ဇာတ်ညွှန်းများ • FDMN
کانال بسته
اطلاعاتی وجود ندارد
مشترکین
-524 ساعت
-47 روز
+730 روز
آرشیو پست ها
Please Don't Destroy: The Treasure of Foggy Mountain (2023)
⭐IMDB: 6.2/10 (2 k Votes)
🎬 #Comedy #Adventure
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
” Please Don’t Destroy: The Treasure of Foggy Mountain ”
နာမည်ဖတ်ကြည့်ရင်တော့ အရှည်ကြီ: ဘာရေးလို့ရေးထားမှန်း
ခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ ဇာတ်ကားကတော့ တိုတိုလေးနဲ့ တကယ်ကို
ထိထိမိမိရှိတဲ့ ဟာသကား ဖြစ်ပါတယ်။
နာမည်ကျော် TV show တစ်ခုဖြစ်တဲ့ Saturday night live ရဲ့ writers တွေ
ဖြစ်တဲ့ John, Ben, Martin တို့ ၃ ယောက်က ဒီ ဇာတ်ကားထဲမှာလည်း
ကိုယ်တိုင် ပါဝင် ရေးသား သရုပ်ဆောင်ထားတာမို့ ဟာသတွေက
ကြည့်တဲ့သူတွေကို ရယ်မောစေမှာ အမှန်ပါပဲ။ သူတို့ချည်းပဲ မဟုတ်ပဲ
နာမည်ကျော် ဝါရင့်သရုပ်ဆောင် Conan O’Brien ကလည်း ပါဝင်
သရုပ်ဆောင်ထားတာမို့ ပေါ့ပျက်ပျက် ဟာသကား မဟုတ်တာ အသေအချာပါပဲ..
ဇာတ်လမ်းလေးကတော့ John, Ben, Martin တို့ သူငယ်ချင်း ၃ ယောက်ဟာ
ငယ်ငယ်ကတည်းက ခင်လာပြီး ကြီးလာခဲ့ကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၃ ယောက်
ဖြစ်ပါတယ်။ အသက်ကြီးလာတော့ ဘဝကိုယ်စီနဲ့ ဝေးသွားတော့မဲ့
သူငယ်ချင်းတွေကို မခွဲချင်တဲ့ John က ငယ်ငယ်တုန်းက သူတို့တူတူ ကောက်ရခဲ့တဲ့
သံလိုက်အိမ်မြှောင်လေးကို အကြောင်းပြုပြီး တောနက်ထဲမှာ ရတနာရှာထွက်ဖို့
စည်းရုံးပါတော့တယ်။ အဲ့ဒီလိုလဲ ရတနာရှာထွက်လာတဲ့ အချိန်မှာ ဘယ်လို
အခက်အခဲတွေ ရင်ဆိုင်ရမှာလဲ ကျော်ဖြတ်နိုင်မှာလား ရတနာကော အဆုံးသတ်မှာ
ရမှာလား စတာတွေက စိတ်ဝင်စားဖို့ကောင်းသလို ဇာတ်ကားတစ်လျောက်လုံးမှာလည်း
ဟာသရယ်မောစရာတွေကို မရိုးအောင် ကြည့်ရှုခံစားရမဲ့ အဆင့်မြင့် ဟာသကားလေး
တစ်ကား ဖြစ်ပါတယ်ခင်ဗျ...
Marlina the Murderer in Four Acts (2017)
⭐IMDB: 6.9/10 (3 k Votes)
🎬 #Drama #Thriller #Western
🗓 2017 🎞 movie
🌎 #Indonesia #France #Malaysia #Thailand
⏰ 1 နာရီ 34 မိနစ် 8 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ Marlina the Murderer in Four Acts ဆိုတဲ့
လူသတ်သမား မာလီနာအကြောင်းဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
IMDb Rating 6.9 အထိရရှိထားပြီး အင်ဒိုရုပ်ရှင်ဇာတ်ကားတွေထဲမှာ
တော်တော်လေး လက်စွမ်းပြထားနိုင်တဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။
ဇာတ်ကားနာမည်အတိုင်းပဲ လူသတ်သမားမာလီနာအကြောင်းကို
အပိုင်းလေးပိုင်းခွဲပြီး ရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမယ့်
မာလီနာက ဘာလို့လူသတ်သမားဖြစ်နေရလဲဆိုတာကတော့ မာလီနာ
ယောက်ျားဆုံးပါးသွားပြီး သူ့အနားမှာဘယ်သူမှမရှိတော့တဲ့အချိန်မှာ
ယောက်ျား ၇ ယောက်လောက်က သူ့အိမ်ကိုလာပြီးတော့ နိုင်ထက်စီးနင်း
လုပ်ပါတော့တယ်။အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်တွေကိုလဲယူတဲ့အပြင်
အတင်းအဓမ္မပြုကျင့်ဖို့ပါ ကြိုးစားကြပါတော့တယ်။အဲ့ဒါနဲ့ အဓမ္မပြုကျင့်
မခံချင်တဲ့ မာလီနာလည်း အဲ့ဒီယောက်ျားတွေထဲက ငါးယောက်ကိုသတ်ခဲ့
ပါတော့တယ်။အဲ့လို သတ်ဖြတ်ပြီးတဲ့ နောက်မှာတော့မာလီနာက ရဲစခန်းမှာ
တိုင်ချက်ဖွင့်ဖို့အတွက် ခရီးဆက်ခဲ့ပါတော့တယ်။မသေပဲကျန်ခဲ့တဲ့
လူနှစ်ယောက်ကလည်း မာလီနာ့ကိုလိုက်ရှာဖွေရင်း ဘာတွေဆက်ဖြစ်ကြမလဲ
ဆိုတာကိုကြည့်ရမှာပဲဖြစ်ပါတယ်။...
