fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

✍️ 𝗠𝗶𝗻 𝗗𝗶𝗻 ✍️

✍️ 𝗠𝗶𝗻 𝗗𝗶𝗻 ✍️

رفتن به کانال در Telegram

To share knowledge, literature and information

نمایش بیشتر
6 713
مشترکین
-424 ساعت
-267 روز
-8530 روز
آرشیو پست ها
နေပြည်တော်၊ နိုဝင်ဘာ ၂၃ ********************** ရန်ကုန်-မန္တလေးလမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် အမှတ်(၃)အဆန်DEMU ရထားတွဲဆိုင်
+2
နေပြည်တော်၊  နိုဝင်ဘာ ၂၃ ********************** ရန်ကုန်-မန္တလေးလမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် အမှတ်(၃)အဆန်DEMU ရထားတွဲဆိုင်းအား ခဲဖြင့်ပေါက်သူ ဖမ်းဆီးရမိ
23 نوامبر, 12:15

+9
တန်ခိုးအရာမှာ အထွတ်အထိပ်ဖြစ်သလို တန်ဆောင်တိုင် ပွဲတော်ကာလရောက်တိုင်း ကြက်ပျံမကျ စည်ကားလွန်းတဲ့ နေပြည်တော်က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ တန်ဆောင်တိုင်ပွဲတော်ကြီးကိုလာရောက်လည်ပတ်ဆင်နွှဲကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
23 نوامبر, 11:20

မာရဝိဇယဗုဒ္ဓဥယျာဉ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဖဲကြိုးဖြတ်ဖွင
+3
မာရဝိဇယဗုဒ္ဓဥယျာဉ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဖဲကြိုးဖြတ်ဖွင့်လှစ် နေပြည်တော်၊ နိုဝင်ဘာ ၂၃ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ရေပန်းရင်ပြင်၌ ၂၀၂၆ ခုနှစ် တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ အခမ်းအနားတွင် “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ စတင်ခဲ့ပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က “ဇယမင်္ဂလာစာတမ်းလွှာ” ကို ဖတ်ကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဂေါပကအဖွဲ့ဝင် ဦးသန့်ဆွေက မင်္ဂလာရွှေမောင်းတီးခတ် အချက်ပေးရာ ရက္ကန်းစင်တော် ၁၅ ခု၌ မသိုးရွှေကြာသင်္ကန်းများ စတင်ရက်လုပ်ခဲ့ကြပါသည်။ ရက်လုပ်မှုစတင်ချိန်တွင် အနုပညာရှင်များနှင့် ယဉ်ကျေးမှုအဖွဲ့များက “မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်” တေးသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး မီးပုံးပျံငယ်များနှင့် မိုးပျံပူဖောင်းများ လွှတ်တင်ခဲ့ကြပါသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ရက္ကန်းစင်တော်များ၌ သင်္ကန်းရက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ညမီးကြီးနှင့် စိန်နားပန်မီးပုံးပျံများ လွှတ်တင်မှုကိုလည်း ဘုရားဖူးပြည်သူများနှင့်အတူ ကြည့်ရှုခဲ့ပါသည်။
23 نوامبر, 11:16

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မ
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို တက်ရောက်ဖွင့်လှစ် ********************************************************** အခမ်းအနားသို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီး နှင့်အတူ ဒုတိယသမ္မတဦးညိုစောနှင့်ဇနီးဒေါ်စမ်းစမ်းအေး၊ဒုတိယသမ္မတဒေါ်နန်းနီနီအေး၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီးတို့နှင့်အတူ တာဝန်ရှိသူများတက်ရောက်ကြသည်။ ထို့နောက်နိုင်ငံတော်သမ္မတနှင့် ဇနီး၊ ဧည့်ပရိသတ်များသည် ရက္ကန်းစင်တော် ၁၅ ခုမှ ရက္ကန်းအဖွဲများ၏ မသိုးရွှေကြာ သင်္ကန်းရက်လုပ်နေမှုများကို ရက္ကန်းစင်တော်တစ်ခု ချင်းစီအလိုက် စိတ်ဝင်တစား လှည့်လည်ကြည့်ရှုအားပေးကြသည်။ ၎င်းနောက်နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဘုရားဖူးလာရဟန်းရှင်လူပြည်သူများအားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။ #PPIB
23 نوامبر, 11:15

