fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

Myanmar Police CDM Channel

Myanmar Police CDM Channel

رفتن به کانال در Telegram

ပြည့်သူ့ရဲများ၏ CDM ၊ ပြည်သူတို့၏ အားမာန် ၊ မဝေးတော့သည့် ဒီမိုကရေစီနိုင်ငံ။ ခေတ်မှီ၍ တရားမျှတပြီး လွတ်လပ်ပွင့်လင်းသော ပြည်သူ့ရဲတပ်ဖွဲ့ဆီသို့။

نمایش بیشتر
1 742
مشترکین
اطلاعاتی وجود ندارد24 ساعت
-117 روز
-2830 روز

در حال بارگذاری داده‌ها

ابر برچسب‌ها
هیچ داده‌ای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
اکتبر '26
اکتبر '260
در 0 کانال‌ها
سپتامبر '260
در 0 کانال‌ها
Get PRO
اوت '260
در 0 کانال‌ها
Get PRO
ژوئیه '260
در 0 کانال‌ها
Get PRO
ژوئن '260
در 0 کانال‌ها
Get PRO
مه '260
در 0 کانال‌ها
Get PRO
آوریل '260
در 0 کانال‌ها
Get PRO
مارس '260
در 0 کانال‌ها
Get PRO
فوریه '260
در 0 کانال‌ها
Get PRO
ژانویه '260
در 0 کانال‌ها
Get PRO
دسامبر '250
در 0 کانال‌ها
Get PRO
نوامبر '250
در 0 کانال‌ها
Get PRO
اکتبر '25
+1
در 0 کانال‌ها
Get PRO
سپتامبر '25
+5
در 0 کانال‌ها
Get PRO
اوت '25
+6
در 0 کانال‌ها
Get PRO
ژوئیه '25
+11
در 1 کانال‌ها
Get PRO
ژوئن '25
+5
در 0 کانال‌ها
Get PRO
مه '25
+6
در 0 کانال‌ها
Get PRO
آوریل '25
+7
در 0 کانال‌ها
Get PRO
مارس '25
+28
در 2 کانال‌ها
Get PRO
فوریه '25
+8
در 0 کانال‌ها
Get PRO
ژانویه '25
+19
در 0 کانال‌ها
Get PRO
دسامبر '24
+13
در 0 کانال‌ها
Get PRO
نوامبر '24
+13
در 0 کانال‌ها
Get PRO
اکتبر '24
+16
در 0 کانال‌ها
Get PRO
سپتامبر '24
+34
در 0 کانال‌ها
Get PRO
اوت '24
+74
در 0 کانال‌ها
Get PRO
ژوئیه '24
+89
در 0 کانال‌ها
Get PRO
ژوئن '24
+64
در 0 کانال‌ها
Get PRO
مه '24
+72
در 0 کانال‌ها
Get PRO
آوریل '24
+75
در 0 کانال‌ها
Get PRO
مارس '24
+78
در 0 کانال‌ها
Get PRO
فوریه '24
+89
در 1 کانال‌ها
Get PRO
ژانویه '24
+68
در 0 کانال‌ها
Get PRO
دسامبر '23
+85
در 1 کانال‌ها
Get PRO
نوامبر '23
+48
در 0 کانال‌ها
Get PRO
اکتبر '23
+16
در 0 کانال‌ها
Get PRO
سپتامبر '23
+18
در 0 کانال‌ها
Get PRO
اوت '23
+11
در 0 کانال‌ها
Get PRO
ژوئیه '23
+22
در 0 کانال‌ها
Get PRO
ژوئن '23
+16
در 0 کانال‌ها
Get PRO
مه '23
+13
در 0 کانال‌ها
Get PRO
آوریل '23
+14
در 0 کانال‌ها
Get PRO
مارس '23
+20
در 0 کانال‌ها
Get PRO
فوریه '23
+17
در 0 کانال‌ها
Get PRO
ژانویه '23
+26
در 0 کانال‌ها
Get PRO
دسامبر '22
+36
در 0 کانال‌ها
Get PRO
نوامبر '22
+35
در 0 کانال‌ها
Get PRO
اکتبر '22
+57
در 0 کانال‌ها
Get PRO
سپتامبر '22
+96
در 0 کانال‌ها
Get PRO
اوت '22
+123
در 0 کانال‌ها
Get PRO
ژوئیه '22
+104
در 0 کانال‌ها
Get PRO
ژوئن '22
+109
در 0 کانال‌ها
Get PRO
مه '22
+102
در 0 کانال‌ها
Get PRO
آوریل '22
+119
در 0 کانال‌ها
Get PRO
مارس '22
+115
در 0 کانال‌ها
Get PRO
فوریه '22
+230
در 0 کانال‌ها
Get PRO
ژانویه '22
+180
در 0 کانال‌ها
Get PRO
دسامبر '21
+572
در 0 کانال‌ها
Get PRO
نوامبر '21
+293
در 0 کانال‌ها
Get PRO
اکتبر '21
+475
در 0 کانال‌ها
Get PRO
سپتامبر '21
+1 568
در 0 کانال‌ها
