fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Haita de actiune (2023) ⭐IMDB: 5.0/10 (992 Votes) 🎬 #Action #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 736.0 MB ⦿ 1.7 GB 🌎 #Romania ⏰ 1 နာရီ 43 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Haita De Acțiune (2023) Romania က ရဲတွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ တာ၀န်မကျေပွန်မှုတွေ၊ မတရားမှုကို လျစ်လျူရှုထားတာတွေကို အခြေတည်ရိုက်ကူးထားတဲ့ Romanian ဟာသဆန်ဆန် အက်ရှင်ကား လာပါပြီ။ ဒီမှာ အဓိကဇာတ်ကောင်က ဒန်ဇယ်လို့ခေါ်တဲ့ ယာဉ်ထိန်းရဲပါ။ သူ့ရဲ့ငယ်ဘ၀သူရဲကောင်းတွေက မတရားမှုကို တိုက်ခိုက်သူတွေဖြစ်ပြီး ဒန်ဇယ်ကလည်း သူတို့လို ဖြစ်ချင်ခဲ့တာပါ။ ကံမကောင်းစွာနဲ့ စာမေးပွဲကျတဲ့အတွက် ရဲအရာရှိဖြစ်မလာဘဲ ယာဉ်ထိန်းရဲလုပ်နေရသူပေါ့။ ဒန်ဇယ်အဖေကလည်း တစ်ချိန်က ယာဉ်ထိန်းရဲလုပ်ခဲ့ပြီး တရားမျှတမှုအတွက်ကြိုးပမ်းခဲ့တဲ့အတွက် သူတို့ ဌာနမှာ ခုထိလှောင်စရာဖြစ်နေပါတယ်။ သားအဖ၂ယောက်လုံး ဌာနမှာ သိုးမည်းဖြစ်နေတာပေါ့။ ဒန်ဇယ်တို့ မြို့မှာ ရဲတွေက သူတို့လုပ်ရမယ့်အလုပ်ကလွဲရင် ကျန်တာအကုန်လုပ်ပါတယ်။ ကိုကိန်းသုံးတာ အရက်သောက်တာ အလှပြင်တာ မိန်းမရှုပ်တာ အကုန်ပါပဲ။ ရဲတွေနဲ့ လူကြီးပိုင်းတွေ ပေါင်းပြီးတော့ အကျင့်ပျက်နေကြတာပါ။ သူတို့အတွက် တရားမျှတမှုဆိုတာ ဟာသလိုကို ဖြစ်နေတာပါ။ ဒန်ဇယ်ကတော့ ဒါတွေကို ပြောင်းလဲချင်ပါတယ်။ သူတို့မြို့က လောင်းကစားအိမ်ကို ဓားပြတိုက်တဲ့သူတွေကို ရအောင်ဖော်မယ်ဆိုပြီး မစ်ရှင်စပါတယ်။ သေချာပေါက် ရဲမှူးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက သဘောမတူပါဘူး။ ဒန်ဇယ် တရားခံလို့ ထင်တဲ့သူက အထက်လွှတ်တော်အမတ်ရဲ့ သား ဖြစ်နေတဲ့အခါ… ဓားပြမှုကို ဆက်ပဲဖော်မလား… တခြားရဲတွေလိုပဲ မသိသလိုနေမလားဆိုတာကတော့….ဒန်ဇယ်ရဲ့ Character ကို အလေးအနက်ကြီးမဟုတ်ဘဲ အူကြောင်ကြောင် ငတုံးလို လုပ်ထားတာမို့လို့ ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုShune Lai KKမှ ပြန်ဆို ရေးသားထားပါတယ်)...

Ramon (2023) ⭐IMDB: 7.1/10 (332 Votes) 🎬 #Action #Comedy 🗓 2023 🎞 movie 📺 #720p #1080p 💿 769.6 MB ⦿ 1.7 GB 🌎 #Romania ⏰ 1 နာရီ 36 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Ramon (2023) ~ IMDb rating – 7/10 ~ ရိုမေးနီးယားထုတ် ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ခေါင်းစဉ်အတိုင်း ရာမွန်ဆိုတဲ့ သူကို ဇာတ်အိမ်တည်ပြီး​တော့ ရိုက်ကူးထားတာပါ။ ရာမွန်ဆိုတာကတော့ ရိုးသားကြိုးစားလှတဲ့ တောသားလေးပေါ့။ သူဟာ ငယ်ငယ်ကတည်းက အရမ်းကိုစိတ်ကောင်းရှိပြီး သူများတွေကို ကူညီတတ်တဲ့သူမျိုးပါ။ ဒါပေမဲ့ “စေတနာကနေ ဝေဒနာ” ဆိုသလို သူကတော့ ကူညီပေးလိုက်ပေမဲ့ သူများတွေအတွက်တော့ ဒုက္ခပေးသလို ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တော့ သူဟာသူ့ ဖူးစာရှင်ကိုပိုးပန်းဖို့အတွက် ဘူခါရက်စ်ကို ရှာပုံတော် ထွက်သွားပါတော့တယ်။ ဘူခါရက်စ်မှာ ရာမွန်တစ်ယောက် ဘယ်လိုဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရဦးမလဲ၊ ဘယ်သူတွေကို ကူညီသွားဦးမှာလဲဆိုတာကို ရယ်မောဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ IMDB မှာ 7/10 အထိရရှိထားပြီးတော့ ဇာတ်လမ်းကလည်း အရမ်းကြီး Serious မဖြစ်သလို အရမ်းလည်းပေါတောနေတာ မဟုတ်တဲ့အတွက် စိတ်အပန်းဖြေချင်သူများအတွက် အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMarkမှ ပြန်ဆို ရေးသားထားပါတယ်)...

Sweetwater (2013) ⭐IMDB: 6.1/10 (6 k Votes) 🎬 #Thriller #Western 🗓 2013 🎞 movie 📺 #720p #1080p 💿 700.4 MB ⦿ 1.8 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 16 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Thriller, WesternIMDB – 6.2/10 အမေရိကန် ၁၈၀၀ နှောင်းပိုင်း ကောင်းဘွိုင်ခေတ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ လှပပြီး ပြည်တန်ဆာဖြစ်ခဲ့ဖူးတဲ့ ဆာရာဟာ ခင်ပွန်းဖြစ်သူနဲ့ ဘဝသစ်ကို နယူးမက်ဆီကိုနယ်မြေမှာ လာပြီး ထူထောင်လျက်ရှိပါတယ်။ သူတို့နဲ့ အိမ်နီးချင်းလို့ ပြောရမယ့်လူကတော့ ဘာသာရေးအစွန်းရောက်နေတဲ့ ဘုန်းကြီးတစ်ပါး ဖြစ်ပြီး မိန်းမတွေတို့ တပည့်တွေတို့နဲ့ အတူတူနေပြီး သိုးမွေးထားတာလည်း ဖြစ်ပါတယ်။ ဘာသာရေးသမားဆိုပေမဲ့ နောက်ကွယ်မှာက ဒုစရိုက်သမားသာသာ ဖြစ်ပြီး သူ့ ခြံထဲကို ကျူးကျော်တဲ့နှစ်ယောက်ဆိုလည်း သတ်ပစ်တဲ့ထိလုပ်တတ်တဲ့ ရူူးနှမ်းနှမ်း ဘုန်းကြီးလိုမျိုးပါ။ အဲဒီအချိန်မှာ ဒီအသတ်ခံလိုက်ရတဲ့ လူနှစ်ယောက်ကို လာရှာတဲ့ ထူးဆန်းတဲ့ရဲမှူးတစ်ယောက်လည်း ရောက်လာတယ်။ ဆာရာရဲ့ ယောက်ျားကလည်း သူ့ စိုက်ခင်းတွေကို ဘုန်းကြီးရဲ့ သိုးက စားတယ်ဆိုပြီး သွားပြဿနာရှာတဲ့အချိန် လူဆိုးသာသာ ဘုန်းကြီးနဲ့ ဘာတွေဖြစ်ကြမလဲ။ ဆာရာကလည်း ဘယ်လိုဖြစ်လာမလဲ။ ဘုန်းကြီးနဲ့ ရဲမှူးလည်း ထိပ်တိုက်တွေ့ကြမလားဆိုပြီး ကြည့်ရှုရမှာပါ။ မင်းသမီးနေရာကတော့ X-Men First Class တို့ Unknown တို့ထဲမှာ ပါဝင်ဖူးတဲ့ January Jones ဖြစ်ပြီး ရဲမှူးနေရာက ဗီလိန်အဖြစ် မကြာခဏ သရုပ်ဆောင်လေ့ရှိတဲ့ Ed Harris ရယ် ဘုန်းတော်ကြီးနေရာမှာ Harry Potter ထဲက မယ်ဖွိုင်းအဖေ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Jason Isaacs တို့ သရုပ်ဆောင်ထားပေးကြတာပါ။...

