ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Housewife Dealer (2020)
⭐IMDB: 7.9/10 (18 Votes)
🎬 #Adult #Uncategorized #Drama #Romance
🗓 2020 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 15 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
***************************မော်ဒယ်လေး Seung Ha အဓိကပါဝင်ထားပါတယ်…ကန်ထရိုက်လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဂီဆူဟာ တရုတ်ကိုရီးယားမလေးတစ်ယောက်ကို
အိမ်ခေါ်လာပြီးတော့ ဇနီးအဖြစ် ပေါင်းသင်းနေပါတယ် ဒါပေမဲ့ တစ်နေ့တော့ ညီဖြစ်သူက
အိမ်ကို ဆန်အိတ်လာပိုရင်း သူ့ဇနီးသည် တရုတ်မ အချောအလှလေးကို မျက်စိကျသွားပါတယ်
ကိုယ့်မရီးကိုယ် ပြန်ပြီး ချစ်မိသွားတဲ့သူ့ညီဟာ သူ့ဇနီးသည် အိမ်ကို လာအလည်မှာပဲ တန်းပြီး ဆွဲစားပစ်လိုက်ပါတော့တယ်
အဲဒီနောက်ပိုင်းမှာ သူ့ဇနီးသည်က သူ့ကို ရှောင်ပြီး မထိ မကိုင်ခိုင်းနဲ့ လုပ်နေရာ နောက်ဆုံးမှ
သူ့ညီလက်ချက်မှန်း သိသွားလေတော့တယ် အဲဒီမှာ ညီအစ်ကို နှစ်ယောက်ရဲ့ ဆက်ဆံရေး ဇနီးသည်နဲ့
ဆက်ဆံရေးက ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ
ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ဆန်မုန့်ထောင်းကြတဲ့ အခန်းတွေ နှိက်စက်တဲ့ အခန်းတွေ အိပ်ရာခန်း ခပ်မိုက်မိုက်တွေ
အများကြီးပါတာမို့ မိသားစုနဲ့ ကြည့်ရှုရန် မသင့်လျော်ပါဘူးနော်...
A Girl in My Room (2022)
⭐IMDB: 6.6/10 (83 Votes)
🎬 #Fantasy #Romance #Drama
🗓 2022 🎞 video movie
🌎 #Japan
⏰ 1 နာရီ 39 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Girl In My Room (2022)
ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာကတစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါတော့တယ်။တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီးအဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။
အညွှန်း နဲ့ ဘာသာပြန်ကတော့Khaingပဲ ဖြစ်ပါတယ်။...
A Shop for Killers (2024- )
⭐IMDB: 8.5/10 (460 Votes)
🎬 #Drama #Action #Adventure #Mystery #Crime #Thriller
🗓 2024- 🎞 tv series
🌎 #SouthKorea
⏰ 1 နာရီ 3 မိနစ် 11 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Shop for Killers (2024)A Shop for Killers(2024)
**********************အပိုင်းသစ်(၃+၄)
Tale of the Nine Tailed ထဲက မင်းသား Lee Dong-Wook ဟာ 2024 အစမှာတင်ကိုseries အသစ်တစ်ခုနဲ့ ထွက်ပေါ်လာခဲ့ပါပြီKim Ji-young ရဲ့ ” The Killer’s Shopping Mall ” ဆိုတဲ့ မူရင်းဝတ္ထုကို အခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့Action ကား ကြမ်းကြမ်း ဖြစ်ပါတယ်……ဇာတ်လမ်းအကျဉ်း
——————–Jeong Ji An ဆိုတဲ့ကောင်မလေးမှာ တစ်ဦးတည်းမိသားစုဝင်ဆိုလို့ဦးလေးဖြစ်သူ Lee Dong Wook သာ ကျန်ရှိတယ်…ဒီဦးလေးရဲ့ပဲ့ကိုင်မှုနဲ့ပဲ အရွယ်ရောက်လာရတယ်ဆိုသော်ငြားလည်းသတင်းဆိုးက သူမဆီကိုရောက်လာတယ်…ဒါကတော့ ဦးလေးဖြစ်သူဆုံးပါးသွားတဲ့သတင်းပေါ့….ဆိုတော့ ဦးလေးရှိတဲ့အရပ်ကို ပြန်လာပြီး မိသားစုဝင်ဆိုလို့ သူပဲရှိလေတော့အသုဘကို စ/ဆုံးစီစဉ်ရတယ်….ဒီလိုနဲ့ ဦးလေးသေတဲ့ရက်ကလက် ၁၀ချောင်းမပြည့်သေးဘူး …အိမ်ကို ပရောက်ဖက်ရှင်နယ် လူသတ်သမားတွေ အစုလိုက်အပြုံလိုက် တူမဖြစ်သူကို သတ်ဖို့ ရောက်လာတာပါပဲ…ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာကိုတော့
ပီပြင်လှတဲ့ ရိုက်ချက်တွေနဲ့အတူတူ စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။...
Fuoshen: The Burning Man (2024)
⭐TMDB: 0.0% User Score
🎬 #Animation
🗓 2024 🎞 movie
🌎 #China
⏰ 1 နာရီ 7 မိနစ် 49 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လူငယ်လေးလျိုဟန်စွင့်ဟာ ကျိုဟယ်မြို့ ခရိုင်လုံခြုံရေးစခန်းစခန်းမှူးသွမ့်လင်ရဲ့ မွေးစားသားဖြစ်ပါတယ်။ မကောင်းသူပယ်ကောင်းသူကယ်တဲ့ သူရဲကောင်းလေးဖြစ်ချင်တဲ့ လျိုဟန်စွင့်ဟာရောဂါတစ်မျိုးကြောင့် သွမ့်လင်ရဲ့ ချုပ်နှောင်ခြင်းကို ခံထားရပါတယ်။
လမုန့်စားပွဲညမှာ လွန်ခဲ့တဲ့ ၁၀ နှစ်က ပျောက်ဆုံးသွားကြတဲ့ပိုင်ထင်တောင်အမှုက စတေးသူများအဖွဲ့မှ ကလေး ၁၀ ယောက်ဟာစက္ကူရုပ်လေးတွေ အဖြစ်နဲ့ မိဘတွေဆီကို ပြန်လာကြပြီးဖျော်ဖြေပွဲလာရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ လျိုဟန်စွင့်၊ တုစွိုက်နဲ့စွန်းရှောင်ချို့တို့ ၃ ယောက်ဟာလည်း ပိုင်ထင်တောင်ကို သွားရောက်စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပိုင်ထင်တောင်မှာပုန်းခိုနေတဲ့ မှော်ဂူသောက်မှ နတ်မယ်တော်လေး ရှောင်ပိုင်နဲ့ တွေ့ခဲ့ပြီးအချင်းချင်းတိုက်ခိုက်ခဲ့ပြီးနောက် သူတို့နှစ်ယောက်ရဲ့ အစွမ်းကိုပေါင်းစည်းပြီး စက္ကူရုပ်လေးတွေကို အသက်ဆက်ပေးလို့ရကြောင်း သိရှိသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ အစွမ်းကို တည်ငြိမ်အောင် လေ့ကျင့်ကြပါတော့တယ်။
သူတို့ အစွမ်းတွေပေါင်းစည်းလိုက်ခြင်းက ကောင်းကျိုးလား ဆိုးကျိုးဖြစ်မလား……လွန်ခဲ့တဲ့ ၁၀ နှစ်က အမှုကို ကြိုးကိုင်သူက ဘယ်သူဖြစ်မလဲ……နောက်ကွယ်က အကြံအစည်ကြီးကိုရော တားဆီးနိုင်ပါ့မလား……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုလိုက်ရအောင်နော်။...
