fa
Feedback

فریب کلاهبرداران را نخورید! تل‌متریو این کانال‌ها را شناسایی و برچسب‌گذاری می‌کند 👉 برای مشاهده برچسب، اشتراک تهیه کنید 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

کانال بسته

🚩 Channel was restricted by Telegram

نمایش بیشتر
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Just the Two of Us (2023) ⭐IMDB: 6.6/10 (2 k Votes) 🎬 #Drama #Thriller #Romance 🗓 2023 🎞 movie 🌎 #France ⏰ 1 နာရီ 45 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူတွေပြောနေကျ စကားတစ်ခွန်းရှိတယ်…။ အချစ်တစ်ခုတည်းနဲ့မပြည့်စုံဘူး…နှစ်ကိုယ်တူဘဝတည်ဆောက်ဖို့ဆို မေတ္တာ၊သစ္စာ၊ ဥစ္စာ ပြည့်စုံဦးမှ ဘာဘာညာညာပေါ့….။ ဒီအရာတွေပြည့်စုံပြီပဲထား နှစ်ယောက်တစ်ဘဝကို တကယ်တမ်းတည် ဆောက်လို့ရပြီလား ခိုင်မြဲပြီလား…..။ ဒီအချက်တွေအပြင် ကျွန်တော်တို့ မျက်စိအောက်တင်ဘဲ မေ့လျော့နေခဲ့တဲ့ အခြားအရေးကြီးအချက်ရှိပါသေးတယ်…။ ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် mental support၊စိတ်ခွန်အားပေးဖို့၊ တစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို အလေးထားပြီး psychological freedom သူ့ကိုယ်ပိုင်စိတ်လွတ်လပ်ခွင့်ထားပေးဖို့လည်းလိုပါသေးတယ်….။ ဒါတွေ မပေးဆပ်နိုင်ဘဲ အရမ်းချစ်တယ်ဆိုပြီး နှုတ်ကသာ တစ်ဖွဖွ ချစ်တယ်ပြောရင်းနဲ့…. ကိုယ့်လက်တွဲဖော်ကို အပိုင်သိမ်းပိုက်ချုပ်ချယ် ထားချင်မယ်ဆိုရင်တော့ ကိုယ့်အချစ်ကသူ့အတွက် မွန်းကြပ်စရာတွေ သာဖြစ်လာမှာပါ…။ ဒီအချိန်ကျရင်တော့ အချစ်ဟာကြောက်ဖို့ကောင်းသွားပြန်ပါပြီ…။ အတ္တအချစ်စိတ်ဟာ ဘယ်လောက်ထိ မွန်းကြပ်စေနိုင်လဲ၊ ဘယ်လိုရုန်းထွက်မှလွတ်မလဲဆိုတာကို ဒီပြင်သစ် psychological dramaလေးထဲမှာကြည့်ရှုနိုင်ပါပြီ...

Lord of Misrule (2023) ⭐IMDB: 5.1/10 (508 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #Ireland #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 44 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Lord of Misrule (2023) ကျေးလက်ပုံပြင်တွေကို အခြေခံထားတဲ့ ဟော်ရာကားတစ်ကားပေါ့။ ဒီလိုကားတွေက မကောင်းတောင် တော်တော်တော့ ကြည့်ကောင်းတတ်တယ်။ ဥပမာဆို The Witch, Kwaidan, The Wailing, Sleepy Hollow, The Ritual နဲ့ In the Earth တို့လို ကားမျိုးတွေပေါ့။ ဒီကားကလည်း ဒေသတစ်ခုက နတ်ဆိုးလိုလို နတ်လိုလို မမြင်အပ် မြင်အပ်အရာတစ်ခုအကြောင်း ဇာတ်လမ်းကို အခြေခံထားတယ်။ တရားဟောဆရာမလုပ်နေတဲ့ ရေဘက်ကာဟော်လန်ဟာ ဒေသသစ်တစ်ခုမှာ အခြေသွားချတယ်။ ခေါင်သီတဲ့ဒေသတစ်ခုပေါ့။ အဲဒီဒေသက‌ ကောက်ရိတ်သိမ်းပွဲတော်မှာ သူ့သမီးက ကောက်ရိတ်သိမ်း နတ်သမီးအဖြစ် ရွေးချယ်ခံထားခဲ့ရတယ်။ အဲဒီပွဲမှာ သူ့သမီးလေးပျောက်သွားတဲ့နောက် ရေဘက်ကာဟာ ရဲတွေ အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ သူ့သမီးလေးကိုရှာဖို့လုပ်တယ်။ ဒါပေမဲ့ ၃ရက်တန်သည်အထိ သူ့သမီးရဲ့ အရိပ်ကိုတောင်မမြင်ရဘူး။ ဒီနောက်မှ သူသိလိုက်ရတာက လွန်ခဲ့တဲ့ ၁၂နှစ်ကလည်း ဒါမျိုးအဖြစ် ဖြစ်ဖူးကြောင်းပေါ့။ ဒီအဖြစ်ကို ခြေရာကောက်ရင်း သူ့သမီးကို သူပြန်ရှာဖို့ကြိုးစားတာကို ကြည့်ရမယ့်ဇာတ်လမ်းပေါ့။ ဒီရုပ်ရှင်က Midsommar နဲ့တောင် နည်းနည်းဆင်တယ်တောင်ပြောရမယ်။ ဟော်ရာပရိသတ်တွေ ကြိုက်လောက်မယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...