Ain't Them Bodies Saints (2013) ⭐IMDB: 6.4/10 (22 k Votes) 🎬 #Crime #Drama #Romance #Western 🗓 2013 🎞 movie 📺 #720p #1080p 💿 430.1 MB ⦿ 1.0 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 46 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဘော့ပ်နဲ့ ရုဆိုတဲ့ကောင်လေးနဲ့ ကောင်မလေးဟာ တက္ကဆက်ပြည်နယ်က Bonnie & Clydeပေါ့. သိပ်ကိုချစ်ကြတဲ့ချစ်စုံတွဲလေးဖြစ်သလို သူတို့လုပ်တဲ့မကောင်းမှုတွေက သူတို့ကို ဝေးကွာစေနိုင်တယ်ဆိုတာကိုလဲ သူတို့သိကြမယ်မထင်သေးတဲ့အရွယ်ပေါ့. တစ်နေ့မှာရဲတွေဝိုင်းထားတာခံရချိန် ရုပစ်လိုက်တဲ့ ကျည်ဆန်ကြောင့် ရဲတစ်ယောက်မှန်သွားတော့ ဘော့ပ်က ပြစ်ဒဏ်တွေအားလုံးကို သူ့ဆီပဲပုံချဖို့ ဆုံးဖြတ်ခဲ့တယ်။ ရုမှာကချစ်စရာသမီးလေးကိုကိုယ်ဝန်လွယ်ထားရတယ်ဆိုတာလဲ အဲ့အချိန်မှာပဲ သိခဲ့ရတယ်လေ. သူပြန်လာခဲ့ပ့ါမယ် စောင့်နေပေးပါဆိုတဲ့စကားအတိုင်း ရုကလဲသမီးလေး၄နှစ်ပြည့်တဲ့အထိကို နေ့တိုင်းမျှော်နေခဲ့ပြီးရှင်သန်နေထိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ရက်တော့ ဘော့ပ်တစ်ယောက်ထောင်ဖောက်ပြေးပြီး ရုတို့သားအမိကိုခေါ် ဒီနဲ့အဝေးဆုံးကိုထွက်သွားဖို့ ကြိုးစားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုး အလုပ်လုပ်လဲ ဘယ်လောက်ထိတာရှည်ခံနိုင်မလဲ ? ဘော့ပ်နဲ့ရုတို့ရဲ့ ဒီကနေအဝေးဆုံးကိုထွက်သွားဖို့အတွက် အကြံအစည်တွေကရော အဆင်ပြေနိုင်ပါ့မလား ရိုမန်တစ်ဒရာမာဇာတ်ကားလေးဖြစ်ပြီး ဘော့ပ် ရဲ့ ကွဲအက်အက်အသံနဲ့ ထောင်ထဲကပေးပို့တဲ့စာတွေကိုဖတ်ပြတဲ့အခန်းတွေက တကယ့်ကို ကြေကွဲစရာကောင်းခံစားစေရမှာပါ. ဒီလိုဇာတ်ရုပ်မျိုးကိုသရုပ်ဆောင်တဲ့သူကလဲ တခြားသူတော့မဟုတ်ပါဘူး. အော်စကာဆုရှင် Casey Affleckဖြစ်ပြီး အထင်ရှားဆုံးပြောရရင် Manchester By the Seaထဲက မင်းသားပါပဲ. ဆန်ကာတင်စာရင်းတွေထဲမှာလဲ ပါဝင်ခဲ့သလို IMDB scoreလဲကောင်းတဲ့ ဇာတ်ကားမလို့ ကြွေကွဲရင်းနဲ့ ခံစားလိုက်ရအောင်။....

Head to Head (2023) ⭐IMDB: 6.7/10 (723 Votes) 🎬 #Comedy #Thriller #Action 🗓 2023 🎞 movie 📺 #720p #1080p 💿 549.8 MB ⦿ 1.2 GB 🌎 #SaudiArabia ⏰ 1 နာရီ 35 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လတ်တလောကမှ Netflix ကနေထွက်ရှိလာတဲ့ ဆော်ဒီဟာသဇာတ်ကား ကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း ဒါရဝစ်ချ်ဆိုတဲ့သူဟာ ကုမ္ပဏီတစ်ခုမှာ ဒရိုင်ဘာအနေနဲ့အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ ဖာယက်ဆိုတဲ့သူကတော့ ဒါရဝစ်ချ်နဲ့ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်နေတဲ့ ကားပြင်ဆရာဖြစ်ပါတယ်။ ကားပြင်တယ်ဆိုပြီး ကုမ္ပဏီကကားတွေရဲ့အင်ဂျင်တွေကို ထုတ်ရောင်းစားပြီး ပျက်နေတဲ့အဟောင်းတွေကိုထည့်ထားတတ်ပါတယ်။ အဲဒါကိုကုမ္ပဏီကမိထားလို့ အလုပ်ပြုတ်ခံရလုနီးပါးဖြစ်နေတာပါ။ ဖြစ်ချင်တော့ သူတို့ကုမ္ပဏီရဲ့စီအီးအိုရဲ့သားက သူ့အဖေမရှိတုန်း ကုမ္ပဏီရဲ့ရှယ်ယာတွေကို ရောင်းစားဖို့လုပ်နေပါတယ်။ ဖာယက်ကို သူ့ဘက်ပါလာအောင် CEO ရာထူးကိုပေး သလိုလုပ်ပြီးတော့ သူ့ဆီလာနေတဲ့ သူ့အဖေကိုလေဆိပ်ကသွားခေါ်ပြီး စာချုပ်မှာ လက်မှတ်ထိုးဖို့ကူညီပေးရင် သန်း ၄၀ တန်တဲ့ ရှယ်ယာတွေကိုပေးမယ်လို့ပြောခဲ့ပါတယ်။ ပိုက်ဆံမက်တဲ့ဖာယက်ကလည်း သဘောတူပြီး ဒါရဝစ်ချ်ကို လေဆိပ်ကနေ စီအီးအိုဟောင်း ဖြစ်သူကိုကြိုခိုင်းတဲ့အခါ ဖာယက်ကလူမှားပြီးတော့ အမှောင်လောကရဲ့ဘုရင်ဖြစ်တဲ့ စိန်များဘုရင်ဆိုတဲ့အဖိုးကြီးကို ကားပေါ်ခေါ်တင်လာပါတော့တယ်။ စိန်များဘုရင်က အရင်ကလူတိုင်းကြောက်ရတဲ့သူပေမဲ့ အခုကတော့ ရုရှားတွေဆီမှာ အဖမ်းခံရပြီးတော့ သေမလိုဖြစ်နေရာက အခုမှဆောဒီကိုပြန်ရောက်လာတာဖြစ်ပါတယ်။ အဲဒါကလည်း သူ့သားက ရုရှားမာဖီယားတွေနဲ့ အပေးအယူလုပ်ပြီး ဆောဒီကိုပြန်ခေါ်လာတာပါ။ အဲဒီကနေ ပြဿနာတွေတက်ပြီးတော့ မှားသွားတဲ့လူအချင်းချင်းလဲဖို့ ဘသီယခါဆိုတဲ့ နေရာကိုသူတို့နှစ်ယောက်သွားခဲ့ကြပါတယ်။ အဲဒီနေရာက လုံးဝကိုမကောင်းတဲ့လူမိုက်တွေ၊ လူသတ်သမားတွေ ကျက်စားတဲ့နေရာဖြစ်နေတဲ့အပြင် စိန်များဘုရင်က ရုတ်တရက် သေသွားတဲ့အခါ အဲဒီအလောင်းကြီးနဲ့ သူတို့နှစ်ယောက် လူမိုက်တွေဆီကနေအသတ်မခံ ရဖို့ရှောင်ပြေးကြတာကို အခွီတစ်လိုင်းနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်အိမ်ကောင်းကောင်းနဲ့ ဒါရဝစ်ချ်နဲ့ ဖာယက်နှစ်ယောက်သားရဲ့ မတည့်အတူနေ ဆက်ဆံရေးကို ဟာသ‌ဇာတ်ကွက်တွေနဲ့ ရိုက်ကူးတင်ဆက်ထားပြီးတော့ မူးယစ်ဆေးလောကတွေ၊ လူသတ်တာတွေ စတဲ့ အမှောင်လောကအကြောင်းကိုလည်း လှည့်ကွက်တွေအများကြီးနဲ့ ပီပြင်အောင်သရုပ်ဖော်ရိုက်ကူးထားတာမလို့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။...