Freddy's Fridays (2023)
⭐IMDB: 3.4/10 (292 Votes)
🎬 #Horror
🗓 2023 🎞 movie
🌎 #UnitedKingdom
⏰ 1 နာရီ 17 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီတစ်ခါတင်ဆက်ပေးလိုက်တာကတော့ Horror Thriller ကြိုက်သူတွေ အတွက်
အကြိုက်တွေ့စေမယ့် Freddy’s Friday လို့ ခေါ်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။
ဇာတ်လမ်းအကျဥ်းကတော့ လန်ဒန်မှာ သောကြာနေ့တိုင်း မိန်းကလေးတွေ ပျောက်ပျောက်နေတဲ့
အကြောင်းပါပဲ ။ ပျောက်သွားတဲ့မိန်းကလေးတွေက အလောင်းပဲ ပြန်ပြန်တွေ့ရတတ်ပြီး
ဘာနောက်ကြောင်းမှလည်း စုံစမ်းလို့ မရတာကြောင့် စုံထောက်ဖြစ်တဲ့ လေလာက အခက်တွေ့နေတာပါ ။
အဲဒီလိုကနေ ခြောက်ယောက်မြောက် ပျောက်ဆုံးသူဖြစ်တဲ့ အန်နာစတေးရှား
ပျောက်ဆုံးပြီးတဲ့နောက်မှာတော့ လေလာဟာ သဲလွန်စကို ဆွဲမိခဲ့ပါတယ် ။ သဲလွန်စကတော့
အန်နာစတေးရှားနဲ့ နောက်ဆုံးတွေ့ခဲ့တဲ့ တို့ဒ်ဖစ်ရှာ လို့ခေါ်တဲ့ လူပါပဲ ။ အဲဒီလူနောက်ကို
နောက်ယောင်ခံလိုက်ရင်းကနေ လေလာတစ်ယောက် ဘယ်လို ထူးဆန်းတာတွေကို တွေ့ရမလဲ ။
ဘာတွေနဲ့ ကြုံရမလဲ ။ မိန်းကလေးတွေကို သောကြာနေ့တိုင်း ဖမ်းဖမ်းပြီးသတ်နေတဲ့ အရာကိုရော
သူတားဆီးနိုင်မလဲဆိုတာ Freddy’s Friday လို့ ခေါ်တဲ့ ရုပ်ရှင်မှာ ဆက်ကြည့်လိုက်ကြရအောင်...
The Fury of a Patient Man (2016)
⭐IMDB: 6.7/10 (13 k Votes)
🎬 #Crime #Drama #Thriller
🗓 2016 🎞 movie
🌎 #Spain
⏰ 1 နာရီ 32 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့
Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက်
၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကို
တင်ဆက်ပေးလိုက်ပါတယ်။
IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့
လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိက
တွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့
သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့
လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီ
လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲက
ထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေ
ပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။...
The Black Cauldron (1985)
⭐TMDB: 64.0% User Score
🎬 #Action #Adventure #Animation #Family #Fantasy
🗓 1985 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 20 မိနစ် 46 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Lloyd Alexander ရဲ့ The Chronicles of Prydain စာအုပ်တွဲကိုအခြေခံထားပြီး
Walt Disney က 1985 မှာထုတ်ခဲ့တဲ့ ဒီကာတွန်းကားကတော့
ပရီဒိန်းခေါ် ဗြိတိသျှကျွန်းပေါ်က Taran (ထာရန်) ဆိုတဲ့
ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
ထာရန်ဟာ စစ်သည်ဖြစ်ချင်တဲ့ ပရီဒိန်းက ဝက်ထိန်းသမားလေးတစ်ယောက်ဖြစ်ပြီး
မကြာခင်မှာပဲ သူစောင့်ရှောက်ပေးနေတဲ့ ဝက်မလေးတစ်ကောင်က
အနာဂတ်ကိုပြောပြနိုင်တဲ့ စွမ်းအားတွေရှိတယ်ဆိုတာ သိလိုက်ရတယ်။
အဲဒီစွမ်းအားတွေကို ယုတ်မာတဲ့ဦးချိုဘုရင်ကြီးက မ
ကောင်းတဲ့စွမ်းအားတွေရှိတဲ့
ဖွက်ထားတဲ့ အိုးနက်ကြီးကိုရှာဖို့လိုချင်နေတာပါ။
ဒါကြောင့် ထာရန်ဟာတောအုပ်အစွန်းက အိမ်ငယ်လေးဆီ
ဝက်လေးကိုဖွက်ဖို့သွားရင်း လက်တစ်ဝက်မှာ ဝက်လေးနဲ့မျက်ချေပြတ်သွားပြီး
ဝက်လေးကိုလိုက်ရှာရင်း ဦးချိုဘုရင်ကြီးရဲ့ရဲတိုက်ထဲမှာ အဖမ်းခံလိုက်ရပါတယ်။
အဲဒီနောက်မှာ မိတ်ဆွေအသစ်တွေနဲ့တွေ့ပြီး စိတ်ကူးယဉ်ဆန်ပြီး
အတွေ့အကြုံမရှိတဲ့ထာရန်ဟာ ဝက်လေးကိုကယ်နိုင်ပြီး
ဦးချိုဘုရင်ကြီးကို တားနိုင်မလားဆိုတာကတော့...