Pantasya ni Tami (2024)
⭐IMDB: 4.6/10 (18 Votes)
🎬 #Adult #Drama #Romance
🗓 2024 🎞 movie
🌎 #Philippines
⏰ 1 နာရီ 54 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pantasya ni Tami (2024)
တာမီဆိုတဲ့ကောင်မလေးဟာ Anime ပရိသတ်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင် Fanfic တွေရေး၊ ကာရိုက်တာတွေနေရာမှာ စိတ်ကူးယဉ်ဝင်ခံစားပြီး ဖီးတက်လေ့ရှိတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ပါ။
တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူနဲ့စကားဆက်မိရာက Anime Con တစ်ခုကို Cosplay သမားအဖြစ် ပွဲသွားတက်ရာကနေ ဝါသနာတူ အသွင်တူမိတ်ဆွေတွေအများကြီးရခဲ့တဲ့နောက်မှာတော့ Cosplay လောကထဲဝင်ဖို့စိတ်အားထက်သန်လာခဲ့ပါတယ်။
အဲဒီပွဲမှာတွေ့ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်က သူ့ကို Gravure Model လို့ခေါ်တဲ့ ယောက်ျားသားတွေစိတ်ဝင်စားရာ မပေါ့်တပေါ်ဝတ်စုံလေးတွေနဲ့ ဓာတ်ပုံမော်ဒယ်လုပ်ရင် ဝင်ငွေလမ်းဖြောင့်နိုင်တယ်ဆိုတာ အလင်းဖွင့်ပြခဲ့တဲ့နောက် ဒီလောကထဲ ထဲထဲဝင်ဝင်ရောက်သွားချိန်မှာတော့…
တာမီအဖြစ် ပရိသတ်အသည်းကျော် Azi Acosta လေးက Costume တွေတစ်စုံပြီးတစ်စုံ ချွတ်လိုက်ဝတ်လိုက်နဲ့ အထူးသရုပ်ဆောင်ပြထားတာဖြစ်တဲ့အတွက် တာမီလေးနဲ့အတူစိတ်ကူးယဉ်ကြည့်လိုက်ကြရအောင်ပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Restore Point (2023)
⭐IMDB: 6.7/10 (711 Votes)
🎬 #Crime #Drama #SciFi #ScienceFiction #Thriller
🗓 2023 🎞 movie
🌎 #CzechRepublic #Poland #Serbia #Slovakia #Czechia
⏰ 1 နာရီ 51 မိနစ် 2 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Restore Point (2023)
~ IMDb – 6.7/10, RT – 95%, Meta – 74% ~
ဒီကားကတော့ ခေတ်လွန်သိပ္ပံကားတွေကို မှုခင်းဒရာမာနဲ့ရောစပ်ပြီး ကြည့်ရတာကြိုက်တဲ့သူတွေ လက်လွတ်မခံသင့်တဲ့ကားပါပဲ။ ချက်ဇ်စကားပြောဇာတ်လမ်းဖြစ်ပြီး ဆန်ခါတင်ဆု နှစ်ဆုလည်း၀င်ထားပါတယ်။
ဇာတ်လမ်းကို ဥရောပအလယ်ပိုင်းမှာအခြေပြုထားပါတယ်။ 2041 ခုနှစ်မှာ လူတွေ သမားရိုးကျမဟုတ်ဘဲသေရင် အသက်ပြန်သွင်းလို့ရတဲ့ ဥပဒေရှိပါတယ်။ အသက်ပြန်သွင်းဖို့အတွက် ၄၈နာရီတစ်ခါ အသက်ပြန်သွင်းပွိုင့်ကို အရံဒေတာကူးပေးရပါတယ်။
အမ်တိုခီနိုဝါစကာက စုံထောက်တစ်ယောက်ဖြစ်ပြီး “ဘ၀ရဲ့မြစ်” လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းနောက်ကိုလိုက်နေတာပါ။ တစ်နေ့တော့ လင်မယားနှစ်ယောက်အသတ်ခံရမှုကိုလိုက်ရင်း ယောက်ျားဖြစ်သူက အသက်သွင်းဌာနရဲ့သုတေသနခေါင်းဆောင်ဖြစ်ပြီး အရံဒေတာကလည်း ဖျက်ခံထားရတဲ့အတွက် အသက်ပြန်သွင်းလို့မရပါဘူး။ အဲဒါအပြင် ဆာဗာတစ်ခုလုံး ဗိုင်းရပ်စ်၀င်တော့ အရံဒေတာတွေ ကျပန်းဖျက်ခံရပြီး လူတွေတကယ်သေလာတဲ့အခါမှာတော့ အမ်တစ်ယောက် တရားခံကိုအပူတပြင်းရှာရပါတော့တယ်။ တရားခံက အမ်လိုက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းကလား… သုတေသနခေါင်းဆောင်သေဆုံးတဲ့ကိစ္စကရော ဘယ်သူ့လက်ချက်လဲ… ဆိုတာတွေကို အဖြေရှာရင်း စိတ်၀င်တစားကြည့်ရှုရမှာပါ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSoe Thiri Sweမှ ပြန်ဆို ရေးသားထားပါတယ်)...
Katamarayudu (2017)
⭐IMDB: 5.5/10 (3 k Votes)
🎬 #Action #Bollywood #Comedy #Family
🗓 2017 🎞 movie
🌎 #India
⏰ 2 နာရီ 21 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Katamarayudu (2017)“ဒုတိယမြောက် ရင်ခုန်သံ”
Pawan Kalyan နဲ့ Salaar ကားထဲက မင်းသမီးချော ရုရူသီတို့ ပါဝင်ထားတဲ့တေလဂူး Action/Drama ကားဟောင်းလေးတစ်ကား တင်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာ ကာတာမာရာယူဒူက သူ့ရဲ့ညီ ၄ ယောက်နဲ့ အတူ နေထိုင်ပါတယ်မကောင်းမှုကို လက်မခံဘဲ သူ့ကိုပြဿနာရှာတဲ့သူကို မှတ်လောက်သားလောက်အောင် ဆုံးမတတ်တဲ့ရွာက နာမည်ကြီးလူမိုက်ဖြစ်ပါတယ်
သူတို့မိသားစုရဲ့ ရှေ့နေဖြစ်သူ လင်ဂါက သူတို့ရဲ့ရန်ပွဲက ဖြစ်တဲ့ ကိစ္စအဝဝကို ဖြေရှင်းပေးရပြီးတစ်ရွာလုံးမှာလည်း ကာတာမာကို သွားထိလို့မရတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်ထားကြတာပါ