D.E.B.S. (2004) ⭐TMDB: 64.0% User Score 🎬 #Action #Comedy #Romance 🗓 2004 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 2.3 GB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ SAT မှာလျှို့ဝှက်ထည့်သွင်းထားတဲ့စစ်ဆေးမှုတစ်ခုရှိနေပြီး အဲ့ဒီစစ်ဆေးမှုကိုအောင်မြင်တဲ့လူတွေဆီကို D.E.B.S. လို့ခေါ်တဲ့သူလျှိုလေ့ကျင့်ရေးသင်တန်းကျောင်းက ဖိတ်ခေါ်မှုတွေရောက်လာလေ့ရှိပါတယ်။ အေမီကတော့ အဲ့ဒီလျှို့ဝှက်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး သူပါဝင်တဲ့ တပ်ဖွဲ့ဟာလည်း ကျောင်းရဲ့ထိပ်တန်းနေရာမှာရှိနေပါတယ်။ဒါပေမယ့်လည်း အေမီစိတ်ဝင်စားတာက ကျောင်းဆင်းတဲ့အခါ သူလျှိုလုပ်ငန်းထဲဝင်ဖို့ထက် အနုပညာကျောင်းတက်ဖို့ပါပဲ။ တစ်နေ့တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူစီဒိုင်းမွန်းလို့ခေါ်တဲ့ ဒုစရိုက်သမားတစ်ယောက်မြို့ထဲကိုပြန်ရောက်လာတာကိုစုံစမ်းထောက်လှမ်းနေရင်း မမျှော်လင့်တဲ့အလွဲတွေနဲ့ အေမီနဲ့ လူစီဒိုင်းမွန်းတို့ထိပ်တိုက်တွေ့ကြပါတော့တယ်။ သူအဲ့ဒီမှာသိလိုက်ရတာကလူစီဟာ မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်နေတယ်ဆိုတာကိုပါပဲ။ လူစီက သူတို့အသိုင်းအဝိုင်းမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ထိပ်တိုက်တွေ့ဆုံဖူးသူမှန်သမျှအသက်ရှင်ကျန်ရစ်သူမရှိတာ၊ အလွန်ရက်စက်သွေးအေးတတ်တာ၊ သူ့အကြောင်းသေချာသိတဲ့သူရယ်လို့မရှိပဲဒဏ္ဍာရီဆန်ဆန်ပါးစပ်ပြောတွေနဲ့သာကြားဖူးနားဝရှိကြရတဲ့အထိလည်းလျှို့ဝှက်သူပါ။ အဲ့ဒီကြောက်စရာလူဆိုးမကြီးကိုမှ သူ့အနေနဲ့စိတ်လှုပ်ရှားခံစားသက်ဝင်မိသွားတယ်ဆိုတာအေမီတစ်ယောက်သိလိုက်ရတဲ့အခါမှာတော့..။ D.E.B.S ဟာဒီခေတ်လို GL တွေ BL တွေ ပေါပေါများများခေတ်မစားသေးခင်က ထွက်ခဲ့တဲ့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ချစ်စရာ GL ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ထွက်ရှိခဲ့ချိန်ကစလို့ အခုချိန်ထိ LGBT community တွေရဲ့အစီအစဉ်နဲ့အထူးပွဲတွေပြနေတုန်းပါပဲ။ဘာကိုမှ Serious မထားပဲပေါ့ပေါ့ပါးပါးအချိန်ဖြုန်းချင်စရာ ပျော်စရာဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်ကားမှာဦးဆောင်ပါဝင်ခဲ့သူတွေဟာ အခုချိန်မှာ နာမည်ကျော်တွေအဖြစ်တန်းဝင်နေကြပြီဖြစ်ပြီး သူတို့ရဲ့ငယ်ဘဝအလှပုံရိပ်လေးတွေကို တစ်ဝကြီးတွေ့ရမှာပါ။အနည်းဆုံးတော့ စကီအလန်းလေးတွေ စကပ်အတိုလေးတွေဝတ်ပြီး ပြေးလွှားလှုပ်ရှား ဖိုက်တင်ချကြတာကိုက အတော်ကြည့်ကောင်းနေပြီဖြစ်ပါတယ်။ (တလောက ဖေစ့်ဘုတ်မှာခေတ်စားနေတဲ့ Devon Aoki ရဲ့စီးကရက်ခဲပြီး သေနတ်တွေပစ်နေတဲ့ video clip လေးကလည်း ဒီကားထဲကပါပဲ)...