Cloudy with a Chance of Meatballs (2009)
⭐TMDB: 66.0% User Score
🎬 #Adventure #Comedy #Family #Animation #Fantasy #SciFi
🗓 2009 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကာတွန်းဆိုတဲ့ ရုပ်ရှင်အမျိုးအစားက ကလေး လူငယ်
လူကြီးမရွေး နှစ်သက်ကြတဲ့၊ ကြည့်ရှုဖြစ်ကြတဲ့ ရုပ်ရှင်အမျိုးအစားတစ်မျိုးပါ။
ဟိုးအရင်က ထွက်ခဲ့တဲ့ ကာတွန်းကားတွေထဲကမှ စားစရာတွေ
မိုးပေါ်ကကျလာတဲ့ ကာတွန်းကားလေလို့ ပြောလိုက်ရင် မသိတဲ့သူ
မရှိသလောက်ဖြစ်ခဲ့ဖူးတာကို သိကြမှာပါ။
အဲဒီ စားစရာတွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကားကို
CM ကနေ quality ကောင်းကောင်းနဲ့ တင်ဆက်ပေးသွားတော့မှာ ဖြစ်ပါတယ်။
ဒီကာတွန်းကားလေးက ၂၀၀၉ ခုနှစ်ကထွက်ခဲ့တာဖြစ်ပြီးတော့
Columbia Pictures နဲ့ Sony Pictures တို့က ပူးပေါင်းထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၂၄၃ သန်းအထိ ရရှိခဲ့ပါတယ်။
မသိတဲ့သူတွေရော သိတဲ့သူတွေပါ ထပ်သိသွားရအောင်လို့
ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ ဒီဇာတ်ကားလေးထဲမှာ
အဓိကဇာတ်ကောင်က ဖလင်လော့ခ်ဝုဒ်ဆိုတဲ့ ကောင်လေးပါ။
ငယ်ငယ်ကတည်းက သိပ္ပံပညာကို စိတ်ဝင်စားပြီး
ပစ္စည်းအသစ်အဆန်းတွေကို ဖန်တီးရတာ ဝါသနာပါခဲ့တယ်။
ဒါပေမဲ့ သာမန်ကလေးတွေကြားမှာ
သူ့ရဲ့ တီထွင်မှုတွေက လှောင်ပြောင်စရာဖြစ်ခဲ့တယ်။
သူနေတဲ့ မြို့လေးက ဆာဒင်းငါးသေတ္တာလုပ်ငန်းအပေါ် မှီခိုနေရတဲ့ မြို့လေး။
ဒါပေမဲ့ အဲဒီလုပ်ငန်းပိတ်သိမ်းသွားချိန်မှာ သူအပါအဝင်
တစ်မြို့လုံးက ဆာဒင်းငါးကလွဲပြီး တခြားဘာမှမစားနိုင်ခဲ့တော့ဘူး။
တစ်မြို့လုံးက ဆားဒင်းငါးပြီးရင်း ဆာဒင်းငါးစားနေရတော့
ကြာတော့ လူတွေပါ ဆာဒင်းငါးရုပ်ပေါက်မတတ်ပဲပေါ့။
တစ်နေ့မှာတော့ ဖလင့်က သူ့မြို့ကလူတွေကို ဒီအဖြစ်ဆိုးကနေ
ကယ်တင်ဖို့အတွက် အစားအစာဖန်တီးတဲ့စက်ကို
တီထွင်ဖို့ ကြိုးစားတော့တယ်။
ရေထည့်လိုက်ရုံနဲ့ မှာတဲ့အစားအစာကို အလိုလျောက်
ထုတ်လုပ်ပေးသွားမယ့် စက်မျိုးပါ။
ငယ်ငယ်ကတည်းက မြို့ရဲ့ ငကြောင်လို့ သတ်မှတ်ခံထားရတာမလို့
သူ့ရဲ့ တီထွင်မှုကို မြို့ခံတွေက သဘောကျလက်ခံပါ့မလား၊ သူ ထွင်တဲ့ စက်ကရော
ဘာချွတ်ယွင်းချက်မှမရှိ အလုံးစုံ ပြည့်စုံနေနိုင်ပါ့မလား၊ ဘယ်လိုပြဿနာတွေ
ပေါ်လာမလဲဆိုတာကိုတော့ Cloudy with a Chance of Meatballs ဆိုတဲ့
ဟောဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ပါနော်။
ပေါ့ပေါ့းပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ရှုရမှာဖြစ်တာမလို့
မိသားစုနဲ့အတူ ကြည့်ဖို့လည်း အဆင်ပြေတဲ့ ကာတွန်းကားကောင်းလေးပါ။
တစ်နေ့တာ ပင်ပန်းနေတာတွေ ပြေပျောက်ချင်ရင်တော့
ဒီကားလေးကြည့်ဖို့ recommend ပေးလိုက်ပါတယ်။...
Constantine (2005)
⭐TMDB: 71.0% User Score
🎬 #Action #Fantasy #Horror
🗓 2005 🎞 movie
🌎 #Germany #USA #UnitedStatesofAmerica
⏰ 2 နာရီ 2 မိနစ် 43 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲမက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့
John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ
2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ်IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်..
ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်..မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင်ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့်အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ
သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီးလုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်းယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်.တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါးနတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်..ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါ...
Cloudy with a Chance of Meatballs 2 (2013)
⭐IMDB: 6.3/10 (112 k Votes)
🎬 #Adventure #Animation #Comedy #Family #Fantasy #SciFi
🗓 2013 🎞 movie
🌎 #USA #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 36 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အစားအသောက်တွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကား ဒုတိယအပိုင်းကို တင်ဆက်ပေးပါမယ်။
ဒါက ဒုတိယကားဖြစ်တာမလို့ ပထမကားမကြည့်ရသေးဘူးဆိုရင်တော့ ပထမကားကို အရင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။
ဟောဒီ Cloudy with a Chance of Meatball 2 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။
ဒုတိယကားကိုတော့ Sony Pictures တစ်ခုတည်းကပဲ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့
ပထမကားထက် ရုံတင်ဝင်ငွေက ပိုများတယ်လို့ ဆိုရပါမယ်။
ဒီကားအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄.၃ သန်း ရရှိခဲ့ပါတယ်။
ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာ
ငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။
သူ့နာမည်ကတော့ ချက်စတာဗွီပါ။
ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့
စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။
ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ကျွန်းပေါ်က
ဒေသခံတွေကို တခြားနေရာကို ရွှေ့ပြောင်းခဲ့တယ်။
ဒါပေမဲ့ တကယ်တမ်းမှာ ချက်စတာဗွီက
ဖလင့်ရဲ့ အစားအသောက်ဖန်တီးစက်ကို လိုက်ရှာချင်ခဲ့တာပါ။
ဒါပေမဲ့လည်း အသက်ဝင်နေတဲ့ အစားအသောက်တွေကြောင့်
သူထင်သလို အလွယ်မရှာနိုင်ခဲ့ဘူး။
အဲဒီအခါမှာ ချက်စတာဗွီက ဖလင့်ကို သူ့အစား စက်ကိုလိုက်ရှာဖို့
လှည့်ကွက်တွေ ထုတ်သုံးတော့တယ်။
ဖလင့်ကလည်း ချက်စတာဗွီကို နဂိုကတည်းက လေးစားအားကျခဲ့တာမလို့
သူ့ရဲ့ အလိမ်အညာတွေထဲ နစ်သွားခဲ့တော့တာပါ။
ဖလင့်တစ်ယောက် သူ့ရဲ့စက်ကို ကျွန်းဆီ ပြန်သွားရှာတဲ့အခါ
ဘယ်လိုအန္တရာယ်တွေ စွန့်စားခန်းအသစ်တွေကို ကြုံတွေ့ရမလဲ၊ ချက်စတာဗွီကရော
ဒီစက်ကိုယူပြီး ဘာလုပ်ဖို့ ကြံစည်ထားတာလဲဆိုတာကိုတော့
ဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာလိုက်ကြပါနော်။
ဇာတ်ကားထဲမှာက သူငယ်ချင်းတွေရဲ့ အရေးပါပုံတွေ၊ ကိစ္စတစ်ခုကို ပုံသေမမှတ်ဘဲ
ရှုထောင့်နှစ်ခုကနေ သုံးသပ်ကြည့်ရှုသင့်ပုံတွေကို တင်ဆက်ထားတာမလို့
အထူးသဖြင့် ကလေးငယ်တွေကို ပြသင့်တဲ့ ကာတွန်းကားကောင်းလေးတစ်ခုပါ။
ဇာတ်လမ်းကလည်း ပထမကားလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာမလို့
မိသားစုနဲ့အတူ အချိန်ပေးကြည့်ရှုသင့်တဲ့ ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။...