پست‌های کانال
ဖြစ်စဥ် (၁) အောက်ပါ ဗွီဒီယိုဖိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် အိုးထိန်းကွင်းကျေးရွာတွင် မေလ ၁၂ ရက်နေ့က ဗုံးကျဲချမှုကြောင့် ဆရာဆရာမ ၂ဦးနှင့် စာသင်ကလေးငယ် ၁၀ဦးထက်မနည်း သေဆုံးခဲ့​သည့် ဖြစ်စဥ်နှင့် ပတ်သက်၍ မိခင်တစ်ဦးမှ ရင်နှင့်မမျှအောင် ခံစားရင်း ကျိန်စာတိုက်ထားသော မှတ်တမ်းဖြစ်သည်။ ထိုဖြစ်စဥ်အပြီးတွင် NUG အစိုးရ စာသင်ကျောင်းများအားလုံး စာသင်ကျောင်းတွင် စာမသင်ကြတော့ပေ။ ဒါကို စကစ မသိ၍ ပဲလား။ ကျောင်းဆောင်တွေကိုပါ ဖျက်ဆီးချင်၍လား မပြောတတ်ပေ။ ဖြစ်စဥ်(၂) မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ပန်းတိုင်တောရွာ စာသင်ကျောင်းကို ဇူလိုင်လ ၁၁ရက်နေ့ နေ့လည် ၁၂နာရီ ၀န်းကျင်တွင် လူစီးစက်တပ်ယာဥ်(ပါရာမော်တာ) ၂စီးဖြင့် နာရီ၀က်ကြာ ဗုံးကျဲမှုကြောင့် ကျောင်းဆောင် တစ်ချို့ ပျက်စီးခဲ့ပြီး လူ ထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။ စစ်ကောင်စီသည် NUG စိုးမိုးဒေသများမှ စာသင်ကျောင်းများထံ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းများတွင် ကလေးများ စာမသင်ရဲတော့ဘဲ နေအိမ်များတွင် ဟိုတစ်စု ဒီတစ်စုသာ သင်ကြားကြရသည်။ ဒါကိုပင် စကစက အလွတ်မပေး စာသင်နေအိမ်များသို့ပါ သတင်းရလျှင် ရသလို ဗုံးကျဲချလေ့ရှိသည်။ ဖြစ်စဥ် (၃) ကော့ကရိတ်မြို့နယ်၊ပိုင်ရပ်ကျေးရွာ စာသင်နေအိမ်ကို စစ်ကောင်စီက ဇွန်လ ၉ရက်နေ့ မွန်းလွှဲ ၂နာရီခန့်တွင် ဗုံးကျဲချမှု ၆ဦးသေဆုံးပြီး ၃၅ဦး ဒဏ်ရာရ ပိုင်ရပ်သတင်းအပြည့်အစုံကိုcomment linkတွင် ဖတ်ပါ။ #MPCC

2
بدون متن...
815
3
ကျွန်ုပ်အနေနှင့် အဆင့်ဆင့် အကောင်အထည်ဖော်လာခဲ့သော PC အခန်းကဏ္ဍထက် တပ်ဖွဲ့၀င်အချင်းချင်း စိတ်၀မ်းမကွဲရေးကို ပို၍အလေးထားသည်။ ထို့ထက်PCများ၏ လုံခြုံရေးကို ပို၍ အလေးထားသည်။ ထို့ကြောင့် ယခုလို MPCC ပြိုကွဲ၍ ရပ်တန့်နေခြင်းထက် PCများ လုံလုံခြုံခြုံ ကျန်းကျန်းမာမာရှိနေခြင်းကိုပင် ကျွန်ုပ်အနေနှင့် ၀မ်းသာလှပေသည်။ ယခုအချိန်တွင် MPCC အား ယခင်လို ပြန်လည်လည်ပတ်နိုင်ဖို့ ကျွန်ုပ်မကြိုးစား။ ရည်ရွယ်ချက်နံပါတ်(၆) ကိုလည်းအကောင်အထည် ဖော်စရာမလိုတော့သဖြင့် ကျွန်ုပ်တတ်နိုင်သည့် တော်လှန်ရေးအတွက် အုပ်တစ်ချပ်သဲတစ်ပွင့် လုပ်ငန်းများနှင့် ပရဟိတ လုပ်ငန်းများကိုသာ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ရည်ရွယ်ချက် နံပါတ် (၇) ကို ဆက်လက်အကောင်အထည်ဖော်သွားဖို့သာ ရှိပေသည်။ (၇) " တော်လှန်ရေးလွန်ကာလများတွင် PC များစည်းလုံးညီညွှတ်စွာဖြင့် ပရဟိတလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး" ဟူသော အချက်ပင်ဖြစ်သည်။ အမေစု၏ ဆုံးမစကားတစ်ခွန်းရှိသည်။ " ကံကောင်းတဲ့အချိန်တွေမှာတော့ ကောင်းမွန်တဲ့ ရဲဘော်ရဲဘက်တွေ ရတယ်။ တွဲပြီးတော့ လျှောက်သွားနိုင်မယ်ဆိုလို့ရှိရင် ၀န်ထုပ်၀န်ပိုးဟာ လျော့သွားမယ်။ ဘ၀မှာ တစ်ယောက်တည်း လျှောက်ဖို့ လိုလို့ရှိရင် လျှောက်နိုင်မယ့် အ​ရည်အချင်းရှိအောင် ခုကတည်းက မွေးမြှူကြပါ။ " ယခုအချိန်တွင် ကျွန်ုပ်သည် မှန်ကန်သော အလုပ် မှန်ကန်သော စေတနာဖြင့် အလုပ်အပေါ် သစ္စာရှိစွာ စွမ်းနိုင်သမျှ ဆောင်ရွက်ရင်းရှေ့ဆက်သွားမည်။ အမေစု၏ ဆုံးမစကားလို တစ်ယောက်တည်းလျှောက်နိုင်မည့် အရည်အချင်းမျိုးမွေးမြှူ၍ ကျွန်ုပ်နှင့် လက်တွဲလုပ်ကိုင်လိုသူ အဖော်ကောင်းများရှိလျင်လည်း ကြိုဆိုရင်းတော်လှန်ရေးကြီး အမြန်ဆုံးအောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် (PC 001) #MPCC