ဒါ့အပြင် အစ်ကိုကြီး ကာတာမာ သတ်မှတ်ထားတဲ့ စည်းမျဥ်းတစ်ခုကတော့ သူ့ရဲ့အိမ်မှာဘယ်မိန်းမရဲ့ မျက်နှာကိုမှ မမြင်စေရဘူးဆိုတာပါပဲ
ဒါပေမဲ့လည်း ရှေ့နေအပါအဝင် ညီ ၄ ယောက်လုံးက ကွယ်ရာမှာတော့သူတို့အစ်ကိုမသိအောင် ချစ်သူကိုယ်စီ ခိုးထားနေကြပါတယ်သူတို့တွေ မိန်းမလိုချင်တာကြောင့် ကျောက်တုံးလို မာကျောတဲ့သူတို့အစ်ကိုရဲ့ နှလုံးသားကို မိန်းမတစ်ယောက်အတွက် အရည်ပျော်အောင် ဝိုင်းဝန်းကြံဆကြရပါတော့တယ်
ကာတာမာတစ်ယောက် အတိတ်မှာ ချစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ရှိခဲ့ပေမဲ့ သူနဲ့ ဘယ်လိုတွေ ဝေးသွားခဲ့လဲ
လူကြမ်းကြီးတစ်ယောက်ရဲ့ အသက်မဲ့သွားခဲ့တဲ့ နှလုံးသားကို Shruti လေးရဲ့အလှကအသစ်တဖန် အသက်သွင်းပေးနိုင်မှာလားဆိုတာကတော့ …
အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Crazy Dad (2024)
⭐TMDB: 0.0% User Score
🎬 #Action #Drama
🗓 2024 🎞 tv series
🌎 #China
⏰ 1 နာရီ 25 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
” ကျွန်တော့ဘဝတစ်ခုလုံးရဲ့ပြိုင်ဘက်တွေကို ကြိုးဝိုင်းထဲမှာပဲတွေ့ရမယ်ထင်ခဲ့တာ..နောက်မှနားလည်ခဲ့တာက ကိုယ်တိုင်အတွက်အသန်မာဆုံးပြိုင်ဘက်က ဘဝဆိုတာကိုပဲ ”
ဒီဇာတ်ကားလေးကတော့ အရမ်းကိုမှနာမည်ကြီးကျော်ကြားခဲ့တဲ့လက်ဝှေ့ချန်ပီယံချန်ဖုန်းတစ်ယောက် လမ်းပေါ်ကမတော်တဆရန်ပွဲလေးကြောင့် ဘဝပျက်ပြီးထောင်ထဲရောက်သွားခဲ့ရတဲ့အကြောင်းပဲဖြစ်ပါတယ် ။
Slice of life ဇာတ်လမ်းမျိုးကြိုက်တတ်တဲ့ပရိသတ်ကြီးတို့အကြိုက်တွေ့စေမဲ့ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့လက်ဝှေ့ချန်ပီယံချန်ဖုန်းဟာ လမ်းပေါ်ကရန်ပွဲတစ်ခုကြောင့်ဘဝပျက်ပြီးထောင်ထဲဝင်ခဲ့ရပါတယ် ။ သူထောင်ကျတဲ့အချိန်အပြင်ဘက်မှာကျန်ခဲ့တဲ့ ချစ်သူဆီမှာ ကိုယ်ဝန်ကျန်ခဲ့ပါတယ် ။
ဒီလိုနဲ့ အရာရာကျရှုံးနေပြီလို့ထင်ခဲ့တဲ့ ချန်ဖုန်းတစ်ယောက်သမီးလေးကြောင့် မျှော်လင့်ချက်ရောင်ခြည်လေးပြန်ရှိလာခဲ့ပြန်ပါတယ် ။ဒါပေမဲ့ သူထောင်ကထွက်လာတဲ့အချိန်မှာ သမီးလေးကသူ့ကိုအသိအမှတ်မပြုတဲ့အပြင် ထောင်ထွက်တစ်ယောက်ဖြစ်နေလို့ မုန်းပါမုန်းနေတဲ့အခါ….သူသမီးလေးအတွက် ဘယ်လိုမျိုး ရူးရူးသွပ်သွပ်ကြိုးစားသွားမလဲ ?သမီးလေးဆီက အသိအမှတ်ပြုမှုကို ရအောင် ဘယ်လိုတွေရင်ဆိုင်ကျော်ဖြတ်သွားရမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်ရှင်...
River (2023)
⭐IMDB: 7.4/10 (366 Votes)
🎬 #Comedy #SciFi #ScienceFiction
🗓 2023 🎞 movie
🌎 #Japan
⏰ 1 နာရီ 26 မိနစ် 19 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 7.4/10
ဒီဇာတ်လမ်းလေးကတော့ Kyoto မှာရှိတဲ့ Kibune လို့ ခေါ်တဲ့
ဒေသက တည်းခိုဆောင်တစ်ခုမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ် ။
Fujiya တည်းခိုဆောင်မှာ စားပွဲထိုးအဖြစ် အလုပ်လုပ်နေတဲ့
Mikoto ဟာ တစ်ခုသော နေ့လယ်ခင်းမှာတော့ သူတို့ဟာ
အခိုက်အတန့်တစ်ခုတည်းမှာပဲ ထပ်ခါတလဲလဲ လည်ပတ်နေတယ်
ဆိုတာကို သိလိုက်ရပါတယ် ။ သူတို့အားလုံးကြုံနေရတဲ့
ဒီအခြေအနေကြီးမှာ အချိန်က နှစ်မိနစ်တိုင်း အစကနေ
ပြန်ပြန်ရစ်နေတာ ဖြစ်ပါတယ် ။ ဒီပြဿနာရဲ့ အကြောင်းအရင်းက
ဘာများဖြစ်မလဲ ။ မီကိုတိုနဲ့အတူ Fujiya ဝန်ထမ်းတွေ ၊ ဧည့်သည်တွေ
အားလုံးပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဟာသကလေးနှောပြီး
ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ။ အချိန်က အကန့်အသတ်
တစ်ခုအတွင်းမှာပဲ ထပ်ခါတလဲလဲ လည်ပတ်နေတဲ့အခါ လူတွေရဲ့
ပြောင်းလဲလာတဲ့ စိတ်ထားအမျိုးမျိုးကိုလည်း တွေ့ရမှာပါ ။
ဇာတ်လမ်းရဲ့ အနှစ်ချုပ်လေးကတော့ အချိန်တွေ ရပ်သွားပါစေလို့
လူတိုင်း ဆုတောင်းဖူးကြပေမယ့် တကယ်တမ်း အချိန်တွေရပ်တန့်သွားဖို့
ဘယ်သူမှ မလိုလားကြဘူးဆိုတဲ့ အကြောင်းပါပဲ ။ ဒါဆိုရင်တော့
မီကိုတို ၊ တကု ၊ Fujiya အဖွဲ့သားတွေနဲ့အတူ နှစ်မိနစ်တိုင်း
တစ်ခါလည်ပတ်နေတဲ့ အချိန်ဝင်္ကပါကြီးထဲကနေ အတူတူ
လွတ်မြောက်ကြည့်လိုက်ရအောင်နော်...
