fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
狄仁杰之幽兵借路 (2023) ⭐TMDB: 0.0% User Score 🎬 #Action #Mystery 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 15 မိနစ် 13 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စုံထောက်ကြီးဒီးရဲ့ ပြောမဆုံးပေါင်တောသုံးတောင်အမှုတွေထဲက ထူးဆန်းတဲ့အမှုနောက်တစ်မှုလာပါပြီ……ဘုရင်မကြီးဝူကျယ်ထျန်းဟာ သူ့ရဲ့ဇာတိဖြစ်တဲ့ပင်းကျိုးကိုပြန်လာပြီး ဘိုးဘေးကန်တော့်ဖို့ရောက်လာတဲ့အချိန်မှာတစ်မိသားစုလုံးသတ်ခဲ့ရတဲ့ ထူးဆန်းတဲ့လူသတ်မှုဖြစ်လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပင်းကျိုးက အားထားရတဲ့စုံထောက်ကြီးဖြစ်တဲ့ဒီးရန်ကျယ်က ဒီအမှုကိုတာဝန်ယူပြီးစုံစမ်းတော့တာပေါ့။ဒီးရန်ကျယ်ဟာ မီးခိုးကြွက်လျှောက် အမှုကိုလိုက်ရင်းတစ်နေ့မှာတော့ တစ္ဆေလိုလိုနတ်လိုလိုပေါ်လာပြီးမရဏနန်းတော်က အမှောင်စစ်သည်ပါဆိုပြီးဒီအမှုကိုဆက်ပြီးမစုံစမ်းဖို့ ခြိမ်းခြောက်တာပေါ့။ ဒါမျိုးခြိမ်းခြောက်တာမျိုးတော့ စုံထောက်ကြီးဒီးတို့ကဘယ်မှုမလဲ……ကဲ……စုံထောက်ကြီးဒီးကအမှုကိုဘယ်လိုဆက်ဖော်သွားလဲအမှန်တရားကဘယ်လိုလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦးနော်……...

The Seed (2023) ⭐IMDB: 4.7/10 (142 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #France #Belgium ⏰ 1 နာရီ 32 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Seed မြန်မာလိုဆို အစေ့ ၊ မျိုးစေ့ပေါ့ အိနက်နဲ့ လူစီတို့ဟာ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့လိင်တူချစ်သူနှစ်ဦးပါ၊ တနေ့ကျရင်သားသမီးလေးတွေနဲ့မိသားစုတစ်ခုတည်ဆောက်မယ်ဆိုတဲ့ အိမ်မက်တွေ အပြည့်….. ဒါပေမဲ့ ပြဿနာက သူတို့ နှစ်ယောက် အရေးကြီးဆုံးပစ္စည်း တစ်ခုလိုနေတာပါပဲ ၊ဆိုတော့နှစ်ယောက်သားဖန်ပြွန်သန္ဓေသားကြိုးစားယူခဲ့ကြရှာတာ ငါးကြိမ်မြောက်ကြိုးစားခဲ့ပြီးတဲ့ထိအဆင်မပြေခဲ့ပါဘူး၊ နောက်တစ်ခေါက်ကျ မစ္စတာပီတာနဲ့ တွေ့ပြီး အကောင်းတကာအကောင်းဆုံးမှဆိုတဲ့ မျိူးစေ့အလှူရှင်ကိုရှာထွက်ခဲ့ကြတဲ့အချိန်မှာတော့……… ဟာသရုပ်ရှင်အမျိုးအစားလေးမို့ ပေါ့ပေါ့ပါးပါးနဲ့ သူတို့ရဲ့ပြဿနာပေါင်းစုံကိုမျှဝေခံစားရင်ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်...

Talk to Me (2022) ⭐IMDB: 7.4/10 (33 k Votes) 🎬 #Horror #Thriller 🗓 2022 🎞 movie 🌎 #Australia #UnitedKingdom ⏰ 1 နာရီ 36 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Talk to Me (2022) ~ IMDb – 7.4/10, Rotten Tomatoes – 95% ~ ဇာတ်လမ်းက အရမ်းကြောက်ဖို့ကောင်းပေမဲ့ အထဲက ဇာတ်ကောင်တွေကတော့ အတော်ကိုတုံးတယ်ပြောရမှာပါပဲ။ ဝိညာဉ်ခေါ်လို့ရတယ်လို့ နာမည်ကြီးတဲ့ လက်ပြတ်အရုပ်တစ်ခုကို ရလာတယ်။ မူလ လက်ပြတ်ပိုင်ရှင်က စိတ်ဖောက်ပြီး သူ့ကိုယ်သူ သတ်သေသွားပြီ။ အဲဒီလက်ပြတ်ကို ကိုင်ပြီး ငါ့ကို စကားပြောပါဆိုရင် ဝိညာဉ်ကိုမြင်ရတယ်။ ငါမင်းကိုဝင်ခွင့်ပေးတယ်ဆိုရင် ကိုယ်ထဲကိုဝင်ပူးခံရတယ်။ အဲဒါကို လူငယ်တသိုက်က အလှည့်ကျ ပူးတိုင်းကစားကြပါတယ်။ စည်းကမ်းကတော့ စက္ကန့် ၉၀ မကျော်ရင် ဘာမှမဖြစ်ပါဘူးတဲ့။ ဒါပေမဲ့ ထုံးစံအတိုင်း ကောင်လေးတစ်ယောက်အလှည့်မှာတော့ စက္ကန့် ၉၀ ကျော်ပြီး ဝိညာဉ်တွေ သောင်းကျန်းကုန်ပါတယ်။ အဲဒီကလေးကို သေအောင်လုပ်ပြီး အပိုင်သိမ်းဖို့ ကြိုးစားတဲ့ ဝိညာဉ်ဆိုးတွေရောက်လာတယ်။ အဲဒီကလေးလွတ်အောင် မင်းသမီးက ဘယ်လိုတွေ လိုက်ကယ်ရမလဲဆိုတာ ကြည့်ရမှာပါ။ ဒီ ရုပ်ရှင်ဟာ Danny and Michael Philippou ညီအစ်ကိုနှစ်ယောက်ရဲ့ ပထမဆုံး ရုံတင်ရုပ်ရှင်ကြီးပါ။ ပွဲဦးထွက်မှာတင် ဝက်ဝက်ကွဲ အောင်မြင်သွားပါပြီ။ ဟော်ရာရုပ်ရှင်ကို Rating 7.4/10 အထိ IMDb မှာရောက်တာ ရှားပါတယ်။ တော်ရုံ ဟော်ရာ ရုံကြီးကားတွေတောင် မရောက်ပါဘူး။ အဲဒါကြောင့်မို့လို့ပဲ နာမည်ကျော် Horror ကားတွေထုတ်နေကျ A24 က ဒီရုပ်ရှင်ရဲ့ မူပိုင်ခွင့်ကို ဝယ်ပြီး သူတို့ရုပ်ရှင်အနေနဲ့ သိမ်းပိုက်လိုက်တယ်။ နောက်ပြီး ရုံတင်တာမှာ အတော်လေးကို ပေါက်သွားပြီး A24 ရဲ့ အရင် အောင်မြင်ခဲ့တဲ့ သရဲကား Hereditary ရဲ့ ဝင်ငွေထက်တောင် ကျော်သွားခဲ့ပါတယ်။ ဒေါ်လာ ၄ သန်းခွဲ ဘက်ဂျက်နဲ့ ရိုက်ကူးပြီး ခုဆို ၆၇ သန်း ရုံဝင်ငွေ ရရှိနေပါပြီ။ ဒါရိုက်တာညီအစ်ကိုက ဒီကားရိုက်ဖို့နဲ့ DCEU က ကမ်းလှမ်းတဲ့ စူပါဟီးရိုးရုပ်ရှင်တစ်ကားရိုက်ဖို့ တိုက်နေတာတောင် DCEU ရုပ်ရှင်ကို ငြင်းပြီး သူတို့ကိုယ်တိုင်ဇာတ်ညွှန်းရေးထားတဲ့ ဒီကားကို ယုံယုံကြည်ကြည်ရိုက်ခဲ့တာပါ။ မင်းသားမင်းသမီးတွေကလည်း A list မဟုတ်ဘဲ တက်သစ်စတွေပါပဲ။ တစ်ယောက်တည်း မီးပိတ် အမှောင်ထဲ ကြည့်လို့တော့ မလွယ်မဲ့ကားမျိုးပေါ့။ ဘာသာပြန်ရင်းတောင် ကျောချမ်းပါတယ်။ ကြည့်ကြည့်လိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုMr. Andersonမှ ပြန်ဆို ရေးသားထားပါတယ်)...