334
4
တစ်ချိန်က သတင်းကြီးခဲ့သော ရဲCDM များ၏ MPCC အကြောင်း (၁) PC အဖွဲ့၏ အဓိကရည်ရွယ်ချက်သည် "ရဲCDMများ၏ အကျိုးနှင့် ရဲCDM များ၏ အခွင့်အရေးအတွက် တတ်စွမ်းသမျှ ဆောင်ရွက်နိုင်ရေး " ပင်ဖြစ်သည်။ (၂) တတ်စွမ်းသမျှဆိုရာ၌ ရဲCDMများ ညီညွတ်စွာ စုစည်းနိုင်လေလေ တတ်နိုင်မှု စွမ်းနိုင်မှုသည် ပို၍ များလာလေလေပင်ဖြစ်သည်။ ထို့ကြောင့် " အနယ်နယ်အရပ်ရပ်တွင်ရှိသော ရဲCDMများ တစ်စုတစ်စည်းတည်း ပေါင်းစည်းရေး" သည် ဒုတိယ အရေးကြီးသော ရည်ရွယ်ချက်ဖြစ်သည်။(စည်းလုံးခြင်းသည်အင်အားပင် မဟုတ်ပါလား) (၃) PCများ စုစည်းမှုများလာသည့်အခါ လက်ချောင်း အတိုအရှည်မညီသကဲ့သို့ ဆင်းရဲသူ ချမ်းသာသူ ရိုးသားသူ ကောက်ကျစ်သူ သဘောထား မတိုက်ဆိုင်သူ သဘောထားချင်း တိုက်ဆိုင်သူ ခံယူချက်တူသူ ခံယူချက်ခြင်း မတူညီတူဟူ၍ လူအမျိုးမျိုး ရှိကြပေမည်။ထိုအခါ အချင်းချင်း မညီမညွှတ် ဖြစ်လာပြီး ပြည်သူများကဲ့ရဲ့စရာကိစ္စများ ဖြစ်ပေါ်လာနိုင်သည်။ သို့ဖြစ်၍ " အချင်းချင်းဖေးမကူညီပြီး ပြည်သူတို့ ဂုဏ်ယူထိုက်သော CDM ရဲတပ်ဖွဲ့၀င်များအဖြစ် ရပ်တည်ရေး " ဟူသည့်အချက်သည် တတိယ အရေးကြီးသည့် ရည်မှန်းချက်ဖြစ်လာသည်။ (၄)(၅) ရဲCDMများသည်ပညာတတ် အသိုင်းအ၀ိုင်းက ဆင်းသက်လာသူများဖြစ်သည်။ အခက်အခဲတွေ ဘယ်လောက်ပဲကြုံကြုံ အဓိပ္ပာယ်ရှိရှိ ရပ်တည်နိုင်ရမည်။လုပ်နိုင်ကိုင်နိုင်ရမည်။ အတွေးအခေါ်ကောင်းများရှိရမည်။ အများအတွက် အကျိုးပြုနေရမည်။တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ လုပ်ပေးခွင့်ရှိနေသူများအဖြစ်ရပ်တည်နိုင်ရန်အတွက် စတုတ္ထနှင့်ပဥ္စမ ရည်ရွယ်ချက်ကိုထည့်သွင်းရေးဆွဲသည်။ " ပြည်သူများအကျိုးရှိစေမည့် သတင်းနှင့်ဆောင်းပါးများရေးသားဖော်ပြခြင်း "နှင့် " နည်းအမျိုးမျိုးကြောင့် CDM လုပ်ရန်ခက်ခဲနေသော တပ်တွင်းမှ ရဲဘော်ရဲဘက်များအား လက်တွဲခေါ်ယူရေး " တို့ပင်ဖြစ်သည်။ (၆) PCများစုစည်းထားခြင်း၏ နောက်ဆုံးပန်းတိုင်သည် NUG အစိုးရမှ တာ၀န်ပေးအပ်လာသည့်အခါ တစ်စုတစ်စည်းတည်းတာ၀န်ထမ်းဆောင်နိုင်ရေးတို့ပင်ဖြစ်သည်။ MPCC channel သည် ရည်မှန်းချက်များ အကောင်အထည်ဖော်ရင်း NUG နှင့်လက်တွဲ၍ သတင်းဆောင်းပါးများ၊ ဖရဲသီးသတင်းများ၊PC များအတွက် ထောက်ပံ့ရေးများ၊ တော်လှန်ရေးအတွက်ပံ့ပိုးကူညီရေးများအပြင်၊ PCများအား တိုင်းနှင့်ပြည်နယ်အလိုက် စုဖွဲ့၍ ခေါင်းဆောင်ပိုင်း အယောက် ၃၀ကျော်အပါအ၀င် CDM ရဲတပ်ဖွဲ့၀င်ပေါင်း ၄၀၀ကျော် ဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်။ ကျွန်ုပ်တို့၏ PC အဖွဲ့တွင် ရာထူးရာခံဟူ၍ မရှိ အလုပ်လုပ်သူတိုင်း နေရာရနိုင်သည့်စနစ်ဖြစ်ပြီး တာ၀န်ယူလိုသူတိုင်းကိုလည်း တာ၀န်ခွဲဝေပေးနိုင်စေရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ကိုင်ခဲ့ကြသည်။အကူအညီလိုသူတိုင်းခက်ခဲသူတိုင်းကိုလည်းပြည်သူများ အကူအညီဖြင့် အထောက်အပံ့ပေးနိုင်ခဲ့သည်။ ရပိုင်ခွင့်များရှိလာသည့်အခါတွင်လည်းတန်းတူညီမျှ ရရှိခဲ့ကြသည်။ ကျွန်ုပ်နှင့်အတူ PCများအားလုံး၏ မျှော်လင့်ချက်သည် စိုးမိုးနယ်မြေ တစ်ခုရလျှင် ၄င်းနေရာတွင် စုဖွဲ့ပြီးဖြစ်သည့် PC များက ရဲလုပ်ငန်းများကို တာ၀န်ယူပေးနိုင်ရန် မျှော်လင့်ထားကြသည်။(သို့သော်...) MPCC သည် ကောင်းမွန်သောရည်ရွယ်ချက်များဖြင့် တော်လှန်ရေးခရီးကို