Water Lilies (2007) ⭐TMDB: 65.0% User Score 🎬 #Drama #Romance 🗓 2007 🎞 movie 🌎 #France ⏰ 1 နာရီ 22 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Water lilies (2007) IMDb rating – 6.7 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ “မာရီ”၊ “ဖလော်ရီယန်”နဲ့ “အန်နီ”ဆိုတဲ့ ၁၅နှစ်အရွယ် ကလေးမလေးသုံးယောက်ပါဝင်ပါတယ်။ မာရီက တစ်ခုခုဆိုရင် မဝံ့မရဲတဲ့သူ၊ စကားနဲပြီး အနေအေးတဲ့ကောင်မလေးပါ။ မာရီရဲ့သူငယ်ချင်း ‘အန်နီ’ကတော့ ဝဝတုတ်တုတ် ချစ်စရာကလေးမလေးဖြစ်ပြီး ‘ဖရန်ဆွာ’ဆိုတဲ့ ကောင်လေးဆီက ပထမဆုံးအနမ်းရချင်နေသူလေးပါ။ ဖလော်ရီယန်ကတော့ ဘယ်သူ့ကိုမှထည့်မထွက်တတ်တဲ့သူ၊ ရေထဲဘဲလေးအကအဖွဲ့ ခေါင်းဆောင်၊ ကောင်လေးတွေပါးစပ်ဖျားမှာ တသသဖြစ်ရတဲ့အလှဘုရင်မလေးပါ၊ ဒါကြောင့် ယောကျ်ားတိုင်းနဲ့အိပ်တဲ့အပျက်မလို့ သတင်းတွေထွက်နေတဲ့သူလည်း ဟုတ်ပါတယ်။ မာရီက ရေထဲဘဲလေးအကဖျော်ဖြေပွဲကိုကြည့်ပြီးတဲ့နောက်မှာ ဖလော်ရီယန်ဆီ ချဉ်းကပ်လာခဲ့ပါတယ်။ ကောင်မလေး ၃ယောက်ရယ် သုံးပွင့်ဆိုင်နေတဲ့ပြဿနာလေးရယ်က ဘယ်လိုဖြစ်သွားမလဲ။ သူတို့တစ်ဦးချင်းဆီရဲ့ ပထမဆုံးအနမ်း၊ ပထမဆုံးအထမြောက်နိုင်ဖို့ဆိုတာတွေ အဆင်ပြေပြေဖြစ်လာနိုင်ပါ့မလား။ ဒီဇာတ်လမ်းမှာ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်ကောင်မလေးတွေရဲ့ မြီးကောင်ပေါက်အရွယ် စိတ်ကစားတတ်တဲ့သဘောသဘာဝလေးတွေ၊ ပျိုဖော်ဝင်စ လိင်စိတ်နိုးကြွားမှုအကြောင်းတွေကို လှလှပပနဲ့ သဘာဝကျအောင် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက အေးအေးညိမ့်ညိမ့်လေး ကြည့်ရမှာဖြစ်ပြီး runtime ကလည်း မိနစ် ၈၀ စာလောက်ပါပဲ။ awards တွေလည်း သိမ်းပိုက်ထားတဲ့ ဇာတ်လမ်းလေးမို့ ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။...

The Great Ice Siege (2024) ⭐TMDB: 0.0% User Score 🎬 #Action #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 32 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တရုတ်ပြည်မြောက်ပိုင်းကမြို့လေးတစ်မြို့မှာ စီးပွားရေးသမားအယောင်ဆောင်လူဆိုးဂိုဏ်းတွေဟာ ခြယ်လှယ်နေကြတယ်။ တစ်နေ့မှာတော့ မြို့လေးကိုလက်ဝါးကြီးအုပ်ထားတဲ့ ဝမ်ယွီကို ဖန့်မျိုးနွယ်ညီအစ်ကိုကလူသတ်သမားလွှတ်ပြီး လုပ်ကြံလိုက်ပါတယ်။ ဒီမြို့လေးရဲ့သမိုင်းမှာအရမ်းကိုဆိုးရွားတဲ့အမှုဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ကနေပြီးအင်အားကုန်သုံးပြီး တရားကိုဖမ်းဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။သူများလက်ကိုသုံးပြီး တစ်ဆင့်ခံသတ် သက်သေဖျောက်ပြီးဉာဏ်များတဲ့ဖန့်ညီအစ်ကိုကို ရဲတပ်ဖွဲ့ခေါင်းဆောင်ကျိုးတို့ကမဆုတ်မနစ်တဲ့ဇွဲနဲ့ အမိအရကြိုးစားဖမ်းနိုင်ဖို့ ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရမလဲ...

Desperado (2024) ⭐TMDB: 0.0% User Score 🎬 #Action #Crime #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 41 မိနစ် 1 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ခွေးထိရင်ဓားကြည့်ဆိုတဲ့ John Wickကြီးလိုပဲ သမီးထိရင်မီးပွင့်သွားမယ်ဆိုတဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက် လက်ဗလာနဲ့လူဆိုးအုပ်ကြားမှာကြမ်းတဲ့ အက်ရှင်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့အရမ်းကိုထူးချွန်တဲ့အထူးအေးဂျင့်ဟောင်းကြီးတစ်ယောက်က ဇာတ်မြှုပ်ပြီးတော့လုံခြုံရေးကုမ္ပဏီလေးဖွင့်ပြီး ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေချိန်မှာမင်းသားကသူ့ဟာသူနေပေမယ့် ပြဿနာကသူ့ဟာသူမနေပဲ တံခါးဝထိရောက်လာပါတယ်။ဒီလိုနဲ့သူကမိသားစုကိုဆုံးရှုံးလိုက်ရပြီးတော့ ထောင်(၉)နှစ်ကျသွားပါတယ်။ ထောင်ကထွက်လာတဲ့အချိန်မှာ သူ့ရဲ့မိသားစုကိုဖျက်ဆီးခဲ့တဲ့သူကို လိုက်ရှာတော့တာပေါ့။သဲလွန်စတွေရဲ့အချိတ်အဆက်တစ်ခုဖြစ်တဲ့ ကလေးမလေးတစ်ယောက်ကိုသမီးအရင်းလိုသဘောထားပြီးကာကွယ်ပေးရင်းသူ့ရဲ့ရန်ငြိုးကိုလက်စားချေဖို့ကြိုးစားတော့တာပေါ့။လူကြမ်းကြီးတစ်ဖြည်းဖြည်းနဲ့ အဖြစ်မှန်အမှုကိုဖော်သွားတာကိုကြမ်းကြမ်းရမ်းရမ်းအက်ရှင်တွေနဲ့ ခံစားကြည့်လိုက်ပါနော်...