The Envoys (2021- )
⭐IMDB: 7.1/10 (942 Votes)
🎬 #Drama #Mystery #Horror #Thriller
🗓 2021- 🎞 tv series
🌎 #Mexico #Argentina #Spain
⏰ 43 မိနစ် 40 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Envoys (2021)The Envoys (2021)
===============
IMDb Rating – 7.1/10ကမ္ဘာပေါ်မှာ သာမန်မြင်တွေ့နေကျနဲ့ ကွဲထွက်ပြီး တစ်မူထူးခြားစွာ
ဖြစ်ပေါ်နေတဲ့ ထူးဆန်းထွေလာတွေ အများကြီးပေါ်ပေါက်ဖူးပါတယ်။
အများစုကတော့ ဘာသာရေးနဲ့ရောယှက်နေကြတာပေါ့။ တောင်ပို့က
နေ နို့တွေထွက်တာမျိုးတို့၊ ရွှံ့အေးပွက်ထတာမျိုးတို့ပေါ့လေ။ ရှေးတုန်း
ကဆို နေကြတ်၊လကြတ်တာကိုတောင် တကယ့်”အံ့ဖွယ်ဖြစ်ရပ်ကြီး”
သဖွယ်ဖြစ်ခဲ့ကြတာကိုး။
ဆိုတော့ “အံ့ဖွယ်ဖြစ်ရပ်”ဆိုတာဘာလဲ။ ဒီစီးရီးထဲမှာတော့ သိပ္ပံပညာနဲ့
ရှင်းပြလို့မရတဲ့ ဖြစ်ရပ်တွေကိုသာ “အံ့ဖွယ်ဖြစ်ရပ်”လို့ သမုတ်ပါတယ်။
ကျွန်တော်တို့ရဲ့ဇာတ်လိုက် ဖာသာအန်တီကွီရာကတော့ “သိပ္ပံပညာဟာ
လွန်ခဲ့တဲ့နှစ်၂ထောင်ကျော်က အံ့ဖွယ်ဖြစ်ရပ်ဆိုတာတွေကို ဖြုတ်ချနိုင်ခဲ့
တဲ့အရာ”လို့ ဆိုပါတယ်။ ဇာတ်လမ်းလေးကတော့ ဆေးပညာကျွမ်းကျင်
တဲ့ ဖာသာဆလီးနက်စ်နဲ့ ဥပဒေပညာကျွမ်းကျင်တဲ့ ဖာသာအန်တီကွီရာ
တို့နှစ်ယောက် လူတွေ “အံ့ဖွယ်ဖြစ်ရပ်” လို့ဆိုကြတဲ့အရာတွေကို လိုက်လံ
စစ်ဆေးဖြေရှင်းကြပုံပါ။ခေါင်းလောင်းမျှော်စင်ကနေ ခုန်ချပြီး အရိုးတွေကျိုးကြေကုန်လို့ ဆရာဝန်
ကတောင် သေပြီလို့ အတည်ပြုပြီးသားလူတစ်ယောက်က အကောင်းပက
တိပြန်ဖြစ်သွားတဲ့ပဟေဠိကတော့ ဇာတ်လိုက်ဖာသာနှစ်ယောက်ကို စတင်
သိကျွမ်းစေခဲ့တဲ့ ပထမဆုံးအမှုပါပဲ။ ဘာသာရေးခေါင်းစဉ်အောက်ဆွဲသွင်းခံ
ရတဲ့ ဖြစ်ရပ်တွေနဲ့ အဲဒီနောက်ကွယ်က အကြောင်းတရားတွေ၊ သိပ္ပံပညာနဲ့
ဖြေရှင်းလို့မရတဲ့”အံ့ဖွယ်ဖြစ်ရပ်”ဟုတ်လား၊မဟုတ်ဘူးလားဆိုတာကတော့
စီးရီးလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ CM Team မှ ဖြစ်ပါတယ်။)...
Detective Forst (2024- )
⭐IMDB: 5.5/10 (2 k Votes)
🎬 #Crime #Drama #Mystery
🗓 2024- 🎞 tv series
🌎 #Poland
⏰ 44 မိနစ် 38 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Detective Forst (2024) CompleteDetective Forst (2024) A Netflix Series
Your browser does not support the video tag.စုံထောက်ရုပ်ရှင် ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ပိုလန်စုံထောက်ဇာတ်လမ်းတွဲ ခပ်မိုက်မိုက်တစ်ခုပေါ့။ Remigiusz Mróz လို့ခေါ်တဲ့ ပိုလန်ရှေ့နေ စာရေးဆရာရဲ့ စုံထောက် Forst အကြောင်း စာအုပ်တွေကို အခြေခံထားတာ။ သူက ပိုလန်မှာ နာမည်အကြီးဆုံး စာရေးဆရာဆိုလည်း မမှားဘူး။ သည်းထိတ်ရင်ဖိုတွေနဲ့ပြည့်နှက်နေတတ်တဲ့ သူ့ဝတ္တုတွေကြောင့် ပိုလန်မှာ သူ့စာတွေကို စတီဖင်ကင်းစာတွေ အဲဖရက်ဟစ်ကော့ရုပ်ရှင်တွေနဲ့ပါ ခိုင်းနှိုင်းကြတယ်။ နက်ဖလစ်ကထုတ်ပေးထားတဲ့ ဒီဇာတ်လမ်းတွဲကတော့ သူ့စာအုပ်တွဲကို ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းတွဲပေါ့။ Forst လို့ခေါ်တဲ့ ရှေ့မကြည့်နောက်မကြည့် အမှုပေါ်ဖို့ လုပ်ချင်တာအကုန်လုပ်တတ်တဲ့စုံထောက်တစ်ယောက်ရှိတယ်။ အထက်လူကြီးကိုလည်း မလေးစားတာမို့ အထက်လူကြီးတွေကလည်း သူ့ကို အမြင်ကတ်ကြတယ်။ ဘာအကြောင်းကြောင့်လဲမသိ သူ့ကို မြို့ပေါ်က ဌာနကနေ နယ်ဘက်ကျေးဘက်ကို အပို့ခံလိုက်ရတယ်။ ဒီလိုနဲ့ သူရောက်နေတဲ့ နယ်ဘက်မှာ ထူးထူးဆန်းဆန်း ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာတယ်။ လူသတ်သမားက နောက်ခံကောင်းသလို ငွေရော အာဏာရောရှိနေတယ်လို့ ယူဆထားပေမဲ့ လူသတ်သမားနဲ့ပတ်သက်တဲ့သဲလွန်စဆိုလို့ တမင်ချန်ပေးခဲ့တဲ့ သဲလွန်စကလွဲ ဘာမှမတွေ့ရဘူး။ Forst က စည်းလွတ်ဘောင်လွတ် လိုက်စုံစမ်းတတ်သလို လူသတ်သမားကလည်း Forst ကို ရာထူးဆိုင်းငံ့ခံရအောင် လုပ်လိုက်တယ်လို့ ယူဆရတာကြောင့် Forst ဟာ ရဲမဟုတ်တော့ဘူး။ ဒီလိုနဲ့ ဒီအမှုကို သူနဲ့ထပ်တူစိတ်ဝင်စားနေတဲ့ ဂျာနယ်လစ်တစ်ယောက်နဲ့ပေါင်းပြီး အမှုအတူတူလိုက်ကြတယ်။ တစ်ပိုင်းပြီးတစ်ပိုင်းမှ သဲလွန်စသေးသေးလေးတွေသာ ပေါ်လာတတ်တဲ့ တော်တော်လေး ရင်ဖိုစရာကောင်းတဲ့ စုံထောက်ဇာတ်လမ်းတွဲဖြစ်တာကြောင့် စုံထောက်ဇာတ်တွေ ကြိုက်တဲ့လူတွေ ကြိုက်ကြမယ့်ဇာတ်လမ်းပါပဲ။ တောင်ခြေနှင်းဝေနေတဲ့မြို့ကလေးက ရက်ရက်စက်စက် လူသတ်မှုတွေရဲ့တရားခံကို Forst ဖော်နိုင်ပါ့မလား… တရားခံကို မိသွားရင်တောင် ဖမ်းနိုင်ပါ့မလား… ရင်တမမနဲ့ စောင့်ကြည့်ကြရမှာပါ။ (ဒီစီးရီးအတွက် အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ W ပဲဖြစ်ပါတယ်)...