Unhinged (2020)
⭐IMDB: 6.0/10 (75 k Votes)
🎬 #Horror #Thriller #Action
🗓 2020 🎞 movie
🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 27 မိနစ် 20 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Gladiators နဲ့ လူသိများကြီးတဲ့ မင်းသားကြီး Russell Crowe ရဲ့ ကားအသစ်ထွက်ပါတယ်။ အက်ရှင် သရေလာ လို့ ပြောပေမယ့်. ဆိုက်ကို ဟော်ရာ ကားလိုပဲ ခံစားရပါတယ်။ ဇာတ်လမ်းကတော့ ကားလမ်းမ ပေါ်က ရန်ပွဲတစ်ခုကနေ စတာပဲ။ လမ်းပေါ်မှာ ကားသမားချင်း ကတော်ကဆ ဖြစ်ကြတာကို ခဏခဏ ကြုံဖူးကြမယ်ထင်ပါတယ်။ စကားများရုံရှိတယ်၊ ရိုက်ကြတာ ရှိမယ်၊ သေကြေကုန်တဲ့အထိ ရှိဖူးပါတယ်။ ဒါပေမယ့် ဒီတစ်ခါ ဖြစ်တာကတော့ အဲဒါထက်အများကြီးဆိုးပါတယ်။ အများကြီး မပြောတော့ပါဘူး။ ကြည့်ကြည့်လိုက်ပါ။ သည်းထိပ်ရင်ဖို့ကြိုက်တဲ့သူတွေ ကြိုက်မှာပါ။File size… 1Gb / 600 Mb
Quality… Bluray 720p / 480p
Format…mp4
Duration….01:29:00
Genre … Horror, Thriller
Subtitle….Myanmar Subtitle (Hardsub)Translated by Littleneo
Encoded by Littleneo
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။...
Legend (2015)
⭐IMDB: 6.9/10 (197 k Votes)
🎬 #Biography #Crime #Drama #Thriller
🗓 2015 🎞 movie
🌎 #France #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 5 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာIMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်…Brian Helgeland ရိုက်ကူးတင်ဆက်ပြီးရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ်ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်
1960 ဝန်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇဝတ်မှုသမိုင်းကအဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်…သဘောကျမိတဲ့ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါ
———————————————————-
2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာIMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်…Brian Helgeland ရိုက်ကူးတင်ဆက်ပြီးရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ်ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ်
1960 ၀န်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇ၀တ်မှုသမိုင်းကအဆိုး၀ါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်…သဘောကျမိတဲ့ဇာတ်ကားလေးဖြစ်သလို CM ပရိတ်သတ်တွေလည်း သဘောကျနှစ်သက်လိမ့်မယ်လို့ထင်ပါတယ်..ဆက်လက်ကြည့်ရှုပါ...
Leo (2023)
⭐IMDB: 7.1/10 (1 k Votes)
🎬 #Animation #Comedy #Family #Musical
🗓 2023 🎞 movie
🌎 #Australia #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 47 မိနစ် 3 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Leo (2023)=========IMDb Rating – 7.1/10
နောက်ဆုံးအသစ်ထွက်ရှိလာပြီး တောင်းဆိုမှုများနေတဲ့ Animation ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားမှာတော့လီယိုဆိုတဲ့ ကျောင်းမွေးတိကလေးက အဓိက ဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။
လီယိုဆိုတဲ့ ဖွတ်ကြီးနဲ့ စကွစ်တယ်ဆိုတဲ့ လိပ်ကြီးတို့က အလယ်တန်းကျောင်းတစ်ခုမှာ ကလေးတွေအတွက် သင်ထောက်ကူအနေနဲ့ မွေးထားတဲ့ တိကလေးတွေပါ။ ငါးတန်းအခန်းကို ကြီးစိုးထားကြပြီး ခေတ်အဆက်ဆက်က ကလေးတွေမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေပေါ့။ တစ်ရက်မှာတော့ လီယိုတစ်ယောက်သူ့ရဲ့သက်တမ်းက တစ်နှစ်ပဲ ကျန်တော့တဲ့အကြောင်းကို မမျှော်လင့်ဘဲ သိခဲ့လိုက်ရတယ်။
မွေးကတည်းက ဖန်ကန်ထဲမှာပဲ နေလာခဲ့ရတဲ့သူ့အဖို့ ပြင်ပကမ္ဘာကြီးနဲ့ ထိတွေ့ဆက်ဆံသွားချင်တာ သူ့ရဲ့ နောက်ဆုံးဆန္ဒပါပဲ။ ဒီလိုနဲ့ အခန်းထဲက စရိုက်မျိုးစုံနဲ့ကလေးတွေဆီကနေ ကပ်ပြီး ပြင်ပကမ္ဘာကို ရောက်ဖို့ ကြိုးစားပါတော့တယ်။မနိုင်စိန်ငါးတန်းကလေးတွေနဲ့ အဘိုးကြီးလီယိုတို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊သူ့ရဲ့နောက်ဆုံးဆန္ဒလေး ပြည့်ဝသွားနိုင်မလား ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ရအောင်ပါ။ Child psychology အကြောင်းကိုလည်း သီချင်းလေးတွေနဲ့ တင်ဆက်ပေးသွားတာမို့ ခံစားမှုရသအစုံအလင်ပေးနိုင်မဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ပဲ ဆိုချင်ပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ May Thet Khine Soe, Ngwe Zin တို့ ဖြစ်ပါတယ်)...