The Remains of the Day (1993) ⭐TMDB: 74.0% User Score 🎬 #Drama #Romance 🗓 1993 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 14 မိနစ် 45 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Remains of the Day (1993) ~ IMDb – 7.8/10, Rotten Tomatoes – 96% ~ ဒီရုပ်ရှင်ဟာ အော်စကာ ဆန်ခါတင်စာရင်းမှာ ၈ ဆုတောင် တသီကြီးဝင်ခဲ့ပေမယ့် အဲဒီတုန်းက သူနဲ့ အပြိုင်က Schindler’s List ဖြစ်နေခဲ့တာကြောင့် ဘာဆုမှ ချိတ်မသွားရှာခဲ့တဲ့ တစ်ခါတုန်းက အကောင်းဆုံးရုပ်ရှင်တစ်ကားပါ။ ခုခေတ်ရဲ့ ဂန္ထဝင်တွေလို့ သမုတ်ခံနေကြရပြီ‌ဖြစ်တဲ့ Sir Anthony Hopkins, Hugh Grant, Christopher Reeve နဲ့ Emma Thompson တို့လို ပုဂ္ဂိုလ်တွေ ခေါင်းဆောင်ပါဝင်ထားပါတယ်။ ၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ ဗြိတိန်မှာ ဇာတ်အိမ်တည်ထားတဲ့ သစ္စာရှိ၊ တာဝန်သိ အိမ်တော်ထိန်းကြီးတစ်ယောက်အကြောင်းဖြစ်ပါတယ်။ Booker Prize ရထားတဲ့ နာမည်တူ စာအုပ်ကိုပဲ ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး ဒုတိယကမ္ဘာစစ်မတိုင်ခင်က ကြီးကျယ်ခမ်းနားတဲ့ အင်္ဂလိပ်လူမျိုး အထက်တန်းလူတန်းစားတစ်ရပ်ကိုတွေ့မြင်ရမှာပါ။ စည်းစနစ်ကြီးပြီး အလုပ်မှာသာ အရာရာမြှုပ်နှံထားတဲ့ စတီဗင်ဆိုတဲ့ အိမ်တော်ထိန်းကြီးတစ်ယောက် သူအိမ်ကြီးရှင် သခင်ဒါလင်တန်အပေါ် မှာထားတဲ့အကြွင်းမဲ့ယုံကြည်မှုနဲ့ သစ္စာတရားအပေါ် သခင်ဒါလင်တန် ကွယ်လွန်ပြီးနှစ်အတော်ကြာမှ သူကိုယ်တိုင်ပြန်မေးခွန်းထုတ်လာမိပါတယ်။ သခင်ဒါလင်တန်ဟာ တကယ့်လူကြီးလူကောင်းစစ်စစ်တစ်ယောက် အရှိန်အဝါကြီးသူတစ်ယောက်ဖြစ်ခဲ့ပေမဲ့ သူ့ရဲ့ တလွဲစာနာမှုတစ်ခုအပေါ် အခြေခံမိတဲ့ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ဗြိတိန်နိုင်ငံသားတွေရဲ့ သစ္စာဖောက်လို့ အခေါ်ခံရမှုတွေအောက်မှာ နောက်ဆုံးနေ့တွေကို ဖြတ်သန်းခဲ့ရသူပါ။ ဂုဏ်ရှိန်ပြင်းချိန်ကစလို့ မီးငယ်မှိန်ချိန်အထိ အနားမှာ တောက်လျှောက်ခစားခဲ့တဲ့သူကတော့ အိမ်တော်ထိန်းကြီး စတီဗင်ပါ။ ဒါလင်တန်စံအိမ်ကြီးနဲ့ သခင်ဒါလင်တန်ဟာ စတီဗင်အတွက်တော့ ကမ္ဘာတစ်ခုလုံးပါပဲ။ သူ့ရဲ့ သခင်အသစ်က နားရက်ပေးပြီး ခရီးသွားခိုင်းချိန် “ကမ္ဘာကြီးကို နောက်ဆုံးမြင်ခဲ့တာ ဘယ်တုန်းကလဲ စတီဗင်” လို့မေးတာကို “အတိတ်တုန်းကတော့ ကမ္ဘာကြီးကသာ ဟောဒီအိမ်ကြီးဆီ အမြဲ အလည်လာနေကျပဲ” လို့ ပြန်ဖြေတတ်သူမျိုးပေါ့။ ဇာတ်လမ်းအစစ်ကဘယ်အချိန်မှာစလဲဆိုတော့ သခင်ဒါလင်တန် ကွယ်လွန်သွားပြီးနောက် စာနယ်ဇင်းတွေမှာ ပလူပျံနေတဲ့ မကောင်းသတင်းကို ကြားပြီး မခံမရပ်ဖြစ်တဲ့စိတ်နဲ့အတူ စတီဗင်ဆီ ရောက်ရှိလာခဲ့တဲ့ စာတစ်စောင်ကြောင့်ပါ။ စာကိုပို့လိုက်သူကတော့ တခြားမဟုတ်ဘဲ တစ်ချိန်က စတီဗင်နဲ့အတူ အိမ်တော်ကြီးမှာ အတူခစားခဲ့ကြတဲ့ မစ္စကန်တွန်ဆိုတဲ့ အမျိုးသမီးပါပဲ။ အိမ်တော်ထိန်းကြီးရဲ့ မျက်လုံးတွေကတဆင့် လွန်ခဲ့တဲ့ နှစ်၂၀က ဒါလင်တန်စံအိမ်မှာ ဖြစ်ပျက်ခဲ့သမျှတွေကို လက်ရှိအချိန်နဲ့ လူးလာကူးရင်းတွေ့ရမှာပါ။ ရုပ်ရှင်က ၂နာရီ ၁၄ မိနစ်စာဆိုပေမဲ့ ဘဝကြီးတစ်ခုလုံးစာကြာတယ်လို့ ခံစားရပါလိမ့်မယ်။ မကောင်းတဲ့သဘောနဲ့ပြောတာမဟုတ်ဘဲ အဲဒီလောက်ထိကို လူကိုကျေနပ်သွားစေတယ်လို့ ပြောချင်တာပါ။ မဆိုသစလောက်လေးတော့ လေးပေမယ့် ပေါ့ပေါ့ပါးပါးခံစားရစေမယ့် အပိုင်းလေးတွေလည်း ပါပါတယ်။ ဒီကားရဲ့ အိမ်တော်ထိန်းကြီး စတီဗင်နေရာမှာ သရုပ်ဆောင်ဖို့ကို Sir Anthony Hopkins က ဘတ်ကင်ဟမ်နန်းတော်မှာ အဲလိဇဘက်ဘုရင်မကြီးအတွက် အနှစ် ၅၀ အမှုထမ်းခဲ့တဲ့ Cyril Dickman လို့ခေါ်တဲ့ အိမ်တော်ထိန်းကြီးတစ်ယောက်ဆီကနေ လေ့လာသင်ယူအကြံတောင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)...

