ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Pareshan (2023)
⭐IMDB: 6.3/10 (172 Votes)
🎬 #Bollywood #Comedy
🗓 2023 🎞 movie
📺 #720p #1080p
💿 1.0 GB ⦿ 2.0 GB
🌎 #India
⏰ 2 နာရီ 6 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pareshan 2023
IMDb rating – 6.7/10
ခုတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ တေလဂူးရုပ်ရှင်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေ အများကြီးနဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရမှာဖြစ်ပြီး ဇာတ်အိမ်ကောင်းကောင်းနဲ့ တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအနေနဲ့ကတော့ လူ့ဘောင်လူ့လောကမှာ ဖြစ်တတ်တဲ့ကိစ္စအဝဝကို ဟာသနှောပြီးကြည့်ရှုရမှာပါ။မိန်းမရှိလျှက်နဲ့ အငယ်လေးတစ်ယောက်ကိုကြူးရင်း လူမိလို့ရဲစခန်းရောက်သွားတဲ့သူနဲ့၊ ဦးလေးဆီပြန်ပေးရမဲ့ငွေကို ဒုက္ခရောက်နေတဲ့ သူငယ်ချင်းကိုကူရင်း ငွေတွေပလုံသွားတဲ့သူနဲ့၊ ရည်းစားချိန်းတွေ့ရာမှ ဂွင်ဆင်ခံရပြီး တကယ်လက်ထပ်လိုက်ရတဲ့သူနဲ့၊သားဖြစ်သူကိုထောင်ထဲကနေထုတ်ဖို့ အာမခံငွေမရှိသူနဲ့…စစသဖြင့် ဇာတ်ကားမှာ ပျင်းစရာတစ်ကွက်မှမပါဘဲကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီတော့ ဇာတ်ကားနာမည် Pareshan (ဒုက္ခ)ဆိုတဲ့အတိုင်းလောကဓံဒုက္ခတွေကို သူတို့ဘယ်လို အမျိုးစုံကြိုးခုန်ကြမယ်ဆိုတာအပန်းဖြေရင်းကြည့်ရှုလိုက်ရအောင်ဗျာ….
(အညွှန်းနဲ့ဘာသာပြန်ကတော့ Moon ~V~Cherry~BpL~Yunni~Aditi တို့ပဲဖြစ်ပါတယ်။)...
Dickinson (2019-2021)
⭐IMDB: 7.7/10 (18 k Votes)
🎬 #Comedy #Drama #Documentary #Documentary #Biography #Romance
🗓 2019-2021 🎞 tv series
📺 #720p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 33 မိနစ် 56 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dickinson (2019)
Dickinson (2019)
IMDB 7.6 / Rotten Tomatoes 92%မင်းသမီးလှလှလေးနဲ့ဇာတ်လမ်းလှလှလေး ကဗျာလှလှလေးတွေကို ဘာသာပြန်လှလှလေးတွေက တင်ဆက်ပေးထားလိုက်ပါပြီ။ကျွန်တော်တို့အချစ်တော်လေး Hailee Steinfeld နဲ့ မင်းသမီးချော Ella Hunt တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Dickinson series လေးကို တောင်းဆိုကြလွန်းလို့ ကိုယ်ထင်ပြပေးလိုက်ပါပြီဗျာ။ Apple Tv+ က ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အောင်မြင်မှုများစွာလည်း ရရှိထားပါတယ်။Emily Elizabeth Dickinson ဆိုတဲ့ ထူးချွန်ထက်မြက်သော ကဗျာဆရာမအကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ကဗျာဆရာမဆိုပေမဲ့
ထိုခေတ်ထိုအခါက အမျိုးသမီးများကို စာပေလောကမှ ဖယ်ကျဉ်မှုများကြောင့်
စာအုပ်ထုတ်ဝေခြင်းတော့ မရှိခဲ့ပါဘူး။ Emily ဟာ သူ့ဘဝအချိန်အတော်အများကို တစ်ကိုယ်တည်းသီးသန့်ကုန်ဆုံးခဲ့ပြီး သေဆုံးခါနီးအချိန်မှာတော့ အခန်းထဲကတောင် မထွက်တော့ပါဘူးတဲ့။
သူသေဆုံးပြီးနောက်မှာမှ ကဗျာအပုဒ်ရေပေါင်း
၂၀၀၀ ကျော်လောက်ကို အိမ်အကူရဲ့ အဝတ်သေတ္တာထဲမှာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
သူ့ကဗျာအများစုဟာ ခေါင်းစဉ်မရှိဘဲ သာမန်ရိုးကျ ကဗျာစည်းမျဉ်းဘောင်ထဲမှ သွေဖယ်နေခဲ့ပါတယ်။ သူ့ကဗျာတွေထဲမှာ သေခြင်းတရား၊ ထာဝရရှင်သန်ခြင်းနဲ့ သဘာဝတရားအကြောင်းအရာများကို အဓိကတွေ့ရှိရပြီး တစ်သက်လုံး အိမ်ထောင်မပြုခဲ့ဘဲ အသက် ၅၅ နှစ်မှာ သေဆုံးပါတယ်။ဒီစီးရီးရဲ့ ထူးခြားချက်က အဓိကမင်းသမီးဇာတ်ဆောင်နှစ်ယောက်ကို Friends With Benefits လိုမျိုး ပုံဖော်သွားခဲ့တာပါ။ သို့သော်လည်း အပြင်လောကမှာ တကယ်ချစ်ကြိုက်ခဲ့ကြလားဆိုတာတော့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။ ၁၉ ရာစုအတွင်း အမျိုးသမီးများအပေါ် ဖိနှပ်ချုပ်ချယ်မှု၊ လူတန်းစား ခွဲခြားဆက်ဆံမှု စတာတွေကို ပါးပါးလေးနဲ့
ပုတ်ပြသွားတာ အတော်အရသာရှိပါတယ်။ သို့သော်လည်း ဒီကားကို Deep and Dark ဘက်မသွားဘဲ Comedy ဘက်သွားထားတာမို့ ကြည့်ရတာ အတော်ပျော်ဖို့ကောင်းတယ်ဆိုရမှာပါ။
Season 3 အထိ ထွက်ရှိထားပြီဖြစ်ပြီး Channel Myanmar မှ တဖြည်းဖြည်း တင်ဆက်ပေးမှာမို့ စောင့်မျှော်အားပေးကြဖို့ သတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာ။အညွှန်းကို Thet Hnin Hsu က ရေးသားထားပြီး
JiminX, Thiha Yan Naing, Thet Hnin Hsu တို့က ဘာသာပြန်ဆိုရေးသားပေးထားပါတယ်။File size…300 Mb...
