ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Fit Check: Confessions of an Ukay Queen (2023-2023)
⭐IMDB: 7.0/10 (21 Votes)
🎬 #Comedy #Drama
🗓 2023-2023 🎞 tv mini series
🌎 #Philippines
⏰ 38 မိနစ် 14 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fit Check: Confessions of an Ukay Queen (2023) CompleteFit Check: Confessions of An Ukay Queen (2023)
IMDb-8.5/10အခုတစ်ခေါက်မှာတော့ ဖက်ရှင်ကိုအရမ်းရူးသွပ်တဲ့ကောင်မလေးတစ်ယောက်ရဲ့
အိပ်မက်တွေလက်တွေဖြစ်လာဖို့ ကြိုးစားတာကို ကြည့်ရှုခံစားရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သလို
ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနေရင်း အခက်အခဲတွေ ကြုံတွေလာလို့
ပင်ပန်းနေတဲ့အခါမျိုးမှာ ကြည့်သင့်တဲ့ဇာတ်လမ်းလေးတစ်ပုဒ်လည်းပဲ ဖြစ်ပါတယ်။
ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့အဝတ်အစားဘေထုပ်ရောင်းတဲ့ဆိုင်မှာ ကြီးပြင်းလာခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး
ဖက်ရှင်တွေကို ရူးသွပ်နေတဲ့ ကောင်မလေး မယ်လန်နီ။ အဖေဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်းမှာတော့
အဖေ့လက်ကျန်စီးပွားရေးလေးကို ဆက်လုပ်ကိုင်နေခဲ့ပေမဲ့ ကံမကောင်းစွာဘဲ ဘေထုပ်ဆိုင်လေးကို
ဆုံးရှုံးခဲ့ရပါတယ်။ဒီလိုနဲ့ပဲ တစ်နေ့မှာတော့ SFXဥက္ကဌရဲ့ သားဖြစ်သူ ခရစ်ဘလန်ကိုရဲ့ဖိတ်ခေါ်မှုနဲ့အတူ
ဖက်ရှင်လောကထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ စတင်လာခဲ့တဲ့ အိပ်မက်တို့
ဦးတည်ရာဆီကို ကိုယ်စီသွားနေကြတဲ့ သူတွေနဲ့ ရင်ဆိုင်လာကြရတဲ့အခါမှာတော့
ဘယ်လိုခံယူချက်မျိုးနဲ့ ဖြတ်သန်းသွားကြမလဲ…. မယ်လန်နီတစ်ယောက်ရော
ဘဝရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိနိုင်ပါ့မလား ….ဘယ်လိုအခက်အခဲဆူးလမ်းတွေကို ကျော်ဖြတ်ရမလဲ…
စတာတွေကို ခံစားနိုင်ဖို့အတွက် ဒီဇာတ်လမ်းကို ကြည့်ရှုလိုက်ကြပါဦး…(အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ Dee ~ BpL ~Yunni~ Zwe ~ Cherry ~ YH တို့ပဲဖြစ်ပါတယ်)Quality : 1080p WEB DL / 720pTotal Episodes : 8EpsFormat : mp4Genres : Comedy ,DramaDuration : 35minsSubtitle : Myanmar Subtitle ( Hardsub )...
Crazy Romance (2019)
⭐IMDB: 6.2/10 (678 Votes)
🎬 #Comedy #Drama #Romance
🗓 2019 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 50 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Crazy Romance(2019)
(unicode)
အားလုံးပဲ ၂၀၀၄ခုနှစ်တုန်းကထွက်ခဲ့တဲ့Love Story in Harvard(တစ်ခါတုန်းကတက္ကသိုလ်)ဆိုတဲ့ဇာတ်လမ်းတွဲလေးကိုကြည့်ဘူးကြမယ်ထင်ပါတယ်အဲ့ဒီထဲကမင်းသား Kim Rae-Wonနဲ့ အခုလက်ရှိ ongoing seriesဖြစ်တဲ့ When the Camellia Bloomsဇာတ်ကားထဲကမင်းသမီး Gong Hyo-Jinတို့နှစ်ယောက်အတွဲညီညီသရုပ်ဆောင်ထားတဲ့ဒီကားလေးကိုမိတ်ဆက်ပေးချင်ပါတယ်….ချမ်းမြေ့ပျော်ရွှင်တဲ့မိသားစုလေးထူထောင်ချင်ပေမယ့်လဲသူချစ်ရတဲ့သူနဲ့လက်ထပ်ရတော့မယ့်အချိန်မှာပဲကံမကောင်းစွာနဲ့ပဲလက်ထပ်ပွဲပျက်သွားတဲ့ပြီးအရက်သမားဖြစ်သွားတဲ့လီဂျေးဟွန်းနဲ့အချစ်ကိုအယုံအကြည်မရှိတော့ဘဲ ထင်ရာစိုင်းလုပ်ချင်တာလုပ်ပြီးယောကျာ်းတွေကိုဖြားယောင်းတတ်တယ်လို့နာမည်ကြီးတဲ့အိုဆမ်ယောင်းတို့နှစ်ယောက်အလုပ်တစ်ခုတည်းမှာတွေ့ကြတဲ့အခါမှာတော့…ပွဲက ဘယ်လောက်လှလိုက်မလဲ ခင်ဗျားတို့ စဉ်းစားသာကြည့်တော့….ဒီကားလေးကCrazy Romanceဆိုတဲ့နာမည်နဲ့တော်တော်လေးလိုက်တယ်လို့ထင်မိပါတယ်….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ
(zawgyi)
အားလုံးပဲ ၂၀၀၄ခုနှစ်တုန်းကထွက်ခဲ့တဲ့Love Story in Harvard(တစ်ခါတုန်းကတက္ကသိုလ်)ဆိုတဲ့ဇာတ်လမ်းတွဲလေးကိုကြည့်ဘူးကြမယ်ထင်ပါတယ်အဲ့ဒီထဲကမင်းသား Kim Rae-Wonနဲ့ အခုလက်ရှိ ongoing seriesဖြစ်တဲ့ When the Camellia Bloomsဇာတ်ကားထဲကမင်းသမီး Gong Hyo-Jinတို့နှစ်ယောက်အတွဲညီညီသရုပ်ဆောင်ထားတဲ့ဒီကားလေးကိုမိတ်ဆက်ပေးချင်ပါတယ်….ချမ်းမြေ့ပျော်ရွှင်တဲ့မိသားစုလေးထူထောင်ချင်ပေမယ့်လဲသူချစ်ရတဲ့သူနဲ့လက်ထပ်ရတော့မယ့်အချိန်မှာပဲကံမကောင်းစွာနဲ့ပဲလက်ထပ်ပွဲပျက်သွားတဲ့ပြီးအရက်သမားဖြစ်သွားတဲ့လီဂျေးဟွန်းနဲ့အချစ်ကိုအယုံအကြည်မရှိတော့ဘဲ ထင်ရာစိုင်းလုပ်ချင်တာလုပ်ပြီးယောကျာ်းတွေကိုဖြားယောင်းတတ်တယ်လို့နာမည်ကြီးတဲ့အိုဆမ်ယောင်းတို့နှစ်ယောက်အလုပ်တစ်ခုတည်းမှာတွေ့ကြတဲ့အခါမှာတော့…ပွဲက ဘယ်လောက်လှလိုက်မလဲ ခင်ဗျားတို့ စဥ်းစားသာကြည့်တော့….ဒီကားလေးကCrazy Romanceဆိုတဲ့နာမည်နဲ့တော်တော်လေးလိုက်တယ်လို့ထင်မိပါတယ်….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက MarTizasပါ...