Shakespeare in Love (1998) ⭐TMDB: 69.0% User Score 🎬 #Comedy #Drama #History #Romance 🗓 1998 🎞 movie 🌎 #UnitedStates #UnitedKingdom #UnitedKingdom #UnitedStatesofAmerica ⏰ 2 နာရီ 03 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “Shakespeare in Love” ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့တင် အထွေအထူးညွှန်းနေစရာမလိုတော့လောက်ဘူး ထင်ပါတယ်။ ဒီနာမည်ကို မရင်းနှီးကြတဲ့သူတွေအတွက်ကတော့ “ရိုမီရိုနဲ့ ဂျူးလိယက်” လို့ဆိုလိုက်ရင် မသိသူမရှိလောက်တော့ပါဘူး။ အော်စကာဆုပေါင်း ၇ ဆုတိတိ ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် “ရိုမီရိုနဲ့ ဂျူးလိယက်” ပြဇာတ် ဖြစ်တည်လာခဲ့တဲ့ ဇာတ်ကြောင်းရင်းခံပဲဖြစ်ပါတယ်။ William Shakespeare ဟာ သူရဲ့ ပြဇာတ်အသစ်ဖြစ်တဲ့ “ရိုမီရိုနဲ့ ပိုင်းရိတ်သမီးတော် အီသယ်” ကို ကြိုရောင်းထားနှင့်ပြီးသားပေမဲ့ Writer Block ဖြစ်နေတာကြောင့် စလုံးရေ မစနိုင်ဖြစ်နေခဲ့တယ်။ သူရဲ့စိတ်ကူးယဉ်ပုံစံအမျိုးသမီးလေး Viola De Lesseps နဲ့ မတွေ့ခင်အထိပေါ့ Lady Viola က လက်ထပ်ရမဲ့ သူရှိပြီးသားဖြစ်တဲ့ ဆွေကြီးမျိုးကြီးသခင်မလေးတစ်ယောက်ဖြစ်သလို ပြဇာတ်ကို အရူးအမူးသဘောကျတဲ့ သူတစ်ယောက်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက အမျိုးသားတွေပဲ ပြဇာတ်ကခွင့်ရှိတာကြောင့် သူက ‌ယောက်ျားလေးလို ဟန်ဆောင်ပြီး ပြဇာတ်အတွက် Audition ဝင်ဖြေရာကနေ Romeo ဇာတ်ကောင်နေရာကို ရသွားခဲ့ပါတယ်။ အဲကနေတစ်ဆင့် သူတို့နှစ်ဦးကြား ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ကြတယ်။ လက်ထပ်ရမဲ့သူရှိနှင့်ပြီးသား သခင်မလေးတစ်ယောက်နဲ့ သူဆင်းရဲ ကဗျာဆရာ၊ ပြဇာတ်ရေးဆရာတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ရှိတ်စပီးယားရဲ့ ပြဇာတ်အသစ် “ရိုမီရိုနဲ့ ဂျူးလိယက်” ဖြစ်သွားခဲ့ပြီး အခုထက်တိုင် အချစ်နဲ့ ပတ်သတ်လာရင် လူတိုင်းဥပမာတွေပေးနေကြဆဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့ပါတော့တယ်။...

Everybody Loves Jeanne (2022) ⭐IMDB: 6.4/10 (1 k Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #France #Portugal #Belgium ⏰ 1 နာရီ 37 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Everybody Loves Jeanne (2022) ~ IMDb – 6.4/10, Rotten Tomatoes – 100% ~ ဂျန်းမေယာလို့ ခေါ်တဲ့ အမျိုးသမီးတစ်ယောက် ရှိတယ်ပေါ့။ ဂျန်းဟာ ထက်မြက်တယ်၊ ဦးဆောင်နိုင်တယ်၊ လူဝင်ဆန့်တယ်။ သူ့ရှေ့အနာဂတ်ကို ကြည့်လိုက်မယ်ဆိုရင်လည်း အလားအလာကောင်းတွေ တသီကြီး စောင့်နေတယ်ပေါ့။ အဲဒီလို ဂျန်းဟာ တစ်ရက်မှာ သူ့ဘဝရဲ့ ဆုံးရှုံးမှုအကြီးစားကြီးတစ်ခု ကြုံလိုက်ရပြီး ဒေဝါလီခံရလုဆဲဆဲဖြစ်ပါတော့တယ်။ အကြံကုန် ဂဠုန်ဆားချက်၊ ဂျန်းတစ်ယောက် သူ့အမေချန်ခဲ့တဲ့ တိုက်ခန်းကို ရောင်းပြီးအကြွေးဆပ်ဖို့ကြံရွယ်ပြီး သူ့အမေ အသက်ရှိတုန်းက နေထိုင်ခဲ့ရာ လစ်ဘွန်ဆီ ခရီးထွက်ခဲ့ပါတော့တယ်။ ဒီကားမှာ စိတ်ဝင်စားဖို့ကောင်းတာက ပြင်ပကမ္ဘာမှာ မြင်နေရတဲ့ ဂျန်းမဟုတ်ပါဘူး။ လူတစ်ကိုယ် အတွေးပေါင်းသောင်းခြောက်ထောင်ဆိုတဲ့အတိုင်း ဂျန်းရဲ့ ခေါင်းထဲမှာဖြစ်ပျက်နေတဲ့ အတွေးတွေ အသံတွေကို ကိုယ်စားပြုပြီး ပြထားတဲ့ အန်နီမေးရှင်းတွေပါ။ ထက်မြက်တဲ့ ဦးဆောင်နိုင်တဲ့ လူဝင်ဆန့်တဲ့ အားလုံးကချစ်ကြတဲ့ ဂျန်းရဲ့ အတွင်းပိုင်းမှာက ဝရုန်းသုန်းကားဆန်မှုတွေ၊ မလုံမလဲမှုတွေ၊ ကိုယ့်ကိုယ်ကိုယ် မုန်းတီးမှုတွေ၊ နောင်တတွေ၊ ရံဖန်ရံခါ သတ်သေချင်လာတဲ့ နေ့တွေ… ဒါတွေအကြောင်းပေါ့။ ဒီကားကို ခေါ်သွားတဲ့အဓိကပြဿနာက ဂျန်းရဲ့ ငွေရေးကြေးရေး ပြဿနာဆိုပေမဲ့ ကြည့်ရှုသူအနေနဲ့ အဲဒီပြဿနာကို မေ့သွားစေပြီး ဂျန်းရဲ့ ကိုယ်ပိုင်ဘဝ ဂျန်းရဲ့ စိတ်အတွင်းပိုင်းဆီကို ခေါ်ဆောင်သွားပေးပါတယ်။ ပြောရရင် ပိုက်ဆံက ဂျန်းအကြောင်းကို ပိုသိရစေဖို့ အကြောင်းအရင်းလေးတစ်ခုမျှသာပါပဲ။ ဒီကားရဲ့ သာလွန်ချက်က အပေါ်မှာ ပြောခဲ့သလို ဂျန်းရဲ့ အတွင်းစိတ်ထဲကို ဝင်ခွင့်ရတဲ့အချက်ပါပဲ။ အဲဒီတော့ ဂျန်းကြားသလိုကြားရမယ် ဂျန်းမြင်သလိုမြင်ရမယ့်အပြင်ကိုမှ ဂျန်းတွေးနေတာတွေကို ဗီအိုင်ပီခုံကနေ ထိုင်ကြည့်ခွင့်ရသလိုပေါ့။ “ကျုပ်တို့အားလုံးသည် ဂျန်းများသာ” ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...