Faces in the Crowd (2023)
⭐TMDB: 50.0% User Score
🎬 #Action #Drama #Mystery
🗓 2023 🎞 Movie
📺 #1080p #720p
💿 666.9 MB ⦿ 1.2 GB
🌎 #China
⏰ 1 နာရီ 43 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့Chen Wei Ting သရုပ်ဆောင်ထားတဲ့စုံထောက်ဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းလေးကတော့ (၁၉၃၁) ခုနှစ်ရှန့်ထိုမြို့မှာကူမန်တန်ပါတီနဲ့ကွန်မြူနစ်ပါတီတို့ရဲ့ပဋိပက္ခတွေကြောင့် နိုင်ငံမငြိမ်မသက်ဖြစ်နေတဲ့ကာလကိုဇာတ်အိမ်တည်ထားကာ ဝမ်လိဝန်ကကွန်မြူနစ်ပါတီဖွဲ့စည်းထားတဲ့ဆန်းကြယ်ရူပ်ထွေးတဲ့ဆက်သွယ်ရေးစခန်းကိုပစ်မှတ်ထားစုံစမ်းနေခဲ့တယ်။
ဒီအချိန်မှာ မထင်မှတ်ပဲသူ့သွေးသောက်ညီအစ်ကိုချန်ကျားတုန့်နဲ့လမ်းမှာပြန်လည်တွေ့ဆုံခဲ့ပြီးနှစ်ဦးသားဒီစခန်းရဲ့ လျှို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ပူးပေါင်းနေခဲ့တယ်။သို့ပေမဲ့နှစ်ဦးသား နှစ်အတော်ကြာဝေးကွာပြီးပြန်တွေ့ခဲ့ကြတာကြောင့် စုံစမ်းဖော်ထုတ်ကြရင်းတစ်ယောက်အပေါ်တစ်ယောက် သင်္ကာမကင်းစွာနဲ့နှစ်ဦးသားအပြန်အလှန် နှစ်ယောက်လုံးရဲ့သရုပ်မှန်ကိုပြန်လည်စုံစမ်းကြည့်တဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။နိုင်ငံရေးအရူပ်အထွေးတွေကြား ဘယ်လိုတွေပတ်သက်နေကြမလဲ။နှစ်ယောက်လုံးရဲ့ကိုယ်စီသရုပ်မှန်ကကောဘာတွေဖြစ်မလဲ။
ဒီဇာတ်လမ်းလေးကတော့ Chen Wei Ting ပီသစွာပဲစုံထောက်အက်ရှင်ကားလေးတစ်ကားဖြစ်တာကြောင့်လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်...
The Collective (2023)
⭐IMDB: 3.4/10 (249 Votes)
🎬 #Action #Thriller
🗓 2023 🎞 movie
📺 #720p
💿 663.7 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Collective (2023)
Missionတွေလုပ်ရတဲ့ အက်ရှင်ကားကောင်းလေးတွေ မျှော်နေသူတွေသဘောတွေ့စေမယ့် The Collection ဆိုတဲ့ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။X-men ထဲက Havok ဖြစ်တဲ့ Lucas Till နဲ့ FF မိသားစုဝင် Roman (Tyrese Gibson)တို့ ဘယ်လိုအတွဲညီညီနဲ့ ရန်သူကို နှိမ်နင်းမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။
မသမာမှု လာဘ်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ငွေသာအရာရာဖြစ်နေတဲ့လောကကြီးမှာ ဝိသမလောဘသားတွေက ငွေထုပ်လှေကားခုပြီး ဥပဒေပေါ်တက်ထိုင်နေကြတာပေါ့။နိုင်ငံရေးလောကရဲ့ထိပ်သီးတွေ အစိုးရရာထူးအကြီးပိုင်းတွေကိုပါ ငွေနဲ့အိတ်ထဲထည့်ထားတဲ့ ဒီလိုလူတွေCIAလိုအဖွဲ့ကတောင် ဥပဒေဘောင်တွင်းက ဘာမှလုပ်မရဘဲ ကြည့်နေရုံသာ တတ်နိုင်ပါသတဲ့။ဒါပေမဲ့ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့လူတွေစုပြီး ဒီလို ဥပဒေသွားထိလို့မရတဲ့လူတွေ သေနတ်နဲ့ရှင်းမယ်ဆိုတဲ့အခွင့်ထူးခံတွေကို ကျရှုံးစေမယ့် The Collectiveဆိုတဲ့ အမှန်တရားဘက်တော်သားကြေးစားအဖွဲ့ပေါ်လာပါတော့တယ်။
မီရိုဆိုတဲ့ လူကုန်ကူးတဲ့ ရာဇာကြီးတစ်ယောက်က ရွေးကောက်ပွဲမဲဝယ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သတင်းဖြန့်ခဲ့တဲ့သတင်းပေးခရစ်စတိုဖာနီလီဆိုတဲ့လူကို ထုံးစံအတိုင်း လေလံပစ်ဖို့လုပ်နေတာပေါ့။ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းထွက်တာကြောင့် ခံလိုက်ရသူတွေလည်းမနည်းတော့ နီလီကိုလက်စားချေအမှုန့်ကြိတ်ချင်နေသူတွေကလည်းဒုနဲ့ဒေးပါပဲ။The Collectiveအဖွဲ့ကလည်း နီလီကိုသာရရင် ရာထူးကြီးပိုင်းက အကျင့်အပျက်ခြစားမှုတွေကို ဖော်ထုတ်နိုင်မှာဖြစ်လို့ နီလီကိုပစ်မှတ်ထားထားတာပေါ့။ဒါပေမဲ့ မီရိုကလည်း ခေသူတစ်ယောက်မဟုတ်တဲ့အခါ…
ဆမ်ကတော့ လတ်လတ်လောလော training အောင်ထားတဲ့ လက်တွေ့မစ်ရှင်မလုပ်ဖူးသေးတဲ့ ကြေးစားလက်သစ်လေးပေါ့။ဒါပေမဲ့ Collectiveအဖွဲ့ရဲ့စနစ်ကို မီရိုဘက်ကလူတွေက ဟက်ခ်သွားတာကြောင့် အေးဂျင့်တွေအကြောင်းအကုန်ပေါ်သွားတဲ့အတွက်စနစ်ထဲမရောက်သေးတဲ့ လူသစ်လေးက မီရိုလိုရာဇာကြီးကိုဖမ်းဖို့ အဖွဲ့ထဲကကြေးစားဂုရုကြီးဟူဂိုနဲ့ လက်တွဲရဖို့ဖြစ်လာတဲ့အခါမှာတော့ ….
ကြေးစားဂုရုကြီးဟူဂိုနဲ့ ဒုစရိုက်ကျားကြီးမီရိုတို့ရဲ့တိုက်ပွဲအလယ်က လူတစ်ယောက်မှမသတ်ဖူးတဲ့ ဘုရားစူးအဖြူထည်ကြေးစားလေးဆမ်တို့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲ။မီရိုလက်က ခရစ်စတိုဖာနီလီကိုရော The Collectiveအဖွဲ့က ရသွားမှာလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။
အညွှန်း နဲ့ ဘာသာပြန်ကတော့Mary Christပဲ ဖြစ်ပါတယ်။...