D.E.B.S. (2004) ⭐IMDB: 5.3/10 (17 k Votes) 🎬 #Action #Comedy #Romance 🗓 2004 🎞 movie 📺 #720p #1080p 💿 1.2 GB ⦿ 2.3 GB 🌎 #UnitedStates ⏰ 1 နာရီ 32 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အမေရိကန်ကောလိပ်ဝင်ခွင့်စာမေးပွဲတစ်ခုဖြစ်တဲ့ SAT မှာလျှို့ဝှက်ထည့်သွင်းထားတဲ့စစ်ဆေးမှုတစ်ခုရှိနေပြီး အဲ့ဒီစစ်ဆေးမှုကိုအောင်မြင်တဲ့လူတွေဆီကို D.E.B.S. လို့ခေါ်တဲ့သူလျှိုလေ့ကျင့်ရေးသင်တန်းကျောင်းက ဖိတ်ခေါ်မှုတွေရောက်လာလေ့ရှိပါတယ်။ အေမီကတော့ အဲ့ဒီလျှို့ဝှက်စာမေးပွဲမှာ အမှတ်အမြင့်ဆုံးနဲ့အောင်မြင်ထားပြီး သူပါဝင်တဲ့ တပ်ဖွဲ့ဟာလည်း ကျောင်းရဲ့ထိပ်တန်းနေရာမှာရှိနေပါတယ်။ဒါပေမယ့်လည်း အေမီစိတ်ဝင်စားတာက ကျောင်းဆင်းတဲ့အခါ သူလျှိုလုပ်ငန်းထဲဝင်ဖို့ထက် အနုပညာကျောင်းတက်ဖို့ပါပဲ။ တစ်နေ့တော့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လူစီဒိုင်းမွန်းလို့ခေါ်တဲ့ ဒုစရိုက်သမားတစ်ယောက်မြို့ထဲကိုပြန်ရောက်လာတာကိုစုံစမ်းထောက်လှမ်းနေရင်း မမျှော်လင့်တဲ့အလွဲတွေနဲ့ အေမီနဲ့ လူစီဒိုင်းမွန်းတို့ထိပ်တိုက်တွေ့ကြပါတော့တယ်။ သူအဲ့ဒီမှာသိလိုက်ရတာကလူစီဟာ မိန်းကလေးချင်းစိတ်ဝင်စားသူတစ်ဦးဖြစ်နေတယ်ဆိုတာကိုပါပဲ။ လူစီက သူတို့အသိုင်းအဝိုင်းမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ လူဆိုးတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ထိပ်တိုက်တွေ့ဆုံဖူးသူမှန်သမျှအသက်ရှင်ကျန်ရစ်သူမရှိတာ၊ အလွန်ရက်စက်သွေးအေးတတ်တာ၊ သူ့အကြောင်းသေချာသိတဲ့သူရယ်လို့မရှိပဲဒဏ္ဍာရီဆန်ဆန်ပါးစပ်ပြောတွေနဲ့သာကြားဖူးနားဝရှိကြရတဲ့အထိလည်းလျှို့ဝှက်သူပါ။ အဲ့ဒီကြောက်စရာလူဆိုးမကြီးကိုမှ သူ့အနေနဲ့စိတ်လှုပ်ရှားခံစားသက်ဝင်မိသွားတယ်ဆိုတာအေမီတစ်ယောက်သိလိုက်ရတဲ့အခါမှာတော့..။ D.E.B.S ဟာဒီခေတ်လို GL တွေ BL တွေ ပေါပေါများများခေတ်မစားသေးခင်က ထွက်ခဲ့တဲ့ရှေ့ဆောင်လမ်းပြဖြစ်ခဲ့တဲ့ချစ်စရာ GL ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ထွက်ရှိခဲ့ချိန်ကစလို့ အခုချိန်ထိ LGBT community တွေရဲ့အစီအစဉ်နဲ့အထူးပွဲတွေပြနေတုန်းပါပဲ။ဘာကိုမှ Serious မထားပဲပေါ့ပေါ့ပါးပါးအချိန်ဖြုန်းချင်စရာ ပျော်စရာဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ဇာတ်ကားမှာဦးဆောင်ပါဝင်ခဲ့သူတွေဟာ အခုချိန်မှာ နာမည်ကျော်တွေအဖြစ်တန်းဝင်နေကြပြီဖြစ်ပြီး သူတို့ရဲ့ငယ်ဘဝအလှပုံရိပ်လေးတွေကို တစ်ဝကြီးတွေ့ရမှာပါ။အနည်းဆုံးတော့ စကီအလန်းလေးတွေ စကပ်အတိုလေးတွေဝတ်ပြီး ပြေးလွှားလှုပ်ရှား ဖိုက်တင်ချကြတာကိုက အတော်ကြည့်ကောင်းနေပြီဖြစ်ပါတယ်။ (တလောက ဖေစ့်ဘုတ်မှာခေတ်စားနေတဲ့ Devon Aoki ရဲ့စီးကရက်ခဲပြီး သေနတ်တွေပစ်နေတဲ့ video clip လေးကလည်း ဒီကားထဲကပါပဲ)...

Kolai (2023) ⭐IMDB: 5.3/10 (122 Votes) 🎬 #Action #Bollywood #Crime #Thriller #Mystery #Drama 🗓 2023 🎞 movie 📺 #720p #1080p 💿 903.8 MB ⦿ 2.0 GB 🌎 #India ⏰ 2 နာရီ 5 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Kolai (2023) တစ်နေ့ရုံးတွင် စုံထောက်မလေး ဆန်ဒယာထံသို့ လူသတ်မှုတစ်ခုအကြောင်းသတင်းပေးပို့သဖြင့် သွားရောက်စုံစမ်းစစ်ဆေးရန်ထွက်လာခဲ့သည် သေဆုံးသူကောင်မလေးမှာ အောင်မြင်ကျော်ကြားလှပချောမောလှသောမော်ဒယ်မလေး လိုင်လာဖြစ်သည် သူကလေးမှာ သေဆုံးနေသည့်တိုင်ပစ်ရက်စရာမရှိ လှပကျော့ရှင်းနေသည့်အပြင် ပြုံးပြုံးလေးနှင့်ပင် သေဆုံးနေသည်ကိုတွေ့ရှိရလေသည် စုံထောက်မလေး ဆန်ဒယာအတွက် ပိုခေါင်းစားရသည်မှာ လိုင်လာသေဆုံးသောတိုက်ခန်းလေးမှာအချိန်ပြည့် အစောင့်များရှိသည့်အပြင် စီစီတီဗီများတပ်ဆင်ထားသည့် အိမ်ရာတစ်ခုဖြစ်သည့်အပြင်သေဆုံးချိန် အလောင်းကိုတွေ့ချိန်၌ အခန်းတွင်းမှ သော့ခတ်ထားခြင်းပင်ဖြစ်သည် ဆန်ဒယာတစ်ယောက် ဉာဏ်မမှီတော့သဖြင့် သူ့ရဲ့အနားယူသွားသောဆရာ ဗီနာရိခ်ကို လှမ်းပင့်ရပါတော့သည်ဆရာဗီနာရိခ်က ခေသူမဟုတ် မပေါ်သည့်အမှုမရှိ မြေလျှိုးနေတဲ့ တရားခံရှိရင်တောင် သူ့လက်ကလွတ်ရိုးမရှိ ရအောင်ဖော်ထုတ်ဖမ်းဆီးခဲ့သည် ဆားပုလင်းဗီနာရိခ်ပင်ဖြစ်လေသည် သပွတ်အူထက်ပင်ရှုပ်ထွေးလှသော အမှုကြီးကို ဆရာသမားက တစ်ရစ်ချင်းစီရှင်း ဘယ်လိုဖော်ထုတ်ပြမလဲမော်ဒယ်မလေးကိုသတ်ခဲ့တာ အချစ်ကြောင့်လား ငွေကြေးကြောင့်လား ရန်ငြိုးတွေလား စသည်ဖြင့်အကွက်စေ့စေ့ကြည့်ရှုရမဲ့အပြင် ဆရာမင်းသိင်္ခရဲ့ စုံထောက်ဝတ္ထုတွေလို အစကအဆုံးမထတမ်းကြည့်ချင်လောက်အောင် စိတ်ဝင်စားဖို့ ကောင်းတာမို့ CM ပရိတ်သတ်ကြီးရှေ့မှောက် အရောက်ပို့ပေးလိုက်ပါတယ် ဒီဇာတ်ကားကို စုံထောက်ဗီနာရိခ်အဖြစ် ဦးဆောင်ပါဝင်ထားတာက သူတောင်းစားကားထဲကမင်းသားပဲဖြစ်ပြီး မင်းသမီးလေးကလည်း တက်သစ်စချစ်စဖွယ်ကောင်မလေးမို့ cast ပိုင်းမှာလည်း စိတ်မျက်စေရပါဘူးဗျာအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်...