A Heidelberg Holiday (2023)
⭐IMDB: 6.9/10 (441 Votes)
🎬 #Family #Romance #TVMovie #Drama
🗓 2023 🎞 tv movie
🌎 #UnitedStates #Germany #UnitedStatesofAmerica
⏰ 1 နာရီ 24 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ္စမတ် ရောက်ခါနီးပြီဆိုတော့ ခရစ္စမတ်လို သေချာပေါက် ခံစားစေရမယ့် IMDb 6.9အထိ ရရှိထားတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ A Christmas Spectacularနဲ့ Broadway Risingတို့လို့ Christmas ရုပ်ရှင်တွေကို သရုပ်ဆောင်ရာမှာ ပိုင်နိုင်လှတဲ့ မင်းသမီး Ginna Claire Masonက All you need နဲ့ The Cruise Doctorလိုမျိုး ရုပ်ရှင်ကောင်းတွေထဲက မင်းသား Frédéric Brossierနဲ့ အတူ လိုက်ဖက်စွာ ပွဲထွက်လာပါတယ်။
ဂျာမနီနိုင်ငံက ဟိုက်ဒယ်လ်ဘာ့ဂ်ဆိုတဲ့ မြို့လေးက ခရစ္စမတ်ရောက်တိုင်း စျေးပွဲတော် ကျင်းပလေ့ရှိပါတယ်။ အဲဒီစျေးပွဲတော်က ခရစ္စမတ်ကာလရဲ့ ပြရုပ်တစ်ခုလို အင်မတန်မှ ကျော်ကြားပါတယ်။ ဒါပေမယ့် အဲဒီ ခရစ္စမတ် စျေးပွဲတော်က တော်ရုံနဲ့ ဝင်ခွင့် မရပါဘူး။
ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဟိုင်ဒီ ဟိုက်ဒယ်လ်ဘာ့ဂ်လို့ခေါ်တဲ့ ကောင်မလေးက အမေရိကန်-ဂျာမနီသူလေးပါ။ သူက Snow balls ဖန်လုံးလေးတွေကို ဒီဇိုင်းဖော်တဲ့ အနုပညာသည်လေးပါ။ ဟိုင်ဒီက ဟိုက်ဒယ်လ်ဘာ့ဂ်က စျေးကွက်ထဲကို ဝင်ခွင့်ရဖို့ နှစ်တိုင်း ကြိုးစားနေပေမယ့် အငြင်းခံနေရသူပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်တော့ ကံကောင်းစွာနဲ့ပဲ ဟိုင်ဒီတစ်ယောက် ဟိုက်ဒယ်လ်ဘာ့ဂ် စျေးထဲ ဝင်ခွင့်ရသွားပါတော့တယ်။ အနီးကပ်မှ ဝင်ခွင့်ရတော့ ပစ္စည်းပို့ဖို့ နေဖို့ထိုင်ဖို့ အကုန်လုံးကို ကမောက်ကမနဲ့ အဆင်ပြေသလို စီစဥ်ရပါတော့တယ်။ အကုန်လုံးကို စီစဉ်ပြီး အခက်ခဲတွေကြားကနေ ဟိုက်ဒယ်လ်ဘာ့ဂ်ကို ရောက်သွားတဲ့အခါမှာတော့ လူးကတ်စ်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာဖန်လာပါတော့တယ်။ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့မှာ လူးကတ်စ်နဲ့အတူတူ ကြုံတွေလာရတဲ့ အခက်ခဲတွေကို ဖြေရှင်းကြပုံတွေ၊ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့ရဲ့ ခရစ္စမတ်ကာလ အလှတရားတွေ၊ အေးချမ်းလှတဲ့ ဆောင်းရာသီမှာ နွေးထွေးလှတဲ့ အချစ်ဓာတ်လေးကို ခံစားရစေမယ့် ရုပ်ရှင်လေး ဖြစ်ပါတယ်။
ဒီရုပ်ရှင်ကိုကြည့်မယ်ဆိုရင် သင့်ရဲ့ဘေးနားမှာ ချောကလက်ပူပူလေးတစ်ခွက်နဲ့ လက်မှာ ကိုင်ထားစရာ ရည်းစားရဲ့လက်ကလေး၊ မှီစရာ ရည်းစားရဲ့ ရင်ခွင်လေး ရှိနေရင်တော့ ရုပ်ရှင်ကို အပြည့်ဝခံစားနိုင်မှာဖြစ်ပါတယ်။ ရည်းစား မရှိတဲ့လူတွေကတော့ ဖက်လုံးလေးပိုက်ရင်းနဲ့ ဟိုက်ဒယ်လ်ဘာ့ဂ်မြို့က အလှတရားတွေနဲ့ ချစ်ခြင်းမေတ္တာရယ်ကို အတူတူ အားကျလိုက်ရအောင်လို့ ပြောရင်း နိဂုန်းချုပ်အပ်ပါတယ်။
အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။...
Yamadonga (2007)
⭐TMDB: 56.0% User Score
🎬 #Action #Bollywood #Drama #Fantasy #Comedy
🗓 2007 🎞 movie
🌎 #India
⏰ 2 နာရီ 59 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Yamadonga (2007) “ယမမင်းရဲ့ ခိုးသားကြီး”IMDb-7.2/10
RRR(2022)ထဲမှာ မင်းသားရန်ချရန်နဲ့အပြိုင် ပါဝင်ခဲ့တဲ့ မင်းသားချောကြီး NTRရဲ့ ဟာသဇာတ်လမ်းဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။
ငယ်ငယ်ကတည်းက မိဘတွေဆုံးပါးသွားခဲ့ပေမယ့် ကောင်းခြင်းတွေနဲ့ မွေးဖွားလာတဲ့ဆိုတဲ့ ကလေးမလေး။အရွယ်ရောက်လာတဲ့အခါ ချောမောခန့်ညားတဲ့ မင်းသားတစ်ပါးလို ယောကျ်ားမျိုးနဲ့ ဖူးစာဆုံမယ်ဆိုတဲ့ ပုဏ္ဏားကြီးရဲ့ဟောစကားကို ယုံကြည်ရင်း ချစ်သူကိုစောင့်မျှော်နေခဲ့ရှာတယ်။
ကံကောင်းခြင်းတွေ မရောက်လာခင်မှာတော့ စင်ဒရဲလားလိုဘ၀မျိုးနဲ့ အဒေါ်ဖြစ်သူရဲ့အနှိမ်ခံ၊ အငြူစူခံ၊ အနှိပ်စက်ခံရင်း နေနေရရှာတုန်း။သူနဲ့ဖူးစာဆုံမယ့်ယောကျ်ားက ရှေ့ကသွားနေပြီဆို လူတွေ ကြွေးကြော်သံတွေနဲ့အတူ နောက်ကလိုက်နေမယ့်ယောကျ်ားမျိုးတဲ့။တကယ်လည်း လူတွေနောက်ကနေ လိုက်ကြပါတယ်။