Cricket & Antoinette (2023)
⭐IMDB: 7.5/10 (99 Votes)
🎬 #Adventure #Animation #Family #Romance
🗓 2023 🎞 movie
🌎 #Croatia
⏰ 1 နာရီ 19 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နှံကောင်လေးတွေနဲ့ ပုရွက်ဆိတ်လေးတွေရဲ့အကြောင်း ရိုက်ထားတဲ့ 2023 ထွက် animationကားအသစ်လေးဖြစ်ပါတယ်။ ငယ်ငယ်က ကြားဖူးတဲ့ အီစွတ်ပုံပြင်မှာလိုပဲ ပုရွက်ဆိတ်လေးတွေက တကုပ်ကုပ်နဲ့ ဆောင်းရာသီအတွက် အစာတွေကို ကြိုးကြိုးစားစားစုဆောင်းနေချိန်မှာ နှံကောင်လေးကတော့ ပေါ့ပေါ့ပါးပါးအေးအေးလူလူနေခဲ့တဲ့ ဇာတ်လမ်းလိုပါပဲ။
ကာတွန်းဇာတ်လမ်းထဲမှာ Ket ဆိုတဲ့ ဂီတာတီးတဲ့ နှံကောင်လေးက လွတ်လပ်ပျော်ရွှင်စွာနေတတ်တဲ့ နှံကောင်လေးတွေကို ဖျော်ဖြေတဲ့ တီးဝိုင်းခေါင်းဆောင်ပါ။သူတို့အနီးအနားမှာတော့ Antoinette လို့ခေါ်တဲ့ ပုရွက်ဆိတ်မင်းသမီးလေးရှိပါတယ်။ ပုရွက်ဆိတ်ကမ္ဘာမှာ အပျော်ဆိုတာ မရှိဘဲနဲ့ အလုပ်နဲ့ စည်းမျဥ်းတွေပဲရှိပြီး ဂီတကိုလည်း တင်းကြပ်စွာ တားမြစ်ထားပါတယ်။
သူတို့နှစ်ယောက်ဟာ မတော်တဆတွေ့ဆုံကြရင်းကနေ ခင်မင်ရင်းနှီးလာကြပြီး ပုရွက်ဆိတ်မလေးက နှံကောင်လေးကို ဆောင်းရာသီအကြောင်း သတိပေးဖို့ကြိုးစားပေမယ့်လည်း အရာမရောက်ခဲ့ပါဘူး။ဘယ်နှံကောင်ကမှ ဆောင်းရာသီအထိ အသက်ရှင်ပြီးကျော်ဖြတ်နိုင်တာမရှိခဲ့လို့ပါ။ပုရွက်ဆိတ်မလေးနဲ့ နှံကောင်လေးက မတူညီတဲ့အချက်တွေရှိပေမယ့်လည်း ချစ်ကျွမ်းဝင်ခဲ့ကြပြီးသဟဇာတဖြစ်စွာနေထိုင်နိုင် အောင်ကြိုးစားခဲ့ကြပါတယ်။
ချစ်စရာဇာတ်ကောင်လေးတွေနဲ့ ချစ်စရာဇာတ်ကြောင်းလေးကို စောင်လေးကိုက် ပြုံးပြုံးလေးနဲ့ပဲကြည့်ကြည့် ကိုယ်ချစ်တဲ့သူရဲ့ လက်လေးကို တင်းတင်းဆုပ်ရင်းပဲကြည့်ကြည့် မိုးအေးအေးလေးထဲမှာတော့ နွေးနေစေမှာအမှန်ပါပဲ...
Sinkhole Hunting Dragon (2023)
⭐TMDB: 0.0% User Score
🎬 #Action #Fantasy
🗓 2023 🎞 Movie
🌎 #China
⏰ 1 နာရီ 11 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
သဲထိတ်ရင်ဖို့ အက်ရှင်ကားလေးတွေကြိုက်တဲ့ CM ရဲ့ ပရိသတ်တွေအတွက်ဇာတ်လမ်းကောင်းလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ –
စွန့်စားမှုခရီးမှာ ကံဆိုးမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ သမိုင်းလေ့လာရေးပညာရှင်ကျန်းရှောက်ထျန်းရဲ့သားဖြစ်သူ ကျန်းဖုန်းဟာ သူငယ်ချင်းဖြစ်သူအိုက်ကျား ယောင်းကျီတို့နဲ့အတူ ရှေးဟောင်းပစ္စည်းဆိုင်လေးတစ်ဆိုင် ဖွင့်ထားပါတယ်။
တစ်နေ့မှာ ရှေးဟောင်းပစ္စည်းဆိုင်ကို လီကျုံးရှန်းက ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က ဖူကျဲဘုရင်သင်္ချိုင်းရဲ့သော့ဖြစ်တဲ့ “နဂါးဘုရင်ကျောက်ခေါင်း” ကိုယူလာခဲ့ပါတယ်။ကျန်းဖုန်းကလည်း သူ့အဖေအကြောင်းကို စုံစမ်းဖို့အတွက် တွင်းထဲသို့ဆင်းရန် ဆုံးဖြတ်လိုက်ပါတယ်။
တွင်းထဲမှာ နဂါးအော်သံထွက်တဲ့ ပုတ်သင်ညိုကြီးရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရပြီးဖူကျဲဘုရင်ရဲ့ နှစ်ပေါင်းထောင်ချီဖုံးကွယ်ထားတဲ့နဂါးဘုရင်ယဇ်ပူဇော်ခြင်းရဲ့ အမှန်တရားတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။
ကျန်းဖုန်းတို့အဖွဲ့ တွင်းကြီးထဲမှာ ဘယ်လို အန္တရာယ်တွေနဲ့ ကြုံတွေ့ရမလဲ……အန္တရာယ်တွေကို ကျော်ဖြတ်နိုင်ပြီး အသက်ရှင်နိုင်ပါ့မလား …..ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါ ခံစားကြည့်ရှုရအောင်နော်။...
Adik Sa'Yo (2023)
⭐TMDB: 100.0% User Score
🎬 #Drama #Romance
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 42 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Adik Sa’Yo(2023)
***************လူတွေဟာ တစ်ခုခုကို စွဲလမ်းတတ်ကြတာ သဘာဝပါ၊ နေ့စဉ်ကြုံတွေ့ခံစားရတဲ့ လောကဓံပင်လယ်ရဲ့
ကံကြမ္မာလှိုင်းလုံးကြားမှာ မြုပ်ချည်ပေါ်ချည်ရုန်းကန် ရှင်သန်ရင်း စိတ်ထွက်ပေါက် စိတ်သက်သာရာ ရှာတဲ့အခါ မတူညီတဲ့
ရွေးချယ်မှုတွေအမျိုးမျိုးနဲ့ပေါ့ တစ်ချို့က ဂိမ်းကစားရင်း စိတ်ထွက်ပေါက်ရှာတယ်တစ်ချို့က လောင်းကစားတွေလုပ်ပြီး စိတ်ပျော်ရွှင်မှု ရှာကြတယ် တစ်ချို့က
အရက်ဘီယာသောက်စားပြီး စိတ်ကိုအပန်းဖြေ ထွက်ပေါက်ရှာကြတယ်ဒီဇာတ်ကားထဲမှာ ကောင်လေးက ငယ်ငယ်ထဲက အဖေက စွန့်ပစ်သွားတဲ့အချိန်
အမေနဲ့ ကျန်ရစ်တဲ့ ညီလေးနဲ့အတူ ဘဝကိုရှင်သန်နေထိုင်လာခဲ့တယ်မိသားစုရဲ့ဝင်ငွေကိုရှာဖွေဖို့ အမေဖြစ်သူက ကြိုးစားရင်း မိသားစုဝင်အချင်းချင်း နားလည်မှုဖေးမမှုနဲ့
ဝေးကွာလာတဲ့အချိန် ကောင်လေးက ကျောင်းမှာသူငယ်ချင်းတစ်ချို့နဲ့ Band တစ်ခုမှာ ဂီတအဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တယ် ,,,
စိတ်ထွက်ပေါက်အတွက်ပဲဆိုဆို မြည်းစမ်းချင်လို့ပဲဆိုဆို အချိန်တစ်ခုရောက်တဲ့အချိန်မှာကောင်လေးဟာ ဆေးစသုံးကြည့်ပြီး တစ်ဖြည်းဖြည်း ဆေးစွဲတဲ့အထိ ဖြစ်လာခဲ့တယ် …
သူ့မှာ ငယ်စဉ်ထဲက အရင်းနှီးဆုံး သူငယ်ချင်းမလေး တစ်ယောက်ရှိတယ်ကောင်လေးအနားမှာ တစ်ကောက်ကောက်လိုက် သူလုပ်သမျှလိုက်ထိန်းရင်း ကောင်မလေးအတွက်တော့
ကောင်လေးဟာ သူ့ဘဝမှာ မရှိမဖြစ် စွဲလမ်းချစ်ခင်နေရသူပါကောင်လေးရဲ့ မိသားစုနဲ့တိုင်ပင် ဆေးဖြတ်စခန်းကို ရောက်အောင်ပို့ပြီး
လမ်းမှန်ပေါ်ပြန်ရောက်အောင် တွန်းတင်ပေးရင်းသူ့အချစ်ကိုပြခဲ့တယ် ကောင်မလေးဘက်က အရူးအမူးသူ့အချစ်ကိုပြနေပေမယ့် ကောင်လေးဘက်က မထုံတတ်တေး အရင်းနှီးဆုံးသူငယ်ချင်း
တစ်ယောက်လိုပဲ မြင်နေခဲ့တာ ကောင်လေးဆေးဖြတ်စခန်းက ပြန်လာပြီးနောက်ပိုင်းDelivery အလုပ်လုပ်ရင်း ဘဝသစ်ကိုကြိုးစားပုံဖော်နေတဲ့အချိန်နောက်ပိုင်း
အလှည့်အပြောင်းလေးတွေဖြစ်လာပါတော့တယ်… ဒီကားလေးက
သမားရိုးကျ ဖန်စီအချစ်ဇာတ်လမ်းကနေ ကွဲထွက်ပြီး မိသားစုကိုတန်ဖိုးထားတတ်ဖို့နဲ့ လမ်းကြောင်းမှန်ကိုလျှောက်ရမှာမကြောက်ဖို့ လှလှပပလေး တင်ဆက်ထားတာပါ
ဆင်ခြင်စရာလေးအနေနဲ့ကတော့ လိုတာထက်ပိုပြီး ဘယ်အရာကိုမှ မစွဲလမ်းတာ အကောင်းဆုံးပေါ့ဗျာ…...