Bones of Crows (2023) ⭐TMDB: 79.0% User Score 🎬 #Drama #History 🗓 2023 🎞 Movie 📺 #720p #1080p 💿 797.3 MB ⦿ 1.3 GB 🌎 #Canada ⏰ 2 နာရီ 9 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Bones of Corws (2022) (RT 94% , IMDb 6.6 ) ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။ တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအထိ လုပ်ဆောင်ခဲ့ကြပြီးဒါမျိုးဟာ တစ်ကျောင်း နှစ်ကျောင်း မဟုတ် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တာပါ။ဒီထက်ပိုဆိုးတာကတော့ အဆောင်နေကျောင်းစနစ်‌ေကြာင့် ကလေးငယ်ပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက်Genocide လို့ ခေါင်းစဉ်တပ်ရလောက်တဲ့ထိကို ဖြစ်ပျက်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အယ်လင်းဟာ အဓိကဇာတ်ကောင်ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ တစ်ဘဝစာခွဲခြားနှိမ့်ချမှုများကို ပြသသွားမှာပဲ ဖြစ်ပါတယ်။အမှန်တရားဟာ တနေ့‌ေန့တချိန်ချိန်မှာ ပေါ်ထွန်းအောင်မြင်စမြဲပါ…ကနေဒါက အင်ဒီးယန်းလူမျိုးစုတွေကရော အဆောင်နေကျောင်းစနစ်ကြီးက ပေါ်ပေါက်လာတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာသိအောင် ဘယ်လိုလုပ်ခဲ့လဲ…ဖိနှိပ်ခံ တိုင်းရင်းသားတွေဟာ လက်တွေ့ဘဝမှာ ဘယ်လောက်ဆိုးရွားစွာ ခါးစည်းခံခဲ့ကြရသလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်… အညွှန်း နဲ့ ဘာသာပြန်ကတော့Tun Aung Kyawပဲ ဖြစ်ပါတယ်...

Sun Moon (2023) ⭐IMDB: 5.3/10 (93 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 1.5 GB ⦿ 801.2 MB 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sun Moon (2023) သတို့သား မရှိခဲ့တဲ့ Kelsey ရဲ့ မင်္ဂလာပွဲ …ဘာလို့လဲဆိုတော့ ဘုရားသခင်က ပြောလို့ လက်ထပ်လို့မရဘူး ဆိုတဲ့ဆင်ခြေနဲ့သူချစ်ရတဲ့သူရဲ့ပစ်ပယ်ခြင်းကိုခံလိုက်ရတဲ့ Kelsey တစ်ယောက်အတွက်ဘုရားသခင်က သူမကိုကျ ဘာလို့ မပြောတာလဲဆိုတဲ့ လူတွေရဲ့မေးခွန်းကိုဖြေပေးစရာစကား သူ့မှာ ရှိမနေခဲ့ပါဘူး။ဘုရားကျောင်း နဲ့ လူတွေကို ရင်ဆိုင်​တွေ့ဖို့ ကြောက်နေတဲ့ Kelsey ကမင်္ဂလာပွဲကပစ္စည်း​တွေယူဖို့ မတတ်နိုင်ဘဲဘုရားကျောင်းကိုသွားရပြန်တယ် ။အဲ့ဒီမှာ အခါအခွင့်သင့်စွာနဲ့ ထိုင်ဝမ်မှာ အင်္ဂလိပ်စာသင်ပေးဖို့ အလုပ်ကမ်းလှမ်းခံခဲ့ရပါတယ်။သူ့ဘဝရဲ့ ရှုံးနိမ့်မှုတွေနဲ့ လှောင်ပြောင်ခံရခြင်းတွေဆီကထွက်ပြေးဖို့ ထိုင်ဝမ် ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်လာမလဲKelsey တစ်ယောက် သူ့ရဲ့ဒဏ်ရာတွေကို ထိုင်ဝမ်မှာကုစားနိုင်ပါ့မလားဆိုတာ ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Phyu Phyu Thantပဲ ဖြစ်ပါတယ်။...

Sun Moon (2023) ⭐⁉️ 🎬 ##Drama #Romance 🗓 2023 🎞 Movie 📺 #1080p #720p 💿 1.5 GB ⦿ 801.2 MB 🌎 #UnitedStates ⏰ 1 နာရီ 33 မိနစ် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sun Moon (2023) သတို့သား မရှိခဲ့တဲ့ Kelsey ရဲ့ မင်္ဂလာပွဲ …ဘာလို့လဲဆိုတော့ ဘုရားသခင်က ပြောလို့ လက်ထပ်လို့မရဘူး ဆိုတဲ့ဆင်ခြေနဲ့သူချစ်ရတဲ့သူရဲ့ပစ်ပယ်ခြင်းကိုခံလိုက်ရတဲ့ Kelsey တစ်ယောက်အတွက်ဘုရားသခင်က သူမကိုကျ ဘာလို့ မပြောတာလဲဆိုတဲ့ လူတွေရဲ့မေးခွန်းကိုဖြေပေးစရာစကား သူ့မှာ ရှိမနေခဲ့ပါဘူး။ဘုရားကျောင်း နဲ့ လူတွေကို ရင်ဆိုင်​တွေ့ဖို့ ကြောက်နေတဲ့ Kelsey ကမင်္ဂလာပွဲကပစ္စည်း​တွေယူဖို့ မတတ်နိုင်ဘဲဘုရားကျောင်းကိုသွားရပြန်တယ် ။အဲ့ဒီမှာ အခါအခွင့်သင့်စွာနဲ့ ထိုင်ဝမ်မှာ အင်္ဂလိပ်စာသင်ပေးဖို့ အလုပ်ကမ်းလှမ်းခံခဲ့ရပါတယ်။သူ့ဘဝရဲ့ ရှုံးနိမ့်မှုတွေနဲ့ လှောင်ပြောင်ခံရခြင်းတွေဆီကထွက်ပြေးဖို့ ထိုင်ဝမ် ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်လာမလဲKelsey တစ်ယောက် သူ့ရဲ့ဒဏ်ရာတွေကို ထိုင်ဝမ်မှာကုစားနိုင်ပါ့မလားဆိုတာ ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Phyu Phyu Thantပဲ ဖြစ်ပါတယ်။...

Sun Moon (2023) ⭐IMDB: 5.3/10 (93 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 0.0 B 🌎 #UnitedStates ⏰ ⁉️ 👑 Channel Myanmar ဇာတ်ညွှန်း 📜 Sun Moon (2023) သတို့သား မရှိခဲ့တဲ့ Kelsey ရဲ့ မင်္ဂလာပွဲ …ဘာလို့လဲဆိုတော့ ဘုရားသခင်က ပြောလို့ လက်ထပ်လို့မရဘူး ဆိုတဲ့ဆင်ခြေနဲ့သူချစ်ရတဲ့သူရဲ့ပစ်ပယ်ခြင်းကိုခံလိုက်ရတဲ့ Kelsey တစ်ယောက်အတွက်ဘုရားသခင်က သူမကိုကျ ဘာလို့ မပြောတာလဲဆိုတဲ့ လူတွေရဲ့မေးခွန်းကိုဖြေပေးစရာစကား သူ့မှာ ရှိမနေခဲ့ပါဘူး။ဘုရားကျောင်း နဲ့ လူတွေကို ရင်ဆိုင်​တွေ့ဖို့ ကြောက်နေတဲ့ Kelsey ကမင်္ဂလာပွဲကပစ္စည်း​တွေယူဖို့ မတတ်နိုင်ဘဲဘုရားကျောင်းကိုသွားရပြန်တယ် ။အဲ့ဒီမှာ အခါအခွင့်သင့်စွာနဲ့ ထိုင်ဝမ်မှာ အင်္ဂလိပ်စာသင်ပေးဖို့ အလုပ်ကမ်းလှမ်းခံခဲ့ရပါတယ်။သူ့ဘဝရဲ့ ရှုံးနိမ့်မှုတွေနဲ့ လှောင်ပြောင်ခံရခြင်းတွေဆီကထွက်ပြေးဖို့ ထိုင်ဝမ် ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲ့ဒီနောက်မှာ ဘာတွေဆက်ဖြစ်လာမလဲKelsey တစ်ယောက် သူ့ရဲ့ဒဏ်ရာတွေကို ထိုင်ဝမ်မှာကုစားနိုင်ပါ့မလားဆိုတာ ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့Phyu Phyu Thantပဲ ဖြစ်ပါတယ်။...