သူတို့တွေလည်း တန်ဆောင်တိုင်ပွဲကို ပါဝင်ဆင်နွှဲကြတယ်ဆိုပါတော့ 😊😊😊
23 نوامبر, 11:12

23.11.2026 ********** ရှမ်းမြောက်ပြန်ဆုတ်နေတဲ့ ကိုးကန့် ၊ ငွေညှစ်နေတဲ့ အုပ်ကြီးနဲ့အမည်ခံမီဒီယာများ ၊မိုးမိတ်ကတိုက်ပွဲများ #Union_Politics_News
23 نوامبر, 11:12

ဝန်ထမ်းအမျိုးသမီးအား ရိုက်သတ်ခဲ့သည့် ပီတာဘားပိုင်ရှင် ထောင်တွင်းရုတ်တရက်သေဆုံး ********************************************************* မဲခေါင်၊ နိုဝင်ဘာ ၂၃ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ Peter Bar တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးဝန်ထမ်းကို ရိုက်နှက်သတ်ဖြတ်ခဲ့မှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရသည့် ပီတာဘားပိုင်ရှင် အောင်မျိုးသူ (ခ) ပီတာသည် တောင်လေးလုံးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေစဉ် ရုတ်တရက်သေဆုံးသွားကြောင်း သိရသည်။ အောင်မျိုးသူ (ခ) ပီတာ သည် နိုဝင်ဘာ ၂၂ ရက်တွင် နှလုံးသွေးကြောပိတ်၍ ရုတ်တရက်သေဆုံးခဲ့ခြင်းဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၂၃ ရက်တွင် သဂြိုဟ်ခဲ့ကြောင်း သိရသည်။ ၎င်းသည် အဆိုပါလူသတ်မှုဖြင့် တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်ပြီးနောက် တစ်လခန့်အကြာတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အောင်မျိုးသူကို ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက် ညနေပိုင်းတွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ ဖမ်းဆီးရမိခဲ့သည်။
23 نوامبر, 11:07