You Will Not Have My Hate (2022) ⭐IMDB: 6.2/10 (248 Votes) 🎬 #Drama #History 🗓 2022 🎞 movie 🌎 #Germany #France #Belgium ⏰ 1 နာရီ 39 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အန်တိုနီလယ်ရီမှာ မိန်းမနှင့် သားတစ်ယောက်ရှိပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကို ပိုင်ဆိုင်ထားရသူပါ။ တစ်နေ့မှာတော့ သူ့မိန်းမဟာ သူငယ်ချင်းဖြစ်သူနဲ့ ကာတာကလန်ကွင်းမှာ ကျင်းပတဲ့ရှိုးပွဲတစ်ခုကို သွားရောက်ခဲ့တဲ့အခါမှာ အဆိုပါရှိုးပွဲကို အကြမ်းဖက်သမားတွေက ဝင်ရောက်စီးနင်းပြီး အစုလိုက်အပြုံလိုက် သေနတ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်တဲ့နေရာမှာ သေဆုံးသွားခဲ့ပါတော့တယ်။ သူ့ချစ်ရတဲ့ဇနီးသည်သေဆုံးသွားမှန်းသိရတဲ့အခါမှာ အန်တိုနီတို့ သားအဖနှစ်ယောက် ဇနီးသည်ရဲ့သေဆုံးမှုကို လက်ခံနိုင်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။...

Darkland: The Return (2023) ⭐IMDB: 6.7/10 (701 Votes) 🎬 #Action #Thriller 🗓 2023 🎞 movie 🌎 #Denmark ⏰ 1 နာရီ 50 မိနစ် 35 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Darkland: The Return (2023) ~ ပထမပိုင်းမကြည့်ရသေးသူများအတွက် Spoiler ပါ၀င်သည် ~ ဒီကားလေးကတော့ ၂၀၁၇နှစ်ကထွက်ရှိခဲ့တဲ့ ဒိန်းမတ်အက်ရှင်ဒရာမာကားDarklandရဲ့အဆက်လေးပါ။ လွန်ခဲ့တဲ့(၇)နှစ်က ညီဖြစ်သူအတွက် တရားမျှတမှုရှာရင်း ဇိတ်တစ်ယောက် ဆရာ၀န်ဘ၀ ဇနီးဖြစ်သူနဲ့သားလေး အကုန်ဆုံးရှုံးလိုက်ရပြီး ထောင်ထဲမှာအချိန်ကုန်နေရပါတယ်။ တစ်ရက်ကျတော့ အမျိုးသားလုံခြုံရေးအရာရှိတစ်ဦးရောက်လာပြီး ဂိုဏ်းတစ်ခုထဲမှာ သူလျှိုအဖြစ်လုပ်ပေးရင် လွတ်လပ်ခွင့်ရမယ်လို့ကမ်းလှမ်းလာပါတယ်။ ဇိတ်ကလည်း သားဖြစ်သူနဲ့ ပြန်နီးစပ်နိုင်ဖို့ လက်ခံဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာတော့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ Rating ကောင်းတွေရထားရုံတင်မက အရင်ကားထက် ဒီ Sequel က ပိုကောင်းတယ်ဆိုတဲ့ Review ကောင်းတွေလည်းရထားတဲ့အတွက် အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...

A Day and a Half (2023) ⭐IMDB: 5.9/10 (2 k Votes) 🎬 #Action #Drama #Thriller #Mystery 🗓 2023 🎞 movie 🌎 #Sweden ⏰ 1 နာရီ 36 မိနစ် 41 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆွီဒင်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့ရှိ ဆေးရုံတစ်ရုံကို ဒေါသထွက်နေတဲ့ လူတစ်ယောက် ရောက်လာပြီး ဆေးရုံဝန်ထမ်းဖြစ်တဲ့ သူ့မိန်းမနဲ့ တွေ့ခွင့်တောင်းပါတယ်။ ကောင်တာက အမျိုးသမီးဖြစ်သူစောင့်ခိုင်းတာတောင် စိတ်မရှည်ဖြစ်လာပြီး ထိုသူဟာ သေနတ်နဲ့ ထုတ်ချိန်ပြီး သူ့မိန်းမကို အတင်းအကြပ်ခေါ်ခိုင်းပါတော့တယ်။ အဲဒီ နောက် ရဲတွေရောက်လာချိန်မှာတော့ သူ့မိန်းမကို ပြန်ပေးဆွဲပြီး ဓါးစာခံလုပ်ပါတော့တယ်။ ဒီလူ အခုလိုဆေးရုံမှာ အတင်းပြန်ပေးဆွဲတာက ဘာကြောင့်လဲ၊ သူ ဒေါသထွက်စရာအကြောင်းကရော တကယ်ဒေါသ ထွက်စရာလား၊ သူ့ မိန်းမကိုရော သူဘာလုပ်ပစ်မှာလဲ ဆိုတာကို စိတ်ဝင်စားစရာရိုက်ကူးထားပါတယ်။ အစပိုင်းမှာ ဒီလိုလုပ်ရပ်ကို ရှုတ် ချစရာဖြစ်ခဲ့ပေမယ့် ပြန်ပေးသမားရဲ့ ဘဝအကြောင်းကို ပြောရင်း ပြောပြရင်း သူ့နေရာမှာ ငါသာဆို ဒီလိုပဲဖြစ်သွား နိုင်မလားဆိုတဲ့ အတွေးဝင်လာနိုင်အောင် ဖော်ကျူးထားတဲ့ဇာတ်လမ်းလေးပါ။ ဒီဇာတ်လမ်းမှာ ပြန်ပေးသမား၊ ပြန်ပေးသမားရဲ့မိန်းမနဲ့ ရဲသားတစ်ယောက်ပဲ အဓိကပါဝင်ပါတယ်။ ဒါပေ မယ့် ဒီ ၃ ယောက်တည်းနဲ့ ဇာတ်လမ်းတစ်ခုလုံးဟာ ပြည့်စုံသွားပါတယ်။ သူတို့ ၃ယောက်ရဲ့ ဘဝအနိမ့်အမြင့်တွေ ကိုကြည့်ရှုခံစားရင် ကိုယ့်ကိုယ်တိုင်လည်း သူတို့နေရာရောက်သွားသလို ခံစားရနိုင်တဲ့ ဇာတ်ကားကောင်းလေး ဖြစ် ပါတယ်။...