The Envoys (2021- )
⭐IMDB: 7.1/10 (942 Votes)
🎬 #Drama #Mystery #Horror #Thriller
🗓 2021- 🎞 tv series
🌎 #Mexico #Argentina #Spain
⏰ 43 မိနစ် 40 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Envoys (2021)The Envoys (2021)
===============
IMDb Rating – 7.1/10ကမ္ဘာပေါ်မှာ သာမန်မြင်တွေ့နေကျနဲ့ ကွဲထွက်ပြီး တစ်မူထူးခြားစွာ
ဖြစ်ပေါ်နေတဲ့ ထူးဆန်းထွေလာတွေ အများကြီးပေါ်ပေါက်ဖူးပါတယ်။
အများစုကတော့ ဘာသာရေးနဲ့ရောယှက်နေကြတာပေါ့။ တောင်ပို့က
နေ နို့တွေထွက်တာမျိုးတို့၊ ရွှံ့အေးပွက်ထတာမျိုးတို့ပေါ့လေ။ ရှေးတုန်း
ကဆို နေကြတ်၊လကြတ်တာကိုတောင် တကယ့်”အံ့ဖွယ်ဖြစ်ရပ်ကြီး”
သဖွယ်ဖြစ်ခဲ့ကြတာကိုး။
ဆိုတော့ “အံ့ဖွယ်ဖြစ်ရပ်”ဆိုတာဘာလဲ။ ဒီစီးရီးထဲမှာတော့ သိပ္ပံပညာနဲ့
ရှင်းပြလို့မရတဲ့ ဖြစ်ရပ်တွေကိုသာ “အံ့ဖွယ်ဖြစ်ရပ်”လို့ သမုတ်ပါတယ်။
ကျွန်တော်တို့ရဲ့ဇာတ်လိုက် ဖာသာအန်တီကွီရာကတော့ “သိပ္ပံပညာဟာ
လွန်ခဲ့တဲ့နှစ်၂ထောင်ကျော်က အံ့ဖွယ်ဖြစ်ရပ်ဆိုတာတွေကို ဖြုတ်ချနိုင်ခဲ့
တဲ့အရာ”လို့ ဆိုပါတယ်။ ဇာတ်လမ်းလေးကတော့ ဆေးပညာကျွမ်းကျင်
တဲ့ ဖာသာဆလီးနက်စ်နဲ့ ဥပဒေပညာကျွမ်းကျင်တဲ့ ဖာသာအန်တီကွီရာ
တို့နှစ်ယောက် လူတွေ “အံ့ဖွယ်ဖြစ်ရပ်” လို့ဆိုကြတဲ့အရာတွေကို လိုက်လံ
စစ်ဆေးဖြေရှင်းကြပုံပါ။ခေါင်းလောင်းမျှော်စင်ကနေ ခုန်ချပြီး အရိုးတွေကျိုးကြေကုန်လို့ ဆရာဝန်
ကတောင် သေပြီလို့ အတည်ပြုပြီးသားလူတစ်ယောက်က အကောင်းပက
တိပြန်ဖြစ်သွားတဲ့ပဟေဠိကတော့ ဇာတ်လိုက်ဖာသာနှစ်ယောက်ကို စတင်
သိကျွမ်းစေခဲ့တဲ့ ပထမဆုံးအမှုပါပဲ။ ဘာသာရေးခေါင်းစဉ်အောက်ဆွဲသွင်းခံ
ရတဲ့ ဖြစ်ရပ်တွေနဲ့ အဲဒီနောက်ကွယ်က အကြောင်းတရားတွေ၊ သိပ္ပံပညာနဲ့
ဖြေရှင်းလို့မရတဲ့”အံ့ဖွယ်ဖြစ်ရပ်”ဟုတ်လား၊မဟုတ်ဘူးလားဆိုတာကတော့
စီးရီးလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။(ဒီစီးရီးရဲ့ အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်
ရေးသားပေးသူများကတော့ CM Team မှ ဖြစ်ပါတယ်။)...
Monsters 103 Mercies Dragon Damnation (2024)
⭐TMDB: 84.0% User Score
🎬 #Action #Adventure #Animation #Fantasy
🗓 2024 🎞 movie
🌎 #Japan
⏰ 26 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 8/10
ဒီကာတွန်းလေးကတော့ one piece
ကာတွန်းစီးရီးရဲ့spin offတစ်ခုပါ
ပြောရရင်တော့ Thriller Bark Arcမှာ Zoroနဲ့
သူတင်ကိုယ်တင်ဗျင်းခဲ့ပြီး ကိုင်ဆောင်တဲ့ Shusuiဓါးကိုပါ
Zoroကိုပေးခဲ့တဲ့ ဒဏ္ဏာရီဆာမူရိုင်းကြီး Ryumaရဲ့ စွန့်စားရေးခရီးစဥ်ထဲက
အဖြစ်အပျက်လေးကိုဇာတ်လမ်းဖွဲ့ထားတာပါ
ဇာတ်လမ်းအကျဥ်းကတော့
Ryumaဟာ နဂါးတစ်ကောင်ကိုသတ်ဖြတ်ဖူးတယ်ဆိုတဲ့
ဇာတ်လမ်းကိုပဲ ဇာတ်လမ်းဆင်ထားတာပါ
လွန်ခဲ့တဲ့၁၀နှစ်လောက်တုန်းက နဂါးတွေကိုထိန်းချုပ်နိုင်တဲ့
နဂါးခရာဟာ လုယူပြီးပျောက်ဆုံးသွားခဲ့ပါတယ်။
အဲ့ဒီခရာနဲ့ပတ်သတ်တဲ့အရှုတ်တော်ပုံမှာ Ryumaတစ်ယောက်
ဘယ်လိုပတ်သတ်မိသွားတာလဲဆိုတာတော့
၂၅မိနစ်ကြာဒီအပိုင်းမှာကြည့်ရှုကြပါစို့...
Master Qianhe (2024)
⭐TMDB: 90.0% User Score
🎬 #Horror #Mystery #Thriller
🗓 2024 🎞 movie
🌎 #China
⏰ 1 နာရီ 21 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တရုတ်မိစ္ဆာနှိမ်နင်းတဲ့ ဇာတ်လမ်းကို ကြိုက်တဲ့သူတွေအတွက်Mister Qianhe ဆိုတဲ့ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့-
မင်ကော်ခေတ်ဦးပိုင်းမှာ တိုင်းပြည်မတည်ငြိမ်တဲ့အတွက် ဓားပြတွေလည်းအလွန်သောင်းကျန်းနေပါတယ်။ ချန်းဟဲ့ဆရာကြီးလုံစန်းဟာမြောက်ပိုင်းနယ်စပ်မှာ မိစ္ဆာတွေ သောင်းကျန်းနေတယ်ဆိုပြီးဆရာတူညီမလေးမှ အကူအညီတောင်းခဲ့တဲ့အတွက် ရထားစီးပြီး နယ်စပ်ကို ထွက်ခဲ့ပါတယ်။
လမ်းတစ်ဝက်မှာ ဓားပြတိုက်ခံရပြီး ဟွမ်မြောင့်ရွာမှာ ပုံရိပ်ယောင်ကမ္ဘာထဲမှာပိတ်မိနေတဲ့ ရှန်းအာကို ကယ်တင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ဝူးလန်မြို့အတွင်းမှာ ပျောက်ဆုံးသွားတဲ့ လက်နက်တွေကိုရှာဖို့အတွက် မြေအောက်မှာ ပိတ်ခံထားရတဲ့ မိစ္ဆာတွေကို ကယ်တင်ပေးခဲ့ပါတယ်။
လုံစန်းရဲ့ သတင်းကို ဝူလန်မြို့က တပ်ချုပ်ကြီးက ကြားသိခဲ့ရပြီးမြို့ထဲမှာနေတဲ့ အပျိုလေးတွေကို ဖမ်းဆီးဒုက္ခပေးနေတဲ့ မြေခွေးမိစ္ဆာကိုရှင်းလင်းဖို့ ခိုင်းစေခဲ့ပါတယ်။ မြေခွေးမိစ္ဆာနဲ့တွေ့တဲ့အခါမှာတော့ လျှို့ဝှက်ချက်ကြီးတစ်ခုကို သိလိုက်ရပါတယ်။
လုံစန်းတစ်ယောက် အဲ့ဒီလျှို့ဝှက်ချက်ကြီးကို ဘယ်လိုဖြေရှင်းမလဲ……လူနဲ့ မိစ္ဆာမှာ ဘယ်သူကအကောင်း ဘယ်သူက အဆိုးလဲ……ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။...