Borgman (2013)
⭐IMDB: 6.7/10 (18 k Votes)
🎬 #Drama #Horror #Mystery #Thriller
🗓 2013 🎞 movie
📺 #1080p #720p
💿 743.7 MB ⦿ 1.6 GB
🌎 #Netherlands #Belgium #Denmark
⏰ 1 နာရီ 54 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားကတော့ ဟောလိဝုဒ်မဟုတ်တဲ့
ဒတ်ချ်ကားတစ်ကားပါ။
အိမ်ခြေရာမဲ့ လူတစ်ယောက်ဖြစ်တဲ့ ကာမီးလ်ဘော့ဂ်မန်းဆိုတဲ့
လူတစ်ယောက်က ရဲတွေလက်ကလွတ်အောင်ပြေးရင်း
အဆင့်အတန်းမြင့်အိမ်တစ်အိမ်ကို ရေချိုးဖို့တောင်းဆိုရင်း
အိမ်ရှင်ဖြစ်တဲ့ ရစ်ချတ်က သူ့ကိုရိုက်မိရာကနေ စတဲ့ဇာတ်လမ်းပေါ့။
အဲဒီအဖြစ်အပျက်ပြီးတော့ ရစ်ချတ်ရဲ့မိန်းမဖြစ်တဲ့
မာရီနာက ယောကျာ်းဖြစ်သူရဲ့အပြုအမူကြောင့်
အပြစ်ရှိတယ်လို့ခံစားရပြီး ကာမီးလ်ကို
သူ့အိမ်မှာရစ်ချတ်မသိအောင် ပေးနေလိုက်တယ်။
ဒါပေမဲ့ သူမသိခဲ့တာက ကာမီးလ်က
သာမန်အိမ်ခြေရာမဲ့တစ်ယောက်မဟုတ်တာကိုပဲ။
ကာမီးလ်က အကြံနဲ့သူတို့ရဲ့အိမ်ကို အပိုင်စီးဖို့လာခဲ့တာဆိုပေမဲ့
ဝုန်းဒိုင်းကြဲပြီး အနုကြမ်းစီးတဲ့နည်းမျိုးနဲ့ မဟုတ်ဘဲ
ဘယ်လိုနည်းမျိုးနဲ့ လုပ်မလဲဆိုတာကိုတော့ CM ပရိသတ်များကိုယ်တိုင်
ကြည့်ရှူကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။...
The Smurfs (2011)
⭐TMDB: 58.0% User Score
🎬 #Adventure #Animation #Comedy #Family #Fantasy
🗓 2011 🎞 movie
📺 #720p #1080p
💿 1.4 GB ⦿ 2.4 GB
🌎 #UnitedStates #Belgium #Canada #UnitedStatesofAmerica
⏰ 1 နာရီ 43 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 5.4 2011 တုန်းက ထွက်ရှိခဲ့တဲ့ Smurfs ရုပ်ရှင်က ၃ကားထွက်ရှိခဲ့တဲ့ film serieထဲ ပထမဆုံးကားဖြစ်ပါတယ်။ Neil Patrick Harris,Sofia Vergaraတို့လို နာမည်ကြီးတွေ ပါဝင်ပြီး Hank Azariaက မှော်ဆရာကြီး Gargamelအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အပြာရောင်မှော်ဝင်သတ္တဝါလေးတွေဖြစ်တဲ့ Smurfsလေးတို့ရွာကို မှော်ဆရာကြီး Gargamelက လိုက်ဖျက်ဆီးလို့ထွက်ပြေးရင်းနဲ့ မတော်တဆ လူ့ကမ္ဘာရဲ့portalပွင့်သွားပြီး NewYorkမြို့ကိုရောက်ရှိသွားပါတယ်။အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း Patrickဆိုသူရဲ့ အကူအညီနဲ့ Gargamelရဲ့ အနှောင့်အယှက်တွေကြားထဲကဘယ်လိုဆက်ဖြစ်မလဲကြည့်ရမှာပါ။ ကလေးကားဆိုပေမယ့် ဟာသနဲ့ adventureကြိုက်တဲ့လူကြီးတွေလည်းအကြိုက်တွေ့မှာပါ။ပျော်ဖို့လည်းကောင်းပြီး လေးလေးပင်ပင်တွေမကြိုက်တဲ့သူတွေဆိုကြိုက်လောက်မယ့် feel-good movieလေးဖြစ်ပါတယ်။...
The Smurfs (2011)
⭐IMDB: 5.4/10 (94 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy
🗓 2011 🎞 movie
📺 #720p #1080p
💿 1.4 GB ⦿ 2.4 GB
🌎 #UnitedStates #Belgium #Canada
⏰ 1 နာရီ 43 မိနစ် 4 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb – 5.4 2011 တုန်းက ထွက်ရှိခဲ့တဲ့ Smurfs ရုပ်ရှင်က ၃ကားထွက်ရှိခဲ့တဲ့ film serieထဲ ပထမဆုံးကားဖြစ်ပါတယ်။ Neil Patrick Harris,Sofia Vergaraတို့လို နာမည်ကြီးတွေ ပါဝင်ပြီး Hank Azariaက မှော်ဆရာကြီး Gargamelအဖြစ်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ အပြာရောင်မှော်ဝင်သတ္တဝါလေးတွေဖြစ်တဲ့ Smurfsလေးတို့ရွာကို မှော်ဆရာကြီး Gargamelက လိုက်ဖျက်ဆီးလို့ထွက်ပြေးရင်းနဲ့ မတော်တဆ လူ့ကမ္ဘာရဲ့portalပွင့်သွားပြီး NewYorkမြို့ကိုရောက်ရှိသွားပါတယ်။အိမ်ပြန်နိုင်ဖို့ကြိုးစားရင်း Patrickဆိုသူရဲ့ အကူအညီနဲ့ Gargamelရဲ့ အနှောင့်အယှက်တွေကြားထဲကဘယ်လိုဆက်ဖြစ်မလဲကြည့်ရမှာပါ။ ကလေးကားဆိုပေမယ့် ဟာသနဲ့ adventureကြိုက်တဲ့လူကြီးတွေလည်းအကြိုက်တွေ့မှာပါ။ပျော်ဖို့လည်းကောင်းပြီး လေးလေးပင်ပင်တွေမကြိုက်တဲ့သူတွေဆိုကြိုက်လောက်မယ့် feel-good movieလေးဖြစ်ပါတယ်။...