Quarantine (2008)
⭐IMDB: 5.9/10 (76 k Votes)
🎬 #Horror #ScienceFiction #Thriller #SciFi
🗓 2008 🎞 movie
🌎 #UnitedStates #Spain #UnitedStatesofAmerica
⏰ 1 နာရီ 30 မိနစ် 7 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Horrorရုပ်ရှင်ရိုက်တဲ့နေရာမှာ နာမည်ကြီးဖြစ်တဲ့ ဒါရိုက်တာ John Eric Dowdle ရဲ့ 2008ခုနစ်က ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ဖြစ်ပါတယ်။ တီဗီသတင်းတင်ဆက်သူနဲ့ သူမရဲ့ကင်မရာမန်းက မီးသတ်ဌာနမှာ လေ့လာရေးအစီအစဉ်သွားရိုက်ရင်း ထူးဆန်းတဲ့ဗိုင်းရပ်စ် ပျံ့နေတဲ့ အဆောက်အအုံထဲ ပိတ်မိသွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။...
The Queen’s Gambit (2020)
⭐⁉️
🎬 #⁉️️
🗓 2020 🎞 Series
🌎 #UnitedStates
⏰ 6 နာရီ : 35 မိနစ် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Queen’s Gambit(2020)The Queen’s Gambit(2020) အညွှန်း********************************
IMDb..8.9(((စ/ဆုံး Zip File ရပါပြီနော်)))ဒီနှစ်ထဲမှာ ကျွန်တော့်အကြိုက်ဆုံး စီးရီးတွေထဲက တစ်ခုကို တင်ပေးလိုက်ပါတယ်။ ဇတ်လမ်း၊ သရုပ်ဆောင်၊ ဂီတ အကုန်ကြိုက်တယ်ဗျာ။ Rating က 8.9 တဲ့၊ တကယ်ရသင့်ပါတယ်။ အမ်မီဆုတွေတော့ ကြိုမှန်းလို့ရနေပြီ။ စစ်တုရင်အကြောင်း ဇာတ်လမ်းကို စစ်တုရင် နားမလည်တဲ့သူတွေပါကြိုက်အောင်၊ စစ်တုရင် ပွဲကို လက်ဝှေ့ပွဲလို ရင်ခုန်အောင် ရိုက်ပြထားတာတော့ တကယ်ချီးကျူးမိတယ်။ ဒီရုပ်ရှင်ကိုကြည့်ဖို့ စစ်တုရင် အကြောင်း မသိသေးရင်တောင် ရသေးတယ်။ဒီတော့ ဇာတ်လမ်းအကြေငာ်း မပြောခင် နောက်ခံသမိုင်းလေး အရင်ပြောပြမယ်။ ဒီရုပ်ရှင်ကို ဝေါ်တာ တဲဗစ်ရဲ့ ၁၉၈၃ တုန်းက ဝတ္ထုအပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ။ ကာလကတော့ စစ်အေးတိုက်ပွဲကာလ အမေရိကန် ရုရှား အကြီးအကျယ် အားပြိုင်တဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ အားကစား၊ ပညာရေး၊ နည်းပညာတိုးတက်မှု၊ ဆေးပညာ အရာရာက စစ်ပွဲလို ဖြစ်နေခဲ့တာပါ။ အရာရာတိုင်းမှာ အကြီးအကျယ် ပြိုင်ဆိုင်ကြတယ်။ တစ်ခုခုမှာ သာတာနဲ့ ရုရှားက ကွန်မြူနစ်မို့ ဘာသာမဲ့မို့ ဆိုပြီးဝါဒဖြန့်သလို၊ အမေရိကန်ကလည်း ဘုရားရှိလို့ ဒီမိုကရေစီမို့ဆိုပြီး ဝါဒဖြန့်တာပါပဲ။ အဲဒီကာလမှ အမေရိကန်တွေ ရုရှားကို လုံးဝမယဥှ်နိုင်တာက စစ်တုရင် အားကစားပဲ။ နှစ်ပေါင်းများစွာကြာတဲ့အထိ လုံးဝမနိုင်ခဲ့တာပါ။ စစ်တုရင်ဟာလည်း ဦးဏှောက်စွမ်းအားကို အသားပေးတဲ့ ကစားနည်းဖြစ်တဲ့အတွက် စစ်တုရင် အားကစားဟာ ရုရှားတွေအတွက် အကောင်းဆုံး လက်နက်ဖြစ်နေခဲ့တာပေါ့။ အမေရိကန်ဘက်က ကမ္ဘာချန်ပီယံအဆင့်ကို ဘော်ဘီဖစ်ရှာတစ်ယောက်ပဲ ရောက်ခဲ့ပေမယ့် ရုရှားကကတော့ နှစ်ပေါင်း ၂၀ ကျော် ကမ္ဘာ့စစ်တုရင်လောကကို လွှမ်းမိုးထားခဲ့တာပါ။ ဒီစီးရီးကတော့ မိဘမဲ့ ကလေး၊ စစ်တုရင် ပါရမီရှင် ကလေးမလေး ဘက်သ် ဟာမွန်း ရဲ့ အကြောင်းပေါ့။ စိတ်ဒဏ်ရာတွေ၊ အခက်အခဲတွေ၊ ဆေးစွဲတဲ့ အရက်စွဲတဲ့ ပြဿနာတွေကို ကျော်လွှားပြီး ရုရှားရဲ့ ကမ္ဘာချန်ပီယံကို အနိုင်ယူနိုင်ခဲ့တဲ့ အကြောင်း ပြသထားတာပါ။ ဒါပေမယ့် ဘက်သ် ဟာမွန်းဟာ အပြင်လောကမှာ တကယ်ရှိတဲ့သူတော့ မဟုတ်ပါဘူး။ ဒါ့အပြင် အပြင်လောကမှာ အမျိုးသမီး စစ်တုရင် ကမ္ဘာ့ချန်ပီယံ မရှိသေးပါဘူး။ စစ်တုရင်လောကဟာ အမျိုးသားကြီးစိုးတဲ့ လောကတစ်ခုပါပဲ။ ဒီတော့ စာရေးဆရာဟာ အမျိုးသမီး ဂရမ်းမာစတာ အချို့နဲ့ အမျိုးသားချန်ပီယံတွေကေို လေ့လာပြီး ရေးသားခဲ့ရတယ်လို့ ပြောပါတယ်။ဇာတ်လမ်းနာမည်ဖြစ်တဲ့ ကွင်းစ် ဂမ်းဘစ် ဆိုတာတော့ စစ်တုရင် အဖွင့်ကွက် ဗြူဟာ တစ်ခုရဲ့ နာမည်ပါ။ ဘုရင်မဘက်ခြမ်းက နယ်ရုပ်ကို စတေးပြီး တိုက်စစ်ဖွင့် ကစားတဲ့ အကွက်ပါပဲ။ ဘုရင်ဘက်က နယ်ရုပ်စတေးပြီး ဖွင့်ကစားတဲ့ ကင်းစ်ဂမ်းဘစ်လည်း ရှိပါသေးတယ်။ ဒီစီးရီးတွေထဲမှာ ပါတဲ့ Queen’ gambit accepted တို့ declined တို့ကတော့ စတေးတဲ့ နယ်ရုပ်ကို တစ်ဖက်က စားခြင်းမစားခြင်းအပေါ် မူတည်ပြီး ကစားတဲ့အကွက်တွေပါပဲ။ ဒီအထဲမှာ နာမည်ကြီးခံစစ်ဖြစ်တဲ့ စစ္စလီယံ ခံစစ်တို့ အလီခိုင် ခံစစ် တို့ကိုလည်း ထည့်သွင်းပြသသွားပါတယ်။ ဒီစီးရီးလေးကြည့်ပြီး စစ်တုရင်နဲ့အလှမ်းကွာ နေတဲ့လူတွေ ပြန်ကစားချင်စိတ်ဖြစ်လာတာတို့ စစ်တုရင် သင်ချင်စိတ်ပေါ်သွားတာတို့ ဖြစ်လာရင်တော့ ပိုဝမ်းသာမိမှာပါ။ ခုနောက်ပိုင်းမှာ ကလေးတွေ နဲ့ လူငယ်တွေအတွက် စစ်တုရင်က သိပ်ခေတ်မစားတော့သလို ဖြစ်နေတာ စိတ်မကေငာ်းစရာ တစ်ခုပါပဲ။ ဦးဏှောက်ကောင်းကေငာ်းသုံးရပြီး နက်နဲတဲ့ကစားနည်းတစ်ခုကို တွင်ကျယ်စေချင်ပါသေးတယ်။ ခင်ဗျားတို့တော့ မသိဘူး ကျွန်တော်တို့ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ် ရလာရင် သေချာပေါက် စစ်တုရင် သင်ပေးဖြစ်မှာပါပဲဗျာ။Reviewed by Littleneo Quality – WEB-DL 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres- , Drama...