Devil's Peak (2023) ⭐IMDB: 5.2/10 (315 Votes) 🎬 #Crime #Drama #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 525.6 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 37 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မြောက်ကာရိုလိုင်းနားက ဂျက်ဆင်ကောင်တီမှာ မက်ဂ်နီးလီ ဆိုတဲ့ မိသားစုက မူးယစ်ဆေးတွေ မှောင်ခိုရောင်းဝယ်တာမလို့ မျိုးနဲ့ရိုးနဲ့ကို နာမည်ကြီးပါတယ်။ ခေတ်အဆက်ဆက် လူမိုက်လုပ်လာကြတဲ့အလျောက် ချာလီ မက်ဂ်နီးလီ လက်ထက်မှာလည်း ရာဇဝင်မရိုင်းရလေအောင် မူးယစ်ဆေးဝါးလုပ်ငန်းကို ဆက်ပြီးထိန်းသိမ်းထားပါတယ်။ သူထိန်းသိမ်းထားသလို ဆက်ပြီးလုပ်သွားနိုင်ဖို့ သားဖြစ်သူ ဂျေကော့ဘ် မက်ဂ်နီးလီကလည်း ချာလီ့လက်အောက်မှာ အလုပ်ဝင်လုပ်ရင်း ပညာတွေသင်ယူနေရတာပေါ့။ ဖြစ်ချင်တော့ ဂျေကော့ဘ်က သူချစ်ရတဲ့ ကောင်မလေး မက်ဂီ ဂျန်းနင်းစ်နဲ့ နီးစပ်ပြီး သူ(မ)ရဲ့အိပ်မက်တွေကို အတူအကောင်အထည်ဖော်ပေးချင်ပေမဲ့ ကောင်မလေးအဖေက သူ့အဖေလုံးဝကြည့်မရတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်နေလေတော့ လူငယ်တွေရဲ့ အချစ်ရေးက ကံအကြောင်းမလှဘူးပေါ့ လုပ်ငန်းကျယ်ပြန့်ရင် ကျယ်ပြန့်သလို ဒုစရိုက်မှုတွေပဲများလာလို့ စိတ်မအေးချမ်းဖြစ်နေရတဲ့ ဂျေကော့ဘ်က ချာလီရဲ့ မျိုးရိုးစဉ်ဆက်နဲ့ချီပြီး ပြောပြောနေတဲ့ lecture တွေနဲ့ brainwash လုပ်မှုတွေအပြင် ကောင်မလေးဘက်က ပြဿနာတွေနဲ့ပါ ရင်ဆိုင်ရတော့ ဘယ်ဘက်ကိုရွေးပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရှုရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်…...

The Gates (2023) ⭐IMDB: 5.0/10 (177 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 413.5 MB 🌎 #Ireland ⏰ 1 နာရီ 51 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Horror, ThrillerIMDB – 5.0/10 လန်ဒန်မြို့ကြီးမှာ အမျိုးသမီးတွေချည်း အောက်လမ်းလိုလို ပညာသည်လိုလိုနဲ့ ၂၈ ယောက်လောက် သတ်ခဲ့တဲ့ အတွဲလိုက်လူသတ်သမားကို နောက်ဆုံးတစ်ယောက် သတ်နေတဲ့အချိန် ဖမ်းမိခဲ့တာပါ။ ဒီလို ပြစ်မှုကြီးမားတဲ့အတွက် သေဒဏ်ကျခံရမှာပဲ ဖြစ်ပါတယ် ဒါပေမဲ့ သူ့ကို မကွပ်မျက်ခင်မှာ လူသတ်သမားဟာ အကျဉ်းထောင်ထဲမှာ ထူးဆန်းတဲ့သင်္ကေတတွေ ပုံတွေဆွဲပြီး ဂါထာလိုလို ဘာလိုလိုတွေရွတ်ပြီး သေဒဏ်ကျခံသွားရော။ သူ သေပြီးတဲ့နောက်မှာ ဒီအကျဉ်းထောင်ကြီးထဲ ညညဆို အကျဉ်းသားတွေ စိတ္တဇတွေဖြစ်ပြီး သေဒဏ်ကျခံရမှာကိုတောင် ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် တစ်ဖက်မှာ လူသေအလောင်း ဓာတ်ပုံရိုက်ပြီး တစ်ဖက်က တမလွန်ဆိုတာကို စက်နဲ့တည်ရှိကြောင်း သက်သေပြချင်တဲ့ တူဝရီးနှစ်ယောက်ကလည်း သေဒဏ်ပေးရသူကို ရိုက်ပေးဖို့ ထောင်ထဲကို ရောက်လာချိန် ထူးခြားမှုတွေ ဖြစ်နေလို့ လာရောက်ဖြေရှင်းတဲ့ ပရလောက ကျွမ်းကျင်သူနဲ့တွေ့ပြီး ဒီလူ တိုက်ခဲ့တဲ့ကျိန်စာတွေ အသက်ဝင်လာပြီး ထကြွသောင်းကျန်းတဲ့အခါ ဒီအကျဉ်းထောင်ထဲမှာ အသက်ရှင်သန်နိုင်ဖို့ ၃ ယောက် ပေါင်းပြီး အတူတကွ ကြိုးပမ်းရပါတော့တယ်။ ခေါင်းဆောင်မင်းသားကြီး နေရာကိုတော့ Lord of the Ring ထဲက Dwarf ဂျပုလေး Gimli နေရာက ဝေလမင်းသားကြီး John Rhys-Davies က သရုပ်ဆောင်ပေးထားပါတယ်။...