Think Like a Man (2012)
⭐IMDB: 6.5/10 (49 k Votes)
🎬 #Comedy #Romance
🗓 2012 🎞 movie
📺 #1080p #720p
💿 1.6 GB ⦿ 801.0 MB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 03 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2009 ခုနှစ်ကထုတ်ဝေထားပြီး review ကောင်းတွေနဲ့နာမည်ကျော်တဲ့ Steve Harvey ရဲ့ “Act like a lady, think like a man” ဆိုတဲ့မိန်းမတွေအတွက်ယောက်ျားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် IMDb 6.5/10. Rotten tomatoes 54%ထိရရှိထားပြီးဗျူဟာအသစ်တွေနဲ့အချစ်စမ်းကြမဲ့အမျိုးသမီးတွေနဲ့ အမျိုးသားထုကြီးအကြောင်းကိုဟာသဆန်ဆန်ရိုက်ကူးထားတာကိုတွေ့ရမှာပါ Kevin Hart နဲ့သူငယ်ချင်းတွေကတော့အမျိုးသားထုကြီးကိုကိုယ်စားပြုထားတာဖြစ်ပြီး Steve ရဲ့စာအုပ်ကြောင့်သူတို့ရဲ့အချစ်ရေးကိစ္စတွေမှာပရမ်းပတာတွေဖြစ်သွားပါတော့တယ် စာအုပ်ဖတ်ပြီးတစ်ကွက်ကြိုမြင်နေတဲ့အမျိုးသမီးတွေဖက်ကစစချင်းတစ်ပန်းသာနေခဲ့ပေမဲ့ ကစားပွဲအလှည့်အပြောင်းတစ်နေရာအရောက်မှာတော့… နည်းဟောင်းတွေနဲ့တိုက်လို့မရတော့တဲ့အတွက်အမျိုးသားထုကြီးကလည်းဗျူဟာအသစ်တွေထုတ်သုံးရပါတော့တယ် ဒီလိုနဲ့အမြဲတမ်းလွန်ဆွဲနေတဲ့အချစ်စစ်ပွဲမှာဘယ်သူတွေကအနိုင်ရသွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်...
Scary People (2023)
⭐TMDB: 20.0% User Score
🎬 #Comedy #Thriller
🗓 2023 🎞 Movie
📺 #1080p #720p
💿 855.7 MB ⦿ 479.7 MB
🌎 #China
⏰ 1 နာရီ 13 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီချောက်ချားစရာ ပုံပြင်လေးကတော့ နာမည်နဲ့မတူလောက်အောင်ထိုက်ဖျင်(အေးချမ်းသာယာ)ဆိုတဲ့နယ်မြို့လေးတစ်ခုရဲ့လူသေဆုံးမှုကနေ စတင်ခဲ့ပါတယ်
“ယွဲ့နူ”ဆိုတဲ့မိန်းကလေးဟာ ထိုက်ဖျင်မြို့မှာအမှီပြုနေထိုင်ရာမှရုတ်တရက် သေဆုံးသွားပါတော့တယ်။တစ်နေ့မှာ ယွဲ့နူရဲ့သေဆုံးမှုဟာ မိမိကိုယ်ကိုသေကြောင်းကြံစည်တယ်ဆိုတဲ့ သတင်းစကားတွေလည်း ထွက်လို့နေပါတယ်
ဒါပေမဲ့ ယွဲ့နူသေပြီး လဝက်မကျိုးခင်မှာပဲ သူမရဲ့အစ်ကိုဖြစ်သူလျိုသောင်းဇစ်အပါအဝင် နောက်ထပ်လူတွေ ဇစ်မြစ်မသိရဘဲ သေဆုံးသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အမှုစစ်ဆေးရေးမှုး ဆရာကြီးကျန်းယိရန်ဟာထိုက်ဖျင်ရွာကို လာရောက်စစ်ဆေးရာမှာတော့。。。
ကျန်းယိရန်ဟာ သရဲတစ္ဆေဆိုတာ လောကမှာမတည်ရှိဘူးဆိုတဲ့ခံယူချက်ကို နှလုံးသွင်းထားတဲ့လူဖြစ်ပြီး ရွာကိုအရောက်မှာသတ္တိခဲသူတောင်းစားမလေး ကုံဇစ်နဲ့ တွေ့ဆုံခဲ့ရပါတယ်၊ဧည့်သည်တွေကို ခြောက်လန့်ပြီး ငွေလိမ်ယူနေတဲ့ ပေါ့ပျက်ပျက်ကုံဇစ်ဟာ ဒီအမှုမှာ ဘယ်လိုစရိုက်လက္ခဏာမျိုးနဲ့အတူပူးေပါင်းဖြေရှင်းသွားမလဲ
-ယွဲ့နူရဲ့သေဆုံးမှုဟာရော သွေးရိုးသားရိုးဖြစ်နိုင်မလား-ဒီလိုဆိုရင်တောင် သူမသေပြီးမကြာခင်မှာမှအဲ့လောက်တိုက်ဆိုင်စွာနဲ့ပဲ လူတွေသေဆုံးနေတာလား?ယွဲ့နူနဲ့ရော ဘာတွေပတ်သတ်မှုရှိနေဦးမလဲဆိုတာ ?….CMမှာဆက်လက်ကြည့်ရှုခံစားရင်း အဖြေထုတ်ကြည့်လိုက်ရအောင်နော်...
100 Rifles (1969)
⭐TMDB: 58.0% User Score
🎬 #Action #Adventure #War #Western
🗓 1969 🎞 Movie
📺 #1080p #720p
💿 2.8 GB ⦿ 1.4 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လိုင်ဒက်ကာဆိုတဲ့ လူတစ်ယောက်ဟာ အရီဇိုးနားက ဘဏ်ကို ဖောက်သွားတဲ့ ဘဏ်ဓားပြတစ်ယောက်ကို ဖမ်းဖို့လုပ်ရင်း မြို့တစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့မြို့မှာ လိုက်စုံစမ်းရင်း ဘဏ်ဓားပြကို တွေ့ခဲ့ပေမဲ့ သူဖမ်းလို့ မရခဲ့ပါဘူး။ ဘဏ်ဓားပြက အဲ့မြို့မှာလည်း နောက်ပြသနာတစ်ခု ရှာလိုက်တာကြောင့်ပါ။ သူကရော အဲ့ပြသနာကြားထဲမှာ ဘယ်လို ရောပါသွားမလဲ။ သူနဲ့ ဘဏ်ဓားပြဆိုတဲ့လူကြားထဲမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ အဲ့မြို့က ဗိုလ်ချုပ်က ရိုင်ဖယ် အလက် ၁၀၀ကို တွေ့တဲ့အခါမှာရော ဘယ်လိုတွေထပ်ပြီး ပြသနာတက်ဦးမလဲ။ သူတို့နဲ့ အဲ့ရိုင်ဖယ်တွေက ဘယ်လို ဆက်စပ်နေလဲ စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ 1969ခုနှစ်တုန်းက ထုတ်လွှတ်ခဲ့တာ ဖြစ်ပြီး IMDB rating 6အထိရထားတဲ့ Western/Drama ဇာတ်ကား တစ်ခုပဲ ဖြစ်ပါတယ်။...