Special Forces (2011) ⭐IMDB: 6.3/10 (19 k Votes) 🎬 #Action #Drama #War 🗓 2011 🎞 movie 🌎 #France ⏰ 1 နာရီ 49 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီ Special Forces ဇာတ်ကားကတော့ ရုပ်မြင်သံကြားမှာ ကိုယ့်တွေ့မှတ်တမ်းတွေရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီဖင်ရိုင်ဘိုဂျက် က စီစဉ်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာက ဒီဇာတ်ကားကို ရိုက်ဖြစ်ပုံက သူ့ငယ်စဥ်ကတည်းက ဝါသနာ ဖြစ်တဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေလုပ်ရင်းနဲ့ တချို့ဇာတ်ကားတွေ ရိုက်ကူးမှုတွေမှာ ကာကွယ်ရေးဌာနနှင့် ဆက်ဆံလာရပြီး စစ်တပ်အပေါ် ယခင်က စဉ်းစားပုံတွေပြောင်းလာပြီး စစ်သားတွေရဲ့ စုပေါင်းအလုပ်လုပ်ပုံတွေကို စိတ်ဝင်စားလာတာကြောင့် စစ်သားတွေရဲ့ သက်စွန့်ဆံဖျားကြိုးစားကြရပုံကို တင်ပြဖို့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဇာတ်လမ်း ကတော့ ပြင်သစ်နိုင်ငံသူဖြစ်တဲ့ သတင်းသမား အယ်လ်ဆာခါဆာနိုဗာဟာ အာဖဂန်နစ်စတန်က ငယ်ငယ်ကတည်းကရောင်းစားခံလိုက်ရပြီး တာလီဘန်တွေရဲ့ ဖိနှိပ်အကြမ်းဖက်မှုတွေ ခံရတဲ့ မိန်းကလေးမိုင်နာ ရဲ့ အ‌‌‌ခြေအနေကို လိုက်လံသတင်းယူရင်း တာလီဘန်တွေရဲ့ ဖမ်းဆီးမှုကို ခံရပါတယ်။ ဒီလိုအ‌ခြေအနေမှာ တာလီဘန်တွေက ဓားစာခံ‌တွေရဲ့ အသက်ကို ခြိမ်းခြောက်တာတွေလုပ်လာတာကြောင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီးဌာနက အထူးတပ်ဖွဲ့ကို စေလွှတ်ပြီး ပြင်သစ်သူသတင်းသမားကို တာလီဘန်တွေရဲ့ လက်ထဲက ကယ်ထုတ်ဖို့ စေလွှတ်လိုက်ပါတယ်။ ဒါပေမယ့် စီစဉ်ထားသလို ဖြစ်လာမလား ဆိုတာကိုတော့ ဒီဇာတ်ကားမှာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အဖြစ် ၁၀ ဦးခန့်ပါဝင်ပြီး နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ Benoit Magimelကထစ်ထကခ်အဖြစ်၊ ( နာမည်ကျော်ပြင်သစ်သရုပ်ဆောင် ) ၊ Diane Kruger ( နာမည်ကျော်ဂျာမန်သရုပ်ဆောင်အမျိုးသမီး)က အယ်လ်ဆာအဖြစ် ၊ Djimon Hounsou (နာမည်ကျော် အမေရိကန် – ဘီနစ် လူမျိုးသရုပ်ဆောင်) က အထူးတပ်ခေါင်းဆောင် ကိုဗက်စ်အဖြစ် ၊ Denis Ménochet (နာမည်ကျော်ပြင်သစ် သရုပ်ဆောင်) က လု့ခ် အဖြစ် ၊ Alain Figlarz (နာမည်ကျော်ပြင်သစ်စတန့်မင်းသား )က ဗစ်တာအဖြစ် ၊ Marius (ပြင်သစ်စစ်တပ်က စစ်ရေးနည်းပြ )က မားရီးယက်စ် ၊ Raphaël Personnaz (နာမည်ကျော်ပြင်သစ်သရုပ်ဆောင် )က အဲလိယက်စ်အဖြစ် ပါဝင်တာဖြစ်လို့ သရုပ်ဆောင်တဲ့အပိုင်းမှာတော့ ယုံကြည်စိတ်ချစွာနဲ့ ကြည့်ရှုနိုင်ပါတယ်။ imdb rating 6.3 ရထားပြီးတော့ ၂၀၁၃ ခုနှစ်အတွက် NAACP မှာ ဓာတ်ပုံဆုအတွက် တင်သွင်းခံရတဲ့ဇာတ်ကားဖြစ်လို့ စစ်ကားတွေ ကြည့်ရှူတတ်တဲ့ပရိတ်သတ်တွေ ကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်တယ်လို့ ညွှန်းဆိုလိုက်ပါတယ်။...