The Homesman (2014)
⭐IMDB: 6.6/10 (35 k Votes)
🎬 #Drama #Western
🗓 2014 🎞 movie
🌎 #France #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 2 မိနစ် 55 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Homesman (2014)
~ IMDb – 6.6/10, RT – 81%, Meta – 68% ~
ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ဒီရုပ်ရှင်ကိုလည်းအဲဒီလို ပုံစံတမျိုးစီနဲ့ သန်မာသလောက် ရှုပ်ထွေးလွန်းတဲ့ အဓိကဇာတ်ကောင် ၂ ယောက်နဲ့ ဖွဲ့စည်းထားတယ်။ သူ့ရဲ့ နောက်ဆုံးအချိန်တွေမှာ ရေးခဲ့တာဖြစ်တာကြောင့် ဝတ္ထုကလည်း သံဝေဂဆန်ဆန် အရေးအသားတွေပါတယ်။ ဒီရုပ်ရှင်ကို ရိုက်တာကလည်း Tommy Lee Jones ဆိုတော့ ရုပ်ရှင်ထဲမှာပါ အဲဒီလိုအငွေ့အသက်တွေကို လက်ဆင့်ကမ်းသယ်လာခဲ့တယ်။
Homesman ဆိုတာကတော့ နယ်မြေရွှေ့ပြောင်းတဲ့လူတွေကို အိမ်ပြန်ပို့ပေးရတဲ့ ယောက်ျားတယောက်ကိုခေါ်တယ်။ တနည်းအားဖြင့် အိမ်ပို့သူပေါ့။ ဒီမှာတော့ ၁၉ရာစုလယ်လောက်က လူးပ်နယ်က ရူးသွားတဲ့ မိန်းမ ၃ ယောက်ကို အရှေ့ဘက် အိုင်အိုဝါမြို့က ဘုရားကျောင်းကိုပို့ဖို့ အကြောင်းဖန်လာရာကစတယ်။ မိန်းမ ၃ ယောက်မှာ တယောက်က နှိပ်စက်တဲ့ယောက်ျားဖြစ်သူကြောင့် ရူးသွားတယ်။ နောက်တစ်ယောက်က သူ့ကလေးလေး ၃ ယောက် ဆုံဆို့နာနဲ့ ရှေ့ဆင့်နောက်ဆင့် ဆုံးသွားလို့ ရူးသွားတယ်။ ကျန်တဲ့တယောက်က ကိုယ့်ကလေးကိုယ်ပြန်သတ်တဲ့အထိ ရူးသွားတယ်။ သူတို့ရူးသွပ်တာကို ဖော်ပြထားတဲ့ပုံစံက သိပ်ရက်စက်တယ်လို့ပြောရမယ်။ ရက်ရက်စက်စက်ကို ရူးနေကြတာပဲ။ အမျိုးသမီးတယောက် သန်မာနိုင်စွမ်းကုန်သွားတဲ့အချိန်မျိုးတွေပေါ့။ သူတို့ကို ကုသပေးဖို့ မစ္ဇူရီမြစ်အကျော်က အိုင်အိုဝါကို ပို့ပေးဖို့ဖြစ်လာတယ်။
ပုံမှန်ဆိုရင် Homesman အလုပ်က ယောက်ျားသားတွေရဲ့အလုပ်။ သူတို့ကို ပို့ဖို့က အနောက်နဲ့အရှေ့ဆိုတော့ ခရီးက ကြာမယ်၊ ခက်မယ်။ ပို့ရမယ့်သူတွေကလည်း အရူးမ ၃ ယောက်ဆိုတော့ ပိုလို့တောင်ခက်သေးသပေါ့။ အဲဒီ ၃ ယောက်ကို ပို့ဆောင်ဖို့အတွက် ဘုရားကျောင်းမှာ မဲနှိုက်တယ်။ သာမန် Western ရုပ်ရှင်တွေအရဆိုရင်တော့ ရဲရင့်တဲ့ ကောင်းဘွိုင်ကြီးက ရှေ့ထွက်ပြီး တာဝန်ယူပေးမှာပေါ့။ ဒီမှာတော့ မဟုတ်ခဲ့ဘူး။ မဲကျတဲ့ယောက်ျားကပါ ခေါင်းရှောင်သွားတော့ မယ်ရီဘီး ဆိုတဲ့ အပျိုကြီးက သူတာဝန်ယူမယ်လို့ ရဲရဲကြီးထွက်ပြောခဲ့တယ်။ အဲဒီခေတ်ကာလအခြေအနေမျိုးမှာ သူ့အနေနဲ့ ဒီလိုတာဝန်ကိုယူလိုက်တော့ သူ့ရဲ့ သန်မာတဲ့ဘက်ခြမ်းကိုမြင်ရတယ်။
မယ်ရီဘီးကပ်ဒီ (Hilary Swank) က နယူးယော့ကနေ တကိုယ်တည်း ဒီနေရာမှာ နေနေတဲ့သူ။ တနည်းအားဖြင့် Independent Woman ပေါ့။ ဒီရုပ်ရှင်မှာ လင်ယူသားမွေးကြောင့် ရူးသွပ်သွားကြတာကိုပြရင်း အဲဒီအရာတွေနဲ့ ကင်းတဲ့ မယ်ရီဘီးရဲ့ အထီးကျန်ဆန်ပြီး ကွဲထွက်နေတဲ့လူနေမှုဘဝကိုပါ ပြထားတယ်။ သူက ဂီတအပေါ် သိပ်ရူးသွပ်တယ်။ စန္ဒရားမရှိတဲ့နယ်မှာ အဝတ်စလေးပေါ်က ခလုတ်လေးတွေနှိပ်ရင်း သီချင်းဆိုလေ့ရှိတယ်။ လယ်ကွက်တွေ၊ လားတွေ၊ မြင်းတွေကိုလည်း သူကိုယ်တိုင်ပဲ ဦးစီးတယ်။ ဒါပေမဲ့ သူအဖြစ်ချင်ဆုံးဆန္ဒက အိမ်ထောင်ပြုပြီး ကလေးတွေမွေးဖို့ပဲ။ သူ့ဘက်ကပါစပြီး အိမ်ထောင်ပြုရအောင်လို့ ပြောတဲ့အထိ၊ ဘုရားသခင်ဆီမှာ ဆုတောင်းတဲ့အထိ မိသားစုဘဝကို သူလိုချင်ခဲ့တယ်။ သူကလည်း အထီးကျန်ဆန်ဆန် ရူးနေတာပါပဲ။ ဒါဆိုရင် လှောင်ပိတ်နေတဲ့ အိမ်ထောင်သည်ဘဝကရူးစေတာလား။ တယောက်တည်း အထီးကျန်ဘဝက ရူးစေတာလား။
ဒီလိုနဲ့ တစ်နေ့မှာ ဘရစ် (Tommy Lee Jones) ဆိုတဲ့ အိမ်ခြေရာမဲ့ ကောင်းဘွိုင်တစ်ယောက်နဲ့တွေ့တယ်။ တွေ့တာထက် သစ်ပင်မှာကြိုးပေးခံရတာကို ကယ်ခဲ့တာပေါ့။ ဟိုလူကလည်း သူများအိမ်ဝင်နေတော့ ကြိုးပေးခံထားရတာ။ အဲဒီလိုနဲ့ သူ့ကိုကယ်ခဲ့တာကြောင့် မိန်းမ ၃ ယောက်ကို လိုက်ပို့မယ့်ခရီးမှာ သူ့ကိုအဖော်ပြုပေးရမယ်လို့ညှိတယ်။ ဟိုလူကလည်း မသေရင်ပြီးရော ရတယ်ပေါ့။ ဒါပေမဲ့ သူထွက်သွားချင်တဲ့အချိန် ထွက်သွားမှာဖြစ်ကြောင်းပြောတယ်။ ဒီလူကလည်း မယ်ရီဘီးလို တမျိုးရူးနေတာပဲ။ သူက သူ့ဘဝမှာ ဘာကိုမှမတွယ်တာခဲ့ကြောင်း ပြောလေ့ရှိတယ်။ ငါ့မှာတွယ်တာစရာမရှိဘူး၊ လွတ်လပ်တယ် ဘာညာပေါ့။ လွတ်လပ်မှုနဲ့ အထီးကျန်ခြင်းကြားမှာ ဖောက်မြင်နေရတဲ့ ထရံပါးပါးလေးတစ်ချပ်ပဲ ရှိတာပါ။ ဒီလိုနဲ့ သူတို့ ၂ ယောက်ရယ် အရူးမ ၃ ယောက်ရယ် ခရီးရှည်ကြီးတစ်ခုကို အခက်အခဲပေါင်းစုံနဲ့ ထွက်ခဲ့ကြတယ်။ လူ့အဖွဲ့အစည်းက အရူးလို့ သတ်မှတ်ထားတဲ့ မိန်းမ ၃ ယောက်နဲ့ ခေါင်းစ...