Godspeed (2023)
⭐TMDB: 46.0% User Score
🎬 #Comedy #Drama
🗓 2023 🎞 Movie
📺 #720p #1080p
💿 624.6 MB ⦿ 1.0 GB
🌎 #China
⏰ 1 နာရီ 40 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ယခုတစ်ခေါက် CM ရဲ့ပရိသတ်တွေအတွက် မင်းသားချောလေးFan Cheng Cheng နဲ့ မင်းသမီးချောလေး Zhang Jingyi တို့ရဲ့ပေါ့ပေါ့ပါးပါးဟာသကားလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
ကုန်ကားအဖွဲ့ခေါင်းဆောင် ကျိုးတုန်းဟိုင်နဲ့ သူ့ဇနီး ဟော့မေမေတို့ဟာကိစ္စတချို့ကြောင့် သမီးဖြစ်သူ ကျိုးဝေးယွီနဲ့ သမီးရဲ့ရည်းစား ဝမ့်ရိဖန်နဲ့အတူကားမောင်းခရီးနှင်ခဲ့ပါတယ်။ လူမသိလမ်းမသိတဲ့ ခရီးကို စတင်ပြီးကျိုးတုန်းဟိုင်ဟာ အခွင့်အရေးရတုန်း သားမက်လောင်းကိုဘက်ပေါင်းစုံကနေ စစ်ဆေးကြည့်ရှုဖို့ ဆုံးဖြတ်ထားပါတယ်။
ဝမ့်ရိဖန်ကလည်း အမှားပေါင်းစုံကို လုပ်နေခဲ့ပါတယ်။လမ်းတစ်လျှောက်မှာ ကျိုးတုန်းဟိုင်ရဲ့ ရန်သူကြီး ဌာနမှူးကျာရဲ့အပန်းဖြေကားပြဿနာကြီးဖြစ်ခဲ့ပြီး ဝေးယွီရဲ့ငယ်သူငယ်ချင်းကွမ်းကျီရဲ့ တောကြက်စံအိမ်မှာ အရက်မူးပြီး ပြဿနာကြီးဖြစ်ခဲ့ပါတယ်။
လမ်းပေါ်က ဆီသူခိုးအဖွဲ့ကို ဝိုင်းဝန်းဖမ်းဆီးခဲ့ကြပါသေးတယ်။ဒီလိုရှုပ်ထွေးနေတဲ့ ခရီးလမ်းမှာ ကျိုးတုန်းဟိုင်တစ်ယောက်ဝမ့်ရိဖန်ကို သဘောကျနိုင်ပါ့မလားဆိုတာကိုဟာသလေးတွေနဲ့ ကြည့်ရှုခံစားကြရအောင်နော်။...
100 Rifles (1969)
⭐TMDB: 58.0% User Score
🎬 #Action #Adventure #War #Western #Drama
🗓 1969 🎞 movie
📺 #720p #1080p
💿 1.4 GB ⦿ 2.9 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လိုင်ဒက်ကာဆိုတဲ့ လူတစ်ယောက်ဟာ အရီဇိုးနားက ဘဏ်ကို ဖောက်သွားတဲ့ ဘဏ်ဓားပြတစ်ယောက်ကို ဖမ်းဖို့လုပ်ရင်း မြို့တစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့မြို့မှာ လိုက်စုံစမ်းရင်း ဘဏ်ဓားပြကို တွေ့ခဲ့ပေမဲ့ သူဖမ်းလို့ မရခဲ့ပါဘူး။ ဘဏ်ဓားပြက အဲ့မြို့မှာလည်း နောက်ပြသနာတစ်ခု ရှာလိုက်တာကြောင့်ပါ။ သူကရော အဲ့ပြသနာကြားထဲမှာ ဘယ်လို ရောပါသွားမလဲ။ သူနဲ့ ဘဏ်ဓားပြဆိုတဲ့လူကြားထဲမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ အဲ့မြို့က ဗိုလ်ချုပ်က ရိုင်ဖယ် အလက် ၁၀၀ကို တွေ့တဲ့အခါမှာရော ဘယ်လိုတွေထပ်ပြီး ပြသနာတက်ဦးမလဲ။ သူတို့နဲ့ အဲ့ရိုင်ဖယ်တွေက ဘယ်လို ဆက်စပ်နေလဲ စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ 1969ခုနှစ်တုန်းက ထုတ်လွှတ်ခဲ့တာ ဖြစ်ပြီး IMDB rating 6အထိရထားတဲ့ Western/Drama ဇာတ်ကား တစ်ခုပဲ ဖြစ်ပါတယ်။...
100 Rifles (1969)
⭐IMDB: 6.0/10 (4 k Votes)
🎬 #Action #Adventure #War #Western #Drama
🗓 1969 🎞 movie
📺 #720p #1080p
💿 1.4 GB ⦿ 2.9 GB
🌎 #UnitedStates
⏰ 1 နာရီ 49 မိနစ် 54 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လိုင်ဒက်ကာဆိုတဲ့ လူတစ်ယောက်ဟာ အရီဇိုးနားက ဘဏ်ကို ဖောက်သွားတဲ့ ဘဏ်ဓားပြတစ်ယောက်ကို ဖမ်းဖို့လုပ်ရင်း မြို့တစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့မြို့မှာ လိုက်စုံစမ်းရင်း ဘဏ်ဓားပြကို တွေ့ခဲ့ပေမဲ့ သူဖမ်းလို့ မရခဲ့ပါဘူး။ ဘဏ်ဓားပြက အဲ့မြို့မှာလည်း နောက်ပြသနာတစ်ခု ရှာလိုက်တာကြောင့်ပါ။ သူကရော အဲ့ပြသနာကြားထဲမှာ ဘယ်လို ရောပါသွားမလဲ။ သူနဲ့ ဘဏ်ဓားပြဆိုတဲ့လူကြားထဲမှာ ဘာတွေ ဆက်ဖြစ်လာမလဲ။ အဲ့မြို့က ဗိုလ်ချုပ်က ရိုင်ဖယ် အလက် ၁၀၀ကို တွေ့တဲ့အခါမှာရော ဘယ်လိုတွေထပ်ပြီး ပြသနာတက်ဦးမလဲ။ သူတို့နဲ့ အဲ့ရိုင်ဖယ်တွေက ဘယ်လို ဆက်စပ်နေလဲ စတာတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ 1969ခုနှစ်တုန်းက ထုတ်လွှတ်ခဲ့တာ ဖြစ်ပြီး IMDB rating 6အထိရထားတဲ့ Western/Drama ဇာတ်ကား တစ်ခုပဲ ဖြစ်ပါတယ်။...