Sitting in Bars with Cake (2023) ⭐IMDB: 6.5/10 (553 Votes) 🎬 #Comedy #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 33 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 “အခက်ခဲဆုံးအချိန်တွေမှာ ဘေးနားမှာရှိနေပေးတဲ့သူကမှ စစ်မှန်တဲ့သူငယ်ချင်း” ဆိုတဲ့အတိုင်းပဲ ကိုယ်ကောင်းစားနေတုန်းကတော့အနားမှာရှိနေပေမဲ့ အခက်အခဲကြုံလာတဲ့အခါ တကယ့်သူငယ်ချင်းစစ်စစ်ပဲကျန်ခဲ့ပြီး ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြတဲ့ fake friend တွေနဲ့ကြုံဖူးကြမှာပါ ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းနှစ်ယောက်ကြားကစစ်မှန်တဲ့ သံယောဇဉ်ကိုအသားပေးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ် IMDb 6.5 ရရှိထားပြီး ဒီနှစ်အတွင်း ကြည့်ရှုသူဆက်တိုက်မြင့်တက်လာနေတဲ့ ဇာတ်ကားဆိုရင်လည်းမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့…. Jane နဲ့ Corrinne တို့ဟာငယ်ကတည်းကခင်လာခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်လာတဲ့အထိအတူတူကြီးပြင်းလာခဲ့ကြတာပါ Corrinne ကတော့အပြင်ထွက်ရတာကြိုက်ပြီးအပေါင်းအသင်းများပေမဲ့ Jane ကတော့အရှက်ကြီးတဲ့စာဂျပိုးတစ်ယောက်ဖြစ်ပါတယ် တစ်နေ့တော့ Corrinne ရဲ့မွေးနေ့အတွက်ဘားတစ်ခုမှာ သွားကဲကြရင်း ဘားမှာကိတ်မုန့်တွေကျွေးတာက Jane ကိုလူတွေစိတ်ဝင်စားလာစေတယ်ဆိုတာကို သတိထားမိသွားပါတော့တယ် ဒီလိုနဲ့သူတို့သူငယ်ချင်းတွေစုပြီး “Cakebarring” ဆိုတဲ့ဘားတွေကိုကိတ်မုန့်ယူသွားပြီး Jane အတွက်ကောင်လေးရှာပေးဖို့ ပရောဂျက်ကြီးကိုစတင်လိုက်ပါတော့တယ် အားလုံးအဆင်ပြေချောမွေ့နေခဲ့ပေမဲ့ ရုတ်တရက် Corrinne တစ်ယောက်ဦးနှောက်အကျိတ်ကြောင့်ဆေးရုံတင်လိုက်ရပြီး ကင်ဆာရောဂါဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့….. ကင်ဆာရောဂါကလူကိုတစ်စတစ်စတိုက်စားနေပေမဲ့ Corrinne ကတော့ဘေးမှာအမြဲရှိနေပေးတဲ့သူငယ်ချင်းကြောင့် လုံးဝ အားမငယ်ခဲ့ရပါဘူး Corinne တစ်ယောက်ကင်ဆာရောဂါကိုတိုက်ထုတ်ရင်း သူတို့ကတိပေးထားတဲ့ “Cakebarring” ပရောဂျက်ကိုပြီးဆုံးအောင်လုပ်နိုင်ပါ့မလား သူတို့သူငယ်ချင်းနှစ်ယောက်သား ခက်ခဲတဲ့အချိန်တွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ ဆိုတာကို ကြည့်ရှူရမှာပါ...

Amandla (2022) ⭐IMDB: 5.6/10 (448 Votes) 🎬 #Crime #Drama 🗓 2022 🎞 movie 🌎 #SouthAfrica #Canada ⏰ 1 နာရီ 47 မိနစ် 5 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Amandla ဆိုတာက အင်အားလို့ အဓိပ္ပါယ်ရပြီး သူတို့လူမျိုးတွေ ကိစ္စကြီးတွေ မလုပ်ခင် ရဲဆေးတင်တဲ့အနေနဲ့ အားမာန်ပြည့်အောင် အသုံးပြုတဲ့စကားပါတဲ့။ ဒီဇာတ်လမ်းထဲမှာတော့ စစ်မှန်တဲ့အင်အားဆိုတာ ဘယ်လိုမျိုးကိုခေါ်တာလဲဆိုတာကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ အင်ပီနဲ့ ခိုဆာနာက သိပ်ချစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်ဖြစ်ပြီး အနေအေးတဲ့ လူမည်းမိသားစုမှာ မွေးဖွားလာသူတွေပါ။ သူတို့ အလုပ်လုပ်တဲ့ လယ်ကွင်းပိုင်ရှင် လူဖြူက သူတို့ကိုစာနာသနားပြီး အလုပ်ရှင်ကောင်းတစ်ယောက်ပီသစွာဆက်ဆံခဲ့သလို သူ့သမီးလေး အဲလီဇဘက်ကလည်း အင်ပီ့ကို အကြင်နာပိုခဲ့တယ်ပေါ့လေ။ ဒါပေမဲ့ အင်ပီ့ရဲ့ ၁၁ နှစ်ပြည့်မွေးနေ့မှာ မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးကြီးက သူတို့ မိသားစုဆီကို ကျရောက်ခဲ့ပြီး သူတို့ညီအစ်ကိုက အမေနဲ့အဖေကို ဆုံးရှုံးလိုက်ရပါတော့တယ်။ ဒီလိုနဲ့ ညီအစ်ကို နှစ်ယောက်သား ခြေဦးတည့်ရာလျှောက်သွားရင်း ငတ်တစ်လှည့်ပြတ်တစ်လှည့်နဲ့ ဖြစ်နေခဲ့တာမို့ အစ်ကိုကြီးအင်ပီက သူ့ညီလေးကို စောင့်ရှောက်ဖို့အရေး မလွှဲမရှောင်သာဘဲ ခိုးဝှက်တဲ့အလုပ်ကို လုပ်ခဲ့ရပါတော့တယ်။ အချိန်တန်အရွယ်ရောက်လာလို့ ညီဖြစ်သူက ရဲလုပ်မယ်ဆိုတာမို့ အစ်ကိုကြီးနဲ့ ခွဲနေဖို့ဖြစ်လာပြီး အင်ပီတစ်ယောက်လည်း ကိုယ်ဝန်ရှိနေတဲ့ ချစ်ရသူနဲ့ တစ်အိုးတစ်အိမ် ထူထောင်မယ်လုပ်တဲ့အခါ မထင်မှတ်ထားတဲ့ ကံကြမ္မာအလှည့်အပြောင်းကြောင့် ဒုစရိုက်ဂိုဏ်းတစ်ခုထဲ ရောက်သွားခဲ့ရပါတော့တယ်။ ဒုစရိုက်ဂိုဏ်းထဲရောက်ပြီး ပထမဆုံးလုပ်ရတဲ့အလုပ်မှာ မမျှော်လင့်ဘဲ ငယ်စဉ်က ကွဲကွာခဲ့ရတဲ့ အဲလီဇဘက်နဲ့ ပြန်တွေ့ခဲ့ပေမယ့် ထင်ထားသလို တွေ့ဆုံမှုမျိုးတော့ မဟုတ်နိုင်ခဲ့ပါဘူး။ အဲဒီလိုနဲ့ပဲ ရဲဖြစ်သူ ညီနဲ့ ဒုစရိုက်သမားအစ်ကိုတို့ ပြန်တွေ့ကြတဲ့အခါ အလင်းနဲ့အမှောင်၊ အဖြူနဲ့အမည်းကြား သိပ်ချစ်ကြတဲ့ညီအစ်ကိုနှစ်ယောက် ဘယ်လို ရင်ဆိုင်ကြမလဲ။ အင်ပီကရော ဘာလို့ဒုစရိုက်ဂိုဏ်းကြီးထဲ ဝင်ရောက်သွားခဲ့တာလဲ။ အဲလီဇဘက်နဲ့ရော ဘယ်လိုပြန်တွေ့ခဲ့ကြတာလဲ။ ဘယ်လိုပြစ်မှုတွေကို ကျူးလွန်ခဲ့ပြီး ညီဖြစ်သူ ရဲနဲ့ တွေ့တဲ့အခါ နောက်ဆုံးမှာရော ဘယ်လိုအဆုံးသတ်ကြမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ)...