စတင်ခဲ့သည်။ ရည်ရွယ်ချက် ၁မှ၅ အထိ အကောင်အထည်ဖော်နိုင်ခဲ့သော်လည်း ရည်မှန်းချက်နံပါတ်(၆)သည် အထမမြောက်နိုင်တော့ပေ။ အထမမြောက်ရသည့်အကြောင်းအရင်းကို ပြန်ပြောင်းသုံးသပ်လျှင်၂၀၂၂ခုနှစ် နှောင်းပိုင်းလောက်က PCများအတွက် အလွန်ပင်ကြပ်တည်းလှသော ကာလများဖြစ်ခဲ့သည်။ PCအများစုသည် မြို့ပေါ်တွင် မနေနိုင်တော့ဘဲ နယ်စွန်နယ်ဖျားဒေသများသို့လည်းကောင်း အခြားနိုင်ငံများသို့လည်းကောင်း ရွှေ့ပြောင်းကြရသည်။ ထိုအချိန်ကအစွန်အဖျားဒေသများတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ စတင်ဖြတ်တောက်ခံနေရချိန်ဖြစ်သည်။ ထို့ကြောင့် စုဖွဲ့ထားသော PC ခေါင်းဆောင်ပိုင်းများလည်း ကွဲကွာသွားကြပြီး အဆက်အသွယ်များပြတ်တောက်၍လုပ်ငန်းကမောက်ကမဖြစ်ခဲ့ရသည်။ PCများ အပြောင်းအရွှေ့ဆိုရာ၌ စာနှင့်ပြောလျင်လွယ်၏ တကယ့်လက်တွေ့မှာ အလွန်ပင် ခက်ခဲလှပေသည်။စစ်ဆေးရေးဂိတ်များတွင် အဖမ်းမခံရစေရေး မိမိဘက်မှ လုံခြုံရေးကိုအထူးဂရုစိုက်ရသည်။ မှတ်တမ်းမှတ်ရာအကုန် ဖေ့ဘုတ် တယ်လီဂရမ် ဓာတ်ပုံ မှတ်စုများ ရဲနှင့်ပတ်သက်သည်များ နိုင်ငံရေးနှင့်ပတ်သက်သမျှအားလုံး ဖျက်ဆီးခဲ့ရသည်။ကုန်းတစ်တန်ရေတစ်တန် ဘယ်လိုပဲကြမ်းတမ်းပါစေ၊ ရှောင်လမ်းကွင်းလမ်းများကို အသုံးပြုကြရသည်။ ထိုအတောအတွင်း အသက်ပေးကြရသူများလည်း ရှိသည်။ ကံကောင်းလှသော ကျွန်ုသည်လည်း ၂၀၂၃/၂၄ ၂နှစ်ကျော်လောက်အထိ ဖုန်းလိုင်းအင်တာနက်လိုင်းမမိသော အရပ်ဒေသတွင် စား၀တ်နေရေးအတွက် ရုန်းကန်နေရပြီး MPCCနှင့်တကွ မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းအားလုံးကို ခွဲခွာခဲ့ရပြီး ယခင်လပိုင်းအတွင်းမှသာ အင်တာနက်လိုင်းပြန်ရ၍ MPCCသို့ ပြန်လည်ရောက်ရှိဲခဲ့ရသည်။
262
5
بدون متن...
205
6
နိုင်/ကျဉ်းများ လွတ်မြောက်မှုနှင့်ပတ်သက်ပြီး တာဝန်ရှိသည့် ထီးလင်းရဲစခန်းမှ ရဲတပ်ကြပ်နှစ်ဦး စစ်သားများ နှိပ်စက်မှုကြောင့် သေဆုံး ၂၅ ရက်​နေ့။၂၀၂၅ ပြီးခဲ့သည့် ဇွန် ၁၇ရက်က အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတစ်ဦးနှင့် အမျိုးသား နိုင်ငံရေးအကျဉ်းသား ၁၂ ဦးသည် ထီးလင်းရဲစခန်းမှ ထွက်​ပြေးလွှတ်မြောက်ခဲ့သည်။ ထိုကဲ့သို့ နိုင်ကျဉ်းများ လွတ်မြောက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများသည် အချုပ်ခန်းတာဝန်ကျ ရဲတပ်ကြပ်နှစ်ဦးဖြစ်သည့် ရဲတပ်ကြပ်မြင့်အောင်နှင့် ရဲတပ်ကြပ်ကျော်ဆန်းဌေးတို့ကို အချုပ်ထဲထည့်ကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ခြင်းများကြောင့် သေဆုံးခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံ မှ သိရှိရသည်။ "နောက်ပိုင်း စုံစမ်းသိရှိရတာက သူတို့ထွက်ပြေးလွတ်မြောက်ပြီးနောက်ရက် (ဇွန် ၁၈ရက်)မှာ အချုပ်သားတွေထွက်ပြေးမှုအတွက် အဓိကတာဝန်ရှိသူ ရဲတပ်ကြပ်နှစ်ယောက်ကို အချုပ်ထဲထည့်တယ်။ စကစ စစ်သားတွေရောက်လာပြီးမှ နှိပ်စက်ရင်း ရဲတပ်ကြပ် နှစ်ယောက်လုံးသေသွားတယ်" ဟု ၎င်းတို့နှင့်နီးစပ်သူများမှ ပြောသည်။ ထိုရဲစခန်းကို "ထီလင်းက ဒုဗိုလ်မှုး ထိန်လင်းနှင့်အဖွဲ့ ရောက်ရှိလာခဲ့ပြီး အချုပ်ခန်းတာဝန်ကျ အချုပ်ခန်း​စောင့်ရဲ​တွေကို ခေါ်ယူ ရိုက်နှက် စစ်​ဆေးခဲ့​ရာ အချုပ်ခန်း​စောင့်ရဲ ၅ ဦး မှာ ၂ ဦး​မှ လက်လွန်ပြီးသေဆုံး၍ ၃ ဦး မှာ နှိပ်စက်ခံရမှု ရှိထား​ကြောင်း ၎င်းတို့နှင် နီးစပ်သူများထံမှ သိရှိရသည်။ ထီးလင်းအချုပ်ခန်းအား