Scary People (2023)
⭐TMDB: 20.0% User Score
🎬 #Comedy #Thriller
🗓 2023 🎞 Movie
📺 #720p #1080p
💿 495.1 MB ⦿ 883.3 MB
🌎 #China
⏰ 1 နာရီ 15 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီချောက်ချားစရာ ပုံပြင်လေးကတော့ နာမည်နဲ့မတူလောက်အောင်ထိုက်ဖျင်(အေးချမ်းသာယာ)ဆိုတဲ့နယ်မြို့လေးတစ်ခုရဲ့လူသေဆုံးမှုကနေ စတင်ခဲ့ပါတယ်
“ယွဲ့နူ”ဆိုတဲ့မိန်းကလေးဟာ ထိုက်ဖျင်မြို့မှာအမှီပြုနေထိုင်ရာမှရုတ်တရက် သေဆုံးသွားပါတော့တယ်။တစ်နေ့မှာ ယွဲ့နူရဲ့သေဆုံးမှုဟာ မိမိကိုယ်ကိုသေကြောင်းကြံစည်တယ်ဆိုတဲ့ သတင်းစကားတွေလည်း ထွက်လို့နေပါတယ်
ဒါပေမဲ့ ယွဲ့နူသေပြီး လဝက်မကျိုးခင်မှာပဲ သူမရဲ့အစ်ကိုဖြစ်သူလျိုသောင်းဇစ်အပါအဝင် နောက်ထပ်လူတွေ ဇစ်မြစ်မသိရဘဲ သေဆုံးသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အမှုစစ်ဆေးရေးမှုး ဆရာကြီးကျန်းယိရန်ဟာထိုက်ဖျင်ရွာကို လာရောက်စစ်ဆေးရာမှာတော့。。。
ကျန်းယိရန်ဟာ သရဲတစ္ဆေဆိုတာ လောကမှာမတည်ရှိဘူးဆိုတဲ့ခံယူချက်ကို နှလုံးသွင်းထားတဲ့လူဖြစ်ပြီး ရွာကိုအရောက်မှာသတ္တိခဲသူတောင်းစားမလေး ကုံဇစ်နဲ့ တွေ့ဆုံခဲ့ရပါတယ်၊ဧည့်သည်တွေကို ခြောက်လန့်ပြီး ငွေလိမ်ယူနေတဲ့ ပေါ့ပျက်ပျက်ကုံဇစ်ဟာ ဒီအမှုမှာ ဘယ်လိုစရိုက်လက္ခဏာမျိုးနဲ့အတူပူးေပါင်းဖြေရှင်းသွားမလဲ
-ယွဲ့နူရဲ့သေဆုံးမှုဟာရော သွေးရိုးသားရိုးဖြစ်နိုင်မလား-ဒီလိုဆိုရင်တောင် သူမသေပြီးမကြာခင်မှာမှအဲ့လောက်တိုက်ဆိုင်စွာနဲ့ပဲ လူတွေသေဆုံးနေတာလား?ယွဲ့နူနဲ့ရော ဘာတွေပတ်သတ်မှုရှိနေဦးမလဲဆိုတာ ?….CMမှာဆက်လက်ကြည့်ရှုခံစားရင်း အဖြေထုတ်ကြည့်လိုက်ရအောင်နော်...
Resemblance (2023)
⭐TMDB: 40.0% User Score
🎬 #Crime #Horror #SciFi #ScienceFiction
🗓 2023 🎞 Movie
📺 #720p #1080p
💿 677.0 MB ⦿ 1.2 GB
🌎 #Thailand
⏰ 1 နာရီ 38 မိနစ် 33 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
(18+) Resemblance (2023)
ထိုင်းနိုင်ငံထဲမှာ လူငယ်တွေ တောအုပ်တစ်ခုထဲ ဝင်ပြီး ပျောက်ဆုံးသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတာပါ။ဒီကိစ္စမှာ ပျောက်ဆုံးနေတဲ့ လူငယ်တွေနဲ့ အဆက်အစပ်ရှိတဲ့ တစ်ဦးတည်းသောသူကတော့ ဘော်ဘီ ပါပဲ။ဒါကြောင့် ရဲတွေလည်း ဘော်ဘီနောက်ကို လိုက်စုံစမ်းကြပါတော့တယ်။
ဇာတ်လမ်းကတော့ ပနားနား ဆိုတဲ့ မော်ဒယ်လ်မလေး ပျောက်ဆုံးရာက စပါတယ်။သူ နောက်ဆုံးတွေ့ခဲ့တဲ့လူကတော့ ဘော်ဘီပါပဲ။သူက တစ်ဆင့် ရောဂါဆန်းလိုမျိုး ဖြန့်ဝေသွားတာပါ။ဘယ်လိုဖြန့်ဝေတာလဲဆိုတော့ လိင်ကိစ္စကနေ တစ်ဆင့်ပါပဲ။ဒါကတော့ ဇာတ်ရဲ့အနှစ်သာရပေါ့လေ။ဆရာသမားတို့ ကြိုက်ကြမဲ့အပိုင်းတွေ အများကြီး ပါပါတယ်။ရောဂါပုံစံမျိုး ဘယ်လိုကူးကြလဲ ဆိုတာကတော့ ဖန်သားပြင်ထက်မှာ ဆက်လက် ရှုစားလိုက်ကြပါဦး။
မင်းသားမင်းသမီးတွေက နာမည်ကြီးတွေ ပါတာမို့အမှောင်လောကသားတွေ စိတ်ကျေနပ်ရမယ့် ကားတစ်ကားဆိုလည်း မမှားပါဘူး။
အညွှန်း နဲ့ ဘာသာပြန်ကတော့Topပဲ ဖြစ်ပါတယ်။...