Flight (2012) ⭐IMDB: 7.3/10 (368 k Votes) 🎬 #Drama #Thriller 🗓 2012 🎞 movie 🌎 #UnitedStates #UnitedArabEmirates #UnitedStatesofAmerica ⏰ 2 နာရီ 19 မိနစ် 20 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Flight(2012) IMDb….7.3,,,,,Rotten….78% Denzel Washingtonက လေယာဉ်ပိုင်းလော့ တစ်ယောက်…..တစ်ရက်ကျတော့ သူတာဝန်ယူမောင်းနှင်တဲ့ ခရီးသည်တင် လေယာဉ်ဟာ စက်ချို့ယွင်းမှုဖြစ်ပြီး လေယာဉ်ပျက်ကျပါတော့တယ် …ဒါပေမယ့်သူဟာ ကျွမ်းကျင်မှူနဲ့အခြေအနေပေါ်မူတည်ပြီးစွန့်စားမှုတွေပြုလုပ်ခဲ့လို့ လေယာဉ်ဟာ အကောင်းမွန်ဆုံးဆင်းသက်နိုင်ခဲ့တယ်…လူအနည်းငယ်သာ သေဆုံးခဲ့ရပြီးသူလည်း  ပြည်သူတွေအတွက် Heroတစ်ယောက်ဖြစ်လာခဲ့ပါတယ်….လေယာဉ်ပျက်ကျစဉ်ကဒဏ်ရာကြောင့်သူဆေးရုံတက်ခဲ့ရတယ် …ခင်ဗျားတို့အနေနဲ့ ဇာတ်လမ်းတစ်ခုလုံးပြောလိုက်တယ်လို့ထင်နေလိမ့်မယ်..အပေါ်ကပြောခဲ့တဲ့ဖြစ်စဉ်ဟာ အစပိုင်း မိနစ်(၂၀)လောက်မှာပဲဖြစ်သွားတာ…သူဆေးရုံကဆင်းပြီးတဲ့အချိန်မှာ တကယ့်ဇာတ်လမ်းက စတော့တာပဲ …သူ့ကို စုံခုံဖွဲ တရားရုံးတင်တော့တာပဲ…လူတွေကယ်တင်နိုင်ရဲ့သားနဲ့ဘာကြောင့်တရားရုံးတင်ခံရတာလဲ…သူဘာတွေများလုပ်ခဲ့လို့လဲ…သူကရော ဒီအမှုတောကြီးကနေရုန်းထွက်နိုင်ပါ့မလား..Denezl Washington ကားတွေက သိတဲ့အတိုင်း ကားတိုင်းနီးပါးပြန်ကြည့်လည်းမရိုးနိုင်ပါဘူး…သူ့ရဲ့ အရှိန်အဝါနဲ့တင် ဇာတ်အိမ်မကောင်းရင်တော့ကြည့်ရတာရသမြောက်နေတတ်တာမျိုးပေါ့..ဒီကားက ဇာတ်အိမ်လည်းအတော်ကောင်းပါတယ်..ပြသချိန် ၂နာရီ၁၈မိနစ်ကို ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်နေရတာပါ…ဒီကားရဲ့ဒါရိုက်တာကတော့Forrest Gump, Cast Awayတို့လိုကားမျိုးတွေရိုက်ကူးတဲ့ Director Robert Zemeckisပါ ။...

Old Flame (2022) ⭐IMDB: 5.5/10 (52 Votes) 🎬 #Thriller #Drama 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 51 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီဇာတ်ကားက ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ပဲနဲ့ တစ်မူထူးခြားနေတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဘယ်လိုထူးခြားတာလဲဆိုရင် ဇာတ်ကားတစ်ကားလုံးမှာ သရုပ်ဆောင်တွေ အများကြီးမပါဝင်ပဲ နှစ်ယောက်ပဲပါဝင်တဲ့အပြင် ဇာတ်ဝင်ခန်းတွေအများကြီးမပါပဲ သုံးခန်းပဲ ပါဝင်တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ကယ်လ်ဗင်ဆိုတဲ့ လူတစ်ယောက်ကကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲ လုပ်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ရေချယ်လာနာဆိုတဲ့သူ့ရဲ့ကျောင်းတုန်းကရည်းစားဟောင်းနဲ့ တွေ့ခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့လဲရှေးဟောင်းနှောင်းဖြစ် စကားတွေပြော ဖြစ်ကြပါတော့တယ်။ဒီဇာတ်ဝင်ခန်းအထိကတော့ ဘာမှထူးထူးခြားခြားမရှိ သေးပါဘူး။ဒါပေမယ့် ဒုတိယဇာတ်ဝင်ခန်းမှာ ရေချယ်နဲ့ကယ်လ်ဗင်တို့က ဘားတစ်ခုဆီရောက်သွားခဲ့ပြီး စကားပြောဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီမှာ ရေချယ်ရဲ့ စကားတွေက တောင်ရောက်မြောက်ရောက်တွေ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ မူမမှန် ဖြစ်လာတာကို ကယ်ဗင်တစ်ယောက်သတိထားမိလာပါတော့တယ်။ အမှန်တော့ ကယ်ဗင်က ရေချယ်ကိုကျောင်းမှာတုန်းက မုဒိမ်းကျင့်ခဲ့တယ်လို့ ရေချယ်က ထင်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မလို့လဲသူတို့တွေလမ်းခွဲဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့လဲအဲ့ဒီအကြောင်းကို အချေအတင်ပြောဖြစ်ခဲ့ကြပြီး ဇာတ်ဝင်ခန်း သုံးကို ရောက်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...

Beautiful Sister (2019) ⭐TMDB: 80.0% User Score 🎬 #Adult #Drama #Romance 🗓 2019 🎞 Movie 🌎 #SouthKorea ⏰ 1 နာရီ 38 မိနစ် 43 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ********************** ကောင်လေးတစ်ယောက်ဟာ ရုပ်လေးချောသလောက် ကျောင်းတွင်းအနိုင်ကျင့်ခံနေရတယ်.. ဒါကိုအိမ်နီးချင်းမမက စေတနာတွေပိုပြီး ကျောင်းတွင်းကျောင်းပြင်လိုက်ကာကွယ်ပေးနေရတယ်… ဒီကောင်လေးအရွယ်ရောက်လာသလို မမကလည်း နွေရာသီမှာ ကူးတဲ့ရေဆေးငါးကြီးလို လှပစွင့်ငှါးလို့ပေါ့..ဒီနောက်မှာတော့ ၃ပွင့်ဆိုင်အချစ်လှလှလေး မောင်လေးနဲ့မမကြား ကောင်မလေးတစ်ယောက်ဝင်လာတဲ့အခါမှတော့…...