“သူခိုးဟေ့..သူခိုး”ဆိုတဲ့ ကြွေးကြော်သံတွေဖြစ်နေတာတစ်ခုပဲ။အဲဒီသူခိုးက တကယ်ပဲ မင်းသားတစ်ပါးလို အဆင့်အတန်းနဲ့ သူ့ဆီကိုရောက်လာနိုင်မှာလား။သူတို့တွေ ဖူးစာဆုံပြီး ပျော်ရွှင်တဲ့ ဘ၀တစ်ခုကိုတည်ဆောက်နိုင်မှာလားဆိုတာ မင်းသားကြီး NTRရဲ့Devara(2024)ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိမလာခင် အပျင်းပြေကြည့်ရှုကြပါဦးလို့…။(အညွှန်းနဲ့ဘာသူပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Police Story (1985)
⭐TMDB: 75.0% User Score
🎬 #Action #Comedy #Crime #JackieChan #Thriller
🗓 1985 🎞 movie
🌎 #HongKong #HongKong
⏰ 1 နာရီ 41 မိနစ် 23 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကယ်ဗင် တဖြစ်လည်း ဂျက်ကီချမ်း ဟာ အထူးရဲဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်တစ်ယောက်ပါ။ တစ်နေ့မှာ သူတို့ဟာ မူးယစ်ဆေးကုန်သည်အကောင်ကြီးဖြစ်တဲ့ ချူထောင်ကို ဖမ်းဆီးဖို့ စစ်ဆင်ရေးစကြပါတယ်။ စစ်ဆင်ရေး အောင်မြင်ပြီး ကယ်ဗင်တစ်ယောက် ချူထောင်ကို ဖမ်းမိလိုက်နိုင်ပေမယ့် သူ့ကိုထောင်ချဖို့အထိ သက်သေမလုံလောက်တဲ့အတွက် ချူထောင်ရဲ့အတွင်းရေးမှူးဖြစ်တဲ့ မစ္စဖောင်ကို အမှုကကွင်းလုံးကျွတ်လွှတ်ပေးမည် ဖြစ်ပြီး တရားခွင်မှာ မျက်မြင်သက်သေအဖြစ် ချူထောင်ရဲ့ဒုစရိုက်မှုတွေကို ဝန်ခံထုတ်ပြောစေဖို့ ရဲဌာနဘက်က ကမ်းလှမ်းခဲ့ပါတယ်။
ကမ်းလှမ်းချက်ကိုလက်ခံလိုက်တဲ့ မျက်မြင်သက်သေမစ္စဖောင်ကို ကာကွယ်ဖို့အတွက် ကယ်ဗင်ကို တာဝန်ပေးလိုက်ပါတော့တယ်။ ချူထောင်ဟာ တရားခွင်မှာ မစ္စဖောင်တစ်ယောက် ဝန်ခံထုတ်ပြောမှာစိုးတဲ့အတွက် မစ္စဖောင်ကိုရော ကယ်ဗင်ကိုပါ နှုတ်ပိတ်ပစ်ဖို့အတွက် သူ့လူတွေကို စေခိုင်းလိုက်ပါတော့တယ်။ ချူထောင်ဟာ ရဲဌာနအတွင်းမှာပါ သူလျှိုတွေထည့်ထားတဲ့အတွက် ကယ်ဗင့်ခမျာ သူ့အားသူကိုးပြီး မစ္စဖောင်ကို ဘယ်လိုကာကွယ်မလဲ၊ ချူထောင်ကို ထောင်ထဲထည့်နိုင်ဖို့အရေးကို ဘယ်လိုကြိုးပမ်းမလဲဆိုတာကို ထုံးစံအတိုင်း တမိုးအောက်ဂျက်ကီချန်း ဖြစ်တဲ့အတွက် တိုက်ရည်ခိုက်ရည် အက်ရှင်ခန်းကောင်းကောင်းနဲ့ ဟာသလေးနှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။...
Trolls Band Together (2023)
⭐IMDB: 6.0/10 (3 k Votes)
🎬 #Animation #Comedy #Family #Fantasy #Music #Adventure
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 32 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
File size…(5GB) (2.2 GB)/(1.1 GB)Quality….4K HEVC / Webrip 1080p / 720pFormat…mp4Duration….01:32:00Genre…Animation, Family, Music, Fantasy, ComedySubtitle….Myanmar Subtitle (Hardsub)Encoder….Mr. AndersonTranslated by Mr. Anderson...
Ugly (2013)
⭐IMDB: 7.9/10 (23 k Votes)
🎬 #Bollywood #Crime #Drama #Mystery #Thriller
🗓 2013 🎞 movie
🌎 #India
⏰ 2 နာရီ 6 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ugly (2013) “အကျည်းတန်”
ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb 7.9/10, Rotten Romatoes 60% ရရှိထားတဲ့ဘောလိဝုဒ်ကားလေးပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း အိန္ဒိယနိုင်ငံဟာ ခိုးမှု၊ လုယက်မှု၊ ကိုယ်ထိလက်ရောက်ပြုလုပ်မှု၊ လိင်ပိုင်းဆိုရာစော်ကားမှု၊ ပြန်ပေးဆွဲမှုအစရှိသည်ဖြင့် ရာဇဝတ်မှုဖြစ်ပွါးမှုနှုန်း အတော်လေးမြင့်တဲ့ နိုင်ငံတစ်ခုပါ။ခေတ်ကာလတိုးတတ်လာနဲ့အမျှ အမှုဖြေရှင်းနှုန်း ပိုကောင်းလာသော်ငြား တပြိုင်ထဲမှာပဲ ပြစ်မှုကျူးလွန်မှုဟာလည်း လျော့သွားခြင်းမရှိပါဘူး။ဒါမျိုးနိုင်ငံမှာ ကလေးတစ်ယောက်ပျောက်တယ်ဆို ဘယ်လိုတောင် ပူပန်နေရမလဲ တွေးသာကြည့်ပါတော့။
မင်းသားရူးရူးနေတဲ့အဖေနဲ့ တီဗီကလွဲ လောကကြီးကိုစိတ်ပျက်နေတဲ့အမေတို့ရဲ့ တစ်ဦးတည်းသောသမီး ကာလီဟာစနေနေ့တိုင်းအဖေနဲ့ သွားတွေ့ခွင့်ရပါတယ်။ဒီလိုနဲ့တနေ့ ကားပေါ်မှာ ကာလီတစ်ယောက်တည်းချန်ခဲ့ပြီး ဇာတ်ညွှန်းသွားယူတဲ့အဖေဖြစ်သူ ပြန်လာတဲ့အချိန်မှာတော့ကာလီလေးရဲ့အရိပ်အယောင်တောင်မတွေ့ရတော့ပါဘူး။