Vice (2018) ⭐IMDB: 7.2/10 (155 k Votes) 🎬 #Biography #Country #Drama #Comedy 🗓 2018 🎞 movie 📺 #1080p #720p 💿 4.8 GB ⦿ 809.6 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 12 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vice(2018) IMDb….7.2,,,,Rotten….66% ((Blu-Ray 10805.1ch နဲ့ 720pတို့ဖြင့်ပြန်လည် Updateပေးထားပါသည်..)) ဒီဇာတ်ကားက  Makeup and Hairstyling အတွက်အော်စကာဆုရခဲ့သလို   ထရန်စဖော်မာ မင်းသားကြီးလို့တင်စားရတဲ့ Christian Bale နဲ့ မင်းသမီးAmy Adams တို့ အော်စကာဆန်ကာတင်စာရင်း ဝင်ခဲ့တာ အတော်များများလည်း သိကြမယ်ထင်ပါတယ်… ၂၁ ရာစုအစပိုင်းကာလ အမေရိကန်သမိုင်းကို တစေ့တစောင်း သိစေနိုင်မယ့် ဒုသမ္မတတစ်ဦးရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်…. D ick Cheney ဟာ ငယ်ဘဝက ဘယ်လောက်တောင်ဆိုးခဲ့လဲဆိုတော့ မူးရူးသောာင်းကျန်းလွန်းလို့ တက္ကသိုလ်ကတောင်ကျောင်းထုတ်ခံရတဲ့အထိပါပဲ… သို့ပေမယ့် အဲ့ဒီဘဝကနေ  အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာအောင် သူကြိုးစားခဲ့တယ်.. သူဘယ်လိုတွေကြိုးစားခဲ့လဲ? ဒုသမ္မတဖြစ်လာချိန်မှာပဲ သူမတူတဲ့အရည်အချင်းတွေကြောင့် သမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိနေသလဲဆိုတာပါ ခင်ဗျားတို့တွေ့ရလိမ့်မယ်…ဒါ့အပြင်  အမေရိကန်သမိုင်းကို   သူ့စိတ်တိုင်းကျ အမျိုးမျိုး ပုံဖော်ခဲ့သူ…၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အားလုံးမှတ်မိကြလောက်တဲ့ 9/11 ဖြစ်ရပ်အပေါ်မှာ ဒုသမ္မတရဲ့ တုံ့ပြန်လုပ်ဆောင်အကွက်ချမှုတွေ…ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ အမေရိကန်သမိုင်းအပြင် ကမ္ဘာ့သမိုင်းကိုပါ တစေ့တစောင်းလေ့လာနိုင်မှာဖြစ်ပါတယ်…Dick Cheney အဖြစ် သရုပ်ဆောင်ထားတဲ့ Christian Bale ရဲ့ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုဟာလည်း ဘယ်လောက်တောင်ကောင်းလဲဆိုရင် ရွှေကမ္ဘာလုံးဆုကိုပါ ဆွတ်ခူးသွားနိုင်တဲ့အထိပါပဲ…အသက်ငယ်ရွယ်တဲ့နဂိုပုံစံကနေ အိုမင်းတဲ့အထိ အဆင့်ဆင့် သရုပ်ဆောင်နိုင်ဖို့ ကိုယ်အလေးချိန်တွေ တိုးအောင် တမင်လုပ်ခဲ့ရတယ်ဆိုတော့ သူ့အနေနဲ့ ဒီလို သမိုင်းဝင်ဇာတ်ကားကို ဘယ်လောက်ထိ အာရုံစိုက်ထားခဲ့လဲဆိုတာ သိနိုင်မှာပါ….. တကယ့်ပြင်ပလောကထဲက သူတို့မိသားစုဟာ အားကျစရာအပြည့်.. လိင်တူချစ်တတ်တဲ့ သမီးကိုလည်း လိင်တူလက်ထပ်ခွင့်ဥပဒေကို ဖန်တီးပေးခဲ့တဲ့ အဖေ… ဒီကားက Biography ဖြစ်တဲ့အပြင် နိုင်ငံရေးကားဖြစ်လို့ ပျင်းစရာကြီးလို့ထင်မသွားလိုက်နဲ့…. ငယ်ဘဝတစ်လှည့် …ဒုသမ္မတလုပ်ခဲ့စဉ် အခက်အခဲမျိုးစုံတလှည့်ကိုရသမြောက်အောင်ပြသွားနိုင်လို့ film Editing အတွက် အော်စကာဆန်ကာတင်စာရင်းတောင်ဝင်ခဲ့ပါသေးတယ်…ခံစားကြည့်လိုက်ဦး… ဒေါင်းပြီးသိမ်းထားသင့်တဲ့ကားဖြစ်ကြောင်းပြောပါရစေ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Crystal Win ပဲဖြစ်ပါတယ်…....

Beast (2022) ⭐IMDB: 5.2/10 (35 k Votes) 🎬 #Action #Bollywood #Comedy #Crime #Thriller 🗓 2022 🎞 movie 📺 #4K #1080p #720p 💿 10.0 GB ⦿ 3.8 GB ⦿ 1.4 GB 🌎 #UnitedStates #Iceland #Japan #India ⏰ 2 နာရီ 35 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကဲ သိပ်မကြာခင်ကမှ ရုံတင်သွားတဲ့မင်းသားကြီး ဗီဂျေးရဲ့ Beast ကားသစ်လေးလာပါပြီ ဒီဇာတ်လမ်းမှာ ဗီဂျေးက Beast ဆိုတဲ့ နာမည်နဲ့လိုက်အောင်ဘယ်သူ့စကားမှနားမထောင် ကိုယ်မှန်တယ်ထင်တာကိုလုပ်ပြီဟေ့ဆိုရင် ဝန်ကြီးချုပ်လည်းဂရုမစိုက်… အတော်လက်ရဲဇက်ရဲနိုင်ပြီး အသတ်အဖြတ်ရက်စက်တဲ့သားရဲကြီး ရော(RAW)အေးဂျင့်ဟောင်းဗီရ်ရာဂဗ်..တစ်ခါတုန်းက သူ့ဌာနက သူ့ကိုလှည့်စားလိုက်တာကိုစိတ်နာပြီး တာဝန်ကနေ အနားယူသွားခဲ့တယ်… တစ်ရက် ချင်နိုင်းမြို့လည်ခေါင်က မောလ်တစ်ခုကိုအကြမ်းဖက်သမားတွေက ဝင်စီးတယ်..ဖြစ်ချင်တော့မောလ်ထဲမှာ ဗီရ်ရာဂဗ်ရှိနေတယ်… ဓါးစာခံရာကျော်ကို မောလ်အတွင်းမှာ ဖမ်းထားတဲ့အတွက်အစိုးရကယ်ဆယ်ရေးအဖွဲ့တွေက အထဲကိုဝင်ပြီးကယ်လို့မရဘူးဖြစ်နေတယ်… အတွင်းမှာပိတ်မိနေတဲ့လူတွေထဲ ဗီရ်ရာဂဗ်ပါနေတယ်ဆိုတာသိသွားတော့ သူ့ကိုလှမ်းအကူအညီတောင်းတယ်… ဒီလိုနဲ့ ဗီရ်ရာဂဗ်တစ်ယောက် အကြမ်းဖက်သမားတွေကြားထဲမှာတစ်ပွေတည်း ဘယ်လိုတွေပွဲကြမ်းမလဲ…. ဓါးစာခံတွေကို ဘယ်လိုကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းတွေအများကြီးနဲ့ စိတ်ဝင်တစားရှုစားလိုက်ကြပါဦးရှင့်…...

Rangabali (2023) ⭐IMDB: 5.5/10 (251 Votes) 🎬 #Action #Bollywood #Comedy #Drama #Romance 🗓 2023 🎞 movie 📺 #1080p #720p 💿 3.0 GB ⦿ 1.3 GB 🌎 #India ⏰ 2 နာရီ 17 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Rangabali(2023)IMDb-5.5/10 သူ့နာမည်က ရှိုး။တစ်ရွာလုံးရဲ့ အော်ကြောလန် အကုန်လုံးလက်မြှောက်ထားရတဲ့ရှိုး။’ရှိုး’ဆိုတဲ့ဖဲကစားနည်းသိတယ်မလား။ဖိန့်ရတာလေ။ ဒီထဲက မင်းသားချောရှိုးတယောက်ကလည်း ဖိန့်တဲ့နေရာ တော်ကီထုတဲ့နေရာမှာတော့ ယှဉ်နိုင်သူမရှိသူ့ကိုသတိမထားမိရင်လည်း မကြိုက်။ရွာထဲကရန်ပွဲတိုင်း သူမပါရင်မပြီး။ သူ့အဖေက ဆေးဆိုင်ပိုင်ရှင်၊ သားဖြစ်သူကို ဆိုင်ဦးစီးခိုင်းစေချင်ပေမယ့်ဝမ်းချူဆေးနဲ့ ရာသီအကိုက်အခဲပျောက်ဆေးမှားပေးပြီးကတည်းကအယုံအကြည်မရှိတော့လို့ မြို့တက်ပြီး စာသင်ခိုင်းတော့တာ၊အဲဒီမှာစတွေ့တာပဲ၊ဘယ်သူနဲ့လဲဆို သိမ်သိမ်မွေ့မွေ့ဆရာဝန်မလေးတယောက်နဲ့ပေါ့။ ရွှေခြေကျင်းဝတ်ထားတောင် ဘာသံမှမမြည်အောင် ဘယ်သူမှသတိမထားမိအောင်ဝတ်ထားမယ့်ဆရာဝန်မလေးနဲ့ လည်ပင်းကဆွဲကြိုးကို လူတကာမြင်စေချင်လို့ ကြယ်သီးဟထားတဲ့ဆရာကြီးရှိုးတို့တွေ့တဲ့အခါမှတော့။ တော်ကီကြွယ်တဲ့ ဆရာရှိုးတယောက် ဆရာဝန်မလေးကိုလည်း ရွာပင့်ပြီးသေတပန်သက်ဆုံး ဆေးပေးမီးယူလုပ်နိုင်မလားဆိုတာ တော်ကီလည်းသင်ပျော်လည်းရွှင်စွာနဲ့ ကြည့်လိုက်ရအောင်လေ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~V~Saii~BpLတို့ပဲဖြစ်ပါတယ်)...