ဖောက်နိုင်ရန် အတွက် နိုင်ကျဉ်းများသည် အချိန် သုံးလခန့်ယူခဲ့ရကြောင်းလည်း သိရသည်။ "ထွက်ပြေးတဲ့ညက အပေါက်ကို ဖွင့်လိုက် နှစ်ယောက်တစ်တွဲပြန်နေလိုက်၊ ကျန်တဲ့လူတွေက ဟန်မပျက်နေလိုက်၊ ခဏနေရင် လူပြန်ထွက်လိုက်လုပ်တာ၊ လူအားလုံးကုန်တော့ နဂိုမှန်းထားတဲ့နေရာကို ပြေးနေတဲ့အချိန်မှာ ရဲတွေကသိသွားတော့လိုက်ရှာတယ်။ ထွက်ပြေးနေတဲ့အချိန်မှာ ငါးယောက်အုပ်စုမှာ ပါတဲ့ အမျိုးသမီးနိုင်ကျဉ်းတစ်ဦးက မိုင်းနင်းမိပြီးဆုံးသွားတယ်" လို့ မြို့ခံများထံမှ သိရှိရသည်။ လက်ရှိ နိုင်ငံရေးအကျဉ်းသားများသည် လွတ်မြောက်ရာနယ်မြေသို့ ရောက်ရှိသွား​ကြောင်းနှင့် မိုင်းနင်းမိပြီး ကျဆုံးခဲ့သည့် နိုင်ကျဉ်းအမျိုးသမီးကို ဇွန် ၁၈ရက်တွင် သင်္ဂြိုဟ်ပေးခဲ့ကြောင်းလည်း ၎င်းတိုနှင့်နီးစပ်သူများထံ မှ သိရှိရသည်။ "ကျန်တဲ့ ၁၂ ဦးကို ကောင်းမွန်စွာဆေးကုပေးတယ်။ သူတို့ သွားလိုရာကိုပို့ပေးလိုက်ပါတယ်" ဟု ၎င်းတို့နှင့်နီးစပ်သူများမှ ထံမှ သိရှိရသည်။ ထီးလင်းအချုပ်ခန်းမှ လွတ်မြောက်လာသူများမှာ အသက် ၂၀အရွယ်မှ အသက် ၄၅နှစ်အရွယ် ဒေသခံများဖြစ်ပြီး တစ်ဦးမှာ ၂၀၂၁ခုနှစ်တွင် ထီးလင်းမြို့နယ်၊ ထန်းပင်ကုန်းရွာ တိုက်ပွဲ၌ ဖမ်းဆီးခံခဲ့ရသည့် တော်လှန်ရေးရဲဘော်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။ ယမန်နှစ်( ၂၀၂၄ခုနှစ်) ဇွန်လကလည်း ထီးလင်းဒေသခံ ငါးဦးသည် မြို့နယ်တရားရုံးအချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသည်။ ထီးလင်းမြို့သည် ချင်းပြည်နယ်နှင့် ထိစပ်နေသည့်မြို့ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များအားကောင်းသည့်မြို့တစ်မြို့ဖြစ်ကာ မြို့ပတ်လည်ကို တော်လှန်ရေးတပ်ဖွဲ့များက ဝန်းရံထားသဖြင့် စစ်ကောင်စီသည် မြို့ကိုသာ စိုးမိုးထားနိုင်သည်။ #Telegram Link https://t.me/YPCFighter #Yangon Police CDM Fighter #ဒေသခံများ
365
7
بدون متن...
294
8
အချုပ်သားများထွက်ပြေးလွတ်မြောက်မှုနဲ့ ထီးလင်းမြို့များမှ ရဲများအား နှိပ်စက်သည့်မှေသဆုံးမှုထိဖြစ် ဇွန်လ ၂၄ ရက်​နေ့။၂၀၂၅ ဇွန်လ ၁၇ ရက်နေ့ညက မကွေးတိုင်း၊ယောဒေသ၊ဂန့်ဂေါခရိုင်၊ထီးလင်းမြို့ မြို့မရဲစခန်းကနေ နိုင်/ ကျဥ်း အချုပ်သား ၁၃ ဦးထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့​ကြောင်း မြေပြင် သတင်းများအရ သိရှိရပါသည်။ အဆိုပါ ဖြစ်စဥ်နဲ့ပါတ်သက်ပြီး ထီးလင်းမြို့ရှိ စစ်ကောင်စီ အကြီးအကဲ ဒုဗိုလ်မှူးထိန်လင်းက သိသိချင်း၊ချက်​ခြင်းပင် ထီးလင်းမြို့ မြို့မရဲစခန်းကို အလျင်အမြန်လာရောက်၍ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ ၎င်းတို့နှင့် နီးစပ်သုများထံ မှ သိရှိရသည်။ ၎င်း အမှုနဲ့သက်ဆိုင်တဲ့ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်အားလုံးကို ခေါ်ယူတွေ့ဆုံပြီး စစ်ကောင်စီတပ်သား (စစ်သား) များက သက်ဆိုင်သူများအား ရိုက်နှက်စစ်ဆေးတာတွေပြုခဲ့တာကြောင့် လက်လွန်ပြီး ရဲတပ်ကြပ် မြင့်အောင်နဲ့ ရဲတပ်ကြပ် ကျော်ဆန်းထွေးတို့ ၂ ဦး တို့သည် ရိုက်နှက်ဒဏ်ရာကြောင့် ​သေဆုံး သွားခဲ့ကြတယ်လို့ ၎င်းတို့နှင့် နီးစပ်သူများထံ မှ သိရှိရသည်။ ထိုကိစွနဲ့ပင် ရဲတပ်သား ၃ ဦးကိုလည်း စစ်ကောင်စီက အချုပ်ထဲမှာထည့်သွင်းအကျဥ်းချထားပြီးဆက်လက် စစ်ဆေးမေးမြန်းမှုတွေလုပ်နေတယ်လို့လည်းသိရပါတယ်။ #Telegram Link https://t.me/YPCFighter #Yangon Police CDM Fighter #ထီးလင်းမြို့သတင်း
287
9
بدون متن...