ဖြစ်ချင်တော့ တစ်ခုတည်းသောသဲလွန်စဖြစ်တဲ့ လူကလည်း လိုက်ဖမ်းရင်း အသက်ဆုံးသွားခဲ့တယ်။လူပျောက်မှုထက် လူသေမှုကိုပဲစိတ်ဝင်စားတဲ့ရဲတွေဟာလည်း ကလေးကို ဖိဖိစီးစီးမရှာပေးကြတဲ့အခါကာလီ့ရဲ့ပထွေးဖြစ်တဲ့ အမှုစစ်ကပါ ဝင်ပါလာရပါတော့တယ်။
ရှာရင်းဖွေရင်း အမှုလိုက်ရင်းနဲ့ သမီးဇောကပ်လာတဲ့အခါ ဒီအဖေနှစ်ယောက်လည်း အချင်းချင်းသံသယမကင်းဖြစ်လာပါတော့တယ်။အမျိုးမျိုးသော ရှုထောင့်တွေကနေ အကွက်ကျကျရိုက်ကူးထားတဲ့ကားလေးမို့ စိတ်ဝင်စားဖို့ကောင်းမှာအသေအချာပဲမို့ ကြည့်ရကျိုးနပ်တဲ့ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။
(အညွှန်းနဲ့ ဘာသာပြန်ထားတာကတော့ Aditi~Cherry~KKKZ~V~BpLတို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
Mardaani (2014)
⭐IMDB: 7.3/10 (13 k Votes)
🎬 #Action #Bollywood #Crime #Thriller #Uncategorized #Drama
🗓 2014 🎞 movie
🌎 #India
⏰ 1 နာရီ 54 မိနစ် 53 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Mardaani (2014) “ဇော”IMDb – 7.3
Rab Ne Bana Di Bodiနဲ့ Le Jayengeတို့လို နာမည်ကြီးကားတွေရဲ့ပဲ့ကိုင်ရှင်ကြီးဖြစ်တဲ့ ဒါရိုက်တာ Aditya Chopra ထုတ်လုပ်ရိုက်ကူးပြီး ဇနီးဖြစ်သူ Rani Mukeejiကိုယ်တိုင် Main leadနေရာက သရုပ်ဆောင်ထားတဲ့ လက်ရာဟောင်းလေးတစ်ကားတင်ဆက်ပေးလိုက်ပါပြီ။ တစ်ချိန်က ရုံတင်အမြတ်ငွေ ၃ ဆလောက်ရခဲ့ပြီး sequelတွေဆက်ရိုက်ဖြစ်ခဲ့တဲ့အထိ အောင်မြင်ခဲ့တာဆိုတော့ ဘယ်လိုနေမလဲဆိုတာ ရှုစားကြပါဦး။
ဇာတ်လိုက်ကျော်ကြီးရှီဗာနီဟာ တရားမျှတမှုကိုမြတ်နိုးတဲ့ Senior inspector တစ်ယောက်၊ ရာဇဝတ်သားကို ဖမ်းဖို့ဆို ဓားတောင်ပဲကျော်ရကျော်ရ၊ ကျားဂူထဲအောင်းရအောင်းရ တဇွတ်ထိုးလုပ်တတ်လွန်းလို့ အထက်ကတားယူရတဲ့အထိပါပဲ။ မတရားမှုကို လက်ပိုက်ကြည့်မနေနိုင်တဲ့ရှီဗာနီဟာ လမ်းမှာမတရားခံနေရတာမြင်ရင်လည်း ဇိုးခနဲဇက်ခနဲဝင်ဝင်ပြီး လက်စွမ်းပြတတ်ပါသေးတယ်။
ရာဇဝတ်သားတွေအတွက် နတ်ဆိုးမဖြစ်နေတဲ့ရှီဗာနီဟာ တကယ်တော့ ကလေးသိပ်ချစ်တတ်တဲ့သူတစ်ယောက်ပေါ့။ ဦးလေးကရောင်းစားပစ်မယ့် ပယာနီဆိုတဲ့ကလေးကို အမြန်ကယ်ထားပြီး ဂေဟာမှာထားလို့ သမီးရင်းလိုသဘောထားစောင့်ရှောက်တဲ့အထိ စိတ်သဘောထားနူးညံ့တဲ့သူပါ။
ဒီလိုနဲ့ တစ်နေ့မှာ ပယာရီကို မွေးနေ့ပွဲလုပ်ပေးဖို့ စီစဉ်ပြီးမှာ ပျောက်ချင်းမလှပျောက်သွား ရှီဗာနီတစ်ယောက်လိုက်ရှာရင်းလူကုန်ကူးခံလိုက်ရမှန်း သိသွားတဲ့အခါမှာတော့…
ပွဲတိုင်းကျော်စုံထောက်မလေးရှီဗာနီတစ်ယောက် ဒီတစ်ခါမှာရော လူကုန်ကူးတဲ့ဂိုဏ်းကြီးကို ရှာဖွေဖော်ထုတ်နိုင်မလားဆိုတာ ရှုစားကြပါဦး။
(အညွှန်းနဲ့ဘာသာပြန်ကတော့ Thaik San ~ V ~ Yunni ~ ToMo ~ Alexတို့ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
A Wonderful Cloud (2015)
⭐TMDB: 51.0% User Score
🎬 #Drama #Comedy #Romance
🗓 2015 🎞 movie
🌎 #UnitedStatesofAmerica
⏰ 1 နာရီ 21 မိနစ် 11 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
A Wonderful Cloud 2015IMDB 5.8/10
ကိတ်နဲ့ ယူဂျင်းဆိုတာက အကွဲကွဲအပြဲပြဲနဲ့ ပြတ်သွားခဲ့ကြတဲ့ရည်းစားဟောင်းနှစ်ယောက်ဖြစ်ပါတယ်။
တစ်နေ့မှာတော့ ကိတ်တယောက် ရည်းစားဘ၀တုံးက အတူထောင်ခဲ့တဲ့
ကုမ္ပဏီကိုလက်လွှဲယူဖို့အတွက် ယူဂျင်းရှိရာ လော့စ် အိန်ဂျလိစ်မြို့ကို
အလည်ခရီးလာဖို့အကြောင်းဖန်လာပါတော့တယ်။ ကိတ်ကို မပြတ်နိုင်သေးတဲ့
ယူဂျင်းရဲ့ ပြန်သိမ်းသွင်းမယ့် ဉာဏ်နီဉာဏ်နက် အစီအစဉ်တွေကို
ကိတ်တယောက်ရိပ်မိသွားတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်ရဲ့ဘ၀အနာဂတ်တခု
တကယ်ရှိနိုင်ပါ့မလားဆိုတာ 72နာရီအတွင်းအဖြေရှာဖို့ဖြစ်လာပါတော့တယ်။
ယူဂျင်းတယောက် ကိတ်ကို ပြန်စည်းရုံးနိုင်ပါမလား။
ကိတ်ကလည်း ဘာကိုရွေးချယ်သွားမလဲ။
ဒီအလည်ခရီးရဲ့ အဆုံးမှာ သူတို့နှစ်ယောက်ရဲ့ ထူးထူးခြားခြား ဇာတ်လမ်းလေးက
ဘယ်လိုမျိုးနိဂုံးချုပ်သွားမလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။
ဒီ အချစ်ဒရာမာ ဇာတ်ကားရဲ့ထူးခြားချက်အနေနဲ့ကတော့
မင်းသား/ ဒါရိုက်တာ ယူဂျင်းကိုယ်တိုင်က တကယ့်ရည်းစားဟောင်းဖြစ်တဲ့
ကိတ်နဲ့ပဲ ဇာတ်လမ်းကို အမည်နာမပြောင်းလဲခြင်းမရှိ
ရေးသားရိုက်ကူးထားတာဖြစ်ပါတယ်။...