Love Birds (2023) ⭐IMDB: 5.3/10 (166 Votes) 🎬 #Bollywood #Drama #Romance 🗓 2023 🎞 movie 🌎 #India ⏰ 2 နာရီ 9 မိနစ် 59 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love Birds (2023)”အချစ်ငှက်ကလေးတွေ”================================= မာယာဆိုတဲ့ ရှေ့နေမလေးဟာ အင်မတန့်အင်မတန်တော်တဲ့ ကွာရှင်းရှေ့နေမလေးပါ။ကွာရှင်းပေးတဲ့နေရာမှာ တော်တာမဟုတ်ဘူး။ ကွာရှင်းချင်တဲ့လင်မယားတွေကို ကွာရှင်းချင်စိတ်ပျောက်အောင်တရားရုံးမှာ လျှောက်လွဲချက်ပေးပြီး အထောက်အထားမခိုင်လုံလို့ တရားသူကြီးက ကွာရှင်းမိန့်ပေးရင်တောင် မာယာဟာ စကားလုံးလှလှလေးတွေနဲ့ တယောထိုးပြီး ကာယကံရှင်တွေကို ချစ်စိတ်ကြင်နာစိတ်ပြန်ဝင်ပြီး ပြန်ပေါင်းစည်းအောင်လုပ်နိုင်စွမ်းရှိသူဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်နေ့တော့ သူ့ဆီကို အသိကနေတဆင့်ရောက်လာတဲ့ ဒီပါ့ခ်နဲ့ ပူဂျာဆိုတဲ့ ကွာရှင်းချင်နေတဲ့ လူထူးဆန်းဇနီးမောင်နှံကို ပြန်ပေါင်းစည်းရေး မောင်းတီးပေးရတဲ့အချိန်မှာတော့ အခွီလေးတွေမထူမပါးဖောက်ထားတဲ့ အချစ်ငှက်ကလေးတွေဆိုတဲ့ အနှီရုပ်ရှင် ပေါ်ပေါက်လာပါတော့တယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Village (2023) ⭐IMDB: 5.8/10 (778 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 23 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Village (2023) ~ MyDramaList – 7.1/10 ~ ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို အကြီးအကျယ် ပြောင်းလဲစေခဲ့ရင်း သူတိုနှစ်ယောက်ဆက်ဆံရေးက သူတို့ကိုယ်တိုင်နဲ့ ကာမွန်ရွာတစ်ရွာလုံးကို ဘယ်လိုဖြစ်စေမလဲဆိုတာ ပိတ်ကားထက်မှာ ကြည့်ရှုလိုက်ကြပါခင်ဗျာ။ The Village (2023) ကို ဒါရိုက်တာ Michihito Fujii က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Michihito Fujii ဆိုတာ Hard Days (2023), The Last 10 Years (2022), The Journalist (2019), The Journalist (2022 – Netflix Series) စတဲ့ ဇာတ်ကား၊ စီးရီးတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။ ကာတယာမယူ နေရာမှာ သရုပ်ဆောင်တဲ့သူက Usogui (2022), Akira and Akira (2022), Your Eyes Tell (2020) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Ryusei Yokohama ဖြစ်ပြီး နာကာအီမီဆာကီနေရာမှာတော့ Kyrie no Uta (2023), It Comes (2018), The Bride of Rip Van Winkle (2016) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Haru Kuroki ဖြစ်ပါတယ်။ Wataru Ichinose, Shido Nakamura (Monster ထဲက Yori လေးရဲ့အဖေ), Furuta Arata တို့လို ဝါရင့်သရုပ်ဆောင်တွေလည်းပါကြပါတယ်။ The Village ထဲမှာပါတဲ့ နိုပြဇာတ် (Noh Theatre) ဆိုတာ နာမည်ကျော်ဂျပန်ရိုးရာပြဇာတ်တွေထဲက ပြဇာတ်အမျိုးအစားတစ်ခုဖြစ်တယ်။ နိုပြဇာတ်ကဘယ်လိုပြဇာတ်မျိုးလဲ၊ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေလဲ၊ ကာမွန်ရွာကို ဘယ်လိုအကျိုးပြုသလဲဆိုတာ ပြသထားပါတယ်။ ဒီဇာတ်ကားက ကြည့်ရှုသူအပေါ်လိုက်ပြီး Suspense, Thriller အပြင် တစ်ခြားခံစားချက်တွေပါရပြီး ဇာတ်ကားပြီးသွားရင်တော့ ဘယ်လိုကြီးမှန်းမသိဆိုပြီး ရင်ထဲဖြစ်ကျန်ခဲ့မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAKမှ ပြန်ဆို ရေးသားထားပါတယ်)...

The Sexual Story of O (1984) ⭐TMDB: 47.0% User Score 🎬 #Adult #Romance #Drama 🗓 1984 🎞 movie 🌎 #Spain ⏰ 1 နာရီ 32 မိနစ် 30 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Sexual Story of O (1984) Erotic ဇာတ်ကားတွေနဲ့နာမည်ကြီးတဲ့ စပိန်ဒါရိုက်တာကြီး Jesús Franco ရဲ့လက်ရာဖြစ်ပါတယ်။ စွန့်စားခန်းတွေကိုရှာဖွေနေတဲ့ အိုဒီလ်ဆိုတဲ့ ဆယ်ကျော်သက်မိန်းမငယ်လေးဟာ အိမ်နီးချင်းလင်မယားရဲ့သွေးဆောင်မှုကိုခံခဲ့ရပြီး အတွေ့အကြုံထူးတွေမှာ ယစ်မူးနေခဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီလင်မယားက သူ့ကို တဏှာကျွန်အစွန်းရောက်တွေဖြစ်တဲ့ ဗွန်ဘေကီမင်းသားနဲ့ ကြင်ယာတော်ဆီမှာ ရောင်းစားဖို့ကြံစည်ထားခဲ့တာပါ။ သူတို့ရဲ့အကြံအစည်အောင်မြင်သွားမလား… အဲဒီလိုအဖြစ်ဆိုးကနေ လွတ်မြောက်အောင် ကူညီမယ့် ကယ်တင်ရှင်ပေါ်လာမလား… ဆိုတာကို ဆက်လက်ရှုစားကြပါ။ ဥရောပရှေးဟောင်းကားတွေထုံးစံ အတော်ကြမ်းတဲ့ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