Zaher (2020)
⭐-
🎬 #Adult #Romance #Fantasy #Bollywood
🗓 2020 🎞 movie
🌎 #India
⏰ 54 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Zaher (2020)
ညတစ်ညမှာ အိမ်တစ်အိမ်ကို ကောင်မလေးတစ်ယောက်က တံခါးခေါက်ပြီး ဝင်ခွင့်တောင်းတယ်။အိမ်ပိုင်ရှင်ကောင်လေးက ဝင်ခွင့်ပေးလိုက်ပါတယ်။ဒီဝင်ခွင့်ပေးလိုက်ရာကနေ ဇာတ်လမ်းလေးတပုဒ်ဖြစ်တည်လာတာပါပဲ
ဧည့်သည်နဲ့အိမ်ရှင်တို့ကြားရင်းနှီးမှုအဆင့်တွေ မြင့်လာတဲ့အခါသံယောဇဉ်တွေတွယ်လာပြီး ဧည့်သည်မလေးက ဒီအိမ်မှာ အိမ်ရှင်မလေးပါဖြစ်ချင်လာတဲ့အခါ…
မထင်မှတ်ထားတဲ့ဇာတ်လမ်းအလှည့်ပြောင်းနဲ့ ညိုပြာညက်အသားရည်ပိုင်ရှင်ခန္ဓာကိုယ်ပြေပျစ်လှတဲ့ ဘောလိဝုဒ်မင်းသမီးလေးနဲ့အတူ တင်ဆက်ပေးထားပါတယ်…
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
King of Devil's Island (2010)
⭐IMDB: 7.5/10 (20 k Votes)
🎬 #Action #Drama
🗓 2010 🎞 movie
🌎 #Norway #France #Sweden #Poland
⏰ 1 နာရီ 56 မိနစ် 39 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၁၉၀၀ကျော်ခုနှစ်တွေတုန်းက နော်ဝေးနိုင်ငံမှာ ဆိုးသွမ်းတဲ့လူငယ်တွေကို ထိန်းသိမ်းဖို့ ကျွန်းပေါ်မှာတည်ထားတဲ့ ကျောင်းတစ်ကျောင်းရှိခဲ့ပါတယ် ယခုဇာတ်ကားက ထိုကျောင်းမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ်ကို အခြေပြုပြီးတော့ ပြန်လည်ရိုက်ကူးထားပြီး IMDb 7.5ရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားပါ
ဇာတ်လမ်းအညွှန်း
အဆိုပါကျောင်းဟာ ကျောင်းလို့ခေါ်ရုံလောက်သာရှိပြီး ထိုကျောင်းမှအစောင့်တွေ အုပ်ထိန်းသူတွေက ကျောင်းသားတွေကို နေ့စဉ်နှင့်အမျှ ရိုက်နှက်ပြောဆိုနှိပ်စက်နေကြတာပါ။ ဘယ်လောက်တောင်ဆိုးလဲဆိုရင် ကျောင်းသားတွေအပေါ် လိင်ကိစ္စကျူးလွန်တာတွေအထိပါ လုပ်ကြတဲ့အထိပါပဲ။ ထိုမျှတင်မကဘဲ ကျောင်းသားတွေကို အလုပ်ကြမ်းမှန်သမျှကို နေ့တိုင်းခိုင်းပြီးတော့ ထောင်သားတွေကိုထားသလိုကိုထားတာပါ။
ဒီလိုမျိုး ကျောင်းသားတွေဟာ နေ့တိုင်း စိတ်ရောကိုယ်ပါနှိပ်စက်တာခံနေရတဲ့အချိန်မှာ အများနဲ့မတူတဲ့ လူငယ်လေးတစ်ယောက် ထိုကျွန်းပေါ်ကိုရောက်လာခဲ့ပါတယ်။ သူကတော့ လုံးဝ ငြိမ်ခံမနေဘဲနဲ့ ထိုနေရာကနေ လွတ်မြောက်ဖို့အတွက်ပဲ စဉ်းစားနေတဲ့သူပါ။ သူကြိုးစားသမျှက အရာထင်လာမလား, လွတ်မြောက်ဖို့ဆိုတာကရော ဖြစ်နိုင်ရဲ့လားဆိုတာနဲ့ ဇာတ်ကားထဲမှာပါတဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းလေးတွေကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။...