Hopeless (2023)
⭐IMDB: 6.3/10 (187 Votes)
🎬 #Crime #Drama
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 2 နာရီ 4 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Hopeless (2023)
ဒီရုပ်ရှင်ကတော့ ကိန်းရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ်ပြသပြီး အောင်မြင်မှုတွေ တစ်သီကြီးရရှိထားတဲ့ ရုပ်ရှင်ဖြစ်သလိုမင်းသား Song Joong Ki ကိုယ်တိုင် ဇာတ်ညွှန်းကိုဖတ်ကြည့်ရုံနဲ့ သဘောကျပြီးအနုပညာကြေးမယူဘဲ ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်လို အကုန်လုံး စောင့်မျှော်နေကြတဲ့ကားလည်း ဖြစ်မယ်ထင်ပါတယ်။
Song Joong Ki, The Worst of Evilထဲက တရုတ်မလေး BiBi နဲ့မင်းသားသစ် Hong Xa-Bin တို အဓိကပါဝင်ထားပြီးBlue Dragon Film Awards 2023 မှာလည်း အသီးသီး Nomination ဝင်ထားတဲ့ကားလည်းဖြစ်ပါတယ်..
ဇာတ်လမ်း အကျဥ်းကတော့
၁၇နှစ်သား Yeon-gyu ဟာ သူ့ပထွေးရဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ အောက်ကနေသူ့အမေနဲ့ သူ့ညီမကို ခေါ်ပြီး ရာဇဝတ်မှုတွေနဲ့ ပြည့်နေတဲ့ မြောင်အန်းမြို့ကနေ ထွက်သွားဖိုက သူ့အိပ်မက်ပါပဲ။တစ်နေ့မှာတော့ သူ့ညီမကို ကာကွယ်ဖိုအတွက် ရန်ဖြစ်မိလို ကျေအေးငွေလိုနေတဲ့ Yeon-gyu တစ်ယောက်Chi-geon ဆီက အကူအညီယူမိပြီး သူ့ဂိုဏ်းထဲကို ရောက်သွားပါတော့တယ်။ငရဲတွင်းကနေ လွတ်မြောက်ဖိုလုပ်ရင်း ငရဲတွင်းဆီ ခုန်ဆင်းမိပြီးဒုစရိုက်လောကထဲမှာ နစ်မြောမှန်းမသိ နစ်မြောလာတဲ့အခါမှာတော့…
ဘာသာပြန်တွေကတော့Hnin Miri,Stary Tiff & Treasure Estelတို့ပဲ ဖြစ်ပါတယ်။...
Chatrapathi (2023)
⭐IMDB: 4.3/10 (3 k Votes)
🎬 #Action #Bollywood #Drama
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 2 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Chatrapathi (2023) “ချာထရာပတ်သီ”
ချန်မရန်ရဲ့ Naayak (2013)ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ V. V. Vinayakရိုက်ကူးထားတဲ့အက်ရှင်ဇာတ်ကားကို Prime Videoကထုတ်လွှင့်ခဲ့ပြီဖြစ်လို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။
ချာထရာပတ်သီဆိုတာ မြန်မာလိုဆို ဧကရာဇ်မင်းပေါ့။ရှီဗာကို လူထုက ချာထရာပတ်သီဆိုပြီး ကင်ပွန်းတပ်ကြတယ်။နိုင်ငံရေးထဲမှာပါဝင်ပြီး လူထုကိုဒုက္ခပေးနေတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်တွေကိုပြန်လည်တိုက်ခိုက်ပေးတဲ့အတွက်ပေါ့။
ရှီဗာက ပါကစ္စတန်ဘက်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်တစ်ဦး။ထွက်ပြေးရင်း ပျောက်ဆုံးနေခဲ့တဲ့ အမေဖြစ်သူနဲ့ ညီလေးကို လိုက်ပြီးရှာနေခဲ့သူ။ဆပ်ပ်နာဆိုတဲ့ အရာရှိအမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပြီး ဆပ်ပ်နာက ရှီဗာရဲ့အမေနဲ့ညီလေးကိုကူရှာပေးရင်း နှစ်ဦးသားချစ်ခင်စုံမက်ခဲ့တယ်။
ဒီလို လူပျောက်ရှာနေတဲ့ကြားထဲကမှ မွေးစားအဖေဖြစ်သူရဲ့ သားအရင်းအာရှို့ခ်ရဲ့အငြိုးထားရန်လိုခြင်းကိုလည်း ခံနေရပြန်တယ်။အာရှို့ခ်က ရှီဗာရဲ့ရန်သူတွေနဲ့ ပူးပေါင်းပြီး ရှီဗာကို ဒုက္ခပေးဖို့ကြံလာတဲ့အခါ…။ရှီဗာတစ်ယောက် ပျောက်ဆုံးနေတဲ့ အမေနဲ့ညီလေးကို ရှာတွေ့ပြီး ချစ်ရသူနဲ့အတူတူပျော်ရွှင်စွာနေနိုင်သွားမလားဆိုတာ…။
(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