Vidhi (2023) ⭐TMDB: 0.0% User Score 🎬 #Bollywood #Crime #Thriller 🗓 2023 🎞 movie 🌎 # ⏰ 1 နာရီ 45 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Vidhi (2023) “ကံတရား” IMDb – 8.6/10 Death Noteမဟုတ်တဲ့ Death Penပါ။ခုလိုပြောလိုက်လို့ ပေါကားလို့ထင်သွားစရာဆိုပေမဲ့ပေါကားမဟုတ်ဘဲ သေချာလေး စေတနာထားရိုက်ကူးတင်ဆက်ထားတာကိုတွေ့မြင်ကြရမှာပါ။ ဆူရီယာဆိုတာ ရိုးသားပြီး အပြစ်ကင်းစင်တဲ့ကောင်လေးတစ်ယောက်။‘ကမ္ဘာကြီးဆိုတာ လှပါတယ် ဒါပေမဲ့ မြေခွေးလိုကောင်တွေနဲ့ ဝိုင်းနေတာဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရိုးသားမှုကိုတော့ လက်မလျော့လိုက်နဲ့နော်…’ဆိုတဲ့ချစ်ခင်ရသူတစ်ဦးရဲ့ နောက်ဆုံးစကားကြောင့်ပဲအကောင်းဆုံးကြိုးစားရှင်သန်နေထိုင်ပါတယ်။ သားမိနှစ်ယောက်တည်းရှိတဲ့ဘ၀မှာ အကြွေးနွံနစ်နေတာကြောင့်ချစ်သူရှိရာမြို့လေးဆီ အလုပ်လုပ်ဖို့တက်လာခဲ့ပါတယ်။ကြုံတဲ့ဆန်စက်မှာ ဝင်လုပ်ပေမဲ့ သူ့ကိုနောက်ဆုံးပြောသွားခဲ့တဲ့စကားလိုမြေခွေးတွေဝိုင်းနေတဲ့လောကကြီးကို နဖူးတွေ့ဒူးတွေ့ရင်ဆိုင်ရပါတော့တယ်။ တစ်ရက်… လမ်းမှာကောက်တွေ့တဲ့ ရွှေရောင်ဘောပင်လေးကို ပြန်ရောင်းစားမယ်ဆိုတဲ့စိတ်နဲ့ သိမ်းထားရာကအစ။အမှန်တရားနဲ့ ကလဲ့စားကြားက မျဉ်းပါးပါးလေးကို သူဘယ်လိုအသုံးချရှင်သန်သွားမလဲဆိုတာ။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Saii ~ BpL ~ Yunniတို့ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...

Shared Room – Yotsuha Kominato ( Decensored – STARS-796 ) ⭐- 🎬 #Adult 🗓 - 🎞 movie 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုတင်ဆက်ပေးမဲ့ မင်းသမီးလေးကတော့ Yotsuha Kominato လေးပဲဖြစ်ပါတယ်…….ခန္ဓာကိုယ်တောင့်တောင့်ဖြောင့်ဖြောင့်တွေချည်းကြည့်နေရရင် ရိုးသွားမယ်စိုးလို့ ပိန်ပိန်းပါးပါးကျစ်ကျစ်လျစ်လျစ်လေးပေမဲ့ ရှိသင့်ရှိအပ်တဲ့ အဖုအထစ်အချိုးအစားတွေကတော့ စံချိန်မီတဲ့ မင်းသမီးလေးတလက် ကိုတင်ဆက်ပေးလိုက်ပါပြီ…… STARS-796 လို့ အမည်ပေးထားတဲ့ဒီကားလေးထဲမှာတော့ မင်းသမီးလေး မိုးလေဝသကြေညာတဲ့သူလေးပါ……သူတို့ သွားကြေညာတဲ့နေရာက ရာသီဥတု အရမ်းဆိုးရွားသွားတော့ အိမ်ပြန်လို့မရတော့ပါဘူး……အဲဒီမှာပဲ ဟိုတယ်ငှားပြီးတည်းရမဲ့ကိန်းဆိုက်လာပါတော့တယ်…..ရေငတ်တုန်းရေတွင်းထဲကျဆိုသလို သူ့ကို ကျားချောင်း ချောင်းနေတဲ့ အထက်လူကြီးနဲ့ တခန်းတည်းနေရမဲ့ အရေးဆိုက်လာတော့ ပြုသမျှနုရတဲ့ ဘဝကနေ ဘယ်လိုတိုက်စစ်ပြန်ဆင်မလဲဆိုတာ ရင်သပ်ရှုမောဖွယ် ကြည့်ရှုခံစားရမှာပါ…… (Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။...

Blue Jay (2016) ⭐TMDB: 70.0% User Score 🎬 #Drama #Romance 🗓 2016 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတခေါက်တင်ဆက်ပေးထားတာကတော့ American Horror Story, Ocean’s 8 စတဲ့ ဒိတ်ဒိတ်ကြဲရုပ်ရှင်တွေထဲက နာမည်ကြီးမင်းသမီး Sarah Paulson ရဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် မင်းသားကလည်း Creep (2014),(2017) တို့ရဲ့ ဇာတ်ညွှန်းရေးဆရာ/သရုပ်ဆောင်ဖြစ်တဲ့ Mark Duplass ပါ IMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 92% တောင်ရထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးဆိုလည်း မမှားပါဘူး ဒီဇာတ်ကားက ကာရိုက်တာတွေအများကြီးမပါဝင်ဘဲနဲ့ အဓိကဇာတ်ဆောင် မင်းသား မင်းသားမင်းသမီး ၂ယောက်ရယ် အဘိုးကြီး ၁ဦးရယ်ပဲ ပါဝင်ပါတယ် ပြီးတော့လည်း တမူထူးစွာ ရုပ်ရှင်ကို B&W အဖြစ်ရိုက်ထားပါတယ် ဇာတ်လမ်းလေးရဲ့နာမည်ကလည်း Blue Jay ငှက်ခါး တဲ့ စည်ကားဆူညံမှု‌တွေမရှိတော့တဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းလူတွေပဲ ကျန်ခဲ့တဲ့ နယ်မြို့လေးတမြို့မှာ ဇာတိကို ခဏပြန်လာကြတဲ့ ငယ်သူငယ်ချင်းတဖြစ်လဲ ရည်းစားဟောင်းနှစ်ဦးရဲ့ မတွေ့တာကြာတဲ့ စကားဝိုင်းလေးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ နားဝင်ချိုတဲ့နောက်ခံတီးလုံးလေးတွေနဲ့ ဒီကားကို ဖန်တီးထားပါတယ် အတက်အကျကြမ်းတဲ့ ဇာတ်ဝင်ခန်းရယ်လို့ အထွေအထူးမပါပေမဲ့ ကြည့်ရတဲ့သူရဲ့ရင်ထဲ တချိန်က ရှိခဲ့ကြဖူးမဲ့ ဆက်ဆံရေးလေးတွေကို ပြန်တွေးအမှတ်ရစေပြီး ကြည်နူးမိစေပါတယ် Before Sunrise လို ဇာတ်လမ်းသွားမျိုးကို သဘောကျတဲ့သူတွေ စမ်းကြည့်သင်ပါတယ် ဇာတ်ကြောင်းလေးကတော့… ဂျင်မ်တယောက် သူ့မိခင်ဆုံးသွားတော့ အိမ်ကပစ္စည်းတွေကိုရှင်းရင်း အိမ်ကိုပြန်ပြင်ပြီး ရောင်းဖို့အတွက် ဇာတိမြို့လေးကိုပြန်လာခဲ့ပါတယ် တနေ့ ဈေးဝယ်ထွက်ရင်း ဆိုင်မှာ သူ့အချစ်ဦးဖြစ်တဲ့ ငယ်သူငယ်ချင်း အမန်ဒါနဲ့ ပက်ပင်းတိုးပါတော့တယ် နှစ်ယောက်သား ပြန်နှုတ်ဆက်ကြရင်း တယောက်အကြောင်းတယောက်မေးကြရင်းကနေ ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါဦးနော်...

