက်တန်တဲ့ အရာဟာ ကိုယ်မျှော်လင့်တဲ့သူဆီကနေ မရသည့်တိုင် စကြာဝဠာထံကနေ သေချာပေါက် လျော်ကြေးပြန်ရရှိမှာ ဖြစ်ပါတယ်။ ဒီနိယာမကို သဘောပေါက်သွားတဲ့နောက်မှာ အခြားသူတွေကို မျှော်လင့်ချက်ကင်းစွာနဲ့ ပေးနိုင်လာတာ၊ အများဆုံးလုပ်ပေးနိုင်သူသာဖြစ်ချင်ပြီး သူတို့ထံကနေ ဘာမှပြန်လည်မမျှော်လင့်ဘဲ နေနိုင်လာတာ၊ ကိုယ့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာ ထိုက်တန်မှုရှိအောင် အပြည့်အဝဆောင်ရွက်ပေးနိုင်တာတွေဟာ ဒီနိယာမရဲ့ ကျေးဇူးပါပဲ။ ကိုယ့်အနေနဲ့က စကြာဝဠာကြီးတစ်ခုလုံးရှိနေမှတော့ တစ်စုံတစ်ဦးထံကနေ မျှော်လင့်နေဖို့ဆိုတာက မလိုအပ်ဘူး မဟုတ်ပါလား။
ကမ္ဘာနဲ့ စကြာဝဠာတို့ဟာ ပေါများကြွယ်ဝကြပါတယ်။ လူတိုင်းအတွက် လုံလောက်တာထက် ပိုများပြားတဲ့ အရင်းအမြစ်တွေ ရှိပါတယ်။ ကိုယ်အနေနဲ့ ပေးကမ်းတဲ့ အရာတွေအတွက် ထိုက်တန်တဲ့ ဆုလာဘ်ကို လက်ခံထိုက်ပါတယ်။ ကိုယ့်ရဲ့ပေးကမ်းမှုအတွက် သင့်တော်တဲ့ လျော်ကြေးရရှိဖို့လည်း ထိုက်တန်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မျော်လင့်ချက်မထားသည့်တိုင် ကိုယ့်ဆီက လက်ခံရရှိသူတွေကို မထိခိုက်စေဖို့ ကိုယ့်ရဲ့ပေးကမ်းမှုအတွက် ထိုက်တန်တဲ့ ဆုလာဘ်ကို တောင်းဆိုတာ၊ ဝမ်းသာအားရ ကြိုဆိုတာတွေ ပြုလုပ်ရပါမယ်။ ဘာသာရေးတွေမှာလည်း လှူဒါန်းမှုတွေပြုလုပ်ပြီး ဆုပန်ကြတာတွေ၊ ကောင်းကျိုးခံစားရတာတွေ ရှိကြတယ်မဟုတ်လား။ ဒါတွေဟာ အခြားသူတွေက လက်ခံရရှိတဲ့အတွက် စကြဝဠာက ကျွန်တော်တို့ကို ကိုယ်ပေးခဲ့တဲ့အရာတွေအတွက် လျော်ကြေးပြန်ပေးတာပဲဖြစ်ပါတယ်။ ကိုယ်ကပေးလှူနိုင်ရင် သူများတွေ လက်ခံယူနိုင်မယ်။ ကိုယ်ကလည်းပြန်လက်ခံနိုင်မှ ထပ်ဆောင်းပိုပေးနိုင်မယ်။ ဒီလိုနဲ့ သံသရာစက်ဝန်းလည်ပတ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်ရရှိတဲ့ လျော်ကြေးဟာ မြင့်မြတ်ပြီး စကြဝဠာအတွင်း ပေးကမ်းခြင်းနှင့် လက်ခံခြင်း ချိန်ခွင်လျှာကို ထိန်းသိမ်းထားနိုင်ဖို့အတွက် စကြာဝဠာရဲ့ နစ်နာကြေးပေးလျော်ခြင်းကို လက်ခံတတ်ဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
အဆုံးထိ ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒီပို့စ်လေးက ကိုယ့်အတွက် အကျိုးရှိပြီး အလားတူပို့စ်လေးတွေကို ဆက်လက်ရေးသားစေချင်တယ်ဆိုရင် ကိုယ်ချစ်ရတဲ့သူတွေအတွက် share လုပ်ပြီး မျှဝေပေးပါဦးနော်... 💚💚💚
ထိုးထွင်းသိတဲ့ ဉာဏ်အလင်း၊ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ…။
Lucas - လူးကပ်စ်
Metaphysical Learning Institute (MLI)
Subscribe us: https://t.me/metaphysicallearninginstitute
Subscribe us: https://www.youtube.com/@MetaphysicalLearningInstitute
Follow us : https://www.facebook.com/profile.php?id=100093227089982
(P.S - Metaphysical Learning Institute (MLI) page ကနေ ရေးသားမျှဝေထားတဲ့စာတွေကို တစ်ဦးချင်း personal အတွက် သုံးနိုင်ပါတယ်။ Post တွေကို ကူးယူပြီး post ပြန်တင်သုံးစွဲခွင့်တော့ ပေးမထားပါဘူး။ လွတ်လပ်စွာ မျှဝေ (Share) နိုင်ပါတယ်။
လုပ်ငန်း၊ အဖွဲ့အစည်း၊ Personal blog သို့မဟုတ် Page တွေမှာ အသုံးပြုချင်တယ်ဆိုရင် ခွင့်ပြုချက်လေး ကြိုတင်တောင်းပေးပါနော်။) | 423 |
| 20 | ထိုးထွင်းသိတဲ့ ဉာဏ်အလင်း၊ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုတွေ ပိုင်ဆိုင်နိုင်ကြပါစေ…။
Lucas - လူးကပ်စ်
Metaphysical Learning Institute (MLI)
Subscribe us: https://t.me/metaphysicallearninginstitute
Subscribe us: https://www.youtube.com/@MetaphysicalLearningInstitute
Follow us : https://www.facebook.com/profile.php?id=100093227089982
(P.S - Metaphysical Learning Institute (MLI) page ကနေ ရေးသားမျှဝေထားတဲ့စာတွေကို တစ်ဦးချင်း personal အတွက် သုံးနိုင်ပါတယ်။ Post တွေကို ကူးယူပြီး post ပြန်တင်သုံးစွဲခွင့်တော့ ပေးမထားပါဘူး။ လွတ်လပ်စွာ မျှဝေ (Share) နိုင်ပါတယ်။
လုပ်ငန်း၊ အဖွဲ့အစည်း၊ Personal blog သို့မဟုတ် Page တွေမှာ အသုံးပြုချင်တယ်ဆိုရင် ခွင့်ပြုချက်လေး ကြိုတင်တောင်းပေးပါနော်။) | 429 |