The Vanished (2020) ⭐IMDB: 5.7/10 (12 k Votes) 🎬 #Action #Crime #Horror #Thriller 🗓 2020 🎞 movie 📺 #1080p #720p 💿 1.5 GB ⦿ 723.9 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 55 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာ အားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေး လပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက် အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။ အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီက လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်း ဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။ အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါ သူတို့ရဲ့သမီးလေးဖြစ်တဲ့ တေလာဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာ အထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက် ပေါ်လ်တို့သိရှိလိုက်ရတာကတော့ သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက် လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားက သားသမီးဇောကြောင့် သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ မထင်မှတ်တဲ့ လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့် psychological thrillerကားကောင်းတစ်ကားဖြစ်လို့ လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့ The Mist (2007)ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။...

Haunter (2013) ⭐IMDB: 5.9/10 (18 k Votes) 🎬 #Fantasy #Horror #Mystery #Thriller 🗓 2013 🎞 movie 📺 #1080p #720p 💿 1.3 GB ⦿ 602.3 MB 🌎 #Canada #France ⏰ 1 နာရီ 37 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 CMပရိတ်ကြီးကို ဒီတခါ Coralineနဲ့Before I fall တို့လိုမျိုး Horror Thriller ဇာတ်ကားလေးတခုနဲ့မိတ်ဆက်ပေးပါရစေ။ လီဆာ ဂျွန်ဆန်ရဲ့ ‌နေ့ရက်တွေက ထူးဆန်းနေတယ်။ သူတို့ပြောင်းလာတဲ့ ဒီအိမ်ကြီးမှာ နေ့ရက်တိုင်း နေ့ရက်တိုင်းက သူမရဲ့အသက် ၁၆နှစ်မပြည့်ခင်တရက်ကိုပဲ အမြဲသံသရာလည်နေသလို အပြင်ထွက်သွားလို့လည်းမရဘူး။ မိုးလင်းရင် မောင်ဖြစ်သူကလှမ်းနှိုး အ၀တ်လျှော်ဖို့လုပ် မနက်စာ ပန်ကိတ်တွေစား ညဘက်ဆို တီဗီကဇာတ်လမ်းကို တမိသားစုလုံးကြည့်ကြ ဒါမျိုးကိုပဲ တနေ့ပြီးတနေ့ ဖြတ်သန်းနေရတယ်။ ဒါကို သတိထားမိတာကလည်း သူတယောက်ထဲပဲရှိသလို သူ့မိသားစုကလည်း ဘယ်လိုရှင်းပြပြ မှတ်မိမနေဘူး။ တနေ့မှာတော့ သူမအခန်းထဲကနေ အိုလီဗီးယားဆိုတဲ့ ကောင်မလေးတယောက်ရဲ့အသံကို ကြားမိလာတာကနေ သူမရဲ့ဖြစ်နေကျနေ့ရက်တိုင်းက ထူးဆန်းပြီးရင်းထူးဆန်းလာပါတော့တယ်။ ဒီအိမ်ကြီးရဲ့ လျှို့ဝှက်ချက်ကဘာတွေလဲ။ ဒီကောင်မလေးနဲ့ သူနဲ့က ဘယ်လိုမျိုးဆက်စပ်နေတာလဲ။ သူနဲ့သူ့မိသားစုကိုဘာတွေဖြစ်ပျက်ခဲ့တာလဲ။ အိုလီဗီးယားနဲ့ ဆက်သွယ်မိတိုင်း ပေါ်လာတတ်တဲ့ လူကြီးတယောက်ကရောဘယ်သူလဲ။ အိုလီဗီးယားပေါ် ကျလာမယ့် အန္တရာယ်ကိုရော သူမ တားဆီးပေးနိုင်ပါ့မလား။ ဒီနေ့ရက်တရက်တည်းကိုပဲ အမြဲသံသရာလည်နေတဲ့ ဒီအိမ်ကြီးထဲကရော လီဆာတို့မိသားစု နောက်ဆုံးမှာ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို CMပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။...

The English Teacher (2013) ⭐IMDB: 5.7/10 (13 k Votes) 🎬 #Comedy #Drama #Romance 🗓 2013 🎞 movie 📺 #1080p #720p 💿 1.2 GB ⦿ 571.1 MB 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb- 5.7 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ အဓိကဇာတ်ဆောင်က ကင်းစတန်မြို့ အထက်တန်းကျောင်းက အင်္ဂလိပ်စာဆရာမ လင်ဒါစင်ကလဲရား ဖြစ်ပါတယ်။ သူကတော့ လက်မထပ်ရသေးတဲ့ တစ်ကိုယ်တည်း အပျိုကြီးမမဖြစ်ပါတယ်။ စာပေကိုချစ်မြတ်နိုးပြီး သူသဘောကျတဲ့စာရေးဆရာတွေရဲ့ စာအုပ်တွေ ဇာတ်လမ်းကြောင်းတွေကို သူ့ဘဝရဲ့ အဖော်မွန်အဖြစ် သ‌ဘောထားတဲ့သူပါ။ ပကာသနတွေမလိုဘဲ သူ့ဘဝလေးကို ရိုးရိုးရှင်းရှင်းသာမန်လေးပဲ နေထိုင်နေပါတယ်။ ဒီလိုနေရင်းနဲ့ပဲ သူ သဘောကျတဲ့ယောကျ်ားလည်း မတွေ့သေးဘဲ ရွေးရင်းရွေးရင်း အပျိုကြီးဖြစ်နေတာပေါ့လေ။ ဒီလိုနဲ့ တစ်နေ့မှာ သူ့ရဲ့ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျေဆင်ရှာဝုဒ်နဲ့ ပြန်လည်တွေ့ဆုံပါတယ်။ ဂျေဆင်က နယူးရော့ခ်က ပြဇာတ်ရေးစာရေးဆရာတစ်ယောက်ဖြစ်ပြီး စာရေးဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့ လက်လျှော့တော့မယ်ဆိုပြီး ဒီမြို့ကို ပြန်လာခဲ့ပါတယ်။ တစ်ဖက်မှာ ဂျေဆင်ရဲ့ဖခင်ဖြစ်သူ ဒေါက်တာရှာဝုဒ်က ဂျေဆင်ကို ဥပဒေကျောင်းတက်ဖို့ တွန်းအားပေးနေပါတယ်။ ဒီလိုအခြေအနေမှာ လင်ဒါက စာရေးဖို့ လက်လျှော့မယ်ဆိုတဲ့ ဂျေဆင်ရဲ့ အတွေးကို အားပေးဖို့ ဂျေဆင်ရေးထားတဲ့ ပြဇာတ်ကို အထက်တန်းကျောင်းပြဇာတ်ရုံမှာ တင်ဆက်ဖို့ စီစဉ်ပေးပါတော့တယ်။ ဒီလိုနဲ့ လင်ဒါတစ်ယောက်ကတော့ သူ့ရဲ့ comfort zoneလေးကနေ ထွက်ခါမှ သူ့ဘဝမှာ အရှက်ရစရာ ရှုပ်ထွေးတဲ့ကိစ္စလေးတွေဖြစ်လာပါတော့တယ်။ သူစာသင်ပေးဖူးတဲ့ ကျောင်းသားဟောင်းလေးနဲ့ ညှိမိတဲ့ကိစ္စပါ။ ဒီကိစ္စတင်ပဲလား… ကဲ ပြီးပြည့်စုံတဲ့လူရယ်လို့ မရှိလေတော့ လင်ဒါတစ်ယောက် ဘယ်လိုအရှုပ်တွေလုပ်မိတာလဲ ဆိုတာတော့ ဇာတ်လမ်းလေးကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...