264
10
ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်တပ်ကို ကြိုတင်အကြောင်းမကြားဘဲ ဖမ်းဆီးမှုများပြုလုပ်လျှင် စကစလက်အောက်ခံ ရဲပါ အရေးယူခံရမည် ၂၄ ဇွန်လ ၂၀၂၅ အကြမ်းဖက် စစ်ကောင်စီကွပ်ကဲနယ်မြေများတွင် ဖမ်းဆီးမှုများ ပြုလုပ်မည်ဆိုပါက ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာ စစ်ကောင်စီ တပ်ဖွဲ့ထံ ကြိုတင်အကြောင်းကြားရမည်ဟု ညွှန်ကြားချက် ထွက်ပေါ်လာပြီး ထို့သို့ အကြောင်းမကြားဘဲ ဖမ်းဆီးပါက ရဲတပ်ဖွဲ့ဝင်များပါ အရေးယူခံရမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက် စစ်ကောင်စီတိုက်ရိုက်ကွပ်ကဲသည့် နယ်မြေများတွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်မည်ဆိုပါက ရန်ကုန်တိုင်းအခြေစိုက် နည်းဗျူဟာမှူး၊ တပ်ရင်းမှူးနှင့် စစ်ကြောင်းမှူးများကို အကြောင်းကြားရန် ထပ်ဆင့်ညွှန်ကြားချက်များ ပေးပို့ထားကြောင်း သိရသည်။ "အကြောင်းကြားစာ ထွက်လာတာ မှန်ပါတယ်။ ရဲလုပ်ငန်းစဉ်ကို ဝင်ရောက်နှောင့်ယှက်တဲ့ ရဲထက်ဆိုး တွေပေါ့။ တပ်ထဲမှာဆိုရင် အတောင်းအရမ်းကြမ်းတဲ့သူတွေကို ရဲထက်ဆိုးလို့ နာမည်ပေးကြတယ်။ အခုကတပ်မှာ ရဲထက်ဆိုးတွေ များလာတယ်" ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ နည်းဗျူဟာမှူးများ၊ နယ်မြေခံတပ်ရင်းများထံသို့ သတင်း ပို့ဆောင်မှုပြုလုပ်ပြီးမှသာ ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ စစ်တပ်၏ ခွင့်ပြုချက်မပါဘဲ ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်ပါက ထိုသို့လုပ်ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များကို ယာယီထိန်းသိမ်းထားနိုင်သည်ဟု ညွှန်ကြားစာတွင် ပါဝင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ယင်းသို့ ထုတ်ပြန်ရသည့် အဓိကအကြောင်းအရင်းမှာ စစ်ကောင်စီအရာရှိများ ပိုင်ဆိုင်သည့် တရားမဝင်လုပ်ငန်းများကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခြင်းနှင့် စစ်ဗိုလ်ချုပ်များ ခွင့်ပြုထားသည့် မူးယစ်ဆေးသယ်ဆောင်မှုများကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်ကောင်စီက ရဲလုပ်ငန်းစဉ်များကိုပါ ဝင်ရောက်နှောင့်ယှက်၍ တိုင်းအရန်တပ်မများထံသို့ ညွှန်ကြားစာ ထွက်လာရခြင်းမှာ ၎င်းတို့၏ အကျိုးစီးပွားကို တိုက်ရိုက်ထိပါးခြင်းကြောင့်ဖြစ်ပြီး၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း လုပ်ဆောင်ရမည့် အတိုင်းအတာထက် ကျော်လွန်၍ ငွေညှစ်ရန် သက်သက် ဖမ်းဆီးကာ တောင်းယူလိုသည့်ငွေပမာဏ ရရှိပါက ပြန်လည်လွှတ်ပေးခြင်းစသည့် လုပ်ရပ် များကို လုပ်ဆောင်နေကြောင်း သိရသည်။ Photo -(ပုံဟောင်း) #Telegram Link https://t.me/YPCFighter #Yangon Police CDM Fighter
277
11
بدون متن...
190
12
ပုလဲမြို့နယ်တွင် ပစ်ချခံရသည့် စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး၏ ဦးခေါင်းခွံ့နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရရှိထား ဇွန်လ ၁၀ ရက်၂၀၂၅ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယနေ့ မွန်းတည့်ပိုင်း ပစ်ချခံရသည့် စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး၏ ဦးခေါင်းခွံ့နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရရှိထားကြောင်း ဒေသတော်လှန်ရေးရဲဘော်များက ပြောဆိုသည်။ "ဦးခေါင်းခွံ့ ရတယ်။ ဦးနှောက်တွေလားတော့မသိဘူး အပုံလိုက်လေး အဲဒါလည်း တွေ့တယ်။ အလောင်း အကောင်လိုက်တော့ မရဘူး။ ပေါက်ကွဲပြီး လေယာဉ်မှူး ကိုယ်ခန္ဓာတွေက အကုန်ပြန့်ကျဲကုန်တာထင်တယ်။ မီးလောင်နေတာက ဘုန်းကြီးကျောင်းထဲ လေယာဉ်ပျက်ကျပြီး လောင်တာ" ဟု ဒေသတော်လှန်ရေးရဲဘော်က ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်အချိန် ပုလဲမြို့နယ်၊ ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲကို ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA က ပစ်ချ နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ PLA က ပစ်ချလိုက်သည့် ဂျက်ဖိုက်တာလေယာဉ်သည် ပုလဲမြို့နယ်၊ စပါးစေ့ရွာ၊ဘုန်းကြီးကျောင်းဝင်းအတွင်း ပျက်ကျသွားခဲ့ခြင်းကြောင်း Union Liberation Front တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကလည်း အတည်ပြုပြောဆိုသည်။ #Telegram Link https://t.me/YPCFighter #Yangon Police CDM Fighter
344
13
+8
بدون متن...