The Kashmir Files Unreported (2023- )
⭐IMDB: 8.7/10 (415 Votes)
🎬 #Documentary #War #Politics
🗓 2023- 🎞 tv series
🌎 #India
⏰ 21 မိနစ် 32 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Kashmir Files: Unreported (2023)The Kashmir Files: Unreported (2023)
================================IMDb 8.7/10
ယခုဇာတ်လမ်းထဲမှ နာမည် ၊ အဓိပ္ပာယ် အကြောင်းအရာတစ်ခုခုလိုအပ်ချက်ရှိသွားပါက
ပြုပြင်နားလည်ပေးကြပါရန် အရင်ဆုံး မေတ္တာရပ်ခံလိုပါတယ်၂၀၂၂ တုန်းက ပွဲဆူစေခဲ့ပြီး super hit လည်းဖြစ်ခဲ့တဲ့ The Kashmir Files ရုပ်ရှင်
ဖန်တီးဖို့ကြိုးစားခဲ့စဉ်က စုဆောင်းခဲ့တဲ့အချက်အလက်တွေကို မှတ်တမ်းရုပ်ရှင်အနေနဲ့ ပုံဖော်ထားတဲ့
The Kashmir Files: Unreported ဆိုတဲ့ Docu series လေးကို စီအမ်ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ကတ်ရှ်မီးယားဒေသဟာဆိုရင် အိန္ဒိယနိုင်ငံလွတ်လပ်ရေးရချိန်ကနေ အခုအချိန်ထိ အငြင်းပွားနေရဆဲနေရာတစ်ခုပဲဖြစ်တယ်။
The Kashmir Files ရုပ်ရှင်ကတော့ ၁၉၉၀ တုန်းကဖြစ်ခဲ့တဲ့ Kashmir Pandit Exodus ဖြစ်ရပ်ကို
ဇာတ်ညွှန်းပေါင်းပြီး ပုံဖော်ရိုက်ကူးခဲ့တာပါ။ယခု Unreported Documentry ကတော့ မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့အလျောက် အိန္ဒိယ လွတ်လပ်ရေးရချိန်
ခွဲထွက်မှုကြီးဖြစ်တဲ့အချိန်ကနေ ပါကစ္စတန်နဲ့စစ်ပွဲတွေ၊ နယ်မြေအငြင်းပွားရတာတွေ၊ ဘာသာရေး ပဋိပက္ခတွေ၊
ကတ်ရှ်မီးယားပန်ဒစ် ဂျီနိုဆိုဂာ်ဖြစ်ရပ်တွေကအစ သူတို့လက်လှမ်းမီသလောက် အပြည့်စုံဆုံးဖြစ်အောင်
တင်ဆက်ပေးထားတာကိုတွေ့ရမှာပါ။နှစ်ပေါင်းများစွာ conflicts တွေ ဖြစ်နေတဲ့ ကတ်ရှ်မီးယားဒေသနဲ့ပတ်သက်ပြီး
စိတ်ဝင်စားတဲ့သူတွေအတွက်တော့ ကြည့်ရတာအရသာရှိစေမယ့် Docu web-series တစ်ခုပါပဲ…။
( ဒီမှတ်တမ်းရုပ်သံဇာတ်လမ်းတွဲကိုတော့ CM ရဲ့ Bollywood Team က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ )Quality : 1080p / 720pTotal Episodes : 7EpsFormat : mp4Genres : Documentary, War & PoliticsDuration : 35minsSubtitle : Myanmar Subtitle ( Hardsub )...
Francesca Quinn, PI (2022)
⭐IMDB: 6.0/10 (502 Votes)
🎬 #Drama #TVMovie #Crime #Mystery
🗓 2022 🎞 tv movie
🌎 #Canada #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 21 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မှုခင်းစုံထောက် ဇာတ်လမ်းကောင်းလေးကို ရှာနေတဲ့ သူတွေအတွက် ဒီဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် စိန့်ဘန်းဆိုတဲ့ မြို့လေးတစ်မြို့မှာ လူသတ်မှုလို့ မထင်ရဘဲနဲ့ နှလုံးဖောက်တာ ကားမတော်တဆဖြစ်တာ စတဲ့အမှုတွေနဲ့ လူတွေသေဆုံးခဲ့ကြပါတယ် ဒါပေမဲ့ လူတစ်ယောက် ရေနစ်သေဆုံးတာကို စစ်ဆေးတဲ့အခါမှာတော့ ဒါတွေဟာ လူသတ်မှုဖြစ်တယ်ဆိုတာကို သိလာကြပါတယ် ဒီလိုနဲ့ တရားခံကိုရှာကြတဲ့အခါ တရားခံဟာ ရဲမှုးကြီးဂျက်ရဲ့ ဇနီး မှုခင်းသိပ္ပံစုံထောက် ဖရန်ကီရဲ့ မိထွေး မက်ဂန်ဆိုတဲ့ သူဖြစ်နေပါတယ် မက်ဂန်တစ်ယောက် ထောင်ကျသွားပြီးတဲ့နောက် အားလုံးအဆင်ပြေခဲ့ပြီ ထင်ခဲ့ပေမယ့် တစ်ရက်မှာတော့ ဖရန်ကီရဲ့ သတို့သားလောင်းဖြစ်သူ ကားလ်တစ်ယောက် အသတ်ခံလိုက်ရပါတော့တယ် ဒီလိုနဲ့ အမှုကို စစ်ဆေးကြတဲ့အခါမှာတော့ ဘာတွေများ တွေ့ရှိလာကြမလဲ ထောင်ထဲရောက်နေတဲ့ မက်ဂန်ကရော ဒီအမှုနဲ့ သက်ဆိုင်ရဲ့လား အကွက်ကျကျစီစဉ်ထားတဲ့ အမှုကနေ လူသတ်သမားအစစ်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ပေးကြပါဦးဗျာ...