Blue Jay (2016) ⭐TMDB: 70.0% User Score 🎬 #Drama #Romance 🗓 2016 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 20 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒီတခေါက်တင်ဆက်ပေးထားတာကတော့ American Horror Story, Ocean’s 8 စတဲ့ ဒိတ်ဒိတ်ကြဲရုပ်ရှင်တွေထဲက နာမည်ကြီးမင်းသမီး Sarah Paulson ရဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် မင်းသားကလည်း Creep (2014),(2017) တို့ရဲ့ ဇာတ်ညွှန်းရေးဆရာ/သရုပ်ဆောင်ဖြစ်တဲ့ Mark Duplass ပါ IMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 92% တောင်ရထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးဆိုလည်း မမှားပါဘူး ဒီဇာတ်ကားက ကာရိုက်တာတွေအများကြီးမပါဝင်ဘဲနဲ့ အဓိကဇာတ်ဆောင် မင်းသား မင်းသားမင်းသမီး ၂ယောက်ရယ် အဘိုးကြီး ၁ဦးရယ်ပဲ ပါဝင်ပါတယ် ပြီးတော့လည်း တမူထူးစွာ ရုပ်ရှင်ကို B&W အဖြစ်ရိုက်ထားပါတယ် ဇာတ်လမ်းလေးရဲ့နာမည်ကလည်း Blue Jay ငှက်ခါး တဲ့ စည်ကားဆူညံမှု‌တွေမရှိတော့တဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းလူတွေပဲ ကျန်ခဲ့တဲ့ နယ်မြို့လေးတမြို့မှာ ဇာတိကို ခဏပြန်လာကြတဲ့ ငယ်သူငယ်ချင်းတဖြစ်လဲ ရည်းစားဟောင်းနှစ်ဦးရဲ့ မတွေ့တာကြာတဲ့ စကားဝိုင်းလေးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ နားဝင်ချိုတဲ့နောက်ခံတီးလုံးလေးတွေနဲ့ ဒီကားကို ဖန်တီးထားပါတယ် အတက်အကျကြမ်းတဲ့ ဇာတ်ဝင်ခန်းရယ်လို့ အထွေအထူးမပါပေမဲ့ ကြည့်ရတဲ့သူရဲ့ရင်ထဲ တချိန်က ရှိခဲ့ကြဖူးမဲ့ ဆက်ဆံရေးလေးတွေကို ပြန်တွေးအမှတ်ရစေပြီး ကြည်နူးမိစေပါတယ် Before Sunrise လို ဇာတ်လမ်းသွားမျိုးကို သဘောကျတဲ့သူတွေ စမ်းကြည့်သင်ပါတယ် ဇာတ်ကြောင်းလေးကတော့… ဂျင်မ်တယောက် သူ့မိခင်ဆုံးသွားတော့ အိမ်ကပစ္စည်းတွေကိုရှင်းရင်း အိမ်ကိုပြန်ပြင်ပြီး ရောင်းဖို့အတွက် ဇာတိမြို့လေးကိုပြန်လာခဲ့ပါတယ် တနေ့ ဈေးဝယ်ထွက်ရင်း ဆိုင်မှာ သူ့အချစ်ဦးဖြစ်တဲ့ ငယ်သူငယ်ချင်း အမန်ဒါနဲ့ ပက်ပင်းတိုးပါတော့တယ် နှစ်ယောက်သား ပြန်နှုတ်ဆက်ကြရင်း တယောက်အကြောင်းတယောက်မေးကြရင်းကနေ ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါဦးနော်...

Project Dorothy (2024) ⭐IMDB: 6.5/10 (511 Votes) 🎬 #Horror #SciFi #Thriller #ScienceFiction 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 18 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 2024 မှာမှထွက်ရှိထားတဲ့ Project Dorothy ဆိုတဲ့ Sci-Fi, Horror, Thriller ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ ဂျိမ်းစ်နဲ့ဘလိတ်ခ်တို့နှစ်ယောက်ဟာ ဓားပြတိုက်ပြီးထွက်လာရာမှာ ရဲတွေလက်ကလွတ်အောင် ရှောင်ပုန်းဖို့လိုအပ်လာပါတယ် အသက်ကြီးနေပြီဖြစ်တဲ့ ဂျိမ်းစ်ရဲ့ခြေထောက်မှာလည်း သေနတ်မှန်ထားတာကြောင့် အဆောက်အအုံပျက်ကြီးတစ်ခုမှာ ပုန်းခိုဖို့ဝင်လိုက်ပါတယ် သူတို့နောက်ကလိုက်လာတဲ့ရဲတပ်သားဟာ ထိုအဆောက်အအုံထဲကိုသူတို့ဝင်သွားတာဖြစ်နိုင်ကြောင်း စခန်းကိုအစီရင်ခံတဲ့အခါ စခန်းကရဲမေမှ ထိုအဆောက်အအုံဟာကန့်သတ်နယ်မြေဖြစ်တာကြောင့် ဝင်မသွားဖို့ သတိပေးဟန့်တားပါတယ် အဲ့ဒါကြောင့် အဲ့ရဲလည်းလှည့်ပြန်လာခဲ့ပါတယ် ဒါပေမဲ့ ဘာမှမသိဘဲ အထဲကိုဝင်သွားခဲ့တဲ့ ဂျိမ်းစ်နဲ့ဘလိတ်ခ်တို့နှစ်ယောက်ရော အဲ့အဆောက်အအုံကြီးထဲမှာ ဘာတွေနဲ့ရင်ဆိုင်ရမလဲ… အဲ့အဆောက်အအုံကြီးကို ဘာလို့ကန့်သတ်နယ်မြေအဖြစ်သတ်မှတ်ထားတာလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ...