360
14
Breaking News- ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းသားကျောင်းသူ ၅၀ ဝန်းကျင် ထိခိုက်သေဆုံးနိုင်ဟုဆို မေ ၁၂ ။ ၂၀၂၅ ယနေ့ နံနက် ၉ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် ဒီပဲယင်းမြို့နယ်၊အိုးထိမ်းကွင်းရွာ​ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆရာမ ၂ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား ထိခိုက်သေဆုံးကြောင်း သိရှိရသည်။ "စာသင်ကျောင်းပေါ် တည့်တည့်ကျဲသွားတာ။ ဆရာမ ၂ ဦးကတော့ ပွဲချင်းပြီးပဲ။ ၅၀ လောက် ထိခိုက်သေဆုံးမှုရှိနိုင်တယ်။ အလောင်းရှာမရတဲ့ ကလေးတွေလည်းရှိတယ်။ ကလေးတွေက မျက်လုံးကျွတ်ထွက်သူထွက်။ တချို့က ခေါင်းကို ထိခိုက်တယ်။ အခု ကားတွေနဲ့ သယ်ထုတ်နေတယ်။ အခြေအနေက ဆိုးပါတယ်" ဟု ဒီပဲယင်းမြို့နယ်မှ ကယ်ဆယ်ကူညီရေးလုပ်ဆောင်သူတစ်ဦးက ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေး ကြေညာထားသော်လည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ထိုးစစ်ဆင်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။ #လေကြောင်း #ဒီပဲယင်း #စာသင်ကျောင်း #Telegram Link https://t.me/YPCFighter #Yangon Police CDM Fighter
348
15
+3
بدون متن...
276
16
သင်္ကြန်အကျနေ့ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ ဒရုန်းနှင့် စက်တပ်လေထီးများဖြင့် အကြီးအကျယ် ပစ်ခတ် ထိုးစစ်ဆင်နေ၊ ပြည်သူများထွက်ပြေးနေရ ယနေ့ သင်္ကြန်အကျနေ့တွင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်၊ ဒရုန်းနှင့် စက်တပ်လေထီးများဖြင့် အကြီးအကျယ် ပစ်ခတ် ထိုးစစ်ဆင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်မှ ၈ နာရီအချိန်အတွင်း စစ်ကိုင်းတိုင်း ကနီမြို့နယ်အတွင်းရှိ မုဌောရွာ၊ သမင်ခြံရွာများအပါအဝင် ကျေးရွာများကို ဦးတည်၍ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်တပ်က ဒရုန်းများ၊ ဂျက်ဖိုက်တာများ၊ ပါရာမော်တာများ အသုံးပြု၍ နာရီဝက်အတွင်း လေကြောင်းပစ်ခတ်မှု ၈ ကြိမ်လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။ “စစ်တပ်ယာဉ်တွေက ပျံနေဆဲဗျ။ ဉပုသ်သည်တွေ ၊ ဘုန်းကြီးတွေ ၊ ဒုလ္လဘတွေပါ ပုန်းနေကြတယ်။ ပြည်သူကို ဦးတည်ပြီး တမင်လာတိုက်တာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။ လက်ရှိအချိန်အထိ ကနီမြို့နယ် ကောင်းကင်ယံတွင် ဒရုန်းများ၊ စက်တပ်လေထီးများနှင့် ကင်းထောက်လေယာဉ်များ ဆက်လက် ပျံဝဲနေပြီး သင်္ကြန်အကျနေ့ ပြည်သူ အများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။ #Telegram Link https://t.me/YPCFighter #YPC Fighter
333
17
بدون متن...