Think Like a Man (2012)
⭐IMDB: 6.5/10 (49 k Votes)
🎬 #Comedy #Romance
🗓 2012 🎞 movie
📺 #720p #1080p
💿 807.2 MB ⦿ 1.6 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 3 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2009 ခုနှစ်ကထုတ်ဝေထားပြီး review ကောင်းတွေနဲ့နာမည်ကျော်တဲ့ Steve Harvey ရဲ့ “Act like a lady, think like a man” ဆိုတဲ့မိန်းမတွေအတွက်ယောက်ျားတွေရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပြထားတဲ့စာအုပ်ကိုအခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် IMDb 6.5/10. Rotten tomatoes 54%ထိရရှိထားပြီးဗျူဟာအသစ်တွေနဲ့အချစ်စမ်းကြမဲ့အမျိုးသမီးတွေနဲ့ အမျိုးသားထုကြီးအကြောင်းကိုဟာသဆန်ဆန်ရိုက်ကူးထားတာကိုတွေ့ရမှာပါ Kevin Hart နဲ့သူငယ်ချင်းတွေကတော့အမျိုးသားထုကြီးကိုကိုယ်စားပြုထားတာဖြစ်ပြီး Steve ရဲ့စာအုပ်ကြောင့်သူတို့ရဲ့အချစ်ရေးကိစ္စတွေမှာပရမ်းပတာတွေဖြစ်သွားပါတော့တယ် စာအုပ်ဖတ်ပြီးတစ်ကွက်ကြိုမြင်နေတဲ့အမျိုးသမီးတွေဖက်ကစစချင်းတစ်ပန်းသာနေခဲ့ပေမဲ့ ကစားပွဲအလှည့်အပြောင်းတစ်နေရာအရောက်မှာတော့… နည်းဟောင်းတွေနဲ့တိုက်လို့မရတော့တဲ့အတွက်အမျိုးသားထုကြီးကလည်းဗျူဟာအသစ်တွေထုတ်သုံးရပါတော့တယ် ဒီလိုနဲ့အမြဲတမ်းလွန်ဆွဲနေတဲ့အချစ်စစ်ပွဲမှာဘယ်သူတွေကအနိုင်ရသွားမလဲဆိုတာကိုပေါ့ပေါ့ပါးပါးကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်...
Ms. Marvel (2022-2022)
⭐IMDB: 6.3/10 (112 k Votes)
🎬 #Action&Adventure #Comedy #SciFi&Fantasy #SciFi #Fantasy #Action #Adventure #Crime #Drama #Family #Mystery
🗓 2022-2022 🎞 tv mini series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 47 မိနစ် 24 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ms. Marvel (2022) – Season 01Ms. Marvel (2022) – Season 01
=======================မာဗယ်ရဲ့ စူပါဟီးရိုးအသစ် မစ္စမာဗယ် စပါပြီ။
တစ်ပတ်တစ်ပိုင်းနဲ့ ၆ ပိုင်းထွက်ရှိမှာဖြစ်ပါတယ်။
ကာမာလာခန်းဆိုတဲ့ ၁၆ နှစ်အရွယ် ပါကစ္စတန်သူ စူပါဟီးရိုးလေးဖြစ်ပါတယ်။
Comic အရဆိုရင်တော့ လေးယောက်မြောက် Ms. Marvel လည်းဖြစ်ပါတယ်။
ကာမာလာဟာ ဘာသာရေးနဲ့စည်းကမ်းတင်းကြပ်တဲ့ အစ္စလာမ်ဘာသာဝင်မိသားစု
တစ်ခုရဲ့ သမီးပျိုလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကျောင်းစာတွေထက်
ကာတွန်းတွေဆွဲဖို့တွေ အာကာသနဲ့ စူပါဟီးရိုးအကြောင်းတွေကိုပဲ အမြဲစိတ်ကူး
ယဉ်နေတတ်သူဖြစ်ပါတယ်။ သူ့ရဲ့အကြိုက်ဆုံးဟီးရိုးကတော့ ကပ္ပတိန်မာဗယ်ပါပဲ။
သူ့ရဲ့ အစွမ်းတွေကတော့ ကပ္ပတိန်မာဗယ်နဲ့ ကွဲပြားပါတယ်။ ဘယ်လောက်ထိ
ဘယ်လိုအစွမ်းထက်ပြီး ဘယ်ရန်သူတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတော့ ဆက်ကြည့်ရမှာပါပဲ။
(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Andrson ဖြစ်ပါတယ်။)File Size………….(1.4 Gb) / (800 MB) / (300 MB)...
Broken People (2023)
⭐IMDB: 4.2/10 (45 Votes)
🎬 #Drama #Romance
🗓 2023 🎞 movie
📺 #1080p #720p
💿 1007.7 MB ⦿ 1.7 GB
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 35 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Broken People (2023)
လူတစ်ယောက်နဲ့ တစ်ယောက် သူ့အကြောင်းကိုယ့်အကြောင်း သေချာသိကြဖို့ အချိန်ဘယ်လောက်လိုပါသလဲ…
လူတစ်ယောက်နဲ့ တစ်ယောက်ကြား အခိုင်မာဆုံးကြိုးတွေ ချည်ဖြစ်ဖို့ ရာသီဘယ်နှလီ ဖြတ်သန်းကြရမလဲ…
တချို့တွေအဖို့ နှစ်နဲ့ချီ ဖြည်းဖြည်းချင်း ညှိယူသိယူကြရတဲ့ နားလည်မှုတွေ၊ တစ်ကြိုးချင်းရစ်ရင်းသီရင်းက ချည်နှောင်ခဲ့ရတဲ့ ရင်းနှီးမှုတွေဟာ… တချို့များအတွက်ကျတော့လည်း ဝီစကီတစ်ခွက်ပဲ လိုပါတယ်။
တစ်ခါတစ်ခါ ရင်ဖွင့်ချင်တာတွေရှိတဲ့အခါ ကိုယ့်အသိအဝန်းအဝိုင်းထဲက လူတစ်ယောက်ဆီမှာ ဖွင့်ချရတာထက် ကိုယ့်ကိုလုံးဝမသိတဲ့ လူစိမ်းတစ်ယောက်ဆီမှာ အိပ်သွန်ဖာမှောက်ပြောပြရတာက ပိုလို့ သက်တောင့်သက်သာရှိပါတယ်။ ဒီလိုနဲ့ပဲ လွန်ခဲ့တဲ့ ၅မိနစ်က သူစိမ်းတစ်ယောက်ဟာလည်း သင့်ဘဝရဲ့ အရင်းနှီးဆုံးလူတစ်ယောက်ဖြစ်သွားနိုင်ပါတယ်။
ဒီဇာတ်ကားအကြောင်းကို မပြောပြချင်ပါဘူး။ ဘာလို့ဆို ဒါဟာ သူစိမ်း၂ယောက်ကြားက ရင်းနှီးမှု မီးပွင့်လေးကို တတိယလူ(အပြင်လူ)နေရာကနေ စောင့်ကြည့်ရတဲ့ ဖီလင်လေးနဲ့ မျောရမှာမို့ပါ။
သူစိမ်း၂ယောက်…ဘားတစ်ခု…ဝီစကီခွက် ခပ်များများ…
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...