It's Quieter in the Twilight (2022) ⭐IMDB: 7.8/10 (77 Votes) 🎬 #Documentary 🗓 2022 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 25 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 It’s Quieter in the Twilight (2022)=========================IMDb Rating – 7.8/10 အာကာသထဲမှာရှိတဲ့ဂြိုဟ်တွေအကြောင်း စိတ်ဝင်စားကြတဲ့သူတွေ၊အထူးသဖြင့် တိုးတက်နေတဲ့ သိပ္ပံနည်းပညာတွေနောက်ကို လိုက်နေကြတဲ့သူတွေအဖို့ ဒီမှတ်တမ်းရုပ်ရှင်က ရတနာသိုက်တစ်ခုပါပဲ။ ပေးရတဲ့အချိန်နဲ့ တန်တဲ့ information တွေ knowledge တွေကို ရချင်တယ်ဆိုရင်တော့ must watch ပါပဲလို့ ထပ်ပြီးညွှန်းပေးချင်ပါတယ်။ 1977 ခုနှစ်မှာ NASA က Jupiter နဲ့ Saturn ဂြိုဟ်နှစ်လုံးကို စူး‌စမ်းလေ့လာဖို့အတွက် Voyager 1 နဲ့ Voyager 2 ဆိုတဲ့ အာကာသယာဉ်နှစ်စင်းကို လွှတ်တင်ခဲ့ပါတယ်။ ပထမမစ်ရှင်ကတော့ ဒီဂြိုဟ်နှစ်လုံးကိုလေ့လာဖို့အတွက်ပါပဲ။ ဒါပေမဲ့ Jupiter ရဲ့ လပေါ်မှာ မီးတောင်ရှင်တွေရှိနေတာရယ်၊ Saturn ရဲ့ ကွင်းတွေကြားက ရှုပ်ထွေးမှု ပုံသဏ္ဍာန်တွေကြောင့် ထပ်ဆောင်းမစ်ရှင်‌တွေ ရှိလာခဲ့ပါတယ်။ Voyager 2 က Uranus, Neptune ဂြိုဟ်တွေနဲ့ တွေ့ဆုံမှုကို အောင်မြင်သွားပြီး ထပ်မံစူးစမ်းလေ့လာမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ သူကတော့ ပြင်ပဂြိုဟ်တွေဆီ သွားရောက်နိုင်ခဲ့တဲ့ တစ်စင်းတည်းသော အာကာသယာဉ်အဖြစ် အခုချိန်ထိ ရပ်တည်နေတုန်းပါ။ ဒါ့အပြင် 2012 August လမှာVoyager 1 က interstellar space ထဲကို ဝင်ရောက်နိုင်ခဲ့ပြီး၊ 2018November လမှာတော့ Voyager 2 က ဆက်လက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်မှာတော့ အခုလိုအောင်မြင်ခဲ့တဲ့ မစ်ရှင်တွေရဲ့နောက်ကွယ်က Voyager အဖွဲ့သား သိပ္ပံပညာရှင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေကို တွေ့မြင်ကြရမှာပါ။ မစ်ရှင်တွေအကြောင်း အသေးစိတ်ရှင်းပြချက်တွေနဲ့အတူ အဖြေရှာရခက်တဲ့ အာကာသထဲက ပုစ္ဆာ‌တွေအကြောင်းလည်း မျက်မြင်တွေ့ရပါလိမ့်မယ်။ (ပရိသတ်တို့ စိတ်ဝင်စားကြမယ်ဆိုရင်တော့ Voyager နှစ်စင်းရဲ့ အကွာအဝေးတွေ၊ ပတ်လမ်းတွေကို Voyager JPL NASA website ကနေ တိုက်ရိုက်ကြည့်ရှုလို့ရတဲ့အကြောင်း သတင်းပါးလိုက်ချင်ပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့May Thet Khine Soe ဖြစ်ပါတယ်)...

Home (2015) ⭐IMDB: 6.5/10 (109 k Votes) 🎬 #Animation #Comedy #Family #Fantasy #ScienceFiction #Adventure #SciFi 🗓 2015 🎞 movie 🌎 #USA #UnitedStates #India #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 20 စက္ကန့် 👑 Gold Channel Movies ဇာတ်ညွှန်း 📜 When Earth is taken over by the overly-confident Boov, an alien race in search of a new place to call home, all humans are promptly relocated, while all Boov get busy reorganizing the planet. But when one resourceful girl, Tip, manages to avoid capture, she finds herself the accidental accomplice of a banished Boov named Oh. The two fugitives realize there’s a lot more at stake than intergalactic relations as they embark on the road trip of a lifetime....

Archana 31 Not Out (2022) ⭐IMDB: 5.7/10 (800 Votes) 🎬 #Bollywood #Comedy #Drama 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Archana 31 Not Out (2022) IMDb-5.7/10 “ကျွန်မဘဝကို ဗေဒင်ဆရာရော မင်္ဂလာအကျိုးဆောင်ရော ဘယ်သူမှဝင်ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး” ဆိုတဲ့အသက် ၂၈ ရောက်နေတဲ့ ကျောင်းဆရာမလေး အာချနာ သူငယ်ချင်းတွေ အနီးနားကရွယ်တူအမျိုးသမီးလေးတွေ အိမ်ထောင်တွေကျသားသားမီးမီးလေးတွေရနဲ့ ပျော်ရွှင်တဲ့ဘဝလေးတွေပိုင်ဆိုင်နေကြချိန်မှာအာချနာတစ်ယောက်ကတော့ မိသားစုအတွက်အလုပ်တွေကြိုးစားလုပ်ရင်းအချစ်ရေးအိမ်ထောင်ရေးတွေမေ့ပြီး အပျိုကြီးဘဝထဲ ဝင်မှန်းမသိဝင်လာတဲ့အချိန် မင်္ဂလာအကျိုးဆောင်နဲ့ ဘဝလက်တွဲဖော်ကိုရှာတဲ့ချိန်မှာလည်းအကြောင်းပြချက်ပေါင်းများစွာနဲ့ ၃၁ ကြိမ်တိုင် အဆင်မပြေတေ့လွဲလေးတွေလွဲနေခဲ့တယ် အချစ်ဆိုတာလိုက်ဖမ်းရင်းပတ်ပြေးတတ်ပြီး ငြိမ်နေရင်တည့်တည့်လာတိုးတတ်တဲ့အရာမလား အာချနာရောနဖူးစာရွာလည်ပြီး ဖူးစာဘက်နဲ့တွေ့သွားမလား အပျိုကြီးအဖြစ်နဲ့ပဲတစ်သက်လုံးစာသင်တဲ့ဆရာမလေးလုပ်သွားတော့မလား… ဘာဝါဒီဝါဒတွေမှ မပါဘဲ ဘဝဆန်ဆန်ဆရာမလေးအကြောင်းဟာသဒရာမအရောလေးနဲ့ခံစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့V ~ BpL ~ Moon ~ Zwe Yan ~ Yunni တို့ပဲဖြစ်ပါတယ်...