In the Line of Fire (1993)
⭐TMDB: 70.0% User Score
🎬 #Action #Crime #Drama #Thriller #Mystery
🗓 1993 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 08 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
In the Line of Fire (1993)
~ IMDb – 7.2/10, Rotten Tomatoes – 96% ~
ဒီဇာတ်ကားကို 1993 မှာ ပြသခဲ့တာဖြစ်ပြီး Troy နဲ့ Air Force One ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Wolfgang Petersen ရဲ့ လက်ရာကိုမှ မင်းသားကြီး Clint Eastwood နဲ့ John Malkovich တို့ အားဖြည့်ထားတဲ့ Old but Gold လို့ဆိုရနိုင်တဲ့ Thriller Action ဇာတ်ကားပါ။ IMDb မှာ 7.2/10 နဲ့ RT ဆို 96% ထိရရှိထားပါတယ်။
ဒီဇာတ်ကားမှာ မင်းသားကြီး Clint Eastwood က သမ္မတကနေဒီရဲ့ သက်တော်စောင့်ဟောင်း ဖရန့်ခ်ဟောရီဂန်အဖြစ် ပါဝင်ထားပါတယ်။ ကနေဒီလုပ်ကြံခံရတဲ့အချိန် သက်တော်စောင့်အဖြစ်ရှိခဲ့တဲ့ ဖရန့်ခ်ဟာ အဲဒီကိစ္စနောက်ပိုင်း လျှို့ဝှက်အေးဂျင့်အနေနဲ့ပဲ လုပ်ကိုင်နေရင်း တစ်နေ့မှာတော့ လက်ရှိသမ္မတကို လုပ်ကြံမယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ဖရန့်ခ်ဆီ ရောက်လာပါတယ်။ အဲဒီအချိန်ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်မှုတွေ ပြုလုပ်နေတဲ့အချိန်ဖြစ်လို့ သမ္မတကလည်း မဲဆွယ်ဖို့ နိုင်ငံအနှံ့ သွားလာနေရတဲ့အချိန်ပါ။ ကနေဒီကို မကာကွယ်နိုင်ခဲ့တဲ့ ဖရန့်ခ်ဟာ လက်ရှိသမ္မတကို ကာကွယ်ဖို့ ဆုံးဖြတ်ပြီး ကိုယ်ရံတော်အဖွဲ့ထဲ ပြန်ဝင်ပြီး လုပ်ကြံမယ်လို့ ခြိမ်းခြောက်ထားသူနဲ့ ရင်ဆိုင်ဖို့ ရွေးချယ်လိုက်ပါတော့တယ်။
မင်းသားကြီး ၂ယောက်ရဲ့သရုပ်ဆောင်ပုံတွေက ပီပြင်တာကြောင့် Thriller စစ်စစ် အရသာကို ပေးစွမ်းနိုင်ရုံတင်မက သက်တော်စောင့်နဲ့ လူသတ်သမားကြား ဘယ်သူအသာရသွားမလဲဆိုတဲ့အားပြိုင်မှုကို ဇာတ်လမ်းပြီးကာနီးအထိ ရင်တထိတ်ထိတ်ကြည့်ရမယ့် ၉၀ခုနှစ် ဝန်းကျင်ရဲ့ အက်ရှင်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုXမှ ပြန်ဆို ရေးသားထားပါတယ်)...
Het Geheugenspel (2023)
⭐IMDB: 6.2/10 (952 Votes)
🎬 #Thriller
🗓 2023 🎞 movie
🌎 #Netherlands #Belgium
⏰ 1 နာရီ 48 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.2 ရရှိထားတဲ့ ဒတ်ခ်ျစကားပြောဇာတ်ကားဖြစ်ပြီး plot twist တွေအပြည့်နဲ့ Thriller ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း….. ဒါရီဒါမိသားစုဟာ ဂုဏ်သရေရှိမိသားစုတစ်စုဖြစ်ပြီး အခုချိန်ထိအေးအေးချမ်းချမ်းပဲနေထိုင်လာခဲ့ကြပေမဲ့ တစ်နေ့မှာတော့ သူတို့မိသားစုပိုင်ခြံဝင်းထဲမှာ မြေတူးရင်း အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတော့တယ် အဲဒီအလောင်းကလွန်ခဲ့တဲ့ 25 နှစ်ကထဲကပျောက်သွားတဲ့ သမီးဖြစ်သူ နာတာလီဖြစ်နေပြီး တရားခံကဘယ်သူလဲဆိုတာ မေးစရာတွေဖြစ်လာပါတော့တယ် အီဗာကတော့ နာတာလီနဲ့အရမ်းရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပြီး အမြဲတမ်းတတွဲတွဲရှိနေခဲ့တဲ့သူဆိုလည်းမမှားပါဘူး ဒါပေမဲ့အီဗာက နာတာလီပျောက်သွားတဲ့နေ့ကအကြောင်းအရာတွေကို မှတ်မိသလို မမှတ်မိသလိုလိုနဲ့ ဝေဝါးဝါးဖြစ်နေခဲ့တာပါ အီဗာတစ်ယောက် အိပ်မွေ့ချကုထုံးကို ခံယူဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက် သူ့ရဲ့မှတ်ဉာဏ်တွေတစ်စတစ်စပြန်ပေါ်လာပြီး အံ့ဩစရာတွေပါသိလိုက်ရပါတော့တယ် အိပ်မွေ့ချကုထုံးခံရင်း မေ့ဖျောက်ထားခဲ့တဲ့မှတ်ဉာဏ်တွေနဲ့ လူသတ်တရားခံအစစ်ကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာ ကြည့်ရှုရမှာပါ...
Jules (2023)
⭐IMDB: 7.1/10 (1 k Votes)
🎬 #Comedy #Drama #SciFi #ScienceFiction
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 29 မိနစ် 22 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Jules (2023)
~ IMDb – 7.1/10, Rotten Tomatoes – 83% ~
ဂြိုဟ်သားတစ်ကောင် အဘိုးကြီးတစ်ယောက်ရဲ့ အိမ်နောက်ဖေးကို ပန်းကန်ပြားပျံ ပျက်ကျပြီးရောက်လာတယ်။ အဘိုးကြီးက တစ်ယောက်တည်းနေရတာဖြစ်ပြီး သူ့အိမ်ထဲ ပန်းကန်ပြားပျံပျက်ကျပြီး ဂြိုဟ်သားရောက်နေတယ်ဆိုတာလည်း သူတို့မြို့လေးက ဘယ်သူမှ မယုံပါဘူး။ အဘိုးကြီးကလည်း အသက်ရလာတော့ မှတ်ဉာဏ်လည်း ယိုယွင်းလာပြီး သူ့သမီးကတောင် စိတ်ပူနေရတာမို့ ပိုမယုံကြတာပါ။ ဒါပေမဲ့ သူ့ရဲ့ အသိ အဘွားကြီးတစ်ယောက်က အိမ်လာရင်း ဂြိုဟ်သားနဲ့မတော်တဆ တွေ့သွားတယ်။ နောက်ထပ် အဘွားကြီးတစ်ယောက်လည်း ထပ်တွေ့သွားရင်း သူတို့သုံးယောက်ပေါင်းပြီး ဂြိုဟ်သားကို ပြန်ပို့နိုင်ဖို့ ကူညီကြတဲ့အကြောင်းပါ။ ဟာသ၊ ဒရာမာ၊ Sci-Fi အမျိုးအစားဖြစ်ပြီး ဖျော်ဖြေရေးအတွက် သင့်တော်တဲ့ ရုပ်ရှင်တစ်ခုပါ။ ဇာတ်သိမ်းကတော့ မချင့်မရဲဖြစ်စရာပါပဲ။ ကိုယ်သာဆို ဒီလိုမလုပ်ဘူးဆိုပြီး တွေးမိစရာမျိုးပေါ့။
ဒီရုပ်ရှင်ဟာ Little Miss Sunshine ရဲ့ ပရိုဂျူဆာ Marc Turtletaub ရိုက်ကူးထားခဲ့တာပါ။ ခေါင်းဆောင်မင်းသားအဖြစ် အိုင်ရွန်းမန်းထဲက လူဆိုးအဖြစ်၊ မဟတ္တမဂန္ဓီအဖြစ် လူသိများကြတဲ့ မင်းသားကြီး Ben Kingsley ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက ဂြိုဟ်သားဟာ စကားမပြောပါဘူး။ နားပဲထောင်ပါတယ်။ သူ့ကိုဗဟိုပြုရင်းနဲ့ အဘိုးကြီးအဘွားကြီးသုံးယောက်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုနားလည်လာတယ်၊ အချင်းချင်းလည်း ပိုရင်းနှီးလာကြတယ်။ တစ်ခါတလေမှာ နားထောင်ပေးနေသူသက်သက်အဖြစ်ပဲ လုပ်ပေးနေရုံနဲ့ လူတွေရဲ့ဘဝကို အဓိပ္ပါယ်ရှိသွားစေနိုင်တယ်ဆိုတာမျိုးကို ပြလိုက်သလိုပါပဲ။ အထူးသဖြင့် သားတွေသမီးတွေနဲ့ မတွေ့ရတော့တဲ့ အဘိုးကြီးအဘွားကြီးတွေရဲ့ဘဝမှာ နားထောင်ပေးတဲ့သူတစ်ယောက်ဟာ အရာရာပါပဲ။ သက်ကြီးရွယ်အိုတွေစကားကို ထိုင်နားထောင်ဖို့ စိတ်မရှည်မိတဲ့သူတွေတောင် ဒီရုပ်ရှင်ကြောင့် အမြင်ပြောင်းသွားနိုင်ပါတယ်။ ခံစားကြည့်လိုက်ပါဦး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...