Eli Roth Presents: A Ghost Ruined My Life (2021- )
⭐IMDB: 6.2/10 (163 Votes)
🎬 #Documentary #Horror
🗓 2021- 🎞 tv series
📺 #1080p
🌎 #Canada
⏰ 43 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Eli Roth Presents: A Ghost Ruined My Life (2021) Season 01Eli Roth Presents: A Ghost Ruined My Life (2021) Season 01
အခုတစ်ခေါက်မိတ်ဆက်ပေးမှာကတော့ ပရလောကနဲ့ အမှတ်မထင်ပတ်သက်မိရာက ပြန်လည်လွတ်မြောက်လာသူတွေရဲ့ ဖြစ်ရပ်မှန်အတွေ့အကြုံတွေကို မှတ်တမ်းတင်ရိုက်ကူးတင်ဆက်ထားတဲ့ မှတ်တမ်းစီးရီးကောင်း A Ghost Ruined My Life ပဲဖြစ်ပါတယ်။ ~ စီးရီးအညွှန်း ~ လူတော်တော်များများက ပရလောကကို မရှိဘူးလို့ ယုံကြည်ထားတဲ့ခေတ်ကြီးမှာ ပရလောကရဲ့ဒဏ်ကိုခံလိုက်ရပေမဲ့ မိမိပြောတာတွေကို နားထောင်ပေးမယ့်မရှိတဲ့သူတွေအတွက် ဒီ အီလိုင်းရော့ဆိုတဲ့ ပရိုဂျူဆာက ဒီ မှတ်တမ်းစီးရီးကို ရိုက်ကူးခဲ့တာပါ။ တကယ်တော့ ဒီစီးရီးထဲမှာ ပါဝင်တဲ့လူအများစုကလည်း ပရလောကဖြစ်တည်မှုကို မယုံကြည်ကြပေမဲ့ တကယ်ကြုံတွေ့ပြီး လွတ်မြောက်အောင်လုပ်လာခဲ့တဲ့သူတွေဖြစ်ပါတယ်။ ဒီစီးရီးထဲမှာဆို သူတို့တွေ ပရလောကနဲ့ ဘယ်လိုဆက်နွယ်မိတာလဲ… သူတို့လူမှုရေး စီးပွားရေးတွေမှာ ဘယ်လောက်ထိနစ်နာခဲ့ရလဲ… ဘယ်လိုတွေ ကျော်ဖြတ်ခဲ့ရလဲ… ဒီလိုလွတ်မြောက်ပြီးနောက်ရော သူတို့ဘဝဘယ်လိုတွေပြန်လည်တည်ဆောက်ရလဲ… ဆိုတာကို တစ်ပိုင်းဆိုတစ်ပိုင်း ပညာသားပါပါ မှတ်သားစရာတွေအပြည့်နဲ့ ရိုက်ကူးထားတဲ့ မှတ်တမ်းစီးရီးကောင်းလေးဖြစ်ပါတယ်။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ DB ပဲဖြစ်ပါတယ်)Size ~ 600MB+...
The Horror of Dolores Roach (2023- )
⭐IMDB: 7.2/10 (3 k Votes)
🎬 #Comedy #Drama #Horror
🗓 2023- 🎞 tv series
📺 #1080p
🌎 #UnitedStates #UnitedStatesofAmerica
⏰ 30 မိနစ် 16 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Horror of Dolores Roach (2023) CompleteThe Horror of Dolores Roach (2023) Limited Series
~ IMDb – 7.2/10, Rotten Tomatoes – 78% ~ Dark Comedy, Horror Series လေးပါ။ ဒီစီးရီးက ဘယ်လိုမျိုးလဲဆိုတာကို ကျွန်တော်သိတဲ့ ဇာတ်ကားတွေနဲ့ နှိုင်းပြရရင် Johnny Depp ရဲ့ Sweeney Todd: The Demon Barber of Fleet, တရုတ်က လူသားပေါက်စီဇာတ်လမ်း The Eight Immortals Restaurant: The Untold Story, Drew Berrymore နဲ့ Hitman မင်းသား Timothy Olyphant တို့ရဲ့ Santa Clarita Diet Series ဇာတ်လမ်းတွေကို ရောသမမွှေပြီး Hangover ဇာတ်ကားဆန်ဆန်ရိုက်ထားတဲ့ ဇာတ်လမ်းလို့ ပြောရမယ်ထင်တယ်။ ဒါပေမဲ့ ရယ်ရအောင် လုပ်နေပြောနေတာမဟုတ်ဘဲ ကြည့်ရင်း ရယ်ချင်စရာကောင်းလာတာမျိုးပါ။ ပြီးတော့ 18+ ပါနော်။ သွေးသံရဲရဲတွေ၊ သတ်တာဖြတ်တာတွေပါနေလို့ပါ။ ဇာတ်လမ်းကတော့ ဆေးရောင်းသမားရဲ့ ရည်းစား ဒိုလောရစ်တစ်ယောက် ဆေးရောင်းတဲ့သူက ထိုးကျွေးတာခံလိုက်ရလို့ ထောင် ၁၆ နှစ်ကျသွားတယ်။ လွတ်လာတဲ့အချိန် နေရပ်ကိုပြန်တော့ အရင်နဲ့မတူဘဲ အကုန်ပြောင်းလဲသွားပြီး သူ့ရည်းစားကိုလည်း ရှာလို့မတွေ့တော့ပါဘူး။ လမ်းပေါ် အိပ်ရလုဆဲဆဲဖြစ်နေတဲ့အချိန်မှာ သိဟောင်းကျွမ်းဟောင်း အမ်ပါနာဒါ(ဖက်ထုပ်ကြော်နဲ့တူတယ်) ဆိုင်ပိုင်ရှင်က ခေါ်တင်ထားတယ်။ ဘဝသစ်စဖို့ ကြိုးစားနေတဲ့ ဒိုလောရစ် ဘာအတန်းပညာ အတတ်ပညာမှမရှိပေမဲ့ ထောင်ထဲက အခန်းဖော် လက်ပြတ်အနှိပ်သမဆီကနေ အနှိပ်ပညာတွေ ၁၆ နှစ်လောက် ပညာကုန်သင်လာပြီး ထောင်ထဲမှာ မှော်လက်လို့ နာမည်ကြီးဖူးတော့ မုန့်ဆိုင်အောက်မှာ အနှိပ်ခန်းဖွင့်ဖို့ လုပ်တယ်။ အပေါ်က မုန့်ဆိုင်၊ မြေအောက်ခန်းထဲမှာ အနှိပ်ခန်း ဖွင့်ထားတယ် အဲဒီတော့ကာ Sweeney Todd နဲ့ လူသားပေါက်စီကို ဆက်စပ်ကြည့်လိုက်တော့ ဘာဖြစ်မလဲဆိုတာ မှန်းမိလောက်ပါပြီ။ ကောင်းရောင်းကောင်းဝယ်နဲ့ ဘဝသစ်စဖို့ စဉ်းစားနေတဲ့ ဒိုလောရစ်တစ်ယောက် ပြဿနာတွေ တစ်ခုပေါ်တစ်ခုဆင့်ပြီး ကြောက်စရာကောင်းတဲ့ အလုပ်တွေကို လုပ်မိလာတာကိုကြည့်ရင်း တစ်ချက်တစ်ချက်မှာ ဟားရမှာပါ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ 666 ပဲဖြစ်ပါတယ်)Size ~ 450MB+...