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ Golden City အိမ်ရာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ ၁၆ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ********************************************************* နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် မြန်မာနိုင်ငံအစိုးရအနေဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံး၏လူမှုစီးပွားဘဝများကို ပျက်စီး စေသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများကို ထိရောက်ပြင်းထန်စွာ ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ရန်ကင်းလမ်းရှိ Golden City အိမ်ရာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်လုပ်ကိုင်နေသူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁၂ ဦး၊ စုစုပေါင်း ၁၆ ဦးကို အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ နိုဝင်ဘာ ၂၂ ရက်တွင် ဖမ်းဆီးရမိခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ် လည်လောင်းကစားမှုများ ကျူးလွန်လုပ်ကိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူပေါင်းအဖွဲ့က စုံစမ်းရှာဖွေ ဖော်ထုတ်မှုများ ဆောင်ရွက် ခဲ့ရာ နိုဝင်ဘာလ ၂၂ ရက် ည ၁၀ နာရီခန့်တွင် ရန်ကင်းလမ်း၊ Golden City အိမ်ရာရှိ တိုက် (၃)၊ ၁၆ လွှာ၊ အခန်းအမှတ် (၁၆၀၂) အတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်နေသည့် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၆ ဦးတို့ကို အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်ရာတွင် အသုံးပြုသည့် Laptop ၁ လုံး၊ Printer ၁ လုံး၊ Tablet ၁ လုံး၊ ဖုန်းမျိုးစုံ ၁၄ လုံး၊ Wifi စက် ၁ လုံး၊ ငွေကျပ် ၁၀ သိန်းတို့နှင့်အတူ လည်းကောင်း၊ ည ၁၁ နာရီ ခန့်တွင် တိုက် (၁)၊ ၃၂ လွှာရှိ အခန်းအမှတ် (၃၂၀၁) အတွင်းမှ အွန်လိုင်းလိမ်လည် လောင်ကစားမှုကျူးလွန်လုပ်ကိုင် နေ သည့် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို Laptop ၁၃ လုံး၊ Tablet ၂ လုံး၊ Wifi စက် ၂ လုံး၊ ဖုန်းမျိုးစုံ ၇ လုံး၊ CCTV စက် ၁ လုံးတို့ နှင့်အတူ လည်းကောင်း၊ ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် တိုက် (၄)၊ (၆)လွှာရှိ အခန်းအမှတ် (၀၆၀၂) အတွင်းမှ အွန်လိုင်းလိမ်လည်လောင်ကစားမှုကျူးလွန်လုပ်ကိုင်နေသည့် အမျိုးသမီး ၃ ဦး ကို Laptop ၁ လုံး၊ ဖုန်းမျိုးစုံ ၅ လုံးတို့နှင့်အတူ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။ ဖမ်ဆီးရမိသူများအား ကနဦးစိစစ်မေးမြန်းချက်များအရ အဆိုပါအခန်းများကို တိုက် (၅)၊ အခန်းအမှတ် (၂၇၀၂) တွင် နေထိုင်သည့် တရုတ်နိုင်ငံသား Mr. Jiang Hong Feng (a) ကျန်းဟုန်ဖန်းက ငှားရမ်းပေးထားခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် အွန်လိုင်းလိမ်လည်လောင်း ကစားမှုပြုလုပ်ရာတွင် ပစ်မှတ်များကို Customer Service အဖြစ် ဆောင်ရွက်ပေးရကြောင်း နှင့် သိမ်းဆည်းရမိ Laptop နှင့် ဖုန်းများအတွင်း၌ Zaw Play.Com (Myanmar Online Casino Slots & Sports Betting) အွန်လိုင်းစလော့ဂိမ်း လောင်းကစားပြုလုပ်နေခြင်းကို ကနဦးစစ်ဆေးတွေ့ရှိရကြောင်း သိရှိရသည်။ အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်ခဲ့သည့် ဖမ်းဆီးရမိသူ ၁၆ ဦး အား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက် ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများ အား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
23 نوامبر, 11:06

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ Golden City အိမ်ရာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ
+5
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ Golden City အိမ်ရာ၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ ၁၆ ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ 👇👇👇
23 نوامبر, 11:06

နေပြည်‌တော်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် *********************************** ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွ
+9
နေပြည်‌တော်၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက် *********************************** ကျေးသီးမြို့နယ်၊ မိုင်းနောင်မြို့၊ ဝမ်ပုံကျေးရွာအနီး  အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်လုပ်ကိုင်နေသူ တရားမဝင် တရုတ်နိုင်ငံသားများအပါအဝင် ၃၂၃ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
23 نوامبر, 11:04

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ ၂၀၂၆ ခုနှစ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ခဲ့သည့်မှတ်တမ်း
23 نوامبر, 11:02

နေပြည်တော် *********** မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် ဒုတိယနေ့ မြင်ကွင်းများ... အနယ်နယ်အရပ်ရပ်ကလာရောက်
+9
နေပြည်တော် *********** မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော် ဒုတိယနေ့ မြင်ကွင်းများ... အနယ်နယ်အရပ်ရပ်ကလာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးလာ ပြည်သူများဖြင့် လူပင်လယ်ကြီးလိုမျိုး ကြိတ်ကြိတ်တိုး စည်ကားများပြားနေတဲ့ မြင်ကွင်းတွေပဲ ဖြစ်ပါတယ်။
23 نوامبر, 10:59