7:11 PM (2023) ⭐IMDB: 6.7/10 (2 k Votes) 🎬 #Action #Bollywood #SciFi #Thriller #ScienceFiction 🗓 2023 🎞 movie 🌎 #India #Australia ⏰ 2 နာရီ 10 မိနစ် 38 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 711 PM (2023) IMDb- 7.1/10 ယခုတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့အိန္ဒိယဇာတ်ကားထဲမှာ ရှားရှားပါးပါး Genere Sci-Fi အမျိုးအစားပဲဖြစ်ပါတယ် ဒီ‌တီလဂူးရုပ်ရှင်က ပုံမှန်ရိုက်နေကျပုံစံမဟုတ်ပဲ သိပ္ပံရုပ်ရှင်ဆိုပေမဲ့ချာတူးမလန်သွားတဲ့အပြင် rating 7.1/10 ထိရရှိထားပါတယ်သိပ္ပံရုပ်ရှင်ဆိုပေမဲ့ space ship တွေ တဝီဝီနဲ့ light saber တွေထုတ်ပြီး ခုတ်ကြမဲ့ Sci-Fi အမျိုးအစားတော့မဟုတ်ပါဘူး အနာဂတ် 2400ခုနှစ်မှာ အခက်အခဲကြုံနေရတဲ့ လူသားမျိုးနွယ်ဟာ အတိတ်ကိုအချိန်ခရီးသွားပြီး အဖြေရှာတော့ သူတို့ပြသနာကိုဖြေရှင်းပေးနိုင်တဲ့ တီထွင်မှုတစ်ခုရှိနေတာကို သိလိုက်ရပါတယ် မျက်မှောက်ခေတ် 1999 ခုနှစ်မှာလည်း အဲဒီမြို့လေးမှာ အိန္ဒိယထုံးစံအတိုင်းနိုင်ငံရေးတွေ အာဏာတွေပါဝါတွေနဲ့ တိုင်ပတ်နေတဲ့အခါမှာတော့ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ရှုစားကြရမှာပါSci-Fi ကားဆိုပေမဲ့ အိုဗာတွေတလွဲတွေ သိပ်မပါပဲခိုင်မာတဲ့ ဇာတ်အိမ်နဲ့ အကွက်ကျကျရိုက်ကူးပြထားတာမို့ပရိသတ်များခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ပေးထားတာကတော့ BpL~ Saii ~ Zwe V ~YH တို့ပဲဖြစ်ပါတယ်...

Happy Ending (2023) ⭐IMDB: 5.4/10 (734 Votes) 🎬 #Adult #Drama #Romance #Comedy 🗓 2023 🎞 movie 🌎 #Netherlands ⏰ 1 နာရီ 33 မိနစ် 56 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ************************* (18+မို့ မိသားစု နဲ့အတူမကြည့်သင့်ပါဘူး.) မင့်ခ်ခေါ် မင်ကီနဲ့ လူနာ(လွန်း)တို့ဟာ သိပ်ချစ်ကြတဲ့စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့အတွဲဟာ ချစ်ကြိုက် လာကြတာ တစ်နှစ်ရှိသွားပြီဖြစ်ပြီး ကိုယ်စီကိုယ်စီ အလုပ်လုပ်ရင်း လက်မထပ်ဘဲ Living Together ဘဝနဲ့ဖြတ် သန်းနေပါတယ်။ Living Together ဖြစ်ပေမယ့် မိန်းကလေးဖြစ်သူ လူနာ ခေါ် လွန်းဟာ လိင်ဆန္ဒပြီး‌မြောက်မှု (Organism) ကို ခံစားဖူး ခြင်းမရှိတဲ့အတွက် မင့်ခ်နဲ့ ဆက်ဆံရတာကို အနည်းငယ်ကသိကအောက်ဖြစ်နေပါတယ်။ ဒီလိုနဲ့ပဲ တစ်ရက်မှာ သူငယ်ချင်းတွေရဲ့ အကြံပေးမှုကနေ သူတို့အတွဲဟာ အတွေ့အကြုံသစ်တစ်ခု၊ ဆက်ဆံမှု ပုံစံအသစ်တစ်ခုကို စမ်း ကြည့်ဖို့ စိတ်ကူးရသွား ပါတယ်။ သူတို့စမ်းကြည့်မယ့် ဆက်ဆံမှုပုံစံသစ်ကတော့ သီရိစံ(Threesome၊ လိင်ဆက်ဆံဖော် ၃ ယောက်နဲ့ဆက်ဆံ)တာပါပဲ။ အဲ့အတွေ့အကြုံသစ်ကိုခံစားအပြီးမှာတော့ သူတို့အတွဲရဲ့ အချစ်ရေးကြားမှာ မျှော်လင့်မထားတာတွေဖြစ်လာပါတော့တယ်။ လူနာလိုချင်တဲ့ Organismကို သီရိစံနည်းလမ်းနဲ့ အဖြေရှာ နိုင်မလား၊ သူတို့အတွဲရဲ့ ဆက်ဆံရေးအလှည့်အပြောင်း ဘယ်လိုဖြစ်သွားမှာလဲဆိုတာ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြပါခင်ဗျာ။...

Watching the Detectives (2007) ⭐TMDB: 66.0% User Score 🎬 #Comedy #Romance 🗓 2007 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 30 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Batman franchise နဲ့ Peaky Blinders ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသား Cilian Murphy ရဲ့ 2007 ထွက် Watching The Detectivesဆိုတဲ့ အချစ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ နီးလ်က ဗီဒီယိုခွေအငှားဆိုင်သေးသေးလေးရဲ့ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သူ့တစ်ဘဝလုံးကို ဇာတ်ကားတွေကြည့်ရင်း ကုန်ဆုံးလာခဲ့သလို သူ့ရဲ့ထူးဆန်းတဲ့ဝါသနာနဲ့အမြင်ကြောင့် ဘယ်စော်နဲ့မှမမြဲတဲ့ လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ ဇာတ်ကားကြည့်မလား စော်နဲ့လည်မလားဆိုရင်တောင် ဇာတ်ကားပဲကြည့်မဲ့သူမျိုးမို့ စော်မမြဲတာလည်း မဆန်းဘူးပေါ့ဗျာ။ ဗိုင်အိုလက်ကတော့ တစ်ရက်မှာ သူ့ဆိုင်ကိုခွေလာငှားရင်း သိကျွမ်းခွင့်ရခဲ့တဲ့ ထူးခြားတဲ့မိန်းကလေးတစ်‌ယောက် ဖြစ်ပါတယ်။ ငြိမ်ငြိမ်လေးမနေတတ်ဘဲ စွန့်စားခန်းတွေဖွင့်ရတာကိုနှစ်သက်ပြီး သူနဲ့ဝါသနာတစ်စက်ကလေးမှမတူတဲ့ ဗိုင်အိုလက်က သူ့ရဲ့ကိုယ်ရေးကိုယ်တာတွေကိုလည်း ဘာမှပေးမသိထားတာကြောင့် ‌နီးလ်အတွက်တော့ ပဟေဠိတစ်ပုဒ်လိုပါပဲ။ ပဟေဠိဆန်တာတွေကိုမှ စွဲလမ်းတတ်တဲ့လူ့သဘာဝအရ နီးလ်ဟာ ဗိုင်အိုလက်အပေါ်မှာ ထူးထူးခြားခြားငြိတွယ်သွားခဲ့ပါတယ်။ IMDB rating 6.2 အထိရရှိထားပြီး ငယ်ငယ်ကခွေအငှားဆိုင်မှာ ဗီဒီယိုအခွေတွေငှားပြီး အိမ်မှာကြည့်ခဲ့ရတဲ့ငယ်ဘဝကို ပြန်လွမ်းဆွတ်သွားစေမဲ့ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါပဲ။...