[21+] Romance Girl Rei Kamiki [STARS-804]
⭐⁉️
🎬 ##Adult #Asian #Romance
🗓 ⁉️ 🎞 Movie
🌎 #⁉️
⏰ 2 နာရီ 41 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rei Kamiki ဆိုတဲ့ ကြွေရုပ်လေး ပြမယ်အရမ်းနုနယ်ပြီး လှပဝိုင်းစက်တဲ့အလှပဂေးလေးဆိုလဲမမှားဒါတင်ပဲလား မကဘူးနော် Bubble Butt လေးနဲ့ပါရုပ်ရည်ကရော ပြစ်မျိုးမှဲ့မထင် မျက်နှာလေးနဲ့ခြုံပြောရရင် ယောင်္ကျားတိုင်း တောင့်တတဲ့ အလှတွေ ပိုင်ဆိုင်ထားသူလေးပါ
အခုကတော့ သူမရဲ့ AV ရိုက်ကူးရေး တစ်နှစ်ပြည့်အထူးထုတ်ဖြစ်ပါတယ်အချိန် နှစ်နာရီခွဲကြာမြင့်ပြီး သူမရဲ့အလှတရားတွေကို ရှု့ထောင့်မျိုးစုံကနေကြည့်ခွင့်ရမှာဖြစ်တဲ့အတွက် DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
The New Boy (2023)
⭐IMDB: 6.4/10 (287 Votes)
🎬 #Drama #Fantasy #History
🗓 2023 🎞 movie
🌎 #Australia
⏰ 1 နာရီ 56 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The New Boy (2023)===============IMDb Rating – 6.5/10
ဒါရိုက်တာ Warwick Thornton ရဲ့ လက်ရာဖြစ်ပြီး မင်းသမီးကြီး ကိတ်ဘလန်းချက်က သီလရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယကမ္ဘာစစ်ကာလကို အခြေခံထားပြီး ဩစတြေးလျတောင်ပိုင်းရဲ့ အလှအပတွေနဲ့ ခရစ်ယာန်ဘာသာရေးနဲ့ မူရင်း ဒေသခံ အဘိုရီဂျီနယ်မျိုးနွယ်တွေရဲ့ယုံကြည်မှု လွန်ဆဲပုံကို သရုပ်ဖော်ထားတာပါ။ ဒါရိုက်တာ Warwick Thorntonဟာ ဘာသာရေးဆက်နွယ်ပြီး တွေးစရာတွေပေးတဲ့ လေးနက်တဲ့ ကားမျိုးတွေကို ရိုက်တတ်တဲ့သူမို့ ဒီရုပ်ရှင်ဟာလည်း လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကတည်းက သူကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့တာဖြစ်ပြီး ကိတ်ဘလန်းချက်နဲ့စကားပြောရင် သူရိုက်ချင်တယ်ဆိုလို့ ဖြစ်မြောက်လာခဲ့တာပါ။
ဩစတြေးလျ တောင်ပိုင်းက လူသူမနီးတဲ့ ခရစ်ယာန်ကျောင်းတစ်ကျောင်းမှာမိဘမဲ့ ကောင်လေးတွေ အများကြီးကို စစ္စတာအိုင်လင်းဆိုတဲ့ သီလရှင်ကစောင့်ရှောက်ထားပါတယ်။ အဲဒီဘုရားကျောင်းကို တကယ်ဦးစီးသူက ဒွန်ပီတာ ဆိုတဲ့လူဖြစ်ပြီး သူသေသွားတာ တစ်နှစ်ကျော်တာတောင် စစ္စတာအိုင်လင်းတို့က ဖုံးကွယ်ထားပြီး သူရှိသေးသယောင်နဲ့ ဘုရားကျောင်းကို ဆက်ဦးစီးနေခဲ့တာပါ။ တစ်နေ့မှာတော့ အဲဒီကျောင်းကို ဒေသခံမျိုးနွယ် အဘိုရီဂျီနယ်အနွယ်ဝင်ကောင်လေးအသစ်တစ်ယောက်ရောက်လာပါတယ်။ ဒေသခံတွေဟာ ဘုရားသခင်ကို ယုံကြည်သူတွေမဟုတ်ဘဲ သဘာဝတရားနဲ့ ဘိုးဘေးဝိညာဉ်တွေကို ကိုးကွယ်တဲ့သူတွေပါ။
အဲဒီကောင်လေးကလည်း ထူးဆန်းတဲ့အစွမ်းတစ်ခုပါလာပြီး အဲဒီအစွမ်းဟာမျိုးနွယ်ယုံကြည်မှုကလာသလား ဘုရားသခင်နဲ့ဆိုင်သလားဆိုတာကို ပဟေဠိဖြစ်အောင်ပြထားပါတယ်။ အဲဒီထူးဆန်းတဲ့အချက်နဲ့အတူ ကလေးငယ်တွေရဲ့ရိုးသားမှုတွေ စူးစမ်းလိုစိတ်တွေကို ပြသထားပြီး ကြည့်ပြီးရင် ကိုယ့်ဘာသာအဓိပ္ပါယ်ဖော်ကြည့်ရမဲ့ ရုပ်ရှင်အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Mr.Anderson ဖြစ်ပါတယ်)...
The Best Exotic Marigold Hotel (2011)
⭐IMDB: 7.2/10 (98 k Votes)
🎬 #Comedy #Drama #Romance
🗓 2011 🎞 movie
🌎 #UnitedKingdom #UnitedArabEmirates #UnitedStatesofAmerica
⏰ 2 နာရီ 4 မိနစ် 1 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Best Exotic Marigold Hotel (2011)
~ IMDb – 7.2/10, Rotten Tomatoes – 78% ~
Shakespeare in Loveနဲ့အော်စကာဆုရခဲ့တဲ့ ဒါရိုက်တာ John Madden ရဲ့လက်ရာဖြစ်ပြီး Cast တွေကလည်း တကယ့် ထိတ်ထိတ်ကြဲတွေချည်းပါပဲ။ Maggie Smith တို့၊ Judi Dench တို့လို ဝါရင့်မင်းသမီးကြီးတွေအပြင် Bill Nighy တို့၊ Tom Wilkinson တို့လို မင်းသားကြီးတွေလည်း သုံးထားပါတယ်။ နောက် Slumdog Millionaire နဲ့ နာမည်ကြီးခဲ့ပြီး Lion ရုပ်ရှင်မှာ အဓိကဇာတ်ကောင်အနေနဲ့ ဆုများစွာသိမ်းပိုက်ခဲ့တဲ့ အိန္ဒိယနွယ်ဖွား ဗြိတိန်လူမျိုး Dev Patel လည်းပါသလို သူ့ရဲ့အနုပညာမှတ်တိုင်တွေထဲကတစ်ခုလည်းဖြစ်ပါတယ်။
ငယ်ရွယ်ခြင်းက အားသာချက်တစ်ခုဆိုရင် အိုမင်းရင့်ရော်လာခြင်းမှာလည်း အလှတရားတစ်ခုရှိနေပါတယ်။ လူငယ်တွေကိုပဲဇာတ်လိုက်ထားပြီးရိုက်တဲ့ ရုပ်ရှင်အများစုကြားမှာ ထူးထူးခြားခြားဖြစ်နေတဲ့ The Best Exotic Marigold Hotel ကနေ သင်ယူရမှာကတော့ Life Purpose ကိုရှာဖွေဖို့ ဘယ်တော့မှနောက်ကျတယ်လို့ မရှိဘူးဆိုတာပါပဲ။ လောကဓံရဲ့အထုအထောင်းများစွာကိုခံထားရပြီး နွမ်းနယ်နေတဲ့ အင်္ဂလိပ်လူမျိုးပင်စင်စားတစ်ဖွဲ့ဟာ ဘဝသစ်ပြန်စဖို့ အိန္ဒိယနိုင်ငံ ဂျိုက်ပေါမြို့စွန်က မာရီဂိုးဟိုတယ်ဆီမှ ာလာဆုံတွေ့ခဲ့ကြတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နယ်မြေသစ် ယဥ်ကျေးမှုသစ်မှာ အသားကျဖို့ကြိုးစားကြပုံတွေကနေ ဘဝမှာ Resiliency ဆိုတဲ့ နလန်ထူနိုင်စွမ်းရဲ့အရေးပါပုံကို ပြသွားတာဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...