The Ballad of Little Jo (1993) ⭐TMDB: 56.0% User Score 🎬 #Drama #Romance #Western 🗓 1993 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 2 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူလတ်ဘဝမှာ ယောကျ်ားတစ်ယောက်လိုနေထိုင်ခဲ့တယ်… သေကာမှ မိန်းမတစ်ယောက်ဖြစ်နေမှန်းသိရတော့တယ်။ ၁၉ရာစုလောက်က ဖြစ်ရပ်မှန်ဇာတ်ကြောင်းတစ်ခုကို စိတ်ကူးစိတ်သန်းယူပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျို့စ်ဖင်းမော်နက်ဟန်ဆိုတဲ့ သူဌေးသမီးက ဓာတ်ပုံဆရာနဲ့ကြိုက်ခဲ့ပြီး တရားမဝင်ကလေးတစ်ယောက်ရခဲ့တယ်။ အဲဒီခေတ်က ၁၉ရာစုဆိုတဲ့အတိုင်း အမျိုးသားတွေကအခွင့်ထူးခံဘဝမျိုးနဲ့နေရပြီး အမျိုးသမီးတွေရဲ့ဘဝကတော့ လူချမ်းသာမျိုးရိုးမှမဟုတ်ရင် သိပ်ပြီးမလုံခြုံလှပါဘူး။ တရားမဝင်ကလေးရခဲ့တဲ့ ဂျို့စ်ဖင်းအပေါ် အဖေဖြစ်သူရဲ့အမျက်ကြောင့် ဂျို့စ်ဖင်းက အိမ်ကနေထွက်လာခဲ့ရတယ်။ အိမ်ခြေရာမဲ့မိန်းကလေးအဖြစ်နဲ့သွားလာရင်း မလုံခြုံလာတာကြောင့် နောက်ဆုံးမှာ ယောကျ်ားလေးအဖြစ်အသွင်ပြောင်းပြီး ဂျိုးမော်နက်ဟန်အဖြစ်နဲ့ သတ္တုတွင်းတူးတဲ့မြို့လေးကိုရောက်လာခဲ့ပါတော့တယ်။...

Wiener-Dog (2016) ⭐IMDB: 5.9/10 (11 k Votes) 🎬 #Comedy #Drama 🗓 2016 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 28 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Storytelling Style ထူးခြားတဲ့ ရုပ်ရှင်တစ်ကားနဲ့ CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Todd Solondz ရိုက်ကူးထားပြီး ပိုင်ရှင်တစ်ယောက်ကနေ တစ်ယောက် ပြောင်းသွားရတဲ့ Dachshund ခွေးတစ်ကောင်က ပိုင်ရှင်တွေရဲ့ ဘဝကို တိတ်တဆိတ် မြင်နေရတဲ့ ရှုထောင့်ကနေ တင်ဆက်ထားတာပါ။ ခွေးလေးရဲ့ ပထမပိုင်ရှင်ကတော့ Remi ပါ။ Cancer survivor ကလေးလေး Remi က Weiner Dog လို့ နာမည်ပေးခဲ့ပြီး ခွေးကလေးက Remi အတွက် နှစ်သိမ့်စရာ ရှုထောင့်လေး ဖြစ်ခဲ့ပါတယ်။ နောက်တော့ မိဘတွေရဲ့ အမြင်ကွဲပြားမှုကြောင့် ခွေးလေးကို အိမ်မွေ့ချသတ်ဖို့ ဆုံးဖြတ်လိုက်ရာက နောက်ပိုင်ရှင်တစ်ယောက်ဆီ ရောက်လာရပါတော့တယ်။ အိပ်မွေ့ချသတ်ခံရမဲ့ ခွေးလေးကို တိရစ္ဆာန်ကုဆေးရုံက သူနာပြု Dina က မွေးစားခဲ့ပြီး Doo Dee လို့ နာမည်ပေးခဲ့ပါတယ်။ သူငယ်ချင်းဟောင်း Brandon နဲ့ ခရီးသွားရင်း ခွေးလေးကို ပိုကောင်းတဲ့ဘဝရနိုင်ဖို့ Brandon ရဲ့ Down Syndrome ဖြစ်နေတဲ့ ညီဖြစ်သူ Tommy နဲ့ ချစ်သူ April စုံတွဲဆီကို ပေးထားခဲ့ပြန်ပါတယ်။ နောက်ပိုင်ရှင်တစ်ယောက်ကတော့ ရုပ်ရှင်ကျောင်းက ပါမောက္ခ Dave Schmerz ဖြစ်ပါတယ်။ Career ပိုင်းမှာ မအောင်မြင်တဲ့ Dave ဘဝမှာ ခွေးလေးက သူ့ကိုယ်သူ ပြန်လည်သုံးသပ်မိစေဖို့ အထောက်အကူလေးပါ။ ဒီအပိုင်းမှာတော့ ဒါရိုက်တာက ရုပ်ရှင်လောကနဲ့ ပတ်သက်တဲ့ သူ့အမြင်တွေကို သရော်ထားတာလည်း တွေ့ရမှာပါ။ နောက်ပိုင်ရှင်တစ်ယောက်ကတော့ ဘဝနေဝင်ချိန်ကို ရောက်နေတဲ့ နောင်တတွေနဲ့ အဘွားအို NaNa ပါ။ သူကတော့ ခွေးလေးကို Cancer လို့ ခေါ်ပါတယ်။ ဒီအပိုင်းမှာတော့ အဘွားဆီကို လာမတွေ့ဘဲ ငွေလိုမှသာ လာတတ်တဲ့ မြေးဖြစ်သူနဲ့ အဘွား NaNa တို့ရဲ့ ဆက်ဆံရေးကို မြင်တွေ့ရမှာပါ။ ဒီအပိုင်းမှာတော့ သေခြင်းတရား ဘဝရှင်သန်ခြင်းရဲ့ အဓိပ္ပာယ်စတာတွေနဲ့ ပတ်သက်ပြီး Message ပေးထားပါတယ်။ Wiener Dog က ခွေးချစ်သူတို့ သဘောကျလေ့ရှိကြတဲ့ ခွေးလိမ္မာလေးနဲ့ သခင်တို့ရဲ့ ဇာတ်လမ်းမျိုး မဟုတ်ပေမဲ့ အချိတ်အဆက်မမိတဲ့ အူကြောင်ကြောင် လူလေးယောက်ရဲ့ ဘဝကို ခွေးတစ်ကောင်နဲ့ ချိတ်ဆက်တင်ပြထားပါတယ်။ Dark Comedy အမျိုးအစားဖြစ်ပြီး တွေးစရာ အတွေးစတွေ အများကြီး ကျန်ခဲ့စေမဲ့ ကားကောင်းတစ်ကားဖြစ်တာကြောင့် ခံစားကြည့်လိုက်ကြပါဦးနော်။ (အညွှန်းနဲ့ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်)...