ပြင်ဦးလွင် က HIGHLAND သောက်ရေသန့် ကာလဝမ်းရောဂါပိုးတွေ့ရှိ သောက်သုံးရန်မသင့်ကြောင်းကြေညာ #KoChit_MDY
ပြင်ဦးလွင် က HIGHLAND သောက်ရေသန့် ကာလဝမ်းရောဂါပိုးတွေ့ရှိ သောက်သုံးရန်မသင့်ကြောင်းကြေညာ #KoChit_MDY
23 نوامبر, 09:43

+9
အရှိန်ပြင်းပြင်းနဲ့ ဆက်လက်ချီတက်နေတဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် အရမ်းလှ အရမ်းပျော်ဖို့ကောင်းသော ဂုဏ်ယူစရာ မီးပုံးပျံပွဲတော်...
23 نوامبر, 09:40

+9
အေးချမ်းမှုနဲ့အတူ ပြန်လည်စည်ကားလာတဲ့ လွိုင်ကော်တန်ဆောင်တိုင်ည.. ဒေသခံပြည်သူတွေ အေးချမ်းပျော်ရွှင်ကြပါစေ..
23 نوامبر, 09:37

ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၃၈) ကြိမ်မြောက် မသိုးသင်္ကန်း၊ ရက်ကန်းပြိုင်ပွဲများအား နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းမှ စတင်ကျင်းပ
+9
ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် (၃၈) ကြိမ်မြောက် မသိုးသင်္ကန်း၊ ရက်ကန်းပြိုင်ပွဲများအား နိုဝင်ဘာလ ၂၃ ရက် ညနေပိုင်းမှ စတင်ကျင်းပပြုလုပ်နေတဲ့ မြင်ကွင်းများ
23 نوامبر, 09:34

+9
ရန်ကုန်မှာ ပြည်သူ့ရင်ပြင်က တန်ဆောင်တိုင်ပွဲတော်ကြီးဟာနှစ်တိုင်းစည်ကားတယ်..ပျော်ကြတယ်..ဒီနှစ်လည်း အရင်နှစ်တွေကထက် ပိုပြီးစည်ကားနေတယ်..ပြည်သူတွေပိုပြီး ပျော်လာကြတဲ့သဘောပဲ..ကောင်းလေစွ..လွတ်လွတ်လပ်လပ် ပျော်ကြစမ်းကွာ..အားရတယ်..
23 نوامبر, 09:32

+8
ရန်ကုန် ပြည်သူ့ရင်ပြင်က တန်ဆောင်တိုင်ပွဲတော်ကြီးမှာတော့ အသားကုန်ကဲနေကြပြီဟေ့. ချကွာ..အသားကုန်သာ ကဲကြ..ပျော်ကြ..
23 نوامبر, 09:29

+8
ပဲခူးသားတွေ အင်မတန်ကဲကြပါတယ်ဆိုတဲ့ ပဲခူးတန်ဆောင်တိုင်ပွဲတော်ကြီးလည်း စပါပြီ..နှစ်တိုင်း အသားကုန်ကဲကြတဲ့ ပျော်ကြတဲ့ ပဲခူးသားတွေက ဒီနှစ်မှာလည်း တက်ညီလက်ညီနဲ့အစွမ်းကုန် ပျော်ကြကဲကြဦးမှာပါ...
23 نوامبر, 09:25

+8
ချစ်သော ပုဂံမှာလည်း တန်ဆောင်တိုင်ပွဲတော်စပြီ..လာရောက်လည်ပတ်တဲ့သူတွေများလွန်းလို့တည်းစရာနေရာတောင်မရှိတော့ဘူးတဲ့..အဲ့ဒီလောက်တောင် တို့ပြည်သူတွေ ပုဂံမှာ သွားကဲနေကြတာ...
23 نوامبر, 09:17