Love (2023)
⭐IMDB: 4.5/10 (42 Votes)
🎬 #Bollywood #Drama #Thriller #Uncategorized #Romance
🗓 2023 🎞 movie
🌎 #UnitedStates #India
⏰ 1 နာရီ 49 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Love (2023)===========
အလုပ်မှန်သမျှ အရှုံးပေါ်နေတဲ့ အဂျေးနဲ့ ဖခင်ရဲ့ ကုမ္ပဏီမှာ အလုပ်ဝင်လုပ်နေတဲ့ဒီဗီယာတို့ဟာ မိဘတွေက တွေ့ခိုင်းလို့ ကော်ဖီဆိုင်တစ်ခုမှာ ဒိတ်ကျရင်းတစ်ယောက်နဲ့တစ်ယောက် သဘောကျသွားကာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။
Love ဆိုတဲ့ ခေါင်းစဉ်အတိုင်း သူတို့တွေဟာကြည်နူးစရာအချစ်တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပေမဲ့အဲဒါဟာ ရုပ်ရှင်အစ ငါးမိနစ်လောက်ပါပဲ။
သူတို့လက်ထပ်ပြီး နှစ်ချီကြာလာတဲ့ထိ အဂျေးဟာ ပြောင်းလဲမလာခဲ့ဘဲအရက်သမားလုံးလုံးဖြစ်ကာ ကိုယ်ဝန်လွယ်ထားရတဲ့ဒီဗီယာနဲ့ ပြဿနာတက်ရင်း လက်လွန်ခြေလွန်ဖြစ်ကြတဲ့နောက်မှာတော့…။
Love ဆိုတဲ့ အချစ်ကားမဟုတ်တဲ့ အချစ်ကားလေးကိုပရိသတ်တွေအတွက် စီအမ်ကနေ တင်ဆက်ပေးလိုက်ပါတယ်…။( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ဆိုသူတွေကတော့V, BpL, YH, Yunni နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )...
The Untamed (2016)
⭐IMDB: 6.1/10 (6 k Votes)
🎬 #Drama #Horror #Mystery #ScienceFiction #Thriller #Romance #SciFi
🗓 2016 🎞 movie
🌎 #Mexico #Denmark #France #Germany #Norway #Switzerland
⏰ 1 နာရီ 38 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်ထွက် မက္ကဆီကန် Thriller, horror
အမျိုးအစားဖြစ်ပြီး IMDb 6.1နဲ့ RTမှာ87%ထိ ရထားပါတယ်။
အိမ်ထောင်ရေးသုခ မပြည့်စုံတဲ့ လင်မယား၂ယောက်၊ ခင်ပွန်း
ဖြစ်သူက ဂေးဖြစ်တဲ့ယောက်ဖနဲ့ ဖောက်ပြန်နေချိန် ဗာရိုနီကာလို့
ခေါ်တဲ့ မိန်းကလေးတစ်ယောက်က သူတို့ကြားကို ဝင်လာချိန်က
စပြီး ပြဿနာတွေမျိုးစုံ ဖြစ်လာပါတော့တယ်။
ဗာရိုနီကာက တောတွင်းတစ်နေရာက သစ်လုံးအိမ်ထဲမှာ နေသူ
ဖြစ်ပြီး ထိုအိမ်ထဲမှာ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။ အစမှာ
မောင်ဖြစ်သူ ဖေဘီယန်ကို အဲဒီကိုခေါ်သွားပြီး ကိုမာရောဂါရပြီး
ဆေးရုံတက်ရတဲ့ထိ ဖြစ်သွားသလို နောက်ပိုင်းမှာ အစ်မဖြစ်တဲ့
အလက်ဂျန်ဒရာကိုပါ ထိုအိမ်ကိုခေါ်သွားခဲ့တာပါ။ ထိုအိမ်ထဲမှာ
ရှိတဲ့အရာက ဘယ်လိုအရာမျိုး ဖြစ်နေမလဲ။ ဘယ်လိုပြဿနာ
တွေကို ဇာတ်လိုက်မိသားစု၃ယောက်ကြား ယူဆောင်လာမလဲ
ဆိုတာ thrillerဆန်ဆန် ကြည့်ရှူရမှာပါ။...
Here Alone (2016)
⭐IMDB: 5.6/10 (8 k Votes)
🎬 #Drama #Horror #SciFi #Thriller #ScienceFiction
🗓 2016 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 57 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဇွန်ဘီ
horror / thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။
ဒီဇာတ်ကားအစမှာတော့ Covid 19တွေဖြစ်တုန်းကလိုမျိုး ကူးစက်ရောဂါပြန့်နှံ့
နေပုံနဲ့အစချီထားပါတယ်။ ဒီကားထဲကဗိုင်းရပ်စ်ကတော့ ကိုဗစ်ထက်ပို
အကြောင်းဆိုးတယ်ပေါ့လေ။ ကူးခံရရင် ဇွန်ဘီတွေဖြစ်ကုန််တာကိုး။
ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် အန်း ဟာ ရောဂါနဲ့ဇွန်ဘီတွေကိုရှောင်ဖို့
တောထဲမှာ တစ်ယောက်တည်းနေထိုင်ပါတယ်။ တစ်နေ့ အိုလီဗီယာဆိုတဲ့
ကောင်မလေးရယ် အဲ့ကောင်မလေးရဲ့ ပထွေး ခရစ်တို့ နှစ်ယောက်နဲ့ အန်းတို့
အမှတ်မထင်ဆုံဖြစ်သွားကြပါတယ်။ ဒဏ်ရာရနေတဲ့ ခရစ်ကို ကူညီပေးရင်း
သူတို့ရင်းနှီးသွားကြပါတယ်။ ခရစ်တို့က အန်းကို သူတို့နဲ့အတူ မြောက်ဘက်ကို
လိုက်ခဲ့ဖို့ခေါ်တဲ့အခါ အန်းကငြင်းခဲ့ပါတယ်။ အန်းက ဘာကြောင့် အဲ့တောထဲမှာပဲ
အခြေချနေထိုင်နေတာလဲဆိုတဲ့အကြောင်းကို flashback လေးတွေရောထည့်ပြီး
ရိုက်ကူးထားတာပါ။ဒီဇာတ်ကားက မြင်ဖူးတွေ့ဖူးနေကျ ဇွန်ဘီကားတွေနဲ့မတူပဲ
အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမျိုးပါ။ Survivalဆိုတာထက်
ခံစားမှုကို အသားပေးတဲ့ဇာတ်ကားမျိုးဖြစ်တာမို့ ထူးခြားတဲ့ ဇွန်ဘီကားပါပဲ။
အခုလိုမိုးအေးအေးရာသီဥတုနဲ့ဆို ကြည့်ရတာပိုပြီးအရသာရှိစေမှာဖြစ်ပါတယ်။...