Song of the South (2023)
⭐TMDB: 80.0% User Score
🎬 #Drama #War #Family
🗓 2023 🎞 movie
🌎 #Vietnam
⏰ 1 နာရီ 50 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
‘Dat Rung Phuong Nam'(Song of the South)ဟာ
ဗီယက်နမ် စစ်ပွဲနောက်ခံဝတ္ထုဖြစ်ပြီး ရသမျိုးစုံပေးစွမ်းနိုင်လို့
နာမည်ကျော်ခဲ့ပါတယ်။
1997ခုနှစ်မှာ ဒီဝတ္ထုကို တီဗီစီးရီးတစ်ခုရိုက်ကူးခဲ့ပြီး အတော်လည်း
လူကြိုက်များရေပန်းစားခဲ့ပါတယ်။
အခုလည်း 2023 adaptionအဖြစ် နောက်တစ်ကြိမ် ရုပ်ရှင်
ပိတ်ကားထက်ကို နောက်တစ်ကြိမ်ထွက်ပေါ်လာပြန်ပါပြီ…။
ဇာတ်အိမ်ပိုင်းမှာဆိုရင် အချစ်၊အမုန်း၊မေတ္တာ၊ဂရုဏာ ဘာမှ
အပြစ်ပြောစရာမရှိအောင် ရသပေးစွမ်းနိုင်စွမ်းရှိတဲ့အပြင် ဗီယက်နမ်ရဲ့
ရှုခင်းလှလှတွေ၊ ရိုးရာဓလေ့တွေကို စစ်ပွဲနောက်ခံထားပြီး
လှလှရိုက်ကူးပြသွားပါတယ်။
ကိုလိုနီခေတ်က ဗီယက်နမ်ရဲ့သူပုန်စစ်ပွဲကာလလှုပ်ရှားမှုတွေ၊
မိသားစုတွေ ကွဲကွာရပုံတွေ၊ လှပလွန်းတဲ့ တိုင်းပြည်ရဲ့ ရှုခင်းအလှအပတွေ၊
ဒီတိုင်းပြည်အတွက် ပေးဆပ်ကြပုံတွေကို သေချာမြင်တွေ့ရမှာမို့
တစ်ကားတည်းကြည့်ရတာ တိုတယ်လို့တောင်ခံစားရသွားနိုင်ပါတယ်။
ဇာတ်လမ်းအကြောင်းကို အနည်းငယ်ပြောပြရရင် အန်ဆိုတဲ့
ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့ဖခင်ဟာ
တော်လှန်ရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး နယ်ချဲ့တွေကို
တောခိုကာပုန်ကန်နေသူပါ…။
ဒီအကြောင်းကို အစိုးရအရာရှိတွေသိသွားတော့ အန်နဲ့မိခင်ဖြစ်သူဟာ
လက်ရှိမြို့ကအိမ်မှာ မနေနိုင်တော့ဘဲ ဖခင်ရှိရာနေရာကို ထွက်ပြေး
လာခဲ့ပါတော့တယ်။
သို့ပေမယ့် လမ်းတစ်ဝက်မှာ အဓိကရုဏ်းတွေဖြစ်တော့ အန်ရဲ့မိခင်ဟာ
တိုက်ပွဲတွေကြားကမြေစာပင်အဖြစ် ကျည်ထိပြီး အသက်ပျောက်ခဲ့ရရှာပါတယ်။
ဒီလိုနဲ့ အန်လေးတစ်ယောက်တည်း ဖခင်ဆီကို ဘယ်လိုခရီးဆက်မလဲ၊
လမ်းတစ်လျှောက်မှာ ဘယ်လို ကံကြမ္မာအလှည့်အပြောင်းတွေက
စောင့်ကြိုနေမလဲဆိုတာတွေကို ဇာတ်လမ်းလေးထဲမှာပဲ တစိမ့်စိမ့်စီးမျှော
ခံစားကြည့်လိုက်ပါတော့ဗျာ...
Io Capitano (2023)
⭐IMDB: 7.6/10 (4 k Votes)
🎬 #Drama #Adventure
🗓 2023 🎞 movie
🌎 #Belgium #France #Italy #UnitedStatesofAmerica
⏰ 2 နာရီ 2 မိနစ် 9 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Io Capitano (2023)
~ IMDb – 7.6/10, RT – 100%, Meta – 82% ~
လာမယ့်အော်စကာရဲ့ Best International Feature Film အတွက် အီတလီကိုယ်စားပြုအဖြစ်အရွေးခံရပြီး လက်ရှိမှာ ဆန်ခါတင်ဝင်ထားတဲ့ ရုပ်ရှင်ပါ။ အီတလီရုပ်ရှင်လို့တပ်ထားပေမဲ့ အီတလီရုပ်ရှင်ကား ကြည့်ရမှာတော့မဟုတ်ပါဘူး။ Io Capitano aka Me Captain ဟာ အီတလီကို အောက်လမ်းကခိုးဝင်ဖို့ကြိုးစားခဲ့ကြတဲ့ အာဖရိကတိုက်သားတွေအကြောင်းကို ရိုက်ပြထားတယ်။ ဒီရုပ်ရှင်အတွက် အိုင်ဒီယာကို အီတလီဒါရိုက်တာ Matteo Garrone ကရခဲ့ပြီး သူကိုယ်တိုင်ပဲရိုက်ထားတယ်။ Dogman (2018) နဲ့ သူ့ကို သိကောင်းသိကြလိမ့်မယ်။
ဇာတ်လမ်းကတော့ ဆိုခဲ့သလိုပဲ… ၁၆နှစ်သားကောင်လေးနှစ်ယောက်ဟာ အာဖရိကက ဒါကာဆိုတဲ့မြို့ကလေးကနေ အောင်မြင်ဖို့အိပ်မက်တွေမက်ပြီး အီတလီကိုသွားဖို့ကြံကြတယ်။ ဒီခရီးက သေဖို့ကပိုများတဲ့ ခရီးဆိုတာ တော်တော်များများသိကြတယ်။ သူတို့အမေတွေကလည်း လုံးဝလက်သင့်မခံနိုင်သလို သူတို့သွားမေးတဲ့လူတွေကတောင် သေချင်ရင်သွားကြဆိုပြီး ပြောလွှတ်လိုက်ပေမဲ့ သူတို့မျက်စိထဲ အောင်မြင်တဲ့ Rapper ကြီးဖြစ်လာဖို့ဆိုတဲ့ အိပ်မက်ကလွဲ ဘာမှမမြင်တော့တဲ့နောက် မရမနေသွားကြတယ်။ လမ်းမှာတော့ အဖမ်းခံရ နှိပ်စက်ခံရ ဒုက္ခမျိုးစုံပေါ့။ ထုံးစံအတိုင်းပါပဲ မဆန်းတော့ဘူး။ ဆန်းတဲ့အချက်ကတော့ ဒီရုပ်ရှင်ရဲ့ လူမဆန်ဆုံးနားတွေ အခက်ခဲဆုံးနားတွေမှာ တကယ်မဖြစ်ခဲ့တဲ့အဖြစ်တွေကို မျှော်လင့်ချက်ရဲ့ပြယုဂ်လိုလို ဆန္ဒရဲ့ပြယုဂ်လိုလို Surreal ဆန်ဆန် ထည့်သွားတာပဲဖြစ်လိမ့်မယ်။ ဒီအချက်က သူ့ကို သာမန်ဒီလိုကားတွေနဲ့ ကွဲပြားစေခဲ့တယ်။ ဒီကားကို တကယ်လို့ကြိုက်ခဲ့တယ်ဆိုရင် 2022 အော်စကာမှာ Docu, Inter Feature, Animation ဆန်ခါတင်သုံးခုဝင်ခဲ့တဲ့ ဒိန်းမတ်ရုပ်ရှင် Flee ကိုလည်း ကြည့်ကြည့်သင့်တယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Adult Shop Albasaeng – Those Who Experience It In Person (2020)
⭐TMDB: 60.0% User Score
🎬 #Adult #Drama #Romance
🗓 2020 🎞 movie
🌎 #
⏰ 1 နာရီ 23 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
*****************************************************************အချိန်တန်အရွယ်ရောက်ပြီးပေမဲ့sexကိစ္စတွေမှာတော့ အတွေ့အကြုံလုံးဝမရှိသေးတဲ့ရုပ်ဆိုးဆိုးကျောင်းသားလေးဝူဆော့က တစ်အိမ်ထဲအတူနေတဲ့အဒေါ်ကြီးနဲ့ sexလုပ်ဖို့အကြောင်းဖန်လာပါတော့တယ်ဘာမှမတတ်တဲ့ဝူဆော့တစ်ယောက် လူကြီးကစားစရာဆိုင်ကိုရောက်သွားပြီးဘယ်လိုသိုင်းကွက်တွေနဲ့ ပညာတွေသင်ယူလာမလဲဆိုတာ စောင့်ကြည့်လိုက်ကြရအောင်နော်…ကွီးယားဆက်ဆီမော်ဒယ် တက်တူးမမလည်းပါဝင်တာမို့ဂေါင်းသေးတို့အဖွဲ့ စိတ်ကျေနပ်မှုရပါလိမ့်မယ်...