241
18
လစဥ် ကျိန်စာသပိတ် တွင် ပါ၀င်ကြရန် ဖိတ်ခေါ်ခြင်း အာဏာရှင်စနစ်ဟူသည် ပြည်သူများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့် ဗိုလ်ကျ thတ်ဖြတ်သော်လည်း ပြန်လည်တုံ့ပြန်ခွင့်မရှိ ချေပ ပြောဆိုခွင့်မရှိ ၊ ဥပဒေ သည် ၄င်းတို့၏ လက်အောက်တွင်သာ ရှိပြီး ဥပဒေကို လက်တစ်လုံးခြား ချယ်လှယ်ခွင့် ရှိသော စနစ်ဖြစ်သည်။ အာဏာရှင် စနစ်ကို အလိုရှိသော သူများသည် ဥပဒေကို လက်တစ်လုံးခြား ချယ်လှယ်ချင်သူ၊ အနိုင်ကျင့် ဗိုလ်ကျလိုသူ၊ ပြည်သူ့အသံကို ဂရုစိုက်စရာမလိုဘဲ အုပ်ချုပ်ခွင့် လာဘ်စားခွင့်ရသူ၊ဌာနဆိုင်ရာကို လာဘ်ထိုး၍ ခေါင်းပုံဖြတ် အမြတ်ကြီးစားလိုသူ လူနည်းစု တစ်စုသာ ဖြစ်သည်။ ၄င်း စနစ်ဆိုးကြီးကို မြန်မာပြည်သူအများအပြားက ယခင်ကလည်း အလိုမရှိ၊ ယခုလည်းအလိုမရှိသလို နောင်နှစ်ပေါင်းများစွာ ဘယ်သောအခါမှ အလိုမရှိကြောင်း တစ်ကမ္ဘာလုံး သိစေရန် သက်သေပြရပေမည်။ အာဏာရှင်ယန္တယားစက်၀န်းအတွင်း လည်ပတ်နေကြသော အစိုးရ၊ ၀န်ထမ်း၊ ပြည်သူ၊ မီဒီယာ၊ မည်သူ့ကိုမျှ အလိုမရှိပါ။ ကျွန်ုပ်တို့ အမှန်တရားဘက်တော်သားများအားလုံးက လစဥ် ၁၃ရက်နေ့တိုင်း ကျိန်စာတိုက်သွားပါမည်။ အမှန်တရားဘက်က မရပ်တည်ကြသော ၄င်းတို့အားလုံး တူသောအကျိုးကို ခံစားစေရမည်။ ၄င်းတို့စားသော ထမင်း တစ်လုပ်တိုင်း အဆိပ်သင့်စေရမည်။ ၄င်းတို့ သွားသော ခြေလှမ်းတိုင်း ဆူးဖြစ်စေရမည်။ ၄င်းတို့ ရှူသော အသက်တိုင်း ပြည်သူ့ကျိန်စာ စူးစေရမည်။ ===================== ယခုလ ကျိန်စာသပိတ်တွင် ပါ၀င်လိုသူများသည် မိမိ၏ လက်ရေးဖြင့် စာရွက်ပေါ်တွင်လည်းကောင်း၊ကတ်ထူပြားပေါ်တွင်လည်းကောင်း၊နံရံပေါ်သော်လည်းကောင်း ရေး၍ ဓာတ်ပုံရိုက်ပြီး တင်ပေးရပါမည်။
343
19
လှိုင်းဘွဲ့မြို့နယ်ထဲက ရှမ်းရွာသစ်မြို့ကို ဌာနဆိုင်ရာဝန်ထမ်းတွေစွန့်ခွာ ကရင်ပြည်နယ်၊ ဘားအံခရိုင်ထဲက ခလော်ကထိုက်( ရှမ်းရွာသစ်မြို့)ရှိ စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့ ရဲတပ်ဖွဲ့တွေ အပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကစတင်ပြီး မြို့ကနေ ထွက်ခွာသွားကြတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။ ဘားအံခရိုင် ၊လှိုင်းဘွဲ့မြို့နယ် ၊ ရှမ်းရွာသစ်မြို့မှာ တာဝန်ကျနေတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ထွက်ခွာကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၇) သတိပေးလိုက်ပြီးနောက် အခုလို မြို့ကနေ ထွက်ခွာသွားကြတာလို့သတင်းရင်းမြစ်က ပြောပါတယ်။ ရဲတပ်ဖွဲ့၊ ထွေအုပ် ၊ လဝက ၊ပြန်ဆက် ၊ စည်ပင် ၊စိုက်ပျိုးရေး ၊ လယ်ဆည် စတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ မြို့ကနေ ထွက်ခွာသွားကြပြီလို့သိရပါတယ်။ ကျောင်းတွေလည်း ပိတ်ထားတဲ့အတွက် ပညာရေးဝန်ထမ်းတွေ လည်း ထွက်ခွာသွားကြတဲ့အထဲပါဝင်တယ်လို့ သတင်းရင်းမြစ်ရဲ့ ပြောပြချက်အရသိရပါတယ်။ လက်ရှိမှာတော့ ရှမ်းရွာသစ်မြို့ ပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ဗျုဟာကုန်းစခန်း တစ်ခု ကျန်ရှိပါတော့တယ်။ အဲဒီ ဗျုဟာကုန်းကိုတော့ မတ်လလယ်ပိုင်းက လေကြောင်းကနေ စစ်ကောင်စီက ရိက္ခာ ဖြည့်တင်းထားတယ်လို့သိရပါတယ်။ KNU တပ်မဟာ (၇) က ထိုင်း - မြန်မာနယ်စပ်တလျောက်ရှိ စစ်ကောင်စီတပ်စခန်းတွေ နဲ့ KNU ဌာနချုပ်အနီး ခြေကုပ်ယူထားတဲ့ စခန်းတွေကို တိုက်ယူနေတာဖြစ်ပြီး ပြီးခဲ့တဲ့မတ်လအတွင်း ရှမ်းရွာသစ်မြို့က ခလယ့်ဒေးစခန်းကို သိမ််းယူထားပါတယ်။ KNU တပ်မဟာ (၇) နယ်မြေထဲမှာ KNU ဗဟိုဌာနချုပ်ရှိတာပါ။ ရှမ်းရွာသစ်ဗျုဟာကုန်း ကတော့ မဲ့တလေ-ရှမ်းရွာသစ်-လှိုင်းဘွဲ့ ကားလမ်းပေါ်မှာ တည်ရှိပြီး ထိုင်းနယ်စပ်အနီးရှိ KNU ဗဟိုဌာနချုပ်နဲ့ အနီးဆုံးရှိနေတဲ့ ဗျူဟာအဆင့်ရှိ စခန်းကြီးတစ်ခုဖြစ်ပါတယ်။ KNU ဌာနချုပ်ကို စစ်ရေးအရ နှောင့်ယှက်တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်တဲ့နေရာမှာရှိနေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။ အဲဒီ ဗျုဟာကုန်းကနေ KNU ဗဟိုဌာနချုပ်ဆီ ဒရုန်းနဲ့ကင်းထောက်တာ ၊ အသေခံဒရုန်းသုံးပြီး တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့လို့ ထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့သိရပါတယ်။ ဓာတ်ပုံ - Maxar #Telegram Link https://t.me/YPCFighter #YPC Fighter
244
20
بدون متن...
152