Scam 1992: The Harshad Mehta Story (2020-2020)
⭐IMDB: 9.3/10 (152 k Votes)
🎬 #Crime #Drama #Biography #Thriller
🗓 2020-2020 🎞 tv series
🌎 #India
⏰ 1 နာရီ 1 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Scam 1992 – The Harshad Mehta Storyလွန်ခဲ့သောရက်ပိုင်းအတွင်း imdb website မှာ rating အမြင့်ဆုံး စီးရီးတွေဖြစ်တဲ့ Breaking Bad,Charnobyl အစရှိသည့် စီးရီးတွေကို ကျော်ဖြတ်ပြီး India Series တစ်ခုက rating 9.8 ဖြင့် ထိပ်ဆုံးရောက်ရှိခဲ့တဲ့ သတင်းက အတော်နာမည်ကြီးသွားခဲ့တယ်၊India နိုင်ငံကလူတွေ မင်းသားအစွဲ၊မင်းသမီးအစွဲကြောင့် မဟုတ်ပဲ ဇာတ်လမ်းကို သဘောကျလွန်းလို့ ကြည့်ပြီးတဲ့ သူတိုင်း Rating 10 ပေးခဲ့တာကြောင့် အခုလို Rating 9.8 ရပြီး ထိပ်ဆုံးရောက်သွားခဲ့ရခြင်းဖြစ်တယ်၊ ကြည့်ရှူသူများလာလို့ vote များပြီး Rating ကျလာပေမယ့် အခုအချိန်ထိ Top 10 ထဲမှာ ဆက်လက်ရှိနေပါတယ်၊ထိုဇာတ်ကားကတော့ ယခု CM ပရိသတ်တွေကို တင်ဆက်ပေးလိုက်တဲ့ Scam 1992 : The Harshad Mehta Story ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်၊တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက်ကို အခြေခံထားတဲ့ ဒီစီးရီး India နိုင်ငံမှာ 1992 နှစ်အတွင်း ငွေကြေးကပ်ပျက်မှုကို ဖြစ်ပေါ်စေခဲ့တဲ့ ဟာရှဒ်မဟ်တာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ဘဝကို အခြေခံပြီး ရိုက်ကူးထားတာပါ၊ငယ်စဥ်က ဆင်းရဲပြီး နေထိုင်ခက်ခဲ့တဲ့ ဟာရှဒ်မဟ်တာရဲ့ အိပ်မက်က ချမ်းသာကြွယ်ဝပြီး တင့်တောင်းတင့်တယ်နေထိုင်ချင်တာာပါ၊ သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်တဲ့ ဟာရှဒ်အတွက် ဘုံဘေ စတော့အိတ်ချိန်းက မျက်စိကျစရာပါ၊စတော့ပွဲစားကနေအစပြုခဲ့တဲ့ သူ့ရဲ့လမ်းကြောင်းက နောက်ဆုံးမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ငွေကြေးစီးဆင်းမှုကိုပါ တစ်မိနစ်အတွင်း မှောက်ခုံပြုလုပ်နိုင်တဲ့အထိ အင်းအားကြီးလာခဲ့ပါတယ်၊ဒီစီးရီးက ဟာရှဒ်တစ်ယောက် ဘယ်လို စီးပွားရေးတွေလုပ်ပြီး ဘယ်လိုတွေ ချမ်းသာလာခဲ့တယ်၊ဘယ်လိုတွေ အကွက်မြင်ခဲ့တယ်ဆိုတာကို အပုိင်း ၁ ကနေ ၁၀ အထိ တစ်ထိုင်တည်း ကြည့်မိချင်ျလာက်အောင်အထိ စွဲဆောင်နိုင်လွန်းပါတယ်၊ ဒီဇာတ်လမ်းက စတော့စျေးကွက်တွေ၊ငွေကြေးအကြောင်းတွေကို အများဆုံးအခြေခံထားတယ်ဆိုပေမယ့် ပျင်းရိဖွယ်မကောင်းပဲ ရုပ်ရှင်ကြည့်ပြီးချိန်မှာ ဒီဘဏ်ငွေကြေးဆိုင်ရာလည်ပတ်တဲ့စီးပွားရေးကို အတော်အတန် သဘောပေါက်နားလည်နိုင်သွားစေနိုင်ပါတယ်၊နောက်ပြီးဒီဇာတ်ကားရဲ့ အသက်ဖြစ်တဲ့ ဟာရှဒ်ရဲ့ ဒိုင်ယာလောခ့်တွေက အလွန်မှ ရိုးရှင်းပြီး အလွန်မှ အသက်ဝင်လွန်းပါတယ်၊ အောင်မြင်ရေးတက်ကျမ်းတွေဖတ်နေရင်တောင် သဘာဝမကျတဲ့ တော်ကီတွေကိုဖတ်ပြီး နားမလည်နိုင်ပေမယ့် ဒီဇာတ်ကားမှာ အသုံးပြုတဲ့ ဒိုင်ယာလောခ့်အများစုက ရိုးရှင်းလွယ်ကူပြီး စီးပွားရေးလုပ်ငန်းတိုင်းမှာ အကျိုးရှိစေတဲ့အထိ မှတ်သားဖွယ်ကောင်းလှပါတယ်၊မင်းသားကြီး လီယိုနာဒိုရဲ့ နာမည်ကျော် The Wolf Of Wall Street လိုဇာတ်ကားတွေ၊ မင်းသားကြီး ဘရက်ပစ် ပါဝင်ထားတဲ့ The Big Short လို ဇာတ်ကားမျိုးတွေ ကြိုက်တဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားကရွှေပါ၊ဒီလိုဇာတ်ကားမျိုးကို ရုပ်ရှင်အဖြစ်ကြည့်ရတဲ့အချိန်မှာ အချိန်အကန့်အသတ်ကြောင့် နားမလည်နိုင်တာတွေရှိနိုင်ပေမယ့် ဒီဇာတ်လမ်းက အပုိင်း ၁၀ ပိုင်းပါတဲ့ စီးရီးဖြစ်တာကြောင့် အလွယ်တကူကြည့်ရလွယ်ကူစေနိုင်မှာပါ၊ဒီလိုဇာတ်လမ်းမျိုးတူတဲ့ ကိုရီးယာ ဇာတ်လမ်းတွဲတစ်ခုလည်း ဒီနှစ်စကထွက်ရှိထားခဲ့ပါသေးတယ်၊The Money Game လို့အမည်ရပြီး ကျနော်တို့ CM ကနေလည်း ဘာသာပြန်ပြီး တင်ဆက်ခဲ့ပါသေးတယ်၊ကိုရီးယားကားကတော့ အတော်လေး လေးပင်ပြီး ကြည့်ရတာနားမလည်နိုင်ခဲ့ပေမယ့် ဒိဇာတ်ကားကတော့ အလွန်ရှုပ်ထွေးတဲ့ အကြောင်းအရာကို အလွယ်တကူနားလည်နိုင်အောင် တင်ဆက်ပြသနိုင်ခဲ့တဲ့ ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တွေကြောင့် imdb မှာ rating 9.8 ထိရတဲ့အထိ အောင်မြင်နိုင်ခဲ့တာဖြစ်ပါတယ်၊မကြာမီအချိန်မှာ ကျနော်တို့နိုင်ငံမှာလည်း စတော့စျေးကွက်၊ဘဏ်ချေးငွေ အစရှိတဲ့ လုပ်ငန်းတွေက အတော်အများပတ်သတ်ရမှာဖြစ်တာကြောင့် အခုကတည်းက ကြည့်ပြီးပညာယူထားမယ်ဆို မမှားပါဘူ၊အပုိင်း ၁၀ ပိုင်းသာရှိပြီး india ဇာတ်လမ်းတွဲတွေဆို ပေရှည်ပြီး ပါသမျှသရုပ်ဆောင် မျက်နှာတွေကို မလွတ်တမ်းကင်မရာရိုက်ပြနေတာတွေ မပါဝင်ပဲ သဘာဝကျတဲ့ သရုပ်ဆောင်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းကိုမှ ကြည့်ချင်တဲ့ သူတွေ အတွက်ကတော့ scam 1992 ဇာတ်ကားက စိတ်ကျေနပ်မှု ရရှိစေမှာပါ၊Review by Zin Ko Ko...
Namo Bhootatma 2 (2023)
⭐IMDB: 8.4/10 (154 Votes)
🎬 #Bollywood #Comedy #Drama #Horror
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 21 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Namo Bhoothathma 2 (2023)
IMDb-8.6/10
နေရင်းထိုင်ရင်း စခွီထ ရယ်ချင်နေတတ်တဲ့သူတွေအတွက် Comedy – horror ဇာတ်ကားလေးတစ်ကား
ဇာတ်လမ်းအညွှန်းကတော့တီဗီချန်နယ်တစ်ခုရှိတယ်ပေါ့ဗျာ အဲဒီချန်နယ်မှာနာမည်ကြီးလူတစ်ယောက်ကို သွားအရူးလုပ်ကြတဲ့(Prank ကြ fool ကြပေါ့) ဗီဒီယိုကပေါက်သွားရောအဲဒီလိုနဲ့ သူတို့ချန်နယ်ကြီးဒီထက်ပိုအောင်မြင်ရအောင်နာမည်ကြီးနေရာတစ်ခုမှာ လူတစ်ယောက်ကို သွား fool လုပ်ကြမယ်တဲ့ ဒါပေမဲ့…….
သူများကို နောက်ပြောင်ပြီးချောက်ချမဲ့အချိန်သူတို့ပြန်ခံလိုက်ရတယ်ဆိုဘယ်လိုနေမယ်ထင်လဲ..ပိုဆိုးတာက သူတို့ကိုပြန်အရူးလုပ်သူကလူမဟုတ်ဘဲသရဲဖြစ်နေလေရဲ့ ဆိုတော့က….
သူများကိုသွားနောက်ပြီး ဟားကြမဲ့သူတွေပြန်အဟားခံလိုက်ရတဲ့အဖြစ်ကို ဟားနိုင်ကြစေဖို့ တင်ဆက်ပေးလိုက်ရပါတယ်
အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ V ~ BpL ~ YH ~ Aditi ~ Moon ~ Yunni တို့ပဲဖြစ်ပါတယ်...