American Factory (2019) ⭐IMDB: 7.4/10 (24 k Votes) 🎬 #Documentary 🗓 2019 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 တရုတ်ဘီလီယံနာသူဠေးတစ်ယောက် အမေရိကန် အိုဟိုင်းအိုပြည်နယ်မှာ ဖန်ထည်စက်ရုံလာထည်ထောင်တယ်. နာမည်က ဖူယောင်တဲ့.ဒီမတိုင်ခင်ရှေ့စက်ရုံပိတ်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဖြစ်သွားခဲ့တဲ့ အမေရိကန်တွေ အလုပ်ပြန်ရတော့မယ်ဆိုတဲ့ အတွေးနဲ့တင်ပျော်နေခဲ့ကြတာပေ့ါ. တကယ်တမ်းစက်ရုံစပြီးလည်ပတ်တော့လည်း အမေရိကန်လူမျိုးတွေကို နေရာပေးရာထူးပေးအလုပ်ခန့်အပ်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်ငန်းခွင်အခြေခံလုံခြုံမှုလေးတောင်မရှိတဲ့ တရုတ်အလုပ်ခွင်မှာလုပ်ရတဲ့အမေရိကန်တွေအတွက်တော့ တကယ့်ကိုတစ်ရက်နဲ့တစ်ရက်ပြဿနာပေါင်းမျိုးစုံရင်ဆိုင်လာရပါတယ်။ ဒီဇာတ်ကားကိုကြည့်ရတဲ့အချိန် ကိုယ့်နိုင်ငံကစက်ရုံတွေမှာလဲ ဒီလိုတွေဖြစ်နေတယ်ဆိုတာကိုသိလာမှာပါ. အဆုံးသတ်မှာအမေရိကန်တွေပဲအနိုင်ရမလား စီးပွားရေးလုပ်ငန်းရှင်တရုတ်ကြီးတွေကပဲ အနိုင်ပိုင်းခဲ့နိင်မလားဆိုတာကိုကြည့်ရမှာ. ဖြစ်ရပ်မှန်မှတ်တမ်းတင်ဇာတ်ကားဖြစ်ပြီး Barack and Michelle Obama’s ထုတ်လုပ်ရေးပိုင်ဇာတ်ကားလဲဖြစ်ပါတယ်။...

The Taste of Money (2012) ⭐IMDB: 5.7/10 (2 k Votes) 🎬 #Adult #Asian #Drama #Thriller 🗓 2012 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 56 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့် အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ) အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစား ကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲက တစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။ ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်း ဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။ သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။ ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာ ဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။ ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။ တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စ အရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲ ခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲ ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Housemaid ရဲ့ အဆက်အနေနဲ့ ရိုက်ကူးထားတာပါ။ The Housemaid ထဲမှာတော့ ယွန်းမိသားစုရဲ့ ငယ်ဘဝ နဲ့ အိမ်တွင်းရေးအရှုပ်တော်ပုံတွေကို အဓိကထားပြီးဖော်ပြခဲ့ပါတယ်။ ဇာတ်ကား နှစ်ခုလုံးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာက တစ်ဦးတည်းဖြစ်ပြီး ဒီရုပ်ရှင်တွေဟာ တခြားသူတွေမသိတဲ့ ကိုရီးယားနိုင်ငံရဲ့ တကယ့်လက်တွေ့ဘဝကို ထင်ဟပ်ပြထားပါတယ်လို့ အခိုင်အမာဆိုထားပါတယ်။ ဒါကြောင့်လည်းဝေဖန်မှုတွေခံခဲ့ရပြီး Cannes ရုပ်ရှင်ပွဲတော် မှာပြသ‌ခဲ့ပေမယ့်လည်း ချီးကျူးမခံခဲ့ရပါဘူး။ IMDb 5.7 ရရှိထားပြီး ကိုရီးယားနိုင်ငံရဲ့ထိပ်တန်း သရုပ်ဆောင်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ တစ်ချို့အခန်းလေးတွေကတော့ အမြင်မတင့်တယ် တဲ့အတွက် မိသားစု နဲ့အတူကြည့်ရှုရန်မသင့်တော်ပါ။...

The Nightmare (2015) ⭐IMDB: 5.7/10 (7 k Votes) 🎬 #Documentary #Horror 🗓 2015 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 31 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 The Nightmare (2015)================== တီနာဟာ ဘားသွား၊ကလပ်တက်၊ဆေးချ၊ဘီယာသောက်၊ပါတီကဲဘက်စုံတော်တဲ့ကောင်မလေးပါ။ ကျောင်းသူဘဝကို သူငယ်ချင်းတွေတရုန်းရုန်းနဲ့ သူ့နည်းသူ့ဟန်အတိုင်း ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့ပါတယ်။ အဲဒီနေ့မတိုင်ခင်ထိပေါ့…။ တစ်နေ့ကျ ရေကူးကန်ပါတီတစ်ခုကအပြန် ကားတစ်စီးဝင်ကြုံးတာခံလိုက်ရပြီး အဲဒီအချိန်ကစလို့ သူ့ဘဝကြီးပြောင်းလဲခဲ့တော့တာပါပဲ။ခြေကျိုးလက်ကျိုးဒုက္ခိတဖြစ်တယ်လို့မထင်လိုက်ပါနဲ့။ သူနဲ့ စိတ်ချင်းဆက်သလိုဖြစ်နေတဲ့ သတ္တဝါတစ်ကောင်ကို မြင်မြင်နေရတာပါ။ အဲဒီသတ္တဝါနာရင် သူပါနာတယ်၊ အဲဒီသတ္တဝါသွေးထွက်ရင် သူပါလိုက်ပြီးသွေးထွက်တယ်။ အဲဒီသတ္တဝါကို တခြားလူတွေကလည်းမမြင်ရတော့ သူ့ရဲ့ပြောင်းလဲလာတဲ့ရူးကြောင်ကြောင် အပြုအမူတွေကြောင့် စိတ်ကျန်းမာရေးဆေးရုံကိုပါ ပို့ခံထိတော့မလိုပါ။ တီနာတစ်ယောက် အဲဒီထူးဆန်းတဲ့သတ္တဝါနဲ့ ဘယ်လိုရှေ့ဆက်နှစ်ပါးသွားမလဲဆိုတာကို ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဗျာ။ (ပါဝင်သောဇာတ်ဝင်ခန်းတချို့ကြောင့်ကလေးသူငယ်များကြည့်ရှုရန်မသင့်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...

Spice World (1997) ⭐TMDB: 48.0% User Score 🎬 #Comedy #Family #Music #Adventure #Fantasy #Drama 🗓 1997 🎞 movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 33 မိနစ် 22 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူ ဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့ Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာ အမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲ ပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့ အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့ မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီး လိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့ သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေ ပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။...

ဇာတ်ညွှန်းများ • FDMN - آمار و تحلیل کانال تلگرام